Isaiah
Isaiah 1
Isaiah 1:1
ဟေရှာယတွေ့မြင်သော ရူပါရုံမှာ
ထာဝရဘုရားသည် ဟေရှာယကို ပြသောရူပါရုံမှာ (သို့) ဤဗျာဒိတ်ရူပါရုံကို ဟေရှာယအား ထာဝရဘုရားပြသခဲ့သည်။
အာမုတ်
အာမုတ်သည် ဟေရှာယ၏ ဖခင်ဖြစ်သည်။ (ရှု။ translate_names)
ယုဒပြည်နှင့် ယေရုရှလင်မြို့
ယုဒပြည်သည် အစ္စရေး၏ တောင်ပိုင်းကို ကိုယ်စားပြုသည်။ ယေရုရှလင်မြို့သည် အချက်အချာ အကျဆုံးမြို့တော်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်- ယုဒပြည်ရှိ ယေရုရှလင်တွင်နေထိုင်သောသူများ (သို့) ယေရုရှလင်နှင့် ယုဒပြည်ရှိလူများ (ရှု။ figs_metonymy)
ယုဒဘုရင် ဩဇိမင်း၊ ယောသံမင်း၊ အာခတ်မင်း၊ ဟေဇကိမင်း တို့လက်ထက်
ဤခေတ်ကာလရှိ ဘုရင်းအသီးသီး၏ အုပ်စိုးခဲ့ချိန်ကာလကို ရည်ညွှန်းသည်။ ထိုကာလသည် တစ်ချိန်တည်း အုပ်ချုပ်ခြင်းခြင်းမဟုတ်ပဲတစ်ယောက်ပြီး တစ်ယောက်အုပ်စိုးခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ချက်- ယုဒ၏ဘုရင်များဖြစ်သော ဩဇိမင်း၊ ယောသံမင်း၊ အာခတ်မင်းတို့အချိန် (ရှု။ figs_idiom)
Isaiah 1:2-3
ယေဘုယျအချက်အလက်
ဟေရှာယသည် ယုဒလူများအား ကဗျလင်္ကာသဏ္ဌာန်ဖြင့် စကားပြောနေသည်။
အိုကောင်းကင်ကြားလော့၊ မြေကြီးနားထောင်လော့
ဤမိန့်တော်မူချက်သည် ယုဒပြည်နှင့် ယေရုရှလင်၌ ရှိသော လူများအတွက် ဖြစ်သော်လည်း သူတို့နားထောင်မည် မဟုတ်ကြောင်းဟေရှာယသိနေသည်။ ဆိုလိုချက် (၁) ထာဝရဘုရား၏ စကားကို နားထောင်ရန် ကောင်းကင်နှင့် မြေကြီးအား ဟေရှာယ ပြောဆိုခဲ့သည်။ ဆိုလိုချက် (၂) ကောင်းကင်နှင့် မြေကြီးအပြင်အခြား ထူးခြားသော အသက်ရှင်သည့် အရာများအားလုံး အခြားသောဘာသာပြန်ဆိုချက်၊ ကောင်းကင်ဘုံ၌ အသက်ရှင်သကဲ့သို့ မြေကြီးပေါ်တွင်လည်းအသက်ရှင်သူ (ရှု၊ figs_apostrophe|Apostrophe နှင့် figs_personification|Personification နှင့် figs_merism|Merism)
ထာဝရဘုရား
ဓမ္မဟောင်းကာလ အစ္စရေးလူမျိုးများကို ဖွင့်ပြသော ဘုရားသခင်၏ အမည်နာမဖြစ်သည်
ငါကြည့်ရှုမစသော်လည်း ငါ့ကို မသိနားမလည်ကြ
ဤစကားလုံးသည် ဟေရှာယမှ အစ္စရေးလူများကို ထာဝရဘုရားအတွက်ပြောနေသော စကားဖြစ်ပါသည်။
ငါကျွေးမွေးပြုစုသော သားသမီးတို့သည်
သူ၏ သားသမီးများဖြစ်သောအစ္စရေးလူမျိုးများအား အစာကျွေးသကဲ့သို့ဟု ထာဝရဘုရားဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ ငါသည် ယုဒပြည်ရှိ ငါ၏လူမျိုးတော်ကို ကြည့်ရှုမည်။ (ရှု၊ figs_metaphor|Metaphor)
မြည်းသော်လည်း မိမိသခင်၏ မြည်းဇောင်းကိုသိ၏
အခြားသောဘာသာပြန်ဆိုချက်၊ မြည်းသည် အစာကျွေးသော မိမိသခင်အား သိကျွမ်းသကဲ့သို့ (ရှု၊ figs_ellipsis|Ellipsis)
အစ္စရေးအမျိုးသားတို့မူကားငါ့ကိုမသိကြ
ဆိုလိုချက်မှာ အစ္စရေးလူမျိုးတို့သည် ငါ့ကို မသိကြ၊ သူတို့အားကြည့်ရှု စောင့်ရှောက်နေသော ငါ့ကို နားမလည်ကြ။
အစ္စရေး
အစ္စရေးလူမျိုးများဖြစ်သည်။ ယုဒပြည်သည် အစ္စရေးနိုင်ငံ၏ ဒေသတစ်ခုဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ (ရှု၊ figs_metonymy|Metonymy)
Isaiah 1:4
ယေဘုယျအချက်အလက်
ဟေရှာယသည် ယုဒပြည်သားများအား ကဗျာလင်္ကာကဲ့သို့ စကားပြောနေသည်။
ဆိုးယုတ်သောအမျိုး၊ ဒုစရိုက်ဝန်ကို ထမ်းရွက်သောလူစု
ဆိုလိုချက် (၁) ယေရှာယသည် သူတို့အကြောင်းကို ခြားနားချက်နှစ်မျိုးဖြင့် ပြောနေပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အစ္စရေးပြည်သားများ၊ ဆိုးယုတ်သောသူများ" သို့မဟုတ် ဆိုလိုချက် (၂) သူသည် သူတို့၏ ဆိုးညစ်မှုများကို ဖော်ပြနေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဆိုးယုတ်သောနိုင်ငံသားများတို့"
ဒုစရိုက်ဝန်ကိုထမ်းရွက်သောလူစု
ကြီးလေးစွာသော ဒုစရိုက်ဝန်ကို ထမ်းရွက်နေသော လူတစ်စု ဖြစ်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့အပြစ်သည် လေးလံသော အိတ်ကဲ့သို့ ပုခုံးပေါ်သယ်ပိုးထားပြီး ထိုအပြစ်က သူတို့အား လျှောက်လှမ်းရန် အခက်တွေ့စေသည်" (ရှု၊ figs_metaphor)
မတရားသဖြင့်ပြုသောအနွယ်
မကောင်းသောအရာကို သားစဉ်မြေးဆက်ပြုလုပ်ခဲ့သောအမျိုးအနွယ်။ အခြားသောဘာသာပြန်ဆိုချက် "မကောင်းသော ဒုစရိုက်ကို ထပ်တူပြန်လည်လုပ်ဆောင်ခြင်း" (ရှု၊ figs_metaphor)
ဒုစရိုက်ပြုသည်
မကောင်းသောအရာကို ပို၍ လုပ်ဆောင်သည်။
ထာဝရဘုရားကို စွန့်ကြပြီ
ထာဝရဘုရားထံမှ ထွက်သွားကြပြီ
စက်ဆုပ်ရွံ့ရှာဖွယ်ပြုလုပ်သည်
နာခံမှုကိုငြင်းပယ်ကြပြီး လေးစားမှုကိုငြင်းပယ်ပြီး
အစ္စရေးလူမျိုးများ
ယုဒပြည်သည် အစ္စရေးနိုင်ငံ၏ ဒေသတစ်ခုဖြစ်သည်။
သူ့ထံမှ ကျောခိုင်း၍ ခွာသွားကြပြီ
တစ်ချိန်မှာ မိတ်ဆွေဖြစ်ခဲ့သော်လည်း ယခုတွင် မသိသူများကဲ့သို့ ပြုမူကြသည်။
Isaiah 1:5-6
ယေဘုယျအချက်အလက်
ဟေရှာယသည် ယုဒလူမျိုးများအား ကဗျာလင်္ကာဆန်စွာပြောဆိုနေသည်။ (ရှု၊ figs_parallelism)
သူတို့ကို အဘယ်သို့ ဒဏ်ပေးရမည်နည်း၊ အဘ
ယ်သို့ ထပ်၍ ဆုံးမရမည်နည်း
ဟေရှာယသည် ယုဒပြည်သားများအား မေးခွန်းမေးသကဲ့သို့ ဆူပူနေသည်။ သင်ဆက်လက်ပြီး ပုန်ကန်နေမည်ဆိုလျင် ထာဝရဘုရားသည် သင်တို့အားပြစ်ဒဏ်ပေးလိမ့်မည်။ (ရှု၊ figs_rquestion နှင့် figs_activepassive)
သင်
ယုဒပြည်၌ရှိသော လူအားလုံးကို ရည်ညွှန်းသည်။(ရှု၊ figs_you)
ဦးခေါင်းသည် အနာသက်သက်ရှိ၏။ နှလုံးသည်လည်းခွန်အားမရှိ။
ယုဒပြည်၌ရှိသော သူများအားလုံးသည် ရိုက်နှက်ခြင်းခံထားရသော သူတစ်ဦးကဲ့သို့ဟု နှိုင်းယှဉ်ထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည်နှလုံးတွင်အားလျော့၍ ဦးခေါင်း၌ ကျပ်စည်းထားသော ဒဏ်ရာရရှိသူတစ်ဦးကဲ့သို့ ဖြစ်နေသည်" သို့မဟုတ် "စိတ်နှလုံးနာကျင်အားနဲသော သူတစ်ဦးကဲ့သို့ဖြစ်နေသည်" (ရှု၊figs_metaphor)
ကျန်းမာကောင်းမွန်သည့် နေရာမရှိပါ
တစ်စုံတစ်ဦးသည် သင့်အားနေရာအနှံ့ထိခိုက်နာကျင်စေပြီ။ (ရှု၊ figs_doublenegatives)
ထိုအနာများကို မနှိမ့်မနှယ်ရ။ အဝတ်နှင့်မစည်းရ။ဖယောင်းဆီနှင့် မပျောက်စေရသေး။
အဝတ်နှင့် မစည်းရ၊ မသန့်စင်စေရ၊ ဆီလိမ်းခြင်းမပြုရ။ ဘုရားသခင်သည် သူ၏လူမျိုးတော်အား အပြင်ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာပေးခြင်းဖြင့်ဖြင့် ပြစ်ဒဏ်ပေးသည်ဟုနှိုင်းယှဉ်ဖော်ပြထားပါသည်။ ၎င်းကိုအပြင်သဏ္ဌာန်လုပ်ဆောင်မှုကဲ့သို့ ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မည်သူအဝတ်စည်းပေးသနည်း၊ သန့်စင်ပေးသနည်း၊ ကျပ်စည်းပေးသနည်း" သို့မဟုတ် "ဆီလိမ်းပေးသနည်း" (ရှု၊ figs_metaphor နှင့် figs_activepassive)
Isaiah 1:7-8
ယေဘုယျအချက်အလက်
ဟေရှာယသည် ယုဒပြည်ရှိလူများအား ကဗျာလင်္ကာကဲ့သို့ စကားပြောနေသည်။ (ရှု၊ figs_parallelism)
သင်တို့ပြည်သည် လူဆိတ်ညံလျက်ရှိ၏
အပြင်သရုပ်သဏ္ဌာန်ကဲ့သို့ ဖော်ပြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့တိုင်းပြည်သည် ပျက်စီးပြီ" သို့မဟုတ် "သင်၏ရန်သူများက သင်၏တိုင်းပြည်ကို ဖျက်ဆီးပြီ" (ရှု၊ figs_activepassive)
သင်၏မြို့များမီးလောင်ကျွမ်းပြီ
အပြင်ရုပ်သဏ္ဌာန်ကဲ့သို့ဖော်ပြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့မြို့များသည် မီးလောင်ကျွမ်းပြီး" (ရှု၊ figs_activepassive)
သင်တို့မြေကိုလည်းတစ်ကျွန်းတစ်နိုင်ငံသားတို့သည် သင်တို့မျက်မှောက်၌စားကြ၏
သင်၏ရှေ့မှာပင် သင်၏လယ်မြေမှ အသီးအနှံများကို သင်၏တိုင်းပြည်မှမဟုတ်သော သူများကလုယက်ကြပြီ။
ရန်သူဖျက်ပြီးသကဲ့သို့ လူဆိတ်ညံလျက်ရှိ၏
ရန်သူဖျက်ဆီးခြင်းခံ၍ ဖွတ်ဖွတ်ညက်ညက်ကြေလျက်ရှိ၏။ အခြားသောဘာသာပြန်ဆိုချက်၊ "ပြည်သည်ဖျက်ဆီးခံရ၍ ထိုနေရာ၌ အသက်ရှင်သောသူမရှိ" (ရှု၊figs_abstractnouns)
ရန်သူများဖျက်ဆီးပြီး
အပြင်သရုပ်သဏ္ဌာန်ကဲ့သို့ဖော်ပြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ရန်သူများသင်၏တိုင်းပြည်ကို ဖျက်ဆီးပြီ" သို့မဟုတ် "တစ်ပါးအမျိုးသားစစ်တပ်များမှ ၎င်းတို့ကိုအပြည့်အဝသိမ်းပိုက်လေပြီ" (ရှု၊figs_activepassive)
ဇီအုန် သတို့သမီးသည်လည်း ကျန်ရစ်လေပြီ
အပြင်သရုပ်သဏ္ဌာန်ကဲ့သို့ဖော်ပြနေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် ဇီအုန်သတို့သမီးကို စွန့်ခဲ့ပြီ" (ရှု၊ figs_activepassive)
စပျစ်ဉယျာဉ်ထဲ၌ တဲကဲသို့၎င်း၊ သခွားတောင်ယာ၌ လင့်စင်ကဲ့သို့၎င်း
ဆိုလိုချက်(၁) "စပျစ်ဉယျာဉ်ထဲ၌ ရှိသောတဲသည် ပို၍သေးငယ်လာသကဲ့သို့" သို့မဟုတ် "သခွားတောင်ယာ၌ လင့်စင်ကဲ့သို့" (ရှု၊ UDB) ဆိုလိုချက်(၂) "အမှုပြီးသောအခါသခွားတောင်ယာရှိလင့်စင်ကို စွန့်ခွာသကဲ့သို့" (ရှု၊figs_simile and figs_explicit)
သခွားတောင်ယာ၌ လင့်စင်ကဲ့သို့၎င်း၊ ရန်သူဝိုင်းသောမြို့ကဲ့သို့ ၎င်းကျန်ရစ်လေ၏
သူမကို ရန်သူများဝန်းရံထားသည်။
Isaiah 1:9
ယေဘုယျအချက်အလက်
ဟေရှာယသည် ယုဒလူများကို ကဗျာလင်္ကာကဲ့သို့ ပြောဆိုနေသည်။ (ရှု၊ figs_parallelism)
အရှင်ထာဝရဘုရားသည်
ဤဖော်ပြချက်တွင် ထာဝရဘုရားသည် အတိတ်၌ မလုပ်ခဲ့သောအရာကို ဖြစ်အောင်လုပ်ဆောင်နိုင်ခဲ့သည်။ (ရှု၊figs_hypo)
အနည်းငယ်မျှ ကြွင်းကျန်စေခြင်း
အနည်းငယ်သောအကြွင်းအကျန်
ငါတို့သည်
ဟေရှာယအပါအဝင် ယေရုရှလင်နှင့် ယုဒပြည်ရှိသူများအားလုံးကို ဆိုလိုသည်။ (ရှု၊ figs_inclusive)
ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်၍ ဂေါမောရမြို့နှင့်တူကြပြီး
ယုဒသည် သောဒုံနှင့် ဂေါမောရကဲ့သို့ ဖြစ်မည်ဟု တိကျစွာဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ငါတို့ကို သောဒုံနှင့် ဂေါမောရကဲ့သို့ ဖျက်ဆီးပြီ" (UDB) (ရှု၊ figs_explicit နှင့် figs_simile)
Isaiah 1:10-11
ယေဘုယျအချက်အလက်
ဟေရှာယသည် ယုဒပြည်သားတို့ကို ကဗျာလင်္ကာဆန်စွာပြောဆိုနေသည်။ (ရှု၊ figs_parallelism)
သောဒုံမြို့ကို အုပ်စိုးရသောမင်းတို့၊ ဂေါမောရမြို့သားတို့ထာဝရဘုရား၏နှုတ်ကပတ်တော်ကို ကြားကြလော့
ယေရှာယသည် ယုဒပြည်သားများအား သောဒုံနှင့် ဂေါမောရ၏ အပြစ်သက်ရောက်ပုံကို အထူးပြု၍ နှိုင်းယှဉ်ဖော်ပြထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အပြစ်နှင့်ပြည့်ဝသော သောဒုံမြို့ကို အုပ်ချုပ်နေသူများ ဂေါမောရတွင် နေထိုင်ရန် ဒုစရိုက်အပြစ်နှင့် ပြည့်ဝနေသူများ" (ရှု၊ figs_metaphor)
သင်တို့ပူဇော်သော ယဇ်များကိုငါသည် အဘယ်သို့ဆိုင်သနည်း
ဘုရားသခင်သည် မေးခွန်းထုတ်ခြင်းဖြင့် ဆူပူကြိမ်းမောင်းနေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်၏များစွားသော ယဇ်ပူဇော်ခြင်းများပြုလည်း ငါ့အတွက်အချည်းအနှီးပင်ဖြစ်သည်။" (ရှု၊ figs_rquestion)
Isaiah 1:12-13
ယေဘုယျအချက်အလက်၊
ဟေရှာယသည် ယုဒလူများကို ကဗျာလင်္ကာကဲ့သို့ ပြောဆိုနေသည်။ (ရှု၊ figs_parallelism)
ငါ့တံတိုင်းတော်ကို ကျော်နင်းသော သင်တို့၌ ထိုသို့သော ဝတ်ကို အဘယ်သူတောင်းသနည်း
ခြေဖဝါးအောက်တွင် နင်းချေသည် ဟုဆိုလိုပါသည်။ ယုဒပြည်ရှိလူများကို မေးခွန်းမေးခြင်းအားဖြင့် ဘုရားသခင် ဆူပူနေပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့တံတိုင်းတော်ပတ်လည်တွင် အဘယ်သူကျော်နင်းရန် တောင်းဆိုသနည်း" (ရှု၊ figs_rquestion)
အချည်းအနှီးသော ပူဇော်သက္ကာကို နောက်တစ်ဖန်မဆောင်ခဲ့ကြနှင့်
အချည်းနှီးသော လက်ဆောင်များကို နောက်တစ်ဖန်မယူဆောင်လာနှင့်။
သင်တို့နံ့သာပေါင်း မီးရှို့ရာကို ငါရွံရှာ၏
ဤနေရာတွင် စက်ဆုပ်ရွံရှာခြင်းဟူသည် မုန်းတီးခြင်းကို ဖော်ပြပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယဇ်ပရောဟိတ်များ ပူဇော်သောနံ့သာပေါင်းကို ငါရွံရှာမုန်းတီး၏" (ရှု၊ figs_abstractnouns)
ဓမ္မစည်းဝေးခြင်းတို့ကို သည်းမခံနိုင်
ဆိုလိုချက် (၁) "အတူတကွ ဆိုးညစ်မှုပြုနေခြင်းများကို ခွင့်မပြုနိုင်" ဆိုလိုချက် (၂) "သင်တို့ ဆိုးညစ်မှုအတူ ပြုလုပ်နေခြင်းကို ငါသည် ကြည့်ရှုခြင်းမပြုနိုင်"
Isaiah 1:14-15
ယေဘုယျအချက်အလက်
ဟေရှာယသည် ယုဒလူများထံသို့ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို ကဗျာလင်္ကာကဲ့သို့ ပြောနေသည်။ (ရှု၊figs_parallelism)
ငါ့ဝိညာဉ်သည် သင်တို့လဆန်းနေ့များနှင့် သင်တို့ပွဲများကိုမုန်း၏
လဆန်းနေ့များ လဆန်းနေ့တွင် ကျင်းပသောပွဲများကိုဆိုလိုသည်။ ထိုပွဲများသည် ပုံမှန်ပြုလုပ်သောပွဲများဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့၏ ပုံမှန်လုပ်နေကျပွဲတော်များနှင့် လဆန်းနေ့ပြုလုပ်သောပွဲများ" (ရှု၊ figs_metonymy နှင့် figs_synecdoche)
လဆန်း
လဆန်းနေ့ဟူသည် လကွယ်(အမှောင်) ပြီးနောက်အလင်းရောင်စထွက်လာချိန်ဖြစ်သည်
ငါ့ကိုနှောက်ရှက်စရာဖြစ်၏။ သည်းခံခြင်းအားဖြင့်ငါပင်ပန်း၏
လူတွေလုပ်ဆောင်နေသော ကြီးမားသောပွဲတော်များကြောင့် ဘုရားသခင်မည်သို့ခံစားနေရသည်ကို နှိုင်းယှဉ်ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့တင်သောဝန်တေွကြောင့် ငါသည် မောပန်းလျက်ရှိ၏" (ရှု၊ figs_metaphor)
ငါသည်မျက်စိကိုလွှဲမည်
ဤအသုံးအနှုန်းသည် "ငါသည်သင့်ကို ကြည့်ရှုမည်မဟုတ်" သို့မဟုတ် "ငါ့ရဲ့အာရုံစိုက်ကြည့်ရှုခြင်းကို ပြုတော့မည်မဟုတ်" ဟုပြောဆိုခြင်းဖြစ်သည်။ (ရှု၊figs_idiom)
သင်တို့၏ လက်တို့သည် အသွေးနှင့်ပြည့်ကြ၏
သင်တို့လက်များသည် သွေးနှင့်ပြည့်ကြ၏။
Isaiah 1:16-17
ယေဘုယျအချက်အလက်
ယေရှာယသည် ယုဒလူတို့အား ထာဝရဘုရား၏ ဗျာဒိတ်တော်ကို ကဗျာလင်္ကာကဲ့သို့ ပြောနေသည်။ (ရှု၊figs_parallelism)
ကိုယ်ကိုကိုယ်ဆေးကြောကြလော့။ စင်ကြယ်ကြလော့
လူတစ်ဦးသည် မိမိခန္ဓာကိုယ်အားဆေးကြောသန့်စင်သကဲ့သို့အပြစ်ပြုလုပ်ခြင်းများ ရပ်ဆိုင်းရန် ဘုရားသခင်ပြောဆိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ခန္ဓာကိုယ်အညစ်အကြေးများကို ဆေးကြောသန့်စင်သကဲ့သို့ နှလုံးသားမှ အပြစ်များကို ဆေးကြောသန့်စင်ရန်" (ရှု၊ figs_metaphor)
သင်တို့ ဒုစရိုက်များကို ငါ့မျက်မှောက်မှ ပယ်ရှားကြလော့
ဘုရားသခင်သည် မကောင်းမှု ဒုစရိုက်များကို ပြုလုပ်ရန် ပြောဆိုခြင်းမပြုပဲ လုပ်ဆောင်မှုများကို ရပ်တန့်ရန်ပြောဆိုခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင့်ကို ငါကြည့်ရှုနေ၍ မကောင်းမှုပြုခြင်းများကို ရပ်တန့်လော့" (ရှု၊figs_metaphor)
ကောင်းသောအကျင့်ကို ကျင့်အံ့သောငှာသင်ကြလော့
ဘုရားသခင်မှ လူမျိုးတော်အားမတရားသဖြင့်ပြုခြင်းအရာများထက် တရားသောအရာကို လေ့ကျင့်သင်ယူရန်နှင့် ဖြောင့်မတ်သောအရာကို ပြုလုပ်ရန် ခေါ်ဆိုခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မျှော်လင့်ရာမဲ့သူများ၊ နာကျင်ဝမ်းနည်းသောသူများနှင့် မကောင်းသောအမှုများခံစားနေရသူများအတွက် ရပ်တည်ဆောင်ရွက်ပေးရန်" (ရှု၊ figs_metaphor နှင့် figs_abstractnouns)
တရားသဖြင့်ပြုခြင်းငှာ ကြံကြလော့
မိဘမရှိသော ကလေးသူငယ်များအတွက် တရားမျှတမှုကို ဆောင်ရွက်ပေးရန်
မုဆိုးမတို့၏ အမှုကို စောင့်ကြလော့
ခင်ပွန်းဆုံးပါးသွားသော အမျိုးသမီးများကို ကာကွယ်ပေးရန်
Isaiah 1:18
ယေဘုယျအချက်အလက်
ထာဝရဘုရားသည် ယုဒပြည်မှ လူများအား ဆက်လက်စကားပြောနေသည်။
လာကြတရားစီရင်ကြကုန်အံ့
ထာဝရဘုရားသည် သူပြောမည့်အရာများကို နားထောင်ရန် ဂရုဏာကြွယ်ဝစွာဖြင့်ခေါ်ဖိတ်နေပါသည်။ ကျေးဇူးပြု၍ ငါ့စကားကို နားထောင်ကြပါ။ သင်တို့အားကူညီလိုသောကြောင့် ငါ့ဆီကိုလှည့်ကြပါ။
ထာဝရဘုရားမိန့်တော်မူသည်ကား
"အတူတကွတွေ့ဆုံဆွေးနွေးကြစို့" သို့မဟုတ် "ငါတို့တွေ့ဆုံညှိနှိုင်းရန်လိုအပ်တယ်" သို့မဟုတ် "ငါတို့ဘာလုပ်နေကြသလဲ" ထာဝရဘုရားသည် အနာဂတ်ကို ဆွေးနွေးရန် လူများအားဖိတ်ခေါ်နေသည်။ ဤနေရာတွင်ထာဝရဟူသောစကားလုံးသည် ထာဝရဘုရားအပါအဝင် သူ၏လူများအားလုံးကို ရည်ညွှန်းပါသည်။ (ရှု၊figs_inclusive)
သင်တို့အပြစ်သည် နီသောအဆင်းရှိသော်လည်း သို့မွေးကဲ့သို့ဖြစ်လိမ့်မည်
ဟေရှာယသည် သူ၏လူများအား သူတို့၏အပြစ်သည် နီသောအဆင်းရှိသောလည်း သိုးမွေးကဲ့သို့ ဖြစ်လိမ့်မည်ဟု ပြောဆိုပါသည်။ ထာဝရဘုရားအပြစ်များကို ခွင့်လွှတ်တော်မူလျှင် သူတို့အဝတ်များဖြူသကဲ့သို့ ပို၍ ဖြူလာလိမ့်မည်။ (ရှု၊ figs_metaphor)
နီမြန်းနေသော်လည်း
အနီရောင်တောက်ပနေပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အနီရောင်တောက်ပခြင်း" (ရှု၊ figs_simile)
မိုးပွင့်ကဲ့သို့ ဖြူလိမ့်မည်
အဖြူရောင်သည် သန့်ရှင်းခြင်းနှင့် သန့်စင်ခြင်းကိုဆိုလိုပါသည်။ နှင်းသည် အလွန်ဖြူ၍ အေးမြသောမိုးသီးဖြစ်သည်။ အလွန်သန့်ရှင်းဖြူစင်ခြင်းကို ဖော်ပြပါသည်။ အဖြူရောင်ချိုးငှက်ကဲ့သို့ဟု အဖြူရောင်အားတင်စားထားပါသည်။ ဤအရာသည် အပြစ်များခွင့်လွှတ်ခံပြီးကြောင်းကို ဆိုလိုပါသည်။ (ရှု၊ figs_simile)
ကတ္တီပါနှင့်တမျှနီသော်လည်း
အနီရောင်ရင့်ရင့်ကို ဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အနီရင့်ရောင်" (ရှု၊ figs_simile)
သို့မွေးကဲ့သို့
သို့မွေးသည် ဆိတ်(သို့) သိုး၏အမွေးအမြှင်ဖြစ်သည်။ သူတို့အား မည်ကဲ့သို့ ပြုလုပ်မည့်အရာကို သို့မွေးဖြင့်ဖော်ပြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သို့၏အမွေးအဖြူရောင်ကဲ့သို့" (ရှု၊ figs_explicit နှင့် figs_simile)
Isaiah 1:19-20
ယေဘုယျအချက်အလက်
ဘုရားသခင်သည် ယုဒပြည်ရှိလူများကို ဆက်လက်ပြောပြနေသည်။
သင်တို့သည် ကြည်ညိုနားထောင်လျှင်
ဤနေရာတွင် ဆန္ဒရှိစွာဟူသော စကားလုံးနှင့် နာခံခြင်းစကားလုံးသည် အဓိပ္ပာယ်တူညီပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည်ပြင်းပြသောနာခံလိုစိတ်ရှိလျှင်" (ရှု၊ figs_hendiadys)
မြေအသီးနှံကို စားရကြလိမ့်မည်
မြေသည် သင့်အတွက် ကောင်းသောအစာကို ထုတ်လုပ်ပေးလိမ့်မည်။
ထား လက်နက်ဖြင့် ဆုံးရလိမ့်မည်
ထားလက်နက် ဟူသည်မှာ ယုဒ၏ရန်သူများကို ဆိုလိုပါသည်။ ရိုင်းသော တိရစ္ဆာန်သည် သားကောင်ကို အငမ်းမရဝါးစားသကဲ့သို့ ယုဒ၏ ရန်သူများသည်လည်း ယုဒပြည်သားများကို သတ်ဖြတ်၍ရောက်လာလိမ့်မည်ဟု ခိုင်းနှိုင်းဖော်ပြပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်၏ ရန်သူများသင့်ကို သတ်ဖြတ်လိမ့်မည်" (ရှု၊ figs_metonymy နှင့် figs_metaphor)
ထာဝရဘုရား၏ နှုတ်တော်ထွက် အမိန့်တော်ရှိ၏
"နှုတ်ထွက်တော်" ဟူသော စကားလုံးသည် ဘုရားသခင်က အမှန်တကယ်ဖြစ်ပွားမည့် အရာကို အထူးပြုပြောဆိုခြင်းဖြစ်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ (ရှု၊ figs_synecdoche)
Isaiah 1:21-22
ယေဘုယျအချက်အလက်
ဟေရှာယသည် ယုဒပြည်သားများအား ကဗျာလင်္ကာကဲ့သို့ ဆက်လက်ပြောနေသည်။ (ရှု၊ figs_parallelism)
သစ္စာရှိသောမြို့သည် အဘယ်သို့မျောက် မထားပြန်သနည်း
ဤဖွင့်ဆိုချက်သည် ယေရုရှလင်မြို့အပေါ် ဟေရှာ၏ အမျက်ဒေါသနှင့် ဝမ်းနည်းခြင်းကို ဖွင့်ဟပြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်အပေါ်သစ္စာရှိခဲ့ကြသော ယေရုရှလင်မြို့သားများ အဘယ်သို့ ဖြစ်ကြသနည်း" (ရှု၊ figs_metonymy)
အဘယ်သို့ မျောက်မထားသနည်း
ယေရှာယသည် ဖောက်ပြန်သော အမျိုးသမီးသည် တရားဝင် ယောက်ျားနှင့် မနေဘဲ ငွေကြေးအတွက် အခြားသောလူများနှင့် ပေျာ်ပါးသကဲ့သို့မြို့ကို နှိုင်းယှဉ်ပြထားပါသည်။ လူများသည် ဘုရားသခင်၌ ကိုးစားခြင်းမရှိတော့်ဘဲ မှာယွင်းသော ဘုရားများကို ဝတ်ပြုနေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပြည့်တန်ဆာ တစ်ယောက်၏ အသက်တာမျိုးကဲ့သို့" (ရှု၊ figs_metaphor)
ဖြောင့်မတ်စွာ စီရင်ခြင်းနှင့်ပြည့်၏
သူမဟူသည် ယေရုရှလင်နှင့် မြို့ထဲရှိလူများကို ဆိုလိုပါသည်။ ကျမ်းစာတွင် မြို့များကို အမျိုးသမီးများဟု တင်စားကြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယေရုရှလင်ရှိလူများသည် တရားမျှတခြင်းနှင့် ဖြောင့်မတ်စွာကျင့်သောအရာများကို လုပ်ဆောင်ခဲ့သည်" (ရှု၊ figs_metaphor)
ယခုမူကား လူ့အသက်ကို သတ်သောသူတို့သည် နေရာကျ၏
သူမဟူသည် ယေရုရှလင်မြို့နှင့် သူ၏လူများကို ဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယခုတွင်မူ ယေရုရှလင်သည် လူ့အသက်ကို သတ်သောအရာများနှင့် ပြည့်လျက်ရှိ၏" (ရှု၊ figs_metaphor)
သင်၏ငွေသည်လည်းလချော်ဖြစ်လေပြီ။ သင်၏စပျစ်ရည်သည် ရေနှင့်ရောလျက်ရှိ၏
ဆိုလိုချက်(၁) ငွေနှင့်စပျစ်ဝိုင်ဟူသည် ယေရုရှလင်ရှိလူများကို ရည်ညွှန်းခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငွေသည် ကြာရှည်စွာ ဖြူစင်ခြင်းငှာ မစွမ်းနိုင်သကဲ့သို့ စပျစ်ဝိုင်သည်လည်း ရေနှင့်ရောနှောလျက်ရှိ၏" ဆိုလိုချက်(၂) အထက်က ကောင်းသောအရာများကို လုပ်ဆောင်ခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယခင်ကောင်းသောအရာများကို လုပ်ဆောင်ခဲ့သော်လည်း ယခုမူကားဆိုးညစ်မှုများနှင့် ပြည့်နှက်လျက်ရှိ၏" (ရှု၊ figs_metaphor)
ငွေသည်လည်း ချော်ဖြစ်လေပြီ
ငွေကို အမြဲသန့်စင်ပေးရန်လိုသည် သို့မဟုတ်လျှင် ယင်းသည် ကြာရှည်စွာတောက်ပခြင်းငှာ မစွမ်းပါ။
စပျစ်ရည်သည် ရေနှင့်ရောလျက်ရှိ၏
ရေများပြားစွာ ပါဝင်နေသော စပျစ်ရည်သည် အရသာမရှိပါ။
Isaiah 1:23
ယေဘုယျအချက်အလက်
ယေရှာယသည် ယုဒလူများထံ ဘုရား ဗျာဒိတ်တော်ကို ကဗျာလင်္ကာကဲ့သို့ ပြောပြနေသည်။ (ရှု၊ figs_parallelism)
သင်၏ မင်းတို့သည် ပုန်ကန်ကြပြီ
သင်၏ ခေါင်းဆောင်များသည် ဘုရားသခင်အား ပုန်ကန်ကြပြီ
သူခိုးလက်ခံ ဖြစ်ကြပြီ
သူတို့သည် သူခိုးများနှင့် ပေါင်းသင်းမိတ်ဆွေ ဖြစ်ကြပြီ
ထိုမင်းအပေါင်းတို့သည် လက်ဆောင်ကို အလိုရှိကြ၏။ တံစိုးကို စားကြ၏
လူများသည် တရားမျှတမှုမရှိသော အုပ်စိုးသူများကို တံစိုးလက်ဆောင်ပေး၍ မတရားမှုပြုကြပြီး အုပ်စိုးသူများသည် တံစိုးလက်ဆောင်ကိုယူ၍တရားသော အမှုများအားမတရားသော နည်းလမ်းဖြင့် လုပ်ဆောင်ကြပြီ။
လက်ဆောင်ကို အလိုရှိကြ၏။ တံစိုးကို စားကြ၏
အခြားသောဘာသာပြန်ဆိုချက်၊ "လူတစ်ဉီးသည် သူ၏ မရိုးသားမှုများကို ငွေပေးပြီး လာဘ်ထိုးခြင်းဖြင့် လုပ်ဆောင်ချက် ပြုသည်"
မိဘမရှိသော သူတို့ အဘို့ တရားမစီရင်ကြ
သူတို့သည် မိဘမရှိသောသူများအား ကာကွယ်ပေးမှုမရှိကြ။
မုဆိုးမအမှုကို နားမထောင်ကြ
"သူတို့သည် မုဆိုးမအမှုကို နားမထောင်သည့်အပြင် ဉပဒေကို ချိုးဖောက်ကြပြီ" သို့မဟုတ် "သူတို့သည် မုဆိုးမအား ကူညီမှုမပြုသည့် အပြင် မတရားမှုကို ပြုကြလေပြီ။"
Isaiah 1:24-25
ယေဘုယျအချက်အလက်
ဟေရှာယသည် ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ကဗျာလင်္ကာကဲ့သို့ ယုဒလူမျိုးများအားပြောပြနေသည်။
ထို့ကြောင့်
ထို့အကြောင်းအရာကြောင့်
ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား
အခြားသောဘာသာပြန်ဆိုချက်၊ "ထိုအရာသည် ဘုရားသခင်၏ မိန့်တော်မူချက်ဖြစ်သည်"
ငါ့တဘက်၌ နေသော သူတို့ကို ပယ်ရှားပြီးမှ ငါချင်ရဲပြေမည်။ ကိုယ်အဘို့ကို စောင့်၍ ငါ့ရန်သူတို့ကို အပြစ်နှင့် အလျောက်စီရင်မည်
စကားစုနှစ်မျိုးဖြစ်သော်လည်း အဓိပ္ပာယ်တစ်ခုတည်းဖြစ်သည်။ "ငါ့တဘက်၌ နေသောသူတို့ကို ငါပယ်ရှားမည်" ဟူသည်မှာ ထာဝရဘုရားသည် သူ့ကို ဆန့်ကျင်သူတို့အား ဖယ်ရှားပြီးမှ သူစိတ်ပျော်မည်ဟု ဆိုလိုပါသည်။ "ငါ့ရန်သူတို့ကို အပြစ်နှင့် အလျောက်စီရင်မည်" ဆိုသည်မှာ ထာဝရဘုရားသည် သူ၏ရန်သူမျာကို အမှန်တကယ်အပြစ်ပေးမည်ကို ဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့ကိုဆန့်ကျင်သူတို့အား ငါအပြစ်ပေးမည်" သို့မဟုတ် "ငါ၏ ရန်သူများကို အပြစ်ပေးခြင်းနှင့် ငါ့ကိုဆန့်ကျင်သူများကို ငါကျေနပ်သည်အထိ လုပ်ဆောင်အပြစ်ပေးရမည်" (ရှု၊ figs_parallelism)
သင့်ကိုလည်း ငါကိုင်ယူပြီးလျှင်
ဤနေရာတွင် "လက်" ဆိုသည်မှာ ဘုရားသခင်၏ တန်ခိုးကို ညွှန်းဆိုပြီးသူ၏ လူများကို အပြစ်ပေးရန်အတွက် အသုံးပြုမည်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့ကို ဆန့်ကျင်သောသူအတွက် ငါ့အစွမ်းတန်ခိုးကို ငါအသုံးပြုမည်" (ရှု၊figs_metonymy)
အဖျင်းအသိမ်
ကြေးဖြူကို သန့်ရှင်းစင်ကြယ်စေရန် အညစ်အကြေးကို ဖယ်ရှားသကဲ့သို့ လူများထံမှ ဖယ်ရှားလိမ့်မည်။
Isaiah 1:26
ယေဘုယျအချက်အလက်
ယေရှာယသည် ယုဒလူများထံ ဘုရားသခင်၏ စကားတော်ကို ကဗျာလင်္ကာကဲ့သို့ ပြောနေသည်။ (ရှု၊figs_parallelism)
ရှေ့ဦးစွာခန့်ထားသည့် နည်းတူ
အစ္စရေးနိုင်ငံ ဖြစ်ပေါ်သောအချိန်နှင့် အစ္စရေးသမိုင်းအစပြုလာခြင်းကို နည်းလမ်းနှစ်မျိုးဖြင့် ဆိုလိုပါသည်။
ထိုနောက်မှ သင်၏နာမကို သမုတ်ကြလိမ့်မည်
အသွင်သဏ္ဌာန် ထင်ရှားလာမည်ကိုဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူအများကသင့်ကိုခေါ်လိမ့်မည်" (ရှု၊figs_activepassive)
တရားသောမြို့၊ သစ္စာစောင့်သောမြို့ဟု သမုတ်ကြလိမ့်မည်
ဤနေရာတွင် မြို့နှင့်မြို့တော်မှာ ယေရုရှလင်တွင် နေထိုင်သောလူများကို ဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်ထံ သစ္စာရှိသော၊ တရားသောမြို့၌ နေသောလူများ" (ရှု၊ figs_metonymy)
Isaiah 1:27-28
ယေဘုယျအချက်အလက်
ဟေရှာယသည် ယုဒပြည်ရှိလူများအား ဘုရားသခင်၏ စကားတော်ကို ကဗျာလင်္ကာကဲ့သို့ပြောနေသည်။ (ရှု၊ figs_parallelism)
ဇိအုန်မြို့သည် တရားအားဖြင်း၎င်း၊ ရွေးနှုတ်ခြင်း ကို ခံရကြလိမ့်မည်
အသွင်သဏ္ဌာန် ထင်ရှားလာလိမ့်မည်ကို ဆိုလိုပါသည်။ ပြည့်စုံသော ဆိုလိုချက်ကို ရှင်းလင်းစွာဖော်ပြနိုင်ပါသည်။ ဆိုလိုချက် (၁) "ထာဝရဘုရားသည် ဇိအုန်၌ ရှိသောဖြောင့်မတ်သောသူများကို ကယ်နုတ်လိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် နောင်တရ၍ ဘုရားသခင်၏ စကားတော်အတိုင်း လုပ်ဆောင်ကြသောကြောင့်ဖြစ်သည်" ဆိုလိုချက် (၂) "ထာဝရဘုရားသည် ဇိအုန်ရှိ ဖြောင့်မတ်သောသူ၊ နောင်တရသောသူနှင့် သစ္စာရှိသောသူတို့ကို ကယ်နှုတ်လိမ့်မည်" (ရှု၊ figs_activepassive နှင့် figs_ellipsis)
ဇိအုန်
ဇိအုန်တောင်၌ နေထိုင်သောသူများကို ဆိုလိုပါသည်။
လွန်ကျူးသောသူနှင့် ပြစ်မှားသောသူများသည် ပျက်စီးခြင်းသို့ အတူရောက်၍
အသွင်သဏ္ဌာန်ကို ဖော်ပြလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် သူ့အားပုန်ကန်သောသူနှင့် ပြစ်မှားသောသူတို့ကို ဖျက်ဆီးလိမ့်မည်" (ရှု၊ figs_activepassive)
ထာဝရဘုရားကို စွန့်သောသူတို့သည် ဆုံးရှုံးကြလိမ့်မည်
အသွင်သဏ္ဌာန်ကို ဖော်ပြလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် သူ့ကို စွန့်ပယ်သူတို့အား လုံးလုံးလျားလျားစွန့်ပယ်မည်။ သူ့ကို ငြင်းပယ်သူများအားဖျက်ဆီးလိမ်းလိမ့်မည်" (ရှု၊ figs_activepassive)
Isaiah 1:29-30
ယေဘုယျအချက်အလက်
ဟေရှာယသည် ယုဒပြည်ရှိလူများအား ဘုရားသခင်၏ စကားတော်ကို ကဗျာလင်္ကာကဲ့သို့ပြောနေသည်။ (ရှု၊ figs_parallelism)
တပ်မက်ဘူးသော သပိတ်ပင်တို့ ကြောင့် ရှက်ကြလိမ့်မည်။ သင်တို့သည် ရွေးယူဘူးသော ဥယျာဉ်တို့ကြောင့် မျက်နှာပျက်ကြလိမ့်မည်
ဤစကားစုသည် ရုပ်တုဆင်းတုများကိုးကွယ်သော ယုဒပြည်ရှိလူများကိုဆိုလိုပါသည်။
မျက်နှာပျက်ကြလိမ့်မည်
တစ်ချို့သောကျမ်းစာ၌ သင်သည် အရှက်တကွဲဖြစ်လိမ့်မည်။ လူတစ်ဦးသည် အမှားအယွင်းတစ်ခုခုပြုလုပ်မိလျှင် မျက်နာနီ၍ အရှက်ရသကဲ့သို့ဖြစ်ပါသည်။
အရွက်နွမ်းသော သပိတ်ပင် ကဲ့သို့၎င်း၊ ရေမရှိသောဥယျာဉ်ကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်
ရေသည် ဉယျာဉ်နှင့် သစ်ပင်ပန်းမာများကို အသက်ရှင်စေရန် စွမ်းဆောင်ပေးသည်။ လူများသည် ထိုအရာများကို ဖြတ်တောက်ဖျက်ဆီးသကဲ့သို့ ထာဝရဘုရားသည်လည်း သူတို့ကို ဖယ်ရှားလိမ့်မည်။ (ရှု၊ figs_simile)
Isaiah 1:31
ယေဘုယျအချက်အလက်
ဟေရှာယသည် ယုဒပြည်ရှိလူများအား ဘုရားသခင်၏ စကားတော်ကို ကဗျာလင်္ကာကဲ့သို့ပြောနေသည်။ (ရှု၊ figs_parallelism)
ခွန်အားကြီးမားသောသူ
"ခွန်အားကြီးသောပုဂ္ဂိုလ်" သို့မဟုတ် "ခွန်အားတန်ခိုးနှင့် ပြည့်စုံသူ" ဖြစ်သည်။ ထိုလူသည် အခြားသောလူများကို လွှမ်းမိုးသွားသောအရေးကြီးသည့် ပုဂ္ဂိုလ်တော်ဖြစ်သည်။
ပိုက်ဆန်လျှော်ဖြစ် လျက်
မီးရှို့ရာတွင်အလွယ်တကူလောင်စေသောအရာ
သူ၏အမှုသည် မီးပွားဖြစ်လျက်
လူတစ်ဦးသည် မကောင်းသောစာတန်၏ လုပ်ရပ်များကို လုပ်ဆောင်ခြင်းသည် လျှော်များကို မီးပိုမိုလောင်စေရန် လုပ်ဆောင်သကဲ့သို့ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ၏အလုပ်သည် မီးစလောင်ရန် လုပ်ဆောင်သကဲ့သို့ ဖြစ်ပါသည်" (ရှု၊ figs_simile)
Isaiah 2
Isaiah 2:1-2
ယေဘုယျအချက်အလက်
ဟေရှာယသည် ယုဒပြည်ရှိလူများအား ဘုရားသခင်၏ စကားတော်ကို ကဗျာလင်္ကာကဲ့သို့ပြောနေသည်။ (ရှု၊ figs_parallelism)
ယုဒပြည်နှင့် ယေရုရှလင်
ယုဒပြည်နှင့် ယေရုရှလင်၌ နေသောလူများ။ အခြားသောဘာသာပြန်ဆိုချက်၊ "ယေရုရှလင်နှင့် ယုဒပြည်တွင်နေထိုင်သူများ" (ရှု၊ figs_metonymy)
နောက်ဆုံးသောကာလ
အနာဂတ်တွင်
ထာဝရဘုရား၏ အိမ်တော်တည်သောတောင်
(၁) ဤအရာသည် သရုပ်ဖော်ပြသသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား၏ အိမ်တည်နေသောတောင်" (၂) လှုပ်ရှားမှုသဏ္ဌာန်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် သူ၏အိမ်တော်ကို တောင်ပေါ်မှာတည်ဆောက်လိမ့်မည်။ (ရှု၊ figs_activepassive)
တောင်ကြီးတောင်ငယ်တို့၏ ထိပ်ပေါ်မှာ
ဟေရှာယသည် ရုပ်ပိုင်းဆိုင်ရာအမြင်ကို ပြောလိုခြင်းဖြစ်၍ အရေးကြီးဆုံးအရာဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တောင်များထဲတွင် အရေးကြီးဆုံး" သို့မဟုတ် "မြေပြင်ပေါ်၌ အရေးကြီးဆုံးသောနေရာ" (ရှု၊ figs_metaphor)
ထိပ်ပေါ်မှာ ချီးမြှောက်၍တည်လိမ့်မည်
ဟေရှာယသည် အပြင်ပိုင်းအသွင်သဏ္ဌာန်ဖြင့် ဂုဏ်ပြု၍ပြောသည်။ ဆိုလိုချက် (၁) လှုပ်ရှားမှုသဏ္ဌာန်။ အခြားသောဘာသာပြန်ဆိုချက်၊ "အခြားသောမည်သည့် တောင်မဆိုထာဝရဘုရားကို ချီးမြှောက်ကြလိမ့်မည်။ ဆိုလိုချက် (၂) ထိုနေရာ၌ ဝတ်ပြုသောသူများအတွက်ဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မည်သည့်လူများမဆို ထာဝရဘုရားကိုသာ ချီးမြှောက်ကြလိမ့်မည်" (ရှု၊ figs_metaphor နှင့် figs_activepassive နှင့် figs_metonymy)
ခပ်သိမ်းသောလူမျိုးတို့သည်
ဤနေရာတွင်တိုင်းနိုင်ငံများဟူသည် နိုင်ငံအတွင်းနေထိုင်သောလူများကို ဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "နိုင်ငံများမှလူများ" (ရှု၊ figs_metonymy)
စည်းဝေးကြလိမ့်မည်
မြေပြင်ပေါ်ရှိ လူအမျိုးမျိုးတို့သည် ထာဝရဘုရားတည်ရာတောင်၌ စုဝေးကြမည်ကို မြစ်ရေစီးခြင်းသဏ္ဌာန်နှင့် နှိုင်းယှဉ်ဖော်ပြထားပါသည်။ အထူးပြုချက်သည် အနည်းငယ်သော လူမဟုတ်ဘဲ လူများစွာ စုဝေးကြလိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မြစ်ကဲ့သို့ ထိုနေရာ၌ စီးဆင်းကြလိမ့်မည်။ ထိုနေရာ၌ စုဝေးကြလိမ့်မည်" (UDB) (ရှု၊ figs_metaphor)
Isaiah 2:3
ယေဘုယျအချက်အလက်
ဟေရှာယသည် ယုဒပြည်ရှိလူများအား ဘုရားသခင်၏ စကားတော်ကို ကဗျာလင်္ကာကဲ့သို့ပြောနေသည်။ (ရှု၊ figs_parallelism)
ယာကုပ်အမျိုး၏ ဘုရား သခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော် တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်ဟု ခရီးသွားလျက် ပြောဆိုကြလိမ့်မည်
"လမ်းခရီးတော်"နှင့် "ခြေရာတော်" ဟူသည်မှာ ပုဂ္ဂိုလ်တော်၏ အသက်ရှင်ခြင်းလမ်းကို ဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် ကျွန်ုပ်တို့ကို သူ့အလိုကို သွင်သင်၍ နာခံလိုက်လျှောက်လိမ့်မည်" (ရှု၊ figs_parallelism နှင့် figs_metaphor)
တရားတော်သည် ဇိအုန်တောင်မှ ၎င်းထာဝရဘုရား၏ နှုတ်ကပတ်သည် ယေရုရှလင်မြို့မှလည်းကောင်း
ဤစကားစုသည် အဓိပ္ပာယ်တူညီသည်။ ပြည်သားများအားလုံးသည် စစ်မှန်သော သမ္မာတရားကို ယေရုရှလင်၌ တွေ့၍ နားလည်သဘောပေါက်မည်ဟု ဟေရှာယအထူးပြု ပြောဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဇိအုန်၌ ရှိသောလူများသည် တရားတော်ကို သွန်သင်ပေးလိမ့်မည်။ ယေရုရှလင်၌ ရှိသောလူများသည် ထာဝရဘုရား၏ စကားတော်ကို သွန်သင်ပေးလိမ့်မည် ဖြစ်သည်" (ရှု၊ figs_parallelism)
နှုတ်ကပတ်တော်သည် ယေရုရှလင်မှ၎င်း
နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ၎င်း ပေါ်ထွက်လိမ့်မည်။ "လူ၏ လှုပ်ရှားလုပ်ဆောင်မှုမပါဘဲ ရွေ့လျားသောမြစ်ကဲ့သို့ ထာဝရဘုရား၏ စကားတော်ဖြစ်လိမ့်မည်" ဟု ဟေရှာယပြောသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ကို သွန်သင်သောနှုတ်ကပတ်တော်သည် ယေရုရှလင်မှ ထွက်ပေါ်လာလိမ့်မည်" သို့မဟုတ် "ထာဝရဘုရားသည် ယေရုရှလင်မှ သူ၏စကားတော်ကို မိန့်မြွက်လိမ့်မည်" (ရှု၊ figs_metaphor နှင့် figs_ellipsis)
Isaiah 2:4
ယေဘုယျအချက်အလက်
ဟေရှာယသည် ယုဒပြည်ရှိလူများအား ဘုရားသခင်၏ စကားတော်ကို ကဗျာလင်္ကာကဲ့သို့ပြောနေသည်။ (ရှု၊ figs_parallelism)
သူတရားစီရင်လိမ့်မည်
ထာဝရဘုရားသည် တရားစီရင်လိမ့်မည်။
လူမျိုးတို့တွင် တရားစီရင်၍
အငြင်းပွားစရာများ ဖြေရှင်းလိမ့်မည်။
သူတို့ ထားလက်နက်များကို တံစဉ်ဖြစ်စေခြင်းငှါ၎င်း ထုလုပ်ကြ လိမ့်မည်
ပြည်သားများသည် သူတို့၏ အသက်မွေးဝမ်းမှုအတွက် စစ်လက်နက် ပစ္စည်းကိရိယာများကို ပြန်လည်အသုံးပြုသည်။
ဓားရှည်များကို တံစဉ်းဖြစ်စေခြင်းငှာလည်းကောင်း
ငြိမ်းချမ်းရေး အသွင်သဏ္ဌာန်ဖော်ပြရန်အတွက် လက်နက်ကိရိယာများကို အသုံးပြုသည်။ (ရှု၊ figs_synecdoche)
တံစဉ်းဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်
ငြိမ်းချမ်းသော အသွင်သဏ္ဌာန်ကို လက်နက်ကိရိယာများအစားထိုးဖော်ပြရာတွင် အသုံးပြုသည်။ (ရှု၊ figs_synecdoche)
သူတို့ ထားလက်နက်များကို တံစဉ်ဖြစ်စေခြင်းငှါ၎င်း ထုလုပ်ကြ လိမ့်မည်
သူတို့၏ တံစဉ်များကို စိုက်ပျိုးမျိုးစေ့ချရန်အတွက် ကိရိယာအဖြစ်အသုံးပြုလိမ့်မည်။ တံစဉ်းသည် ရိတ်ဖြတ်ရန်နှင့် မြေကြီးကို တူးဆွရန်အတွက် အသုံးပြုနိုင်သည်။
တံစဉ်ဖြစ်စေခြင်းငှါ၎င်း ထုလုပ်ကြ လိမ့်မည်
သူတို့၏ တူလက်နက်များကို တံစဉ်းဖြစ်စေလိမ့်မည်။ သူတို့၏ ထား၊ တံစဉ်းများကို စိုက်ပျိုးရေးအတွက် အသုံးပြုလိမ့်မည်။ တံစဉ်းကို အလိုမရှိသော အကိုင်းအခတ်များကို ဖြတ်ခုတ်ရန်အတွက် လူများအသုံးပြုသည်။
တပြည်ကို တပြည်စစ်မတိုက်၊ စစ်အတတ်ကို လည်း နောက်တဖန်မသင်ရကြ
တစ်ပြည်နှင့် တစ်ပြည် ဓားလက်နက်ဖြင့် ဆန့်ကျင်တိုက်ခိုက်ခြင်းမပြုရ။ ဓားသည် စစ်ပွဲတွင် အသုံးပြုသော အရာဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တစ်ပြည်နှင့်တစ်ပြည် တိုက်ခိုက်ဆန့်ကျင်မှုများမပြုရ" (ရှု၊ figs_metonymy)
စစ်အတတ်ကိုလည်း နောက်တဖန် မသင်ရကြ
နောက်တစ်ကြိမ်စစ်ပွဲအတွက် တိုက်ခိုက်ရန် သင်ယူကြရမည်မဟုတ်ပါ။
Isaiah 2:5-6
ယေဘုယျအချက်အလက်
အငယ် ၂:၅ တွင် ဟေရှာယသည် ယုဒလူမျိုးများကို ပြောနေခြင်းဖြစ်ပြီး ၂:၆ တွင် ထာဝရဘုရားကို ပြောနေသည်။ နှစ်ခုလုံးကို ကဗျာလင်္ကာဆန်စွာဖြင့်ပြောနေသည်။ (ရှု၊ figs_parallelism)
အိုယာကုပ် အမျိုးသားတို့၊ လာကြလော့
ယာကုပ်မှ ဆင်းသက်သောမျိုးနွယ်များ (UDB)။ "အိမ်" ဟူသည်မှာ အိမ်ထဲတွင်နေသောသူများ၊ မိသားစုများဟု အဓိပ္ပာယ်ရသည်။ "ယာကုပ် အမျိုးသားတို့" ဟူသည် ဟူသည် ယုဒတိုင်းပြည်ကို ကိုယ်စားပြုသည်။ (ရှု၊ figs_metonymy)
လာကြလော့
ကြားနာသူများလုပ်ဆောင်ကြရန် နိုးဆော်သူသည် နူးညံ့သိမ့်မွေ့စွာ တွန်းအားပေးခြင်း
ထာဝရဘုရား၏ အလင်းတော်၌ ကျင်လည်ကြကုန်အံ့
ဟေရှာယသည် လူမျိုးတော်အား ထာဝရဘုရားအလိုတော်ကို သင်ယူရန်နှင့် လုပ်ဆောင်ရန် ထာဝရဘုရားသာလျှင် အမှောင်ထဲမှ ထွန်းလင်းသောမီးအိမ်ကဲ့သို့ လမ်းခရီးတော်ကို မြင်စေကြောင်းသွန်သင်နေသည်။ (ရှု၊ figs_metaphor)
ကိုယ်တော်သည် သူ၏လူတို့ကိုစွန့်ပစ်တော်မူပြီ
သင်သည် သင်၏လူများကို စွန့်ခွာပြီး သူတို့ပြဿနာများကိုလည်း ဂရုပြုခြင်းမရှိလေပြီ။ ဤနေရာတွင် "သင်" ဟူသည်ထာဝရဘုရားကိုရည်ညွှန်းသည်။ (ရှု၊ figs_pronouns)
သူတို့သည်အရှေ့ပြည်အတတ်တို့နှင့် ကြွယ်ဝ၍
ဟေရှာယသည် အရှေ့ပြည်ဘက်မှလာသော ကုန်များနှင့် ပြည့်နေသောကုန်သေတ္တာနှင့် လူမျိုးကိုနှိုင်းယှဉ်ပြသည်။ ဆိုလိုချက် (၁) အရှေ့တိုင်းမှလာသော လူများ၏ နက်နဲသောလုပ်ဆောင်ချက်များ။ အခြားသောဘာသာပြန်ဆိုချက်၊ "အရှေ့ပြည်ဘက်တွင်နေသော အစ္စရေးများသည် အချိန်တိုင်း စာတန်၏ မကောင်းသောအရာများကိုလုပ်ဆောင်နေသည်" ဆိုလိုချက် (၂) အရှေ့ပြည်ဘက်မှလာ၍ အထူးသဖြင့် စာတန်၏ ညစ်ညမ်းခြင်းများကို လုပ်ဆောင်သောလူများ။ အခြားသောဘာသာပြန်ဆိုချက်၊ "များစွာသောနတ်ဘုရားများသည် အရှေ့ပြည်မှလာသည်" (ရှု၊ figs_metaphor နှင့် figs_explicit)
အနာဂတ္တိဆရာ
တိရစ္ဆာန်အစိတ်အပိုင်းများ၊ သစ်ရွက်များစသည်တို့ကို ကြည့်၍ အနာဂတ်ကို ဟောကြားနိုင်သောသူများကို ခေါ်ပါသည်။
တပါးအမျိုးသားနှင့် အပေါင်းအဘော် ပြုကြ၏
လက်ဆွဲနှုတ်ဆက်ပွေ့ဖက်ခြင်းသည် ငြိမ်းချမ်းရေးနှင့် မိတ်ဆွေဖြစ်ခြင်းကို သဏ္ဌာန်ထင်ရှားစေသော လက္ခဏာဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အစ္စရေးလူမျိုးမဟုတ်သောလူများနှင့် ငြိမ်းချမ်းရေးလုပ်ဆောင်ရန် အလုပ်အတူတူလုပ်ဆောင်ကြပြီ" (ရှု၊ figs_metonymy)
Isaiah 2:7-8
ယေဘုယျအချက်လက်
ဟေရှာယသည် ထာဝရဘုရားကို ကဗျာလင်္ကာကဲ့သို့ စကားပြောနေသည်။ (ရှု၊ figs_parallelism)
သူတို့ပြည်သည် ရွှေနှင့်ငွေကြွယ်ဝ၍ ....... မြင်းနှင့်ကြွယ်ဝ၍....... ရုပ်တုဆင်းတုနှင့် ကြွယ်ဝ၍
သူတို့ပြည်သည် ရွှေငွေများ၊ မြင်းများ၊ ရုပ်ဝတ္ထုများနှင့် ပြည့်နှက်နေကြောင်း ဟေရှာယကပြောပြနေသည်။ "ပြည်နယ်" ဟူသည် နေထိုင်ရာဒေသမှလူများကို ဆိုလို၍ ပြည့်နှက်နေခြင်းသည် သူတို့၏ ပိုင်ဆိုင်မှုများကို ဖော်ပြနေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် များစွာသော ရွှေငွေများပိုင်ဆိုင်ခြင်း၊ မြင်းများကို ပိုင်ဆိုင်ခြင်း၊ ရုပ်တုဆင်းတုများပိုင်ဆိုင်ခြင်း" (ရှု၊ figs_metaphor နှင့် figs_metonymy)
မိမိလက်နှင့်လုပ်သောအရာ၊ မိမိလက်ချောင်းတို့နှင့် ဖန်ဆင်းသောအရာကိုပင် သူတို့သည် ဉီးချကြသည်တကား
ဤစကားစုနှစ်ခုသည် အထူးပြုခြင်းတူညီ၍ စစ်မှန်သောဘုရားမဟုတ်သည့်အရာများကို အထူးပြုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အရာအားလုံးသည် သူတို့လက်မှလုပ်သောအရာများဖြစ်သည်ကို ဆိုလိုသည်" (ရှု၊ figs_parallelism နှင့် figs_metonymy)
မိမိလက်နှင့်လုပ်သောအရာ
"လက်များ" ဟူသည် သူတို့အတွက် ကိုယ်တိုင်လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကိုယ်ပိုင်လုပ်ဆောင်ခြင်း" သို့မဟုတ် "သူတို့၏ လက်များဖြင့် လုပ်ဆောင်သောအရာ" ကိုဆိုလိုပါသည်။ (ရှု၊ figs_synecdoche)
မိမိလက်ချောင်းတို့နှင့် ဖန်ဆင်းသောအရာကိုပင်
"လက်ချောင်းများ" ဟူသည် လူများမိမိတို့ဘာသာလုပ်ဆောင်ခြင်းကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အရာအားလုံးကို သူတို့ကိုယ်တိုင်ဖြင့်လုပ်ဆောင်ခြင်းဖြစ်သည်" (ရှု၊ figs_synecdoche)
Isaiah 2:9-11
ယေဘုယျအချက်အလက်
အငယ် ၂:၉ တွင် ဟေရှာယသည် ထာဝရဘုရားကို စကားပြောခြင်းပြီးဆုံးသည်။ အငယ် ၂:၁၀ တွင် ယုဒလူများကို ပြောသည်။ နှစ်မျိုးစလုံးကို ကဗျာလင်္ကာကဲ့သို့ပြောဆိုသည်။ (ရှု၊ figs_parallelism)
ထိုကြောင့်၊ ယုတ်သောသူလည်း ဦးနှိမ့်ခြင်း၊ မြတ်သောသူလည်း ရှုတ်ချခြင်းကို ခံရလိမ့်မည်
ထိုသို့ အရှက်ကွဲသောသူများ၊ အသုံးမရသောသူများနှင့် သူတို့ကိုယ်သူတို့ မည်သည့်အရာမျှလုပ်ဆောင်နိုင်ခြင်းမရှိသူများသည် မြေကြီးပေါ်၌ နိမ့်ကျလိမ့်မည်။ ထိုအရာကို လှုပ်ရှားမှု သဏ္ဌာန်ဖြင့်ဖော်ပြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် သူတို့ကို အရှက်ရစေလိမ့်မည်။ သူတို့သည် အသုံးမရသောသူများဖြစ်ကြောင်းသိလာရလိမ့်မည်။ (ရှု၊ figs_metaphor နှင့် figs_activepassive)
လူများ
လူများသည် တိရစ္ဆာန်များကဲ့သို့ ဆန့်ကျင်မှုပြုသည်။
တဦးချင်း
တစ်ဦးချင်းစီ
သူတို့အပြစ်ကိုလည်းလွှတ်တော်မမူရာ
လွှတ်ခြင်းဟူသော စကားလုံးသည် ထာဝရဘုရားက လူများအား အပြစ်လွှတ်ခြင်းကို ဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့အပြစ်ကို ခွင့်မလွှတ်ပါနဲ့" (ရှု၊ figs_metaphor)
ကျောက်ထဲသို့ ဝင်လော့
အသင့်လျော်ဆုံးသော ဆိုလိုချက်မှာ လူများသည် (၁) မတ်စောက်သောတောင်စောင်းရှိ လှိုင်ဂူများ (ရှု၊ UDB) သို့မဟုတ် (၂) ကြီးမားသော ကျောက်ဆောင်ကြီးများရဲ့ အကွယ်မှာ သွားသင့်သည်။
မြေမှုန့်၌ ပုန်း၍နေလော့
အသင့်လျော်ဆုံးသော ဆိုလိုချက်မှာ လူများသည် (၁) မြေကြီးထဲရှိ သဘာဝဂူများ (၂) မြေကြီးထဲ တူးထားသောတွင်းများ သို့ဝင်ပုန်းသင့်သည်။ (ရှု၊ UDB)
ဘုရားကို ကြောက်ခြင်းအရှိန်မှ
အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား၏ တန်ခိုးတော်၊ မျက်မှောက်တော်မှ" သို့မဟုတ် "သူ့ကို အလွန်အမင်းကြောက်ရွံ့လိမ့်မည် ဖြစ်သောကြောင့်" (ရှု၊ figs_abstractnouns)
ဘုန်းတန်ခိုး အာနုဘော်အရှိန်ကြောင့်
"ဘုရင်ကဲ့သို့ လှပသောခမ်းနားခြင်း" သို့မဟုတ် "သူ၏ ခမ်းနားထည်ဝါမှု"
ထိုကာလ၌ လူတို့၏မော်သော မျက်နှာကို နှိမ့်ရ မည်
