Philemon
Philemon 1
Philemon 1:1-3
ဆက်စပ်မှုဖော်ပြချက်
ရှင်ပေါလုက ဤစာကို ရေးသူအဖြစ် သူ့ကိုယ်သူ သုံးကြိမ် ဖော်ပြထားပါသည်။ သိသာထင်ရှားစွာပဲ တိမောသေက သူနှင့် အတူ ရှိခဲ့ကြောင်းနှင့် သူက ရှင်ပေါလု ပြောတဲ့အတိုင်း စကားလုံးများကို ရေးချခဲ့နိုင်ခြေရှိပါသည်။ ရှင်ပေါလုက ဖိလေမုန်၏ အိမ်ကို အသင်းတော်အဖြစ် တွေ့ဆုံကြသော သူများကို နှုတ်ခွန်းဆက်ထားပါသည်။
ယေဘုယျအချက်အလက်
"ငါ"နှင့်"ငါ့" ဟူသောဥပမာအားလုံးသည် ရှင်ပေါလုကို ရည်ညွှန်းဖော်ပြထားခြင်း ဖြစ်ပါသည်။ ဤစာကို ရေးပို့ခြင်း ခံရသော အဓိကပုဂ္ဂိုလ်မှာ ဖိလေမုန် ဖြစ်သည်။ "သင်"နှင့်"သင်၏" ဟူသော စကားလုံးသည် သူ့ကို ရည်ညွှန်းပြောဆိုထားခြင်းဖြစ်သည်။
ယေဘုယျအချက်အလက်
"ငါတို့၏" ဟူသော စကားလုံးမှာ ဤနေရာ၌ ပေါလုနှင့် ဖိလေမုန် အပါအဝင် အားလုံးကို ထည့်ဝင်နိုင်ပါသည်။ ဖြစ်နိုင်ခြေမှာ ဖိလေမုန်၏နေအိမ်တွင် အသင်းတော်အနေဖြင့် တွေ့ဆုံကြသော ယုံကြည်သူများပါဝင်နိုင်ပါသည်။ (ရှု -figs_inclusive)
ယေရှုခရစ်တော်နှင့် စပ်ဆိုင်သောအားဖြင့် အကျဉ်းခံရသော ငါပေါလုနှင့် ညီ တိမောသေတို့မှ ဖိလေမုန်ထံသို့
သင်၏ဘာသာစကားတွင် စာတစ်စောင်၏ စာရေးသူများကို ထူးခြားသော မိတ်ဆက်ရေးနည်းတစ်ခုရှိနိုင်ပါသည်။ အခြားသော ဘာသာပြန်ဆိုချက် "ကျွန်ုပ် ပေါလု၊ ယေရှုခရစ်တော်၏ အစေခံ နှင့် ငါတို့၏ ညီတိမောသေတို့သည် ဤစာကို ဖိလေမုန်ထံသို့ ရေးလိုက်ပါသည်။ (ရှု - figs_exclusive)
ယေရှုခရစ်တော်နှင့် စပ်ဆိုင်သော အကျဉ်းသား
"ယေရှုခရစ်တော်အတွက်ကြောင့် အကျဉ်းသား တစ်ယောက်"။ ရှင်ပေါလု၏ တရားဟောချက်ကို ဆန့်ကျင်သော သူများက သူ့ကို ထောင်သွင်းအကျဉ်းချထားခြင်းဖြင့် ပြစ်ဒဏ်ပေးပါသည်။
ညီ
ဤနေရာတွင် "ညီ" ဟူသော စကားလုံး၏ အဓိပ္ပါယ်သည် ခရစ်တော်၌ လုပ်ဖော်ဆောင်ဘက် တစ်ဦးကို ဆိုလိုပါသည်။
လုပ်ဖော်ဆောင်ဘက်
ငါတို့ကဲ့သို့ ဧဝံဂေလိ သတင်းပြန့်နှံ့ရန် လုပ်ဆောင်သောသူ
ငါတို့၏ နှမ အပ္ပိ
"ငါတို့၏ လုပ်ဖော်ဆောင်ဘက် ဖြစ်သော၊ ယုံကြည်သူ အပ္ပိ" သို့မဟုတ် "ငါတို့၏ဝိညာဉ်ရေးရာနှင့်ဆိုင်သော နှမအပ္ပိ" (ရှု -translate_names )
အာခိပ္ပု
ဤနာမည်သည် ဖိလေမုန်နှင့် အတူအသင်းတော်တွင် ရှိနေသော အမျိုသားတစ်ဦး၏ အမည် ဖြစ်ပါသည်။ (ရှု -translate_names)
