Acts
Acts 6
Acts 6:1
ယေဘုယျအချက်အလက်
ဤအကြောင်းအရာသည်အသစ်သောအပိုင်း၏အစဖြစ်သည်။ လုကာသည် ပုံ ဝထ္ထုကိုနားလည်ရန်အရေးကြီးသောနောက်ခံသမိုင်းအချက်အလက်များကိုပေးထားသည်။ ( ရှု၊writing_background
ထိုကာလ၌
"အဲဒီအချိန်မှာ" ( ရှု၊writing_newevent
များပြားသည်
" မြောက်များစွာတိုးပွားလာခြင်း"
ဟေလေနစ်အမျိုး
ဣသရေလပြည်၏အပြင်ဘက်၊ရောမအင်ပါယာနေရာအနှံ့တွင်နေထိုင်ကြသောဂျူးများသည်၊ ကြီးပြင်းလာသောအခါ ဂရိစကားပြောသည်။ သူတို့၏စကားနှင့် ယဉ်ကျေးမှုသည် ဣသရေလပြည်တွင်ကြီးပြင်းသောသူတို့နှင့်ကွဲပြားခြား နားသည်။
ဟေဗြဲလူများ
ဤဂျူးများသည် ဣသရေလပြည်တွင်ကြီးပြင်းပြီး ဟေဗြဲစကားနှင့်အာရေမိစကားပြောကြသည်။ အသင်းတော်တွင် ဂျူးများနှင့်ယုဒဘာသာဝင်မှာပြောင်းလာကြသောသူများ ပါဝင်ကြသည်။
မုတ်ဆိုးမများ
လင်ယောက်ျားသေဆုံး၍ကျန်ခဲ့သောမိန်းမများ
ဟေလေနစ်အမျိုး မုတ်ဆိုး မတို့ကို မလုပ်မကျွေး
ဤစကားကိုပြုလုပ်သူအဖြင့်ဖေါ်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဟေဗြဲယုံကြည်သူများသည်ဟေလေနစ်မုတ်ဆိုးမများကို လျစ်လျူရှုသည်" ( ရှု၊ figs_activepassive)
မလုပ်မကျွေး
" လျစ်လျူရှုခံရခြင်း" (သို့မဟုတ်) "မေ့လျော့ခံရခြင်း" အကူအညီလိုသူများ၊ ကျန်ရစ်ခဲ့သူများ အများအပြားရှိသည်။
နေ့ရက် အစဉ်အတိုင်း လုပ်ကျွေးသောအခါ
တမန်တော်များသည် ပေးထားသောငွေများမှစားစရာများဝယ်၍ ကနဦးအသင်းတော်မှမုတ်ဆိုးမများကိုနေ့စဉ်ဝေပေးခြင်း၊
Acts 6:2-4
ယေဘုယျအချက်အလက်
"သင်တို့" စကားလုံးသည် ယုံကြည်သူတပည့်တော်များကို ရည်ညွှန်းသည်။( ရှု၊figs_youdual)
ယေဘုယျအချက်အလက်
"ငါတို့"၊" ငါတို့ကို" စကားလုံးတို့သည် တပည့်တော်(၁၂) ပါးကိုရည်ညွှန်းသည်။ မြန်မာစကားတွင်" ကျွန်ုပ်တို့" ဟူ၍ သုံးနိုင်ပါသည်။ (ရှု၊figs_exclusive)
တကျိပ်နှစ်ပါး
တမန်တော် (၁၁) ပါးတွင် မဿိကိုရွေးထည့်ထားသဖြင့် (၁၂) ပါးဖြစ်သည်။
တပည့်တော် အပေါင်းတို့
" တပည့်တော်များအားလုံး" သို့မဟုတ် " ယုံကြည်သူများအားလုံး"
ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကိုထား၍
သူတို့၏အရေးကြီးသောအလုပ်ဖြစ်သည့် နုတ်ကပတ်တော်သင်ကြားခြင်းကို အ လေးပေးခြင်းငှာ ချဲ့ကားပြောသည်။ ( ရှု၊figs_hyperbole)
စားပွဲ၌လုပ်ကျွေးမှု
လူများကိုအစားအစာကျွေးမွေးသည်ဟုအဓိပ္ပါယ်ရသည်။ (ရှု၊ figs_metonymy)
ဝိညာဉ်တော်နှင့်၎င်း၊ ပညာနှင့်၎င်းပြည့် စုံလျက်၊ အသရေရှိသော လူများ
ဖြစ်နိုင်သောအဓိပ္ပါယ်များမှာ ၁) အရည် အသွေး သုံးမျိုးမှာ ကောင်းသောအကျင့်စာရိတ္တရှိခြင်း၊ ဝိညာဉ် တော်နှင့် ပြည့်ခြင်း၊ ဉာဏ်ပညာနှင့်ပြည့်ခြင်း။ ၂) ကောင်းသောဂုဏ်အသရေရှိရန် အရည်အသွေးနှစ်မျိုးမှာ ဝိညာဉ်တော်ပြည့်ဝခြင်းနှင့် ပညာဉာဏ်ပြည့်ဝရန်ဖြစ်သည်။ (UDB)
အသရေရှိသောလူ
"လူများကကောင်းမွန်သည်ဟုသိသောသူများ" သို့မဟုတ် " လူများက ယုံကြည်စိတ်ချရသူ"
ဤအမှု ကို
ဤအလုပ်ကို တာဝန်ယူ၍လုပ်ရန်
