ဗမာစာ: tq

Updated ? hours ago # views See on DCS

Daniel

Daniel 1

Daniel 1:1-2

ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့ကို ဝန်းရံပြီး ထောက်ပံ့သော အရာများကို သွားယူဖို့ ဘယ်အချိန်တွင် လာခဲ့သနည်း။

နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့ကို ယုဒရှင်ဘုရင် ယောယကိမ် နန်းစံသုံးနှစ်တွင် လာခဲ့သည်။

နေဗုခဒ်နေဇာအား ယုဒရှင်ဘုရင် ယောယကိမ် အပေါ်အောင်နိုင်သော အခွင့်ကို အဘယ်သူက ပေးခဲ့သနည်း။

နေဗုခဒ်နေဇာအား ယောယကိမ်အပေါ် အောင်နိုင်သော အခွင့်ကို ဘုရားသခင်ကို ပေးခဲ့သည်။

Daniel 1:3-5

ဘုရင်သည် မိန်းမစိုးအုပ် အာရှ ပေနတ်ကို ဘာလုပ်ဖို့ရန် ပြောခဲ့သနည်း။

ဘုရားသည် မိန်းမစိုးအုပ် အာရှ ပေနတ်ကို ဣသရေလ လူမျိုးထဲမှ ခမ်းနား သိုက်မြိုက်သောသူ၊ မြင့်မြတ်သောသူ အချို့ကို ခေါ်လာဖို့ရန် ပြောခဲ့သည်။

ဘုရင်က အဘယ်သို့သော လူငယ်မျိုးကို ဗာဗုလုန် ထဲသို့ ခေါ်လာဖို့ရန် လိုချင်သနည်း။

ဘုရင်သည် အကျင့်စာရိတ္တကောင်းမွန်သောသူ၊ မြင်မြင်သာသာ ဆွဲဆောင်မှုရှိသောသူ၊ ဉာဏ်ပညာထက်မြတ်သောသူ၊ အသိပညာဗဟုသုတ ကြွယ်သောသူ၊ နားလည်ခြင်းရှိသောသူနှင့် ဘုရင့်နန်းတော်အတွင်း အစေခံဖို့ရန် အရည်အချင်းပြည့်မှီသောသူ လူငယ်မျိုးကို လိုချင်ခဲ့သည်။

ထိုလူငယ်များကို အဘယ်အရာအားဖြင့် ကျွေးမွေးခဲ့သနည်း။

ထိုလူငယ်များကို ဘုရင့်၏ အချို့သော ဝိုင်နှင့် နူးညံ့သိမ်မွေ့သော ဘုရင့် ၏ စားပွဲ ဝိုင်းထဲမှ နေ့စဉ်ကျွေးမွေးခဲ့သည်။

Daniel 1:6-7

ဣသရေလနိုင်ငံမှ လာသော အချို့သော လူငယ်များ၏ အမည်သည် အဘယ်နည်း။ ထိုသူတို့ကို အကြီးအကဲ က မည်သည့်နာမည်များကို ပေးခဲ့သနည်း။

အချို့သောလူငယ်များ၏ အမည်နှင့် အကြီးအကဲက ပေးခဲ့သော အမည်များမှာ ဒံယေလကို ဗေလတရှာဇာ၊ ဟာနနိကို ရှာဒရက်၊ မိရှေလကို မေရှက်၊ အာဇရိကို အဗေဒနေဂေါ ဟူ၍ ဖြစ်ကြသည်။

Daniel 1:8-10

ဒံယေလသည် သူ့အတွေးထဲမှာ ဘာကို ကြံစည်ခဲ့သနည်း။

ဒံယေလသည် ဘုရင်၏ ဝိုင်များနှင့် (သို့) သိမ်မွေ့သောဘုရင့် ၏ အကျွေးအမွေးများနှင့် သူ့ကိုယ်သူ ညစ်ညူးခြင်းမရှိမပြုဖို့ရန် အတွေးထဲမှာ ကြံစည်ခဲ့သည်။

ဒံယေလက ဘုရင့်၏ အကျွေးအမွေး ဝိုင်များနှင့် ကိုယ့်ကိုကိုယ် ညစ်ညူးခြင်းမပြုဖို့ရန် ခွင့်ပြုချက်တောင်းဆိုခဲ့သောအချိန်မှာ အကြီးအကဲများက ဘယ်လို တုန်ပြန်ခဲ့သနည်း။

အကြီးအကဲသည် သူသည် ဘုရင့်ကို ကြောက်ရွံ့သောသူဖြစ်ကြောင်း ဒံယေလကို ပြောခဲ့သည်။ ဒံယေလသည် ဘာကို စားရမည်၊ ဘာကို သောက်ရမည်ဆိုပြီး ဘုရင်က အမိန့်ချခဲ့သည်။ ဒံယေလ၏ ရုပ်ရည်သည် အခြားသော လူငယ်များထက်သာ၍ ဆိုးလာသည်ကို ဘုရင်ကမြင် ခဲ့လျှင်အကြီးအကဲ၏ ခေါင်းပေါ်မှာပဲ အပြစ်ဖြစ်လာမည်ကို ပြောခဲ့သည်။

Daniel 1:11-13

ဒံယေလ၊ ဟာနနိ၊ မိရှေလ နှင့် အာဇရိ တို့ရဲ့ မိန်းမစိုးပေါ်မှာ ဒံယေလက ဘာကို တောင်းဆိုခဲ့သနည်း။

ဒံယေလသည် ဆယ်ရက်အတွင်းစားစရာအဖို့ ဟင်းသီးဟင်းရွက်နှင့် သောက်စရာအဖို့ ရေသာလျှင် ပေးပြီး စမ်းသပ်ဖို့ရန်နှင့် ထို ဆယ်ရက်နောက်ပိုင်းတွင် ဘုရင့်၏ အကျွေးအမွေး ကို ခံနေသူအခြားသောလူငယ်များနှင့် သူတို့ကို နှိုင်းယှဉ်ဖို့ရန်နှင့် သူတို့ ဘာမြင်ခဲ့သည့်အရာပေါ်မှ စီမံဖို့ရန်အတွက် မိန်းမစိုးကို တောင်းဆိုခဲ့သည်။

Daniel 1:14-16

မိန်းမစိုးက စမ်းသပ်ဖို့ရန် သဘောတူပြီးနောက်ပိုင်းမှာ ဒံယေလ၊ဟာနနိ၊မိရှေလ၊ အာဇရိနှင့် အခြားသောလူငယ်များနှင့်နှိုင်းယှဉ်ကြည့်သောအချိန်မှာ ဆယ်ရက်ပြီးသည့် နောက်မှာ ဘာကို သတိပြုမှတ်သားခဲ့ကြသနည်း။

ဒံယေလ၊ဟာနနိ၊မိရှေလနှင့် အာဇရိတို့၏ ပုံပန်းသဏ္ဏာန်သည် ပို၍ ကျန်းမာလာပြီး ဘုရင့်၏ အကျွေးအမွေး ကို စားသောက်နေသော လူငယ်တွေထက်ပိုပြီး သူတို့သည် ကျွေးမွေး​ကောင်းလာခဲ့ကြသည်ကို မိန်းမစိုးသည် သတိပြုမှတ်သားခဲ့သည်။

Daniel 1:17-18

ဘုရားသခင်က ဒံယေလ၊ဟာနနိ၊မိရှေလနှင့် အာဇရိတို့ကို ဘာပေးခဲ့သနည်း။

ဘုရားသခင်သည် သူတို့ကို ပညာဗဟုသုတနှင့် အသိပညာစာပေတွေမှာ ထိုးထွင်းသိမြင်တတ်ခြင်းကို ပေးခဲ့ပြီး ဒံယေလသည် အိမ်မက်များနှင့် အမြင်အမျိုးမျိုးသော အရာအားလုံးကို နားလည်သဘောပေါက်နိုင်သည်။

Daniel 1:19-21

ဘုရင်သည် လူငယ်တွေအားလုံးနှင့်စကားပြောခဲ့သော အချိန်တွင် ဘာကို တွေ့ရှိခဲ့သနည်း။

ဘုရင်သည် ဒံယေလ၊ဟာနနိ၊မိရှေလ၊အာဇရိတို့နှင့် နှိုင်းယှဉ်နိုင်ဖို့ရန် တစ်ယောက်မှ မရှိခြင်းကို တွေ့ရှိခဲ့သည်။ ဘုရင်က သူတို့ကို အသိပညာဗဟုသုတ နှင့်ဆိုင်သော မေးခွန်းမေးသောအချိန်တိုင်းတွင် မျက်လှည့် ဝိဇ္ဇာတတ်ကျွမ်းကျင်သော သူတွေနှင့် သူ့နိုင်ငံထဲ၌ရှိခဲ့သော လက်တွေ့လုပ်ဆောင်ခြင်းနှင့် အခိုင်အမာ ပြောဆိုခဲ့သောသူတွေထက် ဆယ်ဆပိုပြီး ကောင်းမွန်နေကြောင်းကို တွေ့ရှိခဲ့သည်။

ဒံယေလသည် ဗာဗုလုန်နိုင်ငံတွင် ဘယ်လောက်ကြာခဲ့သနည်း။

ဒံယေလသည် ကုရုမင်းကြီး နန်းစံချိန် ပထမနှစ်တိုင်အောင်ရှိနေခဲ့သည်။

Daniel 2

Daniel 2:1-4

နေဗုခဒ်နေဇာမင်းသည် အိမ်မက်မက်ခဲ့ပြီး ထိုအိမ်မက်ကြောင့် စိတ်ထိတ်လန့်၍ အိပ်မပျော်နိုင်ခဲ့သောအချိန်သည် ဘယ်အချိန်ဖြစ်သနည်း။

နေဗုခဒ်နေဇာမင်းနန်းစံနှစ်နှစ်အချိန်တွင် ဖြစ်ပွားခဲ့သည်။

ဘုရင်သည် အဘယ့်ကြောင့်အခိုင်အမာ ပြောဆိုဖို့ရန် စွမ်းဆောင်နိုင်သောသူတွေနှင့် ပညာတတ်တွေ၊ မှော်ဆရာများနှင့် မျက်လှည့်ဝိဇ္ဇာတတ်ကျွမ်းကျင်သူတွေကိုဆင့်ခေါ်ခဲ့သနည်း။

ဘုရင်သည် သူ၏ အိမ်မက်အကြောင်းကို ပြောပြနိုင်မည့်သူ ကို လိုချင်ခဲ့သည်။

Daniel 2:5-9

ဘုရင်သည် ဉာဏ်ပညာရှိသောသူကို အထူးသဖြင့် ဘာကိုပြုလုပ်ဖို့ရန် လိုချင်ခဲ့သနည်း။

ဘုရင်သည် ဉာဏ်ပညာရှိသောသူတို့ကို သူ့အိမ်မက်အကြောင်းဖော်ပြစေချင်ခဲ့ပြီး ထိုအိမ်မက်ကိုလည်း ဘုရင်အတွက် အနက် အဓိပ္ပာယ်ဖွင့်ပေးဖို့ရန် လိုချင်ခဲ့သည်။

ဘုရင်သည် ပညာရှိသောသူတို့ကို သူ့အိမ်မက်ကို ပြောပြဖို့နှင့် ထို အိမ်မက်ကို အနက်ဖော်ပြဖို့ရန် မလုပ်နိုင်ခဲ့လျှင် ထိုသူတို့အပေါ်ဘာတွေဖြစ်ပျက်လိမ့်မည်ဟုပြောခဲ့သနည်း။

ဘုရင်သည် သူတို့မတတ်စွမ်းခဲ့လျှင် ပညာရှိတို့၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်ပြီး သူတို့၏ အိမ်များကို နောက်ချေးပုံဖြစ်စေမည်။

ဘုရင်သည် သူ့အိမ်မက်ကို ဖော်ပြပြီး အနက်ဖော်ပြပေးနိုင်သော သူအတွက် ဘာလုပ်ပေးမည်ဟု ပြောခဲ့သနည်း။

ဘုရင်သည် ထိုသူတို့အတွက် ကြီးမြတ်သော ပူဇော်ခြင်းနှင့် ဆုကြေးများချပေးမည်ဟု ပြောခဲ့ပါသည်။

Daniel 2:10-11

ဘုရင်ကသူ့ အိမ်မက်နှင့် စပ်လျဉ်း၍ မေးခဲ့သော အရာအပေါ်ပညာရှိများသည် ဘာဖြစ်နိုင်လိမ့်မည်ဟု ပြောခဲ့ကြသနည်း။

ပညာရှိများသည် ဘုရင် မေးမြန်းခဲ့သော အရာကို လုပ်နိုင်မည့်သူ ဤကမ္ဘာပေါ်တွင် တစုံတဦးမျှမရှိခဲ့ကြောင်းနှင့် နတ်ဘုရားများက သာလျှင် လုပ်နိုင်မည်ဟု ပြောခဲ့ကြပါသည်။

Daniel 2:12-13

ပညာရှိများက နေဗုခဒ်နေဇာမင်းကို ပြန်လျှောက်ပြီးသည့်နောက်တွင် ဘုရင်သည် မည်သည့်အမိန့်ကို ထုတ်ပြန်ခဲ့သနည်း။

ဘုရင်သည် ပညာရှိသောသူများအားလုံးကို သတ်ဖြတ်ဖို့ရန် အတွက် အမိန့်ထုတ်ပြန်ခဲ့ပါသည်။

Daniel 2:14-18

အာရုတ်သည် အဘယ်သူနည်း။

သူသည် ဘုရင်၏ ကိုယ်ရံတော်မှူးဖြစ်ပြီး ဗာဗုလုန်နိုင်ငံ၍ ရှိသော ပညာရှိတွေအားလုံးကို သတ်ဖို့ရန် ခန့်အပ်ထားသောသူဖြစ်ခဲ့သည်။

အာရုတ်သည် ဒံယေလဆီကို လာသောအခါ ဒံယေလသည် အာရုတ်နှင့် ဘယ်လိုအပြန်အလှန်အကျိုးဆောင်ခဲ့ကြသနည်း။

ဒံယေလသည် အာရုတ်ကို ဆုံးဖြတ်ပိုင်ခွင့် အာဏာနှင့် ပညာသတိရှိစွာနှင့် ပြန်ပြောခဲ့သည်။ သူသည် ဘုရင်၏ ဆုံးဖြတ်ချက်အမိန့်တွေ အဘယ်ကြောင့် ချက်ချင်းပြုလုပ်ခဲ့ကြောင်းကိုအာရုတ်အား မေးမြန်းခဲ့သည်။

အာရုတ်နှင့် စကားပြောပြီးသည့်အခါ ဒံယေလသည် ဘာတောင်းဆိုခဲ့သနည်း။

ဒံယေလသည် အထဲသို့ ဝင်ပြီးဘုရင်ကို အနက်အဓိပ္ပာယ်တင်ပြနိုင်ဖို့ရန် ဘုရင်နှင့် ချိန်းဆိုမှုကို တောင်းဆိုခဲ့ပါသည်။

