ဗမာစာ: tn

Updated ? hours ago # views See on DCS

John

John 1

John 1:1-3

အစဦး၌

ဤဖော်ပြချက်သည် ဘုရားသခင်က ကောင်းကင်နှင့်မြေကြီးကိုမဖန်ဆင်းရသေးခင် အစအဦးဆုံးသောအချိန်ကို ရည်ညွှန်းသည်။

နှုတ်ကပတ်တော်

ဤအရာသည် ယေရှုခရစ်တော်ကိုရည်ညွှန်းသည်။ သူသည် နှုတ်ကပတ်တော်ဟု ခေါ်တွင်သောသူဖြစ်သည်။

နှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏

လုပ်ဆောင်ချက်ဟု အဓိပ္ပါယ်ရသည်။ တစ်နည်းအားဖြင့် ဘုရားသခင်က သူ့အားဖြင့် အရာအားလုံးကို ပြုလုပ်သည်။ (ရှု၊ figs_activepassive|Active or Passive)

ဖန်ဆင်းတော်မူခြင်းနှင့် ကင်း လွတ်လျက်ဖြစ်သော အရာတစုံတခုမျှမရှိ။

လုပ်ဆောင်ချက် ဟုဘာသာပြန်နိုင်သည်။ တစ်နည်းအားဖြင့် သူမပါဘဲ ဘုရားသခင်သည် ဘာမှမလုပ်ဆောင်ပါ၊ သို့မဟုတ် ဘုရားသခင်သည် သူ့အားဖြင့် အရာအားလုံးကို ပြုလုပ်သည်။ (ရှု၊ : figs_doublenegatives|Double Negatives and figs_activepassive|Active or Passive)

John 1:4-5

ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏

ထိုအသက် ဟူသည် အရာအားလုံး အသက်ရှင်စေမှုကို ပုံဆောင်သည်။ တစ်နည်းအားဖြင့် နှုတ်ကပတ်တော် ဟုခေါ်သောသူတစ်ယောက်သည် အရာအားလုံးကို အသက်ရှင်စေသည်။ (ရှု၊ figs_metaphor)

အသက်

ဤနေရာ၌ ယေဘုယျ အဖြစ် "အသက်" ဟုသုံးနှုန်းထားသည်။ အကယ်၍ ပိုမိုတိကျစွာ ဘာသာပြန်ပါက "ဝိဉာဉ်အသက်" ဟူ၍ ဖြစ်သည်။

ထိုအသက်သည်လည်း လူတို့၏အလင်းဖြစ်၏

"အလင်း" ဟူသည် ဘုရားသခင်၏ ဖွင့်ပြခြင်းကို ပုံဆောင်သည်။ တစ်နည်းအားဖြင့် ဘုရားသခင်အ ကြောင်းအမှန်တရားကို အမှောင်ထဲမှ အလင်းကဲ့သို့ ဖွင့်ပြခဲ့ခြင်းဖြစ်သည်။ (ရှု၊ figs_metaphor)

ထိုအလင်းသည် မှောင်မိုက်၌ လင်း၍ မှောင်မိုက်သည် မခံမယူ

အမှောင်သည် အလင်းကို မနိုင်သလို ဆိုးညစ်သောလူများသည် အလင်းကဲ့သို့သော ဘုရားသခင်၏ အမှန်တရားဖွင့်ပြသောသူများကို အနိုင်မယူနိုင်ပါ။ (ရှု၊ figs_metaphor)

John 1:6-8

အလင်းတော်၏အကြောင်းကို သက်သေခံခြင်း

ဤနေရာ၌ "အလင်း" ဟူသည် ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ဖွင့်ပြခြင်းကို ပုံဆောင်သည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ အမှန်တရားအလင်း ယေရှုခရစ်အားဖြင့် ဖော်ပြထားသည်။ (ရှု၊ : figs_metaphor)

John 1:9

ဟုတ်မှန်သောအလင်း

ဤနေရာ၌ "အလင်း" ဟူသည် ယေရှုခရစ်အားဖြင့်ဘုရားသခင်၏ အမှန်တကယ်ဖွင့်ပြခြင်းကို ကိုယ်စားပြုပုံဆောင်သည်။ (ရှု၊ figs_metaphor)

John 1:10-11

ထိုသူသည်ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ ဤလော ကသည် ထိုသူကိုမသိ

သူသည် ဤလောက၌ရှိပြီး ဘုရားသခင်သည် သူ့အားဖြင့် အရာအားလုံးကို ပြုလုပ်ခဲ့သော်လည်း လူတွေက သူ့ကို အသိအမှတ်မပြုပါ။

ဤလော ကသည် ထိုသူကိုမသိ

"လောက" ဟူသည် ဤလောက၌နေထိုင်သော လူသားအားလုံးအတွက် ကိုယ်စားအသုံးပြုထားသည်။ တစ်နည်းအားဖြင့် သူအမှန်တကယ်ဘယ်သူဖြစ်သည်ကို လူတွေက မသိကြပါ။ (ရှု၊ figs_metonymy)

သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲနေကြ၏

သူသည် မိမိဒေသလူမျိုးများထံ လာခဲ့သော်လည်း မိမိဒေသလူမျိုးများက သူ့ကိုလက်မခံပါ။

လက်ခံ

ဤအရာသည် လူတစ်ယောက် လက်ခံခြင်းကို ဆိုလိုသည်။ ဧည့်သည်တစ်ယောက်ကို လက်ခံသောအခါ သူ့ကိုကြိုဆိုပြီး သူနှင့်ဆက်ဆံရေးကို မျှော်လင့်ခြင်းဖြင့် တည်ဆောက်သွားရန်ဖြစ်သည်။

John 1:12-13

ကိုယ်တော်ကို ယုံကြည်သောသူတို့

ယေရှုခရစ်တော်ကိုယုံကြည်ကိုးစားရန်နှင့် သူ့ကိုသစ္စာရှိစွာလိုက်လျှောက်အသက်ရှင်ရန် ဆိုလိုသည်။

သူ၏နာမတော်

နာမတော်ဟူသော စကားလုံးသည် ယေရှုခရစ်တော်၏ ကိုယ်ပိုင်ဖြစ်ခြင်းလက္ခဏာနှင့် သူ၏အရာရာအားလုံးကို ဆိုလိုသည်။

အခွင့်ကို ပေးတော်မူ၏

"သူသည် အခွင့်အာဏာကို ပေးတော်မူ၏" သို့မဟုတ် "သူတို့အတွက် ပြုလုပ်ပေးတော်မူ၏"

ဘုရားသခင်၏ သားများ

"သားများ" ဟူသောစကားလုံးသည် သားများနှင့် အဖေကဲ့သို့ ကျွန်တော်တို့နှင့် ဘုရားသခင်အကြား ဆက်သွယ်ရေးကို ကိုယ်စားပြုသည်။

John 1:14-15

နှုတ်ကပတ်တော်

ယေရှုခရစ်တော်ကို ရည်ညွှန်းကြောင်း ပုံဆောင်သည်။ဘုရားသခင် ဘယ်သူဖြစ်သည်ကို ဖွင့်ပြသောသူတစ်‌ယောက်ဖြစ်ကြောင်း ပုံဆောင်သည်။ (ရှု၊ figs_metaphor)

ခမည်းတော်

ဤအရာသည် ဘုရားသခင်အတွက် အရေးကြီးသော ဂုဏ်ပုဒ်တစ်ခုဖြစ်သည်။ (ရှု၊ guidelines_sonofgodprinciples)

ကျေးဇူးတော်နှင့်ပြည့်စုံလျက်

ငါတို့အပေါ် ကျေးဇူးပြည့်စုံခြင်းဟူသည် ငါတို့မထိုက်တန်သောကြောင့် ဖြစ်သည်။

ငါ့နောက်ကြွလာ သောသူ

ယောဟန်က ယေရှုခရစ်အကြောင်း ဖော်ပြထားခြင်းဖြစ်သည်။ "ငါ့နောက်ကြွလာသော" ဟူသောစကားစုသည် ယောဟန်၏အမှုတော်လုပ်ငန်းစတင်နေပြီဖြစ်ကြောင်းနှင့် ယောဟန်ပြီးမှ ယေရှုခရစ်တော်၏ အမှုတော်လုပ်ငန်းစတင်လာမှာဖြစ်ကြောင်းကို ဆိုလိုခြင်းဖြစ်သည်။

ငါ့ထက်သာ၍

"ငါ့ထက်သာ၍ ကြီးမြတ်သည်" သို့မဟုတ် "ငါ့ထက်သာ၍ အရေးကြီးသည်"

သူသည် ငါမရှိမှီ ရှိနှင့်သည်ဖြစ်၍

ယေရှုခရစ်သည် လူ့အသက်နှစ်အားဖြင့် ယောဟန်ထက် ပိုကြီးသည်။ ယေရှုခရစ်သည် ယောဟန်ထက် ကြီးမြတ်ပြီး အရေးပါနေခြင်းမှာ အမြဲတမ်းအသက်ရှင်သော ဘုရားသားတော် ဖြစ်ခြင်းကြောင့်ဖြစ်သည်။

John 1:16-18

ပြည့်စုံခြင်း

ဤစကားလုံးသည် မကုန်ဆုံးနိုင်သော ဘုရားသခင်၏ကျေးဇူးတော်ကို ရည်ညွှန်းထားသည်။

ကျေးဇူးတပါး၌ ထပ်ဆင့်၍ ကျေးဇူးတပါး

"ကောင်းကြီးတစ်ခုမှနောက်တစ်ခု"

ခမည်းတော်

ဤအရာသည် ဘုရားသခင်အတွက် အရေးကြီးသော ဂုဏ်ပုဒ်တစ်ခုဖြစ်သည်။ (ရှု၊ guidelines_sonofgodprinciples)

John 1:19-21

ယုဒလူတို့က ....သူ့ကို ယေရုရှလင်မြို့မှ စေလွှတ်သောအခါ

ဤနေရာ၌ "ယုဒလူတို့" ဟူသောစကားလုံးသည် "ယုဒလူခေါင်းဆောင်များ" ကို ကိုယ်စားပြုသည်။ တစ်နည်းအားဖြင့် ယုဒလူခေါင်းဆောင်တို့က သူ့ကို ယေရုရှလင်မြို့မှ စေလွှတ်သည်။ (ရှု၊ : figs_synecdoche)

ထိမ်ဝှက်ခြင်းမရှိ။ အတည့်အလင်းပြောဆို၏

ပထမစာကြောင်းသည် အဆိုးဘက်မှပြောဆိုပြီး ဒုတိယစာကြောင်းသည် အကောင်းဘက်မှ ပြောဆိုခြင်းဖြစ်သည်။ ဤအရာသည် ယောဟန်က အမှန်တရားကို ပြောဆိုနေကြောင်း လေးနက်စေသည်။ တစ်နည်းအားဖြင့် "သူသည် အမှန်တရားကို လွှတ်လပ်စွာ ပြောဆိုခဲ့သည်။ (ရှု၊ figs_parallelism and figs_doublenegatives)

သို့ဖြစ်လျှင် သင်သည်အဘယ်သူနည်း

"သင်သည် မေရှိယမဟုတ်ပါက ဘယ်သူဖြစ်သနည်း။" ဘာဖြစ်လာမည်နည်း။ သို့မဟုတ် "သင်ဘာလုပ်မည်နည်း။"

John 1:22-23

ဆက်စပ်မှုဖော်ပြချက်

ယောဟန်က ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့ကို ဆက်လက်ပြောဆိုသည်။

ထိုသူတို့က သူ့ကိုမေးကြ၏

ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့က ယောဟန်ကို ပြောကြ၏။

ထိုသူတို့....ငါတို့

ယောဟန်မဟုတ်ဘဲ ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့ဖြစ်သည်။ (ရှု၊ figs_exclusive)

သူကပြောသည်

"ယောဟန်က ပြောသည်။"

ငါသည် တော၌ ဟစ်ကြော်သောသူ၏အသံ ဖြစ်သည်

ယောဟန်က ဟေရှယပရောဖက်ပြုသည်မှာ သူကိုယ်တိုင်ဖြစ်ကြောင်းပြောသည်။ "အသံ" ဟူသောစကားလုံးသည် တော၌ဟစ်ကြော်သောသူတစ်ယောက်ကို ရည်ညွှန်းထားပါသည်။ တစ်နည်းအားဖြင့် "ငါသည် တော၌ဟစ်ကြော်သောသူတစ်ယောက်ဖြစ်သည်။" (ရှု၊ figs_metonymy)

ထာဝရဘုရား၏ လမ်းခရီး တော်ကို ဖြောင့်စေကြလော့

ဤနေရာ၌ "လမ်းခရီး" ဟူသောစကားလုံးကို ပုံဆောင်ခြင်းအဖြစ် အသုံးပြုထားပါသည်။ တစ်နည်းအားဖြင့် "အရေးကြီးသောပုဂိ္ဂုလ်တစ်ဦးသုံးရန် လူတွေက လမ်းကိုပြုပြင်ထားသလို ဘုရားသခင် လာရောက်နိုင်ရန် ကိုယ့်ကိုယ်ကို ပြင်ဆင်ကြပါ။ (ရှု၊ figs_metaphor)

John 1:24-25

ဖာရိရှဲများထံမှ စေလွှတ်သောသူများ

ယောဟန်ကို မေးခွန်းမေးသောသူများအကြောင်းဖော်ပြချက်ဖြစ်သည်။ (ရှု၊ writing_background|Background Information)

John 1:26-28

ယေဘုယျအချက်အလက်

အပိုဒ်ငယ် ၂၈ က ဤဝတ္ထုတည်ဆောက်ပုံ နောက်ခံအချက်အလက်ကို ဖော်ပြထားပါသည်။ (ရှု၊ writing_background)

ငါ့နောက်ကြွလာသောသူ

"ငါ့နောက်၌ သင်တို့ကို ဟောကြားလိမ့်မည်။"

ထိုသူ၏ခြေနင်းတော်ကြိုးကိုမျှ ဖြည်ခြင်းငှါငါမထိုက်

"ခြေနင်းကြိုးဖြေခြင်း"တာဝန်သည် ကျွန် သို့မဟုတ် အစေခံတို့၏အလုပ်ဖြစ်သည်ဆိုခြင်းမှာ ပုံဆောင်ခြင်းဖြစ်သည်။ ယောဟန်က အစေခံအတွက် မပျော်ဆုံးသောအလုပ်လောက်ပင် ယေရှုခရစ်တော်အတွက်သူ ဘာမှမထိုက်တန်ကြောင်း ပြောပြထားပါသည်။ (ရှု၊ figs_metaphor)

John 1:29-31

ဘုရားသခင်၏ သိုးသငယ်

ဤအရာသည် ဘုရားသခင်၏ ပြီးပြည့်စုံသော ပေးဆပ်ခြင်းကို ကိုယ်စားပြုပုံဆောင်ထားပါသည်။ ယေရှုခရစ်တော်ကို "ဘုရားသခင်၏သိုးသငယ်" ဟုခေါ်ရခြင်းမှာ လူတွေ၏အပြစ်အတွက် ပေးဆပ်ခြင်းကြောင့်ဖြစ်သည်။ (ရှု၊ figs_metaphor)

လောက

"လောက" ဟူသော စကားလုံးသည် ဤလောကရှိလူသားအားလုံးကို ရည်ညွှန်းသုံးနှုန်းထားပါသည်။ (ရှု၊ figs_metonymy)

ငါ့နောက်ကြွလာသောသူသည် ငါမရှိမှီရှိနှင့်ပြီးသူ

ယောဟန်က ယေရှုခရစ်အကြောင်း ဖော်ပြထားခြင်းဖြစ်သည်။ "ငါ့နောက်ကြွလာသော" ဟူသောစကားစုသည် ယောဟန်၏အမှုတော်လုပ်ငန်းစတင်နေပြီဖြစ်ကြောင်းနှင့် ယောဟန်ပြီးမှ ယေရှုခရစ်တော်၏ အမှုတော်လုပ်ငန်းစတင်လာမှာဖြစ်ကြောင်းကို ဆိုလိုခြင်းဖြစ်သည်။

John 1:32-34

ဆင်းသက်၍

"ကြွဆင်းလာသည်။"

ချိုးငှက်ကဲ့သို့

ဤအရာသည် နှိုင်းယှဉ်ပုံဆောင်ဖော်ပြချက် ဖြစ်သည်။ ချိုးငှက်တစ်ကောင် လူတစ်ယောက်ပေါ်သို့ဆင်းသက်သလို "ဝိဉာဉ်တော်" ကြွဆင်းလာခြင်းကို ပုံဆောင်သည်။ (ရှု၊ figs_simile)

ကောင်းကင်

"ကောင်းကင်ဘုံ" ဟူသောစကားလုံးသည် "မိုးကောင်းကင်" ကို ရည်ညွှန်းထားပါသည်။

ဘုရားသခင်၏ သားတော်

တစ်ချို့က "ဘုရားသခင်၏သားတော်" ဟုဆိုပြီး တစ်ချို့က "ဘုရားသခင်ရွေးနုတ်သောသူ" ဟု ဆိုပါသည်။ (ရှု၊ translate_textvariants)

ဘုရားသခင်၏ သား

ဤအရာသည် ဘုရားသခင်၏သားတော် ယေရှုခရစ်အတွက် အရေးကြီးသော ဂုဏ်ပုဒ်တစ်ခုဖြစ်သည်။ (ရှု၊ guidelines_sonofgodprinciples)

John 1:35-36

တဖန်၊ နက်ဖြန်နေ့၌

ထိုနေ့သည် နောက်တရက်ဖြစ်ပါသည်။ ဒုတိယနေ့၌ ယောဟန်က ယေရှုခရစ်ကို မြင်တွေ့ခဲ့ပါသည်။

ဘုရားသခင်၏သိုးသငယ်

ဤအရာသည် ဘုရားသခင်၏ ပြီးပြည့်စုံသော ပေးဆပ်ခြင်းကို ကိုယ်စားပြုပုံဆောင်ထားပါသည်။ ယေရှုခရစ်တော်ကို "ဘုရားသခင်၏သိုးသငယ်" ဟုခေါ်ရခြင်းမှာ လူတွေ၏အပြစ်အတွက် ပေးဆပ်ခြင်းကြောင့်ဖြစ်သည်။ (ရှု၊ figs_metaphor)

John 1:37-39

ဆယ်နာရီ

"ဆယ်နာရီ" ဤစကားလုံးသည် မမှောင်ခင် ညနေစောင်းအချိန်ကိုဖော်ညွန်းပြီး တစ်ခြားမြို့သို့ ခရီးသွားရန် နောက်ကျနေပြီ ဖြစ်သည်။ ညနေ ၄နာရီလောက် ဖြစ်နိုင်ပါသည်။

John 1:40-42

ယေဘုယျအချက်အလက်

ဤဝါကျက အန္ဒြေသည် သူ့ညီ ပေတရုကို ယေရှုခရစ်တော်ထံ မည်ကဲ့သို့ခေါ်ဆောင်လာကြောင်း ဖော်ပြထားပါသည်။ ဤအရာသည် အပိုဒ်ငယ် ၃၇၌ရှိသော ယေရှုခရစ်တော်ကို သူတို့သွားပြီး မမြင်တွေ့ခင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

ယောန၏သား

ဤသူသည် နှစ်ခြင်းဆရာယောဟန် မဟုတ်ပါ။ "ယောဟန်" ဟူသည်မှာ အသုံးများသောနာမည် ဖြစ်သည်။

John 1:43-45

ဖိလိပ္ပုကား၊ အန္ဒြေနှင့်ပေတရုမွေးဘွားရာ ဗက်ဇဲဒမြို့မှ လာသောသူဖြစ်သည်

ဤအရာသည် ဖိလိပ္ပု၏ နောက်ခံအချက်အလက် ဖြစ်ပါသည်။ (ရှု၊ writing_background)

John 1:46-48

နာသနေလက သူ့ကို ပြောသည်

နာသနေလက ဖိလိပ္ပုကို ပြောထားသည်။

နာဇရက်မြို့ထဲက ကောင်းသောအရာတစုံတခုမျှ ထွက်နိုင်သလော

ဤမှတ်ချက်သည် အသားပေးရမည့်အရာကို မေးခွန်းပုံစံဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။ တစ်နည်းအားဖြင့် "ကောင်းသောအရာ တစုံတခုမျှ နာဇရက်မြို့မှ မထွက်လာပါ" (ရှု၊ figs_rquestion|Rhetorical Question)

လှည့်စားခြင်းအပြစ်နှင့်ကင်းလွတ်သောသူ

ဤအရာက အကောင်းမြင်ဘက်မှ ဖော်ပြခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် " ပြီးပြည့်စုံသည့် သစ္စာရှိသောသူ" (ရှု၊ figs_litotes|Litotes)

John 1:49-51

အရှင်ဘုရား၊ ကိုယ်တော်သည် ဘရားသခင်၏သားတော်ဖြစ်တော်မူ၏၊ ဣသရေလလူတို့၏ ရှင်ဘုရင် လည်း ဖြစ်တော်မူ၏

နာသနေလက ယေရှုခရစ်ကို "ဘုရားသခင်၏သားတော်" ဟု ပြောရခြင်းမှာ ယေရှုခရစ်နှင့် မဆုံတွေ့ခင်ကတည်းက သူ့ကို ကြိုတင်သိနှင့်ထားခြင်းကြောင့်ဖြစ်သည်။

ဘရားသခင်၏သားတော်ဖြစ်တော်

ဤအရာသည် ယေရှုခရစ်တော်အတွက် အရေးကြီးသော ဂုဏ်ပုဒ် ဖြစ်ပါသည်။ (ရှု၊ guidelines_sonofgodprinciples)

သင့်ကိုငါမြင်သည်ဟုဆိုသောကြောင့် ယုံသလော

ဤမှတ်ချက်သည် အသားပေးရမည့်အရာကို မေးခွန်းပုံစံဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။ တစ်နည်းအားဖြင့် "သင်၏ယုံကြည်ခြင်းသည် သင်္ဘောသဖန်းပင်အောက်၌ သင့်ကိုငါမြင်သည်ဟုဆိုသောကြောင့် ဖြစ်သည်။ (ရှု၊ figs_rquestion)

ငါအမှန်အကန်ဆိုသည်ကား၊

အရေးကြီးခြင်းနှင့် မှန်ကန်ခြင်းကို မိမိဘာသာနားလည်မှုဖြင့် ဘာသာပြန်ရန်ဖြစ်သည်။

John 2

John 2:1-2

ယေဘုယျအချက်အလက်

ယေရှုခရစ်နှင့် သူ့တပည့်များမှာ မဂ်လာဆောင်ပွဲတစ်ခုသို့ ဖိတ်ကြားခြင်း ခံခဲ့ရပါသည်။ ဤစာပိုဒ်သည် ဤဝတ္ထုတည်ဆောက်ပုံ၏ နောက်ခံအချက်အလက်ကို ဖော်ပြပေးပါသည်။ (ရှု၊ writing_background)

သုံးရက်မြောက်သောနေ့၌

အနက်ပြန်သူအများစုက ဤအရာကို ယေရှုခရစ်က ဖိလိပ္ပုနှင့် နာသနေလကို သူ့နောက်လိုက်ရန်ခေါ်ပြီးနောက် သုံးရက်ဟု ဆိုကြသည်။ ပထမနေ့ကို ယောဟန် ၁း၃၅နှင့် ဒုတိယနေ့ကို ယောဟန် ၁း၄၃ တွင်တွေ့ရပါသည်။

ယေရှုနှင့်တပည့်တော်တို့ကိုလည်း မဂ်လာဆောင်ပွဲသို့ခေါ်ဖိတ်

ဤဖော်ပြချက်သည် လုပ်ဆောင်မှုဖော်ပြချက်ဖြစ်သည်။ တစ်နည်းအားဖြင့် "တစ်စုံတစ်ဦးက ယေရှုခရစ်နှင့် သူ၏တပည့်တော်များကို မဂ်လာဆောင်ပွဲသို့ ဖိတ်ကြားခဲ့ပါသည်။" (ရှု၊ figs_activepassive)

John 2:3-5

အချင်းမိန်းမ

ဤအရာက မာရိကို ရည်ညွှန်းထားပါသည်။ သားတစ်ယောက်အနေဖြင့် သူ၏မိခင်ကို "မိန်းမ" ဟုခေါ်ဆိုခြင်းသည် ယဉ်ကျေးခြင်းမရှိပါက တခြားစကားလုံးကို သုံးရန်၊ သို့မဟုတ် ထားခဲ့ရန်ဖြစ်သည်။

သင်သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း

ဤမေးခွန်းသည် လေးနက်စေမှုကို ဖော်ပြပါသည်။ တစ်နည်းအားဖြင့် "ငါနှင့်အတူ လုပ်ဆောင်ရန်မလို" သို့မဟုတ် "ငါလုပ်ရမည့်အရာကို ပြောပြရန်မလို" ဟုဆိုလိုသည်။ (ရှု၊ figs_rquestion)

ငါ့အချိန် မရောက်သေး

"အချိန်" ဟူသောစကားလုံးသည် ယေရှုခရစ်သည် မေရှိယဖြစ်ကြောင်းဖော်ပြရန် ထူးဆန်းသောနိမိတ်လက္ခဏာပြုလုပ်ရန်အချိန်မတန်သေးကြောင်းကို ကိုယ်စားပြုထားပါသည်။ တစ်နည်းအားဖြင့် "ကြီးမြတ်သောလုပ်ငန်းလုပ်ဆောင်ရန် အချိန်မရောက်သေး" (ရှု၊ figs_metonymy)

John 2:6-8

နှစ်တင်းသုံးတင်း

" ၈၀မှ ၁၂၀လီတာ"။ "တင်း" အတိုင်းအတာသည် ၄၀လီတာဝင်အရည်ကို ဆိုလိုသည်။ (ရှု၊ translate_bvolume)

လျှံ မတတ်

ဤအရာက "ထိပ်ထိအောင်" သို့မဟုတ် "လုံးဝပြည့်" ဟုဆိုလိုသည်။

ပွဲအုပ်

ဤအရာက အစားအသောက်နှင့်သက်ဆိုင်၍ တာဝန်ရှိသောသူ ကိုရည်ညွှန်းထားပါသည်။

John 2:9-10

အစေခံတို့သည် စပျစ်ရည် ကို အဘယ်မှာရသည်ကိုသိသော်လည်း

ဤအရာသည် နောက်ခံအချက်အလက်ဖြစ်ပါသည်။ (ရှု၊ writing_background)

ဝစွာသောက်ကြပြီးမှ

စပျစ်ရည်ကို ဝစွာသောက်ပြီးနောက် မကောင်းသောစပျစ်ရည်နှင့် ကောင်းသောစပျစ်ရည်၏ ကွာခြားချက်ကို ပြောပြရန် မဖြစ်နိုင်ပါ။

John 2:11

ဆက်စပ်မှုဖော်ပြချက်

ဤစာပိုဒ်သည် ဝတ္ထု၏အရေးကြီးသောအစိတ်အပိုင်းမဟုတ်ဘဲ ဝတ္ထုကို မှတ်ချက်ပေးခြင်းသာဖြစ်သည်။ (ရှု၊ writing_newevent|Introduction of a New Event)

ကာနမြို့

နေရာဒေသ၏အမည် ဖြစ်သည်။ (ရှု၊ translate_names|How to Translate Names)

မိမိဘုန်းတော် ကိုထင်ရှားစေတော်မူ၏

ဤနေရာ၌ "ဘုန်းတော်" သည် ယေရှုခရစ်၏ ကြီးမြတ်သောစွမ်းအားကို ရည်ညွှန်းပါသည်။ တစ်နည်းအားဖြင့် "သူ၏စွမ်းအားကိုပြခြင်း"

John 2:12

ကြွတော်မူ၏

ဤအရာက မြင့်သောအရပ်မှ နိမ့်သောအရပ်သို့ ခရီးပြုနေသည်ကိုဆိုလိုသည်။ ကာနမြို့သည် ကပေရနောင်မြို့၏အနောက်တောင်ဘက် ကုန်းမြင့်ပေါ်တွင် တည်ရှိသည်။

သူ၏ညီတော်များ

ဤစကားလုံး "ညီများ" တွင် ညီများနှင့် ညီမများပါဝင်သည်။ ယေရှုခရစ်၏ ညီများနှင့် ညီမများအားလုံးတို့သည် သူ့ထက်ငယ်ရွယ်သူများဖြစ်သည်။

John 2:13-14

ယေဘုယျအချက်အလက်

ယေရှုခရစ်နှင့် သူ၏တပည့်တော်များသည် ယေရုရှလင်မြို့ ဗိမာန်တော်သို့ သွားကြပါသည်။

ယေရုရှလင်မြို့သို့

ကုန်းမြင့်ပေါ်တွင်တည်ဆောက်ထားသော ယေရုရှလင်မြို့သို့သွားရန် မြေနိမ့်ပိုင်းမှ မြေမြင့်ပိုင်းသို့ ခရီးပြုနေကြပါသည်။

ထိုင်လျက်ရှိသည်ကို

ဤလူများသည် ဗိမာန်တော်ဝင်း၌ ရှိနေကြသည်ကို အပိုဒ်ဆက်က ထင်ရှားစေသည်။ ထိုဝင်းကို ဝတ်ပြုရန်သာရည်ရွယ်ပြီး အရောင်းအဝယ်အတွက်မဟုတ်ပါ။

သိုး၊ နွား၊ ချိုးငှက် ရောင်းသောသူတို့

လူတွေက ဘုရားသခင်ကို ယဇ်ပူဇော်ရန်အတွက် တိရိစာ္ဆန်များကို ဗိမာန်တော်ဝင်း၌ ဝယ်ယူနေကြပါသည်။

ပွဲစားများ

ယုဒဘာသာအာဏာပိုင်များက ယဇ်ပူဇော်ရန်အတွက် တိရိစ္ဆာန်ဝယ်ယူမည့်သူများကို သူတို့ငွေများအား ပွဲစားများ၏ အထူးငွေများမှ လဲလှယ်ရန် တောင်းဆိုထားပါသည်။

John 2:15-16

ထို့ကြောင့်

ဤမှတ်ချက်သည် အယင်ပထမဖြစ်ပျက်ခဲ့သော အကြောင်းရင်းတခုရှိကြောင်းဖော်ပြထားသည်။ ဤကိစ္စ၌ ဗိမာန်တော်ဝင်း၌ ငွေလဲသောသူများ ထိုင်နေသည်ကို ယေရှု မြင်ခဲ့ရသည်။

ငါ့အဘ၏အိမ်တော်ကို ပွဲတဲမလုပ်ကြ နှင့်

"ငါ့အဘ၏အိမ်တော်၌ ရောင်းဝယ်ခြင်းကို ရပ်တန့်ကြပါ။"

ငါ့အဘ၏အိမ်တော်

ဤစာပိုဒ်က ယေရှုခရစ်သည် ဗိမာန်တော်ကို ရည်ညွှန်းထားခြင်းဖြစ်ပါသည်။

ငါ့အဘ

ယေရှုခရစ်က ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်အဖြစ် အသုံးပြုထားသည်။ (ရှု၊ guidelines_sonofgodprinciples)

John 2:17-19

ကျမ်းစာလာသည်ကို

လုပ်ဆောင်မှုပုံစံအဖြစ် ဖော်ပြထးသည်။ တစ်နည်းအားဖြင့် " တစ်စုံတစ်ဦးက ရေးသားပြီးပြီ" (ရှု၊ figs_activepassive)

ကိုယ်တော်၏အိမ်တော်

ဤအသုံးအနှုန်းက ဘုရားသခင်၏အိမ်တော်၊ ဗိမာန်တော်ကို ရည်ညွှန်းထားပါသည်။

စွဲလမ်းပူပန်ခြင်း

ဤစကားလုံး "စွဲလမ်းပူပန်ခြင်း" သည် "မီး" ကိုပုံဆောင်ပြသည်။ ယေရှုခရစ်သည် သူ့အထဲ၌ မီးလောင်သကဲ့သို့ ဗိမာန်တော်ကို ချစ်တော်မူသည်။ (ရှု၊ figs_metaphor)

နိမိတ်လက္ခဏာ

အဖြစ်အပျက်တစ်ခု မှန်ကန်ကြောင်းသက်သေပြခြင်းကို ရည်ညွှန်းပါသည်။

ဤသို့ပြုလျှင်

ဗိမာန်တော်ရှိ ပွဲစားများကို တွန်းလှန်သော ယေရှုခရစ်၏လုပ်ဆောင်ချက်ကို ရည်ညွှန်းပါသည်။

ဤဗိမာန်တော်ကို ဖြိုဖျက်ကြလော့။ သုံးရက်အတွင်းတွင် ငါတည်ဆောက်မည်

ယေရှုခရစ်က သူ့ခန္ဓာကိုယ်ကို ဗိမာန်တော်နှင့် နှိုင်းယှဉ်ပြီး သေပြီးနောက် သုံးရက်ပြီးမှ ပြန်ရှင်မည့်အကြောင်း ရည်ညွှန်းထားခြင်းဖြစ်သည်။ ယေရှုခရစ်က သူ့တပည့်တော်များကို တကယ့်ဗိမာန်တော်ကိုဖျိုဖျက်ပြီး ပြန်ဆောက်ရန် မစေခိုင်းခဲ့ပါ။ (ရှု၊ figs_metaphor)

တည်ဆောက်မည်

"ပြန်တည်ဆောက်" သို့မဟုတ် "နဂိုအတိုင်းပြန်ဖြစ်စေခြင်း" ကိုဆိုလိုသည်။

John 2:20-22

ယေဘုယျအချက်အလက်

အပိုဒ်ငယ် ၂၁နှင့် ၂၂သည် ဤဝတ္ထု၏အဓိကအစိတ်အပိုင်းမဟုတ်ဘဲ နောက်ပိုင်းဖြစ်ပျက်မှုထဲမှ ဤဝတ္ထုအပေါ် အမြင်ကို ပြောပြခဲ့ခြင်းဖြစ်သည်။ (ရှု၊ writing_endofstory)

အနှစ်လေးဆယ်ခြောက်နှစ်ပတ်လုံး.....သုံးရက်

" ၄၆ နှစ်ပတ်လုံး"၊ "၃ ရက်တည်း" (ရှု၊ translate_numbers)

သင်မူ ကား၊ သုံးရက်တည်းနှင့် တည်ဆောက်မည်လော

ဤမှတ်ချက်သည် ယေရှုခရစ်က ဗိမာန်တော်ကို ဖြိုဖျက်ပြီး နောက်သုံးရက်အတွင်းပြန်လည်တည်ဆောက်မည့်အကြောင်းကို ယုဒဘာသာ အာဏာပိုင်များက ပြန်လည်မေးခွန်းထုတ်ခြင်းဖြစ်ပါသည်။ (ရှု၊ figs_rquestion)

ယုံကြည်

ဤနေရာ၌ "ယုံ" ဟူသည် တစ်ခုခုကိုလက်ခံခြင်း သို့မဟုတ် မှန်ကန်ကြောင်းယုံကြည်ကိုးစားခြင်းဖြစ်သည်။