ဆုတောင်းပဌနာပြခြင်း၊ နှုတ်က ပတ်တ ရားတော် ကို ဟောပြောခြင်းအမှုတို့ကို
ထပ်တိုး၍ကူညီရန်အကြောင်းအချက်များ အခြားသောဘာသာပြန်ဆိုချက်၊ " သင် ကြာခြင်း၊ နှုတ်ကပတ်တော်ဟောပြောခြင်း အမှုတော်မြတ်" ( ရှု၊ figs_ellipsis)
Acts 6:5-6
ထိုစကားကိုလူအစုအဝေးအပေါင်းတို့သည် နှစ်သက်ကြသဖြင့်၊
လူအပေါင်းတို့သည် သူတို့၏တိုက်တွန်းအကြံပေးချက်ကိုနှစ်သက်ကြသည်။
သတေဖန်မှစ၍...နိကောလ
ဤအမည်များသည်ဂရိနာမည်များဖြစ်ပြီး၊ ဟေလေနစ်ယုံကြည်သူများအုပ်စုမှရွေးကောက်ခံရသူများဖြစ်ကြသည်။ ( ရှု၊figs_explicit)
ယုဒဘာ သာဝင်
ယုဒဘာသာတရားသို့ ပြောင်းလဲလာသော တပါးအမျိုးသားတစ်ဦး
ထိုသူတို့၏ ခေါင်းပေါ်၌ လက်ကို တင်ကြ၏။
ရွေးထားသောခုနှစ်ဦးအပေါ်သို့လက်များတင်ခြင်းသည် ကောင်းကြီးပေးခြင်း၊တာဝန်များခွဲပေးခြင်းနှင့်အလုပ်အတွက်လုပ်ပိုင်ခွင့်အာဏာပေးခြင်းများကို ကိုယ်စားပြုခံခဲ့ရပါသည်။ ( ရှု၊ translate_symaction)
Acts 6:7
ယေဘုယျအချက်အလက်
ဤစာပိုဒ်မှလက်ရှိအသင်းတော်၏ကြီးထွားလာခြင်းကိုဖော်ပြသည်။
ဘုရားသခင်၏ သာသနာတော်သည် တိုးပွားသဖြင့်
ဘုရားသခင်၏နှုတ်ကပတ်တော်သည်တိုးပွားနေသဖြင့် ယုံကြည်သူလူဦးရေပွားများလာခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်သောလူအမြောက်အများတိုးပွားလာခဲ့သည်။
ယုံကြည်ခြင်း တရားကို နားထောင်ကြ၏။
အသစ်သောယုံကြည်ချက်၏သွန်သင်မှုနောက်သို့ လိုက်လျှောက်ခဲ့ကြသည်။
ယုံကြည်ခြင်းတရား
ဖြစ်နိုင်ခြေရှိသောအဓိပ္ပါယ်များမှာ ၁) သခင်ယေရှု၌ယုံကြည်သောဧဝံဂေလိသတင်း၂) အသင်းတော်၏သွန်သင်ချက် ၃) ခရစ်ယာန်သွန်သင်ချက်
Acts 6:8-9
ဆက်စပ်မှုဖော်ပြချက်
အသစ်သောအကြောင်းအရာ၏အစပိုင်းကိုဆက်စပ်ဖေါ်ပြသည်။
ယေဘုယျအချက်အလက်၊
ဤစာပိုဒ်များကသတေဖန်နှင့်အခြားလူများ၏နောက်ခံအချက်အလက်များကိုပေးထားသည်။ ဆိုလိုသည်မှာပုံဝထ္ထုအကြောင်းကိုနားလည်ရန်အရေးကြီးသည်။ ( ရှု၊ writing_background)
သတေဖန်
ဤအပိုင်းတွင်သတေဖန်သည်အဓိကဇာတ်ကောင်ဖြစ်၍အစအဦီး၌မိတ်ဆက်ပေးထားခြင်းဖြစ်သည်။ ( ရှု၊writing_participants)
သတေဖန်သည် ကျေးဇူးတော်နှင့်၎င်း၊ တန်ခိုး တော်နှင့်၎င်း ပြည့်စုံသဖြင့်...ပြု၏
" ကျေးဇူးတော်" နှင့် "တန်ခိုးတော်" စကားလုံးများသည် ဘုရားသခင်ထံမှလာသည်ကိုရည်ညွှန်းသည်။ ရှင်းလင်းစွာဤသို့ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည်သတေဖန်ကိုလုပ်ဆောင်နိုင်ရန်တန်ခိုးကိုပေးသည်"။ (ရှု၊ figs_explicit)
လိဗေရတိန် အပေါင်းအသင်းဝင်သော သူမှစ၍၊...အာရှိ ပြည်သား အချို့
မတူသောနေရာအသီးသီးကလာသောကျွန်ဘဝမှလွတ်မြောက်လာသူများဖြစ်နိုင်သည်။ မရှင်းလင်းသည်မှာ တရားဇရပ်၏အခြားသောလူများစာရင်းရှိသူ သို့မဟုတ် သတေဖန်နှင့်ငြင်းခုံခြင်းတွင်ပါဝင်သူများ ဟုတ်မဟုတ်မသိနိုင်ပေ။
သတေဖန်နှင့်ငြင်းခုံခြင်းကို ပြုစဉ်တွင်၊
"သတေဖန်နှင့်မေးမြန်းဆွေးနွေးခြင်း"(UDB)
Acts 6:10-11
ဆက်စပ်မှုဖော်ပြချက်
