English: unfoldingWord® Translation Notes

Updated ? hours ago # views See on DCS Draft Material

Titus

Titus front

တိတုမိတ်ဆက်

အပိုင်း(၁)။ အထွေထွေမိတ်ဆက်

တိတုထံသို့ပေးစာ ကျမ်းစာအုပ်၏ အကြောင်းအရာအကျဉ်းချုပ်
  1. ရှင်ပေါလုသည် တိတုအား အသင်းတော်ခေါင်းဆောင်များ ခန့်အပ်စေခြင်း။ (၁ : ၁-၁၆)
  2. ရှင်ပေါလုသည် တိတုအား လူတို့ကို ဘုရားရှင်ညွှန်ကြားသောလမ်းစဉ်အတိုင်းရှင်သန်ရန်   သင်ကြားစေခြင်း။ (၂:၁-၃:၁၁)
  3. ရှင်ပေါလုမှ ယုံကြည်သူအများအားနှုတ်ဆက်လွှာရေးခြင်းနှင့် သူ၏ အစီအစဉ်အချို့အား မျှဝေခြင်း။
ဤကျမ်းစာကိုမည်သူရေးခဲ့သနည်း။

တိတုထံသို့ပေးစာ ဟူသော ကျမ်းစာသည် ရှင်ပေါလုမှ ရေးသားခဲ့ခြင်းဖြစ်သည်။ ရှင်ပေါလုသည် တာရှုမြို့တွင်နေထိုင်ခဲ့သည်။ ရှင်ပေါလုအား ယုံကြည်သူမဖြစ်ခင်အချိန်က ရှောလုဟူ၍ ခေါ်ဆိုခဲ့ကြသည်။ ရှင်ပေါလုသည် ဖာရိရှဲတစ်ဦးဖြစ်သည်။ သူသည် ခရစ်တော်အား ယုံကြည်သူအပေါင်းကို ညှင်းဆဲခဲ့သည်။ သူသည် ယုံကြည်သူဖြစ်လာပြီးနောက်ပိုင်း ရောမအင်ပါယာတစ်ခွင် ခရီးထွက်၍ ကိုယ်တော့်အကြောင်း လူတို့အားလိုက်လံပြောပြခဲ့လေသည်။

တိတုထံသို့ပေးစာသည် မည်သည့်အကြောင်းဖြစ်သနည်း။

ရှင်ပေါလုသည် ဤစာအုပ်ကို ကရေတေကျွန်းတွင် အသင်းတော်များအား ဦးဆောင်နေသည့် သူ၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ တိတုထံသို့ရေးခဲ့သောစာဖြစ်သည်။ ရှင်ပေါလုသည် တိတုအား အသင်းတော်အတွက် ခေါင်းဆောင်များအား မည်သို့ရွေးချယ်သင့်သည်ကို နည်းပေးနေခြင်းဖြစ်သည်။ ထို့အပြင် ရှင်ပေါလုသည် ယုံကြည်သူများအနေဖြင့် တစ်ဦးကိုတစ်ဦိးမည်ကဲ့သို့ဆက်ဆံနေထိုင်သင့် သည်ကို သင်ကြားပေးနေခြင်းလည်းဖြစ်သည်။ ဘုရားရှင်လိုက်နာနေထိုင်စေလိုသော ဘဝရှင်သန်မှုမျိုးဖြင့် နေထိုင်တတ်ကြစေရန်လည်း တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ဤကျမ်းစာအုပ်၏ခေါင်းစဉ်ကိုမည်သို့ဘာသာပြန်သင့်သနည်း။

ဘာသာပြန်ဆိုသူများအနေဖြင့် ဤစာအုပ်၏နာမည်အား ထုံးတမ်းအစဉ်အလာအတိုင်း "တိတု" ဟူ၍ ခေါ်ဆိုသုံးနိုင်ပါသည်။ သို့မဟုတ် ပိုမိုရှင်းလင်းသော ခေါင်းစဉ်အနေဖြင့် "ရှင်ပေါလုမှ တိတုထံသို့ပေးစာ" သို့မဟုတ် "တိတုထံသို့ပေးစာ" ဟူ၍ဘာသာပြန်ဆိုနိုင်ပါသည်။  (How to Translate Names တွင်ကြည့်ပါ)

အပိုင်း(၂)။ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အရေးကြီးသဘောတရားများ

လူတို့အနေဖြင့် မည်သည့်အခန်းကဏ္ဍဖြင့် အသင်းတော်များတွင် တာဝန်ထမ်းဆောင်နိုင်သနည်း။

ဤတိတုထံသို့ပေးစာဟူသော ကျမ်းစာတွင် အမျိုးသမီးသော်လည်းကောင်း ကွာရှင်းထားသော ယောက်ျားသော်လည်းကောင်း အသင်းတော်အတွင်း ခေါင်းဆောင်အနေဖြင့် တာဝန်ထမ်းဆောင်နိုင်ကြောင်း သင်ကြားမှုများပါဝင်ပါသည်။ ကျမ်းစာကျွမ်းကျင်သူများက ထိုသင်ကြားသောအချက်ကို လက်မခံကြပေ။ ဤကျမ်းစာကို ဘာသာပြန်ဆိုမှုမပြုလုပ်ခင်တွင် ထိုအကြောင်းအရာများအပေါ်လေ့လာခြင်းမျိုး လိုအပ်ကောင်းလိုအပ်ပေလိမ့်မည်။

အပိုင်း(၃)။ ဘာသာပြန်ဆိုရာ၌ အရေးကြီးသော အခက်အခဲများ

တစ်ဦးတည်းကိုရည်ညွှန်းသော “သင်” ဟူသောအသုံးအနှုန်းနှင့် လူအများကိုရည်ညွှန်းသည့် “သင်” ဟူသောအသုံးအနှုန်း

ဤကျမ်းစာတွင် ကျွန်ပ်ဟူသော အသုံးအနှုန်းသည် ရှင်ပေါလုအား ရည်ညွှန်းခြင်းဖြစ်ပြီး “သင်” ဆိုသောအသုံးနှုန်း သည် ပုံမှန်အားဖြင့် တစ်ဦးတည်းကိုရည်ညွှန်းခြင်းဖြစ်ပြီး “တိတု” အားရည်ရွယ်သုံးနှုန်းခြင်းဖြစ်သည်။ သို့သော် ၃:၁၅ တွင်မူ လူအများကို ရည်ညွှန်းခြင်းဖြစ်သည်။ (Exclusive and Inclusive ‘We’ နှင့် Forms of You တို့တွင်ကြည့်ပါ)

ကျွန်ုပ်တို့၏ကယ်တင်ရှင်ဘုရား၏အဓိပ္ပာယ်မှာအဘယ်နည်း။

ဤသည်မှာ ယခုကျမ်းစာ၌ အမြဲပါဝင်သော စကားလုံးဖြစ်သည်။ ဘုရားရှင် ကျွန်ုပ်တို့အပြစ်သားများအား မည်မျှခွင့်လွှတ်ထားသည်ကို ကျမ်းစာဖတ်သူများအား အမြဲသတိရစေနေလို၍ဖြစ်သည်။ ထိုသို့ခွင့်လွှတ်ခြင်းအားဖြင့်လည်း ကျွန်ုပ်တို့အားမည်သို့ကယ်တင်သည်ကို သိစေလို၍ဖြစ်သည်။ ဤကျမ်းစာတွင် ထိုစကားလုံးနှင့် အဓိပ္ပာယ်တူသော စကားလုံးများ ကျွန်ုပ်တို့၏ ကယ်တင်ရှင် ကိုယ်တော်ယေရှုနှင့် ဘုရားရှင် ဟူ၍ လည်း အသုံးပြုထားပါသည်။

Titus 1

တိတု အခန်း(၁) အထွေထွေမှတ်စုများ

စာပိုဒ်တည်ဆောက်ပုံနှင့်ဖွဲ့စည်းပုံ

ရှင်ပေါလုသည် ဤပေးစာကို ကျမ်းပိုဒ် ၁-၄ တွင် ထုံးစံတကျ မိတ်ဆက်ထားသည်။ ရှေးဟောင်း အရှေ့နားဒေသရှိ စာရေးသူအများစုသည် ပေးစာများကို ဤထုံးစံအတိုင်း စတင်ရေးသားလေ့ရှိကြသည်။

အကယ်၍ လူတစ်ဦးသည် ဘုရားကျောင်းတွင် လူကြီးတစ်ဦးအဖြစ် ဆောင်ရွက်လိုပါက ထိုသူတွင်ရှိရမည့် အရည်အချင်းများကို ရှင်ပေါလုက ကျမ်းပိုဒ် ၆-၉ တွင် စာရင်းပြုစုပြထားသည်။ (https://git.door43.org/DMSGL/enta/src/branch/master/translate/figs-abstractnouns/01.md တွင်ကြည့်ပါ) ထိုကဲ့သို့ တူညီသော စာရင်းကို ၁ တိမောသေ ၃ တွင်လည်း ရှင်ပေါလုက ဖော်ပြထားသည်။

ဤအခန်းရှိ အထူးမှတ်သားရန် အချက်များ

လူကြီးများ

ဘုရားကျောင်းတော်သည် ဘုရားကျောင်း ခေါင်းဆောင်များအတွက် ကွဲပြားသော ဘွဲ့နာမများကို အသုံးပြုသည်။ ထိုအထဲမှ အချို့မှာ ကြီးကြပ်မှူး၊ လူကြီး၊ သင်းအုပ်ဆရာနှင့် ဂိုဏ်းအုပ်တို့ ဖြစ်ကြသည်။

ဤအခန်းတွင် အခြား ဖြစ်နိုင်ချေရှိသည့် ဘာသာပြန်အခက်အခဲများ

သင့်သည်၊ နိုင်မလား၊ ဖြစ်ရမည်

လိုအပ်ချက်များနှင့် မဖြစ်မနေလုပ်ဆောင်ရမည့် အချက်များကို ညွှန်ပြရန်အတွက် ULT တွင် မတူညီသော စကားလုံးများကို သုံးထားသည်။ အထက်ပါ ကြိယာများသည် ၎င်းတို့နှင့် ဆက်စပ်နေသည့် မတူညီသော ပြင်ပတိုက်တွန်းချက်များ ပါဝင်သည်။ သိမ်မွေ့သောကွဲပြားမှုများကို ဘာသာပြန်ရန် ခက်ခဲနေနိုင်သည်။ UST တွင်မူ ထိုကြိယာများကို ပို၍ ယျေဘုယျဆန်သော နည်းဖြင့် ဘာသာပြန်ထားသည်။

Titus 1:1

κατὰ πίστιν

ယုံကြည်ခြင်း ဆိုသည် စိတ္တဇနာမ်ဖြစ်သည်။ ဤနေရာတွင် ၎င်းသည် ကိုယ်တော်ယေရှုကို ယုံကြည်ခြင်း သို့မဟုတ် ယုံကြည်ခြင်းကို ရည်ညွှန်းသည်။ သင့်ဘာသာစကားတွင် ပိုမိုရှင်းလင်းပါက UST တွင်ကဲ့သို့ ဤကဲ့သို့သောကြိယာဖြင့် ၎င်းကို ဘာသာပြန်ဆိုနိုင်ပါသည်။ အစားထိုးဘာသာပြန်ဆိုခြင်း: “ယုံကြည်ခြင်းကိုခိုင်ခံစေရန်” သို့မဟုတ် “သူ့ကိုပိုယုံကြည်လာစေရန်ကူညီပေးခြင်း [ဘုရားရှင်၏ရွေးချယ်ထားသောလူများ]” (Abstract Nouns တွင်ကြည့်ပါ)

ἐπίγνωσιν

ဤနေရာတွင် ဉာဏ်ပညာသည် စိတ္တဇနာမ်ဖြစ်သည်။ သင့်ဘာသာစကားတွင် ပိုမိုရှင်းလင်းပါက၊ သင်သည် UST တွင်ကဲ့သို့ "သိရန်" ကဲ့သို့သော ကြိယာကို အသုံးပြုနိုင်သည်။ ပေါလုသည် ဘုရားသခင်နှင့် ခရစ်တော်အကြောင်း စစ်မှန်သောသတင်းတရားကို လူတို့အား သိစေလိုသောကြောင့် ၎င်းတို့သည် ဘုရားသခင်နှစ်သက်သောပုံစံဖြင့် အသက်ရှင်နေထိုင်နိုင်စေရန် ဖြစ်သည်။ (Abstract Nouns တွင်ကြည့်ပါ)