ငါတို့၏ လုပ်ဖော်ဆောင်ဘက် စစ်သူရဲ
ဤနေရာတွင် တမန်တော်ကြီး ရှင်ပေါလုသည် အာခိပ္ပုနှင့် ပတ်သက်၍ ပြောကြားရာတွင် သူတို့ကိုသူတို့ စစ်တပ်တွင် စစ်မှုထမ်းနေသော စစ်သူရဲများကဲ့သို့ သုံးနှုန်းပြောဆိုထားပါသည်။ အဓိပ္ပါယ်မှာ အာခိပ္ပုသည် ရှင်ပေါလု ကဲ့သို့ပင် ဧဝံဂေလိတရား ပြန့်နှံ့ရန် အစဉ် ကြိုးစားလုပ်ဆောင်သောသူ ဟု ဆိုလိုပါသည်။ အခြားသော ဘာသာပြန်ဆိုချက် - "ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာနှင့် စပ်ဆိုင်သောစစ်သူရဲ" သို့မဟုတ် "ကျွန်ုပ်တို့နှင့်အတူ ဝိညာဉ်ရေးရာ တိုက်ပွဲကို တိုက်သောသူဖြစ်သည်" ဟုဆိုလိုခြင်း ဖြစ်ပါသည်။ (ရှု -figs_metaphor)
ငါတို့၏ သခင်ယေရှုခရစ်နှင့် ငါတို့၏ အဘဘုရားသခင်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေ
ငါတို့၏ အဘဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်သည် သင်တို့အား ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကို ပေးပါစေ။ ဤစကားများသည် ကောင်းချီးပေးခြင်း တစ်ခုဖြစ်သည်။
ငါတို့အဘ
ဤအရာသည် ဘုရားသခင်၏ အရေးကြီးသော ဂုဏ်ပုဒ်တစ်ခု ဖြစ်သည်။ (ရှု -guidelines_sonofgodprinciples )
Philemon 1:4-7
ယေဘုယျအချက်အလက်
"ငါတို့"ဟူသော စကားလုံးသည် အများအတွက် သုံးထားသော စကားဖြစ်ပြီး ရှင်ပေါလု၊ တိမောသေနှင့် ဖိလေမုန်တို့ကို ရည်ညွှန်းပါသည်။ (ရှု - figs_inclusive)
သင်သည် ယုံကြည်ခြင်းကို ဆက်ဆံခြင်း
"သင်ကျွန်ုပ်တို့နှင့် အတူတကွလုပ်ဆောင်ခြင်းကြောင့်"
ကောင်းသောအရာရှိသမျှတို့ကို သိနိုင်မည်အကြောင်း
"ကောင်းသောအရာကို သိကျွမ်းခြင်း အကျိုးရလာစေရန်"
ခရစ်တော်၌
ခရစ်တော်ကြောင့်
သင့်အားဖြင့် သန့်ရှင်းသူ၊ ယုံကြည်သူတို့၏ စိတ်နှလုံးကို သက်သာရွှင်လန်းစေသောကြောင့်
"သင်သည် ယုံကြည်သူများကို အားပေးသည်" သို့မဟုတ် "သင်သည် ယုံကြည်သူများကို ကူညီခဲ့သည်" (ရှု -figs_metaphor and figs_activepassive)
ညီ
"ချစ်သောညီ" သို့မဟုတ် "ချစ်သောသူငယ်ချင်း။" ရှင်ပေါလုက ဖိလေမုန်ကို "ညီ" ဟု ခေါ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့ နှစ်ဦးစလုံးသည် ယုံကြည်သူများဖြစ်သကဲ့သို့ သူတို့၏ မိတ်သဟာယကို အလေးထားသောကြောင့် ဖြစ်သည်။
Philemon 1:8-9
ဆက်စပ်ဖော်ပြချက်
