ဗမာစာ: tn

Updated ? hours ago # views See on DCS

Acts

Acts 4

Acts 4:13-35

Acts 4:36-37

Acts 5

Acts 5:3-11

Acts 5:12-28

Acts 5:29-42

Acts 6

Acts 6:1

ယေဘုယျအချက်အလက်

ဤအကြောင်းအရာသည်အသစ်သောအပိုင်း၏အစဖြစ်သည်။ လုကာသည် ပုံ ဝထ္ထုကိုနားလည်ရန်အရေးကြီးသောနောက်ခံသမိုင်းအချက်အလက်များကိုပေးထားသည်။ ( ရှု၊writing_background

ထိုကာလ၌

"အဲဒီအချိန်မှာ" ( ရှု၊writing_newevent

များပြားသည်

" မြောက်များစွာတိုးပွားလာခြင်း"

ဟေလေနစ်အမျိုး

ဣသရေလပြည်၏အပြင်ဘက်၊ရောမအင်ပါယာနေရာအနှံ့တွင်နေထိုင်ကြသောဂျူးများသည်၊ ကြီးပြင်းလာသောအခါ ဂရိစကားပြောသည်။ သူတို့၏စကားနှင့် ယဉ်ကျေးမှုသည် ဣသရေလပြည်တွင်ကြီးပြင်းသောသူတို့နှင့်ကွဲပြားခြား နားသည်။

ဟေဗြဲလူများ

ဤဂျူးများသည် ဣသရေလပြည်တွင်ကြီးပြင်းပြီး ဟေဗြဲစကားနှင့်အာရေမိစကားပြောကြသည်။ အသင်းတော်တွင် ဂျူးများနှင့်ယုဒဘာသာဝင်မှာပြောင်းလာကြသောသူများ ပါဝင်ကြသည်။

မုတ်ဆိုးမများ

လင်ယောက်ျားသေဆုံး၍ကျန်ခဲ့သောမိန်းမများ

ဟေလေနစ်အမျိုး မုတ်ဆိုး မတို့ကို မလုပ်မကျွေး

ဤစကားကိုပြုလုပ်သူအဖြင့်ဖေါ်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဟေဗြဲယုံကြည်သူများသည်ဟေလေနစ်မုတ်ဆိုးမများကို လျစ်လျူရှုသည်" ( ရှု၊ figs_activepassive)

မလုပ်မကျွေး

" လျစ်လျူရှုခံရခြင်း" (သို့မဟုတ်) "မေ့လျော့ခံရခြင်း" အကူအညီလိုသူများ၊ ကျန်ရစ်ခဲ့သူများ အများအပြားရှိသည်။

နေ့ရက် အစဉ်အတိုင်း လုပ်ကျွေးသောအခါ

တမန်တော်များသည် ပေးထားသောငွေများမှစားစရာများဝယ်၍ ကနဦးအသင်းတော်မှမုတ်ဆိုးမများကို‌နေ့စဉ်ဝေပေးခြင်း၊

Acts 6:2-4

ယေဘုယျအချက်အလက်

"သင်တို့" စကားလုံးသည် ယုံကြည်သူတပည့်တော်များကို ရည်ညွှန်းသည်။( ရှု၊figs_youdual)

ယေဘုယျအချက်အလက်

"ငါတို့"၊" ငါတို့ကို" စကားလုံးတို့သည် တပည့်တော်(၁၂) ပါးကိုရည်ညွှန်းသည်။ မြန်မာစကားတွင်" ကျွန်ုပ်တို့" ဟူ၍ သုံးနိုင်ပါသည်။ (ရှု၊figs_exclusive)

တကျိပ်နှစ်ပါး

တမန်တော် (၁၁) ပါးတွင် မဿိကိုရွေးထည့်ထားသဖြင့် (၁၂) ပါးဖြစ်သည်။

တပည့်တော် အပေါင်းတို့

" တပည့်တော်များအားလုံး" သို့မဟုတ် " ယုံကြည်သူများအားလုံး"

ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကိုထား၍

သူတို့၏အရေးကြီးသောအလုပ်ဖြစ်သည့် နုတ်ကပတ်တော်သင်ကြားခြင်းကို အ လေးပေးခြင်းငှာ ချဲ့ကားပြောသည်။ ( ရှု၊figs_hyperbole)

စားပွဲ၌လုပ်ကျွေးမှု

လူများကိုအစားအစာကျွေးမွေးသည်ဟုအဓိပ္ပါယ်ရသည်။ (ရှု၊ figs_metonymy)

ဝိညာဉ်တော်နှင့်၎င်း၊ ပညာနှင့်၎င်းပြည့် စုံလျက်၊ အသရေရှိသော လူများ

ဖြစ်နိုင်သောအဓိပ္ပါယ်များမှာ ၁) အရည် အသွေး သုံးမျိုးမှာ ကောင်းသောအကျင့်စာရိတ္တရှိခြင်း၊ ဝိညာဉ် တော်နှင့် ပြည့်ခြင်း၊ ဉာဏ်ပညာနှင့်ပြည့်ခြင်း။ ၂) ကောင်းသောဂုဏ်အသရေရှိရန် အရည်အသွေးနှစ်မျိုးမှာ ဝိညာဉ်တော်ပြည့်ဝခြင်းနှင့် ပညာဉာဏ်ပြည့်ဝရန်ဖြစ်သည်။ (UDB)

အသရေရှိသောလူ

"လူများကကောင်းမွန်သည်ဟုသိသောသူများ" သို့မဟုတ် " လူများက ယုံကြည်စိတ်ချရသူ"

ဤအမှု ကို

ဤအလုပ်ကို တာဝန်ယူ၍လုပ်ရန်

ဆုတောင်းပဌနာပြခြင်း၊ နှုတ်က ပတ်တ ရားတော် ကို ဟောပြောခြင်းအမှုတို့ကို

ထပ်တိုး၍ကူညီရန်အကြောင်းအချက်များ အခြားသောဘာသာပြန်ဆိုချက်၊ " သင် ကြာခြင်း၊ နှုတ်ကပတ်တော်ဟောပြောခြင်း အမှုတော်မြတ်" ( ရှု၊ figs_ellipsis)

Acts 6:5-6

ထိုစကားကိုလူအစုအဝေးအပေါင်းတို့သည် နှစ်သက်ကြသဖြင့်၊

လူအပေါင်းတို့သည် သူတို့၏တိုက်တွန်းအကြံပေးချက်ကိုနှစ်သက်ကြသည်။

သတေဖန်မှစ၍...နိကောလ

ဤအမည်များသည်ဂရိနာမည်များဖြစ်ပြီး၊ ဟေလေနစ်ယုံကြည်သူများအုပ်စုမှရွေးကောက်ခံရသူများဖြစ်ကြသည်။ ( ရှု၊figs_explicit)

ယုဒဘာ သာဝင်

ယုဒဘာသာတရားသို့ ပြောင်းလဲလာသော တပါးအမျိုးသားတစ်ဦး

ထိုသူတို့၏ ခေါင်းပေါ်၌ လက်ကို တင်ကြ၏။

ရွေးထားသောခုနှစ်ဦးအပေါ်သို့လက်များတင်ခြင်းသည် ကောင်းကြီးပေးခြင်း၊တာဝန်များခွဲပေးခြင်းနှင့်အလုပ်အတွက်လုပ်ပိုင်ခွင့်အာဏာပေးခြင်းများကို ကိုယ်စားပြုခံခဲ့ရပါသည်။ ( ရှု၊ translate_symaction)

Acts 6:7

ယေဘုယျအချက်အလက်

ဤစာပိုဒ်မှလက်ရှိအသင်းတော်၏ကြီးထွားလာခြင်းကိုဖော်ပြသည်။

ဘုရားသခင်၏ သာသနာတော်သည် တိုးပွားသဖြင့်

ဘုရားသခင်၏နှုတ်ကပတ်တော်သည်တိုးပွားနေသဖြင့် ယုံကြည်သူလူဦးရေပွားများလာခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်သောလူအမြောက်အများတိုးပွားလာခဲ့သည်။

ယုံကြည်ခြင်း တရားကို နားထောင်ကြ၏။

အသစ်သောယုံကြည်ချက်၏သွန်သင်မှုနောက်သို့ လိုက်လျှောက်ခဲ့ကြသည်။

ယုံကြည်ခြင်းတရား

ဖြစ်နိုင်ခြေရှိသောအဓိပ္ပါယ်များမှာ ၁) သခင်ယေရှု၌ယုံကြည်သောဧဝံဂေလိသတင်း၂) အသင်းတော်၏သွန်သင်ချက် ၃) ခရစ်ယာန်သွန်သင်ချက်

Acts 6:8-9

ဆက်စပ်မှုဖော်ပြချက်

အသစ်သောအကြောင်းအရာ၏အစပိုင်းကိုဆက်စပ်ဖေါ်ပြသည်။

ယေဘုယျအချက်အလက်၊

ဤစာပိုဒ်များကသတေဖန်နှင့်အခြားလူများ၏နောက်ခံအချက်အလက်များကိုပေးထားသည်။ ဆိုလိုသည်မှာပုံဝထ္ထုအကြောင်းကိုနားလည်ရန်အရေးကြီးသည်။ ( ရှု၊ writing_background)