ထာဝရဘုရားသည် လူ၏မော်ကြွားသောအရာများကို နှိမ့်ချလိမ့်မည်။ မော်သောမျက်နှာရှိသူသည် အများသူငါထက်မိမိပို၍ သာလွန်ကောင်းမွန်သည်ဟု ပြသလိုသည်။ သူတို့သည် ထာဝရဘုရားထက်သာလွန်သည်ဟူသော ညစ်ညူးစွာတွေးထင်ပြီး သူတို့၏ မာနများဖြင့် ထာဝရဘုရားအားကိုးကွယ်ကြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် သူတို့၏မာနများကြောင့် သူတို့ကို အရှက်ရစေလိမ့်မည်" (ရှု၊ figs_metaphor နှင့် figs_metonymy)
လူတို့၏ မာနကိုလည်း ရှုတ်ချရမည်
ထာဝရဘုရားသည် မာနကြီးသော သူတို့ကို အရှက်ရစေလိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် လူတို့၏ မာနကိုရှုံ့ချလိမ့်မည်။ (ရှု၊ figs_activepassive) "လူ၏ မာန" ဟူသည် လူမျိုးတော်၏ မာနကိုဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် လူမျိုးတော်၏ မာနကို နှိမ့်ချလိမ့်မည်" (ရှု၊ figs_metonymy နှင့် figs_metaphor)
ထာဝရဘုရားတပါးတည်းသာ ချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့်မည်
အခြားသောဘာသာပြန်ဆိုချက်၊ "လူအများတို့သည် ထာဝရဘုရားတစ်ပါးတည်းကိုသာ ချီးမြှောက်ကြလိမ့်မည်" (ရှု၊ figs_activepassive)
ထိုကာလ၌
အခြားသာဘာသာပြန်ဆိုချက်၊ "ထိုနေ့တွင် ထာဝရဘုရားသည် တစ်ဦးချင်းစီကို စီရင်လိမ့်မည်" (ရှု၊ figs_idiom)
Isaiah 2:12-13
ယေဘုယျအချက်အလက်
ဟေရှာယသည် ယုဒလူမျိုးများအား ကဗျာလင်္ကာကဲ့သို့ စကားပြောနေသည်။ (ရှု၊ figs_parallelism)
ကြီးမြင့်သောအရာနှင့် မိုမောက်သောအရာ
လူတစ်ယောက်သည် မိမိကိုယ်ကို သူတစ်ပါးထက်သာ၍ ကြီးမြတ်သည်ဟု ခံယူသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " အခြားသူထက်မိမိ ပို၍ကြီးမြတ်သူ၊ မြင့်မြတ်သူဟု ခံယူသူ" သို့မဟုတ် "သူများထက် မိမိပို၍ တော်သည်ဟုတွေးထင်သူ" (ရှု၊ figs_activepassive နှင့် figs_metaphor)
မိုမောက်သောအရာ
လူတစ်ယောက်သည် အခြားသူများထက်သူသည် ပို၍သာလွန်ထူးကဲသည်ဟု မှတ်ယူလျင် စိတ်ကြီးဝင်နေသူဖြစ်သည်။ ဤစကားစုနှစ်ခုသည် အဓိပ္ပာယ်တူညီ၍ ထာဝရဘုရားသည် ထိုသူတို့အား အပြစ်ပေးလိမ့်မည်ဟု ဆိုလိုပါသည်။ (ရှု၊ figs_doublet)
သူတို့သည် နှိမ့်ချခြင်းရှိကြလိမ့်မည်
မာနကြီးသူများအားလုံးနှိမ့်ချခြင်းရှိခံရလိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားကိုယ်တိုင် သူတို့ကို နှိမ့်ချလိမ့်မည်" (ရှု၊ figs_activepassive)
ကြီးမြင့်သော လေဗနုန်အာရဇ်ပင် ရှိသမျှကို၎င်း
ထာဝရဘုရား၏ နေ့ရက်သည် မြင့်သောအပင်များကို ဆန့်ကျင်ဖြိုလှဲလိမ့်မည်။ ဆိုလိုချက်မှာ (၁) မြင့်သောအပင်များကဲ့သို့ စိတ်မြင့်မာနကြီးသူများကို ထာဝရဘုရားမှ စီရင်လိမ့်မည်။ (၂) ထာဝရဘုရားသည် အမှန်ပင် ဖျက်ဆီးလိမ့်မည်။ (ရှု၊ figs_metaphor)
Isaiah 2:14-16
ယေဘုယျအချက်အလက်
ဟေရှာယသည် ယုဒလူများအား ကဗျာလင်္ကာဆန်စွာ ဆက်လက်စကားပြောနေသည်။ သူသည် ထာဝရဘုရား၏ နေ့ရက်များ၌ ဖြစ်ပွားမည့်အရာများကို ဆက်လက်ဖော်ပြနေသည်။ (၂:၁၂) (ရှု၊ figs_parallelism)
ဆီးတား
ဟေရှာယသည်ထာဝရဘုရားဖျက်ဆီးမည့် အရာများကို ဖော်ပြနေသည်။ ဆိုလိုချက် (၁) မာနကြီးသော သူများကို ထာဝရဘုရားနှိမ့်ချလိမ့်မည်ဟု ဆိုလိုပါသည်။ ဆိုလိုချက် (၂) ထာဝရဘုရားသည် စာရင်း၌ ရှိသောသူများကို အမှန်ပင်ဖျက်ဆီးလိမ့်မည်ဖြစ်သည်။
တောင်များ......တောင်ပို့များ
ဤစကားစုသည် အစ္စရေးလူမျိုး မာနကြီးသူများကို ခေါ်သည်။ (၂:၁) (ရှု၊ figs_metaphor)
မြင့်သောတောင်၊ တောင်ပို့
အခြားသောဘာသာပြန်ဆိုချက်၊ "အလွန့်မြင့်သောအရာ" (ရှု၊ figs_idiom)
မြင့်သောရဲတိုက်ရှိသမျှကိုလည်းကောင်း ....... ခိုင်ခံ့သောမြို့ရိုးရှိသမျှတို့ကိုလည်းကောင်း
လူများသည် ရန်သူများဝင်ရောက်မလာနိုင်ရန် သူတို့၏ မြို့များကို မြင့်မားသော မြို့ရိုးများတည်ဆောက်ခြင်းကို ဆိုလိုပါသည်။ လူမျိုးတော်၏ မာနနှင့်ယုံကြည်ချက်မှာ သူတို့သည် ထာဝရဘုရားကို မလိုအပ်ဘဲ မည်သည့်ပြစ်ဒဏ်၊ အပြစ်ပေးခြင်းမဆို ခုခံနိုင်သည်၊ ရပ်တည်နိုင်သည် ဟုဖြစ်သည်။ (ရှု၊ figs_metaphor)
ခိုင်ခံ့သောမြို့ရိုး
"မည်သည့်အရာကမျှ ချိုးဖျက်ခြင်းမပြုနိုင်သောနံရံ"
တာရှုသင်္ဘောအပေါင်းတို့ကို၎င်း၊ နှစ်သက် ဘွယ်သော ရူပါရုံ အလုံးစုံတို့ကို၎င်း ဆီးတားလိမ့်မည်
ဤအရာသည် များစွာသောလူများကို သယ်ဆောင်သောသင်္ဘောက ပင်လယ်ထဲမှာခရီးသွားပြီး မြို့များသို့သယ်ယူသွားကြောင်း ရည်ညွှန်းသည်။
တာရှုသင်္ဘောများ
တာရှုမြို့သို့သွားသောသင်္ဘောများ
Isaiah 2:17-19
ယေဘုယျအချက်အလက်
ဟေရှာယသည် ယုဒလူများအား ကဗျာလင်္ကာဆန်စွာ ဆက်လက်စကားပြောနေသည်။ သူသည် ထာဝရဘုရား၏ နေ့ရက်များ၌ ဖြစ်ပွားမည့်အရာများကို ဆက်လက်ဖော်ပြနေသည်။ (၂:၁၂) (ရှု၊ figs_parallelism)
ထိုကာလ၌ လူတို့၏မာနကို ရှုတ်ချ၍
အခြားသောဘာသာပြန်ဆိုချက်၊ "သူသည်မာနကြီးသော လူတိုင်းကို နှိမ့်ချလိမ့်မည်" သို့မဟုတ် "မာနကြီးသောသူများကို အရှက်ရစေလိမ့်မည်" (ရှု၊ figs_activepassive)
လူတို့၏ စိတ်မြင့်သောသဘောကိုနှိမ့်ရမည်
"မောက်မာသော"သည် နာမဝိသေသနဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မောက်မာနေသော လူများ၏ စိတ်မှ မောက်မာခြင်းများကို ရပ်တန့်စေမည်" (ရှု၊ figs_abstractnouns)
ထာဝရဘုရားတစ်ပါးတည်းသာ ချီးမြှောက်ခြင်းသို့ ရောက်လိမ့်မည်
အခြားသောဘာသာပြန်ဆိုချက်၊ "လူများအားလုံး ထာဝရဘုရားတစ်ပါးတည်းကိုသာ ချီးမြှောက်ကြလိမ့်မည်" (၂:၉ ၌မည်ကဲ့သို့ ဘာသာပြန်သည်ကိုကြည့်ပါ) (ရှု၊ figs_activepassive)
ရုပ်တုဆင်းတုတို့သည် ရှင်းရှင်းကွယ်ပေျာက်ကြလိမ့်မည်
"ရုပ်တုဆင်းတုများအားလုံး ပျောက်ကွယ်သွားလိမ့်မည်" (UDB) "ထိုနေရာ၌ ရုပ်တုဆင်းတုများရှိတော့မည်မဟုတ်"
ထာဝရဘုရား၏ ဘုန်းတန်ခိုးအရှိန်ကြောင့်လူများကြောက်ရွံ့ကြလိမ့်မည်
အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား၏ ဘုန်းအာနုအရှိန်မှ လူများပုန်းကွယ်ကြလိမ့်မည်" (ရှု၊ figs_explicit)
ကျောက်တွင်းများ
ကြီးမားသော ကျောက်ဂူကြီးများဖြစ်သည်။ လက်ထဲ၌ ကိုင်ထား၍ ရသောသေးငယ်သည့် ကျော်များမဟုတ်ပါ။
ထာဝရဘုရား၏ တန်ခိုးအာနုဘော်နှင့် ထာဝရဘုရားအားကြောက်ရွံ့ခြင်း
(၂:၉) အတိုင်း ဘာသာပြန်ပါ။
ထာဝရဘုရားအားကြောက်ရွံ့ခြင်း
သူတို့သည် ထာဝရဘုရားအား အလွန်ကြောက်ရွံ့ကြသောကြောင့်ဖြစ်သည်။
သူ၏ ဘုန်းအာနုဘော်
ဤနေရာတွင် "ဘုန်းအရှိန်အဝါ"သည် "ခန့်ညားထည်ဝါခြင်း" ကိုဖော်ပြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရင်ကဲ့သို့လှပခြင်း" (ရှု၊ figs_hendiadys)
ထာဝရဘုရားသည် မြေကြီးကိုချောက် လှန့်အံ့ သောငှါ ထတော်မူသောအခါ
ထာဝရဘုရားသည် လူများအားစီရင်သောအခါ သူ့ကို ကြောက်၍ မြေတွင်းထဲသို့ဝင်ကြလိမ့်မည်။
Isaiah 2:20-22
ယေဘုယျအချက်အလက်
ဟေရှာယသည် ယုဒလူများအား ကဗျာလင်္ကာကဲ့သို့ပြောနေသည်။ သူသည် ထာဝရဘုရား၏ နေ့ရက်များကို ဆက်လက်ဖော်ပြနေသည်။ (၂:၁၂) (ရှု၊ figs_parallelism)
ပွေးများ၊ လင်းနို့ များ၌ ပစ်ထားကြလိမ့်မည်
မြေကြီးအောက်၌ တွင်းတူးနေကြသော သေးငယ်သော သတ္တဝါများဖြစ်သည်။ လင်းနို့များသည် ဂူများထဲတွင်နေ၍ ပျံသန်းသောသတ္တဝါငယ်များဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တိရစ္ဆာန်များသို့" (ရှု၊ translate_unknown)
ကျောက်တွင်းချောက်ကြားထဲသို့ ပြေးဝင်ကြလိမ့်မည်
အက်ကြောင်းနှင့် အက်ကွဲကြောင်းသည် ကျောက်ဆောင်ကွဲအက်သောအခါ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ထာဝရဘုရား၏ ကြောက်မက်ဖွယ်ရာမှ
အဘယ်ကြောင့်ဆိုသော် သူတို့သည် ထာဝရဘုရားကို ကြောက်ရွံ့ကြသည်။ ၂:၁၇ တွင် ဘာသာပြန်ထားသည်။
သူ၏ ဘုန်းတန်ခိုးအရှိန်ကြောင့်
"ဘုရင်ကဲ့သို့ လှပသောအဆင်းနှင့် တန်ခိုး" သို့မဟုတ် "သူ၏ တော်ဝင်သောလှပခြင်း" (၂:၉ အတိုင်း ဘာသာပြန်ပါ)
မြေကြီးကိုချောက်လှန့်သောအခါ
ထာဝရဘုရားသည် လူများကို အပြစ်ပေး၍ သူတို့သည် ကြောက်ရွံ့ကြလိမ့်မည်။ (၂:၁၇ အတိုင်းဘာသာပြန်ပါ)
နှာခေါင်းနှင့် အသက်ရှုသော လူသတ္တဝါ
နှာခေါင်းသည် အားနည်း၍ နှာခေါင်းပေါက်သည် မလှပပါ။ ထို့ကြောင့် အားနည်းသော သူများကို ပုံဆောင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အားနည်း၍ သေမည့်သူ" သို့မဟုတ် "အသက်ရှင်ရန် နှာခေါင်းများနှင့်ရှုရှိုက်ဖို့ လိုအပ်သူ" (ရှု၊ figs_metonymy)
နှာခေါင်းပေါက်
လူများအသက်ရှင်ရန်အတွက် နှာခေါင်းပေါက်
သူ့ကို အဘယ်သို့ ပမာဏပြုစရာရှိသနည်း
အစ္စရေးလူမျိုးများကို သူတို့ သိပြီးသားအရာဖြင့်ပင်မေးခွန်းပြန်လည်မေးပြီး သတိပေးသည်။ ဤမေးခွန်းများကိုဖော်ပြချက်တစ်ခုအဖြစ် အသုံးပြုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘာမျှမရှိသောပမာဏ" သို့မဟုတ် "လူသည်ဘာမျှတန်ဖိုးမရှိ" (ရှု၊ figs_rquestion)
Isaiah 3
Isaiah 3:1-3
ကြည့်ရှုလော့
"ကြည့်ရှုလော့" ဟူသည် "နားထောင်ကြလော့" သို့မဟုတ် "အမှန်တကယ်" ဟု ပြန်ဆိုနိုင်သည်။
အထောက်အပံ့ရှိသမျှ
ဤစကားစုနှစ်ခုသည် ယိမ်းယိုင်သွားခြင်းမရှိရန်အတွက် အထောက်အမကဲ့သို့ လမ်းလျှောက်တုန် အဖြစ်ရည်ညွှန်းသည်။ လူအများအသက်ရှင်ရန်အတွက် အစားအစာနှင့် ရေလိုအပ်သကဲ့သို့ ထောက်မပေးခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အရာခပ်သိမ်းကို သင့်အတွက် ထောက်မံပေးတယ်" သို့မဟုတ် "အရာရာကို သင်အမှီပြုနေသည်" (ရှု၊ figs_metaphor)
တန်ခိုးကြီးသောသူ ........ နှုတ်သတ္တိရှိသောသူတို့ကို ပယ်ရှား တော်မူ၏
ဤအရာသည် အခြားသောအရာများကို အမှီပြုနေသောလူများကို တိကျစွာပြောထားသော စာရင်းဖြစ်သည်။ သူတို့သည် တစ်ဦးချင်းစီကို အထူးမညွှန်းဆိုပါ။ UDB တွင် အများဟူပြီးပြန်ဆိုနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တန်ခိုးကြီးသောသူ...... နှုတ်သတ္တိရှိသောသူ" (ရှု၊ figs_genericnoun)
ဗေဒင်တတ်
(ရှု၊ ၂:၅ တွင်ပြန်ဆိုထားသည်ကို ကြည့်ရန်)
သွေးသောက်ကြီး
စစ်သားများ (၅၀) ခန့်စုပေါင်းထားသော အဖွဲ့ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "စစ်တပ်၏အမှုထမ်းများ" သို့မဟုတ် "စစ်တပ်၏ ခေါင်းဆောင်" (ရှု၊ figs_idiom)
ငါးဆယ်
"၅၀" (ရှု၊ translate_numbers)
Isaiah 3:4-5
ထိုပြည်တွင် သူငယ်တို့ကို မင်းအရာ၌ ငါခန့်ထား ၍ နို့စို့သူငယ်တို့သည် အုပ်စိုးကြလိမ့်မည်
ဆိုလိုချက် (၁) ငယ်ရွယ်သော သူများသည် ခေါင်းဆောင်များဖြစ်လာ၍ လူများကို အုပ်ချုပ်ရလိမ့်မည်။ ဆိုလိုချက် (၂) လူငယ်များသည် မိုက်မဲသောလူများနှင့် ရိုးသားသောလူများအတွက် ဉပမာဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် ရင့်ကျက်သောလူငယ်များကို ဆိုးသွမ်းသောသူများအား အုပ်ချုပ်စေရန် အစားထိုးခန့်အပ်မည်" (ရှု၊ figs_parallelism နှင့် figs_metaphor)
လူငယ်များကို အစားထိုးမည်
"ငါ" သည် ထာဝရဘုရားကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ ထာဝရဘုရားက "ငါလူငယ်များကို ခေါင်းဆောင်အဖြစ် အစားထိုးမည်" ဟုပြောသည်။ (ရှု၊ figs_explicit)
ပြည်သားတို့သည် တစ်ယောက်ကိုတစ်ယောက်၊ အိမ်နီးချင်းတစ်ယောက်ကိုတစ်ယောက်ညဉ်းဆဲကြလိမ့်မည်
အခြားသောဘာသာပြန်ဆိုချက်၊ "လူတိုင်း တစ်ဦးကိုတစ်ဦးနှိပ်စက်၍ အိမ်နီးချင်းများကိုလည်း အကြမ်းဖက်ကြလိမ့်မည်" (ရှု၊ figs_activepassive)
စော်ကားလိမ့်မည်
"လေးစားခြင်းမရှိသောလူများ" သို့မဟုတ် "ရိုသေခြင်းမရှိသောလူများ"
ဂုဏ်သရေရှိသော
"ဂုဏ်သရေရှိသောလူများ" သို့မဟုတ် "တစ်ဦးနှင့်တစ်ဦး ရိုသေလေးစားသူများ"
Isaiah 3:6-7
ပေါက်ဘော်ချင်းညီအစ်ကို ကို ကိုင်ဆွဲ၍
ဤနေရာတွင် "လက်" သည် အခွင့်အာဏာကိုရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပျက်စီးခြင်းများကို ပြုပြင်ပါ" သို့မဟုတ် "ဤပျက်စီးခြင်းများ၏ အထက်တွင်ရှိသော အခွင့်အာဏာ" (ရှု၊ figs_metaphor)
ဤပြိုပျက်ခြင်းများ
ဆိုလိုချက် (၁) ယေရုရှလင်မြို့ထဲရှိ ပျက်စီးနေသော အဆောက်အဦးများထဲမှ များစွာသော။ ဆိုလိုချက် (၂) ယေရုရှလင်၌ရှိသော လူများတွင် ဦးဆောင်သူများသည်တိုးတက်မှုမရှိခြင်း၊ ကြွယ်ဝခြင်းမရှိသလောက်ဖြစ်နေ။ အခြားသောဘာသာပြန်ဆိုချက်၊ "ယခုဤ မြို့သည် ပျက်စီးနေသည်" (ရှု၊ figs_metaphor)
ငါသည် ပြုပြင်နိုင်သောသူမဟုတ်
လူများ၏ ပြဿနာကိုဖြေရှင်းရန်ဟူသည် သူတို့အား ပြုပြင်ပေးနိုင်ခြင်းကို ဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဤပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ပါ" သို့မဟုတ် "ကျွန်ုပ်လုံးဝ မကူညီနိုင်ပါ" (UDB) (ရှု၊ figs_metaphor)
Isaiah 3:8-9
ဆက်စပ်ဖော်ပြချက်
ပရောဖက်သည် ဤအခြေအနေကို မှတ်ချက်ပြုရန်စတင်သည်။
ယေရုရှလင်မြို့ပြိုလဲလျက် ယုဒပြည်ဆုံးရှုံးလျက်ရှိ၏
ဘုရားသခင်အား မနာခံခြင်းသည် ပြိုလဲခြင်းနှင့် ဆုံးရှုံးခြင်းဖြစ်စေသည်။ (ရှု၊ figs_metaphor)
ဘုန်းကြီး သော မျက်စိတော်တို့ကို
"မျက်စိ" သည် ဘုန်းတန်ခိုးကြီးသူဖြစ်သော ဘုရားသခင်ကို ကိုယ်စားပြုသည်။ (ရှု၊ figs_metonymy)
သူတို့မျက်နှာအနေအထားသည် သူတို့တဘက်၌ သက်သေခံ၏
မာနကြီး၍ စိတ်ကြီးဝင်နေသော သူ၏မျက်နှာသည် သူတို့၏ မာနများကို သက်သေခံနေပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မာနကြီးသော မျက်နှာများသည် ထာဝရဘုရားအား ဆန့်ကျင်သည်ကို ပြသနေသည်" (ရှု၊ figs_personification)
မိမိဒုစရိုက်ကိုမဝှက်၊ သောဒုံမြို့သားကဲ့သို့ ထင်ရှားစွာ ပြုကြ၏
ယုဒလူမျိုးများသည် သောဒုံမြို့သားများကဲ့သို့ မိမိအပြစ်များကို ထင်ရှားဂုဏ်ယူစွာ လုပ်ဆောင်ကြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သောဒုံမြို့သားများကဲ့သို့ သူတို့အပြစ်များကို ပြောဆိုပြီး သူတို့အားလူတိုင်းသိကြသည်" (ရှု၊ figs_simile)
မကောင်းသောကျိုးကို မိမိတို့၌ ဆပ်ပေးကြပြီ
ကပ်ဘေးသည် ရောက်လာနေသော်လည်း ထိုအရာများရောက်လာစေရန် လူများသည် လုပ်ဆောင်ပြီးဖြစ်နေသည်။ မကောင်းသောဘေးများရောက်လာရန် မိမိဘာသာလုပ်ဆောင်နေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မကောင်းသော ကပ်ဘေးများကို မိမိတို့၌ ဖြစ်ပွားစေပြီ" (ရှု၊ figs_simile)
Isaiah 3:10-12
ဖြောင့်မတ်သောသူသည် မင်္ဂလာရှိ၏
ကောင်းသောအရာကို ပြောသောသူ၊ လုပ်ဆောင်သောသူအား ငါသာ၍ ကောင်းသောအရာကို ပေးမည်။
ဖြောင့်မတ်သောသူ
ဖြောင့်မတ်သောသူသည် သာမာန်လူဖြစ်သည်။ (ရှု၊ figs_genericnoun)
မိမိအကျင့် တို့၏အကျိုးကို ခံစားရလိမ့်မည်
သစ်ပင်စိုက်ပျိုးလျှင် အသီးကို စားရလိမ့်မည်။ အသီးဟူသည်မှာ ကောင်းသောအရာလုပ်ဆောင်ခြင်းအတွက် အကျိုးရလဒ်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် သူတို့၏ လုပ်ဆောင်မှုများအတွက် ဆုလာဘ်ကို လက်ခံရရှိလိမ့်မည်" သို့မဟုတ် "သူတို့၏ လုပ်ဆောင်ခဲ့ပြီးသော ကောင်းသောအရာများအတွက် ဆုလာဘ်ကို လက်ခံရရှိလိမ့်မည်" (ရှု၊ figs_metaphor)
သူကျင့်သော အကျင့်တို့၏ အပြစ်ကို သူ၌ ဆပ်ပေးရလိမ့်မည်
ဤနေရာတွင် လက်များသည် လူတစ်ဦး၏ ပြီးစီးပြီးသော အလုပ်အတွက် ဖော်ပြနေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မကောင်းသောလူ လုပ်ဆောင်ပြီးသော မကောင်းမှုအတွက် သူပြန်လည်ပေးဆပ်ရလိမ့်မည်" (ရှု၊ figs_metonymy)
ငါ၏လူများကိုကား
ဆိုလိုချက် (၁) ဟေရှာယသည် ဖြေနေ၍ "ကျွန်ုပ်" သည် ဟေရှာယကို ညွှန်းဆိုသည်။ ဆိုလိုချက် (၂) ထာဝရဘုရားသည် ပြောနေ၍ "ကျွန်ုပ်" သည် ထာဝရဘုရားကို ညွှန်းနေသည်။
သူငယ်တို့သည် ညဉ်းဆဲကြ၏
ဆိုလိုချက် (၁) လူငယ်များသည် ခေါင်းဆောင်များဖြစ်လာ၍ သူတို့အားညဉ်းဆဲသည်။ ဆိုလိုချက် (၂) သူတို့ ခေါင်းဆောင်များသည် ရင့်ကျက်သော ကလေးများဖြစ်၍ လူများအား ညဉ်းဆဲသည်။ (ရှု၊ figs_metaphor)
မိန်းမတို့သည်လည်း အုပ်စိုးကြ၏
ဆိုလိုချက် (၁) မိန်းမများသည် လူများအပေါ်အုပ်စိုးကြသည်။ ဆိုလိုချက် (၂) သူတို့ ခေါင်းဆောင်များသည် မိန်းမများကဲ့သို့ အားနည်းလာသည်။
သင်တို့အား လမ်းပြသောသူတို့သည် လမ်းလွဲစေကြ၏ သင်တို့သွားသော လမ်းခရီးကိုလည်း ဖျက်ကြ၏
အရှေ့အလယ်ပိုင်းဒေသတွင် နိုင်ငံရေးခေါင်းဆောင်များကို သိုးထိန်းများဟု မှတ်ယူသည်။ သိုးထိန်းများသည် သိုးများကို လုံခြုံစွာလမ်းပြသကဲ့သို့ ခေါင်းဆောင်များသည် လူများအား အမ္မာတရားနှင့် အမှန်တရားကို သွန်သင်ပေးရမည်။ ယုဒခေါင်းဆောင်များသည် ဤကဲ့သို့မလုပ်ဆောင်ပါ။ အခြားသောဘာသာပြန်ဆိုချက်၊ "ခေါင်းဆောင်များသည် ဆိုးသောသိုးထိန်းများကဲ့သို့ ဖြစ်ပြီးသိုးများအား ကောင်းသောလမ်းသို့ ညွှန်မပြပေ။ (ရှု၊ figs_metaphor)
Isaiah 3:13-15
ထာဝရဘုရားသည် မိမိအမှုကို စောင့်အံ့သော ငှါ ထတော်မူ၏။ မိမိလူတို့ကို တရားစီရင်မည်ဟု အားထုတ်တော်မူ၏
ဟေရှာယသည် ထာဝရဘုရား၏ စီရင်မည့် အရာကို ဆန့်ကျင်သော အစ္စရေးလူမျိုးများအားပြောပြနေသည်။ ဒုတိယပိုင်းပြောသောအရာတွင်လည်း ပထမအကြိမ်ပြောသည်ထက် ပို၍ပြည့်စုံစွာ ပြောပြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် တရားစီရင်ရာရုံးသို့ လူများအား တရားစီရင်ချက်ပြုရန် အဆင်သင့်ဖြစ်နေကြောင်းပြောပြသည်" (UDB) (ရှု၊ figs_metaphor နှင့် figs_parallelism)
တရားစီရင်ရာ၌ ဆီးကြိုး တော်မူမည်
တရားစီရင်ခြင်းသည် အခြားသောလူတစ်ဦးအား ခေါ်ဆောင်လာပြီး စီရင်ချက် ချမှတ်ခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ၏ တရားစီရင်မည့် အရာကို ထုတ်ဖော်ခြင်း" သို့မဟုတ် "သူ၏ တရားစီရင်မည့် အရာကိုကြေငြာခြင်း" (ရှု၊ figs_metaphor)
သင်တို့သည် ငါ့ဉယျာဉ်တော်ကို စားကြပြီ
ဤနေရာတွင် "သင်တို့" ဟူသည် ဦးဆောင်သူများနှင့် အခွင့်အာဏာရှိသူများကို ရည်ညွှန်းပါသည်။ ထာဝရဘုရားက သူ့လူမျိုးတော်အား ဉယျာဉ်ဟု ခေါ်ဆိုပါသည်။ လူသည် စပျစ်ခြံကို မပြုစုလျှင် စပျစ်သီးမသီးနိုင်သကဲ့သို့ ခေါင်းဆောင်များသည် လူများအား ဘုရား၏အမှုတော်၌ ကောင်းမွန်စွာ နိုးကြားမှုမပြုပေးနိုင်ခြင်းကြောင့် ပျက်စီးနေခြင်းကိုဆိုလိုပါသည်။ (ရှု၊ figs_you နှင့် figs_metaphor)
ဆင်းရဲသောသူတို့၏ ဉစ္စာကို လုယူ၍ မိမိတို့အိမ်၌ သိုထားကြပြီ
ဆင်းရဲသောသူ၏ အိမ်မှ ပစ္စည်းဉစ္စာများကို ရယူခြင်း
ဆင်းရဲသောသူ
"ဆင်းရဲသောသူများ" (ရှု၊ figs_nominaladj)
ငါ၏ လူတို့ကျု အဘယ့်ကြောင့်နှိပ်စက်ကြသနည်း။ ဆင်းရဲသားတို့၏ မျက်နှာကို အဘယ့်ကြောင့်ကြိတ်ကြသနည်း
ထာဝရဘုရားသည် ဤမေးခွန်းကို တရားစီရင်ချက်အဖြစ်ခေါင်းဆောင်များအားမေးခြင်းဖြစ်သည်။ ဤစီရင်ချက်ကို အချက်တစ်ခုအဖြစ်ဖော်ပြနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ၏လူများ၏ မျက်နှာကို ကြိတ်၍ နှိပ်စက်ကြသော လူဆိုးများကြောင့်ငါသည် အလွန်ပင် အမျက်ထွက်လျက်ရှိ၏" (ရှု၊ figs_rquestion)
လူများအားနှိပ်စက်ခြင်း
လူများအား လေးလံသောဝန်များကို တင်စေပြီး နှိပ်စက်ခြင်းများကို ပြု၍ နာကျင်ခံစားစေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အနာတရဖြစ်စေသော လူမျိုးများ" (ရှု၊ figs_metaphor)
ဆင်းရဲသားများ၏ မျက်နှာကို ကြိတ်ကြပြီ
လူများအား အနာတရဖြစ်စေရန် သူတို့မျက်နှာအားမြေကြီးပေါ်တွင် နင်းချေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူများအား နာကျင်စေရန် နှိပ်စက်ညည်းပမ်းသည်" (ရှု၊ figs_metaphor)
Isaiah 3:16-17
ဇိအုန်သတို့သမီး
"ဇိအုန်" ဟူသည် ယေရုရှလင်ရဲ့ မြို့တော်အမည်ဖြစ်ပြီး သမီးများ၏ မိခင်ဟု အဓိပ္ပာယ်ရသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဇိအုန် အမျိုးသမီး" (ရှု၊ figs_metaphor)
မိမိလည်ပင်းကို ပြလျက်
စိတ်ကြီးဝင်ခြင်းကို ဆိုလိုသည်။ (ရှု၊ figs_idiom)
မျက်စိလော်လည်လျင်
ဤနေရာတွင် မျက်လုံးများသည် အမျိုးသားများအားကြည့်သောအမျိုးသမီးများကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အမျိုးသမီးများ အထင်ကြီးရန်အတွက် လုပ်ဆောင်သောနည်းလမ်း" (ရှု၊ figs_metonymy)
စိတ်စိတ်လှမ်းသွားတတ်သောကြောင့်
ခြေလှမ်းစိပ်စိပ်လှမ်းခြင်း
ခြေချင်းတန်ဆာမြည်လျက်
"သူတို့၏ ခြေမျက်စိ၌ လက်ကောက် ဝတ်ထားပြီးတချွင်ချွင်မြည်သံ" သို့မဟုတ် "သူတို့ ခြေမျက်စိ၌ တပ်ထားသောခြူသံလေးများဆူညံသံ"
Isaiah 3:18-20
ယေဘုယျအချက်အလက်
ယေရုရှလင် အမျိုးသမီးအား ထာဝရဘုရားမည်သို့ တရားစီရင်မည်ကို ဆက်လက်ဖော်ပြထားသည်။ (ရှု၊ translate_unknown)
ထာဝရဘုရား ဖယ်ရှားလိမ့်မည်
ဤနေရာတွင် "ဖယ်ရှားခြင်း" ဟူသည် တစ်စုံတစ်ရာများကို ဖယ်ရှားရန်ဟု ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင် ဖယ်ရှားလိမ့်မည်" (ရှု၊ figs_metonymy)
သူတို့၏ ခြေချင်း
အမျိုးသမီးများ၏ ခြေဖဝါးအထက်ခြေမျက်စိ၌ ဝတ်ဆင်ကြသောအရာ။
ဈာဦးထုပ်
အမျိုးသမီးများ ဦးခေါင်းတွင် အလှဝတ်ထားသောအရာ။
လဆန်းရုပ်လည်ဆွဲ
"လဆန်းနေ့တွင် ဝတ်ဆင်ခြင်းဖြင့် ရန်သူဘေးမှ ကာကွယ်ပေးသည်" ဟုလူများယုံကြည်ခြင်း။
နားသန်သီး
နားအထက်တွင် ဆင်မြန်းသောကျောက်မြတ်။၊
လက်ကောက်
အမျိုးသမီးများ၏ လက်မောင်းတွင် ဝတ်ဆင်ကြခြင်း။
မျက်နှာဖုံး
အမျိုးသမီးဦးခေါင်းနှင့် မျက်နှာတွင် ဖုံးကွယ်ထားသောအရာ။
ပေါင်းသရဖူ
အမျိုးသမီးများ၏ ဦးခေါင်းဆံပင်ထက်တွင် စည်းထားသောပါး၍ ရှည်လျားသော အဝတ်အပိုင်းအစ။
အမျိုးသမီးများ၏ ခြေဖဝါး၌ ဝတ်ဆင်သောအရာ
ခြေလှမ်းသောအခါ သာယာသောအသံကိုပေးခြင်း။
ခါးပန်း
ခါးတဝိုက်ကို ခိုင်ခံ့အောင် ချည်ထားသော အဝတ်အပိုင်းအစ။
နှားခေါင်းဘူး
အမွှေးနံ့သာပါသော ဘူးသေးလေးများကို ကွင်းဆက်၍ အမျိုးသမီးများ၏ လည်ပင်းတွင် ဆင်မြန်းခြင်းဖြင့် မွှေးသောအနံ့ကို ရရှိခြင်း။
နှစ်မြို့ဖွယ်
ကျောက်မျက်များ ဝတ်ဆင်ခြင်းဖြင့် ကောင်းသောအရာများကို ယူဆောင်လာမည်ဟု လူများယုံကြည်ထားသည်။
Isaiah 3:21-23
လက်စွပ်
လက်ချောင်းလေးများအား ဝတ်ဆင်သောအရာ။
နှာဆွဲ
နှာခေါင်း၌ အလှဆင်ဝတ်ဆင်သောအရာ
ရွှေဈာအင်္ကျီ
အပေါ်မှထပ်ဝတ်ရသော အင်္ကျီရှည်။
တဘက်
အဝတ်အစားအပြင်ဘက် ပခုံးထက်မှာ ဆင်မြန်းရသောအရာ။
ခေါင်းခြုံ
၃:၁၈ ကဲ့သို့ ဘာသာပြန်ပါ။
လွယ်အိတ်
သေးငယ်သော အရာများကို ထည့်၍ လွယ်ရန်။
လွယ်မှန်
လက်ထဲမှာ ကိုင်၍ကြည့်ရသောမှန်။
အတွင်းအင်္ကျီ
ချမ်းသာသော လူများဝတ်ဆင်သော သက်တောင့်သက်သာအင်္ကျီ။
ဦးရစ်
ဦးခေါင်းဆံပင်ထက်တွင် ဝတ်ဆင်ရသော သေးငယ်သောအဝတ်။
တင်းတိမ်
အမျိုးသမီးများ ပို၍ လှပရန်အတွက် သူ့တို့ကိုယ်သူတို့ ဆင်မြန်းသောအရာ။
Isaiah 3:24-26
ခါးစည်း
၃:၁၂ ကိုကြည့်ပါ။
ခါးကြိုး
ယုဒလူများ ဖမ်းဆီးခံရသောအခါ ရန်သူများက ချည်နှောင်ရန်သုံးသောအရာ သို့မဟုတ် ယေရှလင်အမျိုးသမီးများက အဝတ်များကို လုံခြုံခိုင်ခံ့ရန် ချည်သောအရာကို ဆိုလိုခြင်းဖြစ်နိုင်သည်။
ကျစ်သောဆံပင်အရာ၌ ခေါင်း ထုံးခြင်း
ဆံပင်ကို စနစ်တကျစည်းခြင်း။ လှပသောဆံပင်၊ သူတို့ဦးခေါင်းများသည် ပြောင်၍နေလိမ့်မည်။
သင်၏ လူတို့သည် ထားလက်နက်ဖြင့်၎င်း၊ သင်၏သူရဲတို့သည် စစ်တိုက်သဖြင့်၎င်း လဲ၍ ဆုံးရှုံးကြ လိမ့်မည်
ကျဆုံးခြင်းသည် သတ်ဖြတ်ခံရခြင်းကို ရည်ညွှန်း၍ လွှသည်စစ်ပွဲကို ပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်၏လူများသည် စစ်ပွဲ၍ အသတ်ခံရလိမ့်မည်။ သင်၏ သန်စွမ်းခြင်းသည် စစ်ထဲတွင် သတ်ခံရလိမ့်မည်" သို့မဟုတ် "ရန်သူများသည် သင်၏ စစ်သားများအား စစ်ထဲတွင် သတ်ဖြတ်လိမ့်မည်" (ရှု၊ figs_metonymy)
သူ၏ တံခါးတို့သည် ငိုကြွေးမြည်တမ်း၍
ဟေရှာယသည် ဂိတ်အနီး ပြည်သူများသွားလာသောနေရာ၍ ငိုကြွေးမြည်တမ်းခြင်းများရှိလိမ့်မည် ဟုပြောဆိုနေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယေရုရှလင်၌ရှိသော လူများသည် မြို့ဝင်ဂိတ်များ၌ ထိုင်၌ငိုကြွေးမြည်တမ်းလိမ့်မည်" (ရှု၊ figs_personification နှင့် figs_metonymy)
သူ၏တံခါးတို့သည် ငိုကြွေးမြည်တမ်း၍
ယေရုရှလင်၌ ရှိသောလူများကို ရန်သူများဘေးမှ မည်သူမျှမကယ်နိုင်။ မြို့တော်သည် မြေကြီးပေါ်မှာပြိုလဲ၍ သူ၏ မိတ်ဆွေများမှလဲစွန့်ခွာလိမ့်မည်။ (UDB) (ရှု၊ figs_personification နှင့် figs_metonymy)
Isaiah 4
Isaiah 4:1-2
သင်၏ နာမည်ဖြင့် သမုတ်ခြင်းသာရှိရန်
ဤစကားစုသည် "သင့်ကို လက်ထပ်ရန်" ဟုဆိုလိုသည်။ (ရှု၊ figs_idiom)
ထာဝရဘုရား၏ အညွန့်သည် ဘုန်းအသရေပွင့်လန်းလိမ့်မည်
ဆိုလိုချက် (၁) "ကိုင်းခတ်" ဟူသည် အစ္စရေးတို့၏ မြေ၌ သီးနှံများကြီးထွားစေမည်ဟု ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အစ္စရေးတို့၏ မြေ၌ သီးနှံများတိုးပွားရန် ထာဝရဘုရားကောင်းချီးပေးလိမ့်မည်" ဆိုလိုချက် (၂) "သစ်ကိုင်း" သည် မေရှိယကယ်တင်ရှင်ကို ကိုယ်စားပြုသည်။ (ရှု၊ figs_synecdoche နှင့် figs_metaphor)
ထာဝရဘုရား၏ ဘုန်းအသရေပွင့်လန်းလိမ့်မည်
ဘုန်းတော်နှင့် လှပခြင်းများဖြင့်ပြည့်ဝလိမ့်မည်။
မြေအသီးအနှံသည် ကောင်းမြတ် လျောက်ပတ်လိမ့်မည်။
"သီးနှံ" မြေမှ ကောင်းသော သီးနှံများထုတ်လုပ်ပေးခြင်းကို ဝိညာဉ်ရေးရာတွင် ကောင်းကြီးမင်္ဂလာဟု ဆိုလိုသည်။ ဆိုလိုချက် (၁) ထာဝရဘုရားသည် မြေကိုကောင်းသော အသီးအနှံများ တစ်ဖန်ထုတ်လုပ်ပေးလိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကောင်းသော မြေမှသီးနှံများကြောင့် အစ္စရေးတို့ ရွှင်လန်းဝမ်းမြောက်လိမ့်မည်" ဆိုလိုချက်(၂) အနာဂတ်မှာ မေရှိယသည် ဝိညာဉ်ကောင်းကြီးမင်္ဂလာများကို လူများထံသို့ သယ်ဆောင်လာလိမ့်မည်။ (ရှု၊ figs_metaphor)
Isaiah 4:3-4
ယေရုရှလင်မြို့၌ နေရစ်သော သူတည်းဟူသော
ဖော်ပြချက် နှစ်ခုစလုံးသည် အဓိပ္ပာယ်တူညီသည်။ ဤနေရာတွင် လူများသည် ယေရုရှလင်၌ နေထိုင်နေသော သူများကို ဆိုလိုသည်။ အခြားသောလာသာပြန်ဆိုချက်၊ "ယေရုရှလင်တွင် ကျန်ရစ်သောလူ" (ရှု၊ figs_parallelism နှင့် figs_genericnoun)
သန့်ရှင်းခြင်းရှိကြလိမ့်မည်
အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် သန့်ရှင်းရန် သူတို့အားခေါ်သည်" သို့မဟုတ် "ထာဝရဘုရား၌ ခိုလှုံကြလိမ့်မည်" (UDB) (ရှု၊ figs_activepassive)
အသက်စာရင်းဝင်သမျှသော ယေရုရှလင်မြို့သားတို့သည်
အခြားသောဘာသာပြန်ဆိုချက်၊ "ယေရုရှလင်၌ ရှိသော အသက်စာရင်းဝင်သမျှသောသူ" (ရှု၊ figs_activepassive)
ဇိအုန်သတို့သမီးတို့၏ အညစ်အကြေးတို့ကို ဆေးကြော၍
ဤအရာသည် အပြင်ပိုင်းဆိုင်ရာ ညစ်ကြေးကို ဖော်ပြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဇိအုန် သတို့သမီး၏ အညစ်အကြေးများကို သခင်ဘုရားမှ ဖယ်ရှားပေးသောအခါ" (ရှု၊ figs_metaphor)
ဇိအုန်သတို့သမီး
ဆိုလိုချက် (၁) ယေရုရှလင်မိန်းမ။ ဆိုလိုချက် (၂) ယေရုရှလင်၏ လူများ။
ယေရုရှလင်မှ အသက်စာရင်းဝင်သော
"သွေးစွန်းထင်ခြင်း" သည်အကြမ်းဖက်ခြင်းနှင့် သတ်ဖြတ်ခြင်းကို ဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယေရုရှလင်မှ အပြစ်မရှိသောသူများကို နာကျင်ခြင်းမှ ယူဆောင်သွားလိမ့်မည်" (ရှု၊ figs_metonymy)
တရားစီရင်သောဝိညာဉ်၊ မီးလောင်သောဝိညာဉ်တော်အားဖြင့်
ယေရုရှလင်မှ အပြစ်ကို မည်သို့ဘုရားသခင်ဖယ်ရှားမည်ကိုဆိုလိုသည်။ ဤနေရာတွင် "ဝိညာဉ်" သည် လောင်ကျွမ်းခြင်း၊ တရားစီရင်ခြင်းကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တရားစီရင်ခြင်းနှင့် တောက်လောင်ခြင်း" (ရှု၊ figs_metaphor)
Isaiah 4:5-6
မြတ်သောအရာ အလုံးစုံတို့ကို လွှမ်းမိုးတော်မူလိမ့်မည်
ဆိုလိုချက် (၁) ဘုန်းနှင့် ပြည့်သောမြို့တော်ကို ကာကွယ်ရန်အတွက် အဖုံးအကာ။ ဆိုလိုချက် (၁) မြို့တော်ကို ကာကွယ်ရန်အတွက် ဘုရားသခင်၏ ဘုန်းတော်သည် အဓိကဖြစ်သည်။ မြို့တော်သည် ဘုန်းနှင့် ပြည့်စုံခြင်းဟူသည်မှာ ထာဝရဘုရား၏ မျက်မှောက်တော်ရှိနေသောကြောင့်ဖြစ်သည်။
အဖုံးအကာ
နာသောအရာများအတွက် ဖုံးအုပ်ကာကွယ်ရန်အဝတ်
Isaiah 5
Isaiah 5:1-2
ယေဘုယျအချက်အလက်
ဟေရှာယသည် လယ်သမားနှင့် သူ၏ စပျစ်ခြံအကြောင်းကို ပြောနေသည်။ လယ်သမားသည် ဘုရားသခင်ကို ကိုယ်စားပြု၍ စပျစ်ခြံသည် အစ္စရေးတောင်ပိုင်းရှိ ယုဒလူမျိုးများကို ကိုယ်စားပြုသည်။ (ရှု၊ figs_parables)
ငါချစ်ရာသခင်
ငါချစ်တဲ့မိတ်ဆွေ
မြေကောင်းသော တောင်ပေါ်မှာ
အပင်များ ကြီးထွားဖွံ့ဖြိုး၍ မြေကောင်းသောတောင်ပေါ်။
မြေကိုတူး၍
မြေဆီလွှာကို ပြုပြင်သည်။ အပင်စိုက်ပျိုးရန်အတွက် မြေကြီးကို တွင်းတူး၍ မြေဆီလွှာကို ပြုပြင်သည်။
မှီခိုရာတဲလင့်ကိုလည်း ဆောက်၍
သူသည် မြင့်သော အဆောက်အဦးကို ဉယျာဉ် အလယ်၌ ဆောက်၍ စောင့်ကြည့်နေ၏။ လူတစ်ယောက်သည် ဉယျာဉ်ထဲရှိ မျှော်စင်ထိပ်ပေါ်မှာ မည်သည့်တိရစ္ဆာန်၊ လူမျှမဝင်လာနိုင်ရန် စောင့်ကြည့်နေသည်။ (ရှု၊ figs_explicit)
အကောင်းဆုံးသော စပျစ်နွယ်ပင်
စပျစ်နွယ်ပင်ကို စိုက်ပျိုး၏။
ဗောရှပင်
"စပျစ်သီးမသီးသောစပျစ်ပင်" သို့မဟုတ် "အရသာဆိုးသော စပျစ်နွယ်ပင်"
Isaiah 5:3-4
ယေဘုယျအချက်အလက်
ဟေရှာယပုံဆောင်၍ ပြောသော စပျစ်ခြံ၊ စပျစ်ခြံပိုင်ရှင်သည် ဘုရားသခင်၊ ယုဒနှင့် ယေရုရှလင်၌ ရှိသောလူမျိုးများကို ကိုယ်စားပြု၍ပြောသောအရာဖြစ်ပါသည်။ (ရှု၊ figs_parables)
အိုယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့
ယုဒနှင့် ယေရုရှလင်၌ နေထိုင်ကြသော လူအများကို ပုံဆောင်သည်။ (ရှု၊ figs_genericnoun)
ယေရုရှလင် ........ ယုဒ
"ယုဒ" သည် ဣသရေလတောင်ပိုင်း ပြည်နယ်အမည်ဖြစ်၍ "ယေရုရှလင်" သည် မြို့တော်အမည်ဖြစ်သည်။
ငါနှင့်ငါ့စပျစ်ဥယျာဉ်အမှုကို စီရင်ကြပါလော့
"နှစ်ခုသောအရာထဲမှ တစ်ခုကို ရွေးချယ်ရန်" သို့မဟုတ် "အခြားသော အရာထဲမှ ရွေးရန်" ဟူသော သဘောသဘာဝကိုဖော်ပြပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မှန်ကန်သော အရာကိုရွေးချယ်ဆုံးဖြတ်ရန်၊ ငါ သို့မဟုတ် ငါ၏ စပျစ်ခြံ" (ရှု၊ figs_metaphor)
ငါ့စပျစ်ဥယျာဉ်၌ ငါ့ကျေးဇူးပြုနိုင်လျက်၊ မပြု သေးသော အရာတစုံတခုရှိသလော
စပျစ်ခြံပိုင်ရှင်မှ မေးခွန်းတစ်ခုအဖြစ်အသုံးပြုထားသောဖော်ပြချက်ဖြစ်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့ရဲ့ စပျစ်ခြံအတွက် လုပ်ဆောင်နိုင်သမျှ အရာအားလုံးကို ငါလုပ်ဆောင်ပြီးပါပြီ" (ရှု၊ figs_rquestion)
စပျစ်သီးကို သီးမည်ဟု မြော်လင့်သည်ရှိသော်။ ဗောရှသီးကို အဘယ် ကြောင့် သီးသနည်း
ပိုင်ရှင်သည် သူ၏ စပျစ်ခြံမှကောင်းသော စပျစ်ရည်ထွက်သင့်သည်ဟု မေးခွန်းတစ်ခုအဖြစ်အသုံးပြုထားသော ဖော်ပြချက်ဖြစ်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကောင်းသော စပျစ်ရည်အရသာငါအလိုရှိသော်လည်း စပျစ်ရည်အရိုင်းများကို ထုတ်လုပ်လေပြီ" (ရှု၊ figs_rquestion)
Isaiah 5:5-6
ယေဘုယျအချက်အလက်
ဟေရှာယသည် စပျစ်ခြံပိုင်ရှင်နှင့် သူ၏ စပျစ်ခြံအကြောင်းကို ပုံဆောင်ချက်ဖြင့် ဆက်လက်ဖော်ပြနေသည်။ (ရှု၊ figs_parables)
စောင်းရန်းကို ငါပယ်ရှင်းသဖြင့်
"စောင်းရန်း" ဟူသည် "ချုံဖုတ်ငယ်များ" သို့မဟုတ် "အပင်ငယ်လေးများ" ကို ဉယျာဉ်အားကာကွယ်ရန် စိုက်သော အမျိုးအစားဖြစ်သည်။ ဤနေရာတွင် "စောင်းရန်း" ဟူသည် စပျစ်ခြံပတ်ပတ်လည် ကျောက်နံရံပေါ်တွင် စိုက်ပျိုးထားသော အပင်များကို ညွှန်းဆိုသည်။
သူတပါးတို့သည် စားကြလိမ့်မည်
ငါသည် တိရစ္ဆာန်များကို စားစေရန်အခွင့်ပေးမည်။ ဤနေရာကို တိရစ္ဆာန်များစားစေရန်အတွက် မြက်များကိုပေါများစေမည်။
သူတပါးတို့ ကျော်နင်းကြ လိမ့်မည်
အခြားသောဘာသာပြန်ဆိုချက်၊ "တိရစ္ဆာန်များ ကျော်နင်းဝင်ရောက်လိမ့်မည်" (ရှု၊ figs_activepassive)
ငါသည် ရှင်းရှင်းဖျက်ဆီးမည်
ငါဖျက်ဆီးမည်။
အဘယ်သူမျှမပြင်ဆင်ရ၊ မတူးဆွရ
အခြားသောဘာသာပြန်ဆိုချက်၊ "အဘယ်သူမျှမပြင်ဆင်ရ၊ မတူးဆွရ၊ အဘယ်သူမျှ အကိုင်းအခက်များကို မဖြတ်ရ၊ မြေကို မပြုပြင်ရ" (ရှု၊ figs_activepassive)
ဆူးပင်အမျိုးမျိုးပေါက်ကြလိမ့်မည်
ဆူးပင်၊ နှင်းဆီရိုင်းများကို မြို့များနှင့် မြေများဖျက်ဆီးရန်အတွက် အသုံးပြုလိမ့်မည်။ (ရှု၊ writing_symlanguage)
Isaiah 5:7
ယေဘုယျအချက်အလက်
ဟေရှာယသည် စပျစ်ခြံကို ဉပမာဖြင့်ရှင်းပြပေးနေသည်။
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ စပျစ်ဥယျာဉ်ကား၊ ဣသရေလအမျိုးတည်း
"ထာဝရဘုရား၏ စပျစ်ဉယျာဉ်သည် အစ္စရေးတို့၏ အိမ်ကို ကိုယ်စားပြုသည်" သို့မဟုတ် "ဣသရေလလူမျိုးများသည် ထာဝရဘုရား၏ စပျစ်ဉယျာဉ်ဖြစ်ပြီး သခင်ဘုရား၏ ကောင်းကင်တံမန်တပ်များလည်း ဖြစ်ကြသည်" (ရှု၊ figs_parables)
ဣသရေလအမျိုး
လူမျိုးများနှင့် မျိုးနွယ်စုကို သမ္မာကျမ်းစာတွင် အိမ်၊ မိသားစုများဟု ခေါ်ဆိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဣသရေလလူမျိုးများ" (ရှု၊ figs_metaphor)
နှစ်သက်တော်မူသော ပျိုးပင်ကားယုဒလူတည်း
ကြည်နူး၊ သာယာမှုကိုပေးသော စပျစ်ဉယျာဉ်ကဲ့သို့ ယုဒအနွယ်အား နှစ်သက်တော်မူ၏။ (ရှု၊ figs_metaphor)
ယုဒအမျိုးသား
ဤနေရာတွင် "အမျိုးသား"သည် ယုဒလူများအားလုံးကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယုဒလူမျိုးများ" (ရှု၊ figs_genericnoun)
တရားစီရင်ခြင်း ကို မြော်လင့်တော်မူခြင်းအရာ၌လည်း ငိုကြွေးခြင်းကို၎င်း တွေ့မြင်တော်မူ၏
"တရားမျှတခြင်း" ကို "တရားမျှတစွာလုပ်ဆောင်သည်" ဟုဖော်ပြလိုခြင်းဖြစ်သည်။ ယေဘုယျအားဖြင့် "သတ်ခြင်း" ဟူသည် အခြားတစ်ယောက်ကို သတ်သည်ဟု ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် လူများတရားမျှစွာလုပ်ဆောင်ရန် စောင့်ဆိုင်းသော်လည်း သူတို့သည် အချင်းချင်းသတ်ဖြတ်ကြသည်" (ရှု၊ figs_abstractnouns)
ဖြောင့်မတ်ခြင်းအတွက်
"သူစောင့်ခဲ့သည်" ဟူသော စကားစုသည် နားလည်ပေးခဲ့သည် ဟုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် ဖြောင့်မတ်ခြင်းကို စောင့်မျှော်ခဲ့သည်" သို့မဟုတ် "သူသည် အမှန်တရားကို လုပ်ဆောင်ရန် စောင့်ဆိုင်းပေးခဲ့သည်"
ကူညီပေးရန်အတွက် လုပ်ဆောင်ပေးလိုသော်လည်း
"လူများသည် အော်ဟစ်ကာ အကူအညီတောင်းကြသည်" ဟုရှင်းလင်းစွာဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အားနည်းသောသူများမှ အော်ဟစ်ကူညီတောင်းသော်လည်း သူတို့သည် တိုက်ခိုက်နေရသောကြောင့်" (ရှု၊ figs_explicit)
အော်ဟစ်သည်
များစွာအော်ဟစ်ကာ ကူညီတောင်းကြသည်။ (ရှု၊ figs_genericnoun)
Isaiah 5:8-10
ယေဘုယျအချက်အလက်
ဟေရှာယသည် ဘုရားသခင်၏ တရားစီရင်မှုကို ကြေငြာသည်။
အိမ်တဆောင်နှင့် တဆောင်ကို၎င်း
အိမ်တစ်ဆောင်ပြီးတစ်ဆောင်၊ လယ်တစ်ကွက်ပြီးတစ်ကွက် ပို၍ယူဆောင်ကြသည်။ ဟေရှာယသည် သူ့လူများကို မိသားစုအတည်တကျနေခြင်းနှင့် လယ်ယာမြေရယူခြင်းနှင့် ဆိုင်သော ဉပဒေများကိုသိကြသည်ဟု ယူဆပုံရသည်။ အဓိပ္ပာယ်အပြည့်အစုံကို (ရှု၊ figs_explicit)
ငါ၏ နားအပါး၌
၁:၉ ကိုကြည့်ရန်။
နေထိုင်သောသူမရှိ
နေမည့်သူတစ်ဉီးမျှမရှိ
စပျစ်ဉယျာဉ်တဗတ်
ဉယျာဉ်တပယ်* - စပျစ်ဉယျာဉ်တပယ်သည် တစ်နေ့စာနွားထားတယှဉ်းစာ၊ ထယ်ထိုးစာမျှ ကျယ်ဝန်းခြင်းဖြစ်သည်။ နွားထီးတယှဉ်းသည် ဉယျာဉ်ခြံတပယ်စာဖြစ်လာသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "စပျစ်ဉယျာဉ်၏ ကြီးမားခြင်းသည် နွားထီး ဆယ်ယှဉ်းစာမျှ ထယ်ထိုးရန် အကျယ်အဝန်းရှိသည်" (ရှု၊ figs_metonymy)
စပျစ်ရည်တဗတ်မျှသာ
စပျစ်ရည်တဗတ်သည် "၂၂" လီတာ ဖြစ်သည်။ (UDB) (ရှု၊ translate_bvolume)
မျိုးစေ့ကိုလည်း ကြဲသောအခါ၊ ဆယ်ဘို့တွင်တဘို့ကိုမျှသာ ရကြလိမ့်မည်
"၂၂၀" လီတာမျှ မျိုးစေ့ကို စိုက်ပျိုးထားသော်လည်း "၂၂" လီတာစေ့" သာရရှိလိမ့်မည်။ တစ်ဘို့သည် ဆယ်ဘို့နှင့် ညီမျှသည်။ (ရှု၊ translate_bvolume)
Isaiah 5:11-12
သေရည်သေရက်ကို သောက်အံ့သောငှါ၊ နံနက် စောစောထ၍ စပျစ်ရည်နှင့် ယစ်မူးအံ့သောငှါ၊ ညဉ့်ကို လည်း လွန်စေတတ်သော သူတို့သည် အမင်္ဂလာရှိကြ၏
လူများသည် တစ်နေကုန် ဘာမျှမလုပ်ပဲ အရက်သေစာသောက်စားမူးယဇ်နေခြင်းကို ဆိုလိုပါသည်။ (ရှု၊ figs_merism)
စပျစ်ရည်နှင့် ယဇ်မူးအံ့သောငှာ
ဝိုင်အရက်သည် မူးယစ်စေပြီဟု ပြောဆိုထားပြီး လောင်ကျွမ်းစေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဝိုင်၊ အရက် သောက်စားမူးယဇ်နေသည်" (ရှု၊ figs_metaphor)
စောင်း၊ တယော၊ ပတ်သာ၊ ပုလွေ၊ စပျစ်ရည်ပါတတ်၏
တူရိယာများနှင့် ဝိုင်အရက်သည် လူများအား ပျော်ရွင်မှုကို ပေးသည်။
ပတ်သာ
ဤတူရိယာပစ္စည်းသည် ဗုံကဲ့သို့ လက်နှင့်ရိုက်ပြီးတီးရသော အမျိုးအစားဖြစ်သည်။ ပတ်သာ ပတ်လည်တွင် သတ္တုအပိုင်းအစလေးများရှိပြီး တီးခတ်သူမှ တီးခါသောအခါ အသံမြည်ပါသည်။ ပတ်သာသည် သေးငယ်ပြီး တီးသူရဲ့ လက်တစ်ဖက်နှင့် ကိုင်၌တီးခတ် ရပါသည်။ (ရှု၊ translate_unknown)
ပမာဏပြု
လေးလေးနက်နက်ထား၍ စဉ်းစားသည်။
လက်တော်နှင့် ပြုတော်မူရာကို
"လုပ်နေသည်" ဆိုသည်မှာ လုပ်ပြီးနေပြီကို ဖော်ပြခြင်းဖြစ်သည်။ "ဖန်တီးလုပ်ဆောင်ပြီးပြီ" ကိုဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူလုပ်ဆောင်ပြီးပြီ" သို့မဟုတ် "သူဖန်တီးပြီးပြီ" (ရှု၊ figs_abstractnouns)
Isaiah 5:13-14
ယေဘုယျအချက်အလက်
ဤအချက်သည် လူများတွေ့ကြုံရမည့် အရာကို ပြောသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘုရားသခင်စကားကို နာမခံ၍ဖြစ်သည်။
ငါ၏ လူတို့သည် ဖမ်းဆီးသိမ်းသွားခြင်းကို ခံကြရ၏။
ပရောဖက်ပြုချက်များသည် အနာဂတ်၌ ဖြစ်လာမည့်အရာများကို ပြောသော်လည်း ဖြစ်ပွားပြီးနေပြီဖြစ်သည်။ ဤအထူးပြုချက်သည် အမှန်တကယ်ဖြစ်လာမည့်အရာဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အခြားသောပြည်မှ ရန်သူများသည် ငါ၏လူတို့ကို ကျွန်အဖြစ်ဖမ်းဆီးသွားလိမ့်မည်" (ရှု၊ figs_pastforfuture)
ဖမ်းဆီးသိမ်းသွားခြင်းကို ခံရကြ၏
ပြည့်စုံစွာရှင်းလင်း ဖော်ပြသော်လည်း သူတို့နားမလည်နိုင်ပါ။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် ထာဝရဘုရားကိုလည်း မသိကျွမ်းပါ။ သူ၏ပညတ်တော်ကိုလည်း မသိပါ။ (ရှု၊ figs_explicit)
မရဏာနိုင်ငံသည် မိမိလောဘကို ကျယ်စေရန် မိမိပါးစပ်ကို အတိုင်းအရှည်မရှိပဲ ဖွင့်ဟသဖြင့်
ဤစာစုသည် မရဏာကို ဖွင့်ဆိုရာတွင် သေခြင်းအပေါ်ရပ်နေခြင်း၊ တိရစ္ဆာန်သည် အခြားအကောင်များကို သတ်စားရန် အဆင်သင့်ရှိနေသကဲ့သို့နှင့် ဖော်ပြထားပါသည်။ ယင်းသည် များစွာသောလူများ သေလိမ့်မည်ဟု ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " သေခြင်းသည် ဆာလောင်နေသောတိရစ္ဆာန် ပါးစပ်ဖွင့်ထား သကဲ့သို့ များစွာသော လူများကို ဝါးမျိုရန်ပြင်ထားသည်။ (ရှု၊ figs_metaphor)
ဂုဏ်သရေအလုံးအရင်း၊ အသံဗလံပြုခြင်း၊ ရွှင်လန်းခြင်းတို့သည် ဆင်းမြုပ်ရကြ၏
ပရောဖက်က အနာဂတ်ကသည် ယခုဖြစ်ပျက်နေသည်ဟု ဆိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "များစွာသောလူများ၊ အရေးကြီးဂုဏ်သရေရှိပုဂ္ဂိုလ်များ၊ ခေါင်းဆောင်များ အားလုံးသည် ပျော်ပါးခြင်းများနှင့် မရဏာသို့ ဆင်းလေပြီ။ (ရှု၊ figs_pastforfuture)
Isaiah 5:15-17
ယုတ်သောသူလည်း ဦးနှိမ့်ခြင်း၊ မြတ်သော သူလည်း ရှုတ်ချခြင်းကိုခံရ၍
ဤစကားစုနှစ်ခုသည် အဓိပ္ပာယ် ဆိုလိုရင်းတူပြီး အထူးပြုချက်လည်းတူပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် လူတို့ကို နိမ့်ကျစေလိမ့်မည်" 2:9 ကိုပြန်ကြည့်ရန် (ရှု၊ figs_parallelism နှင့် figs_activepassive)
လူတို့ကို နှိမ့်ချလိမ့်မည်
နိမ့်ကျခြင်းသည် လူတို့အား အရှက်တကွဲဖြစ်စေသည်။ (ရှု၊ translate_symaction)
သူတို့၏ မျက်နှာလည်းပျက်ရ၏
မျက်နှာပျက်ခြင်းသည် အရှက်ရခြင်း၏ အမှတ်လက္ခဏာဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မာနမျက်နှာထားများသည် အရှက်ရစေခြင်း၊ အထင်မြင်သေးခြင်းကိုဖြစ်စေလိမ့်မည်" သို့မဟုတ် "မာနကြီးသောသူများသည် အရှက်တကွဲဖြစ်လိမ့်မည်" 2:9 ကိုကြည့်ပါ။ (ရှု၊ figs_metonymy)
အလွန်မြင့်သော
မာနကြီးသော၊ စိတ်မြင့်သော လူများသည် အခြားလူများအထက်တွင်ရှိသည်ဟု ပြောဆိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဂုဏ်မောက်သော" (ရှု၊ figs_metaphor)
ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် တရားစီရင်ခြင်းအားဖြင့် ချီးမြှောက်ခြင်းသို့ ရောက်တော် မူလိမ့်မည်
အခြားသောဘာသာပြန်ဆိုချက်၊ "လူများသည် ထာဝရဘုရားကို တရားသောအရှင်ဖြစ်သောကြောင့် ချီးမြှောက်ကြလိမ့်မည်" (ရှု၊ figs_activepassive)
ချီးမြှောက်သောအရှင်
1:9 ကိုကြည့်ပါ။
ချီးမြှောက်သည်
ချီးမြှောက်ဂုဏ်ပြုခြင်း ပြုကြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " ကြီးမားစွာ ဂုဏ်ပြုလိမ့်မည်" (ရှု၊ figs_metaphor)
သိုးသငယ်တို့သည် အလိုအလျောက် ကျက်စားကြလိမ့်မည်
ထာဝရဘုရားသခင်သည် စပျစ်ဥယျာဉ်ခေါ်သော ယေရုရှလင်မြို့တော်ကို ဖျက်ဆီးလိမ့်မည်။ ( 5:1 ) ယင်းသည် ကောင်းသောအရာဖြစ်သော်လည်း သိုးတွေအတွက်စားစရာမရှိတော့ပါ။
မြက်စားသည်
မြက်စားသည်။
လူဆိတ်ညံရာအရပ်၌လည်း ဧည့်သည်တို့သည် စားရကြ လိမ့်မည်
ထိုအရာသည် သိုးများကျက်စားရာဖြစ်သည်။ မြေသည်လည်း အရာခပ်သိမ်းအတွက်ကြွယ်ဝလိမ့်မည်။ (ရှု၊ figs_simile)
Isaiah 5:18-19
ဒုက္ခကို ဒုစရိုက်ဖြင့် ဆွဲသောသူ၊ လှည်းကြိုးဖြင့် ဆွဲသကဲ့သို့၊ အပြစ်ကိုဆွဲငင်သော သူတို့သည် အမင်္ဂလာ ရှိကြ၏