ရှင်ပေါလုက သူ၏တောင်းဆိုမှုနှင့် သူ၏စာရေးရခြင်းအကြောင်းရင်းကို အစပြုရေးသားထားပါသည်။
ခရစ်တော်အားဖြင့် ရဲရင့်ခြင်းများ
ဖြစ်နိုင်ခြေရှိသော အဓိပ္ပါယ်များမှာ (၁) "ခရစ်တော်အားဖြင့် အခွင့်အာဏာ" သို့မဟုတ် (၂) "ခရစ်တော်အားဖြင့် သတ္တိရှိခြင်း" အခြားသော ဘာသာပြန်ဆိုချက် - "ခရစ်တော်က ငါ့ကို အခွင့်အာဏာပေးထားသောကြောင့် ရဲရင့်သည်။"
မေတ္တာအားဖြင့်
ဖြစ်နိုင်ခြေရှိသော အဓိပ္ပါယ်များ ၁) "ဘုရား၏လူများကို သင်ချစ်သည်ကို ငါသိသောကြောင့်" ၂) "သင်ငါ့ကို ချစ်သောကြောင့်" ၃) "သင့်ကို ငါချစ်သောကြောင့်"
Philemon 1:10-13
ယေဘုယျအချက်အလက်
ဩနေသိမ်ဆိုသည်မှာ တစ်စုံတစ်ရာကို ခိုးယူ၍ ထွက်ပြေးသွားသော ဖိလေမုန်၏ ကျွန်အမျိုးသားတစ်ဦး၏ နာမည်ဖြစ်ပါသည်။
ချည်နှောင်ခြင်းကို ခံစဉ်တွင်
အများအားဖြင့် အကျဉ်းသားများသည် သံကြိုးကွင်းများဖြင့် ချည်နှောင်ခံလေ့ရှိသည်။ ရှင်ပေါလုသည် ဩနေသိမ်ကို သင်ကြားခဲ့သောအချိန်တွင် သူသည် ထောင်ထဲ၌ အကျဉ်းချခံနေရချိန်ဖြစ်ပြီး ဤစာကို ရေးသားချိန်၌ သူသည်ထောင်ထဲတွင် အကျဉ်းချခံနေရဆဲ ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "ငါထောင်ထဲ၌ ရှိနေစဉ်တွင်" (ရှု - figs_metonymy)
ငါ့သား ..... ဩနေသိမ်
ငါ့သား ဩနေသိမ်၊ ရှင်ပေါလုမှ ဩနေသိမ်နှင့် မိတ်ဆွေဖြစ်ကြောင်း ပြောဆိုရာတွင် အဖေနှင့်သား တစ်ဦးကိုတစ်ဦး ချစ်ခင်သော ပုံစံနှင့် ပြောဆိုထားသည်။ ဩနေသိမ်သည် ရှင်ပေါလု၏ သားအရင်း မဟုတ်ပါ။ သို့သော် ရှင်ပေါလု က သူ့ကို ချစ်သည်။ အခြားသော ဘာသာပြန်ဆိုချက် - "ငါ၏ဝိညာဉ်ရေးရာသား ဩနေသိမ်" (ရှု - figs_metaphor)
ဩနေသိမ်
ဩနေသိမ် ဟူသော နာမည်၏ အဓိပ္ပါယ်မှာ "အကျိုးအမြတ်ရှိသော" သို့မဟုတ် "အသုံးတည့်သော" ဟု အဓိပ္ပါယ် ရပါသည်။ (ရှု - translate_names)
ငါဖြစ်ဘွားစေသောသား
ဩနေသိမ်က ရှင်ပေါလုအတွက် သားတစ်ယောက်ကဲ့သို့ မည်သို့ဖြစ်လာသည်ကို ရှင်းလင်းစွာ ပြော၍ ရပါသည်။ အခြားသော ဘာသာပြန်ဆိုချက် - "ငါက ခရစ်တော်အကြောင်းသွန်သင်သောအခါတွင် အသစ်သော အသက်တာကို လက်ခံရရှိသူ" သို့မဟုတ် "ငါ၌ သားကဲ့သို့ ဖြစ်လာသောသူ" (ရှု - figs_explicit and figs_metaphor)
ထိုသူကို သင့်ထံသို့ ငါပြန်စေသည်
ရှင်ပေါလု သည် ဩနေသိမ်နှင့်အတူ ဤစာစောင်ကို သယ်ဆောင်သွားသော အခြားယုံကြည်သူ တစ်ဦးအား ပြန်လွှတ်လိုက်ခြင်း ဖြစ်နိုင်ပါသည်။