ἀληθείας

ဤနေရာတွင် အမှန်တရားသည် စိတ္တဇနာမ်ဖြစ်သည်။ သင့်ဘာသာစကားတွင် ပိုမိုရှင်းလင်းပါက၊ သင်သည် “အမှန်တရား” သို့မဟုတ် “သတင်းစကားအမှန်” ကဲ့သို့သော နာမဝိသေသနစကားစုကို အသုံးပြုနိုင်သည်။ ပေါလုသည် ဘုရားသခင်နှင့် ခရစ်တော်အကြောင်း စစ်မှန်သောသတင်းတရားကို လူတို့အား သိစေလိုသောကြောင့် ၎င်းတို့သည် ဘုရားသခင်နှစ်သက်သောပုံစံဖြင့် အသက်ရှင်နေထိုင်နိုင်စေရန် ဖြစ်သည်။ (Abstract Nouns တွင်ကြည့်ပါ)

τῆς κατ’ εὐσέβειαν

ဤနေရာတွင် ဘုရားရှိခိုးခြင်းသည် ဘုရားရှင်နှစ်သက်သောနည်းလမ်းဖြင့် အသက်ရှင်ခြင်းကို ရည်ညွှန်းသော စိတ္တဇနာမ်ဖြစ်သည်။ အစားထိုးဘာသာပြန်ဆိုခြင်း: “၎င်းသည်ဘုရားရှင်ကိုဂုဏ်သင်ရန်သင့်တော်ပါတယ်” (Abstract Nouns တွင်ကြည့်ပါ)

Titus 1:2

ἐπ’ ἐλπίδι ζωῆς αἰωνίου

"ကျွန်ုပ်တို့အား ထိုအရာသည် အမြဲထာဝရ အသက်ကိုပေးမည်ဟူသောမျှော်လင့်ချက်" သို့မဟုတ် "အမြဲထာဝရအသက်အပေါ်ထားသော သင်တို့၏မျှော်လင့်ချက်ပေါ်မူတည်၍"

πρὸ χρόνων αἰωνίων

“အချိန်မစခင်”

Titus 1:3

καιροῖς ἰδίοις

“သင့်လျော်သောအချိန်တွင်”

ἐφανέρωσεν…τὸν λόγον αὐτοῦ

ပေါလုသည် ဘုရားရှင်၏စကားများကို မျက်စိဖြင့်မြင်ရပြသရသော အရာများကဲ့သို့ပြောကြားနေပါသည်။ အခြားနည်းဖြင့်ဘာသာပြန်ဆိုလျှင် "သူ၏အမှာစကားအားကျွန်ုပ်နားလည်အောင်သူပြုလုပ်လိုက်ခြင်းဖြစ်သည်။" (Metaphor တွင်ကြည့်ပါ)

ἐν κηρύγματι

“အမှာသတင်းစကား၏ကြေညာချက်မှတစ်ဆင့်”

ὃ ἐπιστεύθην ἐγὼ

သင့်အနေဖြင့်ဤအရာကို ပြုခြင်းပြကြိယာပုံစံဖြင့်ရေးသားနိုင်ပါသည်။ အစားထိုးဘာသာပြန်ဆိုခြင်း: “သူကျွန်ုပ်အပေါ် ယုံကြည်သက်ဝင်မှုရှိခဲ့သည်” သို့မဟုတ် “သူသည်ကျွန်ုပ်အားတရားဟောကြားရန်တာဝန်ပေးခဲ့ပါသည်” (Active or Passive တွင်ကြည့်ပါ)

τοῦ Σωτῆρος ἡμῶν, Θεοῦ

“ကျွန်ုပ်တို့အားကယ်တင်သောဘုရားရှင်၏”

ἡμῶν

ဤအထဲတွင် ပေါလု၊တိတု နှင့် ခရစ်ယာန်အားလုံးပါဝင်ပါသည်။ (Exclusive and Inclusive ‘We’ တွင်ကြည့်ပါ)

Titus 1:4

γνησίῳ τέκνῳ

တိတု သည် ပေါလု၏ ဇီဝဗေဒဆိုင်ရာ သားမဟုတ်သော်လဲ သူတို့ နှစ်ဦးသည် ကိုတော်ယေရှုအပေါ်ယုံကြည်မှု အားမျှဝေကြသည်။ ပေါလုသည် ဇီဝဗေဒဆိုင်ရာ ပတ်သက်မှုများထက် ကိုယ်တော်ယေရှုအပေါ်ယုံကြည်မှုဖြင့် ပတ်သတ်မှုများသည် ပို၍ အရေးပါကြောင်းယုံကြည်သည်။ ထို့ကြောင့် အသက်ကွာခြားမှုနှင့် ကိုယ်တော်ယေ  ရှုအပေါ်ယုံကြည်မှုတို့ကြောင့် ပေါလုသည် တိတု ကို သူ၏သားအရင်းအဖြစ်သတ်မှတ်ပါသည်။ ပေါလု သည် တိတု ကို ကိုယ်တော်ယေရှုအားယုံကြည်မှုရှိစေရန် ဦးဆောင်လမ်းပြခဲ့သောကြောင့် တိတု သည် ဝိဉာဉ်ပိုင်းဆိုင် ရာ ပေါလု ၏ သားဖြစ်ပါသည်။ အစားထိုးဘာသာပြန်ဆိုခြင်း: “သင်သည် ကျွန်ုပ်၏ သားသဖွယ်ဖြစ်သည်” (Metaphor တွင်ကြည့်ပါ)

κοινὴν πίστιν

ပေါလု နှင့် တိတု နှစ်ဉီးလုံးသည် ခရစ်တော်အပေါ်တွင် တူညီသော ယုံကြည်မှုတစ်ခုအား မျှဝေကြပါသည်။တစ် နည်းအားဖြင့် ဘာသာပြန်ဆိုလျှင် “ကျွန်ုပ်တို့နှစ်ဦး ခရစ်တော်အားယုံကြည် ကြသောကြောင့်”

χάρις καὶ εἰρήνη

ဤအရာမှာ ပေါလု ပုံမှန်အားဖြင့် အသုံးပြုသော နှုတ်ဆက်စကားတစ်ခုဖြစ်ပါသည်။ နားလည်ရသောအချက်အ လက်ကို သင် ရှင်းလင်းစွာ ဖေါ်ပြနိုင်ပါသည်။ အစားထိုးဘာသာပြန်ဆိုခြင်း: “ကြင်နာခြင်းနှင့် အတွင်း စိတ်ငြိမ်းချမ်းမှုတို့ကို သင်ပိုင်ဆိုင်နိုင်ပါစေ” (Ellipsis တွင်ကြည့်ပါ)

Χριστοῦ Ἰησοῦ τοῦ Σωτῆρος ἡμῶν

“ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဖြစ်သော ယေရှုခရစ်တော်”

ἡμῶν

ဤအထဲတွင် ပေါလု၊ တိတု နှင့်ခရစ်ယာန်အားလုံးတို့ပါဝင်ပါသည်။(ခြုံငုံမိသောနှင့် အထူးသီး သန့်ဖြစ်သော “ကျွန်ုပ်တို့” ကိုဖတ်ရှုပါ။(Exclusive and Inclusive ‘We’ တွင်ကြည့်ပါ)

Titus 1:5

τούτου χάριν

ဤရည်ရွယ်ချက် ဟူသောဆက်စပ်ခြင်းစာပိုဒ်သည် တိတု ကို ကရိတေကျွန်း တွင်(ဘုရားကျောင်းတွင်လူကြီးများ အားပဉ္ဇင်းတက်ပေးရန်) ချန်ခဲ့စဉ်အခါက ပန်းတိုင်ကို Paulက ပြီးမြောက်အောင်မြင့်လိုကြောင်းကို  မိတ်ဆက်ပေးခဲ့ပါသည်။ အစားထိုးဘာသာပြန်ဆိုခြင်း: "ဤသည်မှာအကြောင်းပြချက်ဖြစ်သည်" (Connect — Goal (Purpose) Relationship တွင်ကြည့်ပါ)

ἀπέλιπόν σε ἐν Κρήτῃ

“ကျွန်ုပ်သင့်ကို ကရေတေကျွန်း တွင်နေရန်ပြောခဲ့သည်”

ἵνα τὰ λείποντα ἐπιδιορθώσῃ

“ပြီးမြောက်စရာလိုအပ်သည့်အရာများကို အစီအစဉ်ချခြင်းပြီးဆုံးစေရန်အလို့ရန်”

καταστήσῃς…πρεσβυτέρους

“သက်ကြီးရွယ်အိုးများကို ဘာသာရေးခေါင်းဆောင်အဖြစ်သတ်မှတ်ပေးခြင်း” သို့မဟုတ် “သက်ကြီးရွယ်အိုများအားဘာသာရေးခေါင်းဆောင်အဖြစ်သတ်မှတ်ပေးခြင်း”

πρεσβυτέρους

အစောပိုင်းခရစ်ယာန်ဘုရားကျောင်းများတွင် ခရစ်ယာန်လူကြီးများက ယုံကြည်သူအစည်းအဝေးများတွင် လူကြီးများက ယုံကြည်သူအစည်းအဝေးများတွင်နာမ်ဝိဉာဉ်နှင့်ဆိုင်သောဉီးဆောင်မှုများပေးခဲ့ကြပါသည်။ ဤစကားလုံးသည်ယုံကြည်မှုအပေါ်တွင် ရင့်ကျက်နေသူများကို ရည်ညွှန်းပြောဆိုပါသည်။

Titus 1:6

ကျွန်ုပ်သင့်ကို ကရေတေကျွန်းတွင် မပြီးမြောက်သေးသည်များကို အစီအစဉ်ချနှိုင်ရန်နှင့် သက်ကြီးရွယ်အိုများကို ကျွန်ုပ်သင့်အား စေလွှတ်သောမြို့တိုင်းတွင် ဘာသာရေးခေါင်းဆောင်အဖြစ် သတ်မှတ်ပေးရန်ဤရည်ရွယ်ချက်ဖြင့်ချန်ထားခဲ့ခြင်းဖြစ်ပါသည်။

εἴ τίς ἐστιν ἀνέγκλητος

ဤသည်မှာ သက်ကြီးရွယ်အိုတို့၏ စရိုက်ကို ပုံဖော်ပြသရာ အစဖြစ်ပါသည်။ တိတုသည် အောက်ပါဖော်ပြချက်နှင့် ကိုက်ညီသောလူများကို ရွေးချယ်ရမည်ဖြစ်ပါသည်။ အပြစ်ကင်းသောသူတစ်ဦး ဖြစ်စေရန် သူသည်မကောင်းသော အရာများကို မလုပ်ပေ။ အစားထိုးဘာသာပြန်ဆိုခြင်း: “သက်ကြီးရွယ်အို တစ်ဦးသည် အပြစ်ကင်းရမည်” သို့မဟုတ် “ အပြစ်တင်ကြိမ်းမောင်းခြင်း မခံရေသာသူများကို ရွေးပါ "

ἀνέγκλητος

အပြစ်တင်ကြိမ်းမောင်းခြင်း မရှိစေရန်အတွက် လူတစ်ဦးသည် မကောင်းသောအရာများကို မလုပ်ကိုင်သောသူအဖြစ် သိရှိခြင်းခံထားရမည်။ အခြားနည်းဖြင့် ဘာသာပြန်ဆိုလျှင် “အပြစ်မရှိသော” ဤအရာကို ကောင်းမွန်သော ထုတ်ပြန်ချက်အနေဖြင့်လည်း “ဂုဏ်သတင်းကောင်းသောသူ” ဟု ဖော်ပြနိုင်ပါသည်။(Double Negatives တွင်ကြည့်ပါ)

μιᾶς γυναικὸς ἀνήρ

ဤသည်မှာ သူ့တွင် ဇနီးမယားတစ်ဦးတည်းသာ ရှိပြီး မယားများ၊ ကိုယ်လုပ်တော်များမရှိခြင်းကို ဆိုလိုပါသည်။ ဤသည်မှာ သူသည် အိမ်ထောင်ရေးဖောက်ပြန်ခြင်းနှင့် ယခင်ဇနီးမယားနှင့် အိမ်ထောင်ရေးကွဲကွာခြင်း မရှိဟုလည်း အဓိပ္ပာယ်သက်ရောက်ပါသည်။ အခြားနည်းဖြင့် ဘာသာပြန်ဆိုလျှင် “အမျိုးသမီးတစ်ဦးသာ ရှိသောသူ” သို့မဟုတ် “မိမိ၏ ဇနီးမယားအပေါ်တွင် သစ္စာရှိသော လင်ယောက်ျားဖြစ်သည်။” (Assumed Knowledge and Implicit Information တွင်ကြည့်ပါ)