၆း၈ တွင် ဖော်ပြသောအကြောင်းအရာကို အခန်းငယ် ၁၀ တွင်ဆက်စပ် ၍ ဖော် ပြသည်။
ယေဘုယျအချက်အလက်
" ငါတို့" စကားလုံးသည် အယုံသွင်းခြင်းကိုခံရသူများ၊ ငြင်းခုံခြင်းကိုပြုသူများကို ရည်ညွှန်းသည်။ (ရှု၊figs_exclusive)
ယေဘုယျအချက်အလက်
" သူတို့" စကားလုံးသည် ဖော်ပြခဲ့သောတရားဇရပ်မှလူများဖြစ်သည် ၆း၈။
မခံမဆီးနိုင် ကြ။
သတေဖန်ဟောပြောသောအရာမှားကြောင်းကိုသူတို့သက်သေမပြနိုင်ဟုအဓိပ္ပါယ်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ " ဆန့်ကျင်ငြင်းခုံခြင်းမပြုနိုင်" ( ရှု၊ figs_idiom)
ဝိညာဉ်တော်
"သန့်ရှင်းသောဝိညာဉ်တော်"
သက်သေခံမည့်သူတို့ကို
လျှို့ဝှက်စွာလုပ်ခြင်းဖြစ်သည်။ အ ကြောင်း မှာသက်သေကိုလိမ်လည်၍ ပြောခိုင်းစေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အချို့သောလူများ လိမ်၍ပြောရန်"( ရှု၊ figs_explicit)
လွန်ကျူး၍ ပြောသည်
"ဆိုးရွားသည့်အကြောင်းအရာများ" (UDB)
Acts 6:12-15
ယေဘုယျအချက်အလက်
တရားဇရပ်မှလူလွတ်များကို ဆိုလိုသည်၊ ၆း၈။ သူတို့သည်မှားယွင်းသောသက်သေများနှင့်အတူ အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့်အခြားလူများကိုလှုံ့ဆော်၍ရုံးတော်သို့ပို့ကြသည်။
ယေဘုယျအချက်အလက်
"ကျွန်ုပ်တို့" စကားလုံးသည် မှားယွင်းစွာသက်သေခံခိုင်းသောလူများကို ရည်ညွှန်းသည်။ ( ရှု၊ figs_exclusive)
နှိုးဆော်၍
"လူများဒေါသထွက်ရန်နှိုးဆွသည်။"
N/A
ဝါကျအသစ်ဖြစ်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ " ပြီးနောက် သူတို့အားလုံးကြေနပ်ကြသည်။"
ဘမ်းဆီး
"ဘမ်းဆွဲခဲ့သည်"
အစဉ်မပြတ် ပြောဆိုလျက်
"အဆက်မပြတ်ပြောခြင်း"
ငါတို့အား ... ပြောင်းလဲစေမည်
ဤစကားစုသည် "ကျော်လွန်စေမည်" ဟုအဓိပ္ပါယ်ရသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့၏ဘိုးဘေးဘီဘင်သွန်သင်မှု" ( ရှု၊ figs_idiom)
သတေဖန် ကိုစေ့စေ့ကြည့်ရှုလျှင်၊
" သူ့ကိုစူးစိုက်စွာကြည့်သည်" သို့မဟုတ် " သူ့ကိုစိုက်ကြည့်သည်" (ရှု၊figs_idiom)
ကောင်းကင်တမန်၏မျက်နှာ ကဲ့သို့
ဤစကားစုသည် ကောင်းကင်တမန်မျက်နှာနှင့်နှိုင်းယှဉ်ဖော်ပြခြင်းဖြစ်သည်။ အသေးစိတ်တူသည်မဟုတ်ပါ။ သူတို့အားလုံးအမြင်ဖြစ်သည်။ ( ရှု၊figs_simile)
Acts 7
Acts 7:1-3
ဆက်စပ်မှုဖော်ပြချက်
၆း၈ ၌စ၍ဖော်ပြသော သတေဖန်၏ အကြောင်းကိုဆက်လက်ပြောခြင်းဖြစ်သည်။ သတေဖန်သည်ယဇ်ပရောဟိတ်မင်းနှင့် ရုံးတော်သို့ ဣသရေလသမိုင်း၏အဖြစ်အပျက်ကိုပြော၍တုန့်ပြန်ခြင်းဖြင့်အစပြုသည်။ မောရှေရေးသားခဲ့ခြင်းအကြောင်းမှစသည်။
ယေဘုယျဖော်ပြချက်
" ငါတို့၏" စကားလုံးတွင်သူနှင့်တကွယုဒကောင်စီနှင့်ပရိတ်သတ်အားလုံးပါဝင်သည်။ "သင်" စကားလုံးမှာ အာဗြဟံကိုရည်ညွှန်းသည်။ ( ရှု၊figs_yousingular)
ညီအစ်ကို အဘတို့ နားထောင် ကြပါလော့
သတေဖန်ကလွတ်တော်ရုံးရှိလူအားလုံးကို ရိုသေလေးစားစွာဖြင့် မိသားစုပမာနုတ်ဆက်ခြင်းဖြစ်ပါသည်။
Acts 7:4-5