ထိုစကားတော်

ကျမ်းချက် ၂း၁၇ပါ ယေရှုခရစ်၏ ဖော်ပြချက်ကို ပြန်လည်ကိုးကားခြင်းဖြစ်သည်။

John 2:23-25

ယေရှုသည် ယေရုရှလင်မြို့၌ရှိ၍

စကားလုံး "ယခု" သည် ဤဝတ္ထုရှိ တခြားအဖြစ်အပျက်ကို စတင်မိတ်ဆက်ပေးသည်။

ကိုယ်တော်ကို ယုံကြည်ခြင်းသို့ ရောက်ကြ၏

ဤနေရာ၌ "ကိုယ်တော်" သည် ယေရှုခရစ်တော်ကိုယ်တိုင်ကို ရည်ညွှန်းထားပါသည်။ တစ်နည်းအားဖြင့် "ကိုယ်တော့်ကိုယုံကြည်ခြင်း" သို့မဟုတ် "ကိုယ်တော့်ကို ကိုးစားခြင်း" (UDB) (ရှု၊ figs_metonymy)

ပြတော်မူသော နိမိတ်လက္ခဏာများ

အံ့သ​ြဘွယ်လုပ်ရပ်များကို "နိမိတ်လက္ခဏာများ" ဟု ခေါ်ပြီး ဘုရားသခင်သည် ဤစကြာဝဠာတစ်ခုလုံးအပေါ် အဆုံးစွန်အာဏာရှိကြောင်း သက်သေအချက်အလက်ပင် ဖြစ်သည်။

John 3

John 3:1-2

ယေဘုယျအချက်အလက်

နိကောဒင်သည် ယေရှုနှင့် တွေ့ဆုံရန် လာခဲ့သည်။

ယခု

ဤဝတ္ထု၏ နောက်ထပ်အစိတ်အပိုင်းဖြစ်ပြီး နိကောဒင်နှင့် မိတ်ဆက်ပေးပါသည်။ (ရှု၊ writing_participants)

သိကြပါ၏

ဤ "ကြပါ၏" ဟူသည် နိကောဒင်နှင့် အခြားသော ယုဒဘာသာကောင်စီဝင်များကို ရည်ညွှန်းထားပါသည်။

John 3:3-4

ဆက်စပ်မှုဖော်ပြချက်

ယေရှုနှင့်နိကောဒင် ဆက်လက်စကားပြောဆိုသည်။

ငါ အမှန်အကန်ဆိုသည်

အရေးကြီးခြင်းနှင့် မှန်ကန်ခြင်းကို မိမိဘာသာနားလည်မှုဖြင့် ဘာသာပြန်ရန်ဖြစ်သည်။

ဒုတိယမွေးခြင်း

"အထက်အရပ်မှမွေးဖွားခြင်း" သို့မဟုတ် " ဘုရားသခင်၏မွေးဖွားစေခြင်း"

ဘုရားသခင်၏နိုင်ငံတော်

"နိုင်ငံတော်" ဟူသောစကားလုံးသည် ဘုရားသခင်၏အုပ် စိုးခြင်းကို ပုံဆောင်သည်။ တစ်နည်းအားဖြင့် "ဘုရားသ ခင်၏အုပ်စိုးခြင်းနေရာ" (ရှု၊ figs_metaphor)

အသက်ကြီးသောသူသည် မွေးခြင်းကိုအဘယ်သို့ခံနိုင်ပါမည်နည်း

နိကောဒင်က မဖြစ်နိုင်သောအရာကို အသားပေး မေးခွန်း ထုတ်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် " လူတစ်ယောက်သည် အသက်ကြီးပြီးနောက်ပိုင်း အမှန်တကယ်ပြန်လည် မမွေးဖွားနိုင်ပါ။" (ရှု၊ figs_rquestion)

အမိဝမ်း ထဲသို့ တဖန်ဝင်၍မွေးခြင်းကို ခံနိုင်ပါမည်လော

နိကောဒင်၏ အသားပေးသောမေးခွန်းမှာ သူ့ယုံကြည်မှု၌ ဒုတိယမွေးဖွားခြင်းမှာ မဖြစ်နိုင်ကြောင်း ဖော်ပြထားပါ သည်။ "အမှန်အားဖြင့် သူသည် မိခင်၏ဝမ်းထဲသို့ ဒုတိယအကြိမ် ပြန်မဝင်နိုင်ပါ" (ရှု၊ figs_rquestion)

ဒုတိယအကြိမ်

"တဖန်" သို့မဟုတ် "နှစ်ကြိမ်"

အမိဝမ်း

အမျိုးသမီးခန္ဓာကိုယ်၏ ကလေးကြီးထွားရာနေရာအစိတ် အပိုင်း

John 3:5-6

အမှန်အကန်

အရေးကြီးခြင်းနှင့် မှန်ကန်ခြင်းကို မိမိဘာသာနားလည်မှုဖြင့် ဘာသာပြန်ရန်ဖြစ်သည်။

ရေနှင့်ဝိညာဉ်တော် မွေးဖွားခြင်း

အဓိပ္ပါယ်နှစ်မျိုး ရှိနိုင်သည်။ ၁) ရေနှင့်ဝိညာဉ်တော်၌နှစ် ခြင်း၊ ၂) "ဇာတိပကတိမွေးဖွားခြင်းနှင့်ဝိညာဉ်ပကတိမွေး ဖွားခြင်း" (ရှု၊ figs_metaphor)

ဘုရားသခင်၏နိုင်ငံတော်

"နိုင်ငံတော်" ဟူသောစကားလုံးသည် တစ်စုံတစ်ဦးသော သူ၏အသက်တာထဲ၌ ဘုရားသခင်၏ အုပ်စိုးခြင်းကို ပုံ ဆောင်သည်။ တစ်နည်းအားဖြင့် "သူ့ဘဝအသက်တာထဲ တွင် ဘုရားသခင်၏အုပ်စိုးမှုကို လက်တွေ့မလုပ်ဆောင် နိုင်ပါ။ (ရှု၊ figs_metaphor)

John 3:7-8

ဆက်စပ်မှုဖော်ပြချက်

ယေရှုက နိကောဒင်ကို ဆက်လက်ပြောဆိုသည်။

ဒုတိယမွေးခြင်းကို ခံရမည်

"အထက်ရပ်မှ ပြန်လည်မွေးဖွားရမည်"

လေသည် အလိုရှိတိုင်းသွားလာ၏

ဖော်ပြချက်အရ လေနှင့် ဝိညာဉ်တော် သည် စကားလုံးတူ ဖြစ်သည်။ လေသည် လူ၏အထဲ၌ အလုပ်လုပ်နိုင်သည်ကို ရည်ညွှန်းထားသည်။ တစ်နည်းအားဖြင့် " သန့်ရှင်းသောဝိညာဉ်တော်သည် မိမိလိုရာသို့တိုက်သော လေနှင့်တူသည်။" (ရှု၊ figs_personification)

John 3:9-11

ဤအမူအရာသည် အဘယ်သို့ဖြစ်နိုင်ပါမည်နည်း

ဤမေးခွန်းအားဖြင့် ဤဖော်ပြချက်ကို လေးနက်စေသည်။ တစ်နည်းအားဖြင့် " ဤအရာသည် မဖြစ်နိုင်ပါ" သို့မဟုတ် " ဤအရာသည် မဖြစ်ပျက်နိုင်ပါ" (ရှု၊ figs_rquestion)

သင်သည် ဣသရေလလူတို့တွင် ဓမ္မဆရာဖြစ်လျက်ပင် ဤအမူအရာကို မသိ သလော

ဤမေးခွန်းအားဖြင့် ဤဖော်ပြချက်ကို လေးနက်စေသည်။ တစ်နည်းအားဖြင့် "သင်သည် ဣသရေလလူတို့တွင် ဓမ္မဆရာဖြစ်လျက်ပင် ဤအမူအရာကို မသိခြင်းကို ငါ အံ့ သ​ြ သည်။" (ရှု၊ figs_rquestion)

အမှန်အကန်

အရေးကြီးခြင်းနှင့် မှန်ကန်ခြင်းကို မိမိဘာသာနားလည်မှုဖြင့် ဘာသာပြန်ရန်ဖြစ်သည်။

ငါတို့သည် ကိုယ်သိသောအရာကိုပြော၏၊

ယေရှုက " ငါတို့ " ဟုပြောသောအခါ နိကောဒင်မပါဝင်ပါ။ (ရှု၊ figs_exclusive)

John 3:12-13

ဆက်စပ်မှုဖော်ပြချက်

ယေရှုက နိကောဒင်ကို ဆက်လက်မိန့်ကြားသည်။

ကောင်းကင်အရာကို ငါပြောသောအခါ အဘယ် သို့ ယုံကြလိမ့်မည်နည်း

ဤမေးခွန်းက နိကောဒင်၏ မယုံကြည်မှုကို အသားပေးထားသည်။ တစ်နည်းအားဖြင့် " ကောင်းကင်အရာကိုပြောပြပါက သင်အမှန်တကယ် ယုံကြည်မည်မဟုတ်ပါ။" (ရှု၊ figs_rquestion)

ငါပြောသောအခါ အဘယ်သို့ ယုံကြလိမ့်မည်နည်း

နှစ်ခုလုံး၌ "သင်" သည် တစ်ဦးတည်းကို ရည်ညွှန်းပါသည်။ (ရှု၊ figs_you)

ကောင်းကင်အရာ

ဝိညာဉ်အရာ

ကောင်းကင်ဘုံ

ဘုရားသခင်နေထိုင်သောနေရာကို ဆိုလိုသည်။

John 3:14-15

မောရှေသည်တော၌ မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထားခြင်းကို ခံရမည်

ဤပြောဆိုချက်သည် တူညီသောလက္ခဏာနှစ်ခုကို နှိုင်းယှဉ်ထားသည်။ မောရှေသည် တော၌ ကြေးမြွေရုပ်ကို "မြောက်ထား" သကဲ့သို့ ယေရှုသည် လူတစ်ချို့၏ "မြောက်ထားခြင်း" ကိုခံရမည်။ (ရှု၊ figs_simile)

တော၌

ဤတောဟူသည် ခြောက်သွေ့သော သဲကန္တရဖြစ်ပြီး မောရှေနှင့်ဣသရေလလူမျိုးတို့ အနှစ်လေးဆယ်လုံး ဖြတ်သန်းလာခဲ့သော နေရာကို တိတိကျကျ ရည်ညွှန်းထားခြင်းဖြစ်သည်။

John 3:16-18

ဘုရားသခင်သည် လောကီသားကို ချစ်တော်မူ၏

ဤနေရာ၌ "လောကီ" ဟူသောစကားလုံးသည် လောက လူသားအားလုံးကို ရည်ညွှန်းထားပါသည်။ (ရှု၊ figs_metonymy)

ချစ်တော်မူ၏

ဤချစ်ခြင်းမေတ္တာမျိုးသည် ဘုရားသခင်ဆီမှလာပြီး အ ခြားသောသူများကောင်းစားရေးကို ဦးစားပေးကာ တစ် ဦးတစ်ယောက်တည်းအတွက် မဟုတ်ပါ။ ဘုရားသခင်ကိုယ်တိုင် ချစ်ခြင်းမေတ္တာဖြစ်ပြီး စစ်မှန်သောမေတ္တာ၏ အရင်းအမြစ်ဖြစ်သည်။

လောကီသားတို့အားအပြစ်စီရင်ခြင်းငှါ၊ ဘုရားသခင်သည်သားတော်ကို ဤလောကသို့ စေလွှတ်တော် မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ် တော်မူ၏

ဤဝါကျနှစ်ခုမှာ တူညီသောနီးစပ်မှုရှိပြီး လေးနက်မှုရှိရန် နှစ်ကြိမ်ပြောကာ ပထမအဆိုးဘက်မှဖြစ်ပြီး ဒုတိယ၌ အကောင်းဘက်မှ ပြောထားပါသည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် သူ၏သားတော်ကို ဤလောကသို့စေ လွှတ်ရခြင်းအကြောင်းရင်းမှာ ကယ်တင်ဖို့ရန်အတွက် ဖြစ်ပါသည်။ (ရှု၊ figs_parallelism and figs_doublenegatives)

အပြစ်စီရင်ခြင်း

အပြစ်ပေးသည်

အပြစ်စီရင်ခြင်းကို မခံရ

"အပြစ်မဲ့အဖြစ်ဆုံးဖြတ်" (ရှု၊ figs_doublenegatives)

ဘုရားသခင်၏သားတော်

ယေရှုခရစ်၏ အရေးကြီးသော ဂုဏ်ပိုဒ်ဖြစ်သည်။ (ရှု၊ guidelines_sonofgodprinciples)

John 3:19-21

ဆက်စပ်မှုဖော်ပြချက်

ယေရှုက နိကောဒင်ထံ စကားပြောခြင်းကို အဆုံးသတ် လိုက်သည်။

အလင်းသည် ဤလောကသို့ဝင်၍

"အလင်း" ဟူသောစကားလုံးသည် ယေရှုခရစ်အားဖြင့် ဖွင့်ပြသော ဘုရားသခင်၏အမှန်တရားကို ပုံဖော်ခြင်းဖြစ် သည်။ "လောက" ဟူသည်မှာ ဤလောကရှိလူသားအား လုံးကိုဆိုလိုခြင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့် 'အလင်း ကဲ့သို့သောလူတစ်ယောက်မှာ ဘုရားသခင်၏ အမှန်တရား ဖွင့်ပြခြင်းခံရသူပင်ဖြစ်ပါသည်။ (ရှု၊ figs_metaphor|Metaphor and figs_metonymy|Metonymy)

မှောင်မိုက်ကိုသာ၍နှစ်သက်ကြ၏

ဤနေရာ၌ "မှောင်မိုက်" ဟူသည် ယေရှုခရစ်အားဖြင့် ဘု ရားသခင်၏ "အလင်း" ကို မရရှိသေးသောသူများကို ပုံ ဆောင်ထားပါသည်။ (ရှု၊ figs_metaphor|Metaphor)

မိမိအကျင့်တို့သည် ထင်ရှားစေခြင်းငှါ

လုပ်ဆောင်မှုအဖြစ်ဖော်ပြထားသည်။ တစ်နည်းအားဖြင့် "လူတွေက သူ့အကျင့်ကို ထင်ရှားစွာမြင်ရမည်။" သို့မဟုတ် " သူ၏လုပ်ဆောင်ချက်ကို လူတိုင်းက သေချာ စွာမြင်တွေ့ရမည်။" (ရှု၊ figs_activepassive|Active or Passive)

မိမိတို့ အကျင့်၌ အပြစ်ပါမည်ကိုမထင်ရှားစေခြင်းငှါ

လုပ်ဆောင်မှုပုံစံအဖြစ် ဖော်ပြထားသည်။ တစ်နည်းအား ဖြင့် " မိမိလုပ်သောအရာကို အလင်း၌မထင်ရှားစေခြင်းငှါ" သို့မဟုတ် " မိမိအကျင့်ကို အလင်းကမထင်ရှားစေ" (ရှု၊ figs_activepassive|Active or )Passive)

John 3:22-24

ထိုနောက်မှ

ယေရှုက နိကောဒင်နှင့် စကားပြောပြီးနောက်ပိုင်းကို ရည်ညွှန်းပါသည်။

အဲနုန်အရပ်

" စမ်းရေများ" ဟုဆိုလိုသည်။ (ရှု၊ translate_names)

ရှာလိမ်မြို့

ယောဒန်မြစ်အနီးရှိ ရွာ သို့မဟုတ် မြို့ (ရှု၊ translate_names)

ရေများသောကြောင့်

"အဘယ်ကြောင့်ဆိုသော် ထိုနေရာ၌ စမ်းရေများသော ကြောင့်ဖြစ်သည်။"

ဗတ္တိဇံကို ခံကြ၏

လုပ်ဆောင်မှုပုံစံအဖြစ် ဘာသာပြန်နိုင်သည်။ တစ်နည်းအားဖြင့် "ယောဟန်က သူတို့ကို ရေနှစ်ခြင်းပေး သည်။" သို့မဟုတ် " သူက သူတို့ကို ရေနှစ်ခြင်းပေးသည်။" (ရှု၊ figs_activepassive)

John 3:25-26

ထိုအခါယောဟန်၏တပည့်တို့သည် စင်ကြယ်ခြင်းကို အကြောင်းပြု၍ ယုဒလူနှင့်ဆွေးနွေးငြင်းခုံခြင်း ရှိကြသ ဖြင့်

စင်ကြယ်ခြင်းနှင့်ပတ်သက်ပြီး လုပ်ဆောင်မှုအဖြစ် ဖော်ပြ နိုင်သည်။ တစ်နည်းအားဖြင့် "ထိုအခါ ယောဟန်၏ တပည့်များနှင့် ယုဒလူအကြား ငြင်းခုံခြင်းစတင်လာသည်။" (ရှု၊ figs_activepassive)

ဆွေးနွေးငြင်းခုံခြင်း

စကားလုံးသုံး၍ တိုက်ခိုက်ခြင်း

ဗတ္တိဇံကိုပေးလျက်နေ၏

ဤစကားစု၌ "ကြည့်ပါ" ဟူသည် "ဂရုစိုက်ပေးပါ" ဟု အဓိပ္ပါယ်ရသည်။ တစ်နည်းအားဖြင့် " ကြည့်ပါ၊ သူ ရေနှစ်ခြင်းပေးနေသည်" သို့မဟုတ် " ထိုဟာကိုကြည့်ပါ၊ သူ ရေ နှစ်ခြင်းပေးနေသည်။" (ရှု၊ figs_explicit)

John 3:27-28

လူသည် အဘယ်အရာကိုမျှမခံနိုင်ရာ

"ဘယ်သူမှ တန်ခိုးမရှိ"

ကောင်းကင်ဘုံမှ ပေးတော်မမူလျှင်

ဤနေရာ၌ "ကောင်းကင်ဘုံ" ကို ဘုရားသခင်အဖြစ် ရည် ညွှန်းပုံဆောင်ထားသည်။ လုပ်ဆောင်မှုအဖြစ် ဖော်ပြနိုင်သည်။ တစ်နည်းအားဖြင့် " ဘုရားသခင်က သူ့ထံသို့ ပေးခဲ့ပြီ" (ရှု၊ figs_metonymy and figs_activepassive)

သင်တို့သည်

ဤ "သင်တို့" သည် ယောဟန်ပြောသည့် လူအများကို ရည်ညွှန်းထားပါသည်။ တစ်နည်းအားဖြင့် "သင်တို့အားလုံး" သို့မဟုတ် " အကုန်လုံးသောသင်တို့" (ရှု၊ figs_you) (See: figs_rpronouns)

ခရစ်တော်ရှေ့၌စေလွှတ်သောသူ

လုပ်ဆောင်မှုအဖြစ်ဖော်ပြနိုင်သည်။ တစ်နည်းအားဖြင့် " ခရစ်တော်မရောက်လာမှီ ဘုရားသခင်က ငါ့ကိုစေလွှတ် ထားသည်။ (ရှု၊ figs_activepassive)

John 3:29-30

ဆက်စပ်မှုဖော်ပြချက်

နှစ်ခြင်းဆရာယောဟန်က ဆက်လက်ပြောဆိုသည်။

မင်္ဂလာဆောင်သတို့သမီးကိုရသောသူသည် မင်္ဂလာဆောင်လုလင်ဖြစ်၏

ဤနေရာ၌ "သတို့သမီး" နှင့် "သတို့သား" သည် ပုံ ဆောင်ချက်များဖြစ်သည်။ ယေရှုခရစ်တော်သည် " သတို့သား" ကဲ့သို့ဖြစ်ပြီး ယောဟန်မှာ "သတို့သား" အရံ ဖြစ်သည်။ (ရှု၊ figs_metaphor)

ထိုနည်းတူ ငါ၏ဝမ်းမြောက်ခြင်း ပြည့်စုံ၏

လုပ်ဆောင်မှုအဖြစ်ဖော်ပြနိုင်သည်။ တစ်နည်းအားဖြင့် "ထို့ကြောင့်ငါကြီးစွာဝမ်းမြောက်၏" သို့မဟုတ် " ထို့ ကြောင့်ငါအလွန်ဝမ်းမြောက်သည်" (ရှု၊ figs_activepassive)

ငါ၏ဝမ်းမြောက်ခြင်း

စကားလုံး "ငါ" သည် စကားပြောသော နှစ်ခြင်းဆရာ ယောဟန်ကို ကိုယ်စားပြုသည်။

ထိုသခင်သည် တိုးပွားခြင်းရှိရမည်

"ထိုသခင်" သည် ဆက်လက်တိုးပွားရမည့် သတို့သား ယေရှုခရစ်ကို ရည်ညွှန်းထားပါသည်။

John 3:31-33

အထက်မှလာသောသူသည် အလုံးစုံတို့၏ အထွဋ်

"ကောင်းကင်မှလာသောသူသည် အားလုံးထက် အရေး ကြီးသည်။"

မြေကြီးမှဖြစ်သောသူသည် မြေကြီးနှင့် စပ်ဆိုင်၍ မြေကြီးအရာကိုပြောတတ်၏

ယောဟန်က ယေရှုသည်ကောင်းကင်မှလာသောသူ ဖြစ်၍ မြေကြီးမှာ မွေးသော သူ့ထက်ကြီးမြတ်ကြောင်းကို ဆိုလို သည်။ တစ်နည်းအားဖြင့် " ဤလောကတွင်မွေးသော သူ သည် လောကအကြောင်းများနှင့် လောကတွင်ဖြစ်ပျက်ခဲ့ သောအရာများကိုသာ ပြောကြားသည်။ (ရှု၊ figs_metonymy)

အထက်မှလာသောသူသည် အလုံးစုံတို့၏ အထွဋ်ဖြစ်၏။

ပထမစာကြောင်းကို ပြန်ပြောခြင်းမှာ ယောဟန်က လေး နက်စေလိုခြင်းဖြစ်သည်။

မြင်သမျှကြားသမျှတို့ကိုလည်း သက်သေခံတော်မူ၏

ယောဟန်က ယေရှုခရစ်အကြောင်းပြောနေခြင်းဖြစ် သည်။ တစ်နည်းအားဖြင့် " ကောင်းကင်မှလာသောသူ သည် ကောင်းကင်ရှိ ကြားရမြင်ရသောအရာများကို ပြော ကြားသည်။

ထိုသက်သေခံချက်ကို အဘယ်သူမျှမခံမယူ၊

ဤနေရာ၌ ယောဟန်က လူနည်းစုကသာ ယေရှုခရစ်ကို ယုံကြည်ကြောင်း အသားပေးချဲ့ကားပြောဆိုသည်။ တစ် နည်းအားဖြင့် " အနည်းငယ်သောလူကသာ သူ့ကို ယုံကြည်သည်။ (ရှု၊ figs_hyperbole)

သက်သေခံတော်မူချက်ကို ခံယူသောသူ

" ယေရှုခရစ်ပြောကြားချက်ကို ယုံကြည်သောသူ အ ယောက်တိုင်း"

တံဆိပ်ခတ်၏

" သက်သေပြု" သို့မဟုတ် " သဘောတူ"

John 3:34-36

ဆက်စပ်မှုဖော်ပြချက်

နှစ်ခြင်းဆရာယောဟန်က စကားပြောခြင်းအဆုံးသတ် လိုက်သည်။

ဘုရားသခင်စေလွှတ်တော်မူသောသူ

" ဘုရားသခင်က သူ့ကိုယ်စား စေလွှတ်သောသူ ယေရှုခ ရစ်တော်"

ဝိညာဉ်တော်ကို အတိုင်းအရှည် မရှိဘဲ ပေးတော်မူ၏

"ထိုသူတစ်ယောက်သည် ဘုရားသခင်က သူ၏ဝိညာဉ်တန်ခိုးအားလုံးကို ပေးထားသောသူ"

ခမည်းတော်.....သားတော်

ဘုရားသခင်နှင့်ယေရှုခရစ်တော်အကြား ဆက်သွယ်ခြင်း ကို အရေးကြီးသော ဂုဏ်ပုဒ်အဖြစ် ဖော်ပြသည်။ (ရှု၊ guidelines_sonofgodprinciples)

သားတော်လက်သို့ အပ်ပေး တော်မူပြီ

သူ့အပေါ် စွမ်းအားနှင့် တန်ခိုး အပ်ထားခဲ့ပေးပြီ။ (ရှု၊ figs_idiom)

သားတော်ကို ယုံကြည်သောသူ

"တစ်စုံတစ်ဦး ယုံကြည်သောသူ" သို့မဟုတ် " ယုံကြည် သူတိုင်း"

ထိုသူ၏အပေါ်၌ ဘုရားသခင်၏ အမျက်တော်တည်နေသည်

" အမျက်တော်" ကို "အပြစ်ပေးသည်" ဟု ဘာသာပြန်ဆို နိုင်သည်။ တစ်နည်းအားဖြင့် "ဘုရားသခင်က သူ့အပေါ် ဆက်လက်အပြစ်ပေးသွားမည်" (ရှု၊ figs_abstractnouns)

John 4

John 4:1-3

ယေဘုယျအချက်အလက်

ဤဝတ္ထု၏အပိုင်းဆက်ဖြစ်ပြီး ယေရှုခရစ်နှင့် ရှမာရိအမျိုးသမီးအကြောင်း ဖြစ်သည်။ ဤအပိုင်းက ဝတ္ထု၏ နောက်ခံအကြောင်းကို ဖော်ပြထားသည်။ (ရှု၊ writing_background)

ယေရှုသည် ယောဟန်ထက်သာ၍များသော သူတို့ကို တပည့်တော်ဖြစ်စေ၍၊ ဗတ္တိဇံကိုပေးကြောင်းကို ဖာရိရှဲတို့သည် ကြားပြီဟု သခင်ဘုရားသိတော်မူသောအခါ၊ 3ယုဒပြည်မှ ထွက်သွား၍ ဂါလိလဲပြည်သို့ တဖန် ကြွတော်မူစဉ်

ဖာရိရှဲတို့က ယေရှုခရစ်လုပ်ဆောင်အောင်မြင်ခဲ့သော အ ကြောင်းအရာတို့ကို ကြားသိခဲ့သည်။ ထိုအကြောင်းကို ယေရှုကြားသောအခါ ဂါလိလဲပြည်သို့ ကြွတော်မူ၏။"

သခင်ဘုရားသိတော်မူသောအခါ၊

စကားလုံး "ယခု" သည် အဓိကအဖြစ်အပျက်၏ ကြားခံ ဖြစ်သည်။ ယောဟန်က အစိတ်အပိုင်းသစ်ကို စတင်ပြော ပြပါသည်။

ယေရှုကိုယ်တိုင် နှစ်ခြင်းခံတော်မမူ

ယေရှကိုယ်တော်တိုင် နှစ်ခြင်းခံတော်မမူ၊ သူ၏တပည့် တော်များသာ နှစ်ခြင်းခံကြသည်။ (ရှု၊ figs_rpronouns)

John 4:4-5

ရှမာရိပြည်၊ ရှမာရိပြည်သား

ရှမာရိ ဟူသည် အစ္စရေးနိုင်ငံမြောက်ပိုင်းရှိ မြို့နာမည် ဖြစ် သည်။ အနောက်ပိုင်း ရှလွန်လွင်ပြင်နှင့် အရှေ့ပိုင်း ဂျော် ဒန်မြစ်အကြားတွင်တည်ရှိသည်။ * ဓမ္မဟောင်းကျမ်းတွင် ရှမာရိမြို့သည် မြောက်ပိုင်း အစ္စရေးနိုင်ငံ၏မြို့တော် ဖြစ်သည်။ နောက်ပိုင်းတွင် ထို ဝန်းကျင်ဒေသကို ရှမာရိပြည်ဟု ခေါ်တွင်သည်။ * အာရှုရိတို့က အစ္စရေးမြောက်ပိုင်းကို အောင်မြင်သောအ ခါ ရှမာရိမြို့တော်ကို သိမ်းပိုက်ပြီး မြောက်ပိုင်းအစ္စရေး တို့က မိမိဒေသကို စွန့်ခွာရန်နှင့် အာရှုရိမြို့များသို့ ရွေ့ ပြောင်းရန် အတင်းစေခိုင်းလိုက်သည်။ * အာရှုရိတို့က အစ္စရေးတို့ကို အစားထိုးရန် နိုင်ငံခြားသား များစွာကို ခေါ်ဆောင်ခဲ့သည်။ * လက်ကျန်အစ္စရေးတချို့နှင့် ထိုဒေသရှိနိုင်ငံခြားသား များ အိမ်ထောင်ပြုရာမှ သူတို့၏သားစဉ်မြေးဆက်များကို ရှမာရိပြည်သားများဟု ခေါ်တွင်ခဲ့သည်။ * ယုဒလူမျိုးတို့က ရှမာရိပြည်သားတို့ကို အထင်သေးခြင်း မှာ သူတို့သည် ယုဒအနွယ်၏တစိတ်တပိုင်းသာဖြစ်ပြီး သူ တို့၏ဘိုးဘေးများက နတ်ကိုးကွယ်သောကြောင့်လည်း ဖြစ်သည်။ * ဓမ္မသစ်ကာလတွင် ရှမာရိပြည်သည် ယုဒတောင်ပိုင်းနှင့် မြောက်ပိုင်း ဂါလိလဲဒေသနှင့် နယ်နိမိတ်ချင်း ထိစပ်သည်။ (ထပ်ရှု၊ Assyria, Assyrian, Assyrian Empire Galilee, Galilean Judea Sharon, Plain of Sharon kingdom of Israel

ယာကုပ်၊ အစ္စရေး

ယာကုပ်သည် ဣဇက်နှင့် ရေဗက္ကတို့၏ အမွှာသားအနက် အငယ်ဖြစ်ပါသည်။ * ယာကုပ်အမည်ဆိုလိုရင်းမှာ "ခြေဖနောင့်ကို လုယူသူ" ၊ အဓိပ္ပါယ်မှာ "လှည့်ဖျားသောသူ" ဖြစ်သည်။ ယာကုပ်မွေးဖွားသောအချိန်၌ သူ့အမွှာအစ်ကို ဧသောခြေဖနောင့်ကို ကိုင်ပြီးမွေးဖွားသည်။ * နှစ်များစွာကြာသော် ဘုရားသခင်က သူ့နာမည်ကို "အစ္စရေး" ဟု ပြောင်းပေးခဲ့သည်။ အဓိပ္ပါယ်မှာ "ဘုရားသ ခင်နှင့် နပမ်းလုံးသည်" ဟူ၍ဖြစ်သည်။ * ယာကုပ်သည် လှည့်ဖျားတတ်ပြီး တော်သောသူဖြစ် သည်။ သူ့အစ်ကို ဧသော၏ သားဦးအမွေိကို ရယူနိုင်မည့် နည်းလမ်းတွေ့ရှိနိုင်သည်။ * ဧသောစိတ်ဆိုးပြီး သူ့ကိုသတ်ရန်စီစဉ်သောအခါ နေရင်းပြည်ကို ယာကုပ်စွန့်ခွာခဲ့သည်။ နောက်ပိုင်းတွင် ယာ ကုပ်သည် သူ၏ဇနီးသားသမီးများနှင့် ဧသောနေထိုင် သောခါနန်ပြည်သို့ ပြန်လာကာ မိသားစုအချင်းချင်းကြား ငြိမ်းချမ်းစွာ နေထိုင်ကြပါသည်။ * ယာကုပ်၌ သား ဆယ့်နှစ်ယောက်ရှိသည်။ သူ၏သားစဉ် မြေးဆက်များသည် အစ္စရေးမျိုးနွယ်စု ဆယ့်နှစ်စု ဖြစ် လာသည်။ * ယာကုပ်နာမည်ကွဲတစ်ခုကို မဿဲ၏ဆွေစဉ်မျိုးဆက် စာရင်းရှိ ယောသပ်၏ဖခင်နာမည်ဖြင့် တွေ့ရသည်။ (ထပ်ရှုရန်၊ Canaan, Canaanite deceive, deceit, deception, deceptive Esau Isaac Israel, Israelites, nation of Israel Rebekah twelve tribes of Israel

ယောသပ် (ဓမ္မဟောင်း)

ယောသပ်သည် ယာကုပ်နှင့်လေအ၏ ပထမသား၊ ယာ ကုပ်၏ ဆယ့်တစ်ခုမြောက်သားဖြစ်သည်။ * ယောသပ်သည် သူ့ဖခင်၏ ကြိုက်နှစ်သက်သောသား ဖြစ်သည်။ * သူ့ညီအစ်ကိုများက မနာလိုဖြစ်ပြီး ကျွန်အဖြစ် သူ့ကို ရောင်းခဲ့သည်။ * အဲဂုတ္တုပြည်တွင်နေစဉ်အတွင်း မှားယွင်းစွာ စွပ်စွဲမှု ကြောင့် အကျဉ်းချခံခဲ့ရသည်။ * ခက်ခဲမှုများရင်ဆိုင်ရသော်လည်း ဘုရားသခင်ထံ သစ္စာရှိခဲ့သည်။ ဘုရားသခင်က သူ့ကို အဲဂုတ္တုပြည်၏ ဒုတိယအမြင့်ဆုံးတန်ခိုးရှင်နေရာ၌ ထားခဲ့ပြီး အစာခေါင်း ပါးသောကာလတွင် လူများကို ကယ်တင်နိုင်ခဲ့သည်။ အဲဂုတ္တုလူများနှင့် သူ့မိသားစုများလည်းဘဲ ငတ်မွတ်ခြင်းမှ ကယ်တင်နိုင်ခဲ့သည်။ (ထပ်ရှုရန်၊ Egypt, Egyptian Jacob, Israel

John 4:6-8

ငါသောက်ဘို့ရေပေးပါ

ဤအရာသည် ယဉ်ကျေးသော တောင်းဆိုချက်ဖြစ်ပြီး အမိန့်ပေးခြင်း မဟုတ်ပါ။

တပည့်တော်တို့သည် မြို့ထဲသို့သွားကြသည် အခိုက်

သူ၏တပည့်တော်များ မြို့ထဲသို့သွားကြသဖြင့် ရေဆွဲရန် မစေခိုင်းနိုင်ပါ။

John 4:9-10

ရှမာရိမိန်းမက သူ့ကိုပြောသည်

စကားလုံး "သူ့ကို" သည် ယေရှ ကိုရည်ညွှန်းပါသည်။

သင်သည်ယုဒလူဖြစ်လျက်ပင်၊ ရှမာရိမိန်းမဖြစ်သောအကျွန်ုပ်ကိုအဘယ်ကြောင့် သောက်ဘို့တောင်းသနည်း

ဤမှတ်ချက်သည် ယေရှုက သူသောက်ဘို့ရေပေးရန် တောင်းဆိုသော ရှာမာရိမိန်းမ၏ ထူးဆန်းမှုကို ဖော်ပြ ခြင်းဖြစ်သည်။ (ရှု၊ figs_rquestion)

ပေါင်းဘော်ခြင်း မရှိ

နှီးနွယ်ပတ်သက်ခြင်းမရှိ

အသက်ရေ

ယေရှုက "အသက်ရေ" ကို လူတစ်ယောက်ကို ဘဝသစ် သို့ ပြောင်းပေးသော သန့်ရှင်းသောဝိဉာဉ်တော်အဖြစ် ရည်ညွှန်းပုံဆောင်ထားသည်။ (ရှု၊ figs_metaphor)