စကားစုများအားလုံးသည် အခြေခံအားဖြင့်တူညီကြသည်။ လူများသည် သူတို့၏ ဖြောင့်မတ်ခြင်းကို လေးလံသောလှည်းကဲ့သို့ဆွဲ၍ အပြစ်အား ရည်ရွယ်ချက်ရှိစွာ ဆက်လက်လုပ်ဆောင်နေသည်။ ဘုရားသခင်သည် သူတို့အားအပြစ်ပေးလိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ အပြစ်ကို လှည်းအားဆွဲသကဲ့သို့ လေးလံစွာ လုပ်ဆောင်နေသူများ "figs_parallelism နှင့် figs_metaphor)
သူတို့ ဆိုတတ်ကြ၏
ဘုရားသခင်မှ ရပ်တန့်စေခြင်းကို အာခံ၍ အပြစ်ဆက်လက်လုပ်ဆောင်နေခြင်းကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပြန်၍ အာခံပြောသောသူ" (ရှု၊figs_irony)
ဣသ ရေလအမျိုး၏သန့်ရှင်းသော ဘုရား၏အကြံတော်သည်
ဘုရားသခင်၏ အကြံတော်သည် သူတို့အားဖြင့် ရောက်ရှိလာနိုင်ရန် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်းကို ဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်၏ အကြံတော်သည် ပြည့်စုံခြင်းရှိပါစေသော်" (ရှု၊ figs_metaphor)
ဣသ ရေလအမျိုး၏သန့်ရှင်းသော
5:15 ကိုကြည့်ပါ။
Isaiah 5:20-21
အလင်းအရာ၌အမိုက်၊ အမိုက် အရာ၌ အလင်းကို၎င်း ... အချိုအရာ၌ အခါး၊ အခါးအရာ ၌အချို
အရာအားလုံးသည် တူညီသောအဓိပ္ပာယ်ဖြစ်သည်။ကောင်းသောအရာသည်မကောင်း၊ မကောင်းသောအရာသည်ကောင်းဖြစ်နေသည်။ အရာများသည် ဆန့်ကျင်ဘက်ဖြစ်သော်လည်း လူများသည် ဆန့်ကျင်ဘက်ကို သိသည်။ တချို့သူများသည် ဆိုးသောအရာများကိုကောင်းသည်ဟု လိမ်ညာ၍ပြောဆိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တချို့သောလူများသည် အမိုက်အရာကိုအလင်း၊ အလင်းကိုအမိုက်ကဲ့သို့ အသက်ရှင်ကြသည်။ တချို့သည် အခါးအရာ၌ အချို၊ အချိုအရာ၌ အခါးအဖြစ်နေထိုင်ကြပါသည်" (ရှု၊ figs_metaphor)
ငါသည် ပညာရှိသည်ဟု ကိုယ်ကိုထင်သောသူ
ဤနေရာတွင် "မျက်စိများ" သည် အတွေးအခေါ်များကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပညာရှိများဟု မိမိကိုယ်ကိုထင်မှတ်ထားသူများ" (ရှု၊ figs_metonymy)
သမ္မာသတိနှင့် ပြည့်စုံသည်ဟု ထင်မှတ်သောသူတို့သည် အမင်္ဂလာရှိကြ၏
"အရာအားလုံးသူတို့နားလည်သည်ဟု မှတ်ယူကြသည်"
Isaiah 5:22-23
ထိုသူတို့သည် တံစိုးကိုစားခြင်းငှါ
ဤစာပိုဒ်သည် ဥပဒေပညတ်ကို ချိုးဖောက်၍ မတရားသောအဂတိလိုက်စားမှုအကြောင်းကို ပြောဆိုသည်။
အပြစ်မပေးဘဲလွှတ်၍
လူတို့အား အပြစ်မရှိကြောင်းကြေငြာသည်။
ဖြောင့်မတ်သောသူတို့၏ ဖြောင့်မတ်ခြင်းကို ဝန်မခံ၊ ပယ်ရှားတတ်ကြ၏
အပြစ်မဲ့သောလူများအား တရားမျှတစွာ ဆက်ဆံခြင်းကိုမပြုပါ။
Isaiah 5:24
မီးလျှာ
မီးတောက်။
မီးလျှာသည် ကောက်ရိုးကိုလျက်၊ မီးလျှံသည် မြက်ခြောက်ကို ကျွမ်းစေသည်နည်းတူ
ဤစကားစုသည် အခြေခံအားဖြင့် တူညီသည်။ ဘုရားသခင်သည် လူများအားအပြစ်ပေးမည်ကို 5:18 တွင်ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မီးသည် ကောက်ရိုးမြက်ခြောက်များအား လောင်ကျွမ်းစေသကဲ့သို့" (ရှု၊ figs_parallelism နှင့် figs_simile)
ကောက်ရိုး
ခြောက်သွေ့နေသော စပါးအုံတံ၊ ကောက်ရိုးအခြောက်။ လယ်သမားများ စပါးသီးနှံကို ရိတ်သိမ်းပြီးနောက် ကျန်ခဲ့သောအပင်များကိုရည်ညွှန်းပါသည်။
သူတို့၏အမြစ်သည် ဆွေးမြေ့သော သစ်သားကဲ့သို့ဖြစ်၍၊ အပွင့်သည်လည်း မြေမှုန့်ကဲ့သို့ လွင့်တတ်လိမ့်မည်
ဟေရှာယသည် သေအံ့ဆဲသောအပင်ကဲ့သို့ ဖြစ်နေသည့်လူမျိုးတော်အားစကားပြောသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အမြစ်များဆွေး၍ အပွင့်များလွင့်နေသော အပင်ကဲ့သို့ သူတို့သည်သေလိမ့်မည်" (ရှု၊ figs_metaphor)
Isaiah 5:25
ထာဝရဘုရားသည် အမျက်တော်ထွက်လျက်
ထာဝရဘုရား၏ အမျက်ဒေါသသည် မီးလျှံကဲ့သို့ ဖြစ်သည်ဟု ဟေရှာယေေပြာသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် အလွန်အမျက်ထွက်နေသည်" (ရှု၊ figs_metaphor)
သူတို့၌လက်တော်ကိုဆန့်၍ ဒဏ်ခတ် တော်မူသဖြင့်
ပရောဖတ်သည် အနာဂတ်ကို ယခုဖြစ်ပြီးသကဲ့သို့ ပြောနေသည်။ ပရောဖက်ပြုခြင်းသည် အတိအကျသေချာအမှန်ရောက်လာလိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် သူ၏တန်ခိုးကြီးသော လက်တော်ဖြင့် အပြစ်ပေးလိမ့်မည်" (ရှု၊ figs_pastforfuture)
သူတို့၌လက်တော်ကိုဆန့်၍
အနေရာတွင် "လက်တော်" သည် ဘုရားသခင်၏ စွမ်းအားနှင့် ထိန်းချုပ်မှုကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " သူ့အား ဆန့်ကျင်သူတို့ကို ပြသမည်" (ရှု၊ figs_metonymy)
အလောင်းကောင်
အသေကောင်များ။
သူတို့၏အသေ ကောင်တို့သည် လမ်းများ၌ မစင်ကဲ့သို့ဖြစ်ကြ၏
အမှိုက်များကဲ့သို့ လမ်းတွင် အလောင်းကောင်များရှိနေသည်။ များစွာသောသူများ သေကြသော်လည်း မြှုပ်နှံမည့်သူမရှိပါ။ "အမှိုက်" ဟူသည့် စာလုံးကို "ငြင်းပယ်ခြင်း" သို့မဟုတ် "မြေဩဇာ" ဟုပြန်ဆိုနိုင်သည်။ (UDB) (ရှု၊ figs_simile)
သို့သော်လည်း အမျက်တော်သည် မငြိမ်း၊ လက်တော် သည် ဆန့်လျက်ရှိသေး၏
"များစွာသော အရာများဖြစ်ပွားပြီးသော်လည်း အမျက်တော်သည် မငြိမ်းသေးပဲလက်တော်သည်ဆန့်လျက်ရှိသေး၏"
လက်တော် သည် ဆန့်လျက်ရှိသေး၏
ဤနေရာတွင် "လက်တော်" သည် ဘုရား၏တန်ခိုးနှင့် ထိန်းချုပ်မှုကို ကိုယ်စားပြုသည်။ ဟေရှာယသည် ထာဝရဘုရားမှ တစ်ဦးပြီးတစ်ဦးကို ဆုံးမသွန်သင်ဒဏ်ပေးမည့်အကြောင်းပြောပြသည်။ ထာဝရဘုရားသည် ဣသရေလလူများအား အပြစ်ပေးလိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် ယခုတိုင်အပြစ်ပေးရန် အသင့်ရှိနေသည်" (ရှု၊ figs_metonymy နှင့် figs_metaphor)
Isaiah 5:26
ဝေးသောအရပ်မှာနေသော လူမျိုးတို့အဘို့ အလံကိုထူ၍၊ မြေကြီးစွန်းသားတို့ကို နှိုးဆော်တော်မူ သဖြင့်
ဟေရှာယသည် အဓိပ္ပါယ်တစ်မျိုးတည်းကို ခြားနားသောနည်းနှစ်မျိုးဖြင့် ပြောဆိုသည်။ ဘုရားသခင်သည် အခြားသောပြည်မှ စစ်တပ်များကို ယုဒလူများအားတိုက်ခိုက်ရန် အလံကို လွှင့်ထူ၍ နိုးဆော်ခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် ယုဒပြည်အဝေး၌ရှိသော တပါးအမျိုးသားတပ်များကို လာရန်ခေါ်လိမ့်မည်" (ရှု၊ figs_parallelism နှင့် figs_metaphor)
နှိုးဆော်တော်မူ သဖြင့်
ကျယ်လောင်စွာ၊ လူတစ်ဦးသည် သူ၏နှုတ်ကို အသုံးပြု၍ အသံမြှင့်ပြီး အဝေးမှလူ သို့မဟုတ် တိရိစ္ဆာန်များအားခေါ်သည်။
လာကြလိမ့်မည်
ရန်သူစစ်တပ်များလာကြလိမ့်မည်။
အလျင်အမြန်
စကားလုံးများသည် အခြေခံအဓိပ္ပာယ်တူညီ၍ မည်ကဲ့သို့လျင်မြန်စွာလာရမည်ကို အထူးပြုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အလွန်လျင်မြန်စွာ" (ရှု၊ figs_doublet)
Isaiah 5:27-28
ယေဘုယျအချက်အလက်
ဟေရှာယသည် ယုဒပြည်ကို ရန်သူများတိုက်မည့်အကြောင်းဆက်လက်ဖော်ပြနေသည်။ သူသည် ဖော်ပြချက်ကို ဖြစ်ပြီးသကဲ့သို့ တင်ပြပါသည်။ (ရှု၊ [[:en:bible:notes:isa:05:26]])
မောသောသူ ... လဲသောသူ ... ငိုက်မျည်းသောသူ ... အိပ်ပျော်သောသူ
ဤစကားစုလေးခုသည် အလုပ်မှ မောပန်းခြင်း၊ ကောင်းမွန်စွာ လျှောက်လှမ်းခြင်းမတတ်နိုင်၊ နိုးကြားစွာ နေနိုင်ခြင်းငှာမစွမ်း၊ ကောင်းစွာအိပ်ပျော်ရန်မစွမ်းဟူသည့် သွင်ပြင်ကို ဖော်ပြလိုသည်။
သူတို့ ခါးစည်းမပြေ
စစ်သားများသည် သူတို့အဝတ်များကို အလွယ်တကူဝတ်ဆင်၍ တိုက်ခိုက်နိုင်ရန်ပြင်ဆင်ထားသည်။
ခြေနင်းကြိုးလည်းမကျွတ်
"သူတို့၏ ကြိုးသိုင်းဖိနပ်"
မြင်းခွာတို့သည် မီးကျောက် ကဲ့သို့၎င်း
"သူတို့ခွာများသည် မာကျောသော ကျောက်တောင်များကဲ့သို့"၊ ဟေရှာယသည် မြင်းခွာကို မာသောကျောက်ကိုထုရိုက်သောအခါ မီးပွားစင်သကဲ့သို့ ဟုနှိုင်းယှဉ်ဖော်ပြသည်။ ဆိုလိုချက် (၁) ဟေရှာသည် မြင်းခွာသည် ပြေးသောအခါ မီးတောက်ကဲ့သို့ မီးပွားလွင့်စေသည်ဟု ဖော်ပြထားသည်။ (၂) ဟေရှာယနှိုင်းယှဉ်သည်မှာ မြင်းများ၏ သန်စွမ်းသောခွာသည် သူတို့သခင်၏အလိုကို ဆောင်ရွက်ပေးနိုင်ကြောင်း အသားပေးဖော်ပြပါသည်။ (ရှု၊ figs_simile)
ရထားဘီးတို့သည်လည်း၊ လေဘွေကဲ့သို့၎င်း
ဟေရှာယသည် ရထားဘီးတို့သည် သန်စွမ်းသောကြောင့် လမ်း၌ရှိသမျှအရာအားလုံးကို ဖျက်ဆီးသွားမည်ဟု နှိုင်းယှဉ်ထားပါသည်။ (ရှု၊ figs_simile)
ရထားဘီးများ
ဤဘီးများသည် ချွန်ထက်၍ အရာများကို အပိုင်းအစဖြစ်စေနိုင်ပြီး နင်းချေသွားနိုင်ပါသည်။
Isaiah 5:29-30
ယေဘုယျအချက်အလက်
ဟေရှာယသည် ယုဒပြည်ကို တိုက်ခိုက်ခြင်းခံရမည်ဟု ဖော်ပြနေပါသည်။ (ရှု၊ 5:26)
သူတို့အသံဗလံသည် ခြင်္သေ့ဟောက်သံနှင့်တူ၍၊ ခြင်္သေ့ပျိုကဲ့သို့ ဟောက်ကြလိမ့်မည်
စကားစုများအားလုံးသည် အဓိပ္ပာယ်တူညီကြသည်။ ဟေရှာယသည် ရန်သူစစ်တပ်များ၏ ကြောက်မက်ဖွယ်ကောင်းပုံကို ခြင်္သေ့ဟောက်သံကဲ့သို့ ယုဒလူများအတွက်ကြောက်မက်ဖွယ်ဖြစ်စေမည်ဟု နှိုင်းယှဉ်ထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့၏ စစ်တပ်များသည် စစ်ပွဲအတွင်း ခြင်္သေ့ဟောက်သံကဲ့သို့ ဟိန်းဟောက်အသံပြုကြလိမ့်မည်" (ရှု၊ figs_parallelism နှင့် figs_simile)
ခြင်္သေ့ပျို
ငယ်ရွယ်သူသည် ပို၍သန်စွမ်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သန်စွမ်းဆုံးသော ခြင်္သေ့များ" (ရှု၊ figs_metonymy)
သားကောင်
တိရစ္ဆာန်အချင်းချင်းဖမ်းသတ်စားခြင်း။
အဘယ်သူ မျှ မကယ်မနှုတ်ရ
အဘယ်သူမျှကယ်နုတ်ခြင်းငှာမစွမ်းနိုင်။
သမုဒ္ဒရာ အသံဗလံ ကဲ့သို့ ဟုန်းဟုန်းမြည်ကြလိမ့်မည်
29 ၌ရှိသော "အသံဗလံ" ဟူသည့်စာလုံးနှင့် အဓိပ္ပာယ်တူပါသည်။ သမုဒ္ဒရာလှိုင်းခတ်သံ၊ မိုးသက်မုန်တိုင်းအသံစသည့် သဘာဝအသံဖြစ်သည်။
မိုဃ်းကောင်း ကင် အလင်းသည် ကွယ်ပျောက်လိမ့်သတည်း
အမှောင်ဟူသည် ဒုက္ခပြဿနာနှင့် သဘာဝကပ်ဘေးကို ဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အမှောင်သည် နေအလင်းရောင်ကို လုံးဝဖယ်ရှားလိမ့်မည်" (ရှု၊ figs_metaphor နှင့် figs_activepassive)
Isaiah 6
Isaiah 6:1-2
အလွန်မြင့်မြတ်သော ပလ္လင်ပေါ်မှာ
"အမြင့်" ဟူသောစကားလုံးသည် "ပိုမြင့်နေခြင်း" ပတ်ဝန်းကျင်အရာများထက်မြင့်နေသော ပလ္လင်ဟု အထူးပြုထားပါသည်။ ပလ္လင်၏အမြင့်သည် အဘယ်မျှဘုရား၏ကြီးမားခမ်းနားခြင်းကို ဖော်ပြလိုခြင်းဖြစ်သည်။ (ရှု၊ figs_doublet)
ဗိမ္မာန်တော်ကိုဖြည့်လေ၏
နန်းတော်သည်ပြည့်နေ၏။ ဗိမာန်တော်ဟူသော စကားလုံးသည် ဘုရင့်နန်းတော်ကို ကိုယ်စားပြုသည်။
ကောင်းကင်တမန်သရပ်တို့သည်
ကောင်းကင်တမန်ဟူသော စကားစုသည် မျးစွာသော ကောင်းကင်တမန်များကို ဆိုလိုပါသည်။ ဆိုလိုချက်မှာ ဘုရားသခင်သည် ထိုင်နေပြီး ကောင်းကင်တမန်များသည် အနားတွင်ပျံသန်းနေလျက် ဘုရား၏အမှုကို ဆောင်ရန် အဆင်သင့်စောင့်ဆိုင်းနေကြသည်။
သရပ်
"ဤစကားလုံးသည် မြွေနှင့်ဆင်တူသော" သို့မဟုတ် "မီးလျှံကဲ့သို့ အသွင်အပြင်ရှိသော ဖန်ဆင်းခံ" ဟု အကြံပြုထားပါသည်။ အဘယ်ကြောင့်ဆိုသော် "သရပ်" ဆိုလိုချက်ကို သေချာမဖွင့်ဆိုနိုင်၍ "တောင်ပံများနှင့် ရှိသောဖန်ဆင်းခံများ" သို့မဟုတ် "တောင်ပံများနှင့် အသက်ရှင်နေသောအရာများ" ဟုအနီးစပ်ဆုံး ပြန်ဆိုနိုင်ပါသည်။ (ရှု၊ translate_unknown နှင့် translate_transliterate)
သူတို့သည် အတောင်ခြောက်ခုစီရှိ၍
ဖန်ဆင်းခံတစ်ခုချင်းစီ၌ တောင်ပံခြောက်ခုစီရှိသည်။
အတောင်နှစ်ခုဖြင့် မျက်နှာဖုံးကို ဖုံးလျက်၊ အတောင်နှစ်ခုတို့ဖြင့် ခြေတို့ကိုဖုံးလျက် အတောင်နှစ်ခုဖြင့် ပျံတတ်ကြ၏
"တောင်ပံများ" ဟူသောစကားလုံးနှင့် ကောင်းကင်တမန်များသည်နားလည်ပြီးသားဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တောင်ပံနှစ်ခုသည် သူ၏မျက်နှာကိုဖုံးအုပ်ထားပြီး၊ နောက်နှစ်ခုသည် ခြေဖဝါးကို ဖုံးအုပ်၍ နောက်နှစ်ခုမှာ ပျံသန်းပါသည်" (ရှု၊ figs_ellipsis)
Isaiah 6:3
ယေဘုယျအချက်အလက်
ဟေရှာယသည် သူ၏ရူပါရုံကို ဖော်ပြနေပါသည်။
တစ်ပါးကိုတစ်ပါး ကြွေးကြော်၍ မြွက်ဆိုကြ၏
"ကောင်းကင်တမန်တို့သည် တပါးကိုတပါးကြွေးကြော်ကြ၏" သို့မဟုတ် "တောင်ပံများပါသော ဖန်ဆင်းခံသတ္တဝါများသည် တပါးကိုတပါးကြွေးကြော်ကြ၏"
သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော် မူ၏။ သန့်ရှင်းတော်မူ။ ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏
"သန့်ရှင်း" ဟူသော စကားလုံးကို သုံးကြိမ်ခေါ်ခြင်းသည် ဘုရားသခင်ကို ပြည့်ဝစွာသန့်ရှင်းကြောင်းညွှန်ပြထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အရာအားလုံးထက် ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏" သို့မဟုတ် "ထာဝရဘုရား၏ ဘုန်းတော်သည် အပြည့်အဝသန့်ရှင်း၏"
မြေကြီးလုံးသည် ဘုန်းတော်နှင့်ပြည့်လေ၏
မြေကြီးသည် ထည့်စရာအရာတစ်ခုဖြစ်လျှင် ဘုရား၏ဘုန်းတော်သည် ထည့်စရာမြေကြီးတစ်ခုလုံးပြည့်နေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မြေကြီးရှိအရာရာတိုင်းသည် ဘုရားသခင်ဘုန်းတော်သက်သေများဖြစ်နေသည်" (ရှု၊ figs_metaphor)
Isaiah 6:4-5
ယေဘုယျအချက်အလက်
ဟေရှာယသည် သူ၏ ရူပါရုံကို ဆက်လက်ဖော်ပြနေသည်။
ထိုသို့သော ကြွေးကြော်သံကြောင့်
ကောင်းကင်တမန်များ ကြွေးကြော်သံကြောင့် တံခါးတိုင်များနှင့် အုတ်မြစ်များကို လှုပ်ခါစေ၏။
မီးခိုးနှင့် တစ်အိမ်လုံးပြည့်လေ၏
အခြားသောဘာသာပြန်ဆိုချက်၊ "မီးခိုးသည် ဗိမာန်တော်၌ ပြည့်လေ၏" သို့မဟုတ် "မီးခိုးသည် နန်းတော်၌ ပြည့်လေ၏" (ရှု၊ figs_activepassive)
ငါကလည်း ငါ၌ အမင်္ဂလာရှိ၏
အခြားသောဘာသာပြန်ဆိုချက်၊ "ငါ၌ ကြီးမားသော မကောင်းမှုရှိ၏။ အလွန်ဆိုးဝါးရွံရှာဖွယ်ရာများသည် ငါ၌ ဖြစ်ပွားလေပြီ" (ရှု၊ figs_activepassive)
ညစ်ညူးသောနှုတ်ခမ်း
ဤနေရာတွင် နှုတ်ခမ်းသည် လူ၏ စကားများကို ဆိုလိုပါသည်။ လူများ၏ နှုတ်ခမ်းမှပြောဆိုသော စကားများသည် ဘုရားသခင်လက်မခံနိုင်ဖွယ်သောအရာများဖြစ်ပါသည်။ (ရှု၊ figs_metonymy နှင့် figs_metaphor
ထာဝရဘုရား၊ ထာဝရဘုရား၏ ဗိုလ်ခြေများ
ထာဝရဘုရား၏ ကောင်းကင်စစ်တပ်
ကိုယ်မျက်စိနှင့်မြင်လေပြီတကား
ဤနေရာတွင် မျက်လုံးများသည် ပုဂ္ဂိုလ်တစ်ယောက်လုံးအားကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် မြင်လေပြီ" (ရှု၊ figs_synecdoche)
Isaiah 6:6-7
ယေဘုယျအချက်အလက်
ဟေရှာယသည် သူ၏ ရူပါရုံကို ဆက်လက်ဖော်ပြနေသည်။
သရပ်
ကောင်းကင်တမန်သရပ်သည် မြွေနှင့် အဆင်းသဏ္ဌာန်တူ၍ မီးလျှံကဲ့သို့ သွင်ပြင်ရှိသော ဖန်ဆင်းခံသတ္တဝါဖြစ်သည်။ "ကောင်းကင်တမန်"ကို အတိအကျပြောဆိုရန် ခက်ခဲ၍ "ဖန်ဆင်းခံသတ္တဝါများ" သို့မဟုတ် "အသက်ရှင်သောအရာများ" ဟု ပြန်ဆိုနိုင်ပါသည်။ ၆:၁ ကိုကြည့်ပါ။ (ရှု၊ translate_unknown နှင့် translate_transliterate)
မီးညှပ်
ကိုင်တွယ်ရန်၊ ညှပ်ရန် အသုံးပြုသော ကိရိယာတခု။
သင်၏ ဒုစရိုက်ကို သုတ်သင်ပြီ..... အပြစ်လည်း ပြေရှင်းပြီ
ဤစကားစုနှစ်ခုသည် အခြေအဓိပ္ပာယ်တူညီသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် သင်၏ ဒုစရိုက်နှင့်အပြစ်များကို ဖြေရှင်းပြီးပြီ" (ရှု၊ figs_parallelism နှင့် figs_activepassive)
Isaiah 6:8-9
ယေဘုယျအချက်အလက်
ဟေရှာယသည် သူ၏ရူပါရုံကို ဆက်လက်ဖော်ပြနေသည်။
ထာဝရဘုရား၏ မေးတော်မူသံကို ကြားလျှင်
ဤနေရာတွင်" အသံ" သည် ထာဝရဘုရား ကိုယ်တော်တိုင်ကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား ပြောသည်" (ရှု၊ figs_metonymy)
ငါသည်အဘယ်သူကို စေလွှတ်ရမည်နည်း
ထာဝရဘုရားသည် လူများအား နှုတ်ကပတ်တော်ပြောရန်တစ်စုံတစ်ဦးကို စေလွှတ်လိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူများအား သတင်းကောင်းပြောရန် အဘယ်သူအား ကျွန်ုပ်စေလွှတ်ရမည်နည်း" (UDB) (ရှု၊ figs_explicit)
ငါတို့အဘို့ အဘယ်သူသွားမည်နည်း
"ငါတို့" ဟူသည် ထာဝရဘုရားနှင့် ကောင်းကင်ဆိုင်ရာအဖွဲ့ဝင်များ အားရည်ညွှန်းပါသည်။ (ရှု၊ figs_inclusive)
ထိုလူမျိုး
ဣသရေလလူများ
ကြားလျက်ပင်၊ အနက်ကို နားမလည် ........ မြင်လျက်ပင်အာရုံမပြုဘဲ မြင်ကြလိမ့်မည်
ဆိုလိုချက် (၁) အလွန်အရေးကြီးသော "နားမလည်နိုင်ခြင်း" သို့မဟုတ် "မမြင်နိုင်ခြင်း" သည် ဘုရားသခင်မှ ဖြစ်ပွားစေသောအရာဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်နားထောင်လိမ့်မည် သို့သော်လည်း ထာဝရဘုရားမှ နားလည်ရန်ခွင့်မပြု။ သင်ဂရုတစိုက်ကြည့်လိမ့်မည် သို့သော်လည်း ထာဝရဘုရားသည် နားလည်ရန်ခွင့်မပြုပေ" ဆိုလိုချက် (၂) အခြားသောဘာသာပြန်ဆိုချက်၊ "သင်နားထောင်သော်လည်း နားမလည်နိုင်၊ သင်ဂရုတစိုက် ကြည့်ရှုသော်လည်း နားမလည်နိုင်ပါ" (ရှု၊ figs_imperative)
Isaiah 6:10
ယေဘုယျအချက်အလက်
ထာဝရဘုရားသည် သူ၏လူများထံ ဟေရှာယကို စေလွှတ်သောအခါ မည်သို့ဟောပြောရမည်ကို ဆက်လက်ပြောပြနေသည်။
သူတို့စိတ်နှလုံးကို မိုက်စေလော့
"နှလုံး" ဟူသည် သူတို့၏ စိတ်ထားကို ရည်ညွှန်းသည်။ လူတစ်ယောက်သည် ကောင်းစွာတွေးခေါ်နိုင်ခြင်းမရှိ၊ နားလည်နိုင်စွမ်းမတတ်နိုင်သော သူအားစိတ်နှလုံးမိုက်မဲသူဟု ခေါ်ဆိုနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူများနားလည်ရန် မတတ်စွမ်းနိုင်" (ရှု၊ figs_metonymy နှင့် figs_metaphor)
ဤလူများ၏ စိတ်နှလုံး
"စိတ်နှလုံး" နှင့် "ဤလူများ" သည် အများကို ရည်ညွှန်းသည်။ ဤလူတို့၏ စိတ်နှလုံးများကို ပြုပြင်မည်။
စိတ်နှလုံးကို မိုက်စေလော့
ဤဆိုလိုချက်တွင် ထာဝရဘုရားသည် ဟေရှာယပြောပြသော သတင်းစကားအားဖြင့် လူများ၏ စိတ်နှလုံးမိုက်မဲမှု လျော့နည်းလာရန် လုပ်ဆောင်လိမ့်မည်။
နားကိုလည်း ထိုင်းစေလော့ ...... မျက်စိကိုပိတ်လော့
သူတို့မကြားအောင်ပြုလုပ်နိုင်သကဲ့သို့ သူတို့မမြင်နိုင်အောင်လည်းပြုလုပ်နိုင်သည်။ ဟေရှာယသည် ထာဝရဘုရား၏ သတင်းကောင်းကို ပြောသော်လည်း လူတွေနားမလည်နိုင်။ သူပြောသောအရာကို လူတွေမကြားမမြင်နိုင်အောင် ထာဝရဘုရား ပြုလုပ်ထားသည်. (ရှု၊ figs_metaphor)
သူတို့မြင်ရမည် ...... သူတို့ကြားရမည်
လူများသည် ထာဝရဘုရား၏ နှုတ်ကပတ်တော်ကိုမှ နားလည်နိုင်လိမ့်မည်။ သူသည် ရူပက နှင့်ဆိုင်သော မြင်နိုင်ကြားနိုင်ခြင်းကို တတ်စွမ်းနိုင်သူဖြစ်ကြောင်းပြောကြားသည်။ (ရှု၊ figs_metaphor)
နားလည်နိုင်သောစိတ်နှလုံး
နှလုံးသည် လူပုဂ္ဂိုလ်၏ စိတ်ကို ကိုယ်စားပြုသည်။ စစ်မှန်သော အမှန်တရားသည် သူတို့၏ စိတ်နှလုံးများကို နားလည်စေရန် လူတို့အားသေချာစွာ ဖြစ်ပွားစေသည့် တစ်စုံတစ်ရာဖြစ်သည်။ (ရှု၊ figs_metonymy)
လှည့်စေ
လူတို့အား နောင်တရစေ၍ ထာဝရဘုရားထံသို့လှည့်ပြန်စေရန် အစပြုနေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တစ်ဖန် ငါ၏ နောက်သို့လိုက်လာကြလော့" သို့မဟုတ် "ငါ့ကို ပြန်လည်စတင်ယုံကြည်ကြလော့" (ရှု၊ figs_metaphor)
ကျန်းမာစေပြီ
ငါသည် ကျန်းမာခြင်းကို သူတို့အားပေးပြီ။ (ရှု၊ figs_activepassive)
Isaiah 6:11-12
မြို့တို့ သည် မြို့သားမရှိ ....... အိမ်တို့သည် အိမ်သားမရှိအောင် ဖျက်ဆီးခြင်းသို့ရောက်သဖြင့်
မြို့များအိမ်များသည် ပျက်စီး၍ တစ်စုံတစ်ယောက်မျှ နေမည့်သူမရှိသည့်တိုင်အောင်။
တပြည်လုံးသည် လူဆိတ် ညံရာသက်သက်ဖြစ်သည် တိုင်အောင်၎င်း
ဤနေရာတွင် "ပြိုလဲခြင်း"သည် ဆိုးဝါးဆုံးဖြစ်လာသည် ကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မြေသည် တိတ်ဆိတ်၍ လူဆိတ်ညိမ်ရာဖြစ်လာသည်" (ရှု၊ figs_idiom)
ထာဝရဘုရားသည် လူတို့ကိုဝေးသောအရပ်သို့ ပြောင်းစေတော်မူ၍၊ ပြည်ထဲမှာများစွာသော စွန့်ပစ်ခြင်း ရှိသည်တိုင်အောင်၎င်း၊ ထိုကာလသည် ကြာလိမ့်မည်
ဤနေရာတွင် ထာဝရဘုရားသည် တတိယပုဂ္ဂိုလ်အဖြစ် မိမိကိုယ်ကို စကားပြောသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မည်သူတစ်ဦးတစ်ယောက်ကိုမျှ မကျန်ရှိလေအောင် ထာဝရဘုရားသည် သူတို့မြေမှ လူများအားလုံးကို အဝေးသို့ ပို့လိမ့်မည်" (ရှု၊ figs_123person)
Isaiah 6:13
ထိုအကြွင်းသည် အထပ်ထပ်ဖျက်ဆီးခံရလိမ့်မည်
အခြားသောဘာသာပြန်ဆိုချက်၊ "ရန်သူများသည် ဣသရေလမြေများကို အထပ်ထပ်ဖျက်ဆီးလိမ့်မည်" (ရှု၊ figs_activepassive)
ထင်းရူးပင်နှင့် သပိတ်ပင်တို့ကို ခုတ်လှဲ၍၊ သစ်ငုတ်သည် ကြွင်းသကဲ့သို့၊ သန့်ရှင်းသော အနွယ်သည် ထိုပြည်၌
ထာဝရဘုရားသည် အစ္စရေးကို ဖျက်ဆီးသော်လည်းလူမျိုးတော်ကြားထဲတွင် သူ၏ အမှုကိုထမ်းရန် သူရွေးချယ်ထားလိမ့်မည်။ (ရှု၊ figs_simile)
ထင်းရှုးပင်
ဝက်သစ်ချပင်အမျိုးအစား။ (ရှု၊ translate_unknown)
ပင်စည် ...... သစ်ငုတ်
ပင်စည်သည် သစ်ပင်ကြီးတစ်ပင်၏ ပင်မဖြစ်သည်။ သစ်ငုတ်သည် မြေကြီးမှသစ်ပင်ကို ခုတ်လှဲသောအခါကျန်ကြွင်းသော အပိုင်းဖြစ်သည်။
သန့်ရှင်းသောအနွယ်
ရန်သူများအားဖြင့် လူမျိုးတော်ဖျက်ဆီးခံရသော်လည်း ထာဝရဘုရားကို အမှုဆောင်ရန် ကျန်ခဲ့သောလူစုသည် သန့်ရှင်းသောအနွယ်ဖြစ်လိမ့်မည်။ (ရှု၊ figs_metaphor)
Isaiah 8
Isaiah 8:1-2
ထာဝရဘုရားက ကျွန်ုပ်ကိုမိန့်တော်မူသည်
"ငါ" ဟူသည် ဟေရှာယကို ရည်ညွှန်းပါသည်။
သက်သေခံစေခြင်းအလို့ငှာ ယုံလောက်သောသက်သေ
ဆိုလိုချက် (၁) ထာဝရဘုရားစကားပြောနေသည်။ ငါသည် ရိုးသားသောလူများကို ငါ၏သက်သေအဖြစ်ခေါ်မည်။ ဆိုလိုချက် (၂) ဟေရှာယစကားပြောနေသည်။ ငါသည် ရိုးသားသောလူများကို သက်သေဖြစ်စေမည်။ ဆိုလိုချက် (၃) ထာဝရဘုရားသည် ဟေရှာယကို ညွှန်ကြားနေသည်။ ရိုးသားသောလူများကို သက်သေအဖြစ်ခေါ်ယူရန်။
Isaiah 8:3-4
ပရောဖက်ကတော်ကို ချဉ်း သဖြင့်
ဟေရှာယသည် ရှေ့အနာဂတ်ဟောသူ အမျိုးသမီးနှင့် လက်ထပ်ခဲ့ကြောင်း ရှင်းလင်းစွာ သိနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် ငါ၏ဇနီးသည် ပရောဖက်မနှင့် အိပ်နေခဲ့သည်" (ရှု၊ figs_euphemism နှင့် figs_explicit)
ဒမာသက်မြို့၏ စည်းစိမ်၊ ရှမာရိမြို့၌ လုယက် သောဥစ္စာကို အာရှုရိရှင်ဘုရင်သည် သိမ်းသွား လိမ့်မည်
အခြားသောဘာသာပြန်ဆိုချက်၊ "အာရှုရိရှင်ဘုရင်သည် ရှမာရိနှင့် ဒမာသက်မြို့၌ ရှိသောစည်းစိမ်ဉစ္စာများကို ယူဆောင်သွားလိမ့်မည်" (ရှု၊ figs_activepassive)
Isaiah 8:5-7
တဖန်ထာဝရဘုရားက၊ ဤလူမျိုးသည် ဖြည်း ညှင်းစွာစီးသော ရှိလောင်ချောင်းကို ငြင်းပယ်၍
_
ဤလူမျိုး
ဤလူမျိုးသည် ပျော်ရွှင်ဝမ်းမြောက်မှုကို ငြင်းပယ်ပြီ။
ရေဇိန်နှင့် ရေမလိသားတို့၌ ဝမ်းမြောက်ကြ သောကြောင့်
အခြားသောဘာသာပြန်ဆိုချက်၊ "ဝမ်းမြောက်ကြလော့။ အာရှုရိစစ်တပ်သည် ရေဇိန်၊ အာရန်ဘုရင်၊ ပတ်ကာ၊ အစ္စရေးဘုရင်ရေမလိ ၏သားတို့အား အနိုင်ရလေပြီ။ ၇:၂ ကိုကြည့်ပါ။ (ရှု၊ figs_explicit)
ထာဝရဘုရားသည်
ထာဝရဘုရားသည် သူမည်သူဖြစ်ကြောင်း လူများအားသတိပေးလေ့ရှိသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သို့ဖြစ်၍ ငါသည် ထာဝရဘုရားဖြစ်သည်" (ရှု၊ figs_pronouns)
အလုံးအရင်းပါသော
"ယူဆောင်လာသည်" ဟူသည်မှာ "သူတို့ အပေါ်သို့" ဟုဆိုလိုသည်။
သူတို့ကို
ယုဒလူများ
မြစ်ရေနှင့်သူတို့ကို လွှမ်းမိုးစေတတ်တော်မူသဖြင့်
မြစ်သည် အာရှုရိစစ်တပ်ကို ပုံဆောင်သည်။အခြားသောဘာသာပြန်ဆိုချက်၊ "အာရှုရိတပ်သည် အင်အားကြီးသောမြစ်ကို ဆိုလိုသည်" (ရှု၊ figs_metaphor)
မြစ်
အာရှုရှိပြည်မှ ယူဖရေးတီးမြစ်။
Isaiah 8:8
ယေဘုယျအချက်အလက်
အာရှိပြည်၏ စစ်တပ်သည် ယုဒလူမျိုးများအား မြစ်ရေကဲ့သို့ လွှမ်းမိုးမည့်အကြောင်းထာဝရဘုရားသည် ဆက်လက်ဖော်ပြနေသည်။ (ရှု၊ ၈:၅)
ယုဒပြည်ကို ချင်းနင်းလွှမ်းမိုး ဖြန့်သွား၍၊ လည်ပင်းတိုင်အောင်မှီလိမ့်မည်
အာရှိုရိစစ်တပ်သည် မြစ်ရေလွှမ်းသကဲ့သို့ဖြစ်လိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "များစွာသောစစ်သားများသည် လည်ပင်းတိုင်အောင် ရေမြင့်တက်လာသကဲ့သို့ ဖြစ်လိမ့်မည်" (ရှု၊ figs_metaphor)
မြစ်
အာရှိပြည်မှ ယူဖရေးတီးမြစ်ဖြစ်သည်။ ဤအရာသည် အာရှိပြည်က စစ်သားများအား ယူဖရေးတီးမြစ်ဖြင့် သူတို့၏ အိမ်မှလာကြမည်ကိုပုံဆောင်သည်။ (၈:၅) (ရှု၊ figs_metonymy)
အတောင်တို့ကိုလည်းဖြန့်သဖြင့်
ဆိုလိုချက် (၁) မြစ်သည် မြင့်တက်လာသကဲ့သို့ တောင်ပံများသည် ခြောက်သွေ့သောမြေပေါ်တွင် ပျံသန်းဖုံးအုပ်ထားသည်။ ဆိုလိုချက် (၂) ဟေရှာယသည် ထာဝရဘုရား မြေကို ကာကွယ်ရာတွင် ငှက်ကဲ့သို့ အတောင်ဖြန့်၍ ဖုံးအုပ်ပြီးပြုလုပ်မည်ဖြစ်ကြောင်း ဉပမာကို ပြောင်းလဲပေးရန် ဆိုပါသည်။သို့သော်လည်း ထာဝရဘုရားသည် သူ၏ အတောင်တို့ကို ဖြန့်သဖြင့် မြေတစ်ပြင်လုံးကို ဖုံးအုပ်လိမ့်မည်။ (ရှု၊ figs_metaphor)
အို ဧမာနွေလ
ဧမာနွေလအဓိပ္ပာယ်မှာ ငါတို့နှင့် အတူရှိသောဘုရားဖြစ်သည်။ (၇:၁၃) ကိုကြည့်ရန်။
Isaiah 8:9-10
အချင်းလူများတို့၊ သင်းဖွဲ့၍မှိုင်တွေကြလော့
အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် သင်၏ စစ်တပ်များကို အပိုင်းပိုင်းဖြစ်စေမည်" (ရှု၊ figs_activepassive)
ဝေး သောပြည်သားအပေါင်းတို့၊ နားထောင်ကြလော့
ဟေရှာယသည် အခြားသောပြည်မှ လူများကို သူ၏ အသံ ကြားနိုင်ရန် ပြောသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "နားထောင်ကြ ရပ်ဝေးတွင်ရှိသော သူများအားလုံး" (ရှု၊ figs_apostrophe)
ခါးစည်း၍ မှိုင်တွေကြ လော့
အခြေခံအားဖြင့် တူညီချက်နှစ်ခုကို ပြောသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်၏ စစ်ပွဲအတွက် သင်ပြင်ဆင်နိုင်သော်လည်း ငါဖျက်ဆီးလိမ့်မည်" (ရှု၊ figs_parallelism နှင့် figs_activepassive)
တိုင်ပင်ကြလော့။ သင်တို့အကြံသည် ပျက်လိမ့်မည်
အခြားသောဘာသာပြန်ဆိုချက်၊ "ယုဒကို သင်တိုက်ခိုက်ရန် ပြင်ဆင်သော်လည်း သင့်အကြံအောင်မြင်မည်မဟုတ်ပေ" (ရှု၊ figs_activepassive)
စီရင်ကြ လော့။ စီရင်သည်အတိုင်း မတည်ရ
တိုင်ပင်ဆွေးနွေးကြခြင်းသည် အစီအစဉ်ရေးဆွဲကြခြင်းဖြစ်ပြီး အချင်းချင်း သိစေရန် အသိမှတ်ပြုလိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်စီစဉ်ရေးဆွဲလည်း တတ်စွမ်းနိုင်မည်မဟုတ်ပါ။ သင်၏ စစ်သားများကို သင်အမိန့်ပေးသော်လည်း သူတို့လုပ်ဆောင်နိုင်မည်မဟုတ်ပါ" (ရှု၊ figs_activepassive)
Isaiah 8:11-13
ဤလူမျိုး၏ ဘာသာဓလေ့အတိုင်း၊ ငါမကျင့်ရ မည်အကြောင်း
ထာဝရဘုရားသည် ငါ့အားအလွန်ကောင်းမွန်သော နည်းလမ်းဖြင့် စကားပြောခဲ့သည်။ (ရှု၊ figs_idiom)
ထာဝရဘုရားသည် တန်ခိုးပြလျက်၊ ငါ့ကို သွန်သင်၍မိန့်တော်မူသည်ကား
၈:၁၇ ၌ဖော်ပြပြီးဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်ကို သတိပေးပြီး 'ဤလူမျိုးကဲ့သို့ မပြုမူရန်' ပြောဆိုခဲ့သည်" (ရှု၊ figs_quotations)
သင်းဖွဲ့ခြင်းဟု၊ ဤလူမျိုးဆိုသမျှအတိုင်း၊ သင်တို့ သည် သင်းဖွဲ့ခြင်းဟု မဆိုကြနှင့်
လူများသည် အသင်းကွဲမည်ကို တွေးကြပြီး ထိုအတွေးများသည် စိုးရိမ်ပူပန်ခြင်းများကို ဖြစ်စေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဤလူမျိုးများကဲ့သို့ မကြောက်ကြနှင့်။ သူတို့သည် အစဉ်အမြဲအန္တရယ်ကိုကြောက်ရွံ့နေကြသည်" (ရှု၊ figs_explicit)
ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားကို ရိုသေခြင်းရှိကြလော့။ ထိုဘုရားကိုသာ ကြောက်ရွံ့ခြင်း၊ ထိန့်လန့်ခြင်းရှိကြလော့
"သို့သော်လည်း သင်သည် ငါထာဝရဘုရား၏ ဘုန်းဂုဏ်တော်ကို ဆင်ခြင်အောက်မေ့လိမ့်မည်။ နောက် သင်သည် ငါ၏နာမကို အံ့ဩ၍ ကြောက်ရွံ့လိမ့်မည်" (ရှု၊ figs_quotations နှင့် figs_pronouns)
Isaiah 8:14-15
ယေဘုယျအချက်အလက်
ဟေရှာယသည် ထာဝရဘုရားအား ၈:၁၁ အစတွင် သွယ်ဝိုက်၍ ဆက်လက် ကိုးကားပြောဆိုသည်။ ထာဝရဘုရားကို ပထမပြောသည့်ပုဂ္ဂိလ်အဖြစ် တိုက်ရိုက်ပြန်ဆိုနိုင်သည်။ (ရှု၊ figs_quotations နှင့် figs_pronouns)
ထိုသို့ပြုလျှင်၊ ထိုဘုရားသည် သင်တို့ခိုလှုံရာ ဖြစ်တော်မူလိမ့်မည်
"ခိုလှုံရာ" ဟူသော စကားလုံးသည် ထာဝရဘုရားက သူ၏လူများအား ကာကွယ်ပြီး ထိန်းသိမ်းစောင့်ရေှာက်သည့်အတွက် ဆိုထားခြင်းဖြစ်သည် ။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ့ထံသွားသောအခါ သူကာကွယ်လိမ့်မည်" (ရှု၊ figs_metaphor)
ထိမိ၍လဲစရာကျောက်၊ မှားယွင်းစရာကျောက်
ထာဝရဘုရားသည် "လဲစရာကျောက်နှင့်မှားယွင်းစရာကျောက်" များအဖြစ် သူ၏လူများအား ဉပမာပေးရန်အတွက် နာကျင်ခြင်းကို ပေးသည်။ တစ်ချို့သည် "သိသာထင်ရှားခြင်း" နှင့် "တိုက်မိခြင်း" တို့ကို "တိုက်မိခြင်း" နှင့် "ကျဆုံးခြင်း" ဟုပြန်ဆိုပြီး အခြားသူများက "တိုက်စစ်" နှင့် "'ထိုးစစ်" ဟု ပြန်ဆိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူများသည် သူတို့၏ ခြေဖြင့်ကျောက်ခဲကို တိုက်လျှင် နာကျင်သကဲ့သို့ နှင့် ကျောက်တုံးကို တိုက်လျှင် လဲကျသကဲ့သို့ သူ၏လူများကိုပြုမည်" (ရှု၊ figs_doublet နှင့် figs_metaphor)
ယေရု ရှလင်မြို့သားတို့၌ ကျော့ကွင်းနှင့် ထောင်ချောက် ဖြစ်တော်မူလိမ့်မည်
"ထောင်ချောက်" နှင့် ကျော့ကွင်း" ဟူသောသော စကားလုံးသည် ထာဝရဘုရားက ယေရုရှလင်မြို့သားများအား လွတ်မြောက်ခြင်းငှာ မတတ်စွမ်းနိုင်ရန် အပြစ်ပေးမည် ကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် ယေရုရှလင်မြို့သားများအား လွတ်မြောက်ခြင်းမပြုနိုင်အောင် ထောင်ချောက်ပြုလုပ်လိမ့်မည်" (ရှု၊ figs_doublet)
ထောင်ချောက်
အသိုက် သို့မဟုတ် ခြင်းထဲ ငှက်ဖမ်းရသော ကိရိယာတစ်ခု။
ကျော့ကွင်း
တိရစ္ဆာန်များ၏ ခြေထောက် သို့မဟုတ် နှာခေါင်းကို ချုပ်ကိုင်ထားသော ထောင်ချောက်။
ထိုသူအများတို့သည် ထိမိ၍ တိမ်းလဲကျိုးပဲ့ခြင်း၊ ကျော့မိဘမ်းဆီးခြင်းသို့ ရောက်ကြလိမ့်မည်
အခြားသောဘာသာပြန်ဆိုချက်၊ "များစွာသော လူတို့သည် ကျောက်ခဲကို တိုက်မိ၍ ပြန်မထနိုင်ကြ ထို့နောက် များစွာသော လူများသည် ထောက်ချောက်ထဲ၌ ပိတ်မိ၍မလွတ်မြောက်နိုင်ကြ" (ရှု၊ figs_activepassive)
ကျော့မိဘမ်းဆီးခြင်း
စကားစုနှစ်စုသည် အဓိပ္ပာယ်တူညီသည်။ ကျော့ကွင်း၌ ဖမ်းမိလိမ့်မည်ဟု အသားပေးဖော်ပြခြင်းဖြစ်သည်။ (ရှု၊ figs_doublet)
Isaiah 8:16-18
ဤသက်သေခံချက်ကို ငါ့တပည့်တို့တွင် ထုပ် ထား၍၊ ပညတ်တရားကို တံဆိပ်ခတ်လော့ဟု မိန့်တော် မူ၏
ဤစကားစုနှစ်ခုသည် အခြေခံအဓိပ္ပာယ်တူညီသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ၏ နှုတ်ထွက်စကားတော်ကို ရေးထားသော သက်သေခံချက်ကို ချည်၍ထုပ်ထားလော့" (ရှု၊ figs_parallelism)
ငါ၏သက်သေခံချက် ........ ငါ၏ပညတ်တရား
"ကျွန်ုပ်"သည် ဤနေရာတွင် မရှင်းမလင်းဖြစ်သည်။ ဟေရှာယ သို့မဟုတ် ထာဝရဘုရားဖြစ်နိုင်သည်။
ထာဝဘုရားကို ငါသည် ဆိုင်းငံ့ လျက်
ဤနေရာတွင် "ငါ"သည် ဟေရှာယကို ရည်ညွှန်းသည်။
ယာကုပ်အမျိုးသားတို့တွင် မျက်နှာတော်ကို ကွယ်ထားတော်မူသော ထာဝရဘုရား
ထာဝရဘုရား၏ မျက်နှာသည် သူ၏ကောင်းကြီး သို့မဟုတ် မျက်နှာသာပေးခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယာကုပ်၏ အိမ်မှကောင်းကြီးများကို အဝေးသို့ ယူဆောင်သွားသည်" သို့မဟုတ် "ယာကုပ်၏အိမ်မှ အဖ၏ ကောင်းကြီးသည် ကြာရှည်မည်မဟုတ်ပါ" (ရှု၊ figs_metonymy)
ယာကုပ်၏အိမ်
ဣသရေလလူမျိုးများ
ငါမှစ၍ ငါ့အားထာဝရဘုရားပေးတော်မူသော သူငယ်တို့သည် ရှိကြ၏
ငါ့အား ငါနှင့်ထာဝရဘုရား၏သူငယ်များကို ဣသရေလလူများအား သတိပေးသကဲ့သို့ ထာဝရဘုရားသတိပေးခိုင်းထားသည်။ သူငယ်များမှာ ရှီယာဂျပ်နှင့် မဟာရှာလာဟရှ်ဘတ် စသည် လူမျိုးတော်၏ အမည်များဖြစ်သည်။ (ရှု၊ ၇:၃ နှင့် ၈:၁)
Isaiah 8:19-20
ယေဘုယျအချက်အလက်
ဟေရှာယသည် စကားပြောနေသည်။
တိုးတိုးပြော၍ မန္တန်သရဇ္ဈာယ်တတ်သော နတ် ဝင်နှင့် စုန်းတို့၌ ဆည်းကပ်ကြလော့ဟု သင်တို့အား ဆိုလျှင်မူကား၊ လူတို့သည် မိမိတို့ဘုရားသခင်၌ မဆည်း ကပ်အပ်သလော။ အသက်ရှင်သော သူ၏အမှုမှာ အသက်သေသောသူ၌ ဆည်းကပ်အပ်သလော
ဆိုလိုချက် (၁) ရေရွတ်တတ်သော စုန်းကဝေနှင့်နတ်များ၊ လူဝင်စားများကို မေးကြလေပြီ။ လူတို့သည် မိမိတို့ဘုရား၌ မေးမြန်းသင့်သည်မဟုတ်လော။ သူတို့သည် သက်သေခံချက်နှင့်သွန်သင်ခြင်းများအတွက် အသက်ရှင်သူများ၏အရာကို သေသောသူအား ဆွေးနွေးကြပြီ။ ဆိုလိုချက် (၂) သူတို့သည် စုန်း၊ နတ်ဝင်များ လူဝင်စားများထံဆွေးနွေးခြင်းမှာ လူများသည် သူတို့ဘုရားများနှင့် မဆွေးနွေးကြသလော။ အသက်ရှင်သောသူများ၏အရာကိုသောသေသူများနှင့် ဆွေးနွေးသင့်သလော။ သက်သေခံချက်နှင့် ပညတ်များကို ထာဝရဘုရားထံမေးလျှောက်သင့်ပြီ။
သူတို့ပြောကြလိမ့်မည်
ဤနေရာတွင် ဆိုလိုသော "ထိုသူတို့" သည် ထာဝရဘုရားအား ကိုးစားခြင်းမပြုသူများဖြစ်သည်။ "သင်" သည် အများစုဖြစ်သော ထာဝရဘုရားအား ကိုးစားသူများကို ရည်ညွှန်းသည်။ (ရှု၊ figs_you)
တိုးတိုးပြော၍ မန္တန်သရဇ္ဈာယ်တတ်သော နတ် ဝင်နှင့် စုန်းတို့၌
မှော်ဆရာ၊ ပယောဂဆရာများနှင့် သင်သည်ဆွေးနွေးလေပြီ။
နတ်ဝင်နှင်စုန်းတို့၌ ချဉ်းကပ်ကြလော့
"ရေရွတ်ခြင်း" နှင့် "ရွတ်ဖတ်ခြင်း" ဟူသည် ပယောဂဆရာများမှ လူသေများနှင့် စကားပြောသောအခါ ထွက်ရှိသောအသံဖြစ်သည်။အခြားသောဘာသာပြန်ဆိုချက်၊ "လူသေများနှင့် စကားပြောသောအခါ ကြိုးစား၍ တီးတိုးရေရွတ်ပြောဆိုသည်"
ရေရွတ်သည်
ငှက်၏ အသံကဲ့သို့ ပြုလုပ်သည်။
အသက်ရှင်သော သူ၏အမှုမှာ အသက်သေသောသူ၌ ဆည်းကပ်အပ်သလော
လူများသည် အသက်ရှင်သောဘုရားအားစကားပြောမည့် အစားမိုက်မဲသောအရာများဖြစ်သည့် လူသေများအားစကားပြောနေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သို့သော်လူများသည် သူတို့အား ထာဝရဘုရား ဦးဆောင်ရန်ပြောဆိုသင့်သည်။ သူတို့သည် သေသောသူများထံမှ အဖြေကို မရှာဖွေသင့်ပါ" (ရှု၊ figs_rquestion)
တရားတော်ကို ၎င်းသက်သေခံတော်မူချက်ကို၎င်း
ဆိုလိုချက် (၁) ဘုရားသခင်၏ ညွှန်ကြားခြင်းနှင့် သွန်သင်ချက်ကို အာရုံစိုက်လော့။ (UDB) ဆိုလိုချက် (၂) ထို့နောက်သင်သည် ငါပေးသောသက်သေခံချက်နှင့် သွန်သင်ချက်ကိုသတိရလိမ့်မည်။ (8:16)
တရားတော်
8:16 သည် "တရားဝင်မှတ်တမ်း" ဟူသည့် စကားလုံးနှင့်တူညီသည်။
သက်သေခံတော်မူချက်
8:16 ကဲ့သို့ ဘာသာပြန်သည်။
သူတို့ပြောသောစကားသည် နှုတ်ကပတ်တော်နှင့်မညီလျှင်
သူတို့သည် သက်သေခံချက်နှင့်တရားတော်အတိုင်းမပြောဆိုလျှင်
သူတို့၌ အာရုဏ်မတတ် သေး
ထိုလူမျိုးသည် အလင်းမရှိသော အမှောင်ထဲ၌ လမ်းလျှောက်နေသော ထာဝရဘုရားအားမသိသောလူများဟု ပြောဆိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် အမှောင်၌ ဆုံးရှုံးနေသောလူတစ်ဦးကဲ့သို့ ဖြစ်နေသည်" (ရှု၊ figs_metaphor)
Isaiah 8:21-22
ဒုက္ခဆင်းရဲနှင့် မှောင်မိုက်အတိရှိပါ ၏
ဝမ်းနဲခြင်းများဖြင့် စိတ်ဓာတ်ကျခြင်း။
အလင်းကွယ် ပျောက်ရာသို့ နှင်ထုတ်ခြင်းကို ခံရကြလိမ့်မည်
အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် သူတို့အား အမှောင်ထဲသို့ လုံးလုံးပစ်ချလိမ့်မည်" (ရှု၊ figs_activepassive)
Isaiah 9
Isaiah 9:1-2
သို့သော်လည်း၊ ဒုက္ခဆင်းရဲခြင်းကို ခံရသော ပြည်သည် နောက်မှ မှောင်မိုက်နှင့်ကင်းလွတ်လိမ့်မည်
ဟေရှာယသည် အမှောင်ထဲတွင် လျှောက်နေသူများဖြစ်သည့် ဝိညာဉ်ရေးရာလမ်းပျောက်နေသူများအား စကားပြောနေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် ဆင်းရဲဒုက္ခခံရခြင်းကို ဖယ်ရှားလိမ့်မည်" (ရှု၊ figs_metaphor နှင့် figs_activepassive)
ဒုက္ခဆင်းရဲခြင်း
ဤစကားလုံးသည် "တစ်ပိုင်းတစ်စ" သို့မဟုတ် "လုံးဝအမှောင်ထု" (8:21)
မှောက်မိုက်နှင့် ကင်းလွတ်လိမ့်မည်
သူမသည် ကြီးစွာသော ဝမ်းနည်းခြင်းနှင့် နာကျင်ခြင်းကို ခံစားရသည်။ ယုဒလူများအား တင်စားထားခြင်းဖြစ်သည်။ (ရှု၊ UDB ) (ရှု၊ figs_metaphor)
ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်ကို အထက်က ရှုတ်ချ တော်မူသော်လည်း
"မြေ" သည် ယင်းနေရာတစ်ဝိုက်တွင် နေခဲ့သောလူများကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အတိတ်တွင် သခင်ဘုရားသည် ဇာဗုလုန်နှင့် နဿလိတွင် နှိမ့်ချစွာနေထိုင်ခဲ့သည်" (ရှု၊ figs_metonymy)
နောက်တဖန်အိုင်နားရှောက်သော လမ်း၊ ယော်ဒန်မြစ်တဘက်၊ တပါးအမျိုးသားနေရာ ဂါလိလဲပြည်ကို ဂုဏ်အသရေနှင့် ပြည့်စုံစေတော်မူ၏
ဤနေရာတွင် "၎င်း" သည် ဂါလိလဲတွင်ရှိသော လူများအားရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လာမည့် ကာလတွင် ထာဝရဘုရားသည် ဂါလိလဲ၌ နေတော်မူသောသူများ အထူးသဖြင့် မြေထဲပင်လယ်နှင့် ယော်ဒန်မြစ်တစ်လျှောက်တွင် နေထိုင်သူများအားချီးမြှောက်လိမ့်မည်" (ရှု၊ figs_metonymy)
ဂါလိလဲပြည်
"ပြည်များ" သည် ဂါလိလဲဒေသတွင်ရှိသော ပြည်များကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဂါလိလဲသည် များစွာသောတစ်ပါးနိုင်ငံသားများ နေထိုင်ရာဒေသဖြစ်သည်" (ရှု၊ figs_metonymy)
မှောင်မိုက်ထဲမှာ သွားလာသောလူများတို့သည် ကြီးစွာသော အလင်းကိုမြင်ရ၍၊ သေမင်း၏နိုင်ငံအရိပ် တွင် ရှိနေသော သူတို့၌ အလင်း ပေါ်ထွန်းလျက်ရှိ၏
ဟေရှာယသည် ဝမ်းနည်းခြင်းများ၊ ဒုစရိုက်အပြစ်များနှင့် အသက်ရှင်နေသောသူများအား စကားပြောနေပါသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အမှောင်တွင် လျှောက်လှမ်းပြီး သေမင်းအရိပ်၌ အသက်ရှင်နေကြသောကြောင့်ဖြစ်ပါသည်။ (ရှု၊ figs_metaphor)
ကြီးစွာသော အလင်းကိုမြင်ရ၍
အလင်းဟူသည် ကြီးစွာသော မျှော်လင့်ခြင်းနှင့် လွတ်မြောက်ခြင်းကိုကိုယ်စားပြုသည်။ (ရှု၊ figs_metaphor)
သေမင်း၏နိုင်ငံအရိပ်
"သေမင်း၏ အရိပ်" ဟူသောစကားစုသည် လုံးလုံးအမှောင်ထုဟုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မြေသည် အလွန်ပင်နက်ရှိုင်းသောအမှောင်ထုဖြစ်သည်" (ရှု၊ figs_idiom)
Isaiah 9:3
ယေဘုယျအချက်အလက်
ဟေရှာယသည် ထာဝရဘုရားမှ သူ၏လူများကို ကယ်တင်မည့်အချိန် ရောက်ရှိပြီဟုဖော်ပြနေသည်။ (9:1) ဤအရာများသည် အနာဂတ်တွင် ဖြစ်ပွားလိမ့်မည်။ ဟေရှာယသည် ဖြစ်ပြီးသကဲ့သို့ ဖော်ပြသည်။ အမှန်တကယ်ဖြစ်လာမည့် အရာကိုအထူးပြုသည်။ (ရှု၊ figs_pastforfuture)
ကိုယ်တော်သည် အမျိုးသားတို့ကို များပြားစေ၍၊ သူတို့၏ ဝမ်းမြောက်ခြင်းကို တိုးပွားစေတော်မူ၏
"သင်" သည် ထာဝရဘုရားကိုရည်ညွှန်းသည်။ "သူတို့" သည် ဣသရေလလူများအား ရည်ညွှန်းသည်။ သို့သော်ဟေရှာယသည်လည်း ဣသရေလလူမျိုးအပါအဝင်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် လူမျိုးတော်အား ဝမ်းမြောက်ခြင်းကို တိုးပွားစေတော်မူ၏" (ရှု၊ figs_yousingular)
စပါးကို စုသိမ်းရာကာလ၌ ဝမ်းမြောက်သကဲ့သို့၎င်း ........ ရှေ့တော်၌ သူတို့သည် ဝမ်းမြောက်ကြပါ၏။
"သူတို့သည် သူတို့၏ စပါးကို စုသိမ်းရာကာလ၌ ဝမ်းမြောက်သကဲ့သို့ သို့မဟုတ် စစ်သားများသည် စစ်ပွဲ၌ အောင်မြင်သကဲ့သို့ ဝမ်းမြောက်လိမ့်မည်" (ရှု၊ figs_simile)
Isaiah 9:4-5
ယေဘုယျအချက်အလက်
ဟေရှာယသည် ထာဝရဘုရားမှ သူ၏လူများကို ကယ်တင်မည့်အချိန် ရောက်ရှိပြီဟုဖော်ပြနေသည်။ (9:1) ဤအရာများသည် အနာဂတ်တွင် ဖြစ်ပွားလိမ့်မည်။ ဟေရှာယသည် ဖြစ်ပြီးသကဲ့သို့ ဖော်ပြသည်။ အမှန်တကယ်ဖြစ်လာမည့် အရာကိုအထူးပြုသည်။ (ရှု၊ figs_pastforfuture)
အကြောင်းမူကား၊ မိဒျန်လက်ထက်၌ ပြုတော် မူသကဲ့သို့၊ ကိုယ်တော်သည် သူတို့ထမ်းရသောထမ်းဘိုး၊ ကျော၌ခံရသောတုတ်ကို၎င်း၊ ညှဉ်းဆဲသောသူ၏ လှံတံကို၎င်း ချိုးတော်မူပြီ
ဟေရှာယသည် အာရှုရိ၏ကျွန်ဖြစ်သော အစ္စရေးလူမျိုးများသည် နွားထီး ထမ်းပိုးထမ်းထားရသကဲ့သို့ ဖြစ်နေသည်ဟုပြောဆိုပါသည်။ ဤအရာသည် အနာဂတ်တွင် ဖြစ်မည့််အရာဖြစ်သော်လည်း ဖြစ်ပြီးသကဲ့သို့ပြောသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တစ်နေ့တွင် မိဒျန်လက်ထက်မှ ဣသရေလသည် ကျွန်မှလွတ်မြောက်လိမ့်မည်။ တိရစ္ဆာန်ပုခုံးမှ ထမ်းပိုးကို လူကဖယ်ရှားသကဲ့သို့ ထာဝရာဘုရားသည် ညဉ်းပမ်းသောသူများအားဖယ်ရှားလိမ့်မည်" (ရှု၊ figs_metaphor နှင့် figs_pastforfuture)
သူတို့ထမ်းရသောထမ်းဘိုး၊ ကျော၌ခံရသောတုတ်ကို၎င်း၊ ညှဉ်းဆဲသောသူ၏ လှံတံ
ဟေရှာယသည် သူ၏လူများအား လူတစ်ဦးဖြစ်သကဲ့သို့ ပြောနေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့၏ ထမ်းဘိုး၊ သူတို့ပုခုံးများ၊ သူတို့အား ညဉ်းပမ်းနှိပ်စက်သူ" (ရှု၊ figs_metaphor)
သူတို့ထမ်းရသောထမ်းဘိုး
ရက်မသည် ထမ်းဘိုး၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး နွားထီး၏ ပုခုံးပေါ်မှာတင်ထားသောအရာဖြစ်သည်။
ရက်မ၊ တုတ်ချောင်း၊ တောင်ဝှေး
သစ်သားရှည်တစ်ခုဖြစ်ပြီး နွားများအား အလုပ်လုပ်ရန် ရိုက်နှက်၍အသုံးပြုသည်။ လူတစ်ဦးသည် အခြားလူများအပေါ်ဩဇာလွှမ်းမိုးခြင်းသင်္ကေတဖြစ်သည်။
ကျော၌ခံရသောတုတ်ကို၎င်း
နွားများအားခိုင်းစေရန်အတွက် ဒုတ်ချောင်း အသုံးပြုရသကဲ့သို့ ယုဒလူများအပေါ် ဩဇာသက်ရောက်ညှဉ်းပန်းခြင်းဖြစ်မည်ဟု ဟေရှာယပြောသည်။ (ရှု၊ figs_metaphor)
မိဒျန်လက်ထက်
"နေ့" ဟူသည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် ဖြစ်ပျက်လာမည့်အရာကို ပြောပြရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မိဒျန်လူများ၏ ဖျက်ဆီးခြင်းကိုခံရလိမ့်မည်" (ရှု၊ figs_idiom)
စစ်တိုက်သောသူရဲ၏ ခြေစွပ်နှင့် အသွေးလှသော အဝတ်တန်ဆာရှိသမျှတို့သည် မီးရှို့ဘို့မီးစာ ဖြစ်ရကြ လိမ့်မည်
အခြားသောဘာသာပြန်ဆိုချက်၊ "စစ်တိုက်သောသူ၏ ခြေစွပ်နှင့် အသွေဖုံးသောအဝတ်များသည် လောင်ကျွမ်းလိမ့်မည်" (ရှု၊ figs_activepassive)
မီးရှို့ဘို့မီးစာ
အခြားသောဘာသာပြန်ဆိုချက်၊ "စစ်ဝတ်စုံများ၊ ဖိနပ်များသည် မီးလောင်ရန်အတွက် လောင်စာများဖြစ်လိမ့်မည်" (ရှု၊ figs_explicit)
