Titus
Titus 1
Titus 1:1-3
ယုံကြည်ခြင်းအလို.ငှါ၎င်း
ယုံကြည်ခြင်းကိုပိုမိုခိုင်မာစေရန်
ဂတိထားတော်မူ၍
"၎င်းသည် ဘုရားသခင်၏ ဂုဏ်တော်ကို ဖော်ပြရန်သင့်လျော်သောအရာဖြစ်သည်"
ရှေးကပ်ကာလမရောက်မှီ
"အချိန်အစပြုခြင်းမရှိခင်ကပင်"
တော်လျော်သောအချိန်၌
"သင့်တင့်လျောက်ပတ်သောအချိန်"
နှုတ်ကပတ်တရားတော်ကို ထင်ရှားစေတော်မူသောအရာနှင့်
ရှင်ပေါလုသည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို လူသားများနားလည်သဘောပေါက်စေရန် မြင်သာထင်သာသော အရာဝတ္ထုအနေဖြင်. ပြောခဲ.သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "ဘုရားသခင်သည် သူ၏နှုတ်ကပတ်တရားတော် ကို ဟောကြားခဲ.သည်။ (ရှု ၊ figs-metaphor)
ငါ၌အပ်ထားသော တရားဟောခြင်း၊ အခွင့်အားဖြင့်
"ဘုရားသခင်သည် ကျွန်ုပ်ကို နှုတ်ကပတ်သတင်းစကားပြောကြားရန်ယုံကြည်မှုရှိခြင်း" သို့မဟုတ် " ဘုရားသခင်သည် ကျွန်ုပ်ကို နှုတ်ကပတ်သတင်းစကားပြောကြားရန် တာဝန်ပေးအပ်ခြင်း"ကို ဆိုလိုသည်"
ငါတို့ကိုကယ်တင်သော အရှင်ဘုရားသခင်၏
"ကျွန်ုပ်တို့ကို ကယ်တင်သော ဘုရားသခင်"
Titus 1:4-5
ငါ့သားစစ်ဖြစ်သော
တိတုသည် ပေါလု၏သား အရင်းမဟုတ်သော်ငြားလည်း သူတို့အားလုံးသည် ယေရှုခရစ်တော်၌ တလုံးတစ်ဝတည်းသော ယုံကြည်ခြင်းကို အတူတကွမျှဝေကြသည်။ ထို့ကြောင့် ယေရှုခရစ်အားဖြင့် တိတုသည် ရှင်ပေါလုဩ၏ သားအရင်းကဲ့သို့ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ" သင်သည်ငါ၏သားကဲ့သို့ပင်ဖြစ်သည်။ (ရှု၊ figs-metaphor]])
ဆက်ဆံသောယုံကြည်ခြင်းအားဖြင့်
ရှင်ပေါလုက သူတို့အတူတကွဝေမျှကြသော ခရစ်တော်၌ တူညီသောယုံကြည်ခြင်းကိုဆိုလိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "ကျွန်ုပ်တို့အတူတကွယုံကြည်သော သွန်သင်ချက်များ" ဖြစ်ပါသည်။
ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်း
ဤစကားလုံးသည် ရှင်ပေါလု သုံးလေ့ရှိသော နှုတ်ခွန်းဆက်စကားဖြစ်ပါသည်။ အခြားသော ဘာသာပြန်ဆိုချက် - "သင်တို့၏အတွေ့အကြုံအားဖြင့် သင်တို့အတွင်း၌ခံစားရသော ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်း" ဖြစ်သည်"
ငါတို့ကိုကယ်တင် တော်မူသော အရှင်သခင်ယေရှုခရစ်တော်
"သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့ကိုကယ်တင်သော အရှင်ဖြစ်ပါသည်"
မှာထားခဲ့နှင့်သည်အတိုင်း
"ဤစကားလုံးသည် အကြောင်းပြချက်ဖြစ်သည်"
ကရေတေကျွန်း၌ သင့်ကို ငါထားခဲ့သတည်း။
"ကရေတေကျွန်း၌ နေထိုင်ရန် ပြောခဲ့ခြင်းဖြစ်သည်"
မစုံလင်သမျှတို့ကို ပြင်ဆင်၍
"သင် လုပ်ဆောင်ရန်လိုအပ်သောအရာများကို ပြီးဆုံးသည့်တိုင်လုပ်ဆောင် ခြင်းဖြစ်ပါသည်"
သင်းအုပ်တို့ကို ခန့်ထားစေခြင်းငှါ
"သင်းအုပ်များကိုခန့်ထားစေခြင်း သို့မဟုတ် ခေါင်းဆောင်များကို ခန့်ထားစေခြင်းဖြစ်ပါသည်"
သင်းအုပ်များ
ကနဉီးအသင်းတော်များတွင် ခရစ်ယာန်ခေါင်းဆောင်များသည် ယုံကြည်သူများအစုအဝေးအား ဝိညာဉ်ရေးဆိုင်ရာ ခေါင်းဆောင်မှုကိုပေးရသည်။
Titus 1:6-7
ဆက်စပ်မှုဖော်ပြချက်
ကရေတေကျွန်းပေါ်ရှိ မြို့တိုင်းတွင် အသင်းတော်ခေါင်းဆောင်များခန့်အပ်ရန်တိတုအား ရှင်ပေါလုပြောဆိုပြီးနောက် ခေါင်းဆောင်များအတွက်လိုအပ်ချက်များကို ရှင်ပေါလုပြောဆိုခဲ့သည်။
အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူ၊ မယားတယောက်တည်းရှိသောသူ
အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူဟူသည်မှာ မကောင်းမှု ဒုစရိုက်ကို မလုပ်ဆောင်သောသူကိုဆိုလိုခြင်းဖြစ်သည်။ "အခြားသောဘာသာပြန်ဆိုချက်မှာ "သင်းအုပ်သည် ဆိုးသောဂုဏ်သတင်းရှိသောသူမဖြစ်ရပေ"
မယားတယောက်တည်းရှိသောခင်ပွန်း
