ဗမာစာ: tn

Updated ? hours ago # views See on DCS

2 Chronicles

2 Chronicles 1

2 Chronicles 1:1

အာဏာတော် တည် ကြည်မြဲမြံ

အခြားသောဘာသာပြန်ဆိုချက်၊ "ရှောလုမုန်သည် ဣသရေလနိုင်ငံအပေါ်တွင် ကြီးမားသောအာဏာရှိသည်။"

ထာဝရဘုရား

ထာဝရဘုရားသည် သမ္မာဟောင်းကျမ်းစာတွင် ဘုရားသခင် သူ့လူများအား ဖွင့်ပြသော အမည်နာမတော်ဖြစ်သည်။

သခင် ထာဝရဘုရားမစတော်မူ

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် သူ့ကိုထောက်ပံ့သည်" သို့မဟုတ် "ကူညီသည်။" (ရှု၊ figs_idiom)

2 Chronicles 1:2-5

ကိရယတ်ယာရိမ်

ကိရယတ်ယာရိမ်သည် ယေရုရှလင်မြို့ အနောက်ဘက်ခြမ်း မှ ၉ မိုင်ခန့်ဝေးသောမြို့ငယ်တစ်မြို့ဖြစ်သည်။ (ရှု:၊translate_names)

တဲတော် ... ရှိသည်

အခြားသောဘာသာပြန်ဆိုချက်၊ "တဲထိုးသည်။"

ဟုရသားဖြစ်သော ဥရိ၏သား ဗေဇလေလ

(ရှု၊ translate_names)

2 Chronicles 1:6-7

ထိုသို့ပရိသတ်စည်းဝေးရာတဲတော်ရှေ့...ကြေးဝါယဇ်ပလ္လင်

ရှောလမုန်သည် စုဝေးရာတဲတော်တွင်ရှိသော ယဇ်ပလ္လင်ရှိရာ ဂိဗောင်သို့ သွားသည်။

2 Chronicles 1:8-11

တည်စေတော်မူ

အခြားသောဘာသာပြန်ဆိုချက်၊ "ပြီးစီးသော" သို့မဟုတ် "ပြီးမြောက်ခြင်း အခြေအနေသို့ ရောက်ရှိ"

မြေမှုန့် များသကဲ့သို့ အရေအတွက်အားဖြင့် များပြားသော လူတို့

အခြားသောဘာသာပြန်ဆိုချက်၊ "မရေတွက်နိုင်လောက်အောင် လူများပြားခြင်း။" (ရှု၊ figs_simile and figs_hyperbole)

ဤမျှလောက်များစွာသော ကိုယ်တော်၏ လူတို့ကို အဘယ်သူသည် ကိုယ်အလိုအလျောက် တရားစီရင် နိုင်ပါမည်နည်း

အခြားသောဘာသာပြန်ဆိုချက်၊ "ဤမျှလောက်များစွာသော ကိုယ်တော်၏ လူများကို မည်သူမျှတရားမစီရင်နိုင်ပါ။" (ရှု၊ figs_rquestion)

2 Chronicles 1:12-13

ပရိသတ်စည်းဝေးရာ တဲတော်ရှေ့မှ

အခြားသောဘာသာပြန်ဆိုချက်၊ "တဲတော်ရှေ့တွင်။"

2 Chronicles 1:14-17

ရထားထိန်းမြို့တို့

ရထားထိန်းများသိုထားရာ မြို့များကိုရည်ညွှန်းခြင်းဖြစ်သည်။

ယေရုရှလင်မြို့၌ ရွှေငွေကို ကျောက်ခဲကဲ့သို့

အခြားသောဘာသာပြန်ဆိုချက်၊ "အဖိုးတန်၊ ရှားပါးသောသတ္တုများ ပေါများသော။" (ရှု၊ figs_simile)

အာရဇ်ပင်တို့ကို လွင်ပြင်၌ ပေါက်သော သဖန်းပင်ကဲ့သို့

အခြားသောဘာသာပြန်ဆိုချက်၊ "အဖိုးတန်၊ ရှားပါးသောသွင်းကုန်သစ်သားများ ပေါများသော။"

2 Chronicles 2

2 Chronicles 2:1-3

ဟိရံ

(ရှု၊ translate_names)

2 Chronicles 2:4-5

ရှေ့တော်မုန့်

ယဇ်ပလ္လင်ရှေ့တွင်ထားရသော မုန့် ၁၂ လုံးကိုဆိုလိုသည်။

လဆန်းနေ့

ဤနေ့သည် လ၏ရွေ့လျားမှု နှင့်တိုက်ဆိုင်သော ပွဲကာလ ဖြစ်သည်။

ငါတို့ဘုရား သခင်သည် ကြီးမြတ်တော်မူ၏

ဤစကားသည် ဘုရားသခင်သည် အခြားဘုရားတို့ထက်သာ၍ ကြီးမြတ်တော်မူကြောင်း ရည်ညွှန်းခြင်းဖြစ်သည်။

2 Chronicles 2:6-7

ကောင်းကင်နှင့် ကောင်းကင်တကာတို့၏ အထွဋ်အမြင့်ဆုံးသော ကောင်းကင်သည် ကိုယ်တော်ကို အဆံ့ မခံနိုင်သည်ဖြစ်၍၊ ကျိန်းဝပ်တော်မူရာ အိမ်ကိုအဘယ် သူတည်ဆောက်နိုင်မည်နည်း။ ရှေ့တော်၌ယဇ်ကို မီးရှို့ရာ အိမ်မှတပါး အခြားသော အိမ်တော်ကို တည်ဆောက်ခြင်း ငှါ ငါသည် အဘယ်သို့သောသူဖြစ်သနည်း

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်ကို ကန့်သတ်၍ မရသဖြင့် မည်သူမျှ သူ့အတွက်အိမ်ဆောက်ပေး၍ မရပါ။ ငါသည်အနတ္တဖြစ်သည်။ လူသည်ယဇ်ပူဇော်သက္ကာများကိုသာ ဘုရားသခင်အားပေးလှူနိုင်သည်။ (ရှု၊ figs_rquestion)

2 Chronicles 2:8-10

အာလဂုံသစ်သားများ

တေးဂီတတူရိယာများနှင့် ပန်းပုထုရာတွင် သုံးသည့် သစ်အမျိုးအစားဖြစ်သည်။

ကောရ

(ရှု၊ translate_bvolume)

ဂျုံဆန်

ဂျုံမှုန့် ကို ဆိုလိုသည်။

ဗတ်

(ရှု၊ translate_bvolume)

2 Chronicles 2:11-12

ဉာဏ်ကောင်း၍ ပညာသတိနှင့် ပြည့်စုံသော

အခြားသောဘာသာပြန်ဆိုချက်၊ "ပညာသတိဖြင့် သိုသိပ်ခြင်း ဆုကျေးဇူးရှိသော။"

ဗိမာန်တော်၊ နန်းတော်

အခြားသောဘာသာပြန်ဆိုချက်၊ "သူ့အတွက် နန်းတော်။" (ရှု၊ figs_metaphor)

2 Chronicles 2:13-18

ဟိရံအဘိ

(ရှု၊ translate_names)

2 Chronicles 3

2 Chronicles 3:1-3

မောရိတောင်

ဤနေရာသည် အာဗြဟံမှ မိမိသား ဣဇက်ကို ဘုရားသခင်အား ပူဇော်ခဲ့ရာနေရာဖြစ်သည်။

ယေဗုသိလူအရောန

(ရှု၊ translate_names)

ဒုတိယလ၊ နှစ်ရက်နေ့

ဟေဗြဲ ပြက္ခဒိန်တွင် ဒုတိယလကိုဆိုလိုခြင်းဖြစ်သည်။ ဒုတိယနေ့သည် အနောက်တိုင်း ပြက္ခဒိန်များတွင် ဧပြီလလယ်ပိုင်းခန့်ဖြစ်သည်။ (ရှု၊ translate_hebrewmonths and translate_ordinal)

နန်းစံလေးနှစ်

(ရှု၊ translate_ordinal)

ခြောက်ဆယ်...နှစ်ဆယ်

"၆၀... ၂၀" (ရှု၊ translate_numbers)

အတောင်

'အတောင်' သည် စင်တီမီတာဖြစ်သည်။ (ရှု၊ translate_bdistance)

2 Chronicles 3:4-5

အိမ်တော်ဦး

အခြားသောဘာသာပြန်ဆိုချက်၊ "ဆင်ဝင်"

အတောင်

(ရှု၊ translate_bdistance)

မွမ်းမံ

အခြားသောဘာသာပြန်ဆိုချက်၊ "သူ ပြုလုပ်သည်။"

အိမ်တော်အတွင်း

အိမ်တွင်း အဝင်နေရာမဟုတ်ဘဲ ကြီးမားသော အခန်းကိုဆိုလိုသည်။

2 Chronicles 3:6-7

ကျောက်မြတ်တို့

လှပသော၊ အဖိုးတန်သော၊ အလှဆင်ခြင်းအတွက်အသုံးပြုသော ကျောက်များ။

ပါရဝိမ်

အရှေ့ပိုင်းကို ရည်ညွှန်းရန် ယေဘုယျအသုံးအနှုန်းဖြစ်သည်။ (ရှု၊ translate_names)

2 Chronicles 3:8-9

အတောင်

(ရှု၊ translate_bdistance)

အခွက်

(ရှု၊ translate_bmoney)

အချိန်

(ရှု၊ translate_bmoney)

2 Chronicles 3:10-12

ခေရုဗိမ်နှစ်ပါး

အချို့တို့သည် ခေရုဗိမ်ရုပ်တုများကို သတ္တုဖြင့်ပြုလုပ်ထားသည်ဟု အနက်ဖွင့်ကြသည်။

2 Chronicles 3:13-17

ပိတ်ချော

အခြားသောဘာသာပြန်ဆိုချက်၊ "အဆင့်မြင့် အထည်စ" သို့မဟုတ် "ကောင်းသောအထည်။"

2 Chronicles 4

2 Chronicles 4:1-3

အတောင်

(ရှု၊ translate_bdistance)

ကြေးဝါရေကန်

အလွန်ကြီးမားသော သတ္တုရေကန်။

အနား

ဘူး၊ ပုလင်း၏ အနားထိပ်ကို ခေါ်သည်။

အဝန်း

စက်ဝိုင်းတစ်ခု၏ အပြင်ဘက်အကွာအဝေး (အနားပတ်လည်)။

အချင်းဆယ်တောင်

အခြားသောဘာသာပြန်ဆိုချက်၊ "အတောင်ဆယ်ခုစီ။"

2 Chronicles 4:4-6

နောက်ခိုင်း

ဤစကားလုံးသည် ခြေလေးချောင်းသတ္တဝါတို့၏ အနောက်ဘက်အခြမ်းဖြစ်သည်။ အသုံးပြုချက်ကိုကြည့်ပါ (သမ္မဟောင်းကျမ်းတွင်သာ သုံးသည် ရှု၊ ၇:၂၅)

လက်

(ရှု၊ translate_bdistance)

အပေါ်အနား ပတ်လည် ဖလားအနားပတ်ကဲ့သို့ ကြာပွင့်အပြောက် နှင့်ပြည့်စုံ၏

အခြားသောဘာသာပြန်ဆိုချက်၊ "အနားတွင် ပျော့ပျောင်းသော၊ ခွက်သောအဖျားရှိသည်။" (ရှု၊ figs_simile)

အင်တုံ

(ရှု၊ translate_bvolume)

2 Chronicles 4:7-10

ဖလား

ဆေးကြောခြင်းအတွက် အသုံးပြုသော ဇလုံငယ်ဖြစ်သည်။

2 Chronicles 4:11-13

ဟိရံ

(ရှု၊ translate_names)

ရေမှုတ်များ

ဘုရားသခင်၏ အိမ်တော်တွင် ယဇ်ပလ္လင်ကို ရေဖျန်းရန်သုံးသည့် ဇလုံများ။

တိုင်ထိပ် (ဇလုံပုံရှိသော တိုင်ထိပ်များ)

ဇလုံပုံရှိသော** - တိုင်တစ်တိုင်၏ အထက်ပိုင်းသည် တိုင်ထိပ်ဟုခေါ်သည််။ အခြားသောဘာသာပြန်ဆိုချက်၊ "ဇလုံပုံရှိသော ထိပ်များ" သို့မဟုတ် "ဇလုံပုံသဏ္ဌာန်ရှိသော အထက်အပိုင်းများ။" (ရှု၊ figs_simile)

ကွန်ရွက်

တိုင်များ၏ အထက်ပိုင်းတွင် အလှဆင်ထားသော ပန်းပုလက်ရာများ၊ မှတ်သားချက်များကို ဆိုလိုသည်။

2 Chronicles 4:14-16

အင်တုံများ

အခြားသောဘာသာပြန်ဆိုချက်၊ "ဇလုံများ"

ရေကန်တကန်

အလှဆင်မြန်းထားသည့် ကြီးမားသော ဆေးကြောရန်ကန်ဖြစ်သည်။

အိမ်တော်တန်ဆာတို့

ယဇ်ပလ္လင်အတွက် အသုံးပြုသော အခြားပစ္စည်းများ သို့မဟုတ် အရာဝတ္ထုများ။

ပြောင်ပြောင်တောက်သော ကြေးဝါ

အလင်းရဖို့ရန် အလုပ်သမားများ အရောင်တင်သည့် ကြေးဝါ။

2 Chronicles 4:17-18

ဇာသန်

(ရှု၊ translate_names)

ရှောလမုန်သည် ထိုတန်ဆာတို့ကို များစွာ လုပ်

ရှောလုမုန်သည် ခွက်များကို မိမိပြုလုပ်သည်မဟုတ်၊ ပြုလုပ်စေဖို့ရန် အမိန့်ပေးခြင်း ဖြစ်သည်။

ကြေးဝါအချိန်ကို အဘယ်သူမျှမသိ

အခြားသောဘာသာပြန်ဆိုချက်၊ "ကြေးဝါ၏ အလေးချိန်သည် အလွန်များပြားသည်။" (ရှု၊ figs_hyperbole)

2 Chronicles 4:19-22

ရှောလမုန်သည်...ပြုလု်ပသည်

ရှောလမုန်၏ လုပ်သားများသည် သူ၏ အမိန့်တော်အတိုင်း ထိုအရာများကို ပြုလုပ်ခဲ့ကြသည်။

တန်ဆာများ

ဘုရားသခင်၏ အိမ်တော်တွင်အသုံးပြုသည့် ဇလုံများအားလုံး၊ ပစ္စည်းကိရိယာများ ဖြစ်သည်။

ရှေ့တော်မုန့်

အခန်း ၂:၄ ကို မည်သို့ဘာသာပြန်သည်ကို ကြည့်ပါ။

2 Chronicles 5

2 Chronicles 5:1

ဘဏ္ဍာစု

ပစ္စည်းဥစ္စာများကို သိမ်းဆည်း၊ သိုလှောင်ရာနေရာဖြစ်သည်။

2 Chronicles 5:2-3

သတ္တမလ၌ လုပ်သော ပွဲအတွင်းတွင်

ဟေဗြဲ ပြက္ခဒိန်၏ ခုနှစ်လပိုင်း ဆယ့်ငါးရက်နေ့တွင် ကျရောက်သော ခိုလှုံသူများ၏ပွဲတော်ဖြစ်သည်။ အနောက်တိုင်းပြက္ခဒိန်များတွင် အောက်တိုဘာလအစပိုင်းခန့်ဖြစ်သည်။ (ရှု၊ translate_hebrewmonths and translate_ordinal and figs_explicit)

2 Chronicles 5:4-6

တန်ဆာ

အခန်း ၄:၁၉ ကို မည်သို့ဘာသာပြန်သည်ကို ကြည့်ပါ။

အတိုင်းမသိ များစွာသော သိုးနွားတို့

အခြားသောဘာသာပြန်ဆိုချက်၊ "များစွာသော သိုးနွားများ။" (ရှု၊ figs_hyperbole)

2 Chronicles 5:7-8

သူ့နေရာ၌

အခြားသောဘာသာပြန်ဆိုချက်၊ "သတ်မှတ်ထားသောနေရာသို့။"

2 Chronicles 5:9-10

ယနေ့တိုင်အောင်

ရာဇဝင်ချုပ် ဒုတိယစောင်ကို ရေးသောကာလကိုဆိုလိုသည်။ (ရှု၊ figs_idiom)

2 Chronicles 5:11-14

အာသပ်၊ ဟေမန်၊ ယေဒုသုန်

ဤသုံးယောက်တို့သည် ဒါဝိဒ်သည် ပဋိညာဉ်သေတ္တာတော်ကို ယေရုရှလင်သို့ ရွှေ့ပြောင်းစဉ် ကိုးကွယ်ခြင်းကိုဦးဆောင်ခဲ့ကြသည်။ နောက်ပိုင်းတွင် ဒါဝိဒ်သည် သူတို့ကို ဗိမာန်တော် တေးဂီတသမားများအဖြစ် ခန့်အပ်သည်။ (ရှု၊ translate_names)