သတေဖန်

ဤအပိုင်းတွင်သတေဖန်သည်အဓိကဇာတ်ကောင်ဖြစ်၍အစအဦီး၌မိတ်ဆက်ပေးထားခြင်းဖြစ်သည်။ ( ရှု၊writing_participants)

သတေဖန်သည် ကျေးဇူးတော်နှင့်၎င်း၊ တန်ခိုး တော်နှင့်၎င်း ပြည့်စုံသဖြင့်...ပြု၏

" ကျေးဇူးတော်" နှင့် "တန်ခိုးတော်" စကားလုံးများသည် ဘုရားသခင်ထံမှလာသည်ကိုရည်ညွှန်းသည်။ ရှင်းလင်းစွာဤသို့ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည်သတေဖန်ကိုလုပ်ဆောင်နိုင်ရန်တန်ခိုးကိုပေးသည်"။ (ရှု၊ figs_explicit)

လိဗေရတိန် အပေါင်းအသင်းဝင်သော သူမှစ၍၊...အာရှိ ပြည်သား အချို့

မတူသောနေရာအသီးသီးကလာသောကျွန်ဘဝမှလွတ်‌မြောက်လာသူများဖြစ်နိုင်သည်။ မရှင်းလင်းသည်မှာ တရားဇရပ်၏အခြားသောလူများစာရင်းရှိသူ သို့မဟုတ် သတေဖန်နှင့်ငြင်းခုံခြင်းတွင်ပါဝင်သူများ ဟုတ်မဟုတ်မသိနိုင်ပေ။

သတေဖန်နှင့်ငြင်းခုံခြင်းကို ပြုစဉ်တွင်၊

"သတေဖန်နှင့်မေးမြန်းဆွေးနွေးခြင်း"(UDB)

Acts 6:10-11

ဆက်စပ်မှုဖော်ပြချက်

၆း၈ တွင် ဖော်ပြသောအကြောင်းအရာကို အခန်းငယ် ၁၀ တွင်ဆက်စပ် ၍ ဖော် ပြသည်။

ယေဘုယျအချက်အလက်

" ငါတို့" စကားလုံးသည် အယုံသွင်းခြင်းကိုခံရသူများ၊ ငြင်းခုံခြင်းကိုပြုသူများကို ရည်ညွှန်းသည်။ (ရှု၊figs_exclusive)

ယေဘုယျအချက်အလက်

" သူတို့" စကားလုံးသည် ဖော်ပြခဲ့သောတရားဇရပ်မှလူများဖြစ်သည် ၆း၈။

မခံမဆီးနိုင် ကြ။

သတေဖန်ဟောပြောသောအရာမှားကြောင်းကိုသူတို့သက်သေမပြနိုင်ဟုအဓိပ္ပါယ်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ " ဆန့်ကျင်ငြင်းခုံခြင်းမပြုနိုင်" ( ရှု၊ figs_idiom)

ဝိညာဉ်တော်

"သန့်ရှင်းသောဝိညာဉ်တော်"

သက်သေခံမည့်သူတို့ကို

လျှို့ဝှက်စွာလုပ်ခြင်းဖြစ်သည်။ အ ကြောင်း မှာသက်သေကိုလိမ်လည်၍ ပြောခိုင်းစေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အချို့သောလူများ လိမ်၍ပြောရန်"( ရှု၊ figs_explicit)

လွန်ကျူး၍ ပြောသည်

"ဆိုးရွားသည့်အကြောင်းအရာများ" (UDB)

Acts 6:12-15

ယေဘုယျအချက်အလက်

တရားဇရပ်မှလူလွတ်များကို ဆိုလိုသည်၊ ၆း၈။ သူတို့သည်မှားယွင်းသောသက်သေများနှင့်အတူ အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့်အခြားလူများကိုလှုံ့ဆော်၍ရုံးတော်သို့ပို့ကြသည်။

ယေဘုယျအချက်အလက်

"ကျွန်ုပ်တို့" စကားလုံးသည် မှားယွင်းစွာသက်သေခံခိုင်းသောလူများကို ရည်ညွှန်းသည်။ ( ရှု၊ figs_exclusive)

နှိုးဆော်၍

"လူများဒေါသထွက်ရန်နှိုးဆွသည်။"

N/A

ဝါကျအသစ်ဖြစ်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ " ပြီးနောက် သူတို့အားလုံးကြေနပ်ကြသည်။"

ဘမ်းဆီး

"ဘမ်းဆွဲခဲ့သည်"

အစဉ်မပြတ် ပြောဆိုလျက်

"အဆက်မပြတ်ပြောခြင်း"

ငါတို့အား ... ပြောင်းလဲစေမည်

ဤစကားစုသည် "ကျော်လွန်စေမည်" ဟုအဓိပ္ပါယ်ရသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့၏ဘိုးဘေးဘီဘင်သွန်သင်မှု" ( ရှု၊ figs_idiom)

သတေဖန် ကိုစေ့စေ့ကြည့်ရှုလျှင်၊

" သူ့ကိုစူးစိုက်စွာကြည့်သည်" သို့မဟုတ် " သူ့ကိုစိုက်ကြည့်သည်" (ရှု၊figs_idiom)

ကောင်းကင်တမန်၏မျက်နှာ ကဲ့သို့

ဤစကားစုသည် ကောင်းကင်တမန်မျက်နှာနှင့်နှိုင်းယှဉ်ဖော်ပြခြင်းဖြစ်သည်။ အသေးစိတ်တူသည်မဟုတ်ပါ။ သူတို့အားလုံးအမြင်ဖြစ်သည်။ ( ရှု၊figs_simile)

Acts 7

Acts 7:1-3

ဆက်စပ်မှုဖော်ပြချက်

၆း၈ ၌စ၍ဖော်ပြသော သတေဖန်၏ အကြောင်းကိုဆက်လက်ပြောခြင်းဖြစ်သည်။ သတေဖန်သည်ယဇ်ပရောဟိတ်မင်းနှင့် ရုံးတော်သို့ ဣသရေလသမိုင်း၏အဖြစ်အပျက်ကိုပြော၍တုန့်ပြန်ခြင်းဖြင့်အစပြုသည်။ မောရှေရေးသားခဲ့ခြင်းအကြောင်းမှစသည်။

ယေဘုယျဖော်ပြချက်

" ငါတို့၏" စကားလုံးတွင်သူနှင့်တကွယုဒကောင်စီနှင့်ပရိတ်သတ်အားလုံးပါဝင်သည်။ "သင်" စကားလုံးမှာ အာဗြဟံကိုရည်ညွှန်းသည်။ ( ရှု၊figs_yousingular)

ညီအစ်ကို အဘတို့ နားထောင် ကြပါလော့

သတေဖန်ကလွတ်တော်ရုံးရှိလူအားလုံးကို ရိုသေလေးစားစွာဖြင့် မိသားစုပမာနုတ်ဆက်ခြင်းဖြစ်ပါသည်။

Acts 7:4-5

ယေဘုယျအချက်အလက်

အခန်းငယ် ၄ ရှိ "သူ" "သူ၏" " သူ့ကို" စကားလုံးတို့သည် အာဗြဟံကိုရည်ညွှန်းသည်။ အခန်းငယ်၅ တွင် "သူ၏" စကားလုံးလည်း အာဗြဟံကိုဆိုလိုသည်။

ယေဘုယျအချက်အလက်

"သင်တို့" စကားလုံးသည် ယုဒကောင်စီနှင့် ပရိတ်သတ်အားလုံးကိုရည်ညွှန်းသည်။ ( ရှု၊ figs_youdual)

အမွေပေးတော် မမူ

" မည်သည့်အရာကိုမျှ မပေး"

ဤပြည်ကိုအပိုင်းပေးတော်မူမည်

ဖြစ်နိုင်သောအဓိပ္ပါယ်များမှာ ၁) ရပ်တည်ရန်လုံလောက်သောမြေကြီး ၂) ခြေတစ်လှမ်းစာလုံလောက်သောမြေကြီး။ အခြားသောဘာသာပြန်ဆိုချက်၊ "အလွန်သေးသောမြေကြီးအပိုင်းအစ" (ရှု၊figs_idiom)

သူ၏သားမြေးတို့အား ဤပြည်ကိုအပိုင်ပေးတော်မူမည်ဟု

" အာဗြဟံနှင့်သူ၏သားစဉ်မြေးဆက်တို့အား အပိုင်ပေးရန်"

Acts 7:6-8

ဘုရားသခင်သည် ဤသို့ပြောပါသည်။

ရှေ့ဖော်ပြချက်ကိုဆက်၍ပြောသည်။အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရ ဘုရားသည်အာဗြဟံကိုနောက်မှပြောခဲ့သည်"