သစ္စာရှိသော ခင်ပွန်းတစ်ဦးဖြစ်လာရန်။ ဖြစ်နိုင်ခြေရှိသော အဓိပ္ပာယ်များမှာ - ၁) အခြားသော အမျိုးသမီးများနုင့်ပေါင်းသင်းဆက်ဆံသောသူမဟုတ်ပဲ ) ဒုတိယ မယားတစ်ယောက် သို့မဟုတ်မယားငယ်မရှိသောသူကို ဆိုလိုခြင်းဖြစ်သည်။
သစ္စာရှိသော သားသမီးများ
ဖြစ်နိုင်ခြေရှိသော အဓိပ္ပာယ်များမှာ (၁) ယေရှုကိုယုံကြည်သော သားသမီးများ၊ (၂) သစ္စာရှိ ယုံကြည်ထိုက်သော သားသမီးများတို့ဖြစ်သည်။
နားမထောင်ခြင်း
"ပုံကန်သောသူ သို့မဟုတ် စည်းကမ်းမလိုက်နာသောသူ"
ဘဏ္ဍာစိုးကဲ့သို့
တမန်တော်ရှင်ပေါလုက သင်းအုပ်သည် ဘုရားသခင်၏ ဘဏ္ဍာစိုးကဲ့သို့၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူ ဖြစ်ပြီး ဘုရားသခင်၏အိမ်တော်ရှိ အခန်းအားလုံးကို အုပ်စိုးရသောသူဖြစ်သည်ဟုပြောဆိုခြင်းဖြစ်သည်။ (ရှု - figs_metaphor)
စပျစ်ရည်နှင့်ပျော်မွေ့သောသူ
"သေရည်သေရက်သောက်ကြူးသောသူ" သို့မဟုတ် "ဝိုင်အလွန်အကျွံသောက်သောသူကိုဆိုလိုသည်"
သူတပါးကို ရိုက်ပုတ်သောသူမဟုတ်သော
"သူတစ်ပါးကို အကြမ်းဖက်သောသူ သို့မဟုတ် ရန်လိုသောသူမဖြစ်ရပေ"
Titus 1:8-9
ဖြစ်လျှင်၎င်း
ရှင်ပေါလုသည် ခေါင်းဆောင်တစ်ဦးမဖြစ်နိုင်သောသူမှ ခေါင်းဆောင်တစ်ဦးဖြစ်စေရန်သို့ ပြောင်းလဲငြင်းဆိုဖော်ပြခြင်းဖြစ်သည်။
သူတော်ကောင်းနှင့် အဆွေဖွဲ့သောသူ
ကောင်းသောအမှုကို ချစ်မြတ်နိုးသောသူ
အမြဲစွဲလမ်းသောသူ
ရှင်ပေါလုသည် ခရစ်ယာန်ယုံကြည်ခြင်း၌ သစ္စာရှိခြင်းကို ယုံကြည်ခြင်းကို လက်ဖြင့်ဆွဲကိုင်ထား သူတစ်ဦး အဖြစ် ပြောခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "အစဉ်ချစ်ခင်၍သစ္စာရှိသောသူ" သို့မဟုတ် "ကောင်းမွန်စွာသိကျွမ်းသောသူ" ကိုဆိုလိုပါသည်။ (ရှု၊ [[https://git.door43.org/Door43/en_ta/src/master/translate/figs-metaphor/01.md]])
ကောင်းမွန်သောသွန်သင်ခြင်း
သူသည် စစ်မှန်သောဘုရားသခင်အကြောင်းနှင့် အခြားသောဝိညာဉ်ရေးရာကိစ္စရပ်များကိုသင်ကြားရမည်။
Titus 1:10-11
ဆက်စပ်သောဖော်ပြချက်
ဘရားသခင်၏နှုတ်ကပတ်တော်ကို ဆန့်ကျင်သောသူများစွာရှိသောကြောင့် ရှင်ပေါလုသည် တိတုအား စစ်မှန် သော ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုဟောကြားပြီး၊ မှားယွင်းစွာသွန်သင်သောဆရာများကို သတိထားရန်ဆင် ခြင်ပေးခဲ့သည်။
ဆန့်ကျင်တော်လှန်သောသူများ
တမန်တော်ရှင်ပေါလု၏ ဧဝံဂလိသတင်းစကားကို ဆန့်ကျင်သောသူများစွာရှိသည်။
အချည်းနှီးသော စကားကိုပြော၍၊ လှည့်ဖြားတတ်သောသူများ
ဤစကားစုသည် အထက်ပါစကားစုတွင်ဖော်ပြသော ဆန့်ကျင်တော်လှန်သောသူများကို ရည်ညွှန်းသည်။ "အချည်းနှီး" ဟူသော ပုံဥပမာသည် အသုံးမကျသောသူများ၊ "လှည့်ဖြားတတ်သောသူများ" ဟူသောပုံဥပမာသည် အသုံးမကျသောစကားများကိုပြောဆိုသောသူ သို့မဟုတ် မိုက်မဲစွာပြောဆိုသောသူကို ရည်ညွှန်းပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "အသုံးမကျသောအရာများကိုပြောဆိုပြီး သူတစ်ပါကိုလှည့်စားသောသူများ" ကိုဆိုလိုပါသည်။ (ရှု၊ [[https://git.door43.org/Door43/en_ta/src/master/translate/figs-metaphor/01.md]])
အရေဖျားလှီးခြင်းကို ခံသောသူတို့တွင်လည်း
ဤစကားစုသည် ဂျူးလူမျိုးခရစ်ယာန်ဖြစ်ပြီးခရစ်တော် ၏နောက်တော်သို့လိုက်ရန် အရေဖျားလှီးခြင်း လုပ်ဆောင်ကြရမည်ဟု သွန်သင်သောသူများကို ရည်ညွှန်းပါသည်။ (ရှု၊ [[https://git.door43.org/Door43/en_ta/src/master/translate/01.md /figs-metonymy]])
ထိုသူတို့၏နှုတ်ကိုပိတ်ရမည်
ထိုသူတို့၏သွန်သင်ခြင်းများ မပျံ့နှံ့စေရန်ကာကွယ်ရမည်။ သို့မဟုတ် "ထိုသူတို့၏သွန်သင်ခြင်းများ အခြားသောသူများအပေါ်လွှမ်းမိုးခြင်းမှ ရပ်တန့်စေရန်" လုပ်ဆောင်ရမည်။
မပေးအပ်သော ဩဝါဒကိုပေး၍