သားတို့နှင့်အမျိုးသားချင်းများ

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ ဆွေမျိုးများ" သို့မဟုတ် "သူတို့၏ အမျိုးအနွယ်များ။"

ခွက်ကွင်း

ကျယ်လောင်သော အသံထွက်ရန် အတူတကွ ထုရိုက်ရသော ပါး၍ ဝိုင်းသော သတ္တုပြားများဖြစ်သည်။ (ရှု၊ translate_unknown)

2 Chronicles 6

2 Chronicles 6:1-3

နေတော်မူရာ ဌာနတော်

အခြားသောဘာသာပြန်ဆိုချက်၊ "နေဖို့ရန် မြှောက်တင်ထားသောနေရာ။" (ရှု၊ figs_metaphor)

ဣသရေလအမျိုးပရိသတ်အပေါင်းတို့သည် မတ်တတ် နေကြ၏

အခြားသောဘာသာပြန်ဆိုချက်၊ "လူတို့ ရပ်နေကြစဉ်။" (ရှု၊ figs_hyperbole)

2 Chronicles 6:4-6

has fulfilled it with his own hands

N/A

ငါ့နာမ တည်ရာ

အခြားသောဘာသာပြန်ဆိုချက်၊ "ထိုနေရာတွင် လူများသည် မိမိအားသိရန်အလိုငှါ။" (ရှု၊ figs_synecdoche)

2 Chronicles 6:7-9

ဒါဝိဒ် အကြံ

အခြားသောဘာသာပြန်ဆိုချက်၊ "ဒါဝိဒ်၏ ဆန္ဒ။" (ရှု၊ figs_metaphor)

ထာဝရဘုရား၏နာမတော်

ထာဝရဘုရား၏ နာမတော် သည်ဘုရားသခင်၏ တည်ရှိခြင်းအားလုံးကို ပုံဆောင်သည်။ (ရှု၊ figs_metonymy)

2 Chronicles 6:10-11

ထာဝရဘုရား ဖွဲ့တော်မူသော ပဋိညာဉ်ကျောက်စာပါသော သေတ္တာ

အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် ဣသရေလလူများနှင့် ပြုလုပ်ခဲ့သည့် ပဋိညာဉ် ရေးထားသည့် ကျောက်ပြားများရှိသည်။" (UDB)

2 Chronicles 6:12-13

ဣသရေလ အမျိုးပရိသတ်အပေါင်းတို့ အလယ်မှာ

အခြားသောဘာသာပြန်ဆိုချက်၊ "ထိုနေရာတွင် စုဝေးနှင့်ကြသော ဣသရေလလူများ၏ ရှေ့တွင်။"

တောင် (အတောင်)

(ရှု၊ translate_bdistance)

လက်ဝါးတို့ကို ကောင်းကင်သို့ဖြန့်

ရှောလမုန်သည် စင်္ကြပေါ်တွင် ဆုတောင်းရန် ဒူးထောက်စဉ် မိမိလက်များကို အထက်သို့မြှောက်၍ ချီပင့်သည်။

2 Chronicles 6:14-15

ရှေ့တော်၌ စိတ်နှလုံး အကြွင်းမဲ့ ကျင့်သောကိုယ်တော်၏ ကျွန်တို့

အခြားသောဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့ကို သင်လုပ်စေလိုသည့်အရာများကို စစ်မှန်စွာ ပြုလုပ်ချင်သောကျွန်ုပ်တို့။" (ရှု၊ figs_metonymy)

ပဋိညာဉ်တရားနှင့် ကရုဏာတရားကို စောင့်ရှောက် တော်မူပြီ

ဒါဝိဒ်၏ သားသည် ဗိမာန်တော်ကို တည်ဆောက်မည်ဟူသော ဘုရားသခင်က ဒါဝိဒ်အားပေးခဲ့သော ကတိတော်ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကိုယ်တော်သည် ကတိတော်များအတိုင်း ပြည့်စုံစေပြီ။" (ရှု၊ figs_metonymy)

2 Chronicles 6:16-17

စောင့်တော်မူပါ

ဤစကားသည် တောင်းဆိုချက်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျေးဇူးပြု၍ ပြုတော်မူပါ။"

ငါ့မျက်မှောက်၌ ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သင် ၏အမျိုး မင်းရိုးမပြတ်ရ

အခြားသောဘာသာပြန်ဆိုချက်၊ "ဒါဝိဒ်၏ အမျိုးအနွယ်တစ်ယောက်တစ်ယောက် ဘုရင်အဖြစ် နန်းထိုင်သည်ကို သင်မြင်ရလိမ့်မည်။" (ရှု၊ figs_doublenegatives)

သင်သည်ငါ့ရှေ့မှာ ကျင့်သကဲ့သို့

အခြားသောဘာသာပြန်ဆိုချက်၊ "ဒါဝိဒ်ပြုလုပ်ခဲ့သည်အတိုင်း" (ရှု၊ figs_simile)

2 Chronicles 6:18-20

သို့ရာတွင်ဘုရားသခင်သည် မြေကြီးပေါ်မှာ လူတို့တွင် ဧကန် အမှန်ကျိန်းဝပ်တော်မူမည်လော

အခြားသောဘာသာပြန်ဆိုချက်၊ "သို့သော်လည်း ဘုရားသခင်သည် လူတို့နှင့်အတူ မြေကြီးပေါ်တွင် နေတော်မူမည်မဟုတ်။" (ရှု၊ figs_rquestion)

ကောင်းကင်နှင့် ကောင်းကင်တကာတို့၏အထွဋ်

အခန်း ၂:၆ ကိုမည်သို့ဘာသာပြန်သည်ကို ကြည့်ပါ။

ကြွေးကြော်လျက်တောင်းလျှောက်သော စကားကို နားခံနာယူတော်မူပါ

'ကြွေးကြော်' နှင့် 'တောင်းလျှောက်သော စကား' သည်အဓိပ္ပါယ်အတူတူဖြစ်သည်။ သူ၏ စိတ်အားထက်သန်သည့် ဆုတောင်းခြင်းကို အလေးပေးပြောခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ လေးနက်သော တောင်းဆိုချက်ကို ဖြေပေးတော်မူပါ။" (ရှု၊ figs_doublet)

ဤအရပ်ဌာနနှင့်ဤအိမ်တော်ကို နေ့ညဉ့်မပြတ်ကြည့်ရှု

ကိုယ်တော်ထံသို့ ဤဗိမာန်တော်တွင် လာကြသောသူများကို နေ့ညအပြတ် ကူညီမစတော်မူပါ။ (ရှု၊ figs_metaphor)

ဤမည်သောအရပ်၌ ငါ့နာမတည်ရမည်

အခြားသောဘာသာပြန်ဆိုချက်၊ "လူများသည် ကိုယ်တော်ကို သိစေမည်ဟု ကိုယ်တော်မြွက်ဆိုသည့်နေရာ။"

ကိုယ်တော်ကျွန်သည် ဤအရပ်ဌာန၌ ဆုတောင်း

ဤစာရေးသောသူသည် ဗိမာန်တော် ရှိရာကို ဦးတည်၍ ဆုတောင်းသည်။

2 Chronicles 6:21

ဆုတောင်း ပဌနာပြုကြသောအခါ၊ အပြစ်မှလွှတ်တော်မူပါ

အခြားသောဘာသာပြန်ဆိုချက်၊ "ဆုတောင်းသံများကိုကြားသောအခါ သူတို့အပြစ်ကို ခွင့်လွှတ်တော်မူပါ။"

2 Chronicles 6:22-23

မတရားသော သူသည် မိမိအပြစ်နှင့်အလျောက် ရှုံးစေ ခြင်းငှါ၎င်း၊ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း နှင့် အလျောက်အကျိုးကိုခံရ၍

အခြားသောဘာသာပြန်ဆိုချက်၊ "ပြစ်ဒဏ်ခံထိုက်သည်အတိုင်း ပြစ်ဒဏ်ပေး၍။" (ရှု၊ figs_idiom)

2 Chronicles 6:24-25

ကောင်းကင်ဘုံ၌နားထောင်၍

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့၏ ဆုတောင်းချက်များကို မြတ်နိုးတော်မူပါ။" (ရှု၊ figs_idiom)

ဘိုးဘေးတို့အား ပေးသနားတော်မူသော

အခြားသောဘာသာပြန်ဆိုချက်၊ "ကိုယ်တော် သူတို့အားကတိပေးတော်မူသော။"

2 Chronicles 6:26-27

မိုဃ်းမရွာ၊ မိုဃ်းခေါင်သဖြင့်၊

'မိုဃ်းခေါင်' သည် ဟူသည့်စကားစုသည် မိုးကောင်းကင်မှမိုးစက်မကျ ဟုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကိုယ်တော်သည် မိုးစက်ကျခွင့် မပေးသောအရာ။"(ရှု၊ figs_doublet)

နာမတော်ကို ဝန်ခံလျက်

မိမိတို့နှုတ်နှင့် အကျင့်အားဖြင့် သူတို့သည် ဘုရားသခင်နှင့် သူ၏ အာဏာတော်ကို ရိုသေကြသည်။ (ရှု၊ figs_idiom)

မိမိ ဒုစရိုက်ကို စွန့်ပယ်

အခြားသောဘာသာပြန်ဆိုချက်၊ "မိမိတို့၏ အကျင့်ဆိုးများကို ရပ်တန့်၍။"

သူတို့လိုက်ရသော လမ်းကောင်းကို ပြညွှန်၍

အခြားသောဘာသာပြန်ဆိုချက်၊ "မည်သို့ မှန်ကန်စွာအသက်ရှင်ရမည်ကို သူတို့အား ပြတော်မူပါ။"

2 Chronicles 6:28-31

ဘေးဥပဒ် အနာရောဂါ တစုံတခုရောက်သောခါ ... အသီးအသီးခံရသောဘေးဒဏ်ကိုသိလျက်

ဖြစ်နိုင်သောအဓိပ္ပါယ်များမှာ (၁) မိမိစိတ်နှလုံး၌ ဝမ်းနည်းခြင်းကို သိခြင်း၊ သို့မဟုတ် (၂) ခံရသောဘေးဒဏ်နှင့် ဝမ်းနည်းခြင်းတို့သည် မိမိအပြစ်ကြောင့်ဖြစ်သည်ကို သိခြင်း။

မိမိတို့လက်ဝါးကို ဖြန့်၍

အခန်း ၆:၁၂ ကို မည်သို့ ဘာသာပြန်ခဲ့သည်ကို ပြန်ကြည့်ပါ။

အသီးအသီးပြုကြသည်အတိုင်း

အခြားသောဘာသာပြန်ဆိုချက်၊ "သူ ပြုလုပ်ခဲ့ပြီးသောအရာ။"

2 Chronicles 6:32-33

ကြီးမြတ်သောနာမတော်နှင့် တန်ခိုးကြီး၍ ဆန့်တော်မူသော လက်ရုံးတော်

အခြားသောဘာသာပြန်ဆိုချက်၊ "ကိုယ်တော်သည် အလွန်ကြီးမြတ်၍ တန်ခိုးကြီးသည်။" (ရှု၊ figs_metonymy)

နာမတော်ဖြင့် သမုတ်ကြောင်း

အခြားသောဘာသာပြန်ဆိုချက်၊ "သင်ပိုင်ဆိုင်သော ထာဝရဘုရား၏ အိမ်တော်။"

2 Chronicles 6:34-35

အကျွန်ုပ် တည်ဆောက်သော

အခြားသောဘာသာပြန်ဆိုချက်၊ "ငါ၏ အုပ်ချုပ်မှုအောက်တွင် လူတို့ တည်ဆောက်သော။" (ရှု၊ figs_synecdoche)

2 Chronicles 6:36-42

ယေဘုယျ သတင်းအချက်အလက်

ရှု၊ figs_hypo

ရန်သူတို့သည် ဝေးသောပြည်၊ နီး သောပြည်၊ အခြားတပါးသော ပြည်သို့သိမ်းသွားလျှင်

ရန်သူတို့သည် သူတို့ကို သိမ်းသွား၍ သူတို့၏ ရန်သူနယ်မြေသို့ ခေါ်ဆောင်သည်။

အိမ်တော်ကို မှီခိုလျက် ဆုတောင်း

ဣသရေလလူများကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့၏ ဘိုးဘေးများအား သင်ပေးသော ဤပြည်သို့ လှည့်၍ ဆုတောင်းပါ။"

2 Chronicles 7

2 Chronicles 7:1-3

မြေပေါ်မှာ ပြပ်ဝပ်ဦးချလျက်

ဤဖော်ပြချက်သည် ဆုတောင်းသည့် အနေအထားပုံစံကိုပြောခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မိမိတို့ မျက်နှာသည် မြေကို ထိသည် တိုင်အောင် သူတို့သည် ပျပ်ဝပ်ကြသည်။"

ဂရုဏာတော််အစဉ်အမြဲတည်သည်

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်၏ ပဋိညာဉ် သစ္စာတရား" သို့မဟုတ် "ဘုရားသခင်သည် ဣသရေလလူမျိုများကို ထာဝရချစ်ဖို့ ကတိထားတော်မူသည်။"

2 Chronicles 7:4-6

(ဣသရေလ) လူအပေါင်းတို့သည် မတ်တပ်ရပ်နေကြ၏

အခြားသောဘာသာပြန်ဆိုချက်၊ "လူတိုင်း သတ်မှတ်ထားသော နေရာတွင် မတ်တပ်ရပ်လျက်။"

2 Chronicles 7:7

မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ ယဇ်ကောင်ဆီဥကိုမခံလောက်

အခြားသောဘာသာပြန်ဆိုချက်၊ "အလွန်များပြားသည့် မီးရှို့ရာယဇ်ပူဇော်သက္ကာကို မခံနိုင်။"

2 Chronicles 7:8-10

ဣသရေလအမျိုးသားအပေါင်းတို့နှင့်တကွ

ဣသရေလနိုင်ငံ အရပ်ရပ်မှ လူများ (ရှု၊ figs_hyperbole)

ဟာမက်မြို့ဝန်ဝ

(ရှု၊ translate_names)

ဓမ္မစည်းဝေးခြင်း

ဘာသာရေးဆိုင်ရာ အထူးစုဝေးခြင်းဖြစ်သည်။

သတ္တမလနှစ်ဆယ်သုံးရက်နေ့

သတ္တမလ၏ နှစ်ဆယ်သုံးရက်နေ့ - ဟေဗြဲပြက္ခဒိန်၏ ခုနစ်လဖြစ်သည်။ နှစ်ဆယ်သုံးရက်နေ့သည် အနာက်တိုင်းပြက္ခဒိန်တွင် အောက်တိုဘာ လလယ်ပိုင်းဖြစ်သည်။ (ရှု၊ translate_hebrewmonths and translate_ordinal)

ဝမ်းမြောက်ရွှင်လန်းလျက်

'ဝမ်းမြောက်' 'ရွှင်လန်း' ဟူသည့် စကားလုံးများသည် အဓိပ္ပါယ်အတူတူဖြစ်သည်။ အတူတကွ 'ဝမ်းမြောက်ပျော်ရွှင်ခြင်း၏ ချိုမြိန်မှု' ကိုအလေးပေး ဆိုလိုကြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အလွန်ဝမ်းမြောက်သော စိတ်နှလုံးများနဖြင့်။" (ရှု၊ figs_doublet)

2 Chronicles 7:11-12

အထမြောက်သည်

ပြီးစီးသည်။

သင်ပြုသောပဌနာစကားကို ငါကြားပြီ

အခြားသောဘာသာပြန်ဆိုချက်၊ "သင်၏ ဆုတောင်းသံကို ငါနားညောင်းတော််မူပြီ။"

2 Chronicles 7:13-15

မိုးမရွာစေခြင်းငှာ ငါသည်မိုးခေါင်စေသော်

အခြားသောဘာသာပြန်ဆိုချက်၊ "မိုးကို ရပ်တန့်စေသည်။" (ရှု၊ figs_metaphor)

မြေအသီးအနှံကိုကိုက်စား

'မြေ' ဟူသည့် စကားလုံးသည် 'အသက်ရှင်သော အပင်အားလုံးနှင့် သစ်သီးဝလံအားလုံး' ကို ဆိုလိုသည်။ (ရှု၊ figs_metonymy)

ငါ့မျက်နှာကိုရှာ

အခြားသောဘာသာပြန်ဆိုချက်၊ 'ဘုရားသခင်ကို ရှာ' သို့မဟုတ် 'ဘုရားသခင်သည် မိမိတို့ကို အာရုံစိုက်ရန် ကြိုးစားခြင်း' (ရှု၊ figs_metaphor)

ငါကြည့်ရှုမည်။ .... ငါနားထောင်မည်။

အခြားသော ဘာသာပြန်ဆိုချက်၊ "ငါသည် မျက်စိဖြင့် ကြည့်မြင်၍ နားဖြင့် နားထောင်ပါမည်" (ရှု၊ figs_synecdoche)