ငါ့ရင်သွေး
"နှလုံးသား" ဟူသော စကားလုံးကို ချစ်မြတ်နိုးခြင်းခံရသော သူအတွက် ဤနေရာတွင် အသုံးပြုထားပါသည်။ ရှင်ပေါလုက ဤစကားလုံးကို ဩနေသိမ်နှင့် ပတ်သက်၍ ပြောဆိုထားပါသည်။ အခြားသော ဘာသာပြန်ဆိုချက် - "ငါချစ်မြတ်နိုးရသောသူ" (ရှု -figs_metaphor)
သင်၏ကိုယ်စား ငါ့ကို ပြုစုစေမည်
"သင်က ဤနေရာ၌ မရှိနိုင်သောကြောင့် သူသည် ငါ့အား ကူညီနိုင်မည်" သို့မဟုတ် "သင်၏ကိုယ်စား သူသည် ငါ့အား ကူညီနိုင်မည်"
ဧဝံဂေလိတရားတော်ကြောင့်
"ဧဝံဂေလိတရားကို ငါ ဟောကြားသောကြောင့်" (ရှု - figs_metonymy)
ချည်နှောင်ခြင်းကို ငါခံစဉ်တွင်
"ငါထောင်ထဲတွင် အကျဉ်းခံနေရစဉ်" (ရှု - figs_metonymy)
Philemon 1:14-16
သို့သော်လည်း သင်၏အခွင့် မရှိလျှင် အလျင်းမပြုလို
ရှင်ပေါလုက ဆန့်ကျင်ဘက်အဓိပ္ပါယ်နှစ်ခု ရှိသောအဆိုကို အခြားသော အဓိပ္ပါယ် အဖြစ် ပြောဆိုထားပါသည်။ အခြားသော ဘာသာပြန်ဆိုချက် - "သို့သော်လည်း သင်က အခွင့်ပေးမှသာလျှင် ငါက သူ့ကို ငါနှင့်တကွ ရှိစေချင်သည်။" (ရှု -figs_doublenegatives )
သင်သည် ငါအား ကျေးဇူးပြုရာတွင် လိုအပ်သောကောင်းမှုပြုသကဲ့သို့ မဟုတ်ဘဲ ကိုယ့်စိတ်ဆန္ဒအလျောက် ကောင်းသောအရာပြုခြင်းသာ ဆန္ဒရှိသည်ဖြစ်၍
"သင်သည် မှန်ရာအမှုကို လုပ်ဆောင်ရာ၌ ငါ၏ အတင်းတိုက်တွန်း ခြင်းကြောင့် မဟုတ်ဘဲ ကို့ယ်ဆန္ဒအရ လုပ်ဆောင်ဖို့ရန် အလို့့ငှာ ဖြစ်သည်။"
ကိုယ့်စိတ်ဆန္ဒအရ သာ ကောင်းသောအရာပြုခြင်း
"ကိုယ့်စိတ်ဆန္ဒအလျောက် မှန်သောအမှုကို ပြုခဲ့သောကြောင့်"
သူသည် သင့်ထံမှ ခွဲခွာရခြင်းမှာ ဤအတွက်ကြောင့် ဖြစ်နိုင်သည်။
ဤစကားကို ပြုခြင်းပြပုံစံဖြင့် ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက် - "ဤအတွက်ကြောင့် ဘုရားသခင်က ဩနေသိမ်အား သင့်ထံမှ အဝေးသို့ ခေါ်ဆောင်သွားခြင်း ဖြစ်နိုင်သည်။" (ရှု - figs_activepassive)
ခဏ
ဤအတောအတွင်း
အစေခံကျွန်ကဲ့သို့ရမည်ဟု မဆိုလို
"ကျွန်တစ်ဦးထက် ပိုတန်ဖိုးရှိသော"
ချစ်လှစွာသောညီ
"ချစ်လှစွာသောညီတစ်ဦး" သို့မဟုတ် "ခရစ်တော်၌ တန်ဘိုးရှိသောညီတစ်ဦး"
သင်၌ကား ..... သာ၍
"သူက သင့်အတွက် ပို၍အဓိပ္ပါယ်ရှိသောသူ"
ဇာတိအားဖြင့်၎င်း