အနှစ် လေးရာပတ်လုံး

" နှစ်ပေါင်း ၄၀၀" ( ရှု၊translate_numbers)

သူတို့ကို စေခိုင်းသောလူမျိုးကိုလည်း ငါစီရင် မည်

အခြားသောဘာသာပြန်ဆိုချက်၊ " တိုင်းပြည်၏လူမျိုးများကို ငါတရားစီရင်မည်" ( ရှု၊ figs_metonymy)

သူတပါးတို့၌ ကျွန်ခံခြင်း

သင်၏အမျိုးအနွယ်များသည် သူတပါးပြည်၌ကျွန်ခံရလိမ့်မည်။

အရေဖျားလှီးခြင်းနှင့် ဆိုင်သော ပဋိညာဉ်တရား

ဂျူးများသည် ဤပဋိညာဉ်တရားကို နားလည်သင့်သည်။ ဆိုလိုသည်မှာ အာဗြဟံသည်သူ၏မိသားစု အမျိုးသားများ အရေဖျားလှီးခြင်းကိုလိုအပ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊" အာဗြဟံသည် သူ၏မိသားစု အမျိုးသားများအား အရေဖျားလှီးခြင်းနှင့်ဆိုင်သောပဋိညာဉ်တရားကို ပြုလုပ်ခြင်း" ( ရှု၊ figs_explicit)

ဣဇက်ကို ဘွားမြင်၍

အာဗြဟံ၏ဆွေစဉ်မျိုးဆက်တွင် ဣဇက်သည်သားဖြစ်သဖြင့် သူသည်ဖခင်ဖြစ်လာသည်။

ယာကုပ်သားများကား၊ အမျိုး၏ အဘ တကျိတ်နှစ်ပါးတည်း။

" ယာကုပ် ဖခင်ဖြစ်လာသည်" ဟုသတေဖန်အတိုချုပ်ဖော်ပြသည်။ ( ရှု၊ figs_ellipsis)

Acts 7:9-10

အမျိုး၏အဘ

"ယာကုပ်၏သားကြီးများ" သို့မဟုတ် " "ယောသပ်၏အစ်ကိုများ"

ငြူစူသောစိတ်ရှိ၍၊

" မနာလိုစိတ်ဖြစ်လာခြင်း" ဤစကားကိုပြုလုပ်သူပုံစံကဲ့သို့ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မနာလိုစိတ်ကအမျိုး၏အကြီးအကဲတို့ဆန်ု့ကျင်ရန်လှုံ့ဆော်ပေးသည်။" ( ရှု၊figs_activepassive)

အဲဂုတ္တုပြည်သို့ ရောင်းလိုက်ကြ၏။

ဂျူးများသည်သူတို့၏ဘိုးဘွားများယောသပ်ကိုရောင်းသည်မှာအဲဂုတ္တုပြည်တွင်ကျွန်ဖြစ်စေရန်ကိုသိကြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " သူ့ကိုကျွန်တစ်ဦးအဖြင့်အဲဂုတ္တုပြည်တွင်ရောင်းခဲ့သည်။" ( ရှု၊ figs_explicit)

ဘုရားသခင်သည်

" သို့သော် ဘုရားသခင်သည်"ဟုသဘာဝကျကျပြောခြင်းမှာပရိတ်သတ်အချို့အတွက်ဖြစ်နိုင်သည်။

သူ့ကိုစောင့်မတော် မူလျက်၊

တစ်ဦးတစ်ယောက်ကိုကူညီရန်အတွက်စကားစုဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ " သူ့ကိုကူညီခဲ့သည်"( ရှု၊ figs_idiom)

အဲဂုတ္တုပြည်

အဲဂုတ္တုပြည်၏လူများကိုရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုနိုင်ငံတစ်ခွင်လုံးရှိလူများအားလုံး" ( ရှု၊ figs_metonymy)

နန်းတော် အုပ်အရာ

သူ၏ပိုင်ဆိုင်မှုများကိုရည်ညွှန်းပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " အရာအားလုံးကိုသူပိုင်ခဲ့သည်" ( ရှု၊ figs_metonymy)

Acts 7:11-13

အစာခေါင်းပါးခြင်း ...ရှိ၍

" ငတ်မွတ်ခေါင်းပါးမှုရောက်လာခြင်း" မြေကြီးမှ စားစရာထွက်ရှိခြင်း ရပ်တန့်ခဲ့သည်။

ငါတို့ အဘများ

ယာကုပ်နှင့်သားများ၊ ယုဒလူမျိုးများ၏ ဘိုးဘွားများကိုရည်ညွှန်းသည်။

ဆန်စပါး

" ဆန်စပါး" သည် ထိုအချိန်တွင် အများစားသုံးသောအစာဖြစ်ပါသည်။

ငါတို့အဘများ ...သူ၏ညီအစ်ကိုများ

ဤစကားစုနှစ်ခုလုံးသည် ယောသပ်၏ အစ်ကိုကြီးများကိုရည်ညွှန်ပါသည်။ UDB ရှင်းရှင်းလင်းလင်းဖော်ပြထား သည်။ ( ရှု၊ figs_explicit)

ဒုတိယအကြိမ်

" နောက်ထပ်တစ်ကြိမ်" ( ရှု၊ translate_ordinal)

မိမိအကြောင်းကို ဘော်ပြ၍၊

ယောသပ်သည်သူ၏ညီအစ်ကိုများအားမိမိသည်သူတို့၏ ညီအစ်ကိုဖြစ်ကြောင်းသူကိုယ်တိုင်ဖွင့်ဟပြခဲ့သည်။

ဖာရော ဘုရင်သည် ယောသပ်၏ အမျိုးကို သိတော်မူ၏။

ပြုလုပ်ခြင်းဝါကျပုံစံဖြင့်ဖော်ပြနိုင်သည်။အခြားသောဘာသာပြန်ဆိုချက်၊ သူတို့သည်ယောသပ်၏မိသားစုများဖြစ် သည်ကို ဖာရောဘုရင်သည်သင်သူခဲ့သည်။ ( ရှု၊ figs_activepassive)

Acts 7:14-16

ယောသပ်သည်စေလွှတ်၍

" ခါနန်ပြည်သို့ သူ့ညီအစ်များအားပြန်စေလွှတ်ခဲ့သည်" သို့မဟုတ် " သူ့ညီအစ်ကိုများအားအိမ်သို့ပြန်လွှတ်ခဲ့သည်"

သေလွန်ကြ၏။

အီဂျစ်ပြည်ကိုရောက်ပြီးချက်ချင်းသေဆုံးသည်ကိုမဆိုလိုပါ။ အခြားသောဘာသာပြန်ဆိုချက်၊" နောက်ဆုံးမှသာသူသေဆုံးခဲ့သည်"

ကိုယ်တိုင်မှစသော ငါတို့အဘများ

"ဘိုးဘွားဘီဘင်များနှင့်ဆင်းသက်လာသော ယာကုပ်နှင့်သားများ"

ထိုသူတို့ကိုလည်း ရှေခင်မြို့သို့ပို့ဆောင်သဖြင့်၊...ထားကြ၏။

ဤဝါကျကိုပြုလုပ်သူဝါကျပုံစံဖြင့်ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယာကုပ်၏ဆွေမျိုးများသည် ယာကုပ်အလောင်းနှင့်သူ့သားတို့၏ အလောင်းများကိုသယ်ဆောင်ခဲ့ကြပြီး...မြှပ်နှံသဂြိုဟ်ခဲ့ကြသည်" ( ရှု၊ figs_activepassive)

အဘိုးငွေကိုပေး၍

" ပိုက်ဆံများနှင့်အတူ"

Acts 7:17-19

ယေဘုယျအချက်အလက်

" ကျွန်ုပ်တို့၏" စကားလုံးတွင် သတေဖန်နှင့် ပရိတ်သတ်အားလုံးပါဝင်ပါသည်။ ( ရှု၊ figs_inclusive)

ဂတိတော်၏ အချိန်ရောက်လုသော အခါ၊ထိုလူမျိုးသည်...တိုးပွား၍ ...များပြားကြလေ၏။

အချို့သောဘာသာစကားများတွင်ကတိတော်အချိန်မရောက်မှီလူများတိုးပွားလာသည်ဟုဖော်ပြသည်။ (ရှု၊ UDB)

ဂတိတော်၏ အချိန်ရောက်လုသောအခါ

ဘုရားသခင်သည် အာဗြဟံကိုပေးသောသူ့ကတိတော်အချိန်နီးလာသည်ကိုဆိုလိုပါသည်။

ယောသပ်ကိုမသိ မကျွမ်းသော မင်းကြီးတပါး

" ဆက်၍အုပ်စိုးရန်နောက်မင်းတစ်ပါး"

အဲဂုတ္တုပြည်

" အဲဂုတ္တုပြည်" ဆိုသည်မှာထိုနိုင်ငံ၏ လူများကိုဆိုလိုသည်။အခြားသောဘာသာပြန်ဆိုချက်၊ " အဲဂုတ္တုပြည်ရှိလူများ" ( ရှု၊figs_metonymy)