John 4:11-12

ငါတို့အဘ ယာကုပ်ထက်ကြီးမြတ်သလော

ဤမေးခွန်းပုံစံသည် လေးနက်စေမှုကို မှတ်ချက်ပေး သည်။ တစ်နည်းအားဖြင့် "သင်သည် ငါတို့၏အဘ ယာကုပ်၊ သားသမီး၊ တိရိစ္ဆာန်တို့ထက် ကြီးမြတ်သလော" (ရှု၊ figs_rquestion)

ငါတို့အဘ ယာကုပ်

"ငါတို့၏ဘိုးဘေး ယာကုပ်"

ဤတွင်းရေကိုသောက်ကြပြီ

"ထိုတွင်းရေမှ ထွက်သောရေကို သောက်ကြပြီ"

John 4:13-14

နောက်တဖန် ရေငတ်ဦးမည်

"နောက်တဖန် ရေသောက်ဘို့ လိုလိမ့်မည်"

ငါပေးသောရေကိုသောက်သောသူ၌ ထာဝရအသက်ရှင်ခြင်းအလိုငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်

ဤနေရာ၌ "စမ်းရေ" ဟူသောစကားလုံးသည် အသက်ပေးသောရေကို ပုံဆောင်ထားသည်။ တစ်နည်းအားဖြင့် "ငါပေးသောရေသည် သူ၏အထဲ၌ စမ်းရေစီးကဲ့သို့ ဖြစ် လိမ့်မည်။" (ရှု၊ figs_metaphor)

ထာဝရအသက်

ဤ "အသက်"သည် ဘုရားသခင်သာလျှင် ပေးနိုင်သော "ဝိညာဉ်အသက်" ကို ရည်ညွှန်းပါသည်။

John 4:15-16

သခင်

ဤအခြေအနေ၌ ရှမာရိမိန်းမက ယေရှကို လေးစားကြည် မှု သို့မဟုတ် ယဉ်ကျေးခြင်း ကြောင့် "သခင်" ဟုခေါ်ခြင်း ဖြစ်သည်။

ရေခပ်ခြင်း

ရေပုံးနှင့်ကြိုးကို အသုံးပြုပြီး "ရေခပ်သည်" သို့မဟုတ် "ရေတွင်းမှ ရေဆွဲသည်"

John 4:17-18

ဤအရာ၌ သင်သည်မှန်သော စကားကိုပြောပြီ

ယေရှုက ဤအကြောင်းကို လေးနက်စေရန်ပြန်ပြောရခြင်းမှာ မိန်းမက မှန်သောစကားကို ပြောကြောင်း သူသိ ထားသည်။

John 4:19-20

သခင်

ဤအခြေအနေ၌ ရှမာရိမိန်းမက ယေရှကို လေးစားကြည် မှု သို့မဟုတ် ယဉ်ကျေးခြင်း ကြောင့် "သခင်" ဟုခေါ်ခြင်း ဖြစ်သည်။

ကိုယ်တော်သည် ပရောဖက်ဖြစ်သည်ကို အကျွန်ုပ်ရိပ်မိပါ၏

"သင်သည် ပရောဖက်ဖြစ်သည်ကို အကျွန်ုပ် နားလည်ပါ ၏"

အကျွန်ုပ်တို့ဘိုးဘေးများ

"အကျွန်ုပ်တို့၏ ရှေးဘိုးဘေးများ"

John 4:21-22

ငါ့စကားကိုယုံလော့

တစ်စုံတစ်ဦးကိုယုံကြည်ခြင်းသည် သူ့ပြောဆိုချက်မှန်ကန်ကြောင်း ဝန်ခံအသိအမှတ်ပြုခြင်း ဖြစ်သည်။

သင်တို့သည်ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။ ငါတို့သည်ကိုယ်သိသောအရာကို ကိုးကွယ်ကြ ၏

‌ယေရှုဆိုလိုသည်မှာ ဘုရားသခင်သည် သူကိုယ်တိုင်နှင့် သူ့စကားများကို ယုဒလူများထံဖွင့်ပြပြီး ရှမာရိလူများ ထံမပါပါ။ ကျမ်းစာအရ ယုဒလူများသည် ရှမာရိလူများ ထက် ဘုရားကိုပိုမို သိကြသည်။

ခမည်း တော်ကိုကိုးကွယ်ရမည် အချိန်ကာလရောက်ဆဲရှိ၏......ယုဒလူတို့၌ ကယ်တင်ခြင်းအကြောင်းရှိ၏။

အပြစ်မှထာဝရကယ်တင်ခြင်းသည် ယုဒလူမျိုးတို့၏ဘု ရားဖြစ်သော ယေဟောဝါခမည်းတော်ဘုရားထံတော်ပါးမှ လာပါ သည်။

ခမည်း တော်

ဘုရားသခင်အတွက် အရေးကြီးသော ဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ guidelines_sonofgodprinciples)

ယုဒလူတို့၌ ကယ်တင်ခြင်းအကြောင်းရှိ၏။

ဤအရာက ယုဒလူများသည် တခြားသူများကို အပြစ်မှ ကယ်တင်မည်ဟု မဆိုလိုပါ။ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းလုပ်ငန်းအတွက် ယုဒလူများကို ရွေးချယ်ခဲ့ပြီးပြီ။ တစ်နည်းအားဖြင့် "ယုဒလူများအားဖြင့် လူတိုင်း ဘုရားသခင်၏ ကယ်တင်ခြင်းအကြောင်းသိရှိရ မည်။ "

John 4:23-24

ဆက်စပ်မှုဖော်ပြချက်

ယေရှုက ရှမာရိအမျိုးသမီးကို ဆက်လက်စကားပြော သည်။

ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နံဝိညာဉ်နှင့်၎င်း၊ သစ္စာတရားနှင့်၎င်း၊ ကိုးကွယ် ရမည့်အချိန်ကာလသည်လာ၍ ယခုပင်ရောက်လျက်ရှိ၏။

"ယခုအချိန်သည် အမှန်တကယ် ကိုးကွယ်ရမည့် အချိန်ကာလ"

ခမည်း တော်

ဘုရားသခင်အတွက် အရေးကြီးသော ဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ guidelines_sonofgodprinciples)

နံဝိညာဉ်နှင့် ၎င်း၊ သစ္စာနှင့်၎င်း ကိုးကွယ်ရမည်

"သူ့ကို မှန်ကန်သောနည်းလမ်းဖြင့် ကိုးကွယ်ရမည်"

John 4:25-26

မေရှိကြွလာတော်မူသည်ဟု အကျွန်ုပ်သိပါ၏

စကားလုံးနှစ်ခုလုံးက "ဘုရားကတိပေးသောဘုရင်" ကို ဆိုလိုသည်။"

အကျွန်ုပ်တို့ အား အလုံးစုံတို့ကိုဘော်ပြတော်မူမည်

"အလုံးစုံဘော်ပြ" ဟူသောစကားလုံးသည် လူတွေကသိရှိ ရန်လိုအပ်ကြောင်း ဖော်ပြထားသည်။ တစ်နည်းအားဖြင့် "ကျွန်ုပ်တို့သိရှိရန်လိုအပ်သောအရာအားလုံးကို သူက ပြောပြလိမ့်မည်။" (UDB) (ရှု၊ figs_explicit)

John 4:27

ထိုအခါတပည့်တော်တို့သည် ရောက်လာ၍၊

"ယေရှုက ဤကဲ့သို့ ပြောကြားစဉ်တွင် သူ၏တပည့်များ သည် မြို့ထဲမှ ပြန်ရောက်လာကြသည်။"

ထိုမိန်းမနှင့်စကားပြောတော်မူသည်ကို အံ့ဩခြင်းရှိကြ၏၊

ယုဒလူတစ်ယောက်သည် သူမသိသောမိန်းမတစ်ယောက် နှင့်စကားပြောခြင်းသည် ထုံးစံမဟုတ်ပါ၊ အထူးသဖြင့် ရှမာရိမိန်းမနှင့်စကားပြောဆိုခြင်းမပြုသင့်ပေ။

အဘယ်ကြောင့် စကားပြောတော်မူသနည်းဟု အဘယ်သူမျှမလျှောက်ကြ။

ဖြစ်နိုင်သောအရာများမှာ ၁) တပည့်တော်များကလည်း အလားတူမေးခွန်းမေးနိုင်သည်၊ သို့မဟုတ် ၂) မည်သူက မျှ မိန်းမကိုမမေးပါ...ဘာကို... သို့မဟုတ် ယေရှကို ...အ ဘယ့်ကြောင့်...သူမကို..?

John 4:28-30

အကျွန်ုပ်ပြုဘူးသမျှသော အမူအရာတို့ကို ထုတ်ဘော်သောသူကိုလာ၍ကြည့်ကြပါ

ဤအရာသည် ပုံမှန်ထက် ချဲ့ပြောခြင်းဖြစ်သည်။ ရှမာရိမိန်းမက ယေရှုသည် သူလုပ်ဆောင်သမျှအားလုံးကိုသိ ထားသည်ဟု ယုံကြည်သည်။ တစ်နည်းအားဖြင့် " အယင်တုန်းကမတွေ့ဆုံဘူးသော်လည်း ကျွန်ုပ်အကြောင်းကို အ လွန်သိသောသူကို လာ၍ကြည့်ကြပါ။" (ရှု၊ figs_hyperbole)

ထိုသူသည် ခရစ်တော်မှန်လိမ့်မည်လောဟု လူများတို့အား ပြောဆိုသော်

ထိုမိန်းမက ယေရှုသည်ခရစ်တော်ဖြစ်ကြောင်းမသေချာ သောကြောင့် "မဟုတ်ပါ" ဆိုသည့်အဖြေကို မျှော်လင့် ချက်ဖြင့်မေးသည်။ သူ့အနေဖြင့် သူကိုယ်တိုင်ဖော်ပြခြင်း ထက် လူတွေက သူတို့ကိုယ်တိုင် ဆုံးဖြတ်စေချင်သည်။

John 4:31-33

ထိုကြားကာလတွင်

"ထိုမိန်းမ မြို့ထဲသို့သွားသည့်အချိန်အတောအတွင်း"

တပည့်တော်တို့က တောင်းပန်ကြလျှင်၊

"တပည့်တော်တို့က ယေရှကို ပြောကြသည်" သို့မဟုတ် "တပည့်တော်တို့က ယေရှုကို တိုက်တွန်းကြသည်"

သင်တို့မသိသော စားစရာသည် ငါ့၌ရှိသည်

ဤနေရာ၌ ယေရှုက စာသားအားဖြင့် "အစာ" ကိုပြောခြင်းမဟုတ်ဘဲ သူ၏တပည့်တော်များအတွက် ဝိညာဉ်ရေး သင်ခန်းစာကို ပြင်ဆင်ပေးခြင်းဖြစ်သည်။ ([:en:bible:notes:jhn:04:34]].

တစုံတယောက်သောသူသည် စားစရာကို ပို့ပြီလော

တပည့်တော်များသည် ယေရှုက ဤလောက"အစာ" အ ကြောင်းပြောသည်ဟု ယူဆကြသည်။ သူတို့အချင်းချင်း မေးမြန်းကြသောအခါ "မဟုတ်ပါ" ဟု ဖြေဆိုကြသည်။ တစ်နည်းအားဖြင့် " ငါတို့ မြို့တွင်း၌ရှိနေစဉ် မည်သူကမျှ အစာမပို့ကြောင်းသေချာသည်" (ရှု၊ figs_rquestion)

John 4:34-36

ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်း အမှုသည် ငါ့စားစရာဖြစ်၏

ဤနေရာ၌ "အစာ" ဟူသည် "ဘုရားအလိုကို နာခံခြင်း" အဖြစ် ပုံဆောင်သည်။ တစ်နည်းအားဖြင့် "အစာသည် ဆာသောသူကို ကျေနပ်စေသကဲ့သို့ ဘုရားအလိုနာခံခြင်း သည် ငါ့ကိုကျေနပ်စေသည်။ (ရှု၊ figs_metaphor)

ဆိုတတ်သည်မဟုတ်လော

" ဤအရာသည် ဆိုလေ့ဆိုထရှိသောအရာ မဟုတ်လော။"

စပါးရိတ်ခြင်း အလိုငှါ လယ်ပြင်တို့သည် ယခုပင်ဝင်းဝင်းရှိသည်ကို မျှော်၍ကြည့်ကြလော့

စာလုံး "လယ်ပြင်" နှင့် " စပါးရိတ်ခြင်းအလိုငှာ" တို့သည် ပုံဆောင်ချက်ဖြစ်သည်။ "လယ်ပြင်" သည် ယုဒလူမဟုတ်သောသူများ သို့မဟုတ် တစ်ပါးအမျိုးသားများကို ကိုယ်စားပြုသည်။ "စပါးရိတ်ခြင်းအလိုငှာ" သည် လယ် ပြင်၌စပါးရိတ်ရန်အဆင်သင့်ရှိနေသကဲ့သို့ ယေရှု၏သ တင်းကို လက်ခံရန် အဆင်သင့်ရှိသော တစ်ပါးအမျိုးသား များကို ဆိုလိုသည်။ တစ်နည်းအားဖြင့် " ယုဒလူမဟုတ် သောသူများကို ကြည့်ကြပါ၊ သူတို့သည် လယ်ပြင်၌ ရိတ်ရ မည့်အချိန်ကိုစောင့်သော သီးနှံကဲ့သို့ ငါ၏ သတင်းကို လက်ခံရန် အသင့်ရှိပါသည်။ (ရှု၊ : figs_metaphor)

စပါးရိတ်သောသူသည် အခကိုခံရ၍ ထာဝရအသက်ရှင်ခြင်းအလိုငှါ အသီးအနှံကိုစုသိမ်း၏

ယေရှုက သူ့သတင်းပြောကြားသောသူများအတွက် "လယ်ပြင်တွင်အလုပ်လုပ်သောသူ" ကဲ့သို့ ဆုလက် ဆောင်ရှိကြောင်းကို ညွှန်ပြထားသည်။ သူ့သတင်းကို လက်ခံသောသူသည် လည်းဘဲ ဘုရားသခင်ပေးသော ထာဝရအသက်ကို လက်ခံရရှိမည်ဖြစ်ပါသည်။

John 4:37-38

ဆက်စပ်မှုဖော်ပြချက်

ယေရှုက သူ့တပည့်တော်များကို ဆက်လက်ပြောဆို သည်။

တဦးကားပျိုးကြဲ၏။ တဦးကားစပါးရိတ်၏

စကားလုံး "ပျိုး" နှင့် "ရိတ်" သည် ပုံဆောင်ချက်များဖြစ် သည်။ "ပျိုး" သောသူသည် ယေရှု၏သတင်းကို ဟော ပြောသောသူဖြစ်သည်။ "ရိတ်" သောသူမူကား ယေရှု၏သတင်းကို လက်ခံနိုင်ရန် လူများကို ကူညီပေး သည်။ တစ်နည်းအားဖြင့် တယောက်သောသူသည် မျိုးစေ့ ကြဲပြီး တယောက်သောသူက သီးနှံရိတ်သိမ်းသည်။ (UDB) (ရှု၊ figs_metaphor)

သင်တို့သည် ထိုသူတို့၏ အလုပ်ထဲသို့ ဝင်ရကြ၏

" သင်တို့သည် သူတို့၏အလုပ်ထဲသို့ ယခု ဝင်ကြ၏" (UDB)

John 4:39-40

ယေရှုကိုယုံကြည်ကြ၏

တစ်စုံတစ်ယောက်အတွက် "ယုံကြည်သည်" ဆိုသည်မှာ ထိုသူကို "ကိုးစားသည်" ဟုဆိုလိုသည်။ ဤတွင် သူသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း ယုံကြည်သည် ဟု ဆိုလိုသည်။

အကျွန်ုပ်ပြုဘူးသမျှသော အမှုအရာတို့ကို သူသည်ထုတ်ဘော်ပြီ

ဤအရာသည် ချဲ့ကားပြောဆိုခြင်းဖြစ်သည်။ ထိုမိန်းမက ယေရှုကို အလွန်စိတ်ဝင်စားပြီး သူ့အကြောင်းအားလုံး သိ ရှိရန်ယုံကြည်ထားသည်။ တစ်နည်းအားဖြင့် "ငါ့အ ကြောင်းများစွာကို သူပြောပြထားသည်။" (ရှု၊ figs_hyperbole)

John 4:41-42

စကားတော်

ဤနေရာ၌ "စကားတော်" ဟူသည် ယေရှုကြေငြာခဲ့သော သတင်းအဖြစ်ဖော်ပြထားပါသည်။ တစ်နည်းအားဖြင့် " သူ၏သတင်း" (ရှု၊ [[:en:ta:vol2;translate:figs_metonymy]])

လောကီသားတို့

ဤနေရာ၌ "လောကီသား" ဟူသည် ဤလောကတွင်နေ ထိုင်သောလူသားအားလုံးကို ရည်ညွှန်းပါသည်။ (ရှု၊ figs_metonymy)

John 4:43-45

ယေဘုယျအချက်အလက်

ဤအပိုင်းသည် ယေရှု ဂါလိလဲပြည်သို့ပြန်ကြွပြီးနောက် လူငယ်တစ်ယောက်ကို ကုသပေးသောအပိုင်း ဖြစ်သည်။ အပိုဒ်ငယ် ၄၄ က ယေရှုခရစ်ပြောကြားခဲ့ပြီးသောအရာ များ၏ နောက်ခံအချက်အလက်ဖြစ်ပါသည်။ (ရှု၊ writing_background)

ထိုအရပ်မှ

ယုဒပြည်မှ

ယေရှုသည် ကိုယ်တိုင်သက်သေ ခံတော်မူ၏

"ကိုယ်တိုင်" ဟူသည် ယေရှု၏ ပြောကြားချက် "ကြေငြာ ချက်" ကို ပိုမိုလေးနက်စေရန် သုံးခြင်းဖြစ်သည်။ (ရှု၊ figs_rpronouns)

ပရောဖက်သည် မိမိနေရင်းပြည်၌ အသရေမရှိ

"ပရောဖက်တယောက်သည် သူ့ပြည်တွင် လူတွေက လေးစားကြည်ညိုမှုမပြပါ" သို့မဟုတ် " ပရောဖက်တ ယောက်သည် သူ့အသိုင်းအဝိုင်းတွင် လူတွေက လေးစားမှု မရှိ"

ခံသောပွဲသို့

ဤပွဲသည် ပဿခါပွဲဖြစ်သည်။

John 4:46-47

တဖန်

ဤစကားလုံးသည် ဤဝတ္ထုတွင် တခြားအစိတ်အပိုင်းသို့ ကူးပြောင်း သည့်အခိုက်အတန့်၏ အမှတ်လက္ခဏာပင် ဖြစ်သည်။

အမတ်

ဘုရင်၏အမှုထမ်းသောသူတယောက်

John 4:48-50

သင်တို့သည်နိမိတ်လက္ခဏာနှင့် အံ့ဖွယ်သောအမှုတို့ကို မမြင်ရလျှင်ယုံခြင်းမရှိကြ

"မမြင်လျှင်....ယုံခြင်းမရှိ" ဟူသည် မဟုတ်ဝါကျနှစ်ထပ် ဖြစ်သည်။ တစ်ချို့အနေဖြင့် သည်လိုမျိုးကို မှန်သောပုံစံ အနေဖြင့် သုံးနှုန်းတတ်သည်။ တစ်နည်းအားဖြင့် "နိမိတ် လက္ခဏာမြင်မှသာ ယုံကြည်မည်လော" (ရှု၊ figs_doublenegatives)

စကားကို ယုံ၍သွားလေ၏

ဤနေရာ၌ "စကား" ဟူသည် ယေရှုပြောခဲ့သော သတင်း စကားကို ရည်ညွှန်းပါသည်။ တစ်နည်းအားဖြင့် " သတင်း ကို ယုံကြည်သည်" (ရှု၊ figs_metonymy)

John 4:51-52

စဉ်တွင်

ဤစကားလုံးသည် အဖြစ်အပျက်နှစ်ခု ကို တစ်ပြိုင်တည်း အချိန်ကြားတွင် အသုံးပြုထားသည်။ အမတ်သည် အိမ်သို့ပြန်စဉ် သူ့အစေခံများက လာရောက်ကြိုဆိုစဉ်လမ်းတွင် ဆုံတွေ့ကြခြင်းဖြစ်သည်။

John 4:53-54

ကိုယ်တိုင်မှစသော မိမိ၏အိမ်သူအိမ်သား အပေါင်းတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏

ဤစာလုံး "ကိုယ်တိုင်" ကို စာလုံး "သူ" ကိုလေးနက်စေ ရန်အသုံးပြုထားသည်။

နိမိတ်လက္ခဏာ

အံ့သ​ြဘွယ်ဖြစ်ရပ်များကို "နိမိတ်လက္ခဏာများ" ဟုခေါ် ပြီး ဘုရားသခင်သည် စကြာဝဠာအပေါ် ပြီးပြည့်စုံသော အာဏာတန်ခိုးရှိခြင်း၏ အထောက်အထားအဖြစ် အသုံး ပြုထားသည်။

John 5

John 5:1-4

ယေဘုယျအချက်အလက်

ဝတ္ထု၏ နောက်ထပ်အဖြစ်အပျက်ဖြစ်ပြီး ယေရှုက ယေရုရှလင်မြို့သို့သွားကာ ဖျားနာသူတယောက်ကို ကျန်းမာ စေခြင်းဖြစ်ပါသည်။ ဤစာပိုဒ်သည် ဝတ္ထုဖြစ်တည်မှု၏ နောက်ခံအချက်အလက်များကို ထင်ရှားစေသည်။ (ရှု၊ writing_background)

ထိုနောက်မှ

ဤစာလုံးသည် ယေရှုက အမတ်၏သားကို ကျန်းမာစေ ခြင်းနောက်ပိုင်းကို ရည်ညွှန်းပါသည်။ [[:en:bible:notes:jhn:03:22]].

ယုဒပွဲခံစဉ်တွင်၊

"ယုဒလူမျိုးများသည် ပွဲတခုကို ဆင်နွဲကြသည်။"

ယေရုရှလင်မြို့သို့ ကြွတော်မူ၏

ယေရုရှလင်မြို့သည် တောင်ကုန်းတခုပေါ်တွင် တည်ထား သည်။ ယေရုရှလင်မြို့သို့သွားသောလမ်းသည် တောင် ကုန်းငယ်များတွင် အတက်အဆင်းဖြစ်နေသည်။

ရေကန်

မြေပြင်တွင်ရှိသော တွင်းပေါက်ထဲသို့ လူတွေကရေဖြင့် ဖြည့်ထားသော ကန်ဖြစ်သည်။ တခါတလေ သူတို့က ရေ ကန်များကို ကျောက်များဖြင့် လိုင်းကာထားတတ်ကြ သည်။

ဗေသေသဒ

"ဗေသေသဒ" ဟူသည် သနားကြင်နာခြင်းအိမ် ဟုဆိုလို သည်။ (ရှု၊ translate_names)

ကနားပြင်

ကနားပြင်အဆောက်အဦများသည် အနည်းဆုံး အဆောက်အဦနှင့်ကပ်၍ နံရံတခုရှိသည်။

အနာရောဂါစွဲသောသူ များအပေါင်းတို့သည်

"လူနာများစွာ"

John 5:5-6

ယေဘုယျအချက်အလက်

အပိုဒ်ငယ် ၅တွင် ဤဝတ္ထု၌ ရေကန်နားတွင် လျောင်း သောသူအကြောင်းကို ဖော်ပြထားသည်။ (ရှု၊ writing_participants)

ရှိ၏

"ဗေသေသဒရေကန်နားတွင် ရှိ၏" (5:1)

သုံးဆယ်ရှစ်နှစ်ပတ်လုံး

" ၃၈နှစ်" (ရှု၊ translate_numbers)

သိတော်မူလျှင်

"သူနားလည်သည်" သို့မဟုတ် "သူမြင်တွေ့သည်"

မေးတော်မူ၏။

"ယေရှုက ရောဂါစွဲသောသူကို မေးတော်မူ၏"

John 5:7-8

သခင်......သွင်းထားမည့်သူမရှိပါ

ဤနေရာ၌ "သခင်" ဟူသောစကားလုံးသည် ယဉ်ကျေး သော နှုတ်ဆက်စကားပုံစံဖြစ်သည်။

ရေလှုပ်ရှားသောအခါ

လှုပ်ရှားမှုပုံစံအဖြစ် ဘာသာပြန်နိုင်သည်။ တစ်နည်းအား ဖြင့် " ကောင်းကင်တမန်က ရေကိုလှုပ်သေအခါ" (ရှု၊ figs_activepassive)

ရေကန်ထဲသို့

မြေပြင်တွင်ရှိသော တွင်းပေါက်ထဲသို့ လူတွေကရေဖြင့် ဖြည့်ထားသော ကန်ဖြစ်သည်။ တခါတလေ သူတို့က ရေ ကန်များကို ကျောက်များဖြင့် လိုင်းကာထားတတ်ကြ သည်။

အခြားသောသူသည် အကျွန်ုပ်ရှေ့မှာ ဝင်တတ်ပါသည်

"တစ်စုံတစ်ယောက်သောသူသည် ကျွန်ုပ်ရှေ့မှာ ရေထဲ သို့ ဆင်းခဲ့ပါသည်။"

ထလော့

"မတ်တပ်ရပ်လော့"

ကိုယ်အိပ်ရာကို ဆောင်၍ လှမ်းသွားလော့

"သင်၏အိပ်ရာခင်းကို ယူထမ်း၍ သွားလော့။"

John 5:9

ထိုသူသည် ပကတိအဖြစ်သို့ရောက်၍

" ထိုသူသည် ပြန်လည်ကျန်းမာလာသည် "

ထိုနေ့သည် ဥပုသ်နေ့ဖြစ်၏

"ထိုနေ့သည် ဘုရားသခင်အနားယူသောနေ့ဖြစ်သည်။"

ထိုနေ့

"ထိုနေ့" သည်နောက်ခံအချက်အလက် တို့ကို သတိထား မိစေရန်သုံးထားသည်။ ဤအချက်သည် ဉပုသ်နေ့တွင် ဖြစ်ပျက်သောအဖြစ်အပျက်ကို လေးနက်စေသည်။ (ရှု၊ writing_background)

John 5:10-11

ထိုကြောင့် ယုဒလူတို့က၊ သူအားဆိုကြ၏

ယုဒလူများ (အထူးသဖြင့်ယုဒခေါင်းဆောင်များ) ဥပုသ် နေ့၌ အိပ်ရာခင်းထမ်းသောသူကို တွေ့သောအခါ စိတ် ဆိုးကြသည်။

ထိုနေ့သည် ဥပုသ်နေ့ဖြစ်၏

"ထိုနေ့သည် ဘုရားသခင်အနားယူသောနေ့ဖြစ်သည်။"

အကျွန်ုပ်ကို ကျန်းမာစေသောသူ

" ကျွန်ုပ်ကို ကျန်းမာအောင်ပြုလုပ်သောသူ"

John 5:12-13

မေးမြန်းကြ၏

"ကျန်းမာသောသူကို ယုဒခေါင်းဆောင်များက မေးမြန်း ကြသည်။"

John 5:14-15

ယေရှုသည် ထိုသူကို တွေ့တော်မူလျှင်

"ယေရှုက သူကျန်းမာစေသောသူကို တွေ့သည်။"

နားလည်ပါ

ဤစကားလုံး "နားလည်ပါ" က နောက်ဆက်လာမည့် စ ကားများကို ဂရုစိုက်မှုဖြစ်စေပါသည်။

John 5:16-18

ယခု

"ယခု" သည် ယေရှုအပေါ် ယုဒခေါင်းဆောင်များ သဘော ထားကို ယောဟန်က အကျဉ်းချုပ်မှတ်ချက်ချခြင်း၏ အမှတ်အသားဖြစ်သည်။ (ရှု၊ writing_background)

အလုပ်လုပ်တော်မူသည်ဖြစ်၍

အလုပ်လုပ်ကိုင်ခြင်း၊ လူတွေအတွက် အစေခံကာအလုပ် လုပ်ခြင်းကို ရည်ညွှန်းပါသည်။

ယုဒလူတို့

ဤ"ယုဒလူတို့" သည် "ယုဒခေါင်းဆောင်များ" ကို ကိုယ် စားပြုသည်။ (ရှု၊ figs_synecdoche)

မိမိကိုဘုရားသခင်နှင့် ပြိုင်နှိုင်းတော်မူသောကြောင့်

"ဘုရားကဲ့သို့ ပြောသောကြောင့်" သို့မဟုတ် "ဘုရားသ ခင်ကဲ့သို့ အခွင့်အာဏာရှိသည်ဟု ပြောသောကြောင့်"

ငါ့ခမည်းတော်

ဘုရားသခင်၏အရေးကြီးသော ဂုဏ်ပုဒ် ဖြစ်သည်။ (ရှု၊ guidelines_sonofgodprinciples)

John 5:19-20

ဆက်စပ်မှုဖော်ပြချက်

ယေရှုက ယုဒခေါင်းဆောင်များကို စကားဆက်လက် ပြောဆိုသည်။

ငါအမှန်အကန်ဆိုသည်ကား

အရေးကြီးခြင်းနှင့် မှန်ကန်ခြင်းကို မိမိဘာသာနားလည်မှုဖြင့် ဘာသာပြန်ရန်ဖြစ်သည်။

သင်တို့ သည် အံ့ဩဖွယ်ရှိစေခြင်းငှါ

"သင်အံ့ဩလိမ့်မည်" သို့မဟုတ် "သင်ခံစားထိတွေ့လိမ့် မည်"

ခမည်းတော်ပြုတော်မူသမျှ အတိုင်း သားတော်လည်းပြု၏၊ ခမည်းတော်သည်သားတော်ကိုချစ်တော်မူ၍

ဘုရားသခင်၏သားတော် ယေရှုသည် ဤလောကတွင် သူ့ခမည်းတော်၏ဦးဆောင်မှုကို နာခံလိုက်လျှောက်ခဲ့ခြင်း မှာ ခမည်းတော်က သူ့ကိုချစ်ကြောင်းကို သိသောကြောင့် ဖြစ်သည်။ (ရှု၊ guidelines_sonofgodprinciples)

သားတော်......ခမည်းတော်

ယေရှုနှင့်ဘုရားသခင်အကြား ဆက်ဆံရေး၌ အရေးကြီး သောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ guidelines_sonofgodprinciples)

ချစ်တော်မူ၍

ဤချစ်ခြင်းမေတ္တာမျိုးသည် ဘုရားသခင်ဆီမှလာပြီး အ ခြားသောသူများကောင်းစားရေးကို ဦးစားပေးကာ တစ် ဦးတစ်ယောက်တည်းအတွက် မဟုတ်ပါ။ ဘုရားသခင်ကိုယ်တိုင် ချစ်ခြင်းမေတ္တာဖြစ်ပြီး စစ်မှန်သောမေတ္တာ၏ အရင်းအမြစ်ဖြစ်သည်။

John 5:21-23

ခမည်းတော်သည် သေလွန်သောသူတို့ကို ထမြောကာရှင်ပြန်စေတော်မူသကဲ့သို့၊ ထိုနည်းတူ သား တော်သည်လည်း အလိုရှိသမျှသော သူတို့ကို ရှင်စေ၏။

စကားလုံး "သကဲ့သို့" သည် နှိုင်းယှဉ်ခြင်းဖြစ်သည်။ ဖ ခမည်းတော်သည် အသက်ကိုပေးသကဲ့သို့ ခမည်းတော်၏ သားတော်သည်လည်း အသက်ကိုပေး၏။

သားတော်......ခမည်းတော်

ယေရှုနှင့်ဘုရားသခင်အကြား ဆက်ဆံရေး၌ အရေးကြီး သောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ guidelines_sonofgodprinciples)

အသက်

ဤဟာက "ဝိညာဉ်ရေးရာအသက်ရှင်ခြင်း" ကိုရည်ညွှန်း ပါသည်။

ခမည်းတော်သည် အဘယ်သူကိုမျှ မတရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏

စာလုံး "နည်းတူ" သည် နှိုင်းယှဉ်ခြင်းဖြစ်သည်။ သား တော်က ဖခမည်းတော်အတွက် တရားစီရင်ခြင်းကို ဆောင်ရွက်ပေးသည်။ (ရှု၊ guidelines_sonofgodprinciples)

လူအပေါင်းတို့သည် ခမည်းတော်ကို ရိုသေသည်နည်းတူ၊ 23သားတော်ကို ရိုသေစေမည်အကြောင်း၊ သားတော်ကို မရိုသေသောသူသည်ကား၊ သားတော်ကိုစေလွှတ်တော်မူသော ခမည်းတော်ကို မရိုသေသောသူဖြစ်၏။

ဘုရားသခင်၏သားတော်ကို ဖခမည်းတော်ကဲ့သို့ ရိုသေ ကိုးကွယ်ရမည်။ ဘုရားသခင်၏သားတော်ကို ရိုသေဘို့ ပျက်ကွက်ပါက ဖခမည်းတော်ကိုမ ရိုသေခြင်းပင် ဖြစ် သည်။ (ရှု၊ guidelines_sonofgodprinciples)

John 5:24

ငါအမှန်အကန်ဆိုသည်ကား

အရေးကြီးခြင်းနှင့် မှန်ကန်ခြင်းကို မိမိဘာသာနားလည်မှုဖြင့် ဘာသာပြန်ရန်ဖြစ်သည်။

ငါ့စကားကို နားထောင်၍

ဤနေရာ၌ "စကား" ဟူသည် ယေရှု၏သတင်းကို ကိုယ် စားပြုသည်၊ တစ်နည်းအားဖြင့် "သတင်းကို ကြားသော သူအယောက်တိုင်း" (ရှု၊ figs_metonymy)

အပြစ်စီရင်ခြင်းကိုမခံရ

အကောင်းဘက်မှ ဖော်ပြနိုင်သည်။ တစ်နည်းအားဖြင့် "အ ပြစ်မဲ့သူကို တရားစီရင်ရမည်လော။" (ရှု၊ figs_doublenegatives)

John 5:25

ငါအမှန်အကန်ဆိုသည်ကား

အရေးကြီးခြင်းနှင့် မှန်ကန်ခြင်းကို မိမိဘာသာနားလည်မှုဖြင့် ဘာသာပြန်ရန်ဖြစ်သည်။

ဘုရားသခင်သားတော်၏ စကားသံကိုကြား၍၊ ကြားသောအားဖြင့် အသက်ရှင်ရမည်

ဘုရားသခင်၏သားတော် ယေရှုသည် သေလွန်သောသူ များကို သင်္ချိုင်းမှ ထမြောက်စေတော်မူမည်။ (ရှု၊ guidelines_sonofgodprinciples)

ဘုရားသခင်သားတော်

ယေရှုအတွက်အရေးကြီးသော ဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ guidelines_sonofgodprinciples)

John 5:26-27

ခမည်းတော်သည် ကိုယ်၌ အသက်ရှိတော်မူသည်နည်းတူ၊ သားတော်သည်မိမိ၌ အသက်ရှိရသောအခွင့်ကို ပေးတော်မူ၏