τέκνα…πιστά

ဖြစ်နိုင်ချေရှိသော အဓိပ္ပာယ်များမှာ (၁) ကိုယ်တော်ယေရှုအား ယုံကြည်သောကလေးများ (၂) ယုံကြည်ရသောကလေးများ။

Titus 1:7

τὸν ἐπίσκοπον

လူကြီး ဟု ပေါလုက ၁း၅ တွင် ကိုးကားခဲ့ရာတွင် ဘာသာရေးခေါင်းဆောင်များနှင့် ရာထူးဂုဏ်သိန်တူညီသော အခြားအမည်တစ်ခုရှိပါသည်။ ဤအသုံးအနှုန်းသည် လုပ်ဆောင်ချက်များနှင့်ဘုရားကျောင်းမှလူများ၏ကို ကြိုတင်မြင်တွေ့သိရှိနေခြင်းဟူသည့်လူကြီးတို့၏ လုပ်ဆောင်နှိုင်စွမ်းကို အဓိကအာရုံစိုက်ခြင်းဖြစ်သည်။

Θεοῦ οἰκονόμον

ပေါလု သည်ဘုရားကျောင်းကို ဘုရားရှင်၏အိမ်အဖြစ်သတ်မှတ်ပြောဆိုပြီး အလုပ်သမားခေါင်းဆောင်ကိုလည်း ထိုအိမ်တော်ကို စီမန်ခန့်ခွဲရသော ကျေးကျွန်တစ်ဉီးကဲ့သို့ သတ်မှတ်ပြောဆိုနေခဲ့ပါသည်။ (Metaphor တွင်ကြည့်ပါ)

μὴ πάροινον

“အရက်သမားမဟုတ်” သို့မဟုတ် “ဝိုင်အလွန်အကျွံမသောက်သောသူ”

μὴ πλήκτην

“ကြမ်းတမ်းသူမည်သူတစ်ဉီးမျှ” သို့မဟုတ် “ရန်ဖြစ်ခြင်းကိုမနှစ်သက်သောသူ”

Titus 1:8

ἀλλὰ

အစား ဟူသော ဆက်စပ်ပေးသည့် စကားသည် လူကြီးများမလုပ်သင့်သည့်အကြောင်း (ရှင်ပေါလုပြောပြီးသား) များနှင့် လူကြီးများလုပ်သင့်သောအရာများအကြောင်း (ရှင်ပေါလုပြောတော့မည့်) များ ကြားတွင် ဆက်စပ်မှုကိုဖော်ပြပေးပါသည်။ (Connect — Contrast Relationship တွင်ကြည့်ပါ)

φιλάγαθον

“ကောင်းသောအရာတို့ကိုလုပ်ရသည်ကို နှစ်ခြိုက်သောသူတစ်ဦး”

σώφρονα…ἐγκρατῆ

ဤစာလုံးနှစ်လုံးသည် အဓိပ္ပာယ်အရ အလွန်တူညီပြီး သတ်မှတ်ထားသော ဘာသာစကားတွင် ဤကဲ့သို့ တူညီသော စာလုံးများ မရှိလျှင် စာလုံးတစ်လုံးထဲ အဖြစ်ပြန်ဆိုနိုင်ပါသည်။ (Doublet တွင်ကြည့်ပါ)

δίκαιον, ὅσιον

ဤစာလုံးနှစ်လုံးသည် အဓိပ္ပာယ်အရ အလွန်တူညီပြီးသတ်မှတ်ထားသော ဘာသာစကား တွင် ဤကဲ့သို့ တူညီသော စာလုံးများ မရှိလျှင် စာလုံးတစ်လုံး ထဲအဖြစ် ဘာသာပြန်ဆိုနိုင်ပါသည်။  (Doublet တွင်ကြည့်ပါ)

Titus 1:9

ἀντεχόμενον

ပေါလုသည် ခရစ်ယာန်အပေါ် ယုံကြည်သက်ရောက်မှုကို ယုံကြည်မှုအား တစ်ယောက်လက်ဖြင့် ဆုပ်ကိုင်ထားသကဲ့သို့ ပြောဆိုသည်။ တစ်နည်းအားဖြင့် ဘာသာပြန်ဆိုလျှင် “သူသည် ပေးအပ်မြှပ်နှံထားရမည်” သို့မဟုတ် “သူကောင်းစွာသိသင့်သည်” (Metaphor တွင်ကြည့်ပါ)

κατὰ τὴν διδαχὴν

“ကျွန်ုပ်တို့ သူ့အားသင်ကြားပေးခဲ့သော အရာနှင့် သဘောတူညီသော”

ἵνα

သောကြောင့် ဟူသော ဆက်စပ်စကားလုံးများသည် အကြောင်းပြချက်နှင့်ရလဒ် ဆက်ဆံရေးကို မိတ်ဆက်ပေးသည်။ အကြောင်းပြချက် (လူကြီးများသည် အခြားလူများကို ကူညီနိုင်သည်) မှာ လူကြီးများသည် ယုံကြည်၍ ရသော သတင်းစကားများကို တင်းကြပ်စွာကိုင်ထားခြင်း ဖြစ်ပြီး ရလဒ်မှာ လူကြီးများက အခြာလူများကို အပေးအမြောက်ပြုနိုင်ပြီး သူ့အားဆန့်ကျင်သော သူများကို ပြန်လည်ချေပနိုင်ခြင်း ဖြစ်သည်။ သင်တို့ဘာသာစကားတွင် ပို၍ရှင်းလင်းမည်ဆိုလျှင် ဤစာပိုဒ်များကို အစဥ်ကို ပြောင်းပြန်လှန်ပြီး အဘယ့်ကြောင့်ဆိုသော် ကဲ့သို့ စကားလုံးများနှင့် ဆက်စပ်နိုင်ပါသည်။  (Connect — Goal (Purpose) Relationship တွင်ကြည်ပါ)

τῇ διδασκαλίᾳ τῇ ὑγιαινούσῃ

အသံ ဟူသောစကားကို ဂရိဘာသာစကားဖြင့် ပြန်ဆိုလျှင် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး ဟူ၍ အဓိပ္ပာယ်ရပါသည်။ ပေါလုသည် ဤသင်ကြားမှုများက ယုံကြည်သူများကို ဝိဉာဥ်ရေးရာအရ ကျန်းမာပြီး မကျန်းမမာ မဖြစ်စေနိုင်သကဲ့သို့ ပြောဆိုပါသည်။

Titus 1:10

ဘုရားရှင်၏ စကားများကို ဆန့်ကျင်မည့်သူများကြောင့် ရှင်ပေါလုသည် တိတုကို ဘုရားရှင်၏စကားများကို တရားဟောကြားရန် အကြောင်းများ ပေးခဲ့ပြီး ဆရာအတုအယောင်များအကြောင်း သတိပေးခဲ့ပါသည်။

ἀνυπότακτοι, ματαιολόγοι

ခရစ်ဝင်ကျမ်းထဲမှ သတင်းစကားများကို မလိုက်နာသော ပုန်ကန်လိုသော လူများရှိကြသည်။ ဤနေရာတွင် “ဗလာ” ဟူသော စကားသည် “သုံးစား၍မရသော” ၏ ဥပစာဖြစ်ပါသည်။ ပြီး “ဗလာစကားပြောသူများ” သည် သုံးစား၍ မရသောအရာများနှင့် ရူးသွပ်သောအရာများ ပြောကြားသော သူများဖြစ်ကြပါသည်။ တစ်ခြားနည်းဖြင့် ဘာသာပြန်ဆိုလျှင် “နာခံရန်ငြင်းဆိုသောသူများ” နှင့် “ သုံးစား၍မရသောအရာများကို ပြောဆိုသောသူများ” (Metaphor တွင်ကြည့်ပါ)

φρεναπάται

This phrase describes people who are actively trying to convince people to believe in something other than the true gospel that Paul preaches. Alternate translation: “people who persuade others to believe things that are not true”

ματαιολόγοι, καὶ φρεναπάται

အကျိုးမဲ့အချည်းနှီးစကားပြောသူ နှင့် လူလိမ်များ သည် လူတစ်မျိုးတည်းကိုသာ ပြောခြင်းဖြစ်သည်။ သူတို့သည် မှားယွင်းသော ၊ တန်ဖိုးမရှိသောအရာ များကို သင်ကြားပေးကြပြီး ၊ လူများကို သူတို့အား ယုံကြည်စေခြင်ကြသည်။ (Hendiadys တွင်ကြည့်ပါ)

οἱ ἐκ τῆς περιτομῆς

ဤအရာသည် ခရစ်တော်ကို ယုံကြည်သော ယောက်ျားတိုင်းသည် အရေပြား အားဖြတ်ရမည်ဟု သင်ကြားခဲ့သော ဂျူး ခရစ်ယာန်များကို ရည်ညွှန်းပြောဆိုခြင်းဖြစ်ပါသည်။ ဤသင်ကြားမှုသည် မှားယွင်းပါသည်။ (Metonymy တွင်ကြည့်ပါ)

Titus 1:11

οὓς δεῖ ἐπιστομίζειν

"သူတို့၏ သင်ကြားမှုများကို သူတို့ဖြန့်ခြင်းမှ မဖြစ်မနေ တားဆီးရမည်" သို့မဟုတ် "အခြားလူများကို သူတို့၏ စကားများ ဖုံးလွှမ်းမသွားအောင် တစ်စုံတစ်ဦး ပြုလုပ်သင့်သည်"

ὅλους οἴκους ἀνατρέπουσιν

“သူတို့သည် မိသားစုများစွာကို ဖျက်ဆီးနေကြသည်။” ပြဿနာမှာ သူတို့သည် မိသားစုများစွကို အမှန်တရားနှင့် ဝေးရာသိူ့ ခေါ်ဆောင်သွားနေပြီး သူတို့၏ ယုံကြည်မှုကို ပျက်စီးစေပါသည်။

διδάσκοντες ἃ μὴ δεῖ

ဤသည်မှာ လူများက ဂုဏ်သရေမရှိသော အလုပ်များကို လုပ်၍ ပိုက်ဆံရှာနေခြင်းကို ရည်ညွှန်းပြောဆိုနေခြင်း ဖြစ်သည်။

αἰσχροῦ κέρδους χάριν

၎င်းသည် ဂုဏ်သိက္ခာမရှိသော အရာများကို လုပ်ဆောင်ခြင်းဖြင့် လူတို့ရရှိသော အမြတ်အစွန်းကို ရည်ညွှန်းပါသည်။

Titus 1:12

τις ἐξ αὐτῶν, ἴδιος αὐτῶν προφήτης

“သူတို့ကိုယ်သူတို့ ပရောဖက်တစ်ဦးလို့ ယူဆကြသည့် ကရေတေလူမျိုး”

Κρῆτες ἀεὶ ψεῦσται

“ကရေတေကျွန်းသားများသည် တစ်ချိန်လုံးလိမ်ညာနေကြပါသည်။" ဤသည်မှာ ကရေတေကျွန်းသားများသည်လူလိမ်များအဖြစ်ဂုဏ် သတင်းကြီးသူများကို အလွန်အကျူးပြောဆိုလိုက်ခြင်းဖြစ်ပါသည်။ (Hyperbole တွင်ကြည့်ပါ)

κακὰ θηρία

ဤဉပမာသည် ကရေတေများကို အန္တရာယ်ရှိသောတောရိုင်းတိရစ္ဆာန်များနှင့်် ခိုင်းနှိုင်းထားခြင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဘာသာပြန်ဆိုလျှင် "တောရိုင်းတိရစ္ဆာန်များကဲ့သို့ အန္တရာယ်များသည်" (Metaphor တွင်ကြည့်ပါ)

γαστέρες ἀργαί

ခန္ဓာကိုယ်ထဲတွင် အစာသိုလှောင်သောနေရာသူ တစ်ချိန်လုံးစားနေသောသူကို ကိုယ်စားပြုပါသည်။ တစ်နည်းအားဖြင့်ဘာသာပြန်ဆိုလျှင် "ပျင်းရိသောအစားကြီးသူ" ဖြစ်ပါသည်။  (Synecdoche တွင်ကြည့်ပါ)

Titus 1:13

δι’ ἣν αἰτίαν ἔλεγχε αὐτοὺς ἀποτόμως

“ဤအကြောင်းကြောင့် ကရေတေလူမျိုးများကို သင်အမှားပြင်ဆင်ပေးချိန် သူတို့နားလည်နိုင်စေရန် ပြင်းထန်သော အသုံးအနှုန်းများအား အသုံးပြုကြပါမည်။”