2 Chronicles 7:16-18

ငါ့မျက်စိနှင့် ငါ့နှလုံး

'ငါချစ်သော၊ ကြည့်ရှုသော၊ ကာကွယ်သောသူ' (ရှု၊ figs_metonymy)

သင့်အဘဒါဝိဒ်ကဲ့သို့ငါ့ရှေ့မှာကျင့်နေလျှင့်

အခြားသောဘာသာပြန်ဆိုချက်၊ "သင့်အဘ ဒါဝိဒ်ကဲ့သို့ သင်သည် ငါ့ကိုနာခံလျှင်။" (ရှု၊ figs_simile)

ရာဇပလ္လင်ကိုငါအစဉ််တည်စေမည်

အခြားသောဘာသာပြန်ဆိုချက်၊ "သင်၏ အမျိုးအနွယ်များကို ငါသည် အစဉ်အမြဲ ဘုရင်ဖြစ်စေမည်။" (UDB)

2 Chronicles 7:19-22

ငါပေးသောပြည်မှ သူတို့ကိုအပြစ်နှင့်တကွငါနှုတ်ပစ်မည်

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ကို ငါ့ပြည်မှ ငါနှင်ထုတ်မည်" ဟူသည့်စကားသည် ဘုရားသခင်သည် ဣသရေလလူမျိုများအား အပင်များကို အမြစ်ပါအောင်ဆွဲနှုတ်သကဲ့သို့ သူတို့ကို ပြည်မှထုတ်ပယ်ခြင်းနှင့် နှိုင်းယှဉ်ခြင်းခြင်းဖြစ်သည်။ ရလဒ်မှာ နိုင်ငံပျက်စီးခြင်းနှင့် လူတို့၏ ဝမ်းနည်းပူဆွေးခြင်းဖြစ်သည်။ (ရှု၊ figs_metaphor)

2 Chronicles 8

2 Chronicles 8:1-2

အနှစ်နှစ်ဆယ်စေ့သောအခါ

အခြားသောဘာသာပြန်ဆိုချက်၊ "နှစ်ပေါင်းနှစ်ဆယ်ကြာသော်။"

ဟိရံ

(ရှု၊ translate_names)

2 Chronicles 8:3-4

(ရှောလမုန်သည်) ဟာမတ်ဇောဘ မြို့သို့ချီသွား၍

'ရှောလမုန်' သည် သူ၏ တိုက်ခိုက်ရေးတပ်သားအားလုံးကို ကိုယ်စားပြုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ရှောလမုန်၏ တပ်သည် ဟာမတ်ဇောဘ မြို့ကို တိုက်လေသည်။" (ရှု၊ figs_synecdoche and translate_names)

တာဒမော်မြို့...ဟာမတ်မြို့

ရှုရိပြည်ရှိ မြို့များ။

2 Chronicles 8:5-6

ယေဘုယျ သတင်းအချက်အလက်

ရှု၊ translate_names

2 Chronicles 8:7-8

ပြည်တော်၌ကျန်ကျွင်းသော (တပါးအမျိုးသားများ)

အခြားသောဘာသာပြန်ဆိုချက်။ ။၎င်းပြည်၌ကျန်ရစ်သောသူများ။

အမှုတော်ထမ်း

အခြားသောဘာသာပြန်ဆိုချက်၊ "ကျွန်များ။"

ယနေ့တိုင်အောင်

အခန်း ၅း၉ ကို မည်သို့ ဘာသာပြန်သည်ကို ကြည့်ပါ။

2 Chronicles 8:9-11

နှစ်ရာငါးဆယ်

ရှု၊ translate_numbers

2 Chronicles 8:12-13

ဦးရှေ့

အိမ်ဖြင့်ဆက်ထား၍ တိုင်လုံးများဖြင့် ထောက်ထားသော အမိုးရှိသည့် နေရာ၊ လူသွားရာနေရာ။

နေ့တိုင်းမည်မျှပူဇော်ရသော

အခြားသော ဘာသာပြန်ဆိုချက်၊ "မောရှေစီရင်သော ပညတ်တော်တွင် နေ့တိုင်းပြုရသော ဝတ်များအတိုင်း"

2 Chronicles 8:14-18

နေ့ရက်အစဉ်ပြုသင့်သည်အတိုင်း

အခြားသောဘာသာပြန်ဆိုချက်၊ "လူများတို့သည် အမိန့်တော်များအတိုင်း ဆောင်ရွက်ကြသည်။" (ရှု၊ figs_litotes)

2 Chronicles 9

2 Chronicles 9:3-4

တည်ဆောက်သော အိမ်တော်ကို၎င်း၊ စားပွဲတော်တန်ဆာကို၎င်း၊ အမှုတော်စောင့်တို့နေရာ ထိုင်ရာကို၎င်း၊ လုလင်တို့ခစားသည် အခြင်းအရာကို၎င်း၊ သူတို့ဝတ်သော အဝတ်တန်ဆာကို၎င်း၊ ဝန်စာရေးများ နှင့် သူတို့ဝတ်သောအဝတ်တန်ဆာကို၎င်း

ရှေဘမိဖုရားသည် ရှောလမုန်ဘုရင်၏ ပိုင်ဆိုင်သမျှကို မြင်တွေ့ခဲ့သည် (ရှု၊ figs_parallelism)

cupbearers

N/A

မိန်းမောတွေဝေလျက်ရှိ၍

အခြားသော ဘာသာပြန်ဆိုချက်၊ "သူမသည် မိမိကိုယ်ကို ဘုန်းနိမ့်သည်ဟု ခံစားသည်"

2 Chronicles 9:5-6

ကြားရသော သိတင်းစကား မှန်ပါ၏

အခြားသော ဘာသာပြန်ဆိုချက်၊ "ယခုတွင် ငါကိုယ်တိုင် မြင်တွေ့ရပြီ" (ရှု၊ figs_synecdoche)

ရင်ကြားရသော စကားသည် တဝက်ကိုမျှမမှီ

အခြားသော ဘာသာပြန်ဆိုချက်၊ "သင်သည် အလွန်ပညာရှိ၍ ချမ်းသာလှပါသည်" (ရှု၊ figs_hyperbole)

2 Chronicles 9:7-8

ရှေ့တော်၌အစဉ်နေ၍

အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော်၏ အမိန့်တော်ကို ကြားနာခြင်းငှာ စောင့်နေသော သူတို့" (ရှု၊ figs_idiom)

ကိုယ်တော်ကိုနှစ်သက်၍

အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော်ကို မြတ်နိုးသောသူ"

2 Chronicles 9:9

ရွှေအခွက်

(ရှု၊ translate_bmoney)

2 Chronicles 9:10-12

ဟိရန်

တုရု မြို့၏ဘုရင်။ (ရှု၊ translate_names)

ဩဖိရ

၎င်းဒေသတွင် ထွက်သည့် ရွှေကြောင့် သိရသော အမည်မသိရသော နေရာ။

အာလဂုံသစ်သား

သစ်သားအမျိုးအစား တစ်မျိုးဖြစ်သည်။

2 Chronicles 9:13-14

ခြောက်ရာခြောက်ဆယ်ခြောက်

ရှု၊ translate_numbers

2 Chronicles 9:15-16

ရွှေခြောက်ပိဿာစီဖြင့်

၎င်းတို့ကို ရွှေခြောက်ပိဿာစီဖြင့် ပြုလုပ်ထားသည်။

အချိန်...အခွက်

(ရှု၊ translate_bweight)

လေဗနုန်တောသစ်သားနှင့်ဆောက်လုပ်သောနန်းတော်

ဤနေရာသည် နန်းတော်အနီးရှိ လေဗနုန်သစ်သားအများအပြားဖြင့် ပြုလုပ်သော သိုလှောင်ရုံဖြစ်နိုင်သည်။ လက်နက်သိုလှောင်ရုံဟုလည်း ခေါ်နိုင်သည်။

2 Chronicles 9:17-18

ဆင်စွယ်

ဆင် သို့မဟုတ် ကြံ့ကဲ့သို့သော တိရိစ္ဆာန်များ၏ အစွယ် သို့မဟုတ် ဦးချို ဖြစ်သည်။

ရာဇပလ္လင်တော် (ဦးထိပ်) သည်တစပ်တည်းရှိ၏

အခြားသောဘာသာပြန်ဆိုချက်၊ "ရာဇပလ္လင်တော်၏ ဦးထိပ်သည် ဘုရင်ထိုင်တော်မူရာနေရာ၏ အနောက်ဘက်ပတ်လည်တွင် ဖြစ်၏။"

2 Chronicles 9:19-21

ရှောလမုန်လက်ထက်၌ ငွေကိုအလျင်းပမာဏမပြုတတ်ကြ

ရှောလမုန်ခေတ်တွင် ငွေသည် ပုံမှန်ထက် တန်ဖိုး လျော့နည်းလှသည်။ (ရှု၊ figs_hyperbole)

မျောက်များ (မျောက်ဝံများနှင့်မျောက်လွှဲကျော်များ)

အာဖရိက ကဲ့သို့‌ ဝေးသောအရပ်ရှိ တိရိစ္ဆာန်များ။

2 Chronicles 9:22-24

ရှောလုမုန်၏နှလုံးသား၌ ဘုရားသခင်သွန်းပေးတော်မူသော

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင် သူ့ကိုပေးထားသော" (ရှု၊ figs_metaphor)

နှစ်တိုင်း

အခြားသောဘာသာပြန်ဆိုချက်၊ "နှစ်စဥ်နှစ်တိုင်း။" (ရှု၊ figs_idiom)

2 Chronicles 9:25-26

ယေဘုယျသတင်းအချက်အလက်

ရှု၊ translate_numbers

မြင်းတင်းကုပ်များ

မြင်းများ ထိန်းသိမ်းရာ အလုံပိတ်ထားသော နေရာလေး။

2 Chronicles 9:27-31

ကျောက်ခဲကဲ့သို့၎င်း

အခြားသောဘာသာပြန်ဆိုချက်၊ "များစွာသော ငွေ" (ရှု၊ figs_hyperbole)

ရှင်ဘုရင်သည် အာရဇ်ပင်တို့ကို လွင်ပြင်၌ပေါက်သော သင်္ဘောသဖန်းပင်ကဲ့သို့၎င်းပေါများစေ၏

အခြားသောဘာသာပြန်ဆိုချက်၊ "အလွန်ပေါများသော" (ရှု၊ figs_simile)

ခပ်သိမ်းသောပြည်မှ

အခြားသောဘာသာပြန်ဆိုချက်၊ "နေရာပေါင်းစုံမှ" သို့မဟုတ် "နေရာ အသီးသီးမှ။"

2 Chronicles 10

2 Chronicles 10:1-7

ဣသရေလအမျိုးသားအပေါင်းတို့

ဣသရေလနိုင်ငံရှိ လူများအားလုံး။ (ရှု၊ figs_synecdoche)

နေဗတ်၏သား

(ရှု၊ translate_names)

2 Chronicles 10:8-9

အကြံကို ရောဗောင်သည်မလိုက်

အခြားသောဘာသာပြန်ဆိုချက်၊ "ရောဗောင်သည် အကြံကို မလိုက်နာခဲ့။"

မိမိသူငယ်ချင်းတို့

'သူငယ်ချင်းတို့ (ငယ်ရွယ်သောသူတို့) သည် ရှောလမုန်ကိုအကြံပေးကြသော လူကြီးများနှင့် နှိုင်းယှဉ်လျှင် ပညာနှင့်အတွေ့အကြုံမရှိခြင်းကို ရည်ညွှန်းသည်။

ခစားမြဲခစားသော မိမိသူငယ်ချင်းတို့

သူ၏ ငယ်သူငယ်ချင်းများသည် သူ့ကို အကြံပေးခဲ့ကြသည်။

2 Chronicles 10:10-11

ငါ့လက်သန်းသည် ငါ့ခမည်းတော်ခါးထက်သာ၍ကြီး (လိမ့်မည်)

ရောဗောင် ဆိုလိုသည်မှာ မိမိသည် ခမည်းတော်ထက်သာ၍ ကြမ်းကြုတ်၊ သာ၍ တောင်းဆိုမည်ဟု ဆိုလိုခြင်းဖြစ်သည်။ (ရှု၊ figs_hyperbole)

ငါသည် ကင်းမြီးကောက်နှင့်ရိုက်ဦးမည်

အခြားသောဘာသာပြန်ဆိုချက်၊ "သံစူးများ ပါသည့်ကြိမ်လုံးဖြင့် ငါသည် သင်တို့ကို ရိုက်မည်။" (ရှု၊ figs_idiom)

2 Chronicles 10:12-14

လူအပေါင်းတို့

အခြားသောဘာသာပြန်ဆိုချက်၊ "ခေါင်းဆောင်များအားလုံး" (UDB) (ရှု၊ figs_synecdoche)

သုံးရက်မြောက်သောနေ့

(ရှု၊ translate_ordinal)

2 Chronicles 10:15

ရှိသောမြို့သား အဟိရအားဖြင့် ... နေဗတ်၏သား ယေရောဗောင်

(ရှု၊ translate_names)

2 Chronicles 10:16-19

ယေရှဲ၏သားနှင့် အဘယ်သို့အမွေခံရသေးနည်း?

'ငါတို့သည် ရှင်ဘုရင်ဒါဝိဒ်၏ မျိုးရိုးနှင့် မည်သို့မျှ မပတ်သက်ချင်ပါ။" (UDB) (ရှု၊ figs_rquestion)

2 Chronicles 11

2 Chronicles 11:1

ရွေးချယ်သောစစ်သူရဲ

အခြားသောဘာသာပြန်ဆိုချက်၊ "သူ၏ အကောင်းဆုံး စစ်သားများ။"

2 Chronicles 11:2-4

ထာဝရဘုရား၏ နှုတ်ကပါတ်တော်သည်ရောက်၍

ထာဝရဘုရားသည် သူ၏ နှုတ်ကပတ်တော် စကားကိုပြောတော်မူသည်။ (ရှု၊ figs_idiom)

ရှေမာယ

(ရှု၊ translate_names)

2 Chronicles 11:5-10

ယေဘုယျသတင်းအချက်အလက်

ရှု၊ translate_names

2 Chronicles 11:11-12

ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသည် ... (သူ့အပိုင်များဖြစ်သည်)

ရောဗောင်သည် ယုဒနှင့်ဗင်္ယာမိန် နယ်နိမိတ်များကို ထိန်းချုပ်ထားသည်။

2 Chronicles 11:13-15

ဣသရေလပြည်အရပ်ရပ်၌ရှိသော ယဇ််ပုရောဟိတ်လေဝိသားတို့သည်၊ မိမိတို့နေရာမှ အထံတော်သို့လာကြ၏

အခြားသောဘာသာပြန်ဆိုချက်၊ "ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည် ယုဒပြည်သို့ သွားဖို့ရန် ဣသရေလပြည်၊ မြောက်ပိုင်းနိုင်ငံတော်မှ ထွက်ပြေးခဲ့ကြသည်။"

ပိုင်နက်အရပ်

တိရစ္ဆာန်များအတွက် ကျက်စားရာ မြေနေရာ။

2 Chronicles 11:16-17

ဣသရေလခရိုင်များထဲကထွက်၍... (လေဝိဒ်သားတို့) နောက်သို့လိုက်၍

မြောက်ပိုင်းနိုင်ငံတော်ရှိ ဘုရားသခင်ကို ကိုးကွယ်သေးသော ဣသရေလလူမျိုးများသည် ယုဒပြည်သို့ ထွက်ပြေးကြသည်။

ထာဝရဘုရားကိုရှာလိုသောငှာ၊ သဘောချ၍

အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားကို ကိုးကွယ်လိုသော သူများ။"

သုံးနှစ်ပတ်လုံး ဒါဝိဒ်လမ်း၊ ရှောလုမုန်လမ်းသို့လိုက်ကြ၏

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် ဒါဝိဒ်နှင့်ရှောလမုန်၏ နည်းလမ်းအတိုင်း သုံးနှစ်တိုင်တိုင် လိုက်ခဲ့ကြသည်။"

2 Chronicles 11:18-19

ယေဘုယျသတင်းအချက်အလက်

ရှု၊ translate_names

2 Chronicles 11:20-21

ယေဘုယျသတင်းအချက်အလက်

ရှု၊ translate_names

2 Chronicles 11:22-23

ယေဘုယျသတင်းအချက်အလက်

ရှု၊ translate_names

2 Chronicles 12

2 Chronicles 12:1

(အားကြီးသောအချိန်) ရောက်သောအခါ

"ရောက်သောအခါ" သည် ၎င်းဇာတ်လမ်းထဲရှိ အဓိကအရေးပါသည့် အကြောင်းရင်းကို ညွှန်ပြခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "...သည့်အချိန်တိုင်း။"