Daniel 2:19-22

ဒံယေလသည် အနက်အဓိပ္ပာယ်အား ဘုရင်ကို ဖော်ပြခဲ့ပြီးသည့်အခါ ဘာလုပ်ခဲ့သနည်း။

ဒံယေလသည် ကောင်းကင်ဘုံဘုရားသခင်ကို ချီးမွမ်းခဲ့သည်။

Daniel 2:23

ဒံယေလသည် သူ့ ဘိုးဘေးဘီဘင်တို့၏ ဘုရားကို ဘာအတွက်ကြောင့် ကျေးဇူးတင်ခဲ့သနည်း။

ဒံယေလသည် ဘိုးဘေးတို့၏ ဘုရားကသူ့ကို ပေးခဲ့သည့်တန်ခိုးနှင့် ဉာဏ်ပညာတွေ အတွက် ဘိုးဘေးဘီဘင်တို့၏ ဘုရားကို ကျေးဇူးတင်ခဲ့သည်။

Daniel 2:24-26

ဒံယေလသည် အနက်အဓိပ္ပာယ်ဖော်ပြပြီးသည့် အချိန်တွင် အဘယ်သူကို တွေ့ဖို့ရန်သွားခဲ့သနည်း။

ဒံယေလသည် အာရုတ်ကို တွေ့ဖို့ရန်သွားခဲ့သည်။

ဒံယေလသည် အာရုတ်ကို ဘာပြောခဲ့သနည်း။

ဒံယေလသည် အာရုတ်ကို ဗာဗုလုန်နိုင်ငံ၍ ရှိသော ပညာရှိများကို မသတ်ဖို့ရန် အတွက် ပြောခဲ့သည်။ ဒံယေလသည် အာရုတ်ကို ဘုရင်၏ အိမ်မက်အနက်ကို ပြောပြနိုင်ဖို့ရန် ဘုရင်ရှေ့ကနေ ကွယ်ကာပေးဖို့ရန် ပြောခဲ့သည်။

Daniel 2:27-28

ဒံယေလသည် ဘုရင့်ရှေ့ကို သွားခဲ့သည့် အချိန်တွင် ဒံယေလသည် ဘုရင် တောင်းဆိုခဲ့သော နားလည်ရန်ခက်ခဲသည့် အရာကို ဖော်ပြနိုင်မည့်သူက အဘယ်သူဖြစ်သည်ဟု ပြောခဲ့သနည်း။

လျို့ဝှက်နက်နဲသောအရာကို ဖော်ပြနိုင်သူ၊ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ရှိသည် ဟု ဒံယေလသည် ပြောခဲ့သည်။

ယေဘုယျအားဖြင့် ဘုရင်၏ အိမ်မက်အကြောင်းအရာကို ဒံ​ယေလ ဘာပြောခဲ့သနည်း။

ဒံယေလက အိမ်မက်၏ အကြောင်းအရာသည် အနာဂတ်နေ့ရက် များမှာ ဖြစ်ပျက်လာမည့် အရာဟု ပြောခဲ့သည်။

Daniel 2:29-30

အဘယ်ကြောင့် ဒံယေလဆီကို အိမ်မက်က ဖော်ပြခဲ့သနည်း။

ဒံယေလဆီကို အိမ်မက်အား ဖော်ပြခဲ့ခြင်းသည် ဘုရင်က သူ့ကိုယ်သူ နက်နဲသော အတွေးများသိရှိလာဖို့နှင့် အဓိပ္ပာယ်ကို နားလည်သဘောပေါက်နိုင်ဖို့ဖြစ်သည်။

Daniel 2:31-33

ဘုရင်သည် အဘယ်အရာနှင့်တူသော ရုပ်တုကို မြင်တွေ့ခဲ့သနည်း။

ရုပ်တုသည် အကြီးကြီးဖြစ်ပြီး ဦးခေါင်းဟာ ရွှေဖြစ်သည်။ ရင်အုပ်နှင့် လက်မောင်းသည်လည်း ငွေဖြစ်ပြီး အလည်ပိုင်းအရာသည် ကြေးဝါဖြစ်သည်။ ထို ရုပ်တု၏ ခြေဖဝါးသည် သံဖြစ်ပြီး တချို့သောအပိုင်းသည် သံနှင့် သရွတ်ဖြစ်သည်။

Daniel 2:34-35

ဘုရင်သည် အိမ်မက်ထဲမှာ ရုပ်တုကို မြင်တွေ့သောအခါတွင် ဘာဖြစ်ပျက်ခဲ့သနည်း။

ဘုရင်သည် လူ၏ လက်ဖြင့်လုပ်ခြင်းမဟုတ်ဘဲ ခဲလိမ်လာသော ကျောက်ခဲကို တွေ့ခဲ့သည်။ ထို ကျောက်ခဲသည် ရုပ်တု၏ ခြေကို ထု၍ ထို ရုပ်တုတစ်ခုလုံးသည် အစိတ်စိတ်အပိုင်းပိုင်းကြွေမွခဲ့ပြီး အစိတ်ပိုင်းများသည် လေပေါ် မှာ လွင့်၍ ပျောက်ကွယ်သွားခဲ့သည်။

ရုပ်တုကို ထိခိုက်ခဲ့သော ကျောက်ခဲဟာ ဘာဖြစ်ခဲ့သနည်း။

ရုပ်တုကို ထိခိုက်ခဲ့သော ကျောက်ခဲသည် တောင်ကြီးကြီးဖြစ်ခဲ့ပြီး တလောကလုံးကို ပြည့်နက်ခဲ့သည်။

Daniel 2:36-43

ရွှေဖြစ်သော ဦးခေါင်းသည် အဘယ်သူနည်း။

နေဗုခဒ်နေဇာမင်းသည် ရွှေဦးခေါင်းဖြစ်ခဲ့သည်။

Daniel 2:44-45

ကောင်းကင်ဘုံရှင်ထာ၀ရဘုရားသည် နိုင်ငံတော်၏ နေ့ရက်ကာလတွင် တပိုင်းသည် သံသတ္တု၊ တပိုင်းသည် ရွံစေး ဟူသည့် အတိုင်း ဘာပြုလုပ်လိမ့်မည်နည်း။

ကောင်းကင်ဘုံရှင်ထာ၀ရဘုရား၏ နေ့ရက်ကာလတွင် ဘုရားသခင်၏ နိုင်ငံတော်သည် ဘယ်တော့မှပျက်စီး ခြင်းမရှိ (သို့) အခြားသော အရာအားဖြင့် အောင်မြင်နိုင်ခြင်းမရှိ အမြဲ တည်တံ့လိမ့်မည်။

Daniel 2:46-47

ဒံယေလသည် ဘုရင်၏ အိမ်မက်နှင့် အနက်အဓိပ္ပာယ်ကို ပြောပြပြီးသည့်အခါ နေဗုခဒ်နေဇာမင်းသည် ဒံယေလအတွက် လုပ်ပေးဖို့ရန် ဘာအမိန့်ပေးခဲ့သနည်း။

ဘုရင်သည် ဒံယေလကို အမွေးနံ့သာ ပေးအပ်ဖို့ရန်နှင့် ဆုလက်ဆောင်လုပ်ပေးဖို့ရန် အမိန့်ပေးခဲ့ပါသည်။

နေဗုခဒ်နေဇာမင်းသည် ဒံယေလ၏ ဘုရားနှင့် ပတ်သက်၍ ဘာပြောခဲ့သနည်း။

နေဗုခဒ်နေဇာမင်းက ဒံယေလ၏ ဘုရားသည် ဘုရားတကာတို့၏ ဘုရား၊ ဘုရင်တကာတို့၏ ဘုရင်၊ နက်နဲသော အရာကို ဖော်ပြနိုင်သော ဘုရားဟု ပြောခဲ့ပါသည်။

Daniel 2:48-49

ဒံယေလသည် ဘုရင်၏ တောင်းဆိုမှုတွေကို ပြုလုပ်ပြီးသောအခါ ဘုရင်သည် ဘာလုပ်ပေးခဲ့သနည်း။

ဘုရင်သည် ရှာဒရက်၊မေရှက်၊အဗေဒနေ ဂေါတို့ကို ဗာဗုလုန်နိုင်ငံ၏ စီရင်မှု အထက်၌ အုပ်ချုပ်ရေးမှူများ အနေဖြင့် ခန့်အပ်ခဲ့သည်။

Daniel 3

Daniel 3:1-2

နေဗုခဒ်နေဇာဘုရင်ကြီးက မြေပြင်ကြီးပေါ်တွင် ပြုလုပ်ရန် တည်ထားခဲ့သော ရွှေရုပ်တုကြီး၏ ရှုထောင့်များမှာ ဘာဖြစ်သနည်း။

ရုပ်တုကြီးသည် အမြင့် အတောင်ခြောက်ဆယ်ရှိပြီး အကျယ်ခြောက်တောင် ရှိခဲ့သည်။

Daniel 3:3-5

နေဗုခဒ်နေဇာ မင်းကြီး ပြုလုပ်တည်ထားသော ရုပ်တုကြီး ရှေ့ကို ဘယ်သူတွေလာခဲ့ကြသနည်း။

စော်ဘွားမင်းများ၊ မြို့ဝန်မင်းများ၊ ဒေသအစိုးရများ၊ တိုင်ပင်မှူးမတ်များ၊ အခွန်တော်ဝန်များ၊ တရားသူကြီးများ၊ အာဏာရှင်များနှင့် နိုင်ငံတော်အကြီးအကဲအရာရှိများသည် တည်ထားသော နေရာကို လာခဲ့ကြသည်။

ရုပ်တုတည်ထားသောနေရာကို လာသောအခါ နေဗုခဒ်နေဇာမင်းကြီးသည် ဘာလိုချင်ခဲ့သနည်း။

နေဗုခဒ်နေဇာမင်းကြီးသည် တက်ရောက်လာသော သူများကို ဦးချိုသံများ၊ ပလွေသံများ၊ စောင်းသံများ၊ အခြားသော ဂီတအသံအမျိုးမျိုးကို ကြားသော အခံ ထိုရွှေရုပ်တုရှေ့တွင် ကိုယ့်ကိုကိုယ် မှောက်လျက်လဲနေဖို့ရန် လိုချင်ခဲ့သည်။

Daniel 3:6-7

ဘုရင်ကြီးသည် ဂီတတူရိယာအသံများကို ကြားသောအခါ ရုပ်တုကို မကိုးကွယ်ဘဲ၊ မှောက်လျက်မလဲနေသော သူများအပေါ်တွင် ဘာဖြစ်ပျက်လာမည်ဟု အမိန့်ပေးခဲ့သနည်း။

ဘုရင်ကြီးသည် တချိန်တည်းမှာပင် ထိုရုပ်တုကြီးကို မကိုးကွယ်၊ မှောက်လဲခြင်းမပြုသောသူတွေကို တောက်လောင်နေသော မီးဖိုကြီးထဲသို့ ထည့်လိမ့်မည်ဟု ပြောခဲ့သည်။

Daniel 3:8-10

ရှာဒရက်၊မေရှက်နှင့် အဗေဒနေဂေါ တို့ကို ဆန့်ကျင်ပြီးစွပ်စွဲခေါ်ဆောင်သော သူက အဘယ်သူနည်း။

ခါလဒဲ လူအချို့တို့သည် လာပြီး ထိုသူတို့ကို စွပ်စွဲ ခေါ်ဆောင်ခဲ့ကြသည်။

Daniel 3:11-15

ရုပ်တုကို မကိုးကွယ်ဘဲ မှောက်လဲခြင်း မပြုခဲ့သော သူတွေသည် အဘယ်သူနည်း။

ယုဒလူများဖြစ်သော ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါ တို့သည် ရုပ်တုကို မကိုးကွယ်၊ မမှောက်လဲသောသူ တွေဖြစ်သည်။

Daniel 3:16-18

ဘုရင်သည် ရုပ်တုရှေ့မှာ မှောက်လဲ၍ ကိုးကွယ်ဖို့ရန် အတွက် ထပ်ပြောသောအခါ ဘုရင်ကို ရှာဒရက်၊မေရှက်နှင့် အဗေဒနေဂေါက ဘာပြန်ပြောခဲ့သနည်း။ ထိုသို့ဘုရင်ကြီး၏ အမိန့်ကို မလိုက်နာခဲ့လျှင် အကျိုးဆက်များကို ဖော်ပြခဲ့သနည်း။

ရှာဒရက်၊မေရှက်၊နှင့် အဗေဒနေဂေါ တို့သည် ဘုရင်ကြီး၏ လက်ထဲမှ ငါတို့ဘုရားကယ်တင်နိုင်ပြီး တောက်လောင်နေသော မီးဖိုထဲမှလည်း ကယ်လွှတ်လိမ့်မည်ဟု ပြန်ပြောခဲ့ကြသည်။ အကယ်၍ မဖြစ်ခဲ့လျှင်လည်း နေဗုခဒ်နေဇာ၏ ဘုရားကို မကိုးကွယ်နိုင်ကြောင်း (သို့) ရုပ်တုရှေ့တွင်ကိုယ့်ကို မှောက်လဲလိမ့်မည်မဟုတ်ကြောင်း ပြောခဲ့ကြသည်။

Daniel 3:19-20

နေဗုခဒ်နေဇာမင်းသည် ရှာဒရက်၊မေရှက်နှင့် အဗေဒနေဂေါတို့ကို ဘာအမိန့်ပေးခဲ့သနည်း။

နေဗုခဒ်နေဇာမင်းသည် သာမန်ထက် အပူချိန်ခုနှစ်ဆတိုးဖို့ရန် နှင့် ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါတို့ကို ချည်၍ မီးဖိုထဲသို့ ပစ်ချဖို့ရန်အတွက် အမိန့်ပေးခဲ့သည်။

Daniel 3:21-23

ရှာဒရက်၊မေရှက်၊အဗေဒနေဂေါတို့ကို မီးဖိုထဲသို့ လွှတ်ချခဲ့သော လူတွေအပေါ်မှာ ဘာဖြစ်ပျက်ခဲ့သနည်း။

မီးဖိုထဲသို့ လွှတ်ချဖို့ ရှာဒရက်၊မေရှက်၊အဗေဒနေဂေါတို့ကို သယ်ဆောင်သွားသောသူတို့သည် အလွန်ပူပြင်းတောက်လောင်သော မီးလျှံအားဖြင့် သေဆုံးခဲ့ကြသည်။

Daniel 3:24-25

နေဗုခဒ်နေဇာမင်းကြီး အလျင်အမြန်ထ၍ အံ့ဩလောက်ဖို့ရန် ဘာဖြစ်ပေါ်ခဲ့သနည်း။

နေဗုခဒ်နေဇာမင်းကြီးသည် အံ့ဩသင့်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မီးဖိုထဲတွင် လူလေးယောက်တွေ့ခဲ့သည်။ ထိုသူတို့သည် နာကျင်ခြင်းမရှိ၊ ချုပ်နှောင်ခြင်းမရှိ၊ မီးထဲတွင် လျှောက်သွားနေကြသည်။ တောက်ပဝင်းလက်သောလေးယော်မြောက်သည် ဘုရားသခင်၏ သားတော်နှင့်တူ၏ ဟုပြောခဲ့သည်။