δι’ ἣν αἰτίαν

ဤအကြောင်းကြောင့် ဟူသော ဆက်စပ်စကားလုံးများသည် အကြောင်းပြချက်နှင့်ရလဒ် ဆက်ဆံရေးကို မိတ်ဆက်ပေးသည်။ အကြောင်းပြချက်မှာ ကရိတေကျွန်းသား ပုယောဟိတ်သည် သူ၏လူများအကြောင်း (သူတို့သည် လူလိမ်များ၊ ယုတ်မာသောသူများ၊ အပျင်းကြီးသောသူများ) ဟုပြောဆိုနေခြင်းမှာ အမှန်တရားဖြစ်ပြီး ရလဒ်မှာ တိတု သည် သူတို့ကို ပြင်းထံစွာတုန့်ပြန် ချေပရမည်ဖြစ်ပါသည်။ (Connect — Reason-and-Result Relationship တွင်ကြည့်ပါ)

ἵνα ὑγιαίνωσιν ἐν τῇ πίστει

အသံ မှတ်စုအား Titus 1:9 တွင်ကြည့်ပါ။ အခြားနည်းဖြင့်ဘာသာပြန်ဆိုရလျှင် “ထို့ကြောင့် သူတို့သည် ကျန်းမာသောယုံကြည်ခြင်းရှိလိမ့်မည်” သို့မဟုတ် “ထို့ကြောင့် သူတို့၏ယုံကြည်ခြင်းသည် စစ်မှန်နိုင်သည်” သို့မဟုတ် “ဘုရားသခင်နှင့်ပတ်သက်သောအမှန်တရားကိုသာ ယုံကြည်စေခြင်းငှာ”

ἵνα

စေရန်အတွက် ဟူသောဆက်စပ်ပေးသည့် စကားလုံးများသည် အကြောင်းပြချက်နှင့်ရလဒ် ဆက်ဆံရေး ကို မိတ်ဆက်ပေးပါသည်။ အကြောင်းပြချက်မှာ Cretan များကို လူကြီးများက အပြင်းအထန် ချေပတုံပြန်ကြ ခြင်းဖြစ်ပြီး ရလဒ်မှာ ကရေတေများသည် ပိုမိုယုံကြည်လာကြခြင်းဖြစ်သည်။ (Connect — Goal (Purpose) Relationship တွင်ကြည့်ပါ)

ἐν τῇ πίστει

ဤနေရာတွင် ယုံကြည်မှု ဆိုသောစိတ္တဇနာမ်သည် လူများက ဘုရားရှင်အကြောင်းယုံကြည်သောအရာများ ကို ရည်ညွှန်း ပြောဆိုခြင်းဖြစ်ပါသည်။ အခြားနည်းဖြင့် ဘာသာပြန်ဆိုလျှင် (သူတို့ဘုရားရှင် အပေါ်ယုံကြည်မှု နှင့်ပတ်သက်ပြီး” ဖြစ်ပါသည်။ (Abstract Nouns တွင်ကြည့်ပါ)

Titus 1:14

μὴ

ဆက်နွှယ်နေသည့် စကားလုံး "မ..ဘူး" သည် ယခင်အခန်းငယ်တွင် "ယုံကြည်ခြင်းအသံ" ဖြစ်ခြင်းနှင့် ဆန့်ကျင်ဘက်တစ်ခုကို မိတ်ဆက်ပေးသည်။ ယုံကြည်ခြင်း၌ခိုင်ခံ့စေရန်အတွက်၊ လူတို့သည် ဂျူးဒဏ္ဍာရီများ သို့မဟုတ် အမှန်တရားကိုမလိုက်နာသူများ၏ အမိန့်များကို ဂရုမစိုက်ရပါ။ (Connect — Contrast Relationship တွင်ကြည့်ပါ)

Ἰουδαϊκοῖς μύθοις

ဤသည်မှာ ဂျူးလူမျိုးများ၏ မှားယွင်းသော သင်ကြားမှုများကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။

ἀποστρεφομένων τὴν ἀλήθειαν

ပေါလုသည် အမှန်တရားကို လှည့်ထွက်ပြေး၍ရသော အရာဝတ္ထုတစ်ခုကဲ့သို့ ပြောဆိုထားသည်။ အခြားနည်း ဘာသာပြန်ပုံမှာ “အမှန်တရားအား ငြင်းပယ်သည်” (Metaphor တွင်ကြည့်ပါ)

Titus 1:15

πάντα καθαρὰ τοῖς καθαροῖς

"လူများသည် အတွင်းစိတ်ဖြုစင်လျှင် သူတို့လုပ်သောအရာတိုင်း သည် ဖြူစင်နေမည်ဖြစ်ပါသည်" သို့မဟုတ် "လူများတွင်ကောင်းမွန်သော အတွေးများသာ ရှိလျှင် သူတို့သည် ဘုရားရှင် ကိုစော်ကားစေသောမည်သည့် အရာကိုမျှ လုပ်ဆောင်မိမည် မဟုတ်ပေ"

τοῖς καθαροῖς

“ဘုရားရှင်အားလက်ခံနိုင်သောသူများအတွက်”

δὲ

ဒါပေမဲ့ ဆိုသော ဆက်စပ်မှု စကားလုံးသည် ဖြုစင်သော သူများနှင့် ပျက်ဆီး၍ အယုံအကြည် မရှိသော သူများ ကြားတွင် ကွာခြားမှုကို ပြသပါသည်။  (Connect — Contrast Relationship တွင်ကြည့်ပါ)

τοῖς…μεμιαμμένοις καὶ ἀπίστοις, οὐδὲν καθαρόν

ရှင်ပေါလု သည် အပြစ်သားများကို အပြင်မှာပါ ညစ်ပတ် နေသည့် အလားပြောဆိုနေခြင်းဖြစ်ပါသည်။ တစ်ခြားနည်း နှင့် ဘာသာပြန်ဆိုလျှင် “လူများသည် အကျင့် စာရိတ္တ မကောင်းဖြစ်ပြီး အယုံအကြည်မရှိလျှင် သူတို့သည် မည်သည့် သန့်ရှင်းသော အရာကိုမျှ ပြုလုပ်နိုင်မည် မဟုတ်ပေ" သို့မဟုတ် “လူများသည် အပြစ်များ နှင့် ပြည့်နှက်ပြီး အယုံအကြည်မရှိလျှင် သူတို့လုပ်သောမည့်သည် အရာကမျှ ဘုရားရှင် လက်ခံနိုင်မည် မဟုတ်ပေ" (Metaphor တွင်ကြည့်ပါ)

Titus 1:16

δὲ

ဒါပေမဲ့ ဟူသော ဆက်စပ်ပြစာလုံးသည် ပျက်စီးနေသော သူများပြောကြားသော အရာ (ဘုရားရှင်းအား သိသည်)နှင့် သူတို့၏ လုပ်ရပ် (ဘုရားရှင်အားမသိ) တို့ကြား ကွာခြားမှုအတိမ်အနက်ကို မိတ်ဆက်ပေးပါသည်။ (Connect — Contrast Relationship တွင်ကြည့်ပါ)

τοῖς…ἔργοις ἀρνοῦνται

“သူတို့၏ နေထိုင်ပုံများက သူတို့ သူ့ကို မသိဆိုသည်ကို သက်သေပြနေသည်”

βδελυκτοὶ ὄντες

“သူတို့သည် စက်ဆုပ်ရွံရှာစရာ ကောင်းကြပါသည်”

Titus 2

တိတု ၂ အထွေထွေမှတ်စုများ

ဤအခန်းတွင်ပါဝင်သော အထူးသဘောတရားများ

ကျား/မ အခန်းကဏ္ဍ

ဤစာပိုဒ်တွင်ပါဝင်သော သမိုင်းအချက်အလက်များနှင့် ယဉ်ကျေးမှုအချက်အလက်များကို မည်သို့နားလည်သည် ဆိုသည့်အချက်အပေါ်မူတည်ပြီး ကျမ်းပြုစုသည့်ပညာရှင်များကွဲပြားသွားပါသည်။ အချို့ပညာရှင်များသည် အမျိုးသားများနှင့် အမျိုးသမီးများသည် လုံးဝတူညီသည့်အခွင့်အရေးများရှိသည်ဟု ယုံကြည်ကြပြီး အချို့ပညာရှင်များသည် အမျိုးသားနှင့် အမျိုးသမီးတို့ကို အိမ်ထောင်ပြုခြင်းနှင့် ဘုရားကျောင်းတို့တွင် မတူညီသော အခန်းကဏ္ဍများ၌ အသီးသီးတာဝန်ထမ်းဆောင်စေရန် ဘုရားရှင်က ဖန်တီးခဲ့ခြင်းဖြစ်ကြောင်းကို ယုံကြည်ကြသည်။ ဘာသာပြန်ဆိုမည့်သူသည် ဤစာပိုဒ်အားဘာသာပြန်ဆိုရာ၌ သူမည်သို့နားလည်သည်ဖြစ်စေ ဤစာပိုဒ်တွင် သူ၏ခံစားချက်များမသက်ရောက်စေရန် အထူးသတိပြုရမည်ဖြစ်သည်။

အစေခံဆိုင်ရာ

ရှင်ပေါလုသည် ဤစာပိုဒ်အားရေးသားရာ၌ အစေခံခြင်းနှင့်ပတ်သက်၍ ကောင်းသည်၊ ဆိုးသည်ကို ရေးသားခဲ့ခြင်း မဟုတ်ပါ။ အစေခံတို့အား မိမိတို့သခင်ထံ သစ္စာရှိစွာ တာဝန်ထမ်းဆောင်ကြရန် သင်ကြားပေးခဲ့သည်။ ယုံကြည်သူအစေခံတို့အား ဘုရားရှင်၏ လမ်းစဉ်အတိုင်းမည်ကဲ့သို့ မှန်ကန်စွာနေထိုင်ရမည်ကို သင်ကြားပေးခဲ့ခြင်းဖြစ်ပါသည်။

Titus 2:1

ရှင်ပေါလုသည် တိတုအား ဘုရားရှင်၏ တရားတော်များကို ဆက်လက်သင်ကြားပေးနေခြင်းဖြစ်သည်။ ထို့အပြင် အသက်အရွယ်ကြီးသော အမျိုးသား၊ အမျိုးသမီး၊ ငယ်ရွယ်သော လူတို့နှင့် အစေခံတို့အား ယုံကြည်သူတို့ လမ်းစဉ်အတိုင်း မည်ကဲ့သို့နေထိုင်ရမည်ကို ရှင်လင်းပြောကြားနေခြင်းဖြစ်သည်။

σὺ δὲ

ဤတွင်၊ သင်သည် အနည်းကိန်းဖြစ်ပြီး တိတုကိုရည်ညွှန်းသည်။ အထောက်အကူဖြစ်ပါက UST တွင်ကဲ့သို့ ဤနေရာတွင် “တိတု” အမည်ကို ထည့်သွင်းနိုင်ပါသည်။ (Assumed Knowledge and Implicit Information)

τῇ ὑγιαινούσῃ διδασκαλίᾳ

Titus 1:9 ၏ မှတ်စု ကိုကြည့်ပါ။ အခြားဘာသာပြန်ဆိုချက်မှာ : “ကောင်းသောအယူဝါဒ” သို့မဟုတ် “မှန်ကန်သောသင်ကြားမှုများနှင့်အတူ”

Titus 2:2

πρεσβύτας…εἶναι

ဂရိတွင် are ကိုအသုံးမပြုကြပေ။ သို့သော် older men to be သာရှိပြီး။ ကျွန်ုပ်တို့ဤနေရာတွင် ကြိယာတစ်ခုအားအသုံးပြုရန် ပြီးခဲ့သောအပိုင်းမှ ပြောစကား (ဥပမာ- သင်ကြားမှု သို့မဟုတ် တိုက်တွန်းနှိုးဆော်မှု) ကို ထောက်ရှုခြင်းအားဖြင့် ထောက်ပံ့ပေးရမည်ဖြစ်သည်။ အခြားဘာသာပြန်ဆိုချက်မှာ: “လူကြီးများအားမည်သို့ဖြစ်ရမည်ကိုသင်ကြားပေးပါ။” (ကြည့်ရန်: Ellipsis)

νηφαλίους…σεμνούς, σώφρονας

ထိုစကားသုံးခွန်း သည် တစ်ခုနှင့်တစ်ခု အဓိပ္ပါယ်အလွန်တူညီသောကြောင့် အကယ်၍ ပြန်ဆိုမည့်ဘာသာစကားတွင် ထိုအသုံးအနှုန်းများမရှိပါက စကားတစ်ခွန်းတည်းအဖြစ် ပေါင်းစပ်အသုံးပြုနိုင်သည်။ (ကြည့်ရန်: Doublet)