"လူတစ်ဦးအနေဖြင့်သော်လည်းကောင်း"ရှင်ပေါလုက ဩနေသိမ်ကို ယုံကြည်စိတ်ချရသော ကျွန်တစ်ဦးအနေဖြင့် ရည်ညွှန်းခြင်း ဖြစ်သည်။ (ရှု figs_metaphor)
သခင်ဘုရားအားဖြင့်၎င်း
"သခင်ဘုရား၌ ရှိသောညီအကိုတစ်ဦးကဲ့သို့" သို့မဟုတ် "သူသည်သခင်ဘုရားနှင့် သက်ဆိုင်သောသူ ဖြစ်သောကြောင့်။"
Philemon 1:17-20
သင်သည် ငါအား အပေါင်းအဖော်အဖြစ် မှတ်လျှင်
"သင်သည် ငါ့အား ခရစ်တော်အတွက် လုပ်ဖော်ဆောင်ဖက် တစ်ဦးကဲ့သို့ သတ်မှတ်လျှင်"
ငါ့အတွက်သာ မှတ်လော့။
"ငါသည် သင်၌ အကြွေးဆပ်ပေးရမည့်သူအဖြစ် ပြောပါ။"
ငါ ပေါလုသည် ကိုယ့်လက်နှင့် ဤအရာကို ရေးထားသည်။
ငါ၊ ပေါလုကိုယ်တိုင်၊ ဤစာကို ရေးသည်။ ဤအပိုင်းကို ပေါလုက သူ၏လက်ဖြင့် ကိုယ်တိုင်ရေးသားထားသည်။ အဘယ်ကြောင့်ဆိုသော် ဖိလေမုန် ကိုယ်တိုင် ဤစကားများကို ပေါလုထံမှ အမှန်တကယ်လာသည်ကို သိရှိရန်အတွက် ဖြစ်သည်။ ပေါလုက သူ့ကို အမှန်တကယ် ပေးမည် ဖြစ်သည်။
သင့်အား မပြောစိမ့်သော်ငှါ
"သင့်အား ငါ သတိပေးရန်မလိုအပ်ပါ" သို့မဟုတ် "သင်သိနှင့်ပြီးသား ဖြစ်သည်။"(ရှု figs_irony)
သင်၏ကိုယ်တည်း ဟူသော အကြွေးကို ငါ့အားဆပ်ပေးရန် ရှိသည်။
သင်၏ကိုယ်ပိုင်အသက်ကို ငါ့အား ပေးရန်ရှိသည်။ ပေါလု ပြောချင်သည်မှာ ဖိလေမုန်သည် ဩနေသိမ် သို့မဟုတ် ပေါလုက သူ့ထံ အကြွေးပေးရန် ရှိသည်ဟု ပြောရန် မလိုပါ။ အဘယ်ကြောင့်ဆိုသော် ဖိလေမုန်က ပေါလုထံ ပိုပြီး ပေးစရာရှိ၍ ဖြစ်ပါသည်။ ဖိလေမုန်က သူ့အသက်ကို ပေါလုအား ပေးရန်ရှိသည့်အကြောင်း ရှင်းလင်းစွာ ပြောနိုင်ပါသည်။ အခြားသော ဘာသာပြန်ဆိုချက် - "သင်သည် ငါ့ထံ ပို၍ ပေးရန်အကြောင်း ရှိသည်။" သို့မဟုတ် "သင့်အသက်ကို ငါ့အား ပေးရန် ရှိသည်။ အကြောင်းမှာ သင့်ကို ငါ ပြောခဲ့သောအရာများက သင့်အသက်အား ကယ်ခဲ့သောကြောင့် ဖြစ်သည်။ (ရှု - figs_explicit)
ငါ့စိတ်နှလုံးအား သက်သာစေပါ
"ငါ့အား ပျော်ရွှင်စေပါ" သို့မဟုတ် "ငါ့အား စိတ်ချမ်းသာစေပါ။" ပေါလုက ဩနေသိမ်ကို မည်ကဲ့သို့ ပြုလုပ်စေချင်သည် ဟုဆိုခြင်းကို ရှင်းလင်းအောင် ပြောဆို၍ ရနိုင် ပါသည်။ အခြားသော ဘာသာပြန်ဆိုချက် - "ဩနေသိမ်ကို သနားကြင်နာစွာ လက်ခံပေးခြင်းအား ဖြင့် ငါ၏စိတ်နှလုံးကို ရွှင်လန်းစေပါ။" (ရှု - figs_explicit and figs_metaphor)
Philemon 1:21-22
ဆက်စပ်မှုဖော်ပြချက်