ယောသပ်ကိုမသိ မကျွမ်းသော

" ယောသပ်" သူ၏ဂုဏ်သတင်းကိုရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " ဘုရင်အသစ်သည် ယောသပ်၏တိုင်းပြည်ကိုအကျိုးပြုခဲ့သည့်အကြောင်းကိုမသိပေ" ( ရှု၊ figs_metonymy)

ငါတို့အဆွေအမျိုးကို ပရိယာယ်ပြုသဖြင့်၊

" ကျွန်ုပ်တို့ဆွေစဉ်မျိုးဆက်များကိုပြင်းထန်စွာညှဉ်းပန်းနှိပ်စက်ခဲ့သည်" သို့မဟုတ် " ကျွန်ုပ်တို့ဆွေစဉ်မျိုးဆက်များကိုအသုံးချ၍အမြတ်ထုတ်ခဲ့ကြသည်"

သူငယ်များကိုအသက်မရှင်စေခြင်းငှါ ပစ်ထားရမည်

သူတို့၏ကလေးများသေဆုံးစေလိုသဖြင့် ကလေးများကိုစွန့်ပစ်ရန်

Acts 7:20-21

ထိုအခါ...မောရှေကို ဘွားမြင်လျှင်

ဤအကြောင်းတွင် မောရှေကိုမိတ်ဆက်ခြင်းဖြစ်သည်။ ( ရှု၊writing_participants)

အလွန်အဆင်းလှသော

ဤစကားစုမှာ မောရှေသည်အလွန်ချောမောလှပသည်ဟုဆိုလိုသည်။ ( ရှု၊ figs_idiom)

ကျွေးမွေး ကြ၏

အခြားသောဘာသာပြန်ဆိုချက်၊ " သူ့မိဘများကသူ့ကိုပြုစုသည်" သို့မဟုတ် "သူ့အတွက်မိဘများကစောင့်ရှောက်ကျွေးမွေးကြသည်" ( ရှု၊ figs_activepassive)

နောက်မှပစ်ထားသည်ရှိသော်

ဖာရောဘုရင်၏အမိန့်ကြောင့် မောရှ ပစ်ထားခြင်းခံရသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " သူ၏မိဘများကသူ့ကိုပစ်ထားသောအခါ" သို့မဟုတ် " သူတို့သူ့ကိုစွန့်ပစ်ကြသောအခါ" ( ရှု၊ figs_activepassive

ဖာရောဘုရင် သမီးတော်သည် ... မွေးစား လေ၏။

" ဘုရင့်သမီးတော်ကမွေးစား ခဲ့လျှင်သူသည် သူမပိုင်သောသားကဲ့သို့"

Acts 7:22-25

မောရှေသည်လည် ... ပညာ အလုံးစုံတို့ကို သင်၍၊

အခြားသောဘာသာပြန်ဆိုချက်၊ "အဲဂု တ္တုပြည်သားများကမော‌ရှေကိုပညာ သင်ပေးသည်" ( ရှု၊ figs_activepassive)

အဲဂုတ္တု အတတ်၊ ပညာ အလုံးစုံတို့ကို သင်၍၊

အလွန်မြင့်သော ပညာဖြစ်ကြောင်းအထူးချဲ့ပြောသည်။ ( ရှု၊ figs_hyperbole)

နှုတ်သတ္တိ၊ လက်သတ္တိရှိ၏။

" သူ၏အပြော၊အလုပ်များ ထက်မြက်ခြင်း" သို့မဟုတ် " သူပြောသည့်၊ လုပ်သည့်အရာများတွင်လွမ်းမိုးမှုရှိခြင်း"

မိမိညီအစ်ကိုတို့ကို အကြည့်အရှု သွားမည်ဟု အကြံရှိ၏။

" သူ အကြောင်းအရာကိုတွေးတောပြီး ဆုံးဖြတ်ခဲ့သည်" စကားစု၏ဆိုလိုရင်းမှာ " သူဆုံဖြတ်ချက်ချခဲ့သည်" ( ရှု၊ figs_idiom)

ဣလရေလ အမျိုးသားဖြစ်သော မိမိညီအစ်ကိုတို့

သူ၏မိသားစုကိုသာမဟုတ်ဘဲသူ့လူမျိုးများအားလုံးကိုရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " ဣသရေလအမျိုး ၏ကလေးများနှင့် သူ၏လူမျိုးများအားလုံး" ( ရှု၊ figs_explicit)

အမျိုးသားချင်းတယောက်သည် ညှဉ်းဆဲခံရ သည်ကို မြင်လျှင် ... အဲဂုတ္တုလူကို

ပြုလုပ်သူပုံစံအဖြင့်ဖော်ပြနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " အဲဂုတ္တုလူက ဣသရေလလူကိုညှဉ်းဆဲနေသည်ကို မောရှေမြင်သောအခါ၊သူ့လူမျိုးကိုနှိပ်စက်နေသူအဲဂုတ္တုလူအားသတ်ကာ သူ့လူမျိုးကိုကာကွယ်ခဲ့သည်" (ရှု၊ figs_activepassive)

အဲဂုတ္တုလူကို ကွပ် မျက်သဖြင့်၊

မောရှေသည် အဲဂုတ္တုလူအားပြင်းထန်စွာရိုက်ခဲ့သဖြင့်သေဆုံးခဲ့သည်။

ထင်မှတ်သော်လည်း၊

"မောရှေ တွေးထင်ခဲ့သည်"

ဤသူလက်ဖြင့် ငါတို့ကို ကယ်နှုတ်တော် မူမည်

" မောရှေအားဖြင့် သူတို့ကိုလွတ်မြောက်စေခြင်း" သို့မဟုတ် " သူတို့လွတ်မြောက်ရန်မောရှေကိုအသုံးပြုခြင်း" ( ရှု၊ figs_metonymy)

Acts 7:26-28

ယေဘုယျအချက်အလက်၊

" ငါတို့ကို" စကားမှာ မောရှေမပါဘဲ၊ ကျွန်ခံရသောဣသရေလအမျိုးကို ရည် ညွှန်းသည်။ (ရှု၊ figs_exclusive)

အချင်းချင်း...ညီအစ်ကိုချင်း ဖြစ်လျက်

ထွက်မြောက်လာကြသောဣသရေလလူများအချို့ဖြစ်ကြောင်း ပရိတ်သတ်များကသိထားသည်။ သို့သော် သတေဖန်က တိကျစွာ မပြောပါ။ (ရှု၊figs_explicit)

ရန်ငြိမ်းရာသို့ သွေးဆောင် သည်

"ရန်ဖြစ်နေသူတို့ကို ရပ်အောင်ပြုလုပ်သည်"(UDB)

အချင်းလူတို့၊ ညီအစ်ကိုချင်း ဖြစ်လျက်

မောရှေသည်ရန်ဖြစ်နေကြသော ဣသရေလူအချင်းချင်းကိုဆိုလိုပါသည်။

အဘယ်ကြောင့် တယောက်ကိုတယောက် ညှဉ်းဆဲကြသနည်း

မောရှေသည်ရန်ဖြစ်နေသူတို့ကိုရပ်စေရန်မေးခွန်းမေးခဲ့ခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊" သင်တို့အချင်းချင်းနာကြင်အောင်မလုပ်ကြနှင့်" ( ရှု၊figs_rquestion)

အဘယ်သူသည် သင့်ကို ငါတို့အပေါ်မှာအကဲအမှူး တရားသူကြီး အရာ၌ ခန့်ထားသနည်း

ဣသရေလလူက မောရှေအား မေးခွန်းဖြင့်ပြစ်တင်လိုက်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ " သင် ကျွန်ုပ်တို့အပေါ်အာဏာလာမပြပါနဲ့" ( ရှု၊figs_rquestion)

မနေ့ကအဲဂုတ္တုလူကို သတ်သကဲ့သို့ ငါ့ကိုသတ် လိုသလော

ထိုလူက မောရှေသည်အဲဂုတ္တုလူကိုသတ်ခဲ့ကြောင်းသိသဖြင့် ဤမေးခွန်းဖြင့်သတိပေးလိုက်ခြင်းဖြစ်ပါသည်။

Acts 7:29-30

ယေဘုယျအချက်အလက်

သတေဖန်၏ပရိတ်သတ်များသည် မောရှေထွက်ပြေး၍မိဒျန်သူနှင့်လက်ထပ်သည်ကို သိပြီးသားဖြစ်ပါသည်။ ( ရှု၊ figs_explicit)

ထိုစကားကိုကြားလျှင်၊

ဤသွယ်ဝိုက်၍ပြောသောစကားကိုကြားသောအခါ ထိုနေ့မတိုင်မှီ သူအဲဂုတ္တုလူကိုသတ်ခဲ့ကြောင်းကို ဣသရေလလူကသိထားသည်ကို နားလည်ခဲ့သည် (ရး၂၆)၊ (ရှု၊ figs_explicit)၊