νηφαλίους

"သမ္မာသတိရှိခြင်း" သို့မဟုတ် "မိမိကိုယ်မိမိ ထိန်းချုပ်ခြင်း"

εἶναι…σώφρονας

"သူတို့၏ ဆန္ဒရမ္မက်များအားထိန်းရန်"

ὑγιαίνοντας τῇ πίστει

ဤနေရာ၌ sound ဟူသော အသုံးနှုန်းသည် ခိုင်မြဲသော နှင့် မယိမ်းယိုင်သော အဓိပ္ပါယ်ကိုဆောင်ပါသည်။ soundနှင့်ပတ်သက်သောမှတ်စုကို Titus 1:9 နှင့် sound in faithနှင့် ပတ်သက်သောမှတ်စုကို Titus 1:13တို့တွင် ကြည့်ပါ။

ὑγιαίνοντας τῇ πίστει

စိတ္တဇနာမ်များဖြစ်ကြသော ယုံကြည်မှု ၊ ချစ်ခြင်းတရား နှင့် ဇွဲ တို့အား ကြိယာအဖြစ်အသုံးပြုနိုင်သည်။ အခြားဘာသာပြန်ဆိုချက်မှာ : “ပြီးနောက် သူတို့သည် ဘုရားရှင်အကြောင်းသင်ကြားပေးမှုများကို ခိုင်မြဲသောယုံကြည်မှုရှိသင့်သည် အခြားသူများကို မေတ္တာတရားအစစ်အမှန်များ ထားတတ်ရန်နှင့် ခက်ခဲသောအချိန်များတွင်လည်း ဘုရားရှင်အားကိုးကွယ်ကြရန်။” (ကြည့်ရန်: Abstract Nouns)

τῇ ἀγάπῃ

သင့်ဘာသာစကားတွင် ပိုမိုရှင်းလင်းပါက စိတ္တဇနာမ် love ကို ကြိယာအဖြစ် ဖော်ပြနိုင်သည်။ အခြားဘာသာပြန်ဆိုချက်- "သူတစ်ပါးကို အမှန်တကယ်ချစ်ပါ" (ကြည့်ရန်: Abstract Nouns)

τῇ ὑπομονῇ

သင့်ဘာသာစကားတွင် ပိုမိုရှင်းလင်းပါက စိတ္တဇနာမ် ဇွဲ ကို ကြိယာအဖြစ် ဖော်ပြနိုင်သည်။ အလှည့်ကျ ဘာသာပြန်- “ခက်ခဲသောအချိန်၌ပင် ဘုရားသခင်ကို အဆက်မပြတ် ဝတ်ပြုပါ” (ကြည့်ရန်: Abstract Nouns)

Titus 2:3

πρεσβύτιδας ὡσαύτως

ဂရိတွင် are to be ကိုအသုံးမပြုကြပေ။ သို့သော် older women likewise အသုံးပြုထားသောကြောင့်  ကျွန်ုပ်တို့ဤနေရာတွင် ကြိယာတစ်ခုအားအသုံးပြုရန် ပြီးခဲ့သောအပိုင်းမှ ပြောစကား (ဥပမာ- သင်ကြားမှု သို့မဟုတ် တိုက်တွန်းနှိုးဆော်မှု) ကို ထောက်ရှုခြင်းအားဖြင့် ထောက်ပံ့ပေးရမည်ဖြစ်သည်။ အခြားဘာသာပြန်ဆိုချက်မှာ: “အသက်အရွယ်ကြီးသော အမျိုးသမီးများအားလည်း ထိုနည်းလည်းကောင်းပင်” သို့မဟုတ် “အသက်အရွယ်ကြီးသောအမျိုးသမီးများအားလည်း သင်ကြားပေးပါ။” (ကြည့်ရန်: Ellipsis)

διαβόλους

ဤစကားလုံးများသည် အခြားလူများမကောင်းကြောင်းကို ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေပြောဆိုတတ်သူများအား ရည်ညွှန်းပါသည်။

οἴνῳ πολλῷ δεδουλωμένας

မိမိကိုယ်မိမိ ထိန်းချုပ်နိုင်ခြင်းမရှိပဲ စပျစ်ရည်ယမကာအများအပြားသောက်သုံးသူများအား အရက်သေစာတို့၏ ကျေးကျွန်ဟူ၍ သုံးနှုန်းထားခြင်းဖြစ်သည်။ အခြားဘာသာပြန်ချက်မှာ : “စပျစ်ယမကာမှ သူတို့စိတ်ဆန္ဒအားထိန်းချုပ်သွားခြင်း” သို့မဟုတ် “စပျစ်ရည်ယမကာစွဲခြင်း” (ကြည့်ရန်: Metaphor)

οἴνῳ πολλῷ δεδουλωμένας

ဤစကားလုံးများအား Active Form အဖြစ်အသုံးပြုထားကြောင်းသိနိုင်ပြီး အခြားဘာသာပြန်ဆိုချက်အနေဖြင့် : “စပျစ်ရည်အများအပြားသောက်သုံးခြင်း” သို့မဟုတ် “စပျစ်ရည်ယမကာစွဲခြင်း” (ကြည့်ရန်: Active or Passive)

καλοδιδασκάλους

ဤနေရာ၌ ဂရိစကားလုံးသည် a teacher of what is good အဖြစ်အဓိပ္ပါယ်သက်ရောက်ပြီး အင်္ဂလိပ်အသုံးအနှုန်းဖြစ်သော but to be သည် ကောင်းမြတ်သောအရာများကို ပိုမိုမြင်သာအောင် အသုံးပြုထားခြင်းဖြစ်သည်။ but to be ဟူသော အသုံးအနှုန်းသည် ကောင်းခြင်း၊ ဆိုးခြင်း နှစ်ခုတို့အား ပိုမိုမြင်သာအောင် အထောက်အပံ့ပေးသောစကားလုံးဖြစ်သည်။ သင့်အနေဖြင့်လည်း ထိုသို့ ဆန့်ကျင်ဘက်အဓိပ္ပါယ်နှစ်ခုကို ပိုမိုထင်ရှားမြင်သာစေလိုလျှင်အသုံးပြုရန်စဉ်းစားနိုင်ပါသည်။

Titus 2:4

φιλάνδρους

"မိမိခင်ပွန်းကို ချစ်မြတ်နိုးသူများ"

φιλοτέκνους

“မိမိသားသမီးကို ချစ်မြတ်နိုးသူများ"

Titus 2:5

ὑποτασσομένας τοῖς ἰδίοις ἀνδράσιν

"မိမိခင်ပွန်း၏ စကားအားနားထောင်တတ်စေရန်"

ἵνα μὴ ὁ λόγος τοῦ Θεοῦ βλασφημῆται

ဤနေရာတွင် စကားလုံးသည် "သတင်းစကား" အတွက် တင်စားချက် အဓိပ္ပါယ်တစ်ခုဖြစ်သည်။ ထိုအရာသည် ဘုရားရှင်ကိုယ်တော်တိုင်အတွက် တင်စားသည့် အဓိပ္ပါယ်တစ်ခုဖြစ်သည်။ (Metonymy တွင်ကြည့်ပါ)

ἵνα μὴ ὁ λόγος τοῦ Θεοῦ βλασφημῆται

You can state this in active form. Alternate translation: “so that no one insults the word of God” or “so that no one insults God by saying bad things about his message” (See: Active or Passive)

Titus 2:6

ὡσαύτως

တိတုသည် အသက်ကြီးသူလူကြီးများကိုလေ့ကျင့်ပေးသကဲ့သို့ လူငယ်များကိုလည်း လေ့ကျင့်ပေးရသည်။

Titus 2:7

σεαυτὸν παρεχόμενος

“သင့်ကိုယ်သင်ပြသပါ” သို့မဟုတ် “သင့်ကိုယ်သင်အစေခံပါ”

τύπον καλῶν ἔργων

“မှန်ကန်သောအကျင့်ကိုကျင့်သောသူ၏ စံနမူနာများဖြစ်သည်”

Titus 2:8

ὑγιῆ

ဤစကားလုံးသည် အမှားအယွင်းမရှိ (Uncorrupted) ဟူသော အဓိပ္ပါယ်နှင့် အခြေခံအားဖြင့်တူညီပါသည်။ အခန်း ၂ အပိုဒ် ၇ တွင် ရှင်ပေါလုသည် ထိုစကားအား အမှားမယွင်းမရှိ ဟူသော စကားအား အငြင်းစကား အားဖြင့် အသုံးပြု ထားပြီး အခန်း ၂ အပိုဒ် ၈ တွင် အပြုသဘောဆောင်သော မှန်ကန်သောအရာ အဖြစ်အသုံးပြုထားသည်ကို တွေ့ရသည်။ ထိုအကြောင်းအရာ နှစ်ခုစလုံးသည် တိတု ၏ သင်ကြားခြင်းနှင့် သက်ဆိုင်ပါသည်။ ပြန်ဆိုမည့် ဘာသာစကားရှိ အပြုသဘောဆောင်သော စကားနှင့် အငြင်းသဘောဆောင်သည့် စကားနှစ်ခုစလုံးကို အသုံးပြုပါ သို့မဟုတ်ပဲ နှစ်မျိုးလုံးအသုံးပြုရန်ခက်ခဲပါ က တစ်မျိုးတည်းကိုသာအသုံးပြုပါ။

ἵνα ὁ ἐξ ἐναντίας ἐντραπῇ

ဤအကြောင်းအရာသည် တိတုအား ဆန့်ကျင်လိုသည့် သူများမှ အကျိုးမဲ့ပြောနေသည့်အပေါ်တွင် သူတို့ကိုယ်သူတို့ အရှက်ရစေလိမ့်မည်ဟုဖော်ပြလိုခြင်းဖြစ်သည်။ အခြားဘာသာပြန်ဆိုချက်အနေဖြင့် : “ထိုသို့အားဖြင့် သင့်အားဆန့်ကျင်မည့် လူတို့သည် ကျွန်ုပ်တို့အကြောင်းမကောင်း ပြောစရာမရှိ၍ အရှက်ရကြလိမ့်မည်။”သို့မဟုတ် “သင့်အားဆန့်ကျင်လိုသောသူများသည် အရှက်ရလိမ့်မည်” (ကြည့်ရန်: Hypothetical Situations)

ἡμῶν

ကျွန်ုပ်တို့အားလုံးဆိုသော စကားလုံးသည် ရှင်ပေါလု၊ တိတုနှင့် ခရစ်တော်အား ယုံကြည်သူအားလုံးကိုရည်ညွှန်းပါသည်။ (ကြည့်ရန်: Exclusive and Inclusive ‘We’)

Titus 2:9

δούλους ἰδίοις δεσπόταις ὑποτάσσεσθαι

ဂရိတွင် are ဟူသောအသုံးအနှုန်းကိုအသုံးပြုခြင်းမရှိပေ။ အစေခံကျွန်တို့အား သူတို့ သခင်၏ စကားများကို နာခံတတ်စေရန် ဟူသောအသုံးအနှုန်းအတွက်ကို အပိုဒ် ၆ မှ စကားအသုံးအနှုန်းအား ပြန်လည်ကြည့်ရှုပြီး တိုက်တွန်းခြင်း ကိုအသုံးပြုထားပါသည်။ အခြားဘာသာပြန်ဆိုချက်အနေဖြင့် : အစေခံကျွန်တို့အား သူတို့သခင်အား နာခံတတ်စေရန် တိုက်တွန်းပါ။ (ကြည့်ရန်: Ellipsis)

ὑποτάσσεσθαι

“နာခံရမည်။”

ἐν πᾶσιν

"မည်သည့်အခြေအနေတွင်မဆို သို့မဟုတ် အမြဲတမ်း"

εὐαρέστους εἶναι

"သူတို့၏ သခင်များအား စိတ်ကျေနပ်စေရန် သို့မဟုတ် သူတို့သခင်အား စိတ်ကျေနပ်စေရန်"

Titus 2:10

μὴ νοσφιζομένους

"သူတို့၏သခင်များထံမှ ခိုးဝှက်ခြင်းမပြုရန်"

πᾶσαν πίστιν ἐνδεικνυμένους ἀγαθήν

"သူတို့သခင်၏ ယုံကြည်ခြင်းကိုခံယူနိုင်သော လူများဖြစ်ကြောင်းပြသပေးပါ။"

ἐν πᾶσιν

"သူတို့လုပ်သည့်အရာတိုင်းတွင်"