ယေဘုယျအချက်အလက်
အခန်းငယ် ၄ ရှိ "သူ" "သူ၏" " သူ့ကို" စကားလုံးတို့သည် အာဗြဟံကိုရည်ညွှန်းသည်။ အခန်းငယ်၅ တွင် "သူ၏" စကားလုံးလည်း အာဗြဟံကိုဆိုလိုသည်။
ယေဘုယျအချက်အလက်
"သင်တို့" စကားလုံးသည် ယုဒကောင်စီနှင့် ပရိတ်သတ်အားလုံးကိုရည်ညွှန်းသည်။ ( ရှု၊ figs_youdual)
အမွေပေးတော် မမူ
" မည်သည့်အရာကိုမျှ မပေး"
ဤပြည်ကိုအပိုင်းပေးတော်မူမည်
ဖြစ်နိုင်သောအဓိပ္ပါယ်များမှာ ၁) ရပ်တည်ရန်လုံလောက်သောမြေကြီး ၂) ခြေတစ်လှမ်းစာလုံလောက်သောမြေကြီး။ အခြားသောဘာသာပြန်ဆိုချက်၊ "အလွန်သေးသောမြေကြီးအပိုင်းအစ" (ရှု၊figs_idiom)
သူ၏သားမြေးတို့အား ဤပြည်ကိုအပိုင်ပေးတော်မူမည်ဟု
" အာဗြဟံနှင့်သူ၏သားစဉ်မြေးဆက်တို့အား အပိုင်ပေးရန်"
Acts 7:6-8
ဘုရားသခင်သည် ဤသို့ပြောပါသည်။
ရှေ့ဖော်ပြချက်ကိုဆက်၍ပြောသည်။အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရ ဘုရားသည်အာဗြဟံကိုနောက်မှပြောခဲ့သည်"
အနှစ် လေးရာပတ်လုံး
" နှစ်ပေါင်း ၄၀၀" ( ရှု၊translate_numbers)
သူတို့ကို စေခိုင်းသောလူမျိုးကိုလည်း ငါစီရင် မည်
အခြားသောဘာသာပြန်ဆိုချက်၊ " တိုင်းပြည်၏လူမျိုးများကို ငါတရားစီရင်မည်" ( ရှု၊ figs_metonymy)
သူတပါးတို့၌ ကျွန်ခံခြင်း
သင်၏အမျိုးအနွယ်များသည် သူတပါးပြည်၌ကျွန်ခံရလိမ့်မည်။
အရေဖျားလှီးခြင်းနှင့် ဆိုင်သော ပဋိညာဉ်တရား
ဂျူးများသည် ဤပဋိညာဉ်တရားကို နားလည်သင့်သည်။ ဆိုလိုသည်မှာ အာဗြဟံသည်သူ၏မိသားစု အမျိုးသားများ အရေဖျားလှီးခြင်းကိုလိုအပ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊" အာဗြဟံသည် သူ၏မိသားစု အမျိုးသားများအား အရေဖျားလှီးခြင်းနှင့်ဆိုင်သောပဋိညာဉ်တရားကို ပြုလုပ်ခြင်း" ( ရှု၊ figs_explicit)
ဣဇက်ကို ဘွားမြင်၍
အာဗြဟံ၏ဆွေစဉ်မျိုးဆက်တွင် ဣဇက်သည်သားဖြစ်သဖြင့် သူသည်ဖခင်ဖြစ်လာသည်။
ယာကုပ်သားများကား၊ အမျိုး၏ အဘ တကျိတ်နှစ်ပါးတည်း။
" ယာကုပ် ဖခင်ဖြစ်လာသည်" ဟုသတေဖန်အတိုချုပ်ဖော်ပြသည်။ ( ရှု၊ figs_ellipsis)
Acts 7:9-10
အမျိုး၏အဘ
"ယာကုပ်၏သားကြီးများ" သို့မဟုတ် " "ယောသပ်၏အစ်ကိုများ"
ငြူစူသောစိတ်ရှိ၍၊
" မနာလိုစိတ်ဖြစ်လာခြင်း" ဤစကားကိုပြုလုပ်သူပုံစံကဲ့သို့ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မနာလိုစိတ်ကအမျိုး၏အကြီးအကဲတို့ဆန်ု့ကျင်ရန်လှုံ့ဆော်ပေးသည်။" ( ရှု၊figs_activepassive)
အဲဂုတ္တုပြည်သို့ ရောင်းလိုက်ကြ၏။
ဂျူးများသည်သူတို့၏ဘိုးဘွားများယောသပ်ကိုရောင်းသည်မှာအဲဂုတ္တုပြည်တွင်ကျွန်ဖြစ်စေရန်ကိုသိကြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " သူ့ကိုကျွန်တစ်ဦးအဖြင့်အဲဂုတ္တုပြည်တွင်ရောင်းခဲ့သည်။" ( ရှု၊ figs_explicit)
ဘုရားသခင်သည်
" သို့သော် ဘုရားသခင်သည်"ဟုသဘာဝကျကျပြောခြင်းမှာပရိတ်သတ်အချို့အတွက်ဖြစ်နိုင်သည်။
သူ့ကိုစောင့်မတော် မူလျက်၊