စာလုံး "နည်းတူ" သည် နှိုင်းယှဉ်ခြင်းအမှတ်အသားဖြစ် သည်။ ခမည်းတော်ကဲ့သို့ပင် ဘုရားသခင်၏သားတော် သည် အသက်ပေးနိုင်သောတန်ခိုး ရှိသည်။ (ရှု၊ guidelines_sonofgodprinciples|Translating Son and Father)

ခမည်းတော်...ဘုရားသားတော်

ယေရှုနှင့်ဘုရားသခင်အကြား ဆက်ဆံရေး၌ အရေးကြီး သောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ guidelines_sonofgodprinciples|Translating Son and Father)

အသက်

ဤဟာက "ဝိညာဉ်ရေးရာအသက်ရှင်ခြင်း" ကိုရည်ညွှန်း ပါသည်။

ခမည်းတော်သည် သားတော်အား တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။

ဘုရားသခင်၏သားတော်တွင်လည်း ဖခမည်းတော်၏ တရားစီ ရင်နိုင်သောအခွင့်အာဏာရှိ၏။

John 5:28-29

ဤအမှုအရာကို အံ့ဩခြင်းမရှိကြနှင့်

"ဤအမှုအရာ" က ဘုရားသခင်၏သားတော် ယေရှုသည် ထာဝရအသက်ပေးပိုင်ခွင့်နှင့် တရားစီရင်ပိုင်ခွင့်ရှိကြောင်း ရည်ညွှန်းထားပါသည်။

သားတော်၏ စကားသံကိုကြား၍

" ငါ့အသံကိုကြား၍ "

John 5:30-32

ငါ့ကို စေလွှတ်တော်မူသောသူ၏ အလို

စကားလုံး "သူ" သည် ဖခမည်းတော်ကို ရည်ညွှန်းသည်။

ငါ၏အကြောင်းကိုသက်သေခံသော သူတပါးရှိသေး၏

" ငါ၏အကြောင်း လူတွေကို ပြောပြသော တစ်စုံတစ်ဦး ရှိ သေး၏။"

သူတပါး

ဘုရားသခင်ကို ရည်ညွှန်းသည်။

ငါ၏အကြောင်းကိုသက်သေခံသော သူ၏ သက်သေ တည်သည်

" ငါ့အကြောင်း လူတွေကိုပြောသောအရာသည် အမှန် ဖြစ်သည်။"

John 5:33-35

လူပေးသောသက်သေကို ငါသည်ပမာဏမပြု

" ငါသည် လူတွေ၏သက်သေကို အလိုမရှိပါ။"

သင်တို့သည် ကယ်တင်ခြင်းသို့ ရောက် မည်အကြောင်း

လုပ်ဆောင်မှုပုံစံအဖြစ် နားလည်နိုင်သည်။ တစ်နည်းအား ဖြင့် "ထို့ကြောင့် ဘုရားသခင်က သင့်ကို ကယ်တင်နိုင် သည်။" (ရှု၊ figs_activepassive)

ယောဟန်သည်ညှိထွန်း၍လင်းသော ဆီမီးဖြစ်၏

ဤနေရာ၌ "ဆီမီး"သည် ပုံဆောင်ချက်ဖြစ်သည်။ ဆီမီး သည် အလင်းပေးနိုင်သကဲ့သို့ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ယောဟန်က ဖော်ပြထားပါသည်။ တစ်နည်းအား ဖြင့် " ယောဟန်သည်ညှိထွန်း၍လင်းသော ဆီမီးကဲ့သို့ ဖြစ်သည်။" (ရှု၊ figs_metaphor)

John 5:36-38

အကြင်အမှုတို့ကို ငါပြီးစီး စေ ခြင်းငှါ ခမည်းတော်သည် ငါ့လက်သို့ အပ်ပေးတော်မူ၍

ဖခမည်းတော်သည် သူ၏သားတော် ယေရှုကို လောကသို့ စေလွှတ်ခဲ့သည်။ ခမည်းတော်က လုပ်ဆောင်ရန် ပေးထား သောအရာများကို ယေရှုခရစ်က ပြည့်စုံစေခဲ့သည်။

ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည်အကြောင်းကို သက်သေခံကြ၏။

နာမ်စား"သူကိုယ်တိုင်" သည် ခမည်းတော်ဖြစ်ကြောင်းကို လေးနက်စေပြီး တခြားသက်သေခံခြင်းမျှအရေးမကြီးပါ။ (ရှု၊ figs_rpronouns)

ခမည်းတော်

ဘုရားသခင်၏ အရေးကြီးသောဂုဏ်ပုဒ်တခု ဖြစ်သည်။ (ရှု၊ guidelines_sonofgodprinciples)

ငါပြုသော ထိုအမှုတို့သည်လည်း ငါ့ဘက်၌နေ၍၊ သက်သေခံကြ၏

ဤနေရာ၌ ယေရှုကထူးဆန်းသောနိမိတ်လက္ခဏာများ အားဖြင့် သူ့အကြောင်းကို "သက်သေခံ" သို့မဟုတ် " လူ တွေကိုပြောပြသည်။ တစ်နည်းအားဖြင့် "ငါလုပ်သောအ လုပ်က ငါ့ကိုဘုရားသခင်စေလွှတ်ကြောင်း ပြသသည်။" (ရှု၊ figs_personification)

နှုတ်ကပတ်တော်သည်လည်း သင်တို့၌မတည်။ အကြောင်းမူကား၊ စေလွှတ်တော်မူသောသူကို သင်တို့ သည် မယုံကြည်ဘဲနေကြ၏

"စေလွှတ်သောသူကို သင်တို့သည်မယုံကြည်၊ အကြောင်း မှာ သင်တို့အထဲ၌ သူ့စကားမတည်သောကြောင့်ဖြစ်သည်။

သင်တို့၌တည်

" သင်တို့အထဲ၌ အသက်ရှင် "

John 5:39-40

ထိုအထဲ၌ ထာဝရအသက်ကို ရမည်ဟု

"၎င်းကို ဖတ်ရှုခြင်းအားဖြင့် သင်တို့သည် ထာဝရအသက် ကိုရှာဖွေကြ၏" သို့မဟုတ် " ထာဝရအသက်ကို မည်ကဲ့ သို့ရနိုင်ကြောင်း ကျမ်းစာက ပြောပြမည်။"

သင်တို့သည် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ၊

" သင်တို့သည် ငါ့သတင်းကို ငြင်းဆန်ကြ၏"

John 5:41-42

ခံ

"လက်ခံ"

ဘုရားသခင်ကို ချစ်ခြင်းမေတ္တာသည် သင်တို့၌ မရှိ

ဆိုလိုနိုင်သည်မှာ ၁) " သင်တို့သည်ဘုရားသခင်ကို အမှန် တကယ်မချစ်" သို့မဟုတ် ၂) " သင်တို့သည် ဘုရားသခင် ၏ချစ်ခြင်းမေတ္တာကို အမှန်တကယ်လက်မခံ"

John 5:43-44

ငါသည်ခမည်းတော်၏အခွင့်နှင့်

ဤနေရာ၌ "အခွင့်" သည်ဘုရားသခင်၏ ဘုန်းတန်ခိုးနှင့် အခွင့်အာဏာကို ပုံဆောင်ထားသည်။ တစ်နည်းအားဖြင့် " ငါသည် ခမည်းတော်၏အခွင့်အာဏာနှင့် လာသည်။" (ရှု၊ figs_metonymy)

ခမည်းတော်

ဘုရားသခင်၏ အရေးကြီးသောဂုဏ်ပုဒ်တခု ဖြစ်သည်။ (ရှု၊ guidelines_sonofgodprinciples)

လက်ခံ

"လက်ခံ"

အခြားသော သူသည် မိမိအခွင့်နှင့်ရောက်လာလျှင်

စကားလုံး "အခွင့်" သည် အခွင့်အာဏာကို ကိုယ်စားပြု ထားသည်။ တစ်နည်းအားဖြင့် " အခြားသော သူသည် မိမိအခွင့်အာဏာနှင့်ရောက်လာလျှင်" (ရှု၊ figs_metonymy)

အချင်းချင်းပေးသော ဘုန်းအသရေကိုသာခံ၍၊ ဘုရားသခင်သာလျှင် ပေးတော်မူတတ်သော

ဤမှတ်ချက်သည် ပြောလိုသောအချက်ကို ပိုမိုလေးနက် စေလို၍ မေးခွန်းပုံစံဖြင့် ပေါ်လာခြင်းဖြစ်သည်။ တစ်နည်း အားဖြင့် " ဘုရားသခင်ကိုယုံကြည်နိုင်ရန် အချင်းချင်း ချီး မွမ်းခြင်းအားဖြင့် မဖြစ်နိုင်" (ရှု၊ figs_rquestion)

ယုံကြည်

ယေရှုခရစ်ကို ယုံကြည်ကိုးစားခြင်းဆိုလိုသည်။

John 5:45-47

သင်တို့ကို အပြစ်တင်သော သူတပါးရှိသေး၏။ ထိုသူကား သင်တို့ကို ကိုးစားသော မောရှေပေတည်း

" မောရှေ " ကို ပညတ်ကိုယ်စား အသုံးပြုထားပါသည်။ တစ်နည်းအားဖြင့် " မောရှေက ပညတ်အားဖြင့် သင်တို့ ကိုအပြစ်တင်၏။ သင်တို့က ပညတ်ကို မျှော်လင့်ထားကြ သည်။" (ရှု၊ figs_metonymy)

သင်တို့သည် ထင်ကြ၏

" သင်၏စိတ်ချယုံကြည်ခြင်း" သို့မဟုတ် " သင်၏ကိုး စားခြင်း"

သူရေးထားသောစာကို သင်တို့သည်မယုံလျှင်၊ ငါစကားကို အဘယ်သို့ယုံနိုင်မည်နည်း

ဤမှတ်ချက်သည် ပြောလိုသောအချက်ကို ပိုမိုလေးနက် စေလို၍ မေးခွန်းပုံစံဖြင့် ပေါ်လာခြင်းဖြစ်သည်။ တစ်နည်း အားဖြင့် "သူရေးထားသောစာများကို မယုံကြည်သော ကြောင့် ငါ၏စကားကိုလည်း ဘယ်တော့မှယုံကြည်မည် မဟုတ်" (ရှု၊ figs_rquestion)

ငါ၏စကားများ

"ငါပြောသောအရာများ"

John 12

John 12:44-45

ယေဘုယျအချက်အလက်

ယခုအချိန်၌ ယောဟန်သည် သမိုင်းကြောင်း၏ အဓိကအချက်အလက်ကို ပြန်လည်ဖော်ပြပေးသည်။ ဤအချိန်သည် ယေရှုကလူအုပ်ကြီးများအပေါ်စကားပြောခြင်းပြန်လည်အစပြုချိန်ဖြစ်သည်။

ယေရှုသည် အော်ဟစ်၍ စကားပြောနေသည်

ဤနေရာတွင် ယောဟန်က လူအုပ်ကြီးများသည် ယေရှု၏ စကား‌ပြောခြင်းကို ကြားနာရန်အတွက် စုရုံးလာကြသည် ဟုတင်ပြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယေရှုက အသံကျယ်စွာအော်သောအခါ လူအုပ်ကြီးများလည်း စုစည်းလာသည်" ဟူ၍ဖြစ်သည်။ (UDB) (ရှု၊ figs_explicit)

ငါ့ကို ကြည့်မြင်သောသူသည် ငါ့ကို စေလွှတ်တော်မူသောသူကို ကြည့်မြင်၏

ဤနေရာတွင် "သူ" ဟူသည့် စကားလုံးသည် ဘုရားသခင်ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့ကို ကြည့်မြင်သော သူသည် ငါ့ကိုစေလွှတ်သောသူကို ကြည့်မြင်၏"

John 12:46-47

ဆက်စပ်မှုဖော်ပြချက်

ယေရှုသည် လူအုပ်ထံသို့ ဆက်လက်၍ပြောဆိုနေသည်။

ငါသည်အလင်းဖြစ်လျက် ကြွလာပြီ

ဤနေရာတွင် "အလင်း" ဟူသည့် စကားလုံးသည် ဥပမာအားဖြင့် ယေရှုကို ဆိုလိုခြင်းဖြစ်သည်။ (ရှု၊ figs_metaphor)

မှောင်မိုက်၌မနေစေခြင်းငှါ

ဤနေရာတွင် "မှောင်မိုက်" ဟူသည့် စကားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို မထီမဲ့မြင်ပြုပြီး အသက်ရှင်သော သူကို ဥပမာအဖြစ်တင်စားခြင်းဖြစ်သည်။ (ရှု၊ figs_metaphor)

ငါ့စကားကိုကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသားတို့ကို ကယ်တင်အံ့သောငှါငါလာ၏

ဤနေရာတွင် "လောကကိုအပြစ်စီရင်ဖို့ရန်" ဆိုသည့် စကားလုံးသည် ပြစ်တင်ဝေဖန်ရှုံ့ချခြင်းကို ဆိုလိုသည်။ ယေရှုသည် လူသားများကို ပြစ်တင်ဝေဖန်ရှုံ့ချရန်အတွက် ကြွလာသည်မဟုတ်။ (ရှု၊ figs_explicit)

လောက

ဤနေရာတွင် "လောက" ဟူသည့် စကားလုံးသည် လောကီတွင် အသက်ရှင်နေထိုင်သော လူသားအားလုံးတို့ကို ကိုယ်စားပြု၍ ဖော်ပြခြင်းဖြစ်သည်။ (ရှု၊ figs_metonymy)

John 12:48-50

နောက်ဆုံးသောနေ့၌

"လူသားတို့၏ အပြစ်များအား ဘုရားသခင်စီရင်သော နေ့ရက်အချိန်၌"

ခမည်းတော်၏ပညတ်တော် သည် ထာဝရအသက်ဖြစ်သည်ကို ငါသိ၏

"ငါဟောပြောဖို့ရန်အတွက် ငါ့ထံသို့ သူပေးသော စကားလုံးသည် ထာဝရအသက်အတွက်ဖြစ်သည်ကို ငါသိ၏"

ခမည်းတော်

ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ guidelines_sonofgodprinciples)

John 13

John 13:1-2

ယေဘုအချက်အလက်

ပသခါပွဲမခံမှီ၌ ယေရှုသည် တမန်တော်များနှင့် နောက်ဆုံးညစာစားပွဲအတွက် ပြင်ဆင်ချိန်ဖြစ်သည်။ ဤကျမ်းပိုဒ်များသည် ယေရှုနှင့် ရှိမုန်၏သားယုဒ တို့၏ နောက်ခံသမိုင်းအကြောင်းနှင့် နောက်ခံအချက်အလက်များကိုရှင်းပြပေးသည်။ (ရှု၊ writing_background)

ခမည်းတော်

ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ guidelines_sonofgodprinciples)

ချစ်တော်မူသည်

ဘုရားသခင်ထံတော်၌ လာသောချစ်ခြင်းမေတ္တာမျိုးကို ဆိုလိုခြင်းဖြစ်သည်။ သူတစ်ပါးအတွက် ကောင်းကျိုးအကြောင်းကိုသာ ဦးတည်ခြင်းဖြစ်၍ မိမိအတွက်အကျိုးမရှိသည့်အချိန်မျိုးဖြစ်လျှင်လည်း ချစ်ခြင်းမေတ္တာထားခြင်းမျိုးဖြစ်သည်။ ဤကဲ့သို့သော ချစ်ခြင်းမေတ္တာသည် သူတို့ဘာလုပ်သည်ဟူ၍ အဓိကမထားဘဲသူတစ်ပါးကို စောင့်ရှောက်ပြုစုခြင်းကိုဆိုလိုသည်။

ကိုယ်တော်ကို အပ်နှံမည်အကြောင်း မာရ်နတ်သည် ရှိမုန်၏သားယုဒရှကာရုတ်၏ စိတ်နှလုံး၌ အကြံ ပေးသွင်းနှင့်သတည်း

"စိတ်နှလုံး၌ အကြံပေးသွင်းနှင့်သတည်း" ဆိုသည့် စကားရပ်သည် ဥပမာစကားဖြစ်၍ လူတစ်ဦးတစ်ယောက်အပေါ်အရေးတစ်ခုခုဖြစ်လာရန်အတွက် အကြံအစည်ပြုလုပ်ခြင်း ဟူ၍လည်းဆိုလိုသည်။ (ရှု၊ figs_idiom)

John 13:3-5

ခမည်းတော်

ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ guidelines_sonofgodprinciples)

အလုံးစုံတို့ကို သူ၏လက်သို့အပ်ပေးတော်မူသည်

ဤနေရာတွင် "သူ၏လက်သို့" ဟူသည့် စကားလုံးသည် အစွမ်းသတ္တိနှင့် အမိန့်အာဏာရှိခြင်းကို ဥပမာအလင်္ကာသုံး၍ ဖော်ပြခြင်းဖြစ်သည်။ (ရှု၊ figs_metonymy)

သူသည်ဘုရားသခင့်ထံ တော်မှ ထွက်လာသည်ကို၎င်း၊ ဘုရားသခင့်ထံတော်သို့ ကြွသွားမည်ကို၎င်း

ယေရှုသည် အစဉ်အမြဲခမည်းတော်နှင့် အတူရှိ၍လောကထဲ၌ ခမည်းတော်ပေးသော အလုပ်ကိုပြီးမြောက်ပါက ခမည်းတော်ထံသို့ပြန်သွားရန်ဖြစ်သည်။

စားပွဲမှထ၍ ဝတ်လုံတော်ကိုချွတ်ပြီးလျှင်၊ ပဝါကိုယူ၍ ခါးကိုစည်းတော်မူ၏ ... တပည့်တော်တို့၏ခြေကို ဆေးပြီး

အဘယ့်ကြောင့်ဆိုသော် ထိုဒေသသည် အလွန်ညစ်ပတ်၍ ထိုဒေသ၏ထုံးစံအရ ညစာစားဖို့ရန်အတွက်လာသော အထူးဧည့်သည်များ၏ခြေကို အစေခံလူတို့က ဆေးဖို့ရန်ဖြစ်သည်။ ယေရှုသည် ဝတ်လုံတော်ကိုချွတ်သည့်အခါ အစေခံလူနှင့်တူသည်။ ယေရှုသည် ဤနေရာတွင် တပည့်တော်တို့၏ ခြေကိုဆေးခြင်းအားဖြင့် အစေခံခြင်းအလုပ်ကိုပြုတော်မူသည်။

John 13:6-9

သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ခြေကိုဆေးတော်မူမည်လော

ရှိမုန်ပေတရု၏ မေးခွန်းသည်အား သူ၏ခြေကို ယေရှုကဆေးပေးရန် မလိုလားကြောင်းကို ညွှန်ပြသည်။ (ရှု၊ figs_rquestion)

သင့်ကို ငါမဆေးရလျှင် အသင်သည် ငါနှင့်အဆက်ဆံရ

ဤနေရာတွင် ယေရှုတုံ့ပြန်သော ဆန့်ကျင်ဘက်စကားနှစ်မျိုးကြောင့် ရှိမုန်ပေတရုက သူ၏ခြေကို ယေရှုကဆေးရန် ပြန်လည်လက်ခံသည်။ (ရှု၊ figs_doublenegatives နှင့် figs_explicit)

John 13:10-11

ဆက်စပ်မှုဖော်ပြချက်

ယေရှုသည် ရှိမုန်ပေတရုဆီသို့ ဆက်လက်စကားပြောသည်။

ယေဘုယျအချက်အလက်

ယေရှုသုံးသောစကား "သင်" သည် တမန်တော်အားလုံးကို ဆိုလိုခြင်းဖြစ်သည်။

ရေချိုးပြီးသောသူမည်သည်ကား၊ ခြေဆေးခြင်းမှတပါး ဆေးရသောအကြောင်းမရှိ

ဤနေရာတွင် "ရေချိုးပြီး" ဟူသည့် စကားလုံးသည် ဘုရားသခင်က လူတစ်ယောက်ကို ဝိညာဉ်တော်အားဖြင့် သန့်ရှင်းစေသည်ကို တင်စားဖော်ပြခြင်းဖြစ်သည်။ (ရှု၊ figs_metaphor)

သင်တို့တွင် အချို့မစင်ကြယ်

ယေရှုသည် တစ်စုံတစ်ယောက်က သူ့အပေါ်သစ္စာဖောက်လာမည်ကို သွယ်ဝိုက်ညွှန်းဆိုပြီး ယုဒရှကာရုတ်ကို အယုံအကြည်မရှိကြောင်းကို ဆိုလိုခြင်းဖြစ်သည်။ (ရှု၊ figs_explicit)

John 13:12-15

သင်တို့၌ ငါပြုခဲ့ သောအမှုကို နားလည်ကြသလော

မေးခွန်းပုံစံနှင့် ပေါ်လာသော ဤမှတ်ချက်သည် ယေရှုက တမန်တော်တို့အပေါ် ဘယ်အရာကို သင်ပေးရမလဲဆိုတာကို အရေးကြီးကြောင်း အလေးထားမှုရှိစေရန်ဖြစ်သည်။ (ရှု၊ figs_rquestion|Rhetorical Question)

သင်တို့သည် ငါ့ကိုအရှင်ဘုရားဟူ၍၎င်း၊ သခင်ဟူ၍၎င်းခေါ်တတ်ကြ၏

ဤနေရာတွင် ယေရှုက သူ၏တမန်တော်တို့သည် သူ့အားအလွန်လေးစားမှုရှိကြောင်း သွယ်ဝိုက်ညွှန်းဆိုသည်။ (ရှု၊ figs_explicit)

ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့သည်ပြုစုစေခြင်းငှါ ပုံသက်သေကို ပြခဲ့ပြီ

ယေရှုသည် သူကိုယ်တိုင်ပုံသက်သေကိုပြခဲ့ပြီးဖြစ်သဖြင့် သူ၏တမန်တော်တို့သည်လည်း သူတို့အချင်းချင်း တစ်ဦးနှင့် တစ်ဦးအပေါ် အစေခံခြင်းငှာ သွယ်ဝိုက်ညွှန်းဆိုခြင်းဖြစ်သည်။ (ရှု၊ figs_explicit)

John 13:16-18

ဆက်စပ်မှုဖော်ပြချက်

ယေရှုသည် သူ၏တမန်တော်တို့အပေါ် ဆက်လက်စကားပြောဆိုသည်။

အမှန်အကန်

ရှင်ယောဟန် ၁:၄၉ ဘာသာပြန်ထားချက်တွင်ကြည့်ရန်။

သာ၍ ကြီးမြတ်သည်

တစ်ဦးတစ်ယောက်သည် သာ၍အရေးကြီးသော သို့မဟုတ် သာ၍အစွမ်းထက်သော၊ တစ်ဦးတစ်ယောက်သည် ပို၍လွယ်ကူသောဘဝရှိနိုင်ဖို့ရန် သို့မဟုတ် သာ၍နှစ်လိုဖွယ်ဘဝရှိနိုင်ဖို့ရန်အတွက်ဟူ၍ဖြစ်သည်။

မင်္ဂလာရှိကြ၏

ဤနေရာတွင် "မင်္ဂလာ" ဆိုသည့် စကားလုံးသည် လူတစ်ယောက်အပေါ်ကောင်းသော အကျိုးကျေးဇူးများကို ဖြစ်ပေါ်စေသောအကြောင်းကိုဆိုလိုခြင်းဖြစ်သည်။ ပြုခြင်းပြကြိယာအနေနှင့်လည်း ဘာသာပြန်နိုင်သည်။ (ရှု၊ figs_activepassive)

ကျမ်းစာချက် ပြည့်စုံစေမည်အကြောင်း

ပြုခြင်းပြကြိယာအနေနှင့်လည်း ဘာသာပြန်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဤအကြောင်းအရာသည် ကျမ်းစာပြည့်စုံခြင်းငှာ"(ရှု၊ figs_activepassive)

ငါနှင့်အတူစားသောသူသည် ငါ့ကိုခြေနှင့်ကျောက်သတည်း

ဤနေရာတွင် "ငါ၏ အစာကိုစားသောသူ" ဟူသည့် စာကြောင်းသည် ဓလေ့သုံးစကားဖြစ်၍မိတ်ဆွေလိုဟန်ဆောင်သော လူတစ်ဦးဦးကိုလိုခြင်းဖြစ်သည်။ "ခြေနှင့်ကျောက်သတည်း" ဆိုသည့် စာကြောင်းသည်လည်း ဓလေ့သုံးစကားဖြစ်၍ မိတ်ဆွေဖြစ်ပြီးမှ ရန်သူဖြစ်လာသော လူတစ်ဦးဦးကိုဆိုလိုခြင်းဖြစ်သည်။ မိမိ၏ဘာသာစကားနှင့် ဓလေ့သုံးစကားရှိလာပါက ဤနေရာတွင် သုံးပြီးဘာသာပြန်နိုင်သည်။ (ရှု၊ figs_idiom)

John 13:19-20

မရောက်မှီ ယခုပင် သင်တို့အားငါပြောနှင့်ပြီ

"ငါယခု ဖြစ်လာမည့်အရာ ဖြစ်မလာခင် ပြောပြနေခြင်းဖြစ်သည်"

ငါသည် ဤမည်သောသူဖြစ်သည်ကို သင်တို့သည် ယုံကြည်စေခြင်းငှါ

ဖြစ်နိုင်ခြေရှိသော အဓိပ္ပာယ်များမှာ ၁) ယေရှုသည် သူကိုယ်တိုင် ရာဝိဒ်ဖြစ်ကြောင်းကို မောရှီထံသို့ ဖော်ထုတ်၍ "ငါ" ဆိုသည့် စကားလုံးကို သုံးသပ်သည်။ သို့မဟုတ် ၂) ယေရှုက "ငါပြောပြသည့် သူသည် ငါသာဖြစ်သည်" ဟူ၍၎င်း၊ ယေရှုက သူကိုယ်တိုင်ရာဝိဒ်ဖြစ်ကြောင်းကို ဆိုလိုခြင်းဖြစ်သည်။

ငါအမှန်အကန်ဆိုသည်ကား

ရှင်ယောဟန် ၁:၄၉ ဘာသာပြန်ထားချက်တွင်ကြည့်ရန်။

John 13:21-22

ပူပန်ခြင်းရှိ၏

စိုးရိမ်သည်၊ စိတ်မကောင်း။

အမှန်အကန်ဆိုသည်ကား

ရှင်ယောဟန် ၁:၄၉ ဘာသာပြန်ထားချက်တွင်ကြည့်ရန်။

အဘယ်သူကိုရည်ဆောင်၍ မိန့်တော်မူသည်ကိုတပည့်တော်တို့သည် တွေးတောခြင်းရှိသဖြင့်၊ အချင်း ချင်း တယောက်ကိုတယောက် ကြည့်ရှုကြ၏

တပည့်တော်တို့သည် ဘယ်သူကယေရှုအပေါ်သစ္စာဖောက်မည်နည်းဟု အံ့အားသင့်ပြီး တစ်ယောက်နှင့် တစ်ယောက်ကြည့်ကြသည်။

John 13:23-25

ယေရှုချစ်တော်မူသောတပည့်တော်သည်

ယောဟန်ကို ရည်ညွှန်းခြင်းဖြစ်သည်။

စားပွဲ၌လျောင်းသော

လောကမှာ ယေရှုရှိသည့် အချိန်၌ ယုဒလူမျိုးတို့သည် တခါတရံ ဂရိဓလေ့ထုံးစံအတိုင်းညစာစားကြသည့်အခါ နိမ့်သော ဆိုဖာရှည်များဘက်ခြမ်းများ၌ အစားအစာများခင်းကြသည်။ (ရှု၊ figs_explicit)

ယေရှု၏ရင်ခွင်တော်ကိုမှီ၍

ဂရိလူမျိုးတို့၏ ဓလေ့ထုံးစအရ ညစာစားပွဲလုပ်ရာ၌ လူတစ်ဦးသည် တစ်ဦးဘက်ခြမ်းသို့ ခေါင်းလျောင်းခြင်းသည် အကြီးမားဆုံးမိတ်သဟာရဖွဲ့ခြင်းဖြစ်သည်ဟု ယူဆသည်။

ချစ်တော်မူသော

ဤကဲ့သို့ချစ်ခြင်းမေတ္တာသည် ဘုရားသခင်ထံမှ လာ၍ သူတစ်ပါး၏ ကောင်းကျိုးအကြောင်းကို အကြွင်းမဲ့အာရုံစိုက်ခြင်းကို ဆိုလိုသည်။ ဤကဲ့သို့သော ချစ်ခြင်းမေတ္တာသည်လည်း သူတစ်ပါးက သူ့အပေါ်ဘယ်အရာလုပ်သည်ဖြစ်စေ ချစ်ခြင်းမေတ္တာထား၍ စောင့်ရှောက်ပြုစုခြင်းမျိုးဖြစ်သည်။

John 13:26-27

ရှကာရုတ်

ယုဒသည် ရှကာရုတ်ရွာမှ လာသောလူဖြစ်သည်ကို ရည်ညွှန်းသည်။ (ရှု၊ writing_background)

မုန့်တလုပ်စာကို နှစ်ပြီး

"ယုဒက မုန့်ယူသည်" ဆိုသည့် စကားလုံးသည် အခြေအနေကို နားလည်သဘောပေါက်စေခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယုဒက မုန့်တလုပ်စာကို ယူပြီးနောက်" (ရှု၊ figs_ellipsis)

စာတန်သည် သူ့အထဲသို့ဝင်လေ၏

စာတန်သည် ယုဒကိုလုံးလုံးလျားလျား ထိန်းချုပ်ထားသည်ဟု ဥပမာစကားအဖြစ် အသုံးပြုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "စာတန်သည် သူ့အပေါ်ထိန်းချုပ်ထားသည်" သို့မဟုတ် "စာတန်သည် သူ့အပေါ်အမိန့်ပေးရန် အစပြုလာသည်" (ရှု၊ figs_idiom)

ယေရှုကလည်း

ဤနေရာတွင် ယေရှုသည် ယုဒထံသို့ စကားဆက်လက်ပြောဆိုသည်။

သင်ပြု ရသောအမှုကို အလျင်အမြန်ပြုလော့

"သင်ပြုလုပ်ရန် စီစဉ်သောအလုပ်ကို အလျင်အမြန် လုပ်လော့"

John 13:28-30

ဆင်းရဲသောသူတို့အား တစုံတခုကိုပေးလော့

တိုက်ရိုက်ကိုးကားဘာသာပြန်နိုင်သည်။ "သင်သည် သွား၍ ငွေးသားအချို့ကို ဆင်းရဲသားများအားပေးလော့"

ယုဒရှကာရုတ်သည် မုန့်တလုပ်စာကိုခံပြီးမှ ချက်ခြင်းထွက်သွား၏။ ထိုအချိန်ကားညအချိန်ဖြစ်၏

ယောဟန်သည် ဤနေရာတွင် ယုဒသည် ယုတ်မာသော အလုပ်လုပ်မည် သို့မဟုတ် မှောင်မိုက်သောအလုပ်ကို ညအမှောင်ထုထဲ၌ လုပ်မည်ဟု ဖော်ပြချင်သော ဟန်ချက်နှင့်တူသည်။ (ရှု၊ writing_background|Background Information)

John 13:31-33

ယခုတွင်လူသားသည် ဘုန်းထင်ရှားခြင်းရှိသည်ဖြစ်၍၊ ဘုရား သခင်သည်လည်း လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိ၏

ပြုခြင်းပြကြိယာအနေနှင့် ဘာသာပြန်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယခုအချိန်တွင် လူအပေါင်းတို့သည် လူသား ဂုဏ်သိက္ခာခံယူမည့်အကြောင်းကို မြင်ရမည်ဖြစ်၍ ဘုရားသခင်သည်လည်း လူသား၏လုပ်ရပ်ကြောင့် ဂုဏ်သိက္ခာခံယူရမည်ဖြစ်သည်" (ရှု၊ figs_activepassive)

ဘုရားသခင်သည် လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိလျှင်၊ ဘုရားသခင်သည် ကိုယ်တော်တိုင် အားဖြင့် သူ၏ဘုန်းကို ထင်ရှားစေတော်မူလိမ့်မည်

"သူ" ဟူသည့် ဝေါဟာရသည် လူသားကို ရည်ညွှန်းခြင်းဖြစ်သည်။ "ကိုယ်တော်တိုင်" ဆိုသည့် စကားလုံးသည်လည်း နာမ်စားအနေနှင့် သုံးသောစကားလုံးဖြစ်၍ ဘုရားသခင်ကို ရည်ညွှန်းခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်ကိုယ်တိုင်က လူသားအပေါ်တိုက်ရိုက် ဂုဏ်သိက္ခာသင်လိမ့်မည်ဖြစ်သည်" (ရှု၊ figs_rpronouns)

ချစ်သားတို့

ယေရှုက "ချစ်သားတို့" ဟူသည့် ဝေါဟာရကို သုံးသည့်အခါ ချစ်သောတပည့်တော်တို့ကို သူ၏သားအရင်းများကဲ့သို့ ဆက်ဆံစကားပြောခြင်းကိုဆိုလိုသည်။

ယုဒတို့အား ငါပြောသကဲ့သို့

ဤနေရာတွင် "ဂျူးလူမျိုးများ" ဟူသည့် စကားလုံးသည် ယေရှုကို ဆန့်ကျင်သော ဂျူးလူမျိုးခေါင်းဆောင်များကို ဆိုလိုခြင်းဖြစ်သည်။ (ရှု၊ figs_synecdoche)

John 13:34-35

ဆက်စပ်မှုဖော်ပြချက်

ယေရှုသည် သူ၏တပည့်တော်တို့ထံ ဆက်လက်၍ စကားပြောနေသည်။

ချစ်သည်

ဤကဲ့သို့ချစ်ခြင်းမေတ္တာသည် ဘုရားသခင်ထံမှ လာ၍ သူတစ်ပါး၏ ကောင်းကျိုးအကြောင်းကို အကြွင်းမဲ့အာရုံစိုက်ခြင်းကို ဆိုလိုသည်။ ဤကဲ့သို့သော ချစ်ခြင်းမေတ္တာသည်လည်း သူတစ်ပါးက သူ့အပေါ်ဘယ်အရာလုပ်သည်ဖြစ်စေ ချစ်ခြင်းမေတ္တာထား၍ စောင့်ရှောက်ပြုစုခြင်းမျိုးဖြစ်သည်။

လူအပေါင်း

တပည့်တော်တို့ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ချစ်ကြသည်ကို လွန်ကဲစွာဖော်ပြခြင်းသည် ပွင့်လင်းသော ဖော်ပြခြင်းဖြစ်သည်။ (ရှု၊ figs_hyperbole)

John 13:36-38

အကျွန်ုပ်၏အသက်ကို စွန့်ပါမည်

"ငါ၏ အသက်ကို စွန့်လွှတ်သည်" သို့မဟုတ် "အသက် ဆုံးရှုံးသည်"