τὴν διδασκαλίαν τὴν τοῦ Σωτῆρος ἡμῶν, Θεοῦ, κοσμῶσιν

“ကျွန်ုပ်တို့၏ကယ်တင်ရှင်ဘုရားသခင်အကြောင်း သွန်သင်ချက်သည် ဆွဲဆောင်မှုရှိစေမည်” သို့မဟုတ် “ကျွန်ုပ်တို့၏ကယ်တင်ရှင်ဘုရားသခင်အကြောင်း သွန်သင်ချက်သည် ကောင်းမြတ်ကြောင်း လူတို့အား နားလည်စေမည်”

Σωτῆρος ἡμῶν, Θεοῦ

"ကျွန်ုပ်တို့အားကယ်တင်တော်မူသော ဘုရားရှင်"

ἡμῶν

ကျွန်ုပ်တို့ဟူသည့် အသုံးအနှုန်းတွင် ရှင်ပေါလု, တိတု နှင့် ကိုယ်တော်ယေရှုအား ယုံကြည်သူအားလုံး ပါဝင်ပါသည်။ (ကြည့်ရန်: Exclusive and Inclusive ‘We’)

Titus 2:11

ရှင်ပေါလုသည် တိတုအား ကိုယ်တော်ယေရှုကြွလာမည့်အချိန်အတွက် စိတ်ခွန်အား ပေးနေခြင်းဖြစ်သည်။ ကိုယ်တော်ယေရှုမှတစ်ဆင့် သူအခွင့်ရှိသော အခွင့်အာဏာကိုလည်း မှတ်မိစေရန်ပြောနေခြင်းဖြစ်သည်။

ἐπεφάνη…ἡ χάρις τοῦ Θεοῦ

ရှင်ပေါလုသည် ဘုရားရှင်၏ ကျေးဇူးတော်ကို ယခုမှရောက်လာသူအား ပြောပြနေသကဲ့သို့ဖြစ်သည်။ အခြားဘာသာပြန်ဆိုချက်မှာ : “ဘုရားရှင်သည် ယခုသူ၏ကျေးဇူးတော်များခံစားရန်ကမ်းလှမ်းနေသည်။” (ကြည့်ရန်: Personification)

Titus 2:12

παιδεύουσα ἡμᾶς

ရှင်ပေါလုသည် ဘုရားရှင်၏ ဘုန်းကျက်သရေတော်အား အခန်း ၂ အပိုဒ် ၁၁ တွင်ပြောဆိုခဲ့ပြီး အကယ်၍ အခြားသူများအား ဘုရားရှင်အကြောင်း သင်ကြားပြမည့်သူသည် မွန်မြတ်သန့်စင်အောင်မည်သို့နေရမည်ကို သင်ကြားနေခြင်းဖြစ်သည်။ အခြားဘာသာပြန်ဆိုချက်မှာ : “ဘုရားရှင် ကျွန်ုပ်တို့အား သင်ကြားပေးသည့်အတိုင်း” (ကြည့်ရန်: Personification)

ἡμᾶς

ကျွန်ုပ်တို့ဟူသည့် အသုံးအနှုန်းတွင် ရှင်ပေါလု၊ တိတု နှင့် ကိုယ်တော်ယေရှုအား ယုံကြည်သူအားလုံး ပါဝင်ပါသည်။ (ကြည့်ရန်: Exclusive and Inclusive ‘We’)

τὴν ἀσέβειαν

"ဘုရားရှင်၏လမ်းညွှန်မှုနှင့် လွဲမှားသော"

τὰς κοσμικὰς ἐπιθυμίας

"ဤကမ္ဘာပေါ်မှ အင်အားကြီးမားသော ဆန္ဒ" သို့မဟုတ် "အပြစ်ရှိသော ညစ်ညူးသောအလိုရမ္မက်"

ἀσέβειαν…εὐσεβῶς

ဤစကားလုံးသည် ဆန့်ကျင်ဖက်စကားလုံးနှစ်ခုဖြစ်ပါသည်။ ဘုရားရှင်၏ ဂုဏ်သတင်းအား ညိုးနွမ်းစေခြင်း နှင့် ဘုရားရှင် ၏ ဂုဏ်သတင်းအား မွှေးပျံ့စေခြင်း တို့ဖြစ်ပါသည်။

ἐν τῷ νῦν αἰῶνι

"ယခုကျွန်ုပ်တို့ကမ္ဘာပေါ်တွင် နေထိုင်နေသည့်အချိန်" သို့မဟုတ် "ယခုအချိန်အတွင်းတွင်"

Titus 2:13

προσδεχόμενοι

ကြိုဆိုမည့်အချိန်ကို စောင့်မျှော်နေခြင်

τὴν μακαρίαν ἐλπίδα

ဤနေရာ၌၊ မည်သည့်အရာသည် ကျွန်ုပ်တို့စောင့်မျှော်နေသည့် ကောင်းချီးမင်္ဂလာဖြစ်ကြောင်း ပြောခြင်းဖြစ်ပါသည်။ ထိုအရာသည် ကိုယ်တော်ယေရှု ပြန်လည်ကြွရောက်လာခြင်းဖြစ်သည်။  အခြားဘာသာပြန်ဆိုချက်မှာ: “ကျွန်ုပ်တို့မျှော်လင့်နေသည် အံ့ဩဖွယ်အရာများ” (ကြည့်ရန်: Metonymy)

καὶ ἐπιφάνειαν τῆς δόξης τοῦ μεγάλου Θεοῦ καὶ Σωτῆρος ἡμῶν, Ἰησοῦ Χριστοῦ

ဤနေရာ၌ ဂုဏ်ကျက်သရေတော် သည် ဂုဏ်ကျက်ရေတော်တို့ဖြင့်ပေါ်ထွန်းလာမည့် ကိုယ်တော်ယေရှုအား ရည်ညွှန်းပါသည်။ အခြားဘာသာပြန်ဆိုချက် : “ထိုသည့်အရာမှာ တန်းခိုးတော်ကြီးမားပြီး ကယ်တင်ရှင်ဖြစ်တော်မူသည့် ကိုယ်တော်ယေရှုဖြစ်တော်မူပြီး ဂုဏ်ကျက်သရေတော်ဖြင့် လူတို့လောကသို့ ပြန်လည်ကြွဆင်းလာမည့်အရာဖြစ်သည်။" (ကြည့်ရန်: Metonymy)

τὴν μακαρίαν ἐλπίδα, καὶ ἐπιφάνειαν τῆς δόξης

မင်္ဂလာရှိသော မျှော်လင့်ချက် နှင့် ဘုန်းအသရေ ပေါ်ထွန်းခြင်း နှစ်ခုစလုံးသည် တူညီသောဖြစ်ရပ်ကို ရည်ညွှန်းပါသည်။ ဒါကို ရှင်းရှင်းလင်းလင်း ပြနိုင်တယ်။ အခြားဘာသာပြန်- "ငါတို့တောင့်တသောအရာ၊ ကောင်းချီးမင်္ဂလာနှင့် ဘုန်းအသရေထင်ရှားခြင်း" (ကြည့်ရန်: Hendiadys)

τοῦ μεγάλου Θεοῦ καὶ Σωτῆρος ἡμῶν, Ἰησοῦ Χριστοῦ

ကြီးမြတ်လှသော ဘုရားရှင် နှင့် ကယ်တင်ရှင် တို့သည် တစ်ဦးတည်းသာဖြစ်သည်။ ကိုယ်တော်ယေရှုကိုရည်ညွှန်းလိုခြင်းဖြစ်သည်။ အခြားဘာသာပြန်ဆိုချက် : “ကိုယ်တော်ယေရှု၊ ကျွန်ုပ်တို့၏ ကြီးမြတ်လှသော ဘုရားရှင်နှင့် ကယ်တင်ရှင်” (ကြည့်ရန်: Hendiadys)

Titus 2:14

ἔδωκεν ἑαυτὸν ὑπὲρ ἡμῶν

ဤအကြောင်းအရာသည် ကျွန်ုပ်တို့အတွက် အသက်ကိုစတေးခဲ့သော ကိုယ်တော်ယေရှုအားရည်ညွှန်းပါသည်။ အခြားဘာသာပြန်ဆိုချက်မှာ : “ကျွန်ုပ်တို့အတွက် သူ့ကိုယ်သူ အသေခံ စတေးခဲ့ပြီ” (ကြည့်ရန်: Assumed Knowledge and Implicit Information)

ἡμῶν

ကျွန်ုပ်တို့ဟူသည့် အသုံးအနှုန်းတွင် ရှင်ပေါလု၊ တိတု နှင့် ကိုယ်တော်ယေရှုအား ယုံကြည်သူအားလုံး ပါဝင်ပါသည်။ (ကြည့်ရန်: Exclusive and Inclusive ‘We’)

λυτρώσηται ἡμᾶς ἀπὸ πάσης ἀνομίας

ရှင်ပေါလုသည် ကျွန်ုပ်တို့အားကယ်တင်တော်မူသည့် ကိုယ်တော်ယေရှုအကြောင်းအားပြောနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့အား မကောင်းဆိုးဝါး သခင်ထံများ ကျွန်များအားကယ်တင်သကဲ့သို့ပြောနေခြင်းဖြစ်သည်။ (ကြည့်ရန်: Metaphor)

ἡμᾶς

ကျွန်ုပ်တို့ဟူသည့် အသုံးအနှုန်းတွင် ရှင်ပေါလု၊ တိတု နှင့်ကိုယ်တော်ယေရှုအား ယုံကြည်သူအားလုံး ပါဝင်ပါသည်။ (ကြည့်ရန်: Exclusive and Inclusive ‘We’)

λαὸν περιούσιον

"သူမြတ်နိုးတန်ဖိုးထားသော လူအစုအဖွဲ့"

ζηλωτὴν καλῶν ἔργων

"အလုပ်လုပ်ရန်ဆန္ဒပြင်းပြသူ"

Titus 2:15

παρακάλει

"ဤအကြောင်းအရာများအားပြုလုပ်ရန် ခွန်အားပေးခြင်း"

ἔλεγχε, μετὰ πάσης ἐπιταγῆς

ဤစာကြောင်းသည် ရှင်းရှင်းလင်းလင်း မြင်သာစေသည်။ အခြားဘာသာပြန်ဆိုချက် : “ဤအရာများမလုပ်ကြသည့် လူအပေါင်းတို့အားသင့်အခွင့်အာဏာ ကိုအသုံးပြုလျှက် လမ်းမှန်ပြပေးပါရန်” (ကြည့်ရန်: Assumed Knowledge and Implicit Information)

μηδείς σου περιφρονείτω

"သင့်အားမည်သူမျှ လျစ်လျူရှုခြင်းမပြုစေနှင့်"

μηδείς σου περιφρονείτω

ဤအရာကို အပြုသဘောဖြင့် သင်ပြောနိုင်သည်- "လူတိုင်း သင့်စကားကို နားထောင်ကြောင်း သေချာပါစေ" (ကြည့်ရန်: Double Negatives)

σου περιφρονείτω

ဤစာကြောင်းသည် ရှင်းရှင်းလင်းလင်း မြင်သာစေပါသည်။ အခြားဘာသာပြန်ဆိုချက်မှာ : “သင့်စကားနားထောင်ရန် ငြင်းပယ်ခြင်း” နှင့် “သင့်အား လေးစားရန် ငြင်းပယ်ခြင်း” တို့ဖြစ်သည်။ (ကြည့်ရန်: Assumed Knowledge and Implicit Information)

Titus 3

တိတုအခန်း(၃) အထွေထွေမှတ်စုများ

ဖွဲ့စည်းပုံနှင့်တည်ဆောက်ပုံ

ဤအခန်းတွင် ရှင်ပေါလုမှ တိတုအား ပုဂ္ဂိုလ်ရေးဆိုင်ရာ ညွှန်ကြားချက်များ မှာကြားထားသည်။

ကျမ်းပိုဒ် ၁၅ တွင် တိတုဩဝါဒစာအား နိဂုံးချုပ်ထားသည်။ ဤကဲ့သို့ နိဂုံးချုပ်ရေးသားချက်သည် ရှေးခေတ် အရှေ့အလယ်ပိုင်းဒေသတွင် ပုံမှန်အလေ့အထဖြစ်သည်။