တစ်ဦးတစ်ယောက်ကိုကူညီရန်အတွက်စကားစုဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ " သူ့ကိုကူညီခဲ့သည်"( ရှု၊ figs_idiom)
အဲဂုတ္တုပြည်
အဲဂုတ္တုပြည်၏လူများကိုရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုနိုင်ငံတစ်ခွင်လုံးရှိလူများအားလုံး" ( ရှု၊ figs_metonymy)
နန်းတော် အုပ်အရာ
သူ၏ပိုင်ဆိုင်မှုများကိုရည်ညွှန်းပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " အရာအားလုံးကိုသူပိုင်ခဲ့သည်" ( ရှု၊ figs_metonymy)
Acts 7:11-13
အစာခေါင်းပါးခြင်း ...ရှိ၍
" ငတ်မွတ်ခေါင်းပါးမှုရောက်လာခြင်း" မြေကြီးမှ စားစရာထွက်ရှိခြင်း ရပ်တန့်ခဲ့သည်။
ငါတို့ အဘများ
ယာကုပ်နှင့်သားများ၊ ယုဒလူမျိုးများ၏ ဘိုးဘွားများကိုရည်ညွှန်းသည်။
ဆန်စပါး
" ဆန်စပါး" သည် ထိုအချိန်တွင် အများစားသုံးသောအစာဖြစ်ပါသည်။
ငါတို့အဘများ ...သူ၏ညီအစ်ကိုများ
ဤစကားစုနှစ်ခုလုံးသည် ယောသပ်၏ အစ်ကိုကြီးများကိုရည်ညွှန်ပါသည်။ UDB ရှင်းရှင်းလင်းလင်းဖော်ပြထား သည်။ ( ရှု၊ figs_explicit)
ဒုတိယအကြိမ်
" နောက်ထပ်တစ်ကြိမ်" ( ရှု၊ translate_ordinal)
မိမိအကြောင်းကို ဘော်ပြ၍၊
ယောသပ်သည်သူ၏ညီအစ်ကိုများအားမိမိသည်သူတို့၏ ညီအစ်ကိုဖြစ်ကြောင်းသူကိုယ်တိုင်ဖွင့်ဟပြခဲ့သည်။
ဖာရော ဘုရင်သည် ယောသပ်၏ အမျိုးကို သိတော်မူ၏။
ပြုလုပ်ခြင်းဝါကျပုံစံဖြင့်ဖော်ပြနိုင်သည်။အခြားသောဘာသာပြန်ဆိုချက်၊ သူတို့သည်ယောသပ်၏မိသားစုများဖြစ် သည်ကို ဖာရောဘုရင်သည်သင်သူခဲ့သည်။ ( ရှု၊ figs_activepassive)
Acts 7:14-16
ယောသပ်သည်စေလွှတ်၍
" ခါနန်ပြည်သို့ သူ့ညီအစ်များအားပြန်စေလွှတ်ခဲ့သည်" သို့မဟုတ် " သူ့ညီအစ်ကိုများအားအိမ်သို့ပြန်လွှတ်ခဲ့သည်"
သေလွန်ကြ၏။
အီဂျစ်ပြည်ကိုရောက်ပြီးချက်ချင်းသေဆုံးသည်ကိုမဆိုလိုပါ။ အခြားသောဘာသာပြန်ဆိုချက်၊" နောက်ဆုံးမှသာသူသေဆုံးခဲ့သည်"
ကိုယ်တိုင်မှစသော ငါတို့အဘများ
"ဘိုးဘွားဘီဘင်များနှင့်ဆင်းသက်လာသော ယာကုပ်နှင့်သားများ"
ထိုသူတို့ကိုလည်း ရှေခင်မြို့သို့ပို့ဆောင်သဖြင့်၊...ထားကြ၏။
ဤဝါကျကိုပြုလုပ်သူဝါကျပုံစံဖြင့်ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယာကုပ်၏ဆွေမျိုးများသည် ယာကုပ်အလောင်းနှင့်သူ့သားတို့၏ အလောင်းများကိုသယ်ဆောင်ခဲ့ကြပြီး...မြှပ်နှံသဂြိုဟ်ခဲ့ကြသည်" ( ရှု၊ figs_activepassive)
အဘိုးငွေကိုပေး၍
" ပိုက်ဆံများနှင့်အတူ"
Acts 7:17-19
ယေဘုယျအချက်အလက်
" ကျွန်ုပ်တို့၏" စကားလုံးတွင် သတေဖန်နှင့် ပရိတ်သတ်အားလုံးပါဝင်ပါသည်။ ( ရှု၊ figs_inclusive)
ဂတိတော်၏ အချိန်ရောက်လုသော အခါ၊ထိုလူမျိုးသည်...တိုးပွား၍ ...များပြားကြလေ၏။
အချို့သောဘာသာစကားများတွင်ကတိတော်အချိန်မရောက်မှီလူများတိုးပွားလာသည်ဟုဖော်ပြသည်။ (ရှု၊ UDB)
ဂတိတော်၏ အချိန်ရောက်လုသောအခါ
ဘုရားသခင်သည် အာဗြဟံကိုပေးသောသူ့ကတိတော်အချိန်နီးလာသည်ကိုဆိုလိုပါသည်။
ယောသပ်ကိုမသိ မကျွမ်းသော မင်းကြီးတပါး
" ဆက်၍အုပ်စိုးရန်နောက်မင်းတစ်ပါး"