ငါ့အဘို့သင့်အသက်ကိုစွန့်မည်လော

ဤအမှတ်အသားစကားသည် မေးခွန်းပုံစံနှင့်ပြောသောစကားဖြစ်ပြီး ယေရှုပြောဆိုချက်ကို အလေးထားခြင်းဖြစ်သည်။ (ရှု၊ figs_rquestion)

ကြက်မတွန်မှီသင်သည် သုံးကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်

"ကြက်မတွန်မှီ သင်သည် သုံးကြိမ်တိုင် ငါ့ကို မသိဘူးဟု ငြင်းပယ်လိမ့်မည်"

John 14

John 14:1-3

ဆက်စပ်မှုဖော်ပြချက်

ပြီးခဲ့သည့် အခန်းကြီးမှ ဖြစ်ရပ်ကို ဆက်လက်ဖော်ဆောင်သည်။ ယေရှုသည် တပည့်တော်တို့နှင့် စားပွဲပေါ်တွင် လှဲလျောင်း၍ သူတို့အပေါ် စကားဆက်လက်ပြောဆိုသည်။

သင်တို့ စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်

ဤနေရာတွင် "စိတ်နှလုံး" ဟူသည့် စကားလုံးသည် လူတစ်ဦး၏ အတွင်းကျကျစိတ်ဖြစ်တည်ခြင်းကို ဥပမာစကားသုံး၍ ဖော်ပြခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အလွန်သောကရောက်နေခြင်းနှင့် စိတ်ပူပန်ခြင်းကို ရပ်တန့်ပါ" (ရှု၊ figs_idiom)

ငါ့အဘ၏အိမ်တော်၌ နေစရာအခန်းများရှိ၏

"ငါ့အဘအိမ်၌ နေစရာနေရာအများကြီးရှိသည်"

ငါ့အဘ၏အိမ်တော်၌

ဘုရားသခင်တည်ရှိနေသောနေရာ ကောင်းကင်ဘုံကိုရည်ညွှန်းခြင်းဖြစ်သည်။

ခမည်းတော်

ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ guidelines_sonofgodprinciples)

နေစရာအခန်းများ

"အခန်းများ" ဟူသည့် ဝေါဟာရသည် တစ်ဦးတစ်ယောက်နေသောအခန်း သို့မဟုတ် ပို၍ကျယ်သော အခန်းကို ရည်ညွှန်းပြီး ဖော်ပြနိုင်သည်။

သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏

သူ့ကိုယုံကြည်သောသူတိုင်းအတွက် ယေရှုသည် ကောင်းကင်ဘုံ၌ နေစရာနေရာပြင်ဆင်လိမ့်မည်။ "သင်" ဆိုသည့် စကားလုံးသည် ဤနေရာတွင် အများနှင့်ဆိုင်၍ တပည့်တော်တို့ကို ရည်ညွှန်းခြင်းဖြစ်သည်။ (ရှု၊ figs_you)

John 14:4-7

လမ်းခရီးကိုအဘယ်သို့ သိနိုင်ပါမည်နည်း

"ထိုနေရာသို့ရောက်မည်ကို အကျွန်ုပ်တို့မည်သို့သိနိုင်မည်နည်း"

လမ်းခရီး

ဤအရာသည် ဥပမာနှင့်ပြောသောစကားဖြစ်၍ဖြစ်နိုင်ချေအဓိပ္ပာယ်များမှာ ၁) "ဘုရားသခင်ဆီသို့ သွားသောလမ်းခရီး" သို့မဟုတ် ၂) "ဘုရားသခင်ထံသို့ လူအများတို့ကို ခေါ်ဆောင်သွားသော သူတစ်ဦး" ဟူ၍အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။

သမ္မာတရား

ဤအရာသည် ဥပမာနှင့်‌ပြောသောစကားဖြစ်၍ ဖြစ်နိုင်ချေ အဓိပ္ပာယ်များမှာ ၁) ဖြောင့်မှန်သောသူ သို့မဟုတ် ၂) ဘုရားသခင်၏ဖြောင့်မတ်ခြင်းအကြောင်းကို ပြောပြသောသူဟူ၍ဖြစ်သည်။ (ရှု၊ figs_metaphor)

အသက်

ဥပမာနှင့်ပြောသောစကားဖြစ်၍ "ယေရှုသည် လူအပေါင်းတို့ကို အသက်ပေးဆပ်နိုင်သောသူဖြစ်သည်" ဟု အဓိပ္ပာယ်ရသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူအပေါင်းတို့ကို အသက်ပေးနိုင်သောသူ" (ရှု၊ figs_metaphor)

ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ

ယေရှုကို ယုံကြည်ခြင်းကြောင့်သာ လူသားတို့သည် ဘုရားသခင်ထံသို့လာနိုင်၍ အတူအသက်ရှင်ခွင့်ရနိုင်သည်။ (UDB) (ရှု၊ figs_explicit)

ခမည်းတော်

ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ guidelines_sonofgodprinciples)

John 14:8-9

သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ

"ခမည်းတော်" ဟူသည့် စကားလုံးသည် ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ guidelines_sonofgodprinciples)

ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေး သလော

ဤအမှတ်အသားစကားသည် မေးခွန်းပုံစံနှင့်ပြောသောစကားဖြစ်ပြီး ယေရှု၏ပြောဆိုချက်ကို အလေးထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဖိလိပ္ပု၊ ငါသည် တပည့်တော်တို့နှင့်အတူ အချိန်ကြာရှည်စွာနေခဲ့ပြီးဖြစ်သည်။ ယခုအချိန်ဆိုလျှင် သင်သိသင့်ပါပြီ" (ရှု၊ figs_rquestion)

ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏

ဘုရားသခင်၏သားတော် ယေရှုကိုမြင်ခြင်းသည် ခမည်းတော်ဖြစ်သော ဘုရားသခင်ကိုမြင်ခြင်းပင်ဖြစ်သည်။ (ရှု၊ guidelines_sonofgodprinciples)

ခမည်းတော်ကို အကျွန်ုပ်တို့အား ပြ တော်မူပါဟု သင်သည်အဘယ်သို့ဆိုသနည်း

ဤအမှတ်အသားစကားသည် မေးခွန်းပုံစံနှင့် ပြောသောစကားဖြစ်ပြီး ယေရှုက ဖိလိပ္ပုအပေါ်သို့ပြောဆိုချက်ကို အလေးထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ ဟူ၍ သင်တကယ်မပြောသင့်ပါ" (ရှု၊ figs_rquestion)

John 14:10-11

ဆက်စပ်မှုဖော်ပြချက်

ယေရှုသည် ဖိလိပ္ပုကိုမေးခွန်းတစ်ခုမေးပြီးနောက် သူ၏တပည့်တော်တို့နှင့် စကားဆက်လက်ပြောဆိုသည်။

ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို မယုံသလော

ဤအမှတ်အသားစကားသည် မေးခွန်းပုံစံနှင့်ပြောသောစကားဖြစ်ပြီးယေရှုက ဖိလိပ္ပုအပေါ်သို့ပြောဆိုချက်ကို အလေးထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့ကို ... သင်တကယ်ယုံကြည်သင့်သည်" (ရှု၊ figs_rquestion)

ခမည်းတော်

ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ guidelines_sonofgodprinciples)

ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်

"သင်တို့အပေါ်ငါပြောသောအရာသည် ငါ့သဘောတိုင်းပြောသည်မဟုတ်" သို့မဟုတ် "သင်တို့အပေါ်ငါပြောသောစကားများသည် ငါ့စကားမဟုတ်ပေ။"

သင်တို့အပေါ် ငါဟောပြောသောစကား

ဤနေရာတွင် "သင်" ဟူသည့်စကားသည် လူအများကိုဖော်ပြခြင်းဖြစ်သည်။ ယခုအချိန်တွင် ယေရှုသည် တပည့်တော်အားလုံးအား စကားပြောနေသည်။

ငါသည် ခမည်းတော်၌ ရှိသည်၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်

ဓလေ့သုံးစကားဖြစ်၍ ခမည်းတော်ဘုရားနှင့် ယေရှုသည် တမူထူးခြားသော အဆက်အသွယ်ရှိခြင်းကို ဆိုလိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် ခမည်းတော်နှင့် တစ်ဆူဖြစ်၍၊ ခမည်းတော်သည်လည်း ငါနှင့်တစ်ဆူဖြစ်သည် သို့မဟုတ် ငါ့အဘနှင့်ငါသည် နှစ်ဦးဖြစ်သော်လည်း ကျွန်ုပ်တို့သည် တစ်ဆူဖြစ်သည်" (ရှု၊ figs_idiom)

John 14:12-14

ငါအမှန်အကန်ဆိုသည်ကား

ရှင်ယောဟန် ၁:၄၉ ဘာသာပြန်ထားချက်တွင်ကြည့်ရန်။

ငါ့ကိုယုံကြည်သောသူ

ယေရှုအား ဘုရားသခင်၏သားတော်အဖြစ် ယုံကြည်သည်ကိုဆိုလိုသည်။

ငါ၏နာမကိုအမှီပြုလျက် ဆုတောင်းသမျှ

ဤနေရာတွင် "နာမ" ဟူသည့် စကားလုံးသည် ဥပမာအနေဖြင့် ယေရှု၏ ဩဇာကို ကိုယ်စားပြု၍ ဖော်ပြခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တောင်းသမျှအားလုံးတို့တွင် ငါ့ဩဇာကိုအသုံးပြုလော့" (ရှု၊ figs_metonymy)

အကြောင်းမူကာ၊ ခမည်း တော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်းရှိမည်အကြောင်းတည်း

ပြုခြင်းပြကြိယာအနေဖြင့် ဘာသာပြန်လို့ရသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ၏အဘ မည်မျှကြီးမြတ်ကြောင်းကို အားလုံးအပေါ်သို့ငါပြနိုင်သည်" (ရှု၊ figs_activepassive)

ခမည်းတော် ... သားတော်

ဘုရားသခင်နှင့် ယေရှုအကြား ပေါင်းသင်းဆက်ဆံခြင်း၌ အရေးကြီးသော ဂုဏ်ပုဒ်တို့ကိုဖော်ပြခြင်းဖြစ်သည်။ (ရှု၊ guidelines_sonofgodprinciples)

သင်တို့သည် ငါ၏နာမကိုအမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြုမည်

ဤနေရာတွင် "နာမ" ဟူသည့် စကားလုံးသည် ဥပမာအနေဖြင့် ယေရှု၏ ဩဇာကို ကိုယ်စားပြု၍ ဖော်ပြခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ၏ တပည့်များကဲ့သို့ တစ်စုံတစ်ခုတောင်းလာလျှင်ငါပြုမည်" သို့မဟုတ် "ဘာမဆို သင်ငါ့ကိုတောင်းပါက ငါပြုမည် အဘယ်ကြောင့်ဆိုသော် သင်သည် ငါ၏အဖွဲ့ဝင်ဖြစ်သည်" (ရှု၊ figs_metonymy)

John 14:15-17

ဥပဇ္ဈယ်ဆရာ

သန့်ရှင်းသော ဝိညာဉ်တော်ကို ရည်ညွှန်းခြင်းဖြစ်သည်။

သမ္မာတရားကိုပြသော

ဘုရားသခင်၏ ဖြောင့်မှန်သော အကြောင်းကို လူမျိုးတို့အား သွန်သင်ပေးသည့် သန့်ရှင်းသောဝိညာဉ်တော်ကို ရည်ညွှန်းခြင်းဖြစ်သည်။

လောကီသားတို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ

ဤနေရာတွင် "လောကီ" ဟူသည့် စကားလုံးသည် ဥပမာစကားနှင့်ပြောခြင်းဖြစ်၍ ဘုရားသခင်ကို ဆန့်ကျင်သောသူဟု ရည်ညွှန်းခြင်းဖြစ်သည်။ (ရှု၊ figs_metonymy)

John 14:18-20

ငါသည် သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှါ စွန့်ပစ်မည်မဟုတ်

တပည့်တော်တို့အတွက် စောင့်ရှောက်ပြုစုမည့်သူတစ်ဦးတစ်ယောက်မှမရှိသကဲ့သို့ ယေရှုသည် တပည့်တော်တို့အား စွန့်ပစ်ထားမည်မဟုတ်ကြောင်းကို ဤနေရာတွင် သွယ်ဝိုက်ညွှန်းဆိုခြင်းဖြစ်သည်။ (ရှု၊ figs_explicit)

လောကီသား

ဤနေရာတွင် "လောကီသား" ဟူသည့် စကားလုံးသည် ဥပမာနှင့်‌ပြောသောစကားဖြစ်၍ ဘုရားသခင်ကိုပိုင်ဆိုင်ပတ်သတ်မှုမရှိသော လူတို့ကို ဆိုလိုခြင်းဖြစ်သည်။ (ရှု၊ figs_metonymy)

ငါသည် ခမည်းတော်၌ရှိသည်ကို သင်တို့သည် သိရကြလိမ့်မည်

ဘုရားသခင် ခမည်းတော်နှင့် ယေရှုသည် လူတစ်ဦးကဲ့သို့ဖြစ်သည်ဟုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ၏ အဘနှင့် ငါသည် လူတစ်ဦးပင်ဖြစ်သည်ကို သင်တို့သိကြပါလိမ့်မည်"

ခမည်းတော်

ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ guidelines_sonofgodprinciples)

သင်တို့သည်ငါ၌ရှိသည် ငါသည် သင်တို့၌ရှိသည်

"ငါနှင့်သင်တို့သည် လူတစ်ဦးကဲ့သို့ပင်ဖြစ်သည်"

John 14:21-22

ချစ်သည်

ဤကဲ့သို့ချစ်ခြင်းမေတ္တာသည် ဘုရားသခင်ထံမှ လာ၍ သူတစ်ပါး၏ ကောင်းကျိုးအကြောင်းကို အကြွင်းမဲ့အာရုံစိုက်ခြင်းကို ဆိုလိုသည်။ ဤကဲ့သို့သော ချစ်ခြင်းမေတ္တာသည်လည်း သူတစ်ပါးက သူ့အပေါ်ဘယ်အရာလုပ်သည်ဖြစ်စေ ချစ်ခြင်းမေတ္တာထား၍ စောင့်ရှောက်ပြုစုခြင်းမျိုးဖြစ်သည်။

ငါ့ကိုချစ်သောသူကို ငါ့ ခမည်းတော်သည်ချစ်တော်မူမည်

ပြုခြင်းပြကြိယာအနေနှင့် ဘာသာပြန်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့ကိုချစ်သောသူသည် ငါ့ခမည်းတော်ကလည်း ချစ်ပါလိမ့်မည်" (ရှု၊ figs_activepassive)

ခမည်းတော်

ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ guidelines_sonofgodprinciples)

ယုဒ

ဤနေရာ "ယုဒ" သည် ယေရှုကိုလိမ်လည်လှည့်ဖြားသော ရှကာရုတ်ရွာသား ယုဒမဟုတ်ပါ၊ တပည့်တော်တို့တွင် ယုဒအမည်ရှိသော သူကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ (ရှု၊ translate_names)

အကျွန်ုပ်တို့အား အဘယ်သို့ ထင်ရှားတော်မူမည်နည်းဟု မေးလျှောက်၏

ဤနေရာတွင် "ထင်ရှား" ဟူသည့်စကားလုံးသည် ယေရှုအားမည်မျှထိ အံ့ဩစရာကောင်းကြောင်း ထုတ်ဖော်ပြောဆိုခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။

လောကီသားတို့အား မထင်ရှား

ဤနေရာတွင် "လောကီသား" ဟူသည့် စကားလုံးသည် ဥပမာနှင့်‌ပြောသော စကားလုံးဖြစ်၍ ဘုရားသခင်ကို ဆန့်ကျင်သော လူတို့အတွက် ကိုယ်စားပြုသော စကားလုံးအသုံးအနှုန်းဖြစ်သည်။ (ရှု၊ figs_metonymy)

John 14:23-24

ဆက်စပ်မှုဖော်ပြချက်

ယေရှုသည် ယုဒ (ရှာကရုတ်မဟုတ်) ကိုတုံ့ပြန်သည်။

ငါ့ကိုချစ်သောသူသည် ငါ့စကားကို နားထောင်လိမ့်မည်

"ငါ့ကိုချစ်သော သူသည် ငါပြောသည့်အလုပ်ကိုလုပ်လိမ့်မည်"

ချစ်သည်

ဤကဲ့သို့ချစ်ခြင်းမေတ္တာသည် ဘုရားသခင်ထံမှ လာ၍ သူတစ်ပါး၏ ကောင်းကျိုးအကြောင်းကို အကြွင်းမဲ့အာရုံစိုက်ခြင်းကို ဆိုလိုသည်။ ဤကဲ့သို့သော ချစ်ခြင်းမေတ္တာသည်လည်း သူတစ်ပါးက သူ့အပေါ်ဘယ်အရာလုပ်သည်ဖြစ်စေ ချစ်ခြင်းမေတ္တာထား၍ စောင့်ရှောက်ပြုစုခြင်းမျိုးဖြစ်သည်။

ငါ၏ ခမည်းတော်

ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ guidelines_sonofgodprinciples)

ငါတို့သည်လည်း၊ သူဆီသို့ကြွ၍ နေရာချမည်

ယေရှုမိန့်တော်မူသည်ကို နာခံသော သူအပေါင်းတို့ကိုခမည်းတော်နှင့် သားတော်တို့က ထိုသူတို့နှင့်အတူ အသက်ကိုခံစားမည်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့သည် ထိုသူနှင့်အတူနေပြီး ထိုသူနှင့်အတူကိုယ်ပိုင်မိတ်သဟာရဖွဲ့ခြင်းကိုပြုမည်" (ရှု၊ figs_explicit)

သင်တို့ကြားသောစကားသည် ငါ့စကားမဟုတ်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏စကားတော်ဖြစ်၏

"သင်တို့ဆီငါပြောသော စကားသည် ငါကိုယ်တိုင်ဆုံးဖြတ်၍ ပြောသောစကားမဟုတ်ပေ" (UDB)

စကား

သတင်း။

သင်တို့ကြားသောစကားသည်

ဤနေရာတွင် ယေရှု၏ "သင်တို့" ဟူသည်မှာ တပည့်တော်တို့အားလုံးကိုပြောခြင်းဖြစ်သည်။

John 14:25-27

ခမည်းတော်

ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ guidelines_sonofgodprinciples)

လောကီသား

ဤနေရာတွင် "လောကီသား" ဟူသည့် စကားလုံးသည် ဥပမာနှင့်ပြောသောစကားလုံးဖြစ်၍ ဘုရားသခင်ကို ပိုင်ဆိုင်ပတ်သက်မှုမရှိသော လူတို့ကိုပြောဆိုခြင်းဖြစ်သည်။ (ရှု၊ figs_metonymy)

သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်

ဤနေရာတွင် "စိတ်နှလုံး" ဟူသည့် စကားလုံးသည် ဥပမာနှင့်ပြောသောစကားဖြစ်၍ လူတစ်ဦး၏ အတွင်းကျကျခံစားမှုကို ဆိုလိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "စိုးရိမ်ကြောင့်ကြမှု ရပ်တန့်၍ ကြောက်ရွံ့ခြင်းမရှိပါစေနှင့်" (ရှု၊ figs_idiom and figs_personification)

John 14:28-31

ချစ်သည်

ဤကဲ့သို့ချစ်ခြင်းမေတ္တာသည် ဘုရားသခင်ထံမှ လာ၍ သူတစ်ပါး၏ ကောင်းကျိုးအကြောင်းကို အကြွင်းမဲ့အာရုံစိုက်ခြင်းကို ဆိုလိုသည်။ ဤကဲ့သို့သော ချစ်ခြင်းမေတ္တာသည်လည်း သူတစ်ပါးက သူ့အပေါ်ဘယ်အရာလုပ်သည်ဖြစ်စေ ချစ်ခြင်းမေတ္တာထား၍ စောင့်ရှောက်ပြုစုခြင်းမျိုးဖြစ်သည်။

ခမည်းတော်ထံသို့ ငါသွားမည်

ဤနေရာတွင် ယေရှုသည် ခမည်းတော်ထံသို့ပြန်သွားမည့်အကြောင်းကို သွယ်ဝိုက်ညွှန်းဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် ခမည်းတော်ထံသို့ ပြန်သွားမည်" (ရှု၊ figs_explicit)

ခမည်းတော်သည် ငါ့ထက်သာ၍ ကြီးမြတ်တော်မူ၏

လောကထဲ သားတော်တည်ရှိနေသည့်အချိန်တွင် ခမည်းတော်သည် သားတော်ထက်သာ၍ ဩဇာကြီးကြောင်းကို ယေရှုက ဤနေရာတွင်သွယ်ဝိုက်ညွှန်းဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ခမည်းတော်သည် ဤနေရာတွင် ငါ့ထက်သာ၍ ကြီးမားသောဩဇာရှိသည်" (ရှု၊ figs_explicit)

ခမည်းတော်

ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ guidelines_sonofgodprinciples)

John 15

John 15:1-2

ငါသည်မှန်သော စပျစ်နွယ်ပင်ဖြစ်၏

ဤနေရာတွင် စပျစ်နွယ်သည် တင်စားထားခြင်းဖြစ်သည်။ ယေရှုသည် မိမိကိုယ်ကို စပျစ်ပင် သို့မဟုတ် စပျစ်နွယ်နှင့် နှိုင်းယှဉ်ထားသည်။ သူသည် အသက်၏အရင်းအမြစ်ဖြစ်ပြီး ဘုရား၏ကြွယ်ဝခြင်းများကို လူသားများခံစားရရှိစေသည့် အရင်းအမြစ်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်သည် ကောင်းသောအသီးကို ထုတ်လုပ်ပေးသော စပျစ်နွယ်ပင်ကဲ့သို့ဖြစ်သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metaphor/01.md]])

ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏

ဉယျာဉ်မှူးသည် ပုံဆောင်ချက်ဖြစ်သည်။ ဉယျာဉ်မှူးတစ်ယောက်သည်ကောင်းမွန်သော အသီးများသီးစေရန် စပျစ်ပင်များကို စောင့်‌ရှောက်ကြည့်ရှုသူဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metaphor/01.md]])

ငါ့ခမည်းတော်

ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/guidelines-sonofgodprinciples/01.md]])

ငါ၌ အသီးမသီးသောအခက်ရှိသမျှကို ခုတ်ပစ်တော်မူ၏။ သာ၍ သီးစေခြင်းငှာ ရှင်းလင်းတော်မူ၏။

ဤနေရာတွင် "အကိုင်းအခက်များ" ဟူသည်မှာ ခရစ်တော်၌ တည်နေသူများအား ကိုယ်စားပြုသော ပုံဆောင်ချက်ဖြစ်သည်။ သူ၏ ကြွယ်ဝခြင်းများကို အသက်ရှင်နိုင်ရန်အတွက် ဘုရားသခင်သည် သူတို့ကို ဂရုစိုက်တော်မူသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metaphor/01.md]])

သုတ်သင်ရှင်းလင်းတော်မူ၏

ခုတ်ပစ်၍ အဝေးသို့ဖယ်ရှားတော်မူ၏။

အသီးသီးသောအခက်ရှိသမျှ

အခက်များကို ဖြတ်သည်။

John 15:3-4

ဤနေရာတွင် အကိုင်းအခက်များအားရှင်းလင်းခြင်းဆိုသည်မျာ ရှင်းလင်းပြီးဖြစ်ကြောင်းပုံဆောင်သည်

အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် ငါဟောပြောသော စကားကိုနာခံသောကြောင့် အကိုင်းအခက်များအားလုံးကို ရှင်းလင်းပြီးဖြစ်သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metaphor/01.md]])

သင်

"သင်" ဟူသောစကားလုံးသည် ယေရှု၏ တပည့်တော်များဖြစ်သော လူများကို ရည်ညွှန်းသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-you/01.md]])

ငါသည်လည်းသင်တို့၌ တည်နေမည်

သင်သည် ငါနှင့်အဆက်သွယ်ရှိလျှင် ငါသည်လည်း သင်နှင့် အတူဆက်သွယ်မည်။ သို့မဟုတ် ငါ့ကိုဆက်သွယ်လော့ ငါလည်းသင့်ကို ဆက်သွယ်မည်။

ငါ၌ တည်သောသူသာလျင်

ခရစ်တော်၌ တည်ခြင်းဟူသည် အရာအားလုံး ခရစ်တော်ကို အမှီပြုရန်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့သည် ငါ၌တည်၍ ဆက်သွယ်ရန်နှင့် အရာအားလုံးငါ့ကို အမှီပြုရန်။ (UDB)

John 15:5-7

ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည် အခက်များဖြစ်ကြ၏

စပျစ်ပင်သည် ယေရှုကို ကိုယ်စားပြုပုံဆောင်သည်။ အကိုင်းအခတ်များသည် ယေရှု၌ ကိုးစားယုံကြည်သူများကို ပုံဆောင်ခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် စပျစ်နွယ်ပင်ဖြစ်၍ သင်တို့သည် ငါနှင့်ကိုင်းဆက်လျက်ရှိသော စပျစ်ကိုင်းများဖြစ်ကြ၏။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metaphor/01.md]])

အကြင်သူသည် ငါ၌တည်၍ ....... ငါသည်လည်းသူ၌တည်မည်

သူသည် ဘုရားသခင်နှင့် ဆက်နွယ်သကဲ့သို့ သူ၏နောက်လိုက်များသည်လည်း သူ၏နောက်သို့ လိုက်လိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် ခမည်းတော်၌ တည်သကဲ့သို့ သူသည်ငါ၌တည်မည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ထိုသူသည် များစွာသော အသီးကိုသီးတတ်၏

ဘုရားသခင်၏ကြွယ်ဝခြင်းများကို ရရှိခံစားရရန်များစွာ‌ အသီးသီးသော ယုံကြည်သူများကို ပုံဆောင်သည်။ စပျစ်နွယ်ပင်နှင့် ဆက်နွယ်နေသော အကိုင်းအခက်များသည် များစွာအသီးသီးသကဲ့သို့ ယေရှု၌ တည်နေသောသူများသည် ဘုရားသခင်၏ ကြွယ်ဝခြင်းများကို ခံစားရလိမ့်မည်။ အခြားသောသာသာပြန်ဆိုချက်၊ "သူသည် များစွာသော အသီးကိုသီးလိမ့်မည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metaphor/01.md]])

ငါ၌ မတည်သောသူသည် သွေ့ခြောက်သောအခက်ကဲ့သို့ ပြင်သို့ပစ်လိုက်ခြင်းကိုခံရ၏

အသီးမသီးသောသူများသည် ယေရှု၌ မတည်သောသူများကို ပုံဆောင်ထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ခြောက်သွေ့သောအပင်ကို အဝေးသို့လွှတ်ပစ်သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metaphor/01.md]] နှင့် [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

စုသိမ်း၍ မီးထဲသို့ချလိုက်သဖြင့်

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့အားမီးထဲသို့ ပစ်လိုက်သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

သင်တို့သည် တောင်းချင်သမျှကိုတောင်း

သူတို့ ဆုတောင်းသမျှကို ဘုရားသခင်ဖြေပေးလိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ ဆန္ဒရှိသမျှကို ဘုရားသခင်နားညောင်းတော်မူသည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

တောင်း၍ရကြလိမ့်မည်

အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် သင့်အတွက်လုပ်ပေးလိမ့်မည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

John 15:8-9

ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ၍

အခြားသောဘာသာပြန်ဆိုချက်၊ "များစွာသော လူများသည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေလိမ့်မည်ဖြစ်သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

ငါ့ခမည်းတော်

ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/guidelines-sonofgodprinciples/01.md]])

သင်တို့သည် များစွာသောအသီးကိုသီးသောအားဖြင့်

ဤနေရာတွင်အသီးဟူသည် ဘုရားသခင်ကျေနပ်စေသော အသက်ရှင်ခြင်းကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ၏ကြွယ်ဝခြင်းများ၌ အသက်ရှင်သောအခါ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metaphor/01.md]])

ငါ၏တပည့်မှန်ကြလိမ့်မည်

ငါ၏ တပည့်များအဖြစ်ထင်ရှားမည် သို့မဟုတ် ငါ၏ တပည့်များအဖြစ် သဏ္ဌာန်ထင်ရှားလာမည်။

ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည်သင်တို့ကိုချစ်၏

သူ၌တည်သောသူများအတွက် ခမည်းတော်၏ ချစ်ခြင်းမေတ္တာကို‌ယေရှုမှ ဝေမျှခံစားစေသည်။ ဤနေရာတွင် "အဖ" သည် ဘုရားသခင်အတွက်အရေးကြီးသော ခေါင်းစဉ်ဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/guidelines-sonofgodprinciples/01.md]

ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေ ကြလော့

ငါ၏ ချစ်ခြင်း၌ ဆက်လက်တည်နေလော့။

John 15:10-11

ငါသည် ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏မေတ္တာ၌ တည်နေသကဲ့သို့၊ သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေကြလိမ့်မည်

ယေရှု၏ နောက်လိုက်များသည် သူ၌တည်နေလျှင် သူ၏မေတ္တာကို ရရှိလိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါပြောသမျှအတိုင်းအရာအားလုံး လုပ်ဆောင်သောသူများသည် ငါ၏မေတ္တာ၌ တည်နေသည်။ ငါသည် အဖခမည်းတော်မေတ္တာ၌တည်သကဲ့သို့ သင်တို့လည်းတည်လိမ့်မည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ငါ့ခမည်းတော်

ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်ဖြစ်သည်။ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/guidelines-sonofgodprinciples/01.md]])

သင်တို့၌ ငါဝမ်းမြောက်စရာအကြောင်း တည်စေခြင်းငှါ ဤစကားကိုသင်တို့အားငါပြော၏

သင်တို့ဝမ်းမြောက်ပျော်ရွှင်ရန်အတွက် ငါသည် ဤစကားကိုပြောပြီ။

ဝမ်းမြောက်စရာစုံလင်စေခြင်းငှာ

အခြားသောဘာသာပြန်ဆိုချက်၊ "သို့ပါ၍ သင်သည်စုံလင်သော ဝမ်း‌သောဝမ်းမြောက်ခြင်းကို ရရှိလိမ့်မည်" သို့မဟုတ် "သင်၏ဝမ်းမြောက်ခြင်းသည် ငါမှလွဲ၍အခြားသော အရာမရှိပါ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

John 15:12-13

ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာထက်သာ၍ မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ

ဘုရားသခင်ထံမှလာသော ချစ်ခြင်းမေတ္တာသည် မည်သည့်အကျိုးမြတ်မရှိသော်လည်းအခြားသောအရာများထက်သာလွန်ကောင်းမွန်သည်။ သူတို့မည်သည့်အရာမျှမလုပ်ဆောင်သော်လည်း သူတို့အပေါ်ကောင်းမြတ်သောမေတ္တာဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သည်ထက်သာ၍ ကောင်းမြတ်သောမေတ္တာပင်မလုပ်ဆောင်နိုင်ပါ" (UDB)

အသက်

ဤအရာသည် ရုပ်ခန္ဓာအသက်ကို ရည်ညွှန်းသည်။

John 15:14-15

သင်တို့သည် ငါပညတ်သမျှတို့ကို ကျင့်ဆောင်လျှင် ငါ၏အဆွေဖြစ်ကြ၏

ငါ၏ပညတ်များကို ယူဆောင်ကျင့်သုံးလျှင် ငါ၏ မိတ်ဆွေဟုသတ်မှတ်မည်။ (ရှု၊

ငါသည် ခမည်းတော်ထံ၌ ကြားသမျှသောအရာတို့ကို သင်တို့ အား ငါပြသ၏

ငါ၏ အဖပြောသောအရာအားလုံး သင့်အားငါပြောပြမည်။

ငါ၏ခမည်းတော်

ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/guidelines-sonofgodprinciples/01.md]])

John 15:16-17

သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်

ယေရှု၏ တပည့်များသည် သူ၏နောက်လိုက်များဖြစ်လာရန် သူတို့ဆုံးဖြတ်ခဲ့ခြင်းမဟုတ်ပါ။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ၏ နောက်လိုက်တပည့်တော်များဖြစ်လာရန် သင်တို့ဆုံးဖြတ်ခဲ့ခြင်းမဟုတ်ပါ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

သွား၍ တည်ကြည်သောအသီးကိုသီးမည်အကြောင်း

ဤနေရာတွင် အသီးသည် ဘုရားသခင်ကိုကျေနပ်စေသောဘဝကို ပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်ကို ကျေနပ်စေသော အသက်ရှင်ခြင်းဖြင့် ရှင်သန်ပါ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metaphor/01.md]])

ငါ၌တည်ကြည်သောအသီး

သင်လုပ်ဆောင်သမျှအရာများသည် နောက်ဆုံး၌ အစဉ်အမြဲတည်သည်။

ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာတောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏

ဤနေရာတွင် "နာမ"သည် ယေရှု၏ အခွင့်အာဏာရှိခြင်းကို ရည်ညွှန်းသည်။ အခြားသောသာသာပြန်ဆိုချက်၊ "သင်သည် ငါ၌တည်သောအခါ အဖထံတောင်းသမျှကို သူပေးတော်မူလိမ့်မည်" (ရှု၊[[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

ငါ၏ခမည်းတော်

ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/guidelines-sonofgodprinciples/01.md]])

John 15:18-19

လောကီသားတို့သည် သင်တို့ကိုမုန်းလျှင်၊ သင်တို့ကို မမုန်းမှီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့

ဤနေရာတွင် "လောက" ဟူသည် ဘုရားသခင်၌ မတည်သောသူများ အထူးသဖြင့် သူ့အားဆန့်ကျင်သောသူများကို ရည်ညွှန်းသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

ချစ်ခြင်း

ဤချစ်ခြင်းသည် လူသားချစ်ခြင်း၊ ညီအစ်ကိုချစ်ခြင်း၊ မိတ်ဆွေချစ်ခြင်း သို့မဟုတ် မိသားစုဝင်ချစ်ခြင်းကို ရည်ညွှန်းသည်။

John 15:20-22

ငါပြောခဲ့ပြီးသောစကားကို အောက်မေ့ကြ လော့

ဤနေရာတွင် "စကား" ဟူသည် ယေရှု၏ သတင်းစကားကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါပြောခဲ့သော စကားများကို သတိရပါ။ အောက်မေ့ပါ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

ငါ၏နာမကြောင့်

ဤနေရာတွင် နာမသည် ယေရှုကိုကိုယ်စားပြုသည်။ သူ၌ တည်သောသူများကို လူများမှညည်းဆဲမှု ပြုလိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အဘယ့်ကြောင့်ဆိုသော် သင်သည်ငါ၌တည်သောကြောင့်ဖြစ်သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

ငါသည် လာ၍ထိုသူတို့အား မဟောမပြောလျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား၊ မိမိတို့အပြစ်ကို ဝှက် ၍ မထားနိုင်ကြ

ယေရှုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုဟောပြောသော်လည်း သူတို့သည် မယုံကြည်ကြ။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့၏ အပြစ်များကို ဘုရားသခင်စီရင်သောအခါ သူတို့သည် ဆင်ခြေပေးရန်မရနိုင် အဘယ့်ကြောင့်ဆိုသော် ငါသည်လာ၍ သူတို့အားဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပြောသောကြောင့်ဖြစ်သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