ဤအခန်းရှိ အထူးမှတ်သားရန် အချက်များ

ဆွေစဥ်မျိုးဆက်စာရင်းများ

ဆွေစဥ်မျိုးဆက်စာရင်းများသည် လူတစ်ဦး၏ ဘိုးဘေးအဆက်နွယ်များ သို့မဟုတ် သားစဥ်မြေးဆက်များအား မှတ်တမ်းတင်ထားသော စာရင်းများဖြစ်ပြီး ထိုသူသည် မည်သည့်လူမျိုးစုနှင့် မိသားစုမှ ဆင်းသက်လာသည်ကို ဖော်ပြသည်။ ဥပမာအားဖြင့် သင်းအုပ်ဆရာများသည် လေဝိမျိုးနွယ်စုနှင့် အာရုံမိသားစုမှ ဆင်းသက်ကြသည်။ ထိုမျိုးဆက်စာရင်းများမှ အချို့သည် ဘိုးဘေးများ၏ ဇာတ်လမ်းများအပြင် နာမ်လောကနှင့် ပတ်သက်သည့်အကြောင်းအရာများပင် ပါဝင်တတ်သည်။ ရှေးအရင်အခါက ထိုစာရင်းများနှင့် ဇာတ်လမ်းများကို အကြောင်းပြု၍ အရာဝတ္ထုများ၏ မူလအစနှင့် အမျိုးမျိုးသောလူများ၏ အရေးကြီးပုံကို အငြင်းအခုံပြုခဲ့ကြသည်။

Titus 3:1

ရှင်ပေါလုသည် တိတုအား ကရိတေကျွန်းရှိ အသက်ကြီးသောသူများနှင့် သူ၏အုပ်ထိန်းမှုအောက်ရှိ လူများအား မည်သို့သွန်သင်ဆုံးမရမည်ကို ဆက်လက်၍ ဩဝါဒပေးနေသည်။

ὑπομίμνῃσκε αὐτοὺς…ὑποτάσσεσθαι

ငါတို့၏ လူများကို ၎င်းတို့သိရှိပြီးဖြစ်သည့် နာခံလိုက်နာရမည့် အရာကို ထပ်မံ၍ သတိပေးပါ။ (သို့မဟုတ်) ၎င်းတို့အား နားခံလိုက်နာတတ်စေရန် အစဥ်သတိပေးပါ။

ἀρχαῖς, ἐξουσίαις, ὑποτάσσεσθαι, πειθαρχεῖν

“နိုင်ငံရေးပိုင်းဆိုင်ရာ အုပ်ချုပ်သူများနှင့် အစိုးရအာဏာပိုင်များက ညွန်ကြားသည့်အတိုင်း လိုက်ပါဆောင်ရွက်ခြင်းအားဖြင့် ၎င်းတို့အား နာခံလိုက်နာပါ။”

ἀρχαῖς, ἐξουσίαις

These words have similar meanings and both refer to anyone who holds authority in the government. If the target language has only one term for this, then just use that term. (See: Doublet)

ὑποτάσσεσθαι, πειθαρχεῖν

အထက်ပါစကားလုံးများသည် အဓိပ္ပာယ်တူညီကြပြီး အစိုးရအဖွဲ့တွင် အာဏာကိုချုပ်ကိုင်ထားသည့်သူကို ညွှန်းဆိုခြင်းဖြစ်သည်။ အကယ်၍ ပြန်ဆိုမည့် ဘာသာစကားတွင် အထက်ပါဝေါဟာရများအတွက် စကားလုံးပုံစံတစ်ခုတည်းသာ ရှိပါက ၎င်းကိုသာအသုံးပြုပါ။

 ( Doublet တွင်ကြည့်ပါ)

πρὸς πᾶν ἔργον ἀγαθὸν ἑτοίμους εἶναι

“ကောင်းခြင်းမင်္ဂလာအမှုကို အခါအခွင့်ရတိုင်း ပြုမူထမ်းရွက်ကြရန် အသင့်ဖြစ်ပါစေ”

Titus 3:2

βλασφημεῖν

“မကောင်းသည့် အပြောအဆို”

ἀμάχους εἶναι

၎င်းကို အပြုသဘောဆောင်သည့်အသွင်ဖြင့် “ငြိမ်းချမ်းစေသော” ဟူ၍ရေးသားနိုင်သည်။

 (Double Negatives တွင်ကြည့်ပါ)

Titus 3:3

ἦμεν γάρ ποτε καὶ ἡμεῖς

“အဘယ့်ကြောင့်ဆိုသော် ငါတို့လည်း တစ်ချိန်က”

ποτε

"အရင်တုန်းက" ဒါမှမဟုတ် "တစ်ချိန်ချိန်မှာ"ဒါမှမဟုတ် "အရင်က"

ἡμεῖς

ကျွန်ုပ်တိုသည်ပင် (သို့မဟုတ်) ကျွန်ုပ်တို့ကိုယ်တိုင်။ ဤနာမ်စားတွင် ရှင်ပေါလု၊ တိတုနှင့် အားလုံးသော ခရစ်ယာန်ဘာသာဝင်များ ပါဝင်ကြပြီး ကိုယ်တော်ယေရှုအား ယုံကြည်ခြင်းမရှိမီက အချိန်ကို ဖော်ပြခြင်းဖြစ်သည်။( Exclusive and Inclusive ‘We’တွင်ကြည့်ပါ)

ἦμεν…ἀνόητοι

“မစဥ်စားမဆင်ခြင်တတ်ခဲ့ကြ (သို့မဟုတ်) သတိပညာမရှိခဲ့ကြ။”

πλανώμενοι, δουλεύοντες ἐπιθυμίαις καὶ ἡδοναῖς ποικίλαις

ကာမဂုဏ်တပ်မက်ခြင်းနှင့် ရမ္မက်ဆန္ဒတို့သည် လူအများ၏ အရှင်သခင်ကဲ့သို့ တင်စားရေးသားထားပြီး ထိုကာမဆန္ဒ အရှင်သခင်က လူတို့အား လှည့်ဖျားပြုစား၍ ကျေးကျွန်ပြုထားသကဲ့သို့လည်း ရေးသားထားသည်။ တစ်နည်းဘာသာပြန်ပုံမှာ “များစွာသော ကာမဂုဏ်ခံစားမှုများနှင့် ရမ္မက်ဆန္ဒတို့သည် ကျွန်ုပ်တို့အား ပျော်ရွှင်မှုကို ပေးစွမ်းနိုင်သည်ဟု လှည့်ဖျားထားသည်၊ ထို့နောက်တွင်မူ ကျွန်ုပ်တို့၏ စိတ်ခံစားချက်များ သို့မဟုတ် ကျွန်ုပ်တို့ကိုပျော်ရွှင်စေလိမ့်မည်ဟု ထင်မှားမိခဲ့သော အရာများကို ရပ်တန့်သွားစေအောင် ထိန်းချုပ်ရန် မတတ်နိုင်တော့ခြင်းများ ဖြစ်လာပေသည်”

( Personificationတွင်ကြည့်ပါ)

πλανώμενοι, δουλεύοντες ἐπιθυμίαις καὶ ἡδοναῖς ποικίλαις

အထက်ပါစာပိုဒ်အား တိုက်ရိုက်ပုံစံဖြင့် ဘာသာပြန်နိုင်သည်။ အခြားတစ်နည်း ဘာသာပြန်ပုံမှာ “များစွာသော ကာမဂုဏ်ခံစားမှုများနှင့် ရမ္မက်ဆန္ဒတို့သည် ကျွန်ုပ်တို့အား လိမ်လည်လှည့်ဖျားလျက် ကျွန်ုပ်တို့အား လမ်းမှားပေါ်သို့ ရောက်စေခဲ့သည်”

 ( Active or Passiveတွင်ကြည့်ပါ)

ἐπιθυμίαις

“ကာမဆန္ဒ (သို့မဟုတ်) တဏှာဆန္ဒ”

ἐν κακίᾳ καὶ φθόνῳ διάγοντες

ဤတွင် မကောင်းမှုနှင့် မနာလိုခြင်းတို့သည် အပြစ်အာပတ်ကို ဖော်ပြသည်။ မကောင်းမှုဆိုသည်မှာ အပြစ်အာပတ်တို့၏ ယေဘုယျသဘောဖြစ်ပြီး မနာလိုမှုသည် တိကျသော အပြစ်အာပတ်တစ်ခု ဖြစ်သည်။ အခြားတစ်နည်းဖြင့် ဘာသာပြန်ပုံမှာ “ကျွန်ုပ်တို့သည် မကောင်းမှုများကို အစဥ်ကျူးလွန်နေခဲ့ကြပြီး အခြားသူများရရှိထားသည့် အရာများကိုလည်း မတော်လောဘစိတ်ဖြင့် ရယူနေလိုကြသည်”

στυγητοί

“အခြားသူများက မိမိတို့အား မုန်းတီးစေသည်”

Titus 3:4

δὲ

ဤစာပိုဒ်တွင် လူတို့၏ မကောင်းမှုသောအသက်ရှင်နေထိုင်မှု(ကျမ်းပိုဒ် ၁-၃)နှင့် ဘုရားရှင်၏ ကောင်းခြင်းမင်္ဂလာ(ကျမ်းပိုဒ် ၄-၇)ကြားရှိ ကွဲပြားချက်ကို မှတ်သားမိရန် အရေးကြီးသည်။

 (Connect — Contrast Relationshipတွင်ကြည့်ပါ)

ὅτε…ἡ χρηστότης καὶ ἡ φιλανθρωπία ἐπεφάνη τοῦ Σωτῆρος ἡμῶν, Θεοῦ

ရှင်ပေါလုသည် ဘုရားရှင်၏ ကရုဏာတော်နှင့် ကျွန်ုပ်တို့အား မေတ္တာတာ်ရှိပုံကို လူအများသည် ကျွန်ုပ်တို့မျက်မှောက်အောက်သို့ ရောက်ရှိလာသကဲ့သို့ တင်စားရေးသားထားသည်။ အခြားနည်း ဘာသာပြန်ပုံမှာ “ကယ်တင်ရှင် ဘုရားရှင်က ကျွန်ုပ်တို့အား သူ၏ ကရုဏာတော်နှင့် လူသားတို့အပေါ် မေတ္တာတော်ရှိပုံကို ပြသခဲ့သည်”

( Personificationတွင်ကြည့်ပါ)

ὅτε…ἡ χρηστότης καὶ ἡ φιλανθρωπία ἐπεφάνη τοῦ Σωτῆρος ἡμῶν, Θεοῦ

ကရုဏာတော်နှင့် မေတ္တာတော်ဆိုသည့် စိတ္တဇနာမ်များကို နာမဝိသေသနကဲ့သို့ ဖော်ပြနိုင်သည်။ အခြားနည်းဖြင့် ဘာသာပြန်ပုံမှာ “ဘုရားရှင် ကျွန်ုပ်တို့အား ကယ်မချိန်တွင် သူသည် လူသားတို့အပေါ်မည်မျှ ကရုဏာထားပြီး မေတ္တာရှိပုံကို ပြသခဲ့သည်”(Abstract Nounsတွင်ကြည့်ပါ)

ἡμῶν

ဤတွင် ရှင်ပေါလု၊ တိတုနှင့် အားလုံးသော ခရစ်ယာန်များကို ဆိုလိုသည်။

(See: Exclusive and Inclusive ‘We’)

Titus 3:5

κατὰ τὸ αὐτοῦ ἔλεος

“အဘယ့်ကြောင့်ဆိုသော် ကိုယ်တော်သည် ငါတို့အား သနားတော်မူသဖြင့်”

λουτροῦ παλινγενεσίας

ရှင်ပေါလုက ဤနေရာတွင် တင်စားချက်နှစ်ခုကို ပေါင်းစပ်ထားသည်။ သူသည် ဘုရားရှင်၏ အပြစ်သားများအပေါ် ခွင့်လွှတ်ညှာတာပုံကို ထိုအပြစ်သားများ၏ အပြစ်များကို အမှန်တကယ် ဆေးကြောသန့်စင်ပေးသကဲ့သို့ ရေးသားထားသည်။ ထို့နောက် ဆက်လက်ရေးသားပြန်သည်မှာ ထိုအပြစ်သားများသည် ဘုရားရှင်ကို နားလည်ယုံကြည်လာသည်မှာ သူတို့သည် အသစ်တစ်ဖန်ပြန်လည် မွေးဖွားလာသကဲ့သို့ပင် ဖြစ်သည်။(Metaphor တွင်ကြည့်ပါ)

Titus 3:6

οὗ ἐξέχεεν ἐφ’ ἡμᾶς πλουσίως

သန့်ရှင်းသောဝိဉာဥ်တော်ကို အရည်တစ်မျိုးအဖြစ် သုံးနှုန်းကြပြီး ဘုရားရှင်က ပမာဏများစွာ သွန်းလောင်းနိုင်သကဲ့သို့ ရေးသားကြသည်မှာ သမ္မာကျမ်းစာသစ် ရေးသားသူများတွင် ပုံမှန်ပင်ဖြစ်သည်။  အခြားတစ်နည်း ဘာသာပြန်ပုံမှာ “ကျွန်ုပ်တို့အား ရက်ရောစွာပေးသနားခဲ့သည် ( Metaphorတွင်ကြည့်ပါ)