အနှစ်လေးဆယ်လွန်သောအခါ၊

" နှစ်ပေါင်း၄၀ ကြာပြီးနောက်" မောရှေ မိဒျန်ပြည်တွင် နေသောအချိန်ကာလကိုဆိုလိုသည်။ ( ရှု၊ figs_explicit)

ကောင်းကင်တမန် ထင်ရှား၏။

သတေဖန်၏ပရိတ်သတ်များက ဘုရားသ ခင်သည်ကောင်းကင်တမန်အားဖြင့်စကားပြောခဲ့သည်။ UDBတွင်ရှင်းလင်းစွာဖော်ပြသည် ။ (ရှု၊ figs_explicit)

Acts 7:31-32

ထိုရူပါရုံကို မြင်သောအခါမောရှေသည် အံ့ဩ၍

မီးလောင်သောချုံ မကျွမ်းသည်ကိုမောရှေအံ့ဩခဲ့သည်။ သတေဖန်၏ပရိတ်သတ်သိပြီးသောအကြောင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ " ချုံသည်မီးလောင်ကျွမ်းခြင်းမရှိသော ကြောင့်" (UDB) ( ရှု၊ figs_explicit)

စေ့စေ့ကြည့် ရှုခြင်းငှါ အနားသို့ချဉ်းကပ်လျှင်၊...မောရှေသည် တုန်လှုပ်လျက် စေ့စေ့ မကြည့်ဝံ။

ဤအဓိပ္ပါယ်မှာ မောရှေသည်စူးစမ်းလေ့ လာရန်ချုံအနီးသို့သွာခဲ့သော်လည်း အသံထွက်လာသောကြောင့် ကြောက် လန့်ကာ နောက်သို့ပြန်ဆုတ်ခဲ့သည်။

ငါကား သင့်ဘိုးဘေးတို့၏ဘုရား၊

" ငါသည် သင်တို့ဘိုးဘွားများ ကိုးကွယ်သောဘုရားဖြစ်သည်" (UDB)

မောရှေသည် တုန်လှုပ်လျက်

မောရှည်ထိတ်လန့်စိုးရိမ်သွားခဲ့သည်။ အခြားသောဘာသာပ့န်ဆိုချက်၊ " မောရှေ ကြောက်ရွံ့ခြင်းနှင့်အတူတုန်လှုပ်သွားခဲ့သည်" (See: figs_explicit)

Acts 7:33-34

သင်၏ခြေနင်းကို ချွတ်လော့။

ဘုရားသခင် မောရှေကိုပြောခြင်းဖြစ်သည်၊ သူ ဘုရားသခင်ကိုရိုသေလေးမှုပြုသည်။ (ရှု၊ translate_symaction)

သင်နင်း သောအရပ်ကား သန့်ရှင်းသောမြေ ဖြစ်၏။

သွယ်ဝိုက်သောအချက်ဖြစ်သော်လည်း ဘုရားသခင်သည်ယခုနေရာတွင်ရှိသည်။ဤဧရိယာတဝိုက်ကိုဘုရားသခင်တန်ဖိုးထားသည်။ သို့မဟုတ် ဘုရားသခင်အား ဖြင့်သန့်ရျင်းစေသည်။ (ရှု၊figs_explicit)

ငါစေ့စေ့မြင်ခဲ့ပြီ။

" သေသေချာချာမြင်ခဲ့သည်၊" မြင်ခဲ့သည်ကိုအထူးပြု၍သေချာစွာဖော်ပြသည်။

ငါ၏လူတို့သည်

"ငါ၏လူတို့" စကားသည် ဘုရားသခင်ကိုပိုင်ထားသောလူများကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " အာဗြဟံ၊ဣဇက်၊ ယာကုပ်တို့မှဆင်းသက်လာကြသောလူများ"

သူတို့ကို ကယ်နှုတ် ခြင်းငှါ ငါဆင်းလာပြီ။

" သူတို့၏လွတ်မြောက်ခြင်း ကိုယ်ရေး ကိုယ်တာအကြောင်းတရား"

ယခုသွားလော့။

" အသင့်ရှိပါ၊" ဘုရားသခင်အမိန့်ပေးခြင်း၍အသုံးပြုထားသည်။

Acts 7:35-37

ယေဘုယျအချက်အလက်၊

အခန်းငယ်၃၅-၃၈ တွင်ပါသောစကားစုများသည် မောရှေကိုရည်ညွှန်းသည်၊" "ဤသူသည်" သို့မဟုတ် " ထိုသူသည်" " မောရှေသည်" စသဖြင့် မောရှေကိုအထူးပြုရန် တူညီသောအခြေအနေသုံးထားကြောင်းတွေ့ရပါသည်၊

ယေဘုယျအချက်အလက်

ဣသရေလလူမျိုးများသည်အီဂျစ်ပြည်မှထွက်ခွာပြီးနောက်နှစ်ပေါင်း ၄၀ လှည့် လည်သွားနေရသော်လည်း ဘုရားသခင်သည် ကတိထားတော်မူသောပြည်သို့ သူတို့ကိုပို့ဆောင်ခဲ့ပါသည်။

အငြင်းအပယ်ခံ ရသော ထိုမောရှေကို

7:26 တွင်ဖော်ပြသောအဖြစ်အပျက်ကိုရည်ညွှန်းသည်။

အဘယ်သူသည် သင့်ကို အကဲအမှူးတရား သူကြီးအရာ၌ ခန့်ထားသနည်း

ဤမေးခွန်းသည် မောရှေအားပြစ်တင်သံနှင့်မေးခွန်းထုတ်ခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်၊ " သင်ကျွန်ုပ်တို့အပေါ်အာဏာမပြပါနဲ့" 7:26. ( ရှု၊ figs_rquestion)

အကဲအမှူး၊ ကယ်လွှတ်သောသူ

" သူတို့ကိုအုပ်ချုပ်ရန်နှင့် ကျွန်ဘဝမှလွတ်မြောက်စေရန်"

ကောင်းကင်တမန်အားဖြင့် စေခန့်တော်မူ၏။

" ကောင်းကင်တမန်အားဖြင့်" ( ရှု၊figs_metonymy)

အနှစ် လေးဆယ်ပတ်လုံး

သတေဖန်၏ပရိတ်သတ်များ ဣသရေလလူများအနှစ် ၄၀ ပတ်လုံးလှည့်လည်နေခဲ့ကြသည့်အကြောင်းသိသည်။ အခြားသောဘာသာပြန်ဆိုချက်၊ နှစ်ပေါင်း ၄၀ အတွင်းတွင် ဣသရေလလူမျိုးများ တောတွင် လှည့်လည်သွားလာနေထိုင်ခဲ့ကြပါသည်"(UDB) ( ရှု၊ figs_explicit)

ပရောဖက်တပါးကို သင်တို့အဘို့ ပေါ်ထွန်း စေတော်မူ မည်။

" အခြားပရောဖက်တစ်ပါးကိုပေါ်ထွက်စေခြင်း"

သင်တို့အမျိုးသား ချင်းတို့အထဲ၌

" သင်တို့၏လူမျိုးများအထဲမှ" (UDB)

Acts 7:38-40

ယေဘုယျအချက်အလက်

အခန်းငယ် ၄၀ ကိုးကားချက်အရ မောရှေ၏ရေးသားမှဖြစ်သည်။

ထိုသူသည် တောတွင်ရှိသော အစည်းအဝေး၌ ၎င်း

" မောရှေသည် ဣသရေလအမျိုးများအကြားတွင်တစ်ဦးဖြစ်သည်"(UDB)

ထိုသူသည်

ဤစကားစုသည် မောရှေကိုရည်ညွန်းသည်။

ထိုသူသည် ငါတို့အား အပ်ပေးခြင်းငှါ အသက်ရှင် စေသော ဗျာဒိတ်တော်ကိုခံလေ၏။

ဘုရားသခင်တစ်ပါးသာ ဤစကားတော်များကိုပေးခဲ့သည်၊ အခြားသောဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့အားအသက်ရှင်သောစကားတော်ကိုပေးရန် ဤသူသည်ဘုရားသခင်ဗျာဒိတ်တော်ကိုခံရ၏"

အသက်ရှင် စေသော ဗျာဒိတ်တော်

ဖြစ်နိုင်ခြေအဓိပ္ပါယ်များ ၁) " သတင်းတစ်ခု၊ထိုဟာမှာ ခိုင်ခန့်တည်မြဲသည်" ၂) စကားတော်များ၊တိုဟာမှာ အသက်ပေးသည်။"

ထိုသူ၏စကားကိုငါတို့အဘများသည် နားမထောင်လိုဘဲလျက် ပယ်၍၊

သူတို့၏ငြင်းပယ်ခြင်းသည်မောရှေကိုအထူးတင်စားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊" သူတို့သည်သူ့ကိုသူတို့၏ခေါင်းဆောင်အဖြစ်ငြင်းပယ်ခဲ့သည်။" (UDB) (ရှု၊ figs_metaphor)