John 15:23-25

ငါ့ကို မုန်းသောသူသည် ငါ့ခမည်းတော်ကိုမုန်း၏

သားတော်ကို မုန်းသောသူသည် ခမည်းတော်ကိုလည်းမုန်း၏။

ငါ၏ခမည်းတော်

ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/guidelines-sonofgodprinciples/01.md]])

ငါသည် အခြားသူမပြုဘူးသောအမှုကို ထိုသူတို့ရှေ့မှာမပြုလျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား

အနုတ်လက္ခဏာဆန်သော နှစ်မျိုးဖြစ်လည်း အပေါင်းအဖြစ်ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် အခြားသူမလုပ်ခဲ့ဘူးသောအရာကို လုပ်ဆောင်ခဲ့သောကြောင့် သူတို့၌အပြစ်ရှိ၏" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-doublenegatives/01.md]]

သူတို့၌ အပြစ်မရှိ

သူတို့၌ မည်သည့်အပြစ်မှမရှိ။ [John 15:22] ၌ပြန်ထားသည်ကို ကြည့်ရန်။

ပညတ္တိကျမ်းစာ၌ ရေးထားသောစကားသည် ပြည့်စုံခြင်းသို့ ရောက်သတည်း

ပရောဖက်ပြုထားသော အရာများသည် ပြည့်စုံခြင်းသို့‌‌ရောက်လိမ့်မည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]]

ပညတ္တိကျမ်းစာ

ဤအရာတွင် ဓမ္မဟောင်းကာလဘုရားသခင်မှ သူ၏လူများကို ညွှန်ကြားထားသောအရာများပါဝင်သည်။

John 15:26-27

သမ္မာတရားနှင့် ပြည့်စုံသူ

သန့်ရှင်းသော ဝိညာဉ်တော်ကို ရည်ညွှန်းသည်။ (14:15) ကိုကြည့်ရန်။

ငါ၏အကြောင်းကို သက်သေခံ လိမ့်မည်

ခမည်းတော်ထံမှ စေလွှတ်သော ဝိညာဉ်တော်ရောက်လာသောအခါ လောကီ၌ သားတော်ယေရှုအကြောင်းသက်သေခံလိမ့်မည်။

ငါ၏ခမည်းတော်

ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/guidelines-sonofgodprinciples/01.md]])

သမ္မာတရားနှင့်ပြည့်စုံသောဝိညာဉ်တော်

သန့်ရှင်းသောဝိညာဉ်တော်ကို ရည်ညွှန်းသည်။အခြားသောဘာသာပြန်ဆိုချက်၊ "ငါနှင့် အဖခမည်းတော်အကြောင်းကို သက်သေခံသော ဝိညာဉ်တော်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

သက်သေခံရကြလိမ့်မည်

သက်သေခံခြင်းသည် ယေရှုအကြောင်းအခြားသူများအား ပြောပြခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ၏ အကြောင်းကို လူတိုင်းအားသင်ပြောပြရမည်" (UDB) (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ရှေးဦးစွာမှစ၍

ရှေးဦးစွာဟူသည် ယေရှု၏ သာသနာလုပ်ငန်းအစပြုသောနေ့ကို ဆိုလိုပါသည်။အခြားသောဘာသာပြန်ဆိုချက်၊ "လူများအားသွန်သင်ခြင်းနှင့် နိမိတ်လက္ခဏာများပြုလုပ်သည့်အချိန်မှစတင်၍" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

John 16

John 16:1-2

ဆက်စပ်ဖော်ပြချက်

ပြီးခဲ့သောအခန်းမှ ဆက်လက်ပြောပြနေသည်။ ယေရှုသည် သူ၏တပည့်များနှင့် စားပွဲ၌ ဆက်လက်စကားပြောနေသည်။

သင်တို့သည် စိတ်မပျက်စေခြင်းငှာ

စိတ်ပျက်စေခြင်းဟူသည် ယေရှုအားယုံကြည်ခြင်းကို ရပ်တန့်စေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သို့ဖြစ်၍ သင်တို့သည် အခက်အခဲပြဿနာများ ရင်ဆိုင်ရသော်လည်း ငါ့အားယုံကြည်ခြင်းရပ်တန့်မသွားပါ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]] နှင့် [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

ဘုရားဝတ်ကို ငါပြုပြီဟု မိမိထင်မှတ်သောအချိန်ကာလရောက်လိမ့်မည်

သင်သည် ဘုရားသခင်အတွက်ကောင်းသောအလုပ်ကို လုပ်ဆောင်သည်ဟု ထင်သောသူသည် သင့်ကို သတ်ဖြတ်ရန် ‌ရောက်လာလိမ့်မည်။

John 16:3-4

ခမည်းတော်ကိုမသိ၊ ငါ့ကိုလည်း မသိသော

သူတို့သည် ဘုရားသခင်ကို မသိသောကြောင့် ယုံကြည်သူများကို သတ်ကြလိမ့်မည်။

ငါ၏ခမည်းတော်

ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/guidelines-sonofgodprinciples/01.md]])

ထိုအချိန်ကာလရောက်သောအခါ

ဤနေရာတွင် "အချိန်" သည် ယေရှုနောက်လိုက်များညည်းဆဲခံရမည့်အချိန်ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် ညည်းပန်းနှိပ်စက်ခြင်းကို ခံရသောအခါ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

အစအဦး၌

ယေရှု၏ သာသနာအစပြုခံသော နေ့ကိုရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် ငါ၏နောက်သို့လိုက်သည့်အခါ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

John 16:5-7

သင်တို့သည်အလွန်ဝမ်းနည်းခြင်းသို့ ရောက် ကြ၏

တပည့်တော်များသည် အလွန်ဝမ်းနည်းကြ၏။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် ယခုဝမ်းနည်းလျက်ရှိ၏" (ရှု၊

ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ

ထိုဝိညာဉ်တော်သည် ငါသွားလျှင်ရောက်ရှိလာလိမ့်မည်။ (ရှု၊

John 16:8-11

ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်း ကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်

သန့်ရှင်းသော ဝိညာဉ်တော်‌ရောက်လာသောအခါ လူတို့သည် အပြစ်သားများဖြစ်ကြောင်းပြသလိမ့်မည်။

ဥပဇ္ဈာယ်ဆရာ

သန့်ရှင်းသော ဝိညာဉ်တော်ကို ရည်ညွှန်းသည်။ [John 14:16] ကိုကြည့်ပါ။

လောကီ

လောက၌ ရှိသောလူများကို ရည်ညွှန်းသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

ငါ့ကို မယုံကြည်ကြသောကြောင့် ဒုစရိုက်အပြစ်ကို ဘော်ပြမည်

သူတို့၏အပြစ်ကြောင့် မလုံခြုံခြင်းဖြစ်လိမ့်မည်။ အဘယ့်ကြောင့်ဆိုသော်သူတို့သည် ငါ့ကိုမယုံကြည်သောကြောင့်ဖြစ်သည်။

ငါသည် ခမည်းတော်ထံသို့ သွားမည်ဖြစ်၍၊ သင်တို့သည် နောက်တဖန် ငါ့ကိုမတွေ့မမြင်ရ

ငါပြန်လာသောအခါ သူတို့သည် ငါ၏လုပ်ဆောင်သောအရာများကို မြင်၍ ငါ့ကိုသိလိမ့်မည်။

ငါ၏ခမည်းတော်

ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/guidelines-sonofgodprinciples/01.md]])

ဤလောကကို အစိုးရသောမင်းသည် အပြစ်စီရင်ခြင်းကိုခံရသောကြောင့် အပြစ်စီရင်ခြင်းကို ဘော်ပြမည်

ဘုရားသခင်သည် ဤလောကကို အစိုးရသောမင်းနှင့် သူ၏အပြစ်များကို တရားစီရင်လိမ့်မည်။

ဤလောကကို အစိုးရသောမင်း

ဤနေရာတွင် အုပ်စိုးသူသည် စာတန်မာနတ်ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "စာတန်သည် ဤလောကကို အုပ်ချုပ်နေသူဖြစ်သည်" (12:30) ကိုကြည့်ရန်။

John 16:12-14

ငါပြောစရာစကားအများရှိသော်လည်း

သင့်အတွက် သတင်းစကားများ သို့မဟုတ် "သင့်အတွက်နှုတ်ကပတ်တော်များ"

သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်

ဘုရားသခင်အကြောင်းကို ပြောပြသော သန့်ရှင်းသော ဝိညာဉ်တော်

သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်

ဤနေရာတွင် သမ္မာတရားဟူသည် ဝိညာဉ်တော်တရားကိုဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် သင်သိရန်လိုအပ်သော ဝိညာဉ်တော်တရားများကို သွန်သင်ပေးလိမ့်မည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ကြား သမျှတို့ကို ဟောပြောလိမ့်မည်

ဘုရားသခင်အကြောင်းကို ဝိညာဉ်တော်သည် ပြောကြားလိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် ဘုရားသခင်ပြောသောအရာများကို ပြောပြလိမ့်မည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အား ဘော်ပြလိမ့်မည်

ငါနှင့်ဆိုင်သောအရာဟူသည် ယေရှု၏သွန်သင်ခြင်းများနှင့် လုပ်ဆောင်ခြင်းများကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် ငါပြောခဲ့သောအရာများနှင့် နက်နဲသောသမ္မာတရား၏ လုပ်ဆောင်ခြင်းများကို ဖော်ပြလိမ့်မည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

John 16:15-16

ငါ၏ခမည်းတော်

ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/guidelines-sonofgodprinciples/01.md]])

ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အားဘော်ပြလိမ့်မည်

သန့်ရှင်းသောဝိညာဉ်တော်သည် လူများအား ယေရှု၏ နှုတ်ကပတ်တော်၊ သမ္မာတရားနှင့်ဆိုင်သော အလုပ်များကို ပြောပြလိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သန့်ရှင်းသော ဝိညာဉ်တော်သည် လူတိုင်းအား ငါ၏နှုတ်ကပတ်တော်များ၊ အလုပ်များနှင့် သမ္မာတရားများမှန်ကန်ကြောင်းကို ပြောပြလိမ့်မည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ခဏကြာပြီးမှ

မကြာမီ သို့မဟုတ် "များစွာအချိန်မကျမီ"

တဖန်ခဏကြာပြီးမှ

တဖန်၊ များစွာအချိန်မကျမီ။

John 16:17-18

ယေဘုယျအချက်အလက်

ယေရှုပြောဆိုလိုသည့်အရာကို သူ၏တပည့်တော်များ အချင်းချင်းမေးမြန်းပြောဆိုကြသည်။

ခဏကြာပြီးမှ သင်တို့သည်ငါ့ကို မမြင်ရကြ

ယေရှုကားတိုင်မှာ အသေခံမည့်အရာကိုတပည့်တော်များသည် နားမလည်ကြ။

တဖန်ခဏကြာပြီးမှ ငါ့ကို မြင်ပြန်ကြလိမ့်မည်

ဆိုလိုချက် (၁) ယေရှုရှင်ပြန်ထမြောက်ပြီးခြင်းကို ဆိုလိုသည်။ ဆိုလိုချက် (၂) နောက်ဆုံးသောကာလယေရှုပြန်ကြွလာမည်ကို ဆိုလိုသည်။

John 16:19-21

ဆက်စပ်မှု ဖော်ပြချက်

ယေရှုသည် သူ၏တပည့်များအား ဆက်လက်စကားပြောနေသည်။

ငါပြောသောစကားကို သင်တို့သည် အချင်းချင်း ဆင်ခြင်ကြသလော

ယေရှုသည် သူ၏တပည့်တော်များထံ သူ၏ပြောဆိုမှုကို သာ အာရုံထားသည့်မေးခွန်းမေးခဲ့သည်။ သို့ပါ၍ သူသည် အနာဂတ်ကို ရှင်းပြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့သည် ငါ့ကိုမြင်ရမည်ဆိုသည်ကို ဆင်ခြင်မိကြသလော" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-rquestion/01.md]])

ငါအမှန်အကန်ဆိုသည်ကား

John 1:51 ကိုကြည့်ပါ။

လောကီသားတို့သည် ဝမ်းမြောက်ခြင်းရှိကြလိမ့်မည်

လောကီဟူသည် ဘုရားသခင်ကို ဆန့်ကျင်သောလူများကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သို့သော်လည်း ဘုရားသခင်ကို ဆန့်ကျင်သောသူများသည် ဝမ်းမြောက်ကြလိမ့်မည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

ထိုဝမ်းနည်းခြင်းသည် တဖန် ဝမ်းမြောက်ခြင်း ဖြစ်လိမ့်မည်

အခြားသောဘာသာပြန်ဆိုချက်၊ "သို့သော်လည်း သင်၏ ဝမ်းနည်းခြင်းများသည် ပျော်ရွှင်မှုသို့ လှည့်သွားလိမ့်မည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

John 16:22-24

သင်တို့သည်စိတ်နှလုံးဝမ်းမြောက်ခြင်း ရှိကြလိမ့်မည်

အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့ ဝမ်းမြောက်ပျော်ရွှင်ကြလိမ့်မည်" သို့မဟုတ် "သင်တို့အလွန်ဝမ်းမြောက်ကြလိမ့်မည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

ငါအမှန်အကန်ဆိုသည်ကား

John 1:51 ကိုကြည့်ပါ။

သင်တို့သည်ငါ၏ နာမကိုအမှီပြု၍ ခမည်းတော်မှာ ဆုတောင်းသမျှတို့ကို ခမည်းတော်သည် ပေးတော်မူမည်

ဤနေရာတွင် နာမတော်သည် ယေရှု၏ အခွင့်အာဏာကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် ငါ၌တည်သောကြောင့် အဖခမည်းတော်၌ တောင်းသောအရာအားလုံး သင့်အားငါပေးလိမ့်မည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

ငါ၏ခမည်းတော်

ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/guidelines-sonofgodprinciples/01.md]])

ငါ၏နာမ

"နာမ" ဟူသည် ယေရှု၏ ပုဂ္ဂိုလ်တော်နှင့် အခွင့်အာဏာကို ရည်ညွှန်းသည်။ ယေရှု၌ ဆက်သွယ်နေသော ယုံကြည်သူများ၏ တောင်းဆိုချက်များကို အဖဘုရားသည် ကောင်းကြီးပေးလိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အဘယ့်ကြောင့်ဆိုသော် သူသည် ငါ၏ နောက်လိုက်များဖြစ်သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

ဝမ်းမြောက်စရာ စုံလင်စေခြင်းငှာ

အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် ကြီးမားသော ဝမ်းမြောက်မှုကို ပေးလိမ့်မည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

John 16:25

ပုံဥပမာအားဖြင့် ငါဟောပြော၏

စကားသည် ကြည်လင်မှုမရှိပါ။

ဖော်ပြသောအချိန်ကာလ ရောက်လိမ့်မည်

ယင်းသည် မကြာမီဖြစ်ပွားလိမ့်မည်။

ခမည်းတော်နှင့်ဆိုင်သောအရာကို အတည့်အလင်းပြောပြလိမ့်မည်

ငါ၏ အဖခမည်းတော်အကြောင်းပြောသောအခါ ပို၍ရှင်းလင်းလိမ့်မည်။

ငါ၏ခမည်းတော်

ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/guidelines-sonofgodprinciples/01.md]])

John 16:26-28

ငါ၏နာမကိုအမှီပြု၍

နာမသည် ယေရှု၏ပုဂ္ဂိုလ်တော်နှင့် အခွင့်အာဏာကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် ငါ၌တည်၍ ငါ၏နာမ၌တောင်းလိမ့်မည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

ငါ၏ခမည်းတော်

ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/guidelines-sonofgodprinciples/01.md]])

ခမည်းတော်သည် ကိုယ်တော်တိုင် သင်တို့ကိုချစ်တော်မူ၏

သင်သည် ယေရှုကို ချစ်သောအခါ ခမည်းတော်ကိုလည်း ချစ်သည် အဘယ်ကြောင့်ဆိုသော် ခမည်းတော်နှင့် သားတော်သည် တစ်လုံးတစ်ဝဖြစ်သောကြောင့်ဖြစ်သည်။

ငါသည် ခမည်းတော်ထံမှထွက်၍ ဤလောကသို့ကြွလာပြီ။ တဖန် ဤလောကမှထွက်၍ ခမည်းတော် ထံသို့ သွားဦးမည်

သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းပြီးသောအခါ ယေရှုသည် ခမည်းတော်ထံပြန်သွားလိမ့်မည်။

လောကီ

ဤလောကတွင်နေသောသူများကို ရည်ညွှန်းသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

John 16:29-31

ဆက်စပ်မှု ဖော်ပြချက်

တပည့်တော်များ ယေရှုကိုပြန်လည်စကားပြောသည်။

ယခုတွင် ယုံကြပြီလော

ဤအရာသည် တပည့်တော်များအတွက် ယေရှုသည် ပဟေဠိကဲ့သို့ ဖြစ်သွား၍ ယခုတွင်သာ သူ့အားယုံကြည်ရန် အဆင်သင့်ဖြစ်ကြောင်းကို ထင်ရှားစေပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သို့ဖြစ်၍ ယခုတွင် သင်တို့သည် ငါ့အားယုံကြည်ရန် အကြောင်းဖြစ်လေပြီ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-rquestion/01.md]])

John 16:32-33

ဆက်စပ်မှု ဖော်ပြချက်

ယေရှုသည် သူ၏တပည့်များအား ဆက်လက်စကားပြောနေသည်။

သင်တို့သည် ကွဲပြား၍

အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် အခြားသူများနှင့် ကွဲပြားလိမ့်မည်" (UDB) (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

ခမည်းတော်သည်ငါနှင့်အတူရှိတော်မူ၏

ဘုရားသခင်အတွက်အရေးကြီးသောခေါင်းစဉ်ဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/guidelines-sonofgodprinciples/01.md]])

ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ

ဤနေရာတွင် ငြိမ်သက်ခြင်းသည် အတွင်းပိုင်း ငြိမ်သက်ခြင်းကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် ငါနှင့်အဆက်အသွယ်ရှိသောကြောင့် အတွင်းပိုင်းငြိမ်သက်ခြင်းရှိလိမ့်မည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ငါသည် လောကကိုအောင်ပြီ

ဤနေရာတွင် လောကသည် ဘုရားသခင်ကို ဆန့်ကျင်သူများမှ ယုံကြည်သူများအား ညဉ်းပန်းနှိပ်စက်ခြင်းကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဤလောက၏ ဒုက္ခဆင်းရဲများကို ငါသည်အောင်မြင်ပြီ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

John 17

John 17:1-2

ဆက်စပ်ဖော်ပြချက်

ပြီးခဲ့သောအခန်း၏ အပိုင်းအဆက်ဖြစ်သည်။ ယေရှုသည် သူ့တပည့်များအား ပြောခဲ့ပြီးဖြစ်သည်။ သို့သော်ယခုဘုရားသခင်ထံဆုတောင်းရန်စတင်ပြောဆိုသည်။

ယေရှုသည်ကောင်းကင်သို့ကြည့်မျှော်၍

အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် ကောင်းကင်သို့မျှော်ကြည့်ခဲ့သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-idiom/01.md]])

ကောင်းကင်များ

ကောင်းကင်ကို ရည်ညွှန်းသည်။

သားတော်လက်သို့ အပ်ပေးတော်မူသမျှကို ....... သားတော် သည် ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါမည်အကြောင်း

လူအများအား အုပ်စိုးရသောအခွင့်ကို သားတော်အားပေးပြီးသားတော်သည် ကိုယ်တော်၏ ဘုန်းကိုထင်ရှားစေမည်။

ခမည်းတော် .... သားတော်

ဘုရားသခင်နှင့် သားတော်ကြားအ‌ရေးကြီးသော ဆက်သွယ်မှုကိုဖော်ပြသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/guidelines-sonofgodprinciples/01.md]])

အချိန်ရောက်ပါပြီ

ဤနေရာတွင် "အချိန်" ဟူသည် ယေရှုအသေခံရန်နှင့် ဝေဒနာခံစားရန်ကို ရည်ညွှန်းပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် အသေခံခြင်းဝေဒနာ ခံစားရန် အချိန်ကျပြီ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

လူမျိုးအပေါင်းတို့

ဤအရာသည် လူများအားလုံးကို ရည်ညွှန်းသည်။

John 17:3-5

ထာဝရအသက်ဟူမူကား ..... သိုကျွမ်းခြင်းတည်း

မှန်သောအသက်သည် သားတော်ဘုရားနှင့်ခမည်း‌တော်ဘုရားဖြစ်သည့် တစ်ပါးတည်းသောဘုရားကို သိကျွမ်းခြင်းတည်း။

သိုကျွမ်းခြင်းတည်း

ဤအရာသည် ဘုရားသခင်အကြောင်းကို သိခြင်းထက်ဘုရားသခင်နှင့် အကျွမ်းဝင်ခြင်းကို ဆိုလိုသည်။ (ရှု၊

အကျွန်ုပ်ဆောင်ရွက်စရာဘို့ အကျွန်ုပ်အပ်ပေတော်မူသော

ဤနေရာတွင် ယေရှု၏ မြေကြီးဆိုင်ရာအလုပ်ကိုရည်ညွှန်းသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

အိုအဘ၊ ဤကမ္ဘာမတည်မရှိမှီအထံတော်၌ အကျွန်ုပ်ခံစားရသောဘုန်းအသရေနှင့် ယခုတွင်လည်း အကျွန်ုပ်ကိုအထံတော်၌ ချီးမြောက်တော်မူပါ၏

ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သောကြောင့် ဤကမ္ဘာမတည်ရှိမီကပင်ဘုန်းတော်နှင့် ပြည့်ပြီးဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အိုအဖ ဤကမ္ဘာမတည်မရှိမီ ကျွန်ုပ်အားပေးခဲ့သော ဘုန်းတော်ကိုပေးတော်မူပါ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ငါ၏ခမည်းတော်

ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/guidelines-sonofgodprinciples/01.md]])

John 17:6-8

ဆက်စပ်မှု ဖော်ပြချက်

ယေရှုသည် သူ၏ တပည့်တော်များအတွက် စတင်ဆုတောင်းသည်။

ကိုယ်တော်၏ နာမကိုပြပါပြီ

ဤနေရာတွင်နာမသည် ဘုရားသခင်၏ ပုဂ္ဂိုလ်တော်ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့အားအပ်ပေးတော်မူသမျှကို ငါမှာကြားပြီ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

ဤလောကထဲမှ

ဘုရားသခင်သည် ဝိညာဉ်တော်သဘောရှိသူများနှင့် သူ၌မတည်သောယုံကြည်သူများကို ခွဲခြားလိမ့်မည်။

နှုတ်ကပတ်တရားကို သူတို့သည်စောင့်ကြ၏

နာခံခြင်းရှိရန်ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ၏ သွန်သင်ခြင်းများကို နာခံရန်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-idiom/01.md]])

John 17:9-11

လောကီသားတို့အဘို့အလို့ငှါ ဆုတောင်းသည်မဟုတ်ပါ

"လောကီ" ဟူသည်မှာ ဘုရားသခင်ကို ဆန့်ကျင်သူများအားဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ၌ မတည်သောသူများအတွက် ဆုတောင်းပေးသည်မဟုတ်ပါ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

ဤလောက၌ မရှိပါ

ဘုရားသခင်ကို ဆန့်ကျင်သောလူများကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ၌ မတည်သောသူများကြား" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

သန့်ရှင်းတော်မူသောအဘ ....... ဤသူတို့နှင့် ဖြစ်ရပါမည်အကြောင်း

ယေရှုသည် သူ၌တည်နေသောသူများအားလုံးဘုရားသခင်နှင့်တစ်လုံးတစ်ဝဖြစ်မည့်အကြောင်းစောင့်ထိန်းပေးရန်တောင်းဆိုခဲ့သည်။

ငါ၏ခမည်းတော်

ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/guidelines-sonofgodprinciples/01.md]])

ကိုယ်တော်၏ နာမ၌တည်စေတော်မူပါ

ဤနေရာ၌ နာမတော်သည် ဘုရားသခင်၏ ကာကွယ်ခြင်းနှင့် ကြပ်မတ်စောင့်ထိန်းခြင်းကိုဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်၏ နာမတော်အောက်၌ ခိုလှုံသောသူများကို ကာကွယ်ပေးရန်" သို့မဟုတ် "သင်ကျွန်ုပ်၌ အပ်နှင်းခဲ့သောသူများအားလုံးကို တန်ခိုးတော်ဖြင့် ကာကွယ်စောင့်‌ရှောက်ပေးရန်ဖြစ်သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

John 17:12-14

ကိုယ်တော်၏နာမ၌ တည်စေပါ ပြီ

ဤနေရာတွင် "နာမ" သည် ဘုရား၏ ကာကွယ်ခြင်းနှင့် တန်ခိုးတော်ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်၏ ကာကွယ်ခြင်းနှင့် တန်ခိုးတော်၌ သူတို့ကို တည်စေပါပြီ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

ပျက်စီးခြင်း၏သား တ ယောက်မှတပါး ..... မရောက်ပါ

ပျက်စီးခြင်း၏ သားမှလွဲ၍ မည်သူမျှမပျက်စီးပါ။

ပျက်စီးခြင်း၏သား

ယေရှုကို သစ္စာဖောက်သူ ယုဒရှကာရုတ်အားဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုသူသည် ပျက်စီးခြင်းသို့ရောက်မည့်သူအဖြစ်ရှိနေသူဖြစ်သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ကျမ်းစာပြည့်စုံမည်အကြောင်းတည်း

အခြားသောဘာသာပြန်ဆိုချက်၊ "ကျမ်းစာ၌ ပရောဖက်ပြုထားသည့်အရာပြည့်စုံသည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

လောက

ဤကမ္ဘာတွင် နေထိုင်သက်ရှင်သူများကို ရည်ညွှန်းသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

ဝမ်းမြောက်ခြင်းနှင့် ပြည်စုံမည်အကြောင်း

အခြားသောဘာသာပြန်ဆိုချက်၊ "ပြည့်စုံသော ဝမ်းမြောက်ခြင်းကို သူတို့အားပေးပြီ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

အကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံသောကြောင့်

"လောက" သည် ဘုရားသခင်အား ဆန့်ကျင်သူများကို ပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ခရစ်တော်၌ တည်၍လောက၌ မတည်သောသူများကို လောကီသားတို့သည် မုန်းတီး၍ ဆန့်ကျင်ကြပြီ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

John 17:15-17

လောကီ

ဘုရားသခင်အား ဆန့်ကျင်သူများကို ရည်ညွှန်းသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

မကောင်း သော အမှုအရာနှင့်ကင်းလွတ်စေခြင်းငှါ

စာတန်ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "စာတန်၏ ရန်မှ ကာကွယ်ပေးရန်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

သမ္မာတရားအားဖြင့်

သမ္မာတရားအားဖြင့်ဆိုသည်မှာ သမ္မာတရားသွင်သင်ခြင်းကို ဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်၏ လူများကို သမ္မာတရားအားဖြင့် သွန်သင်တည်ဆောက်ရန်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏

သင်၏ နှုတ်ကပတ်တော်သည် မှန်၏။ သင်ပြောသမျှသည် မှန်ကန်၏။

John 17:18-19

လောကသို့

ဤလောကတွင် နေထိုင်သူများကို ရည်ညွှန်းပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လောကတွင် နေထိုင်သူများ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေမည်အကြောင်း

အခြားသောဘာသာပြန်ဆိုချက်၊ "သို့ပါ၍ သူတို့အား သမ္မာတရားအားဖြင့် သင်သန့်စင်ပေးမည့်အကြောင်း" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

John 17:20-21

အဘ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍ အကျွန်ုပ်သည် လည်း ကိုယ်တော်၌ရှိသကဲ့သို့၊ ထိုသူအပေါင်းတို့သည် ငါတို့၌တလုံးတဝတည်းဖြစ်စေခြင်းငှါ ဆုတောင်းပါ၏

သို့ပါ၍ ယေရှု၌ ယုံကြည်သူများသည် သားတော်နှင့် အဖခမည်းတော်၌ တစ်လုံးတစ်ဝဖြစ်လာသည်။

ငါ၏ခမည်းတော်

ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/guidelines-sonofgodprinciples/01.md]])

ဤလောက

ဤလောကဟူသည် ဘုရားသခင်ကို မသိကျွမ်းသောလူများကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်အား မသိသောလူများ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

John 17:22-23

ငါတို့သည် တလုံးတဝတည်းဖြစ်သကဲ့သို့၊ အကျွန်ုပ်သည်သူတို့၌ရှိ၍

သင်သည် ကျွန်ုပ်နှင့် တလုံးတဝရှိသကဲ့သို့ ကျွန်ုပ်၏ နောက်လိုက်များနှင့်လည်း ဘုန်းတော်၌ ရှိစေမူပါ။

ကိုယ်တော်သည်လည်း ကျွန်ုပ်၌ ရှိတော်မူသောအားဖြင့်

အခြားသောဘာသာပြန်ဆိုချက်၊ "ကိုယ်တော်သည် ကျွန်ုပ်နှင့် တလုံးတဝရှိသကဲ့သို့ သူတို့နှင့်လည်းရှိစေမူပါ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

တလုံး တဝတည်း၌ စုံလင်စေခြင်းငှါ

တလုံးတဝ၌ ပြည့်ဝစုံလင်မည့်အကြောင်း

လောကီသားတို့သည် သိစေခြင်းငှါ၎င်း

လောကသားဟူသည် ဘုရားသခင်ကို မသိသေးသောသူများကို ဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူများအားလုံးသိကြလိမ့်မည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

ချစ်သည်

ဤနေရာတွင် ချစ်ခြင်းမေတ္တာသည်အခြားသူများအပေါ်ကောင်းသော အပြုအမူသာလျှင်မဟုတ်ပဲ ဘုရားသခင်ထံမှ လာသောမေတ္တာဖြစ်သည်။ သင်၏ ထံမှလာသော ချစ်ခြင်းမဟုတ်ပဲ အခြားသူများအားပေးသော ဘုရားသခင်မေတ္တာဖြစ်သည်။

John 17:24

အိုအဘ

ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/guidelines-sonofgodprinciples/01.md]])

ကျွန်ုပ်ရှိရာအရပ်၌

ဤနေရာတွင် ကျွန်ုပ်ရှိရာအရပ်ဆိုသည်မှာ ကောင်းကင်ဘုံကိုဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကောင်းကင်ဘုံ၌ ရှိသောကျွန်ုပ်နှင့်အတူ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ကျွန်ုပ်၏ ဘုန်းတော်ကို ရှုမြင်ရမည်အကြောင်း

ကျွန်ုပ်၏ ကြီးမြတ်ခြင်းကို မြင်ရပါမည့်အကြောင်း။

ဤကမ္ဘာမတည်မရှိမှီ

ဖန်ဆင်းခြင်းမတိုင်မီက ယေရှုကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဤကမ္ဘာ မဖန်ဆင်းမီကပင်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

John 17:25-26

ဆက်စပ်ဖော်ပြချက်

ယေရှုသည်သူ၏ ဆုတောင်းခြင်းပြီးဆုံးသည်။

တရားတော်မူသောအဘ

ဤနေရာတွင် အဖသည် ဘုရားသခင်အတွက် အရေးကြီးသော ဘွဲ့၊ ဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/guidelines-sonofgodprinciples/01.md]])

လောကီသားတို့သည် ကိုယ်တော်ကိုမသိ

ဘုရားသခင်၌ မတည်သောသူများသည် လောကီသားများကို ပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကိုယ်တော်ကို မသိသော လောကီသားများ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

ကိုယ်တော်၏နာမကို အကျွန်ုပ်သည် သူတို့အားပြညွှန်ပါပြီ

ဤနေရာတွင် "အမည်နာမ" သည် ဘုရားသခင်ကို ရည်ညွှန်းသည်။ သူတို့ ကိုယ်တော်ကို သိရန် ကျွန်ုပ်ဖွင့်ပြတော်မူမည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

ချစ်တော်မူသော မေတ္တာ

မိမိအကျိုးအတွက်မပါသော၊ အခြားသူများအပေါ်၌သာကောင်းစေချင်သည့် ဘုရားသခင်ထဲမှလာသောမေတ္တာ။ သူတို့မည်သို့ဖြစ်နေပါစေ အခြားသူများအားဂရုဏာထားသောချစ်ခြင်းမေတ္တာ။

John 18

John 18:1-3

ယေဘုယျအချက်အလက်

ယေရှု၏ အနားယူခြင်းပါဝင်သော နောက်ဆုံးပိုင်းဖြစ်စဉ်ဖြစ်ပါသည်။ အပိုဒ်ငယ် (၁) ဖြစ်စဉ်၏ နောက်ခံကျွန်ုပ်တို့အားပြောပြသည်။ အပိုဒ်ငယ် (၂) ယုဒ၏ နောက်ခံအခြေအနေကို ပြောပြသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/writing-background/01.md]])

ကေဒြုန်ချောင်း

သံလွင်တောင်၏ ဗိမ္မာန်တော်မှ ခွဲခြားနေသော ယေရုရှလင်ချိုင့်ဝှမ်း (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/translate-names/01.md]])

ထိုအရပ်၌ရှိသော ဥယျာဉ်တော်

သံလွင်ပင်များရှိသော တောအုပ်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သံလွင်ပင်များရှိသော တောအုပ်နေရာ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

John 18:4-5

ယေဘုယျအချက်အလက်

ယေရှုသည် စစ်သားများ၊ အရာရှိများနှင့် ကျမ်းတတ် ပုဂ္ဂိုလ်များကို စတင်စကားပြောသည်။

ယေရှုသည် ကိုယ်တော်၌ဖြစ်လတံ့သမျှသော အမှုအရာတို့ကိုသိတော်မူလျက်

ယေရှုသည် သူ၌ဖြစ်လာမည့် အရာအားလုံးကို သိတော်မူသည်။

နာဇရက်မြို့သားယေရှု

ယေရှု၊ နာဇရက်မြို့မှလူ

ငါသည်

"သူ" ဟူသော စကားလုံးသည် ကျမ်းပိုဒ်ထဲ၌ပါဝင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် ငါပင်ဖြစ်သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

သူ့ကိုအပ်နှံသော

သူ့အား တစ်ပါးသူထံလွှဲပေးသူ။

John 18:6-7

ငါသည်

ဤနေရာတွင် "သူ" ဟူသည် မူရင်းစာသားအတိုင်းမဟုတ်ပဲ အရိပ်အမြွက်ဖြစ်ပြောခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် သူပင်ဖြစ်သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

မြေပေါ်၌လဲကြ၏

ယေရှု၏ တန်ခိုးတော်ကြောင့် လူများမြေပေါ်မှာလဲကြ၏။ အခြားသောဘာသာပြန်ဆိုချက်၊ "ယေရှု၏ တန်ခိုးကြောင့် မြေပေါ်၌ လဲကြ၏" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

နာဇရက်မြို့သားယေရှု

ယေရှု၊ နာဇရက်မြို့မှလူ။

John 18:8-9

ယေဘုယျအချက်အလက်

အငယ် (၉) သည် ယေရှုအတွက် ကျမ်းစကားပြည့်စုံစေရန် ယောဟန်၏ ဖြစ်စဉ်ထဲမှ ဖြတ်ပြီးပြောဆိုထားခြင်းဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/writing-background/01.md]])