Daniel 3:26-28

ရှာဒရက်၊မေရှက်၊အဗေဒနေဂေါတို့သည် မီးဖိုထဲမှ ထွက်လာပြီးသောအခါ ထိုသူတို့အပေါ် ဘာဖြစ်ကြောင်း ကြည့်ရှုခဲ့ကြသနည်း။

မီးကြောင့် သူတို့ခန္ဓာကိုယ်ပေါ်မှာ အနာမရှိကြောင်း၊ ခေါင်းပေါ်ကဆံပင်တောင်မလောင်ကြောင်း၊ သူတို့၏ ဝတ်လုံတောင်မထိခိုက်ကြောင်းနှင့် သူတို့အပေါ်မှာ မီးအနံလေးတောင်မရှိကြောင်းကို ထိုနေရာမှာ ရှိသောသူတို့သည် ကြည့်ရှုခဲ့ကြသည်။

Daniel 3:29-30

နေဗုခဒ်နေဇာမင်းသည် ရှာဒရက်၊မေရှက်၊အဗေဒနေဂေါနှင့် တောက်လောင်နေသော မီးဖိုအဖြစ်ပျက်ပြီးသောအခါ ဘာအမိန့်ထုတ်ပြန်ခဲ့သနည်း။

နေဗုခဒ်နေဇာမင်းသည် လူတွေအားလုံး၊ နိုင်ငံအားလုံးက ရှာဒရက်၊မေရှက်၊အဗေဒနေဂေါတို့၏ ဘုရားကို ဆန့်ကျင်လျက်တစုံတတခုကို ပြောမိ၊ လုပ်မိလျှင် ခန္ဓာကိုယ်တစ်စစီ လုပ်မည်၊ ထိုသူတို့၏ အိမ်ကိုလည်း စွန့်ပစ်သောနောက် ချေးပုံဖြစ်အောင်လုပ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုဘုရားကဲ့သို့ ကယ်နိုင်သော အခြားဘုရားမရှိဟု အမိန့်ထုတ်ပြန်ခဲ့သည်။

ဘုရင်သည် ရှာဒရက်၊မေရှက်၊အဗေဒနေဂေါတို့အတွက် ဘာလုပ်ပေးခဲ့သနည်း။

ဘုရင်နေဗုခဒ်နေဇာမင်းသည် ရှာဒရက်၊မေရှက်၊အဗေဒနေဂေါတို့ကို ဗာဗုလုန်နိုင်ငံ၏ လက်အောက်ခံနိုင်ငံအားပေးခဲ့သည်။

Daniel 4

Daniel 4:1-3

နေဗုခဒ်နေဇာမင်းသည် အဘယ်သို့ ဆီကို အမိန့်စာပို့ခဲ့သနည်း။

နေဗုခဒ်နေဇာမင်းသည် အမိန့်စာကို မြေကြီးတပြင်လုံး၌ နေထိုင်ကြသော လူမျိုးအားလုံး၊ အသီးသီးဘာသာစကားကို ပြောသော လူတွေအားလုံးဆီသို့ ပို့ခဲ့သည်။

နေဗုခဒ်နေဇာသည် အဘယ်ကြောင့် အမိန့်စာပို့ခဲ့သနည်း။

နေဗုခဒ်နေဇာသည် သူ့အတွက် ပြုလုပ်ခဲ့သော အံ့ဩဖွယ်အမှုများနှင့် နိမိတ်လက္ခဏာများအကြောင်းကို လူတိုင်းပြောပြဖို့ရန်အတွက် အမိန့်စာကို ပို့ခဲ့ပါသည်။

နေဗုခဒ်နေဇာသည် အကြီးမြတ်ဆုံးအကြောင်းကို ဘာပြောခဲ့သနည်း။

နေဗုခဒ်နေဇာသည် အကြီးမြတ်ဆုံးအကြောင်းကို "နိမိတ်လက္ခဏာတော်သည် အလွန်ကြီးမြတ်သည်၊ အံ့ဘွယ်သောအမှုများသည်လည်း တန်ခိုးနှင့် ပြည့်စုံသည်၊ ဘုရားသခင်၏နိုင်ငံတော်သည် ထာ၀ရနိုင်ငံဖြစ်သည်၊ အာဏာစက်သည်လည်း ကမ္ဘာအဆက်ဆက်တည်တော်မူ၏" ဟုပြောခဲ့ပါသည်။

Daniel 4:4-6

အဘယ်အရာသည် နေဗုခဒ်နေဇာမင်းကို ကြောက်ရွံ့စေသနည်း။

အိမ်မက်သည် နေဗုခဒ်နေဇာမင်းကို ကြောက်ရွံ့စေခဲ့သည်။

နေဗုခဒ်နေဇာမင်းသည် အဘယ်ကြောင့် ဗာဗုလုန်နိုင်ငံ၌ရှိသော ပညာရှိအားလုံးကို ခေါ်လာဖို့ရန် အမိန့်စာထုတ်ခဲ့သနည်း။

နေဗုခဒ်နေဇာမင်းသည် သူ့အတွက် အိမ်မက်ကို လာပြီး အနက်ဖွင့်ပေးဖို့ရန်အတွက် ဗာဗုလုန်နိုင်ငံ၌ ရှိသော ပညာရှိများကို လိုချင်ခဲ့သည်။

Daniel 4:7-9

ဒံယေလ၏ဗာဗုလုန်အမည်နှင့် နေဗုခဒ်နေဇမင်း၏ နိုင်ငံတော်၌ သူ၏ ရာထူးကိုဖော်ပြပါ။

ဒံယေလ၏ဗာဗုလုန်အမည်သည် ဗေလတရှာဇာဟုခေါ်ဝေါ်သမုတ်ပြီး "မာဂုဆရာချုပ်" ရာထူးကိုရသည်။

သူ၏အိမ်မက်ကိုအနက်ဘော်ပြရန် နေဗုခဒ်နေဇမင်းကြီးသည် မည်သို့ကိုယုံကြည်ခဲ့သနည်း။

သူ၏အိမ်မက်ကိုအနက်ဘော်ပြရန် အတွက်နေဗုခဒ်နေဇမင်းကြီးသည်ဒံယေလကိုယုံကြည်ခဲ့ပြီး နေဗုခဒ်နေဇမင်းကြီးသည် "အချင်းမာဂုဆရာချုပ် ဗေလတရှာဇာ၊ သင် သည် သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံသည်ကို၎င်း၊ နက်နဲသောအရာရှိသမျှတို့ကို ဖွင့်ပြနိုင်သည်ကို၎င်း ငါသိ၏။ သို့ဖြစ်၍၊ ငါမြင်မက်သော အိပ်မက်၏ အနက်ကိုဘော်ပြလော့" ဟုဒံယေလကို ပြော၏။

Daniel 4:10-12

နေဗုခဒ်နေဇမင်းကြီးသည် သူ၏အိမ်မက်ပထမအပိုင်းကိုမည်သို့မြင်သနည်း။

နေဗုခဒ်နေဇမင်းကြီးသည် အလွန်ကြီးမား၍လှသောသစ်ပင်တစ်ပင်ကိုမြင်၏။အရွက်သည်လည်းလှပြီးသတ္တဝါအပေါင်းတို့သည်စား၍ဝလောက်သောအသီးနှင့်ပြည့်စုံ၏။ မြေတိရစ္ဆာန်တို့သည် ထိုသစ်ပင်အရိပ်၌ ခိုကြသည်။ အခက်အလက်တို့၌ ကောင်း ကင်ငှက်တို့သည် နားနေကြ၏။

Daniel 4:13-14

ကောင်းကင်မှဆင်းလာသော သန့်ရှင်းသူတစ်ယောက်သည် သစ်ပင်ကို ပြုလုပ်ဖို့ရန် ဘာပြောခဲ့သနည်း။

သန့်ရှင်းသူတစ်ယောက်သည် သစ်ပင်ကို ခုတ်လှဲဖို့ အကိုင်းအခက်များကို ဖြတ်ဖို့၊ အရွက်များကို ချွေဖို့နှင့် အသီးများကို လည်း ကြဲပြန့်ဖို့ရန်ပြောခဲ့သည်။

Daniel 4:15-16

သစ်ငုတ်ကိုမည်သို့ပြုရမည်နည်း။

သစ်ငုတ်ကို မြေ၌စွဲသော အမြစ်နှင့်တကွ သစ်ငုတ်တိုခြွင်းထား၍၊ သံကြိုး၊ ကြေးဝါကြိုးနှင့် ချည်နှောင်သကဲ့သို့ နုသောမြက်ပင်ထဲ၌ ရှိစေ၏။စိုစွတ်သောနှင်းစက်ရှိပါစေ။တိရစ္ဆာန်များတို့နှင့်အတူအသက်ရှင်ပါစေ။ လူစိတ်သဘောပျောက်၍ တိရစ္ဆာန်စိတ် သဘောနှင့် ပြည့်စုံစေ။

Daniel 4:17-19

နေဗုခဒ်နေဇာမင်း၏ အိမ်မက်ထဲတွင် သစ်ပင်သည် မည်သည့် ရည်ရွယ်ချက်အကြောင်းရခြင်းဖြစ်သနည်း။

ရည်ရွယ်ချက်သည် အမြင့်ဆုံးသော ဘုရာသည် လောကီနိုင်ငံကို အုပ်စိုးတော်မူသည်ကို၎င်း၊ ပေးလိုသောသူတို့အား ပေးတော်မူသည်ကို၎င်း၊ သိနားလည်ရသော အခွင့်ရှိသောသူတွေကြောင့်ဖြစ်သည်။

Daniel 4:20-23

ဒံယေလက နေဗုခဒ်နေဇာမင်း၏ အိမ်မက်ထဲရှိ သစ်ပင်သည် အဘယ်သူဖြစ်သည်ဟု ပြောခဲ့သနည်း။

ဒံယေလက သစ်ပင်သည် နေဗုခဒ်နေဇာဖြစ်သည်ဟုပြောခဲ့သည်။

Daniel 4:24-25

အမြင့်ဆုံးသော ဘုရားသည် လောကီနိုင်ငံကို အုပ်စိုးရန်၊ ပေးလိုသော သူတို့အား ပေးတော်မူသည်ကို မသိမမှတ်မှီ နေဗုခဒ်နေဇာမင်းကြီးသည် အဘယ်ကဲ့သို့ ဖြစ်မည်နည်း။

နေဗုဒ်နေဇာမင်းကြီးသည် လူစုထဲက နှင်ထုတ်ခံရ၍ မြေတိရစ္ဆာန်တို့နှင့်အတူ နေရာချထားခြင်းခံရကာ နွားကဲ့သို့ မြက်ကို စား၍ မိုဃ်းစွတ်ခြင်းကို ခံလျက်နေရလိမ့်မည်။

အမြင့်ဆုံးသော ဘုရားသည် လောကီနိုင်ငံကို အုပ်စိုး၍ ပေးလိုသော သူတို့အား ပေးတော်မူသည်ကို နေဗုခဒ်နေဇာမင်းကြီး မသိမမှတ်မှီ မည်မျှ ကြာခဲ့သနည်း။

ခုနှစ်နှစ်ပတ်လုံးကျော်ဖြတ်ရမည်။

Daniel 4:26-27

နေဗုခဒ်နေဇာမင်းအတွက် အိမ်မက်ကို အနက်ဖွင့်ပြီးသည့်နောက် ဒံယေလ၏ အကြံပေးခြင်းက ဘာလဲ။

ဒံယေလသည် နေဗုခဒ်နေဇာကို အပြစ်လုပ်ခြင်းကို ရပ်ဖို့ရန်နှင့် မှန်ကန်သောအရာကို လုပ်ဖို့ရန် အကြံပေးခဲ့သည်။ သူသည် ဖိစီးလေးလံနေသောအရာကို ဂရုဏာပြခြင်းအားဖြင့် သူ၏ အပြစ်များမှ အဝေးကို လှည့်လာဖို့ရန်အတွက်လည်း နေဗုခဒ်နေဇာကို ပြောခဲ့သည်။

Daniel 4:28-33

နေဗုခဒ်နေဇာ အိမ်မက်၏ အနက်ဖွင့်ခြင်းမတိုင်မီတွင် ဖြစ်ပျက်ဖို့ရန် မည်သည့်အချိန်လောက်ကစခဲ့သနည်း။

ထိုအရာတွေအားလုံးသည် အိမ်မက်မက်ပြီးနောက် ဆယ့်နှစ်လတွင် ဖြစ်ပျက်ဖို့ရန် စတင်ခဲ့သည်။

Daniel 4:34-35

သူ့ရဲ့စိတ်ကောင်းခြင်းတွေက သတိဝင်သည့်အချိန်တွင် နေဗုခဒ်နေဇာသည် ဘာလုပ်ခဲ့သနည်း။

နေဗုခဒ်နေဇာမင်းသည် ထာ၀ရအုပ်ချုပ်သော အမြင့်ဆုံးဘုရားကို ချီးမွမ်းပြီး ကောင်းကြီးပေးခဲ့သည်။

Daniel 4:36-37

နေဗုခဒ်နေဇာမင်း၏ နိုင်ငံတွင် ဘာဖြစ်ပျက်ခဲ့သနည်း။

နေဗုခဒ်နေဇာမင်း၏ နိုင်ငံသည် ဆက်လက်တည်တံ့ခဲ့သည်။

ကောင်းကင်နိုင်ငံတော်နှင့် ပတ်သက်၍ နေဗုခဒ်နေဇာမင်း၏ နောက်ဆုံးထုတ်ပြန်ချက်သည် ဘာဖြစ်ခဲ့သနည်း။

သူ၏ ထုတ်ပြန်ချက်သည် "ယခုတွင် ငါနေဗုခဒ်နေဇာသည် ကောင်းကင်အရှင်အား ချီးမွမ်းထောမနာပြုပါသည်။ စီရင်တော်မူသော အရာအားလုံးသည် သစ္စာနှင့်ပြည့်၍ တရားနှင့် ပြည့်သည်။ မာနထောင်လွှားသော သူတွေကို နှိမ့်ချခြင်းငှာတတ်နိုင်သည်" ဟုဖြစ်သည်။

Daniel 5

Daniel 5:1-2

ဗေလရှာဇာမင်းသည် အဘယ်သူများအတွက်ကြီးမားသောစားသောက်ပွဲကိုလုပ်ခဲ့သနည်း။

သူသည် သူ၏ မှူးမတ်တထောင်များအတွက် ကြီးမားသောစားသောက်ပွဲကို လုပ်ခဲ့သည်။

ဗေလရှာဇာမင်းသည် အဘယ်သူနည်း။

သူသည် နေဗုခဒ်နေဇာမင်း၏ သားဖြစ်သည်။

Daniel 5:3-4

သူတို့သည် စားသောက်ပွဲတွင် ဝိုင်ကို သောက်ဖို့ရန် ထည့်စရာ ဘာကိုအသုံးပြုခဲ့သနည်း။

သူတို့သည် ယေရုရှလင်မြို့ရှိ ဘုရားသခင်၏အိမ်၊ ဗိမာန်တော်ထဲမှ ယူဆောင်လာခဲ့သော ငွေဖလားများကို အသုံးပြုခဲ့ကြသည်။