အဲဂုတ္တုပြည်သို့ ပြန်ချင်သောစိတ်

" သူတို့ လှည့်ပြန်ရန်ဆန္ဒပြင်းပြခဲ့သည်" (ရှု၊ figs_idiom)

မြန်မာကျမ်းစာတွင်ဤစကားစုမပါပါ။

" ထိုအချိန်တွင် သူတို့ အဲဂုတ္တုပြည်သို့ပြန်သွားရန်စိတ်ဆုံးဖြတ်ခဲ့ကြသည်"

Acts 7:41-42

ယေဘုယျအချက်အလက်

ဤကိုးကားချက်သည် ပရောဖက်အာမုတ်မှဖြစ်သည်။

နွားသငယ်ကို လုပ်၍

သတေဖန်၏ပရိတ်သတ်များသည် နွားသငယ်ရုပ်ထုပြုလုပ်ခြင်းကိုသိပြီးပြီ။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ သည် နွားသငယ်နှင့်တူသောရုပ်ထုကို ပြုလုပ်ကြသည်" ( ရှု၊ figs_explicit)

နွားသငယ်ကို လုပ်၍ ထိုရုပ်တုအား ... မိမိတို့လက်နှင့် လုပ်သော အရာ၌ပင် ပျော်မွေ့ကြ၏

ဤစာပိုဒ်သည် နွားသငယ်ရုပ်ထုအကောင်းကိုရည်ညွှန်းသည်။

မြန်မာကျမ်း၌မတွေ့ပါ

ဘုရားသခင်သည် လူမျိုးတော်ကိုကြေနပ်ခြင်းမရှိပေ၊ အခြားသောဘာသာပြန်ဆိုချက်၊ " ဘုရားသခင်သည်သူတို့ကိုပြုပြင်လမ်းပြခြင်းမှရပ်ခဲ့သည်။( ရှု၊ translate_symaction)

N/A

" သူတို့ကိုစွန့်ပစ်ခဲ့သည်"(UDB)

N/A

ဆိုလိုရင်းများမှာ ၁) ကြယ်များ ၂) နေ၊လ နှင့် ကြယ်များ

အနာဂတ္တိကျမ်း၌ လာသည် ကား၊

ဓမ္မဟောင်းကျမ်းရှိ အနာဂတ္တိကျမ်းများမှကျမ်းတစ်စောင်ဖြစ်သည်။ အာမုတ်အနာဂတ္တိကျမ်းလဲအပါအဝင်ဖြစ်သည်။

အိုဣသရေလအမျိုး၊ သင်တို့သည် စီရင်သော တိရစ္ဆာန်နှင့် ယဇ်များကို ... ငါ့အား ပူဇော်ကြသလော။

ဘုရားသခင်သည် ဣသရေလများသူ့ကိုသူတို့၏ပူဇော်သက္ကာများနှင့်ဝတ်မပြုခြင်းကိုမေးခွန်းဖြင့်မေးခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်၊ သင်တို့ငါ့ကိုပူဇော်သက္ကာများနှင့် မပူဇော်ကြပေ" ( ရှု၊ figs_rquestion)

တော၌ ( လှည့်လည်သွားလာချိန်)

ဣသရေလပြည်တခွင်လုံးကိုရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " ဣသရေလလူမျိုးများအားလုံး" ( ရှု၊figs_metonymy)

Acts 7:43

ဆက်စပ်မှုဖော်ပြချက်

သတေဖန်သည်ယဇ်ပုရောဟိတ်အကြီးအကဲနှင့်လွှတ်တော်ကိုဆက်လက်တုန့်ပြန်သည်။7:1 တွင်စခဲ့သည်။

ယေဘုယျအချက်အလက်

ပရောဖက်အာမုတ်မှကိုးကားချက်

သင်တို့သည်...ဆောင်ရွက်ကြပြီ တကား

သူတို့သည်တော၌လှည့်လည်သွားလာစဉ်ဤရုပ်ထုများကိုသူတို့နှင့်အတူသယ်ယူကြသည်ကိုသွယ်ဝိုက်ဖော်ပြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " သင်တို့နှင့်အတူတစ်နေရာမှတစ်နေရာသို့သယ်ဆောင်သွားခဲ့ကြသည်"(UDB) (ရှု၊ figs_explicit)

မောလုပ်၏တဲ

အခြားမှားယွင်းသောဘုရား၏တဲ

ရင်ဖန်၏ ကြယ်

ထိုကြယ်သည် ရင်ဖန်ဘုရားကို ကိုယ်စားပြုခြင်းဖြစ်သည်။

မိမိ တို့လုပ်သော ပုံတို့ကို

သူတို့သည် မောလုပ်၊ ရင်ဖန်ဘုရားတို့၏ရုပ်ထုများကိုလုပ်၍ သူတို့ကိုကိုးကွယ္ကြသည်။

ငါသည် သင်တို့ကို ဗာဗုလုန်မြို့ တဘက်သို့ ဆောင်သွားမည်

ဘုရားသခင်၏တရားစီရင်မှုဖြစ်လိမ့်မည်။ " ငါသည် သင်တို့ကို ဗာဗုလုန်ထက်ဝေးသောနေရာသို့ပို့လိမ့်မည်"

Acts 7:44-46

သက်သေခံတော် မူချက် ဌာပနာ ရာတဲ

ပညတ်တော် ၁၀ ပါး ထွင်းထားသည့်ကျောက်ပြားသည် သေတ္တာတွင်ထည့်၍ ဤတဲတော်တွင်ထားရန်ဖြစ်သည်။

သက်သေခံတော် မူချက် ဌာပနာ ရာတဲတော်ကို လုပ်ရမည် ...ထိုတဲတော်သည်

ဤစကားစုနှစ်ခုသည်အကြောင်းအရာအတူတူဖြစ်သည်။

တပါးအမျိုးသားတို့ ပိုင်သော မြေထဲသို့

" နိုင်ငံ၏ပိုင်ဆိုင်မှုအရာများထဲသို့" ဤတွင် မြေယာများ၊ အဆောက်အဦများး၊ အသီးအနှံများ၊တိရစ္ဆာန်များနှင့် သိမ်းပိုက်ရယူခြင်းတွင်ပါသောတိုင်းပြည်၏ပိုင်ဆိုင်သောအရာအားလုံးဖြစ်သည်။

မြေထဲ

ဣသရေလပြည်မတိုင်ခင်သူတို့နေထိုင်ခဲ့ကြသည့်မြေကြီးကိုရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " ယခင်ဤတွင်နေထိုင်ခဲ့ကြသောလူမျိုးများ" (ရှု၊ figs_metonymy)

ဒါဝိဒ်မင်းလက်ထက်တိုင်အောင်

သေတ္တာတော်သည် ဣသရေလဘုရင် ဒါဝိဒ်မင်းလက်ထက်ထိတိုင်အောင်ဆက်လက်ကျန်ရှိခဲ့သည်။

ယာကုပ်၏ ဘုရားသခင် ကျိန်းဝပ်တော်မူဘို့ရာ အရပ်

"ယာကုပ်၏ဘုရားသခင်ကျိန်းဝပ်တော်မူရန် သေတ္တာတော်အတွက် နေရာအိမ်တစ်ခု"၊ ဒါဝိဒ်မင်းသည် ယေရုရှလင်တွင်သေတ္တာတော်ထားရန်အတွက် နေရာကိုလိုချင်သည်၊ တဲတော်တွင်မဟုတ်ပေ။

Acts 7:47-50

ယေဘုယျအချက်အလက်

အခန်းငယ် ၄၉နှင့် ၅၀ တွင်၊ သတေဖန်သည်ပရောဖက်ဟေရှယကျမ်းမှကိုးကားသည်။ ကိုးကားချက်တွင် ဘုရား သခင်ကိုယ်တော်တိုင်ပြောသောအကြောင်းဖြစ်ပါသည်။

လူတို့ လက်ဖြင့် လုပ်သော

" လူ့လက်ဖြင့်လုပ်ခဲ့သည်" ( ရှု၊ figs_synecdoche)

ကောင်းကင်ဘုံသည် ငါ့ပလ္လင် ဖြစ်၏။ မြေကြီးသည် ငါ့ခြေတင်ရာခုံဖြစ်၏။

ပရောဖက်က ဘုရားသခင်၏ရှေ့တော်တွင်ကြီးမြတ်ခြင်းနှင့် လူတို့အတွက်တည်ဆောက်သောနေရာကိုနှိုင်းယှဉ်ခြင်းဖြစ်သည်။ မြေကြီးတစ်ခုလုံးသည်ဘာမျှမဟုတ်၊ ဘုရားသခင်အတွက် အနားယူရန်ခြေတင်ခုံဖြစ်သည်။

အဘယ် သို့သော ဗိမာန် ကိုငါ့အဘို့ တည်ဆောက်ကြမည်နည်း။

ဘုရားသခင်သည်လူတို့၏အားထုတ်မှုကိုအသုံးမဝင်ကြောင်း၊ဘုရားသခင်၏ စောင့်ထိန်းမှုခံရန်မေးခွန်းဖြင့်မေးထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " သင်တို့ ငါ့အတွက် ပြည့်ပြည့်ဝဝ လုံလောက်သောအိမ်ကိုမဆောက်နိုင်ပေ" ( ရှု၊ figs_rquestion)