အဲဂုတ္တုပြည်
" အဲဂုတ္တုပြည်" ဆိုသည်မှာထိုနိုင်ငံ၏ လူများကိုဆိုလိုသည်။အခြားသောဘာသာပြန်ဆိုချက်၊ " အဲဂုတ္တုပြည်ရှိလူများ" ( ရှု၊figs_metonymy)
ယောသပ်ကိုမသိ မကျွမ်းသော
" ယောသပ်" သူ၏ဂုဏ်သတင်းကိုရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " ဘုရင်အသစ်သည် ယောသပ်၏တိုင်းပြည်ကိုအကျိုးပြုခဲ့သည့်အကြောင်းကိုမသိပေ" ( ရှု၊ figs_metonymy)
ငါတို့အဆွေအမျိုးကို ပရိယာယ်ပြုသဖြင့်၊
" ကျွန်ုပ်တို့ဆွေစဉ်မျိုးဆက်များကိုပြင်းထန်စွာညှဉ်းပန်းနှိပ်စက်ခဲ့သည်" သို့မဟုတ် " ကျွန်ုပ်တို့ဆွေစဉ်မျိုးဆက်များကိုအသုံးချ၍အမြတ်ထုတ်ခဲ့ကြသည်"
သူငယ်များကိုအသက်မရှင်စေခြင်းငှါ ပစ်ထားရမည်
သူတို့၏ကလေးများသေဆုံးစေလိုသဖြင့် ကလေးများကိုစွန့်ပစ်ရန်
Acts 7:20-21
ထိုအခါ...မောရှေကို ဘွားမြင်လျှင်
ဤအကြောင်းတွင် မောရှေကိုမိတ်ဆက်ခြင်းဖြစ်သည်။ ( ရှု၊writing_participants)
အလွန်အဆင်းလှသော
ဤစကားစုမှာ မောရှေသည်အလွန်ချောမောလှပသည်ဟုဆိုလိုသည်။ ( ရှု၊ figs_idiom)
ကျွေးမွေး ကြ၏
အခြားသောဘာသာပြန်ဆိုချက်၊ " သူ့မိဘများကသူ့ကိုပြုစုသည်" သို့မဟုတ် "သူ့အတွက်မိဘများကစောင့်ရှောက်ကျွေးမွေးကြသည်" ( ရှု၊ figs_activepassive)
နောက်မှပစ်ထားသည်ရှိသော်
ဖာရောဘုရင်၏အမိန့်ကြောင့် မောရှ ပစ်ထားခြင်းခံရသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " သူ၏မိဘများကသူ့ကိုပစ်ထားသောအခါ" သို့မဟုတ် " သူတို့သူ့ကိုစွန့်ပစ်ကြသောအခါ" ( ရှု၊ figs_activepassive
ဖာရောဘုရင် သမီးတော်သည် ... မွေးစား လေ၏။
" ဘုရင့်သမီးတော်ကမွေးစား ခဲ့လျှင်သူသည် သူမပိုင်သောသားကဲ့သို့"
Acts 7:22-25
မောရှေသည်လည် ... ပညာ အလုံးစုံတို့ကို သင်၍၊
အခြားသောဘာသာပြန်ဆိုချက်၊ "အဲဂု တ္တုပြည်သားများကမောရှေကိုပညာ သင်ပေးသည်" ( ရှု၊ figs_activepassive)
အဲဂုတ္တု အတတ်၊ ပညာ အလုံးစုံတို့ကို သင်၍၊
အလွန်မြင့်သော ပညာဖြစ်ကြောင်းအထူးချဲ့ပြောသည်။ ( ရှု၊ figs_hyperbole)
နှုတ်သတ္တိ၊ လက်သတ္တိရှိ၏။
" သူ၏အပြော၊အလုပ်များ ထက်မြက်ခြင်း" သို့မဟုတ် " သူပြောသည့်၊ လုပ်သည့်အရာများတွင်လွမ်းမိုးမှုရှိခြင်း"
မိမိညီအစ်ကိုတို့ကို အကြည့်အရှု သွားမည်ဟု အကြံရှိ၏။
" သူ အကြောင်းအရာကိုတွေးတောပြီး ဆုံးဖြတ်ခဲ့သည်" စကားစု၏ဆိုလိုရင်းမှာ " သူဆုံဖြတ်ချက်ချခဲ့သည်" ( ရှု၊ figs_idiom)
ဣလရေလ အမျိုးသားဖြစ်သော မိမိညီအစ်ကိုတို့
သူ၏မိသားစုကိုသာမဟုတ်ဘဲသူ့လူမျိုးများအားလုံးကိုရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " ဣသရေလအမျိုး ၏ကလေးများနှင့် သူ၏လူမျိုးများအားလုံး" ( ရှု၊ figs_explicit)
အမျိုးသားချင်းတယောက်သည် ညှဉ်းဆဲခံရ သည်ကို မြင်လျှင် ... အဲဂုတ္တုလူကို
ပြုလုပ်သူပုံစံအဖြင့်ဖော်ပြနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " အဲဂုတ္တုလူက ဣသရေလလူကိုညှဉ်းဆဲနေသည်ကို မောရှေမြင်သောအခါ၊သူ့လူမျိုးကိုနှိပ်စက်နေသူအဲဂုတ္တုလူအားသတ်ကာ သူ့လူမျိုးကိုကာကွယ်ခဲ့သည်" (ရှု၊ figs_activepassive)