ဣသရေလအမျိုးရှိသမျှတို့နှင့်တကွ

အခြားသောဘာသာပြန်ဆိုချက်၊ "ဣသရေလနှင့် ယုဒလူတို့သည် သူအပြစ်ပြုရာတွင် လိုက်ပါကြသည်။" ဤနေရာရှိ 'ဣသရေလ' ဟူသည့်စကားတွင် ယုဒလည်းပါသည်။ (ရှု၊ figs_ellipsis )

2 Chronicles 12:2-4

ယေဘုယျ သတင်းအချက်အလက်

ရှု၊ translate_names

စစ်ချီ၍

အခြားသောဘာသာပြန်ဆိုချက်၊ "တိုက်ဖို့ရန် လာသည်။"

မရေတွက်နိုင်သော မြင်းစီးသူရဲများ

အခြားသောဘာသာပြန်ဆိုချက်၊ "များစွာသော စစ်သူရဲ။" (ရှု၊ figs_hyperbole)

2 Chronicles 12:5-6

ယေဘုယျသတင်းအချက်အလက်

ရှု၊ translate_names

ငါသည်သင်တို့ကို ရှိရှက်မင်းလက်သို့အပ်လေပြီ

အခြားသောဘာသာပြန်ဆိုချက်၊ "ထို့ကြောင့် ငါသည် သင်တို့ကို ရှိရှက်မင်းလက်ထဲသို့ အဖမ်းခံစေပြီ။" (ရှု၊ figs_metonymy )

2 Chronicles 12:7-8

မိမိတို့ကို နှိမ့်ချကြ၏

အခြားသောဘာသာပြန်ဆိုချက်၊ "ရှင်ဘုရင်နှင့်တကွ ဣသရေလလူမျိုးခေါင်းဆောင်များသည် မိမိတို့ကို နှိမ့်ချကြသည်။" ရှင်ဘုရင်နှင့် အခြားခေါင်းဆောင်များသည် ဣသရေလလူမျိုးများအားလုံးကိုဆိုလိုခြင်းဖြစ်သည်။ (ရှု၊ figs_metonymy)

ထာဝရဘုရား၏နှုတ်ကပတ်တော််ရောက်၍

ထာဝရဘုရားသည် စကားပြောတော်မူ၏။ အခန်း ၁၁း၂ ကို မည်သို့ပြန်ခဲ့သည်ကို ပြန်ကြည့်ပါ။ (ရှု၊ figs_idiom)

(သူတို့ကို) အနည်းငယ်သော ချမ်းသာကိုပေးမည်။

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ကို လုံးလုံးပျက်စီးခြင်းမှ ငါကယ်နှုတ်မည်။"

ယေရှုရှလင်မြို့အပေါ််သို့ ငါ့အမျက်မသွန်းလောင်းရ။

အခြားသောဘာသာပြန်ဆိုချက်၊ "ငါ၏အမျက်ကို ယေရုရှလင်မြို့အပေါ်သို့ ငါအကုန်သွန်းလောင်းမည်မဟုတ်။"

2 Chronicles 12:9-10

သူတို့ကို ကိုယ်ရံတော်မှူး၌အပ်လေ၏

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ကို ကိုယ်ရံတော်မှူးအား အပ်ပေးသည်။" (ရှု၊ figs_synecdoche)

2 Chronicles 12:11-12

... သောအခါ

ဇတ်လမ်းထဲမှ အရေးပါသည့်အရာကို အမှတ်ပေးသည့်စကားဖြစ်သည်။ ဤအရေးပါသည့် အချိန်ပြ စကားစုကို ဖော််ပြမည့် နည်းလမ်း ဘာသာစကားအများကြီးတွင် ရှိနိုင်သည်။

ထာဝရဘုရားသည် သူတို့ကို ရှင်းရှင်းမဖျက်ဆီးမည်အကြောင်း၊ အမျက်တော််ကို လွှဲတော်မူ၏

အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် သူ့ကို အမျက်မထွက်တော့၊ ထို့ကြောင့် သူ့ကို လုံးလုံးမဖျက်ဆီး။" (ရှု၊ figs_personification)

besides

N/A

2 Chronicles 12:13-16

(ထာဝရဘုရား) နာမတော််တည်စရာအဖို့

အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် ထိုနေရာတွင် အစဉ်ကိုးကွယ်ခြင်း ခံရရန် အလိုငှာ။" (ရှု၊ figs_metonymy)

ထာဝရဘုရားကိုရှာလိုသောငှာမိမိသဘောမချသောကြောင့်

အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် ဘုရားသခင်ကို နာခံဖို့ ဆန္ဒနှင့် အင်အားမရှိ။" (ရှု၊ figs_idiom)

2 Chronicles 13

2 Chronicles 13:1-3

ဂိဗာမြို့သား ဩရေလ၏သမီး မာခါ

(ရှု၊ translate_names)

2 Chronicles 13:4-5

ဇေမရိမ်တောင်

(ရှု၊ translate_names)

ပဋိညာဉ််.....သင်တို့သိမှတ်သင့်သည်မဟုတ်လော?

အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့သည် ...ပဋိညာဉ််ကို ကောင်းကောင်း သိ၏။ (ရှု၊ figs_rquestion)

2 Chronicles 13:6-7

နေဗတ်၏သား

(ရှု၊ translate_names)

အဓမ္မလူတို့

အခြားသောဘာသာပြန်ဆိုချက်၊ "ပျက်စီးခြင်း၊ ကိုယ်ကျင့်တရား ပျက်သောသူများ။"

(ယေရောဗောင်ထံ) စုဝေး၍

အခြားသောဘာသာပြန်ဆိုချက်၊ "ယေရောဗောင်နှင့်ပေါင်း၍။"

2 Chronicles 13:8-9

ယေရောဗောင်လုပ်သော ရွှေနွားသငယ်တို့

ရုပ်တုဆင်းတုများကို ရည်ညွှန်းခြင်းဖြစ်သည်။

လေဝိဒ်အမျိုးသားတို့ကို နှင်ထုတ်၍

အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် လေဝိဒ်အမျိုးသားတို့ကို နှင်ထုတ်လေပြီ။" (ရှု၊ figs_rquestion)

တပါးအမျိုးသားတို့ထုံးစံအတိုင်း၊ ... ပြုလုပ်ကြပြီမဟုတ်လော

အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့သည် တပါးအမျိုးသားတို့ ထုံးစံအတိုင်း ... ပြုလုပ်ကြပြီ။" (ရှု၊ figs_rquestion)

နွားသငယ်တကောင်နှင့် သိုးခုနှစ်ကောင်ကိုပေး၍၊ ယဇ်ပုရောဟိတ်အရာ၍ခန့်ထားခြင်းကို ခံသောသူမည်သည်ကား၊ ဘုရားမဟုတ်သော သူထံမှ ယဇ်ပုရောဟိတ်ပြုရသည်တကား။

အခြားသောဘာသာပြန်ဆိုချက်၊ "နွားသငယ်တကောင်နှင့် သိုးခုနှစ်ကောင်ကို ပေးသောသူ (ယဇ်ပူ‌ဇော်သောသူ) သည် ဘုရားမဟုတ်သော ဤရွှေနွားသငယ်များ၏ ယဇ်ပုရောဟိတ် ဖြစ်လာနိုင်သည်။"

2 Chronicles 13:10-11

မိမိတို့အမှုကိုစောင့်နေကြ၏

အခြားသောဘာသာပြန်ဆိုချက်၊ "အလုပ်လုပ်နေကြသောသူများ။"

ရှေ့တော်မုန့်

'ရှေ့တော်မုန့်' သည် ဘုရားသခင်၏ မျက်မှောက်တော်နှင့် သူလူများနှင့် မိတ်သဟာယဖွဲ့ခြင်း လက္ခဏာကို ပြသသည့် အထူးပြုလုပ်ထားသော မုန့်ဖြစ်သည်။

ရွှေမီးခုံနှင့်မီးခွက်တို့ကို၎င်း ပြင်ဆင်ကြ၏

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် မီးခွက်ကိုလည်း ပြင်ဆင်ကြ၏။ "

2 Chronicles 13:12

ဘုရားသခင် ထာဝရဘုရားသခင်တဘက်၌မတိုက်ကြနှင့်။

အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားကို မတွန်းလှန်၊ မဆန့်ကျင်ကြနှင့်။" (ရှု၊ figs_metaphor)

2 Chronicles 13:13-15

ယုဒလူတို့နောက်၌ မထင်မရှားတပ်ချီစေ၍

အခြားသောဘာသာပြန်ဆိုချက်၊ "ယုဒတပ်၏ နောက်မှ ရုတ်တရက် တိုက်ခိုက်ခြင်း။"

ချောင်းနေသောသူတဘက်၊ ယုဒတပ်ကိုဝိုင်းကြ၏

အခြားသောဘာသာပြန်ဆိုချက်၊ "ယုဒတပ်ကို ရုတ်တရက် ချုံခိုတိုက်ခိုက်သည်။"

ထာဝရဘုရားအားအော်ဟစ်၍

အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားကို အော်ဟစ်၍ ခေါ်ကြသည်။"

ထာဝရဘုရားသည်....ဒဏ်ခတ်တော်မူသဖြင့်၊

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင် ရိုက်တော်မူသည်" (ရှု၊ figs_idiom)

2 Chronicles 13:16-22

ငါးသိန်း

ရှု၊ translate_numbers

2 Chronicles 14

2 Chronicles 14:1-4

အဘိယသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍

အခြားသောဘာသာပြန်ဆိုချက်၊ "အဘိယ သေသည်။" (ရှု၊ figs_euphemism)

ထိုမင်းလက်ထက်

အခြားသောသာသာပြန်ဆိုချက်၊ "သူအုပ်ချုပ်သည့် ကာလတွင်။" (ရှု၊ figs_idiom)

ပြည်တော််သည်ဆယ်နှစ်ပတ်လုံးငြိမ်းချမ်းသာယာ၏

အခြားသောဘာသာပြန်ဆိုချက်၊ "ထိုတိုင်းပြည်တွင် ဆယ်နှစ်ပတ်လုံး ငြိမ်းချမ်းရေးရှိသည်။"

မိမိဘုရားသခင်ရှေ့တော်၌

အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား နည်းလမ်းအတိုင်း။"

2 Chronicles 14:5-6

တပါးအမျိုးသား၏ယဇ်ပလ္လင်ကို၎င်း၊ မြင့်သောအရပ်တို့ကို၎င်း (ယုဒပြည်မှ) ပယ်ရှား၏။

အခြားသောဘာသာပြန်ဆိုချက်၊ "အာသသည် ယုဒပြည်ရှိ မှားယွင်းသော ဘုရားများကို ကိုးကွယ်ရာ ယဇ်ပလ္လင်များနှင့် ကျောင်းတိုက်များကို ဖျက်ဆီးစေသည်။" (ရှု၊ figs_ellipsis)

2 Chronicles 14:7-8

ယေဘုယျသတင်းအချက်အလက်

ရှု၊ translate_numbers

(အာသသည်) ယုဒလူတို့အားမိန့်တော်မူ၏။

အခြားသောဘာသာပြန်ဆိုချက်၊ "အာသ သည် ယုဒလူများသို့ ပြောတော်မူ၏။" (ရှု၊ figs_synecdoche )

ငါတို့သည် ငါတို့၏ဘုရားသခင်ထာဝရဘုရားကို ကြိုးစားရှာ၍

အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့သည် ထာဝရဘုရားကို ငါတို့အား ကူညီမစရန် တောင်းလျှောက်ကြပြီ။"

2 Chronicles 14:9-11

ယေဘုယျသတင်းအချက်အလက်

ရှု၊ translate_names and translate_numbers

မရေရှ

ယုဒပြည်ရှိ မြို့တစ်မြို့ဖြစ်သည်။

လူသည်ကိုယ်တော်ကိုနိုင်သောအခွင့်ရှိစေတော်မမူပါနှင့်

အခြားသောဘာသာပြန်ဆိုချက်၊ "အခြားလူများသည် ကိုယ်တော်၏ လူများကို နိုင်သောအခွင့် ပေးတော်မမူပါနှင့်။" (ရှု၊ figs_metonymy)

2 Chronicles 14:12-15

ကုရှလူတို့သည်ပြန်၍မတိုက်ဝံ့သောကြောင့်အရှုံးခံကြ၏

အခြားသောဘာသာပြန်ဆိုချက်၊ "ကုရှ လူတို့ သေကြ၏။"(ရှု၊ figs_euphemism)

2 Chronicles 15

2 Chronicles 15:1-2

ဘုရားသခင်၏ဝိညာဥ််တော်သည် (ဩဒက်သား) အာဇရိပေါ််သို့သက်ရောက်၍၊

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်၏ ဝိညာဥ်တော်သည် အာဇရိအား ပရောဖက်ပြုနိုင်သောအစွမ်းကိုပေးတော်မူ၏။"

ဩဒက်

(ရှု၊ translate_names)

2 Chronicles 15:3-5

ဣသရေလအမျိုး၌ မှန်သောဘုရားမရှိ

ဣသရေလလူမျိုးတို့သည် ဘုရားသခင်ကို မကိုးကွယ်ကြတော့။

ဩဝါဒပေးတတ်သော ယဇ်ပုရောဟိတ်မရှိ၊

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ကို သွန်သင်နိုင်မည့် ယဇ်ပုရောဟိတ်မရှိ။"

ရှာကြသောအခါ အတွေ့ခံတော်မူ၏

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ဣသရေလလူမျိုများ မိမိအားရှာဖွေခြင်းကို တုန့်ပြန်တော်မူ၏။"

2 Chronicles 15:6-7

တနိုင်ငံနှင့်တနိုင်ငံ၊ တမြို့နှင့်တမြို့ထကြ၍၊ ဘေးအမျိုးမျိုးအားဖြင့်၊ ဘုရားသခင်ဆုံးမတော််မူ၏။

အခြားသောဘာသာပြန်ဆိုချက်၊ "အခြားနိုင်ငံများနှင့် မြို့များသည် သူတို့ကို နိုင်ကြ၏။"

2 Chronicles 15:8-9

ပရောဖက်ဩဒက်၏အနာဂတ္တိစကား

UDB အပါအဝင် ကျမ်းစာဘာသာပြန်ချက်အများကြီးက "ဩဒက်၏သား ပရောဖက်အာဇရိ၏ အနာဂတ္တိစကား" ဟုဤစာပိုဒ်ကို ဆိုကြသည်။ အခန်း ၁၅း၁ နှင့် ကိုက်ညီစေရန် ဤသို့ပြန်ရခြင်းဖြစ်သည်။ ဘာသာပြန်သူများသည်လည်း မိမိ၏ဘာသာပြန်ချက်တွင် ထိုကဲ့သို့ပြန်၍ ရသည်။

စက်ဆုပ်ဘွယ်သောအရာရှိသမျှတို့ကို ပယ်ရှား၍

အခြားသောဘာသာပြန်ဆိုချက်၊ "ရုပ်တုဆင်းတုများကိုပယ်ရှားသည်။"

ထာဝရဘုရားသည်သူနှင့်အတူရှိတော််မူကြောင်းကို

အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် သူ့ကို ကူညီမစနေခဲ့သည်။" (ရှု၊ figs_metaphor)

2 Chronicles 15:10-11

(သူတို့) စုဝေး၍၊

'သူတို့' သည် အာသမင်းနှင့်အတူရှိကြသော ယုဒလူမျိုးနွယ်စုများနှင့်ဣသရေလလူမျိုးနွယ်စုများကို ရည်ညွှန်းသည်။

တတိယလ

ဟေဗြဲ ပြက္ခဒိန်၏ တတိယလဖြစ်သသည်။ အနောက်တိုင်းပြက္ခဒိန်များတွင် မေလကုန်ပိုင်း နှင့် ဇွန်လဆန်းပိုင်း ကာလဖြစ်သည်။ (ရှု၊ translate_hebrewmonths)

တတိယ ... ဆယ့်ငါး

ရှု၊ translate_ordinal

ခုနှစ်ရာ ... ခုနှစ်ထောင်

'၇၀၀ ... ၇၀၀၀' (ရှု၊ translate_numbers)

2 Chronicles 15:12-13

စိတ်နှလုံးအကြွင်းမဲ့၊

အခြားသောဘာသာပြန်ဆိုချက်၊ "ဖြူစင်ရိုးသားစွာနှင့်လုံးလုံးလျားလျား။" (ရှု၊ figs_idiom)

အသေသတ်ခြင်းကိုခံရမည်အကြောင်း

အခြားသောဘာသာပြန်ဆိုချက်၊ "အသတ်ခံရသည်။" (ရှု၊ figs_euphemism)

2 Chronicles 15:14-15

အတွေ့ခံတော်မူ၏

ရာဇဝင်ချုပ်ဒုတိယစောင် အခန်း ၁၅း၄ ဘာသာပြန်ကို ကြည့်ပါ။

ယုဒလူအပေါင်းတို့သည် ဝမ်းမြောက်ကြ၏

အခြားသောဘာသာပြန်ဆိုချက်၊ "ယုဒပြည်တွင် နေထိုင်သောလူအများစွာသည် ဝမ်းမြောက်ကြ၏။" (ရှု၊ figs_synecdoche and figs_hyperbole)