သူတို့သည် ဝိုင်ကို သောက်ခဲ့ကြပြီး ထိုစားသောက်ပွဲတွင် ဘာလုပ်ခဲ့ကြသနည်း။

သူတို့သည် ရွှေဘုရား၊ ငွေဘုရား၊ ကြေးဝါဘုရား၊ သစ်သားဘုရား၊ သံဘုရား၊ ကျောက်ဘုရားတို့ကို ချီးမွမ်းခဲ့ကြသည်။

Daniel 5:5-6

သူတို့သည် ဝိုင်ကို သောက်ခဲ့ကြပြီး သူတို့၏ ဘုရားများကို ချီးမွမ်းကြသဖြင့် ဘာဖြစ်ပျက်ခဲ့သနည်း။

လူတယောက်၏လက်ချောင်းများသည် မီးခွက်ထားသောနေရာဘက်တွင် ရောက်လာခဲ့ပြီး ဘုရင့်နန်းတော်၏ နံရံပေါ်တွင် အက္ခရာကို ရေးခဲ့သည်။

ဘုရင်သည် လက်ကို မြင်သောအချိန်တွင် ရုတ်တရက်ဘာတုန့်ပြန်ခဲ့သနည်း။

ဘုရင်၏ မျက်နှာသည် ပြောင်းလဲပြီး သူ့အတွေးများက ထိတ်လန့်စေခဲ့သည်။ သူရဲ့ ခါးဆစ်ပြုတ်မတတ် ဖြစ်ပြီး ဒူးများက အချင်းချင်း ထိခိုက်နေခဲ့သည်။

Daniel 5:7-12

ဘုရင်သည် နံရံပေါ်က ရေးသားထားသော အက္ခရာ၏ အနက်အဓိပ္ပာယ်ကို ရှင်းပြနိုင်သောသူ မည်သည်ကား ဘာကတိပြုခဲ့သနည်း။

ဘုရင်သည် အရေးအသား၏ အဓိပ္ပာယ်ကို ရှင်းပြနိုင်သော သူမည်သည်ကား မင်းမျိုးမင်းနွယ်ထဲသို့ ဝတ်ဆင်နိုင်မည်၊ သူ့လည်ပင်းတွေမှာ ရွှေလည်ဆွဲများကို ထားရှိနိုင်လိမ့်မည်၊ နိုင်ငံတွင် အမြင့်ဆုံးတတိယနေရာတွင် အာဏာရှိလိမ့်မည်ဟု ကတိပြုခဲ့သည်။

Daniel 5:13-16

ဘုရင်သည် ဒံယေလ၏ အဘယ်အရည်အချင်းအကြောင်းကို ကြားခဲ့သည်ဟု ပြောခဲ့သနည်း။

ဘုရင်သည် ဒံယေလကို သူကြားခဲ့သည်အရာကို ပြောခဲ့သည်၊ ဒံယေလ၏ အထဲ၌ ဘုရားသခင်၏ ဝိညာဉ်နှင့် ထူးခြားသော ဉာဏ်ပညာထိုးထွင်းသိမြင်နိုင်သော ပညာရှိသည်ဟု ပြောခဲ့သည်။

Daniel 5:17-19

ဘုရင်သည် ရေးသားသောအရာကို ဖတ်ပြီး ထိုအဓိပ္ပာယ်ကို ရှင်းပြပေးခြင်းအတွက် ရရှိမည့် ဆုလာဘ်အကြောင်းကို ပြောသောအချိန်မှာ ဒံယေလက ဘာတုန့်ပြန်ခဲ့သနည်း။

ဒံယေလသည် ဘုရင်ကို "သင့်ရဲ့ ဆုလာဘ်များသည် သင့်အတွက်ဖြစ်ပါစေ၊ ဆုလာဘ်ပေးခြင်းက အခြားသောသူကိုပေးလိုက်ပါ။ ဘယ်လိုဘဲဖြစ်ဖြစ် ဘုရင်က ကျွန်တော်သည် ထိုရေးသားသော စာကိုဖတ်ပြီး ဘုရင့်အတွက် ထိုစာကို အနက်ဖွင့်ပေးမည်" ဟု တုန့်ပြန်ခဲ့သည်။

Daniel 5:20-21

ဘာကြောင့် နေဗုခဒ်နေဇာသည် သူရဲ့ ဘုရင်ပလ္လင်မှ ကျဆင်းခဲ့သနည်း။ ဘာကြောင့် သူ့ရဲ့ မြင့်မြတ်သော ဂုဏ်သရေများကို သူ့ဆီမှ ယူဆောင်ခြင်းခံခဲ့ရသနည်း။

နေဗုခဒ်နေဇာသည် သူရဲ့ ဂုဏ်သရေနှင့် ထီးနန်းဆုံးရှုံးခဲ့သည်မှာ သူရဲ့ နှလုံးသားသည် မောက်မာလာခဲ့ပြီး သူ့ရဲ့ ဝိညာဉ်သည်လည်း ပို၍ မာကြောလာပြီး ပို၍ စိတ်ကြီးဝင်လာသောအပြုအမူတွေဖြစ်လာသောကြောင့်ဖြစ်သည်။

Daniel 5:22-24

ဒံယေလ၏ စွဲချက်များသည် ဗေလရှာဇာကို ဘာဆန့်ကျင်ခဲ့သနည်း။

ဒံယေလသည် ဗေလရှာဇာကို ကောင်းကင်ရှိဘုရားကို ဆန့်ကျင်ပြီး သူ့ကိုယ်သူ ချီးမြှောက်ခဲ့ပြီး သူ့ နှလုံးသားကို မနှိမ့်ချခဲ့သူ၊ သူ့လမ်းခရီးစဉ်အားလုံးသိသောဘုရား၊ အသက်ရှုဖို့ပင် သူ့လက်ထဲမှာ ထိန်းချုပ်ထားသောဘုရားကို မချီးမွမ်းခဲ့သူ ဟု ပြောခဲ့သည်။

Daniel 5:25-28

နံရံအပေါ်တွင် ရေးသားထားသော အက္ခရာ၏ အနက်အဓိပ္ပာယ်သည် အဘယ်နည်း။

အနက်အဓိပ္ပာယ်သည် "ဘုရားသခင်သည် ဗေလရှာဇာ၏ နိုင်ငံကို ရေတွက်နေခဲ့ပြီး အဆုံးတိုင်ရောက်ရှိခဲ့သည်။ ဗေလရှာဇာသည် တိုင်းတာသောအချိန်တွင် ချိန်ဆခဲ့ပြီး အားနည်းချို့တဲ့နေသည်ကို တွေ့ခဲ့သည်။ ဗေလရှာဇာ၏ နိုင်ငံသည် ခွဲဝေပြီး မေဒိလူနှင့် ပေရသိလူတို့၏ လက်၌ ပေးခဲ့ပြီ" ဟုဖြစ်သည်။

Daniel 5:29-31

ဒံယေလသည် ဗေလရှာဇာကို ရေးသားထားသော စာသား၏ အဓိပ္ပာယ်ကို ဖွင့်ဆိုပြီးနောက် ထိုညတွင် ဘာဖြစ်ပျက်ခဲ့သနည်း။

ထိုညတွင် ဗာဗုလုန်နိုင်ငံ၏ ဘုရင် ဗေလရှာဇာသည် အသက်ဆုံးခဲ့ပြီး မေဒိအမျိုးဒါရိမင်းသည် နိုင်ငံတော်ကို သိမ်းပိုက်ရရှိခဲ့သည်။

မေဒိအမျိုးဒါရိမင်းသည် နိုင်ငံတော်ကို ရရှိသော အချိန်တွင် အသက်ဘယ်လောက်ရှိသနည်း။

မေဒိအမျိုးဒါရိမင်းသည် နိုင်ငံတော်ကို ရရှိသော အချိန်တွင် အသက်ခြောက်ဆယ့်နှစ်နှစ် ရှိခဲ့ပြီ ဖြစ်သည်။

Daniel 6

Daniel 6:1-3

ဒါရိမင်းသည် နိုင်ငံတော်အပေါ်တွင်မည်သူတို့ကို ခန့်အပ်ခဲ့သနည်း။

ဒါရိမင်းသည် မြို့ဝန်တရာ့နှစ်ဆယ် တို့နှင့် ထိုမြို့တို့ကို အုပ်ချုပ်မည့် ဝန်ကြီးသုံးပါးကို ခန့်အပ်ခဲ့သည်။

ဝန်ကြီးသုံးပါးတို့ အထဲမှ တပါးသည် မည်သသူနည်း။

ဒံယေလသည် ဝန်ကြီးသုံးပါးထဲမှ တပါးဖြစ်ခဲ့သည်။

ဘာကြောင့် ဝန်ကြီးသုံးပါးကို ခန့်အပ်ခဲ့သနည်း။

မြို့ဝန်များကို ကြီးကြပ်အုပ်ချုပ်ဖို့ရန် အတွက် ခန့်အပ်ခဲ့ပြီး ထိုမှသာ ဘုရင်သည် ဆုံးရှုံးမှုမခံစားမှာ ဖြစ်သည်။

ဘုရင်သည် အဘယ်သူကို နိုင်ငံအားလုံးအပေါ်ထားရန်ကြံစည်ခဲ့သနည်း။

ဘုရင်သည် ဒံယေလကို နိုင်ငံအားလုံးအပေါ်ထားဖို့ရန် အတွက် ကြံစည်ခဲ့သည်။

Daniel 6:4-5

အခြားသောဝန်ကြီးချုပ်များနှင့် မြို့ဝန်များသည် နိုင်ငံအတွက် ဒံယေလအလုပ်လုပ်နေသော အချိန်တွင် အဘယ်ကြောင့် ဖောက်ပြန်မှုမရှိခြင်း၊ တာဝန်အချိန်တွင်ကျရှုံးမှုမရှိခြင်း၊ အမှားအယွင်းမရှိခြင်းနှင့် အမှုမဲ့အမှတ်မဲ့ ပြုလုပ်မှုမရှိခြင်းများကို ရှာတွေ့ခဲ့သနည်း။

ဒံယေလသည် သစ္စာရှိသော သူဖြစ်သောကြောင့် ထိုအရာအားလုံးမရှိခြင်းကို ရှာတွေ့နိုင်ခဲ့သည်။

အခြားသော ဝန်ကြီးချုပ်များနှင့် မြို့ဝန်များသည် ဒံယေလကို ဆန့်ကျင်ပြီး စွပ်စွဲဖို့ရန် အတွက် တစုံတခုရှာတွေ့လိမ့်မည်ဟု ထင်သော ဒံယေလအသက်တာ၏ တခုတည်းသော နေရာက ဘာဖြစ်သနည်း။

ထိုသူတို့သည် ဒံယေလကို ဆန့်ကျင်ပြီး စွဲချက်တင်ဖို့ရန်အတွက် သူ့ရဲ့ ဘုရားနျင့် ပတ်သက်ပြီး တစုံတခု ရှိလိမ့်မည်ဟု တွေးခဲ့ကြသည်။

Daniel 6:6-9

မြို့ဝန်အကြီးအကဲများနှင့် အခြားသော ဝန်ကြီးချုပ်များသည် ဒါရိဘုရင်ကို ဘာလုပ်ဖို့ရန်အတွက် အကြံပြုခဲ့ကြသနည်း။

ထိုသူတို့သည် ဒါရိမင်းကို ရက်သုံးဆယ်အတွင်း မည်သည့်လူဖြစ်စေ၊ ဘုရားဖြစ်စေ အထံတွင် ဆုတောင်းသောသူမည်သည်ကား ခြင်္သေ့လှောင်ထားသော တွင်းထဲသို့ ချလိမ့်မည်ဟု အမိန့်တော်ရှိဖို့ရန် အကြံပြုခဲ့ကြသည်။

Daniel 6:10-12

ဒံယေလသည် တရားဥပဒေ၌ ညွှန်းကြားချက်ရှိခြင်းနှင့် အမိန့်ထုတ်ထားခြင်းများကို သိရှိပြီးနောက် ဘာလုပ်ခဲ့သနည်း။

ဒံယေလသည် သူ့အိမ်ထဲသို့ဝင်ပြီး သူ့ရဲ့ ဒူးကိုထောက်လျက်အရင်က ပြုလုပ်နေကျအတိုင်း ဘုရားသခင်ထံသို့ ကျေးဇူးတော်ချီးမွမ်းလျက်ဆုတောင်းခဲ့သည်။

Daniel 6:13-16

ဒံယေလသည် ဘုရားသခင်ထံ အကူအညီတောင်းခံခြင်းကို ပြုလုပ်နေသည်ကို တွေ့ကြသောအခါ ဒံယေလက ဆန့်ကျင်ပြီး ကြံစည်ခဲ့သော သူတို့သည် ဘာလုပ်ခဲ့ကြသနည်း။

ထိုသူတို့သည် ဘုရင့်ထံသို့ သွားပြီး ဒံယေလသည် ဘုရင်၏ အမိန့်ကို အလေးမထားခြင်းကို ပေးသည်၊ ဒံယေလသည် သူ့ဘုရားထံ တနေ့သုံးကြိမ်အမြဲဆုတောင်းသည် ဟု ဘုရင်ကို ပြောခဲ့ကြသည်။

ဘုရင်သည် ဒံယေလက ဘုရင့်၏အမိန့်ကို ဖျက်ဆီးသည်ကို ကြားသောအခါ ဘာလုပ်ခဲ့သနည်း။

ဘုရင်သည် အလွန်စိတ်ပူပင်သောကရောက်ခဲ့ပြီး သူ့ရဲ့ စည်းမျဉ်းထဲမှ ဒံယေလကို ကယ်တင်ဖို့ရန် အတွေးကို တိုက်လှန်နေခဲ့သည်။

Daniel 6:17-18

ဒံယေလကို ခြင်္သေ့တွင်းထဲသို့ ပစ်ချခဲ့ပြီးနောက် ဘုရင်သည် ဘာလုပ်ခဲ့သနည်း။

ဘုရင်သည် ဘုရင်၏ လက်မှတ်တံဆိပ်တော်အားဖြင့် ထိုနေရာသို့ ဝင်ရောက်ခြင်းကို ပိတ်ပင်ခဲ့သည်။ သူသည် ထိုနေရာကို သွားပြီး မအိပ်ဘဲ တညလုံးမဆုတ်မတွန့်တောက်လျှောက်ရပ်နေခဲ့သည်။

Daniel 6:19-20

ဒံယေလကို ခြင်္သေ့တွင်းထဲသို့ ပစ်ချပြီး နောက်တနေ့တွင် ဘုရင်သည် ထိုနေရာကို သွားပြီး ဒံယေလကို ဘာမေးခဲ့သနည်း။