အဲဂုတ္တုလူကို ကွပ် မျက်သဖြင့်၊
မောရှေသည် အဲဂုတ္တုလူအားပြင်းထန်စွာရိုက်ခဲ့သဖြင့်သေဆုံးခဲ့သည်။
ထင်မှတ်သော်လည်း၊
"မောရှေ တွေးထင်ခဲ့သည်"
ဤသူလက်ဖြင့် ငါတို့ကို ကယ်နှုတ်တော် မူမည်
" မောရှေအားဖြင့် သူတို့ကိုလွတ်မြောက်စေခြင်း" သို့မဟုတ် " သူတို့လွတ်မြောက်ရန်မောရှေကိုအသုံးပြုခြင်း" ( ရှု၊ figs_metonymy)
Acts 7:26-28
ယေဘုယျအချက်အလက်၊
" ငါတို့ကို" စကားမှာ မောရှေမပါဘဲ၊ ကျွန်ခံရသောဣသရေလအမျိုးကို ရည် ညွှန်းသည်။ (ရှု၊ figs_exclusive)
အချင်းချင်း...ညီအစ်ကိုချင်း ဖြစ်လျက်
ထွက်မြောက်လာကြသောဣသရေလလူများအချို့ဖြစ်ကြောင်း ပရိတ်သတ်များကသိထားသည်။ သို့သော် သတေဖန်က တိကျစွာ မပြောပါ။ (ရှု၊figs_explicit)
ရန်ငြိမ်းရာသို့ သွေးဆောင် သည်
"ရန်ဖြစ်နေသူတို့ကို ရပ်အောင်ပြုလုပ်သည်"(UDB)
အချင်းလူတို့၊ ညီအစ်ကိုချင်း ဖြစ်လျက်
မောရှေသည်ရန်ဖြစ်နေကြသော ဣသရေလူအချင်းချင်းကိုဆိုလိုပါသည်။
အဘယ်ကြောင့် တယောက်ကိုတယောက် ညှဉ်းဆဲကြသနည်း
မောရှေသည်ရန်ဖြစ်နေသူတို့ကိုရပ်စေရန်မေးခွန်းမေးခဲ့ခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊" သင်တို့အချင်းချင်းနာကြင်အောင်မလုပ်ကြနှင့်" ( ရှု၊figs_rquestion)
အဘယ်သူသည် သင့်ကို ငါတို့အပေါ်မှာအကဲအမှူး တရားသူကြီး အရာ၌ ခန့်ထားသနည်း
ဣသရေလလူက မောရှေအား မေးခွန်းဖြင့်ပြစ်တင်လိုက်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ " သင် ကျွန်ုပ်တို့အပေါ်အာဏာလာမပြပါနဲ့" ( ရှု၊figs_rquestion)
မနေ့ကအဲဂုတ္တုလူကို သတ်သကဲ့သို့ ငါ့ကိုသတ် လိုသလော
ထိုလူက မောရှေသည်အဲဂုတ္တုလူကိုသတ်ခဲ့ကြောင်းသိသဖြင့် ဤမေးခွန်းဖြင့်သတိပေးလိုက်ခြင်းဖြစ်ပါသည်။
Acts 7:29-30
ယေဘုယျအချက်အလက်
သတေဖန်၏ပရိတ်သတ်များသည် မောရှေထွက်ပြေး၍မိဒျန်သူနှင့်လက်ထပ်သည်ကို သိပြီးသားဖြစ်ပါသည်။ ( ရှု၊ figs_explicit)
ထိုစကားကိုကြားလျှင်၊
ဤသွယ်ဝိုက်၍ပြောသောစကားကိုကြားသောအခါ ထိုနေ့မတိုင်မှီ သူအဲဂုတ္တုလူကိုသတ်ခဲ့ကြောင်းကို ဣသရေလလူကသိထားသည်ကို နားလည်ခဲ့သည် (ရး၂၆)၊ (ရှု၊ figs_explicit)၊
အနှစ်လေးဆယ်လွန်သောအခါ၊
" နှစ်ပေါင်း၄၀ ကြာပြီးနောက်" မောရှေ မိဒျန်ပြည်တွင် နေသောအချိန်ကာလကိုဆိုလိုသည်။ ( ရှု၊ figs_explicit)
ကောင်းကင်တမန် ထင်ရှား၏။
သတေဖန်၏ပရိတ်သတ်များက ဘုရားသ ခင်သည်ကောင်းကင်တမန်အားဖြင့်စကားပြောခဲ့သည်။ UDBတွင်ရှင်းလင်းစွာဖော်ပြသည် ။ (ရှု၊ figs_explicit)
Acts 7:31-32
ထိုရူပါရုံကို မြင်သောအခါမောရှေသည် အံ့ဩ၍
မီးလောင်သောချုံ မကျွမ်းသည်ကိုမောရှေအံ့ဩခဲ့သည်။ သတေဖန်၏ပရိတ်သတ်သိပြီးသောအကြောင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ " ချုံသည်မီးလောင်ကျွမ်းခြင်းမရှိသော ကြောင့်" (UDB) ( ရှု၊ figs_explicit)
