ဗမာစာ: tn

Updated ? hours ago # views See on DCS

2 Timothy

2 Timothy 1

2 Timothy 1:1-2

‌ယေဘူယျအချက်အလက်

ဤစာစောင်တွင် အခြားမှတ်စုကိုဖော်ပြထားခြင်းမရှိလျှင် "ကျွန်ုပ်တို့" ဟူသောစကားလုံးသည် ရှင်ပေါလုနှင့် ဤစာကို ဖတ်မည့် သူဖြစ်သော တိမောသေ နှင့် ယုံကြည်သူအားလုံးကိုရည်ညွှန်းသည်။ (ရှု၊ figs_inclusive)

ငါပေါလုသည်

သင်တို့၏ဘာသာစကားတွင် စာရေးသူကိုမိတ်ဆက်ပေးသော တိကျသော နည်းလမ်းတစ်မျိုးမျိုး ရှိကောင်းရှိပေမည်။ အခြားသောဘာသာပြန်ဆိုချက်မှာ " ငါပေါလုသည် ဤစာကိုရေးသားခဲ့သည်။" ထိုနည်းတူ UDB တွင်ကဲ့သို့ စာကိုမည်သူ့ထံသို့ရေးကြောင်း ဤစာပိုဒ်တွင် ကဲ့သို့ပြောရန် လိုသည်။

ဘုရားသခင်၏ အလိုတော် အားဖြင့်

"ဘုရားသခင်၏အလိုတော်ကြောင့်" သို့မဟုတ် "ဘုရားသခင် အလိုတော်ရှိသောကြောင့်" ဟုဆိုလိုသည်။ ရှင်ပေါလုသည် တမာန်တော်ဖြစ်လာရခြင်းမှာ ဘုရားသခင်သည် သူ့အားတမာန်တော် ဖြစ်ရန်အလိုတော် ရှိသောကြောင့် ဖြစ်ပြီး လူသားများ၏ရွေးချယ်မှုကြောင့်မဟုတ်ပါ။

ယေရှုခရစ်၌တည်သော အသက်

ရှင်ပေါလုသည် "အသက်" ကို ယေရှု၏ အထဲ၌ရှိသော အရာဝထ္ထုတစ်ခုကဲ့သို့ပြောခြင်းဖြစ် သည်။ဤအရာသည် လူသားတို့ ခရစ်တော်နှင့် စပ်ဆိုင်ခြင်းဖြင့် လက်ခံရရှိသော အသက်ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ " ခရစ်တော်နှင့် စပ်ဆိုင်ခြင်းဖြင့် ကျွန်ုပ်တို့လက်ခံရရှိသော အသက်" ကို ဆိုလိုသည်။ (ရှု၊ figs_metaphor)

အညီ၊

ဖြစ်နိုင်ချေရှိသောအဓိပ္ပာယ်များမှာ ၁။ "ထိုသို့သောရည်ရွယ်ချက်အားဖြင့်" ၊ ဤအဓိပ္ပာယ်မှာ ဘုရားသခင်သည် အခြားသောသူများကို သူ၏ကတိတော်အားဖြင့် ယေရှုခရစ်၌ရှိသော အသက်အကြောင်းကို ပြောရန် ရှင်ပေါလုကိုခန့်ထားသည် ဟုအဓိပ္ပာယ်ရသည်၊ သို့မဟုတ် ၂။ " ကတိတော်ထားသည် နှင့်ကညီ "၊ဤအဓိပ္ပာယ်မှာ ယေရှခရစ်သည် အသက်ကို ပေးမည် ဟုဘုရားသခင် သည် ကတိတော် ထားသကဲ့သို့ သူသည် ရှင်ပေါလုအား တမာန်တော်ဖြစ်စေခဲ့သည်။

ငါ့ချစ်သား

"ချစ်သောသား" သို့မဟုတ် " ငါချစ်သောသား" ။ တိမောသေသည် ရှင်ပေါလုအားဖြင့် ခရစ်တော်ထံသို့ပြောင်းလဲလာခဲ့သည်,ထို့ကြောင့် ရှင်ပေါလုသည် သူ့အား သူ၏သားအရင်းကဲ့သို့ သတ်မှတ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "ငါ၏ချစ်သားကဲ့သို့ဖြစ်သောသူ" ဟုဆိုလိုသည်။ (ရှု၊ figs_metaphor)

ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်း

"သင်တို့၌ ကျေးဇူး၊ ကရုဏာ နှင့် ငြိမ်သက်ခြင်းရှိစေသတည်း" သို့မဟုတ် " သင်တို့သည် အတွင်းထဲမှဖြစ်သော ကျေးဇူး၊ ကရုဏာ နှင့် ငြိမ်သက်ခြင်းကို ခံစားရပါစေသော။" ဟုဆိုလိုသည်။

ခမည်းတော်ဘုရားသခင်

"ငါတို့၏ ခမည်းတော်ဖြစ်သော ဘုရားသခင်"၊ ဤအရာသည် ဘုရားသခင်၏အရေးကြီးသော ဂုဏ်ပုဒ်ဖြစ်သည်။ (ရှု၊ guidelines_sonofgodprinciples)

ငါတို့သခင် ယေရှုခရစ်

" နှင့် ငါတို့၏သခင်ဖြစ်သော ယေရှုခရစ်တော်"

2 Timothy 1:3-5

ငါ့ဘိုးဘေးကိုးကွယ်သည်အတိုင်း

"ငါ၏ဘိုးဘေးများပြုသည့် အတိုင်း ငါကိုးကွယ်သော"

စိတ်စင်ကြယ်ခြင်းနှင့်တကွ

ရှင်ပေါလုသည် သူ၏ဩတပ္ပစိတ်ကို ကာယပိုင်းဆိုင်ရာသန့်ရှင်းသကဲ့သို့ ပြောဆိုထားခြင်းဖြစ်သည်။ အဓိပ္ပာယ်မှာ အမှန်တရားကိုအမြဲပြုသူတစ်ယောက် သည် မိမိကိုယ်မိမိ အပြစ်ရှိသည် ဟုမခံစားရပေ။" အခြားသောဘာသာပြန်ဆိုချက်မှာ "ငါသည် အမှန်တရားကို ကြိုးစားပြုလုပ်သည် ဟုကိုယ်ကိုယ်ကိုသိသောကြောင့်" ဟုဆိုလိုသည်။ (ရှု၊ figs_metaphor)

ငါအောက်မေ့သောအခါ

"ငါသည်သင့်ကို အမြဲမပြတ် သတိရသောအခါ" သို့မဟုတ် " ငါသည်သင့်ကို အချိန်တိုင်းသတိရသောအခါ"

နေ့ညဉ့်မပြတ်

ဤနေရာတွင် "နေ့ညဉ့်မပြတ်" ကိုအသုံးပြုခြင်းမှာ "အစဉ်အမြဲ" ဟုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "အစဉ်အမြဲ" သို့မဟုတ် "အစဉ်မပြတ်" ဖြစ်သည်။ (ရှု၊ figs_merism)

သင့်ကို တွေ့မြင်ခြင်းငှါ

"ငါသည်သင့်ကို အလွန်တွေ့မြင် လိုသည်,"

ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံမည်အကြောင်း

ရှင်ပေါလုသည် သူ၏ကိုယ်ကို တစ်စုံတစ်ယောက်မှ ဖြည့်ပေးနိုင်သော ပုံးအလွတ်တစ်ခုကဲ့သို့ ပြောနေခြင်းဖြစ်သည်။ ဤအရာကို ပြုလုပ်သူအနေနှင့်လည်းပြောနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "ငါသည်ဝမ်းမြောက်ခြင်းနှင့်ပြည့်စေခြင်းငှါ" သို့မဟုတ် " ငါ၌ပြည့်စုံသောဝမ်းမြောက်ခြင်းရှိစေခြင်းငှါ" ဟုဆိုလိုသည်။ (ရှု၊ figs_metaphor and figs_activepassive)

သင်၏မျက်ရည်ကို ငါအောက်မေ့သောအခါ၊

ရှင်ပေါလုသည် "မျက်ရည်များ" ကိုအသုံးပြုခြင်းမှာ "ဒုက္ခဆင်းရဲခြင်း" ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ " သင်ခံစားရသော ဒုက္ခဆင်းရဲအားလုံးကို ငါသတိရအောက်မေ့သောအခါ" ဟုဆိုလိုသည်။ (ရှု ၊ figs_metonymy)

သင့်ကိုမခြားမလပ် အောက်မေ့သည်ဖြစ်၍၊

ဤအရာကို ပြုလုပ်သူအနေဖြင့် ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "သင်၏.....ကိုငါသတိရသောအခါ" သို့မဟုတ် "သင်၏.....ကိုငါအောက်မေ့သောအခါ" ဟုဆိုလိုသည်။ (ရှု၊ figs_activepassive)

သင်၌လည်းတည်သော ယုံကြည်ခြင်းစစ်ကို

"စစ်မှန်သောသင်၏ယုံကြည်ခြင်း" သို့မဟုတ် " ရိုးသားသောသင်၏ယုံကြည်ခြင်း"

သင်၏အဘွားလောဣ၊ အမိဥနိတ်၌ အရင်တည်သော ယုံကြည်ခြင်းတည်းဟူသော၊ ငါသဘောကျသည်အတိုင်း၊ သင်၌လည်းတည်သော ယုံကြည်ခြင်းစစ်ကို မှတ်မိသဖြင့်၎င်း၊

ရှင်ပေါလုသည် သူတို့၏ယုံကြည်ခြင်းကို သူတို့၏အထဲ၌ ရှိသော၊ အသက်ရှင်သော အရာတစ်စုံတစ်ခုအဖြစ် ပြောဆိုခြင်းဖြစ်သည်။ သူတို့၌တူညီသောယုံကြည်ခြင်းရှိကြောင်းကို ရှင်ပေါလုကပြောဆိုခြင်းဖြစ်သည်။ ဤအရာကို ဝါကျအသစ်ဖြင့်ပြောနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "သင်၏အဘွား လောဣ၊ အမိဥနိတ်၌ ယုံကြည်ခြင်းစ၍ တည်နေပြီး သင်၌လည်းစစ်မှန်သော ယုံကြည်ခြင်းတည်နေမည် ဟုငါစိတ်ချယုံကြည်သည်"ဟု ဆိုလိုသည်။ (ရှု၊ figs_metaphor)

သင်၏အဘွားလောဣ၊ အမိဥနိတ်၌

ဤသည်တို့မှာ အမျိုးသမီးများ၏အမည်များဖြစ်သည်။

2 Timothy 1:6-7

ဆက်စပ်မှုဖော်ပြချက်

ရှင်ပေါလုသည် တိမောသေအား ခွန်အား၊ ချစ်ခြင်းမေတ္တာ နှင့်စည်းကမ်း တို့နှင့် အသက်ရှင်ရန်၊ သူ၏ ခရစ်တော်၌ယုံကြည်ခြင်းအတွက် အကျဉ်းထောင်ထဲ၌ ခံရသော ဒုက္ခဆင်းရဲခြင်း ကြောင့်ရှက်ကြောက်ခြင်းမရှိစေရန် ခွန်အားပေးခြင်းဖြစ်သည်။

ထိုသို့ဖြစ်၍၊

"ဤအကြောင်းအရာအတွက်" သို့မဟုတ် "ယေရှု၌တည်သော သင်၏စစ်မှန်သောယုံကြည်ခြင်းကြောင့်"

ပေးတော်မူသောဆုကို နှိုးဆော်မည် အကြောင်း၊

ရှင်ပေါလုသည် တိမောသေအား မီးကို အစပြု၍မွှေး သကဲ့သို့ သူ၏ (ဘုရားသခင်)ပေးသနားတော်မူသောဆုကို စတင်အသုံးပြုရန်လိုအပ်ချက်ကို ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ " ဆုကျေးဇူးကို စတင်အသုံးပြုရန် " (ရှု၊ figs_metaphor)

ငါလက်တင်သောအားဖြင့်၊ သင်၌ ဘုရားသခင်ပေးတော်မူသောဆုကို

"ငါ၏လက်တင်သောအားဖြင့် သင်ရရှိသော ဘုရားသခင်၏ဆုကျေးဇူး"၊ ဤအရာသည် ရှင်ပေါလုသည် တိမောသေအပေါ်သို့ သူ၏လက်ကိုတင်၍ သူစေခိုင်းထားသောအမှုကို တတ်နိုင်စေခြင်းငှါ ဆုတောင်းပေးသော အခမ်းအနားကိုဆိုလို သည်။

အကြောင်းမူကား၊ ဘုရားသခင်သည်

အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည်

ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို ငါတို့အား ပေးတော်မူ သည်မဟုတ်၊ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကို ပေးတော်မူ၏။

ဖြစ်နိုင်ချေရှိသော အဓိပ္ပာယ်များမှာ ၁။ " စိတ်ဝိညဉ်သည် သန့်ရှင်းသောဝိညဉ်တော်" ကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ " ဘုရားသခင်၏ သန့်ရှင်းသောဝိညဉ်တော်" သည်ကျွန်ပ်တို့အား ကြောက်ရွံ့မှုကိုမဖြစ်စေဘဲ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကို ဖြစ်စေသည်။ သို့မဟုတ် ၂။ "စိတ်ဝိညဉ်သည် သဘောလက္ခဏာတစ်ခုကိုဆိုလိုသည်။" အခြားသောဘာသာပြန်ဆိုချက်မှာ ဘုရားသခင်၏ သည်ကျွန်ပ်တို့အား ကြောက်ရွံ့မှုကိုမဖြစ်စေဘဲ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကို ပေးတော်မူသည်။"