ထိုအရာများသည် သခင်ခရစ်တော်နှင့် သူ၏ပညတ်များနှင့် ကိုက်ညီမှုမရှိရုံသာမက၊ မှန်ကန်မှုမရှိသောဩဝါဒများဖြစ်ပါသည်။
မစင်ကြယ်သော စီးပွါးကိုတပ်မက်လျက်
ဂုဏ်ယူစရာမကောင်းသော အကျိုးအမြတ်အတွက်လုပ်ဆောင်သောသူများကို ရည်ညွှန်းပါသည်။
တအိမ်ထောင်လုံးကို မှောက်လှန်တတ်ကြ၏
တစ်အိမ်ထောင်လုံးကို ပျက်စီးစေသည်။ သူတို့၏ယုံ ကြည်ခြင်းကို ဖျက်စီးခြင်းဖြင့် ဝမ်းနည်းစိတ်ပျက်ခြင်းကို ကြုံတွေ့စေပါသည်။ တစ်အိမ်ထောင်ထဲရှိ လူများအချင်းချင်းအငြင်းပွားမှုကို ဖြစ်ပွားစေပါသည်။
Titus 1:12-14
အမျိုးသားချင်းပရောဖက် ဆရာတစ်ယောက်က
ကရေတေကျွန်းမှ ပရောဖက်တစ်ပါး သို့မဟုတ် "သူတို့ကိုယ်တိုင် ခန့်အပ်သော ကရေတေကျွန်းသား ပရောဖက်တစ်ပါး" ဖြစ်သည်။
ကရက်သားမြဲ၊ မုသာစွဲလမ်း
ကရက်သားများသည် တစ်ချိန်လုံး လိမ်လည်သောသူများဖြစ်သည်။ အရက်သားအများစုသည် လိမ်လည်သောသူများဟု အကျယ်ချဲ့ပြောခြင်းဖြစ်သည်။ ((ရှု၊ [[https://git.door43.org/Door43/en_ta/src/master/translate/figs-hyperbole/01.md]])
သားရဲ ကြမ်းကြုတ်
ဤပုံဥပမာသည် ကရက်သားများသည် တိရိစ္ဆာန်များကဲသို့ ရက်စက်ကြမ်းကြုတ်ကြောင်းကို နှိုင်းယှဉ်ထားခြင်း ဖြစ်ပါသည်။ (ရှု၊ [[https://git.door43.org/Door43/en_ta/src/master/translate//01.md figs-metaphor]])
ထိုသူတို့အား ပြုပြင်တည့်မတ်ပေးရမည်အကြောင်း
သင်သည်ထိုသူတို့အားပြုပြင်တည့်မတ်ပေးသောအခါ ကရက်သားများနားလည်နိုင်အထိ ပြင်းထန်သောစကားများကို သုံးရမည်။
ယုံကြည်ခြင်းအမှု၌ စင်ကြယ်စေခြင်းငှါ
ထို့ကြောင့် သူတို့သည် ကျန်းမာသော ယုံကြည်ခြင်းရှိလာမည်။ သို့မဟုတ် "သူတို့၏ယုံကြည်ခြင်းသည် မှန်ကန်လာမည်" ဖြစ်သည်။
Titus 1:15
စင်ကြယ်သောသူတို့အား ခပ်သိမ်းသောအရာတို့သည် စင်ကြယ်လျက်ရှိကြ၏
လူသည်အတွင်းစိတ်၌ စင်ကြယ်လျှင် ထိုသူတို့လုပ်ဆောင်သမျှတို့သည် စင်ကြယ်သောအရာဖြစ်မည်။
စင်ကြယ်သောသူတို့အား
စင်ကြယ်သောသူတို့သည် ဘုရားသခင်လက်ခံနိုင်သောသူများဖြစ်ကြသည်။
မစင်ကြယ်၊ မယုံကြည် သောသူတို့အား အဘယ်အရာမျှ မစင်ကြယ်
ရှင်ပေါလုက အပြစ်သားများ သည် ရုပ်ခန္ဓာညစ်ပတ်သောသူများဖြစ်ကြောင်း ပြောသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "လူသည်ကိုယ်ကျင့်တရားဆိုင်ရာ မစင်ကြယ်သောသူများဖြစ်လျှင် အဘယ်စင်ကြယ်သောအမှုကိုမျှမလုပ်ဆောင်နိုင်ပေ" ((ရှု၊ [[rc://en/ta/man/ translate/figs-metaphor]])
သူတို့သည် ဘုရားသခင်ကို သိယောင်ဆောင်သော်လည်း။ အကျင့်အားဖြင့်ဘုရားသခင်ကို ငြင်းပယ် ကြ၏
သူတို့၏အသက်ရှင် ခြင်းသည် ဘုရားသခင်ကိုမသိကြောင်းပေါ်လွင်စေသည်။
စက်ဆုပ်ရွံ့ရှာဘွယ်သောသူ
ထိုသူတို့သည် စက်ဆုပ်ရွံရှာစရာကောင်းသော သူများဖြစ်ကြသည်။
Titus 2
Titus 2:1-2
ဆက်စပ်မှု ဖော်ပြချက်
ရှင်ပေါလုသည် တိတုအား ဆက်လက်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သွန်သင်ရသည့်အကြောင်းရင်းကို ပြောပြ၍ လူကြီးများ၊ အမျိုးသမီးကြီးများ၊ လူငယ်များနှင့် ကျွန်များ အစေခံများသည် ယုံကြည်သူများအဖြစ်မည်ကဲ့သို့ အသက်ရှင်သင့်သည့် အကြောင်းကိုလည်း ရှင်းပြသည်။
သင်မူကား၊ ထိုက်တန်သမျှတို့ကို ဟောပြောလော့
ရှင်ပေါလုသည် နှိုင်းယှဉ်၍ပြောဆိုပုံရသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "တိတု၊ သင်သည် မှားယွင်းစွာ သွန်သင်သောသူများကဲ့သို့မဟုတ် ထိုက်တန်သောမျှသော အရာများကို သွန်သင်မည်အကြောင်း သတိပြုလော့။ (ရှု၊ [[rc://en/ta/man/ translate/figs-explicit]])
စင်ကြယ်သော ဩဝါဒနှင့်
တော်လျော်သောဩဝါဒ သို့မဟုတ် "မှန်ကန်သောသွန်သင်ချက်"
တည်ကြည်သောသူ
တည်ကြည်လေးနက်သောသူ သို့မဟုတ် "ကိုယ့်ကိုယ်ကို ချုပ်တည်းနိုင်သောသူ"
ဣန္ဒြေစောင့် သောသူ
သူတို့၏ လိုအင်ဆန္ဒများကို ချုပ်တည်းနိုင်သောသူ
ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၌ စိတ်သန်သောသူ ဖြစ်ရကြမည်အကြောင်း၊
ဤနေရာ၌ "စိတ်သန်သောသူ" ဟုဆိုရာတွင် တွေဝေခြင်းမရှိဘဲ တည်ကြည်သောသူဖြစ်ရမည် ဟုဆိုလိုသည်။ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း စသည့်နာမ်များကို ကြိယာအဖြစ် ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ သူတို့သည် ဘုရားသခင်နှင့်ပတ်သက်သော မှန်ကန်သောသွန်သင်ချက်များကို ခိုင်မာစွာယုံကြည်ရမည်၊ အခြားသောယုံကြည်သူများကို စစ်မှန်စွာချစ်ခင်ရမည်၊ ထို့အပြင် ခဲယဉ်းသောကာလ၌ပင် ဘုရားသခင်ကို ဆက်လက်အစေခံနိုင်ရမည်။ (ရှု၊ [[https://git.door43.org/Door43/ en_ta/src/master/translate/figs-abstractnouns/01.md]])
Titus 2:3-5
ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ကဲ့ရဲ့ခြင်းနှင့် ကင်းလွတ်စိမ့်သောငှါ၊
ဤနေရာတွင်စကားတော် သည် "သတင်းစကား" ကိုပြောင်းလဲသုံးစွဲခြင်းဖြစ်သည်။ ဤအရာ ကိုပြုသူအနေနှင့်ဖော်ပြနိုင်သည်။အခြားသောဘာသာပြန်ဆိုချက်မှာ " အဘယ်သူမျှ ဘုရားသခင်၏ စကားတော် ကို မထီမဲ့မြင်မပြုစေသောငှါ" သို့မဟုတ် "အဘယ်သူမျှ ဘုရားသခင်၏ စကားတော် ပုတ်ခတ်ပြောဆိုခြင်းအားဖြင့် ကိုယ်တော်အား မထီမဲ့မြင် မပြုစေခြင်းငှါ"ဟုဆိုလိုသည်။ (ရှု။ ။ [[rc://en/ta/man/ translate/figs-activepassive]] and [[rc://en/ta/man/ translate/figs-metonymy]])
ထိုနည်းတူ၊ အသက်ကြီးရင့်သောမိန်းမတို့သည်
ထိုနည်းတူ အသက်ကြီးသောမိန်းမတို့ကိုသွန်သင်ပါ သို့မဟုတ် "အသက်ကြီးသောမိန်းမများတို့ကိုလည်း သွန်သင်ပါ"
ချောစားတတ်သောသူ
ဤစကားလုံးသည် အခြားသောသူများ၏ မကောင်းသောအကြောင်းများကို ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ပြောသောသူများကို ရည်ညွှန်းသည်။
စပျစ်ရည်၌ လွန်ကြူးတတ်သောသူ
စပျစ်ရည်ကို အလွန်အကြူးသောက်၍ မိမိကိုယ်ကို မချုပ်တည်းနိုင်သောသူကို စပျစ်ရည်၌ လွန်ကြူးသောသူဟု ပြောဆိုလေ့ရှိသည်။ ဤအရာကို ပြုလုပ်သူအနေနှင့်ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "စပျစ်ရည်ကိုလွန်ကျူးစွာမသောက်သောသူ" သို့မဟုတ် "စပျစ်ရည်ကို မစွဲလန်းသောသူ" ကိုဆိုလိုသည်။ (ရှု၊ [[rc://en/ta/ man/ translate/figs-metaphor]] and [[https://git.door43.org/Door43/en_ta/src/master/translate//01.md figs-activepassive]])
Titus 2:6-8
ထိုနည်းတူ
တိတုသည် အသက်ကြီးသူများကို သွန်သင်သည့်နည်းတူ ငယ်ရွယ်သော အမျိုးသားများကိုလည်းသွန်သင်ရန်ဖြစ်သည်။
ကိုယ်တိုင်ပြလော့
သင်ကိုယ်တိုင် အသက်ရှင်ပြရန်ဖြစ်သည်။
ကောင်းသောအကျင့်တို့၏ ပုံသက်သေ
ကောင်းမွန်၍မှန်ကန်သော အရာများကို ပြုသောသူအဖြစ် ပုံသက်သေပြရန်ဖြစ်သည်။
သို့ဖြစ်၍၊ တဘက်၌ နေသောသူသည်ရှက်ကြောက်ခြင်းသို့ ရောက်လိမ့် မည်။
ဤအမှုအရာသည် တစ်စုံတစ်ယောက်က တိတုအား ဆန့်ကျင်၍ ထိုသို့ပြုမိသည့်အတွက် အရှက်ရသည့် အခြေအနေကို ပုံဖော်၍ ရေးသားထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ " အကယ်၍ တစ်ယောက်ယောက်က သင့်ကို ဆန့်ကျင်လျှင် သူ့ကိုအရှက်ရစေမည်" သို့မဟုတ် "အကယ်၍ လူများသည် သင့်ကိုဆန့်ကျင်လျှင် သူတို့ကို အရှက်ရစေလိမ့်မည်။" (ရှု၊ [[rc://en/ta/man/ translate/figs-hypo]])
Titus 2:9-10
မိမိတို့ ၏သခင်
သူတို့၏သခင်
အရာရာ၌
အခြေအနေအမျိုးမျိုး၌ သို့မဟုတ် "အမြဲတမ်း"
မိမိတို့ သခင်၏အုပ်စိုးခြင်းကို ဝန်ခံ၍
သူတို့၏သခင်ကိုပျော်ရွှင်စေမည် သို့မဟုတ် "သူတို့၏သခင်ကို ကျေနပ်စေမည်" ဖြစ်သည်။
ခပ်သိမ်းသောသစ္စာကို ထင်ရှားစွာ ပြမည်အကြောင်း
သူတို့သခင်၏ ယုံကြည်ထိုက်သောသူဖြစ်ကြောင်းအသက်ရှင်ပြခြင်းကိုဆိုလိုသည်။