ဘုရင်သည် ဒံယေလအမြဲ အစေခံနေသောဘုရား ခြင်္သေ့များဆီကနေ သူ့ကို ကယ်တင်ပေးနိုင်ခဲ့သလားဟု ဒံယေလကို မေးခဲ့သည်။

Daniel 6:21-22

ဘုရင်ကို ဒံယေလကို ဘယ်လိုဖြေခဲ့သနည်း။

ဒံယေလသည် "ဘုရင်အသက်တော်ရှည်ပါစေ၊ အကျွန်ုပ်၏ ဘုရားသည် ကောင်းကင်တမန်ကို စေလွှတ်ရန် ခြင်္သေ့နှုတ်ကို ပိတ်ထားသဖြင့် သူတို့သည် ကျွန်ုပ်ကို မထိခိုက်ခဲ့ပါ။ အကြောင်းမူကား ကျွန်ုပ်သည် ဘုရားသခင်ရှေ့တော်နှင့် ဘုရားရှေ့တော်၌ အပြစ်ကင်းပါ၏ ဘုရင်" ဟုဘုရင်ကို ပြောခဲ့သည်။

Daniel 6:23

ဘုရင်သည် ခြင်္သေ့တွင်းထဲမှ ဒံယေလကို အသက်ရှင်လျက်တွေ့ခဲ့ပြီးနောက် ပထမဦးဆုံးဘာအမိန့်ပေးခဲ့သနည်း။

ဘုရင်၏ ပထမဦးဆုံးအမိန့်တော်သည် ဒံယေလအသက်ရှင်လျက်တွေ့ပြီးနောက် ဒံယေလကို ခြင်္သေ့တွင်းထဲမှ ထုတ်ယူဖို့ရန် အမိန့်ပေးခဲ့သည်။

Daniel 6:24-25

ဘုရင်သည် ဒံယေလက ခြင်္သေ့တွင်းထဲမှ အသက်ရှင်လျက်တွေ့ပြီးနောက် ဒုတိယအမိန့်ဘာပေးခဲ့သနည်း။

ဒုတိယအမိန့်သည် ဒံယေလကို ထိုကဲ့သို့ ဖြစ်စေခဲ့သော လူတွေကို ခေါ်လာဖို့ရန်နှင့် သူတို့၏ မိသားစု သားသမီးအားလုံးနှင့် ခြင်္သေ့တွင်းထဲသို့ ပစ်ချဖို့ရန် အမိန့်ပေးခဲ့သည်။

Daniel 6:26-27

ဒါရိမင်းသည် ဒံယေလ၏ ဘုရားအကြောင်းကို သူ့အမိန့်တော်ထဲတွင် ဘုရားနှင့် ပတ်သက်၍ ဘာပြောခဲ့သနည်း။

ဒါရိမင်းသည် ဒံယေလ၏ ဘုရားကို "သူသည် အသက်ရှင်သောဘုရား၊ ထာ၀ရတည်ရှိသောဘုရား၊ နိုင်ငံတော်သည် မပျက်စီးနိုင်၊ အာဏာစက်တော်သည် အစဉ်တည်မြဲ၏။ သူသည် ကယ်တင်ခြင်းအမှုကို ကျွန်ုပ်တို့၌ ပြုတော်မူ၏။ သူသည် ခြင်္သေ့များ၏ တန်ခိုးထဲမှ ဒံယေလကို ကယ်နှုတ်တော်မူခဲ့ပြီ" ဟု အမိန့်တော်ထုတ်ခဲ့သည်။

Daniel 6:28

ဒံယေလသည် အဘယ်သူတို့၏ လက်ထက်တွင် အောင်မြင်မှုရခဲ့သနည်း။

ဒံယေလသည် ဒါရိမင်း၏ လက်ထက်နှင့် ပေရသိ အမျိုးကုရုမင်းကြီးလက်ထက်တွင် အောင်မြင်မှုရှိခဲ့သည်။

Daniel 7

Daniel 7:1-3

ဒံယေလသည် ဘယ်အချိန်တွင် သူ့အတွေးထဲ၌ အိမ်မက်နှင့် ရူပါရုံကို ရရှိခဲ့သနည်း။

ဒံယေလသည် ဗာဗုလုန်ရှင်ဘုရင် ဗေလရှာဇာနန်းစံနှစ် ပထမနှစ်တွင် အိပ်ယာပေါ် အိပ်နေစဉ် အိမ်မက်ရူပါရုံကို ရရှိခဲ့ပါသည်။

ဒံယေလ၏ အိမ်မက်ထဲတွင် ကြီးမားသော သမုဒ္ဒရာပေါ် ဘာလှုပ်ရှားခဲ့သနည်း။

ကောင်းကင်လေးမျက်နှာမှ လေများသည် ကြီးမားသော သမုဒ္ဒရာပေါ်တွင် လှုပ်ရှားခဲ့သည်။

သမုဒ္ဒရာ၏ အပေါ်ကနေ ဘာဖြစ်လာခဲ့သနည်း။

သမုဒ္ဒရာ၏ အပေါ်တွင် ကြီးမားသော သတ္တဝါလေးကောင်၊ မတူညီသော တနေရာဆီမှ ထွက်လာခဲ့ကြသည်။

Daniel 7:4-5

ခြင်္သေ့ကဲ့သို့ ဖြစ်သော သတ္တဝါတွင် ဘာဖြစ်လာခဲ့သနည်း။

လူတယောက်၏ အတွေးတွေကို ထိုသူတို့က ဖြစ်ပွားလာခဲ့သည်။

သတ္တဝါကဲ့သို့သောအရာသည် ဘာလုပ်ဖို့ရန် အတွက် ပြောခဲ့သနည်း။

ထိုအရာသည် ထဖို့ရန်နှင့် လူအများကို ကိုက်စားဖို့ရန် အတွက် ပြောခဲ့သည်။

Daniel 7:6-7

ကျားသစ်ကဲ့သို့သော သတ္တဝါသည် ဘာဖြစ်ပွားလာခဲ့သနည်း။

ထိုအရာသည် အုပ်ချုပ်ဖို့ရန် အာဏာတွေဖြစ်ပွားလာခဲ့သည်။

စတုတ္ထမြောက်သော သတ္တဝါက ဘာလုပ်ခဲ့သနည်း။

စတုတ္ထမြောက်သော သတ္တဝါသည် အငမ်းမရ ကိုက်စားပြီး အပိုင်းပိုင်းဖြစ်အောင် ဖျက်ဆီးပြီးကျလာသော အရာတွေကို ခြေဖြင့် နင်းချေခဲ့သည်။

Daniel 7:8

ဒံယေလသည် စတုတ္ထမြောက်သော သတ္တဝါ၏ ဦးချိုများ မည်သို့ဖြစ်ပျက်လာသည်ကို မြင်ခဲ့သနည်း။

ဒံယေလသည် ဆယ်ခုသော ဦးချိုများအလယ်တွင် အခြားသေးငယ်သော ဦးချိုကြီးထွားလာသည်ကို မြင်ခဲ့သည်။ ထိုဦးချိုများရှေ့တွင် ဦးချိုသုံးချောင်းသည် အမြစ်မှ နှုတ်ခဲ့သည်။ ဒံယေလသည် ထိုဦးချိုငယ်လေးက လူကဲ့သို့သော မျက်လုံးရှိသည်ကို မြင်ခဲ့ပြီး ကြီးမြတ်သောအရာကို ကြွားဝါနေသော နှုတ်ကို တွေ့ခဲ့သည်။

Daniel 7:9

တည်ရှိထားသော ပလ္လင်များအနက် တခုပေါ်တွင် ဘယ်သူထိုင်ခဲ့သနည်း။

တည်ရှိထားသော ပလ္လင်အပေါ်တွင် ရှေးကျသောသူတစ်ယောက်သည် ထိုင်တော်မူ၏။

Daniel 7:10

အမှုရောက်သည်ကာလတွင် မည်သည့်အလုပ်ကို ဦးစီးဦးရွက်ပြုခဲ့သနည်း။

ညီလာခံသည် ဆွေးနွေးပွဲထိုင်သည့် နေရာတွင် ဖြစ်ပြီး စာလုပ်များသည် ဖွင့်ထားလျက်ရှိခဲ့သည်။

Daniel 7:11-12

သတ္တဝါလေးကောင်တွင် ဘာဖြစ်ပျက်ခဲ့သနည်း။

ချိုရှိသော သတ္တဝါသည် ဝါကြွားသောစကားကို ပြောလျက်သတ်ခဲ့သည်။ ထိုကိုယ်ကို မီးရှို့သော အရာပေါ်တွင် ထားပြီး ဖျက်ဆီးခဲ့သည်။ အခြားသောသတ္တဝါသုံးကောင်သည် အုပ်ချုပ်ဖို့ရန် အာဏာဆုံးရှုံးခဲ့သော်လည်း အချိန်တခုအတွင်း ကြာမြင့်စွာအသက်ရှင်ခဲ့ကြသည်။

Daniel 7:13-16

ဒံယေလ၏ အိမ်မက်ထဲတွင် ရှေးကျသောသူတယောက်သည် အဘယ်သူကို ကိုယ်စားပြုထားသနည်း။

ရှေးကျသောလူတယောက်သည် ကောင်းကင်မှ ဝတ်လုံတော်နှင့် ကြွလာခဲ့သော လူသားကဲ့သို့သောသူကို ကိုယ်စားပြုထားခဲ့သည်။

လူသားနှင့်တူသော လူတဦးကို ဘာပေးခဲ့သနည်း။

ထာ၀ရတည်သော အုပ်စိုးဖို့ရန်အာဏာ၊ ဘယ်တော့မှ ပျက်စီးခြင်းမရှိသော နိုင်ငံတော်၊ ဘုန်းကြီးခြင်း၊ တန်ခိုးတော်များသည် လူသားနှင့်တူသော သူတယောက်ကို ပေးခြင်းခံခဲ့သည်။

Daniel 7:17-22

ဒံယေလသည် သူ့အိမ်မက်ထဲက သတ္တဝါလေးကောင်က ကိုယ်စားပြုသော အရာကို ဘာပြောခဲ့သနည်း။

ဒံယေလသည် သတ္တဝါလေးကောင်က ကမ္ဘာမြေကြီးပေါ်မှ တင်မြှောက်မည့် ဘုရင်လေးပါးဖြစ်သည် ဟုပြောခဲ့သည်။

အဘယ်သူသည် နိုင်ငံတော်ကို ထာ၀ရသိမ်းပိုက်ပြီးရရှိလိမ့်မည်နည်း။

အမြင့်ဆုံးဘုရား၏ သူတော်ကောင်းများသည် နိုင်ငံတော်ကို ထာ၀ရသိမ်းပိုက်ပြီး ရရှိခံစားလိမ့်မည်။

Daniel 7:23-24

ဒံယေလသည် ထိုနေရာတွင် ရပ်နေသော စတုတ္တတိရိစ္ဆာန် အကြောင်းကို မေးသောအခါ စတုတ္ထတိရိစ္ဆာန်သည် မည်သည့် အရာဖြစ်ခဲ့ပြီး မြေကြီး ကို ဘာလုပ်လိမ့်မည်နည်း။

ထိုတကောင်သည် စတုတ္ထတိရိစ္ဆာန်က စတုတ္ထနိုင်ငံဖြစ်ပြီး မြေကြီး တခုလုံးကို ဖျက်ဆီးပြီး၊ အောက်သို့နင်းချေ၍ အစစအပိုင်းပိုင်း ဖျက်ဆီးလိမ့်မည်။

ထိုနေရာတွင် ရပ်နေသော တကောင်သည် ဦးချိုဆယ်စုအကြောင်းကို မည်ကဲ့သို့ ပြောခဲ့သနည်း။

ထိုနေရာတွင် ရပ်နေသော တကောင်သည် ဘုရင်ဆယ်ပါးသည် စတုတ္ထနိုင်ငံကို ပေါ်ပေါက်စေလိမ့်မည်။

Daniel 7:25-26

အမြင့်မြတ်ဆုံးသောသူကို ဆန့်ကျင်၍ ပြောသောသူသည် မည်သို့လုပ်လိမ့်မည်နည်း။ သူ၏ အဆုံးသတ်သည် ဘာဖြစ်လိမ့်မည်နည်း။

သူသည် အမြင့်မြတ်ဆုံး၏ လူတွေကို ညှင်းပန်းနှိပ်စက်လိမ့်မည်။ သူသည် ပညတ်တရားနှင့် ပွဲတော်ကို ပြောင်းလဲဖို့ရန် ကြိုးစားလိမ့်မည်။ သူသည် တစ်နှစ်၊ နှစ်နှစ်နှင့် နှစ်ဝက်အတွက် ထိုအရာများအပေါ် အုပ်ချုပ်လိမ့်မည်။ သို့သော် သူ၏ တန်ခိုးသည် အဆုံး၌ ဖျက်ဆီးဖို့ရန်နှင့် ဖြုန်းတီးဖို့ရန် အဝေးကို ယူဆောင်သွားလိမ့်မည်။

Daniel 7:27-28

နိုင်ငံနှင့်ကောင်းကင်အောက်စိုးမိုးရာနယ်မြေတို့သည် အဘယ်သူတို့ပေးလိမ့်မည်နည်း။

ထိုအရာသည် အမြင့်ဆုံးဘုရား၏ သန့်ရှင်းသော အမျိုးသားတို့ကို ပေးလိမ့်မည်။

ထိုရူပါရုံကို ဒံယေလသည် မည်ကဲ့သို့ တုန့်ပြန်ခဲ့သနည်း။

ဒံယေလသည် ကြီးစွာစိုးရိမ်ခဲ့ပြီး သူ့မျက်နှာသည် မြင်သာစွာ ပြောင်းလဲခဲ့သော်လည်း သူသည် ထိုရူပါရုံကို သူ့ကို သူသိမ်းထားခဲ့သည်။

Daniel 8

Daniel 8:1-2

ဒံယေလသည် ဘယ်အချိန်တွင် သူ၏ ဒုတိယ ဗျာဒိတ်ရူပါရုံကို ရရှိခဲ့သနည်း။

ဒံယေလသည် ဗေလရှာဇာမင်းကြီး နန်းစံနှစ် သုံးနှစ်တွင် ဒုတိယဗျာဒိတ်ရူပါရုံကို ရရှိခဲ့သည်။

ဒံယေလသည် သူ့ ရူပါရုံရရှိစဉ်တွင် ဘယ်မှာရှိခဲ့သနည်း။

ဒံယေလသည် သူ၏ ရူပါရုံရရှိစဉ်တွင် ဧလံပြည်၊ ရူရှန်မြို့တော်၌ ဥလဲမြစ်နားမှာ ရှိခဲ့သည်။

Daniel 8:3-4

ဒံယေလ၏ ဗျာဒိတ်ရူပါရုံထဲတွင် မြင်ခဲ့သော တိရိစ္ဆာန်နှစ်ကောင်သည် မည်သည့်တို့ဖြစ်ကြသနည်း။