Isaiah 9:6-7
ယေဘုယျအချက်အလက်
ထာဝရဘုရားသည် သူ၏ လူမျိုးတော်အားကယ်တင်မည့် အကြောင်း ဟေရှာယကို ဖော်ပြနေသည်။ (9:1) အနာဂတ်တွင် ဖြစ်ပျက်မည့်အရာဖြစ်သော်လည်း ဖြစ်ပျက်ပြီးသကဲ့သို့ ဟေရှာယပြောပြသည်။ ထိုအရာသည် တိကျသေချာဖြစ်မည့် အကြောင်းဖြစ်သည်။ (ရှု၊ figs_pastforfuture)
အကြောင်းမူကား၊ ငါတို့အဘို့ သူငယ်ကို ဘွား မြင်၏။ ငါတို့အား သားကိုသနားတော်မူ၏
စကားစုနှစ်ခုစလုံးသည် အခြေခံအားဖြင့်တူညီကြသည်။ "ကျွန်ုပ်တို့" ဟူသောစကားလုံးသည် ပြောကြားသူကြားနာသူနှစ်ဦးစလုံးကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့တို့အဘို့ သူငယ်ကို ထာဝရဘုရားသနားတော်မူပြီ" (ရှု၊ figs_parallelism နှင့် figs_inclusive နှင့် figs_activepassive)
ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်
"ဘုရင်မင်းမြတ်တို့၏ အခွင့်အာဏာကို သူ့အားပေးလိမ့်မည်" သို့မဟုတ် "ထာဝရဘုရားသည် သူ့အားအခွင့်တာဝန်များကို ပေးအပ်လိမ့်မည်" (ရှု၊ figs_metaphor)
တိုင်ပင်ဘက်
ဘုရင်များအား အကြံဉာဏ်ပေးသူ။
အာဏာတော် တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်း သည် နိစ္စအမြဲရှိလိမ့်မည်
လူများအပေါ်မှာ သူ၏ အခွင့်အာဏာသည် ပို၍လွှမ်းမိုးမည့်အပြင် ပို၍ငြိမ်သက်အေးချမ်းစွာနေထိုင်ကြလိမ့်မည်။
ဒါ့ဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာထိုင်၍
ဒါဝိဒ်မင်း၏ ပလ္လင်ပေါ်ထိုင်ခြင်းဟူသည် အခွင့်အာဏာရရှိထားခြင်းကို ဆိုလိုသည်။ ဒါဝိတ်မျိုးနွယ်သာလျှင် ဣသရေလဘုရင်ဖြစ်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဒါဝိတ်မျိုးနွယ်ကဲ့သို့ အခွင့်အာဏာရရှိထားသူ" (ရှု၊ figs_metonymy)
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား
1:9 တွင်ဘာသာပြန်သကဲ့သို့ ပြန်ဆိုပါ။
Isaiah 9:8-10
ထာဝရဘုရားသည် ဗျာဒိတ်တော်ကို ယာကုပ် အမျိုးသို့လွှတ်၍၊ ဣသရေလအမျိုးအပေါ်မှာ သက် ရောက်စေတော်မူ၏
"စေလွှတ်ခြင်း" ဟူသည် ပြောဆိုခြင်းကို ဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် ဣသရေလလူများကို ဆန့်ကျင်၍ စကားပြောဆိုသည်" (ရှု၊ figs_idiom)
ယာကုပ် .... အစ္စရေး ..... ဧဖရိမ် ..... ရှာမာရိ
ဤအမည်များအားလုံးသည် အစ္စရေးနိုင်ငံ မြောက်ပိုင်းမှ လူများကိုရည်ညွှန်းသည်။
မာနကြီးမား ထောင်လွားသော ရှမာရိမြို့သားမှစ၍ ဧဖရိမ်လူ အပေါင်းတို့သည် သိရကြလိမ့်မည်
အခြားသောဘာသာပြန်ဆိုချက်၊ "လူများအားလုံးသည် ဧဖရိမ်နှင့် ရှမာရိတို့တွင်သော်လည်းကောင်း ထာဝရဘုရားသည် တရားမျှတသည်ကို သိကြလိမ့်မည်" (ရှု၊ figs_explicit)
သဖန်းပင်များကို ခုတ်လှဲသော်လည်း၊ သူတို့ အရာ၌ အာရဇ်ပင်များကို စိုက်ထားမည်ဟု မာနကြီးမား ထောင်လွားသော ရှမာရိမြို့သားမှစ၍ ဧဖရိမ်လူ အပေါင်းတို့သည် သိရကြလိမ့်မည်
အဓိပ္ပာယ်အပြည့်အစုံကို ရှင်းလင်းစွာ ဖော်ပြနိုင်သည်။ အုတ်ရိုးများပြိုလဲသော်လည်း အဖိုးတန်ကျောက်မြတ်များနှင့် အစားထိုးတည်ဆောက်မည်။ သဖန်းပင်များ ခုတ်လှဲသော်လည်း တန်းဖိုးရှိသော အာရဇ်ပင်များကို စိုက်ထားမည်။ (ရှု၊ figs_explicit နှင့် figs_activepassive)
Isaiah 9:11-12
ထာဝရဘုရားသည်လည်း၊ ထိုသူတို့တဘက်၌ ရေဇိန်မင်း၏ရန်သူတို့ကို ချီးမြှောက်၍
ဤနေရာတွင် ရေဇိန်သည် သူ၏စစ်တပ်ကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဤနေရာတွင် ထာဝရဘုရားသည် ဣသရေလလူမျိုးများကို ဆန့်ကျင်သောရေဇိန်နှင့် သူ၏စစ်တပ်ကို ယူဆောင်လိမ့်မည်" (ရှု၊ figs_synecdoche)
ရေဇိမ်
လူ၏ အမည်ဖြစ်သည်။ 7:1 ၌ပြန်ဆိုထားသည်။ (ရှု၊ translate_names)
ရန်သူတို့ကို ထမြောက်စေတော်မူသဖြင့်
"ထမြောက်" ဟူသော စကားစုသည် တိုက်ခိုက်ရန်အတွက်လှုံ့ဆော်သည်ဟု ဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် ဣသရေလရန်သူများကို တိုက်ခိုက်ရန် လှုံ့ဆော်လိမ့်မည်" (ရှု၊
ပစပ်ဟ၍၊ ဣသရေလအမျိုးကို ကိုက်စားကြ လိမ့်မည်
"ကိုက်စား" သည် တိရစ္ဆာန်ရိုင်းများက သူတို့၏သားကောင်များကို မည်ကဲ့သို့ စားကြောင်းဖော်ပြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ရိုင်းသော တိရစ္ဆာန်များသည် သူတို့၏ သားကောင်များကို အငမ်းမရစားသကဲ့သို့ ဣသရေလလူမျိုးများကို သူတို့၏ ရန်သူများမှ ဖျက်ဆီးလိမ့်မည်" (ရှု၊ figs_metaphor)
အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏
"သို့သော်လည်း ထိုအရာများသည် ဖြစ်ပွားနေလိမ့်မည်။ သူ၏အမျက်နှင့် လက်တော်သည် ဆက်လက်ရှိနေသည်" 5:25 ၌ ပြန်ဆိုထားပြီးဖြစ်သည်။
လက်တော်သည် ဆန့်လျက်ရှိသေး၏
ထာဝရဘုရားသည် အခြားလူတစ်ဦး၏ လက်သီးဖြင့် လူတစ်ယောက်အား ရိုက်သကဲ့သို့ ပြောနေသည်။ ဤအရာသည် ထာဝရဘုရားမှ ဣသရေလလူမျိုးအားအပြစ်ပေးခြင်းဖြစ်သည်။ 5:25 ကိုကြည့်ပါ။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် သူတို့အားအပြစ်ပေးရန် အဆင်သင့် ရှိနေလိမ့်မည်" (ရှု၊ figs_metaphor)
Isaiah 9:13-15
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား
1:9 ကဲ့သို့ ဘာသာပြန်ဆိုသည်။
ဦးခေါင်းနှင့်အမြီး
ဟေရှာယသည် အငယ် ၁၅ ၌ရှင်းပြထားသည်။ ဦးခေါင်းသည် တိရစ္ဆာန်၏ ကိုယ်အပိုင်းတစ်ခုဖြစ်သည်။ လူတစ်ယောက်သည် မြင့်မြတ်သောလူတစ်ဦးဖြစ်လိုသည်ကိုဆိုလိုသည်။ အမြီးသည် တိရစ္ဆာန်၏ ညစ်ပတ်သောအပိုင်းဖြစ်သည်။ လိမ်လည်၍ မုသာပြောသော ပရာဖက်များကို ဆိုလိုပါသည်။ (ရှု၊ figs_metaphor)
စွန်ပလွံလက်နှင့် ကိုင်းပင်
"စွံပလွန်" သည် မြင့်သောအရပ်၌ ပေါက်သောအပင်ဖြစ်၍ အရေးကြီးသောပုဂ္ဂိုလ်များနှင့် အခွင့်အာဏာရှိသူများကို ဆိုလိုသည်။ "ကိုင်းပင်"သည် ရေတိမ်သောနေရာတွင် ပေါက်သောအပင်ဖြစ်သည်။ ဆင်းရဲ၍ ဖိနှိပ်ခံရသောသူများကို ရည်ညွှန်းပါသည်. (ရှု၊ figs_metaphor)
Isaiah 9:16-17
ဤလူမျိုးကို လမ်းပြသောသူတို့သည် လမ်းလွဲ စေခြင်းငှါ ပြကြ၏
ခေါင်းဆောက်များသည် လူမျိုးတော်အားမှားယွင်းသောလမ်းသို့ ဦးဆောင်ခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဣသရေလခေါင်းဆောင်များသည် လူမျိုးတော်အား ဘုရားသခင်ထံ မနာခံစေပြီ" (ရှု၊ figs_metaphor)
လိုက်သောသူတို့သည်လည်း ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်
ဆိုလိုချက် (၁) သူတို့၏ ဦးဆောင်ချက်သည် ရှုပ်ထွေးလာသည်။ ဆိုလိုချက် (၂) ထာဝရဘုရားသည် သူတို့၏ ဦးဆောင်မှုများကို ဖျက်ဆီးလိမ့်မည်။ (ရှု၊ figs_metaphor နှင့် figs_activepassive)
မတရား သော စကားကိုပြောတတ်ကြ၏
ဤနေရာတွင် "နှုတ်ခမ်း" သည် လူပုဂ္ဂိုလ်ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူတိုင်းသည် ညစ်ညမ်းသောအရာများကို ပြောဆိုနေသည်" (ရှု၊ figs_synecdoche)
အမျက်တော် သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက် ရှိသေး၏
5:25 ကဲ့သို့ ဘာသာပြန်ဆိုသည်။
လက်တော်သည်
5:25 ကဲ့သို့ ဘာသာပြန်ဆိုသည်။
Isaiah 9:18-19
အဓမ္မသည် မီးကဲ့သို့ လောင်တတ်၏။ ဆူးပင် အမျိုးမျိုးကို ကျွမ်းစေမည်။ တောအုပ်ကိုလည်း မီးရှို့ သဖြင့်
ဆိုးသွမ်းသော လူများကို မီးဖြင့် ဖျက်ဆီးလိမ့်မည်။ ထိုမီးသည် ဆူးချုံရိုင်းများနှင့် အပင်များကို လောင်ကျွမ်းစေ၍ မည်သူမျှ အသက်မရှင်နိုင်။ တောအုပ်သည် မီးခိုးနှင့် ပြည့်၍ လူများနေထိုင်ရာကို ဖျက်ဆီးသောကြောင့် မည်သူမျှ အသက်မရှင်နိုင်။ (ရှု၊ figs_metaphor)
ဆူးချုံရိုင်းများ
"ဆူးချုံရိုင်းများ" နှင့် "နှင်းဆီရိုင်းများ"သည် အသုံးမဝင်ခြင်းကိုရည်ညွှန်းသည်။ 7:23 ၌ဘာသာပြန်ဆိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဆူးချုံပုတ်များ" (ရှု၊ figs_doublet)
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အမျက်တော်ကြောင့်၊ မြေသည်မီးလောင်၍၊ မြေသားတို့ သည် မီးမွေးဘို့ ထင်းဖြစ်ကြလိမ့်မည်
အခြားသောဘာသာပြန်ဆိုချက်၊ "မီးတောက်များ ကြီးမားသကဲ့သို့ ဘုရားသခင်၏ အမျက်ဒေါသသည် သူ၏လူမျိုးတော်ကို ဖျက်ဆီးလိမ့်မည်" (ရှု၊ figs_activepassive နှင့် figs_metaphor)
ညီအစ်ကိုချင်း တယောက်ကိုတယောက် မနှမြောရ
မည်သူတစ်ဦးတစ်ယောက်မျှ လွတ်မြောက်ရန်မကယ်နိုင်ကြ။ (ရှု၊ figs_idiom)
Isaiah 9:20-21
လက်ျာဘက်၌ ခုတ်ဖြတ်သော်လည်း၊ ငတ်မွတ် လိမ့်မည်
လူများသည် တွေ့သမျှအစာများကို လုယူကြလိမ့်မည်။ (ရှု၊ figs_metonymy)
အိမ်နီးချင်းအသားကို လူတိုင်းကိုက်စားရလိမ့်မည်
ဆိုလိုချက် (၁) လူများသည် အလွန်ဆာလောင်ကြလိမ့်မည်။ သူတို့၏ အိမ်နီးနားချင်းများကို ကိုက်စားလိုသည်အထိ ဆာလောင်ကြလိမ့်မည်။ ဆိုလိုချက် (၂) "လက်မောင်း" ဟူသောစကားလုံးသည် အိမ်နီးနားချင်းကို ဆိုလိုသည်။ (ရှု၊ UDB) (ရှု၊ figs_metaphor)
သို့သော်လည်း၊ အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏
5:25 ၌ပြန်ဆိုပြီးဖြစ်သည်။
လက်တော်သည် ဆန့်လျက်ရှိသေး၏
5:25 ၌ပြန်ဆိုပြီးဖြစ်သည်။
Isaiah 10
Isaiah 10:1-2
ငတ်မွတ်သော သူတို့ကို တရားရှုံးစေခြင်းငှါ၎င်း
ဤစကားစုနှစ်ခုသည် အခြေခံသဘောတရားတူညီသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မတရား၊ ဘက်လိုက်သောတရားဥပဒေများကို ရေးဆွဲသည်" (ရှု၊ figs_parallelism)
ငါ၏လူမျိုးတွင် ဆင်းရဲသားတို့၏ အခွင့် အရာကို ရုပ်သိမ်းခြင်းငှါ၎င်း၊ မုတ်ဆိုးမတို့ကို ညှဉ်းဆဲ၍၊ မိဘမရှိသောသူတို့၏ ဥစ္စာကိုလုယူခြင်းငှါ၎င်း
ဤစကားရပ်နှစ်ခုသည် အခြေခံသဘောတရား၊ အဓိပ္ပါယ်တူညီသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဆင်းရဲသားများနှင့် အကူအညီလိုအပ်နေသော မရှိဆင်းရဲလူများကို မတရားစီရင်သည်" (ရှု၊ figs_parallelism)
ဆင်းရဲသား
မရှိဆင်းရဲသောလူများ။
မုတ်ဆိုးမတို့ကို ညှဉ်းဆဲ၍
မုတ်ဆိုးမတို့၏ ဥစ္စာပစ္စည်းများကို အဓ္ဓမလုယူခြင်း။
မိဘမရှိသောသူတို့၏ ဥစ္စာကိုလုယူခြင်းငှါ၎င်း
ဟေရှာယသည် မိဘမရှိသောသူများကိုသားကောင်နှင့် နှိုင်းယှဉ်ဖော်ပြထားသည်။ မိဘမဲ့သောသူများသည် သားကောင်းကဲ့သို့ အလွယ်တကူကိုက်ဖြတ်စားသောက်နိုင်ပြီး၊ သူတို့မှာလုပ်ပိုင်ခွင့်မရှိခြင်းကို အလေးထားဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိခိုက်နစ်နာသော မိဘမဲ့ကလေးသူငယ်များသည် သားကောင်များနှင့်တူသည်" (ရှု၊ figs_metaphor)
သားကောင်ကဲ့သို့
ဟေရှာယ ၅:၂၉ တွင် "သားကောင်" ဟူသည့်စကားလုံးကို ဘာသာပြန်ထားသည်။
Isaiah 10:3-4
ငါကြည့်ရှုစီရင်သည်ကာလ၊ အဝေးကရောက်လတံ့ သော ဖျက်ဆီးခြင်းဖြစ်သည်ကာလ၌၊ သင်တို့သည် ချမ်း သာရအံသောငှါ၊ အဘယ်သူထံသို့ ပြေးကြလိမ့်မည်နည်း
ယုဒပြည်၌ရှိသော ဆင်းရဲသောသူများနှင့် အားငယ်မွဲတေသောသူများအား ထိခိုက်နစ်နာအောင်လုပ်သောသူများကို ဆူပူကြိမ်းမောင်းခြင်းနှင့် မေးခွန်းမေးသည့်ပုံစံဖြင့်သုံးနှုန်းထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့ကို တရားစီရင်သောနေ့ရက်၌ အဘယ်အမှုမျှတတ်နိုင်မည်မဟုတ်ပါ၊ အဘယ်သူထံသို့ပြေးကြလိမ့်မည်နည်း" (ရှု၊ figs_rquestion)
တရားစီရင်ရာနေ့
"ထာဝရဘုရားသခင်တရားစီရင်ရာနေ့" သို့မဟုတ် "ထာဝရဘုရားသခင် အပြစ်ဒဏ်ခတ်သောနေ့"
သင်တို့သည် ချမ်း သာရအံသောငှါ၊ အဘယ်သူထံသို့ ပြေးကြလိမ့်မည်နည်း။ သင်တို့ စည်းစိမ်ဥစ္စာကို အဘယ်မှာ သိုထား ကြ လိမ့်မည် နည်း
ဟေရှာယသည် ယုဒပြည်၌ရှိသော မရှိဆင်းရဲ၊ အားငယ်သောသူများအား မတရားအနိုင်ကျင့်သည့်သူများကို ဆူပူကြိမ်းမောင်းသောစကားရပ်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပြေးလွှားအော်ဟစ်ကာ အကူအညီတောင်းမည့်နေရာ နှင့် ပုန်ကွယ်ခိုနားမည့်နေရာမရှိပါ" (ရှု၊ figs_rquestion)
မည်သည့်အရာမျှ ကျန်ကြွင်းခြင်းမရှိရ
"မည်သည့်အရာမျှ ကျန်ကြွင်းခြင်းမရှိပါ" (ရှု၊ figs_explicit)
ချုပ်ထား လျက်ရှိသော သူတို့အောက်မှာ ဦးချရကြလိမ့်မည်။ အသေသတ်ခြင်းကို ခံရသော သူတို့အောက်မှာ လဲကြ လိမ့်မည်
"သင်၏ ရန်သူများသည် သင့်ကို ဖမ်းဆီးလျက်အသေသတ်ဖြတ်ခြင်းကို ခံကြရလိမ့်မည်"
သို့သော်လည်း၊ အမျက်တော်သည်မငြိမ်း
မည်သည့်အကြောင်းအရာကိစ္စများဖြစ်ပျက်လာသော်လည်း ဘုရားသခင်၏အမျက်တော်သည် မငြိမ်းနိုင်ပါ။ ၅:၂၅ မှပြန်ဆိုချက်။
လက်တော်သည်ဆန့်လျက်ရှိသေး၏
ဟေရှာယသည် ထာဝရဘုရားသခင်၏အစ္စရေးလူမျိုးများအပေါ်မရပ်မနားပြစ်ဒဏ်စီရင်ခြင်းကို တင်စားထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် အပြစ်ဒဏ်ခတ်ရန်အတွက် အဆင်သင့်ရှိနေသေး၏" ၅:၂၅ မှပြန်ဆိုချက်။ (ရှု၊ figs_metaphor)
Isaiah 10:5-6
အမင်္ဂလာရှိ၏
ဤစကားလုံး၏ အမှတ်လက္ခဏာသည် အာရှုရိလူများဖြင့် အစ္စရေးလူများကို ပြင်းထန်စွာဒဏ်ခတ်စီရင်ရန် ဘုရားသခင်၏ ထုတ်ပြန်ကြေညာချက်ဖြစ်သည်။
အာရှုရိလူ
အာရှုရိရှင်ဘုရင်ကို ရည်ညွှန်းသည်။
ငါ့အမျက်၏ လှံတံဖြစ်၏။ သူကိုင်သောတောင်ဝေးသည် ငါဒဏ်ပေး စရာဘို့ ဖြစ်၏
ဤစကားရပ်နှစ်ခုလုံးမှာ တူညီသော အဓိပ္ပာယ်ရှိသည်။ ထာဝရဘုရားသခင်သည် အာရှုရိရှင်ဘုရင်ကို သူ၏လက်နက်သဖွယ်လူမျိုးတော်ကို ရိုက်နှက်မည်ဟူ၍ နှိုင်းယှဉ်ဖော်ပြထားသည်။ အာရှုရိရှင်ဘုရင်နှင့် သူ၏စစ်တပ်များသည် အစ္စရေးလူမျိုးများကို ဒဏ်ခတ်ရန်အတွက် အသုံးပြုသောထာဝရဘုရားသခင်၏ လက်နက်ကိရိယာဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ၏ လက်တော်၌ လက်နက်သဖွယ် အသုံးပြု၍ ငါ၏အမျက်တော်ကို ဖော်ပြမည်" (ရှု၊ figs_parallelism နှင့် figs_metaphor)
သူ့ကိုငါစေလွှတ်မည်၊ သူ့ကိုငါမှာထားမည်
"သူ့ကို" ဟူသည့်စကားလုံးသည် အာရှုရိရှင်ဘုရင်ကို ရည်ညွှန်းခြင်းဖြစ်သည်။ အာရှုရိရှင်ဘုရင်နှင့်တကွ သူ၏စစ်တပ်များကို စေလွှတ်မည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အာရှုရိစစ်တပ်များကို ငါစေလွှတ်မည် ... သူတို့ကို ငါမှာထားတော်မူမည်" (ရှု၊ figs_synecdoche)
အဓမ္မ လူမျိုးရှိရာသို့ သူ့ကိုငါစေလွှတ်မည်။ ငါ့အမျက်ခံရာ လူစုကို လုယူဖျက်ဆီး၍
မာနထောင်လွှားခြင်းအပြည့်ရှိသော လူမျိုးသည် ငါ၏အမျက်တော်ကို ပြင်းစွာထွက်စေသောကြောင့် သူတို့ကို ချေမှုန်းရမည်။
ငါ့အမျက်ခံရာ
ထာဝရဘုရားသခင်သည် သူ၏အမျက်တော်ကို သည်းခံခြင်းမှလွန်၍ သူ၏လူမျိုးအပေါ်၌ ပြည့်လျှံဖိတ်ကျသွားလိမ့်မည် ဟူ၍ ပြောဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ကို အပြစ်ဒဏ်ခတ်ပြီးရင်လည်း ငါ့အမျက်တော်မငြိမ်းနိုင်ရာ" (ရှု၊ figs_metaphor)
လုယူဖျက်ဆီး၍
"သူတို့ရှိသမျှ လုယူဖျက်ဆီးခြင်း"
လုယူဖျက်ဆီး၍
သားကောင်ကို ကိုက်ချီသွားသလို ဖျက်ဆီး၍။ ဟေရှာယ ၅:၂၉ ဘာသာပြန်ဆိုချက်ကို ကြည့်ရန်။
ရွှံ့ကို ကဲ့သို့ ကျော်နင်းစေခြင်းငှါ
ထာဝရဘုရားသခင်သည် အစ္စရေးလူမျိုးများကို အာရှုရိတပ်များဖြင့် ချေမှုန်းဖျက်ဆီးမည့်အကြောင်းကို ရွံ့ကဲ့သို့ တန်ဖိုးမဲ့စွာ နင်းချေလိုက်မည်ဖြစ်ကြောင်းနှိုင်းယှဉ်ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ကို ရွှံ့ကဲ့သို့ဖြစ်အောင် နင်းချေလိမ့်မည်။ သူတို့သည် နောက်တဖန်မပေါ်ထွန်းနိုင်အောင်အရှိန်ဖြင့် နင်းချေခံရလိမ့်မည်။ အပြီးတိုင် ရှင်းရှင်းချေဖျက်မည်ဟူ၍ ခိုင်းနှိုင်းဖော်ပြသည်" အခြားသောဘာသာပြန်ဆိုချက်၊ "လုံးလုံးချေမှုန်းမည်" (ရှု၊ figs_simile နှင့် figs_metaphor)
Isaiah 10:7-9
သို့သော်လည်း၊ သူသည်အခြားသောအကြံ၊ အခြားသော အလိုရှိ၏
"အခြားသောအကြံ" ဟူသည့်စကားလုံးကို ရှင်းလင်းစွာတွေ့နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သို့သော်လည်း အာရှုရိရှင်ဘုရင်သည် ဘုရားသခင်မိန့်တော်မူချက်များကို ရည်ရွယ်ချက်ရှိစွာ ဦးတည်လုပ်ဆောင်မည်မဟုတ်သလို သူ့ကို လက်နက်သဖွယ်အသုံးပြုခြင်းကိုလည်း ထင်မြင်ယူဆမိလိမ့်မည်မဟုတ်ပါ" (ရှု၊ figs_explicit)
သူသည်ဖျက်ဆီး၍၊ များစွာ သောလူမျိုးတို့ကို ဖယ်ရှင်းခြင်းငှါ အလိုရှိ၏
"ဖျက်ဆီး၍" နှင့် "ဖယ်ရှားခြင်း" ဟူသောစကားလုံးသည် အခြေခံသဘောတရားအဓိပ္ပာယ်တူညီသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် များစွာသော လူမျိုးများကို ရှင်းရှင်းဖျက်ဆီးခြင်းငှါ အလိုရှိသည်" (ရှု၊ figs_doublet)
ငါ၏ မှုးမတ်တို့သည် မင်းကြီးဖြစ်ကြသည်မဟုတ်လော
အာရှုရိရှင်ဘုရင်သည် ရည်ရွယ်ချက်ရှိစွာ တိုင်းနိုင်ငံများကို သိမ်းပိုက်အောင်မြင်ပြီး၊ သူ၏မှုးမတ်မင်းကြီးများစွာကို နေရာချထားကြောင်း မေးခွန်းပုံစံဖြင့်ဖော်ပြသည်။ (ရှု၊ figs_rquestion)
ကာလနောမြို့သည် ခါခေမိတ်မြို့ကဲ့သို့၎င်း၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့၎င်း၊ ရှမာရိမြို့သည် ဒမာသက်မြို့ကဲ့သို့၎င်း ဖြစ်သည် မဟုတ်လော
အာရှုရိရှင်ဘုရင်သည် သူ၏လုပ်ဆောင်ချက်အပေါ်အလေးထားကာ မေးခွန်းပုံစံဖြင့်ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကာလနောမြို့သည် ခါခေမိတ်ကဲ့သို့၎င်း၊ ဟာမိတ်မြို့သည် အာပဒ်မြို့ကဲ့သို့၎င်း၊ ရှမာရိမြို့သည် ဒမာသက်မြို့ကဲ့သို့ ငါသိမ်းပိုက်အောင်မြင်သည်" (ရှု၊ figs_rquestion)
ကာလနော ... ခါခေမိတ် ... ဟာမိတ် ... အာပဒ်
မြို့များ၏ အမည်ဖြစ်သည်။ (ရှု၊ translate_names)
Isaiah 10:10-11
ယေဘုယျအချက်အလက်
ထာဝရဘုရားသခင်သည် အာရှုရိရှင်ဘုရင်ပြောဆိုသည့် အရာများကိုကိုးကားသည်။ (ရှု၊ ဟေရှာယ ၁၀:၇)
ငါလုယူသကဲ့သို့၎င်း
အာရှုရိရှင်ဘုရင်၏ အင်အားကြီးသော တပ်များကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ၏တန်ခိုးကြီးသော စစ်တပ်အောင်နိုင်သကဲ့သို့" သို့မဟုတ် "အောင်မြင်သိမ်းပိုက်သကဲ့သို့" (ရှု၊ figs_synecdoche)
ငါ
အာရှုရိရှင်ဘုရင်ကို ရည်ညွှန်းသည်။
သာ၍ မြတ်သော ရုပ်တု ဆင်းတုကို ကိုးကွယ်သော တိုင်းနိုင်ငံ များ
ထိုခေတ်ကာလ၌ အင်အားကြီးသောနိုင်ငံတော်တည်ထောင်နိုင်လျှင် မိမိကိုးကွယ်သော ဘုရားရုပ်တုသည် အခြားသောဘုရားရုပ်တုထက်ပို၍ တန်ခိုးကြီးကြောင်းယုံကြည်ခဲ့ကြသည်။ အာရှုရိရှင်ဘုရင်သည် ယေရုရှလင်မြို့၏ ဘုရားသည် သူသိမ်းပိုက်ရယူခဲ့ပြီးသော တိုင်းနိုင်ငံ၏ဘုရားကဲ့သို့ တန်ခိုးမကြီးကြောင်းပြောဆိုသည်။ ယေရှုရှလင်သည် သူ့ကိုအောင်နိုင်ဖို့မတတ်နိုင်ကြောင်းပြောဆိုခဲ့သည်။
ရှမာရိမြို့နှင့် သူ၏ ရုပ်တုတို့ကို ငါပြုသကဲ့သို့ ၎င်း
ရှမာရိလူမျိုးများကို ပြောဆို၍ "သူ၏" ဟုဆိုရာတွင် မြို့ကိုရည်ညွှန်းသည်။ မြို့နှင့်လူများသည် အားနွဲ့သော မိန်းမသားများကဲ့သို့ပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ရှမာရိမြို့နှင့်သူ၏တန်ဖိုးမရှိေသာရုပ်တုများကဲ့သို့ငါပြုမည်" (ရှု၊ figs_metonymy)
ယေရုရှလင်မြို့နှင့် သူ၏ ရုပ်တုတို့ကို ငါပြုမည် မဟုတ်လော ဟုဆိုတတ်၏
အာရှုရိရှင်ဘုရင်သည် ယေရုရှလင်မြို့ကို ဧကန်မုချအောင်မြင်မည်ဖြစ်ကြောင်းကို မေးခွန်းပုံစံဖြင့်ပြောဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယေရုစလင်မြို့နှင့် သူ၏ရုပ်တုတို့ကို ဧကန်အမှန်ငါပြုမည်မဟုတ်လော" (ရှု၊ figs_rquestion)
Isaiah 10:12-13
သို့သော်လည်း၊ ထာဝရဘုရားသည် ဇိအုန် တောင်နှင့် ယေရုရှလင်မြို့၌ အမှုတော်ကို လက်စသတ် တော်မူပြီးမှ၊ ငါကြည့်ရှု၍ စီရင်မည်
ထာဝရဘုရားသခင်သည် လူတစ်ယောက်ကဲ့သို့ မိမိကိုယ်ကိုပြောဆိုနေသည်။ "ငါ၊ ထာဝရဘုရားသခင်သည် ဇိအုန်တောင်နှင့် ယေရုရှလင်မြို့၏ အမှုတော်ကို လက်စသတ်တော်မူပြီးလျှင် ကြည့်ရှု၍ စီရင်မည်"
အမှုတော်ကို လက်စသတ် တော်မူပြီးမှ
ပြစ်ဒဏ်စီရင်သော အမှုတစ်ခုပြီးတစ်ခုလုပ်ဆောင်ခြင်း။ "စီရင်ခြင်းတစ်ခုပြီး၍ ... နောက်ထပ်စီရင်ခြင်းတစ်ခု"
အာရှုရိ ရှင်ဘုရင်၏ မာနထောင်လွှားခြင်း၊ မော်သော မျက်နှာနှင့် စော်ကားခြင်းကို ငါကြည့်ရှု၍ စီရင်မည်
"အာရှုရိရှင်ဘုရင်၏ မာနထောင်လွှားခြင်း၊ မော်သောမျက်နှာနှင့် စော်ကားခြင်းကို ငါကြည့်ရှု၍ စီရင်မည်"
ထိုမင်းက ငါသည်
အာရှုရိရှင်ဘုရင်ပြောဆိုသည်။
လူမျိုးနေရာ အပိုင်းအခြားတို့ကို ငါရွှေ့ပြီ
"ငါ" ဆိုသော စကားလုံးသည် အာရှုရိရှင်ဘုရင်ကို ရည်ညွှန်းသည်။ သူ၏ အာရှုရိတပ်များကို ဦးဆောင်စီမံ၍ စစ်တပ်များကို နေရာချသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ၏ တပ်များသည် လူမျိုးနေရာနယ်နိမိတ်များကို ရွှေ့ပြောင်း၊ ဖယ်ရှားပြီ" (ရှု၊ figs_synecdoche)
ကိုယ်လက်ရုံး သတ္တိ
"သတ္တိ စွမ်းရည်နှင့် ပြည့်စုံသော နွားထီးကဲ့သို့" တချို့ရှေးဟောင်းစာပေတွင် "အင်အားကြီးမားသော လူကဲ့သို့" ဟူ၍ ဖတ်နိုင်သည်။
သိမ်းယူ၊ ဆောင်ခဲ့မယ်
ငါနှင့် ငါ၏စစ်တပ်သည် သိမ်းယူခေါ်ဆောင်ခဲ့မည်။ (ရှု၊ figs_synecdoche)
ဘုရင်တို့ကို သူရဲကဲ့သို့ နှိမ့်ချပြီ
အာရှုရိ ရှင်ဘုရင်သည် သူသိမ်းပိုက်အောင်မြင်ခဲ့သော နိုင်ငံများကို အရှက်ရစေခဲ့သည်။ လူမျိုးတကာ၏ မင်းများကိုလည်း စိုးစံခြင်းမှ ဖယ်ရှားခဲ့သည်။ (ရှု၊ figs_metaphor)
Isaiah 10:14
ယေဘုယျအချက်အလက်
ထာဝရဘုရားသခင်သည် အာရှုရိရှင်ဘုရင်ကို ကိုးကားပြောဆိုသည်။ (ရှု၊ 10:12)
ငါ့လက်သည် ... သိမ်းယူ ပြီ
အာရှုရိ ရှင်ဘုရင်၏ တန်ခိုးအာဏာ သို့မဟုတ် သူ၏ စစ်တပ်ကို "လက်" ဖြင့် တင်စားထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ၏ တန်ခိုးအာဏာဖြင့် ငါသိမ်းပိုက်သည်" သို့မဟုတ် "ငါ၏ စစ်တပ်သိမ်းပိုက်သည်" (ရှု၊ figs_metonymy)
ငါ့လက်သည် ငှက်သိုက်ကို တွေ့သကဲ့သို့၊ လူတို့၏ဥစ္စာပစ္စည်းကို တွေ့ပြီ
အာရှုရိ ရှင်ဘုရင်သည် လူမျိုးတိုင်းပြည်များ၏ ပစ္စည်းဥစ္စာကို လုယူရာတွင် ငှက်သိုက်ထဲ၌ ရှိသောဥကိုနှိုက်ယူသကဲ့သို့ ခိုင်းနှိုင်းထားသည်။ ဤအလေးထားဖော်ပြချက်တွင် သူ၏ စစ်တပ်သည် တိုင်းပြည်များကိုတိုက်ခိုက်သိမ်းပိုက်ရာတွင် လွန်စွာလွယ်ကူ၍ အောင်မြင်ကြောင်းရည်ရွယ်ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ၏ စစ်တပ်သည် လူမျိုးများ၏ စည်းစိမ်၊ ပစ္စည်းများကို လုယူသိမ်းပိုက်ရာတွင် ငှက်သိုက်မှဥများကို ယူသကဲ့သို့ လွယ်ကူလှသည်" (ရှု၊ figs_simile)
စွန့်ပစ်သောငှက်ဥတို့ကို သိမ်းယူသကဲ့သို့၊ မြေကြီးတန်ဆာရှိသမျှ တို့ကိုငါ သိမ်းယူ ပြီ
စွန့်ပစ်ထားသော ငှက်သိုက်ထဲမှ ဥကို ယူရာတွင်လွယ်ကူသကဲ့သို့ ငါ၏ စစ်တပ်သည် လူမျိုးနိုင်ငံများ၏ ဥစ္စာဘဏ္ဍာကို လွယ်ကူစွာ သိမ်းပိုက်ယူသည်" (ရှု၊ figs_simile)
အဘယ်သူမျှ အတောင်ကိုမလှုပ်၊ နှုတ်သီးကိုမဖွင့်၊ မမြည်မတွန်ဟုဆိုသည် ဖြစ်၍
ဤခိုင်းနှိုင်းချက်သည် ငှက်တစ်ကောင်၏ ဥများကို ယူသော်လည်းငြိမ်းဝပ်တိတ်ဆိတ်စွာနေသည်။ ဤစကားစု၏ ရည်ရွယ်ချက်မှာ အာရှုရိစစ်တပ်များသည် တိုင်းနိုင်ငံများ၏ ပိုင်ဆိုင်သည့်ဥစ္စာများယူငင်သွားသော်လည်း ဘာမျှမကာကွယ်နိုင်ဟူ၍ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငှက်တစ်ကောင်သည် သူ၏ဥကိုယူသွားသော်လည်း အသံမမြည်၊ အတောင်ကိုမျှ မလှုပ်သကဲ့သို့ တိုင်းနိုင်ငံများ၏ ဥစ္စာပစ္စည်းများကို ယူသော်လည်း ဘာမျှမလုပ်နိုင်ပါ" (ရှု၊ figs_simile)
Isaiah 10:15-16
ကြိမ်လုံးသည် ကိုင်သောသူကိုလှုပ်သကဲ့သို့၎င်း၊ တောင်ဝေးသည် မိမိသခင်ကိုချီကြွသကဲ့သို့၎င်း၊ ပုဆိန် သည် ခုတ်သော သူကိုစော်ကားရမည်လော။ လွှသည် တိုက်သော သူကို ရန်ပြု၍ ထောင်လွှားရမည်လော
အာရှုရိရှင်ဘုရင်ကို မေးခွန်းပုံစံမေးခြင်းဖြင့်သရော်၊ လှောင်ပြောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပုဆိန်သည် ကိုင်ဆောင်ထားသော သူကို စော်ကား၍ ထောင်လွှားခြင်းမဖြစ်နိုင်သကဲ့သို့ လွှသည်လည်း ခုတ်ဖြတ်သောသူကို မစော်ကားနိုင်" (ရှု၊ figs_rquestion)
လွှ
သစ်တုံးများကို ခုတ်ထစ်ရန် ချွန်ထက်သောကိရိယာ။
ကြိမ်လုံးသည် ကိုင်သောသူကိုလှုပ်သကဲ့သို့၎င်း၊ တောင်ဝေးသည် မိမိသခင်ကိုချီကြွသကဲ့သို့၎င်း
ဤစကားစုနှစ်ရပ်သည် အခြေခံအဓိပ္ပါယ်တူညီသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တောင်ဝှေး သို့မဟုတ် သစ်သားဖြင့်ပြုလုပ်ထားသော အရာသည် လူကိုမသယ်ဆောင်သွားနိုင်ပါ" (ရှု၊ figs_parallelism)
ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရားသည် ထိုမင်း၏ ဆူဝသောသူတို့၌ ပိန်ကျုံ့ ခြင်းကို သွင်းပေးတော်မူမည်
"ပိန်ကျုံ့ခြင်း" ဆိုသည့် စကားလုံးသည် "အားလျော့စေည်" ဆိုသည့် ကြိယာကို ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထို့ကြောင့် ငါ၊ ထာဝရဘုရားသခင်သည် အင်မတန်အားကြီးသော အာရှုရိတပ်ကို အားလျော့စေမည်" (ရှု၊ figs_abstractnouns)
သူ၏ ဘုန်းအောက်၌ လည်း မီးလောင်သကဲ့သို့ လောင်စေခြင်းငှါ ရှို့တော် မူမည်
ထာဝရဘုရားသခင်သည် သူ၏ပြစ်ဒဏ်စီရင်မည့်အရာကို မီးဖြင့်နှိုင်းယှဉ်ဖော်ပြထားသည်။ အင်မတန်မှ ကြီးကျယ်ခန့်ညားသော အာရှုရိနိုင်ငံတော်ကို ဘုရားသခင်၏ ဒဏ်ခတ်ခြင်းဖြင့် ရှင်းရှင်းဖျက်ဆီးမည့်အကြောင်းအလေးထားဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ၏ ခန့်ညားထည်ဝါခြင်းကို လောင်သောမီးဖြင့်ရှို့သကဲ့သို့ ငါရှင်းရှင်းဖျက်ဆီးလိမ့်မည်" (ရှု၊ figs_simile)
Isaiah 10:17-19
ဣသရေလ အမျိုး၏အလင်းသည် မီးဖြစ်တော် မူမည်
"ဣသရေလအမျိုး၏အလင်း" ဟူသော စကားစုသည် ထာဝရဘုရားသခင်ကို ရည်ညွှန်းသည်။ ထာဝရဘုရား သို့မဟုတ် ဟေရှာယကိုယ်တိုင် ပြောဆိုခြင်းဖြစ်သည်ကို ရှင်းလင်းစွာ မဖော်ပြထားပါ။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ၊ ထာဝရဘုရားသခင်၊ ဣသရေလအမျိုး၏ အလင်းသည် မီးကဲ့သို့ဖြစ်တော်မူ၏" (ရှု၊ figs_metaphor)
မီး
"မီး" သည် ထာဝရဘုရားသခင်၏ တန်ခိုးတော်ကို အလေးထားဖော်ပြခြင်းဖြစ်၍ သူ့ကိုစော်ကားသောသူရှိသမျှကို ဖျက်ဆီးလိမ့်မည်။ (ရှု၊ figs_metaphor)
သန့်ရှင်းသော ဘုရားသည် မီးလျှံဖြစ်တော်မူမည်
"ငါ၊ ထာဝရဘုရားသခင်၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားသည်၊ မီးလျှံကဲ့သို့ဖြစ်တော်မူ၏"။ "သန့်ရှင်းသောသူ" ကို ဟေရှာယ 01:04 ဘာသာပြန်ထားသောအချက်တွင်ကြည့်ရန်။
ထိုမင်း၏ ဆူးပင်အမျိုးမျိုးတို့ကို မီးရှို့၍၊ ကျွမ်းစေတော်မူမည်
"အာရှုရိမင်း၏ ဆူးပင်အမျိုးမျိုးတို့ကို မီးရှို့၍၊ ကျွမ်းစေတော်မူမည်" ဟူ၍ အာရှုရိတပ်ကို ဆူးပင်များ၊ ချုံပင်များနှင့် နှိုင်းယှဉ်ပြောထားသည်။ ရည်ရွယ်ချက်မှာ ဘုရားသခင်သည် လွယ်ကူစွာ ရှင်းရှင်းဖျက်ဆီးပစ်လိမ့်မည်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ၊ ဘုရားသခင်သည် အာရှုရိလူမျိုးများကို မီးကဲ့သို့ ဆူးပင်၊ ချုံပင်များကို လောင်ကျွမ်းစေသလို ဖျက်ဆီးပစ်လိမ့်မည်" (ရှု၊ figs_metaphor)
ဆူးပင်၊ ချုံပင်များ
"ဆူးပင်များ" နှင့် "ချုံပင်များ" ဟူသော စကားလုံးသည် အကျိုးမရှိသော အပင်များကို ပုံဆောင်၍ ၊ အကျိုးမပေးသောဆိုသည့် အရာကိုပေါ်လွင်အောင်ရေးထားသည်။ ဟေရှာယ 07:23 ဘာသာပြန်ဆိုချက်တွင် တွေ့နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဆူးချုံများ" (ရှု၊ figs_doublet)
တော၏ဘုန်းကို၎င်း၊ အသီးအနှံထွက်သောလယ်၏ ဘုန်းကို၎င်း၊ သူ၏ ကိုယ်ခန္ဓာနံဝိညာဉ်နှင့်တကွ ကုန်စေ တော်မူသဖြင့်
အဓိပ္ပါယ်ဖွင့်ဆိုချက် (၁) ထာဝရဘုရားသခင်သည် အာရှုရိလူမျိုးများ၏ တောများနှင့်အသီးအနှံစိုက်ပျိုးထားသောလယ်များကို ဖျက်ဆီးလိမ့်မည်။ (၂) ထာဝရဘုရားသခင်သည် အာရှုရိတပ်များကို တောမီးလောင်သကဲ့သို့ ဖျက်ဆီးတော်မူမည်။ (ရှု၊ figs_metaphor)
ကိုယ်ခန္ဓာနံဝိညာဉ်နှင့်တကွ
ဤဖော်ပြချက်တွင် "အကုန်အစင် ပျက်ဆီးလိမ့်မည်" ဟူသော စကားစုသည် အာရှုရိလူမျိုးများကို ဘုရားသခင်ရှင်းရှင်းပယ်ဖျက်တော်မူမည် ဟူ၍ရည်ရွယ်ထားသည်။ "ကိုယ်ခန္ဓာ" နှင့် "နံဝိညာဉ်" ဟူ၍ လူ၏ ဝိညာဉ်ပိုင်းနှင့် ကိုယ်ခန္ဓာပိုင်းကိုပါ ဖျက်ဆီးမည့်အကြောင်းဖော်ပြထားသည်။ (ရှု၊ figs_merism)
ထိုမင်းသည် နာသောသူကဲ့သို့ အားလျော့ လိမ့်မည်
တောနှင့်အသီးအနှံထွက်သောလယ်များ သို့မဟုတ် အာရှုရိစစ်တပ်သည် သေမည့်နေ့ကိုစောင့်မျှော်နေသော နာမကျန်းလူမမာတစ်ယောက်ကဲ့သို့ ဖြစ်နေပုံကို နှိုင်းယှဉ်ဖော်ပြထားသည်။ ရည်ရွယ်ချက်မှာ အင်မတန်အင်အားကြီးမားသောသူဖြစ်စေကာမူ အားအင်ဆုတ်ယုတ်လာစေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "၎င်းတို့သည် နာနေသောသူကဲ့သို့ အားအင်ဆုတ်ယုတ်ကာ သေဆုံးလိမ့်မည်" (ရှု၊ figs_simile)
ကြွင်းသော တောပင်တို့သည် အနည်းငယ်မျှသာ ဖြစ်လိမ့်မည်
"ကျန်ကြွင်းသော ဘုရင်၏လူများသည် အနည်းငယ်သာဖြစ်လိမ့်မည်"
Isaiah 10:20-21
ထိုအခါမှစ၍
ဘုရားသခင်ပြုတော်မူသော နေ့ရက်ကိုညွှန်းဆိုသည်။ ဟေရှာယ 10:15 တွင်ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဤနေ့ရက်တွင်" (ရှု၊ figs_idiom)
ဘေးလွတ်လျက်
အခြားသောဘာသာပြန်ဆိုချက်၊ "အာရှုရိတပ်များထံမှ လွတ်ကင်းသောသူများ" (ရှု၊ figs_explicit)
မိမိ တို့ကို ညှဉ်းဆဲသောသူ၌ နောက်တဖန် မကိုးစားဘဲ
"မိမိတို့ကို ညှဉ်းပမ်းနှိပ်စက်သော အာရှုရိဘုရင်၌ နောက်တဖန် မမှီခိုရ"
သန့်ရှင်းသောအရှင်
ဟေရှာယ 1:4 ကဲ့သို့ ပြန်ဆိုပါ။
Isaiah 10:22-23
အိုဣသရေလအမျိုး၊ သင်၏အမျိုးသားတို့သည်
"သင်၏" ဟူသော စကားလုံးသည် အနည်းကိန်းဖြစ်သည်။ ဘုရားသခင်သည် ဟေရှာယနှင့် ဣသရေလအမျိုးကို ရည်ညွှန်းပြောဆိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်၏အမျိုးသား ဣသရေလတို့သည် သို့မဟုတ် ဘုရားသခင်သည် ဣသရေလအမျိုးကို "သင်" ဟူ၍ပြောဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အို ဣသရေလလူမျိုး၊ သင်၏အမျိုးသားတို့သည်" (ရှု၊figs_you)
သမုဒ္ဒရာသဲလုံးနှင့်အမျှ များသော်လည်း
အင်မတန်များပြားသော ဣသရေလလူမျိုးများကို ရည်ရွယ်ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မရေတွက်နိုင်အောင် များပြားသောပင်လယ်ကမ်းခြေရှိ သဲလုံးများသဖွယ်" (ရှု၊ figs_simile)
စီရင်ဆုံးဖြတ်သော သုတ်သင် ပယ်ရှင်းခြင်း
အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသခင်သည် ဣသရေလပြည်နယ်တွင် နေထိုင်သောလူမျိုးအများစုကို သုတ်သင်ဖို့မိန့်တော်မူလိမ့်မည်" (ရှု၊ figs_activepassive နှင့် figs_explicit)
တရားသဖြင့် လွှမ်းမိုးရ လိမ့်မည်
အခြားသောဘာသာပြန်ဆိုချက်၊ "ဤအမှုအရာသည် ဖြောင့်မတ်ခြင်းတရားကို ရှာဖွေသောသူအပေါ်၌ ပြုတော်မူလိမ့်မည်" သို့မဟုတ် "ထာဝရဘုရားသခင်သည် တရားသောအမှုကို ပြုလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူသည်ဖြောင့်မတ်တော်မူသောကြောင့်ဖြစ်သည်"
မြေတပြင်လုံးအလယ်၌ စီရင်ဆုံးဖြတ်သော၊ သုတ်သင် ပယ်ရှားခြင်းကို ပြုတော်မူလိမ့်မည်
အဓိပ္ပာယ်ဖွင့်ဆိုချက် (၁) မြေတပြင်လုံး၌ ရှိသမျှတို့ကို သုတ်သင်ပယ်ရှင်းဖို့ဆုံးဖြတ်တော်မူမည်။ (၂) မြေပြင်၌ ရှိသော လူမျိုးတွေကို သုတ်သင်ပယ်ရှင်းမည်။
စီရင်ဆုံးဖြတ်သော
ဆုံးဖြတ်ချက်ချသော။
Isaiah 10:24-25
အာရှုရိ
ဟေရှာယသည် အာရှုရိရှင်ဘုရင်နှင့် သူ၏တပ်ကို ပြောခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အာရှုရိရှင်ဘုရင်နှင့် သူ၏တပ်များ"
သူ၏ ကြိမ်လုံးနှင့် သင့်ကိုရိုက်မည်။ အဲဂုတ္တုမင်း ပြုသည်နည်း တူ သူ၏လှံတံကို သင်၏အပေါ် မှာမိုးလိမ့်မည်
"သူ" ဆိုသည်မှာ အာရှုရိရှင်ဘုရင်နှင့် သူ၏တပ်ကို ရည်ညွှန်းသည်။ "ကြိမ်လုံး" နှင့် "လှံတံ" ဟူသော စကားလုံးသည် လူမျိုးများကို ဆုံးမဖို့ရန်အသုံးပြုသော ကိရိယာဖြစ်သည်။ ဟေရှာယသည် ဣသရေလလူမျိုးတွေကို အုပ်ချုပ်မည့်မင်း အာရှုရိကို ဘုရားသခင်ဒဏ်ခတ်ဆုံးမခြင်းဖြစ်ကြောင်းပြောဆိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အာရှုရိလူမျိုးများသည် သင်တို့ကိုအုပ်ချုပ်၍ ကျွန်ခံစေမည်" (ရှု၊ figs_personification နှင့် figs_metonymy)
အဲဂုတ္တုမင်း ပြုသည်နည်း တူ
အခြားသောဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုရှင်ဘုရင်သည် သင်တို့၏ ဘိုးဘေးများကို အုပ်ချုပ်၍ ကျွန်ပြုသည့်နည်းတူ" (ရှု၊ figs_explicit)
ပျက် စီးခြင်းသို့ရောက်သောအားဖြင့်၊ ငါ့အမျက်သည်ငြိမ်း၍
"ပျက်စီးခြင်း" ဟူသော နာမ်ပုဒ်ကို ကြိယာဖြင့်ဘာသာပြန်ဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့အမျက်တော်သည် သူ့ကို ပျက်စီးခြင်းသို့ရောက်စေလိမ့်မည်" (ရှု၊ figs_abstractnouns)
Isaiah 10:26-27
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ
ဟေရှာယ 1:9 ကဲ့သို့ပြန်ဆိုပါ။
ဒဏ်ခတ် သကဲ့သို့၎င်း
"အာရှုရိလူမျိုးကို နှင်တံဖြင့် ဒဏ်ခတ်လိမ့်မည်" ဘုရားသခင်သည် အာရှုရိလူမျိုးကို ပြစ်ဒဏ်ပြင်းထန်စွာ စီရင်လိမ့်မည် ဟူ၍ ရည်ညွှန်းရေးထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "နှင်တံဖြင့် ပြင်းထန်စွာခံစားရသကဲ့သို့ စီရင်ခံရလိမ့်မည်" (ရှု၊ figs_metaphor)
ဩရဘကျောက်နားမှာ မိဒျန်အမျိုးသားတို့ကို ဒဏ်ခတ် သကဲ့သို့၎င်း
ဘုရားသခင်သည် မိဒျန်တပ်များကိုခြေမှုန်း၍ ဂိဒေါင်ကိုကူညီခဲ့သည့်အချိန်ကို ရည်ညွှန်းပြောဆိုသည်။ (ရှု၊ translate_names)
အဲဂုတ္ထု လက်ထက် ၌ကဲ့သို့တဖန် လှံတံတော်ကို ချီတော်မူမည်
ဤကြောင်းအရာသည် ဘုရားသခင်၏ဣသရေလလူမျိုးတွေကို အဲဂုတ္တုစစ်တပ်၏ ဖမ်းဆီးခြင်းနှင့် ပင်လယ်နီထဲမှ၎င်း ကယ်နှုတ်ပုံကို ရည်ညွှန်းထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် ဘိုးဘေးများကို အဲဂုတ္တုစစ်တပ်မှ ကယ်နှုတ်သကဲ့သို့ အာရှုရိစစ်တပ်မှ ကယ်နှုတ်မစလိမ့်မည်" (ရှု၊ figs_metonymy)
ထိုကာလ၌ သူ၏ဝန်ကို သင်၏ပခုံးပေါ်က၎င်း၊ သူ၏ထမ်းဘိုးကိုသင်၏လည်ပင်းပေါ်က၎င်း ချရ၏
ထာဝရဘုရားသခင်သည် အာရှုရိဘုရင်တင်ထားသော ဝန်ကိုချီမတော်မူ၍ သူတို့လည်ပင်းတွင် တင်ထားသောထမ်းဘိုးကို ဖယ်ရှားပေးတော်မူလိမ့်မည်။ ဤစကားစုနှစ်ရပ်သည် အဓိပ္ပာယ်တူညီသည်။ "ဝန်" နှင့် "ထမ်းဘိုး" ဆိုသည့် စကားလုံးသည် ကျွန်ပြုစေခြင်းအဓိပ္ပာယ်ကိုရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသခင်သည် အာရှုရိလူများ၏ ဖိစီးနှိပ်စက်ခြင်းနှင့် ကျွန်ပြုခြင်းမှ သင့်တို့ကို ကယ်နှုတ်လိမ့်မည်" (ရှု၊ figs_activepassive နှင့် figs_parallelism နှင့် figs_metonymy)
ဆူဝခြင်းကျေးဇူးကြောင့် ထမ်းဘိုးပျက်စီးရ၏
ဤဖော်ပြချက်တွင် ထမ်းဘိုးပျက်စီးရခြင်း၏ အကြောင်းမှာ ဆူဖြိုးသောတိရစ္ဆာန်၏လည်ပင်းတွင်ထမ်းဘိုးသည် အံဝင်ဂွင်ကျမဖြစ်သကဲ့သို့ နှိုင်းယှဉ်ဖော်ပြထားသည်။ ဤနှိုင်းယှဉ်ချက်သည် ဣသရေလလူမျိုးများ အင်အားကြီးမားလာ၍ အာရှုရိလူမျိုးများ မအုပ်ချုပ်လာနိုင်ကြောင်းဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်၏ လည်ပင်းသည် အလွန်ဝဖြိုးလာ၍ ထမ်းဘိုးပျက်စီးလိမ့်မည်" သို့မဟုတ် "သင်သည် အလွန်သန်မာလာသောကြောင့် အာရှုရိလူမျိုးများထံ ကျွန်မခံရတော့ပါ" (ရှု၊ figs_activepassive နှင့် figs_metaphor)
Isaiah 10:28-29
ရောက်လေပြီ ... လွန်သွားပြီ ... ချထားပြီ ... လွန်ကြပြီ ... စားခန်းချ ကြပြီ ... ကြောက်လန့်လျက်ရှိ၏ ... ပြေး၏
ဟေရှာယသည် အနာဂါတ်ကာလတွင်ဖြစ်ပျက်မည့်အရာကို ဖြစ်ပျက်ပြီးသကဲ့သို့ပြောဆိုထားသည်။ (ရှု၊ figs_pastforfuture)
အာရပ် ... မိဂရုန် ... မိတ်မတ် ... ဂေဗ ... ရာမ ... ဂိဗာ
ဤမြို့များသည် ယေရုရှလင်မြို့အနီးနားတွင်ရှိ၍ အာရှုရိတပ်များ၏ နှိမ်နင်းခြင်းခံရသောမြို့ရွာများဖြစ်သည်။ (ရှု၊ translate_names)
ရာမမြို့သည် ကြောက်လန့်လျက်ရှိ၏။ ရှောလု နေရာဂိဗာမြို့သည် ပြေး၏
"ရာမလူမျိုးများကြောက်လန့်၍ ရှောလုနေရာ ဂိဗာလူမျိုးများ ထွက်ပြေးကြ၏" (ရှု၊ figs_metonymy)
Isaiah 10:30-32
အိုဂလ္လိမ်မြို့သမီး
"သမီး" ဆိုသည်မှာ ဤစကားစုတွင်မြို့၌နေထိုင်သော လူများကို ရည်ညွှန်းထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဂလ္လိမ်" သို့မဟုတ် "ဂလ္လိမ်လူမျိုး" (ရှု၊figs_idiom)
ဂလ္လိမ် ... အိုလဲရှ ... အာနသုတ် ... မာဒမေန ... ဂေဗိပ် ... နောဘ
ဤမြို့ရွာများသည် ယေရုရှလင်မြို့အနားတွင်ရှိသော နေရာများ၏နာမည်များဖြစ်သည်။ ထိုမြို့များသည် အာရှုရိတပ်များကြောင့် တိမ်းရှောင်ကာကြောက်လန့်နေရသည်။ (ရှု၊ figs_metonymy နှင့် translate_names)
နောဘမြို့၌တရက်နေပြီးမှ မိမိ လက်ကို လှုပ်လိမ့်မည်။
ဤညွှန်းဆိုချက်သည် အာရှုရိရှင်ဘုရင်နှင့် သူ၏စစ်သည်များကို ဆိုလိုသည်။ သူ၏ လူများ၏လက်များဖြင့် ဣသရေလူမျိုးများကိုကြောက်ရွံ့တုန်လှုပ်စေမည်ဖြစ်ကြောင်းပြောထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "နောဘမြို့၌ တစ်ရက်စခန်းချပြီးမှ အာရှုရိစစ်တပ်များအား ယေရုရှလင်မြို့ကို ခြောက်လှန့်စေသည်" (ရှု၊ figs_idiom)
ဇိအုန်သတို့သမီး၏ တောင်တည်းဟူသော ယေရှုရှလင်တောင်
"တောင်" နှင့် "တောင်ရိုး" ဟူသော စကားလုံးမှာ ထိုနေရာ၌နေထိုင်သောလူများကို တင်စား၍ခေါ်ဝေါ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဇိအုန်တောင်ရှိလူများနှင့် ယေရုရှလင်မြို့တောင်ရိုးတွင်နေထိုင်သောလူများ" သည် "ဇိအုန်သတို့သမီး" ဟူသော စကားလုံးနှင့်အဓိပ္ပာယ်တူညီသည်။ ဟေရှာယ 2:14 ဘာသာပြန်ဆိုချက်တွင်ကြည့်ရန်။ (ရှု၊ figs_metonymy နှင့် figs_doublet)
Isaiah 10:33-34
ကြည့်လော့
ဤဘာသာပြန်ဆိုချက်သည် "နားထောင်" သို့မဟုတ် "ကြည့်ရှုလော့" ဟူသည်မှာ မိမိပြောဆိုသောစကားကို အာရုံစူးစိုက်နားထောင်ရန်ရေးထားသည်။
ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား
ဟေရှာယ 1:9 ဘာသာပြန်ဆိုချက်တွင်ကြည့်ရန်။
လေဗနန်တောသည် တန်ခိုးကြီးသော သူ၏လက်အားဖြင့် လဲလျက်နေလိမ့်သတည်း
ဟေရှာယသည် အာရှုရိတပ်များကို လေဗနန်ရှိမြင့်သော သစ်ပင်နှင့်ခိုင်းနှိုင်းပြောဆိုထားသည်။ တောအုပ်ကို ခုတ်လှဲသကဲ့သို့ ဘုရားသခင်သည် အာရှုရိစစ်တပ်များကို ပယ်ရှင်းဖျက်ဆီးလိမ့်မည်။ ဤဖော်ပြပါ ရည်ရွယ်ချက်သည် အင်အားကြီးမားသောစစ်တပ်ဖြစ်သော်လည်း တန်ခိုးကြီးသောဘုရားသခင်က ဖျက်ဆီးပစ်နိုင်သည်။ (ရှု၊ figs_metaphor)
အခက် တို့ကို ခုတ်လှဲ၍
"ကြီးမားသော အကိုင်းအခတ်များကို ခုတ်လှဲမည်"။ ဤဖော်ပြချက်သည် အာရှုရိတပ်များကို ရည်ညွှန်းထားကြောင်း ရှင်းလင်းစွာတွေ့ရှိနိုင်သည်။ "သူသည် ကြီးမားသော အကိုင်းအခတ်များကို ခုတ်လှဲသကဲ့သို့ အာရှုရိတပ်ရှိ အင်အားကြီးသောလူများကို ဖျက်ဆီးလိမ့်မည်" (ရှု၊ figs_metaphor)
ကြောက်မက်ဘွယ်သော အခြင်းအရာ
"ကြောက်မက်ဖွယ်သောအသံကဲ့သို့" ပျက်စီးဆုံးရှုံးလိမ့်မည်ဟူ၍ ပြောဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အကိုင်းအခတ်များ ခုတ်လှဲခံရ၍မြေပြင်သို့ ကြောက်မက်ဖွယ်အသံကြီးဖြင့်လှဲကျလိမ့်မည်" သို့မဟုတ် "အကိုင်းအခက်များသည် ကြောက်မက်ဖွယ်သောအသံဖြင့်မြေပြင်တွင်လှဲကျလိမ့်မည်" (ရှု၊ figs_abstractnouns)
အရပ်မြင့်သော အခက် တို့ကို ခုတ်လှဲ၍
အခြားသောဘာသာပြန်ဆိုချက်၊ "မြင့်သောအပင်များကို ခုတ်လှဲလိမ့်မည်" (ရှု၊ figs_activepassive)
အရပ်မြင့်သော အခက်
"အသန်မာဆုံးသော စစ်သည်တော်များ" ကိုခိုင်းနှိုင်းညွှန်းဆိုသည်။ (ရှု၊ figs_metaphor)
ကြီးမားသော အခက်တို့ကို နှိမ့်ချ တော်မူမည်
ဤအရာသည် ပြုခြင်းပုံစံဖြင့်ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မြင့်မား၊ ကြီးမားသောလူမျိုးကို သူသည်အောက်နှိမ့်ချတော်မူမည်" (ရှု၊ figs_metaphor)
ကြီးမားသော
ဝါကြွားသော။
တောအုပ်
"ထူထပ်၊ သိပ်သည်းသောတောအုပ်"ဤအကြောင်းအရာသည် အထင်ကရမရှိသော သာမညလူများကိုဆိုလိုသည်။ (ရှု၊ figs_metaphor)
လေဗနန်တောသည် တန်ခိုးကြီးသော သူ၏လက်အားဖြင့် လဲလျက်နေလိမ့်သတည်း
"လေဗနန်းတော်သည် တည်တံ့စွာကြီးကျယ်ခမ်းနားနေမည်မဟုတ်" ဤခိုင်းနှိုင်းချက်သည် အာရှုရိတပ်သားများကို ပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသခင်သည် တန်ခိုးကြီးသောအာရှုရိတပ်များကို နှိမ်နင်းလိမ့်မည်" (ရှု၊ figs_metaphor)
Isaiah 11
Isaiah 11:1-2
ယေရှဲအမျိုးအငုတ်၌ အတက်ပေါက်လိမ့်မည်။ သူ၏အမြစ်တို့တွင် အညွန့်သည် အသီးသီးလိမ့်မည်
ဟေရှာယသည် ယေရှဲအမျိုးမှ ဆင်းသက်သောအမျိုးအနွယ်များသည် သစ်ပင်တစ်ပင်ကဲ့သို့ ခုတ်လှဲခြင်းခံခဲ့ရကြောင်းပြောဆိုထားသည်။ ဤစကားစုနှစ်ရပ်သည် ယေရှဲအမျိုးအနွယ်ထဲက ဘုရင်ပေါ်ထွန်းလာမည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သစ်ပင်အငုတ်၌ အတက်ပေါက်သကဲ့သို့ ယေရှဲအမျိုးမှ ဆင်းသက်လာသောမျိုးနွယ်စု၌ ရှင်ဘုရင်ပေါ်ထွန်းလိမ့်မည်" (ရှု၊ figs_parallelism နှင့် figs_metaphor)
ယေရှဲအမျိုးအငုတ်၌
သစ်ပင်ကို ခုတ်လှဲ၍ ကျန်ကြွင်းနေသော သစ်ငုတ်တိုဖြစ်သည်။ "ယေရှဲအမျိုးအငုတ်၌" ဟုဆိုရာတွင် တစ်ချိန်က ဒါဝိဒ်ရှင်ဘုရင်၊ ယေရှဲ၏သားတည်ထောင်ခဲ့သောနိုင်ငံတော်ခေတ်မှ ကျန်နေသောမျိုးနွယ်ကို ကိုယ်စားပြုခြင်းဖြစ်သည်။ (ရှု၊ figs_metaphor)
ထာဝရဘုရား၏ ဝိညာဉ်တော်သည် ထိုသူအပေါ်မှာ ကျိန်းဝပ်တော်မူလိမ့်မည်
ကျိန်းဝပ်တော်မူခြင်းဆိုသည်မှာ ထိုသူကို ကိုယ်စားပြုခြင်းနှင့်ကူညီမစတော်မူခြင်းဖြစ်သည်။ "ထိုသူ" ဟူသောစကားလုံးသည် ရှင်ဘုရင်ဖြစ်လာမည့်သူကိုရည်ညွှန်းသည်။ (ရှု၊ figs_metaphor)
ဉာဏ်ပညာကို ပေးသောဝိညာဉ် ... ကြံစည်တတ် စွမ်းနိုင် သော သတ္တိကိုပေးသောဝိညာဉ် ... ထာဝရဘုရားကိုသိ၍ ကြောက်ရွံ့သောသဘောကို ပေးသောဝိညာဉ်တော်