အရာရာ၌ သခင်၏အလိုသို့ လိုက်မည်အကြောင်း
သူတို့လုပ်ဆောင်သော အမှုမှန်သမျှ
ငါတို့ကို ကယ်တင်တော်မူသော အရှင်ဘုရားသခင်၏ ဩဝါဒကို အရာရာ၌ တန်ဆာဆင်ခြင်းငှါ
ကယ်တင်ရှင် သခင်ယေရှုခရစ်တော်၏ သွန်သင်ချက်များကို နာခံခြင်းဖြင့် သို့မဟုတ် "သူတို့သည် ကယ်တင်ရှင် သခင်ယေရှုခရစ်တော်၏ကောင်းမြတ်ခြင်းအကြောင်းကို လူသားများအား နားလည်တဘောပေါက်စေသည်။"
ငါတို့ကို ကယ်တင်တော်မူသော အရှင်ဘုရားသခင်
ကျွနုပ်တို့အားကယ်တင်သော အရှင် ဘုရားသခင်ကိုဆိုလိုသည်။
Titus 2:11-13
ဆက်စပ်မှုဖော်ပြချက်
ရှင်ပေါလုသည် တိတုအား ခပ်သိမ်း သောအာဏာတန်ခိုးဖြင့် သင်ယေရှုကြွလာမည်ကို မျှော်လင့်ရန်အားပေးခြင်းဖြစ်သည်။
အရှင်သခင် ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းကို၎င်း
ရှင်ပေါလုက လူတစ်ဦးသည် အခြားသောသူများထံသို့ သွားသကဲသို့ သခင်ယေရှုခရစ်တော်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းလာမည်ကို ပြောဆိုခြင်းဖြစ်သည်။ (ရှု၊ [[https://git.door43.org/Door43/en_ta/src/master/translate//01.md figs-personification]])
ငါတို့ကို ဆုံးမသွန်သင်၍
ရှင်ပေါလုက ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းအကြောင်းကို (တိ ၂း၁၁) တွင် ဖော်ပြထားသည်။ လူတစ်ဦးသည် အခြားသူများထံသို့သွား၍ သန့်ရှင်းစင်ကြယ်သောအသက်တာဖြင့်နေထိုင်အသက်ရှင် ကြသည့်အနေဖြင့် ဆုံးမသွန်သင်ခြင်းဖြစ်သည်။ (ရှု၊ [[https://git.door43.org/Door43/en_ta/src/master/translate/figs-personification/01.md]])
ဘုရားမဲ့ တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ်ရှားလျက်၊ ယခု ဘဝ၌ ဣန္ဒြေစောင့်ခြင်း၊ တရားသဖြင့်ကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျှော်ခြင်းတို့ကို ပြုနေရမည်အကြောင်း၊ ငါတို့ကို ဆုံးမသွန်သင်၍
ဘုရားသခင်မနှစ်သက်သော အမှုများကို ကျွနုပ်တို့အား သင်ကြားပေးသည်။
လောကီတပ်မက်ခြင်း
လောကီအရာများဖြစ်သာ တပ်မက်ခြင်း၊ မက်မောခြင်း၊ မာန်မာနများကို အလွန်နှစ်သက်မြတ်နိုးခြင်း သို့မဟုတ် "အပြစ်နွံထဲ၌သာ အလွန်ပျော်ရွှင်လိုသောဆန္ဒ" ကိုဆိုလိုသည်။
ယခု ဘဝ၌
ကျွနုပ်တို့ ဤလောကအသက်ရှင်နေစဉ် သို့မဟုတ် "ယခုအချိန်မှာပင်"
ငါတို့သည် မြော်လင့်လျက်
မြော်လင့်လျက် ကြိုဆိုလက်ခံရန်စောင့်နေခြင်း
လူအပေါင်းတို့ကို ကယ်တင်တတ်သော ဘုရားသခင်၏ကျေးဇူးတော်သည် ထင်ရှား ပေါ် ထွန်းလျက်ရှိ၏
"ကျေးဇူးတော်" ဟူသောစကားလုံးသည် သခင်ယေရှုကိုယ်တော်တိုင် ဘုန်းတန်ခိုးတော်ဖြင့် ပေါ်လာမည်ကိုဆိုလိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "ကောင်းမွန်သောအရာကို ကျွန်ုပ်တို့မြော်လင့်ခြင်း၊ ထိုမြော်လင့်ခြင်းသည် ဘုရားသခင်၏ကျေးဇူးတော်နှင့်သခင်ယေရှုခရစ်တော်ကယ်တင်ခြင်းသည် ထင်ရှားပေါ်ထွန်းလာမည်" ကိုဆိုလိုခြင်းဖြစ်ပါသည်။ (ရှု၊ [[https://git.door43.org/Door43/en_ta/src/master/translate/figs-metonymy/01.md]])
Titus 2:14
ကျွန်ုပ်တို့အတွက်အသေခံပေးခဲ့သည်။
ဤအချက်သည် ကျွန်ုပ်တို့အတွက် အသေခံခြင်းမှာ သခင်ယေရှု၏အလိုတော်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "ကျွန်ုပ်တို့အတွက် သခင်ယေရှုအသေခံပေးခဲ့သည်။" (ရှု၊ [[https://git.door43.org/Door43/en_ta/src/master/translate/figs-explicit/01.md]])
ခပ်သိမ်းသော ဒုစရိုက်မှ ငါတို့ကို ရွေးနှုတ်ခြင်းငှါလည်းကောင်း
ရှင်ပေါလုက သခင်ယေရှုသည် ဆိုးယုတ်ခြင်းအားလုံး၏ သခင်ဖြစ်သော စာတန်၏အုပ်စိုးခြင်းခံရသော ကျွန်များအဖြစ်မှ ကျွန်ုပ်တို့အားလွတ်မြောက်စေခဲ့ကြောင်း ပြောဆိုခြင်းဖြစ်ပါသည်။ (ရှု၊ [[rc://en/ta/man/ translate/figs-metaphor]])