ရှင်းလင်းသောစိတ်သဘော

ဖြစ်နိုင်ချေရှိသော အဓိပ္ပာယ်များမှာ ၁။ ကျွန်ုပ်တို့ကိုယ်ကို ချုပ်တည်းနိုင်သောစွမ်းအား (UDB) သို့မဟုတ် ၂။ အမှားကိုပြုလုပ်သောသူများကို ပြုပြင်နိုင်သောစွမ်းအားကိုဆိုလိုသည်။

2 Timothy 1:8-11

......၏ သက်သေ

"...၏သက်သေခံခြင်း"သို့မဟုတ်"...အခြားသူများအားပြောပြခြင်း"

ထိုသခင်ကြောင့်အကျဉ်းခံရသောသူ

"သူ၏အတွက် ဖြစ်သော အကျဉ်းသား" သို့မဟုတ် "သခင်ခရစ်တော်၏အကြောင်းကိုသက်သေခံခြင်းကြောင့် ဖြစ်သော အကျဉ်းသား"

ဧဝံဂေလိတရားနှင့် ဆက်ဆံ၍ ဆင်းရဲဒုက္ခကိုခံလော့။

ရှင်ပေါလုသည် ဆင်းရဲဒုက္ခကို လူများအကြားတွင် မျှဝေနိုင်သော သို့မဟုတ် ဖြန့်ဝေနိုင်သော အရာဝတ္ထုတစ်ခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။အခြားသောဘာသာပြန်ဆိုချက်မှာ "ဧဝံဂေလိတရားအတွက် ငါနှင့်အတူ ဆင်းရဲဒုက္ခကိုခံလော့" ဟုဆိုလိုသည်။ (ရှု၊ figs_metaphor)

ဘုရားသခင်ပေးတော်မူသော တန်ခိုးကိုရသည်အတိုင်း

ဘုရားသခင် သည်သင့်ကိုခိုင်ခံ့စေနိုင်စေမည့်အကြောင်း

သန့်ရှင်းသောအရာ၌ ခေါ်သွင်းတော်မူ၏။

ကျွန်ုပ် တို့ကိုသူ၏လူများအဖြစ် ခွဲခန့်မှတ်သားထား သည့်ခေါ်တော်မူခြင်းနှင့်အညီ သို့မဟုတ် "သူ၏သန့်ရှင်းသူများဖြစ်စေရန်"

Not Applicable

Not Applicable

ငါတို့ကျင့်သောအကျင့်ကို ထောက်တော်မမူ။

"ကျွန်ုပ်တို့သည် ၎င်းအရာနှင့်ထိုက်တန်သောအရာတစ်စုံတစ်ခု ကိုမျှပြုလုပ်ခြင်းကြောင့်မဟုတ်ဘဲ"

ကိုယ်တော်တိုင်ကြံစည်တော်မူသော ကျေးဇူးတော်နှင့်အညီ

သူသည်ကျွန်ုပ်တို့အား ဂရုဏာတရားတော်ကို ပြသရန် ကြံစည်ထားသည်နှင့်အညီ

ယေရှုခရစ်အားဖြင့်

ယေရှုခရစ်တော်နှင့် ကျွန်ုပ်တို့၏ပတ်သက်ဆက်သွယ်မှုအားဖြင့်

ရှေးကပ်ကာလမရောက်မှီ

"ကမ္ဘာမတည်ရှိမှီ" သို့မဟုတ် "အချိန်ကာလအစမပြုမှီ"

ငါတို့ကိုကယ်တင်သော............... ယခုထင်ရှား လျက်ရှိ၏။

ရှင်ပေါလုသည် ကယ်တင်ခြင်း ကိုဖော်ထုတ်၍ လူတို့အားပြသနိုင်သောအရာတစ်ခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ ဤအရာကို ပြုလုပ်သူအနေနှင့်လည်းဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "ဘုရားသခင်သည် ကျွန်ုပ်တို့အားမည်ကဲ့သို့ကယ်တင်မည်ကိုပြသသည်" ဟုဆိုလိုသည်။ ( ရှု၊ figs_metaphor and figs_activepassive)

သခင်ယေရှုခရစ် ပေါ်ထွန်းသည်အရာမှာ

ကျွန်ုပ်တိုအား ကယ်တင်သော ယေရှုခရစ်တော်ကိုပို့ဆောင်ခြင်းအားဖြင့်

သေခြင်းအကြောင်းကို ပယ်ရှား၍၊

ရှင်ပေါလုသည် သေခြင်းတရားကို လူတို့ကြုံတွေ့ရသောအဖြစ်အပျက်တစ်ခု အစား လွတ်လပ်သောဖြစ်စဉ်တစ်ခုကဲ့သို့ပြောဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ " သေခြင်းကိုဖျက်ဆီးသူ" သို့မဟုတ် " လူတို့သည် ထာဝရသေခြင်း၌ မရှိစေရန်ပြုလုပ်ပေးနိုင်သောသူ" ဟုဆိုလိုသည်။ (ရှု၊ figs_metaphor)

အသက်ရှင်ခြင်းအကြောင်းနှင့် မဖောက်ပြန် ခြင်းအကြောင်းကို ဧဝံဂလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ။

ရှင်ပေါလုသည် ထာဝရအသက်နှင့်ပတ်သက်သောသွန်သင်ချက်ကိုပြောဆိုရာတွင်၎င်းသည်လူများမြင်နိုင်စေခြင်းအလို့ငှါ အမှောင်မှအလင်းထဲသို့ သယ်ဆောင်နိုင်သော အရာဝတ္ထုတစ်ခု ကဲ့သို့ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ " ထာဝရအသက်သည်မည် ကဲ့သို့သောအရာဖြစ်သည်ကို ဧဝံဂလိတရားကိုဟောပြောခြင်းကဲ့သို့သွန်သင်သည်" ဟုဆိုလိုသည်။ (ရှု၊figs_metaphor))

ထိုတရားကို ဟောပြောသောသူအရာ၌၎င်း ......ငါ့ကိုခန့်ထားတော်မူပြီ၊

ဤအရာကို ပြုလုပ်သူအနေဖြင့်ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "ဘုရားသခင်သည် ငါ့အားထိုတရားကို ဟောပြောသောသူအဖြစ် ရွေးချယ်တော်မူသည်" ဟုဆိုလိုသည်။ (ရှု၊ figs_activepassive)

2 Timothy 1:12-14

ထိုအကြောင်းကြောင့်

ငါသည်တမာန်တော်ဖြစ်သောကြောင့်

ဤဆင်းရဲဒုက္ခကို ငါခံရ၏။

ရှင်ပေါလုသည် အကျဉ်းသားတစ်ယောက်ဖြစ်နေရခြင်းကို ရည်ညွှန်းသည်။

ငါသဘောကျ၏။

ငါနားသည်သဘောပေါက်သည်။

သူ၌ငါအပ်ထားသောအရာကိုလည်း၊ ..... စောင့်နိုင် တော်မူသည်

ရှင်ပေါလုသည် လူတစ်ယောက်မှအခြားလူတစ်ယောက် ကိုတစ်စုံတစ်ခုကိုအပ်ထားခဲ့ပြီး ကာကွယ်စောင့်ရှောက်ရန်နှင့် မိမိပြန်လာသည့်အချိန်၌ ပြန်လည်အပ်နှံရန် ပုံဉပမာဖြင့်ပြောဆိုထားသည်။ ဖြစ်နိုင်ခြေရှိသောအဓိပ္ပာယ်များမှာ ၁။ ရှင်ပေါလုက သူသည် သစ္စာရှိသောသူဖြစ်ရန်ယေရှုသည် သူ့အားမစမည်ဟုယုံကြည်သည်။ သို့မဟုတ် ၂။ ရှင်ပေါလုကလူတို့သည် ဧဝံဂလိတရားတော်ကို ဆက်လက်ပျံ့နှံ့စေရန် ယေရှုသည်အပြီးသတ်သည်အထိလုပ်ဆောင်မည်ကိုယုံကြည်သည်။ (ရှု၊ figs_metaphor)

ထိုနေ့ရက်တိုင်အောင်

ဤအရာသည် ဘုရားသခင်က လူတို့အားတရားစီရင်မည့်နေ့ရက်ကို ရည်ညွှန်းသည်။ (ရှု ၊ figs_metonymy)

ငါ့ထံ၌ကြားရပြီးသော၊ စင်ကြယ်သောတရား စကားအချုပ်အခြာကို၊ .........စွဲလမ်းလော့။

"ငါသည်သင့်ကို သင်ကြားပြီးသော မှန်ကန်သောအတွေးအခေါ်များ ကိုဆက်လက်၍ သင်ကြားပါ" သို့မဟုတ် "မည်သည့်အရာကို မည်ကဲ့သို့သွန်သင်ရမည် ကိုငါသည်သင့်အားအဘယ်သို့ သွန်သင်သည်ကို စံထား၍ ပြုပါ"

ယေရှုခရစ်၌ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ

သင်သည်ယေရှုခရစ်ကို ကိုးစားယုံကြည်၍ ချစ်ခင်သည့်အတိုင်း

အရာမြတ်ကို

ဤအရာသည် ဧဝံဂလိတရားတော်ကို မှန်ကန်စွာဟောပြောခြင်းအမှုကို ဆိုလိုသည်။

စောင့်ရှောက်လော့။

တိမောသေသည် သတိရှိရန် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် လူများသည် သူ၏အလုပ်ကိုဆန့်ကျင်မည်၊ ရပ်တန့်အောင်ပြုလုပ်မည်၊ထို့အပြင် သူ၏ပြောဆိုသောအရာများကို အဓိပ္ပာယ်လွဲမှားစေမည်။

သန့်ရှင်းသော ဝိညာဉ်တော်အား ဖြင့်

သန့်ရှင်းသော ဝိညာဉ်တော် ၏တန်ခိုးအားဖြင့်

2 Timothy 1:15-18

ငါ့ကိုပယ်ကြပြီ

ရှင်ပေါလုသည် သူတို့၏ကူညီမှုရပ်ဆိုင်းခြင်းကို သူတို့သည် လူကိုယ်တိုင် သူ၏ထံမှ ထွက်သွားသကဲ့သို့ပြောဆိုခြင်းဖြစ်သည်။ သူတို့သည်ရှင်ပေါလုကိုစွန့်ပစ်ခြင်းမှာ အာဏာပိုင်များကသူ့အားအကျဉ်းထောင်ထဲသို့ ပို့ခြင်းကြောင့်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "ငါ့အား ကူညီမှုကိုရပ်ဆိုင်းခြင်း" ဟုဆိုလိုသည်။

ဖုဂေလုနှင့် ဟေရမောဂင်..........ဩနေသိဖော်

ဤသည်တို့မှာ အမျိုးသားများ၏အမည်များဖြစ်သည်။

အိမ်၌

"မိသားစုသို့"

ငါ၌သံကြိုးချည်နှောင်လျက်ရှိသော်လည်း၊ သူသည် ရှက်ကြောက်ခြင်းမရှိဘဲ၊

ဤနေရာတွင် "သံကြိုး" သည် အကျဉ်းကျနေခြင်းကိုဆိုလိုသည်။ ဩနေသိဖော် သည် ရှင်ပေါလုအကျဉ်းထောင်ထဲတွင်ရှိနေခြင်းကို မရှက်ဘဲ မကြာခဏလာရောက်လည်ပတ်ခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ ငါသည် အကျဉ်းထောင်ထဲတွင်ရှိနေခြင်းကို မရှက်ဘဲ" ဟုဆိုလိူသည်။ (ရှု ၊ figs_metonymy)

သူသည်..........သခင်ဘုရား၏လက်မှ ကရုဏာတော်ကို ခံရမည်အကြောင်း၊ ထာဝရဘုရားသည် ပေးသနားတော်မူပါစေသော။

ဩနေသိဖော် သည် သခင်ဘုရား၏လက်မှ ကရုဏာတော်ကို ခံရပါစေ၊ သို့မဟုတ် "သခင်ဘုရားသည် သူ့ကိုကရုဏာတော် ပြသပါစေ"

သခင်ဘုရား၏လက်မှ ကရုဏာတော်ကို ခံရမည်အကြောင်း၊

ရှင်ပေါလုသည် ကရုဏာတော်ကို ရှာ၍တွေ့သော အရာဝတ္ထုတစ်ခုကဲ့သို့ပြောဆိုခြင်းဖြစ်သည်။ (ရှု ၊ figs_metaphor)

ထိုနေ့ရက်၌

ဤအရာသည် ဘုရားသခင်က လူသားများကို တရားစီရင်မည့်နေ့ရက်ကို ရည်ညွှန်းသည်။ (ရှု ၊ figs_metonymy)

2 Timothy 2

2 Timothy 2:1-2

ဆက်စပ်မှုဖော်ပြချက်

ရှင်ပေါလုသည် တိမောသေ၏ ခရစ်ယာန်အသက်တာကို စစ်သားတစ်ယောက်၏ အသက်တာ၊ လယ်သမားတစ်ယောက်၏အသက်တာ၊နှင့် အားကစားသမားတစ်ယောက်၏အသက်တာကဲ့သို့ပုံဖော်ထားသည်။