2 Chronicles 15:16-19

ယေဘုယျ သတင်းအချက်အလက်

ရှု၊ translate_names

ရုပ်တု (စက်ဆုပ်ဘွယ်သောအရာ)

အခြားသောဘာသာပြန်ဆိုချက်၊ 'ရုပ်တု'။

လက်ထက်တော်ကာလပတ်လုံးအာသစိတ်နှလုံးသည် စုံလင်ခြင်းရှိ၏။

အခြားသောဘာသာပြန်ဆိုချက်၊ "အာသမင်းသည် သူအသက်ရှင်သမျှကာလပတ်လုံး ဘုရားသခင်ကို နာခံလိုက်လျှောက်တော်မူ၏။"

2 Chronicles 16

2 Chronicles 16:1

ရာမမြို့ကိုတည်၏။

ဤနေရာရှိ 'တည်၏' ဟူသည့် စကားသည် မြို့တစ်မြို့ကိုတိုက်ခိုက်သည့် ရန်သူများမှကာကွယ်ရန် ၎င်းမြို့ပတ်လည်တွင် နံရံများကို တည်ဆောက်ခြင်းကို ဆိုလိုသည်။ (ရှု၊ figs_ellipsis)

2 Chronicles 16:2-3

ဗင်္ဟာဒဒ်

(ရှု၊ translate_names)

ငါ့ထံမှ ထွက်သွားစေခြင်းငှါ

အခြားသောဘာသာပြန်ဆိုချက်၊ "မတိုက်ဖို့ရန်။" (ရှု၊ figs_euphemism )

2 Chronicles 16:4-6

မြို့ရွာများကိုစစ်ချီစေခြင်းငှါ မိမိဗိုလ်များကိုစေလွှတ်သဖြင့်

မြို့ရွာများကိုစစ်တိုက်ခြင်းငှါ မိမိစစ်ဗိုလ်များကိုစေလွှတ်သည်။ (ရှု၊ figs_synecdoche)

ဣရုုန်မြို့၊ ဒန်မြို့၊ အာဗေလမိမြို့ ... နဿလိပြည်၌ရှိသမျှသောဘဏ္ဍာမြို့တို့

ဤမြို့များသည် ဣသရေလနိုင်ငံရှိ မြို့များဖြစ်သည်။

လက်စမသတ်ဘဲ အလုပ်ကိုဖြတ်၍

သူသည် ရာမမြို့ကို လက်စသတ်ခြင်းနှင့် ထိုနေရာရှိအခြားအလုပ်များကိုလည်းရပ်တန့်ရန် မိမိလုပ်သားများကို အမိန့်ပေးသည်။ (ရှု၊ figs_ellipsis)

သစ်သားများ

သစ်သားများသည် အိမ်များ သို့မဟုတ် နံရံတံတိုင်းများကို ဆောက်လုပ်ရသော ကြီးမားသောသစ်များ ဖြစ်သည်။

2 Chronicles 16:7-8

ဟာနန်

(ရှု၊ translate_names)

ကုရှလူနှင့်လိဗုလူတို့သည် ရထားများ၊ မြင်းစီးသူများနှင့်တကွ၊ အားကြီးသောအလုံးအရင်းဖြစ်သည် မဟုတ်လော

အခြားသောဘာသာပြန်ဆိုချက်၊ "ကုရှလူများနှင့် လိဗုလူတို့သည် ရထားများနှင့် မြင်းစီးသူများစွာရှိ၍ ကြီးမားသော တပ်ဖြစ်သည်။" (ရှု၊ figs_rquestion)

2 Chronicles 16:9-10

ထာဝရဘုရားသည် မြေကြီးတပြင်လုံးကိုအနှံ့အပြားကြည့်ရှုလျက်ရှိတော်မူ၏။

အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် မြေကြီးတပြင်လုံးတွင် မည်သည့်အရာများဖြစ်ပျက်နေသည်ကို မြင်တော်မူသည်။" (ရှု၊ figs_metonymy)

သူတို့တဘက်၌ ခိုင်ခံ့စွာနေခြင်းငှါ

အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် သူ့ခွန်အားဖြင့် ကာကွယ်တော်မူ၏။"

စုံလင်သောစေတနာစိတ်ရှိသောသူတို့

အခြားသောဘာသာပြန်ဆိုချက်၊ "သူ့အလိုတော်ကို လုံးလုံးလျားလျား လိုက်လျှောက်သောသူများ။"

2 Chronicles 16:11-12

အမှုအရာအစအဆုံး

အခြားသောဘာသာပြန်ဆိုချက်၊ "သူပြုလုပ်ခဲ့သည်အရာအားလုံး။" (ရှု၊ figs_idiom)

ဣသရေလရာဇဝင်နှင့်ယုဒရာဇဝင်

ယခုမရှိတော့သည့် စာအုပ်ဖြစ်သည်။

အာသသည် ခြေတော်၌ရောဂါစွဲ၍

အခြားသောဘာသာပြန်ဆိုချက်၊ "အာသမင်းသည် ခြေတော်တွင် ရောဂါရှိသည်။"

2 Chronicles 16:13-14

အာသသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍

အခြားသောဘာသာပြန်ဆိုချက်၊ "အာသမင်း သေသည်။" (ရှု၊ figs_euphemism)

တလား

တလားသည် အသုဘပွဲတွင် အလောင်းကိုထားရသည့် အလောင်းစင်ဖြစ်သည်။

မွှေးကြိုင်သောရနံ့မျိုးတို့ကိုဆေးသမားအတတ်ဖြင့်ဘော်၍၊

သေသောအလောင်းဘေး၌ မွှေးသောပန်းရနံ့များကို ထားခြင်းသည် ဣသရေလလူမျိုးတို့၏ သင်္ဂြိုလ်ခြင်းဓလေ့တစ်ခုဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဓလေ့အရ ကျွမ်းကျင်သောသူများပြင်ဆင်သော မွှေးသောအပင်များ။"

2 Chronicles 17

2 Chronicles 17:1-2

ဣသရေလနိုင်ငံတဘက် မိမိကိုခိုင်မာစေ၏။

'မိမိ' ဟူသည့်အဓိပ္ပါယ်သည် ဘုရင်၏ တပ်ကို ဆိုလိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဣသရေလနိုင်ငံကို တိုက်ဖို့ရန် တပ်ကို ပြင်ဆင်စေပြီ။" (ရှု၊ figs_metonymy)

တပ်သားများ

ဤသည်မှာ ကာကွယ်ရန်အတွက် စစ်တပ်စခန်းများဖြစ်သည်။

2 Chronicles 17:3-4

ခမည်းတော်သည်အရင်လိုက်သောလမ်းသို့လိုက်၍၊

ပြုမူခြင်းကို လိုက်ခြင်းဟု သုံးနှုန်းခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ့ဘိုးဘေးများ၏ ဖြောင့်မတ်ရာလမ်းသို့ လိုက်၏။" (ရှု၊ figs_metaphor)

ဗာလဘုရားတို့ကို မဆည်းကပ်၊

သူတို့ထံ အကူအညီရရှိရန် ဗာလဘုရား ရုပ်တုများကို မကိုးကွယ်ကြ။ (ရှု၊ figs_explicit)

2 Chronicles 17:5-6

အာရှရပင်

အခန်း ၁၄း၂ ဘာသာပြန်ကို ကြည့်ပါ။

2 Chronicles 17:7-9

နန်းစံသုံးနှစ်တွင်

(ရှု၊ translate_ordinal)

ဗင်ဟဲလ၊ ဩဗဒိ၊ ဇာခရိ၊ နာသနေလနှင့် မိက္ခာယ ... ရှေမာယ၊ နေသနိ၊ ဇေဗဒိ‌၊ အာသဟေလ၊ ရှေမိရမုတ်၊ ယောနသန်၊ အဒေါနိယ၊ တောလိယ၊ တောဘ၊ ဒေါနိယ ... ဧလိရှမာ နှင့် ယောရံ

အမျိုးသားများ၏ အမည်များဖြစ်သည်။ (ရှု၊ translate_names)

2 Chronicles 17:10-13

ယုဒပြည်ပတ်ဝန်းကျင်တိုင်းနိုင်ငံရှိသမျှတို့သည်၊ ထာဝရဘုရားကိုကြောက်ရွံ့၍

အခြားသောဘာသာပြန်ဆိုချက်၊ "ယုဒပြည်ကို ဝိုင်းရံကြသောတိုင်းနိုင်ငံရှိ လူများအားလုံးသည် မိမိတို့အား ထာဝရဘုရား ပြုလုပ်မည့်အရာတို့ကို ကြောက်ရွံ့ကြသည်။"

2 Chronicles 17:14-19

အာဒန ... ယောဟနန် ... ဇိခရိသား အာမသိ

(ရှု၊ translate_names)

သုံးသိန်း ... နှစ်သိန်းရှစ်သောင်း ... နှစ်သိန်း

(ရှု၊ translate_numbers)

2 Chronicles 18

2 Chronicles 18:1-5

သူသည် အာဟတ်မင်းနှင့်အမျိုးစပ်လေ၏

အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် မိမိကိုယ်ကိုအာဟတ်မင်းနှင့် ပေါင်းဖော်၍ သို့မဟုတ် သူသည် အာဟတ် နှင့်မိတ်ဆွေဖွဲ့၏။"

ငါသည်မင်းကြီးကဲ့သို့ ၎င်း၊ ငါ့လူတို့သည် မင်းကြီး၏လူကဲ့သို့၎င်း

ယောရှဖတ်မင်းသည် အာဟတ်မင်းနှင့် မိမိ၏မိတ်ဖြစ်ခြင်းသဘောကို ဖော်ပြနေခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် မိမိကိုယ်ကိုနှင့် ငါ့၏ စစ်သားများကို မင်းကြီးအလိုရှိသည်အတိုင်း အသုံးပြုဖို့ရန် ပေးလှူပါသည်။" (ရှု၊ figs_idiom)

2 Chronicles 18:6-8

မေးမြန်းစရာ....မရှိသလော?

အကြံဉာဏ် တောင်းစရာ တစ်စုံတစ်ယောက်ရှိမည်ဟု ငါယုံကြသည်။ (ရှု၊ figs_rquestion)

ဣမလသား မိက္ခာ

သူသည် ဘုရားသခင်၏ ပရောဖက်တစ်ယောက် ဖြစ်ခဲ့သည်။ (ရှု၊ translate_names)

2 Chronicles 18:9-11

ခေနာနာသား

(ရှု၊ translate_names)

သံဦးချိုတို့

သံဖြင့် ပြုလုပ်ထားသော နွားဦချိုတို့ကိုရည်ညွှန်းခြင်းဖြစ်သည်။

ကိုယ်တော် သည် ရှုရိပြည်ကို မဖျက်ဆီးမှီတိုင်အောင်

အခြားသော ဘာသာပြန်ဆိုချက်၊ "သင်သည် သူတို့ကို အနိုင်တိုက်မည်" (ရှု၊ figs_metaphor)

ထာဝရဘုရားသည် အရှင်မင်းကြီး၏ လက်သို့ အပ်တော်မူမည်

အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် သင့်ကို အောင်မြင်ခြင်း ပေးတော်မူမည်။"

2 Chronicles 18:12-14

မိက္ခာ

အခန်း ၁၇း၇ ဘာသာပြန်ချက်ကိုသွားကြည့်ပါ။

let your word

N/A

တညီတညွတ်တည်း

အခြားသောဘာသာပြန်ဆိုချက်၊ "အမြင်တစ်ခုနှင့်" သို့မဟုတ် "အားလုံးသဘောတူကြသည်။" (ရှု၊ figs_synecdoche)

ထာဝရဘုရားအသက်ရှင်တော််မူသည်အတိုင်း

အခြားသောဘာသာပြန်ဆိုချက်၊ "ငါသေချာစွာ ပြောမည်။" (ရှု၊ figs_idiom)

မချီကောင်းသလော?

ငါတို့ မသွားသင့်သလော (ရှု၊ figs_ellipsis)

2 Chronicles 18:15-16

မှန်သောစကားမှတပါး အခြားသောစကားကိုထာဝရဘုရားအခွင့်နှင့် သင်သည်ငါ့အားမဟောမည်အကြောင်း၊ ငါသည် ဘယ်နှစ်ကြိမ်တိုင်အောင် သင့်အားအကျိန်ပေးရမည်နည်း

အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား၏ နာမတော်၌ မှန်သောစကားကိုသာ ပြောဖို့ သင့်အား ငါပြောခဲ့ပြီ။" (ရှု၊ figs_rquestion)

သိုးထိန်းမရှိသော သိုးကဲ့သို့

အခြားသောဘာသာပြန်ဆိုချက်၊ "ခေါင်းဆောင်ကောင်း မရှိဘဲ။" (ရှု၊ figs_simile)

2 Chronicles 18:17-18

သူသည်ငါ၌မင်္ဂလာစကားကိုမဟော၊ အမင်္ဂလာစကားကိုသာဟောတတ်သည်ဟု မင်းကြီးအားငါမပြောသလော?

အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် မကောင်းသောအရာကိုသာ ငါ့အတွက် ပရောဖက်ပြုမည်ဟု သင့်ကို ငါပြောခဲ့ပြီ။" (ရှု၊ figs_rquestion)

2 Chronicles 18:19

သွေးဆောင်

မက်မောစရာ တစ်ခုခုကိုပေး၍ တစ်စုံတစ်ယောက်ကို ဆွဲဆောင်ခြင်းဖြစ်သည်။

ဆုံးစေခြင်း

အခြားသောဘာသာပြန်ဆိုချက်၊ "ပြင်းထန်စွာထိခိုက်သည်" သို့မဟုတ် "သေသည်။" (ရှု၊ figs_euphemism)

တယောက်တနည်းစီ

ထင်မြင်ချက် တစ်ခုထက်ရှိခြင်းကို ဆိုလိုဖြစ်သည်။

2 Chronicles 18:20-21

ပရောဖက်အပေါင်းတို့ထဲမှာ၊ မုသာစကားကိုပြောတတ်သောစိတ်ဝိညာဉ်

အခြားသောဘာသာပြန်ဆိုချက်၊ "ပရောဖက်များကို မုသာစကားပြောစေသော စိတ်ဝိညာဉ်။"

2 Chronicles 18:22

အမင်္ဂလာစကားကိုပြောတော််မူပြီ

အခြားသောဘာသာပြန်ဆိုချက်၊ "မကောင်းသောအရာများ သင့်ထံသို့ ဖြစ်ပျက်မည်ဟု ဆုံးဖြတ်သည်။"

2 Chronicles 18:23-24

ခေနာနာသား ဇေဒကိ

အထက်ကဖော်ပြထားသည့် ဇေဒကိမဟုတ်၊ အာဟတ်၏ သစ္စာရှိသော ပရောဖက်ဖြစ်သည်။ (ရှု၊ translate_names)

ထာဝရဘုရား၏ဝိညာဉ်တော်သည် သင်နှင့်နှုတ်ဆက်ခြင်းငှါ၊ အဘယ်လမ်းဖြင့် ငါမှထွက်တော်မူသနည်း

အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား၏ ဝိညာဉ်တော်သည် သင်နှင့်စကားပြောဖို့ရန် ငါ့ထံမှ ထွက်သည်မဟုတ်။" (ရှု၊ figs_rquestion)

သင်ပုန်းရှောင်၍နေခြင်းငှါ၊ အတွင်းခန်းထဲသို့ဝင်သောနေ့၌

အခြားသောဘာသာပြန်ဆိုချက်၊ "ကြောက်ရွံ့၍ ပုန်းခြင်းငှါ သင်ပြေးသောအခါ။"

2 Chronicles 18:25-27

ဣသရေလရှင်ဘုရင်

အာဟတ်ကို ရည်ညွှန်းခြင်း ဖြစ်သည်။

အာမုန်

(ရှု၊ translate_names)

မင်းကြီးသည်ငြိမ်ဝပ်စွာပြန်လာရလျှင် ထာဝရဘုရားသည် ငါ့အားဖြင့် မိန့်တော်မမူ။

ထာဝရဘုရားသည် မိမိအားဖြင့် စကားပြောတော်မူကြောင်း မိက္ခာ သိသည်။

2 Chronicles 18:28-30

စစ်ချီ

အခြားသောဘာသာပြန်ဆိုချက်၊ "တိုက်ခိုက်သည်။"

ဂိလဒ်ပြည်ရာမုတ်မြို့

အခန်း ၁၈း၁ ဘာသာပြန်ဆိုမှုကို ပြန်ကြည့်။

အခြားသောအယောင်ကိုဆောင်

မမှတ်မိနိုင်ဖို့ရန် ပုံမှန်အသွင်အပြင် ပြောင်းလဲခြင်းကိုဆိုလိုသည်။

အခြားသောလူကြီး သူငယ်တို့မတိုက်နှင့်

အခြားသောဘာသာပြန်ဆိုချက်၊ "မည်သည့်စစ်သားကိုမျှ မတိုက်ကြနှင့်။" (ရှု၊ figs_merism)