ပိုင်ထိုက်တော်မူသော အမျိုးကို
အမွေပိုင်ထိုက်သော လူတစ်စုကိုဆိုလိုသည်။
စိတ်အားကြီး၍
စိတ်အားထက်သန်သော စိတ်ဆန္ဒရှိခြင်းကိုဆိုလိုပါသည်။
Titus 2:15
ဆုံးမပြစ်တင်ခြင်းတို့ကို ခပ်သိမ်းသော အာဏာနှင့်တကွပြုလော့
ဤအချက်သည် အတိအလင်းဖော်ပြထားသော ဖော်ပြချက်ဖြစ်ပါသည်။ အခြားသော ဘာသာပြန်ဆိုချက်မှာ "မှားယွင်းစွာပြုမူသောသူများကို ခပ်သိမ်းသော အာဏာ နှင့်တကွ ပြစ်တင်ဆုံးမကာ တည့်မတ်ပေးရန်ဆိုလိုခြင်းဖြစ်ပါသည်။" (ရှု၊ [[https://git.door43.org/Door43/en_ta/src/master/translate/figs-explicit/01.md]])
အဘယ်သူမျှ
အဘယ်သူမျှ ချန်မထားဘဲနှင့်ဟုဆိုလိုသည်။
သင့်ကိုမထီမဲ့မြင် မပြုစေနှင့်
ဤအချက်သည် အတိအလင်းဖော်ပြထားသော ဖော်ပြချက်ဖြစ်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "သင်၏စကားများကို နားထောင်ရန် ငြင်းဆိုခြင်း" သို့မဟုတ် "သင့်ကိုအရိုအသေပေးရန် ငြင်းဆိုခြင်း" ကိုဆို လိုသည်။ (ရှု၊ [[https://git.door43.org/Door43/en_ta/src/master/translate/figs-explicit/01.md]])
Titus 3
Titus 3:1-2
ဆက်စပ်မှု ဖော်ပြချက်
ရှင်ပေါလုသည် တိတုအား ကရေတေကျွန်း၌ရှိသော သင်းထောက်များနှင့် ယုံကြည်သူများအား မည်ကဲ့သို့ သွန်သင်ရမည်ကိုဆက်လက်ညွှန်ကြားသည်။
ဝန်ခံစေခြင်းငှါ၎င်း
ယုံကြည်သူများအား သူတို့သိပြီးသားဖြစ်သော ဝန်ခံခြင်း ကိုသတိပေးထားခြင်း သို့မဟုတ် " အုပ်စိုးခြင်းကို ဝန်ခံရန် ထပ်မံသတိပေးခြင်း"
အထွဋ်အမြတ်အာဏာစက်၏ အုပ်စိုးခြင်းကို ဝန်ခံစေခြင်းငှါ၎င်း၊ မင်း၏စကားကို နား ထောင်စေခြင်းငှါ၎င်း၊
နိုင်ငံတော်နှင့်ပတ်သက်သော အုပ်ချုပ်သူနှင့်အစိုးရများကို နာခံခြင်းအားဖြင့် သူတို့ပြောသည့်အတိုင်းလုပ်ဆောင်ရန်။
အထွဋ်အမြတ်အာဏာစက်နှင့် မင်းများ
ဤစကားလုံးများသည် အဓိပ္ပါယ်ဆင်တူပြီး အစိုးရအဖွဲ့ရှိ အာဏာရှိသူ အယောက်စီတိုင်း ပါဝင်သည်ဟု အဓိပ္ပါယ်ရသည်။
ကောင်းသောအမှုအမျိုးတို့ကိုပြု၍ အသင့်ဖြစ်စေခြင်းငှါ၎င်း၊
အခွင့်အလမ်း ကြုံလာသည့်အခါတိုင်းကောင်းသော အမှုကိုပြုရန်ဖြစ်သည်။
ကဲ့ရဲ့
ကဲ့ရဲ့သောစကားကို ပြောသည်။
Titus 3:3
အထက်က ငါတို့သည်
အကြောင်းမူကား ငါတို့သည်တစ်ချိန်က
အထက်က
"တစ်ချိန်က" သို့မဟုတ် " အရင်က"
ငါတို့သည်
ကျွန်ုပ်တို့ပင်လျှင် သို့မဟုတ် "ကျွန်ုပ်တို့သည်လည်း"
ပညာမဲ့သောသူ
မိုက်မဲသောသူ သို့မဟုတ် ပညာမဲ့သောသူ
မှားယွင်းသောသူ၊ အထူးထူးအပြားပြားသော တပ်မက်ခြင်း၊ ကာမဂုဏ်ခံစားခြင်း အမှုတို့ကို ဆောင်ရွက်သောသူ
တပ်မက်ခြင်း နှင့်ကာမဂုဏ်ခံစားခြင်းတို့သည် လူတို့ကို လိမ်လည်ခြင်းဖြင့် ကျွန်အဖြစ်အုပ်စိုးသော သခင်များကဲ့သို့ ပြောဆိုထားသည်ကိုတွေ့ရသည်။ ဤအရာကို ပြုလုပ်သောသူအဖြစ်လည်း ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "အထူးထူး အပြားပြားသော တပ်မက်ခြင်းနှင့်ကာမဂုဏ်ခံစားခြင်းတို့သည် ကျွန်ုပ်တို့ကို လိမ်ညာ၍ လမ်းလွဲစေနိုင်သည်၊" သို့မဟုတ် "ကျွန်ုပ်တို့ကိုယ်တိုင် အထူးထူး အပြားပြားသော တပ်မက်ခြင်းနှင့်ကာမဂုဏ်ခံစားခြင်း တို့သည် ပျော်ရွှင်မှုကိုပေးနိုင်သည်ဟု လွှဲမှားစွာယုံကြည်နေကြသည်အတွက် ကျွန်ုပ်တို့သည် မိမိတို့၏ခံစားချက်များကို မထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ သို့မဟုတ် ကျွန်ုပ်တို့အား သာယာမှုကို ပေးနိုင်သည်ဟု ထင်ရသောအရာများကို ပြုလုပ်ခြင်းမှ ရပ်တန့်စေရန် မလုပ်ဆောင်နိုင်တော့ပေ။" (ရှု၊ [[rc://en/ta/man/ translate/figs-personification]] and [[https://git.door43.org/Door43/en_ta/src/master/translate//01.md figs-activepassive]])
တပ်မက်ခြင်းများ
တဏှာ သို့မဟုတ် "တပ်မက်ခြင်း"