ဒံယေလသည် သိုးတစ်ကောင်နှင့်ဆိတ်တစ်ကောင်ကို ဗျာဒိတ်ရူပါရုံထဲတွင် မြင်ခဲ့သည်။

သိုး၏ ချိုနှစ်ချောင်းသည် မည်ကဲ့သို့ ဖြစ်ခဲ့ကြသနည်း။

သိုး၏ ချိုတစ်ချောင်းသည် အခြားချိုတစ်ချောင်းထက် ရှည်သော်လည်း ပို၍ တိုသော ဦးချိုသည် ရှည်သောချိုထက်ကြီးထွားလာခဲ့သည်။

သိုးသည် မည်မျှ တန်ခိုးကြီးမားသနည်း။

အဘယ်တိရိစ္ဆာန်မျှမခံနိုင်၊ အဘယ်သူမျှသူ့လက်မှ မကယ်လွှတ်နိုင်သည်ဖြစ်၍ မိမိအလိုရှိသည်အတိုင်းပြုသဖြင့် သိုးသည် ကြီးမားခြင်းသို့ ရောက်လေသည်။

Daniel 8:5-6

ဆိတ်သည် အဘယ်ကဲ့သို့သော ဦးချိုရှိခဲ့သနည်း။

ဆိတ်သည် မျက်စိနှစ်လုံးကြားတွင် ဦးချိုတချောင်းသာရှိခဲ့သည်။

Daniel 8:7-8

ဆိတ်သည် သိုးထီးကို ဘာလုပ်ခဲ့သနည်း။

ဆိတ်သည် သိုးထီးကို ထိုးပြီး ဦးချိုနှစ်ချောင်းကို ချိုးခဲ့သည်။ သိုးထီးကို မြေ၌ လှဲပြီး သူ့အပေါ် ၌ နင်းခဲ့သည်။

ဆိတ်၏ ဦးချိုသည် ချိုးခဲ့ပြီးသည့်အခါ ထိုနေရာတွင် ဘာကြီးထွားခဲ့သနည်း။

ထိုချိုးပစ်သောနေရာတွင် ထူးဆန်းသော အခြားဦးချိုလေးချောင်းပေါက်လာခဲ့ပြီး မိုဃ်းကောင်းကင်လေးမျက်နှာကို မျက်နှာ ပြုကြသည်။

Daniel 8:9-10

ဆိတ်ဦးချိုလေးချောင်း၏ တစ်နေရာတွင် ဘာဖြစ်ပျက်လာခဲ့သနည်း။

ဦးချိုလေးချောင်းတွင် အခြားတစ်ချောင်းသည် သေးငယ်သောတစ်ချောင်းပေါက်ပြန်ပြီး ထိုအရာသည် တောင်မျက်နှာသို့၎င်း၊ အရှေ့မျက်နှာသို့၎င်း၊ ဣသရေလနိုင်ငံ၏ ကြီးမြတ်သော နေရာသို့၎င်း၊ အလွန်ကြီးသောအရာဖြစ်လာခဲ့သည်။

ထိုချိုသည် ကြီးလာသောအခါ မည်သည့်အရာကို လုပ်ခဲ့သနည်း။

ထိုချိုသည် အလွန်ကြီးလာသောအခါ ထိုအရာသည် ကောင်းကင်စစ်သားနှင့် စစ်ပွဲတွင် ကတိသစ္စာပေးခဲ့သည်။

Daniel 8:11-12

ဘာကြောင့် ထိုဆိတ်မွေးလာတာနဲ့ သူ၏ အဖွဲ့အားပေးခြင်းနှင့် နေ့စဉ်ပြုသော ပူဇော်ခြင်းဝတ်ကို ရပ်တန့်ရသနည်း။

ဆန့်ကျင်ဖက်ပြုသောကြောင့် ထိုသို့ဖြစ်ရပါသည်။

Daniel 8:13-14

ထိုရူပါရုံသည် ဖျက်ဆီးတတ်သော လွန်ကျုးခြင်းနှင့်၎င်း၊ နေ့ရက်အစဉ်ပြုသောဝတ်ကို ပယ်ခြင်းကို၎င်း၊ ကောင်းကင်ဗိုလ်ခြေကိုနင်းခြေခြင်းတို့သည် အဘယ်မျှကာလတိုင်တိုင်ဖြစ်လိမ့်မည်နည်း။

ထိုအရာတို့သည် နံနက်နှင့်ညနေပေါင်း နှစ်ထောင်သုံးရာ တိုင်တိုင်ပြည့်မှဖြစ်လိမ့်မည်။

ထိုနံနက်နှင့်ညနေပေါင်း နှစ်ထောင်သုံးရာ ကျော်လွန်ပြီးနောက် ဘာတွေဖြစ်လာလိမ့်မည်နည်း။

သန့်ရှင်းရာ ငှာနတော်ကို သန့်စင်စေကာ မူလ အမှန်အတိုင်းဖြစ်စေလိမ့်မည်။

Daniel 8:15-17

အဘယ်သူက ဒံယေလကို သူ့ ရူပါရုံ၏ အဓိပ္ပာယ်ကို နားလည်ရန် ကူညီပေးခဲ့သနည်း။

ဒံယေလ၏ ရူပါရုံကို ရှင်းပြနားလည်စေသောသူသည် ဂါဗြေလဖြစ်သည်။

Daniel 8:18-19

ထိုရူပါရုံသည် ဘယ်အချိန်အခါအတွက် ပြောခဲ့သနည်း။ ထိုအရာသည် ဘယ်အချိန်အခါနှင့် သက်ဆိုင်ခဲ့သနည်း။

ထိုရူပါရုံသည် အပြစ်ဒဏ်စီရင်ရာကာလအတွက် ပြောခဲ့သည်။ ထိုနောက်ဆုံးသောကာလသည် မပြောင်းလံသောအချိန်နှင့်သက်ဆိုင်ခဲ့သည်။

Daniel 8:20-21

ဒံယေလ၏ ရူပါရုံထဲတွင် ဆိတ်ထီးနှင့် ချိုနှစ်ချောင်းရှိသော သိုးထီးပုံဥပမာသည် အဘယ်အရာဖြစ်သနည်း။

ဆိတ်ထီးသည် ဟေလသရှင်ဘုရင်ကို ပုံဆောင်ပြီး ချိုနှစ်ချောင်းရှိသော သိုးထီးသည် မေဒိရှင်ဘုရင်နှင့် ပေရသိရှင်ဘုရင်တို့ကို ပုံဆောင်ပြောဆိုထားပါသည်။

Daniel 8:22-23

ကျိုးပဲ့ခြင်းခံရသော ချို၏ နေရာ၌ ပေါ်ပေါက်လာခဲ့သော ချိုလေးချောင်းသည် အဘယ်အရာကို ပုံဆောင်သနည်း။

ကျိုးပဲ့ခြင်းခံရသော ချိုကို ပုံဆောင်သော နိုင်ငံတစ်ခုမှ ပေါ်ပေါက်လာသော ချိုလေးချောင်းကို ပုံဆောင်သော နိုင်ငံများဖြစ်သည်။

Daniel 8:24-26

ထိုခက်ထန်သောမျက်နှာနှင့် ပညာအလိမ်မာရှိသော ဘုရင်က ဘာလုပ်လိမ့်မည်နည်း။

ထိုဘုရင်သည် ကိုယ်၌ တန်ခိုးမရှိဘဲ တန်ခိုးကြီးလိမ့်မည်။ စွမ်းအားရှိ၍ သန့်ရှင်းသော သူအစိုကု ဖျက်ဆီးလိမ့်မည်။ ဖျက်ဆီး၍ တိုးပွားလိမ့်မည်။ သူသည် လိမ္မာစွာပြု၍ မုသာလည်း အောင်မြင်လိမ့်မည်။ စိတ်ထောင်လွှား၍ သခင်တို့၏ သခင်ကိုပင် ဆန့်ကျင်ဖက်ပြုလိမ့်မည်။

ထိုခက်ထန်သော မျက်နှာရှိသည့်ဘုရင်က အဆုံးမှာ ဘာဖြစ်လိမ့်မည်နည်း။

သူသည် လူတွေ၏ လုပ်ကြံခြင်းမဟုတ်သောလက်ဖြင့် ဖျက်ဆီးလိမ့်မည်။

Daniel 8:27

ဒံယေလရူ၏ပါရုံသည် မည်သို့တက်ရောက်သနည်း။

ဒံယေလသည် ရက်ပေါင်းများစွာ ကျော်လွားဖို့အတွက်ရူပါရုံအားဖြင့် သူသည် အံ့ဩခဲ့သည်။

Daniel 9

Daniel 9:1-2

အာရွှေရုသည် ဘယ်မင်း၏ အုပ်စိုးရာ ပိုင်နယ်ကို ကျော်လွန်သော ဘုရင်ဖြစ်သနည်း။

အာရွှေရုသည် ဗာဗုလုန်မင်း၏ အုပ်စိုးရာပိုင်နယ်ကို ကျော်လွန်သော ဘုရင်ဖြစ်သည်။

ယေရမိထံရောက်လာသော ဘုရား၏ နှုတ်ကပတ်တော်အားဖြင့် ဒံယေလသည် အဘယ်အရာကို သတိပြုမိသနည်း။

အနှစ်ခုနှစ်ဆယ်ပြီးနောက်တွင် ယေရုရှလင်မြို့၏ စွန့်ပစ်ခြင်းသည် အဆုံးသတ်ဖြစ်မည်ကို ဒံယေလသတိပြုမိသည်။

Daniel 9:3-4

ဒံယေလက ဘုရားသခင်ကို မည်ကဲ့သို့ ရှာဖွေခဲ့သနည်း။

ဒံယေလသည် ဆုတောင်းလျက်၊တောင်းလျှောက်ခြင်းပြုလျက်၊ အစာရှောင်လျက်၊ လျှော်တေအဝတ်ကိုဝတ်လျက်နှင့် တောင်းတသောဆန္ဒနှင့် ထိုင်လျက်ဘုရားသခင်ကို ရှာဖွေခဲ့သည်။

ဒံယေလဟာ ဘုရားသခင်ထံဆုတောင်းသည့်အခါတိုင်း ဘာကို ရှေ့ဦးစွာ လုပ်ဆောင်ခဲ့သနည်း။

ဒံယေလဟာ ဣသရေလလူမျိုးများ၏ အပြစ်ကို ဝင်ချတောင်းပန်ခြင်းကို အရင်ပြုခဲ့သည်။

Daniel 9:5-6

ပရောဖက်တွေဟာ ဘုရားသခင်၏ နာမ၌ ဘယ်သူတွေကို စကားပြောခဲ့သနည်း။

ပရောဖက်တွေဟာ ရှင်ဘုရင်များသော်၎င်း၊ ခေါင်းဆောင်များသော်၎င်း၊ ဘိုးဘေးများနှင့် ထိုပြည်၌ နေထိုင်သော လူများကို စကားပြောခဲ့ကြသည်။

Daniel 9:7-8

အဘယ်ကြောင့် ဣသရေလလူမျိုးတွေမှာ မျက်နှာရှက်စရာ ဖြစ်ရသနည်း။

သူတို့သည် သခင်ဘုရားကို ဆန့်ကျင်ဖက်ပြုသောကြောင့် သူတို့၏ မျက်နှာ၌ ရှက်စရာအကြောင်းဖြစ်ရသည်။

Daniel 9:9-11

ဣသရေလသည် သူ၏ အပြစ်ကြောင့် အဘယ်အရာ သွန်းလောင်းခြင်းခံရသနည်း။

မောရှေ၏ ပညတ္တိကျမ်းတွင်ရေးထားသော ကျိန်ခြင်းနှင့် ကျမ်းသစ္စာကျိန်ဆိုခြင်း များကြောင့် ဘုရားသခင်၏ အစေခံသည် သူတို့အပေါ် ၌ သွန်းလောင်းခြင်းဖြစ်သည်။

Daniel 9:12-14

ဘုရားသခင်သည် သူ၏ စကားကို ဆန့်ကျင်တုံပြန်သော ဣသရေလနှင့် သူတို့ခေါင်းဆောင်တွေကို မည်သို့ အတည်ပြုပေးသနည်း။

ဘုရားသခင်သည် သူ၏ စကားအားဖြင့် ဣသရေလနှင့်သူတို့ခေါင်းဆောင်များအပေါ်မှာ ကြီးမားသည့် ဘေးအန္တရာယ်ကို ကျရောက်စေခြင်းဖြင့် အတည်ပြုပေးသည်။

ဘုရားသခင်ထံ သနားခြင်းဂရုဏာကို မတောင်းခံသည့် ဣသရေလတွေကို ဒံယေလက ဘာပြောခဲ့သနည်း။

ဒံယေလက သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သေချာအာရုံမစိုက်သည် သာမက၊ သူတို့၏ အပြစ်များနှင့် ဝေးရာကို မလှည့်လာခြင်းကြဘူး ဟုပြောခဲ့သည်။

Daniel 9:15-19

ဘုရားသခင်သည် ဣသရေလကို ခွင့်လွှတ်သင့်သည်ကို ဘာအကြောင်းကြောင့်ဒံယေလပြောခဲ့သနည်း။

သခင်ဘုရား၏ တရားမျှတသော လုပ်ဆောင်ခြင်းကြောင့် ဣသရေလကို သခင်ဘုရားခွင့်လွှတ်သင့်သည်ကို ဒံယေလပြောခဲ့သည်။

Daniel 9:20-21

ဘယ်အချိန်တွင် ဂါဗေလသည် ဒံယေလထံရောက်လာသနည်း။

ဂါဗေလသည် ဒံယေလယဇ်ပူဇော်၍ ဆုတောင်းနေသော ညနေအချိန်တွင် ရောက်လာခဲ့သည်။

Daniel 9:22-23

အဘယ်ကြောင့် ဂါဗေလသည် ဒံယေလထံရောက်လာသနည်း။

ဂါဗေလသည် ဒံယေလအား နားလည်နိုင်စွမ်းနှင့် ထိုးထွင်းသိမြင်နိုင်စွမ်းကိုပေးရန် ရောက်လာခဲ့သည်။

Daniel 9:24-25

အဘယ်ကြောင့် ဒံယေလ၏ လူများနှင့် သန့်ရှင်းသော မြို့သည် အနှစ်သိတင်း ခုနှစ်ဆယ်တိုင်ဒဏ်စီရင်ရသနည်း။

သိတင်းခုနှစ်ဆယ်တိုင် ဒဏ်စီရင်ရခြင်းမှာ အပြစ်တရားအဆုံးသတ်ခြင်း၊ အပြစ်တင်ခြင်းဆုံးမခြင်း၊ ဆိုးသောသူအဖို့ ယဇ်ပူဇော်ခြင်း၊ ထာ၀ရဖြောင့်မတ်ခြင်းရယူခြင်း၊ ပရောဖက်ပြုချက်များနှင့် ရည်ရွယ်ချက်ကို သယ်ဆောင်ခြင်း၊ နှင့် အသန့်ရှင်းဆုံးသောနေရာအဖြစ်သမုတ်ခြင်းကို ရစေဖို့ဖြစ်သည်။