2 Chronicles 18:31-32

ထိုသူသည် ဣသရေလရှင်ဘုရင်ဖြစ်လိမ့်မည်

အာဟတ်မင်းသည် ဘုရင်ဝတ်လုံများကို အတင်းဝတ်ဆင်စေသောကြောင့် ယောရှဖတ်ကို မှားယွင်းစွာ (ဘုရင်ဟု) ထင်မြင်ကြသည်။

သူတို့ကိုလွှဲသွားစေခြင်းငှါ၊ ဘုရားသခင်သွေးဆောင်တော််မူ၏

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် သူ့ (ယောရှဖတ်) အား လိုက်ခြင်းကို ဘုရားသခင် ရပ်တန့်စေတော်မူ၏။"

2 Chronicles 18:33-34

သံချပ်အင်္ကျီအဆစ်ကြားမှာ

ဤနေရာသည် သံချပ်အင်္ကျီ အပိုင်းနှစ်ခုစပ်ရာနေရာဖြစ်၍ မြှားနှင့်ဓားများ ဖောက်နိုင်သည့်နေရာဖြစ်သည်။

2 Chronicles 19

2 Chronicles 19:1-3

ဟာနန်သား

(ရှု၊ translate_names)

မတရားသောသူတို့ကို မစသင့်သလော။ ထာဝရဘုရားကို မုန်းသောသူတို့ကို ချစ်သင့်သလော။

အခြားသော ဘာသာပြန်ဆိုချက်၊ "သင်သည် လူဆိုးတို့ကို မကူညီသင့်။ သင်သည် ထာဝရဘုရားကို မုန်းသောသူတို့အား မချစ်သင့်ပါ" (ရှု၊ figs_rquestion)

အာရှရပင်

၁၄း၁ တွင် ပြန်ဆိုသည့်အတိုင်း။

သဘောချ

အခြားသောဘာသာပြန်ဆိုချက်၊ "တင်းကြပ်စွာ ဆုံးဖြတ်သည်" (ရှု၊ figs_idiom)

2 Chronicles 19:4-5

ဘုရားသခင်ထာဝရဘုရားထံသို့ပြန်စေတော််မူ၏

အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား၌ သူတို့ယုံကြည်ခြင်းကို ပြန်လည်ပေးတော်မူ၏။"

2 Chronicles 19:6-7

ထာဝရဘုရားကိုကြောက်ရွံ့သောစိတ်ရှိ၍ သတိပြုကြလော့

အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့ တရားစီရင်သည့်အခါတွင် ထာဝရဘုရားကို ကြောက်ရွံ့ဖို့ရန် သတိရ ကြရမည်။"

2 Chronicles 19:8-9

ဣသရေလအဆွေအမျိုးသူကြီးအချို့ တို့

အခြားသောဘာသာပြန်ဆိုချက်၊ "ရှေးခေတ် ဣသရေလမိသားစုများ။"

တရားတွေ့မှုတို့ကို စီရင်စေခြင်းအလိုငှါ၊

အခြားသောဘာသာပြန်ဆိုချက်၊ "ငြင်းခုံချက်များကို ဖြေရှင်းဖို့ရန်။"

စုံလင်သောစိတ်နှလုံးနှင့်

(ရှု၊ figs_hyperbole)

2 Chronicles 19:10

သင်တို့နှင့်အမျိုးသားချင်းအပေါ်သို့ အမျက်တော်သက်ရောက်စေခြင်းငှါ၊

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် သင်နှင့် သင့်အမျိုးသားချင်းတို့အား အမျက်ထွက်တော်မူမည်။"

2 Chronicles 19:11

အာမရိ

(ရှု၊ translate_names)

ဣရှမေလသားဇေဗဒိ

(ရှု၊ translate_names)

2 Chronicles 20

2 Chronicles 20:1-2

အမ္မုန်အမျိုးသားတို့

ယော်ဒန်မြစ်အရှေ့ပိုင်း၊ ဧဒုန်ပြည်အနီးအနားတွင် နေထိုင်ခဲ့ဖွယ်ရှိသည့် လူမျိုးစုများဖြစ်သည်။ (ရှု၊ translate_names)

ဟာဇဇန္ဓာမာ

အင်္ဂေဒိ ၏ အခြားအမည်ဖြစ်သည်။

2 Chronicles 20:3-4

သဘောချလျက်

အခြားသောဘာသာပြန်ဆိုချက်၊ "စိတ်ဆုံးဖြတ်သည်။"

ထာဝရဘုရားကို ရှာခြင်းငှါ

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် မိမိတို့အား နားထောင်ဖို့ရန် ကြိုးစားခြင်း။" (ရှု၊ figs_metaphor)

2 Chronicles 20:5-7

ကိုယ်တော်သည် ကောင်းကင်ပုံ၏ အရှင်ဘုရားသခင်ဖြစ်တော်မူသည် မဟုတ်လော? တပါးအမျိုးသားနေရာတိုင်းနိုင်ငံရှိသမျှတို့ကို အစိုးရတော်မူသည် မဟုတ်လော?

အခြားသောဘာသာပြန်ဆိုချက်၊ "ကိုယ်တော်သည်အမှန်စင်စစ် ကောင်းကင်ပုံ၏ အရှင်ဘုရားသခင်၊ တိုင်းနိုင်ငံဘုရင်များအားလုံးကို အစိုးရသောသူ ဖြစ်တော်မူသည်။" (ရှု၊ figs_rquestion)

(လက်တော်၌) အဘယ်သူမျှမတားဆီးနိုင်အောင်ခွန်အားတန်ခိုးကြီးတော်မူသည်

'တန်ခိုး' နှင့် 'ခွန်အား' သည်အဓိပ္ပါယ်အတူတူဖြစ်ပြီး ထာတရဘုရား၏ တန်ခိုးတော်ကြီးမြတ်ခြင်းကို အလေးပေးသော စကားလုံးများဖြစ်သည်။ 'လက်တော်' သည် ပိုင်ဆိုင်မှုကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကိုယ်တော်သည် ကြီးမြတ်သော တန်ခိုးကို ပိုင်တော်မူသည်။" (ရှု၊ figs_doublet and figs_synecdoche)

ဤပြည်၌နေဘူးသောသူတို့ကို ကိုယ်တော််၏လူဣသရေလအမျိုးရှေ့မှနှင်ထုတ်၍၊ ကိုယ်တော်အဆွေအာဗြဟံ၏သား ပြေးတို့အားဤပြည်ကို အစဥ်ပေးတော်မူသော အကျွန်ုတို့၏ ဘုရားသခင်ဖြစ်တော်မူသည် မဟုတ်လော?

အခြားသောဘာသာပြန်ဆိုချက်၊ "ကိုယ်တော်သည် ကိုယ်တော်၏ လူဣသရေလ အမျိုးများအဖို့ အလိုငှါ ဤပြည်တွင်အရင်နေဘူးသော သူတို့ကို နှင်ထုတ်၍ ၎င်းပြည်ကို အာဗြဟံ၏ အမျိုးတို့ကို ပေးတော်မူပြီ။" (ရှု၊ figs_rquestion)

2 Chronicles 20:8-9

နာမတော််ဖြင့် သမုတ်သောဤအိမ်တော်

အခြားသောဘာသာပြန်ဆိုချက်၊ "မျက်မှောက်တော်သည် ဤအိမ်တော်၌ ရှိလေသည်။" (ရှု၊ figs_synecdoche)

2 Chronicles 20:10-11

စိရတောင်

ဧဒုန်လူမျိုးများ နေထိုင်ရာနေရာဖြစ်သည်။

အကျွန်ုပ်တို့ကို နှင်ထုတ်ခြင်းငှါလာ၍၊ အဘယ်သို့ကျေးဇူးဆပ်ကြပါသည်ကို၊ ကြည့်ရှုတော်မူပါ။

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့အပေါ် ငါတို့ပြုဘူးသော ကျေးဇူးအတွက် သူတို့သည် ငါတို့ကို ကျေးဇူးပြန်ဆပ်ခြင်းဖြစ်သည်။ သူတို့သည် ငါတို့ကို နှင်ထုတ်ဖို့လာကြပြီ။" (ရှု၊ figs_irony)

2 Chronicles 20:12-13

သူတို့ကိုမစီရင်ဘဲနေတော်မူမည်လော

အခြားသောဘာသာပြန်ဆိုချက်၊ "ကျေးဇူးပြု၍ သူတို့ကို တရားစီရင်တော်မူပါ။" (ရှု၊ figs_rquestion)

ကိုယ်တော်ကိုသာ မျှော််ကြည့်လျက်နေကြပါသည်

အခြားသောဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့ကို ကူညီမည်အကြောင်း ကိုယ်တော်ကို မျှော်ကြည့်ကြပါသည်။" (ရှု၊ figs_synecdoche)

2 Chronicles 20:14-15

ထာဝရဘုရား၏ဝိညာဉ်တော််သည် သက်ရောက်၍

အခန်း ၁၅း၁ တွင် မည်သို့ ဘာသာပြန်သည်ကို ကြည့်ပါ။

ယဟာဇေလ ... ဇာခရိ ... ဗေနာယ ... ယေယေလ ... မတ္တနိ ... အာသပ်

အမျိုးသား အမည်များဖြစ်သည်။ (ရှု၊ translate_names)

2 Chronicles 20:16-17

ချီသွားကြလော့။

အခြားသောသာသာပြန်ဆိုချက်၊ "သွားပါ" သို့မဟုတ် "တိုက်ခိုက်ရန် သွားပါ။"

ဇိဇမြို့သို့ တက်ရာလမ်းဖြင့်

ယေရုရှလင် အရှေ့တောင်ဘက်ရှိ တောင်နှစ်ခုကြားရှိလမ်းကြားလေးဖြစ်သည်။ (ရှု၊ translate_names)

ထာတရဘုရားကယ်တင်တော်မူခြင်းကျေးဇူး

ဘုရားသခင်သည် စစ်တိုက်တော်မူ၍ လူများကိုကယ်တင်တော်မူလိမ့်မည်။

2 Chronicles 20:18-19

ယုဒပြည်သူ

အခြားသောဘာသာပြန်ဆိုချက်၊ "ယုဒပြည်ရှိလူများအားလုံး။" (ရှု၊ figs_metonymy)

ကောဟတ်အနွယ်သားနှင့် ကောရအနွယ်သားတို့

(ရှု၊ translate_names)

2 Chronicles 20:20-21

တေကော

ယေရုရှလင် တောင်ဘက်ရှိ မြို့ဖြစ်သည်။ (ရှု:၊translate_names)

တည်ကြည်ကြလိမ့်မည်။

အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် မစတော်မူလိမ့်မည်။"

ပရောဖက်တော််တို့ကို ယုံကြည်ကြလော့၊ သို့ပြုလျှင်အောင်မြင်ကြလိမ့်မည်။

အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား၏ ပရောဖက်များကို ယုံကြည်လျှင် သင်သည် အောင်မြင်လိမ့်မည်။"

2 Chronicles 20:22-23

စီရတောင်

အခန်း ၂၀း၁၀ တွင် မည်သို့ ဘာသာပြန်သည်ကို ကြည့်ပါ။

ချောင်းမြောင်းစေတော််မူသဖြင့်

အခြားသောဘာသာပြန်ဆိုချက်၊ "ရုတ်တရက် တိုက်ခိုက်မှုကို ပြင်ဆင်ကြသည်။"

စီရတောင်သားတို့ကို သုတ်သင်ပယ်ရှင်းခြင်းငှါ

'သုတ်သင်' နှင့် 'ပယ်ရှင်း' သည် အဓိပ္ပါယ်အတူတူဖြစ်သည်။ ပယ်ရှင်းသည် ရှေ့ကစကားကိုပို၍ ပြင်းထန်စေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ကိုအမြစ်ဖြတ်ချေမှုန်းဖို့။" (UDB). (ရှု၊ figs_doublet)

2 Chronicles 20:24

အလုံးအရင်းကို ကြည့်ရှုသောအခါ ... အသေကောင်ဖြစ်ကြ၏။

အံ့ဩစရာဖြစ်သည်။ သူတို့၏ ရန်သူများသည် အချင်းချင်း သတ်ဖြတ်ပျက်စီးကြသည်။

မြေပေါ်မှာလဲသော အသေကောင်ဖြစ်ကြ၏

'မြေပေါ်မှာလဲသော' ဟူသည့် စကားစုသည် 'သူတို့ သေသည်' ဟုသွယ်ဝိုက်ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် မြေပေါ်တွင် သေကြသည်။" (ရှု၊ figs_idiom and figs_doublet)

2 Chronicles 20:25-26

ယနေ့တိုင်အောင်

အခန်း ၅း၉ ဘာသာပြန်ကို ကြည့်ပါ။

2 Chronicles 20:27-28

ယုဒပြည်သူ ယေရုရှလင်မြို့သားအပေါင်းတို့

စစ်တိုက်သူများအားလုံးကို ရည်ညွှန်းခြင်းဖြစ်သည်။ (ရှု၊ figs_synecdoche

ယောရှဖတ်သည် ရှေ့ဦးစွာကြွ၍

သူတို့ ယေရုရှလင်မြို့သို့ ပြန်သွားသောအခါ ဘုရင်ယောရှဖတ်သည် ရှေ့၌ သွားသည်။

2 Chronicles 20:29-30

ထာဝရဘုရားသည် ဣသရေလအမျိုး၏ရန်သူတို့ကို တိုက်တော်မူကြောင်းကို၊ အခြားတိုင်းနိုင်ငံသားရှိသမျှတို့သည်ကြား၍ ဘုရားသခင်ကို ကြောက်ရွံ့ကြ၏။

တိုင်းနိုင်ငံ ဘုရင်များအားလုံးသည် ဘုရားသခင်ကို အလွန်ကြောက်ရွံ့ကြ၏။

အခြားနိုင်ငံသားများ

အုပ်ချုပ်သူတစ်ဦးတည်းရှိသည့် အစိုးရများကို ရည်ညွှန်းသည်။

2 Chronicles 20:31-33

ရှိလဟိသမီး အဇုဘ

(ရှု၊ translate_names)

လမ်းကိုမလွဲ

အခြားသောဘာသာပြန်ဆိုချက်၊ "သူ့ခမည်းတော်၏ လမ်းတော်များကို လိုက်၏။" (ရှု၊ figs_idiom)

ရှေ့တော်၌ဖြေင့်မတ်သောအကျင့်ကိုသာ ကျင့်၏

အခန်း ၁၄း၁ ဘာသာပြန်ကို ကြည့်ပါ။

2 Chronicles 20:34

ဟာနန်သား

(ရှု၊ translate_names)

ဣသရေလရာဇဝင်

အခန်း ၁၆း၁၁ ဘာသာပြန်ကို ကြည့်ပါ။

2 Chronicles 20:35-37

သင်္ဘောတို့

ရေထုကြီးမားသော နေရာ၌ ခရီးသွားလာနိုင်သော သင်္ဘောများဖြစ်သည်။

ဧဇယုန်ဂါဗာ

အခန်း ၈း၁၇ ဘာသာပြန်ကို ကြည့်ပါ။

မရေရှ

အခန်း ၁၁း၅ ဘာသာပြန်ကို ကြည့်ပါ။

ဧလျေဇ

အခန်း ၇း၈ တွင် မည်သို့ ဘာသာပြန်ဆိုသည်ကို ကြည့်ပါ။

ဒေါဒေဝ

အမျိုးသား အမည်ဖြစ်သည်။ (ရှု၊ translate_names)

2 Chronicles 21

2 Chronicles 21:1-3

ဘိုးဘေးတို့နှင့်အိပ်ပျော်၍

အခြားသောဘာသာပြန်ဆိုချက်၊ "သေသည်' (ရှု၊ figs_euphemism)

ဒါဝိဒ်မြို့

ယေရုရှလင်မြို့ဖြစ်သည်။ (ရှု၊ figs_idiom)

အာဇရိ၊ ယေယလေ၊ ဇာခရိ၊ အာဇရိ၊ မိက္ခေလ နှင့် ရှေဖတိ

(ရှု၊ translate_names)

(ဣသရေလ) ယုဒရှင်ဘုရင် ယောရှဖတ်

အမှန်ဆိုလျှင် တောင်ပိုင်းနိုင်ငံကို 'ယုဒ' ဟုခေါ်သည်။ သို့သော်လည်း ဤစာရေးသူသည် ဘုရားသခင်ကို နာခံခြင်းအရာ၌ တောင်ပိုင်းမြို့သည် ဣသရေလနိုင်ငံ အမှန်ဖြစ်ကြောင်း ပေါ်လွင်စေလိုခြင်း ဖြစ်သည်။

နိုင်ငံကို....ပေး၏။

ဘုရင်ယောရှဖတ်သည် မိမိသေသည့်နောက် ယဟောရံ သည် ဘုရင်ဖြစ်သင့်သည်ဟု ဆုံးဖြတ်သည်။ (ရှု၊ figs_metaphor)