ငါ့သား

ရှင်ပေါလုသည် တိမောသေကို ခရစ်တော်၌ယုံကြည်စေရန်သွန်သင် ခဲ့သောကြောင့် သူ၏သားအဖြစ်သတ်မှတ်ထားသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ " ငါ၏သားကဲ့သို့ဖြစ်သော" ဟုဆိုလိုသည်။ (ရှု ၊ figs_metaphor)

ယေရှုခရစ်၌ရှိသော ကျေးဇူးတော်အားဖြင့် ခိုင်ခံ့ခြင်းရှိလော့။

ရှင်ပေါလုသည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ယုံကြည်သူများတွင်ရှိရမည်ဖြစ်သော စိတ်ဓာတ်တက်ကြွမှုနှင့် ဆုံးဖြတ်ချက်ခိုင်မာမှုများကို ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ " ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် သင့်အားပေးသနားတော်မူသော ကျေးဇူးတော်ကို အသုံးပြု၍ သင့်အားခိုင်ခံ့တော်မူပါစေ" (ရှု ၊ figs_metaphor)

သက်သေခံအများရှိသည်နှင့်

"ငါပြောသောအရာသည်မှန်ကန်ကြောင်းကို သဘောတူညီမည့်သက်သေများစွာရှိသည် ဖြစ်၍"

သစ္စာနှင့်ပြည့်စုံ၍ သူတပါးတို့ကို သွန်သင်ခြင်းငှါ၊ တတ်စွမ်းနိုင်သော သူတို့၌ အပ်ပေးလော့။

ရှင်ပေါလုသည် တိမောသေအားပေးသော သူ၏သွန်သင်ချက်များကို တိမောသေကိုယ်တိုင် အခြားသောသူတို့အားပေး၍ ထိုသူတို့ကိုယ်တိုင် မှန်ကန်စွာ အသုံးချရမည့် အရာဝတ္ထုများကဲ့သို့ ပြောဆိုထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "သူတို့ကို စိတ်ချယုံကြည်၍ "သို့မဟုတ် " သူတို့ကို သွန်သင်၍" ဖြစ်သည်။ (ရှု ၊ figs_metaphor)

သစ္စာနှင့်ပြည့်စုံ၍

"ယုံကြည်စိတ်ချရသော"

2 Timothy 2:3-5

ဆင်းရဲဒုက္ခကိုသည်းခံလော့၊

ဖြစ်နိုင်ခြေရှိသော အဓိပ္ပာယ်များမှာ ၁။ "ငါကဲ့သို့ဆင်းရဲဒုက္ခကိုသည်းခံလော့" (UDB) သို့မဟုတ် ၂။ "ငါ၏ဆင်းရဲဒုက္ခကိုဝေမျှလော့"

ယေရှုခရစ်ထံ၌ ကောင်းသောစစ်သူရဲကဲ့သို့

ရှင်ပေါလုသည် ယေရှု ခရစ်အတွက် ခံစားရသော ဒုက္ခဆင်းရဲကို စစ်သူရဲကောင်းတစ်ီဥးခံစားရသော ဒုက္ခဆင်းရဲနှင့် နှိုင်းယှဉ်ထားသည်။ (ရှု၊ figs_simile)

စစ်သူရဲမည်သည်ကား၊လောကီမှု ရေးနှင့်ပြွမ်းနှောရှုပ်ထွေးခြင်းကိုပယ်ရှားတတ်၏။

"စစ်သူရဲများသည် နေ့စဉ် လောကီမှု ရေးရာများ၌ ပါဝင်သည့်အချိန်များ၌ စစ်တိုက်ရာတွင် ပါဝင်လေ့မရှိ၊" သို့မဟုတ် "စစ်သူရဲများသည်တာဝန်ထမ်းဆောင် သည့်အချိန်တွင် သာမာန်လူများလုပ်ဆောင်လေ့ရှိသောအမှုအရာများအားဖြင့် နှောင့်ယှက်ခြင်းကိုမခံကြ။" ခရစ်တော်၏အစေခံသူတို့သည်လည်း နေ့စဉ်အသက်တာ၏အမှုအရာ၏များသည် ခရစ်တော်အတွက် လုပ်ဆောင်ခြင်း ကို အဟန့်အတားမဖြစ်စေသင့်ပေ။

ပြွမ်းနှောရှုပ်ထွေးခြင်း

ရှင်ပေါလုသည် အနှောင့်အယှက် များကို လူများလမ်းလျှောက်နေစဉ် တိုက်မိ၍ လဲကျစေသော ပိုက်ကွန်အနေနှင့်ပြောဆိုထားသည်။ (ရှု ၊ figs_metaphor)

မိမိကိုစစ်သူရဲအရာ၌ ခန့်ထားသောသူ

"သူ့အားစစ်သူရဲ အဖြစ် ခန့်ထားသောသူ" သို့မဟုတ် " သူ့အားအမိန့်ပေးသောသူ"

ပွဲ၌လူချင်းတိုက်သောသူမည်သည်ကား၊ထုံးတမ်းအတိုင်းမတိုက်လျှင် ပန်းဦးရစ်ကိုမရ။

ရှင်ပေါလုသည် ခရစ်တော်၏အစေခံ များအား အားကစားသမားများကဲ့သို့ ပြောဆိုထားခြင်းဖြစ်သည်။ (ရှု ၊ figs_explicit and figs_metaphor)

ထုံးတမ်းအတိုင်းမတိုက်လျှင် ပန်းဦးရစ်ကိုမရ။

ဤအရာကို ပြုလုပ်သူအနေနှင့် ဖော်ပြနိုင်သည်၊ အခြားသောဘာသာပြန်ဆိုချက်မှာ " သူတို့သည် ထုံးတမ်းစဉ်လာအတိုင်း ပြိုင်ဆိုင်မှသာ သူ့တို့အား အောင်မြင်သူအဖြစ် သရဖူကို ပေးအပ်မည်ဖြစ်သည်။"

ပန်းဦးရစ်ကိုမရ။

"သူသည် ဆုကိုမရရှိနိုင်၊" ရှင်ပေါလု၏ခောတ်အခါက အားကစားသမားများသည် ပြုင်ပွဲများတွင်အောင်မြင်ခဲ့လျှင် သစ်ပင်၏အရွက်များဖြင့်ပြုလုပ်ထားသော ဦးရစ်သရဖူ ဖြင့်ဂုဏ်ပြုခံရလေ့ရှိသည်။

ထုံးတမ်းအတိုင်းမတိုက်လျှင်

"ထုံးတမ်းအစဉ်အလာ၊နည်းဥပဒေသအတိုင်း ပြိုင်ဆိုင်သည်" သို့မဟုတ် "နည်းဥပဒေသများကို တိကျစွာလိုက်နာသည်။"

2 Timothy 2:6-7

လယ်လုပ်သောသူသည်လည်းအရင်လုပ်ပြီးမှ အသီးအနှံကိုခံရမည်။

ဤအရာသည် ရှင်ပေါလုက တိမောသေအားပေးသော တတိယမြောက်ပုံဉပမာ ဖြစ်သည်။ စာဖတ်သူများသည် ခရစ်တော်၏အစေခံကျွန်များအနေဖြင့် ကြိုးစားလုပ်ဆောင်ရန် လိုအပ်ကြောင်းနားလည်သင့်သည်။ (ရှု၊ figs_metaphor)

ငါ့စကားကိုဆင်ခြင်လော့

ရှင်ပေါလုသည် တိမောသေအား စကားပုံရိပ်အားဖြင့်ပြောခြင်းဖြစ်သည်။ သို့သော်သူသည် အဓိပ္ပာယ်ကို အပြည့်အစုံရှင်းပြခြင်းမရှိပေ။ သူသည်တိမောသေအား သူပြောသောအရာကို မိမိကိုယ်တိုင် ရှာဖွေတွေ့ရှိနိုင်ရန် မြှော်လင့်သည်။

ထာဝရဘုရားသည်

"အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည်"

အရာရာတို့၌

"အရာရာတို့၏"

2 Timothy 2:8-10

ဆက်စပ်မှုဖော်ပြချက်

ရှင်ပေါလုသည် တိမောသေအား ခရစ်တော်အတွက် မည်သို့ အသက်ရှင်ရမည်၊ ခရစ်တော်အတွက် မည်သို့ ဒုက္ခဆင်းရဲကို ခံစားရမည်၊ အခြားသောသူများအားခရစ်တော်အတွက် အသက်ရှင်ရန် မည်ကဲ့သို့သွန်သင်ရမည် ကိုညွှန်ကြားခြင်းဖြစ်သည်။

ဒါဝိဒ်အမျိုးဖြစ်သော

ဤနေရာတွင်"မျိုးစေ့"သည် ဆင်းသက်လာသောမျိူးဆက်ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "ဒါဝိဒ်၏မျိုးဆက်ဖြစ်သော" ဟုဆိုလိုသည်။ (ရှု ၊ figs_metaphor)

သေခြင်းမှ ထမြောက်တော်မူသည်ဟု

ဤအရာကို ပြုလုပ်သူအနေဖြင့်ဖော်ပြနိုင်သည်။အခြားသောဘာသာပြန်ဆိုချက်မှာ "ဘုရားသခင် ထမြောက်စေတော်မူသောသူ" ဟုအဓိပ္ပာယ်ရသည်။ (ရှု၊ figs_activepassive)

ငါဟောသောဧဝံဂေလိတရားအတိုင်း၊

ရှင်ပေါလုသည် ဧဝံဂေလိတရားကို သူ၏ပိုင်ဆိုင်သောအရာအဖြစ် အထူးတလည်ပြောဆိုထားသည်။ သူဆိုလိုသည်မှာ ဤအရာသည် သူဟောပြောသော ဧဝံဂေလိသတင်းစကားဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "ထိုအရာသည် ငါသွန်သင်သော ဧဝံဂေလိသတင်းစကား အတိုင်း" ဟုဆိုလိုသည်။ (ရှု ၊ figs_metonymy)

ထိုတရားကြောင့် ........ဆင်းရဲဒုက္ခကိုခံရ၏

" ငါဆင်းရဲဒုက္ခ ခံရသောထိုအရာအတွက်"

ချည်နှောင်ခြင်းတိုင်အောင်.......ခံရ၏။

ဤနေရာ၌ "ချည်နှောင်ခြင်း ကိုခံရသည်" ဆိုသည့် အဓိပ္ပာယ်မှာ "အကျဉ်းထောင်ထဲတွင် ရှိနေခြင်းဖြစ်သည်။" ဤအရာကို ပြုလုပ်သူအနေဖြင့်ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ " အကျဉ်းထောင်ထဲတွင် ရှိနေခြင်း အပါအဝင်" ဟုဆိုလိုသည်။ (ရှု၊ figs_metonymy and figs_activepassive)

ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည်ချည်နှောင်ခြင်းနှင့် ကင်းလွတ်၏။

ဤနေရာ၌ "ချည်နှောင်ခြင်း" ဆိုသည့် အဓိပ္ပာယ်မှာ "အကျဉ်းထောင်" ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "အဘယ်သူမျှ ဘုရားသခင်၏တရားတော်ကို အကျဉ်းထောင်ထဲသို့မထည့်နိုင်" သို့မဟုတ် "အဘယ်သူမျှ ဘုရားသခင်၏တရားတော်ကို မဆီးတားနိုင်" ဟုဆိုလိုသည်။ (ရှု ၊ figs_metonymy)

ရွေးကောက်တော်မူသော သူတို့သည်၊

ဤအရာကို ပြုလုပ်သူအနေဖြင့် ဖော်ပြနိုင်သည်။အခြားသောဘာသာပြန်ဆိုချက်မှာ "ဘုရားသခင်ရွေးကောက်သော လူတို့အတွက်" (ရှု ၊ figs_activepassive)

ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းသို့ရောက်စိမ့်သောငှါ၊

ရှင်ပေါလုသည် "ကယ်တင်ခြင်း" ကို လက်ဖြင့်ဆုပ်ကိုင်နိုင်သော အရာကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "ယေရှု ခရစ်တော်ထံမှ ကယ်တင်ခြင်းကို လက်ခံရရှိမည်" (ရှု ၊ figs_metaphor)

ထာဝရ ဘုန်းအသရေနှင့်တကွ

"သူတို့သည် သူတို့ရှိသော ဘုန်းရှိသော နေရာ၌ အစဉ်အမြဲနေရလိမ့်မည်" (ULB)

2 Timothy 2:11-13

သစ္စာစကား

"ဤစကားများသည်"

ထိုသခင်နှင့်အတူသေလျှင်၊ အတူရှင်လိမ့်မည်။.............. ကိုယ်ကို ငြင်းပယ်တော်မမူနိုင်။

ဤအရာသည် ရှင်ပေါလုကိုးကားသော တေးသီချင်း တစ်ပုဒ် သို့မဟုတ် ကဗျာ တစ်ပုဒ်ဖြစ်နိုင်သည်။ အကယ်၍သင်၏ ဘာသာစကား၌ ဤကဗျာ ကိုဖော်ပြနိုင်သောနည်းလမ်းရှိပါက ဤနေရာတွင် အသုံးပြုနိုင်သည်။ ထိုသို့မဟုတ်လျှင် ၎င်းကို ကဗျာပုံစံမဟုတ်ဘဲ ပုံမှန် လင်္ကာအဖြစ် ဘာသာပြန်ဆို နိုင်သည်။ (ရှု၊writing_poetry)