ဤဖော်ပြထားသော "ဝိညာဉ်တော်" ဆိုသည့် စကားလုံးသည် တတ်စွမ်းခြင်း သို့မဟုတ် ထာဝရဘုရား၏ဝိညာဉ်တော်သည် ထိုသူ၌ပေးထားသည့်အစွမ်းပင်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုသူသည် ဉာဏ်ပညာနှင့် တတ်စွမ်းနိုင်သောဉာဏ်၊ ကြံစည်တတ်စွမ်းနိုင်သောသတ္တိနှင့် ထာဝရဘုရားကိုသိ၍ ကြောက်ရွံ့၏" (ရှု၊ figs_metonymy)
Isaiah 11:3-5
ဆက်စပ်မှုဖော်ပြချက်
ဟေရှာယသည် ထိုရှင်ဘုရင်ကိုဆက်လက်၍ဖော်ပြသည်။
မိမိမျက်စိမြင်သည်အတိုင်း တရားမစီရင်
"မိမိမျက်စိမြင်သည့်အတိုင်းတရားမစီရင်" ဆိုသည့် စကားရပ်သည် လူပုဂ္ဂိုလ်တစ်ဦးကို မြင်တွေ့သည့်အတိုင်းမစီရင်ကြောင်းဖော်ပြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုသူသည် လူတစ်ဦးကို သူမြင်သည့်အတိုင်းစီရင်လိမ့်မည်မဟုတ်" (ရှု၊ figs_explicit)
မိမိနားကြားသည်အတိုင်းမဆုံးဖြတ်ဘဲ
ဤစကားရပ်သည်လည်း ထိုသူသည်လူတစ်ဦးကို လူများပြောဆိုသည့်အတိုင်းကြား၍ မဆုံးဖြတ်ကြောင်းကိုညွှန်းဆိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုသူသည် သူများပြောဆိုသည်ကို မိမိကြားသည့်အတိုင်း စီရင်ဆုံးဖြတ်ခြင်းမရှိပေ" (ရှု၊ figs_explicit)
ဆင်းရဲသား ...နှိမ့်ချသော ... မြေကြီးသား
ဤစာပိုဒ်သည် "ဆင်းရဲသောသူများ ... နှိမ့်ချသောသူများ ... ဆိုးသွမ်းသောသူများ" ဟူ၍ ရည်ရွယ်ဖော်ပြထားသည်။ (ရှု၊ figs_nominaladj)
မြေကြီးကိုနှုတ်က ပတ်တော် လှံတံနှင့် ဒဏ်ခတ်၍၊ ဆိုးသောသူကို နှုတ်ခမ်း ထွက်သက်နှင့် ကွပ်မျက်လိမ့်မည်
ဤစာပိုဒ်နှစ်ခုသည် ဆိုလိုရင်းအဓိပ္ပါယ်တူညီသည်။ (ရှု၊ figs_parallelism)
မြေကြီးကိုနှုတ်က ပတ်တော် လှံတံနှင့် ဒဏ်ခတ်၍
"မြေကြီး" ဆိုသည့်စကားလုံးသည် ကမ္ဘာမြေကြီးပေါ်ရှိလူများကို ပုံဆောင်၍ပြောဆိုသည်။ "နှုတ်ကပတ်တော်လှံတံနှင့် ဒဏ်ခတ်ခြင်း" ဆိုသည်မှာ ထိုသူတို့ကို တရားစီရင်ဒဏ်ခတ်ခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် မြေကြီးပေါ်ရှိလူများကို စီရင်၍ ဒဏ်ခတ်တော်မူလိမ့်မည်" (ရှု၊ figs_metonymy)
ဆိုးသောသူကို နှုတ်ခမ်း ထွက်သက်နှင့် ကွပ်မျက်လိမ့်မည်
"နှုတ်ခမ်းထွက်သက်" ဆိုသည်မှာ သူတို့ကို တရားစီရင်ခြင်းကိုပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် ဆိုးသွမ်းသောသူများကို တရားစီရင်၍ ကွပ်မျက်လိမ့်မည်" (ရှု၊ figs_metonymy)
သူ၏ ခါးပန်း ခါးစည်း ဖြစ်လိမ့်မည်
အဓိပ္ပာယ်ဖွင့်ဆိုချက် (၂) မျိုးရှိသည်။ ၁) ခါးပန်း၊ ခါးစည်းကို အဝတ်အထည်၌ လုံခြုံစွာစည်း၍ အလုပ်လုပ်ဆောင်ကြသည်။ သန်စွမ်းစွာလှုပ်ရှားနိုင်စေသည်။ (၂) ခါးပန်း၊ ခါးစည်းသည် ရှင်ဘုရင်ဝတ်ဆင်လျှင် သူ၏အခွင့်အာဏာဖော်ပြခြင်းဖြစ်သည်။
တရားနှင့်သစ္စာသည် သူ၏ ခါးပန်း ခါးစည်း ဖြစ်လိမ့်မည်
သစ္စာတရားကို ခါးပန်း၊ ခါးစည်းကဲ့သို့ ဝတ်ဆင်ခြင်းကို ပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ၏ ဖြောင့်မတ်ခြင်းဟူသော သစ္စာတရားသည် ခါးပန်း၊ခါးစည်းကဲ့သို့ ဝန်းရံနေသည်။ ရှင်ဘုရင်၏အခွင့်အာဏာ၊ စိုးစံခြင်းသည် သူ၏ ဖြောင့်မတ်ခြင်းကိုဖော်ပြသည်" အခြားသောဘာသာပြန်ဆိုချက်၊ "ဖြောင့်မတ်စွာအုပ်ချုပ်စိုးစံလိမ့်မည်" (ရှု၊ figs_metaphor)
သစ္စာသည် သူ၏ ခါးပန်း ခါးစည်း ဖြစ်လိမ့်မည်
အခြားသောဘာသာပြန်ဆိုချက်၊ "သစ္စာတရားသည် ခါးပန်း၊ ခါးစည်းကဲ့သို့ဝန်းရံနေသည်" (ရှု၊ figs_ellipsis)
Isaiah 11:6-7
ယေဘုယျအချက်အလက်
ဟေရှာယသည် ထိုရှင်ဘုရင်အုပ်စိုးသည့် ကမ္ဘာမြေကိုပုံဖော်အောင်ပြသထားသည်။ ငြိမ်သက်၊ ငြိမ်းချမ်းခြင်းလုံးလုံးပြည့်ဝသော ကမ္ဘာမြေဖြစ်လိမ့်မည်။ ဤငြိမ်းချမ်းခြင်းသည် တောရိုင်းတိရိစ္ဆာန်များ၌ပင်ဖြစ်ပေါ်စေသည်။ တိရိစ္ဆာန်များအချင်းချင်း တစ်ကောင်နှင့်တစ်ကောင် သတ်ဖြတ်ခြင်းမှ ကင်းဝေး၍ ဘေးရန်ကင်းလုံခြုံစွာနေထိုင်ကြလိမ့်မည်။
တောခွေး ... ကျားသစ် ... ခြင်္သေ့သငယ် ... ဝံမ ... ခြင်္သေ့
ဤစာပိုဒ်များသည် တိရိစ္ဆာန်များကို ရည်ညွှန်းဖော်ပြသည်။ ဤအကောင်များသည် သန်မာသော တိရိစ္ဆာန်များဖြစ်၍ အချင်းချင်းကိုက်ဖြတ်စားသောက်ကြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တောခွေးများ ... ကျားသစ်များ ... ခြင်္သေ့ပျိုများ ... ဝက်ဝံများ ... ခြင်္သေ့များ" (ရှု figs_genericnoun)
သိုးသငယ် ... ဆိတ်သငယ် ... နွားသငယ် ... ဆူအောင်ကျွေးသောအကောင်တို့ ... နွားမ ... နွား
ဤစာပိုဒ်များသည် မြက်ပင်စားသော တိရိစ္ဆာန်အားလုံးကို ယေဘုယျရည်ညွှန်းထားသည်။ ရိုင်းစိုင်းသော အသားစားတိရိစ္ဆာန်များသည် ဤအကောင်များကို တိုက်ခိုက်စားသောက်လေ့ရှိသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သိုးသငယ်များ ... ဆိတ်သငယ်များ ... နွားသငယ်များ ... ဆူဖြိုးသောအကောင်များ ... နွားများ" (ရှု၊ figs_genericnoun)
ကျားသစ်
အဝါရောင်အမွှေးပေါ်တွင် အမည်းပြောက်စက်ရှိ၍ တခြားသော အကောင်ငယ်များကို ကိုက်ပြတ်စားသောက်သည့်ကြီးမားသောတောကြောင်အမျိုးအစားဖြစ်သည်။ (ရှု၊ translate_unknown)
နွားသငယ်၊ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသော အကောင်တို့သည် အတူသွားလာကြ၍
ဤစာပိုဒ်သည် "ဖြစ်လာလိမ့်မည်" ကိုရေးသားထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "နွားသငယ်၊ ခြင်္သေ့သငယ်နှင့် ဆူဖြိုးသောအကောင်များ အတူတကွနေထိုင်လိမ့်မည်" (ရှု၊ figs_ellipsis)
ဝက်ဝံ
အင်မတန်ကြီးမား၍ အမွှေးထူထပ်ကာ ချွန်ထက်သော လက်သည်းများဖြင့် အကောင်ငယ်များကို ကိုက်ဖြတ်စားသောက်သည်။ (ရှု၊ translate_unknown)
လူသူငယ်သည် သူတို့ကို ပို့ဆောင်လိမ့်မည်
လူသူငယ်သည် ကောင်းမွန်သောစားကျက်ရှိသည့်နေရာ နှင့် သောက်သုံးရေရှိသောနေရာသို့ လမ်းပြခေါ်ဆောင်လိမ့်မည်။
အတူကျက်စားကြလိမ့်မည်
"အတူတကွ မြက်ကိုစားသောက်လိမ့်မည်"
သူတို့ သားငယ်
ဤစကားလုံးသည် တိရိစ္ဆာန်များမွေးသော အကောင်ငယ်များကို ဆိုလိုသည်။
Isaiah 11:8-9
ယေဘုယျအချက်အလက်
ဟေရှာယသည် ဆက်လက်၍ ထိုဘုရင်အုပ်စိုးသည့် ကာလသည် လုံးဝပြည့်စုံစွာငြိမ်းချမ်းမည်ဖြစ်ကြောင်းကို ဖော်ပြထားသည်။
နို့စို့သူငယ်သည်လည်း မြွေဆိုးတွင်းပေါ်မှာ ကစားလိမ့်မည်
ဤဖော်ပြချက်သည် ရှင်းလင်းစွာနားလည်နိုင်သည်။မြွေဆိုးများသည် ကလေးသူငယ်ကို အန္တရာယ်မဖြစ်စေပါ။ ဘေးရန်ကင်းရှင်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "နို့စို့သူငယ်များသည်လည်း မြွေဆိုးတွင်းပေါ်တွင် ကစားလိမ့်မည်" (ရှု၊ figs_explicit)
မြွေ ဟောက်တွင်းဝ၌
ဤစာပိုဒ်သည် အဆိပ်ပြင်းသောမြွေများကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မြွေများ ... မြွေဟောက်များရှိသည့် သားရဲတွင်း" (ရှု၊ figs_genericnoun)
နို့ကွာသော သူငယ်
မိခင်၏နို့ မစို့တော့သည့် ကြီးပြင်းကာစသူငယ်။
ငါ၏ သန့်ရှင်းသောတောင်တပြင်လုံး၌
ယေရုရှလင်မြို့၌ရှိသော ဇိအွန်တောင်ကို "သန့်ရှင်းသောတောင်" ဟုခေါ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသခင်၏ သန့်ရှင်းသောတောင်တပြင်လုံး၌"
မြေကြီးသည် ထာဝရဘုရားကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်
"ထာဝရဘုရားသခင်ကို သိကျွမ်းခြင်းပညာ" ဟူသောစကားစုသည် ထာဝရဘုရားအား သိသောလူများကို ပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မြေကြီးသည် ဘုရားသခင်ကို သိသောလူများနှင့် ပြည့်စုံလိမ့်မည်" သို့မဟုတ် "ဘုရားသခင်ကို သိကျွမ်းသောလူများဖြင့် မြေကြီးသည် လွှမ်းမိုးလိမ့်မည်" (ရှု၊ figs_metonymy)
ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို့
ဤစကားစုသည် ထာဝရဘုရားသခင်အား သိကျွမ်းသောလူများ မြေကြီးပေါ်တွင် မည်မျှပြည့်လျှံလွှမ်းမိုးလိမ့်မည်ကို ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပင်လယ်ရေသည် ရေများဖြင့်ပြည့်နေသကဲ့သို့" (ရှု၊ figs_simile)
Isaiah 11:10-11
ယေရှဲ၏အမြစ်
ယေရှဲ၏သား၊ ဒါဝိဒ်ရှင်ဘုရင်မှ ဆင်းသက်လာသော မျိုးဆက်မှ ရှင်ဘုရင်ပေါ်ထွန်းမည်ဟူ၍ ဟေရှာယ ၁၁:၁ တွင်လည်း ညွှန်းဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယေရှဲအမျိုးမှ ဆင်းသက်လာသော ဘုရင်မျိုးနွယ်" သို့မဟုတ် "ယေရှဲမျိုးနွယ်မှ ရှင်ဘုရင်မင်းဆက်" (ရှု၊ figs_metonymy)
လူ များအဘို့ထူသောအလံ ဖြစ်လိမ့်မည်
အောင်လံတော်အလံကို လွှင့်ထူခြင်းသည် ပြည်သူများ ဘုရင်ကိုဖူးမျှော်ရန်အတွက် ကြွလာခြင်းအမှတ်လက္ခဏာဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပြည်သူလူထုများအတွက် အမှတ်လက္ခဏာဖြစ်သည်" သို့မဟုတ် "ဘုရင်ကို ကြည့်မျှော်ရန်လွှင့်ထူသော အလံဖြစ်သည်" (ရှု၊ figs_simile)
တပါးအ မျိုးသားတို့သည်
"တိုင်းနိုင်ငံများမှ လူများ"
ထိုကာလ၌ ထာဝရဘုရားသည် လက်တော်ကို ဆန့်၍ ကိုယ်တော်၏ လူတို့ကို ကယ်ယူခြင်းငှါ တဖန်ပြုတော်မူလိမ့်မည်
"ထိုလက်တော်" ဆိုသည်မှာ ဘုရားသခင်၏ တန်းခိုးအစွမ်းသတ္တိကို ရည်ညွှန်းခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် သူ၏တန်ခိုးအစွမ်းသတ္တိကို တဖန်အသုံးပြု၍ ကျန်ကြွင်းသော သူ့လူများကို ခေါ်ဆောင်ယူလိမ့်မည်" (ရှု၊ figs_metonymy)
ပါသရုပြည် ... ဧလံပြည် ... ဟာမတ်ပြည်
နေရာဒေသများ၏ နာမည်များဖြစ်သည်။ (ရှု၊ translate_names)
Isaiah 11:12-13
တပါးအမျိုးသားတို့အဘို့ အလံကိုထူတော်မူ သဖြင့်
အဓိပ္ပာယ်ဖွင့်ဆိုချက် (၂) မျိုးရှိသည်။ (၁) ဘုရားသခင်သည် လူမျိုးများအတွက် ရှင်ဘုရင်ကို အလံလွှင့်ထူသကဲ့သို့ နေရာချထားတော်မူမည်။ (၂) ရှင်ဘုရင်သည် လူမျိုးများအတွက် အောင်လံကို လွှင့်ထူမည်။ (ရှု၊ figs_metaphor)
တပါးအမျိုးသားတို့အဘို့ အလံ
"တပါးအမျိုးသားများ မြင်နိုင်ဖို့ရန်လွှင့်ထူသော အလံ" သို့မဟုတ် "လူမျိုးများကို ခေါ်ဆောင်သောအလံ"
အရပ် ရပ်ကွဲပြားသောယုဒအမျိုးသား
ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့နေသော ယုဒလူမျိုးများ။
မြေကြီးလေး မျက်နှာတို့မှ
ဤဖော်ပြချက်တွင် ကမ္ဘာ့မြေအရပ်ရပ်မှ လူမျိုးများကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အင်မတန် ဝေးလံသောအရပ်၊ ကွာဝေးသောနေရာမှလူမျိုးများ" သို့မဟုတ် "မြေကြီးအရပ်ရပ်မှလာသော" (ရှု၊ figs_synecdoche)
ဧဖရိမ်အမျိုးသည် ငြူစူသောစိတ်ငြိမ်းလိမ့်မည်
ဧဖရိမ်လူမျိုးသည် ဣသရေလနိုင်ငံမြောက်ပိုင်းမှ ဆင်းသက်လာသော မျိုးနွယ်စုဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် ဧဖရိမ်လူမျိုးများ၏ မနာလို၊ ရန်လိုမှုမှ ရန်ငြိမ်းစေမည်" (ရှု၊ figs_abstractnouns)
ရန်ပြုတတ်သော ယုဒအမျိုးသားတို့သည်လည်း၊ ရန်ပြေ ကြလိမ့်မည်
ယုဒလူမျိုးများသည် ဣသရေလတောင်ပိုင်းနိုင်ငံမှ ဆင်းသက်လာသောအနွယ်များဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် ရန်ပြုတတ်သော ယုဒလူမျိုးများကို ရန်ငြိမ်းစေလိမ့်မည်" သို့မဟုတ် "သူသည် ရန်ဘက်ပြုခြင်းမှ ယုဒလူမျိုးများကို ရန်ငြိမ်းစေလိမ့်မည်" (ရှု၊ figs_activepassive)
Isaiah 11:14-15
သူတို့သည် အနောက်ဘက်၌ ဖိလိတ္တိလူများကို လိုက်၍ တိုက်ကြလိမ့်မည်
ဣသရေလလူများနှင့် ယုဒလူမျိုးများကို ငှက်များကဲ့သို့ လျင်မြန်စွာပျံသန်းပြီး တိရိစ္ဆာန် သို့မဟုတ် လူကိုတိုက်ခိုက်သကဲ့သို့ ပုံဖော်ထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် ဖိလိတ္တိလူမျိုးများ နေထိုင်သော တောင်ရိုးတလျှောက်ကို လျင်မြန်စွာတိုက်ခိုက်သိမ်းယူလိမ့်မည်" (ရှု၊ figs_metaphor)
အဲဂုတ္တုပင်လယ်ကွေ့
"ပင်လယ်ကွေ့" သည် အင်မတန်ကြီးမားသော ပင်လယ်ကို ဝန်းရံထားသော ကုန်းမြေပြင်ဖြစ်သည်။
ပြင်းစွာသောလေတော် နှင့် တကွလက်တော်ကိုမြစ် ပေါ်မှာလှုပ်၍၊ ချောင်းခုနစ် သွယ်ဖြစ်စေခြင်းငှါ ရိုက်ခတ်တော်မူသဖြင့်
"လက်တော်ကို မြစ်ပေါ်မှာ ပြင်းစွာလှုပ်၍" ဟုဆိုသည်မှာ ဘုရားသခင်သည် သူ၏တန်ခိုးအစွမ်းဖြင့် ကြီးစွာသော ပြောင်းလဲမှုကို ပြုတော်မူမည်ဟူ၍ ပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ၏ တန်ခိုးအစွမ်းဖြင့် ပူပြင်းလောင်မြိုက်သော မီးလေကို မြစ်ကြီးပေါ်တွင် ပြင်းစွာတိုက်ခတ်စေမည်" (ရှု၊ figs_metaphor)
ပြင်းစွာသောလေတော်
အင်အားပြင်းသောလေ သို့မဟုတ် မီးပြင်းလေဖြစ်ပြီး မြစ်ကြီးကို ခမ်းခြောက်သွားစေမည် ဟူ၍ပုံဆောင်သည်။
လူတို့သည် ခြေနင်းစီးလျက် ကျော်သွားကြလိမ့်မည်
လူတို့သည် ခြေနင်းစီးလျက် မြစ်ကို ကျော်ဖြတ်နိုင်ကြလိမ့်မည်။
Isaiah 11:16
လူတို့သွားရာလမ်း ကြီး
လူများစွာ သွားလာနိုင်သော လမ်းမကြီးဖြစ်စေမည်။ "ထာဝရဘုရားသခင် လမ်းမကြီးကို ဖြစ်စေတော်မူလိမ့်မည်"
အဲဂုတ္တုပြည် မှထွက်သွားသောအခါ၌ ဖြစ်သကဲ့သို့
"အဲဂုတ္တုပြည်မှ ကျန်ကြွင်းသော လူများပြန်လာသကဲ့သို့"
Isaiah 12
Isaiah 12:1-2
ယေဘုယျအချက်အလက်
ဟေရှာယသည် ဆက်လက်၍ ဘုရားသခင်ရွေးချယ်ခန့်ထားသောရှင်ဘုရင်ကို ဖော်ဆောင်ပြောဆိုသည်။ (ရှု၊ (Isaiah 11:1-2)
ထိုကာလ၌
၎င်းသည် မည်သည့်ကာလတွင် ဖြစ်ပျက်မည်ကို ရှင်းလင်းစွာဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုအချိန်၌" သို့မဟုတ် "ထိုဘုရင်အုပ်စိုးသောကာလ၌" (ရှု၊ INVALID translate/figs-explicit)
အမျက်တော်ငြိမ်း၍
ဘုရားသခင်၏ "အမျက်တော်ငြိမ်း၍" ဟုပြောဆိုရာတွင်တစ်စုံတစ်ယောက်သည် လှည့်ထွက်သွားသကဲ့သို့ ဘုရားသခင်ကလည်း သူ၏အမျက်တော်ကိုထားခဲ့သည်။ ရပ်စဲလိုက်သည် ဆိုသည့်အဓိပ္ပာယ်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် ကျွန်ုပ်နှင့် အမျက်ရှိတော့ပါ" (ရှု၊ INVALID translate/figs-personification)
ဘုရားသခင်သည် ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော််မူ၏
အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ကျွန်ုပ်ကိုကယ်တင်ခြင်းအမှုပြုတော်မူ၏" သို့မဟုတ် "ဘုရားသခင်သည် ကျွန်ုပ်၏ ကယ်တင်ရှင်ဖြစ်သည်" သို့မဟုတ် "ဘုရားတစ်ပါးတည်းသာ ကျွန်ုပ်ကို ကယ်တင်တော်မူသည်" (ရှု၊ INVALID translate/figs-metaphor နှင့် [https://git.door43.org/Alice_Khun/en_ta/src/branch/master/translate/figs-abstractnouns/01.md]])
ထာဝရဘုရားသည် ငါ၏ ရဲစွမ်းသတ္တိဖြစ်တော်မူ၏
ဘုရားသခင်သည် တစ်စုံတစ်ဦးကို ကြောက်လန့်သောစိတ်မရှိဘဲ သန်မာရဲရင့်စေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသခင်သည် ကျွန်ုပ်ကို ရဲရင့်၊ သန်မာစေသည်" (ရှု၊ INVALID translate/figs-metaphor)
ငါ သီချင်းဆိုရာ
"သီချင်းဆိုရာ" ဟူသော စကားလုံးသည် ရွှင်လန်းဝမ်းမြောက်ခြင်းမှ ထွက်ပေါ်လာသောအသံဖြစ်သည်။ (ရှု၊ INVALID translate/figs-metaphor)
ငါ့ကို ကယ်တင်တော်မူသော အရှင်ဖြစ်တော်မူ၏
ငါ့ကို ကယ်တော်မူသောအရှင်ဖြစ်သည်။
Isaiah 12:3-4
သင်တို့သည် ဝမ်းမြောက်သော စိတ်နှင့်ကယ် တင်ခြင်းစမ်းရေတွင်းတို့၌ ရေခပ်ရကြလိမ့်မည်
ဟေရှာယသည် ကယ်တင်ခြင်းခံရသော လူမျိုးများကို ရေတွင်းထဲမှ ရေခပ်ယူသကဲ့သို့ တင်စားထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့သည် ကယ်တင်ခံရသော အချိန်တွင် ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့၏ စမ်းရေတွင်းမှရေကို ခပ်ယူကြသကဲ့သို့ ရွှင်လန်းဝမ်းမြောက်ကြလိမ့်မည်" (ရှု၊ figs_metaphor)
နာမတော်ကို ပဋ္ဌနာပြုကြလော့
"နာမတော်" ဆိုသည်မှာ ထာဝရဘုရားသခင်ကို ရည်ညွှန်းခြင်းဖြစ်သည်။ နာမတော်ကို ခေါ်ဆိုခြင်းဆိုသည်မှာ သူ့ကို ချီးမွမ်းခြင်းနှင့် အကူအညီတောင်းခံခြင်းကို ပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ့ကို အော်ဟစ်ချီးမွမ်းခြင်း" သို့မဟုတ် "အော်ဟစ်အကူအညီတောင်းခြင်း" (ရှု၊ figs_metonymy)
အမှုတော်တို့ကို လူများတို့တွင် ဘော်ပြလော့
ဘုရားသခင် လုပ်ဆောင်သော အမှုအရာကို ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်လုပ်ဆောင်သော၊ ကြီးမြတ်သော အမှုတော်မြတ်ကို လူမျိုးတိုင်းအား ကြားပြောလော့" (ရှု၊ figs_abstractnouns)
နာမတော်သည် မြင့်မြတ်သောကြောင့်ချီးမွမ်းကြလော့
အခြားသောဘာသာပြန်ဆုချက်၊ "သူ၏ မြင့်မြတ်သော အမှုအရာကို ချီးမွမ်းကြွေးကြော်လော့" သို့မဟုတ် "သူသည် ကြီးမြတ်တော်မူကြောင်းကို ကြွေးကြော်လော့"
Isaiah 12:5-6
ယေဘုယျအချက်အလက်
ဟေရှာယသည် ထိုရှင်ဘုရင်အုပ်စိုးခြင်းကို ဆက်လက်ဖော်ပြသည်။
ဣသရေလအမျိုး၏ သန့်ရှင်းသောဘု ရားသည် သင်၏ အလယ်၌ ဘုန်းကြီးတော်မူ၏
"အကြောင်းမူကား၊ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရားသည် သင်တို့အလယ်၌ ဘုန်းကြီးတော်မူ၏" သို့မဟုတ် "အကြောင်းမူကား၊ ဣသရေလအမျိုး၏ ဘုရားသည် သန့်ရှင်းဘုန်းကြီးတော်မူ၍ သင်တို့အလယ်၌ ရှိတော်မူ၏"
Isaiah 13
Isaiah 13:1-3
ဗာဗုလုန်မြို့
ဗာဗုလုန်လူမျိုးများ နေထိုင်ရာမြို့ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဗာဗုလုန်လူမျိုးများအကြောင်းဖြစ်သည်" (ရှု၊ figs_metonymy)
အာမုတ်
အာမုတ်သည် ဟေရှာယ၏ ဖခင်ဖြစ်သည်။ ဟေရှာယ 1:1 တွင် ဘာသာပြန်ထားချက်ရှိသည်။ (ရှု၊ translate_names)
ကျယ်သောအသံနှင့် အော်ဟစ်ကြ
အခြားသောတိုင်းပြည်မှ စစ်သည်များကို ရည်ညွှန်းပြောဆိုသည်။
မင်းတို့နေရာတံခါးများ
"ဗာဗုလုန် မင်းကြီးများ၊ မင်းမျိုးနွယ်များနေထိုင်ရာ တံခါးများ" သို့မဟုတ် "မင်းကြီးများနေထိုင်ရာ အိမ်တော်များ" (ရှု၊ figs_metonymy)
မင်းများ
"ရိုသေလေးစားထိုက်သော လူများ" သို့မဟုတ် "အုပ်ချုပ်သူများ"
ငါသန့်ရှင်းစေသော
"ငါကိုယ်တိုင်ခွဲခန့်၊ သတ်မှတ်ထားသော သူများ" သို့မဟုတ် "ငါကိုယ်တိုင် သီးခြားလုပ်ထားသော စစ်တပ်"
ငါ၏သူရဲတို့ကို ငါ့အမျက်ပြေစေခြင်းငှါ ငါခေါ်ပြီ
ဘုရား၏ အမျက်တော်ကြောင့် လူများကို လုံးလုံးအပြစ်စီရင်မည်ဖြစ်ကြောင်း ပုံဆောင်ထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့အမျက်တော်ကို နှိုးဆော်သော ဗာဗုလုန်လုမျိုးတေွကို ငါလျာထားပြီး ငါခွဲခန့်ထားသော စစ်သူရဲများဖြင့် ပြစ်ဒဏ်စီရင်ခြင်းအမှုကို ပြုမည်" (ရှု၊ figs_metonymy)
ငါပေးသောဘုန်းအာနုဘော်ကြောင့် ဝမ်းမြောက်သောသူ
"ငါ့အားဖြင့် အားရဝမ်းမြောက်လိမ့်မည်" အခြားသောဘာသာပြန်ဆိုချက်၊ "ငါ၏ ကြီးစွာသော အမှုပြုခြင်းကို မြင်ရ၍ ငါ၏လူများကပင် နှစ်ထောင်းအားရတော်မူမည်" (ရှု၊ figs_explicit)
Isaiah 13:4-5
ကြီးစွာသော အလုံးအရင်း၏ အသံကဲ့သို့ တောင်တို့အပေါ်မှာ လူများ၏ အသံဗလံ
စကားစုနှစ်ခုဖြစ်သော "ကြီးစွာသော" နှင့် "လူများ" ဆိုသည့် အဓိပ္ပာယ်သည် တူညီသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကြီးစွာသောအသံနှင့် လူမြောက်မြားစွာရှိိသောတောင်များ" သို့မဟုတ် "ဆူညံသောအသံနှင့် လူများစွာရှိနေသောတောင်များ" သို့မဟုတ် "တောင်များတွင် အင်မတန်ကြီးသော လူအုပ်ကြီးနှင့်ဆူညံသံများရှိနေသည်" (ရှု၊ figs_ellipsis)
စုဝေးသော တိုင်းသူပြည်သားများတို့၏ အုတ်အုတ်ကျက်ကျက်သော အသံဗလံရှိသည်
အခြားသောဘာသာပြန်ဆိုချက်၊ "အုတ်အုတ်ကျက်ကျက်သောအသံဗလံနှင့် များစွာသော တိုင်းသူပြည်သားများစုဝေးနေကြသည်" (ရှု၊ figs_ellipsis)
ခင်းကျင်းတော်မူတော်၏
စစ်တိုက်ဖို့ရန် လှုံ့ဆော်၊ ပြင်ဆင်ခြင်း။
ဝေးသောပြည်၊ ကောင်းကင်စွန်းမှ
"မိုးကုပ်စက်ဝိုင်းတဖက်စွန်းနေရာမှ" သို့မဟုတ် "အင်မတန်ဝေးလံသောနေရာမှ"
ထာဝရဘုရားနှင့် အတူတကွ အမျက်တော်လက်နက်တို့သည်
ထာဝရဘုရားစေလွှတ်သည့် စစ်သည်များသည် သူ၏လက်နက်အဖြစ် ဗာဗုလုန်များကို အပြစ်ပေးခြေမှုန်းတိုက်ခိုက်ရန်ဖြစ်သည်။ "တရားစီရင်ခြင်း"သည် ထိုနေ့အဖို့ ဗာဗုလုန်လူများကို ဒဏ်ခတ်စီရင်ရာနေ့ဖြစ်သည်။အခြားသောဘာသာပြန်ဆိုချက်၊ "ထိုစစ်တပ်ကို သူ၏ လက်နက်သဖွယ်အသုံးပြု၍ ဗာဗုလုန်ကို ဒဏ်ခတ်စီရင်တော်မူမည်" (ရှု၊ figs_metaphor နှင့် figs_metonymy)
Isaiah 13:6-8
ငိုကြွေးမြည်တမ်း
ကျယ်လောင်စွာ ငိုကြွေးခြင်း။
ထာဝရဘုရား၏ နေ့ရက်သည်နီးသောကြောင့်
ပရောဖက်ပြုထားသော အကြောင်းအရာဖြစ်ပျက်လာဖို့ရန် နီးကပ်လာသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား၏ နေ့ရက်သည် မကြာမှီဖြစ်ပျက်လာလိမ့်မည်" (ရှု၊ figs_metaphor)
အနန္တတန်ခိုးရှင်စီရင် တော်မူ သော ဘေးအန္တရာယ်ကဲ့သို့လာလိမ့်မည်
"သေကြေပျက်စီးခြင်း" ဆိုသည်မှာ ထိုနေ့ရက်တွင် ဖြစ်ပျက်လာမည့် ဘေးအန္တရယ်ကိုရည်ညွှန်းခြင်းဖြစ်သည်။ "အနန္တတန်ခိုးရှင် စီရင်တော်မူသော ဘေးအန္တရယ်" ဆိုသည်မှာ ထာဝရဘုရားသခင် စီရင် ဖျက်ဆီးမည့် နေ့ရက်ကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုနေ့ရက်သည် အနန္တတန်ခိုးရှင် စီရင်ဖျက်ဆီးတော်မူရာနေ့ ဖြစ်လိမ့်မည်" (ရှု၊ figs_metaphor နှင့် figs_abstractnouns)
ရှိသမျှသော လက်တို့သည် ကျကြလိမ့်မည်
ဤပုံဆောင်ချက်သည် လူများစွာအလွန်အားနည်း၍ ဘာမျှမတတ်နိုင်သောနေ့ဖြစ်သည်။
စိတ်ပျက်၍ ကြောက်လန့်ခြင်း
လူများစွာ ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ ကြုံရ၍ နှလုံးသားအရည်ပျော်သကဲ့သို့ တင်စားထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူတိုင်းထိတ်လန့်ကြောက်ရွံ့ကြသည်" (ရှု၊ figs_metaphor)
နာခြင်းဝေဒနာအမျိုးမျိုးကို ခံရကြလိမ့်မည်
လူများစွာ ထိတ်လန့်၊ ဝမ်းနည်းဖွယ်ရာ ရုတ်တရက်ကြုံရသကဲ့သို့ နာကျင်ခြင်းဝေဒနာကို ဖမ်းဆုပ်ကိုင်ထားရလိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် နာကျင်ဝမ်းနည်းဖွယ်ရာကို ကြုံတွေ့ရလိမ့်မည်" (ရှု၊ figs_personification)
သားဘွားသော မိန်းမကဲ့သို့ဝေဒနာကို ခံရလျက်
သားဖွားသော မိန်းမကဲ့သို့ ပုံဆောင်ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သားဖွားသော မိန်းမကဲ့သို့ နာကျင်ခြင်းခံစားရမည်" သို့မဟုတ် "ဝေဒနာခံစားနေသော သားဖွားမိန်းမကဲ့သို့" (ရှု၊ figs_metaphor)
သူတို့ မျက်နှာသည် မီးလျှံအဆင်းရှိလိမ့်မည်
သူတို့မျက်နှာသည် ပူလောင်၍ နီရဲနေပုံကို မီးလျှံအဆင်းကဲ့သို့ တင်စားထားသည်။ သူတို့မျက်နှာပူလောင်ခြင်းမှာ ၁) အလွန်ကြောက်လန့်၍ သို့မဟုတ် ၂)အင်မတန် ရှက်ကြောက်၍ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့မျက်နှာသည် ပူလောင်၍ နီရဲနေလိမ့်မည်" (ရှု၊ figs_metaphor)
Isaiah 13:9-10
ထာဝရ ဘုရား ၏ ကြမ်းကြုတ်သောနေ့ရက်သည် ပြင်းထန်သော ဒေါသ အမျက်ထွက်လျက်လာလိမ့်မည်
"အမျက်ပြင်းစွာထွက်ခြင်း" နှင့် "အမျက်ဒေါသ" တို့ကိုနာမဝိသေသနအဖြစ် "ရက်စက်ကြမ်းကြုတ်သော" နှင့် "ဒေါသထွက်သော" ဟူ၍ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုထာဝရဘုရားသခင်၏ နေ့ရက်သည် ပြင်းစွာသော အမျက်ဒေါသနှင့် ရက်စက်ကြမ်းကြုတ်လိမ့်မည်" (ရှု၊ figs_metaphor နှင့် figs_explicit)
ပြင်းထန်သောဒေါသ
ဤဖော်ပြချက်သည် အလွန်ပြင်းထန်သော အမျက်ဒေါသထွက်သည် ဟူ၍ဆိုလိုပါသည်။ (ရှု၊ figs_metaphor)
ထိုပြည်ကိုဖျက်ဆီး၍
ဖျက်ဆီးခြင်းခံရသောနေရာကို နာမ်ပုဒ်မှကြိယာ "ဖျက်ဆီးသည်" ဟူ၍ ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုပြည်ကို ဖျက်ဆီးဖို့ရန်" (ရှု၊ figs_abstractnouns)
မိုဃ်းကောင်းကင်ကြယ်နက္ခတ်
မိုဃ်းကောင်းကင်ကြယ်များ။
အလင်းကိုမပေး
ထွန်းတောက်ခြင်းကို ပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထွန်းလင်းခြင်းမရှိ" (ရှု၊ figs_idiom)
နေသည်လည်း ထွက်သောအခါမိုက် လျက်
"ထာဝရဘုရားသခင်သည် နေကိုမှောင်မိုက်စေသည်" သို့မဟုတ် "နေသည် မှောင်မိုက်လိမ့်မည်" (ရှု၊ figs_activepassive)
Isaiah 13:11-12
ဆက်စပ်မှုဖော်ပြချက်
ထာဝရဘုရားသခင်သည် ဆက်လက်၍သူလုပ်ဆောင်မည့်အရာကို ပြောဆိုထားသည်။
ထိုလောကီနိုင်ငံ
"လူ့လောကနိုင်ငံ" ကိုရည်ညွှန်းသည်။
မတရားသော .... မာနကြီးသော .... ကြမ်းကြုတ်သော
ဤကဲ့သို့ စိတ်နေသဘောထားရှိသော လူများကို ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဒုစရိုက်လူများ ... မာနထောင်လွှားသောလူများ .... ကြမ်းကြုတ်သောလူများ" (ရှု၊ figs_nominaladj)
ကြမ်းကြုတ်သော
"ကြမ်းတမ်းရိုင်းစိုင်းသောလူများ"
ကြမ်း ကြုတ်သောသူတို့၏ စော်ကားခြင်းကို ငါနှိမ့်ချမည်
မာနထောင်လွှားသော သူတို့ကို နှိမ့်ချတော်မူမည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထောင်လွှားခြင်းကို နှိမ့်ချတော်မူမည်" (ရှု၊ figs_metaphor)
လူသည် ရွှေစင်ထက် အဘိုးထိုက်မည် အကြောင်း ငါပြုမည်
အခြားသောဘာသာပြန်ဆိုချက်၊ "အသက်ရှင်သောလူသည် သေဆုံးသွားသည့်များစွာသော လူများထက် ရွှေစင်မကအဖိုးထိုက်တန်ကြောင်းငါပြုမည်" (ရှု၊ figs_explicit)
လူသည် ရွှေစင်ထက် အဘိုးထိုက်မည် အကြောင်း၊ ဆင်းရဲသားသည် ဩဖိရရွှေကျောက်ထက် အဘိုးထိုက်မည်အကြောင်း ငါပြုမည်
ဤစကားစုနှစ်စုသည် အခြေခံသဘောတရားတူညီသည်။ (ရှု၊ figs_parallelism)
ဩဖိရရွှေကျောက်
ရွှေစင်ရှိသည့် နေရာကို ဩဖိရဟုမှည့်ခေါ်သည်။ (ရှု၊ translate_names)
Isaiah 13:13-14
ယေဘုယျအချက်အလက်
ထာဝရဘုရားဆက်လက်၍ မိန့်တော်မူသည်။
ကြောက်၍ပြေးသောဒရယ်မ၊ ထိန်းသိမ်းသူမရှိသော သိုးများကဲ့သို့
လူတွေလိုက်သဖြင့် လျင်မြန်စွာထွက်ပြေးသော ဒရယ်များကဲ့သို့၎င်း၊ ထိန်းကျောင်းသောသူမရှိ၍ တောရိုင်းတိရစ္ဆာန်များကကိုက်ဖြတ်၍ ထွက်ပြေးသော သိုးများကဲ့သို့၎င်းကြုံတွေ့လိမ့်မည်။ (ရှု၊ translate_unknown နှင့် figs_simile)
ဒရယ်
သမင်နှင့် ဆင်တူသော ဒရယ်မျိုးဖြစ်သည်။ (ရှု၊ translate_unknown)
ထိန်းသိမ်းသူမရှိသော သိုးများကဲ့သို့
သိုးထိန်းမည့်သူမရှိသောသိုးများသည် တောရိုင်းတိရစ္ဆာန်များကတိုက်ခိုက်၍ စားသောက်ဖျက်ဆီးတတ်သည်။
Isaiah 13:15-16
တွေ့မိသမျှသော သူတို့ကို လှံနှင့်ထိုးရ၏။ စုဝေး လျက်ရှိသော သူအပေါင်းတို့လည်း ထားဖြင့် ဆုံးကြလိမ့် မည်
ဤစာကြောင်းနှစ်ခု အဓိပ္ပာယ်တူညီသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ရန်သူများသည် တွေ့သမျှသောလူများကို ဓားဖြင့်ကွပ်မျက်လိမ့်မည်" (ရှု၊ figs_parallelism နှင့် figs_activepassive)
သူတို့သားသမီးများကို သူတို့မျက်မှောက်၌ မြေ ပေါ်မှာ ဆောင့်ဖွပ်လိမ့်မည်
အခြားသောဘာသာပြန်ဆိုချက်၊ "ရန်သူများသည် သူတို့၏ သားသမီးများကို ပြင်းထန်စွာ ရိုက်နှက်သတ်ဖြတ်လိမ့်မည်" သို့မဟုတ် "ရန်သူများသည် သူတို့သားသမီးများကို မသေမချင်းရိုက်သတ်လိမ့်မည်" (ရှု၊ figs_activepassive)
သူတို့မျက်မှောက်၌
"သူတို့မျက်မှောက်၌" ဆိုသည့်အဓိပ္ပာယ်သည် "သူတို့ရှေ့၌" သို့မဟုတ် "သူတို့ကြည့်နေစဉ်၌" ဖြစ်သည်။ မိဘများမည်သို့မျှ သူတို့သားသမီးများကို မကယ်တင်နိုင်သည့် အခြေအနေဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့၏ မိဘများကကြည့်နေသော်လည်း မကယ်နိုင်" (ရှု၊ figs_metonymy)
သူတို့ အိမ်များကို လုယက် ၍
ဤဖော်ပြချက်သည် သူတို့အိမ်တွင်းရှိအဖိုးတန်သော အရာများလုယူသွားခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ရန်သူများသည် လူများ၏အိမ်ကိုလုယူလိမ့်မည်" သို့မဟုတ် "ရန်သူများသည် အိမ်၌ရှိသမျှသော အဖိုးတန်ပစ္စည်းများကို လုယူသွားလိမ့်မည်" (ရှု၊ figs_activepassive)
သူတို့ မယားများကို အဓမ္မပြုကြလိမ့်မည်
ရန်သူများသည် သူတို့မယားများအလိုမတူဘဲ အတင်းအဓမ္မပြုကျင့်လိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့မယားများအဓမ္မပြုကျင့်ခံရလိမ့်မည်" သို့မဟုတ် "ရန်သူများသည် သူတို့မယားများကိုအဓမ္မပြုကြလိမ့်မည်" (ရှု၊ figs_ellipsis နှင့် figs_activepassive)
Isaiah 13:17-18
ဆက်စပ်မှုဖော်ပြချက်
ထာဝရဘုရားသခင် ဆက်လက်၍မိန့်တော်မူသည်။
မေဒိလူများကို သူတို့တဘက်၌ ငါနှိုးဆော် မည်
လူများကို တစ်စုံတစ်ခုပြုမူဆောင်ရွက်ချင်သော ဆန္ဒရှိလာအောင်တိုက်တွန်းနှိုးဆော်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် မေဒိလူမျိုးများကို နှိုးဆော်၍ သူတို့ကိုတိုက်ခိုက်ချင်အောင်ပြုမည်" (ရှု၊ figs_metaphor)
Isaiah 13:19-20
ဆက်စပ်မှုဖော်ပြချက်
ထာဝရဘုရားသခင်သည် ဆက်လက်၍မိန့်တော်မူသည်။
တိုင်းနိုင်ငံတို့၏ အထွဋ်
အခြားသောဘာသာပြန်ဆိုချက်၊ "လူမျိုးများအား အထွဋ်အထိပ်ထားသောတိုင်းပြည်" (ရှု၊ figs_activepassive)
ခါလဒဲ အမျိုးသားတို့၏ ဘုန်းအသရေဖြစ်သော
နာမ်ပုဒ်ဖြစ်သော "ဝါကြွားခြင်း"သည် "ဂုဏ်ယူဝင့်ကြွားခြင်း"ဟု ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ခမ်းနားထယ်ဝါလှပသောမြို့တော်သည် ခါလဒဲလူမျိုးများအတွက် ဂုဏ်ကျက်သရေဆောင်စေသည်" (ရှု၊ figs_abstractnouns)
ဖျက်ဆီးလိမ့်မည်
"ဖျက်ဆီးတော်မူလိမ့်မည်"
သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့
"သောဒုံနှင့် ဂေါမောရမြို့ ဖျက်စီးခြင်းရောက်သကဲ့သို့" မြို့နာမည်များမည်ကဲ့သို့ဘာသာပြန်ထားသည်ကို 1:9 တွင် ကြည့်ရန်။ (ရှု၊ figs_simile နှင့် translate_names)
အဘယ်သူမျှမနေရ
ဤစာကြောင်းနှစ်ခုသည် အဓိပ္ပာယ်တူညီသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မည်သူမျှထိုနေရာတွင် နေထိုင်လိမ့်မည်မဟုတ်" (ရှု၊ figs_doublet နှင့် figs_activepassive)
လူမျိုးအဆက်ဆက်
ဤစကားစု၏ ညွှန်းဆိုချက်မှာ နောင်အနာဂတ်မျိုးဆက်များမှအစ လူမျိုးနွယ်စုအားလုံးကိုဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရ" "ဘယ်တော့မှ" (ရှု၊ figs_idiom)
အာရပ်
"အာရပ်လူမျိုး" ကိုဆိုလိုသည်။ (ရှု၊ figs_genericnoun)
Isaiah 13:21-22
ဆက်စပ်မှုဖော်ပြချက်
ဗာဗုလုန်လူမျိုးများဆက်လက်ဖြစ်ပျက်မည့်အရာကို ထာဝရဘုရားမိန့်တော်မူသည်။
ထိုမြို့၌ အိပ်ကြလိမ့်မည်
ဗာဗုလုန်မြို့၌ အိပ်ကြလိမ့်မည်။
အိမ်တို့သည်
"လူနေအိမ်များ"
ဇီးကွက်များ
ညအချိန်တွင် အစာရှာတတ်သောငှက်တစ်မျိုး။
ငှက်ကုလားအုပ်
ကြီးမားသောငှက်တစ်မျိုးဖြစ်၍ လျင်မြန်စွာပြေးနိုင်သည်။ မပျံသန်းနိုင်ပါ။ (ရှု၊ translate_unknown)
တောခွေး
တောရိုင်းတိရစ္ဆာန်တစ်မျိုးဖြစ်သည်။ ခွေးနှင့်ဆင်တူ၍ အသေကောင်များစားသည်။ ထိုအကောင်များသည် လူ၏ရယ်သံကဲ့သို့ ကျယ်လောင်စွာအူတတ်သည်။ (ရှု၊ translate_unknown)
မြေခွေးတို့သည်လည်း၊ ကြက်သရေတိုက်များ၌၎င်း၊အူကြ၊ မြည်ကြလိမ့်မည်
အခြားသောဘာသာပြန်ဆိုချက်၊ "မြေခွေးများသည် လှပသောကျက်သရေနန်းတော်များတွင် အူကြ၊မြည်ကြလိမ့်မည်" (ရှု၊ figs_ellipsis)
မြေခွေး
တောရိုင်းခွေးအမျိုးအစားဖြစ်သည်။ (ရှု၊ translate_unknown)
ထိုသို့သော ကာလနီးလှပြီ။ ထိုမြို့၏ အသက် တာမရှည်ရ
ဤစကားစုနှစ်ရပ်သည် အခြေခံသဘောတရားတူညီသည်။ "ထိုသို့သောကာလ" ဟုဆိုရာတွင် ထာဝရဘုရားသခင်သည် ဗာဗုလုန်မြို့ကိုဖျက်ဆီးမည့်ကာလကို ရည်ညွှန်းခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဗာဗုလုန်လူမျိုးများ ကြုံရမည့်နေ့ရက်သည် အလွန်နီးကပ်နေပြီ၊ မည်သည့်အရာမျှထိုအဖြစ်အပျက်ကိုမရပ်တန့်နိုင်" (ရှု၊ figs_parallelism နှင့် figs_activepassive)
Isaiah 14
Isaiah 14:1-2
ထာဝရဘုရားသည် ယာကုပ်အမျိုးကို သနား၍
ယာကုပ်အမျိုးအနွယ်မှ ဆင်သက်လာသော မျိုးဆက်ကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသခင်သည် ယာကုပ်အမျိုးကိုသနားကရုဏာဖြစ်တော်မူမည်" (ရှု၊ figs_metonymy)
ယာကုပ်အမျိုး၌ ဆည်းကပ်ကြ လိမ့်မည်
ယာကုပ်အမျိုးနွယ်ဖြစ်သော ဣသရေလကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယာကုပ်အမျိုး၌ စည်းရုံးကြလိမ့်မည်" (ရှု၊ figs_metonymy)
တပါးအမျိုးသားတို့သည် သူတို့ကို နေရင်း အ ရပ်သို့ ပို့ဆောင်ကြလိမ့်မည်
"တပါးအမျိုးသားတို့သည် ယာကုပ်အမျိုးအနွယ်များကို နေရင်းအရပ်ဖြစ်သည့် ဣသရေလနိုင်ငံသို့ပို့ဆောင်လိမ့်မည်"
ဣသရေလလူမျိုးရဲ့အိမ်တော်
ဣသရေလအမျိုးအနွယ်တစ်ခုလုံးကိုဆိုလိုသည်။ "ရှု၊ figs_metonymy)
အထက်က သိမ်းသွားဘူးသော သူတို့ကို တဖန် သိမ်းယူခဲ့ကြလိမ့်မည်
"ဣသရေလစစ်သည်များသည် သူတို့အမျိုးများအား ဖမ်းဆီသွားခဲ့သောလူမျိုးများကို တစ်ဖန်ဖမ်းဆီးကြလိမ့်မည်"
Isaiah 14:3-4
သင့်ကို ငြိုငြင်ခြင်း၊ စိုးရိမ်ခြင်း
"သင့်ကို" ဟူသောစကားလုံးသည် ဣသရေလအမျိုးသားအားလုံးကိုဆိုလိုသည်။ "ငြိုငြင်ခြင်း" နှင့် "စိုးရိမ်ခြင်း" သည် ဆိုလိုရင်းအဓိပ္ပာယ်တူညီသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်ခံစားရသည့် ပြင်းထန်ကြီးမားသောအရာများမှ" (ရှု၊ figs_you နှင့် figs_doublet)
အစိုးတရပြုသော သူသည် ဆုံးလေပြီတကား။ ရွှေမြို့တော်သည် ဆုံးလေ ပြီကား
ဤအကြောင်းအရာသည် အာမေဍိတ်သံဖြင့်ပြောဆိုခြင်းဖြစ်သည်။ "ဆုံးလေပြီတကား"
ရွှေမြို့တော်သည် ဆုံးလေ ပြီကား
အခြားသောဘာသာပြန်ဆိုချက်၊ "ခမ်းနားထည်ဝါသော အရာဆုံးလေပြီ" သို့မဟုတ် "သူ၏ ဂုဏ်ကျက်သရေပြီးဆုံးလေပြီ" (ရှု၊ figs_ellipsis)
Isaiah 14:5-6
ဆက်စပ်မှုဖော်ပြချက်
ဤအပိုင်းသည် ဣသရေလလူမျိုးများ ဗာဗုလုန်ရှင်ဘုရင်ကို မချိမခံသာအောင်သီဆိုဖွဲ့နွဲ့ထားသော သီချင်းဖြစ်သည်။
ညှဉ်းဆဲခြင်းကို ပြုသော အဓမ္မ လူတို့၏တောင်ဝေးကို ချိုးတော်မူပြီ
တောင်းဝှေးဟုဆိုရာတွင် အဓမ္မလူများသည် မတရားရိုက်နှက်ခြင်းကိုရည်ညွှန်းသည်။ ထိုသို့ကြမ်းကြုတ်သောလူမျိုးကို တုတ်ချောင်းရိုက်ချိုးသကဲ့သို့ သူတို့၏တန်ခိုးအစွမ်းကို ရုတ်သိမ်းချိုးဖဲ့တော်မူမည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသခင်သည် မတရားသောလူမျိုး၏ အစွမ်းသတ္တိကို ဖျက်ဆီးတော်မူမည်" (ရှု၊ figs_metonymy)
ထိုသို့အစိုးရသော သူတို့၏ ရာဇလှံတံကို၎င်း
"ရာဇာလှံတံ" သည်အုပ်စိုးသောသူများ၏ တန်ခိုးအာဏာကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသခင်သည် အဓ္ဓမလူတို့၏ အုပ်စိုးခြင်းများကိုဖျက်ဆီးတော်မူမည်" (ရှု၊ figs_metonymy)
ညှဉ်းဆဲခြင်းကို ပြုသော
"ရိုက်နှက်ခြင်း၊ ညှင်းဆဲခြင်း" သည်မတရားသောလူများပြုသောအမှုဖြစ်သည်။
အစဉ်မပြတ်
"မရပ်မနား" သို့မဟုတ် "အဖန်တလဲလဲ"
အတိုင်းတိုင်း အပြည်ပြည်တို့ကို မာနစိတ်နှင့် အုပ်စိုး၍
"အခြားသောတိုင်းပြည်များကို အောင်မြင်သိမ်းပိုက်၍"
အစဉ်မပြတ်ရိုက်ခြင်း
"မရပ်မနားတိုက်ခိုက်ခြင်း"
Isaiah 14:7-9
ဆက်စပ်မှုဖော်ပြချက်
ဤအပိုင်းသည် ဣသရေလူမျိုးများက ဗာဗုလုန်ရှင်ဘုရင်ကို မချိမခံသာအောင် သီဆိုဖွဲ့နွဲ့ထားသော သီချင်းဖြစ်သည်။
မြေတပြင်လုံး
ဤကမ္ဘာမြေရှိ လူသားတိုင်းကိုဆိုလိုသည်။ (ရှု၊ figs_metonymy)
ထင်းရှုးပင်နှင့် လေဗနုန် အာရဇ်ပင်များ ဝမ်းမြောက်ကြ၏
ဟေရှာယသည် သစ်ပင်များလူကဲ့သို့ဖြစ်လျှင် ရွှင်လန်းဝမ်းမြောက်လိမ့်မည် ဖြစ်ကြောင်းပြောဆိုထားသည်။ ဤရည်ရွယ်ချက်မှာ ဘုရားသခင်သည်ကြီးစွာသော အမှုပြု၍ ဗာဗုလုန်ရှင်ဘုရင်ကိုပိတ်ပင်တားဆီးသဖြင့် တစ်လောကလုံးဝမ်းမြောက်ကြလိမ့်မည်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထင်းရှုးပင်နှင့် လေဗနုန်အာရဇ်ပင်များသည် ထိုဖြစ်လာမည့်အရာကြောင့် ရွှင်လန်းဝမ်းမြောက်လိမ့်မည်" (ရှု၊ figs_personification)
သင့်ကို ရည်ဆောင်၍ ဝမ်းမြောက်ကြ၏
အဘယ့်ကြောင့်ပျော်ရွှင်ဝမ်းမြောက်ရသည်ကို ရှင်းလင်းစွာဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သင့်ကို တန်ခိုးအစွမ်းမဲ့အောင်ပြုလုပ်သောကြောင့် ပျော်ရွှင်ဝမ်းမြောက်ရသည်" (ရှု၊ figs_explicit)
ငါတို့ကို ခုတ်လှဲသော သူသည် မတက်မလာရ
ဤသည်မှာ တန်ခိုးအစွမ်းမဲ့၍ အရေးမပါသော သူဖြစ်သွားသည်ကို ဖော်ဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင့်တန်ခိုးအစွမ်းမဲ့သွားသောအချိန်" (ရှု၊ figs_metaphor)
အောက်အ ရပ် မရဏာနိုင်ငံသည် ကြိုဆိုအံ့သောငှါ
လူသေအလောင်း၏ ခန္ဓာကိုယ်ထဲတွင် ပိုးလောက်ကောင်များသည် ဖျာခင်းထားသကဲ့သို့ လိုက်စားပျံ့နှံ့နေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပိုးလောက်ကောင်များနှင့် ခင်းကျင်းထားသော အိမ်ယာတွင်အိပ်ရမည်" သို့မဟုတ် "မြောက်များစွာသော လောက်ကောင်များပေါ်တွင် အိပ်ရမည်" (ရှု၊ figs_personification)
သင်္ချိုင်းသားများနှင့် လောကီမင်းများအပေါင်းတို့ကို သင့်အတွက်ကြောင့် နှိုးဆော်လေ၏
"လောကီမင်းအပေါင်းတို့၏ ရှင်ဘုရင်သင့်ကို သေမင်းသည် နှိုးလေပြီ" မရဏာနိုင်ငံသည် လူပုဂ္ဂိုလ်တစ်ဦးကဲ့သို့တင်းစားထား၍ သေခြင်းကို နှိုးဆော်လေပြီဟူ၍ ရေးထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မရဏာနိုင်ငံမှ သေမင်းသည် လောကီအပေါင်း၏ ရှင်ဘုရင်ကို နှိုးဆော်ကြိုဆိုလေပြီ" (ရှု၊ figs_personification)
Isaiah 14:10-11
ဆက်စပ်မှုဖော်ပြချက်
ဤအပိုင်းသည် ဣသရေလလူမျိုးများ ဗာဗုလုန် ရှင်ဘုရင်ကို မချိမခံသာအောင်သီဆိုဖွဲ့နွဲ့ထားသောသီချင်းဖြစ်သည်။ မရဏာနိုင်ငံ၏ သေမင်းသည် ထိုဘုရင်ကို ပြောမည့် သီချင်းဖြစ်သည်။
ထိုသူအပေါင်းတို့က သင့်ကို နှုတ်ဆက်၍ ပြောဆိုကြလိမ့်မည်
"ထိုသူအပေါင်းတို့" ဟုဆိုရာတွင် မရဏာနိုင်ငံသေမင်းကို ရည်ညွှန်းသည်။ "သင့်ကို" ဟူသောစကားလုံးသည် ဗာဗုလုန်ရှင်ဘုရင်ကို ဖော်ဆောင်သည်။
သင်၏ ဘုန်းအသရေနှင့် သင်၏ တုရိယာမျိုး အသံဗလံတို့ကို မရဏနိုင်ငံတွင် ရှုတ်ချလေပြီတကား
မရဏာနိုင်ငံမှသေမင်းသည် ဗာဗုလုန်ရှင်ဘုရင်ကို "သင်၏ ထွန်းတောက်သောဘုန်းအသေရေသည် မရဏာနိုင်ငံသို့ဆင်းလေပြီ" ဟူ၍ပြောဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်၏ ထွန်းတောက်သောဘုန်းသရေသည် ဘုရားသခင်က မရဏာနိုင်ငံသို့ ပို့ဆောင်လေပြီ" (ရှု၊ figs_metaphor)
သင်၏ တုရိယာမျိုး အသံဗလံတို့
လူများရှင်ဘုရင်ကို ဂုဏ်ပြုချီးမြှောက်ရာတွင်သုံးလေ့ရှိသောတူရိယာသံစုံတီဝိုင်း။ သေမင်းက ဗာဗုလုန်ရှင်ဘုရင်ကို ဂုဏ်ပြုသောတီးဝိုင်းများသည် မရဏာနိုင်ငံဆင်းသွားလေပြီဟု ပြောဆိုထားပုံ။ အခြားသောဘာသာပြန်ဆိုချက်၊ "သင့်ကို ဖျော်ဖြေတင်ဆက်သောတူရိယာသံစုံများ" (ရှု၊ figs_metaphor)
သင့်အောက်၌ ပိုးကောင်များကို ခင်းလျက်
ပိုးလောက်ကောင်များသည် ဖျာ သို့မဟုတ် အိပ်ယာခင်းကျင်းထားသကဲ့သို့ သူ့ခန္ဓာကိုယ်ထဲမှာ ပျံ့နှံ့နေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပိုးလောက်ကောင်များဖြင့် ခင်းထားသောအိပ်ယာမှာအိပ်ရမည်" (ရှု၊ figs_metaphor)
သင့်အပေါ်၌ တီကောင်များကို ခြုံလျက်
တီကောင်များသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် အလွန်များပြားစွာဖုံးအုပ်ထား၍ စောင်ခြုံသကဲ့ဖြစ်နေမည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တီကောင်များကို ခြုံလျက်" သို့မဟုတ် "သင်၏ ကိုယ်ပေါ်တွင်တီကောင်များဖြင့်ဖုံအုပ်လျက်" (ရှု၊ figs_metaphor)
Isaiah 14:12-14
ဆက်စပ်မှုဖော်ပြချက်
ဣသရေလလူမျိုးများက ဗာဗုလုန်ရှင်ဘုရင်အတွက် ဖွဲ့နွဲ့သီဆိုသောသီချင်းဖြစ်သည်။
အိုနံနက်သား၊ မိုဃ်းသောက်ကြယ်၊ သင်သည် ကောင်းကင်က ကျလေပြီတကား
မိုဃ်းသောက်ကြယ်သည် နံနက်မိုးမလင်းခင်ထွန်းတောက်သောကြယ်ဖြစ်သည်။ ဣသရေလလူမျိုးများက ဗာဗုလုန်ရှင်ဘုရင်ကို ဤမိုးသောက်ကြယ်ဖြင့်တင်စားခြင်းမှာ တစ်ချိန်က တန်ခိုးအာဏာရှိခဲ့သော်လည်း ယခုမှေးမှိန်သွားသည်ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် ထွန်းတောက်သော မိုဃ်းသောက်ကြယ်ဖြစ်ခဲ့သော်လည်း ယခုကောင်းကင်က ကျလေပြီ" (ရှု၊ figs_metaphor)
မြေတိုင်အောင် ခုတ်လှဲခြင်းကို ခံရလေပြီတကား
ဣသရေလလူမျိုးများသည် ဗာဗုလုန်ရှင်ဘုရင်ကို သစ်ပင်ကဲ့သို့ ခုတ်လှဲခံရမည်ဖြစ်ကြောင်းပြောဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် သစ်ပင်ကဲ့သို့မြေပေါ်ကျ၍ ဆုံးရှုံးလိမ့်မည်။ တစ်ပါးသောသူသည် သင့်ကို ခုတ်လှဲလိမ့်မည်" (ရှု၊ figs_metaphor)
မြောက်မျက်နှာဘက်၊ ဗျာဒိတ်တော် တောင်ပေါ်မှာ ငါထိုင်မည်
ရှေးဘိုးဘေးများ၏ဒဏ္ဏာရီရှိ ခါနန်လူမျိုးများ၏ ဘုရားများစုရုံးသည့် ဆီးရီးယားမြောက်ပိုင်းရှိတောင်ထိပ်ကို ရည်ညွှန်းသည်။ တောင်ထိပ်ပေါ်တွင်ထိုင်သော ဘုရားသည် အကြီးမြတ်ဆုံးဖြစ်၍ ဘုရားများကို အုပ်စိုးရသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားများစုရုံးရာ တောင်ထိပ်ပေါ်တွင်ငါထိုင်မည်" (ရှု၊ figs_explicit)
မိုဃ်းတိမ်ထိပ်ပေါ်သို့ ငါတက်မည်
"မြောက်ဘက်စွန်းသောအမြင့်ဆုံးနေရာ" ဤတောင်ပေါ်ကို ဗျာဒိတ်တောင်ပေါ်ဟုခေါ်သည်။
Isaiah 14:15-17
ဆက်စပ်မှုဖော်ပြချက်
ဗာဗုလုန်ရှင်ဘုရင်ကို ဣသရေလလူမျိုးများဖွဲ့နွဲ့သီဆိုထားသော သီချင်းဖြစ်သည်။
သို့သော်လည်း၊ သင်သည်မရဏနိုင်ငံ၊ သင်္ချိုင်း တွင်းထဲသို့ နှိမ့်ချခြင်းကို ခံရလေပြီ
"ဘုရားသခင်သည် သင့်ကို ယခုမရဏာနိုင်ငံသို့ပို့လေပြီ" (ရှု၊ figs_activepassive)
ဤသူလော
သရောကဲ့ရဲ့သည့်အခါ သုံးသောစကားလုံးဖြစ်သည်။ ဗာဗုလုန်ရှင်ဘုရင်ကို မေးခွန်းပုံစံမေး၍ သရော်ထားကာ လူများတုန်လှုပ်စေ၍ သူ၏အဖြစ်အပျက်ကို ဆက်ခြင်ကြလိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဤသူမဟုတ်သည်မှာ သေချာသည်" (ရှု၊ figs_rquestion)
မြေကြီးကို တုန်လှုပ်စေသောသူ
မြေကြီးတစ်ပြင်လုံးကို စစ်တိုက်ခြင်းဖြင့် သိမ်းပိုက်အောင်မြင်နိုင်၍ လူအားလုံးကို ကြောက်လန့်စေသည်။ (ရှု၊ figs_metonymy)
တိုင်းနိုင်ငံများ ကို လှုပ်ချောက်
တိုင်းနိုင်ငံများကို သိမ်းပိုက်ခဲ့သည်။ တိုင်းနိုင်ငံမှ လူမျိုးများကို ကြောက်လန့်တုန်လှုပ်စေခဲ့သည်။ (ရှု၊ figs_metaphor နှင့် figs_metonymy)