ငါသည်

ဤနေရာတွင် "သူ" ဟူသည် မူရင်းစာသားအတိုင်းမဟုတ်ပဲ အရိပ်အမြွက်ဖြစ်ပြောခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် သူပင်ဖြစ်သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

အထက်ကစကားတော်ကို ပြည့်စုံစေခြင်းငှါ

ဤနေရာတွင် "စကား" ဟူသည် ဆုတောင်းခဲ့သော ယေရှု၏ စကားတော်များကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အဖထံ ကျွန်ုပ်ဆုတောင်းခဲ့သောအရာများ ပြည့်စုံစေခြင်းငှာ နှုတ်ကပတ်တော်ပြည့်စုံစေပြီ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]] နှင့် [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

John 18:10-11

မာလခု

မာလခုသည် အမြင့်ဆုံးသော ယဇ်ပုရောဟိတ်၏ အမှုထမ်းဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/translate-names/01.md]])

ဓားအိမ်

ဓား သို့မဟုတ် ဓားရှည်များကို ထိမ်းသိမ်းဖုံးအုပ်ထားရာအိမ်။ ထိုအခါဓားသည် ဓားကိုင်သူအား မထိခိုက်နိုင်တော့ပါ။

ခမည်းတော်သည် ငါ့အား ပေးတော်မူသောခွက်ကို ငါ မသောက်ရာသလော

ယေရှု၏ ဖော်ပြထုတ်နှုတ်ချက်သည် မေးခွန်းတစ်ခုအဖြစ်အဓိပ္ပာယ်သက်ရောက်စေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် အဖပြင်ဆင်ပေးသော ခွက်ကို တိကျသေချာစွာသောက်သုံးရမည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-rquestion/01.md]])

ခွက်

ဤနေရာတွင် "ခွက်" ဟူသည် သည်းခံနှိမ့်ချသော ဒုက္ခဝေဒနာကို ရည်ညွှန်းပါသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metaphor/01.md]])

ခမည်းတော်

ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/guidelines-sonofgodprinciples/01.md]])

John 18:12-14

ယေဘုယျအချက်အလက်

အငယ် (၁၄) သည် အန္နတ်မင်း၏ နောက်ခံအခြေအနေကို ပြောပြထားသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/writing-background/01.md]])

ယုဒလူ

ဤနေရာတွင် "ယုဒလူများ" သည် ယေရှုကို ဆန့်ကျင်သော ယုဒခေါင်းဆောင်များကို ရည်ညွှန်းပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယုဒခေါင်းဆောင်များ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-synecdoche/01.md]])

ယေရှုကိုဘမ်းဆီး၍ ချည်နှောင်ပြီးလျှင်

စစ်သားများသည် ယေရှု၏ လက်များကို တုတ်နှောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယေရှုအားလွတ်မသွားစေရန် ဖမ်းဆီးချုပ်နှောင်သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

John 18:15-16

ထိုတပည့်တော်သည် ယဇ်ပုရောဟိတ်မင်း၏ အသိအကျွမ်းဖြစ်၍၊ ယေရှုနှင့်တကွ ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦး ထဲသို့ ဝင်လေ၏

အခြားသောဘာသာပြန်ဆိုချက်၊ "အမြင့်ဆုံးသော ယဇ်ပုရောဟိတ်သည် တပည့်တော်များကို သိသောကြောင့်‌ ယေရှုနှင့် အတူဝင်လေ၏" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

ယဇ်ပုရာဟိတ်မင်းနှင့်အကျွမ်းဝင်သော တပည့် တော်

အမြင့်ဆုံးသော ယဇ်ပုရောဟိတ်နှင့် အကျွမ်းဝင်သော တပည့်များ။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

John 18:17-18

သင်သည် ထိုသူ၏တပည့်တို့အဝင်ဖြစ်သည် မဟုတ်လော

ဤအဖြစ်အပျက်သည် သတိထားမိသောအမှုထမ်း အမျိုးသမီးမှ မေးခွန်းမေးထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် အဖမ်းခံရသူ၏ တပည့်တစ်ဦးမဟုတ်‌လော" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-rquestion/01.md]])

ထိုကာလ၌ ချမ်းသောကြောင့် ကျွန်များနှင့်မင်းလုလင်များတို့သည် မီးခဲပုံကိုထည့်၍ မီးလှုံလျက် နေ ကြ၏

ယဇ်ပုရောဟိတ်မင်း၏ အမှုထမ်းများနှင့် ဗိမာန်တော်၏ တံခါးစောင့်များဖြစ်ကြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ရာသီဥတုအေးနေချိန်ဖြစ်၌ ယဇ်ပရောဟိတ်မင်း၏ အမှုထမ်းများနှင့် တံခါးစောင့်များသည် မီးသွေးမီးဖို၌ ရပ်လျက်မီးလှုံနေကြသည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ထိုကာလ

ဤအရာသည် ဖြစ်စဉ်၏ အဓိကကို ဖြတ်၍ယောဟန်ကအသုံးပြုခြင်းဖြစ်သည်။ မီးဖိုတွင် မီးလုံနေသော လူများအကြောင်း၏ ကာလကိုဆိုလိုပါသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/writing-background/01.md]])

John 18:19-21

ယေဘုယျအချက်အလက်

ဤနေရာတွင် ယေရှု၏ အလွှဲအပြောင်းဖြစ်စဉ်ကိုပြောပြသည်။

ယဇ်ပုရောဟိတ်မင်း

အန္နတ်မင်းဖြစ်သည်။ (ရှု၊ John 18:13)

တပည့်တော်တို့ကို၎င်း၊ ဒေသနာတော်ကို၎င်း အကြောင်းပြု၍

ဤနေရာတွင် "သူ၏ ဒေသနာ" ဟူသည် လူများထံသို့ ယေရှုဟောကြားထားသော တရားစကားကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ၏လူများနှင့် တပည့်တော်များအား သင်ကြားထားသောအရာ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ငါသည်လောက၌ ထင်ရှားစွာဟောပြောပြီ

လောကသားများသည် ယေရှု၏ သင်ကြားခြင်းများကို ကြားနာခဲ့ပြီးဖြစ်သည်။ ဤနေရာတွင် လောကီသားများသည် ယေရှု၏ သွန်သင်ခြင်းများကို ချဲ့ကား၍ ပြောဆိုသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-hyperbole/01.md]])

ယုဒလူအပေါင်းတို့ စည်းဝေးရာတရား စရပ်၌

ယုဒလူများသည် ယေရှု၏သွန်သင်ခြင်းများကို ချဲ့ကား၍ ပြောဆိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "များစွာသော ယုဒလူများ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-hyperbole/01.md]])

ဘယ်ကြောင့်ငါ့ကို မေးမြန်းသနည်း

ယေရှုသည် ဖြစ်စဉ်ကို မေးခွန်းကဲ့သို့ ထုတ်‌ဖော်ပြောသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့သည် ငါ့အားမေးမြန်းသင့်သလော" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-rquestion/01.md]])

John 18:22-24

ယဇ်ပုရာဟိတ် မင်းကို ဤသို့ပြန်ပြောရာသလော

အခြားသောဘာသာပြန်ဆိုချက်၊ "ယဇ်ပရောဟိတ်မင်းကို ဤသို့မဖြေသင့်ပါ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-rquestion/01.md]])

ငါ့စကားမမှန်လျှင်မမှန်ကြောင်းကိုပြပါ

ငါ့၏အမှားကို ပြောပြပါ။

မှန်လျှင်ငါ့ကိုအဘယ်ကြောင့်ရိုက်သနည်း

ယေရှုပြောသောအရာကို မေးခွန်းကဲ့သို့အထူးပြုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါပြောတာ မှန်ကန်တယ်ဆိုလျှင် သင်ငါ့ကို မရိုက်နှက်သင့်ပါ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-rquestion/01.md]])

John 18:25-27

ယေဘုယျအချက်အလက်

ဤနေရာတွင် ဖြစ်စဉ်သည် ပေတရုဘက်သို့လှည့်သွားသည်။

ယခုတွင်

ပေတရုအကြောင်းကို ကြားဖြတ်ပြောရန် ယောဟန်သည် ဖြစ်စဉ်၌ ထည့်၍အသုံးပြုခဲ့သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/writing-background/01.md]])

သင်သည် သူ၏တပည့်တို့ အဝင်ဖြစ်သည်မဟုတ်လော

ဤအရာကို မေးခွန်းပုံစံအထူးပြု၍ ဖော်ပြထားသည်။အခြားသောဘာသာပြန်ဆိုချက်၊ "သင်လည်း တပည့်တော် တစ်ယောက်ပဲ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-rquestion/01.md]])

သင်သည် ဥယျာဉ်၌ ယေရှုနှင့်အတူရှိသည်ကို ငါမြင်ခဲ့ပြီမဟုတ်လော

ဤအရာကို မေးခွန်းကဲ့သို့ အထူးပြုပြောဆိုသည်။ ဤနေရာတွင် "သူ" ဟူသည် ယေရှုကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ သံလွင်ဥယျာဉ်၌ လာဖမ်းစဉ်က သင့်ကိုသူနှင့်အတူငါမြင်ခဲ့ပြီ မဟုတ်လော" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ပေတရုသည် တဖန်ငြင်းပြန်လေ၏

ဤနေရာတွင် ပေတရုသည် ယေရှုနှင့်ရှိသည်ကို ငြင်းဆိုခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပေတရုသည် ယေရှုနှင့် သိသည်ဟူသည့်အရာကို ငြင်းခဲ့သည်" သို့မဟုတ် "ယေရှုနှင့် အတူရှိနေသည်ကိုငြင်းဆိုခဲ့သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ထိုခဏခြင်းတွင် ကြက်တွန်လေ၏

ဤနေရာတွင် စာဖတ်သူများကို ယေရှုသည် ပီတာအားကြက်မတွန်မီ ငြင်းပယ်မည်ဆိုခဲ့သည့်အရာကို သတိရစေပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုအချိန်တွင် ကြက်တွန်လေ၏။ ထိုဖြစ်သည့်အရာသည် ယေရှုပြောခဲ့သကဲ့သို့ပင်ဖြစ်ပွားခဲ့သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

John 18:28-30

ယေဘုယျအချက်အလက်

ဤနေရာတွင် ဖြစ်စဉ်သည် ယေရှုဘက်လှည့်သွားသည်။ စစ်သားများနှင့် ယေရှုကို စွပ်စွဲသူများက သူ့ကိုပိလတ်မင်းထံခေါ်ဆောင်သွားသည်။ အငယ် (၂၈) တွင် သူတို့သည် အဘယ့်ကြောင့်အိမ်တော်ဦးထဲ မဝင်သည့် အကြောင်းကို‌ ဖော်ပြထားပါသည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/writing-background/01.md]])

ယေရှုကို ကယာဖထံမှ အိမ်တော်ဦးသို့ဆောင်သွားကြ၏

ယေရှုကို ကာယဖအိမ်တော်သို့ ခေါ်ဆောင်သွားခြင်းကို ပြောဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထို့နောက်သူတို့သည် ယေရှုကို ကာယဖအိမ်သို့‌ ခေါ်ဆောင်သွားကြသည်။ (ရှု၊ (See: [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

အိမ်တော်ဦးထဲသို့ ကိုယ်တိုင်မဝင်ကြ

ပိလတ်သူသည် ယုဒလူမဟုတ်ပါ။ သို့ဖြစ်၍ ယုဒခေါင်းဆောင်များသည် သူ၏အဆောက်အဦးထဲတွင် ဝင်လျှင် ညစ်ညမ်းမည်ဖြစ်သည်။ ဤအရာသည် ပသခါပွဲတော်ကျင်းပခြင်းများဖြင့် သူတို့အား ကာကွယ်ပေးထားခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် ပိလတ်အိမ်တော်သို့ မဝင်ရခြင်းမှာ ပိလတ်သည် တစ်ပါးအမျိုးသားဖြစ်သောကြောင့်ဖြစ်သည်။ သူတို့ညစ်ညူးရန်အလိုမရှိပါ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-doublenegatives/01.md]])

ဤသူသည်လူဆိုးမဟုတ်လျှင် အကျွန်ုပ်တို့သည် ကိုယ်တော်၌မအပ်ပါဟုလျှောက်ကြ၏

အခြားသောဘာသာပြန်ဆိုချက်၊ "ဤသူသည် လူဆိုးမဟုတ်လျှင် သူ့အားအပြစ်ပေးရန်မလိုအပ်ပါ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-doublenegatives/01.md]])

သူ့ကိုလွှဲအပ်ရန်

ဤစာစုသည် ရန်သူများထံသို့ လွှဲအပ်ခြင်းကို ဆိုလိုသည်။

John 18:31-35

ယေဘုယျအချက်အလက်

အငယ်တွင် (၃၂) တွင် စာရေးသူသည် ယေရှုအသေခံရမည့်အကြောင်းကို ဟောကိန်းထုတ်၍ ဖော်ပြထားသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/writing-background/01.md]])

ယုဒလူတို့ကလည်း ...... လျှောက်ကြ၏

ဤနေရာတွင် ယုဒလူများ ဟူသည် ယေရှုကို ဆန့်ကျင်၍ ဖမ်းဆီးကြသော ခေါင်းဆောင်များကို ရည်ညွှန်းသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-synecdoche/01.md]])

အဘယ်သူကိုမျှ မသတ်ပိုင်ပါဟုလျှောက်ကြ၏

ရောမဥပဒေအရ ယုဒလူများသည် မည်သူ့ကိုမျှ သတ်ပိုင်ခွင့်မရှိပါ။ အခြားသောဘာသာပြန်ဆိုချက်၊ "ရောမဥပဒေအရ ကျွန်ုပ်တို့သည် မည်သူ့ကိုမျှသတ်ပိုင်ခွင့်မရှိပါ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

မိန့်တော်မူသောစကား တော် ပြည့်စုံမည်အကြောင်း

အခြားသောဘာသာပြန်ဆိုချက်၊ "ယေရှုအစောပိုင်းကာလတွင် ပြောခဲ့သည့်စကားပြည့်စုံလာသည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

မိမိသေရမည့်အရိပ်ကိုပေး၍

မည်သို့သေရမည်ကို အလေးထားပြောဆိုသည်။

ငါသည်ယုဒလူဖြစ်သလော

ဤမေးခွန်းကို ပိလတ်မင်းပြောကြားခြင်းသည် ယုဒလူများ၏ ထုံးတမ်းအစဉ်လာကိစ္စများကို စိတ်ဝင်စားမှု နည်းပါးကြောင်းအထူးပြုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် ယုဒလူလုံးဝမဟုတ်သောကြောင့် ဤကိစ္စကို စိတ်မဝင်စားပါ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-rquestion/01.md]])

သင်၏ လူမျိုး

သင်၏ ယုဒအပေါင်းအဖော်များ။

John 18:36-37

ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်

"လောက" သည် ယေရှုကို ဆန့်ကျင်သောသူများကို ဆိုလိုပါသည်။ ဆိုလိုချက် ၁) "ငါ၏ နိုင်ငံသည် ဤလောကနှင့် မသက်ဆိုင်ပါ" ဆိုလိုချက် ၂) "သူတို့ နိုင်ငံအတွက် ဤ‌လောက၏ ခွင့်ပြုချက်ငါ့မှာမလိုအပ်ပါ" သို့မဟုတ် "ငါ၏ အုပ်စိုးခြင်းအခွင့်အာဏာသည် ဤလောကနှင့်မသက်ဆိုင်ပါ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

ငါသည် ယုဒလူတို့လက်သို့မရောက်စေခြင်းငှါ

အခြားသောဘာသာပြန်ဆိုချက်၊ "ယုဒခေါင်းဆောင်များ၏ ဖမ်းဆီးခြင်းမှကာကွယ်ရန်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

ယုဒလူများ

ဤနေရာတွင် "ယုဒလူများ" ဟူသည် ယေရှုခရစ်ကို ဆန့်ကျင်သော ယုဒလူများအားဆိုလိုပါသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-synecdoche/01.md]])

ငါသည် ဤ‌လောကသို့ကြွလာပြီး

ဤနေရာတွင် ‌လောကသည် ကမ္ဘာပေါ်တွင် နေထိုင်သောလူအချို့ကို ကိုယ်စားပြုသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-synecdoche/01.md]])

ဤနေရာတွင် သမ္မာတရားဟူသည် ...... ဘုရားသခင်အကြောင်းဖြစ်သည်

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်အကြောင်းကိုလူများအားပြောပြရန်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

သမ္မာတရားနှင့်စပ်ဆိုင်သမျှ

ဘုရားသခင်၏ သမ္မာတရားအား ချစ်မြတ်နိုးသူများကို ရည်ညွှန်းသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-idiom/01.md]])

ငါ၏ စကား

"စကား" ဟူသည် ယေရှုပြောခဲ့သော အရာများကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါပြောသောအရာများ" သို့မဟုတ် "ငါ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-synecdoche/01.md]])

John 18:38-40

သမ္မာတရားကအဘယ်သို့နည်း

ဤအရာတွင် ပိလတ်၏ယုံကြည်ခြင်းသည် သမ္မာတရားကို အမှန်တကယ်မသိကြောင်း ထင်ရှားစေသည်။ ဤနေရာတွင် ယေရှုသည် သမ္မာတရားဖြစ်သည်ကို လှည့်ကွက်စကားဖြင့်ပြောသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မည်သူမျှ အမှန်တရားကိုမသိနိုင်ပါ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-rquestion/01.md]])

ယုဒလူများ

ဤနေရာတွင် "ယုဒလူများ" ဟူသည် ယေရှုခရစ်ကို ဆန့်ကျင်သော ယုဒလူများအားဆိုလိုပါသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-synecdoche/01.md]])

ဤသူကို မလွှတ်စေချင်ပါ၊ ဗာရဗ္ဗကို လွှတ်စေချင်ပါသည်

ဤအရာသည် အဓိပ္ပာယ်မပျက်စေပဲ သို့မဟုတ် လိုရင်းမပျောက်စေသော တင်ပြချက်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဤလူအားမလွှတ်ပေးပါနှင့်၊ ဗာရဗ္ဗကိုသာ လွှတ်ပေးပါ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-ellipsis/01.md]])

ထိုဗာရဗ္ဗကား ထားပြဖြစ် သတည်း

ယောဟန်သည် ဗာရဗ္ဗ၏ နောက်ခံအခြေအနေကိုဖော်ပြထားပါသည်။ (ရှု၊[[https://git.door43.org/unfoldingWord/en_ta/src/master/translate/writing-background/01.md]])

John 19

John 19:1-3

ဆက်စပ်မှု ဖော်ပြချက်

ပြီးခဲ့သည့်အခန်းများမှ ဖြစ်စဉ်များဖြစ်သည်။ ယေရှုသည် ယုဒလူများ၏ စွပ်စွဲပြစ်တင်မှုဖြင့် ပိလတ်မင်းရှေ့တွင်ရပ်နေသည်။

ထိုအခါ ပိလတ်မင်းသည် ယေရှုကိုယူ၍ရိုက်ပြီးမှ

ပိလတ်ကိုယ်တိုင်ယေရှုအားမရိုက်ပါ။ ပိလတ်၏ ခိုင်းစေမှုဖြင့် စစ်သားများမှ ရိုက်ခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပိလတ်သည် စစ်သားများအားယေရှုကို ရိုက်ရန်အမိန့်ပေးခဲ့သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-synecdoche/01.md]])

ယုဒရှင်ဘုရင်

ဆီဇာဘုရင်အား လက်မြှောက်၍ နှုတ်ဆက်ခြင်းပြုသည်။ စစ်သားများသည် ဆူးပင်နှင့် ရက်သောဦးရစ်ကို ခေါင်း၌တင်၍ ယေရှုကိုလှောင်ပြောင်နှုတ်ဆက်လျက်၊ သူတို့၌ဘုရင်တစ်ပါးသာရှိသည်ကိုသာ အသိမှတ်ပြုကြောင်းအော်ဟစ်ကြသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-irony/01.md]])

John 19:4-6

ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့

ပိလတ်သည် ယေရှု၌အဘယ်အပြစ်မှ ညိစွန်းခြင်းမရှိကြောင်းကို နှစ်ကြိမ်တိုင်ဖော်ပြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါတော့ သူ့ကိုအပြစ်ပေးရန် ဘာအကြောင်းမှ ရှာမတွေ့ဘူး" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ဆူးပင်ဦးရစ်နှင့် နီးမောင်းသောဝတ်လုံ

သရဖူနှင့်ဝတ်လုံသည် ဘုရင်များဝတ်ဆင်ရန်အတွက်သာဖြစ်သည်။ စစ်သားများသည် ယေရှုကိုဝတ်ဆင်ပေးခြင်းမှာ လှောင်ပြောင်ရန် အတွက်ဖြစ်သည်။ (ရှု၊ John 19:2

John 19:7-9

ယုဒလူတို့က လျှောက်ကြ၏

ယုဒများဟူသည် ယေရှုကိုဆန့်ကျင်သော ယုဒခေါင်းဆောင်များကို ရည်ညွှန်းပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယုဒခေါင်းဆောင်များသည် ပိလတ်မင်းကို ဖြေကြားခဲ့သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-synecdoche/01.md]])

ဤသူသည်ဘုရားသခင်၏သားတော်ဖြစ်ယောင်ဆောင်သောကြောင့် အကျွန်ုပ်တို့၌ ရှိသော ဓမ္မသတ်အတိုင်း သေထိုက်ပါသည်

ယေရှုသည် ဘုရားသခင်၏ သားတော်ဟု ကြေငြာသောကြောင့် သူ့အားဖမ်းဆီးသတ်ဖြတ်သင့်ကြောင်း ပြစ်တင်စွပ်စွဲသည်။

ဘုရားသခင်၏သားတော်

ယေရှုအတွက် ကြီးမြတ်သော နာမတော်ဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/guidelines-sonofgodprinciples/01.md]])

John 19:10-11

ငါနှင့်စကားမပြောသလော

ဤနေရာတွင် ယေရှုအား ပိလတ်သည် အံ့သြသွားသည်ကို တွေ့ရသော်လည်း ယေရှုသည် ဤအရာကို ကာကွယ်ရန်အတွက် အခွင့်အရေးမယူခဲ့ပါ။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် ငါနှင့်စကားပြောရန် ငြင်းပယ်ခြင်းအတွက် သင့်ကို မယုံကြည်နိုင်အောင် အံ့ဩမိတယ်" သို့မဟုတ် "ငါ့ကို စကားပြောပါ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-rquestion/01.md]])

ငါသည် သင့်ကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပိုင် သည်ကို၎င်း၊ လွှတ်ပိုင်သည်ကို၎င်း၊ သင်မသိလော

အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် သင့်ကိုငါ၏ စစ်သားများ ညဉ်းပမ်းနှိပ်စက်ခြင်းမပြုရန် အမိန့်ပေးနိုင်သူ၊ လွှတ်ပိုင်ခွင့်ရှိသူဖြစ်တယ်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-rquestion/01.md]])

အခွင့်အာဏာ

ဤနေရာတွင် "အခွင့်အာဏာ" ဟူသည် တစ်စုံတစ်ရာကို ဖြစ်စေနိုင်ခြင်းကို ဖော်ပြသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

အထက်အရပ်မှအခွင့်ကို မရလျှင်မင်းကြီးသည် ငါ့ကိုအဘယ်သို့မျှမပြုပိုင်

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင် အခွင့်ပေးသောကြောင့်သင်သည် ငါ့ကို လုပ်ဆောင်ရန် တတ်စွမ်းနိုင်သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-doublenegatives/01.md]] နှင့် [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

အထက်အရပ်မှ

ဘုရားသခင်အား လေးစားတန်ဖိုးထားခြင်းဖြစ်သည်။

အပ်နှံသောသူ

ဤစာစုသည် ရန်သူများထံလွှဲပြောင်းပေးခြင်းကို ဆိုလိုသည်။

John 19:12-13

ထိုအခါမှစ၍

ဤနေရာတွင် "အဖြေ"သည် ယေရှု၏အဖြေ ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယေရှု၏ ဖြေကြားခြင်းကို ပိလတ်ကြားပြီးနောက်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ပိလတ်မင်းသည် ကိုယ်တော်ကိုလွှတ်ခြင်းငှါ ရှာကြံလေ၏

ပိလတ်မင်းသည် ယေရှုအား လွတ်မြောက်စေရန် ကြိုးစားအားထုတ်ခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပိလတ်သည် ယေရှုလွတ်မြောက်ရန် ကြိုးစားခဲ့သည်" သို့မဟုတ် "‌ယေရှုလွတ်မြောက်ရန် အကြိမ်ကြိမ်သူကြိုးစားခဲ့သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ယုဒလူတို့ကလည်း

ယုဒလူများဟူသည် ယေရှုကို ဆန့်ကျင်သူ ခေါင်းဆောင်များကို ရည်ညွှန်းသည်။ သူတို့သည် အော်ဟစ်၍ ပြောသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သို့သော် ယုဒလူများသည် အော်ဟစ်ကြွေးကြော်ခဲ့သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-synecdoche/01.md]] နှင့် [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ကဲသာ ဘုရင်၏အဆွေမဟုတ်ပါ

သင်သည် ဆီဇာကို ဆန့်ကျင်သည် သို့မဟုတ် အင်ပါယာကိုဆန့်ကျင်သည်။

ရှင်ဘုရင်လုပ်သောသူ

သူသည် ဘုရင်ဟုကြေငြာပြီ။

ယေရှုကိုအပြင်သို့ ထုတ်ပြီးနောက်

ဤနေရာတွင် "သူ" ဟူသည် ပိလတ်ကိုညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယေရှုကိုအပြင်သို့ ခေါ်ဆောင်သွားရန် သူ၏စစ်သားများအား အမိန့်ပေးသည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-synecdoche/01.md]])

ထိုင်လေ၏

လူများရပ်၍ အော်ဟစ်နေခြင်း မပြီးမီ ပိလတ်သည် သူ၏ဆောင်ရွက်ရမည့် ကိစ္စပြီး၍ထိုင်လေ၏။

တရားပလ္လင်ခုံ

ပိလတ်သည် တရားစီရင်ခြင်းပြုသောအခါ ထိုင်သောခုံဖြစ်သည်။

ဂဗ္ဗသ အမည်ရှိ၍ ကျောက်ခင်းဟုခေါ်ဝေါ်သောအရပ်

အရေးပါသော ပုဂ္ဂိုလ်များကိုသာ သွားရန်ခွင့်ပြုသော အထူးကျောက်ခင်းလူသွားလမ်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူများမှ ဂဗ္ဗသကျောက်ခင်း ဟုခေါ်ဝေါ်သောအရပ်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

ဟေဗြဲ

ဣသရေလလူများ ပြောသော စကားကိုရည်ညွှန်းသည်။

John 19:14-16

ဆက်စပ်မှုဖော်ပြချက်

ခြောက်နာရီကျော်လွန်ပြီးချိန်တွင် ပိလတ်မင်းသည် သူ၏စစ်သားများအား ယေရှုကို သတ်ရန်အမိန့်ပေးခဲ့သည်။

ထိုနေ့အချိန်ကား

ထိုနေ့သည် ပသခါ အဘိတ်နေ့ဖြစ်ကြောင်း ဖြစ်စဉ်၌ ဖော်ပြသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/writing-background/01.md]])

တစ်ချက်တီးအချိန်

နေ့လည်အချိန်။

ပိလတ်မင်းကလည်း ယုဒလူတို့အား ပြောဆိုလျှင်

"ယုဒလူများ" ဟူသည် ယေရှုကို ဆန့်ကျင်သောခေါင်းဆောင်များကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ 'ပိလတ်သည် ယုဒခေါင်းဆောင်များအား ပြောဆိုခဲ့သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-synecdoche/01.md]])

သင်တို့၏ ဘုရင်ကို လက်ဝါးကပ်တိုင်၌ ရိုက်ထားရမည်လော

ဤနေရာတွင် "ငါ" သည် ပိလတ်၏ စစ်သားများအထူးသဖြင့် ညည်းပန်းနှိပ်စက်မှု ပြုမည့်သူများကိုဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ၏ စစ်သားများကို သင်တို့၏ ဘုရင်အားလက်ဝါးကပ်တိုင်၌ ရိုက်ရန်အမိန့်ပေးမည်ကို သင်တို့ အမှန်တကယ်အလိုရှိသလား" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-synecdoche/01.md]])

ထိုအခါ ပိလတ်မင်းသည် ယေရှုကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှါ ထိုသူတို့လက်သို့ အပ် သဖြင့်၊ သူတို့သည် ကိုယ်တော်ကိုယူ၍ထုတ်သွားကြ၏

ပိလတ်သည် စစ်သားများထံ ယေရှုကိုအပ်နှံခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပိလတ်သည် ယေရှုကိုသတ်ရန် စစ်သားများအားအမိန့်ပေးသည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]] နှင့် [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

John 19:17-18

ဦးခေါင်းခွံအရပ်ဟူ၍ တွင်သောအရပ်သို့

အခြားသောဘာသာပြန်ဆိုချက်၊ "လူအများက ဦးခေါင်းခွံဟုခေါသောအရပ်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

ဟေဗြဲစကားအားဖြင့် ဂေါလဂေါသ

ဟေဗြဲစကားတွင် "ဂေါလဂေါသ" ဟုခေါ်သည်။

အခြားသောသူနှစ်ယောက်နှင့်တကွ

ကားတိုင်ပေါ်၌ အခြားသောအပြစ်သားများနှစ်ယောက်နှင့်အတူရိုက်နှက်ထားပါသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-ellipsis/01.md]])

John 19:19-20

ပိလတ်မင်းသည်လည်း ကမ္ဗည်းလိပ်စာကိုရေး၍ လက်ဝါးကပ်တိုင်တော်၌ တပ်လေ၏

ဤနေရာတွင် ပိလတ်သည် လူများကိုယ်စား ကမ္ဗည်းထိုးလေ၏။ ကားတိုင်ဟူသည် ယေရှု၏ ကားတိုင်ကို ရည်ညွှန်းပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယေရှု၏ ကားတိုင်ပေါ်တွင်တပ်ဆင်ရန် ပိလတ်သည် ကမ္ဗည်းရေးထိုးပေးလေ၏" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-synecdoche/01.md]])

ယုဒရှင်ဘုရင်၊ နာဇရက်မြို့သားယေရှုဟု ရေးထားသတည်း

အခြားသောဘာသာပြန်ဆိုချက်၊ "ယုဒတို့၏ဘုရင်၊ နာဇရက်မြို့သားယေရှု" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

ယေရှုကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်

အခြားသောဘာသာပြန်ဆိုချက်၊ "ယေရှုအား စစ်သားများမှှ ကားတိုင်၌ ရိုက်ထားသောနေရာ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

ထိုလိပ်စာကို ဟေဗြဲ ဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့် ရေးထားသည်

တစ်စုံတစ်ယောက်သည် ကမ္ဗည်းစာအား ဘာသာစကားသုံးမျိုးဖြင့် ရေးသားထားသည်။ (ဟေဗြဲ၊ ဟေလသဘာသာ၊ ရောမဘာသာ) (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

ဟေလသဘာသာ

ဤအရာသည် ရောမအစိုးရ၏ ဘာသာစကားတစ်ခုဖြစ်သည်။

John 19:21-22

ထိုကြောင့်ယုဒယဇ်ပုရောဟိတ်အကြီးတို့သည် ပိလတ်မင်းထံသို့ဝင်၍

ယဇ်ပ‌ရောဟိတ်အကြီးသည် ပိလတ်ထံသွား၍ ကမ္ဗည်းရေးချက်ကို ကန့်ကွက်ပြင်ဆင်ရန်ပြောခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယဇ်ပ‌ရောဟိတ်အကြီးသည် ပိလတ်ထံစကားပြောရန်သွားခဲ့သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ငါရေးပြီးသောအရာကို ငါရေးပြီ

ပိလတ်မှ ရေးပြီးသောအရာကို မပြောင်းလဲနိုင်ကြောင်းဖော်ပြခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါအလို ဆန္ဒရှိတဲ့အတိုင်းရေးသောအရာကို ပြောင်းလိမ့်မည်မဟုတ်ပါ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

John 19:23-27

ယေဘုယအချက်အလက်

အငယ် (၂၄) တွင် ယောဟန်သည် ကျမ်းစကားမည်သို့ ပြည့်စုံမည့်အကြောင်းကို ရေးသားထားပါသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/writing-background/01.md]])

အတွင်းအင်္ကျီတော်

သူ၏အဝတ်ကို ယူကြလေ၏။ စစ်သားများသည် အဝတ်ကိုမခွဲဝေပဲပိုင်း၍ ယူကြ၏။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် သူ၏အတွင်းအင်္ကျီကို ပိုင်း၍ယူကြလေ၏" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

အင်္ကျီကိုမဆုတ်ကြနှင့်။ အဘယ်သူယူရမည်ကို စာရေးတံချကြကုန်အံ့

စစ်သားများသည် အ‌‌လောင်းအစားပြုလုပ်ခြင်းဖြင့် အင်္ကျီကို ယူဆောင်ရန်ပြုလုပ်ကြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဝတ်ရုံကို အလောင်းအစားဖြင့် ဆုံးဖြတ်ပြီး နိုင်တဲ့သူက သိမ်းယူဖို့ဖြစ်သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ကျမ်းစကားပြည့်စုံစေရန်

"ဤအရာသည် ကျမ်းစကားပြည့်စုံရန်အတွက်ဖြစ်သည်" သို့မဟုတ် "ကျမ်းစာပြည့်စုံရန်အတွက် ဖြစ်ပျက်သောအရာဖြစ်သည်။"

စာရေးတံချကြကုန်အံ့

ယေရှုရဲ့ဝတ်လုံကို စစ်သားများပိုင်းဖြတ်ဝေယူခဲ့ကြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့အလောင်းအစားလုပ်ခဲ့သည်"

ချစ်တော်မူသော တပည့်တော်

ထိုသူသည် ယောဟန်ဖြစ်၍ ယောဟန်ကျမ်းကို‌ရေးသားခဲ့သူဖြစ်သည်။

အချင်းမိန်းမ၊ သင်၏သားကို ကြည့်ပါ

"သား" ဟူသည် ပုံဆောင်ချက်ဖြစ်သည်။ ယေရှုသည် သူ၏ တပည့်ယောဟန်အား သူ့မိခင်၏သားအဖြစ်အလိုရှိခဲ့သည်။ အချင်းမိန်းမ သင်၏သားကိုကြည့်ပါ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metaphor/01.md]])

သင်၏အမိကိုကြည့်ပါ

မိခင်သည် ပုံဆောင်ချက်ဖြစ်သည်။ ယေရှုသည် သူ၏မိခင်ကို တပည့်တော် ယောဟန်၏ မိခင်ကဲ့သို့ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူမကို သင်၏မိခင်အဖြစ်မှတ်ယူပါ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metaphor/01.md]])