ထိုသခင်နှင့်အတူသေလျှင်၊

ရှင်ပေါလုသည် ဤဖော်ပြချက်ကိုအသုံးပြုခြင်းအားဖြင့် လူတို့သည် ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် သူ၏သေခြင်းကိုဝေမျှသကဲ့သို့ သူတို့၏လိုအင်ဆန္ဒများကို ငြင်းပယ်၍ သူ့အားနာခံကြမည်ဟု ဆိုလိုခြင်းဖြစ်သည်။

ငါတို့သည်မယုံကြည်သော်လည်း၊

"ကျွန်ုပ် တို့သည်ဘုရားသခင်ကို သစ္စာမရှိသော်လည်း" သို့မဟုတ် "ကျွန်ုပ် တို့သည်ဘုရားသခင် ပြုစေလိုသောအရာကို မပြုသော်လည်း"

ထိုသခင်သည် .......... ကိုယ်ကို ငြင်းပယ်တော်မမူနိုင်။

"သူသည်သူ၏ ဝိသေသလကဏ္ခာအတိုင်းအစဉ်အမြဲပြုရမည်" သို့မဟုတ် " သူသည်သူ၏ ဝိသေသလကဏ္ခာ နှင့်ဆန့်ကျင်ဘက်ဖြစ်သော အရာများကိုမပြုနိုင်။"

2 Timothy 2:14-15

ယေဘူယျအချက်အလက်

"သူတို့ကို ဟူသောစကားလုံးသည် "ဆရာများ" သို့မဟုတ် "အသင်းတော်ရှိလူများ" ကို ရည်ညွှန်းခြင်းဖြစ်နိုင်သည်။

သခင်ဘုရားရှေ့၌

ရှင်ပေါလုက သူသည်ဘုရားသခင်၏ရှေ့၌ ရှိ၍ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရသကဲ့သို့ ပြောနေခြင်းဖြစ်သည်။ တနည်းအားဖြင့် ဘုရားသခင်သည် တိမောသေ၏သက်သေ ဖြစ်လိမ့်မည်ဟုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "ဘုရားသခင်၏ရှေ့တော်မှောက်၌" သို့မဟုတ် " ဘုရားသခင်သည် သင်၏သက်သေဖြစ်၍" ဟုဆိုလိုသည် ။ (ရှု ၊ figs_metaphor and figs_explicit)

စကားကြောင့်သာ ငြင်းခုံခြင်းကို မပြုမည်အကြောင်း

"စကားများသည်မည်သည့်အဓိပ္ပာယ်ရှိသည်ကို ငြင်းခုံခြင်းမရှိဘဲ" သို့မဟုတ် "လူတို့ပြောဆိုသော မိုက်မဲသောအရာများနှင့်ပတ်သက်၍ ငြင်းခုံခြင်းမရှိဘဲ"

အဘယ်အကျိုးကိုမျှမပြုစု၊

"ဤအရာသည် မည်သူတစ်ဉီးတစ်ယောက်ကိုမျှ အကျိုးမဖြစ်စေဘဲ"

ကြားနာသောသူတို့၏ စိတ်ကိုမှောက်လှန်လိုသောငှါ

ပုံဉပမာမှာ အဆောက်အဉီးတစ်ခု၏ပျက်စီးခြင်းဖြစ်သည်။ ရန်ဖြစ်ခြင်းကို ကြားရသောသူများသည် ခရစ်ယာန်တို့၏ သတင်းစကားကို ရိုသေခြင်းမရှိတော့ပေ၊ သူတို့၏ယုံကြည်ခြင်းမှာပျက်စီးသွားသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ " ဤအရာသည် ကြားနာရသောသူတို့၏ယုံကြည်ခြင်းကို ပျက်စီးခြင်းသာဖြစ်စေသည်။" (ရှု ၊ figs_metaphor)

သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက် စရာအကြောင်းမရှိဘဲ၊ ............... ကိုယ်ကိုကိုယ်ဆက်သခြင်းငှါ ကြိုးစား အားထုတ် လော့။

"ဘုရားသခင်မှ ထိုက်တန်သည်ဟုသက်သေခံ၍ ရှက်ကြောက်စရာအကြောင်း မရှိသောသူအဖြစ် သင်၏ကိုယ်ကိုဆက်သရန်"

ဝန်ခံတော်မူသောသူ.............. ဆရာသမားဖြစ်လျက်၊

"လုပ်ဆောင်သောသူကဲ့သို့" သို့မဟုတ် " လုပ်ဆောင်သောသူနည်းတူ " ၊ရှင်ပေါလုသည် တိမောသေမှ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မှန်ကန်စွာရှင်းပြခြင်းကို သူသည်ကျွမ်းကျင်သောအလုပ်သမားကဲ့သို့ ပြောဆိုထားခြင်းဖြစ်သည်။ (ရှု ၊ figs_simile)

သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက်၊

ဤနေရာတွင် "သမ္မာတရားသည် "သတင်းစကား" ကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ " သမ္မာတရား ကို မှန်ကန်စွာရှင်းပြသည် ဟုဆိုလိုသည်။" (ရှု ၊ figs_metonymy)

2 Timothy 2:16-18

ထိုစကားသည် မတရားသော အမှုတို့ကို ပွါးများစေလိမ့်မည်။

ရှင်ပေါလုသည် ထိုသို့သောစကားကို အခြားတစ်နေရာသို့ရွေ့လျားနိုင်သော အရာကဲ့သို့လည်းကောင်း၊ မတရားသောအမှုကို ထိုနေရာအသစ်ကဲ့သို့လည်းကောင်း ပြောခြင်းဖြစ်သည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ "လူတို့ကို သာ၍သာ၍ ဘုရားဝတ်၌ မမွေ့လျော်စေ ခြင်းငှါ ပြုခြင်း" ဟုဆိုလိုသည်။ (ရှု၊figs_metaphor)

သူတို့၏စကားသည် ခူနာကဲ့သို့ စားလိမ့်မည်။

ခူနာသည် လူ၏ကိုယ်ခန္ဓာ အတွင်း၌ လျှင်မြန်စွာပျံ့နှံ့၍ ဖျက်ဆီးတတ်သကဲ့သို့ ထိုသူများပြောသောစကားများသည် လူတစ်ဉီးမှ တစ်ဉီးသို့ပျံ့နှံ့ပြီး ကြားရသူများ၏ယုံကြည်ခြင်းကို အန္တရာယ်ဖြစ်စေနိုင်သည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ "သူတို့ပြောဆိုသောအရာများသည် ကူးစက်တတ်သောရောဂါကဲ့သို့ပျံ့နှံ့လိမ့်မည် ၊ သို့မဟုတ် သူတို့ပြောဆိုသောအရာများသည် လျှင်မြန်စွာပျံ့နှံ့ပြီး ခူနာကဲ့သို့ ပျက်စီးခြင်းကို ဖြစ်စေလိမ့်မည်။" (ရှု၊ figs_simile)

ခူနာ

"ပျက်စီး၊ ပုပ်ပျက်သော အသား"၊ ခူနာ၏ပျံ့နှံ့ခြင်းနှင့် လူနာသေစေနိုင်ခြင်းမှ တားဆီးနိုင်သောတစ်ခုတည်းသောနည်းလမ်းမှာ ခူနာရှိသော နေရာကို ဖြတ်တောက်ခြင်းပင် ဖြစ်သည်။

ဟုမေနဲနှင့်ဖိလက်

ဤအမည်များသည် အမျိုးသားများ၏အမည်များဖြစ်သည်။ (ရှု၊ translate_names)

သမ္မာတရားလမ်းမှ လွဲသွား၍

ရှင်ပေါလုသည် သမ္မာတရားကို ဉီးတည်ရမည့် ပစ်မှတ်တစ်ခု ကဲ့သို့ပြောဆိုခြင်းဖြစ်သည်။ ရှင်ပေါလုက ဤသူများသည် သမ္မာတရားကိုနားမလည်ဘဲ မှားယွင်းသောအရာများကို သွန်သင်ကြသည်ဟုပြောဆိုခြင်းဖြစ်သည်။ (ရှု ၊ figs_metaphor)

သေလွန်သော သူတို့သည် ထမြောက်ကြပြီ

"ဘုရားသခင်သည် သေလွန်သောယုံကြည်သူများကိုထာဝရ အသက်သို့ ထမြောက်စေပြီးဖြစ်သည်။"

အချို့သောသူတို့၏ ယုံကြည်ခြင်းကို မှောက်လှန်တတ်ကြ၏။

ရှင်ပေါလုသည် လူတို့၏ယုံကြည်ခြင်း ပျက်စီးခြင်းအကြောင်းကို ထိုသူတို့၏ယုံကြည်ခြင်းသည် မှောက်လှန်ခံရသကဲ့သို့ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ "သူတို့သည် အချို့သောသူတို့၏ယုံကြည်ခြင်းကို ဖျက်ဆီးသည် " သို့မဟုတ် "သူတို့သည် အချို့သောသူတို့၏ မယုံကြည်မှုကိုဖြစ်စေသည်။" (ရှု ၊ figs_metaphor)

2 Timothy 2:19-21

ယေဘူယျအချက်အလက်

ချမ်းသာသောအိမ်တစ်လုံးတွင် အဖိုးတန်သော ထည့်စရာများနှင့် သာမာန်ထည့်စရာ များသည် သူ့နေရာနှင့်သူအသုံးဝင်သကဲ့သို့ ဘုရားသခင်ထံသို့တိုးဝင်သော မည်သူမဆို ကောင်းသောအမှုကိုပြုရာတွင် ဂုဏ်သရေရှိစွာဖြင့် ဘုရားသခင်၏အသုံးပြုခြင်းကိုခံရမည်ဖြစ်သည်။ (ရှု၊ figs_metaphor)

ဘုရားသခင်၏ တိုက်မြစ်သည် ခိုင်ခံ့၍တည်၏။

ဖြစ်နိုင်ချေရှိသောအဓိပ္ပာယ်များမှာ ၁။"ဘုရားသခင်၏ သမ္မာတရားသည် ခိုင်ခံ့သောအုတ်မြစ်ကဲ့သို့" သို့မဟုတ် ၂။"ဘုရားသခင်သည် ခိုင်ခံ့သောအုတ်မြစ်ကိုတည်သကဲ့သို့ သူ၏ လူတို့ကိုခိုင်ခန့်စေတော်မူမည်။" သို့မဟုတ် ၃။ "ဘုရားသခင်၏သစ္စာတော်သည် ခိုင်ခံ့သောအုတ်မြစ်ကဲ့သို့ဖြစ်သည်။" မည်သည့်ကိစ္စတွင်မဆို ရှင်ပေါလုသည် မြေကြီးပေါ်တွင် တည်သောအဆောက်အအုံ၏အုတ်မြစ် ကိုပြောသကဲ့သို့ စိတ်ကူးနှင့်ပြောခြင်းဖြစ်သည်။ (ရှု၊ figs_metaphor)

Not Applicable

Not Applicable

Not Applicable

Not Applicable

ရွှေတန်ဆာ၊ ငွေတန်ဆာသာ ရှိသည်မဟုတ်၊ သစ်သားတန်ဆာ၊ မြေတန်ဆာရှိ၏။

ဤနေရာတွင်ထည့်စရာ တန်ဆာသည်ပန်းကန်လုံး၊ ပန်းကန်ပြား နှင့် အိုးစသည့် လူတို့ စားစရာနှင့် သောက်စရာများကို ထည့်သည့်အခါအသုံးပြုသော ပစ္စည်းများဖြစ်သည်။ သင်၏ဘာသာစကား၌ ယေဘူယျသုံးစရာ စကားမရှိပါက ပန်းကန်လုံး၊အိုး တို့ကိုသုံးပါ။ ရှင်ပေါလုသည် လူအမျိုးမျိုးတို့ကို ရည်ညွှန်းပြောဆို ရန် ဤတန်ဆာများကို ပုံဉပမာအနေနှင့် အသုံးပြုခြင်းဖြစ်သည်။ (ရှု၊ figs_metaphor)

အသရေရှိသောတန်ဆာ၊ အသရေမရှိသော တန်ဆာရှိ၏။

ဖြစ်နိုင်ချေရှိသောအဓိပ္ပာယ်များမှာ ၁။" ထူးခြားသောအချိန်အခါ ....သာမာန် အချိန်များ (UDB) သို့မဟုတ် "လူအများ၏ရှေ့တွင် ပြုလုပ်သော အပြုအမူများ....လူတို့၏ကွယ်ရာတွင် ပြုလုပ်သော အပြုအမူများ.." ဖြစ်ကြသည်။

အထက်ဆိုခဲ့ပြီးသောအကျင့်တို့ကို ပယ်၍၊ မိမိကို စင်ကြယ်စေသောသူမည်သည်ကား

ဖြစ်နိုင်ချေရှိသောအဓိပ္ပာယ်များမှာ ၁။" အသရေမရှိသော သူများနှင့် သူ့ကိုယ်သူခွဲထားခြင်း" သို့မဟုတ် "သူ့ကိုယ်သူ သန့်ရှင်းစေခြင်း" ၊ မည်သည့်ကိစ္စတွင်မဆို ရှင်ပေါလုသည် ဤဖြစ်စဉ်တွင် လူသည် မိမိကိုယ်ကို ဆေးကြောသကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ (ရှု၊ figs_metaphor)