လောကီနိုင်ငံကို တောကဲ့သို့ဖြစ်စေ၍
လောကီနိုင်ငံ၊ လူတွေနေသည့်နေရာကို ဖျက်ဆီး၍ တောများကဲ့သို့ ဖြစ်စေသည်။
Isaiah 14:18-20
ဆက်စပ်မှုဖော်ပြချက်
ဣသရေလလူမျိုးများ နောက်ဆုံးသီဆိုထားသော ဗာဗုလုန်ရှင်ဘုရင်၏ အကြောင်းအရာဖြစ်သည်။
အသီးအသီး မိမိတို့စေတီ၌ ဘုန်းအသရေနှင့် အိပ်ကြ၏
ရှင်ဘုရင်အပေါင်းတို့၏ ရုပ်ကလပ်များကို ဂုဏ်သရေရှိစွာမြုပ်နှံကြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ရှင်ဘုရင်များသည် ဂုဏ်သရေရှိစွာမြုပ်နှံသင်္ဂြိုလ်ခြင်းကို ခံရကြသည်" (ရှု၊ figs_explicit)
သင့်ကိုမူကား သင်္ချိုင်းထဲကထုတ်ပစ်ရ၏
သင်္ချိုင်းထဲက ထုတ်ပစ်ခံရခြင်းဆိုသည်မှာ မြုပ်နှံခြင်းမခံရကြောင်းကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သို့သော်လည်း သင်သည် မြုပ်နှံခြင်းမခံရ။ သင့်ခန္ဓာကိုယ်သည် မြေပေါ်၌လှဲကျလိမ့်မည်" (ရှု၊ figs_metaphor)
ရွံရှာဘွယ်သော သစ်ခက်ကဲ့သို့ထုတ်ပစ်ရ၏
သစ်ခက်ကဲ့သို့ လွှင့်ပစ်ခြင်းမှာ တန်ဖိုးမဲ့သကဲ့သို့ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တန်ဖိုးမရှိသော သစ်ကိုင်းခက်ကဲ့သို့ လွှင့်ပစ်ခြင်းကို ခံရမည်" (ရှု၊ figs_simile)
ကွပ်မျက်သောသူကဲ့သို့ ဖုံးအုပ်လျက်
များစွာသောလူသေအလောင်းဖြင့် ဖုံးအုပ်ခြင်းကိုခံရမည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူသေများဖြင့်ပြည့်နေသောအလောင်းများဖြင့် အုပ်ခြင်းခံရမည်" သို့မဟုတ် "တိုက်ပွဲတွင်သေဆုံးသွားသော စစ်သည်များ၏အလောင်းများဖြင့် ဖုံးအုပ်ခြင်းခံရမည်" (ရှု၊ figs_simile)
ထားဖြင့်ထိုးသောသူ
တိုက်ပွဲတွင်း၌ဓားဖြင့် သေကြေသွားသည့် မြောက်မြားစွာသော စစ်သားများကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "စစ်ပွဲတွင် သေကြေပျက်စီးဆုံးသွားသောသူများ" (ရှု၊ figs_metonymy)
ကျောက်စုထဲသို့ ချသောသူများ
ဤကျောက်စုတွင်းကြီးသည် များစွာသော လူသေကောင်ကို တွင်းဝတစ်ခုထဲမှာ စုပုံမြုပ်နှံပစ်လေ့ရှိသည်။
သူတပါးတို့နှင့်ရောနှော၍ သင်္ဂြိုလ်ခြင်းကိုမခံရ
"သူတစ်ပါးတို့" ဟုဆိုရာတွင် အခြားသောဘုရင်များကို ရည်ညွှန်းသည်။ ဗာဗုလုန်ဘုရင်သည် အခြားသောဘုရင်များကဲ့သို့ ကောင်းမွန်စွာ မြှပ်နှံသင်္ဂြိုလ်ခြင်းကို မခံရပေ။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် အခြားသောဘုရင်များကဲသို့ မြှပ်နှံသင်္ဂြိုလ်ခြင်းကို မခံရပေ" (ရှု၊ figs_metaphor)
အဓမ္မပြုသော သူတို့၏အနွယ် သည် ဂုဏ်အသရေအလျှင်းမရှိရဟု ပြောဆိုကြလိမ့်မည်။
အခြားသောဘာသာပြန်ဆိုချက်၊ "မတရားသော အဓ္ဓမအမှုကိုပြုသောအနွယ်ဝင်များအကြောင်းကို မည်သည့်အခါမျှပြောဆိုကြလိမ့်မည်မဟုတ်ပါ" (ရှု၊ figs_activepassive)
Isaiah 14:21-23
သားမြေးတို့၏ ကွပ်မျက်ခြင်းကို ပြင်ကြလော့
ဤစကားလုံး "ကွပ်မျက်ခြင်း" သည် "သတ်ဖြတ်ခြင်း" ကိုဖော်ဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဗာဗုလုန်ရှင်ဘုရင်၏ သားသမီးများကို သတ်ဖြတ်ဖို့ရန်အသင့်အနေအထား၌ ရှိနေသည်။ (ရှု၊ figs_abstractnouns)
ဘိုးဘေးတို့၏ အပြစ်ကြောင့်
"ကြီးစွာသော အပြစ်များကြောင့်" ဟူ၍ ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ဘိုးဘေးများ၏ ကြီးလေးသောအပြစ်များကြောင့်" (ရှု၊ figs_abstractnouns)
သူ၏ သားမြေးတို့သည်မထ
"ထမြောက်ခြင်း"သည် နောက်တဖန်တန်ခိုးအစွမ်းရှိလာသည်ကို ပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "နောက်တဖန်တန်ခိုးအစွမ်းမရှိ" (ရှု၊ figs_metonymy)
မြေကြီးကိုမပိုင်
ဤပုံဆောင်ချက်သည် ကမ္ဘာမြေကို အောင်မြင်သိမ်းပိုက်၍ ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကမ္ဘာမြေကို ထိန်းချုပ်အုပ်စိုးခြင်း" သို့မဟုတ် "ကမ္ဘာမြေကို အောင်မြင်သိမ်းပိုက်ခြင်း" (ရှု၊ figs_metaphor)
မြေတပြင်လုံးတွင်
ကမ္ဘာမြေတစ်ခုလုံးကို သူတို့မြို့များနှင့် ပြည့်စေမည် ဟူ၍ ပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကမ္ဘာကြီးတစ်ခုလုံးကို သူတို့မြို့များတည်ဆောက်မည်" (ရှု၊ figs_metaphor)
ငါသည်သူတို့တဘက်၌ ထ၍
ဤအဓိပ္ပာယ်ဖော်ပြချက်တွင် ဘုရားသခင်သူတို့ကို တွန်းလှန်မည်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ 'ငါသူတို့ကို တိုက်ခိုက်မည်" သို့မဟုတ် "သူတို့ကို တိုက်ခိုက်ဖို့တစ်ပါးအမျိုးသားတို့ကို စေလွှတ်မည်" (ရှု၊ figs_metonymy)
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား
"တည်ကြည်လေးနက်စွာပြောဆိုခြင်း" ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ မိန့်တော်မူချက်" ဖြစ်သည်။ (ရှု၊ figs_abstractnouns)
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား
ဟေရှာယ 1:9 ဘာသာပြန်ချက်တွင်ကြည့်ရန်။
ဗာဗုလုန် မြို့၏နာမနှင့် အကြွင်းအကျန်ကို၎င်း၊ သားမြေးတို့ကို၎င်း ပယ်ဖြတ်မည်
"ပယ်ဖြတ်ခြင်း" သည် ဖျက်ဆီးမည်ကို ပုံဆောင်သည်။ "နာမ" ဆိုသည်မှာ တစ်ချိန်က ဗာဗုလုန်ရဲ့ထင်ပေါ်ကျော်ကြားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် ဗာဗုလုန်လူမျိုး၏ သားစဉ်မြေးဆက်အဆက်ဆက်ကို သုတ်သင်ပယ်ရှင်းမည်" (ရှု၊ figs_metonymy)
ငါသည် ထိုမြို့ကိုလည်း ဖြစ်စေမည်
ဗာဗုလုန်မြို့ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် ထိုမြို့ကို ပြုစေမည်" (ရှု၊ figs_personification)
ထိုမြို့ကို ဖြူကောင်များနေရာ
မြို့ရွာများ ပျက်စီးဆုံးရှုံး၍ တောရိုင်းတိရစ္ဆာန်များနေထိုင်ကျက်စားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တောရိုင်းများနေထိုင်သော နေရာဖြစ်သွားသည်" (ရှ၊ figs_metaphor)
ရေလွှမ်း မိုးရာအရပ်ဖြစ်စေ
လူမနေထိုင်၍ မြို့များပျက်စီးကာ ရေမစီးသောနေရာ၊ ရေဝပ်သောနေရာများဖြစ်စေမည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ရေမစီးဘဲ ဝပ်နေသောနေရာများ၊ အိုင်သေးများ" (ရှု၊ figs_metaphor)
ဖျက်ဆီးခြင်း၏ တန်မြက်စည်း ဖြင့်လှည်းမည်
ဗာဗုလုန်မြို့ကြီးသည် လုံးလုံးပျက်စီးခြင်းသို့ ရောက်သွား၍ ညစ်ပတ်စုတ်ပျက်သော အမှိုက်ပုံကြီးကို တံမြက်စည်းဖြင့် လှည်းသကဲ့သို့ ရှင်းရှင်းပယ်ဖြတ်ခြင်းကို ခံရမည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် တံမြက်စည်းဖြင့် လှည်းကျင်းလိုက်သကဲ့သို့ ရှင်းရှင်းဖျက်ဆီးမည်" (ရှု၊ figs_metaphor)
Isaiah 14:24-25
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား
ဟေရှာယ 1:9 တွင်ကြည့်ရန်။
ငါကြံ စည်သည် အတိုင်းဖြစ်၍၊ ငါစီရင်ချက်လည်း တည်ရ လိမ့် မည်
ဤအခြေခံသဘောတရား အဓိပ္ပာယ်တူညီသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါကြံစည်သည့်အတိုင်း ဧကန်အမှန်ဖြစ်လာလိမ့်မည်" (ရှု၊ figs_parallelism)
ငါ၏မြေပေါ်မှာ အာရှုရိမင်းကို ငါနှိပ်စက်မည်
အခြားသောဘာသာပြန်ဆိုချက်၊ "ငါ၏မြေပေါ်မှာ အာရှုရိမင်းကို ရှုံးနိမ့်စေမည်" သို့မဟုတ် "ငါ၏မြေပေါ်မှာ အာရှုရိမင်းကို ချေမှုန်းတိုက်ခိုက်မည်" (ရှု၊ figs_metaphor)
အာရှုရိ
"အာရှုရိ ရှင်ဘုရင်နှင့် သူ၏စစ်တပ်" ကိုဖော်ဆောင်သည်။ (ရှု၊ figs_synecdoche)
ခြေဖြင့် ကျော်နင်းမည်
သူ့ကို လုံးလုံးခြေမှုန်းမည်ဟူ၍ ပုံဆောင်သည်။ (ရှု၊ figs_metaphor)
ထိုအခါ သူ၏ ထမ်းဘိုးကို သူတပါးအပေါ်က ရွှေ့ ၍၊သူတို့ပခုံးပေါ်မှာ တင်သောဝန်ကိုချရသော အခွင့်ရှိ လိမ့်မည်
အခြားသောဘာသာပြန်ဆိုချက်၊ "ထိုအခါ ထမ်းဘိုးနှင့်လေးသောဝန်ကို အခြားသောလူများ၏ ပုခုံးမှချွတ်၍ သူ၏အပေါ်၌တင်စေမည်" (ရှု၊ figs_activepassive)
သူ၏ထမ်းဘိုး ..... သူ၏ဝန်
အာရှုရိမင်းကို ရည်ညွှန်းပြောဆိုသည်။
ရွှေ့၍ ...... သူတို့ပုခုံးပေါ်မှ ချ၍
"သူတို့" ဟူသည်မှာ ဣသရေလလူမျိုးများကို ရည်ညွှန်းသည်။
Isaiah 14:26-27
ယေဘုယျအချက်အလက်
ဤအရာသည် ဟေရှာယ သို့မဟုတ် ထာဝရဘုရားသခင်ပြောဆိုခြင်းဖြစ်သည်။
မြေတပြင်လုံးတွင် ထိုသို့ကြံစည်တော်မူ၏
အခြားသောဘာသာပြန်ဆိုချက်၊ "ဤသည်မှာ မြေတစ်ပြင်လုံးအတွက် ရည်ရွယ်သော ဘုရားသခင်၏ အကြံအစည်ဖြစ်သည်" (ရှု၊ figs_activepassive)
ခပ်သိမ်းသော ပြည်တို့အပေါ်မှာ ထိုသို့လက်တော်ကို ဆန့်လျက်ရှိ၏
ဘုရားသခင်သည် ခပ်သိမ်းသောပြည်များကို ပြစ်ဒဏ်စီရင်ဖို့အတွက် လက်တော်ဆန့်၍ ဒဏ်ခတ်ဖို့အတွက် အသင့်ဖြစ်သည်။ "လက်တော်" ဟုဆိုရာတွင် ဘုရားသခင်၏ တန်ခိုးအစွမ်းကို ဖော်ဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ခပ်သိမ်းသော ပြည်တို့အပေါ်မှာ ထာဝရဘုရားသခင်၏ တန်ခိုးဖြင့်စီရင်လိမ့်မည်" သို့မဟုတ် "ခပ်သိမ်းသော ပြည်တို့အပေါ်မှာ ထာဝရဘုရားသခင်စီရင်မည့်အရာဖြစ်သည်" (ရှု၊ figs_metaphor and figs_metonymy)
အဘယ်သူဖျက်လိမ့်မည်နည်း
ဤမေးခွန်းပုံစံသည် အဘယ်သူမျှ ထာဝရဘုရား၏ အမှုကိုမတားမြစ်နိုင်ဟူ၍ အသားပေးရေးထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘယ်သူမျှ သူ့ကိုမတားဆီးနိုင်" (ရှု၊ figs_rquestion)
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား
ဟေရှာယ 1:9 တွင်ကြည့်ရန်။
ဆန့်တော် မူသောလက်တော်
ထာဝရဘုရားသည် ပြည်တော်များကို စီရင်ဖို့အသင့်ဖြစ်နေသည်။ (ရှု၊ figs_metaphor)
အဘယ်သူလှန်လိမ့်မည်နည်း
ဤမေးခွန်းပုံစံသည် ဘုရားသခင်၏ လက်တော်ကို အဘယ်သူမျှ ပြန်လည်ရုတ်သိမ်းအောင်မလုပ်နိုင်ပါဟူ၍ ဖြစ်သည်။ ပြန်လည်ရုပ်သိမ်းခြင်းသည် အပြစ်ဒဏ်စီရင်ခြင်းကို ရပ်တန့်ရန် သို့မဟုတ် တားဆီးရန်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မည်သူ တစ်ဦးမျှပြန်လည်၍ မရုတ်သိမ်းနိုင်" သို့မဟုတ် "အဘယ်သူမျှ သူ၏ ပြစ်ဒဏ်စီရင်ခြင်းကို မတားဆီးနိုင်" (ရှု၊ figs_rquestion နှင့် figs_metaphor)
Isaiah 14:28-30
သင့်ကိုရိုက်သောကြိမ်လုံးကျိုး သည်
"ရိုက်သော ကြိမ်လုံး" ဆိုသည်မှာ ဖိလိတ္တိရှင်ဘုရင် သူတို့ကို တိုက်ခိုက်သောစစ်သည်များ တိုက်ခိုက်ခံရသည်ကို ပုံဆောင်သည်။ "ကျိုးသည်" ဟူသည် "ဆုံးရှုံးသွားသည်" သို့မဟုတ် "သေဆုံးသွားသည်" ကိုပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင့်ကို တော်လှန်တိုက်ခိုက်သည့် ရှင်ဘုရင်ဆုံးရှုံးသွားသည်" သို့မဟုတ် "သင့်ကို တိုက်ခိုက်သည့် စစ်တပ်ပျက်စီးသွားသည်" (ရှု၊ figs_metaphor)
ထိုမြွေအမျိုးထဲက မြွေဆိုးပေါက်လိမ့်မည်။ သူ၏အနွှယ်သည်လည်း ပျံတတ် သော မီးမြွေဖြစ်လိမ့်မည်
ဤစကားစုနှစ်ရပ်၏ ဖော်ပြချက်သည် ပေါက်တတ်သော ရိုးရိုးမြွေထက်အန္တရယ်ရှိသော မြွေဆိုးကို ပုံပေါ်အောင်ရေးသားထားသည်။ ဤပုံဆောင်ချက်မှာ ပထမမင်းဆက်ထက်ပို၍ ဆိုးသော မင်းဆက်ပေါ်ထွန်းလာ၍ ဘုရင်ဆက်ခံမည်ဖြစ်သည်။ (ရှု၊ figs_parallelism နှင့် figs_metaphor)
မြွေဆိုး
အဆိပ်ပြင်းသော မြွေပွေးတစ်မျိုး။
ပျံတတ်သော မီးမြွေ
"မီးမြွေ" ဟူသော စကားလုံးသည် မြွေပွေး၏ "အဆိပ်" ကို ရည်ညွှန်း၍ "ပျံတတ်သော" ဟူသည်မှာ အဆိပ်လျင်မြန်စွာ ပျံ့နှံခြင်းကို ဖော်ဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အဆိပ်လျင်မြန်စွာ ပျံ့နှံ့၍ သေစေသော မြွေပွေး" (ရှု၊ figs_metaphor)
အတိုင်းထက်အလွန် ဆင်းရဲသောသူ
အလွန်အမင်းဆင်းရဲခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အဆင်းရဲဆုံးလူမျိုး" သို့မဟုတ် "ငါ၏ ဆင်းရဲဆုံးလူများ" (ရှု၊ figs_metaphor)
ငါသည်သင်၏အမြစ်ကို သွေ့ခြောက်ခြင်းအားဖြင့် သတ်၍၊သင်၏ အကြွင်းကို လည်း မြွေဆိုးသည်ကွပ်မျက်လိမ့်မည်
"သင်၏ အမြစ်" ဟု ဆိုရာတွင် ဖိလိတ္တိလူမျိုးကို ရည်ညွှန်းထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်၏ လူမျိုးများကို ငတ်မွတ်ခြင်းဖြင့် သတ်ဖြတ်၍ အသက်ရှင်သည့် သူများအားလုံးကို သတ်ဖြတ်စေမည်" (ရှု၊ figs_metaphor)
Isaiah 14:31-32
အိုတံခါး၊ညည်းတွားလော့။ အိုမြို့၊ ငိုကြွေးမြည် တမ်းလော့
မြို့တံခါးများနှင့် မြို့ရွာများကို ပုံဆောင်သည်။ "အို လူများနေထိုင်ရာမြို့တံခါးများနှင့် မြို့များတွင်နေထိုင်သောလူများ ငိုကြွေးမြည်တမ်းသည်" (ရှု၊ figs_metonymy)
သင်သည်မှိုင် တွေလျက်ရှိ ၏
ဤသည်မှာ ကြောက်ရွံ့သောကြောင့် အားနည်းလာခြင်းကို ပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် ကြောက်ရွံ့စိုးရိမ်ခြင်းဖြင့် အားနည်းလာမည်" (ရှု၊ figs_metaphor)
မြောက်မျက်နှာမှ မီးခိုးထွက်လာ၏
အင်မတန် အင်အားကြီးမားသော စစ်တပ်သည် မြောက်အရပ်မှလာမည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မြောက်အရပ်မှ အင်မတန်အင်အားကြီးသော စစ်တပ်သည် မီးခိုးကဲ့သို့ အလုံးအရင်းရောက်လာမည်" (ရှု၊ figs_explicit)
တိမ်တိုက်မီးခိုးများ
"မီးခိုးများ" ဆိုသည်မှာ အဓိပ္ပာယ် (၂) မျိုးရှိသည်။ (၁) စစ်တပ်များ အင်အားကြီးစွာလာသည် ဆိုရာဝယ် သူတို့လျှောက်သောလမ်းမှ ဖုန်များတထောင်းထောင်း ထလာ၍ မီးခိုးနှင့် တင်စားခြင်း။ (၂) သူတို့ ဖျက်ဆီးခဲ့သော မြို့ရွာများမှ မီးခိုးများထွက်၍ တင်စားပုံဆောင်ခြင်းဖြစ်သည်။ (ရှု၊ figs_metaphor)
ထိုအလုံးအရင်း ၌ တယောက်တခြားစီနေသော သူမရှိ
"ထို စစ်တပ်အလုံးအရင်း ညီညွှတ်စွာ ချီတက်လာမည်။ မည်သူမျှနောက်တန်းတွင် မကျန်ရစ်ရ"
တပြည်တနိုင်မှ ရောက်လာသော သံတမန်တို့ အား အဘယ်သို့ ပြန်ပြောရမည်နည်း ဟူမူကား
ဣသရေလလူမျိုးများ ထိုသံတမန်ကို မည်သို့ဖြေကြားရမည့်အကြောင်းကို ညွှန်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဖိလိတ္တိသံတမန်များကို မည်သို့ ဆင့်ဆိုရမည်နည်း ဟူမူကား" (ရှု၊ figs_rquestion)
ထာဝရဘုရားသည် ဇိအုန်မြို့ကို တည်ထောင်တော်မူ သည်
"ထာဝရဘုရားသည် ဇိအုန်မြို့ကို အစပြုလိမ့်မည်"
ထိုမြို့၌
"ယေရုရှလင်မြို့၌" (ရှု၊ figs_personification)
ကိုယ်တော်၏ ဆင်းရဲသားတို့သည်
"အတိဒုက္ခ၊ ဆင်းရဲခြင်းကြုံရသောလူမျိုးများ"
Isaiah 15
Isaiah 15:1-2
ယေဘုယျအချက်အလက်
ပရောဖက်ပြုခြင်းသည် ရှေ့အနာဂတ်တွင်ဖြစ်ပျက်လာမည့်အရာကို ပစ္စုပ္ပန်ကာလ သို့မဟုတ် အတိတ်ကာလတွင် ဖြစ်ပျက်နေသကဲ့သို့ ဟောပြောခြင်းဖြစ်သည်။ ဤအဖြစ်အပျက်သည် ဧကန်မုချဖြစ်ပျက်လာမည့်အရာဖြစ်သည်။ (ရှု၊ figs_pastforfuture)
ဗျာဒိတ်တော်
ဤဗျာဒိတ်တော်သည် "ထာဝရဘုရားသခင်ပြောသော အကြောင်းအရာဖြစ်သည်" သို့မဟုတ် "ထာဝရဘုရားထံမှလာသော သတင်းစကားဖြစ်သည်"
အာရ ... ကိရ ... ဒိဘုန် ... နေဗော ... မေဒဘ
မြို့များ၏ နာမည်များနှင့် မောဘပြည်ရှိ မြို့ရွာနာမည်များဖြစ်သည်။ (ရှု၊ translate_names)
လုပ်ကြံသော ညဉ့်အခါ၊ မောဘပြည် ကိရမြို့သည် ပျက်စီး၏
"လုပ်ကြံသော" နှင့် "ပျက်စီးခြင်း" ဆိုသည့် စကားလုံးသည် အဓိပ္ပာယ်နှင့် ရည်ရွယ်ချက်တူညီသည်။ မောဘပြည် အာရမြို့သည် လုံးလုံးပျက်စီးလိမ့်မည်ဟူသော အဓိပ္ပာယ်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ရန်သူများသည် မောဘပြည်အာရမြို့ကို ရှင်းရှင်းဖျက်ဆီးလိမ့်မည်" (ရှု၊ figs_doublet နှင့် figs_activepassive)
မြင့် သောအရပ်သို့ တက်၍ ငိုကြွေးကြ၏
"မြင့်သော အရပ်" ဆိုသည်မှာ တောင်ကုန်းများပေါ်တွင် သူတို့၏ နတ်ဘုရားများဆောက်လုပ်ထားသော နတ်ကွန်းကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တောင်ထိပ်တွင်ရှိသော နတ်ဘုရား ဗိမ္မာန်သို့ တက်သွား၍ ငိုကြွေး၏" (ရှု၊ figs_idiom)
မောဘပြည်သူ တို့သည် နေဗောမြို့၊ မေဒဘမြို့ပေါ်မှာ ညဉ်းတွား မြည်တမ်းကြ၏
ဤနေရာဒေသများ၏ နာမည်များသည် မောဘလူမျိုးများနေထိုင်သောနေရာဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မောဘလူမျိုးများသည် နေဗောမြို့နှင့် မေဒသမြို့၏ ဖြစ်ပျက်ခြင်းကို ကြည့်၍ ငိုကြွေးမြည်တမ်းကြလိမ့်မည်" (ရှု၊ figs_metonymy)
သူတို့ခေါင်းပေါ်မှာ ဆံပင်မရှိ။ သူတို့ မုတ်ဆိတ်ကိုလည်း ရိတ်ပယ်ပြီ
အလွန်အမင်း ဝမ်းနည်းပူဆွေးသောကြောင့် ပြုလုပ်သောအရာဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ခေါင်းပေါ်မှ ဆံပင်များကို ပြောင်အောင်ရိတ်၍ ဝမ်းနည်းပူဆွေးကြသည်" (ရှု၊ translate_symaction)
Isaiah 15:3-4
ယေဘုယျအချက်အလက်
ဆက်လက်၍ မောဘပြည်တွင် ဖြစ်ပျက်မည့်အရာများကို ပရောဖက်ပြုထားသည်။ (ရှု၊ 15:1)
လျှော်တေအဝတ်ကို ဝတ်ကြ
အလွန်အမင်း ဝမ်းနည်းပူဆွေးသောကြောင့် ပြုလုပ်သောအရာဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လျှော်တေအဝတ်ကို ဝတ်၍ ငိုကြွေးမြည်တမ်းကြသည်" (ရှု၊ translate_symaction)
ဟေရှဘုန် ... ဧလာလေ ... ယာဟတ်
မြို့များနှင့် ရွာများ၏ နာမည်များဖြစ်သည်။ (ရှု၊ translate_names)
ဟေရှဘုန်မြို့နှင့် ဧလာလေမြို့တို့လည်း ငိုကြွေး ၍
ထိုမြို့ပေါ်၌ နေထိုင်သောလူများဖြစ်သည်။ "ဟေရှဘုန်မြို့ရှိ လူများနှင့် ဧလာလေမြို့ရှိ လူများသည် ငိုကြွေးကြ၍" (ရှု၊ figs_metonymy)
သူရဲတို့သည်လည်း၊ တုန်လှုပ်သောစိတ်နှလုံးနှင့် ငိုကြွေး ကြ၏
သူတို့၏ ထိတ်လန့်ကြောက်ရွံ့ခြင်း လက္ခဏာကို ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် ထိတ်လန့်ကြောက်ရွံ့ခြင်းအတိရှိလိမ့်မည်" (ရှု၊ figs_synecdoche)
Isaiah 15:5-7
ယေဘုယျအချက်အလက်
မောဘပြည်ရှိလူများအကြောင်းကို ဆက်လက်၍ ပရောဖက်ပြုထားသည်။ အနာဂါတ်တွင် ဖြစ်ပျက်လာမည့်အရာကို ယခုပစ္စုပ္ပန်တွင် ဖြစ်ပျက်နေသကဲ့သို့ ဖော်ပြထားသည်။ (ရှု၊ 15:1)
ငါ့နှလုံးသားသည်လည်း၊ မောဘအဘို့ ငိုကြွေး၏။
ငါ့နှလုံးသားဟုဆိုရာတွင် ထိခိုက်ကြေကွဲခြင်းကို ပုံဆောင်သည်။ ဘုရားသခင်သည် သူ၏ ကြီးစွာသော ဝမ်းနည်းခြင်းဖြင့် ငိုကြွေးပြီးပြောဆိုနေသကဲ့သို့ ရေးထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မောဘပြည်ဖြစ်ပျက်မည့် အရာသည် ငါ့ကို ပြင်းထန်စွာ စိတ်နှလုံးထိခိုက် ဝမ်းနည်းစေသည်" (ရှု၊ figs_metonymy နှင့် figs_metaphor)
ပြေးသောသူတို့သည်
"သူ၏ ပျက်ပြယ်ခြင်းသည် အဝေးသို့ထွက်ပြေး၍" ဟူသည် ရန်သူများလက်မှ ထွက်ပြေးတိမ်းရှောင်ခြင်းကို ဆိုလိုသည်။
ဇောရ ... လုဟိတ်တောင် ... ဟောရနိမ့် ... နိမရိန်ကန်
မောဘပြည်တဝိုက်ရှိ နေရာဒေသများ၏ နာမည်ဖြစ်သည်။ (ရှု၊ translate_names)
ဆုံးရှုံးခြင်းအသံကို လွှင့်ကြ၏
"ဆုံးရှုံးခြင်း" နာမ်ပုဒ်ကို "ဆုံးရှုံးသည်" ကြိယာဖြင့် ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့မြို့များ ပျက်ဆီးရှုံးဆုံးသွားသောကြောင့်ဖြစ်သည်" (ရှု၊ figs_abstractnouns)
မိမိတို့ဆည်းဖူးသော ဥစ္စာ၊ သိုထားသောဘဏ္ဍာများ
မိမိတို့ရှိသည့် အရာအားလုံး၊ မည်သည့်အရာမဆို။
မိုဃ်းမခပင်ချိုင့်
မောဘပြည်နယ်နိမိတ်နှင့် ထိစပ်နေသည့် မြောက်ဘက်မြစ်ချိုင့်ဝှမ်းကို ရည်ညွှန်းသည်။
Isaiah 15:8-9
ယေဘုယျအချက်အလက်
မောဘပြည်ကို ဆက်လက်၍ ပရောဖက်ပြုသည်။ (ရှု၊ 15:1)
ငိုကြွေးသောအသံသည် မောဘပြည်ကို နှံ့ပြား လေ၏
တပြည်မှ တပြည်ရှိလူများသည် မောဘ၏ ဖြစ်ရပ်ဆိုးကြီးကြောင့် ငိုကြွေးမြည်တမ်းကြလိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မောဘပြည်တစ်ပြည်လုံးရှိလူများသည် ကြောက်ရွံ့တုန်လှုပ်၍ ငိုကြွေးကြလိမ့်မည်" (ရှု၊ figs_metaphor)
ညဉ်းတွားမြည်တမ်းသော အသံသည် ဧဂလိမ် မြို့ တိုင်အောင်၎င်း၊ ဗေရဧလိမ်မြို့ တိုင်အောင်၎င်း ရောက်လေ၏
ဤနေရာဒေသနှစ်ခုသည် ပျက်စီးဆုံးရှုံး၍ ငိုကြွေးမြည်တမ်းခြင်းကို ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငိုကြွေးမြည်တမ်းခြင်းသည် ဧဂလိမ်မြို့နှင့် ဗေရဧလိမ်မြို့တိုင်အောင် ရောက်လေ၏"
ဧဂလိမ် .... ဗေရဧလိမ် .... ဒိဇုန်
မြို့ရွာများ၏ နာမည်များဖြစ်သည်။ ဒိဇုန်သည် မောဘပြည်၏ မြို့တော်ဖြစ်သည်။ ယခုလက်ရှိ ဘာသာပြန်ဆိုခြင်းများတွင် "ဒိမုန်" ဟူ၍ သုံးလေ့ရှိသည်။ (ရှု၊ translate_names)
ဒိဇုန်မြို့အပေါ်မှာ အခြားသောဘေးများ .... ငါရောက်စေမည်
"ငါ" သည် ထာဝရဘုရားကို ရည်ညွှန်းသည်။ ဒိဇုန်မြို့ရှိလူများကိုလည်း ရည်ရွယ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် ဒိဇုန်မြို့ပေါ်မှာ များစွာသော ဘေးများကို ကျရောက်စေမည်" (ရှု၊ figs_metonymy)
Isaiah 16
Isaiah 16:1-2
ယေဘုယျအချက်အလက်
မောဘလူမျိုးများကို ပရောဖက်ပြုထားသည်။ နောင်တွင်ဖြစ်ပျက်လာမည့်အရာများကို ဘုရားသခင်ပြောဆိုထားသည်။ ပထမဆုံးအပိုဒ်ငယ်တွင် အုပ်ချုပ်သူများကို ဘုရားသခင်မိန့်ဆိုထားသည်။ (ရှု၊ 15:1)
မြေရှင်ထံသို့ သိုးသငယ်ကို ပေးလိုက်ကြလော့
မောဘလူမျိုးများ ယုဒရှင်ဘုရင်ကို သိုးများပေးကြလော့ သို့ပြုလျှင် သင်တို့၏ ရန်သူများကို ခုခံကာကွယ်ပေးလိမ့်မည်။ (ရှု၊ translate_symaction)
သေလမြို့
မြို့၏ နာမည်ဖြစ်သည်။ (ရှု၊ translate_symaction)
ဇိအုန်သတို့သမီး
"သတို့သမီး" ဟုဆိုရာတွင် ထိုမြို့ရှိလူများကို ပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဇိအုန်ရှိလူများ" သို့မဟုတ် "ဇိအုန်မြို့တွင်နေထိုင်သော လူများ" (ရှု၊ translate_symaction)
မိမိအသိုက်ကို စွန့်ပစ်၍ လည်ရသောငှက်ကဲ့သို့၊ မောဘသမီးတို့သည် အာနုန်မြစ်ကူးရာကမ်းနားမှာ ရှိကြလိမ့်မည်
အမျိုးသမီးများ အပါအဝင် မောဘတမျိုးသားလုံးထွက်ပြေးတိမ်းရှောင်ကာသူတို့ အိုးအိမ်များစွန့်ခွာရသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အသိုက်မရှိတော့သော ငှက်များကဲ့သို့ မောဘမိန်းမပျိုများသည် မြစ်တဘက်ကမ်းရှိ နေရာများသို့ ထွက်ပြေးတိမ်းရှောင်ရသည်" (ရှု၊ figs_simile)
မိမိအသိုက်ကို စွန့်ပစ်၍ လည်ရသောငှက်ကဲ့သို့
ဤစကားစုနှစ်ရပ်သည် အဓိပ္ပာယ်တူညီသည်။ (ရှု၊ figs_doublet)
Isaiah 16:3-4
ယေဘုယျအချက်အလက်
မောဘလူမျိုးနှင့် ဆက်စပ်၍ ပရောဖက်ပြုသည်။ နောင်တွင် ဖြစ်ပျက်မည့်အရာကို ဖော်ပြနေသည်။ မောဘအုပ်ချုပ်သူများ၊ အစိုးရသူများသည် ယုဒရှင်ဘုရင်ထံပြန်လည်မိန့်ဆိုသော ကျမ်းပိုဒ်ငယ်ဖြစ်သည်။ (ရှု၊ 15:1)
မွန်းတည့်အလင်းထဲ၌ ညဉ့်ကဲ့သို့ သင်၏အရိပ်ကို ဖြစ်စေ လော့
"မွန်းတည့်အလင်း" ဟုဆိုရာတွင် မောဘလူမျိုးများ၏ ရန်သူများကြောင့် ခံစားရသည့် ဝေဒနာကို ရည်ညွှန်း၍ "အရိပ်" ဆိုသည်မှာ အကာအကွယ်ရှိခြင်း၊ ရန်သူများလက်ထဲမှ ကွယ်ကာမှုရရှိခြင်းကို ရည်ညွှန်းသည်။ ညဉ့်အရိပ်သည် ထိုထက်ပို၍ အကာအကွယ်ရရှိခြင်းကို ဖော်ဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ရန်သူများလက်ထဲက လုံးလုံးပြည့်စုံသောအကွယ်အကာဖြင့် ခုခံကာကွယ်ပေးခြင်းသည် အင်မတန်ပူပြင်းသော မွန်းတည့်ချိန်၌ ကြီးစွာသော အရိပ်ရသကဲ့သို့ဖြစ်သည်" (ရှု၊ figs_metaphor နှင့် figs_simile)
မောဘပြည်မှ နှင်ထုတ်သော သူတို့သည် သင် နှင့်အတူနေကြစေလော့
မောဘပြည်မှ စစ်ဘေးဒုက္ခသည်များကို သင်တို့နှင့် နေထိုင်ခြင်းငှာ လက်ခံမူပါ။ "သင်တို့" ဆိုသည်မှာ ယုဒလူမျိုးများကို ဆိုလိုသည်။
ဖျက်ဆီးသောသူ၏ လက်မှ လွတ်စေခြင်းငှါ သူတို့ကိုစောင့်မလော့
ပုန်းခိုမည့် နေရာစီစဉ်ပေးခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ကို ဖျက်ဆီးဖို့ကြိုးစားသော လူများ၏ လက်မှ ပုန်းခိုဖို့ရန် နေရာချပေးလော့" သို့မဟုတ် "သူတို့ကို ဖျက်ဆီးချင်သာသူများ၏ လက်မှ လွှတ်စေခြင်းငှာ ဝှက်ထားလော့" (ရှု၊ figs_metaphor)
Isaiah 16:5
ရာဇပလ္လင်သည်လည်း၊ ကရုဏာ၌တည်လိမ့် မည်။ သစ္စာနှင့်ပြည့်စုံ၍
"ရာဇပလ္လင်" သည် ရှင်ဘုရင်ကဲ့သို့ တန်ခိုးအစွမ်းဖြင့် အုပ်ချုပ်ခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသခင်သည် သစ္စာဖြင့် ပြည့်စုံ၍ သူ၏ ပဋိညာဉ်သည် ထာဝရတည်ကာ ဘုရင်တပါးကို ခန့်အပ်လိမ့်မည်" (ရှု၊ figs_metonymy နှင့် figs_activepassive)
ပလ္လင်တော်ပေါ်မှာ ထိုင်တော် မူသောသူသည် ဖြောင့်မတ်စွာ စစ်ကြော၍
"ဒါဝိတ်မင်း၏ တဲတော်" ဟုဆိုရာတွင် ဒါဝိတ်မင်း၏ မျိုးနွယ်စုကို ဖော်ဆောင်သည်။ ထိုမျိုးနွယ်သည် အုပ်ချုပ်စိုးစံလိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဒါဝိတ်မင်းမှ ဆင်းသက်လာသော မင်းဆက်သည် သစ္စာရှိစွာစီရင် အုပ်ချုပ်လိမ့်မည်" (ရှု၊ figs_metonymy)
ဖြောင့်မတ်စွာ စစ်ကြော၍
တရားမျှတခြင်းကို ရှာဖွေခြင်းဆိုသည်မှာ တရားမျှတခြင်းကို လိုချင်သောဆန္ဒရှိခြင်းကို ပုံဆောင်သည်။ (ရှု၊ figs_metaphor)
Isaiah 16:6-7
ယေဘုယျအချက်အလက်
မောဘပြည်ရှိလူများအကြောင်းကို ဆက်လက်၍ ပရောဖက်ပြုထားသည်။ အနာဂါတ်တွင် ဖြစ်ပျက်လာမည့်အရာကို ယခုပစ္စုပ္ပန်တွင် ဖြစ်ပျက်နေသကဲ့သို့ ဖော်ပြထားသည်။ (ရှု၊ 15:1)
မောဘ၏ မာနကို ငါတို့သည်ကြားသိကြ၏။ အလွန်ကြီးသော မာနဖြစ်၏။ ထောင်လွှားစော်ကားခြင်း၊ ဒေါသအမျက်ထွက်ခြင်းရှိ၍
မောဘလူမျိုးများကို ဖော်ဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မောဘလူမျိုးများ၏ မာနထောင်လွှားခြင်း၊ မောက်မာခြင်း၊ ဝါကြွားခြင်းနှင့် ဒေါသအမျက်ထွက်ခြင်းတို့ကို ငါတို့ကြားသိကြ၏" (ရှု၊ figs_metonymy)
ငါတို့ ကြားသိကြ၏
အဓိပ္ပါယ်နှစ်မျိုးဖြင့်ဖော်ပြထားသည်။ (၁) "ငါတို့" ဆိုသည်မှာ ဟေရှာယနှင့် ယုဒလူမျိုးများ (၂) ဘုရားသခင်ကို ရည်ညွှန်းသည်။
အချည်းနှီးသက်သက်ဝါ ကြွားသော စကားကိုပြောတတ်၏
"သူတို့ပြောသော စကားသည် အဓိပ္ပာယ်မဲ့လျက်ရှိသည်" သို့မဟုတ် "သူတို့၏ ဝါကြွားတတ်သော အရာသည် စစ်မှန်ခြင်းမရှိ"
ထို့ကြောင့်၊ မောဘသည် မိမိအတွက်ညည်းတွား မြည်တမ်းရလိမ့်မည်
"ထို့ကြောင့် မောဘလူမျိုးအားလုံးသည် မောဘပြည်၏ဖြစ်ရပ်များကြောင့် ငိုကြွေးမြည်တမ်းကြလိမ့်မည်" (ရှု၊ figs_metonymy)
ကိရဟရက်မြို့ပျက်သည်အ တွက်
"ကိရဟရက်မြို့ပျက်စီးသွား၍ မည်သူမျှ မရှိတော့ကြောင်း" ပုံဆောင်ရေးထားသည်။
စပျစ်သီးခြောက်ဖြင့် လုပ်ထာသောအစားအစာ
ဟေဗြဲဝေါဟောရတွင် ဤစကားလုံးကို "လူယောက်ျား" ကိုရည်ညွှန်းပုံဆောင်သည်။
ကိရဟရက်
မြို့၏ နာမည်ဖြစ်သည်။ (ရှု၊ translate_names)
Isaiah 16:8
ယေဘုယျအချက်အလက်
မောဘပြည်ရှိလူများအကြောင်းကို ဆက်လက်၍ ပရောဖက်ပြုထားသည်။ အနာဂါတ်တွင် ဖြစ်ပျက်လာမည့်အရာကို ယခုပစ္စုပ္ပန်တွင် ဖြစ်ပျက်နေသကဲ့သို့ ဖော်ပြထားသည်။ (ရှု၊ 15:1)
ဟေရှာဘုန်
မြို့၏နာမည် ဖြစ်သည်။ ဟေရှာယ 15:3 တွင်ကြည့်ရန်။
စိဗမာ .... ယာဇာ
မြို့များ၏ နာမည်ဖြစ်သည်။ (ရှု၊ translate_names)
စပျစ်နွယ်ပင် အညွန့်များကိုလည်း တပါး အမျိုးသားမင်းတို့သည် ချိုးကြပြီ
မောဘပြည်သည် စပျစ်ယာခင်းဖြစ်ကြောင်းသိမြင်ပြီးဖြစ်သည်။ ထာဝရဘုရားသည် မောဘပြည်ကို အလွန်ကြီးမားသော စပျစ်ယာခင်းပုံစံဖြင့် ဖော်ပြထားသည်။ "အမျိုးသားမင်းတို့" ဆိုသည်မှာ တစ်ပါးအမျိုးသားစစ်တပ်များဖြစ်၍ မောဘပြည်၌ ရှိသမျှသော အရာခပ်သိမ်းကို ရှင်းလင်းဖျက်ဆီးမည် ဖြစ်ကြောင်းရည်ရွယ်ပြောဆိုထားသည်။ (ရှု၊ figs_metaphor နှင့် figs_metonymy)
Isaiah 16:9-10
ယေဘုယျအချက်အလက်
မောဘပြည်ကို အလွန်ကြီးမားသော စပျစ်ယာခင်းပုံစံဖြင့် ဆက်လက်၍ ပရောဖက်ပြုထားသည်။ 16:8 တွင်ကြည့်ရန်။ နောင်ကာလတွင် ဖြစ်ပျက်မည့်အရာများကို ယခုပစ္စုပ္ပန်ကာလတွင် ဖြစ်ပျက်နေသကဲ့သို့ ဘုရားသခင်ဖော်ပြသည်။
ငါသည်မျက်ရည် ကျမည်
၁၆:၉-၁၀ တွင် "ငါ" သည် ထာဝရဘုရားကို ရည်ညွှန်းသည်။
ငါသည် မျက်ရည်ကျလျက် သင့်ကိုရေလောင်းမည်
ဘုရားသခင်သည် အလွန်အမင်းဝမ်းနည်းကြေကွဲသောကြောင့် ထိုနေရာဒေသများအတွက် ကြီးစွာသော ငိုကြွေးခြင်းဖြင့် သူတို့အတွက် မျက်ရည်ကျမည်ဟူ၍ ပြောဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင့်အတွက် ငါသည် ကြီးစွာသောငိုကြွေးခြင်းပြုမည်" (ရှု၊ figs_metonymy)
ယာဇာ ... စိဗမာ
မြို့များ၏ နာမည်ဖြစ်သည်။ ၁၆:၈ တွင် ဘာသာပြန်ဆိုပြီး။
ဟေရှဘုန် ... ဧလာလေ
မြို့များ၏ နာမည်ဖြစ်သည်။ ၁၅:၃ တွင်ပြန်ဆိုထားသကဲ့သို့ ပြန်ဆိုပါ။
သင်၏သစ်သီးနှင့် စပါးနှံတို့သည် စစ်တိုက်သံနှင့် တွေ့ကြုံကြပြီ။ ဝပြောသောလယ်ပြင်ထဲမှာ ဝမ်းမြောက်ရွှင် လန်းခြင်း ပြတ်လေပြီ
"ဝမ်းမြောက်ရွှန်လန်းခြင်း" သည် "သစ်သီးဝလံများရိတ်သိမ်းပြီး ရွှင်လန်းဝမ်းမြောက်သည်" ကိုကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါပြုမည့် အမှုရောက်ခြင်းကြောင့် ဝပြောသော လယ်ပြင်တွင် ဝမ်းမြောက်ရွှင်လန်းသံများ တိတ်ဆိတ်လေပြီ" (ရှု၊ figs_metonymy)
ကြွေးကြော်သော အသံ ကိုလည်းငါ ပြတ်စေပြီ
"ကြွေးကြော်သောအသံ" သည် သစ်သီးရိတ်သိမ်းချိန်၌ ဝမ်းမြောက်၍ ထွက်ပေါ်လာသော အသံဖြစ်သည်။ စပျစ်သီးများကို ခြေထောက်ဖြင့် နင်းချေသည့် ရိတ်သိမ်းကာလဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "စပျစ်သီးနယ်ရာကျင်း၌ စပျစ်သီးကို နင်းသောသူများ၏ ကြွေးကြော်ရွှင်လန်းသောအသံမရှိစေရ" (ရှု၊ figs_metonymy)
Isaiah 16:11-12
ယေဘုယျအချက်အလက်
ဟေရှာယ ၁၅:၁ တွင်ကြည့်ရန်။
ငါ့ဝမ်းသည် မောဘပြည်အတွက် စောင်းကဲ့သို့ မြည်ရ လိမ့်မည်
ထာဝရဘုရားသခင်၏ ဝမ်းနည်းပူဆွေးခြင်းကို ဖော်ပြထားသည်။ သူ၏ ဝမ်းနည်းကြွေကွဲခြင်းကြောင့်ထွက်ပေါ်လာသောအသံသည် ပူဆွေးဝမ်းနည်းသော သီချင်းကို တီးခတ်သော စောင်း၏အသံနှင့်တင်စားထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဝမ်းနည်းကြေကွဲသော သီချင်းကို တီးခတ်သောစောင်းသံကဲ့သို့ ငါဖြစ်၏" (ရှု၊ figs_metonymy နှင့် figs_simile)
မောဘ ... မိမိ ... သူ၏
မောဘလူမျိုးများကို ရည်ညွှန်းသော စကားလုံးဖြစ်သည်။ (ရှု၊ figs_metonymy)
ငါ့အအူသည် ကိရဟရက်မြို့အတွက်
ထာဝရဘုရားသခင်၏ မိမိကိုယ်တိုင် ညည်းတွားမြည်တမ်းသော စကားဖြစ်သည်။ ရှေ့စာမျက်နှာ ၁၆:၆ တွင်လည်းဖော်ပြပြီးဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့အူသည် ကိရဟရက်မြို့အတွက်" သို့မဟုတ် "ငါသည် ကိရဟရက်လူမျိုးများအတွက် အလွန်ဝမ်းနည်းကြေကွဲ၏" (ရှု၊ figs_ellipsis)
ပဌနာပြုအံ့သောငှါ အကြံမမြောက်နိုင်ရာ
"သူ၏ ဆုတောင်းခြင်းသည် အဖြေမရှိပါ"
Isaiah 16:13-14
မိန့်တော်မူသည်ကား
"မိန့်မှာထားချက်" သည်ကား ဟေရှာယ ၁၅:၁-၁၆:၁၂ တွင် သူပြောထားပြီးသည့် အရာများကိုဆိုလိုသည်။
မောဘ၏ အ ကြောင်းစကား
မောဘလူမျိုးများကို ရည်ညွှန်းသည်။ (ရှု၊ figs_metonymy)
မောဘ ပြည်၏ ဘုန်းအသရေသည် ရှုတ်ချခြင်းသို့ ရောက်ရမည်
"မောဘပြည်၏ ဘုန်းအသရေသည် ကြာရှည်မခံပါ"
Isaiah 17
Isaiah 17:1-3
ဒမာသက်မြို့နှင့် ဆိုင်သော
"ဒမာသက်" သည်မြို့၏ နာမည်ဖြစ်သည်။ ဘာသာပြန်ချက် ၇:၇ ကိုကြည့်ပါ။ (ရှု၊ translate_names)
အာရော်မြို့များကို စွန့်ပစ်သောကြောင့်
"အာရော်မြို့ရှိလူများအားလုံး မြို့ကို စွန့်ပစ်လိမ့်မည်" (ရှု၊ figs_activepassive နှင့် translate_names)
အဘယ်သူမျှမမောင်းဘဲ
"သူတို့" ဟူသော စကားလုံးသည် သိုးစုကို ရည်ညွှန်းခြင်းဖြစ်သည်။
ဧဖရိမ်ပြည်၌မြို့မရှိရ
ဣသေရလလူမျိုးများထဲမှ "ဧဖရိမ်" သည် လူဦးရေအများဆုံးမျိုးနွယ်ဖြစ်သည်။ မြောက်ပိုင်းဣသရေလနိုင်ငံတော်သည် ထိုမျိုးနွယ်ကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဣသရေလနိုင်ငံမှ ကြီးကျယ်၊ ကြံ့ခိုင်သော မြို့များကွယ်ပျောက်သွားလိမ့်မည်" (ရှု၊ figs_synecdoche)
မရှိရ
သူတို့ ပျောက်ကွယ်သွားလိမ့်မည်ဟုမဆိုလိုပါ။ သူတို့ မြို့များ ပျက်စီးဆုံးရှုံးလိမ့်မည်ဟူသော အဓိပ္ပာယ်သာဖြစ်သည်။
ဒမာသက်မြို့
အာရမ်ရှင်ဘုရင် လက်ထက်ကစိုးစံသော ဒမာသက်မြို့ဖြစ်သည်။ "ပျောက်ကွယ်သွားခြင်း" ဟုဆိုရာတွင် မင်းအာဏာဆက်လက်၍ မတည်မြဲခြင်းကို ပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဒမာသက်မြို့သည် ဆိတ်သုန်းသွားလိမ့်မည်" သို့မဟုတ် "မင်းအာဏာစက် မတည်မြဲသောမြို့ဖြစ်လိမ့်မည်" (ရှု၊ figs_ellipsis နှင့် figs_metonymy)
အာရော်
လူမျိုးစု၏ နာမည်ဖြစ်သည်။ ဟေရှာယ ၇:၁ တွင်ပြန်ဆိုထားသည်။ (ရှု၊ translate_names)
သူတို့သည် ဣသရေလ အမျိုးသားတို့၏ ဘုန်းအသရေကဲ့သို့
ဣသရေလအမျိုးသားတို့၏ နိုင်ငံသည် ဘုန်းအသရေဆက်လက်တည်မြဲခြင်းမရှိသကဲ့သို့ ကျန်ကြွင်းသော အာရော်နိုင်ငံသည်လည်း ထိုကဲ့သို့ဖြစ်လိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုသူတို့သည် ဣသရေလလူမျိုးများကဲ့သို့ ဘုန်းအသရေမတည်မြဲကြ" သို့မဟုတ် "ဣသရေလလူမျိုးကို ငါအရှက်ရစေသကဲ့သို့ သူတို့ကိုငါပြုမည်" (ရှု၊ figs_irony)
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏
ဟေရှာယ ၁၄:၂၁ ၌ဘာသာပြန်ထားချက်ကို ကြည့်ပါ။
Isaiah 17:4-5
ထိုကာလ၌ .... ဖြစ်ရလိမ့်မည်
ဤစကားစုသည် ဧကန်မုချဖြစ်လာမည့်အရာကို အရေးပါသောအမှတ်လက္ခဏာဖြင့် ဖော်ဆောင်ခြင်းဖြစ်သည်။
ယာကုပ် အမျိုး၏ ဘုန်းသည် လျော့ ၍၊ ဆူဝခြင်းလည်း ပိန့်ကြုံခြင်းဖြစ်ရလိမ့်မည်
"ယာကုပ်" ဟုဆိုရာတွင် ဣသရေလနိုင်ငံတော်ကို ရည်ညွှန်းသည်။ ဆိုလိုသည့် အဓိပ္ပာယ်မှာ နိုင်ငံ၏ ဘုန်းအသရေသည် တည်မြဲခြင်းမရှိ။ အားနည်းခြင်းနှင့် ဆင်းရဲငတ်မွတ်ခြင်းဖြစ်လာမည်။ (ရှု၊ figs_metonymy နှင့် figs_metaphor)
လူသည် စပါးကိုသိမ်းယူ၍ အသီးအနှံများ ကိုလက်နှင့် ရိတ်သကဲ့သို့၎င်း၊ ရေဖိမ်ချိုင့်၌ အသီးအနှံ တို့ကိုသိမ်းရိတ်သကဲ့သို့၎င်း၊ ထိုအမှုဖြစ်ရလိမ့်မည်
ဣသရေလလူမျိုးကို ဘုရားသခင်ပြစ်ဒဏ်စီရင်ပြီးနောက် တိုင်းနိုင်ငံတွင် ဘာမျှကျန်မည်မဟုတ်ပါ ။ (ရှု၊figs_simile)
ရေဖိမ်ချိုင့်၌
ဤချိုင့်ဝှမ်းသည် လူများကောက်ပဲသီးနှံအများအပြားစိုက်ပျိုးလေ့ရှိသော နေရာဖြစ်သည်။ (ရှု၊ translate_names)
Isaiah 17:6-7
ယေဘုယျအချက်အလက်
ဣသရေလလူမျိုးများကို ပြစ်ဒဏ်စီရင်ပြီးသည့်နောက်ကျန်ရှိသောလူများကို သီးနှံများရိတ်သိမ်းပြီးသည့်နောက်ကျန်ကြွင်းသော သစ်သီးများကဲ့သို့ တင်စား၍ နှိုင်းယှဉ်ထားသည်။ (ရှု၊ 17:4)
ကောက်သိမ်းစရာ အကြွင်း ရှိရလိမ့်မည်
"ကောက်သင်းကောက်၍" ဟူသော စကားလုံးသည် ကျန်ရှိနေသော ဣသရေလလူမျိုးများကို ပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဣသရေလတိုင်းနိုင်ငံတွင် အနည်းငယ်သော လူများကျန်ကြွင်းလိမ့်မည်" (ရှု၊ figs_metaphor)
သံလွင်ပင်ကို လှုပ်ပြီးမှ
ကောက်ပဲသီးနှံရိတ်သိမ်းချိန်တွင် သံလွင်ပင်များကိုလည်း လှုပ်ယမ်းကာ ကျလာသော သံလွင်သီးများကောက်သိမ်းကြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သံလွင်ပင်ကို လှုပ်ယမ်း၍ ကျလာသော သံလွင်သီးများကောက်သိမ်းကာ ကျန်ကြွင်းနေသော သံလွင်သီးများကဲ့သို့ သူတို့ကို ငါကောက်သိမ်းမည်" (ရှု၊ figs_simile)
လေးငါးလုံး
ရှေ့ဖော်ပြပါ စာပိုဒ်များ၌လည်း နားလည်ပြီးဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သံလွင်သီးလေးငါးလုံး" (ရှု၊ figs_ellipsis)
ထာဝရ ဘုရားမိန့်တော်မူ၏
၁၄:၂၁ တွင် ဘာသာပြန်ဆိုပြီးဖြစ်သည်။
ထိုကာလ၌ လူသည်မိမိကို ဖန်ဆင်းတော်မူ သော အရှင်ကို ရည်မှတ်၍၊ ဣသရေလအမျိုး၌ သန့်ရှင်း တော်မူသော ဘုရားကို ဖူးမျှော်ရလိမ့်မည်
"ဖူးမျှော်" ဟူသော စကားလုံးသည် ဘုရားသခင်ကို "မျှော်လင်းခြင်း" ဟူ၍ ပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူများသည် သူတို့ကို ဖန်ဆင်းသောအရှင်ကို သူတို့အား ကူညီဖို့ရန် မျှော်လင့်လျက်နေ၏" (ရှု၊ figs_idiom)
လူသည် .... ဖူးမျှော်ရလိမ့်မည်
အခြားသောဘာသာပြန်ဆိုချက်၊ "လူသည် မျှော်ကြည့်ရလိမ့်မည်" (ရှု၊ figs_synecdoche)
သန့်ရှင်း တော်မူသော ဘုရား
ဟေရှာ ၁:၄ ဘာသာပြန်ထားချက်တွင်ကြည့်ရန်။
Isaiah 17:8-9
မိမိလက်နှင့် လုပ်သော ယဇ်ပလ္လင်တို့ကို မမှတ်ရ
ယဇ်ပလ္လင်ထံသို့မျှော်ကြည့်ခြင်း မှာ နတ်ဘုရားများကို အကူအညီတောင်းခံခြင်း၊ မျှော်လင့်ခြင်းဖြင့်ကိုးကွယ်သည်ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့၏ ယဇ်ပလ္လင်ရှိနတ်ဘုရားများကို ကိုးကွယ်မည်မဟုတ်ပါ" သို့မဟုတ် "ဣသရေလလူမျိုးများသည် သူတို့၏ နတ်ဘုရားယဇ်ပလ္လင်ထံသို့ သွား၍ အကူအညီတောင်းမည်မဟုတ်ပါ" (ရှု၊ figs_metonymy)
မိမိလက်ချောင်းနှင့် လုပ်သောအ ရာ
မိမိလက်ဖြင့် လုပ်သောနတ်ဘုရားများကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုအရာများကို သူတို့လက်ဖြင့်ပြုလုပ်သည်" သို့မဟုတ် "သူတို့ကိုယ်တိုင်ပြုလုပ်ထားသောအရာများဖြစ်သည်" (ရှု၊ figs_metonymy)
မိမိလက်ချောင်းနှင့် လုပ်သောအ ရာတည်းဟူ သော အာရှရပင်တို့ကို၎င်း၊ ရုပ်ထုတို့ကို၎င်း ပမာဏ မပြုရ
လူလက်ဖြင့် လုပ်သောအရာများသည် စစ်မှန်သော ဘုရားများမဟုတ်ကြောင်း အလေးထားဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အာရှရပင်တိုင်လုံးများ သို့မဟုတ် နေပုံသဏ္ဌာန်ပြုလုပ်ထားသော ရုပ်ပုံများသည် မိမိတို့ကိုယ်တိုင်ပြုလုပ်ထားသည့်အရာများဖြစ်သည်" (ရှု၊ figs_metonymy)
ဣသ ရေလ အမျိုးသား ရှေ့မှာစွန့်ပစ်သော
စွန့်ပစ်ခံရသော နေရာအဖြင့်ရှင်းလင်းစွာဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဣသရေလလူများ ပြန်လာသောအချိန်တွင် အာမောရိလူမျိုးများနှင့် ဟိတ်တိလူမျိုးများပြည်ကို စွန့်ပစ်ထားရသည်" (ရှု၊ figs_explicit နှင့် figs_activepassive)
Isaiah 17:10-11
သင်သည်မေ့လျော့၍
ဣသရေလကို ရည်ညွှန်းသည်။ "မေ့လျော့ခဲ့သည်" ဟုဆိုရာတွင် သူတို့ကို ကယ်တင်ခဲ့သော ဘုရားသခင်အားမေ့လျော့သည်ကို မဆိုလိုသည်။ ဘုရားသခင်၏ စကားတော်ကို လိုက်မနာတော့ပေ။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် စကားနားမထောင်"
ကယ်တင်တော်မူသော ဘုရားသခင်
"ဘုရားသခင်သည် သင့်ကို ကယ်တင်တော်မူသည်"
မိမိခိုလှုံရာ ကျောက်ကို မိမိမ အောက်မေ့သောကြောင့်
ဘုရားသခင်သည် ကြီးမာသောကျောက်ဆောင်ဖြစ်သည်။ ရန်သူများလက်မှ လွှတ်မြောက်ရန်အတွက် ထိုကျောက်ဆောင်၌ ခိုနား၊ ပုန်းအောင်းနိုင်သောအကွယ်အကာအဖြစ် နှိုင်းယှဉ်ထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင့်ကို ကွယ်ကာပေးသော ထာဝရဘုရားကို မသိကျူးကျွံပြုခဲ့သည်" သို့မဟုတ် "ဘုရားသခင်သည် ကျောက်ဆောင်ကဲ့သို့ သင့်ကို ကွယ်ကာပေးသော်လည်း သင်အလေးမထားခဲ့ပေ" (ရှု၊ figs_metaphor)
သိမ်းယူရာကာလ ၌ အသီးအနှံသည်ပျက်စီး၍
"ကောက်သိမ်းချိန်၌ အသီးအနှံအလွန်နည်းသည်"
Isaiah 17:12-14
သမုဒ္ဒရာမြည်သံကဲ့သို့ မြည်တတ်သောလူ များ အလုံးအရင်းတို့၌၎င်း
အင်မတန်မြည်ဟိန်းသော အသံဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူများစွာ၏ အသံများသည် သမုဒ္ဒရာမြည်သော အသံကဲ့သို့ဖြစ်သည်" (ရှု၊ figs_simile)
အားကြီးသောရေတို့သည် ဟုန်းသကဲ့သို့ ဟုန်းတတ်သော လူမျိုးတို့၌ ၎င်း
ရန်သူများသည် တန်ခိုးအရှိန်ဖြင့် ချီတက်လာသည်။ မည်သူတစ်ဦးမျှ မတားဆီးနိုင်။ အခြားသောဘာသာပြန်ဆိုချက်၊ "တစ်ပါးအမျိုးသားများသည် အင်အားအရှိန်အဟုန်ပြင်းသော ရေလာသကဲ့သို့ အလျှင်အမြန်လာမည်" (ရှု၊ figs_simile)
ဟုန်းတတ်သောလူမျိုး
"တစ်ပါးအမျိုးသား" သည် ရန်သူများကို ရည်ညွှန်းဖော်ဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အရှိန်အဟုန်ပြင်းသော ရန်သူတပ်များ" (ရှု၊ figs_synecdoche)
တောင်ပေါ်မှာ လေတိုက်၍ လွင့်သော ဖွဲကဲ့သို့၎င်း၊ လေဘွေ၌ ပါသွား သော အမှိုက်ကဲ့သို့၎င်း
ဤစကားစုနှစ်ရပ်တူညီသည်။ ရန်သူစစ်တပ်များသည် အင်အားကြီးမားသော်လည်း ဘုရားသခင်သည် သူတို့ကို တားဆီး၍ အဝေးသို့နှင်ခြင်းကို ခံကြလိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သွေ့ခြောက်ပျက်စီးသွားသော တောင်ပေါ်ရှိမြက်ပင်ကဲ့သို့ လေဘွေ၌ ပါသွားကြလိမ့်မည် .... အချည်းနှီးသောမြက်ခြောက်ပင်သည် လေပြင်းနှင့် အတူပါသွားသကဲ့သို့ သူတို့ကိုအဝေးသို့နှင့်ထုတ်မည်" (ရှု၊ figs_parallelism နှင့် figs_simile)
ထိုသို့သော အမွေဥစ္စာကို ခံရကြလိမ့်မည်
မိမိပြုသော အကျိုးသည် အမွေဥစ္စာပိုင်ဆိုင်ရသကဲ့သို့ ခံယူရလိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ပြုခဲ့သည့် အရာများဖြစ်လာမည်" (ရှု၊ figs_metaphor)
ငါတို့ကို ညှဉ်းဆဲသော ... လုယူဖျက်ဆီးသော
"ငါတို့" ဟူသော စကားလုံးသည် ယုဒလူမျိုးများကို ရည်ညွှန်းသည်။
Isaiah 18
Isaiah 18:1-2
အဲသယောပိ မြစ်များအနားမှာ အသံမြည်တတ် သော အတောင်ရှိ၍
"အသံမြည်တတ်သောအတောင်ရှိ၍" ဆိုသည်မှာ ရွက်သင်္ဘောလွှင့်ခြင်းကို ပုံဆောင်ဖော်ပြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ ၁) "အဲသယောပိမြစ်နားမှာ သွားလာနေသည့်မြောက်များစွာသော ရွက်သင်္ဘောများကို အကောင်ငယ်ကလေးများသွားလာနေသကဲ့သို့ ခိုင်းနှိုင်းထားသည်" ၂) နောက်ထပ်အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ၊ "ရွက်သင်္ဘောလွှင့်လျှင်မြည်သောအသံသည် များစွာသော ကျိုင်းကောင်းများ၏ တောင်ပံခတ်သံနှင့်ခိုင်းနှိုင်းထားသည်" (ရှု၊ figs_metonymy and figs_metaphor)
ပင်လယ်လမ်းဖြင့်၎င်း
နိုင်းမြစ်သည် ရှည်လျားကျယ်ပြန့်ပြီး အဲဂုတ္တုလူမျိုးနှင့် အဲသယောပိလူမျိုးများ၏ အဓိကနေထိုင်ကျက်စားရာ ရေလမ်းကြောင်းဖြစ်သောကြောင့် "ပင်လယ်" ဟူ၍ ထိုလူမျိုးများက ရည်ညွှန်းထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကြီးကျယ်ခမ်းနားသောမြစ်" သို့မဟုတ် "နိုင်းမြစ်များတလျှောက်" (ရှု၊ figs_metaphor)
ရေပေါ်၌ဂမာလှေဖြင့် ၎င်း
နိုင်းမြစ်တလျှောက်ပေါက်သော ကျူပင်တစ်မျိုးဖြစ်သည်။ ထိုရှည်လျားစွာပေါက်သော အပင်များကို လှေပြုလုပ်ကြသည်။ အခြားသောဘာသာပြန်ဆိုဆိုချက်၊ " ကျူလှေများ" သို့မဟုတ် "ကျူရိုးတံဖြင့်ပြုလုပ်ထားသောလှေများ" (ရှု၊ translate_unknown)
ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ ယခုတိုင် အောင်၊ ကြောက်မက်ဖွယ်ဖြစ်ထသော၊ ခွန်အားကြီး၍ နှိမ်နင်းတတ်ထသော၊ မြစ်ကွဲပြားသော မြေ၌နေသော လူမျိုးထံသို့
ဤစာပိုဒ်တစ်ခုလုံးသည် လူမျိုးတစ်မျိုးတည်းကို ပုံဆောင်ဖော်ပြထားသည်။
ခိုင်မာပြင်းထန်လျက်
ရှေ့စာပိုဒ်တွင် ဖော်ပြပြီးသောလူမျိုးကို ညွှန်းဆိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုလူမျိုးများသည် ရှည်သော အရပ်အမောင်းရှိ၍ အသားအရေ ချောမြွတ်သည်" (ရှု၊ figs_metonymy)
ကြောက်မက်ဖွယ်ဖြစ်ထသော
ဤအဓိပ္ပာယ်၏ ဆိုလိုရင်းမှာ ထိုလူမျိုးများသည် နေရာဒေသတိုင်းမှာနေထိုင်ကျက်စားသောလူမျိုးဖြစ်ကြောင်းရေးထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "နေရာဒေသတိုင်းမှာရှိသော ကြောက်မက်ဖွယ်လူမျိုး" သို့မဟုတ် "မြေကြီးအနှံ့ရှိသောကြောက်မက်ဖွယ်လူမျိုး" (ရှု၊ figs_merism)
ခွန်အားကြီး၍ နှိမ်နင်းတတ်ထသော
တပါးအမျိုးသားများအား အောင်နိုင်တိုက်ခိုက်ခြင်းကို ပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုလူမျိုးသည် ခွန်အားကြီး၍ အခြားသောလူမျိုးများကို အောင်နိုင်သိမ်းပိုက်လိမ့်မည်" (ရှု၊ figs_metonymy)
မြစ်ကွဲပြားသော
များစွာသော မြစ်များသည် ထိုလူမျိုးထံဖြတ်ကျော်စီးဆင်းပြီး ကွဲပြားခြားနားသောအပိုင်းများဖြစ်စေသည်။
Isaiah 18:3
ဆက်စပ်မှုဖော်ပြချက်
၁၈:၁ ကျမ်းပိုဒ်၌ ဖော်ပြချက်အရ ကမ္ဘာမြေပေါ်ရှိလူများထံမည်သို့ သံတမန်စေလွှတ်ရကြောင်းပြောဆိုထားသည်။
လောကီနိုင်ငံ၌ နေသောမြေကြီးသား အပေါင်း တို့
ဤစကားစုနှစ်ခုသည် ဆိုလိုရင်းအဓိပ္ပာယ်တူညီသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မြေကြီးသားအပေါင်းတို့" (ရှု၊ figs_parallelism)
တောင်ပေါ်မှာ အလံကို ထူသောအခါ ကြည့် ရှုကြ လော့။ တံပိုးမှုတ်သောအခါ နားထောင်ကြလော့
အလံထူခြင်းနှင့် တံပိုးမှုတ်ခြင်းသည် လူများကို စစ်ပွဲအတွက် ခေါ်သောလက္ခဏာဖြစ်သည်။ သတိနှင့်ကြည့်ရှု၍ အာရုံစိုက်နားထောင်ကာ အမိန့်တော်များကို အလေးထားပြီးစစ်ပွဲအတွက်ပြင်ဆင်ဖို့ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သတိနှင့် နှိုးကြားကြလော့၊ တောင်ပေါ်မှာ အလံကိုထူ၍ တံပိုးမှုတ်သောအခါ"
တောင်ပေါ်မှာ အလံကို ထူသောအခါ ကြည့် ရှုကြ လော့
အလံကို ထူခြင်းသည် စစ်တိုက်ဖို့ခေါ်ခြင်းအမှတ်လက္ခဏာဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တောင်ပေါ်ရှိအလံကို ထူသောအခါစစ်တိုက်ဖို့ရန် သတိရှိဖို့အနေအထားဖြစ်သည်" (ရှု၊ figs_explicit နှင့် figs_activepassive)
တံပိုးမှုတ်သောအခါနားထောင်ကြလော့
ဤဆိုလိုရင်းအဓိပ္ပာယ်သည်လည်း တူညီသည်။ စစ်တိုက်ဖို့ရန်ခေါ်ခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "စစ်တိုက်ဖို့ရန် တံပိုးမှုတ်သောအခါသတိပြု၍ နားထောင်ကြလော့" (ရှု၊ figs_explicit နှင့် figs_activepassive)
Isaiah 18:4-5
ယေဘုယျအချက်အလက်
ဘုရားသခင်သည် ဥယျာဉ်ခြံပိုင်ရှင်ဖြစ်ကာ စပျစ်ယာခင်းဖြစ်သော တိုင်းပြည်ရှိလူများအား မည်သို့ပြုလုပ်မည်ကို ဥပမာဖြင့်ခိုင်းနှိုင်းထားသည်။ အဲသယောပိလူမျိုးနှင့် သူတို့ရန်သူများအကြောင်းရေးထားသည်။
ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည် ကား
ဟေရှာယသည် ဘုရားသခင်သူ့အားပြောဆိုကြောင်း ရည်ညွှန်းဖော်ပြသည်။
ငါသည်ကျိန်းဝပ်၍ ငါ့ နေ ရာအရပ်မှာ ကြည့်ရှုမည်
"ငါ့နေရာအရပ်၌ ငြိမ်ဝပ်စွာရှိနေ၍ ကြည့်ရှုမည်" အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့နေရာအရပ်မှနေ၍ ထိုလူမျိုးပြုသည့်အရာကို ငါကြည့်ရှုမည်" (ရှု၊ figs_explicit)
နေအရောင်ထဲမှာ ကြည်လင်သော အရှိန်ကဲ့သို့၎င်း၊ အသီးအနှံကို သိမ်းယူရာ ပူသောကာလ၌ နှင်းနှင့် ပြည့်စုံသော မိုဃ်းတိမ်ကဲ့သို့၎င်း
ဤစကားစုသည် ဘုရားသခင်က ထိုတိုင်းနိုင်ငံကို ငြိမ်ဝပ်စွာကြည့်ရှုလိမ့်မည် ဟူ၍ဖော်ပြထားသည်။ (ရှု၊ figs_simile)
သိမ်းယူရာ ကာလမတိုင်မှီ
"စပျစ်သီးကို သိမ်းယူရာကာလမတိုင်မှီ" (ရှု၊ figs_explicit)
အငုံ့ စေ့စုံ၍၊ အပွင့်လည်း လုံးသောအသီး ဖြစ်စဉ်အခါ
စပျစ်သီးပန်းပွင့် ပွင့်သည့်ကာလကို ရှင်းလင်းစွာဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "စပျစ်သီးယာခင်းရှိ စပျစ်ပင်များ၏ပန်းပွင့် စုံလင်စွာပွင့်သော ကာလပြီးဆုံးပြီးနောက်" (ရှု၊ figs_explicit)
အညွန့်များကို တံစဉ်နှင့်ဖြတ်မည်
လယ်လုပ်သော စပျစ်ဥယျာဉ်မှုးသည် အသီးမသီးတော့သော အကိုင်းအခတ်များကို ဖြတ်ခုတ်ပယ်ရှင်းလိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "စပျစ်ဥယျာဉ်မှုးသည် အသီးမသီးသော အခက်အလက်များကို ခုတ်ထစ်ရှင်းလင်းလိမ့်မည်" (ရှု၊ figs_explicit)
တံစဉ်
တံစဉ်ဖြင့် အကိုင်းအခတ်များ ခုတ်ထွင်ရှင်းလင်းသည့် ထက်ရှသော ဓားတစ်မျိုးဖြစ်သည်။
အခက်အလက်များကို သုတ် သင်ပယ်ရှင်းတော်မူမည်
ဥယျာဉ်စိုက်ပျိုးသောသူသည် သူ၏ စပျစ်ပင်များ၌ အခက်အလက်များစွာ ကြီးထွားလာ၍ အခြားအသီးသီးသောအပင်များကို မဖုံးမအုပ်စေရန် ခုတ်ထွင်ရှင်းလင်းခြင်းဖြစ်သည်။ (ရှု၊ figs_explicit)
Isaiah 18:6-7
သူတို့အပေါ်မှာ နေကြလိမ့်မည်
ဘုရားသခင်သည် ပုံပမာကိုဆောင်၍ ထိုလူမျိုးကို အတိအလင်းမိန့်တော်မူသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုသူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းလိမ့်မည်" သို့မဟုတ် "သစ်ကိုင်းမှာ ခိုနားသောငှက်အပေါင်းသည် သစ်ကိုင်းခုတ်ထစ်ခြင်းခံရသောအခါ မြေပေါ်တွင် အစုအပြုံလိုက်ပါသွားသကဲ့သို့ သူတို့ကို ငါပြုမည်" (ရှု၊ figs_parables)
ငှက်တို့သည် နွေ ကာလ၌၎င်း သူတို့အပေါ်မှာ နေကြလိမ့်မည်
"ငှက်တို့သည် နွေကာလ၌ သူတို့အသားကို စားကြလိမ့်မည်" ထိုငှက်များသည် လူသေကောင်၏ အလောင်းများကို စားသောက်သောငှက်တစ်မျိုးဖြစ်သည်။
တောသားရဲအပေါင်းတို့
အမျိုးမျိုးသော တောသားရဲများ။
ဆောင်းကာလ၌ နေကြလိမ့်မည်
"ဆောင်းကာလ၌ သူတို့ကို စားကြလိမ့်မည်"
ထိုအခါ ခိုင်မာပြင်းထန်လျက် ရှေ့ဦးစွာမှစ၍ ယခုတိုင်အောင် ကြောက်မက်ဘွယ်ဖြစ်ထသော၊ ခွန် အားကြီး၍ နှိမ်နင်းတတ်ထသော၊ မြစ်များ ကွဲပြား သော မြေ၌နေသောလူမျိုးသည်
ဟေရှာယ (၁၈:၁) ဘာသာပြန်ထားချက်တွင် ကြည့်ရန်။
ထိုအခါ ခိုင်မာပြင်းထန်လျက်
အရပ်ရှည်၍ ချောမွတ်သော အသားအရေရှိသည့်လူမျိုး။
ကြောက်မက်ဘွယ် ဖြစ်ထသော
ဟေရှာယ (၁၈:၁ ) ဘာသာပြန်ထားချက်တွင် ကြည့်ရန်။
ခွန်အားကြီး၍ နိမ်နှင်းတတ်သော
ဟေရှာယ (၁၈:၁ ) ဘာသာပြန်ထားချက်တွင် ကြည့်ရန်။
ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နာမတော်တည်ရာ ဇိအုန်တောင်သို့
ထာဝရဘုရားသခင်၏ နာမတော်ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ကိန်းဝပ်ရာဇိအုန်တောင်ပေါ်" (ရှု၊ figs_metonymy)
Isaiah 19
Isaiah 19:1-2
ကြည့်ရှုလော့
"နားထောင်လော့" သို့မဟုတ် "ကြည့်လော့" ဆိုသည့် စကားလုံးသည် နောက်ဖြစ်လာမည့်အရာကို ရည်ညွှန်းသည်။
ထာဝရဘုရားသည် လျင်မြန်သော မိုဃ်း တိမ်ကိုစီး၍
ထာဝရဘုရားသခင်သည် စစ်ရထားကို စီးသကဲ့သို့ လျင်မြန်သော မိုဃ်းတိမ်ကိုစီးသည် ဟူ၍ ပုံဖော်ထားသည်။ (ရှု၊ figs_metaphor)
ရှေ့တော်၌ အဲဂုတ္တုပြည်၏ ရုပ်တု ဆင်းတုတို့သည် လှုပ်ရှား၍
ရုပ်တုဆင်းတုများသည် ဘုရားသခင်ရှေ့တော်၌ ကြောက်ရွံ့ကြပုံကို ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုပြည်၏ ဘုရားဆင်းတုများသည် ထာဝရဘုရားသခင်ရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်ကြ၏" (ရှု၊ figs_personification)
အဲဂုတ္တုပြည်၏ နှလုံးသည် သူ၏အထဲမှာ အရည် ကျိုလျက် ရှိလိမ့်မည်
"နှလုံးသည် အရည်ကျိုလျက်ရှိလိမ့်မည်" ဟူသော စကားစုသည် သူတို့၏ ရဲစွမ်းသတ္တိများ ပျောက်လွှင့်သွားခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုလူမျိုးများ၏ ရဲရင့်ခြင်းများသည် နောက်ထပ်မရှိတော့ပါ" (ရှု၊ figs_metaphor)
အိမ်နီးချင်း တယောက်နှင့်တယောက် စစ်တိုက်ခြင်း
အခြားသောဘာသာပြန်ဆိုချက်၊ "သူ၏ အိမ်နီးချင်းနှင့် ခိုက်ရန်ပြုလိမ့်မည်" (ရှု၊ figs_ellipsis)
တမြို့ နှင့် တမြို့ စစ်တိုက်ကြလိမ့်မည်
လူများနေထိုင်ရာ မြို့များဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မြို့တစ်မြို့သည် အခြားသောမြို့ကို ရန်ပြုတိုက်ခိုက်လိမ့်မည်" သို့မဟုတ် "အခြားတစ်နေရာမှာ နေထိုင်သောလူများသည် တမြို့နှင့် တမြို့ရန်ပြုတိုက်ခိုက်လိမ့်မည်" (ရှု၊ figs_metonymy)
တနိုင်ငံနှင့် တနိုင်ငံ စစ်တိုက်ကြလိမ့်မည်
"တိုက်ခိုက်ကြလိမ့်မည်" ဟူသော စကားလုံးသည် ဖော်ပြပြီးသောကျမ်းပိုဒ်များတွင်ရေးထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တနိုင်ငံနှင့် တနိုင်ငံ စစ်တိုက်ကြလိမ့်မည်" သို့မဟုတ် "နိုင်ငံတစ်နိုင်ငံသည် အခြားနိုင်ငံကို စစ်တိုက်လိမ့်မည်" (ရှု၊ figs_ellipsis)
Isaiah 19:3-4
အဲဂုတ္တုပြည်၏ စိတ်သည် သူ၏အထဲမှာ ပျက် လိမ့်မည်။ သူ၏အကြံကိုလည်း ငါဖျက်မည်
အဲဂုတ္တုတိုင်းပြည်ကို လူပုဂ္ဂိုလ်တစ်ဦးသဖွယ် ပြောဆိုထားသည်။ (ရှု၊ figs_personification)
အဲဂုတ္တုပြည်၏ စိတ်သည် သူ၏အထဲမှာ ပျက် လိမ့်မည်
အခြားသောဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုပြည်၏ စိတ်ကို အားလျော့စေမည်" (ရှု၊ figs_activepassive)
သူ၏အကြံကိုလည်း ငါဖျက်မည်
အခြားသောဘာသာပြန်ဆိုချက်၊ "ရှင်ဘုရင်ကို အကြံပေးသောသူများကို ငါရှုပ်ထွေးစေမည်" (ရှု၊ figs_abstractnouns)
သော်ငြားလည်း
"ဖြစ်လင့်ကစား" သို့မဟုတ် "ဖြစ်သော်လည်း"
နတ်ဝင် ... စုန်း၊ ပြုစားသောသူတို့
သေသွားသောသူများနှင့် စကားပြောသောသူများ။
အဲဂုတ္တုပြည်သားတို့ကို ကြမ်းကြုတ်သော သခင်တို့ လက်သို့ ငါအပ်သဖြင့်
"လက်သို့" ဟူသောစကားလုံးသည် "အုပ်စိုးသော" သို့မဟုတ် "ထိန်းချုပ်သော" ဟူ၍ ဖော်ဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် အဲဂုတ္တုလူမျိုးများကို ကြမ်းကြုတ်သောသခင်လက်သို့အပ်မည်" (ရှု၊ figs_metonymy)
ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား မိန့်တော်မူ၏
ဟေရှာယ (၁:၉) ဘာသာပြန်ထားချက်ကို ကြည့်ရန်။ (ရှု၊ figs_abstractnouns)
Isaiah 19:5-6
ထိုအခါပင် လယ်ရေပြတ် လိမ့်မည်။ မြစ်ရေ လည်းလျော့၍ ခန်းခြောက် လိမ့်မည်
အဲဂုတ္တုလူမျိုးများသည် "နိုင်းမြစ်" ကို ပင်လယ်ဟူ၍ ရည်ညွှန်းထားသည်။ အထက်ပါအကြောင်းအရာသည် အဓိပ္ပာယ်ဖွင့်ဆိုချက် တူညီသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထို နိုင်းမြစ်ရေသည် လုံးလုံးခန်းခြောက်သွားလိမ့်မည်" (ရှု၊ figs_parallelism)
ပုပ်ကြလိမ့်မည်
"ညှိုးနွမ်းပုပ်ပျက်၍ အနံ့ထွက်လာခြင်း" သို့မဟုတ် "နံစော်ခြင်း"
ရေပြတ်၍
ရေနည်းသွားသည်။
ကျူပင်နှင့် ကိုင်းပင်တို့သည် ညှိုးနွမ်းကြလိမ့်မည်
"ကျူပင်" နှင့် "ကိုင်းပင်" တို့သည် ရေ၌ပေါက်သော အပင်များဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မြစ်ရိုးတစ်လျှောက်ပေါက်သော အပင်များသည် ပုပ်ပျက်ဆွေးမြေ့၍ သေကြလိမ့်မည်"
Isaiah 19:7-8
မြစ်နားမှာ စိုက်သမျှတို့သည်
နိုင်းမြစ်နားမှာ လူတို့ စိုက်ပျိုးထားသည့် ကောက်ပဲသီးနှံ ယာခင်းများရှိသည်။
တံငါတို့သည် ညည်းတွားကြလိမ့်မည်။ မြစ်၌ ငါးမျှားကို ချသမျှသောသူတို့သည် မြည်တမ်း၍ ရေပေါ် မှာ ပိုက်ကွန်ကို ဖြန့်တတ်သော သူတို့သည် စိတ်ပျက် ကြလိမ့်မည်
ဖော်ပြပါအကြောင်းအရာသည် အဓိပ္ပာယ်တူညီသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တံငါတို့သည် သူတို့၏ ပိုက်ကွန်၊ ငါးမျှားချိတ်ဖြင့် ဖမ်းဆီးကြသော်လည်း မြစ်ထဲရှိငါးများသည် သေကြေပျက်စီးကြသဖြင့် ငိုကြွေးမြည်တမ်းကြလိမ့်မည်" (ရှု၊ figs_explicit နှင့် figs_parallelism)
ဖြန့်တတ်သော
"ပစ်သည်"
မြစ်၌ ငါးမျှားကို ချသမျှသောသူတို့
မျှားချိတ်တံအဖျားတွင် ငါးစာကို တပ်ဆင်ပြီး ရေထဲတွင်ကြိုးတံဖြင့်ချကာ ငါးလာဟပ်လျှင် ချိတ်တံဖြင့် ပါးဟပ်၌ တွယ်ညှိနေသည်။ ထိုငါးကို ကြိုးဖြင့်ပြန်ဆွဲတင်ခြင်းဖြင့် ဖမ်းသော ငါးမျှားတံဖြစ်သည်။ (ရှု၊ translate_unknown)
ပိုက်ကွန်ကို ဖြန့်တတ်သော
ငါးဖမ်းဖို့ရန်အတွက် ပိုက်ကွန်ကို ရေပေါ်ဖြန့်ကာ ပစ်လိုက်သည်။ ငါးများသည် ပိုက်ကွန်ထဲမိလျှင် တံငါသည်များသည် ထိုပိုက်ကွန်ကို ရေပေါ်သို့ ပြန်လည်ဆွဲတင်လိုက်သည်။ (ရှု၊ translate_unknown)
Isaiah 19:9-10
ပိုက်ဆန်လုပ်သောသူနှင့် ဈာမျိုးကို ရက်သော သူတို့သည်လည်း အကျိုးနည်းရှိကြလိမ့်မည်
ဤစကားစုနှစ်ခု၏ အဓိပ္ပာယ်ဖွင့်ဆိုချက် တူညီသည်။ ထိုသူများသည် စိတ်ဖိဆီးခြင်းကြုံတွေ့ရကြောင်း ရှင်းလင်းစွာဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုလူများ၏ အောက်ခံအင်္ကျီချုပ်လုပ်သော လူများသည် စီးပွားကပ်ဆိုက်ခြင်းကို ကြုံတွေ့ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ပိုက်ဆန်လျှော်ပင်များ ပျက်စီး၍ မရှိသောကြောင့်ဖြစ်သည်" (ရှု၊
ပိုက်ဆန်လုပ်သောသူ
ပိုက်ဆန်လျှော်ပင်များကို ခြစ်ယူကာ ဖျင်စများလုပ်သောအလုပ်သမား။
ပိုက်ဆန်လျှော်ပင်
နိုင်းမြစ်နားတွင် ပေါက်သောလျှော်ပင်တစ်မျိုးဖြစ်သည်။ ၎င်း၏ အပင်များမှ အမျှင်များကို နှီးဖြာသကဲ့သို့ ခြစ်ယူကာ ချည်မျှင်စ၊ ပိတ်ကြမ်းများပြုလုပ်သည်။ (ရှု၊ translate_unknown)
အကျိုးနည်းရှိကြလိမ့်မည်
"အရှက်ရကြလိမ့်မည်"
ဈာမျိုးကို ရက်သောသူတို့
ပိတ်ကြမ်းများကို လုပ်သော အဲဂုတ္တုသားများ။
ပျက်၍
ဆုတ်ယုတ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အကျိုးဆုတ်ယုတ်လိမ့်မည်" (ရှု၊ figs_metaphor)
အခစားသောသူ
အခကြေးငွေဖြင့်အလုပ်လုပ်သောသူ။
အပေါင်းတို့သည် ညှိုးငယ်သောစိတ်ရှိကြလိမ့်မည်
"အလွန် ဝမ်းနည်းရကြလိမ့်မည်"
Isaiah 19:11-12
အကယ်စင်စစ် ဇောနမင်းတို့သည် အရူးဖြစ် ကြ၏။ ဖာရောဘုရင်၏ တိုင်ပင်မှူးမတ်တို့သည် မိုက် သောအကြံကိုပေးကြ၏
ဤစကားစုနှစ်ခုသည် ဆိုလိုရင်း အဓိပ္ပာယ်တူညီသည်။ ဇောနမင်းတို့သည် အဲဂုတ္တုပြည် ဖာရောဘုရင်၏ ပညာအရှိဆုံးအတိုင်ပင်ခံ မင်းအုပ်စုဖြစ်ကြသည်။ သို့သော် ထိုပညာရှိအမတ် မင်းတို့ပင် ပညာမဲ့အောင်ဖြစ်သွားစေသည်။ (ရှု၊ figs_parallelism)
ဇောန
အဲဂုတ္တုမြောက်ပိုင်းရှိမြို့ဖြစ်သည်။ (ရှု၊ translate_names)
ဖာရောဘုရင်အား အဘယ်ကြောင့် လျှောက်ကြသနည်း
ဟေရှာယသည် အဲဂုတ္တု၏ပညာရှိအမတ်များကို လှောင်ပြောင်သရော်သကဲ့သို့ မေးခွန်းမေးထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့သည် ဖာရောဘုရင်ကို မိုက်မဲသော အကြံညံပေးကြပြီ" (ရှု၊ figs_rquestion)
သင်၏ ပညာရှိတို့သည် အဘယ်မှာရှိကြသနည်း
ဟေရှာယသည် အဲဂုတ္တု၏ ပညာရှိအမတ်များကိုလှောင်ပြောင်သော မေးခွန်းဖြင့် မေးထားသည်။ "သင်၏" ဆိုသည်မှာ ဖာရောဘုရင်ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင့်၌ ပညာရှိသောလူများမရှိတော့ပါ" သို့မဟုတ် "သင်၏ ပညာရှိအမတ်တို့သည် ရူးမိုက်ကြပြီ" (ရှု၊ figs_rquestion)
ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ အဲဂုတ္တုပြည် တဘက် ၌ အဘယ်သို့ ကြံစည်တော်မူသည်ကို ယခုပြောကြပါစေ။ ဘော်ပြကြပါစေ
ဟေရှာယသည် အဲဂုတ္တုပညာရှိ အမတ်များကို စစ်မှန်သော ပညာရှင်အဖြစ်အယုံအကြည်မရှိပါ။ သို့သော် ဘုရားသခင်၏ စီမံကိန်းကို ထိုအမတ်များသဘောပေါက်သင့်ကြောင်း အဓိပ္ပာယ်ဖြင့်ပြောထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အကယ်၍ သင်၏ပညာရှိမှုးမတ်များအမှန်စင်စစ်ပညာရှိကြလျှင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက အဲဂုတ္တုပြည်ကို မည်ကဲ့သို့ ကြံစည်ရည်ရွယ်တော်မူကြောင်းအား အကြံပေးတတ်ကြပါစေ" (ရှု၊ figs_irony)
Isaiah 19:13-15
အဲဂုတ္တုပြည်၏ အမျိုးအနွယ် များကိုအုပ်သော အကြီးအကဲ တို့ကိုလည်း မှားယွင်းစေ ကြပြီ
ဇောနမင်းနှင့် နောဗမင်းတို့သည် အဲဂုတ္တုလူမျိုးနွယ်၏ အင်မတန်အရေးပါသော မင်းမျိုးများဖြစ်ကြသည်။ အဆောက်အအုံများဆောက်ရာ အရေးကြီးသော တိုက်ထောင့်ကျောက် သို့မဟုတ် အုတ်မြစ်များသဖွယ်တင်စားထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ခေါင်းဆောင်ကြီးများသည် အဲဂုတ္တုလူမျိုးများကို လမ်းမှားသို့ ပို့ဆောင်ကြသည်" (ရှု၊ figs_metaphor)
ဇောနမင်း
ဟေရှာယ (၁၉:၁၁) ဘာသာပြန်ထားချက်ကိုကြည့်ရန်။
နောဗမင်း
အဲဂုတ္တုပြည်မြောက်ပိုင်းနယ်မြေတွင် နေထိုင်သောလူမျိုးများ။ (ရှု၊ translate_names)
အဲဂုတ္တုပြည်၏ အမျိုးအနွယ် များကို မှားယွင်းစေ ကြပြီ
အဲဂုတ္တုပြည်တစ်ခုလုံးကို ရည်ညွှန်းထားသည်။ ထိုပြည်သည် မှားယွင်းခြင်းအမှုကိုပြုခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုလူမျိုးများကို မှားယွင်းမှုပြုစေသည်" သို့မဟုတ် "အဲဂုတ္တုလူများကို မှားယွင်းစေသည်" (ရှု၊ figs_metonymy နှင့် figs_metaphor)
ထာဝရဘုရားသည် အဲဂုတ္တုပြည်၏ အလယ်၌ ယစ်မူးသော သဘောကို ပြင်ဆင်တော်မူသဖြင့်
ဟေရှာယသည် ထာဝရဘုရားသခင် အဲဂုတ္တုပြည်ကို ယစ်မူးသော စပျစ်ဝိုင်ကဲ့သို့ စီရင်တော်မူမည်ဟူ၍ ပြောဆိုထားသည်။ ထိုပြည်ရှိ ပညာရှိမင်းများ၏ စီရင်ဆုံးဖြတ်ခြင်း၊ စဉ်းစားတွေးခေါ်ခြင်းသည် ယမကာအမူးသမားများကဲ့သို့ ပျက်ပြားစေမည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသခင်သည် သူတို့၏ စဉ်းစာတွေးခေါ်ချက်များကို ယစ်မူးသောသူများကဲ့သို့ စီရင်တော်မူမည်" သို့မဟုတ် "ထာဝရဘုရားသခင်သည် သူတို့၏တွေးခေါ်ခြင်းများကို ယမကာအမူးသမားများကဲ့သို့ ရှုပ်ထွေးစေမည်" (ရှု၊ figs_metaphor)
ယစ်မူးသောသဘော
"စိတ်ဖောက်ပြန်ခြင်း" သို့မဟုတ် "စိတ်ရှုပ်ထွေးခြင်း"
အဲဂုတ္တုပြည်၏ အလယ်၌
အဲဂုတ္တုပြည်ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုပြည်၏ အလယ်၌" (ရှု၊ figs_personification)
အဲဂုတ္တုပြည် သားတို့သည် ပြုလေသမျှတို့၌ မှားယွင်းကြပြီ
ဦးဆောင်သော အကြီးအကဲများသည် ပြည်သူများကို မှာယွင်းစွာ ဦးဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အကြီးအကဲ မင်းများသည် ပြည်သူများကို မှားယွင်းစွာဦးဆောင်သည်" (ရှု၊ figs_metonymy)
ယစ်မူး သောသူသည် မိမိအန်ဖတ်၌ လဲသကဲ့သို့
ဟေရှာယသည် အဲဂုတ္တုလူမျိုးများ၏ မှားယွင်းခြင်းအမှုကို ယစ်မူးသော သူ၏ယိမ်းယိုင်လှုပ်ရှားနေပုံနှင့် ခိုင်းနှိုင်းထားသည်။ (ရှု၊ figs_simile)
ဦးခေါင်းဖြစ်စေ၊ အမြီးဖြစ်စေ
ဦးဆောင်သော အကြီးအကဲများနှင့် လိုက်နာသောပြည်သူများကို ဖော်ဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဦးဆောင်သူဖြစ်စေ၊ လိုက်နာဆောင်ရွက်သောသူဖြစ်စေ" (ရှု၊ figs_metaphor)
စွန်ပလွံလက်ဖြစ်စေ၊ ကိုင်းပင်ဖြစ်စေ
"စွန်ပလွံ" သည်မြင့်သော အပင်ဖြစ်၍ အရေးပါသောလူချမ်းသာများကို တင်စားထားသည်။ "ကိုင်းပင်" များသည် ရေ၌ ပေါက်သော ရေညှိပင်မျိုးဖြစ်၍ ဆင်းရဲသောအဆင့်အတန်းစားများကိုဖော်ဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အရေးပါသောသူဖြစ်စေ၊ အရေးမပါသောသူဖြစ်စေ" သို့မဟုတ် "ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ" (ရှု၊ figs_metaphor)
Isaiah 19:16-17
အဲဂုတ္တု လူတို့သည် မိန်းမကဲ့သို့ ဖြစ်၍
ဤစကားစု၏ ရည်ရွယ်ချက်မှာ ဘုရားသခင်သည် အဲဂုတ္တုပြည်ကို ဒဏ်ခတ်သောကာလ၌ လူများသည် ကြောက်ရွံ့လျက် အကူအညီမဲ့သကဲ့သို့ ဖြစ်သည်။ (ရှု၊ figs_simile)
ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားသည် သူတို့အ ပေါ်မှာ လက်တော်ကို လှုပ်ရှားတော်မူသောကြောင့်
ဘုရားသခင်၏ "လက်တော်" ဟုဆိုရာတွင် ဘုရား၏တန်ခိုးအာဏာဖြစ်သည်။ ထိုလက်တော်ကို အဲဂုတ္တုလူမျိုးအပေါ်မှာ ဆန့်လျက်အပြစ်ပေးဒဏ်ခတ်တော်မူသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသခင်သည် သူ၏တန်ခိုးအာဏာရှိသော လက်တော်ဖြင့် သူတို့ကို ဒဏ်ခတ်တော်မူမည်" (ရှု၊ figs_metonymy နှင့် figs_metaphor)
ယုဒပြည်သည်လည်း အဲဂုတ္တုပြည်၌ ကြောက်မက်ဘွယ်ဖြစ်လိမ့်မည်
"ယုဒပြည်" နှင့် "အဲဂုတ္တုပြည်" ဟုဆိုရာတွင် လူမျိုးများကို ရည်ညွှန်းသည်။ အဲဂုတ္တုလူများသည် ကြောက်ရွံ့တုန်လှုပ်ကာ ယိမ်းယိုင်သွားလိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယုဒလူမျိုးများသည် အဲဂုတ္တုလူများကို ကတိမ်းကပါးဖြစ်စေမည်" သို့မဟုတ် "ယုဒလူမျိုးများသည် အဲဂုတ္တုလူများကို ကြောက်ရွံ့တုန်လှုပ်စေမည်" (ရှု၊ figs_metonymy)
ယုဒပြည်ဟူ၍ ပြော ကာမျှ နှင့် လူတိုင်း ကြောက်ရွှံ့ကြလိမ့်မည်
ယုဒပြည်ကို ရည်ညွှန်းပြောဆိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုလူများကို ယုဒလူဟူ၍ ပြောကာမျှနှင့် ကြောက်ရွံ့တုန်လှုပ်ကြလိမ့်မည်"
Isaiah 19:18
အဲဂုတ္တုပြည်တွင်၊ မြို့ငါးမြို့တို့သည် ခါနာန်ဘာသာစကားကို ပြော၍
မြို့၌ရှိသော လူများကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုမြို့ ငါးမြို့ရှိလူများသည် ခါနန်စကားပြောလိမ့်မည်" (ရှု၊ figs_metonymy)
ခါနာန်ဘာသာစကား
ဟေဗြဲဘာသာစကားဖြစ်သည်။ ခါနာန်ပြည်ရှိ လူမျိုးများပြောသောစကားဖြစ်သည်။ (ရှု၊ figs_metonymy)
သစ္စာတော်ကို ခံကြလိမ့်မည်
"သစ္စာစောင့်ရန်ကတိဝန်ခံခြင်း"
ထိုမြို့တို့တွင်၊ တမြို့ကို ခေါ်ဝေါ်ကြ လိမ့်မည်
ထိုမြို့များမှတမြို့ကို လူတွေခေါ်ဝေါ်သမုတ်ကြလိမ့်မည်။ (ရှု၊ figs_activepassive)
သူရိယာမြို့ဟူ၍ ခေါ်ဝေါ်ကြ လိမ့်မည်
ဟေဗြဲဘာသာဖြင့် "နေမင်း" အဓိပ္ပာယ်ဖြစ်၍ "နေ" သို့မဟုတ် "သေကြေပျက်စီးခြင်း" ဟူ၍ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုမြို့ကို နေမင်းမြို့" သို့မဟုတ် "သေကြေပျက်စီးခြင်းမြို့" ဟူ၍ ခေါ်ဝေါ်ကြသည်။ (ရှု၊ translate_textvariants)
Isaiah 19:19-20
ပြည်စွန်းနား တွင်လည်း ထာဝရဘုရားအဘို့ မှတ်တိုင်ရှိလိမ့်မည်
အဲဂုတ္တုနယ်နိမိတ်၊ နယ်စပ်ဘက်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုနယ်နိမိတ်၊ ပြည်စွန်းနားတွင် ထာဝရဘုရားအဖို့မှတ်တိုင်ထူထားလိမ့်မည်" (ရှု၊ figs_explicit)
ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား၏ သက်သေလည်းဖြစ်လိမ့်မည်
"သက်သေ" နှင့် "လက္ခဏာ" သည်ပြသခြင်းကို ပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုယဇ်ပလ္လင်သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ အဲဂုတ္တုပြည်၌ရှိသော သက်သေဖြစ်သည်" (ရှု၊ figs_abstractnouns)
အဲဂုတ္တုပြည်တွင် နိမိတ်လက္ခ ဏာဖြစ်လိမ့်မည်
အဲဂုတ္တုလူများသည် ထာဝရဘုရားကို ကိုးကွယ်လိမ့်မည်ဟူ၍ ပုံဆောင်ထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုပြည်ရှိလူများသည် ထာဝရဘုရားကို ကိုးကွယ်ကြလိမ့်မည်" (ရှု၊ figs_explicit)
အော်ဟစ်ကြသည်
"အဲဂုတ္တုလူများ အော်ဟစ်ငိုကြွေးသည်"
ညှဉ်းဆဲခြင်းကို ခံရသောကြောင့်
"လူတွေ သူတို့အပေါ်၌ ကြမ်းကြုတ်စွာ ဆက်ဆံကြသောကြောင့်" သို့မဟုတ် "သူတို့ကို နာကျင်ခံစားအောင်ပြုမူဆက်ဆံသောကြောင့်"
အမှုစောင့်သခင်ကို သူတို့ရှိရာသို့ စေလွှတ် တော်မူ၍
"ထာဝရဘုရားသည် တစ်စုံတစ်ယောက်ကို စေလွှတ်၍ သူတို့ကို ကယ်တင် ကွယ်ကာတော်မူမည်"
ထိုသခင်သည် ကယ်တင်တော်မူ၏
ထာဝရဘုရားကယ်တင်ခြင်းကို ရှင်းလင်းစွာဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် ရက်စက်ကြမ်းကြုတ်စွာပြုသောသူများ၏ လက်ထဲမှ အဲဂုတ္တုလူများကို ကယ်နှုတ်တော်မူ၏" (ရှု၊ figs_explicit)
Isaiah 19:21-22
အဲဂုတ္တုပြည်တွင် ထာဝရဘုရားကို သိရကြ သည်ဖြစ်၍
အဲဂုတ္တုလူများကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသခင်သည် အဲဂုတ္တုလူတို့အား သူ့ကိုသိအောင်ပြုမူလိမ့်မည်" (ရှု၊ figs_metonymy နှင့် figs_activepassive)
အဲဂုတ္တုလူတို့သည် ထာဝရဘုရား ကို သိသောကြောင့်
"ထာဝရဘုရား၏ ဖြောင့်မတ်ခြင်းကို လက်ခံလိမ့်မည်" သို့မဟုတ် "ထာဝရဘုရားသခင် ဖြောင့်မတ်ကြောင်းကို သဘောတူလိမ့်မည်"
ဝတ်ပြုကြလိမ့်မည်
အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် ထာဝရဘုရားကို ဝတ်ပြုကြလိမ့်မည်" (ရှု၊ figs_explicit)
ထာဝရဘုရား ရှေ့တော်၌ သစ္စာ ဂတိထား၍၊ ထားသည့်အတိုင်း ပြုကြလိမ့်မည်
"ထာဝရဘုရားအား သစ္စာကတိပေး၍ ထိုကတိတော်ဝတ်ကို ပြုကြလိမ့်မည်" သို့မဟုတ် "ထာဝရဘုရားအား သစ္စာကတိပေး၍ ထိုသစ္စာဝတ်ကို သူတို့တည်မြဲအောင်ပြုကြလိမ့်မည်"
ထာဝရဘုရားသည်လည်း အဲဂုတ္တုပြည်ကို ဒဏ် ခတ်၍
အဲဂုတ္တုလူမျိုးများကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် အဲဂုတ္တုလူမျိုးကို အလွန်အမင်းဆင်းရဲဒုက္ခရောက်စေတော်မူမည်" (ရှု၊ figs_metonymy)
ဒဏ်ခတ်
"ရိုက်နှက်ခြင်း" သို့မဟုတ် "ဒဏ်ခတ်ခြင်း"
ဒဏ် ခတ်၍၊ ခတ်ပြီးသော ဒဏ်ရာကို ပျောက်စေတော်မူမည်
အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ကို ဒဏ်ခတ်၍ ကုသပျောက်ကင်းစေမူမည်" (ရှု၊ figs_ellipsis)
Isaiah 19:23
လမ်းတွင်လိမ့်မည်
အမြန်ပြေးလမ်းသည် လူများစွာ ခရီးသွားလာနိုင်သည် လမ်းမကြီးဖြစ်သည်။
အာရှုရိလူသည် သွားလာလိမ့်မည်
အာရှုရိလူများသည် အဲဂုတ္တုပြည်သို့လာကြလိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အာရှုရိလူများသည် သွားလာကြလိမ့်မည်" (ရှု၊ figs_genericnoun)
အဲဂုတ္တုလူသည်၊ အာရှုရိပြည်သို့၎င်း သွားလိမ့်မည်
အခြားသောဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုလူများသည် အာရှုရိပြည်သို့ သွားလာကြလိမ့်မည်" (ရှု၊ figs_ellipsis)
အဲဂုတ္တုလူ
အာရှုရိပြည်သို့ သွားလာကြသော အဲဂုတ္တုလူများကို ရည်ညွှန်းသည်။ (ရှု၊ figs_genericnoun)
အဲဂုတ္တုလူနှင့် အာရှုရိလူတို့သည် တညီတ ညွတ်တည်း ဝတ်ပြုကြလိမ့်မည်
အခြားသောဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုလူနှင့် အာရှုရိလူတို့သည် ထာဝရဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကြလိမ့်မည်"
Isaiah 19:24-25
ဣသရေလအမျိုးသည် အဲဂုတ္တုအ မျိုးနှင့်၎င်း၊ အာရှုရိအမျိုးနှင့် ၎င်းပေါင်း၍၊ တတိယအ မျိုးတည်း
လူမျိုးသုံးမျိုး၏ အမည်ကိုဖော်ဆောင်ထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဣသရေလလူမျိုး၊ အဲဂုတ္တုလူမျိုးနှင့် အာရှုရိအမျိုးများသည် တတိယလူမျိုးတော်ဖြစ်သည်" (ရှု၊ figs_metonymy)
တတိယအ မျိုးတည်း
အဓိပ္ပာယ်ဖွင့်ဆိုချက် (၃) မျိုးရှိသည်။ ၁) အတူတကွ ပူးပေါင်းခြင်း။ ၂) တတိယကောင်းကြီးခံရသောအမျိုး။ ၃) ညီတူညီမျှဖြစ်ခြင်း။
ငါ၏ လူအဲဂုတ္တုအမျိုး၊ ငါပြုပြင်သော အာရှုရိ အမျိုး၊ငါ၏ အမွေဥစ္စာဖြစ်သော ဣသရေလအ မျိုး
ထိုလူမျိုးသုံးမျိုးသည် နိုင်ငံ၏လူမျိုးသားကို ပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ၏လူဖြစ်သော အဲဂုတ္တုလူ၊ သင်သည်ငါ၏ကောင်းကြီးကိုခံရလိမ့်မည်၊ အာရှုရိလူ၊ သင်သည် ငါပြုပြင်သောလူဖြစ်၍ ကောင်းကြီးကိုခံရလိမ့်မည်၊ ဣသရေလလူ၊ သင်သည်ငါ၏အမွေကို ခံရလိမ့်မည်ဟူ၍ ထာဝရဘုရားကောင်းကြီးပေးတော်မူ၏" (ရှု၊ figs_metonymy နှင့် figs_activepassive)
ငါ၏လက်ဖြင့် လုပ်သောအမှု
"လက်တော်" သည် ဘုရား၏ တန်ခိုးအစွမ်းနှင့် လုပ်ဆောင်ခြင်းဖြစ်သည်။ (ရှု၊ figs_metonymy)
Isaiah 20
Isaiah 20:1-2
တာတန်
အာရှုရိတပ်၏ ဗိုလ်ချုပ်မင်းဖြစ်သည်။ (ရှု၊ translate_names)
သာဂုန်
အာရှုရိရှင်ဘုရင်၏ နာမည်ဖြစ်သည်။
အာဇုတ်မြို့သို့စစ်ချီ၍၊ ထိုမြို့ကို လုပ် ကြံသော နှစ်တွင်
အာဇုတ်စစ်တပ်ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အာဇုတ်တပ်ကို နှိမ်နှင်းတိုက်ခိုက်သိမ်းပိုက်ခဲ့သည်" (ရှု၊ figs_metonymy)
အဝတ်ကို မဝတ်၊ ခြေနင်းကိုမစီးဘဲ သွားလာ လျက်နေ၏
"အဝတ်ကိုမဝတ်၊ ခြေနင်းကိုမစီးဘဲ သွားလာလျက်နေ၏" အဝတ်မပါဘဲ သွားလာလျက် ဟုဆိုရာတွင် အတွင်းခံအဝတ်သာဝတ်ဆင်ခြင်းကို ဆိုလိုသည်။
Isaiah 20:3-4
ပုပ္ပနိမိတ်
သတိပေးခြင်းဖြစ်သည်။
အဲဂုတ္တုပြည်နှင့် ကုရှပြည်နှင့်ဆိုင်သော
ထိုပြည်ရှိလူများနှင့် ဆိုင်သောအကြောင်းအရာဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုပြည်နှင့် ကုရှပြည်နှင့်ဆိုင်သော သတိပေးခြင်းဖြစ်သည်" (ရှု၊ figs_metonymy)
ရှုရိရှင်ဘုရင်သည် ဘမ်းဆီးချုပ်ထား သိမ်းသွား လိမ့်မည်
ရှင်ဘုရင်သည် သူ့စစ်တပ်ကို မိန့်မှာခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အာရှုရိရှင်ဘုရင်သည် သူ၏ စစ်တပ်များအား လက်ရဖမ်းမိသည့် လူများကိုချုပ်နှောင်ခေါ်သွားရန် မိန့်မှာလိမ့်မည်" (ရှု၊ figs_metonymy)
အဲဂုတ္တုလူနှင့် ကုရှ လူအကြီးအငယ်တို့အား သိမ်းသွား လိမ့်မည်
အာရှုရိများ လာရောက်တိုက်ခိုက်၍ ဖမ်းဆီးသွားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုနှင့် ကုရှပြည်ကို လာရောက်တိုက်ခိုက်၍ ထိုလူများကို ဖမ်းဆီးခေါ်ဆောင်သွားလိမ့်မည်" (ရှု၊ figs_explicit)
အဲဂုတ္တုလူများကို အရှက်ခွဲခြင်း
အဲဂုတ္တုလူများကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုလူမျိုးများကို အရှက်ရစေမည်" (ရှု၊ figs_metonymy)
Isaiah 20:5-6
ကြောက်ကြလိမ့်မည်၊ ရှက်ကြလိမ့်မည်
"ကြောက်ရွံ့ခြင်းနှင့်အရှက်ရစေခြင်း"
သူတို့ ကိုးစားသော ကုရှပြည်ကို၎င်း၊ ဝါကြွားသော အဲဂုတ္တုပြည်ကို၎င်း
ကိုးစားခြင်းနှင့် ဝါကြွားခြင်းသည် စစ်တပ်အင်အားကို ယုံကြည်အားကိုးခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် ကုရှပြည်နှင့်အဲဂုတ္တုပြည်၏ စစ်တပ်အင်အားကို မျှော်လင့်ကိုးစားကြသည်" (ရှု၊ figs_metonymy)
ထိုကမ်းနားမှာ နေသောသူများကလည်း
မြေထဲပင်လယ်နယ်စပ်ဒေသရှိ မှီတင်းနေထိုင်သောလူမျိုး။
ပြေး၍ခိုလှုံရာ
အခြားသောဘာသာပြန်ဆိုချက်၊ "ခိုလှုံမည့်နေရာဆီသို့ ထွက်ပြေးသွားခြင်း" (ရှု၊ figs_activepassive)
ငါတို့သည် အဘယ်သို့ လွတ်နိုင်ပါမည် နည်းဟု ထိုအခါဆိုကြလိမ့်မည်
စာရေးသူသည် မျှော်လင့်ခြင်းမဲ့ကြောင်းရည်ရွယ်၍ ရေးသားထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယခု လွတ်မြောက်မည့်လမ်းတစ်စုံတစ်ရာမျှ မတွေ့တော့ပါ" (ရှု၊ figs_rquestion)
Isaiah 21
Isaiah 21:1-2
ကြေငြာမိန့်တော်မူချက်
"ထာဝရဘုရားသခင်မိန့်တော်မူခြင်း" သိုမဟုတ် "ထာဝရဘုရားသခင်အသိပေးချက်"
ရေလွှမ်းမိုးသော
ဗာဗုလုန်ပြည်တွင်နေထိုင်သော လူများကို ရည်ညွှန်းသည်။ ဗာဗုလုန်နိုင်ငံအား ဘုရားသခင် ကန္တာရတောဖြစ်စေမည်ကို ရည်ရွယ်၍ပြောဆိုထားသည်။ ဤအရာများသည် ဧကန်အမှန်ဖြစ်ပျက်လာမည့်အရာဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုနေရာဒေသသည် မကြာခင်ကန္တရတောဖြစ်လိမ့်မည်" (ရှု၊ figs_metonymy နှင့် figs_pastforfuture)
တောင်လေမုန်တိုင်းတိုက်သကဲ့သို့
ဟေရှာယသည် ရန်သူတပ်များကို အင်မတန်အင်အားကြီးသော မုန်တိုင်းနှင့် နှိုင်းယှဉ်ဖော်ပြထားသည်။ ထိုရန်သူများသည် အင်အားအလွန်ပြင်းသော မုန်တိုင်းကဲ့သို့ လျင်မြန်ခြင်းနှင့် တန်ခိုးအရှိန်ဖြင့် လာရောက်တိုက်ခိုက်လိမ့်မည်။ (ရှု၊ figs_simile)
တောကြီးမှလာ၏
ယုဒပြည်ရှိတောကြီးများကို ရည်ညွှန်းသည်။ (ရှု၊ figs_explicit)
ကြောက် မက်ဘွယ်သော ပြည်
ကြောက်မက်ဘွယ်ကောင်းသော စစ်တပ်အင်အားဖြစ်သည်။
ကြောက်မက်ဘွယ်သော ရူပါရုံကို ငါမြင်ရ၏
အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသခင်သည် ကျွန်ုပ်အားပူပန်ခြင်းဝေဒနာနှင့် ပြည့်နေသော ဗျာဒိတ်တော်ကို ဖော်ပြခဲ့သည်" (ရှု၊ figs_activepassive)
လုယူတတ်သောသူသည် ဖျက်ဆီး၏
"သစ္စာမဲ့သောသူသည် သစ္စာဖောက်လိမ့်မည်"
ဖျက်ဆီး၏
"ဖျက်ဆီးတတ်သောသူသည် ဖျက်ဆီးသောအမှုပြုလိမ့်မည်"
ဧလံပြည်သားတို့၊ တက်သွားကြလော့။ မေဒိပြည်သားတို့၊ မြို့ကိုဝိုင်းထားကြ လော့
ဟေရှာယရရှိသော ဗျာဒိတ်ရူပါရုံဖြစ်သည်။ ထာဝရဘုရားသည် ဧလံစစ်တပ်နှင့် မေဒိစစ်တပ်ကို ပြောဆိုသောစကားဖြစ်သည်။ (ရှု၊ figs_apostrophe)
ဧလံပြည် ..... မေဒိပြည်
ဧလံပြည်နှင့်မေဒိပြည်ရှိ စစ်တပ်ကို ပုံဆောင်သည်။ (ရှု၊ figs_metonymy)
ထိုမြို့ကြောင့်၊ သူတပါးညည်းတွားခြင်းရှိသမျှကို ငါငြိမ်းစေ၏
ဗာဗုလုန်ပြည်သားများ၏ ဝေဒနာခံစားခြင်းများကို ဖော်ပြသည်။ ဧလံစစ်တပ်နှင့် မေဒိစစ်တပ်များသည် ဗာဗုလုန်ပြည်ကို ဖျက်ဆီးခြင်းငှာ ထာဝရဘုရားစေလွှတ်၍ ဗာဗုလုန်ပြည်သားများ၏ ညည်းတွားခြင်းကို ရပ်တန့်စေမည်။ (ရှု၊ figs_metonymy)
Isaiah 21:3-4
ထို့ကြောင့်၊ ငါသည် ခါးနာလှ၏
ဟေရှာယမြင်သော ရူပါရုံသည်အင်မတန် ဒုက္ခဝေဒနာခံစားရ၍ ကိုယ်ကာယပိုင်းကိုပင် ထိခိုက်နာကျင်စေသည်။ သူ၏ ဒုက္ခဝေဒနာနှင့် နာကျင်ခြင်းသည် သူ့ခန္ဓာကိုယ်အလယ်ပိုင်း "ခါး" နာခြင်းကို ခံစားရသည်။
သားဘွား သော မိန်းမခံရသကဲ့သို့ ဝေဒနာကိုခံရ၏
သူ၏ နာကျင်ခြင်းကို သားဘွားသော မိန်းမ၏ နာကျင်ခြင်းနှင့် နှိုင်းယှဉ်ထားသည်။ ဤနာကျင်ခြင်းသည် အဆုံးစွန်းသော ခံစားခြင်းဖြစ်သည်။ (ရှု၊ figs_simile)
နားမကြားနိုင် အောင် ပြင်းထန်စွာခံရ၏
အခြားသောဘာသာပြန်ဆိုချက်၊ "ကြားရသော အရာများသည် နာကျင်မှုပြင်းထန်စွာ ခံစားရ၍ ကိုယ်ခန္ဓာကိုင်းညွတ်သွားစေသည်" (ရှု၊ figs_activepassive)
မျက်စိမမြင်နိုင်အောင် မှိုင်တွေလျက်ရှိ၏
အခြားသောဘာသာပြန်ဆိုချက်၊ "မြင်ရသည့် အရာမှာကြီးမားစွာသော ဒုက္ခဆင်းရဲခြင်းကို ဖြစ်စေသည်" (ရှု၊ figs_activepassive)
ငါ့စိတ်နှလုံးသည် မူးလျက်ရှိ၏။ ကြောက်မက် ဘွယ်သော အရာဖြင့် ငါသည်ထိတ်လန့်လျက်ရှိ၏
နှလုံးခုန်မှု အင်မတန်မြန်၍ ကြောက်ရွံ့တုန်လှုပ်လျက်နေသည်။
Isaiah 21:5
ပြင်ပြီ
ဗာဗုလုန်ခေါင်းဆောင် အကြီးအကဲများကို ရည်ညွှန်းသည်။
စားပွဲကိုပြင်ပြီ
လူများစားသောက်ရန် စားသောက်ပွဲကြီးကိုပြင်ဆင်သော စားပွဲဖြစ်သည်။ (ရှု၊ figs_metonymy)
မင်းများတို့၊ ထကြ
မင်းများသည် ရှင်ဘုရင်၏ သားများနှင့် အကြီးအကဲများကို ရည်ညွှန်းသည်။
လွှားကို ဆီလောင်းကြ
စစ်သူရဲများ၏ ဒိုင်း၊ လွှားများသည် သားရေဖြင့်ပြုလုပ်ထား၍ ကျွတ်ဆပ်မာကြောလျှင် အလွယ်တကူကွဲအက်သွားနိုင်သည်။ ထို့ကြောင့် ရန်သူ၏ ထား၊လှံဖြင့် ခုတ်ထစ်လျှင် ပျော့ပြောင်းခိုင်မာအောင်ဆီလူးပေးရသည်။ (ရှု၊ figs_explicit)
Isaiah 21:6-7
ကင်းစောင့်ကိုထားလော့
ယေရုရှလင်၏ ကင်းမျှော်စင်ရှိကင်းစောင့်ကို ဆောင်ရွက်ရန် အသင့်ဖြစ်စေဖို့ပြောသည်။
နှစ်စီးစီ ချီလာ သော မြင်းတပ်တတပ်
မြင်းနှစ်ကောင်ဖြင့်ပြေးဆွဲသော စစ်ရထားတစ်စင်းကို စီးလျက်လာသောစစ်သားတစ်ဦး။
Isaiah 21:8-9
သခင်၊ကျွန်တော်သည် နေ့အချိန်၌ ကင်းမျှော် စင်ပေါ်မှာ အစဉ်ရပ်၍
"သခင်" ဟုဆိုရာတွင် အခွင့်အာဏာရှိသော လူပုဂ္ဂိုလ်ကို ရည်ညွှန်း၍ သူ၏ စေခိုင်းခြင်းအားဖြင့် ယေရုရှလင်မြို့ရိုး၏ ကင်းမျှော်စင်တွင်ရပ်၍ စောင့်ကြည့်နေသည်"
ဗာဗုလုန်မြို့ပြိုလဲပြီ၊ ပြိုလဲပြီ
ဗာဗုလုန်မြို့ကြီးသည် ရန်သူများ၏ တိုက်ခိုက်ခြင်းကြောင့် ပြိုလဲပျက်စီးခြင်းခံရသည်။ ဗာဗုလုန်လူများကိုလည်း ထိုသို့ တင်စားထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဗာဗုလုန်လူမျိုးသည် လုံးလုံးဆုံးရှုံးပျက်စီးလိမ့်မည်" (ရှု၊ figs_metaphor နှင့် figs_metonymy)
ပြိုလဲပြီ၊ ပြိုလဲပြီ
ဗာဗုလုန်မြို့ရှိ လူများကို ရန်သူများတိုက်ခိုက်သိမ်းပိုက်သွားခြင်းကို ရည်ညွှန်းသည်။
Isaiah 21:10
ငါနင်းနယ်၍ ငါ့တလင်းပြင်မှ ထွက်သောစပါး
ဣသရေလအမျိုးများ ဒုက္ခဝေဒနာကို ခံစားရသည်။ ဗာဗုလုန်လူမျိုးများသည် သူတို့ကို ကောက်နယ်တလင်းတွင် နင်းနယ်၍ ထွက်သောစပါးများသဖွယ်ပြောဆိုကြသည်။ (ရှု၊ figs_metaphor)
ငါနင်းနယ်၍
ဟေရှာယပရောဖက်ကို ရည်ညွှန်းသည်။
ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား
ဟေရှာယ ၁:၉ ဘာသာပြန်ထားချက်တွင်ကြည့်ရန်။
Isaiah 21:11-12
မိန့်တော်မူချက်
"ထာဝရဘုရားသခင်၏ မိန့်တော်မူချက်" သိုမဟုတ် "ထာဝရဘုရားသခင်၏ အသိပေးချက်ဖြစ်သည်"
ဒုမာပြည်နှင့် ဆိုင်သော
ဧဒုံပြည်၏ အခြားတစ်ခုသောနာမည်ဖြစ်သည်။ ဒုမာပြည်တွင်နေထိုင်သော လူမျိုးများကို ရည်ညွှန်းပြောဆိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဒုမာပြည်၌ရှိသော လူများနှင့်ဆိုင်သော" သို့မဟုတ် "ဧဒုံပြည်ရှိလူမျိုးများနှင့် ဆိုင်သော" (ရှု၊ translate_names နှင့် figs_metonymy)
ငါ့ကို ဟစ်ခေါ်လေ၏
"ငါ့ကို" ဆိုသည်မှာ ဟေရှာယကို ပြောခြင်းဖြစ်သည်။
စိရ တောင် ပေါ်
ဧဒုံပြည်အနောက်ဘက်ရှိတောင်များ၏ နာမည်များဖြစ်သည်။ (ရှု၊ translate_names)
အိုကင်း စောင့်၊ ညဉ့်အမှုကား အဘယ်သို့နည်း။ အိုကင်း စောင့်၊ ညဉ့်အမှုကား အဘယ်သို့နည်း
ထပ်ခါထပ်ခါ မေးမြန်းခြင်း၏ ရည်ရွယ်ချက်မှာ စိုးရိမ်ပူပန်ခြင်းကြောင့် မေးမြန်းခြင်းဖြစ်သည်။ (ရှု၊ figs_parallelism)
သင်တို့သည် မေးမြန်းလိုလျှင် မေးမြန်း ကြ။ ပြန်သွားကြ။ တဖန် လာကြဟု ဆိုလေ၏
"သင်တို့မေးမြန်းလိုလျှင် မေးမြန်းကြ။ နောက်တဖန်ပြန်လာ၍ မေးမြန်းကြ"
Isaiah 21:13-15
မိန့်တော်မူချက်
"ထာဝရဘုရားသခင်၏ မိန့်တော်မူချက်" သိုမဟုတ် "ထာဝရဘုရားသခင်၏ အသိပေးချက်ဖြစ်သည်"
အာရပ်ပြည်နှင့်ဆိုင်သော
အာရပ်လူဦးရေကို ရည်ညွှန်းဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အာရပ်လူမျိုးနှင့် ဆိုင်သော" (ရှု၊ figs_metonymy)
အာရပ်တော
အာရပ်ပြည်၌ တောမရှိပါ။ အခြားသောဘာသာပြန်ဆိုချက်၊ "အာရပ်ပြည်ရှိ လမ်းမကို ကျော်လွန်၍" သို့မဟုတ် "အာရပ်ချုံတောများမှလွန်၍" (ရှု၊ figs_explicit)
ခရီးသွားသော ဒေဒန်လူစုတို့
ခရီးသွားအဖွဲ့။
ဒေဒန်လူစုတို့
အာရပ်ပြည်ရှိ အုပ်စုဖွဲ့၍ နေထိုင်သောလူမျိုး။ (ရှု၊ translate_names)
တေမပြည်သားတို့
အာရပ်ပြည်ရှိ မြို့တမြို့၏နာမည်။
ပြေးသောသူ
ရန်သူလက်မှ လွှတ်မြောက်အောင်ထွက်ပြေးတိမ်းရှောင်သောသူ။ (ဟေရှာယ ၁၅:၅ ဘာသာပြန်ထားချက်တွင်ကြည့်ရန်)
မုန့်နှင့်
စားစရာကို ရည်ညွှန်းသည်။ (ရှု၊ figs_synecdoche)
သူတို့သည် ထားဘေးမှ၎င်း၊ ထုတ်သောထား၊ တင်သောလေး
တေမပြည်၌ နေထိုင်သောလူများကို ရန်သူများက "ထား" နှင့် "လေး" ဖြင့်ဝင်ရောက်တိုက်ခိုက်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ရန်သူများသည် သူတို့အား လေးနှင့် ထားဖြင့် တိုက်ခိုက်ကြသည်" (ရှု၊ figs_metonymy)
အလွန်ခက်သော စစ်မှု
စစ်ဖြစ်နေသည့် ကာလတွင် ကြောက်လန့်ဖွယ်နှင့် ဆင်းရဲဒုက္ခဝေဒနာကို ခံစားတွေ့ကြုံခြင်းကြောင့် အလွန်လေးလံပင်ပန်းသော စစ်ပွဲဟူ၍ ပုံဆောင်ထားခြင်းဖြစ်သည်။အခြားသောဘာသာပြန်ဆိုချက်၊ "ကြောက်ရွံ့တုန်လှုပ်ဖွယ်ကောင်းသော စစ်ပွဲမှ" (ရှု၊ figs_metaphor)
Isaiah 21:16-17
အခစားသောသူရေတွက်သည်အတိုင်း၊ တနှစ်တွင် ကေဒါမြို့၏ ဘုန်းအသရေ ရှိသမျှ ကွယ်ပျောက်၍
"လုပ်အားခနှင့် လုပ်သောအခစားသည် တရက်ပြီးတရက်တိကျစွာရေတွက်ကာ တစ်နှစ်ရဲ့အဖိုးအခကို တိကျစွာလက်ခံရရှိရန်ဖြစ်သည်" ထိုကဲ့သို့ အခစားသည် ရက်ကိုတိကျစွာ ရေတွက်သကဲ့သို့ ကေဒါမြို့ကိုလည်းတနှစ်ပြီးသည့်အချိန်တွင် ရန်သူများလက်ထဲသို့ ရှုံးနိမ့်မည့်ရက်ကို တွက်ချက်ပေးခြင်းဖြစ်သည်" (ရှု၊ figs_explicit)
ကေဒါ
ကေဒါနယ်မြေသည် အာရပ်ပြည်၌ရှိ၍ ကေဒါလူမျိုးကို ပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကေဒါလူမျိုး" (ရှု၊ translate_names နှင့် figs_metonymy)
Isaiah 22
Isaiah 22:1-2
မိန့်တော်မူချက်
ဟေရှာယ ၂၁:၁၁ တွင်ကြည့်ရန်။
ဗျာဒိတ်ရူပါရုံချိုင့် နှင့် ဆိုင်သော
ထိုချိုင့်၌ နေထိုင်သောလူများကို ရည်ညွှန်းသည်။ ထိုချိုင့် ဟုဆိုရာတွင် ယေရုရှလင်မြို့ကို ဖော်ဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုဗျာဒိတ် ရူပါရုံချိုင့်၌ နေသောသူများ" သို့မဟုတ် "ယေရုရှလင်မြို့၌ နေထိုင်သောသူများ" (ရှု၊ figs_metonymy)
သင့်တမြို့လုံးသည် အိမ်မိုးပေါ်သို့ တက်ရမည် အကြောင်း၊ အဘယ်အမှု ရောက်သနည်း
ဟေရှာယသည် ယုဒလူများကို မေးခွန်းဖြင့် ဆူပူကြိမ်းမောင်းထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင့်အိမ်ခေါင်မိုးပေါ်သို့ ရပ်မနေသင့်ပါ" (ရှု၊ figs_rquestion)
အုတ်အုတ်ကျက် ကျက် ပြုတတ်သောမြို့၊ ရွှင်လန်းသောမြို့
"လူများဖြင့် စည်ကားလျက်ပျော်ရွှင်မြူးထူးသောမြို့"
သင်၏ လူသေ တို့သည် ထား လက်နက်ကြောင့် ဆုံးကြသည်မဟုတ်
အခြားသောဘာသာပြန်ဆိုချက်၊ "ရန်သူများသည် သင့်လူမျိုးများကို ထားဖြင့် ကွပ်မျက်သည်မဟုတ်" (ရှု၊ figs_activepassive)
ထား လက်နက်ကြောင့်
စစ်သူရဲများ စစ်ပွဲတွင် ထားဖြင့် တိုက်ခိုက်ခြင်းကို ပုံဆောင်သည်။ (ရှု၊ figs_metonymy)
Isaiah 22:3-4
လေးသမားတို့ လက်၌ ချည်နှောင်လျက်ရှိကြ၏
အခြားသောဘာသာပြန်ဆိုချက်၊ "သင်၏ မင်းအပေါင်းတို့သည် ရန်သူလက်ဖြင့် ချည်နှောင်ခြင်းကို ခံရမည်။ ထိုမင်းတို့သည် လေး၊ မြှား လက်နက်မဲ့လျက်ဖမ်းဆီးခံရမည်" (ရှု၊ figs_activepassive)
တွေ့သ မျှသော သင်၏ လူတို့သည် အဝေးသို့ ပြေးသော်လည်း၊ အတူချည်နှောင်လျက်ရှိကြ၏