ဘိတ်သိက်ခံသောသူသည် ရောက်လာ၍ ယေရုရှလင်မြို့ပြန်တည်ဆောက်ခြင်းနှင့် အဖြစ်အပျက်တွေ ပြန်လည်တည်တန့်ခြင်းသည် ဘယ်လိုအချိန်ဆက်ကြား၌ ဖြစ်လိမ့်မည်နည်း။

ခုနှစ်သိတင်းနှင့် ခြောက်ဆယ်နှစ် သိတင်းဖြစ်သော် ထိုအချိန်ကာလနှစ်ခုဆက်ကြားတွင် ဖြစ်ပျက်လိမ့်မည်။

Daniel 9:26

ဘိတ်သိက်ခံသောသူသည် အဘယ်အချိန်၌ ဖျက်ဆီးခြင်းခံရသနည်း။

သူသည် နှစ်များ၏ ခြောက်ဆယ်နှစ်သိတင်းပြီးနောက်တွင် ဖျက်ဆီးခြင်းခံရလိမ့်မည်။

Daniel 9:27

ယခုရောက်လာမည့် ခေါင်းဆောင်အသစ်သည် ဘာလုပ်လိမ့်မည်နည်း။

သူသည် သိတင်းတစ်ဖက်တွင် လူအများအပြားဖြစ်စေလိမ့်မည်။ သိတင်းတစ်ဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းများကို သုတ်သင်ပယ်ရှင်းလိမ့်မည်။

ဖျက်ဆီးထိုက်သောသူသည် မည်သို့ဖြစ်လိမ့်မည်နည်း။

ဖျက်ဆီးခြင်းသည် ထိုသူကို မလွှမ်းမိုးမှီတိုင်အောင် ထိုသို့ ဖြစ်လိမ့်မည်။

Daniel 10

Daniel 10:1-3

ပေရသိရှင်ဘုရင်ကုရုနန်းစံသုံးနှစ်တွင် ဒံယေလသည် အဘယ်သတင်းစကားကို ဖော်ပြခဲ့သနည်း။

ကြီးစွာသော စစ်တိုက်ခြင်းအကြောင်းကို ဖော်ပြခဲ့သည်။

ထိုသတင်းစကားကို ဒံယေလသည် မည်သို့ နားလည်နိုင်ခဲ့သနည်း။

ဒံယေလသည် သတင်းစကားကို နားလည်ရခြင်းမှာ ထိုရူပါရုံထဲတွင် သူရှိနေခဲ့ခြင်းကြောင့်ဖြစ်သည်။

Daniel 10:4-6

ဒံယေလသည် သူ့ ရူပါရုံထဲတွင် အဘယ်သူကို မြင်ခဲ့သနည်း။

သူသည် ပိတ်ချောနှင့် ဥဖတ် ရွှေစင် ခါးပန်းကို ဝတ်စည်းလျက်ရှိသောလူကို မြင်ခဲ့သည်။

ဒံယေလ၏ ရူပါရုံထဲက လူသည် မည်သို့သော အဆင်းရှိသနည်း။

ထိုလူသည် ကိုယ်၌ ကျောက်မျက်ရွဲကဲ့သို့ဖြစ်ခြင်း၊ မျက်နှာ၌လျှပ်စစ်ကဲံသို့ထင်ခြင်း၊ မျက်စိသည် မီးခွက်ကဲ့သို့ဖြစ်ခြင်းနှင့် ခြေလက်တို့သည် ဦးသစ်သော ကြေးဝါကဲ့သို့ဖြစ်ကာ အသံသည် လူအများစု၏ အသံနှင့်တူသည်။

Daniel 10:7-11

ဒံယေလသည် ထိုကြီးစွာသော ရူပါရုံနှင့် ထိုသူ၏စကားသံကို ကြားသည့်အခါ ဘာတုံ့ပြန်ခြင်းဖြစ်ခဲ့သနည်း။

ဒံယေလသည် ကိုယ်၌ အစွမ်းသတ္တိကုန်ခမ်းလျက် ကြောက်ရွံ့ခြင်းရှိ၍ ခွန်အားလျော့လျက် မျက်နှာပျက်ကာ မြေပေါ်မှာ ပြပ်ဝပ်၍ မိန်းမောတွေဝေလျက်နေသည်။

Daniel 10:12-13

ဘယ်အချိန်တွင် ကောင်းကင်တမန်ကို ဒံယေလထံသို့ စေလွှတ်ခဲ့သနည်း။

ဒံယေလသည် ဘုရားသခင်ရှေ့မှ ကိုယ်ကိုကိုယ် ဆုံးမခြင်းငှါ စိတ်ဓာတ်ပြငှာန်းသော ပဥမ နေ့မှ ကောင်းကင်တမန်ကို စေလွှတ်ခဲ့သည်။

ကောင်းကင်တမန်သည် ဒံယေလထဲလာဖို့ အဘယ်ကြောင့် နှစ်ဆယ်တစ်ရက်ကြာခဲ့သနည်း။

ပေရသိနိုင်ငံကို အစိုးရသောမင်းသည် ထိုကောင်းကင်တမန်ကို ဆီးတားသောကြောင့်ဖြစ်သည်။

Daniel 10:14-15

ဘယ်အချိန်အခါ၌ ထိုရူပါရုံသည် ဖြစ်ပျက်လိမ့်မည်နည်း။

ထိုရူပါရုံ၏ အဖြစ်အပျက်သည် တာရှည်သော ကာလအတွက်ဖြစ်သည်။

Daniel 10:16-17

ထိုရူပါရုံကြောင့်သူ၌ ဖြစ်သောအရာအပေါ်တွင် ဒံယေလ ဘာပြောခဲ့သနည်း။

ဒံယေလသည် ထိုရူပါရုံကြောင့်သူ၌ ပြင်းစွာဝေဒနာခံရခြင်းနှင့် သူ၌ ခွန်အားအလျှင်းမရှိ၍ အသက်လည်းကုန်ပါ၏ ဟုပြောခဲ့သည်။

Daniel 10:18-19

လူသဏ္ဌာန်ဆောင်သောသူက ဒံယေလသည် ခွန်အားနှင့် ပြည့်ခြင်းငှါ ဘာလုပ်ခဲ့သနည်း။

ဒံယေလသည် ခွန်အားနှင့်ပြည့်စေခြင်းငှါ လူသဏ္ဌာန်ဆောင်သော သူသည် တို့ ခဲ့သည်။

Daniel 10:20-21

ထိုလူသဏ္ဌာန်ရှိသောသူက ဒံယေလထံမှ ထွက်သွားပြီးနောက် ဘာလုပ်မည်ဟု ဆိုခဲ့သနည်း။

သူသည် ပြန်သွား၍ ပေရသိမင်းကို စစ်တိုက်မည်ဟု ဆိုခဲ့သည်။

ထိုလူကဲ့သို့ သဏ္ဌာန်ရှိသောသူက ဒံယေလအားဘာကိုပြောမည်ဟု ဆိုခဲ့သနည်း။

ထိုသူသည် ဒံယေလအား သမ္မာကျမ်းစာ၌ မှတ်သားသော အမှုအရာများကို ပြောပြမည်ဟု ဆိုခဲ့သည်။

Daniel 11

Daniel 11:1-2

ပေရသိနိုင်ငံကို အစိုးရသော စတုတ္ထရှင်ဘုရင်သည် အာဏာကို ဘယ်လိုရရှိလိမ့်မည်နည်း။

သူသည် သူ၏ ချမ်းသာကြွယ်၀ခြင်းအားဖြင့် အာဏာကို ရရှိလိမ့်မည်။

ပေရသိနိုင်ငံ၏ စတုတ္ထဘုရင်သည် အားလုံးကို နှိုးဆော်ပြီး ဘာနိုင်ငံကို ရန်ဘက်ပြုခဲ့သနည်း။

သူသည် အားလုံးကို နှိုးဆော်ပြီး ဟေလသနိုင်ငံကို ရန်ဘက်ပြုခဲ့သည်။

Daniel 11:3-4

အဘယ်သူတို့ကို ကြီးမြတ်သောဘုရင်၏ နိုင်ငံပေးလိမ့်မည်မဟုတ်သနည်း။

ထိုနိုင်ငံသည် ဘုရင်၏ ကိုယ်ပိုင်အုပ်ချုပ်မှုကို ပေးလိမ့်မည်မဟုတ်။

Daniel 11:5-6

အဘယ်သူသည် မဟာမိတ်ဖွဲ့မှုကို ပြုလုပ်လိမ့်မည်နည်း။

တောင်ပိုင်းဘုရင်နှင့် ကွပ်ကဲအုပ်ချုပ်ရသော ဗိုလ်တယောက်သည် မြောက်ပိုင်းဘုရင်ဖြစ်လာလိမ့်မည်။ သူနှင့် မဟာမိတ်ဖွဲ့ခြင်းကို ပြုလုပ်လိမ့်မည်။

အဘယ်သူသည် တောင်ပိုင်းဘုရင်နှင့် မြောက်ပိုင်းဘုရင်ကြားမဟာမိတ်ဖွဲ့ခြင်းကို အတည်ပြုဖို့ရန် ဖြစ်လာလိမ့်မည်နည်း။

တောင်ပိုင်းဘုရင်၏ သမီးသည် တောင်ပိုင်းဘုရင်နှင့် မဟာမိတ်ဖွဲ့ခြင်းကို အတည်ပြုဖို့ရန် ဖြစ်လာလိမ့်မည်။

Daniel 11:7-9

တောင်ပိုင်းဘုရင်၏ သမီးသည် မြောက်ပိုင်းဘုရင်ကို ဘာလုပ်လိမ့်မည်နည်း။

သူသည် စစ်တပ်ကို တိုက်ခိုက်လိမ့်မည်။ မြောက်ပိုင်းဘုရင်၏ လုံခြုံရာအရပ်ကို ဝင်၍ သူတို့ကို နှိမ်နင်းအောင်မြင်လိမ့်မည်။

Daniel 11:10

မြောက်ပိုင်းဘုရင်၏ သားများသည် ဘာလုပ်လိမ့်မည်နည်း။

သူတို့သည် ကြီးမားသည့်စစ်တပ်ကို စုဝေး၍ စစ်တိုက်ခိုက်လာလိမ့်မည်။ သူတို့သည် တောင်ပိုင်းဘုရင်၏ လုံခြုံရာအရပ်ကို ကျူးလွန်နိုင်သည့် နည်းလမ်းအားလုံးကို အသုံးပြုလာပြီး၊ ကျော်ဖြတ်လာပြီး၊ ရေလွှမ်းမိုးသကဲ့သို့ လွှမ်းမိုးလာလိမ့်မည်။

Daniel 11:11-12

တောင်ပိုင်းဘုရင်သည် မြောက်ပိုင်းဘုရင်၏ သားများအားဖြင့် တိုက်ခိုက်မှုကို တုံ့ပြန်ခြင်းတွင် ဘာလုပ်လိမ့်မည်နည်း။

တောင်ပိုင်းဘုရင်သည် မြောက်ပိုင်းဘုရင်ကို ခုခံတိုက်ခိုက်ဖို့ရန် အမျက်ဒေါသဖြင့် စစ်ချီတက်လာလိမ့်မည်။

အဘယ်သူသည် တောင်နှင့်မြောက်ကြား စစ်ပွဲတွင် အနိုင်ရခဲ့သနည်း။

တောင်ပိုင်းဘုရင်သည် ထိုစစ်ပွဲတွင် အနိုင်ရရှိခဲ့သည်။

Daniel 11:13

နှစ်အချို့ကြာသောအခါတွင် မြောက်ပိုင်းဘုရင်သည် ဘာလုပ်လိမ့်မည်နည်း။

သူသည် လိုအပ်သည့် အသုံးအဆောင်များစွာနှင့် ထောက်ပံ့ခဲ့ပြီး အခြားကြီးမားသည့် စစ်တပ်ကို ထောင်လာလိမ့်မည်။ အမှန်တကယ်ပြန်လာလိမ့်မည်။

Daniel 11:14

ထိုအချိန်တွင် တောင်ပိုင်းဘုရင်ကို ရန်ဘက်ပြုဖို့ရန် အခြားအဘယ်သူတို့သည် တက်လာလိမ့်မည်နည်း။

ထိုအချိန်တွင် အများသည် တောင်ပိုင်းဘုရင်ကို ရန်ဘက်ပြုဖို့ရန် ဒံယေလ၏ လူအများတို့ အပါအဝင် တက်လာလိမ့်မည်။

Daniel 11:15-16

မြောက်ပိုင်းဘုရင်သည် တောင်ပိုင်းဘုရင်ကို တိုက်ခိုက်လာသည့်အချိန်တွင် ဘာဖြစ်ပျက်လာလိမ့်မည်နည်း။

တောင်ပိုင်းဘုရင်သည် သူ့ကို ရန်ဘက်ပြုသူတို့ရပ်တည်ဖို့ရန် မတက်နိုင်လိမ့်မည်။ မြောက်ပိုင်းဘုရင်သည် တောင်ပိုင်းဘုရင်ကို ရန်ဘက်ပြုချင်သူ ဘာမဆိုပြုလုပ်လာလိမ့်မည်။

Daniel 11:17-19

မြောက်ပိုင်းဘုရင်သည် အဘယ်ကြောင့် တောင်ပိုင်းဘုရင်ကို လက်ထပ်ဖို့ရန် သမီးကို ပေးလိမ့်မည်နည်း။

မြောက်ပိုင်းဘုရင်သည် တောင်ပိုင်းဘုရင်ကို ဖျက်ဆီးဖို့ရန် ထိုအရာကို ပြုလုပ်လိမ့်မည်။

မြောက်ပိုင်းဘုရင်တွင် ဘာဖြစ်လာလိမ့်မည်နည်း။

ဗိုလ်မင်း တယောက်သည် နောက်ဆုံးတွင် မြောက်ပိုင်းဘုရင်၏ စော်ကားခြင်းကို တိုက်တွန်းလာလိမ့်မည်။ သူ့အပေါ် သူ၏ စော်ကားခြင်းကို လွဲပယ်ဖို့ရန် ဖြစ်လာလိမ့်မည်။ သူသည် ကျရှုံးနှင့် ယိမ်းယိုင်လာလိမ့်မည်။ သူသည် တွေ့နိုင်လလိမ့်မည်မဟုတ်။

Daniel 11:20-22

မြောက်ပိုင်းဘုရင်၏ နေရာတွင် တက်လာမည့်သူ တယောက်သည် ဘာလုပ်လိမ့်မည်နည်း။

သူသည် နိုင်ငံ၏ ထွန်းတောက်ခြင်းအတွက် ထောက်ပံ့ဖို့ရန် ပေးချေဖို့ အခွန်များအားဖြည့်လာလိမ့်မည်။