အသရေရှိသောတန်ဆာ

ရှင်ပေါလုက ဤသူသည် အသရေရှိသောတန်ဆာအဖြစ် ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ "သူသည် ထူးခြားသောကိစ္စရပ်များအတွက် အသုံးဝင်သောတန်ဆာ နှင့်တူသည်" သို့မဟုတ် "သူသည် ကောင်းသောသူများသည် လူများ၏ရှေ့တွင် ပြုသောကိစ္စရပ် များအတွက် အသုံးဝင်သောတန်ဆာနှင့်တူသည်" ဟုဆိုလိုခြင်းဖြစ်သည်။ (ရှု၊figs_metaphor)

သန့်ရှင်း၍ အိမ်ရှင်သုံးစရာ ကောင်းသောတန်ဆာ၊ ကောင်းသော အမှုများအဘို့ အလိုငှါ ပြင်ဆင်သောတန်ဆာ ဖြစ်လိမ့်မည်။

ဤအရာကို ပြုလုပ်သူအနေနှင့် ဖော်ပြနိုင် သည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ "အိမ်ရှင်သည် သူ့အား သီးသန့် ခွဲခန့်ထားသည်၊ ထို့ကြောင့် သူသည် ကောင်းသောအလုပ်များအတွက် အိမ်ရှင်၏ အသုံးပြုရန် အဆင်သင့်ဖြစ်နေပြီ " ဟုဆိုလိုသည်။ (ရှု၊ figs_activepassive)

မိမိကို စင်ကြယ်စေသောသူ

သူသည်လူကိုယ်တိုင် အခြားတစ်နေရာသို့ ဖယ်ရှားခံရခြင်း မဟုတ်ဘဲ ရည်ရွယ်ချက်တစ်ခုကို ဖြည့်ဆည်းရန် ဖြစ်သည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ " သန့်ရှင်းစေခြင်း" ဖြစ်သည်၊ သို့သော် ကျမ်းစာက သီးသန့်ခွဲခန့်ထားခြင်းဆိုသည့် အရေးကြီးသော အယူအဆကို ညွှန်ပြသည်။ (ရှု၊ figs_metaphor)

2 Timothy 2:22-23

လူပျိုတို့၏ တပ်မက်ခြင်း ကိလေသာစိတ်ကို ကြဉ်ရှောင်လော့။

ရှင်ပေါလုသည် လူပျိုတို့၏ တပ်မက်ခြင်း ကိလေသာစိတ်ကို အန္တရာယ်ရှိသောလူ သို့မဟုတ် တိရိစ္ဆာန်၏ရန်မှ တိမောသေထွက်ပြေးသင့်သကဲ့သို့ ပြောဆိုထားခြင်းဖြစ်သည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ " လူပျိုတို့၏ တပ်မက်ခြင်း ကိလေသာစိတ်ကို လုံးဝရှောင်ကြဉ်လော့" သို့မဟုတ် " လူငယ်များပြုလုပ်ရန် ဆန္ဒပြင်းထန်သော မှားယွင်းသောအရာများကို ငြင်းဆန်လော့။" ဟုဆိုလိုသည်။ (ရှု ၊figs_metaphor)

ဖြောင့်မတ်ခြင်း၊ .........ကို မှီအောင်လိုက် လော့။

ဤနေရာတွင်" မှီအောင်လိုက် လော့" ဆိုသည်မှာ "ထွက်ပြေးပါ" နှင့်ပြောင်းပြန်ဖြစ်သည်။ ရှင်ပေါလုသည် တိမောသေအား "ဖြောင့်မတ်ခြင်းတရား" သည်ကောင်းကျိုးကိုဖြစ်စေသောကြောင့် သူ့အနေနှင့် ပြေး၍လိုက်သင့်သော အရာအဖြစ် ပြောဆိုထားခြင်းဖြစ်သည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ " ဖြောင့်မတ်ခြင်းတရား" ကို ရရှိရန် အစွမ်းကုန် ကြိုးစားပါ" သို့မဟုတ် " ဖြောင့်မတ်ခြင်းတရား" ကို ကြိုးစား၍ရှာပါ။" ဟုဆိုလိုသည်။ (ရှု ၊ figs_metaphor)

သူတို့နှင့်

ဖြစ်နိုင်ခြေရှိသော အဓိပ္ပာယ်များမှာ ၁။ ရှင်ပေါလုသည် တိမောသေအား ဖြောင့်မတ်ခြင်း၊ယုံကြည်ခြင်း၊ချစ်ခြင်း နှင့် ငြိမ်သက်ခြင်းတို့ကို မှီအောင်လိုက်ရာတွင် အခြားသောယုံကြည်သူများနှင့် ပူးပေါင်းစေလိုသည်။ ၂။ ရှင်ပေါလုသည် တိမောသေအား ငြိမ်သက်ခြင်းရှိစေလိုပြီး အခြားသောယုံကြည်သူများနှင့် အငြင်းမပွားစေလိုပါ။

သခင်ဘုရားကိုပဌနာပြုသော သူတို့နှင့်

ဤနေရာတွင် "သခင်ဘုရားကိုဟစ်ခေါ်သည်" ဟုဆိုရာတွင် သခင်ဘုရားကိုကိုးစား၍ ပဌနာပြုခြင်းကိုဆိုလိုသည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ "သခင်ဘုရားကိုပဌနာပြုသော သူတို့" ဟုဆိုလိုသည်။ (ရှု၊ figs_idiom)

စင်ကြယ်သောစိတ်ရှိ၍၊

ရှင်ပေါလုသည် တစ်စုံတစ်ယောက်၏ ဘုရားသခင်အားဟစ်ခေါ်ခြင်းကို သူ၏နှလုံးသားမှပေါ်ထွက်လာသော လှုပ်ရှားမှုအနေနှင့်ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ "ရိုးသားသော စိတ်နှင့်" သို့မဟုတ် "ကောင်းသောအကြောင်းပြချက်ဖြင့်" ဟုဆိုလိုသည်။ (ရှု ၊ figs_metaphor)

စင်ကြယ်သောစိတ်

ရှင်ပေါလုသည် ကောင်းသောအကြောင်းပြချက်ဖြင့်တစ်စုံတစ်ခုကိုပြုလုပ်ခြင်းကို ၎င်းသည်သန့်ရှင်းသောနှလုံးသားမှ လာသကဲ့သို့ပြောဆိုခြင်းဖြစ်သည်။ (ရှု ၊ figs_metaphor)

မိုက်မဲ၍ ပညာကင်းသောပုစ္ဆာအမေးတို့........ပယ်ရှားလော့။

"မိုက်မဲ၍ ပညာကင်းသောပုစ္ဆာအမေးတို့.ကိုပယ်ရှားလော့" ။ ရှင်ပေါလုက ထိုကဲ့သို့သောမေးခွန်းတို့ကို ‌မေးသောသူတို့သည် မိုက်မဲ၍ ပညာကင်းသည်" ဟုဆိုလိုသည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ "အမှန်တရားကို မသိလိုသော ၊မိုက်မဲသောသူများမေးသောပုစ္ဆာအမေးတို့.ကိုငြင်းဆန်လော့" ဟုဆိုလိုသည်။ (ရှု ၊ figs_metonymy)

ရန်ပွါးစေတတ်သည်

ရှင်ပေါလုသည် ပညာကင်းသောပုစ္ဆာအမေးတို့ကို ကလေးများကိုမွေးဖွားသော မိန်းမများကဲ့သို့ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ "သူတို့သည် ငြင်းခုံခြင်းကို ဖြစ်စေသည်။" (ရှု ၊ figs_metaphor)

2 Timothy 2:24-26

နူးညံ့သိမ်မွေ့စွာ

"နူးညံ့စွာ" သို့မဟုတ် "နူးညံ့သိမ်မွေ့စွာ"

ဆုံးမရမည်။

"ထိုသူတို့ကိုသွန်သင်သည်" သို့မဟုတ် "ထိုသူတို့ကို ပဲ့ပြင်သည်"

နောင်တကို ဘုရားသခင် ပေးကောင်းပေးတော်မူ၍၊

ရှင်ပေါလုသည် နောင်တကို ဘုရားသခင်ကလူတို့အားပေးနိုင်သော အရာဝတ္ထု တစ်ခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ "ဘုရားသခင်သည် သူတို့ကို နောင်တရ ခြင်းအခွင့်ကိုပေးကောင်းပေးတော်မူမည်။" (ရှု၊ figs_metaphor)

သမ္မာတရားကို ဝန်ခံခြင်းအလိုငှါ၊

သူတို့သည် သမ္မာတရားကိုသိခြင်းအလို့ငှါ

ထိုသူတို့သည် သတိရ၍

ရှင်ပေါလုသည် အပြစ်သားများက ဘုရားသခင်၏အကြောင်းကို မှန်ကန်စွာ တွေးခေါ် စဉ်းစားရန် လေ့လာခြင်းကို စပျစ်ရည်နှင့်ယစ်မူးသောသူတို့သည် တဖန် ပြန်လည် သတိလည်သကဲ့သို့ပြောဆိုခြင်း ဖြစ်သည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ"သူတို့သည် မှန်ကန်စွာ တွေးခေါ် စဉ်းစားကောင်းစဉ်းစားပေလိမ့်မည်။" ( UDB) (ရှု၊ figs_metaphor)

ထိုဘမ်းမိရာမှ လွတ်ခြင်းသို့

ရှင်ပေါလုသည် မာရ်နတ်က ခရစ်ယာန်တို့အား အပြစ်ကို နားလည်ရန်သွေးဆောင်ခြင်းကို ထောင်ချောက်ကဲ့သို့ပြောဆိုခြင်း ဖြစ်သည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ " မာရ်နတ်၏အလိုအတိုင်း မလုပ်တော့ဘဲ" (ရှု ၊ figs_metaphor)

မာရ်နတ်၏ အလိုအတိုင်း ဘမ်းမိသောထိုသူတို့သည်

ရှင်ပေါလုသည် မာရ်နတ်က ခရစ်ယာန်တို့အား အပြစ်ကို နားလည်ရန်သွေးဆောင်ခြင်းကို မာရ်နတ်ကသူတို့အား ကိုယ်တိုင်ဖမ်း၍ကျွန်ဖြစ်စေသကဲ့သို့ပြောဆိုခြင်းဖြစ်သည်။ ဤအရာကို ပြုလုပ်သူအနေဖြင့်ဖော်ပြနိုင်သည်။ "သူ၏အလိုကိုလိုက်ရန် သွေးဆောင်ပြီးနောက် " ဟုဆိုလိုသည် ။ (ရှု၊ figs_metaphor and figs_activepassive)

2 Timothy 3

2 Timothy 3:1-4

ဆက်စပ်မှုဖော်ပြချက်

ရှင်ပေါလုသည် တိမောသေအား နောင်ကာလတွင်လူတို့သည် အမှန်တရားကိုကျောခိုင်းမည်ဖြစ်ကြောင်း နှင့်ညှဉ်းပန်းနှိပ်စက်မှုများ လာခဲ့လျှင်လည်း သူသည် ဘုရားသခင်၏နှုတ်ကပတ်တော် အပေါ်တွင် မှီခိုနိုင်ကြောင်း ကိုအသိပေးပြောဆိုခဲ့သည်။

နောင်ကာလ

ဖြစ်နိုင်ခြေရှိသော အဓိပ္ပာယ်များမှာ ၁။ ရှင်ပေါလု၏နောက်၌ လာမည့်အချိန် ၊ အခြားသောဘာသာ ပြန်ဆိုချက်မှာ " ယေရှု ပြန်မလာခင် အချိန်" သို့မဟုတ် " ၂။ဤအရာသည် ရှင်ပေါလု ၏ အချိန် အပါအဝင် ခရစ်ယာန်တို့၏ အချိန်ကာလများ ကိုရည်ညွှန်းသည်၊ အခြားသောဘာသာ ပြန်ဆိုချက်မှာ "နောက်ဆုံးသောကာလမတိုင်ခင် ဤကာလအတောအတွင်း" ဟူ၍ဖြစ်သည်။

ခဲယဉ်းသော ကာလ

ဤကာလများသည် ခရစ်ယာန်များဒုက္ခဆင်းရဲ နှင့်အန္တရာယ်များကိုတွေ့ရမည့်နေ့ရက်များ၊ လများ သို့မဟုတ် နှစ်များ ပင်ဖြစ်သည်။

ကိုယ်ကိုကိုယ်ချစ်သောသူ

ဤနေရာတွင် "ချစ်သောသူ" သည် ညီအစ်ကိုအချင်းချင်း ၊ သူငယ်ချင်းအချင်းချင်း၊ မိသားစုဝင် အချင်းချင်း အကြားတွင်ရှိသော ဆွေမျိုးသားချင်းနှင့် မိတ်ဆွေများ၏ချစ်ခြင်းမေတ္တာကိုဆိုလိုသည်။ ဤအရာသည် ဘုရားသခင်ထံမှလာသော ချစ်ခြင်းမေတ္တာမဟုတ်ပါ။ အခြားသောဘာသာ ပြန်ဆိုချက်မှာ "တစ်ကိုယ်ကောင်းဆန်သော" ဟူ၍ဖြစ်သည်။

ဝါကြွားသောသူ

"မိမိ၏အကြောင်းကို ဝါကြွားသော ပုံစံဖြင့်ပြောသောသူ"

ပကတိကြင်နာ စုံမက်ခြင်းနှင့်ကင်းသောသူ

"မိမိ၏မိသားစုကို မချစ်သောသူများ"