အခြားသောဘာသာပြန်ဆိုချက်၊ "ထိုရန်သူများသည် သင်၏ မင်းအပေါင်းတို့ကို အတူဖမ်းဆီးချည်နှောင်ကြသည်" (ရှု၊ figs_activepassive)
ထိုကြောင့် ငါဆိုသည်ကား
ဟေရှာယကို ရည်ညွှန်းပြောဆိုသည်။
ငါ့အမျိုးသတို့သမီး
ဟေရှာယသည် သူ၏လူမျိုးများကို ချစ်မြတ်နိုး၍ တင်စားခေါ်ဝေါ်သမုတ်သော စကားလုံးဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါချစ်သော ငါ၏လူမျိုး" သို့မဟုတ် "ငါ၏ လူမျိုး" (ရှု၊ figs_metonymy နှင့် figs_explicit)
Isaiah 22:5-7
ဒုက္ခခံရာကာလ
ဤနေရာရှိကာလသည် ကြာရှည်သောနေ့ရက်ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုနေ့ရက်သည် ရောက်လိမ့်မည်" (ရှု၊ figs_metonymy)
ဒုက္ခခံရာကာလ၊ နှိပ်စက် နှောင့်ရှက်ရာကာလ
ထာဝရဘုရားသခင်သည် သူတို့ကို ကြောက်ရွံ့ထိတ်လန့်ခြင်း၊ ဆင်းရဲဒုက္ခဖြင့် နှိပ်စက်ခြင်း၊ နှောင့်ယှက်ဖျက်ဆီးဖို့ဖြစ်စေလိမ့်မည်။
ဒုက္ခခံရာကာလ
လူများသည် ထိတ်လန့်ကြောက်ရွံ့သဖြင့် ဦးတည်ရာမဲ့ထွက်ပြေးခြင်းကို ပုံဆောင်သည်။
ဗျာဒိတ်ရူပါရုံချိုင့်
ဟေရှာယ ၂၂:၁ ဘာသာပြန်ထားချက်တွက်ကြည့်ရန်။
တောင်တို့ကို အော်ဟစ်ရာကာလ
အဓိပ္ပာယ်ဖွင့်ဆိုချက် (၂) မျိုး ရှိသည်။ (၁) တောင်များပေါ်တွင် လူများစွာ၏ ငိုကြွေးမြည်တမ်းသံကို ကြားရ၏။ (၂) လူများစွာ ငိုကြွေးအော်ဟစ်သော အသံသည် တောင်များ၌ပဲ့တင်သံများအဖြင့် ကြားရသည်။
ဧလံအမျိုးသည် မြှားတောင့်ကို ဆောင်လျက်
မြှားတောင့်သည် မြှားများကိုထည့်ထားသည့် ကျည်တောင့် သို့မဟုတ် မြှားအိမ်ဖြစ်သည်။ ထိုမြှားအိမ်သည် လေးသမားများ၏ လက်နက်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဧလံစစ်သည်များသည် သူတို့၏ လေးနှင့်မြှားများကို ယူဆောင်ကြသည်" (ရှု၊ figs_metonymy)
ကိရ အမျိုးသည် ဒိုင်းလွှားကို ထုတ်လေ၏
ကိရအမျိုးဟုဆိုရာတွင် စစ်သည်များကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကိရစစ်သည်တော်များသည် သူတို့၏ ဒိုင်းလွှားများကို ယူဆောင်ကြသည်" (ရှု၊ figs_metonymy)
ကိရအမျိုးသား
မေဒိပြည်ရှိ ကိရမြို့ဖြစ်သည်။ (ရှု၊ translate_names)
သင်၏ အမြတ်ဆုံးသော ချိုင့်
"သင်၏" ဆိုသည်မှာ ယေရုရှလင်ရှိလူများကို ရည်ညွှန်းသည်။ ဟေရှာယသည်လည်း သူကိုယ်တိုင်ယေရုရှလင်လူများထဲမှ တစ်ယောက်ဖြစ်ကြောင်း ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့၏ အမြတ်ဆုံးသောချိုင့်"
Isaiah 22:8-9
ယေဘုယျအချက်အလက်
ဟေရှာယသည် ယေရုရှလင်ရှိလူများကို ရန်သူများ လာရောက်တိုက်ခိုက်မည့်အကြောင်းအရာကို အနာဂါတ်တွင် ဖြစ်ပျက်လာမည်ဖြစ်ကြောင်းဖော်ပြထားသည်။ (ရှု၊ figs_pastforfuture)
ယုဒပြည်ကို ဖွင့်လှစ်သည် ဖြစ်၍
အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသခင်သည် ယုဒပြည်၏အကွယ်အကာပြုထားသမျှအလုံးစုံကို ယူဆောင်သွားလိမ့်မည်" (ရှု၊ figs_abstractnouns)
သင်သည် ထိုအခါ လက်နက်စုံ သိုထားရာ၊ တောနန်းတော်သို့ ကြည့်ရှုလိမ့်မည်
"ကြည့်ရှု" ဟူသော အဓိပ္ပာယ်မှာ တစ်စုံတစ်ရာကို ယုံကြည်စိတ်ချခြင်းဖြစ်ကြောင်းဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မိမိကိုယ်ကို ခုခံကာကွယ်ဖို့ရန်အတွက် လက်နက်စုံများကို ရယူလိမ့်မည်" (ရှု၊ figs_idiom)
တောနန်းတော်
ဤနေရာသည် ယေရုရှလင်မြို့ရှိ ဗိမာန်တော်၌ ရှိသော လက်နက်သိုလှောင်ထားသောနေရာဖြစ်သည်။
အောက်ရေကန်မှထွက် သော ရေကို စုဝေးစေကြလိမ့်မည်
ရန်သူများမြို့ရိုးကို ဝန်းရံနေစဉ် ဣသရေလလူများသည် ရေကိုလုံလောက်စွာ ရရှိရန်အတွက် အောက်ရေကန်တွင် သိုလှောင်ထားကြသည်။ (ရှု၊ figs_explicit)
Isaiah 22:10-11
ယေဘုယျအချက်အလက်
ဟေရှာယသည် ယေရုရှလင်ရှိလူများကို အနာဂါတ်ကာလအချိန်တွင် ရန်သူများဝင်ရောက်တိုက်ခိုက်မည့်အကြောင်းအရာကို ဖော်ပြထားသည်။ (ရှု၊ figs_pastforfuture)
အိမ်များကို ရေတွက်ကြလိမ့်မည်
"ရေတွက်ခြင်း" ဆိုသည်မှာ မြို့ရိုးများကို ပြန်လည်တည်ဆောက်ရန်အတွက် လူနေအိမ်များတွင် အသုံးဝင်သော ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်းများရှိမရှိ စစ်ဆေးခြင်းကို ဆိုလိုသည်။
ရေကန်ဟောင်းမှထွက်သော ရေစုဝေးရာ ကိုလည်း လုပ်ကြလိမ့်မည်
"ရေသိုလှောင်ကန်ကို ပြုလုပ်ကြလိမ့်မည်"
မြို့ရိုးနှစ်ထပ်စပ်ကြား
ရေသိုလှောင်ကန်ကို မြို့ရိုးနှစ်ခု ကြားတွင်ပြုလုပ်လိမ့်မည်။
ဤအမှုကို စီရင်တော်မူသောသူ
ထာဝရဘုရားသခင်ကို ရည်ညွှန်းပြောဆိုသည်။
Isaiah 22:12-14
ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရား
ဟေရှာယ ၁:၉ တွင်ကြည့်ရန်။
ဆံပင်ကို ပယ်ဖြတ်ခြင်း
ငိုကြွေးမြည်တမ်းခြင်းနှင့် နောင်တရခြင်း၏ လက္ခဏာဖြစ်သည်။ (ရှု၊ translate_symaction)
ငါတို့သည် စားကြကုန်အံ့၊ သောက် ကြကုန်အံ့၊ နက်ဖြန်သေရ ကြမည်
ကြီးမားသော စားသောက်ပွဲကြီးပြုလုပ်ကျင်းပခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မကြာမီသေရလိမ့်မည်ဖြစ်သောကြောင့် စားသောက်ခြင်းများဖြင့် ပျော်ရွှင်မြူးထူး၍ မိမိစိတ်ကြိုက်ယစ်မူးသောအရာများကို သောက်သုံးကြကုန်လော့" (ရှု၊ figs_metonymy)
ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါ့နား၌ ဗျာဒိတ် ပေးတော်မူသည်ကား
ဟေရှာယသည် လုံးလုံးပြည့်စုံစွာ ဖော်ပြထားခြင်းကို ဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ကျွန်ုပ်အားဖော်ပြသော အရာဖြစ်သည်" (ရှု၊ figs_synecdoche နှင့် figs_activepassive)
အကယ်စင်စစ် သင်တို့အပြစ်သည် သင်တို့ မသေမချင်းတိုင်အောင် မပြေ မရှင်းရ
အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့ လွန်ကြူးသောအပြစ်များကို သင်တို့မသေမချင်းငါသည် အပြစ်လွှတ်မည်မဟုတ်" (ရှု၊ figs_activepassive)
သင်တို့ မသေမချင်းတိုင်အောင်
အဓိပ္ပာယ်ဖွင့်ဆိုချက် (၂) မျိုးရှိသည်။ (၁) ထာဝရဘုရားသည် သူတို့၏အပြစ်များကို သူတို့သေဆုံးပြီးနောက်တွင်လည်း ခွင့်လွှတ်လိမ့်မည်မဟုတ်ပေ။ (၂) ထာဝရဘုရားသည် သူတို့ကြူးလွန်သော အပြစ်များကို သူတို့သေဆုံးသွားသော်လည်း ခွင့်လွှတ်လိမ့်မည်မဟုတ်။
Isaiah 22:15-16
ရှေဗန
ယေရုရှလင်မြို့ နန်းတော်ကို စီမံကွပ်ကဲအုပ်ချုပ်သော သူ၏နာမည်ဖြစ်သည်။ (ရှု၊ translate_names)
ဘဏ္ဍာတော်စိုး
"ရှင်ဘုရင့်နန်းတော်၏ နေ့စဉ်လိုအပ်သော စားဝတ်နေရေး၊ အခကြေးငွေတွေကို စီမံအုပ်ချုပ်သောနေရာတွင် အလုပ်လုပ်သောသူ" (ရှု၊ figs_metonymy)
ကိုယ်နေရာကို ကျောက်၌ထုလုပ်သောသူ၊ သင်သည် ဤအရပ်၌ သင်္ချိုင်းတွင်းကို ကိုယ်အဘို့ထွင်းစေခြင်းငှါ၊ ဤအရပ် နှင့် အဘယ်သို့ဆိုင်သနည်း
ထာဝရဘုရားသည် ရှေဗနကို အမျက်တော်ထွက်၍ မေးမြန်းသော မေးခွန်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဤအရပ်နှင့် အဘယ်သို့ဆိုင်သနည်း" (ရှု၊figs_rquestion)
ကိုယ်သင်္ချိုင်းတွင်းကို ထွင်း ၍၊ ကိုယ်နေရာကို ကျောက်၌ထုလုပ်သောသူ
ဤစကားစုအားလုံးသည် မြှုပ်နှံဖို့ပြုလုပ်ထွင်းထားသော ကျောက်ဂူသင်္ချိုင်းများကို ရည်ညွှန်းသည်။ (ရှု၊ figs_parallelism)
မြင့်သော အရပ်၌
ဣသရေလနိုင်ငံ၏ အလွန်အရေးကြီးသော အကြီးအကဲများ၏ ဂူသင်္ချိုင်းများကို အလွန်မြင့်သော နေရာတွင်ချထားလျက်ရှိသည်။ (ရှု၊ figs_explicit)
Isaiah 22:17-19
ယေဘုယျအချက်အလက်
ဟေရှာယသည် ရှေဗနကို ဆက်လက်၍ ပြောဆိုသော သတင်းစကားဖြစ်သည်။
တလိမ့်လိမ့် လှိမ့်လျက်၊ လောက်လွှဲစာကဲ့သို့ ကျယ်သောပြည်သို့ ပစ်လိုက်တော်မူလိမ့်မည်
လောက်လွှဲစာကဲ့သို့ ရှေဗနကို ဘုရားသခင်သည် တခြားတိုင်းပြည်သို့ ပစ်လွှဲလိုက်မည်ဆိုသည်မှာ ရန်သူများသည် ရေှဗနကို ဖမ်းဆီးချုပ်နှောင်ထား၍ အခြားသောတိုင်းပြည်သို့ ခေါ်ဆောင်သွားမည်ကို ဖော်ဆောင်သည်။ (ရှု၊ figs_metaphor)
သင့်အရှင်၏ အမျိုးအရှက်ကွဲစရာ ဖြစ်ရကြလိမ့်မည်
ရှင်ဘုရင်နန်းတော်တွင် နေထိုင်သော မင်းမျိုးမင်းနွယ်တွေရဲ့ ဂုဏ်သရေကိုအရှက်ရစေမည်ဟူသော အဓိပ္ပာယ်ဖြစ်သည်။ (ရှု၊ figs_metonymy)
ငါသည်လည်း သင်၏ အရာကို နှုတ်မည်။ သင် ၏ နေရာမှ သင့်ကိုချမည်
ထာဝရဘုရားသည် ရှေဗနာကို ဆက်လက်၍ နန်းတော်၌ အမှုကို မထမ်းဆောင်နိုင်အောင် မြေပေါ်သို့ ပစ်ချလိုက်မည်ဟူ၍ ပြောဆိုထားသည်။ (ရှု၊ figs_metaphor)
သင် ၏ နေရာမှ သင့်ကိုချမည်
အခြားသောဘာသာပြန်ဆိုချက်၊ "သင့်ကို ချီးမြှောက်ထားသော ရာထူးမှမြေသို့ တိုင်အောင်နှိမ့်ချတော်မူမည်" (ရှု၊ figs_activepassive)
Isaiah 22:20-22
ယေဘုယျအချက်အလက်
ရှေဗနထံ ဘုရားသခင်၏ မိန့်တော်မူသော စကားကို ဟေရှာယသည် ဆက်လက်၍ပြောဆိုသည်။
ထိုကာလ၌ ... ဖြစ်လိမ့်မည်
အခြားသောဘာသာပြန်ဆိုချက်၊ "ထိုကာလ၌ ကျရောက်မည့်အမှုဖြစ်သည်" (ရှု၊ figs_metonymy)
ဧလျာကိမ် ... ဟိလခိ
လူနာမည်ဖြစ်သည်။ (ရှု၊ translate_names)
သင်၏ဝတ်လုံ နှင့် ဝတ်ဆင်စေမည်။ သင်၏ ခါးစည်းနှင့် ချီးမြှောက်၍
ထာဝရဘုရားသခင်သည် ဧလျာကိမ်ကို ရှေဗနာ၏ နန်းတော်၌ပြောသောစကားဖြစ်သည်။ ရှေဗနာ၏ ဝတ်လုံကို ဧလျာကိမ်အားဝတ်ဆင်ပေးမည်ဆိုသည်မှာ သူ၏ အစိုးရသောအခွင့်အာဏာအရိုက်အရာကို ဧလျာကိမ်အားလွှဲပြောင်းမည်ဖြစ်ကြောင်း ပြောဆိုထားသည်။ (ရှု၊ figs_metaphor)
သင်၏ဝတ်လုံ ... သင်၏ ခါးစည်း
ဝတ်လုံနှင့် ခါးစည်းသည် ရှင်ဘုရင့်နန်းတော်၏ အခွင့်အာဏာကို ရည်ညွှန်းဖော်ဆောင်သည်။ (ရှု၊ figs_metonymy)
ခါးစည်း
ခါးအလယ်ပိုင်း သို့မဟုတ် ရင်ဘတ်တွင် ပတ်သောခါးပါတ်၊ ပိတ်အပိုင်းအစဖြစ်သည်။ (ဟေရှာယ ၃:၁၈ ) တွင် ဘာသာပြန်ထားပြီးဖြစ်သည်။
အပ်ပြီးလျှင်
အခွင့်အာဏာ သို့မဟုတ် အစိုးရသောဟူ၍ ပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုသူကို " (ရှု၊ figs_metonymy)
အဘဖြစ်လိမ့်မည်
ဧလျာကိမ်သည် ယုဒလူမျိုးများကို ပြုစုစောင့်ရှောက်ခြင်းနှင့် ကာကွယ်ထိန်းသိမ်းခြင်းကို ဖခင်သဖွယ်ပြုမူလိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် ဖခင်တစ်ဦးသဖွယ်ဖြစ်လိမ့်မည်" (ရှု၊ figs_metaphor)
ယုဒအမျိုးသား တို့၏
ယုဒ တစ်မျိုးသားလုံးကို ကိုယ်စားပြုသည်။ (ရှု၊ figs_metonymy)
ဒါဝိဒ်မင်းမျိုး၏ တံခါးသော့ကို ... ဖွင့်လိမ့်မည်
"သော့" သည် အခွင့်အာဏာကို ပုံဆောင်သည်။ ဧလျာကိမ်၏ အခွင့်အာဏာကို အဘယ်သူမျှမဆန့်ကျင်နိုင်ချေ။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် သူ့ကိုနန်းတော်ထဲ၌ အခွင့်အာဏာလွှဲပေးမည်၊ သူ၏ ဆုံးဖြတ်လုပ်ပိုင်ခွင့်ကို အဘယ်သူမျှမဆန့်ကျင်နိုင်" (ရှု၊ figs_metonymy နှင့် figs_metaphor)
Isaiah 22:23-24
ယေဘုယျအချက်အလက်
ထာဝရဘုရားသည် ဘုရင့်နန်းတော်၌ရှိသော ရှေဗနာ၏ ရာထူးရာခံနေရာတွင် ဧလျာကိမ်ကို အစားထိုးနေရာချထားမည့်အကြောင်းပြောထားသည်။
မြဲသော အရပ်၌ စွဲသောတံစို့ကဲ့သို့ သူ့ကိုငါစွဲစေ မည်
ထာဝရဘုရားသခင်သည် ဧလျာကိမ်၏ အုပ်စိုးခွင့်ကို ခိုင်မြဲစေ၍ နန်းတော်မြို့ရိုး၌စွဲ၍ ကျန်နေသော ငုတ်ငယ်ကဲ့သို့ သူ၏ပလ္လင်ကိုကြာရှည်စွာ တည်တံ့ခိုင်မြဲစေမည်ဟူ၍ ပြောဆိုထားသည်။ (ရှု၊ figs_metaphor)
သူသည် မိမိအဘ၏ အိမ်၌ ကြက်သရေပလ္လင် ဖြစ်လိမ့်မည်
"ကြက်သရေပလ္လင်" သည် ချီးမြှောက်ရာနေရာကို ပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဧလျာကိမ်သည် သူ၏ မိသားစုမျိုးနွယ်ထံ ချီးမြှောက်ခြင်းကို ယူဆောင်လာသောသူဖြစ်သည်" (ရှု၊ figs_metonymy)
အဘအိမ်၌
"အိမ်" သည် မိသားစု၊ မျိုးနွယ်စုကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ့အဘ၏ အမျိုးအနွယ်" သို့မဟုတ် "သူ၏ မိသားစု" (ရှု၊ figs_metonymy)
သူ၏ အဘအိမ်၌ ရှိသမျှသော ဘုန်းအသရေ၊ အမျိုးအနွယ်
ထာဝရဘုရားသခင်သည် ဧလျာကိမ်နှင့်သူ၏အိမ်သူအိမ်သား၊ တစ်မျိုးတစ်ဆွေလုံးကို ချီးမြှောက်မည်။ သူ၏ပလ္လင်နှင့် အခွင့်အာဏာကိုလည်း တည်တံ့ခိုင်မြဲစေမည်။ (ရှု၊ figs_metaphor)
ရှိသမျှသော ဘုန်းအသရေ၊ အမျိုးအနွယ်၊ အမြတ်အယုတ်၊ ခွက်ဖလားရှိသမျှ၊ အင်တုံ၊ အိုးအမျိုးမျိုး
ဧလျာကိမ်သည် စွဲသောငုတ်ငယ်၊ တံစို့ကဲ့သို့ ဖြစ်ကြောင်းဆက်လက်၍ ပြောဆိုထားသည်။ ဤဆိုလိုရင်းအဓိပ္ပာယ်မှာ ဧလျာကိမ်၏ အိမ်သူအိမ်သားများ၊ မျိုးနွယ်စုများ အားလုံးသူ့အားဖြင့် ချီးမြှောက်ခံရမည်ဖြစ်သည်။ (ရှု၊ figs_metaphor)
အိုးအမျိုးမျိုးတို့ကို သူ၌ဆွဲထားကြလိမ့်မည်
အိုးအမျိုးမျိုး၊ အိုးသေး၊ အိုးကြီးများသည် ရေကို သိုလှောင်ထားသည်။
Isaiah 22:25
ယေဘုယျအချက်အလက်
ဖော်ပြပြီးသော စာပိုဒ်များ၌လည်းရေးသားထားခြင်းဖြစ်သည်။ (ရှု၊ 22:23)
ထိုကာလတွင်
ယေဘုယျအချိန်ကာလဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုအချိန်ကာလ၌" (ရှု၊ figs_metonymy)
ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား
ဟေရှာယ 14:21 ဘာသာပြန်ထားချက်ကို ကြည့်ရန်။
မြဲသောအရပ်၌ အရင်စွဲသောတံစို့သည် နေရာမှရွှေ့၍၊ ခုတ်လှဲခြင်းကို ခံရလိမ့်မည်
အရင်အာဏာရှိသော ရှေဗနာနှင့် သူ၏အမျိုးအနွယ်သည် အရင်စွဲသောတံစို့ကို ရွှေ့၍ခုတ်လှဲခြင်းခံရသကဲ့သို့ သူ၏အာဏာ၊ ပလ္လင်သည် မြေ၌လှဲ၍ ခုန်လှဲခြင်း၊ နှိမ့်ချခြင်းကို ခံရမည်။ ဘုရားသခင်သည် သူ့ကိုနေရာမှရွှေ့စေမည်။ (ရှု၊ figs_metaphor)
သူ၌ဆွဲထားသော ဥစ္စာသည်လည်း၊ ခုတ်ပယ်ခြင်းကို ခံရလိမ့်မည်
ရှေဗနာ၏ အခွင့်အာဏာနှင့် တန်ခိုးကို ပုံဆောင်သည်။ ထာဝရဘုရားသခင်သည် သူ၏တန်ခိုးအစွမ်း၊ အာဏာကို မြေတိုင်အောင်ခုတ်လှဲခံရမည်ဖြစ်၍ တံစို့ကဲ့သို့ ခုတ်ပယ်ခြင်းခံရမည်ကို ပုံဆောင်ထားသည်။ (ရှု၊ figs_metonymy နှင့် figs_metaphor)
Isaiah 23
Isaiah 23:1-3
ယေဘုယျအချက်အလက်
ဟေရှာယသည် 13:1-23:18 တွင်ဆက်လက်၍ ဘုရားသခင်၏ တရားစီရင်မည့်အမှုများကို ပြောဆိုသည်။
တုရုမြို့နှင့်ဆိုင်သော ဗျာဒိတ်တော်
ထာဝရဘုရားတုရုမြို့နှင့် ပတ်သတ်၍ဖော်ပြထားသည်။
တာရှု သင်္ဘောများတို့၊ ညည်းတွားမြည်တမ်းကြလော့
သင်္ဘောပေါ်၌ရှိနေသော တာရှုအမျိုးသားများကို ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တာရှုသင်္ဘောသားများ ညည်းတွားမြည်တမ်းကြလော့" (ရှု၊ figs_metonymy နှင့် figs_apostrophe)
ခိတ္တိမ်ပြည်မှ သိတင်းကြားရ၏
"ခိတ္တိမ်ပြည်မှနေ၍ တရုမြို့နှင့်ပတ်သက်သော သတင်းကိုကြားရ၏" (ရှု၊ translate_names နှင့် figs_activepassive)
ပင်လယ်ကမ်းနားမှာ နေသောသူတို့၊ မှိုင်တွေကြလော့
ပင်လယ်ကမ်းနားမှာနေသောသူတို့ကို ဟေရှာယပြောဆိုခြင်းဖြစ်သည်။ (ရှု၊ figs_apostrophe)
မှိုင်တွေကြလော့
အံ့ဩမင်သက်သွားကြသော လက္ခဏာဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကြောက်ရွံ့တုန်လှုပ်ကြလော့" (ရှု၊ figs_idiom)
ပင်လယ်ကမ်းနား
ပင်လယ်သမုဒ္ဒရာကမ်းနား၌ နေထိုင်သော လူများဖြစ်သည်။ ထိုသူများသည် မြေထဲပင်လယ်နယ်စပ်ဒေသတွင် နေထိုင်သည်။
ပင်လယ်ကူးတတ်သော ဇိဒုန်ကုန်သည်တို့သည် စည်ပင်စေသော
များစွာသော ကုန်သည်ကြီးများကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပင်လယ်တွင် ကူးသန်းသွားလာနေသော ဇိဒုန်ကုန်သည်များသည် သင်တို့ကို ကြွယ်ဝချမ်းသာစေသည်" (ရှု၊ figs_genericnoun)
များသောရေကို အမှီပြုသော ရှိဟောရ မျိုးစေ့
ရှိဟောရသည် အီဂျစ်မြို့၏ နှိုင်းမြစ်အနီးရှိချိုင့်ဝှမ်းတစ်ခု၏ နာမည်ဖြစ်သည်။ ထိုဒေသမှထွက်သော မျိုးစေ့များကို ရှိဟောရမှ တဆင့် ကျယ်ပြန့်သော ပင်လယ်ကူးသန်းရောင်းဝယ်ဖောက်ကားကြသည်။ (ရှု၊ translate_names)
အသီးအနှံကို ထိုမြို့သည် အခွန်ရ၍
နှိုင်းမြစ်ကမ်းဘေးတစ်လျှောက်တွင် စိုက်ပျိုးရေးများပြုလုပ်လေ့ရှိ၍ သီးနှီမျိုးစေ့များကို ထိုမြစ်တစ်လျှောက် ကူးသန်းရောင်းဝယ်ကြရသည်။ (ရှု၊ figs_metonymy)
မြစ်၏ အသီးအနှံ
ထိုနှိုင်းမြစ်တစ်လျှောက်မှ ထွက်သောကောက်ပဲသီးနှံဖြစ်သည်။
အတိုင်းတိုင်း အပြည်ပြည်တို့၏ ဈေးဖြစ်လေပြီ
ကူးသန်းရောင်းဝယ်ဖောက်ကားသော၊ လူစည်ကားသော နေရာဖြစ်သည်။ လူမျိုးပေါင်းစုံကိုကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူမျိုးအပေါင်း လာရောက် ကူးသန်းရောင်းဝယ်သောနေရာကို ပုံဆောင်သည်" (ရှု၊ figs_metonymy)
Isaiah 23:4-5
ပင်လယ်တည်းဟူသော ပင်လယ်မြို့ကြီး က၊ ငါသည် ကိုယ်ဝန်မဆောင်၊ သားမဘွား၊ လူပျို နှင့် အပျိုမတို့ကို မမွေးမြူရဟု ပြောဆို၏
ဖြစ်နိုင်ချေအဓိပ္ပာယ် (၂) မျိုးဖွင့်ဆိုထားသည်။ ၁) ထာဝရဘုရားသည် တုရုမြို့၌ နေထိုင်သော လူများကို မိခင်နှင့် သူ၏ သားသမီးများဟူ၍ ခိုင်းနှိုင်းထားသည်။ ၂) မြေထဲပင်လယ်၌ ကျက်စားနေထိုင်ကြသော လူများကို ပြောဆိုခြင်းဖြစ်သည်။ တုရုမြို့ရှိ လူများကို ပင်လယ်ပြင်၏ ဘုရားနှင့် ဖခင်ကဲ့သို့ ရည်ညွှန်းသည်။ ထိုမြို့ရှိလူများ ဖျက်ဆီးသွားခြင်းဖြင့် ဖခင်သည် ငိုကြွေးမြည်တမ်းနေသည်။ (ရှု၊ figs_personification)
Isaiah 23:6-7
တာရှုမြို့သို့ ကူးကြလော့
တာရှုမြို့သည် စီးပွားရေးအတွက် ကူးသန်းရောင်းဝယ်ရာတွင် တုရုလူမျိုးများအတွက် အင်မတန်ဝေးလံ၍ သွားရသည်။ ထိုတာရှုမြို့သို့ သွားလျှင်ဘေးအန္တရာယ်လုံခြုံစွာ သွားရလိမ့်မည် ဟူ၍ ပရောဖက်ပြုထားသည်။
ဤမြို့သည် ရှေးကာလ၌ တည်သဖြင့် ... မိမိကိုဆောင်သွားကြ၏
ထာဝရဘုရားသည် တုရုမြို့ကို လှောင်ပြောင်သော မေးခွန်းဖြင့်မေးထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဤမြို့သည် ရှေးကာလ၌ တည်သဖြင့် သင်တို့ ရွှင်လန်းသောမြို့လော။ သူတစ်ပါးတိုင်းနိုင်ငံသို့ နေရာချထားခြင်းငှာ မိမိခြေတို့သည် မိမိကို ဆောင်သွားကြ၏" (ရှု၊ figs_rquestion)
ရွှင်လန်းသောမြို့
"မြို့" သည် လူများကိုပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တုရုမြို့၌ နေထိုင်သော ရွှင်လန်းဝမ်းမြောက်သောလူများ" (ရှု၊ figs_metonymy)
ဝေးသော အရပ်၌ တည်းခို ခြင်း ငှါ၊ မိမိခြေတို့သည် မိမိကိုဆောင်သွားကြ၏
"မိမိခြေ" သည် လူပုဂ္ဂိုလ်ကိုရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူများသည် အဝေးကနေမှလာ၍ ငွေကြေးများရှာဖွေကာ အတည်တကျနေထိုင်သွားကြသည်" (ရှု၊ figs_synecdoche)
မိမိကိုဆောင်သွားကြ၏
တုရုမြို့ကို ပုံဆောင်၍ပြောထားသည်။ ထိုမြို့၌ ရှိသောလူများဖြစ်သည်။ (ရှု၊ figs_metonymy)
Isaiah 23:8-9
တုရုမြို့သည် ရာဇသရဖူကို ပေးတတ်သော ... ထိုသို့ကြံစည်တော်မူ၏
ဟေရှာယသည် လှောင်ပြောင်ကဲ့ရဲ့သောမေးခွန်းဖြင့် တုရုမြို့ကိုမေးထားသည်။ ဘုရားသခင် တုရုမြို့ကို ဖျက်ဆီးမည့် စီမံကိန်းကို 23:1-7 တွင်ဖော်ပြထားသည်။ တုရုမြို့သားများကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် တုရုမြို့သူမြို့သားများကို ဖျက်ဆီးမည့်ရည်ရွယ်ချက်၊ စီမံကိန်းကို ပြောဆိုနေသည်" (ရှု၊ figs_rquestion နှင့် figs_metonymy)
ရာဇသရဖူကို ပေးတတ်သောမြို့
"ရာဇသရဖူ" သည် ရှင်ဘုရင်ကို ရည်ညွှန်းကာ အုပ်စိုးပိုင်သူဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူတွေကို အုပ်ချုပ်စီရင်သော အခွင့်အာဏာရှိသောမြို့ဖြစ်သည်" (ရှု၊ figs_metonymy)
သူ၏ကုန်သည်တို့သည် မင်းသား
ထိုကုန်သည်များကို မင်းသားကဲ့သို့ ခိုင်းနှိုင်းထား၍ တိုင်းတစ်ပါးသို့ သွားရသော အခွင့်အာဏာရှိသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုကုန်သည်များသည် မင်းသားကဲ့သို့ဖြစ်သည်" (ရှု၊ figs_metaphor)
ဖောက်ကား ရောင်းဝယ်သော သူတို့သည် မြေကြီးမှုးမတ်ဖြစ်လျက်
ဖောက်ကားရောင်းဝယ်သော ကုန်သည်များသည်လည်း မြေကြီးပေါ်တွင် ဂုဏ်သရေအရှိဆုံးသော လူများဖြစ်ကြသည်။ (ရှု၊ figs_activepassive)
ရှိသမျှသော ဘုန်းအသရေ၏ မာနကို အရှက်ခွဲခြင်းငှါ ၎င်း
"သူတို့၏ ဘုန်းအသရေကြောင့် မာနထောင်လွှားခြင်းကို အရှက်ခွဲ၍ ရှုတ်ချမည်"
ဘုန်းအသရေ ... မြေကြီးမှုးမတ်အပေါင်း
တုရုမြို့၌ရှိသော လူမျိုးများကို ရည်ညွှန်းပြောဆိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုန်းအသရေ ... မာန် ... မှုးမတ်အပေါင်း" (ရှု၊ figs_metonymy)
Isaiah 23:10-12
အိုတာရှုမြို့၏သ္မီး၊ ကမ်းရိုးပျက်လေပြီ။ မြစ်ကဲ့သို့ ကိုယ်ပြည်ကို နှံ့ပြားလော့
ဖြစ်နိုင်ချေ အဓိပ္ပာယ် (၂) ခုရှိသည်။ (၁) တာရှုမြို့သည် တုရုမြို့နှင့် ကုန်သွယ်မှုပျက်စီးသွား၍ သီးနှံများကို စတင်စိုက်ပျိုးကြသည်။ (၂) တာရှုမြို့သည် တုရုမြို့၏ အုပ်ချုပ်မှုအောက်မှ လွတ်မြောက်သွားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တာရှုမြို့၏သမီး၊ သင်၏နယ်မြေကို စီးဆင်းလာသောမြစ်ကဲ့သို့ နေရာအနှံ့စီးဆင်းလော့၊ တုရုမြို့သည် နောက်တစ်ဖန် သင့်ကိုအုပ်ချုပ်ဖို့အခွင့်အာဏာမရှိတော့ပါ" (ရှု၊ figs_simile)
တာရှုမြို့၏သ္မီး
တာရှုမြို့၌ ရှိသောလူများကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တာရှု လူမျိုးများ" သို့မဟုတ် "တာရှုမြို့၌နေထိုင်သောလူများ" (ရှု၊ figs_metonymy)
ရန်သူသည် ပင်လယ်ပေါ်မှာ လက်ကိုဆန့်၍၊ တိုင်းနိုင်ငံတို့ကို လှုပ်ရှားလေ၏
ထာဝရဘုရားသည် သူ၏တန်ခိုးတော်ဖြင့် ပင်လယ်ပြင်ကို ထိန်းချုပ်မူ၍ တိုင်းနိုင်ငံရှိလူများသည် ထာဝရဘုရား၏ လက်တော် လှုပ်ရှားတော်မူခြင်းကို တုန်လှုပ်ကြလိမ့်မည်။ (ရှု၊ figs_metaphor)
ပင်လယ်ပေါ်မှာ လက်ကိုဆန့်၍
"လက်" သည် ဘုရားသခင်၏ တန်ခိုးတော်နှင့် အခွင့်အာဏာစိုးမိုးခြင်းကို ဆိုလိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပင်လယ်ပြင်တစ်ခုလုံးအား သူ၏တန်ခိုးတော် စိုးမိုးပြသခြင်း" (ရှု၊ figs_metonymy)
ညှဉ်းဆဲခြင်းကို ခံရသော ကညာ၊ ဇိဒုန်မြို့၏သ္မီး
"သမီးကညာ" သည် ဇိဒုန်ရှိလူများကို ကိုယ်စားပြုရေးထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူအများ၏ ညှဉ်းဆဲခြင်းကို ခံရသောဇိဒုန်လူမျိုးများ" (ရှု၊ figs_metonymy)
Isaiah 23:13-14
ခါလဒဲအမျိုးသားတို့နေ သော ပြည်ကို ကြည့်ရှုလော့
ဗာဗုလုန်လူများ၏ အခြားသောနာမည်တစ်ခုမှာ "ခါလဒဲ" အမျိုးသား ဟူ၍ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဗာဗုန်လုန်လူမျိုးများဖြစ်ပျက်မည့် အမှုကိုကြည့်ကြလော့" သို့မဟုတ် "ဗာဗုလုန်လူမျိုးများ ဖြစ်ပျက်မည့်အရာကို ကြည့်ကြလော့"
ပြအိုးတို့ကို တည်ဆောက်၍
စစ်သူရဲများသည် ရန်သူကို ပြန်လည်တိုက်ခိုက်ရန် မြို့ရိုးပေါ်၌ တည်ဆောက်ထားသော ရန်သူ့ခံတပ် ဖြစ်သည်။
တာရှုသင်္ဘောများတို့၊ ညည်းတွားမြည်တမ်းကြ လော့
သင်္ဘော၌ ရှိသောတာရှုလူမျိုးများကို ရည်ညွှန်းသည်။ ဟေရှာယ 23:1 ဘာသာပြန်ဆိုထားချက်ကို ကြည့်ရန်။ (ရှု၊ figs_metonymy)
သင်တို့၏ မြို့ကြီးသည် ပျက်ကုန်ပြီ
ရန်သူများသည် သင်တို့၏မြို့ကြီးများကို ဖျက်ဆီးလိုက်ပြီ။ (ရှု၊ figs_activepassive)
Isaiah 23:15-16
ထိုကာလ၌
အခြားသောဘာသာပြန်ဆိုချက်၊ "ထိုကာလ၌" သို့မဟုတ် "ထို့နောက် (ရှု၊ figs_metonymy)
တုရုမြို့ကို၊မင်းဆက်တဆက်အတိုင်း အရှည်၊ အနှစ် ခုနစ်ဆယ်ပတ်လုံး၊ အဘယ်သူမျှမအောက် မေ့ရ
တုရုမြို့သို့ အဘယ်သူမျှ ကုန်ရောင်းဝယ်ဖောက်ကားခြင်းမရှိကြဘဲ နှစ်ပေါင်းကြာရှည်တိုင်အောင် ထိုမြို့အကြောင်းကို မေ့လျော့နေကြမည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အနှစ်ခုနှစ်ဆယ် ပတ်လုံး၊ ထိုမြို့ကို အဘယ်သူမျှ မအောက်မေ့ရ" (ရှု၊ figs_activepassive)
အနှစ် ခုနစ်ဆယ်ပတ်လုံး
"နှစ်ပေါင်းခုနှစ်ဆယ်" (ရှု၊ translate_numbers)
မင်းဆက်တဆက်အတိုင်း အရှည်
ကာလကြာရှည်သော နေ့ရက်ကို ရည်ညွှန်းသည်။ မင်းဆက်တဆက်၏ အုပ်ချုပ်သည့်နှစ်မှာ နှစ်ပေါင်းခုနှစ်ဆယ်သက်တမ်းရှိသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မင်းဆက်တဆက်" သို့မဟုတ် "ဘုရင်တစ်ပါး၏ ကြာရှည်နေရသော သက်တမ်းတစ်ခု" (ရှု၊ figs_metonymy)
ပြည်တန်ဆာ မိန်းမအားသီချင်းဆိုသကဲ့သို့ ... သီချင်းကို များစွာဆိုလော့
တုရုမြို့ကို ပြည့်တန်ဆာမိန်းမဖြင့် ခိုင်းနှိုင်းဖော်ပြထားသည်။ ပြည့်တန်ဆာ မိန်းမသည် စောင်းကိုကိုင်၍ မြို့အတွင်းလှည့်လည်ကာ သာယာသော သီချင်းသံဖြင့် သူ၏ချစ်သူများကို သွေးဆောင်လေသည်။ သို့ပေမဲ့ အဘယ်သူမျှ သူမကိုမအောက်မေ့ကြပေ။ ထိုကဲ့သို့ တုရုမြို့သည် အခြားသောတိုင်းပြည်များနှင့် ယခင်ကကဲ့သို့ ကုန်သွယ်ခြင်း၊ ကြီးပွားခြင်းကို ကြိုးစားသော်လည်း မည်သည့်နိုင်ငံကမျှ အထင်ကြီးလေးစားခြင်းမရှိကြတော့ပေ။ (ရှု၊figs_metaphor)
သင့်ကို သတိရစေခြင်းငှါ
အခြားသောဘာသာပြန်ဆိုချက်၊ "လူများသင့်ကို အောက်မေ့သတိရစေခြင်းငှာ" သို့မဟုတ် "လူများသင့်ထံသို့ လှည့်ပြန်လာစေခြင်းငှာ" (ရှု၊ figs_activepassive)
Isaiah 23:17-18
ဖြစ်လိမ့်မည်
ဤစကားစုသည် အရေးကြီးသော အကြောင်းအရာတစ်ခုဖြစ်ပျက်လာမည်ကို အမှတ်လက္ခဏာဖြင့်ပြောဆိုထားသည်။
ထာဝရဘုရား သည် တုရုမြို့ကို အကြည့်အရှု ကြွလာတော်မူလိမ့်မည်
တုရုမြို့ရှိ လူမျိုးများကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် တုရုမြို့ရှိ လူများကို မစတော်မူလိမ့်မည်" (ရှု၊ figs_metonymy)
သူသည်လည်း တဖန် ... ဓမထုန်ကိုပြုလိမ့်မည်
ဟေရှာယသည် တုရုလူများကို ပြည့်တန်ဆာမိန်းမနှင့် ခိုင်းနှိုင်းဖော်ပြထားသည်။ တုရုမြို့သည် ပြည့်တန်ဆာမကဲ့သို့ မိမိကိုယ်ကို ရောင်းဝယ်ဖောက်ကားခြင်းနှင့် ကုန်သွယ်ခြင်းကို တိုင်းနိုင်ငံအသီးသီးနှင့် ပြုလုပ်လိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပြည့်တန်ဆာမိန်းမကဲ့သို့ သူ့ကိုယ်သူ ရောင်းဝယ်ဖောက်ကားခြင်းဖြင့် မြေကြီးပေါ်ရှိ နိုင်ငံအသီးသီးများနှင့် ပြုလုပ်လိမ့်မည်" (ရှု၊ figs_metaphor)
ဆည်းဖူးသိုထားခြင်းကို မပြုရ
"ကုန်သည်ကြီးများသည် သူတို့၏ ဘဏ္ဍာဥစ္စာများကို သိုမှီးထားခြင်းမရှိရပေ" (ရှု၊ figs_activepassive)
ထာဝရဘုရားရှေ့တော်၌ နေသောသူတို့အဘို့ ဖြစ်၍
"သူတို့သည် ထာဝရဘုရားထံ အစေခံ၍ နာခံကြလိမ့်မည်"
သူတို့သည် ဝစွာစား၍ ခိုင်သောအဝတ်ကို ဝတ်ကြလိမ့်မည်
"သူတို့သည် အစားသောက်ဖူလုံစွာရှိကြ၍ သူတို့အဝတ်များခိုင်မာလျက်ရှိကြမည်"
Isaiah 24
Isaiah 24:1-2
ပြည်တော်ကို လွတ်လပ်စေ၍
"မြေကြီးကို ဖျက်ဆီးရာအရပ် လူခြေအိမ်ကင်းမဲ့စေ၍" သို့မဟုတ် "ကမ္ဘာမြေကြီးပေါ်ရှိသမျှကို ရှင်းရှင်းဖျက်ဆီးစေ၍"
ဖြစ်ရ လိမ့် မည်
အရေးကြီးသည့် အကြောင်းအရာဖြစ်လာမည့် အမှတ်အသားဖြစ်သည်။
ကဲ့သို့ ... ၎င်း ... ကဲ့သို့ ... ၎င်း
ဘုရားသခင်သည် လူသားအားလုံးကို ထိုနည်းတူပြုမူဆက်ဆံမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသခင်သည် ဖြန့်ကြဲသောသူကဲ့သို့ ... ဖြန့်ကြဲစေမည်" (ရှု၊ figs_ellipsis)
ယဇ်ပုရောဟိတ်သည် ... အတိုးပေးသောသူကဲ့သို့၎င်း
ဟေရှာယ 24:2 သည် လူ့အဆင့်အတန်းအလွှာစုံများကို စာရင်းဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယဇ်ပုရောဟိတ်များသည် ဤကဲ့သို့ အဆင့်အထက်တန်းလွှာမှအစ ... ငွေိတိုးချေးငှားသော လူအဆုံးဖြစ်သည်" (ရှု၊figs_genericnoun)
အတိုးစား သောသူသည်
ငွေကြေးပိုင်ရှင်ဖြစ်သည်။ ငွေကြေးရှင်သည် အခြားသူများကို ချေးငှားပြီးအတိုးယူသော ပိုင်ရှင်ဖြစ်သည်။
အတိုးပေးသောသူ
အကြွေးပေးရသောသူဖြစ်သည်။
Isaiah 24:3-5
တပြည်လုံး လွတ်လပ်၍ ရှင်းရှင်း ပျက်စီးရလိမ့် မည်
အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသခင်သည် မြေကြီးပေါ်ရှိသမျှ အရာများကို ဖွတ်ဖွတ်ညက်ညက်ကျေအောင်၊ ယူကျုံးမရဖြစ်အောင် ဖျက်ဆီးတော်မူမည်" (ရှု၊ figs_activepassive)
ထာဝရဘုရား မိန့်တော်မူ၏
အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်သည်" (ရှု၊figs_metonymy)
ပြည်တော်သည် ငြိုငြင် ညှိုးငယ်ခြင်းရှိ၏။ လောကသည် အားလျော့၍ ညှိုးငယ်ခြင်းရှိ၏
အခြားသောဘာသာပြန်ဆိုချက်၊ "ဤကမ္ဘာမြေကြီးပေါ်၌ ရှိသောအရာအားလုံးသည် ခြောက်သွေ့ဖျက်ဆီး၍ သေဆုံးကြလိမ့်မည်" (ရှု၊ figs_parallelism)
ပြည်တော်သည် ... ပြည်သားတို့သည်
မြေကြီးပေါ်ရှိ အသက်ရှင်သော အရာအားလုံးကို ရည်ညွှန်းပြောဆိုသည်။ (ရှု၊ figs_metonymy)
ပြည်တော်သည် ငြိုငြင် ညှိုးငယ်ခြင်းရှိ၏
လူများ၏ ညစ်ညူးသည့် အပြစ်များနှင့် ဘုရားလက်မခံသော အရာများစွာကို ပြုလုပ်ခြင်းဖြင့် ကမ္ဘာမြေကြီးကို မသန့်ရှင်း၊ မစင်ကြယ်စွာပြုလုပ်ခြင်းကိုပြောဆိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူများသည် ကမ္ဘာမြေကြီးကို ညစ်ညူးခြင်းများပြုလုပ်ကြသည်" (ရှု၊ figs_metaphor နှင့် figs_activepassive)
ပြည်သားတို့သည် တရားတော်ကို လွန်ကျူးခြင်း ... ညစ်ညှုးခြင်းရှိ ၏
ထိုသူများသည် ဘုရားသခင်ချမှတ်ထားသော တရားတော်နှင့် ဥပဒေများကို မနာခံခြင်းနှင့် ဘုရားသခင်၏ ထာဝရသစ္စာတော်ကို ချိုးဖျက်ခြင်းများပြုလုပ်ကြသည်။
Isaiah 24:6-7
ယေဘုယျအချက်အလက်
ဟေရှာယသည် အနာဂါတ်ကာလ၌ ဘုရားသခင်၏ မြေကြီးပေါ် စီရင်မည့်အမှုကို ဆက်လက်၍ ပြောဆိုသည်။ ပရောဖက်များသည် အနာဂါတ်ကာလ၌ ဖြစ်ပျက်မည့်အကြောင်းအရာကို ယခုခေတ်ကာလ သို့မဟုတ် အတိတ်ကာလ၌ ဖြစ်ပျက်နေသကဲ့သို့ ဖော်ပြထားသည်။ ဧကန်အမှန်ဖြစ်ပျက်လာမည့်အရာများကို အလေးထားဖော်ပြထားသည်။ (ရှု၊ figs_pastforfuture)
ကျိန်တော်မူသော အကျိန်သည် ပြည် တော်ကို လွှမ်းမိုးပြီ
ထာဝရဘုရားကျိန်တော်မူသော ပျက်ဆီးခြင်းတည်းဟူသော ကျိန်စာသည်မြေကြီးပေါ်ရှိ အရာများကို သားရဲတိရစ္ဆာန်အမဲဖျက်ကာ စားသောက်ဝါးမျိုသကဲ့သို့ ကျိန်ခြင်းများဖြင့် ဖျက်ဆီးလိုက်ခြင်း သို့မဟုတ် မြေကြီးပေါ်၌ မီးကိုလောင်ကျွမ်းစေသကဲ့သို့ ရှင်းရှင်းဖျက်ဆီးလိုက်သကဲ့သို့ဖြစ်သည်။ (ရှု၊ figs_metaphor)
ပြည်သားတို့အပေါ်မှာ အပြစ် ရောက်လေပြီ
အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသခင်သည် လူသားများအပြစ်ရှိကြောင်း အတိအလင်းဖော်ပြလိမ့်မည်" (ရှု၊ figs_activepassive)
Isaiah 24:8-9
ယေဘုယျအချက်အလက်
ဘုရားသခင်သည် မြေကြီးကို ဆက်လက်၍ စီရင်ဒဏ်ပေးမည့်အကြောင်း ဟေရှာယပြောဆိုသည်။ ပရောဖက်များသည် အတိတ်နှင့်ပစ္စုပ္ပန်မှာ ဖြစ်ပျက်နေသကဲ့သို့ အနာဂါတ်ကာလ၌ ဖြစ်ပျက်မည့်အရာများကို ပြောဆိုနေသည်။ (ရှု၊ figs_pastforfuture)
သာယာသောစောင်းသံ
ချူတပ်ထားသောဗုံ၊ တီးသည့်ဗုံများဖြစ်သည်။ (ဟေရှာယ 5:11 )
Isaiah 24:10-11
ယေဘုယျအချက်အလက်
ဘုရားသခင်သည် မြေကြီးကို ဆက်လက်၍ စီရင်ဒဏ်ပေးမည့်အကြောင်း ဟေရှာယပြောဆိုသည်။ ပရောဖက်များသည် အတိတ်နှင့်ပစ္စုပ္ပန်မှာ ဖြစ်ပျက်နေသကဲ့သို့ အနာဂါတ်ကာလ၌ ဖြစ်ပျက်မည့်အရာများကို ပြောဆိုနေသည်။ (ရှု၊ figs_pastforfuture)
လွတ်လပ်သောမြို့သည် ပြိုပျက်လေပြီ
အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် မြို့ကို ရှုပ်ထွေး၊ ပြိုပျက်အောင်ဖျက်ဆီးလိမ့်မည်" (ရှု၊ figs_activepassive)
လွတ်လပ်သောမြို့
ဖြစ်နိုင်ချေအဓိပ္ပါယ် (၂) မျိုးရှိသည်။ (၁) ဘုရားသခင်ထိုမြို့ကို မစီရင်မှီ ၊ မြို့၏အခြေအနေသည် ရှုပ်ထွေးလျက်ရှိသည်။ လူများဘုရားသခင်ကို မနာခံခြင်း၊ အုပ်ချုပ်မှုယိုယွင်းပျက်စီးခြင်း၊ တစ်မြို့လုံးမူးယစ်သောက်စားကျူးလွန်ခြင်း (၂) ထိုမြို့သည် ဘုရားသခင်စီရင်ပြီးနောက် ရှုပ်ထွေးပျက်စီးသွားသည်။ မြို့ရိုးနှင့် အဆောင်အအုံများပြိုကျပျက်စီးခဲ့သည်။
အ ဘယ်သူမျှ မဝင်စေခြင်းငှါ၊ အိမ်များကို ပိတ်ထားကြပြီ
အခြားသောဘာသာပြန်ဆိုချက်၊ "လူများသည် အိမ်များကို ပိတ်ထား၍ အဝေးသို့ထွက်သွားကြသည်" (ရှု၊ figs_activepassive)
စပျစ်ရည်ပြတ်သောကြောင့်
"စပျစ်ရည်မရှိသောကြောင့်"
ဝမ်းမြောက်ခြင်းလည်း အကြွင်းမဲ့ကွယ်ပြီ ... ငြိမ်းပြီ
ဤစကားစုနှစ်ရပ် အဓိပ္ပာယ်ဖွင့်ဆိုခြင်းတူညီသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဝမ်းမြောက်ခြင်းများ ဤကမ္ဘာမြေကြီးပေါ်မှ ကွယ်ပျောက်သွားပြီ" (ရှု၊ figs_parallelism)
တပြည်လုံး၌ သာယာသောအသံ
"တပြည်လုံး" ဆိုသည်မှာ မြေကြီးပေါ်ရှိ လူများကို ပုံဆောင်သည်။ (ရှု၊ figs_metonymy)
Isaiah 24:12-13
ယေဘုယျအချက်အလက်
ဟေရှာယသည် အနာဂါတ်ကာလ၌ ဘုရားသခင်၏ မြေကြီးပေါ် စီရင်မည့်အမှုကို ဆက်လက်၍ ပြောဆိုသည်။ ပရောဖက်များသည် အနာဂါတ်ကာလ၌ ဖြစ်ပျက်မည့်အကြောင်းအရာကို ယခုခေတ်ကာလ သို့မဟုတ် အတိတ်ကာလ၌ ဖြစ်ပျက်နေသကဲ့သို့ ဖော်ပြထားသည်။ ဧကန်အမှန်ဖြစ်ပျက်လာမည့်အရာများကို အလေးထားဖော်ပြထားသည်။ (ရှု၊ figs_pastforfuture)
ဆိတ်ညံ့ခြင်းသည် မြို့ထဲမှာ ကျန်ရစ်၏
အခြားသောဘာသာပြန်ဆိုချက်၊ "လွင်တီးခေါင်ပြင်ဖြစ်သွားသောမြို့" သို့မဟုတ် "တိတ်ဆိတ်၍ လူသူကင်းမဲ့ကာဗလာဖြစ်သွားသောမြို့" (ရှု၊ figs_abstractnouns)
မြို့ထဲမှာ
ယေဘုယျမြို့များကို ရည်ညွှန်းသည်။ (ရှု၊ figs_genericnoun)
သံလွင်ပင်ကို လှုပ်၍ အသီးကို ရသကဲ့သို့၎င်း၊ စပျစ်သီးကို သိမ်းယူသောနောက်၊ အကြွင်းအကျန် ကို ကောက်ရသကဲ့သို့၎င်း ဖြစ်လိမ့်မည်
ထာဝရဘုရားသခင်သည် ပြည်တော်များကို ရှင်းရှင်းစီရင်ဖျက်ဆီးပြီးနောက်နှင့် သံလွင်ပင်၊ စပျစ်သီးများဆွတ်ခူးပြီးနောက်ကို နှိုင်းယှဉ်ဖော်ပြထားသည်။ အသီးများကို ဆွတ်ခူး သိမ်းဆည်းပြီးနောက် အပင်၌ အကြွင်းအကျန်အနည်းငယ်ရှိနေသကဲ့သို့ ပြည်တော်များကို ဖျက်ဆီးပြီးနောက် လူများအနည်းငယ်ကျန်ရှိနေကြောင်းပုံဖော်ထားသည်။ (ရှု၊ figs_simile)
Isaiah 24:14-15
ထိုသူတို့သည် ကြွေးကြော်၍ ရွှင်လန်းစွာ သီချင်း ဆိုကြလိမ့်မည်။ ထာဝရဘုရားကို ချီးမွမ်းသောအသံနှင့်
"ထိုသူတို့သည် ကြွေးကြော်၍" ဟူသော စကားစုသည် ကျယ်လောင်စွာပြောသောစကားကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုသူတို့သည် ဘုရားသခင်၏ ဂုဏ်တော်ကို ကျယ်သောအသံဖြင့် ကြွေးကြော်၍ ထာပနာသီချင်းဆိုလိမ့်မည်" (ရှု၊ figs_idiom)
ထိုသူတို့
ကျန်ကြွင်းသော လူမျိုးများကို ရည်ညွှန်းသည်။
ချီးမွမ်းသောအသံနှင့် ပင်လယ်တဘက်မှ မြည်ကြလိမ့်မည်
"ပင်လယ်" ဟုဆိုရာတွင် မြေထဲပင်လယ်ကို ရည်ညွှန်း၍ ဣသရေလပြည် အနောက်ဘက်၌ တည်ရှိသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ချီးမွမ်းကြွေးကြော်၍ ဝမ်းမြောက်ရွှင်လန်းသော အသံသည် ပင်လယ်တဘက်မှ မြည်ကြလိမ့်မည်" (ရှု၊ figs_explicit)
သို့ဖြစ်၍၊ အရှေ့မျက်နှာအရပ်တို့၌ ထာဝရ ဘုရား၏ နာမတော်ကို၎င်း ချီးမွမ်းကြလော့
အရှေ့အရပ်၌ရှိသော ဣသရေလလူမျိုးများကို ရည်ညွှန်းသည်။ ဟေရှာယသည် ထာဝရဘုရား ဤကမ္ဘာမြေကြီးကို စီရင်ပြီးနောက် ဖြစ်ပျက်မည့်အနာဂါတ်ကို ရည်ညွှန်းပြီးပြောဆိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အရေှ့မျက်နှာအရပ်တို့၌ရှိသော လူမျိုးတိုင်းထာဝရဘုရားကို ချီးမွမ်းကြလော့" (ရှု figs_metonymy နှင့် figs_apostrophe နှင့် figs_pastforfuture)
ပင်လယ် တဘက်တကျွန်း တနိုင်ငံအရပ်တို့၌
ဟေရှာယသည် မြေထဲပင်လယ်ရှိ ကျွန်းငယ်များ၌ နေထိုင်သောသူများကို မိန့်ဆိုသည်။ ဘုရားသခင်၏ စီရင်မှုပြီးနောက် ကျန်ကြွင်းသော လူအနည်းငယ်တို့အားရည်ညွှန်းခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျွန်းနိုင်ငံများ၌ ရှိသောလူတိုင်းထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်" (ရှု၊ figs_metonymy နှင့် figs_apostrophe နှင့် figs_pastforfuture)
ထာဝရဘုရား၏နာမတော်
ထာဝရဘုရားကို ရည်ညွှန်းသော "နာမတော်" ဖြစ်သည်။ (ရှု၊ figs_metonymy)
Isaiah 24:16
ငါတို့သည် ကြားရ၏
"ငါတို့သည်" ဟူသော စကားလုံးသည် ဟေရှာယနှင့် ဣသရေလလူမျိုးများကို ရည်ညွှန်းသည်။ ဟေရှာယသည် အနာဂါတ်မှာ ဖြစ်ပျက်လာမဲ့ အကြောင်းအရာကို ဖြစ်ပျက်ပြီးသကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့သည် ကြားရလိမ့်မည်" (ရှု၊ figs_inclusive နှင့် figs_pastforfuture)
ငါမူကား၊ အလွန်ဆင်းရဲ၏။ အလွန်ဆင်းရဲ၏
ဟေရှာယသည် သူ၏ ဒုက္ခဝေဒနာကို ခါးသီးစွာဖော်ပြထားသည်။ လူအချင်းချင်းဖြားယောင်းလှည့်စား၍ ကတိသစ္စာပျက်ကွက်ခြင်းများကို ပူပန်၍ပြောဆိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် အလွန်ဆင်းရဲပင်ပန်းလှ၏" (ရှု figs_parallelism)
လုယက်သောသူတို့သည် ကြမ်းတမ်းစွာ လု ယက်ကြ၏
ဟေရှာယသည် သူ၏ဒုက္ခဆင်းရဲဝေဒနာများကို ထပ်ခါထပ်ခါမြွတ်ဆိုခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လှည့်စား သစ္စာဖောက်သော သူတို့သည် သစ္စာဖောက်လျက်နေကြ၏" သို့မဟုတ် "လှည့်စားတတ်သောသူများသည် လုယက်ဖျက်ဆီးကြ၏" (ရှု၊ figs_parallelism)
Isaiah 24:17-18
အိုပြည်သား၊ သင်သည် ကြောက်လန့်ဘွယ် သောအရာ မြေတွင်း၊ ကျော့ကွင်းထဲသို့ ရောက်လေပြီ
"မြေကြီးသားအပေါင်းတို့သည် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသော မြေတွင်း၊ ကျော့ကွင်း ထဲသို့ရောက်လိမ့်မည်"
ကြောက်လန့်ဘွယ် သောအရာ မြေတွင်း ... ကျော့ကွင်း၌ ကျော့မိလိမ့် မည်
"မြေတွင်းနှင့် ကျော့ကွင်း" သည် မကောင်းသောအရာမှန်သမျှ ထိုလူများထံဖြစ်ပျက်လာမည့်အရာဖြစ်သည်။ လူများသည် မကောင်းသောအရာမှ လွှတ်မြောက်အောင်ရှောင်ပြေးသော်လည်း မလွှတ်မြောက်နိုင်ပေ။ နောက်တစ်ခုသော ထောင်ချောက်ထဲသို့ ပိတ်မိကြောင်း ပုံဖော်ထားလေသည်။ (ရှု၊ figs_synecdoche)
ကြောက်လန့်ဘွယ် သောအရာ
"ကြောက်လန့်၊ ထိတ်လန့်ဖွယ်သောအသံ"
ကျော့ကွင်း၌ ကျော့မိလိမ့် မည်
အခြားသောဘာသာပြန်ဆိုချက်၊ "ကျော့ကွင်းသည် သူတို့ကို ဖမ်းမိကျော့မိလိမ့်မည်" (ရှု၊ figs_activepassive)
ကောင်းကင်ပြွန်ဝပွင့်လျက်ရှိ၍
ကောင်းကင်မှ အင်မတန်ကြီးမား၊ သည်းထန်စွာ မိုးရွာသွန်း၍ ရေစီးကြောင်းကြီးဖြစ်ပေါ်လာစေမည့် အကြောင်းပြောထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကောင်းကင်သည် ပွင့်လျက်ကြီးမားသော ရေစီးကြောင်း၊ မိုးသည်းထန်စွာရွာချလိမ့်မည်" (ရှု၊ figs_metaphor)
မြေကြီးအမြစ် လည်း လှုပ်ရှားလေ၏
မြေကြီးတိုက်မြစ်ဟုဆိုရာတွင် အောက်မြေလွှာရှိကျောက်အစိုင်အခဲများ ဖွဲ့စည်းတည်ဆောက်ထားသည်ကို ရည်ညွှန်းသည်။ ဟေရှာယသည် ထိုကဲ့သို့ ခိုင်ခံ့စွာဖွဲ့စည်းတည်ဆောက်ထားသော ကျောက်လွှာများသည်ပင် လှုပ်ရှားလိမ့်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မြေကြီးသည် ကြောက်မတ်ဖွယ်တုန်လှုပ်လိမ့်မည်" သို့မဟုတ် "အံ့ဖွယ်ကြောက်လန့်ဖွယ် ငလျင်ကြီးလှုပ်လိမ့်မည်"
Isaiah 24:19-20
ပြည်တော်သည် တပြည်လုံး ပြုတ်လေပြီ။ ပြည် တော်သည် အကုန်အစင် ပြိုပျက်လေပြီ။ ပြည်တော်သည် အလွန်တုပ်လှုပ်လျက် ရှိလေ၏
အခြားသောဘာသာပြန်ဆိုချက်၊ "ကမ္ဘာမြေကြီးသည် ကျိုးပျက်၊ ပိုင်းပြတ်သွားလိမ့်မည်။ ကမ္ဘာမြေကြီးသည် ကြမ်းတမ်းစွာဖြင့် လှုပ်ယမ်းလိမ့်မည်" (ရှု၊ figs_activepassive)
ပြည်တော်သည် ယစ်မူးသောသူကဲ့သို့ တလူး လည်လည် ရှိ၏။ ပုခက်ကဲ့သို့ လှုပ်ရှား၏
ဤစကားစုသည် ကမ္ဘာ့ကြီးမားစွာသော ငလျင်လှုပ်ခြင်းကို အလေးပေးဖော်ပြထားသည်။ ကမ္ဘာမြေကြီးသည်ပုခတ်လွဲသကဲ့သို့ ရှေ့နောက်လွဲ၍ ကြီးစွာငလျင်လှုပ်လိမ့်မည်" (ရှု၊ figs_simile)
မိမိအပြစ်သည် မိမိအပေါ်မှာ လေးသဖြင့်၊ ပြည်တော်သည် လဲလိမ့်မည်။ နောက်တဖန် မထရ
ကမ္ဘာသည် ကြီးမားလေးလံသောဝန်၊ အလေးချိန်ကို မထမ်းနိုင်ဘဲ မြေကြီးပေါ်လဲကျသွားသကဲ့သို့ မြေကြီးပေါ်ရှိလူများသည် ဤကမ္ဘာမြေကြီးကို သူတို့၏အပြစ်များဖြင့် ကြီးမားစွာ ဖုံးလွှမ်းကြ၍ ထာဝရဘုရားသခင်သည် ဖျက်ဆီးဖို့ ရည်ရွယ်ကြောင်းပြောဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူများသည် အပြစ်၊ဒုစရိုက်များစွာပြုလုပ်ကြ၍ ထာဝရဘုရားသခင်ဖျက်ဆီးလိမ့်မည်။ ကမ္ဘာမြေကြီးကို ကြီးမားသော ဝန်ပိသဖြင့် မြေပြင်ပေါ်လဲကျကာ ပြန်မထနိုင်သောသူကဲ့သို့ ခိုင်းနှိုင်းထားသည်" (ရှု၊ figs_metaphor နှင့် figs_metonymy)
Isaiah 24:21-23
ထိုကာလ၌ ဖြစ်လိမ့်မည်
ဤအကြောင်းအရာသည် အလွန်အရေးကြီးသော အမှတ်လက္ခဏာဖြစ်လာလိမ့်မည်။
ထိုကာလ၌
"နေ့ရက်" သည် ယေဘုယျဖြစ်ပေါ်လာချိန်ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုနေ့ရက်၌" (ရှု၊ figs_metonymy)
မြင့်သောအ ရပ်၌ မြင့်သောအလုံးအရင်းကို၎င်း
ဤစကားစုသည် "အလွန်များပြားသောအရေအတွက်" ကိုရည်ညွှန်းသည်။ ဝိညာဉ်ဆိုးများသည် ကောင်းကင်၌ပုန်ကန်ကြခြင်းကို ပုံဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဝိညာဉ်ဆိုးများ" သို့မဟုတ် "ပုန်ကန်သော ကောင်းကင်တမန်များ" (ရှု၊ figs_explicit)
မြင့်သော
မြင့်သော ဆိုသည်မှာ ကောင်းကင်ဘုံ သို့မဟုတ် မိုးကောင်းကင်ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကောင်းကင်ဘုံ၌" သို့မဟုတ် "မိုးကောင်းကင်၌" (ရှု၊ figs_metonymy)
သူတို့သည် တွင်းထဲမှာ တစုတည်းစုဝေး၍ ချည် နှောင်ခြင်း၊ ထောင်ထဲမှာ ချုပ်ထားခြင်းကို ခံလျက် နေရ ကြလိမ့်မည်
"တွင်း" သည် မှောင်မိုက်အနက်ဆုံးတွင်း သို့မဟုတ် အကျဉ်းထောင်တွင်းကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် သူ၏အကျဉ်းသားများဖြစ်သော ပုန်ကန်သူနတ်ဆိုးကောင်းကင်တမန်များကို တစ်စုတစ်စည်းတည်းချုပ်နှောင်ထားသည်" (ရှု၊ figs_activepassive)
စစ် ကြောခြင်းကို ခံရကြလိမ့်မည်
"ထာဝရဘုရားသည် ထိုသူများကို စစ်ကြောစီရင်လိမ့်မည်" (ရှု၊ figs_activepassive)
လသည်လည်း မျက်နှာပျက်လိမ့်မည်။ နေသည် လည်း အရှက်ကွဲလိမ့်မည်
လနှင့်နေတို့ကို အရှက်ရသောလူပုဂ္ဂိုလ်ကဲ့သို့ တင်စားထားသည်။ ထိုလနှင့်နေသည် ထာဝရဘုရား၏ အနတ္တတန်ခိုးအောက်၌ အရှက်ရသောသူတွေကဲ့သို့ အလင်းမှေးမှိန်သွားလိမ့်မည်။ (ရှု၊ figs_personification)