မနာလိုခြင်း၊ ငြူစူခြင်း၌ ကျင်လည်သောသူ
မနာလိုခြင်းနှင့် ငြူစူခြင်း တို့သည် အပြစ်နှင့်ဆိုင်သော ဆင်တူသောစာလုံးများ ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်မှာ " ကျွန်ုပ်တို့သည် ဆိုးညစ်သောအမှုများကို အစဉ် ပြုလုပ်ပြီး အခြားသောသူမျာ၌ ရှိသောအရာ များကို ရယူလိုကြသည်။ (ရှု၊[[https://git.door43.org/Door43/en_ta/src/master/translate//01.md figs-hendiadys]])
စက်ဆုပ်ရွံ့ရှာဘွယ်သောသူ
ကျွန်ုပ်တို့သည် အခြားသောသူများအား ကျွန်ုပ်တို့ကို မုန်းတီးစေသည်။
Titus 3:4-5
ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရားသခင်၏ စေတနာတော်နှင့် လူတို့ကိုချစ်တော်မူသော မေတ္တာတော်သည် ပေါ်ထွန်းသောအခါ
ရှင်ပေါလုသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့၏ ရှေ့မှောက်သို့ရောက်ရှိလာသော သူများကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ (ရှု၊[[https://git.door43.org/Door43/en_ta/src/master/translate//01.md figs-personification]])
မိမိသနားခြင်း ကရုဏာတော်နှင့်အညီ
သူ၏ဂရုဏာတော်သည် ကျွန်ုပ်တို့အပေါ်တွင်တည်ရှိနေသောကြောင့်
ဒုတိယမွေးခြင်းနှင့်ဆိုင်သော ဆေးကြောအသစ်ပြုပြင်ခြင်း
ရှင်ပေါလုသည် အပြစ်သားများအတွက် ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို သူ၏ခန္ဓာဆေးကြောခြင်းကဲ့သို့ ပြောခြင်းဖြစ်နိုင်သည်။ သူသည် ဘုရားသခင်အား ပြန်လည်တုံ့ပြန်သော အပြစ်သားများကို အသစ်တဖန် ပြန်လည်မွေးဖွားသော သူများကဲ့သို့ပြောဆိုခြင်းဖြစ်သည်။ (ရှု။ [[https://git.door43.org/Door43/en_ ta/src/master/translate/figs-metaphor.md]])
Titus 3:6-7
ငါတို့အပေါ်သို့ ကြွယ်ဝစွာ သွန်းလောင်းတော်မူ၏
ဓမ္မသစ်ကျမ်းကို ရေးသားသောသူတို့အတွက် သန့်ရှင်းသော ဝိညဉ်တော်ကို ဘုရားသခင်မှ အမြောက်အမြားသွန်းလောင်းနိုင်သော အရာ အဖြစ် ပြောဆိုလေ့ရှိသည်။ အခြားသောဘာသာပြန်ချက်မှာ "ဘုရားသခင်မှ ကျွန်ုပ်တို့အား ရက်ရောစွာ ပေးသနားတော်မူသောအရာ" ဟုဆိုလိုသည်။ (ရှု၊ [[https://git.door43.org/Door43/en_ta/src/master/translate//01.md figs-metaphor]])
ငါတို့ကို ကယ်တင်တော်မူသော သခင်ယေရှခရစ်အားဖြင့်
သခင်ယေရှု ကျွန်ုပ်တို့ကိုကယ်တင်တော်မူသောအချိန်
ဖြောင့်မတ်ရာသို့ရောက်၍
ဤအရာကို ပြုလုပ်သူအနေနှင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်မှာ "ဘုရားသခင်သည် ကျွန်ုပ်တို့ အပြစ်မရှိကြောင်း ကြေငြာသည့်အချိန်မှစ၍" (ရှု၊ [[https://git.door43.org/Door43/en_ta/src/master/translate/01.md / figs-activepassive]])
ထာဝရအသက်ကို မြော်လင့်သည်နှင့်အညီအမွေခံဖြစ်မည် အကြောင်းတည်း။
ဘုရားသခင် ကတိပေးတော်မူသော သူများသည် မိသားစုဝင်များမှ ချမ်းသာကြွယ်ဝမှုနှင့်ပိုင်ဆိုင်မှုများကို အမွေခံရမည့် သူများကဲ့သို့ဖြစ်ရမည်ကို ဆိုလိုခြင်းဖြစ်သည်။ (ရှု၊ [[rc://en/ta/man/ translate/ figs-metaphor]])
Titus 3:8
ဤစကား
ဤစကားသည် ဘုရားသခင်က ယုံကြည်သူများအား သခင်ယေရှုအားဖြင့် ပေးသောသန့်ရှင်းသော ဝိညာဉ်တော်ကို ရည်ညွှန်းသည်။ Titus 3:7
ကောင်းသောအကျင့်တို့ကို အမြဲကျင့်အံ့သောငှါ သတိပြုရမည်အကြောင်း
ကောင်းသောအကျင့်တို့ကို ပြုကျင့်ရန်
Titus 3:9-11
ဆက်စပ်မှု ဖော်ပြချက်
ရှင်ပေါလုသည် တိတုရှောင်ကြဉ်ရမည့်အရာများနှင့် ယုံကြည်သူများအကြား ခိုက်ရန်ဖြစ်ပွားမှုကို ဖြစ်စေသော သူများကို မည်ကဲ့သို့ ဆက်ဆံရမည်အကြောင်း ရှင်းပြခြင်းဖြစ်သည်။
ရှောင်လော့
သို့ဖြစ်၍ ရှောင်လော့ သို့မဟုတ် "ထို့ကြောင့် ရှောင်လော့"
မိုက်မဲသော ပုစ္ဆာအမေးတို့