ရန်ငြိုးဖွဲ့သောသူ

"သူတစ်ပါးနှင့် သဘောထားမတိုက်ဆိုင်သောသူများ" သို့မဟုတ် " "သူတစ်ပါးနှင့် သင့်တင့်အောင်မနေသောသူများ"

ချောစားတတ်သောသူ

"မှားယွင်းစွာ စွပ်စွဲတတ်သောသူများ"

ပြင်းထန်သူ

"ကြောက်စရာကောင်းသောသူ" သို့မဟုတ် " သူတို့သည် အခြားသောသူများကို ထိခိုက်အောင်ပြုလုပ်သည်"

သူတော်ကောင်းကို မုန်းသောသူ

"ကောင်းသောအရာကို မုန်းသောသူ"

သတိပေးခြင်းကို မခံသောသူ၊

"အကျိုးအကြောင်းကို မဆင်မခြင်မစဉ်းစားသောသူ" ၊ဤအဓိပ္ပာယ်မှာ "အကျိုးဆက်ကို မစဉ်းစားဘဲ ပြုလုပ်သောသူ" ဟုဆိုလိုသည်။

မာန်မနနှင့်ယစ်မူးသောသူ

"ထိုသူတို့သည် မိမိတို့ကိုယ်ကို သူတစ်ပါးထက်ပိုကောင်းသည် ဟုထင်ကြသည်။"

2 Timothy 3:5-7

ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍၊

ရှင်ပေါလုသည် ဘုရားသခင်ကိုရိုသေခြင်းဖြစ်သော ဘုရားဝတ်၌ ‌မွေ့လျော်ခြင်းကို ပုံသဏ္ဍာန်ရှိသော အရာတစ်ခုအဖြစ်ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ "ဘုရားဝတ်၌မွေ့လျော် ပုံရသည်" သို့မဟုတ် " ဘုရားကို ရိုသေပုံရသည်" ဟုဆိုလိုသည်။ (ရှု ၊ figs_metaphor)

မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။

ရှင်ပေါလုသည်ဘုရားဝတ်၌မွေ့လျော်ခြင်းကို တန်ခိုးရှိသော အရာဝတ္ထုတစ်ခု အဖြစ် ပြောဆိုခြင်းဖြစ်သည်။ ဖြစ်နိုင်ခြေရှိသော အဓိပ္ပာယ်များမှာ ၁။"သူတို့သည် ဘုရားသခင်မှပေးသော တန်ခိုးကို လက်ခံရန် ငြင်းဆန် ကြသည် ။ "(UDB) သို့မဟုတ် ၂။ "သူတို့ပြောသော ဘုရားဝတ်၌မွေ့လျော်ခြင်း သည်သူတို့၌ မရှိပေ။" (ရှု ၊ figs_metaphor)

ရှောင်လော့။

ရှင်ပေါလုသည် ထိုသူတို့ကို ရှောင်ရန်ပြောဆိုခြင်း ဖြစ်ကောင်းဖြစ်မည်။ သို့သော် ယေဘူယျအားဖြင့် သူ၏စာကို ဖတ်သောသူတို့အား ထိုသူတို့ကို ရှောင်နိုင်သမျှရှောင်ရန် ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ " ထိုသူတို့ကို ရှောင်လော့" ဟူ၍ဖြစ်သည်။

အိမ်ထဲသို့ဝင်၍ ဘမ်းသွားသောသူတို့သည်

"အိမ်ထဲသို့ဝင်၍ ကြီးစွာသောလွှမ်းမိုးမှု ကိုဖြစ်စေသည်"

မိန်းမမိုက်တို့ကို ၊

ဝိညဉ်ရေးရာအားနည်းသော အမျိူးသမီးများကိုဆိုလိုသည်။ ဤသို့ဖြစ်ရခြင်းမှာ သူတို့သည် ဘုရားဝတ်၌ မမွေ့လျော်ခြင်း သို့မဟုတ် သူတို့သည် ပျင်းရိခြင်း နှင့် အပြစ်များခြင်းတို့ကြောင့်ဖြစ်သည်။

ဒုစရိုက်အပြစ်ဝန်ကို ထမ်းရွက်၍၊

ရှင်ပေါလုသည် အပြစ်၏သွေးဆောင်ခြင်းကို ထိုအမျိုးသမီးများက အပြစ်ဝန်ထုပ်ဝန်ပိုးသည် သူတို့၏ကျောပေါ်တွင်ရှိသကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ ဖြစ်နိုင်ခြေရှိသော အဓိပ္ပာယ်များမှာ ၁။ "မကြာခဏ အပြစ်ပြုသော သူများ " သို့မဟုတ် " အပြစ်ကို ဆက်လက်ပြုသောကြောင့် ဆိုးရွားသော လိပ်ပြာမလုံခြင်း ကို ခံစားရသူများ" ဖြစ်သည်။ " ဤအယူအဆမှာ ထိုသူများသည် ထိုအမျိုးသမီးများကို အလွယ်တကူလွှမ်းမိုးနိုင် ခြင်းမှာ သူတို့သည် အပြစ်ကို ဆက်လက်ပြုသောကြောင့်ဖြစ်သည်။" (ရှု ၊ figs_metaphor)

အထူးထူးအပြားပြားသော လောဘကိလေသာ သွေးဆောင်ရာ သို့လိုက်၍

ရှင်ပေါလုသည် အထူးထူးအပြားပြားသော လောဘကိလေသာစိတ်များကို ၎င်းတို့သည် လူတို့အား အခြားသို့သွေးဆောင်သွားသကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ ဤအရာကို ပြုလုပ်သူအနေဖြင့်ဖော်ပြနိုင်သည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ "သူတို့သည် ဘုရားသခင်ကိုနာခံခြင်းထက် အထူးထူးအပြားပြားသော အပြစ်များကို ပြုလိုကြသည်" ဟုဆိုလိုသည်။ (ရှု ၊ figs_metaphor and figs_activepassive)

2 Timothy 3:8-9

ဆက်စပ်မှုဖော်ပြချက်

ရှင်ပေါလုက နောင်တွင် လူများသည် မောရှေ၏ လက်ထက်၌ရှိခဲ့သော မှားယွင်းစွာသွန်သင်သောသူ နှစ်ယောက်ကဲ့သို့ ဖြစ်လာနိုင်ကြောင်းကို ဖော်ပြထားသည်။ ရှင်ပေါလုသည် တိမောသေအား သူ၏ ပုံစံအတိုင်း နှုတ်ကပတ်တော်၌ တည်နေရန် အားပေးခဲ့သည်။

ယန္နေနှင့်ယံဗြေ

ဤအမည်များကို ကျမ်းစာထဲတွင် ဤနေရာတွင်သာတွေ့နိုင်သည်။ ရိုးရာ အတ္ထုပ္ပတ္တိတစ်ခုတွင် ဤသူတို့အား ထွက်မြောက်ရာကျမ်းတွင် မောရှေကို ဆန့်ကျင်သော အီဂျစ် မျက်လှည့်ဆရာများအဖြစ်ဖော်ပြထားသည်။ (ရှု ၊ translate_names)

ဆီးတားသကဲ့သို့

ရှင်ပေါလုသည် သူတစ်ပါးအားဆန့်ကျင်၍ ပြောဆိုသူများအား ဆီးတားသူများကဲ့သို့ပြောဆိုခြင်းဖြစ်သည်။အခြားသောဘာသာ ပြန်ဆိုချက်မှာ "ဆန့်ကျင်ဘက်ဖြစ်သော" ဟူ၍ဖြစ်သည်။ (ရှု ၊figs_metaphor)

သမ္မာတရားကိုဆီးတားကြ၏။

"ယေရှု၏ ဧဝံဂေလိတရားကိုဆန့်ကျင်၍"

စိတ်နှလုံးယိုယွင်း၍

"သူတို့သည် မှန်ကန်စွာမတွေးခေါ်နိုင် ကြတော့ဘဲ"

ယုံကြည်ယောင်ဆောင်သောသူဖြစ်ကြ၏။

သူတို့သည် သခင်ခရစ်တော်အား မည်မျှယုံကြည်သည် ၊ မည်မျှနာခံသည် ကိုစမ်းသပ်ခံရသော အခါ ကျရှုံးသည် ကိုတွေ့ရသည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ "ရိုးသားသော ယုံကြည်ခြင်းမရှိဘဲ" သို့မဟုတ် " သူတို့၏ယုံကြည်ခြင်းသည် စစ်မှန်ခြင်းမရှိကြောင်းကို ပြသသည်။"

တိုး၍မလွန်မသွားရကြ

ရှင်ပေါလုသည် ကိုယ်ကာယလှုပ်ရှားမှု နှင့်ပက်သက်သော ဖော်ပြချက်ကို အသုံးပြုခြင်းမှာ မှားယွင်းစွာသွန်သင် သော သူများသည် ယုံကြည်သူများအကြားတွင် များစွာအောင်မြင်မှုရရှိမည် မဟုတ်ကြောင်းကို ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ "သူတို့သည် များစွာအောင်မြင်မှုရရှိမည် မဟုတ်" ဟုဆိုလိုသည်။ (ရှု ၊ figs_metaphor)

မိုက်မဲ ခြင်း

"နားလည်ခြင်းမရှိသော" သို့မဟုတ် "မိုက်မဲသော"

ထင်ရှားလိမ့်မည်

"အလွယ်တူသိမြင်နိုင်သည်"

ဤသူတို့၏

"ယန္နေနှင့်ယံဗြေတို့၏"

2 Timothy 3:10-13

ငါဆုံးမဩဝါဒပေးခြင်း........ သင်သည် ရှာဖွေနားလည်ရပြီ။

ရှင်ပေါလုသည် ဤအရာများကို အာရုံစိုက်၍ နားထောင်ခြင်းကို တစ်စုံတစ်ယောက်သည် ၎င်းတို့နောက်သို့ လိုက်သကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ "သင်သည် ရှာဖွေလေ့လာသည်" သို့မဟုတ် "သင်သည် ငါ၏ဆုံးမဩဝါဒပေးခြင်း ကိုအလေးပေး၍ နားထောင်သည်ဟုဆိုလိုသည်။ (ရှု ၊figs_metaphor)

ဆုံးမဩဝါဒပေးခြင်း

"ညွှန်ကြားခြင်း"

အကျင့်ကျင့်ခြင်း

"အသက်ရှင်သောနည်းလမ်း"

အရပ်ရပ်တို့၌ ခံရသော ညှဉ်းဆဲခြင်း၊ ဆင်းရဲခြင်းတို့ကို၎င်း

"လူတို့အားသည်းခံခြင်း"

စိတ်ရှည်ခြင်း

"ခက်ခဲသောအချိန်များ၌ သည်းခံခြင်း"

တွေ့သမျှဘို့မှ သခင်ဘုရားသည် ငါ့ကိုကယ်နှုတ်တော်မူပြီ။

ရှင်ပေါလုသည် ဘုရားသခင်မှသူ့အား ထိုအခက်အခဲများနှင့် ဒုက္ခဆင်းရဲများ၊ အန္တရာယ်များမှ ဆီးတားခြင်းကို ဘုရားသခင်မှသူ့အားနေရာဒေသ တစ်ခုမှ သယ်ယူထုတ်ဆောင်သွားသည့်အနေဖြင့်ပြောခြင်းဖြစ်သည်။ (ရှု ၊ figs_metaphor)

ယေရှုခရစ်၏ ........ ဘုရားဝတ်၌ မွေ့လျော်၍ နေခြင်းငှါ

"ယေရှုခရစ်၏ နောက်လိုက်များအနေနှင့် ဘုရားဝတ်၌ မွေ့လျော်၍ အသက်ရှင်ရန်"

ညှဉ်းဆဲခြင်းကို ခံရကြလိမ့်မည်။

ဤအရာကို ပြုလုပ်သူအနေဖြင့်ဖော်ပြနိုင်သည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ " ညှဉ်းဆဲခြင်းကို မလွဲမသွေ သည်းခံရလိမ့်မည်။ " ဟုဆိုလိုသည်။ (ရှု ၊ figs_activepassive)

လှည့်ဖြားသောသူတို့မူကား

"လှည့်စားသောသူ" သို့မဟုတ် " မိမိတို့အမှန်တကယ်ဖြစ်သည့် အရာနှင့် ခြားနားစွာ ဟန်ဆောင်သူများ"

တရွေ့ရွေ့ တိုးပွါးကြလိမ့်မည်။

"ပို၍ဆိုးညစ်လာကြလိမ့်မည်။"

သူတပါးကို၎င်း၊ ......လှည့်ဖြား၍

"သူတို့သည် သူတစ်ပါးအား ခရစ်တော်ကို မနာခံစေရန် ပြုလိမ့်မည်။"

ကိုယ်ကို၎င်းလှည့်ဖြား၍ဆိုးညစ်ခြင်း၌

ဤအရာကို ပြုလုပ်သူအနေဖြင့်ဖော်ပြနိုင်သည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ "အခြားသောသူများသည် သူတို့အား ခရစ်တော်ကို မနာခံစေရန် ပြုလိမ့်မည်။" ဟုဆိုလိုသည်။ (ရှု၊ figs_activepassive)

2 Timothy 3:14-15

အထက်ကသင်၍ နှလုံးသွင်းမိသော အယူဝါဒ၌ တည်နေလော့။

ရှင်ပေါလုသည် သမ္မာကျမ်းစာ၏ ညွှန်ကြားချက်များကို တိမောသေ နေထိုင်နိုင်သောနေရာတစ်ခုအဖြစ် ပြောဆိုထားသည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ "သင်သည်လေ့လာသင်ယူခဲ့သောအရာကို မမေ့လျော့နှင့်၊ သို့မဟုတ် " သင်သည်လေ့လာသင်ယူခဲ့သောအရာများကို ဆက်လက်လုပ်ဆောင်ပါ။" ဟုဆိုလိုသည်။ (ရှု ၊ figs_metaphor)

ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအလိုငှါ ပညာကိုပေးနိုင်သော ဓမ္မကျမ်းစာကို ငယ် သောအရွယ်မှစ၍ လေ့ကျက် သည်ကို၎င်း သိမှတ်သည်နှင့်၊

ရှင်ပေါလုသည် သမ္မာကျမ်းစာကို လူတို့အား ပညာရှိစေနိုင်သော သူတစ်ဉီးကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ "သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်သောအခါ ပညာတရားကို ရရှိပြီး သခင်ယေရှုကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းကို ရရှိမည်ဖြစ်သည်။" ဟုဆိုလိုသည်။ (ရှု ၊figs_personification)

2 Timothy 3:16-17

ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်

"ကျမ်းစာ ရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသည်။" ဤအဓိပ္ပာယ်မှာ ဘုရားသခင်သည် သူ၏ဝိညဉ်တော်အားဖြင့် လူတို့အားရေးရမည့်အရာများကို ပြောခြင်းဖြင့်ကျမ်းစာကို ဖြစ်စေသည်။ဤအရာကို ပြုလုပ်သူအနေဖြင့်ဖော်ပြနိုင်သည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ "ဘုရားသခင်သည် သူ၏ဝိညဉ်တော်အားဖြင့် သမ္မာကျမ်းစာကို ပြောဆိုခဲ့သည်။ (UDB) (ရှု ၊ figs_activepassive)

ကျေးဇူးများကို ပြုတတ်၏။

"၎င်းသည် အသုံးဝင်သည်" သို့မဟုတ် "၎င်းသည် အကျိုးရှိသည်"

အပြစ်ကိုဘော်ပြခြင်း

"အမှားကို ညွှန်ပြရန် အတွက်"

ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊

"အမှားကို ပြုပြင်ရန် အတွက်"

တရားကို သွန်သင်ခြင်း

"လူများကို ဖြောင့်မတ်ခြင်း ရှိစေရန်သွန်သင်ခြင်း"

ဘုရားသခင်၏ လူ

"ဤအရာသည် အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ ဘုရားသခင်အား ယုံကြည်သူတိုင်းကို ဆိုလိုသည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ "ယုံကြည်သူအားလုံး " ဟုဆိုလိုသည်။ (ရှု ၊ figs_gendernotations)

စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါ ပြင်ဆင်သောသူ

" ပြည့်စုံစွာပြင်ဆင် ပြီးသောသူ"

2 Timothy 4

2 Timothy 4:1-2

ဆက်စပ်မှုဖော်ပြချက်

ရှင်ပေါလုသည် တိမောသေအားသစ္စာရှိရန် သတိပေး၍ သူ (ရှင်ပေါလု) သည် သေဆုံးရန်အဆင်သင့်ဖြစ်နေကြောင်း ကိုပြောဆိုခြင်းဖြစ်သည်။

သစ္စာပေးသည်ကား

"ပြင်းထန်သော အမိန့်"

သခင်ယေရှုခရစ် ရှေ့မှာ၎င်း၊ ဘုရားသခင်ရှေ့မှာ၎င်း

"ဘုရားသခင်နှင့် သခင်ယေရှုခရစ် ရှေ့၌"၊ ဘုရားသခင်နှင့် သခင်ယေရှုခရစ် သည် ရှင်ပေါလု၏သက်သေ ဖြစ်လိမ့်မည် ဟုပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ " ဘုရားသခင်နှင့် သခင်ယေရှုခရစ်သည် ငါ၏သက်သေဖြစ်၍ " ဟုဆိုလိုသည်။ (ရှု ၊ figs_explicit)

အသက်ရှင်သောသူ၊ သေသော သူတို့ကို

ဤနေရာတွင် "အသက်ရှင်သောသူ၊ သေသော သူတို့ကို " ဟုဆိုရာတွင် လူအားလုံးကို ဆိုလိုသည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ " အသက်ရှင်သော လူအားလုံး" ဟုဆိုလိုသည်။ (ရှု ၊ figs_merism)

ကိုယ်တော်တိုင်ပေါ်ထွန်း၍ နိုင်ငံတော်ထင်ရှားသောကာလ

ဤနေရာတွင် "နိုင်ငံတော်" သည် "သခင်ယေရှုခရစ်သည် ဘုရင်အဖြစ်အုပ်စိုးသော အချိန်" ကိုဆိုလိုသည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ "သူသည် ဘုရင်အဖြစ်အုပ်စိုးရန်ပြန်လာသောအချိန်" ဟုဆိုလိုသည်။ (ရှု ၊ figs_metonymy)

နှုတ်ကပတ်တရားတော်ကို

ဤနေရာတွင် "နှုတ်ကပတ်တရားတော်" သည် "ခရစ်တော်နှင့်ပတ်သက်သော သိတင်းစကား" ကိုဆိုလိုသည်။ (ရှု၊ figs_metonymy)

မရှိသည်ဖြစ်စေ

ဤနေရာတွင် "သင့်တော်သောအချိန်" ဆိုသည့် စကားကို နားလည်ရန် လိုသည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ " မသင့်တော်သောအချိန်ဖြစ်ခဲ့လျှင်လည်း" ဟူ၍ ဖြစ်သည်။ (ရှု ၊ figs_ellipsis)

အပြစ်ကိုဘော်ပြလော့။

"လူများသည် အပြစ်ရှိသောအခါ ပြောလော့၊" သို့မဟုတ် " လူတို့ပြုလုပ်သော အမှားများကိုပြောလော့" ။

အလွန်ရှည်သောစိတ်နှင့် ဩဝါဒမျိုးကိုပေး၍ တိုက်တွန်းသွေးဆောင်လော့။

"ဩဝါဒပေးလော့၊ လူတို့အား သွန်သင်လော့။ သူတို့အပေါ်၌ ရှည်သောစိတ်ရှိလော့။

2 Timothy 4:3-5

နောင်ကာလ၌

" နောင်မကြာမြင့်မှီ အချိန်၌"

လူတို့သည်

ဤစာစောင်၌ ယုံကြည်သူအသိုင်းအဝိုင်း၌ ပါဝင်သောသူများကို ဆိုလိုသည်။

စင်ကြယ်သော ဩဝါဒကိုနားမခံနိုင်ဘဲ

"စင်ကြယ်သော ဩဝါဒကို နားထောင်လိုခြင်း မရှိဘဲ"

စင်ကြယ်သော ဩဝါဒ

ဘုရားသခင်၏ နှုတ်ကပတ်တော် အတိုင်း မှန်ကန်သော သွန်သင်မှု

မိမိတပ်မက်ခြင်းအတိုင်း များပြားသော ဆရာတို့နောက်သို့ လိုက်ကြလိမ့်မည်။

ရှင်ပေါလုက လူတို့သည် ဆရာများစွာနောက်သို့ လိုက်ခြင်းကို သူတို့သည် အစုလိုက်အပုံလိုက် ဖြစ်စေခြင်း ကဲ့သို့ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ "သူတို့သည် သူတို့၏ တပ်မက်ခြင်းများနှင့် ပတ်သက်၍ဝေဖန်ခြင်း မရှိသော ဆရာများစွာနောက်သို့ လိုက်ခြင်းကို ပြောဆိုခြင်းဖြစ်သည်။ (ရှု၊ figs_metaphor)

နားထောင်၍ လွဲသွားကြလိမ့်မည်။

ဤအရာသည် ခြားနားသော ဩဝါဒအသစ်ကို နားထောင်လိုသောလူများကို ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ "ဤနည်းအားဖြင့် သူတို့သည် ခြားနားသော ၊အသစ်သောအရာများကို အစဉ်အမြဲ ရှာဖွေကြလိမ့်မည်" ဟုဆိုလိုသည်။ (ရှု၊ figs_idiom)

သမ္မာတရားကို နားမထောင်ဘဲ၊

ရှင်ပေါလုက လူတို့သည် ဂရုမစိုက်ခြင်းကို သူတို့သည် နားမထောင်လို၍ လှည့်ထွက်ခြင်းကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ "သူတို့သည်သမ္မာတရားကို ဂရုမစိုက်တော့ပေ။" ဟုဆိုလိုသည်။ (ရှု ၊ figs_metaphor)

ဒဏ္ဏာရီစကားကို နားထောင်၍ လွဲသွားကြလိမ့်မည်။

ရှင်ပေါလုက ဒဏ္ဏာရီစကားကို စတင် အာရုံစိုက်သောသူများကို ၎င်းအရာများဆီသို့ လှည့်ခြင်း ဟူ၍ပြောဆိုခြင်း ဖြစ်သည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ " သူတို့သည် မမှန်ကန်သော သွန်သင်ချက်များကို စတင်၍ အာရုံစိုက်လာကြသည်" ဟူ၍ဖြစ်သည်။ (ရှု၊ figs_metaphor)

အရာရာ၌ သမ္မာသတိရှိစေလော့။

သတိပြုပါ။ ရှင်ပေါလုက သူ၏စာဖတ်သူများကို အရာရာတိုင်း၌ မှန်ကန်စွာတွေးခေါ်တတ်စေရန် အလိုရှိသည်။ ထို့အပြင် သူ (ရှင်ပေါလု) က သူတို့အား သေရည်သေရက်နှင့် ယစ်မူးခြင်းမရှိဘဲ သတိရှိစေလိုသည်။ အခြားသောဘာသာ ပြန်ဆိုချက်မှာ " ရှင်းလင်းစွာတွေးခေါ်ပါ" ဟူ၍ဖြစ်သည်" (ရှု၊ figs_metaphor)

သာသနာပြုဆရာ ဆောင်ရွက်ရသောအမှုကို

လူတို့အား ယေရှုသည် မည်သူဖြစ်ကြောင်း၊ သူသည် လူတို့အတွက် ပြုလုပ်ခဲ့သောအရာများ နှင့် သူတို့သည် သူ့အတွက် မည်ကဲ့သို့အသက်ရှင်ရမည် ကိုပြောဆိုရန် ဖြစ်သည်။

2 Timothy 4:6-8

ငါ့ကိုယဇ်ပေါ်မှာ လောင်းရသော အချိန်ရှိပြီ။

ရှင်ပေါလုသည် သူ၏သေရန် အဆင်သင့်ဖြစ်ခြင်းကို ဘုရားသခင်ထံ၌ သွန်းလောင်းပူဇော်ရန် အဆင်သင့်ဖြစ်နေသော စပျစ်ရည်ကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ (ရှု၊ figs_metaphor)

စုတေ့ရသောအချိန် ရောက်လေပြီ။

ဤနေရာတွင် "ထွက်ခွာခြင်း" သည် "သေဆုံးခြင်း" ကိုယဉ်ကျေးစွာပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ " မကြာမှီ ငါသည် ဤလောကမှ ထွက်ခွာ၍ သေဆုံးရတော့မည်" ဟုဆိုလိုသည်။ " (UDB) (ရှု ၊ figs_euphemism)

ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။

ရှင်ပေါလုသည် သူ၏အလုပ်ကြိုးစားမှုကို ဆုရရှိရန်ကြိုးစားသော အားကစားသမားတစ်ယောက်အနေနှင့် ပြောဆိုထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ " ငါသည် အကောင်းဆုံးကြိုးစားခဲ့သည်။" (ရှု ၊ figs_metaphor)

ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။

ရှင်ပေါလုသည် ဘုရားသခင်၏အမှုတော်အတွက် သူ၏အစေခံခြင်းကို ခြေဖြင့်ပြေးရသောပြိုင်ပွဲ၌ ပြေးသကဲ့သို့ပြောခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "ငါသည် လုပ်ဆောင်ရမည့် အရာများကို ပြီးဆုံးအောင်လုပ်ဆောင်ခဲ့ပြီ" ဟုဆိုလိုသည်။ (ရှု ၊ figs_metaphor)

ယုံကြည် ခြင်းတရားကို စောင့်ရှောက်ပြီ။

ရှင်ပေါလုသည် ခရစ်တော်အား ယုံကြည်ခြင်းနှင့် ဘုရားသခင်အား နာခံခြင်းကို သူသိမ်းဆည်းထားသော၊ အဖိုးတန်သောပိုင်ဆိုင်မှု တစ်ခုအနေနှင့် ပြောဆိုခြင်းဖြစ်သည်။ ဖြစ်နိုင်ချေရှိသော အဓိပ္ပာယ်များမှာ ၁။ " ငါသည် အမှုတော်ကို သစ္စာရှိစွာ ဆောင်ရွက်ခဲ့ပြီ၊" (UDB) သို့မဟုတ် " ငါတို့ယုံကြည်သော သွန်သင်ချက်များကို အမှားမခံဘဲစောင့်ရှောက်ခဲ့ပြီ" ဟုဆိုလိုသည်။ (ရှု၊ figs_metaphor)

ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။

ဤအရာကို ပြုလုပ်သူအနေနှင့် လည်းပြောဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ " ဘုရားသခင်သည် ဓမ္မသရဖူကို ငါ့အတွက် ပြင်ဆင်ထားပြီ" ဟုဆိုလိုသည်။ (ရှု၊figs_activepassive)