2 Chronicles 21:4-5

ခမည်းတော််နိုင်ငံ၌ တည််သောအခါ၊

အခြားသောဘာသာပြန်ဆိုချက်၊ "သူ့ခမည်းတော်၏ နိုင်ငံတော်ကို လုံးလုံးထိန်းချုပ်လေသည်။"

2 Chronicles 21:6-7

လိုက်ရာလမ်းသို့ လိုက်၍

အခန်း ၂၀း၃၁ ဘာသာပြန်ကို ကြည့်ပါ။

ထာဝရဘုရား‌ရှေ့တော်၌

အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား နည်းလမ်းအတိုင်း။" (ရှု၊ figs_idiom)

ထာဝရဘုရားသည် ဒါဝိဒ်အစရှိသော သားမြေးတို့၏မီးခွက်ကို အစဉ်ထွန်းလင်းစေမည်ဟု ဂတိတော််ရှိ၍

အခြားသောဘာသာပြန်ဆိုချက်၊ "ဒါဝိဒ်၏ မျိုးဆက်များသည် ယုဒပြည်ကို အစဉ်အုပ်ချုပ်မည်ဟု ဂတိတော်ရှိထားသည်။"

2 Chronicles 21:8-11

ထိုမင်း (ယေဟောရံ) လက်ထက်၌

အခြားသောဘာသာပြန်ဆိုချက်၊ "ယေဟောရံဘုရင် ဖြစ်စဥ်တွင်။"

ယုဒရှင်ဘုရင်ကို ပုန်ကန်၍

ယုဒပြည်၏ ထိန်းချုပ်မှုကို ဆန့်ကျင်၍

စစ်ချီ၍

အခြားသောဘာသာပြန်ဆိုချက်၊ "ဧဒုန်ပြည်ထဲသို့ ဝင်ရောက်သည်။"

ယနေ့တိုင်အောင်

အခန်း ၅း၉ ဘာသာပြန်ကို ကြည့်ပါ။

လိဗန

ယုဒပြည်ရှိ မြို့အမည်ဖြစ်သည်။ (ရှု၊ translate_names)

2 Chronicles 21:12-15

သင့်အူသည် တနေ့ထက်တန့ထွက်အောင်၊ ဝမ်းထဲ၌ပြင်းစွာသော အနာရောဂါစွဲ (သည်တိုင်အောင်)

အခြားသောဘာသာပြန်ဆိုချက်၊ "ဤရောဂါဖြင့် သင်သေသည်တိုင်အောင်။" (ရှု၊ figs_metaphor)

2 Chronicles 21:16-17

ဖိလိတ္တိလူ၊ ဣရှပြည်နှင့်နီးသောအာရပ်လူတို့ကို၊ ယဟောရံမင်းတဘက်၌ နှိုးဆော်တော်မူသဖြင့်

အခြားသောဘာသာပြန်ဆိုချက်၊ "ဖိလိတ္တိလူ နှင့် အာရပ်လူတို့ကို ယုဒပြည်အား စိတ်ဆိုးစေရန် နှိုးဆော်တော်မူသည်။"

2 Chronicles 21:18-20

မပျောက်နိုင်သော ဝမ်းနာဖြင့်ဒဏ်ခတ်တော််မူ၏

အခြားသောဘာသာပြန်ဆိုချက်၊ "ကု၍ မရသော ရောဂါကို အူ၌ ဖြစ်စေတော်မူသည်။"

နှစ်စေ့သောအခါ

အခြားသောဘာသာပြန်ဆိုချက်၊ "သင့်လျော်သော အချိန်၌" သို့မဟုတ် "အချိန်တန်သောအခါ။" (ရှု၊ figs_idiom)

(မီးရှို့ခြင်းကို) ထိုမင်းအဖို့မပြု။

အခြားသောဘာသာပြန်ဆိုချက်၊ "မီးပုံရှို့ခြင်းဖြင့် သူ့ကိုဂုဏ်ပြုခြင်းမရှိ။"

အဘယ်သူမျှမနှမြောဘဲ

အခြားသောဘာသာပြန်ဆိုချက်၊ "ဝမ်းနည်းခြင်း မရှိဘဲ။"

2 Chronicles 22

2 Chronicles 22:1-3

အာသလိ

(ရှု၊ translate_names)

လိုက်ရာ လမ်းသို့လိုက်၍

အခန်း ၂၀း၃၁ ဘာသာပြန်ကို ကြည့်ပါ။

2 Chronicles 22:4-6

ထာဝရဘုရားရှေ့တော်၌

အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား၏ အမြင်၌။" (ရှု၊ figs_idiom)

ဟာဇေလ

(ရှု၊ translate_names)

2 Chronicles 22:7-9

နိမ်ရှိ

(ရှု၊ translate_names)

2 Chronicles 22:10-12

ယောရှေဘ ... ယောယဒ

အမျိုးသားအမည်များဖြစ်သည်။ (ရှု၊ translate_names)

2 Chronicles 23

2 Chronicles 23:1-3

ယောယဒ

ဗိမာန်တော်တွင် အလုပ်လုပ်သော ယဇ်ပုရောဟိတ်ဖြစ်၍၊ ဘုရားသခင်ထံ၌ သစ္စာရှိသောသူဖြစ်သည်။ ယောရှ၏ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်သည်။ (ရှု၊ translate_names)

ဩဗက်... မာသေယ.အဒါယ...ဧလိရှိဖတ်...ဇိခရိ

(ရှု၊ translate_names)

2 Chronicles 23:4-5

လူအပေါင်းတို့

အခြားသောဘာသာပြန်ဆိုချက်၊ "များစွာသော လူ။" (ရှု၊ figs_hyperbole)

2 Chronicles 23:6-7

ရှင်ဘုရင်ဝင်ထွက်တော််မူသောအခါ

ဖြစ်နိုင်သည့်အဓိပ္ပါယ်များမှာ (၁) အမြဲတမ်း သို့မဟုတ် (၂) သူသွားသည့်အခါတိုင်း။ (ရှု၊ figs_idiom)

2 Chronicles 23:8-9

ယဇ်ပုရောဟိတ် ယောယဒမှာထားသမျှတိုင်း၊ လေဝိသားများနှင့် ယုဒအမျိုးသားအပေါင်းတို့သည် ပြု၍

အခြားသောဘာသာပြန်ဆိုချက်၊ "လူအများစုသည် ယဇ်ပုရောဟိတ်မင်း၏ အမိန့်အတိုင်း နာခံကြသည်။" (ရှု၊ figs_hyperbole)

ဥပုဒသ်နေ့၌ ထွက်ရသောသူ

အခြားသောဘာသာပြန်ဆိုချက်၊ "ဥပုသ်နေ့တွင် မိမိတို့အလုပ်များကို ပြီးစီးလျက်။"

2 Chronicles 23:10-11

ပညတ္တိကျမ်းကို တင်လျက်

အခြားသောဘာသာပြန်ဆိုချက်၊ "ပညတ္တိကျမ်းသတ်မှတ်ချက်များကို ရွတ်ဆိုသည်။"

2 Chronicles 23:12-13

ပြည်သူပြည်သားများတို့

အခြားသောဘာသာပြန်ဆိုချက်၊ "လူအားလုံးနီးပါး။" (ရှု၊ figs_hyperbole)

2 Chronicles 23:14-15

ယောယဒ

(ရှု၊ translate_names)

လူတစ်ရာအုပ်တပ်မှူးတို့

အခြားသောဘာသာပြန်ဆိုချက်၊ "တပ်အတွင်းရှိ ခေါင်းဆောင်များ။"

တပ်ပြင်သို့

အခြားသောဘာသာပြန်ဆိုချက်၊ "စစ်သားများအကြား။"

2 Chronicles 23:16-17

လူအပေါင်းတို့သည် ဗာလ ကျောင်းသို့သွား၍

အခြားသောဘာသာပြန်ဆိုချက်၊ "လူအားလုံးနီးပါးသည် ဗာလကျောင်းသို့ သွားကြသည်။" (ရှု၊ figs_hyperbole)

မဿန်

(ရှု၊ translate_names)

2 Chronicles 23:18-19

ယဇ်ပုရောဟိတ် လေဝိသားတို့သည် ဗိမာန်တော်မှုများကို ဆောင်ရွက်မည်အကြောင်း

အခြားသောဘာသာပြန်ဆိုချက်၊ "ယဇ်ပုရောဟိတ်များ၏ ညွှန်ကြားမှုအတိုင်း။"

မသန့်ရှင်းသောလက္ခဏာတစ်စုံတစ်ခုရှိသောသူကိုမဝင်စေခြင်းငှါ

အခြားသောဘာသာပြန်ဆိုချက်၊ "မသန့်ရှင်းသောသူသည် မည်သည့်အကြောင်းကြောင့်ဖြင့် ဝင်ခွင့်မရှိ။"

2 Chronicles 23:20-21

ရှင်ဘုရင်ကို ဗိမာန်တော်မှ (ခေါ််ဆောင်၍)

ဗိမာန်တော်ကို ယေရုရှလင်မြို့ရှိ အမြင့်ဆုံးသောတောင်ပေါ်တွင် တည်ဆောက်ထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် ရှင်ဘုရင်ကို တောင်ထိပ်ရှိ ဗိမာန်တော်မှ နန်းတော်သို့ ခေါ်ဆောင်ခဲ့သည်။"

2 Chronicles 24

2 Chronicles 24:1-3

ဇိဗိ

(ရှု၊ translate_names)

ထာဝရဘုရား‌ရှေ့တော်၌ တရားသောအမှု

အခန်း ၁၄း၁ ဘာသာပြန်ကို ကြည့်ပါ။

ယဇ်ပရောဟိတ် ယောယဒ လက်ထက်ကာလပတ်လုံး

အခြားသောဘာသာပြန်ဆိုချက်၊ "ယောယဒ အသက်ရှင်သည့်ကာလပတ်လုံး။" (ရှု၊ figs_idiom)

2 Chronicles 24:4-5

right away

N/A

2 Chronicles 24:6-10

လေဝိဒ်သားတို့သည် ... ရမည်အကြောင်း အဘယ့်ကြောင့်မမှာထားဘဲ နေသနည်း?

သင်သည် ဆိုးညစ်စွာ ပြုမူပြီ။ ငါသည် လေဝိသားတို့အား ... ဖို့ရန် သင့်ကို မှာထားသည်။ သို့သော်လည်း သင်သည် မပြုလုပ်။ (ရှု၊ figs_rquestion)

သက်သေခံတော်မူချက် တဲတော်အဖို့

ဤတဲတော်သည်ရှောလမုန်မင်းကြီး တည်ဆောက်သည့်ဗိမာန်တော်ကို ရည်ညွှန်းသော်လည်း၊ စုဝေးရာ တဲတော်သည် ဘုရားသခင်၏ လူများအဖို့ ပထမဆုံးသန့်ရှင်းရာဌာန ဖြစ်ကြောင်း အမှတ်ရစေခြင်းဖြစ်သည်။

(သန့်ရှင်းသော) ဘဏ္ဍာရှိသမျှတို့

ဗိမာန်တော်၌ အသုံးပြုသည့် ပစ္စည်းများကို ရည်ညွှန်းသည်။

2 Chronicles 24:11-12

ပန်းရန်သမား၊ လက်သမားတို့

အခြားသောဘာသာပြန်ဆိုချက်၊ "ကျောက်ဖြင့်ဆောက်လုပ်သောသူများနှင့် သစ်သားဖြင့် ဆောက်လုပ်သောသူများ။"

ပန်းပဲသမား၊ ပန်းတဉ်းသမားတို့

အခြားသောဘာသာပြန်ဆိုချက်၊ "သတ္တုဖြင့် အလုပ်လုပ်သောသူများ။"

2 Chronicles 24:13-16

ကြိုးစား၍ ပြုပြင်သဖြင့်

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် လက်ဖြင့်ဆောက်လုပ်ကြသည်။"

ယောယဒလက်ထက်ကာလပတ်လုံး

အခြားသောဘာသာပြန်ဆိုချက်၊ "ယောယဒ အသက်ရှင်သည့် ကာလပတ်လုံး။" (ရှု၊ figs_hyperbole)

2 Chronicles 24:17-19

ရှင်ဘုရင် (ထံတော််သို့လာ၍) ရှိခိုးကြ၏

အခြားသောဘာသာပြန်ဆိုချက်၊ "ရှင်ဘုရင်ကို အရိုအသေပေးကြသည်။"

ထိုအပြစ်ကြောင့်

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့အပြစ်။"

2 Chronicles 24:20-24

ဇာခရိအဘ၊ ယောယဒပြုသောကျေးဇူးကို မအောက်မေ့။

ယောရှမင်းကြီးသည် ဇာခရိအဘ၊ ယောယဒပြုသောကျေးဇူးကို မအောက်မေ့ သို့မဟုတ် ဂရုမစိုက်။

စစ်ကြောတော်မူမည်

အခြားသောဘာသာပြန်ဆိုချက်၊ "သင်ပြုသောအမှားအတွက် သင်ပေးဆပ်ရမည်။"

2 Chronicles 24:25-26

အမ္မုန်အမျိုးသမီး ရှိမတ်သား ယောဇဗဒ်၊ နှင့် မောဘအမျိုးသမီး ရှိမရိပ်သား ရဟောဇဗဒ်

(ရှု၊ translate_names)

2 Chronicles 24:27

ရာဇဝင်နှင့်ဆက်သောစာ

ယခုမရှိတော့သည် စာအုပ်ဖြစ်သည်။

2 Chronicles 25

2 Chronicles 25:1-2

ယုဒ္ဒန်

အမျိုးသမီး အမည်ဖြစ်သည်။ (ရှု၊ translate_names)

ထာဝရဘုရားရှေ့တော််၌တရားသောအမှု

အခန်း ၁၄း၁ ဘာသာပြန်ကို ကြည့်ပါ။

2 Chronicles 25:3-4

မောရှေ၏ပညတ္တိကျမ်းစာ

ကမ္ဘာဦးကျမ်း၊ ထွက်မြောက်ရာကျမ်း၊ ဝတ်ပြုရာကျမ်း၊ တောလည်ရာကျမ်းနှင့် တရားဟောရာကျမ်းများကို ရည်ညွှန်းခြင်းဖြစ်သည်။

2 Chronicles 25:5-8

စာရင်းဝင်သည်

တရားဝင်စာရင်းတွင် သူတို့ အမည်များကို ရေးသားထားသည်။

သုံးသိန်း ... တသိန်း

ရှု၊ translate_numbers

အခွက်များ

(ရှု၊ translate_bmoney)

2 Chronicles 25:9-10

သူတို့သည်အလွန်အမျက်ထွက်၍

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့၏ ဒေါသ တောက်လောင်၍" (ရှု၊ figs_metaphor)

အငြိုးထားလျက်

အခြားသောဘာသာပြန်ဆိုချက်၊ "အလွန်အမျက်ထွက်၍။"

2 Chronicles 25:11-12

ဆားချိုင့်

ပင်လယ်သေအနီးရှိ နေရာဖြစ်သည်။

ကျိုးပဲ့စေခြင်းငှါ

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့အားလုံး သေစေဖို့ရန်။"

2 Chronicles 25:13

ဗေသောရုန်

ဧဖရိမ်ပြည်၊ ယေရုရှလင်မြို့အနီးရှိ ရွာတစ်ရွာဖြစ်သည်။ (ရှု၊ translate_names)

တိုက်သည်

အခြားသောဘာသာပြန်ဆိုချက်၊ "သတ်ဖြတ်သည်" (ရှု၊ figs_euphemism)

2 Chronicles 25:14-15

ကိုယ်တိုင်ကိုးကွယ်ရာ ဘုရားဖြစ်စေခြင်းငှါ

အခြားသောဘာသာပြန်ဆိုချက်၊ "ဤမှားယွင်းသောဘုရားများကို ကိုးကွယ်သည်။"

မိမိတို့ကိုရန်သူလက်မှ မကယ်နိုိုင်သောတပါးအမျိုးသားဘုရားတို့ကို အဘယ်ကြောင့်ဆည်းကပ်သနည်း?

အခြားသောဘာသာပြန်ဆိုချက်၊ "သင် ရှင်ဘုရင် အာမဇိ လက်မှပင် မိမိလူတို့ကို မကယ်နိုင်သော လူတစ်စု၏ မှားယွင်းသော ဘုရားများကို သင်သည် ကိုးကွယ်လေပြီ။" (ရှု၊ figs_rquestion)

2 Chronicles 25:16

သင်သည်တိုင်ပင်မှူးမတ်ဖြစ်သလော။ တိတ်ဆိတ်စွာနေ‌လော့။ အဘယ်ကြောင့်ရာဇဝတ်ခံချင်သနည်း?