အဘယ်အရပ်သည် ငါ့ကျိန်းဝပ် ရာအရပ်ဖြစ်မည်နည်း။

ဘုရားသခင်က လူသည်ဘုရားသခင်နားနေရန်ကိုမပြုလုပ်နိုင်ကြောင်းကိုမေးခွန်းဖြင့်ပြောထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " ငါ့အတွက် အနားယူရန် လုံလောက်သောနေရာမရှိပါ" ( ရှု၊ figs_rquestion)

ငါ့လက်သည် ဤအရာအလုံးစုံတို့ကို ဖန်ဆင်းသည် မဟုတ်လော

ဘုရားသခင်က အလုံးစုံတို့ကိုလူသည်မဖန်ဆင်းနိုင်ခြင်းကိုပြလို၍မေးခွန်းဖြင့်မေးထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " ဤအရာအားလုံးကို ငါ့လက်ဖြင့်ပြုလုပ်ထားသည်" (ရှု၊ figs_rquestion)

Acts 7:51-53

ဆက်စပ်မှုဖော်ပြချက်

သတေဖန်သည် ယဇ်ပုရောဟိတ်အကြီးအကဲနှင့်လွှတ်တော်ကိုပြင်းပြင်းထန်ထန်တုန့်ပြန်၍အဆုံးသတ်သည်။ 7:1

လည်ပင်းခိုင်မာ၍ ...လူတို့

သတေဖန်ကယုဒခေါင်းဆောင်များကို လည်ပင်းခိုင်မာသောသူများဟူ၍ လွှဲပြောင်းပြစ်တင်ခဲ့သည်။

လည်ပင်းခိုင်မာ

လည်ပင်းသည် မခိုင်မာပေ။ သို့သော် သူတို့သည်" ခေါင်းမာ၍ပြောရခက်သော" သူများဖြစ်ကြသည်။ (ရှု၊ figs_idiom)

နှလုံးဖြင့်၎င်း၊ နားဖြင့်၎င်း အရေဖျားလှီးခြင်းကိုမခံသော

ဂျူးများက အရေဖျားလှီးခြင်းမခံသောသူသည် ဘုရားသခင်စကားကိုနားမထောင်သူဟုသတ်မှတ်ခဲ့သည်။ သတေဖန်က" နှလုံးနှင့်နား" ဟုသုံးခြင်းမှာယုဒလူမျိုးခေါင်းဆောင်များလည်းအခြားသောလူမျိုးသားကဲ့သို့ပြုမူ၍ဘုရားစကားကိုနားမထောင်ပေ။ အခြားသောဘာသာပြန်ဆိုချက်၊ " သင်တို့နားထောင်ရန် ငြင်းပယ်ကြသည်" (ရှု၊ figs_metonymy)

သင်တို့ဘိုးဘေးများသည် အဘယ်ပရောဖက်ကို မျှ မညှဉ်းဆဲဘဲ နေသနည်း။

သတေဖန်က သူတို့ဘိုးဘွားများ၏အမှားများထံမှ သူတို့သင်ယူခဲ့ခြင်းကိုပြရန် မေးခွန်းဖြင့်မေးခဲ့သည်။ အခြားသောဘာသာပြန်ဆိုချက်၊ သင်တို့၏ဘိုးဘွားများသည် ပရောဖက်တိုင်းကို ညှင်းဆဲခဲ့ကြသည်" ( ရှု၊ figs_rquestion)

ဖြောင့်မတ်သော သူ

မေရှိယခရစ်တော် ကိုရည်ညွှန်းသည်။

ယခုလည်း သင်တို့သည် အပ်နှံ၍ အသေသတ် ကြပြီ

" သင်တို့လည်းသစ္စာဖေါက်၍ သူ့ကိုသတ်ကြသည်"

အသေသတ် ကြပြီ

" ဖြောင့်မတ်သူ၏ လူသတ်သမားများ" သို့မဟုတ်" ခရစ်တော်၏လူသတ်သမားများ"

ကောင်းကင်တမန်များ ခင်းကျင်း သော အားဖြင့် ပညတ်တရားတော်ကို ခံရသော်လည်း

"ကျွန်ုပ်တို့ဆွေစဉ်မျိုးဆက်သို့ပေးရန်ကောင်းကင်တမန်ဖြင့်ဖော်ပြသောဘုရားသခင်၏ပညတ်တော်များ" (UDB)

Acts 7:54-56

ဆက်စပ်မှုဖော်ပြချက်

သတေဖန်၏စကားများကို လွှတ်တော်ကတုန့်ပြန်ချက်

ထိုစကားကိုကြားလျှင်

ပြန်လည်တုန့်ပြန်ခြင်းဖြစ်သည်၊ ပြောသည့်စကာများဆုံးပြီးနောက် ကောင်စီဝင်များမှ တုန့်ပြန်ချက်။

နှလုံးကွဲပြတ်မတတ်

" အလွန်ကြီးမားစွာသော ဒေါသ" (ရှု၊ figs_idiom)

သတေဖန်၌ အံသွားခဲကြိတ်ခြင်းကို ပြုကြလေ၏

ဤအပြုအမူသည် သတေဖန်ကို သူတို့၏အလွန့်အလွန်ဒေါသထွက်ခြင်း သို့မဟုတ် မုန်းတီးသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " သူတို့သည် အလွန်ဒေါသထွက်ကာ အားလုံးအံကြိတ်ကြသည်" သို့မဟုတ် " သတေဖန်ကို ကြည့်ကာ ကြိတ်မနိုင်ခဲမရ ဖြစ်ကြသည်။" (ရှု၊ translate_symaction)

ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်၍

" ကောင်းကင်သို့ စိုက်ကြည့်သည်။" သတေဖန်တစ်ဦးသာကောင်းကင်မှရူပါရုံကိုမြင်ခဲ့ပြီး လူအုပ်ကြီးမှ မည်သူမျှမမြင်ပေ။

ဘုရားသခင်၏ ဘုန်းတော်ကို၎င်း၊... မြင်လျှင်

ဘုရားသခင်၏ဘုန်းတော်သည် အလင်း တန်းကဲ့သို့ လူများ ဖော်ပြလေ့ရှိသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " ဘုရားသခင်ထံမှအလင်းရောင်ကိုမြင်ခဲ့သည်" ( ရှု၊ figs_explicit)

ဘုရားသခင်၏ လက်ျာတော်ဘက်၌ ရပ်နေသည်ကို၎င်း

" လကျ်ာတော်ဘက်၌" ဤသုံးနှုန်းပုံစ ကားသည် ရိုသေထိုက်သောနေရာကိုရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ ရိုသေထိုက်သောဘုရားသခင်ခင်ဘေး၌ရပ်နေခြင်း" (ရှု၊figs_idiom)

လူသားသည်

သတေဖန်သည် သခင်ယေရှုကို "လူသား"ဟုရည်ညွှန်းသည်။

Acts 7:57-58

နားကိုပိတ် ဆို့လျက်

သူတို့သည် နားကိုလက်ဖြင့်ပိတ်ထားသ ဖြင့် သတေဖန်ဘာပြောသည်ကို လုံးဝမကြားလိုသည်ကိုဖော်ပြခြင်းဖြစ်သည်။(ရှု၊translate_symaction)

မြို့ပြင်သို့နှင့်ထုတ်ပြီးမှ

" သူတို့သည် သတေဖန်ကို ဖမ်းကိုင်ပြီး၊ မြို့ပြင်သို့ အတင်းထုတ်ဆောင်ခဲ့ကြသည်"

မိမိတို့အဝတ်

ဤအဝတ်မှာ ဝတ်ရုံ သို့မဟုတ် အပြင်ခြုံထည်၊ ကုတ် သို့မဟုတ် အနွေးထည်နှင့်အတူတူဖြစ်သည်။

လုလင်

ထိုချိန်က အသက် ၃၀ ဝန်းကျင်ရှိနိုင်သော ရှောလု ဖြစ်ပါသည်။

Acts 7:59-60

ဆက်စပ်မှုဖော်ပြချက်

သတေဖန်အကြောင်း၏အဆုံးပိုင်းဖြစ်သည်။

အကျွန်ုပ်၏ဝိညာဉ်ကို သိမ်းယူတော်မူပါ

" အကျွန်ုပ်၏ဝိညာဉ်ကို ယူတော်မူပါ" ဟု အကူအညီတောင်းသည်ကို ပြလို၍ "ကျေးဇူးပြု၍"စကားကိုထပ်ဖြည့်ရန်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ " ကျေးဇူးပြု၍အကျွန်ုပ်၏ဝိညာဉ်ကိုလက်ခံတော်မူပါ"