အခွန်ကောက်ခံပေးချေဖို့ရန် အားဖြည့်လာသူ တယောက်တွင် ဘာဖြစ်ပျက်လာလိမ့်မည်နည်း။

ရက်အနည်းငယ်ကြာပြီးလျှင် စစ်ပွဲမဟုတ်ဘဲ ထိုသူသည် ပျက်စီးလာလိမ့်မည်။

သစ္စာတရား၊ ရိုသေလေးမြတ်ခြင်းမရှိသော စက်ဆုပ်ရွံရှာဖွယ်သောသူသည် အာဏာကို ဘယ်လိုဖြစ်လာမည်နည်း။

သူသည် ငြိမ်သက်စွာဖြစ်လာလိမ့်မည်။ သူသည် နိုင်ငံကို ချော့မော့ခြင်း အားဖြင့် ရရှိလာလိမ့်မည်။

Daniel 11:23-24

ဒီစက်ဆုပ်ရွံရှာဖွယ်သော ဘုရင်သည် သူနှင့် မဟာမိတ်ဖွဲ့ခြင်းကို ပြုလုပ်ပြီး ဘာဖြစ်လာလိမ့်မည်နည်း။

သူနှင့် မဟာမိတ်ဖွဲ့ပြီးသည့် အချိန်မှ သူသည် ကောက်ကျစ်စွာပြုမူလာလိမ့်မည်။

Daniel 11:25-27

ဒီစက်ဆုပ်ရွံရှာဖွယ်သော ဘုရင်သည် တောင်ပိုင်း ဘုရင်ကို ရန်ဘက်ပြုရန် စစ်ဖြစ်သည့် အချိန်တွင် ဘာဖြစ်ပျက်လာလိမ့်မည်နည်း။

တောင်ပိုင်းဘုရင်သည် သူ့ကိုရန်ဘက်ပြုဖို့ရန် ကြံဖန်စီမံမှုတွေ အားလုံးကြောင့် စက်ဆုပ်ရွံရှာဖွယ်သော ဘုရင်ကို ခုခံဖို့ရန် ရပ်တည်နိုင်လိမ့်မည် မဟုတ်ပါ။

အဘယ်ကြောင့် တောင်ပိုင်းဘုရင်နှင့် မြောက်ပိုင်းဘုရင်တို့သည် တယောက်နှင့်တယောက် စားပွဲတခုထဲ၌ လှည့်ဖြားပြီး နေကြလိမ့်မည်နည်း။

သူတို့၏ နှလုံးသားများသည် တစ်ယောက်နှင့်တစ်ယောက် ရန်ဘက်ပြုသော မကောင်းသည့်အရာပေါ်မှာ ရှိနေကြသောကြောင့် သူတို့သည် တစ်ယောက်ကိုတစ်ယောက်လိမ်လည်ဖြားယောင်နေကြလိမ့်မည်။

Daniel 11:28

မြောက်ပိုင်းဘုရင်၏ နှလုံးသားသည် ရန်ဘက်ပြုခြင်းကို ဘာဆုံးဖြတ်လာလိမ့်မည်နည်း။

သူ့နှလုံးသားသည် သန့်ရှင်းသော သဘောတူညီချက်ကို ရန်ဘက်ပြု ဆုံးဖြတ်လာလိမ့်မည်။

Daniel 11:29-32

မြောက်ပိုင်းဘုရင်၏ အမျက်ဒေါသသည် သန့်ရှင်းသော သဘောတူညီချက်ကို သူ့ကိုယ်သူ ထင်ရှားစွာ ဘယ်လိုပြုလာလိမ့်မည်နည်း။

မြောက်ပိုင်းဘုရင်သည် သန့်ရှင်းသောသ သဘောတူညီချက်ရန်ဘက်ပြုသောသူ ဒေါသကို သန့်ရှင်းသော သဘောတူညီချက်ကို လက်လွှတ်သောသူတွေကို အငြိုးဖွဲ့ခြင်းအားဖြင့် ထင်ရှားစွာ ပြုလာလိမ့်မည်။

Daniel 11:33-35

ပညာရှိသော သူတို့သည် ဘာဖြစ်လာလိမ့်မည်နည်း။

ထိုနေ့ရက်တွင် ပညာရှိသောသူတို့သည် ဓားနှင့် မီးရှို့ခြင်းအားဖြင့် ကျရှုံးလာလိမ့်မည်။ သူတို့သည် သူတို့၏ အာဏာများကို လုယက်ခဲ့ပြီး အကျဉ်းချုပ်ကဲ့သို့ ဖြစ်လာလိမ့်မည်။ သူတို့ ယိမ်းယိုင်သောအချိန်တွင် သူတို့သည် အနည်ငယ်သော အကူအညီကို လက်ခံလာကြလိမ့်မည်။

အဘယ်ကြောင့် ပညာရှိသော အချို့သည် ယိမ်းယိုင်လာကြလိမ့်မည်နည်း။

အချို့သောသူတို့သည် အချိန်ကုန်ဆုံးသည့်တိုင်အောင် စစ်ဆေးလိမ့်မည်၊ သန့်ရှင်းစေလိမ့်မည်ဖြစ်သောကြောင့် ယိမ်းယိုင်လာကြလိမ့်မည်။

Daniel 11:36-37

စက်ဆုပ်ရွံရှာဖွယ်သော မြောက်ပိုင်းဘုရင်သည် အဘယ်သူတို့အပေါ်တွင် သူ့ကို ချီးမြှောက်လိမ့်မည်နည်း။

သူသည် မိန်းမတို့ကိုးကွယ်တတ်သောဘုရား၊ ဘိုးဘေးများ၏ ဘုရားများ၊ တပါးသောဘုရားများ အပါအဝင်ဘုရားအားလုံးအပေါ်တွင် သူ့ကိုယ်သူ ချီးမြှောက်မြှင့်တင်လာလိမ့်မည်။

Daniel 11:38-39

စက်ဆုပ်ရွံရှာဖွယ်သော မြောက်ပိုင်းဘုရင်သည် သူ့ကို အသိမှတ်ပြုသော သူတို့အဖို့ ဘာလုပ်ပေးလိမ့်မည်နည်း။

သူသည် သူ့ကို အသိမှတ်ပြုသောသ သူတို့ကို ဂုဏ်ပြုခြင်းကို ပေးလာလိမ့်မည်။ သူသည် အများသော လူတွေအပေါ် အုပ်ချုပ်မှုများကို သူတို့အား ပြုလုပ်လာလိမ့်မည်။

Daniel 11:40-41

နောက်ဆုံးသောအချိန်တွင် မြောက်ပိုင်းဘုရင်သည် ဘုန်းနှင့်ပြည့်သော ပြည်ကို လာသောအခါ ဘာဖြစ်ပျက်လာလိမ့်မည်နည်း။

ထိုအချိန်တွင် ဣသရေလလူတစ်သောင်းများသည် ကျရှုံး၍ ယိမ်းယိုင်လာကြလိမ့်မည်။

အဘယ်သူတို့သည် မြောက်ပိုင်းဘုရင်၏ လက်မှ လွတ်ပြေးလာကြလိမ့်မည်နည်း။

ဧဒုံပြည်သား၊ မောဘပြည်သား၊ အမ္မုန်အမျိုးသား အကြီးတို့သည် သူ့လက်မှ လွတ်ပြေးလာကြလိမ့်မည်။

Daniel 11:42-43

မြောက်ပိုင်းဘုရင်သည် သူ့အာဏာကို အချို့သော အဘယ်နိုင်ငံများကို တိုးချဲ့ လာလိမ့်မည်နည်း။

မြောက်ပိုင်းဘုရင်သည် သူ့အာဏာများကို အဲဂုတ္တုပြည်၊ လိဗုပြည်နှင့် ကုရှပြည်သားတို့အပေါ် တိုးချဲ့လာလိမ့်မည်။

Daniel 11:44-45

မြောက်ပိုင်း ဘုရင်သည် အရှေ့မြောက်မှ အစီရင်ခံစာများသည် သူ့ကို တုန်လှုပ်စေသောအခါ ဘာလုပ်လိမ့်မည်နည်း။

သူသည် ဖြိုခွင်းဖို့ လူတွေကို သီးသန့်ထားဖို့ရန်နှင့် ဖျက်ဆီးဖို့ရန် ကြီးသော အမျက်ဒေါသနှင့် ထွက်သွားလိမ့်မည်။

မြောက်ပိုင်းဘုရင်သည် သူ့နေရာ၏ တဲများကို ဘယ်မှာထားလိမ့်မည်နည်း။

သူသည် သူ၏ တဲများကို သန့်ရှင်းလှပသောတောင်နှင့်ပင်လယ်ကြားတွင် ထားလိမ့်မည်။

နောက်ဆုံးတွင် မြောက်ပိုင်းဘုရင်ကို အဘယ်သူက ကူညီလိမ့်မည်နည်း။

မြောက်ပိုင်းဘုရင်သည် အဘယ်သူကမှ သူ့ကို ကူညီဖို့ မရှိဘြ သူ့နောက်ဆုံးကာလသည် ရောက်ရှိလာလိမ့်မည်။

Daniel 12

Daniel 12:1-2

အဘယ်သူသည် ဒံယေလ၏ လူတို့၏ အစောင့်ဖြစ်သနည်း။

အရှင်ကြီးမိက္ခေလသည် ဒံယေလ၏ လူတို့ကို စောင့်သောသူဖြစ်သည်။

ဒီနေရာတွင် ရေးသားခဲ့သော ဆင်းရဲဒုက္ခကပ်သောကာလသည် ဘယ်လိုဆိုးရွားလိမ့်မည်နည်း။

ထိုအရာသည် လူမျိုးများ၏ အစမှ ယနေ့ထိတိုင် မဖြစ်ခဲ့ဖူးသကဲ့သို့ ဆင်းရဲ ဒုက္ခကပ်သောကာလ ဖြစ်လိမ့်မည်။

ထိုအချိန်ကာလတွင် အဘယ်သူသည် ကယ်လွှတ်ခဲ့ကြလိမ့်မည်နည်း။

ထိုအချိန်တွင် ဒံယေလ၏ စာစောင်မှာ ရေးသားခဲ့သောနာမည်များအားလုံးသည် ကယ်လွှတ်ခြင်းကို ခံရလိမ့်မည်။

မြေမှုန့်၏ မှောင်မဲသောနေရာ၌ အိပ်ပျော်နေသောသူ အများတို့သည် ဘာဖြစ်ပျက်လာလိမ့်မည်နည်း။

မြေမှုန့်၌ တိမ်ပျော်နေသော သူအချို့တို့သည် ထာ၀ရတည်မြဲသော အသက်တာနှင့် နိုးကြလိမ့်မည်။

Daniel 12:3-6

ပညာရှိသောသူတို့နှင့် ဖြောင့်မတ်ခြင်းသို့ လှည့်ပြန်လာစေသောသူတို့သည် ဘာဖြစ်လာလိမ့်မည်နည်း။

ပညာရှိသောသူတို့သည် ကောင်းကင်ပေါ် ၌ တောက်ပသောနေကဲ့သို့ ဖြစ်လာလိမ့်မည်။ ဖြောင့်မတ်ခြင်းသို့ လှည့်ပြန်လာစေသော သူတို့သည် အစဉ်အမြဲ ထွန်းလင်းသောကြယ်များကဲ့သို့ ဖြစ်လာလိမ့်မည်။

ဒံယေလသည် စာအိတ်ကို ပိတ်ဖို့ရန် ဘယ်လောက်ကြာ ပြောခဲ့သနည်း။

သူသည် နောက်ဆုံးသော အချိန်ကုန်သည့်တိုင် စာအိတ်ကို ပိတ်ဖို့ရန် ပြောခဲ့သည်။

Daniel 12:7

ပိတ်ချောကို ဝတ်သောသူသည် ဤထူးဆန်းသောဖြစ်ပျက်များ ကုန်သည့်တိုင်ဖြစ်လိမ့်မည်ကို ဘယ်လောက်ပြောခဲ့သနည်း။

ပိတ်ချောကို ဝတ်သောသူသည် ထိုအရာက တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံးဖြစ်လိမ့်မည်ဟု ပြောခဲ့သည်။ သန့်ရှင်းသော လူတွေ၏ တန်ခိုးအစိတ်စိတ်အပိုင်းပိုင်းကွဲပြားခြင်းသည် နောက်ဆုံး၌ ဖြစ်လာမည့်အချိန်တွင် ထိုအရာအားလုံးသည် အကုန်လုံးပြီးပြည့်စုံသွားလိမ့်မည်။

Daniel 12:8-9

ပိတ်ချောကို ဝတ်သောသူသည် ဒံယေလကို ဘာပြောခဲ့လဲဆိုတာ နားမလည်သောကြောင့် ပိတ်ချောကို ဝတ်သောသူသည် ဘာပေးခဲ့သနည်း။

ပိတ်ချောကို ဝတ်ဆင်ထားသောသူသည် ဒံယေလကို သင်သွားလော့၊ ထိုစကားသည် အမှုကုန်သည့်ကာလတိုင် ပိတ်၍ တံဆိပ်ခတ်ထားပြီ ဟုပြောခဲ့သည်။

Daniel 12:10-11

အမှုကုန်သည့်ကာလတွင် အဘယ်သူသည် နားလည်ရန် အဘယ်သူသည် ပရောဖက်ပြုသော စကားလုံးကို နားမလည်သနည်း။

မတရားသောသူတို့သည် နားမလည်သော်လည်း ပညာရှိသောသူတို့သည် နားလည်ကြသည်။

ပုံမှန်မီးရှို့ပူဇော်သော အချိန်နှင့် ဖျက်ဆီးတတ်သော ရွံ့ရှာဖွယ်သော အရာအပေါ်လာပြီးစီးသည့်အချိန်အကြားတွင် အချိန်ဘယ်လောက်လစ်ဟာ သွားလိမ့်မည်နည်း။

ထို အဖြစ်အပျက်နှစ်ခုကြားတွင် ရက်ပေါင်းတစ်ထောင်နှစ်ရာကိုးဆယ် ရှိသွားလိမ့်မည်။

Daniel 12:12-13

ထိုအချိန်တွင် ပိတ်ချောဝတ်သော လူသည် ကောင်းကြီးဖြစ်လိမ့်မည်ဟု အဘယ်သူကို ပြောခဲ့သနည်း။

ပိတ်ချောဝတ်ဆင်ထားသောသူ ပြောခဲ့သည်မှာ ကောင်းကြီးသည် ရက်ပေါင်းတစ်ထောင် သုံးရာသုံးဆယ်ငါးရက် အဆုံးတိုင်အောင်စောင့်ဆိုင်းသောသူ တစ်ယောက်ဖြစ်လိမ့်မည်ဟု ပြောခဲ့သည်။

ပိတ်ချောဝတ်ဆင်သောသူသည် ဒံယေလကို ဘာဖြစ်ပျက်လာလိမ့်မည်ဟု ပြောခဲ့သနည်း။

သူသည် ပြောခဲ့သည်မျာ ဒံယေလသည် အနားယူရလိမ့်မည်၊ သူသည် နောက်ဆုံးသော နေ့ရက်တွင် ငြိမ်သက်စွာ တက်ရောက်လိမ့်မည်ဟု ပြောခဲ့သည်။