အရေးမကြီးသော အကြောင်းအရာများနှင့်ပတ်သက်သော အငြင်းအခုံများကိုဆိုလိုသည်။
ဆွေစဉ်မျိုးဆက် စာရင်းများ
ဤအရာသည် မိသားစု ဆွေစဉ်မျိုးဆက် ပတ်သက်မှုကို လေ့လာခြင်းဖြစ်သည်။
တိုက်လှန်ခြင်း
အငြင်းပွားမှုများ သို့မဟုတ် ခိုက်ရန်ဖြစ်ပွားမှုများ
ပညတ်တရား
မောရှေ၏ ပညတ်တရားတော်
ရှောင်လော့
တစ်စုံတစ်ယောက်ကို ရှောင်လော့
နှစ်ကြိမ်မြောက်အောင် ဆုံးမပြီးမှ
သင်သည် ထိုသူကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်မြောက်အောင် ဆုံးမပြီးနောက်
ထိုသို့သောသူ
ထိုကဲ့သို့သောသူ
မှောက်လှန်သော စိတ်ရှိသောသူ
ရှင်ပေါလုသည် အမှားပြုလုပ်သောသူတစ်စုံတစ်ယောက်အား သူလျှောက်နေသောလမ်းမှ သွေဖယ်သွားသကဲ့သို့ ဖြစ်ခြင်းကို ပြောဆိုခြင်းဖြစ်သည်။ (ရှု၊ [[rc://en/ta/man/ translate/figs-metaphor]])
သိလျက်ပင် အပြစ်ပြု၍
အပြစ်စီရင်ခြင်းကို မိမိအပေါ်သို့ ကျရောက်စေသည်။
Titus 3:12-13
ဆက်စပ်မှု ဖော်ပြချက်
ရှင်ပေါလုသည် တိတုကို ကရေတေကျွန်း၌ သင်းထောက်များကို ခန့်ထားပြီးနောက် လုပ်ဆောင်ရမည့်အရာများကို မှာကြားခြင်းနှင့် သူနှင့်အတူရှိသော သူများကို နှုတ်ဆက်ခြင်းအားဖြင့် သူ၏စာကို အဆုံးသတ်ခဲ့သည်။
ငါစေလွှတ်သောအခါ
ငါစေလွှတ်ပြီးနောက်
အာတေမ..........တုခိတ်
ဤအရာများသည် အမျိူးသားများ၏ အမည်များဖြစ်သည်။ (ရှု၊ [[rc:// en/ta/man/ translate/translate-names]])
ငါ့ထံသို့လာခြင်းငှါ ကြိုစားလော့
အလျှင်အမြန်လာပါ။
ဆောင်းကာလပတ်လုံး ထိုမြို့၌ငါနေမည်။
ဆောင်းကာလ တစ်လျှောက်လုံးနေမည်။
ဇေန
အမျိုးသားတစ်ဉီး၏ အမည်ဖြစ်သည်။ (ရှု၊ [[https://git.door43.org/Door43/en_ta/src/master/translate/translate-names/01.md]])
အဘယ်အရာမျှ မလိုခြင်းငှါ ကြိုးစား၍ပို့လော့။
ပို့ဆောင်ရန် မနှောင့်နှေးပါစေနှင့်။
နှင့်အာပေါလု
အာပေါလုကိုလည်း ပို့ဆောင်ပေးပါ။
Titus 3:14
ဆက်စပ်မှု ဖော်ပြချက်
ရှင်ပေါလုသည် ဇေနနှင့် အာပေါလုအတွက် အဘယ်ကြောင့် ပေးလှူရန်လိုအပ်ကြောင်းကိုရှင်းပြခြင်းဖြစ်သည်။
ငါတို့၏လူများ
ရှင်ပေါလုသည် ကရေတေကျွန်းရှိ ယုံကြည်သူများကို ရည်ညွှန်းသည်။
ကိုယ်သုံးစရာဘို့ ရှိရမည်အကြောင်း
အရေးတကြီးချက်ချင်း လိုအပ်သော အရာများကို ရရှိနိုင်ရန် ကူညီခြင်း။
အသီးမဲ့သောသူမဖြစ်
ရှင်ပေါလုသည် ကောင်းမှုပြုသောသူများကိုကောင်းသောအသီးသီးသောသူများနှင့် ဉပမာပြုထားသည်။ အငြင်းဝါကျ နှစ်ကြောင်းကို သုံးထားခြင်းမှာ သူတို့သည် အသီးသီးသောသူများ သို့မဟုတ် ကောင်းသောအကျင့်ကိုကျင့်သောသူများ ဖြစ်သင့်သည်ဟုဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်မှာ လိုအပ်ချက်များ၊ ဤနည်းအားဖြင့် သူတို့သည် အသီးသီးမည့်အကြောင်း" သို့မဟုတ် " လိုအပ်ချက်များ၊ ဤသို့အားဖြင့် သူတို.သည် ကောင်းသောအကျင့်ကိုကျင့်မည်အကြောင်း" ဟုဆိုလိုသည်။ (ရှု။ ။[[https://git.door43.org/Door43/en_ta/src/master/translate//01.md figs-doublenegatives]])
့
Titus 3:15
ယေဘုယျ အချက်အလက်
ရှင်ပေါလုသည် တိတုထံသို့ရေးသော ဩဝါဒစာကို အဆုံးသတ်သည်။
လူအပေါင်းတို့
လူများအားလုံး
ယုံကြည်ခြင်းနှင့်တကွ ငါတို့ကို ချစ်သောသူများ
ဖြစ်နိုင်ချေအဓိပ္ပါယ်များမှာ ၁။ " ငါတို့ကို ချစ်သောယုံကြည်သူများ သို့မဟုတ် ၂။ ငါတို့နှင့်တူညီသောယုံကြည်ခြင်းရှိသောကြောင့် ငါတို့ကို ချစ်သောယုံကြည်သူများ" ဖြစ်ကြသည်။
သင်တို့အပေါင်း၌ ကျေးဇူးတော်ရှိစေသတည်း။
ဤအရာသည် ခရစ်ယာန်ဘာသာဝင်များ၏ ပုံမှန်နှုတ်ဆက်နေကျစကားဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်မှာ " ဘုရားသခင် ၏ ဂရုဏာတော်သည် သင်တို့နှင့်အတူရှိစေသတည်း" သို့မဟုတ် "ဘုရားသခင်သည် သင်တို့အပေါ် ဂရုဏာတော်ရှိစေရန် ငါဆုတောင်း၏ ။