ἡμᾶς

ဤတွင် ရှင်ပေါလု၊ တိတုနှင့် အားလုံးသော ခရစ်ယာန်များကို ဆိုလိုသည်။

( Exclusive and Inclusive ‘We’တွင်ကြည့်ပါ)

διὰ Ἰησοῦ Χριστοῦ, τοῦ Σωτῆρος ἡμῶν

“ကိုယ်တော်ယေရှုမှ ကျွန်ုပ်တို့အား ကယ်တင်ရာတွင်”

ἡμῶν

ဤတွင် ရှင်ပေါလု၊ တိတုနှင့် အားလုံးသော ခရစ်ယာန်များကို ဆိုလိုသည်။( Exclusive and Inclusive ‘We’တွင်ကြည့်ပါ)

Titus 3:7

δικαιωθέντες

ဤစာသားကို တိုက်ရိုက်ပုံစံဖြင့် ရေးသားနိုင်သည်။ အခြားဘာသာပြန်ပုံမှာ “ဘုရားရှင်က ကျွန်ုပ်တို့အား အပြစ်ကင်းစင်စေရန် ကြေညာတော်မူသည်(Active or Passiveတွင်ကြည့်ပါ)

κληρονόμοι γενηθῶμεν, κατ’ ἐλπίδα ζωῆς αἰωνίου

ဘုရားရှင်က ကတိပေးတော်မူသည့်သူများအား ကတိခံတော်မူသည့် အရာများကိုရရှိမည်ကဲ့သို့ ရေးသားထားသည်၊ ဥပမာအားဖြင့် မိသားစုအတွင်းအမွေများ ဆက်ခံရရှိမည်ကဲ့သို့ သေချာသကဲ့သို့ ရေးသားထားခြင်းဖြစ်သည်။ အခြားပုံစံ ဘာသာပြန်မှာ “ကျွန်ုပ်တို့သည် ဘုရားရှင်ကတိပေးတော်မူသော ထာဝရအသက်ကို ရရှိရန် မျှော်လင့်နိုင်သည်”( Metaphorတွင်ကြည့်ပါ)

Titus 3:8

ὁ λόγος

ဤသတင်းစကားသည် ယေရှုမှတစ်ဆင့် ယုံကြည်သူများအား သန့်ရှင်းသောဝိညာဉ်တော်နှင့် ထာဝရအသက်တာကို ဘုရားသခင် လွတ်လွတ်လပ်လပ်ပေးတော်မူကြောင်း အခန်းခန်းကြီး ၄-၇ တွင်ဖော်ပြထားသည့်သတင်းဖြစ်သည်။

τούτων

၎င်းသည် ရှင်ပေါလုက ကျမ်းပိုဒ် ၁-၇ တွင် ပြောကြားခဲ့သော သွန်သင်ချက်များကို ရည်ညွှန်းခြင်း ဖြစ်သည်။ အခြားဘာသာပြန် ပုံစံမှာ “ငါသင်ကြားခဲ့သော အရာများ”

φροντίζωσιν καλῶν ἔργων, προΐστασθαι

ကုသိုလ်ကောင်းမှုများ ပြုလုပ်ရန် ရှာဖွေနေနိုင်သည်

Titus 3:9

ရှင်ပေါလုက တိတုအား ယုံကြည်သူအများကြားတွင် အချေအတင်ဖြစ်စေနိုင်သော သူများကို ရှောင်ရှားသင့်ကြောင်းနှင့် ထိုသူများကို မည်သို့ဆက်ဆံရမည်ကို ရှင်းပြထားသည်။

δὲ…περιΐστασο

"ထို့ကြောင့် ရှောင်ရှား (သို့မဟုတ်) ဤသည်ကြောင့် ရှောင်ရှားပါ"

μωρὰς…ζητήσεις

“အရေးမပါသော အရာများအား ငြင်းခုံခြင်း”

γενεαλογίας

ဤသည်မှာ မိသားစု ဆွေမျိုးဆက်များ ဆက်နွယ်မှုများကို လေ့လာခြင်းဖြစ်သည်။ တိတုမိတ်ဆက် အားပြန်ကြည့်ပါ။

ἔρεις

ငြင်းခုံခြင်းများ (သို့မဟုတ်) ရန်ဖြစ်ခြင်းများ

νομικὰς

“မောရှေ၏ ပညတ်တော်များ”

Titus 3:10

αἱρετικὸν ἄνθρωπον…παραιτοῦ

“စိတ်ဝမ်းကွဲပြားစေမည့်သူမှ ဝေးဝေးနေပါ”

μετὰ μίαν καὶ δευτέραν νουθεσίαν

“ထိုသူအား တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် သတိပေးပြီးသော်”

Titus 3:11

ὁ τοιοῦτος

“ထိုကဲ့သို့သူ”

ἐξέστραπται

ရှင်ပေါလုသည် အမှားများပြုလုပ်နေသောသူအား လမ်းကြောင်းမှန်မှ သွေဖီ၍ လမ်းမှားသို့ လျှောက်သွားသူအဖြစ် ရေးသားထားသည်။ ( Metaphorတွင်ကြည့်ပါ)

ὢν αὐτοκατάκριτος

“မိမိကိုယ်ကို အပြစ်တင်သောသူ”

Titus 3:12

ရှင်ပေါလုသည် တိတုအား ကရိတေကျွန်းတွင် လူကြီးများကို ခန့်ထားပြီးနောက် လုပ်ဆောင်ရမည်ကို မှာကြားပြီး သူနှင့်အတူရှိသောသူများက နှုတ်ဆက်လိုက်ကြောင်းကို ဖော်ပြ၍ ပေးစာကိုအဆုံးသတ်ထားသည်။

ὅταν πέμψω

“ငါစေလွှတ်လိုက်ပြီးနောက်”

Ἀρτεμᾶν…Τυχικόν

၎င်းတို့သည် အမျိုးသားများ၏ နာမည်များ ဖြစ်သည်။ ( How to Translate Namesတွင်ကြည့်ပါ)

σπούδασον ἐλθεῖν

“အမြန်လာခဲ့ပါ”

σπούδασον

ကြိယာသည် တိတုအားညွှန်းဆိုသည့် အနည်းကိန်းဖြစ်သည်။ အာတေမ သို့မဟုတ် တုခိသည် တိတု၏ နေရာကို ဆက်ခံဖြစ်လျှင် ကရိတေကျွန်းတွင် နေထိုင်လိမ့်မည် ဖြစ်သည်။

παραχειμάσαι

“ဆောင်းရာသီတွင် နေထိုင်ရန်”

Titus 3:13

Ζηνᾶν…Ἀπολλῶν

 ၎င်းတို့သည် အမျိုးသားများ၏ နာမည်များ ဖြစ်သည်။ (How to Translate Namesတွင်ကြည့်ပါ)

καὶ Ἀπολλῶν

“အာပေါလုကိုလည်း

σπουδαίως πρόπεμψον

“စေလွှတ်ရာတွင် နှောင့်နှေးခြင်း မရှိစေနှင့်”

ἵνα μηδὲν αὐτοῖς λείπῃ

၎င်းကို အပြုသဘောဆောင်သည့် အသွင်ဖြင့် “ဤသို့ဖြင့် သူတို့တွင် လိုအပ်သည်မှန်သမျှ ရရှိအောင်” ဟုပြန်ဆိုနိုင်သည်။ ( Double Negativesတွင်ကြည့်ပါ)

Titus 3:14

ရှင်ပေါလုက လိုအပ်ချက်ရှိသူများအတွက် ယုံကြည်သူများမှ အထောက်အပံ့ပေးကြရန် အရေးကြီးကြောင်းကို ရှင်းပြထားသည်။

οἱ ἡμέτεροι

ရှင်ပေါလုသည် ကရိတေကျွန်းရှိ ယုံကြည်သူများအား ရည်ညွှန်းခြင်း ဖြစ်သည်။ အခြားဘာသာပြန်ပုံမှာ “ကျွန်ုပ်တို့၏ လူအများ”

οἱ ἡμέτεροι

ဤတွင် ငါတို့ ဆိုသည်မှာ ရှင်ပေါလုနှင့် တိတုတို့ ပါဝင်သည်။ ဤပုံစံသည် နှစ်ခု သို့မဟုတ် အားလုံးအပါအဝင်ဖြစ်နိုင်သည်။

 ( Exclusive and Inclusive ‘We’တွင်ကြည့်ပါ)

εἰς τὰς ἀναγκαίας χρείας

“မရှိမဖြစ် လိုအပ်သည့်အရာများ မရှိသူများအတွက် ကူညီနိုင်စေရန်”

ἵνα μὴ ὦσιν ἄκαρποι

ရှင်ပေါလုသည် ကောင်းသောအသက်မွေးမှု အလုပ်များ လုပ်ကိုင်နေကြသူများကို ကောင်းမွန်သော သစ်သီးများ သီးပွင့်သည့် အပင်များအဖြစ် တင်စားခြင်းဖြစ်သည်။ အခြားဘာသာပြန်ပုံမှာ “ထို့ကြောင့် သူတို့သည် အသုံးမကျသော အသက်ရှင်မှုမဖြစ်တော့ပေ” ( Metaphorတွင်ကြည့်ပါ)

ἵνα μὴ ὦσιν ἄκαρποι

၎င်းကို အပြုသဘောဆောင်သည့် အနေဖြင့် “ဤသို့ဖြင့် သူတို့သည် ကောင်းမွန်သည့်အကျိုးများ ခံစားရမည်” သို့မဟုတ် “ဤနည်းဖြင့် သူတို့၏ လုပ်အားသည် ပိုမိုကောင်းမွန်လာမည်” ဟူ၍ ဘာသာပြန်နိုင်သည်။

 ( Double Negativesတွင်ကြည့်ပါ)

Titus 3:15

ရှင်ပေါလုသည် သူ၏ တိတုထံပေးစာကို အဆုံးသတ်ထားသည်။

ἀσπάζονταί σε

ဤတွင် သင် ဆိုသည်မှာ အနည်းကိန်းဖြစ်သည်၊ တိတုအားနှုတ်ဆက်နေသောသူ ဖြစ်သည်။

οἱ μετ’ ἐμοῦ πάντες

“ငါနှင့်အတူရှိသော လူအပေါင်းတို့ သို့မဟုတ် ငါနှင့်တကွ ရှိကြသော ယုံကြည်သူအပေါင်းက”

τοὺς φιλοῦντας ἡμᾶς ἐν πίστει

ဖြစ်နိုင်သည့် အဓိပ္ပာယ်များမှာ ၁) ငါတို့အား မေတ္တာရှိကြသော ယုံကြည်သူများ သို့မဟုတ် ၂) ငါတို့သည် ယုံကြည်မှု အတူတကွတူညီကြသည့်အတွက်ကြောင့် မေတ္တာရှိကြသော ယုံကြည်သူများ။

ἡμᾶς

ဤတွင် ကျွန်ုပ်တို့ ဆိုသည်မှာ ကန့်သတ်အဓိပ္ပာယ်ရှိပြီး တိတုနှင့် သူနှင့်အတူရှိကြသော ခရစ်ယာန်များကို ညွှန်းဆိုသည်။ ရှင်ပေါလုသည် သူ့အနားရှိ ယုံကြည်သူတို့၏ နှုတ်ဆက်စကားများကို ကရိတေကျွန်းရှိ တိတုအနားမှ ယုံကြည်သူတို့ထံသို့ ပေးပို့ခြင်းဖြစ်သည်။

 (Exclusive and Inclusive ‘We’တွင်ကြည့်ပါ)

ἡ χάρις μετὰ πάντων ὑμῶν

ဤသည်မှာ ပုံမှန် ခရစ်ယာန်နှုတ်ဆက်ပုံ ဖြစ်သည်။ တစ်နည်းဘာသာပြန်ပုံမှာ “ဘုရားရှင်၏ ကျေးဇူးတော် သင်တို့နှင့်ရှိပါစေ” သို့မဟုတ် “ကျွန်ုပ် ဘုရားရှင်အား သင်တို့အပေါ် ကျေးဇူးတော်သက်ရောက်ပါစေကြောင်း ဆုတောင်းပေးပါမည်” ဟူ၍ ဖြစ်သည်။

ὑμῶν

ဤတွင် သင် ဆိုသည်မှာ အများကိန်းဖြစ်သည်။ ကောင်းချီးမင်္ဂလာသည် တိတုနှင့် ကရိတေကျွန်းရှိ အားလုံးသော ယုံကြည်သူများအတွက် ဖြစ်သည်။