ဒူးထောက်လျက်

ဘုရားသခင်ကို ဝန်ခံသည့်အပြုအမူဖြစ်ပါသည်။(ရှု၊translate_symaction)

ဤသူတို့ပြုသော ဒုစရိုက်အပြစ်ကို မှတ်တော်မမူပါနှင့်

ပြုလုပ်သူနည်းဖြင့်ဖော်ပြနိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ " ဤအပြစ်များအတွက် သူတို့ကို ခွင့်လွှတ်ပေးပါ" ( ရှု၊ figs_litotes)

ကျိန်းစက်လေ၏

သူ "သေဆုံးခဲ့သည်၊" ဟုအဓိပ္ပါယ်ဖြစ်ပါသည်။ ( ရှု၊ figs_euphemism)

Acts 8

Acts 8:1-3

ဆက်စပ်မှုဖော်ပြချက်

သတေဖန်အကြောင်းမှဆက်ပြီး ရှောလုအကြောင်းကိုဤကျမ်းပိုဒ်များတွင်ဖော်ပြသည်

ယေဘုယျအချက်အလက်

သတေဖန်အဆုံးပိုင်းအကြောင်းကိုပရိတ်သတ်များအား ဤကျမ်းပိုဒ်များအားဖြင့်သိရှိပြီးနောက်ဆက်လက်ရွေ့သွားရန်ဖြစ်သည် (ရှု၊ translate_versebridge)

ထိုအခါ---တမန်တော် တို့မှတပါး

အခန်းငယ် ၁ အပိုင်းတွင်သတေဖန်သေပြီးနောက် ဘမ်းဆီးနှိပ်စက်ခြင်းနောက်ခံအဖြစ်အပျက်များဖြစ်သည် အခန်းငယ် ၃တွင် ရှောလုက ယုံကြည်သူများကိုနှိပ်စက်ညှဉ်းပန်းခြင်းကိုရှင်းပြပါသည် (ရှု၊ writing_background)

ထိုအခါ

သတေဖန်သေဆုံးပြီးအချိန်ကိုရည်ညွှန်းသည် ( ရှု၊ 7:59)

သင်းဝင်သူ အပေါင်းတို့သည် --- အနှံ့အပြားကွဲပြား ကြ၏။

ယေရုရှလင်ရှိယုံကြည်သူများ ဘမ်းဆီးနှိပ်စက်ခြင်ခံရသောကြောင့် အမြောက်အများထွက်ပြေးခဲ့ကြောင်းကို ဖော်ပြပါသည်figs_hyperbole)

တမန်တော်တို့မှတပါး

ဤအခြေအနေသည် တမန်တော်များ ယေရုရှလင်တွင်ကျန်ခဲ့သည့်ကိုဖော်ပြ ခြင်းဖြစ်သည်၊ သူတို့သည်ကြီးမားသောညှင်းပမ်းနှိပ်စက်မှုကို တွေ့ကြုံခဲ့ပြီးသည့်တိုင် ကျန်ခဲ့ကြသည်။ ( ရှု၊ figs_explicit)

တရားကိုရိုသေသောသူတို့သည်

" ဘုရားသခင်ကို ကြောက်ရွံ့ရိုသေလူများ" သို့မဟုတ် " ထိုလူများ ဘုရားသခင်ကိုကြောက်ရွံ့ကြသည်"

ပြင်းစွာသောငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏

" သတေဖန်သေဆုံး၍ အလွန်ဝမ်းနည်းပူဆွေးခဲ့ကြသည်"

ယောက်ျားမိန်းမတို့ကို ဆွဲငင်၍ထောင်ထဲ၌လှောင်ထား တတ်၏။

ပေါလုသည် ယုံကြည်သူယုဒလူများကို သူတို့၏အိမ်မှအတင်းအဓမ္မဆွဲခေါ်ကာ ထောင်ထဲတွင်ချုပ်နှောင်ထားကြသည်/

အိမ်များသို့ ဝင်ပြီးလျှင်

" တစ်အိမ်ပြီးတစ်အိမ်" (UDB)

ယောက်ျားမိန်းမတို့ကို ဆွဲငင်၍

"ယောက်ျားမိန်းမတို့ကို အတင်းအဓမ္မဆွဲခေါ်ခဲ့သည်"

ယောက်ျားမိန်းမတို့ကို

သခင်ယေရှုကို ယုံကြည်သောယောက်ျားမိန်းမများကို ရည်ညွှန်းသည်( ရှု၊ figs_explicit)

Acts 8:4-5

ဆက်စပ်မှုဖေါ်ပြချက်

ဤအကြောင်းတွင် လူများကရွေးကောက်ထားသောသင်းထောက်တစ်ဦိး ဖိလိပ္ပုဖြင့်အစပြုထားပါသည်။ (ရှု၊ ၆း၅)

အရပ်ရပ်သို့ကွဲပြားသော သူတို့သည်

ညှင်းပမ်းနှိပ်စက်ခြင်း၊ နေရာအသီးသီးသို့အရင်ကတည်းမှရှိခဲ့သည်။ ပြုလုပ်သူဝါကျဖြင့်ဖေါ်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ " အလွန်နှိပ်စက်ညှင်းပမ်းခြင်းခံရသူများမှာထွက်ပြေးသူများဖြစ်သည်။ (ရှု၊figs_activepassive)

ရှာမာရိမြို့သို့သွား၍

" ရှမာရိမြို့သို့သွား၍"စကားစုကိုအသုံးပြုခြင်းမှာ ဤမြို့သညိယေရုရှလင်မြို့ထက်ပို၍နိမ့်သည်။

ရှာမာရိမြို့

ထိုမြို့ကိုရှင်းလင်းစွာမပြောပါ၊ အကယ်၍ ရှမာရိမြို့ကိုရည်ညွှန်းပါက "ရှမာရိမြို့" သို့မဟုတ် " ရှမာရိပြည်တွင်ရှိမြို့တစ်မြို့"

ခရစ်တော်၏ အကြောင်းကိုဟောလေ၏။

"ခရစ်တော်" ခေါင်းစဉ်မှာ မေရှိယ သခင်ယေရှုကိုရည်ညွှန်းသည်။ အခါးသောဘာသာပြန်ဆိုချက်၊" သခင်ယေရှုသည်မေရှိယဖြစ်ကြောင်းသူတို့ကိုပြောပြခဲ့သည်" (ရှု၊figs_metonymy)

Acts 8:6-8

လူအစုအဝေးတို့သည်

" လူများစွာတို့သည် ရှမာရိမြို့တွင်ရှိသောအခါ" နေရာကို ယခင်ကသေချာသတ်မှတ်ခဲ့သည်။ (ရှု၊ ၈း၄)

တညီတညွတ်တည်း နားထောင်ကြ ၏။

ဖိလိပ္ပိသည်လူနာများကိုကုသပေးသောကြောင့် လူများစွာက စိတ်ဝင်စားမှုရှိခဲ့ကြသည်။

နတ်ဆိုးစွဲသော သူများတို့၏ အထဲမှ နတ်ဆိုး တို့သည် ပြင်းစွာသော အသံနှင့် အော်ဟစ်လျက်ထွက်သွားကြ၏။

" နတ်ဆိုးစွဲသောသူများတို့အထဲမှ နတ်ဆိုးတို့သည် အသံကျယ်လောင်စွာအော်ငို၍ ထွက်လာခဲ့ကြသည်"

မြို့သူမြို့သားတို့သည် အလွန်ဝမ်းမြောက် ခြင်းရှိကြ၏။

" မြို့သူမြို့သား" မှာ ပျော်ရွှင်ဝမ်းမြောက်နေကြသောလူများကိုရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊" မြို့တွင်ရှိကြသောလူများဝမ်းမြောက်နေကြသည်" (ရှု၊ figs_metonymy)

Acts 8:9-11

ရှိမုန်အမည်ရှိသော သူတယောက်သည်၊

ထိုမြို့၌

လူကြီးလူငယ်ရှိသမျှတို့ကလည်း၊

ဤသူသည် ဘုရားသခင်၏ မဟာတန်ခိုးတော်ဖြစ်သည်ဟု

ဘုရားသခင်၏ မဟာတန်ခိုးတော်ဖြစ်သည်

Acts 8:12-13

ယောက်ျားမိန်းမတို့သည် ဗတ္တိဇံကို ခံကြ၏။

ရှိမုန်သည်လည်း ကိုယ်တိုင်ယုံကြည်သည်ဖြစ်၍

ဗတ္တိဇံကို ခံပြီး

တန်ခိုးကြီးသော နိမိတ်လက္ခဏာများကို မြင်၍ မိန်းမောတွေဝေလျက်ရှိလေ၏။

Acts 8:14-17

ယေရုရှလင်မြို့၌ ရှိသော တမန်တော်တို့သည် သိတင်း ကြားလျှင်၊

Acts 8:18-19

Acts 8:20-23

Acts 8:24

Acts 8:25

Acts 8:26-28

Acts 8:29-31

Acts 8:32-33

Acts 8:34-35

Acts 8:36-38

Acts 8:39-40