စေ့စေ့ကြည့် ရှုခြင်းငှါ အနားသို့ချဉ်းကပ်လျှင်၊...မောရှေသည် တုန်လှုပ်လျက် စေ့စေ့ မကြည့်ဝံ။
ဤအဓိပ္ပါယ်မှာ မောရှေသည်စူးစမ်းလေ့ လာရန်ချုံအနီးသို့သွာခဲ့သော်လည်း အသံထွက်လာသောကြောင့် ကြောက် လန့်ကာ နောက်သို့ပြန်ဆုတ်ခဲ့သည်။
ငါကား သင့်ဘိုးဘေးတို့၏ဘုရား၊
" ငါသည် သင်တို့ဘိုးဘွားများ ကိုးကွယ်သောဘုရားဖြစ်သည်" (UDB)
မောရှေသည် တုန်လှုပ်လျက်
မောရှည်ထိတ်လန့်စိုးရိမ်သွားခဲ့သည်။ အခြားသောဘာသာပ့န်ဆိုချက်၊ " မောရှေ ကြောက်ရွံ့ခြင်းနှင့်အတူတုန်လှုပ်သွားခဲ့သည်" (See: figs_explicit)
Acts 7:33-34
သင်၏ခြေနင်းကို ချွတ်လော့။
ဘုရားသခင် မောရှေကိုပြောခြင်းဖြစ်သည်၊ သူ ဘုရားသခင်ကိုရိုသေလေးမှုပြုသည်။ (ရှု၊ translate_symaction)
သင်နင်း သောအရပ်ကား သန့်ရှင်းသောမြေ ဖြစ်၏။
သွယ်ဝိုက်သောအချက်ဖြစ်သော်လည်း ဘုရားသခင်သည်ယခုနေရာတွင်ရှိသည်။ဤဧရိယာတဝိုက်ကိုဘုရားသခင်တန်ဖိုးထားသည်။ သို့မဟုတ် ဘုရားသခင်အား ဖြင့်သန့်ရျင်းစေသည်။ (ရှု၊figs_explicit)
ငါစေ့စေ့မြင်ခဲ့ပြီ။
" သေသေချာချာမြင်ခဲ့သည်၊" မြင်ခဲ့သည်ကိုအထူးပြု၍သေချာစွာဖော်ပြသည်။
ငါ၏လူတို့သည်
"ငါ၏လူတို့" စကားသည် ဘုရားသခင်ကိုပိုင်ထားသောလူများကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " အာဗြဟံ၊ဣဇက်၊ ယာကုပ်တို့မှဆင်းသက်လာကြသောလူများ"
သူတို့ကို ကယ်နှုတ် ခြင်းငှါ ငါဆင်းလာပြီ။
" သူတို့၏လွတ်မြောက်ခြင်း ကိုယ်ရေး ကိုယ်တာအကြောင်းတရား"
ယခုသွားလော့။
" အသင့်ရှိပါ၊" ဘုရားသခင်အမိန့်ပေးခြင်း၍အသုံးပြုထားသည်။
Acts 7:35-37
ယေဘုယျအချက်အလက်၊
ယေဘုယျအချက်အလက်
ဣသရေလလူမျိုးများသည်အီဂျစ်ပြည်မှထွက်ခွာပြီးနောက်နှစ်ပေါင်း ၄၀ လှည့် လည်သွားနေရသော်လည်း ဘုရားသခင်သည် ကတိထားတော်မူသောပြည်သို့ သူတို့ကိုပို့ဆောင်ခဲ့ပါသည်။
အငြင်းအပယ်ခံ ရသော ထိုမောရှေကို
7:26 တွင်ဖော်ပြသောအဖြစ်အပျက်ကိုရည်ညွှန်းသည်။
အဘယ်သူသည် သင့်ကို အကဲအမှူးတရား သူကြီးအရာ၌ ခန့်ထားသနည်း
ဤမေးခွန်းသည် မောရှေအားပြစ်တင်သံနှင့်မေးခွန်းထုတ်ခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်၊ " သင်ကျွန်ုပ်တို့အပေါ်အာဏာမပြပါနဲ့" 7:26. ( ရှု၊ figs_rquestion)
အကဲအမှူး၊ ကယ်လွှတ်သောသူ
" သူတို့ကိုအုပ်ချုပ်ရန်နှင့် ကျွန်ဘဝမှလွတ်မြောက်စေရန်"
ကောင်းကင်တမန်အားဖြင့် စေခန့်တော်မူ၏။
" ကောင်းကင်တမန်အားဖြင့်" ( ရှု၊figs_metonymy)
အနှစ် လေးဆယ်ပတ်လုံး
သတေဖန်၏ပရိတ်သတ်များ ဣသရေလလူများအနှစ် ၄၀ ပတ်လုံးလှည့်လည်နေခဲ့ကြသည့်အကြောင်းသိသည်။ အခြားသောဘာသာပြန်ဆိုချက်၊ နှစ်ပေါင်း ၄၀ အတွင်းတွင် ဣသရေလလူမျိုးများ တောတွင် လှည့်လည်သွားလာနေထိုင်ခဲ့ကြပါသည်"(UDB) ( ရှု၊ figs_explicit)
ပရောဖက်တပါးကို သင်တို့အဘို့ ပေါ်ထွန်း စေတော်မူ မည်။
" အခြားပရောဖက်တစ်ပါးကိုပေါ်ထွက်စေခြင်း"
သင်တို့အမျိုးသား ချင်းတို့အထဲ၌
" သင်တို့၏လူမျိုးများအထဲမှ" (UDB)