ပေါလုက သူ၏စာကို အဆုံးသတ်ရာတွင် ဖိလေမုန်နှင့် သူ၏အိမ်၌ အသင်းတော်အဖြစ် ဆုံတွေ့ကြသော ယုံကြည်သူများကို ကောင်းချီးပေးပါသည်။
ယေဘုယျအချက်အလက်
ဤနေရာမှာ "သင်၏" နှင့် "သင်" ဟူသော စကားလုံးများသည် ဖိလေမုန်နှင့် သူ၏အိမ်၌ ဆုံတွေ့ကြသော ယုံကြည်သူများကို ရည်ညွှန်းပြောဆိုထားပြီး အများကိန်းအသုံးပြုထားပါသည်။ (ရှု -figs_you)
သင်သည် နားထောင်မည်ဟုယုံမှားခြင်းမရှိသည်
"ငါတောင်းဆိုချက်ကို သင်လုပ်မည်ဟု ငါအသေအချာသိသောကြောင့်။"
တချိန်တည်းမှာဘဲ
လည်းဘဲ
ငါ့အဖို့ တည်းခိုစရာအရပ်ကို ပြင်လော့။
"သင်၏ အိမ်၌ ငါ့အတွက် တည်းခိုရန်အခန်း အသင့်ပြင်ထားပါ။" ပေါလုက ဖိလေမုန်ကို ဤအရာအား လုပ်ပေးဘို့ရန် တောင်းဆိုထားပါသည်။
သင်တို့ရှိရာသို့ ငါရောက်ရသောအခွင့်ကို ပေးတော်မူမည်။
"သင်တို့ဆီကို ငါလာနိုင်ဘို့ရန်အတွက် ငါ့ကို ထောင်သွင်း အကျဉ်းချထားသော သူများက ငါ့ကို လွတ်ပေးလိမ့်မည်။ သို့မှသာ ငါသည် သင်တို့ထံ လာနိုင်မည်ဖြစ်သည်"
Philemon 1:23-25
ယေရှုခရစ်တော်ကြောင့် ငါနှင့် အတူ အကျဉ်းခံရသော
"ယေရှုခရစ်တော်၏ အမှုတော်ကို ဆောင်သောကြောင့် ငါနှင့်အတူ ထောင်သွင်း အကျဉ်းချခံရသောသူ"
ဧပဖြ
ပေါလုနှင့်အတူ ထောင်သွင်းအကျဉ်းချခံရသော ယုံကြည်သူ တစ်ဦး ဖြစ်သည်။ (ရှု translate_names)
ငါ၏ လုပ်ဖော်ဆောင်ဘက် မာကု၊ အာရိတ္တာခု၊ ဒေမ၊ လုကာ
"ငါ၏ လုပ်ဖော်ဆောင်ဖက်များ ဖြစ်ကြသော မာကု၊ အာရိတ္တာခု၊ ဒေမ၊ လုကာတို့သည်လည်း သင့်ကိုနှုတ်ဆက်လိုက်ပါသည်"
မာကု၊ အာရိတ္တာခု၊ ဒေမ၊ လုကာ
ဤနာမည်များသည် အမျိုးသားများ၏ နာမည်များဖြစ်သည်။ (ရှု -translate_names)
ငါ၏ လုပ်ဖော်ဆောင်ဘက်
"ငါနှင့်အတူ အလုပ်လုပ်သော အမျိုးသားများ" သို့မဟုတ် "ငါနှင့်အတူ အလုပ်လုပ်သောသူများအားလုံး"
ငါတို့ သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၏ စိတ်ဝိညာဉ်နှင့်အတူ ရှိပါစေသတည်း။
"သင်တို့၏" ဟူသော စကားလုံးက ဤနေရာတွင် ဖိလေမုန်နှင့် သူ၏ အိမ်တွင် ဆုံတွေ့သောသူအားလုံးကို ရည်ညွှန်းပါသည်။ "သင်တို့၏ စိတ်ဝိညာဉ်" ဟူသော စကားလုံးများသည် ကိုယ်စားပြု စကားလုံးတစ်ခု ဖြစ်ပြီး လူထုကိုယ်တိုင်ကို ကိုယ်စားပြုထားပါသည်။ အခြားသော ဘာသာပြန်ချက် - "ငါတို့၏ သခင်ယေရှုခရစ်တော်သည် သင်တို့ကို သနားကြင်နာခြင်းရှိပါစေ။" (ရှု -figs_you and figs_synecdoche)