ဓမ္မသရဖူ

ဖြစ်နိုင်ချေရှိသော အဓိပ္ပာယ်များမှာ ၁။ သရဖူသည် မှန်ကန်စွာအသက်ရှင်သောသူများကို ဘုရားသခင်ကပေးသော ဆုကိုဆိုလိုသည်။ (UDB) သို့မဟုတ် ၂။ သရဖူသည် ဖြောင့်မတ်ခြင်းကို ပုံဉပမာပေးထားခြင်းဖြစ်သည်။ တရားသူကြီးသည် ပြိုင်ပွဲတွင်အနိုင်ရသောသူကိုဆုပေးသကဲ့သို့ ၊ ရှင်ပေါလုသည် သေဆုံးသွားသောအခါ ဘုရားသခင်သည် သူ၏ဖြောင့်မတ်ခြင်းကို ကြေငြာလိမ့်မည်။ (ရှု ၊ figs_metaphor)

သရဖူ

ပြိုင်ပွဲတွင် အောင်မြင်သော အားကစားသမားများကို ပေးသောလော်ရယ် သစ်ရွက်များဖြင့်ပြုလုပ်ထားသော ပန်းအခွေ။

ထိုနေ့ရက်၌

"ဘုရားသခင် ပြန်ကြွလာမည့်နေ့ရက်၌" သို့မဟုတ် " ဘုရားသခင် လူသားတို့အားစီရင်မည့် နေ့ရက်၌"

ထိုမျှမက၊ ပေါ်ထွန်းတော်မူခြင်းကို တောင့် တသောသူအပေါင်းတို့၌လည်း

ရှင်ပေါလုသည် ဤအဖြစ်အပျက်ကို ဖြစ်ပျက်ပြီးသားကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ ဤအရာကို အနာဂတ်အဖြစ်အပျက် ကဲ့သို့ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ " ဘုရားသခင်သည် သူ၏ပြန်လာမည့် အချိန်ကို စောင့်မျှော်နေသေည့် သူတို့အား ပေးတော်မူလိမ့်မည်" ဟုဆိုလိုသည်။ (ရှု၊ figs_pastforfuture)

2 Timothy 4:9-10

ဆက်စပ်မှုဖော်ပြချက်

ရှင်ပေါလုသည် ဘုရားသခင်၏အမှုတော်နှင့်ပတ်သက်၍၎င်း၊ သူ၏အပေါ်တွင်၎င်း၊ လူအချို့၏ အပြုအမူကိုပြောခြင်းဖြစ်သည်။ ထို့နောက် လူအချို့၏နှုတ်ဆက်စကားများနှင့် အဆုံးသတ်ခဲ့သည်။

မြန်မြန်လာ

"ဖြစ်နိုင်သမျှ အမြန်ဆုံး"

ဒေမ...... ကရက္ကေ..... တိတု

ဤအရာသည် အမျိုးသားများ၏ အမည်ဖြစ်သည်။ (ရှု၊ translate_names)

ယခုဘဝကို

ဤနေရာတွင် "ဘဝ"သည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်သော လောကအရာများကို ဆိုလိုသည်။ ဖြစ်နိုင်ချေရှိသော အဓိပ္ပာယ်များမှာ ၁။ 'သူသည် ဤဘဝ၏ယာယီ စိတ်ချမ်းသာမှုကို သာနှစ်သက်သည်။" သို့မဟုတ် ၂။ " အကယ်၍ သူသည် ရှင်ပေါလုနှင့်ဆက်၍နေလျှင် သူသေမည်ကို စိုးရိမ်သည်။ (ရှု figs_metonymy)

ကရက္ကေသည် ဂလာတိပြည်သို့၎င်း၊ တိတုသည် ဒါလမာတိပြည်သို့၎င်း သွားပြီ။

ထိုသူနှစ်ယောက်တို့သည် ရှင်ပေါလုကို ထားရစ်ခဲ့သည်၊ သို့သော် ရှင်ပေါလုက သူတို့သည် ဒေမကဲ့သို့ ဤဘဝကို ချစ်သည်ဟု ပြောဆိုခြင်းမရှိပေ။

ဒါလမာတိပြည်

ဤအရာသည် ကုန်းတွင်းပိုင်းနေရာ တစ်ခု၏အမည်ဖြစ်သည်။ (ရှု ၊ translate_names)

2 Timothy 4:11-13

သူသည်ဆရာအမှုကို ပြုရာမှာ ငါအကျိုးရှိ၏ ။

ဖြစ်နိုင်ခြေရှိသော အဓိပ္ပာယ်များမှာ ၁။ "သူသည် အမှုတော်မြတ်၌ ငါ့ကို ကူညီနိုင်သည်။" သို့မဟုတ် " သူသည် ငါ့ကို လုပ်ကျွေးပြုစုခြင်းအားဖြင့် ကူညီနိုင်သည်။"

ဝတ်လုံ

အဝတ်အထည်များ၏အပေါ်တွင် ထပ်၍ ဝတ်သော လေးလံသောအဝတ်စ

ကာပု

ဤအရာသည် အမျိုးသားတစ်ယောက်၏ အမည်ဖြစ်သည်။ (ရှု၊ translate_names)

စာစောင်

ဤအရာ သည်စာလိပ်များကို ရည်ညွှန်းသည်။စာလိပ် ဆိုသည်မှာကျူပင်မှရသောစာရွက် သို့မဟုတ် သားရေဖြင့်ပြုလုပ်ထားသော စာအုပ်တစ်မျိုးဖြစ်သည်။ စာလိပ် ပေါ်တွင်ရေးပြီး သို့မဟုတ် ရေးထားသောစာကို ဖတ်ပြီးသောအခါ အစွန်း၌ရှိသော တုတ်တံများဖြင့် ပြန်၍ လိပ်ထားလေ့ရှိသည်။

သားရေစာ

ဤအရာသည် သီးသန့်စာလိပ်တစ်မျိုးကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ"အထူးသဖြင့် တိရိစ္ဆာန်သားရေ ဖြင့်ပြုလုပ်ထားသောစာ" ဟုဆိုလိုသည်။ (UDB)

2 Timothy 4:14-16

အာလေဇန္ဒြု

ဤအရာသည် အမျိုးသားတစ်ယောက်၏ အမည်ဖြစ်သည်။ (ရှု၊ translate_names)

ပန်းတိမ်သမား

"သတ္ထုပစ္စည်းများ ဖြင့်အလုပ်လုပ်သောသူ"

ငါ၌မကောင်း သောအမှုအများကို ပြုလေပြီ။

ရှင်ပေါလုသည် မကောင်းသောအမှုအများကိုပြုခြင်းကို ထင်ရှားစွာဖော်ပြထားသကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "ငါ့အား မကောင်းသောမှုများကို ပြုသည်" ဟုဆိုလိုသည်။ (ရှု၊ figs_metaphor)

ထိုသူကျင့်သော အကျင့် တို့၏ အကျိုးအပြစ်ကို သခင်ဘုရား ဆပ်ပေးတော်မူပါစေသော

သခင်ဘုရားသည် သူပြုသောအမှုအရာများအတွက် သူ့အားအပြစ်ပေးလိမ့်မည်။ (UDB)

သူ့ကို.....သူ၏.....သူ့ကို.....သူ

ဤအရာအားလုံးသည် အာလေဇန္ဒြုကို ရည်ညွှန်းသည်၊

ငါတို့စကားကို အလွန်ငြင်းပယ်လေပြီ။

ဤနေရာတွင် "စကား"သည် ဒေသနာတော် သို့မဟုတ် "သွန်သင်ချက်" ကိုရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ " ကျွန်ုပ်တို့သွန်သင်သော ဒေသနာတော် ကိုဆန့်ကျင်သည်။" ဟုဆိုလိုသည်။ (ရှု၊ figs_metonymy)

ပဌမအချိန်၌ အပြစ်တင်ခွင့်ကိုဖြေ၍ ငါသည် အစီရင်ခံရသောအခါ

"ငါသည် တရားရုံးတွင် ပထမအကြိမ် ပေါ်လာပြီးနောက် ငါ၏အပြုအမူများကို ရှင်းပြသောအခါ"

ငါ့ဘက်၌ အဘယ်သူမျှမနေ

"အဘယ်သူမျှ ကျွန်ုပ်နှင့်မနေ၊ ကျွန်ုပ်ကို မကူညီဘဲ"

Not Applicable

Not Applicable

2 Timothy 4:17-18

သခင်ဘုရားသည် ငါ့ဘက်၌ နေ၍

ရှင်ပေါလုသည် သခင်ဘုရားမှ သူနှင့်အတူရပ်နေသကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "သခင်ဘုရားသည် ငါ့ကိုကူညီတော်မူသည်" ဟုဆိုလိုသည်။ "(ရှု ၊ figs_metaphor)

ဒေသနာတော် ကို အကုန်အစင်ဟောပြော၍၊ ခပ်သိမ်းသောလူမျိုးတို့သည် ကြားသိစေခြင်းငှါ၊

ဤအရာကို ပြုလုပ်သူအနေဖြင့်ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ " သခင်ဘုရား၏ ‌ဒေသနာတော်ကို အလုံးစုံပြောနိုင်စေရန်" ဟုဆိုလိုသည်။ (ရှု၊ figs_activepassive)

ခြင်္သေ့ခံတွင်းမှ ကယ်နှုတ်ခြင်းချမ်းသာကို ငါရ၏။

ရှင်ပေါလုသည် ခြင်္သေ့၏ခြိမ်းခြောက်ခြင်းကို ခံရသကဲ့သို့ပြောနေခြင်းဖြစ်သည်။ ၎င်းခြင်္သေ့သည် ရုပ်ပိုင်းဆိုင်ရာရော၊ ဝိညဉ်ပိုင်းဆိုင်ရာပါ ဖြစ်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ " ငါသည် ကြီးမားသောအန္တရာယ်မှ ကယ်နှုတ်ခြင်းကို ခံခဲ့ရသည်" ဟုဆိုလိုသည်။ " (ရှု၊ figs_metaphor)

2 Timothy 4:19-22

ဩနေသိဇော်၏ အိမ်သူအိမ်သားများ

ဤနေရာတွင် "အိမ်" ဟူသည့်စကားလုံးသည် ထိုနေရာတွင် နေသော လူများကိုဆိုသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "ဩနေသိဇော်၏ အိမ်သူအိမ်သားများ" ကိုဆိုလိုသည်။ (ရှု၊ figs_metonymy)

ဩနေသိဇော်

ဤအရာသည် အမျိုးသားတစ်ယောက်၏ အမည်ဖြစ်သည်။ ဤအမည်ကို မည်သို့ဘာသာပြန်ရမည် ကို 1:15 တွင်ကြည့်ပါ။

ဧရက္ကု....တရောဇိမ်..... ဥဗုလု..... ပုဒေ......လိနု

ဤအရာသည် အမျိုးသားများ၏ အမည်ဖြစ်သည်။ (ရှု ၊ translate_names)

မိလက်မြို့

ဤအရာသည် ဧဖက်မြို့၏တောင်ဘက်တွင်ရှိသော မြို့တစ်မြို့၏အမည် ဖြစ်သည်။

ကြိုးစား၍ လာခဲ့ လော့

"လာရန် အတွက်ကြိုးစားပါ။"

ဆောင်းကာလမရောက်မှီ before winter

"အေးသောအချိန် မရောက်မှီ"

ပုဒေ၊ လိနု၊ ကလောဒိမှစ၍ ညီအစ်ကို အပေါင်းတို့သည်

ဤအရာ ကိုဝါကျအသစ်အနေဖြင့် ဘာသာပြန်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ ပုဒေ၊ လိနု၊ ကလောဒိမှစ၍ ညီအစ်ကို အပေါင်းတို့သည် သင့်ကိုနှုတ်ဆက်ကြသည်။

ကလောဒိ

ဤအရာသည် အမျိုးသမီးတစ်ယောက်၏ အမည်ဖြစ်သည်။

ညီအစ်ကို အပေါင်း

ဤနေရာတွင် "ညီအစ်ကို အပေါင်း" သည် အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ ယုံကြည်သူ အားလုံးကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "ဤနေရာရှိယုံကြည်သူအားလုံး" ကိုဆိုလိုသည်။ (ရှု ၊ figs_gendernotations)

သခင်ယေရှုခရစ်သည် သင်၏စိတ်ဝိညာဉ်နှင့် အတူရှိတော်မူပါစေသော၊

"သခင်ဘုရားသည် သင်၏စိတ်ဝိညာဉ်ကိုခိုင်ခံ့စေရန် ငါဆုတောင်းသည်" ဟုဆိုလိုသည်။ ဤနေရာတွင် သင်သည်အနည်းကိန်း ဖြစ်၍ တိမောသေကို ရည်ညွှန်းသည်။ (ရှု ၊ figs_you)

သင်၌ကျေးဇူးတော် ရှိစေသတည်း။

"သခင်ဘုရားသည် သင်တို့အားလုံးကို ကျေးဇူးပြုစေရန် ငါဆုတောင်းသည်" ဟုဆိုလိုသည်။ ဤနေရာတွင် "သင်"သည် အများကိန်း ဖြစ်၍ တိမောသေနှင့် ယုံကြည်သူအားလုံးကို ရည်ညွှန်းသည်။ (ရှု ၊figs_you)

ကျေးဇူးတော်

"သူ၏ဂရုဏာတော်" နှင့် "သူ၏ကျေးဇူးပြုခြင်း"