ထိုအခါမှစ၍

ဤအချိန်ကာလမှ။

John 19:28-30

ကျမ်းစာပြည့်စုံစေခြင်းငှါ အမှုရှိသမျှကုန်စင်ပြီးသည်ကို သိတော်မူလျှင်

အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် ဤအရာများလုပ်ဆောင်ရန် ဘုရားသခင်စေလွှတ်ကြောင်းကို သိခဲ့သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

ပုံးရည်နှင့်ပြည့်သော အိုး

အခြားသောဘာသာပြန်ဆိုချက်၊ "တစ်စုံတစ်ယောက်၌ ပုံးရည်နှင့် ပြည့်သောအိုးတစ်လုံးရှိနေသည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

ပုံးရည်

ခါးသော စပျစ်ရည်

ကပ်ထားကြ၏

ဤနေရာတွင် "သူတို့" ဟူသည်ရောမစစ်သားအစောင့်များကိုခေါ်ပါသည်။

ရေမှိုတထွေး

အမြှုပ်များနှင့် ပြည့်နေသောအိုး။

ဟုဿုပ်ပင် အကိုင်းဖျား၌

ဟုဿုပ်ပင်အကိုင်း ဟုခေါ်တွင်သော။

ခေါင်းတော်ကို ငိုက်ဆိုက်ညွှတ်၍ အသက် တော်ကို စွန့်တော်မူ၏

‌ယေရှုသည် သူ၏ဝိညာဉ်ကို ဘုရားသခင်ထံအပ်နှံသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် ဦးခေါင်းငိုက်စိုက်၍ ဝိညာဉ်ကို ဘုရားသခင်ထံအပ်နှံသည်" သို့မဟုတ် "သူသည် ဦးခေါင်းစိုက်လျက် အသက်ကိုစွန့်တော်မူ၏" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

John 19:31-35

ယုဒလူမျိုးများ

ဤနေရာတွင် "ယုဒလူများ" သည် ယေရှုကို ဆန့်ကျင်သောသူများကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယုဒခေါင်းဆောင်များ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-synecdoche/01.md]])

အဘိတ်နေ့

ဤအချိန်ကာလသည် ပသခါမတိုင်မီဖြစ်ပြီး၊ လူများသည် ပသခါအတွက်အစာများကိုပြင်ကြသည်။

ခြေကိုချိုး၍ ထိုအလောင်းကောင်တို့ကို ယူသွားရမည်

အခြားသောဘာသာပြန်ဆိုချက်၊ "ကွပ်မျက်ခြင်းခံရသောသူများ၏ ခြေကိုချိုး၍ အသေကောင်များကို ကားတိုင်မှယူဆောင်သွားပြီ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောသူ

အခြားသောဘာသာပြန်ဆိုချက်၊ "ယေရှုနှင့်အတူကားတိုင်၌ အသေခံသူ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

ထိုအကြောင်းအရာကိုမြင်သောသူသည်

ဤဝါကျသည် ဖြစ်စဉ်အကြောင်းအရာနောက်ခံကိုပြောပြသည်။ ဤအရာသည် ယောဟန်မှ သူထိုနေရာ၌ရှိခဲ့ကြောင်းပြောပြနေသည်။ သူမြင်ခဲ့သည်ကိုရေးသားဖော်ပြခြင်းဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/writing-background/01.md]])

သက်သေခံ၏။ သူ၏သက်သေခံချက်သည်လည်း မှန်ပေ၏

တစ်စုံတစ်ရာမြင်ခဲ့သည့် အရာအားပြောပြခြင်းကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူမြင်ခဲ့သည့်အကြောင်းကို မှန်ကန်စွာပြောပြခြင်း" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

သင်တို့သည်ယုံကြည်မည်အကြောင်း

ဤနေရာ၌ ယုံကြည်ခြင်းဆိုသည်မှာ ယေရှု၌ ယုံကြည်ကိုးစားရန်ကိုရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုကြောင့် သူတို့သည် ယေရှု၌ ကိုးစားကြမည့်အကြောင်း" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

John 19:36-37

ယေဘုယျအချက်အလက်

ဤအချက်များသည် ကျမ်းစကားစုပြည့်စုံမည့်အကြောင်းအရာဖြစ်သည်ကို ယောဟန်ပြောပြနေသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/writing-background/01.md]])

ထိုအကြောင်းအရာကား

အခြားသောဘာသာပြန်ဆိုချက်၊ "တစ်စုံတစ်ဦးရေးသားခဲ့သော ကျမ်းစကားပြည့်စုံစေရန်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

သူ၏အရိုးကိုမချိုးရ

ဆာလံ (၃၄) ၏ကျမ်းကိုးကျမ်းကားဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မည်သူတစ်ဦးတစ်ယောက်မျှသူ၏ အရိုးကိုမချိုးရ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

ထိုသူတို့သည် မိမိတို့ ထိုးဖောက်သောသူကို ရှုမြင်ရကြလိမ့်မည်

ဤကျမ်းချက်သည် ဇာခရိ (၁၂) ကိုးကားချက်ဖြစ်သည်။

John 19:38-42

အရိမသဲမြို့သားယောသပ်

အရိမဿဲမြို့သည် သေးငယ်သောမြို့ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယောသပ်သည် ဤမြို့သားဖြစ်သည်" [[https://git.door43.org/unfoldingWord/en_ta/src/master/translate/translate-names/01.md]])

ယုဒလူတို့ကိုကြောက်၍

ဤနေရာတွင် "ယုဒလူများ" သည် ယေရှုကို ဆန့်ကျင်သောသူများကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယုဒလူတို့ကို ကြောက်ရွံ့၍" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-synecdoche/01.md]])

ယေရှု၏အလောင်းတော်ကို ယူသွားမည်အကြောင်းအခွင့်တောင်း၏

အရိဿဲမြို့သား ယောသပ်မှ ယေရှု၏အလောင်းကို ယူဆောင်လိုကြောင်း ယောဟန်မှတ်တမ်းတင်ထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယေရှု၏ အလောင်းကိုကားတိုင်မှ ယူ၍ မြှုပ်နှံခြင်းပြုရန် ခွင့်တောင်းသည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

နိကောဒင်

နိကောဒင်သည် ယေရှုကိုယုံသောဖာရိုရှဲတစ်ယောက်ဖြစ်သည်။ John 3:1 ၌ပြန်ထားပြီး။

မုရန်နှင့်အကျော်

မြေမြုပ်မည့်အလောင်းကို အမွှေးနံ့သာဖြင့်ပြင်ဆင်ခြင်း။

တစ်ရာ

(ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/translate-numbers/01.md]])

လီတာ

(၃၁) ဂရမ်နှင့် ညီမျှသောအလေးချိန်ကို တိုင်းတာသည့်အရာ။ (၁၂း၁) ကိုကြည့်ရန်။

လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်တွင်ဥယျာဉ်ရှိ၏။ ထိုဥယျာဉ်တွင် တယောက်ကိုမျှ မသင်္ဂြိုဟ် ဘူးသော သင်္ချိုင်းတွင်းသစ်ရှိ၏

ယောဟန်သည် ယေရှုမြှုပ်နှံသောသင်္ချိုင်းမြေနေရာကို ဖော်ပြခဲ့သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/writing-background/01.md]])

တယောက်ကိုမျှ မသင်္ဂြိုဟ် ဘူးသော

အခြားသောဘာသာပြန်ဆိုချက်၊ "မည်သူ့ကိုမျှ မမြှုပ်နှံဘူးသော" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

ယုဒလူတို့၏ အဘိတ်နေ့ဖြစ်သောကြောင့် ....... ထားကြ၏

ယုဒလူတို့၏ ထုံးစံအရ သောကြာနေ့အထိ အလုပ်လုပ်ခွင့်မရှိပါ။ ၎င်းသည် ပသခါနှင့် ဥပုသ်နေ့အစပိုင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ညနေပိုင်းတွင် ပသခါသည် အစပြုပြီဖြစ်သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

John 20

John 20:1-2

ယေဘုယျအချက်အလက်

ထိုနေ့သည် ယေရှုကို မြှုပ်နှံပြီးတတိယနေ့ဖြစ်သည်။

ခုနစ်ရက်တွင် ပဌမနေ့ရက်

တနင်္ဂနွေနေ့။

သူမသည် သင်္ချိုင်းတွင်းဝ၌ပိတ်သော ကျောက်ရွှေ့လျက်ရှိသည်ကိုမြင်ခဲ့သည်

အခြားသောဘာသာပြန်ဆိုချက်၊ "သူမသည် ကျောက်တုံးရွှေ့လျက်ရှိသည်ကို မြင်ခဲ့သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

ယေရှုချစ်တော်မူသော

ဤနေရာတွင် "မေတ္တာ" ဟူသည် ညီအစ်ကိုမိတ်ဆွေ နှင့်မိသားစုချစ်ခြင်းကိုဆိုလိုပါသည်။

သင်္ချိုင်းတော်မှ သခင်ကိုယူသွားကြပြီ

မာဂဒလမာရိသည် ယေရှု၏ခန္ဓာအား တစ်စုံတစ်ဦးခိုးယူသွားပြီဟု ထင်မှတ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တစ်စုံတစ်ဦးသည် သခင်၏ခန္ဓာကို သင်္ချိုင်းတော်မှ ယူဆောင်သွားပြီ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

John 20:3-5

အခြားသောတပည့်တော်

‌ယောဟန်သည် မိမိအပါအဝင်အခြားသောတပည့်တော်များဟု နှိမ့်ချစွာဖော်ပြခဲ့သည်။

အတူပြေးသည်တွင်

အခြားသောတပည့်တော်တို့သည် သင်္ချိုင်းသို့သွားကြ၏။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်္ချိုင်းသို့အပြေးအလွှားသွားခဲ့တယ်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ပိတ်ပုဆိုး

လူများအသုံးပြုသည့် အလောင်းအားရစ်ပတ်သောပုဆိုး။

John 20:6-7

ပိတ်ပုဆိုး

လူများအသုံးပြုသည့် အလောင်းအားရစ်ပတ်သောပုဆိုး။ John 20:5 ၌ပြန်ဆိုပြီး။

ခေါင်းတော်၌ ရှိသောပုဝါ

သူ၏ ဦးခေါင်းဟူသည် ယေရှု၏ဦးခေါင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယေရှုကို ဖုံးအုပ်ရန် တစ်စုံတစ်ဦးမှ ပြုလုပ်ခဲ့သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

ပိတ်ပုဆိုးနှင့်အတူမရှိပဲ

အခြားသောဘာသာပြန်ဆိုချက်၊ "သို့သော် တစ်စုံတစ်ခုသည် ခေါက်လျက်ရှိ၍ ပိတ်ပုဆိုးနှင့်အတူမရှိပဲ တခြားစီရှိသည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

John 20:8-15

အခြားသောတပည့်တော်

‌ယောဟန်သည် မိမိအပါအဝင်အခြားသောတပည့်တော်များဟု နှိမ့်ချစွာဖော်ပြခဲ့သည်။

မြင်သဖြင့် ယုံလေ၏

သူသည် သင်္ချိုင်းဂူထဲဝင်၍ ဂူသည် ဗလာဖြစ်သည်ကိုမြင်သောအခါယေရှုသေခြင်းမှ ထမြောက်ကြောင်းကို ယုံကြည်လေ၏။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် ဤအရာများကို မြင်သောအခါယေရှုသေခြင်းမှ ထမြောက်ကြောင်းကို ယုံကြည်လေ၏" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

သူတို့သည် ကျမ်းစကားကိုနားမလည်သေး

သူတို့ဟူသည် တပည့်တော်များကိုဆိုလိုပြီး ယေရှုသေခြင်းမှရှင်ပြန်ထမြောက်မည့် ကျမ်းစကားကိုသူတို့နားမလည်နိုင်သေးပါ။ အခြားသောဘာသာပြန်ဆိုချက်၊ "တပည့်တော်များသည် ယခုအထိကျမ်းစာကို နားမလည်ကြပါ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

သေခြင်းမှထမြောက်ရမည်

ယေရှုသည် သေခြင်းမှရှင်ပြန်ထမြောက်ရမည်။

အပေါင်းအသင်းရှိရာသို့ ပြန်သွားကြ၏

တပည့်တော်များသည် ယေရုရှလင်မြို့၌ဆက်ရှိနေကြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယေရုရှလင်မှ သူတို့သည် ပြန်သွားကြ၏" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ကောင်းကင်တမန်နှစ်ပါး ဖြူသောအဝတ်ကိုဝတ်ဆင်သည်ကိုမြင်လေ၏

ကောင်းကင်တမန်များသည် ဖြူသောဝတ်လုံကိုဝတ်ဆင်ထားကြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူမသည် အဖြူရောင်ဝတ်လုံဝတ်ထားသော ကောင်းကင်တမန်နှစ်ပါးကိုတွေ့ရှိခဲ့သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

သူတို့သည် သူမကိုမေးလျင်

သူတို့သူမကို ‌မေးသည်။

ကျွန်မ၏ သခင်ကိုယူသွားကြပြီ

အဘယ့်ကြောင့်ဆိုသော် သူတို့သည် သခင်၏အလောင်းကိုယူသွားသောကြောင့်ဖြစ်သည်။

အဘယ်မှာထားကြသည်ကိုမသိပါ

အဘယ်မှာထားသည်ကိုမသိပါ။

သူမကို ယေရှုပြောခဲ့သည်

သူမကို ယေရှုပြောသည်။

သင်သည် ...... ကျွန်မအားပြောပါ

"သူ့ကို" ဟူသည် ယေရှုကိုရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အကယ်၍ ယေရှု၏ခန္ဓာကို အဝေးသို့ယူသွားလျှင်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

အဘယ်မှာထားသည်ကို ကျွန်ုပ်အားပြောပြပါ

ဘယ်မှာထားသည်ကို ပြောပြပါ။

ကျွန်မယူသွားပါမည်

မာဂဒလမာရိသည် ယေရှုခန္ဓာကို ယူသွားပြီးတဖန်ပြန်မြုပ်နှံလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်သည် ခန္ဓာကိုယ်ကိုယူသွားပြီး မြှုပ်နှံလိုပါသည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

John 20:16-18

ရဗ္ဗုနိ

အာရေမိလူမျိုးဆရာ သို့မဟုတ် ရဗ္ဗိ ကိုဆိုလိုသည်။ ယေရှုသည် သူ၏တပည့်များကို ပြောဆိုသည်။

ငါ့ညီတို့

ယေရှုမှ သူ၏တပည့်များအား ခေါ်ဆိုသည်ကို ရည်ညွှန်းသည်။

ငါ၏ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်

ဤဂုဏ်ပုဒ်သည် ယေရှုနှင့် ဘုရားသခင်၏အကြား၊ ဘုရားသခင်နှင့် ယုံကြည်သူများအကြား အရေးကြီးသောအရာဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/guidelines-sonofgodprinciples/01.md]])

မာဂဒလမာရိနှင့် တပည့်တော်တို့အား ကြားပြောလေ၏

မာဂဒလမာရိသည် သွား၍သူမမြင်ခဲ့သည့်အရာများကို တပည့်တော်တို့အား ပြောကြားခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မာဂဒလမာရိသည် သွား၍ တပည့်တော်တို့အားပြောကြားခဲ့သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

John 20:19-20

ယေဘုယျအချက်အလက်

ထိုနေ့ ညနေရောက်လာချိန်တွင် တပည့်တော်များ အလယ်၌ယေရှုပေါ်လာ၏။

ခုနစ်ရက်တွင် ပဌမနေ့ရက်

တနင်္ဂနွေနေ့ကိုရည်ညွှန်းသည်။

တံခါးများကိုပိတ်ထားလျက်

အခြားသောဘာသာပြန်ဆိုချက်၊ "တပည့်တော်များသည် သူတို့ရှိသည့်နေရာ၌ တံခါးများကိုပိတ်ထားကြသည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

ယုဒလူတို့ကို ကြောက်ရွံ့၍

ဤနေရာတွင် ယုဒလူများသည် တပည့်တော်များအားဖမ်းဆီးသောသူများကို ဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယုဒခေါင်းဆောင်များက သူတို့အားဖမ်းဆီးသောကြောင့် ကြောက်ရွံ့ကြသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ငြိမ်သက်ခြင်းရှိစေသတည်း

အချင်းချင်းနှုတ်ဆက်စကားပြောဆိုကြခြင်းဖြစ်သည်။ (ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် သင်တို့အပေါ်ရှိပါစေ)

လက်တော်နှင့် နံဖေးတော်ကိုပြတော်မူ၏

ယေရှုသည် သူ၏ဒဏ်ရာများကို တပည့်တော်များအား ပြခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် သူ၏လက်နှင့် နံဘေးကို သူတို့အားပြခဲ့သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

John 20:21-23

ငြိမ်သက်ခြင်းရှိစေသတည်း

အချင်းချင်းနှုတ်ဆက်စကားပြောဆိုကြခြင်းဖြစ်သည်။ (ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် သင်တို့အပေါ်ရှိပါစေ)

ခမည်းတော်သည် .....သန့်ရှင်းသောဝိညာဉ်တော်ကိုခံကြလော့

ခမည်းတော်သည် သားတော်ကိုစေလွှတ်ခဲ့ပြီး ယခုတွင်ယုံကြည်သူများထံသို့ ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်ကို စေလွှတ်သည်။

ခမည်းတော်

ဘုရားသခင်အတွက် အရေးကြီးသောဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/guidelines-sonofgodprinciples/01.md]]) Mark chunk as done

အပြစ်လွှတ်လျက်ရှိ၏

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် သူတို့ကိုအပြစ်လွှတ်လိမ့်မည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

အကြင်သူ၏ အပြစ်ကိုသင်တို့တည်စေလျှင်

အခြားသူတစ်ဦး၏ အပြစ်ကိုမခွင့်လွှတ်လျှင်။

ထိုသူသည် အပြစ်တည်လျက်ရှိ၏။

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် သူတို့အားခွင့်လွှတ်မည်မဟုတ်ပါ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

John 20:24-25

ဒိဒုမု

ဤအမည်သည် အမျိုးသားအမည်ဖြစ်ပြီး "အမွှာ"ဟုအဓိပ္ပာယ်ရသည်။ John 11:15 ၌ ကြည့်ပါ။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/translate-names/01.md]])

ထိုသူတို့ကလည်း ပြောဆိုကြလျှင်

"သူ့အား" ဟူသည် သောမတ်ကိုရည်ညွှန်းသည်။

မမြင်လျှင် အကျွန်ုပ်မယုံဟုဆို၏

အခြားသောဘာသာပြန်ဆိုချက်၊ "သူ၏နံဘေးတော်ကို စမ်းရမှသာလျှင် ငါယုံကြည်မည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-doublenegatives/01.md]])

သူ၏လက်နှင့် သူ၏နံဘေးတော်

"သူ၏" ဟူသည် ယေရှုကိုရည်ညွှန်းပါသည်။

John 20:26-29

သူ၏ တပည့်တော်တို့

"သူ၏" ဟူသည် ယေရှုကိုရည်ညွှန်းသည်။

တံခါးများကို ပိတ်ထားစဉ်အခါ

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့တံခါးများကို ပိတ်ထားသောအခါ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

ငြိမ်သက်ခြင်းရှိစေသတည်း

အချင်းချင်းနှုတ်ဆက်စကားပြောဆိုကြခြင်းဖြစ်သည်။ (ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် သင်တို့အပေါ်ရှိပါစေ)

ယုံမှားခြင်းမရှိနှင့်

"မယုံကြည်ခြင်း" သို့မဟုတ် "ယုံကြည်မှုမရှိ"

ယုံလော့

"ယုံလော့" ဟူသည် ယေရှုကို ယုံကြည်ကိုးစားရန်ကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့ကိုယုံကြည်ကိုးစား‌လော့" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

သင်ယုံခြင်းရှိ၏

သောမသည် ယေရှုကို မြင်ရသောကြောင့် အသက်ရှင်သည်ကိုယုံကြည်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါအသက်ရှင်သည်ကို သင်ယုံကြည်ပြီ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

မင်္ဂလာရှိကြ၏

ဘုရားသခင်သည် ထိုသူတို့အားကြီးမြတ်သောဝမ်းမြောက်ခြင်းကိုပေးလေပြီ။

ငါ့ကိုမမြင်ပဲ

ယေရှုကိုမမြင်သောသူများကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့ကို မမြင်ပဲယုံကြည်သက်ရှင်သူတို့သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

John 20:30-31

ယေဘုယျအချက်အလက်

ယေရှုလုပ်ခဲ့သောအရာများကို ယောဟန်သည် မှတ်ချက်ပြုခြင်းဖြင့် ဝတ္တုဖြစ်စဉ်၏အဆုံးပိုင်းရောက်လာသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/writing-endofstory/01.md]])

နိမိတ်လက္ခဏာများ

"နိမိတ်လက္ခဏာများ" ဟူသောစာလုံးသည် စင်္ကြာဝဠာ၌ ဩဇာအာဏာပြည့်ဝသော တန်ခိုးကြီးမားသူ ဘုရားသခင်ဖြစ်ကြောင်းပြသခြင်းကို ရည်ညွှန်းပါသည်။

ကျမ်းစာ၌‌ရေးမထားသောအခြားနိမိတ်လက္ခဏာများလည်း

အခြားသောဘာသာပြန်ဆိုချက်၊ "ဤကျမ်းစာ၌ စာရေးသူရေးသားခြင်းမပြုသော နိမိတ်လက္ခဏာများလည်း" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

ဤမျှလောက် ရေးထားလျက် ရှိသတည်း

အခြားသောဘာသာပြန်ဆိုချက်၊ "သို့သော်လည်း ဤလက္ခဏာများအကြောင်းကို စာရေးသူရေးသားခဲ့သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

ဘုရား၏သားတော်

ယေရှုအတွက်အ‌ရေးကြီးသော ဂုဏ်ပုဒ်၊ နာမတော်ဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/guidelines-sonofgodprinciples/01.md]])

နာမတော်အားဖြင့် အသက်

ဤနေရာတွင် "အသက်" ဟူသည်မှာ ယေရှုပေးသောအသက်ကိုဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယေရှုခရစ်အားဖြင့်သင်သည် အသက်ကိုရမည့်အကြောင်း" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

အသက်

ထိုအရာသည် ဝိညာဉ်အသက်ကိုဆိုလိုသည်။

John 21

John 21:1-6

ယေဘုယျအချက်အလက်

တစ်ဖန်ယေရှုသည် သူ၏တပည့်များကို တိဗေရိအိုင်နားမှာ ကိုယ်ကိုပြတော်မူ၏။ အငယ် (၂) နှင့် (၃) သည် ယေရှုကိုယ်ထင်ရှားပြခြင်း မတိုင်မီအဖြစ်အပျက်ဖြစ်ပါသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/writing-background/01.md]])

တဖန် ..... ပြတော်မူ၏

နောက်ဆုံးတွင်

ဒိဒုမုဟုအမည်ရှိသော သောမ

အခြားသောဘာသာပြန်ဆိုချက်၊ "ဒိဒုမုဟုအမည်တွင်သော သောမ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

ဒိဒုမု

John 11:15 ကိုကြည့်ပါ။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/translate-names/01.md]])

ချစ်သားတို့

ချစ်သားတို့ဟူသော စကားစုသည် "ချစ်စွာသောမိတ်ဆွေများ" ဟုဆိုလိုပါသည်။

ထိုသို့ပြုလျှင်ရလိမ့်မည်

ဤနေရာတွင် "တစ်စုံတစ်ရာ" ဟူသည် "ငါး" ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်၏ ပိုက်ကွန်ကိုပစ်လျှင် ငါးများရရှိလိမ့်မည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ပိုက်ကွန်ကိုဆွဲ၍

ပိုက်ကွန်ကိုဆွဲသည်။

John 21:7-11

ချစ်တော်မူသော

မိမိအကျိုးအတွက်မပါသော၊ အခြားသူများအပေါ်၌သာကောင်းစေချင်သည့် ဘုရားသခင်ထဲမှလာသောမေတ္တာ။ သူတို့မည်သို့ဖြစ်နေပါစေ အခြားသူများအားဂရုဏာထားသောချစ်ခြင်းမေတ္တာ။

အဝတ်ကိုမခြုံပဲရှိလျက်

ဤအရာသည် နောက်ခံသတင်းအချက်အလက်ဖြစ်ပါသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/writing-background/01.md]])

အိုက်ထဲသို့ဆင်းလေ၏

ပေတရုသည် ရေထဲသို့ဆင်းသွားပြီး ကမ်းစပ်သို့ကူးခပ်သွားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပင်လယ်ထဲဆင်းသွားပြီး ကမ်းစပ်သို့ ကူးခတ်သွားသည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

အိုင်ထဲသို့

ပေတရုသည် ရေထဲသို့လျင်မြန်စွာ ခုန်ဆင်းသွားသည်ကို ဆိုလိုပါသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-idiom/01.md]])

ကမ်းနှင့်မနီးမဝေး အလံငါးဆယ်လောက်ကွာသည်ဖြစ်၍

ဤအရာသည် နောက်ခံသတင်းအချက်အလက်ဖြစ်ပါသည်။

အလံငါးဆယ်လောက်ကွာ

မီတာ (၉၀)။ တစ်တောင်သည် အလွန်သေးငယ်၍ မီတာ၏ ထက်ဝက်ထက်ပင်နည်းပါသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/translate-bdistance/01.md]])

ရှိမုန်ပေတရုသည် လှေပေါ်သို့တက်၍

ဤနေရာတွင် ရှိမုန်ပေတရုသည် လှေသို့ပြန်သွားသည်ဟု ဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုနောက် ရှိမုန်ပေတရုသည် လှေသို့ပြန်သွားခဲ့သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ပိုက်ကွန်ကို ကုန်းပေါ်သို့ဆွဲတင်လေ၏

ပိုက်ကွန်ကို ကမ်းခြေသို့ဆွဲတင်လေ၏။

ပိုက်ကွန်သည် မစုတ်မပြတ်

အခြားသောဘာသာပြန်ဆိုချက်၊ "ပိုက်ကွန်သည် စုတ်ပြဲခြင်းမရှိ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

John 21:12-14

နံနက်စာ

နံနက်ပိုင်းအစာ။

သုံးကြိမ်မြောက်

သုံးခါမြောက်ကို ဆိုလိုပါသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/translate-ordinal/01.md]])

John 21:15-16

ယေဘုယျအချက်အလက်

ယေရှုသည် ရှိမုန်ပေတရုနှင့် စတင်စကားစမြည်ပြောခဲ့သည်။

သင်သည် ငါ့ကိုချစ်သလော

ဤနေရာတွင် "ချစ်ခြင်း" သည်မိမိအကျိုးအတွက်မပါသော၊ အခြားသူများအပေါ်၌သာကောင်းစေချင်သည့် ဘုရားသခင်ထဲမှလာသောမေတ္တာ။ သူတို့မည်သို့ဖြစ်နေပါစေ အခြားသူများအားဂရုဏာထားသောချစ်ခြင်းမေတ္တာဖြစ်သည်။

ဟုတ်ပါ၏သခင်၊ ကိုယ်တော်ကိုကျွန်ုပ်ချစ်သည်

ပေတိရုဖြေသော ချစ်ခြင်းမေတ္တာသည် ညီအစ်ကိုမေတ္တာ၊ မိတ်‌ဆွေမေတ္တာ၊ သို့မဟုတ် မိသားစုမေတ္တာကို ရည်ညွှန်းပါသည်။

ငါ၏ သိုးငယ်တို့ကိုကျွေးမွေးလော့

ဤနေရာတွင် "သိုး" ဟူသည် ယေရှုကိုချစ်၍ နောက်တော်သို့လိုက်သော သူများကို ပုံဆောင်ပါသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metaphor/01.md]])

ငါ၏သိုးတို့ကို ထိန်းလော့

ဤနေရာတွင် "သိုး" ဟူသည် ယေရှုကိုချစ်၍ နောက်တော်သို့လိုက်သော သူများကို ပုံဆောင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် သူတို့ကိုထိန်းသိမ်းစောင့်‌ရှောက်သကဲ့သို့ သူတို့ကိုစောင့်‌ရှောက်လော့" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metaphor/01.md]])

John 21:17-18

သူသည် သုံးကြိမ်မေးတော်မူသောကြောင့်

"သူ" ဟူသည် ယေရှုကို ရည်ညွှန်းပါသည်။ ဤနေရာတွင် "သုံးကြိမ်" သည် "သုံးခါမြောက်" အရေအတွက်ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယေရှုသည် သူ့ကို သုံးကြိမ်တိုင်အောင်မေးခဲ့သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/translate-ordinal/01.md]])

သင်သည် ငါ့ကိုချစ်သလော

ဤနေရာတွင် ယေရှုသည် မိသားစုချစ်ခြင်း၊ မိတ်ဆွေ၊ ညီအစ်ကိုချစ်ခြင်းကို ညွှန်းဆိုသော "ချစ်ခြင်းမေတ္တာ"ကို မေးခွန်းကဲ့သို့ အသုံးပြု၍ပြောဆိုခဲ့သည်။

ငါ၏သိုးတို့ကိုကျွေးမွေးလော့

ဤနေရာတွင် "သိုး" များသည် ယေရှုနောက်၌လိုက်သောသူများကို ကိုယ်စားပြုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ၏ လူတို့ကို ကြည့်ရှုပြုစုလော့" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metaphor/01.md]])

အမှန်အကန်

John 1:51 ကိုကြည့်ပါ။

John 21:19

ထိုသို့

ယောဟန်သည် ဤစကားကို ကျမ်းစာဆက်လက်မရေးမီ နောက်ခံအချက်အလက်များပေးခြင်းဖြင့်ဖော်ပြရန် အသုံးပြုခဲ့သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/writing-background/01.md]])

အဘယ်သို့သောသေခြင်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည်အရိပ်ကို ပေးတော်မူ၏

ဤနေရာတွင် ယောဟန်သည် ပေတရုကပ်တိုင်၌ သေမည်ကို အရိပ်အမြွက်ပြောကြားခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကပ်တိုင်၌ ပေတရု၏သေခြင်းသည် ဘုရားဘုန်းတော်ထင်ရှားမည့်အရာကို ညွှန်ပြနေသည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ငါ့နောက်သို့လိုက်လော့

"နောက်လိုက်ရန်" ဟူသောစကားသည် တပည့်တော်များကို ဆိုလိုပါသည်။အခြားသောဘာသာပြန်ဆိုချက်၊ "ငါ၏တပည့်အဖြစ် ဆက်လက်ရပ်တည်ကြ‌လော့" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

John 21:20-21

ယေရှုချစ်တော်မူ၍

ယောဟန်သည် မိမိအမည်ပြောပြခြင်းထက် ဤနည်းလမ်းဖြင့် မိမိကိုယ်ကိုရည်ညွှန်းခဲ့သည်။

ချစ်တော်မူသော

မိမိအကျိုးအတွက်မပါသော၊ အခြားသူများအပေါ်၌သာကောင်းစေချင်သည့် ဘုရားသခင်ထဲမှလာသောမေတ္တာ။ သူတို့မည်သို့ဖြစ်နေပါစေ အခြားသူများအားဂရုဏာထားသောချစ်ခြင်းမေတ္တာ။

ညစာစားသောအခါ

ဤအရာသည် နောက်ဆုံးညစာစားပွဲကို ဆိုလိုပါသည်။ (John 13) ကိုကြည့်ပါ။

ပေတရုသည် လှည့်၍မြင်လျှင်

ဤနေရာတွင် "သူ့ကို" ဟူသည်မှာ ယေရှုချစ်သော တပည့်တော်ကိုဆိုလိုပါသည်။

သခင်၊ ဤသူ၌ အဘယ်သို့ဖြစ်ပါလိမ့်မည်နည်း

ပေတရုသည် ယောဟန်ဖြစ်ပျက်မည့်အရာကို သိလိုခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သခင်၊ ဤလူမည်ကဲ့သို့ ဖြစ်လိမ့်မည်နည်း" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

John 21:22-23

ယေရှုမိန့်တော်မူ၏

ယေရှုပေတရုကိုပြောခဲ့သည်။

ထိုသူကို နေစေခြင်းငှာ ငါအလိုရှိလျှင်

ဤနေရာတွင် "သူ့ကို" ဟူသည်မှာ ယေရှုချစ်သောတပည့်တော်ကို ရည်ညွှန်းပါသည်။ John 21:20 ကိုကြည့်ပါ။

ငါကြွလာသည့်တိုင်

ဤနေရာတွင် ယေရှုဒုတိယအကြိမ်ကောင်းကင်မှ မြေကြီးသို့ကြွလာမည်ကို ရည်ညွှန်းပါသည်။

သင်သည် အဘယ် သို့ဆိုင်သနည်း။

ဤအရာသည် နူးညံ့စွာအပြစ်တင်၍ မေးခွန်းထုတ်ခြင်းဖြင့်ပြသပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဤအရာသည် သင်နှင့်မဆိုင်ပါ" သို့မဟုတ် "သင်စိတ်ဝင်စားရမည့်အရာမဟုတ်ပါ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-rquestion/01.md]])

ညီအစ်ကိုတို့က

ညီအစ်ကိုများဟူသည် ယေရှုနောက်လိုက်များအားလုံးကို ရည်ညွှန်းပါသည်။

John 21:24-25

ယေဘုယျအချက်အလက်

ယောဟန်ကျမ်း၏ အဆုံးပိုင်းဖြစ်ပါသည်။ စာရေးသူ တမန်တော်ယောဟန်သည် ဤစာအုပ်အား သူရေးသားခဲ့သည်ကို မိမိကိုယ်ကိုမှတ်ချက်ပြု၍ နိဂုံးချုပ်ခဲ့ပါသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/writing-endofstory/01.md]])

တပည့်တော်

တပည့်‌တော်ယောဟန်။

ဤအကြောင်းအရာတို့ကို သက်သေခံ၍

ဤနေရာတွင် "သက်သေခံခြင်း" ဟူသည် သူကိုယ်တိုင်မြင်ခဲ့သောအရာများကိုဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုတပည့်တော်ကား ဤအရာများအားလုံးကို သက်သေခံ၍ရေးသားသူဖြစ်သည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ငါတို့သိကြ၏

"ငါတို့" ဟူသည် ယေရှုကို ယုံကြည်သောသူများကိုဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယေရှုကိုသိ၍ ယုံကြည်ကိုးစားသူ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်

အခြားသောဘာသာပြန်ဆိုချက်၊ "တစ်စုံတစ်ယောက်မှ အခြားသောအရာများ အားလုံးကိုရေးသားခဲ့လျှင်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])၊

မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်

ယေရှုသည် လူများရေးသားမှတ်တမ်းတင်သည် ထက်ပို၍ အံ့ဩဖွယ်နိမိလက္ခဏာများပြုလုပ်ခဲ့သည်။ ဤအရာကိုယောဟန်မှ အထူးချဲ့ကား၍ ‌ရေးသားအသုံးပြုခဲ့ပါသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-hyperbole/01.md]])

ရှိသမျှတို့ကို‌ရေးထားလျှင်

အခြားသောဘာသာပြန်ဆိုချက်၊ "လူများရေးသားနိုင်သည့် သူလုပ်ခဲ့သောအရာ စာအုပ်များ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])