အခြားသောဘာသာပြန်ဆိုချက်၊ "သင့်ကို တိုင်ပင်မှူးတစ်ယောက်အဖြစ် ငါတို့မခန့်အပ်။ ထို့ကြောင့် စကားမပြောနှင့်။ သင်စကားထပ်ပြောပါက သင့်ကို သတ်ဖို့ ငါ့လူများကို ငါပြောမည်။" (ရှု၊ figs_rquestion)

2 Chronicles 25:17

ယဟောရှ ... ယောခတ်

(ရှု၊ translate_names)

2 Chronicles 25:18-19

ယေဘုယျ အချက်အလက်

ရှု၊ figs_parables.

ဆူးပင်

သေးငယ်သော ချုံဖြစ်သည်။

အာရဇ်ပင်

အလွန်ကြီးမားသော သစ်မျိုးဖြစ်သည်။ ဤနေရာတွင် ဣသရေလစစ်သားများကို ကိုယ်စားပြုသည်။

သင့်ကိုတိုင်နှင့်ယုဒပြည်သည် ဘေးရောက်၍ ဆုံရှုးစေခြင်းငှါ၊ အဘယ်ကြောင့် အမှုရှာသနည်း

အခြားသောဘာသာပြန်ဆိုချက်၊ "သင်နှင့် ယုဒပြည် နှစ်ခုလုံးကို ဒုက္ခပေး၍ သင့်အားဖြင့် မကျရှုံးစေကောင်းပါ။" (ရှု၊ figs_rquestion)

2 Chronicles 25:20-22

ရှုံး၍

အခြားသောဘာသာပြန်ဆိုချက်၊ "အနိုင်ယူခြင်း ခံရသည်။"

2 Chronicles 25:23-24

အတောင်

(ရှု၊ translate_bdistance)

ဩဗဒေဒုံ

(ရှု၊ translate_names)

2 Chronicles 25:25-26

အစအဆုံး

အခြားသောဘာသာပြန်ဆိုချက်၊ "အရာအားလုံး။" (ရှု၊ figs_idiom)

..... ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏

အခြားသောဘာသာပြန်ဆိုချက်၊ "ဣသရေလ....ရေးထားလျက်ရှိသည်။" (ရှု၊ figs_rquestion)

2 Chronicles 25:27-28

လာခိရှ

ယုဒပြည်ရှိ မြို့တစ်မြို့ဖြစ်သည်။ (ရှု၊ translate_names)

ဒါဝိဒ်မြို့ (ယုဒပြည်၏မြို့)

ယေရုရှလင် သို့မဟုတ် ဒါဝိဒ်၏ မြို့

2 Chronicles 26

2 Chronicles 26:1-3

တဆယ််ခြောက်... ငါးဆယ်နှစ်နှစ်

နှစ်** - 'ဆယ်ခြောက် ... ငါးဆယ်နှစ်' (ရှု၊ translate_numbers)

ဧလုပ်

ဂါဗာပင်လယ်ကွေ့ပေါ်ရှိ မြို့လေးဖြစ်သည်။ (ရှု၊ translate_names)

ခမည်းတော်သေ

အခြားသောဘာသာပြန်ဆိုချက်၊ "ရှင်ဘုရင် သေသည်။" (ရှု၊ figs_euphemism)

2 Chronicles 26:4-5

ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၏

အခန်း ၁၄း၁ ဘာသာပြန်ကို ကြည့်ပါ။

အတိုင်း

အခြားသောဘာသာပြန်ဆိုချက်၊ "နည်းတူ။" (ရှု၊ figs_hyperbole)

He set himself to seek

N/A

2 Chronicles 26:6-8

ယာဗနေ

မြောက်ပိုင်းယုဒပြည်ရှိ မြို့ဖြစ်သည်။ (ရှု၊ translate_names)

ဂုရာဗာလ

အာရပ်နိုင်ငံရှိ မြို့တစ်မြို့ဖြစ်သည်။

မဟုနိမ်လူတို့

စီရတောင် အနီး မောင်လူမျိုးများ၏ နိုင်ငံတော်ဖြစ်နိုင်သည်။

အဲဂုတ္တုပြည် (အဝင်)

အခြားသောဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုပြည် နယ်နိမိတ်။" (ရှု၊ figs_idiom)

2 Chronicles 26:9-10

ရေတွင်းများ

ဤရေတွင်းများသည် မိုးရေစုသိမ်း သိုလှောင်ရန် မြေအောက်ရှိ ကြီးမားသော အခန်းဖြစ်သည်။

2 Chronicles 26:11-13

တပ်စာရေး ယေယေလနှင့် တပ်အုပ်မာသေယ စာရင်းယူသည်အတိုင်း ရှင်ဘုရင်၏ ဗိုလ်မင်းစာနနိသည် စီရင်၍

(ရှု၊ translate_names)

နှစ်ထောင်ခြောက်ရာ ... သုံးသိန်းခုနှစ်ထောင်ငါးရာ

(ရှု၊ translate_numbers)

2 Chronicles 26:14-15

သံခမောက်လုံး

သံခမောက်လုံးသည် ဦးခေါင်းဖုံးအုပ် ကာကွယ်ရသောအရာဖြစ်သည်။

သံချပ်

သတ္တုများနှင့် သံကြိုးများဖြင့် ပြုလုပ်သော ကိုယ်ခန္ဓာကာကွယ်ရန် အကာဖြစ်သည်။

2 Chronicles 26:16-18

ထောင်လွှားသောစိတ်ထသဖြင့်

အခြားသောဘာသာပြန်ဆိုချက်၊ "သူသည်မာနထောင်လွှားလာသည်။" (ရှု၊ figs_metaphor)

အာရုန်နှင့်ယဇ်ပရောဟိတ်တို့

အခြားသောဘာသာပြန်ဆိုချက်၊ "အာရုန်၏ အမျိုးအနွယ်များ။"

2 Chronicles 26:19-20

လင်ပန်း

နံ့သာပေါင်း မီးရှို့ရန် အသုံးပြုသော အထူးဇလုံ သို့မဟုတ် ပန်းကန်။

အပြင်သို့နှင်ကြ၏

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် သူ့ကို လျင်မြန်စွာ အပြင်ထွက်စေကြသည်။" (ရှု၊ figs_metaphor)

ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသောကြောင့်

အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် သူ့ကို ဖျားနာစေသည်။" (ရှု၊ figs_euphemism)

2 Chronicles 26:21

ခြားနားသောနန်း၌နေရ၏

အခြားအိမ်များ၊ အခြားလူများနှင့် အဝေးတွင် နေသည်ဟု ရည်ညွှန်းခြင်းဖြစ်သည်။

2 Chronicles 26:22-23

အစအဆုံး

အခြားသောဘာသာပြန်ဆိုချက်၊ "အရာအားလုံး။" (ရှု၊ figs_idiom)

အာမုတ်သား

(ရှု၊ translate_names)

ဩဇိသည်ဘိုးဘေးတို့နှင့်အိပ်ပျော်၍

အခြားသောဘာသာပြန်ဆိုချက်၊ "ဩဇိ သေသည်။" (ရှု၊ figs_euphemism)

2 Chronicles 27

2 Chronicles 27:1-2

ယေရုရှာ

(ရှု၊ translate_names)

ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၏

အခန်း ၁၄း၁ ဘာသာပြန်ကို ကြည့်ပါ။

အတိုင်း

အခြားသောဘာသာပြန်ဆိုချက်၊ "နည်းတူ။" (ရှု၊ figs_hyperbole)

2 Chronicles 27:3-4

ဩဖေလ

ယေရုရှလင်မြို့ရှိ တောင်ဖြစ်သည်။

2 Chronicles 27:5

အခွက်

(ရှု၊ translate_bmoney)

ကောရ

(ရှု၊ translate_bvolume)

ဒုတိယနှင့်တတိယနှစ်တွင်

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ကို နိုင်သည်နောက် နှစ်နှစ်နှင့် သုံးနှစ်မြောက်သော နှစ်တွင်။"

2 Chronicles 27:6-7

သူသည်ထာဝရဘုရားရှေ့တော်၌ မိမိအကျင့်တို့ကို ပြင်ဆင်သောကြောင့်

အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် လမ်းမလွဲဘဲ ထာဝရဘုရားကိုနာခံသည်" သို့မဟုတ် "သူသည်ထာဝရဘုရားထံ လုံးလုံးလျားလျားဆက်ကပ်၍ အသက်ရှင်သည်။" (ရှု၊ figs_metaphor)

ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်

ယခု မရှိတော့သည့် စာအုပ်ဖြစ်သည်။

2 Chronicles 27:8-9

ယောသန်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍

အခြားသောဘာသာပြန်ဆိုချက်၊ "ယောသန် သေသည်။" (ရှု၊ figs_euphemism)

2 Chronicles 28

2 Chronicles 28:1-2

ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုမပြု။

အခန်း ၁၄း၁ ဘာသာပြန်ကို ကြည့်ပါ။

ဣသရေလရှင်ဘုရင်တို့လိုက်သောလမ်းသို့လိုက်၍

အခြားသောဘာသာပြန်ဆိုချက်၊ "သူ့အရှေ့က ဣသရေလရှင်ဘုရင်များကဲ့သို့ပင် သူသည်အပြစ်ပြု၏။" (ရှု၊ figs_idiom)

2 Chronicles 28:3-4

ဟိန္နုံသားချိုင့်

ယေရုရှလင်မြို့ရှိ ချိုင့်တစ်ခုဖြစ်သည်။ (ရှု၊ translate_names)

သစ်ပင်အောက်တို့၌

အခြားသောဘာသာပြန်ဆိုချက်၊ "နေရာတိုင်းတွင်။" (ရှု၊ figs_hyperbole)

2 Chronicles 28:5-6

ရေမလိသား ပေကာ

(ရှု၊ translate_names)

2 Chronicles 28:7-8

ဇိခရိ ... မာသေယ ... အာဇရိကံ ... ဧကာန

(ရှု၊ translate_names)

2 Chronicles 28:9-11

ဩဒက်

(ရှု၊ translate_names)

ထာဝရဘုရားသည် ... သင်တို့လက်ထဲသို့အပ်တော််မူသဖြင့်

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ကို နိုင်ဖို့ရန် သူသည် သင်တို့ကို ကူညီသည်။"

သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ပြစ်မှားရာသို့ ရောက်သည်မဟုတ်လော?

အခြားသောဘာသာပြန်ဆိုချက်၊ "သို့သော်လည်း၊ သင်တို့သည် သင်တို့ ဘုရားသခင်ထာဝရဘုရားကို ပြစ်မှားသည်ကို သတိရကြပါ။" (ရှု၊ figs_rquestion)

2 Chronicles 28:12-13

ဘောဟနန်သား အာဇရိ၊ မေရှိလေမုတ်သား ဗေရခိ၊ ရှလ္လုံသား ဟေဇကိ၊ ဟာဒလဲသား အာမသာ

(ရှု၊ translate_names)

2 Chronicles 28:14-15

ခြေနင်း

ဖိနပ် အမျိုးအစားဖြစ်သည်။

ဆီနှင့်လိမ်းစေကြ၏

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ကို ဆေးကုသစေကြသည်။"

အားမရှိသောသူတို့ကို မြည်းပေါ််မှာတင်၍

အခြားသောဘာသာပြန်ဆိုချက်၊ "လမ်း မလျှောက်နိုင်သူများကို မြည်းများ စီစဉ်ပေးကြသည်။"

2 Chronicles 28:16-18

ဗက်ရှေမက်မြို့၊ အာဇလုန်မြို့၊ ဂေဒရုတ်မြို့၊ ရှောခေါမြို့ရွာ၊ တိမနာမြို့ရွာ၊ ဂိမဇောမြို့ရွာများ

(ရှု၊ translate_names)

2 Chronicles 28:19-21

အာခတ်ကြောင့် ထာဝရဘုရားသည် ယုဒပြည်ကို အလွန်နှိမ့်ချ၏

အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် အာခတ်ကို နှိမ့်ချသည်။" (ရှု၊ figs_idiom figs_synecdoche) )

တိဂလတ်ပိလေသာ

တတိယမြောက် တိဂလတ်ပိလေသာ၊ Pul ဟုလည်းခေါ်သည်။ (ရှု၊ translate_names)

2 Chronicles 28:22-23

ဆင်းရဲဒုက္ခခံသောအခါ

အခြားသောဘာသာပြန်ဆိုချက်၊ "သူ ဝေဒနာ ခံစားနေရစဉ်တွင်။"

ထိုဘုရားတို့အား ယဇ်ပူဇော်မည်

အခြားသောဘာသာပြန်ဆိုချက်၊ "သူ့ထံသို့ ငါ ယဇ်ပူဇော်မည်။"

2 Chronicles 28:24-25

တန်ဆာတို့

ပရိဘောဂနှင့် အခြားအရာဝတ္ထုများ။

ယုဒမြို့အသီးအသီးတို့၌

အခြားသောဘာသာပြန်ဆိုချက်၊ "ယေရုရှလင်မြို့ တစ်ခုလုံးတွင်။"

2 Chronicles 28:26-27

ကျင့်ကြံပြုမူသော အမှုအရာကြွင်းကြံလေမျှအစအဆုံး

အခြားသောဘာသာပြန်ဆိုချက်၊ "သူပြုလုပ်ခဲ့သမျှအားလုံး။"

ယုဒရာဇဝင်နှင့် ဣသရေလရာဇဝင်

ယခုမရှိတော့သည် စာအုပ်ဖြစ်သည်။

အာခတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍

အာခတ် သေသည်။ (ရှု၊ figs_euphemism)

2 Chronicles 29

2 Chronicles 29:1-2

အာဘိ

အမျိုးသမီးအမည် ဖြစ်သည်။ (ရှု၊ translate_names)

ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြုကြ၏

အခန်း ၁၄း၁ ဘာသာပြန်ကို ကြည့်ပါ။

2 Chronicles 29:3-5

ပဌမလတွင်

ဤလသည် ဟေဗြဲပြက္ခဒိန်တွင် ပထမလဖြစ်သည်။ အနောက်တိုင်းပြက္ခဒိန်များတွင် မတ်လ လကုန်ပိုင်းနှင့် ဧပြီလ လဆန်းပိုင်းဖြစ်သည်။ (ရှု၊ translate_hebrewmonths and translate_ordinal)

အမှိုက်ကို သုတ်သင်ရှင်းလင်းကြလော့

အခြားသောဘာသာပြန်ဆိုချက်၊ "မသန့်ရှင်းမှုများကိုဖယ်ရှားကြ‌လော့" သို့မဟုတ် "ညစ်ပတ်မှုများကို ဖယ်ရှားကြလော့။"

2 Chronicles 29:6-7

ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြုကြပြီ

အခန်း ၂၁း၆ ဘာသာပြန်ကို ကြည့်ပါ။

ကျိန်းဝပ်တော်မူရာအရပ်

အခန်း ၁၈း၁၂ ဘာသာပြန်ကို ကြည့်ပါ။

2 Chronicles 29:8-9

ဆင်းရဲခံခြင်း၊ မိန်းမောတွေဝေခြင်း၊ ကဲ့ရဲ့သံကိုကြားခြင်း

(ရှု၊ figs_parallelism)

သင်တို့မြင်သည်အတိုင်း

အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့သည် ကိုယ်တိုင်မြင်တွေ့သည်အတိုင်း။" (ရှု၊ figs_metonymy)

သို့ဖြစ်၍၊ ငါတို့အဘသည် ထားဖြင့်လဲသေကြပြီ။

အခြားသောဘာသာပြန်ဆိုချက်၊ "ဤအကြောင်းကြောင့် ငါတို့အဘတို့သည် စစ်ပွဲတွင် အသတ်ခံရကြသည်။" (ရှု၊ figs_euphemism)

2 Chronicles 29:10-11

ပြင်းစွာသောအမျက်တော်သည် ငါတို့မှ လွှဲသွားမည်အကြောင်း

အခြားသောဘာသာပြန်ဆိုချက်၊ "အမျက်တော်ဖြင့် ငါတို့အား မဆက်ဆံမည်အကြောင်း။" (ရှု၊ figs_personification)

2 Chronicles 29:12-14

ယေဘုယျ အချက်အလက်

ရှု၊ translate_names

2 Chronicles 29:15-17

ကေဒြုန်ချောင်း

ယေရုရှလင် အရှေ့ပိုင်းတွင် စီးသော စမ်းချောင်းငယ်။ ရံဖန်ရံခါတွင် အမှိုက်စွန့်ပစ်ရာနေရာအဖြစ်အသုံးပြုကြသည်။ (ရှု၊ translate_names)

ပဌမလတစ်ရက်နေ့

ဤလသည် ဟေဗြဲပြက္ခဒိန်တွင် ပထမလဖြစ်သည်။ ပထမရက်သည် ထာဝရဘုရား လူများကို အဲဂုတ္တုပြည်မှ ခေါ်ဆောင်သောနေ့ကို ထင်ရှားစေသည်။ အနောက်တိုင်း ပြက္ခဒိန်များတွင် မတ်လ လလယ်ပိုင်းဝန်းကျင်ဖြစ်သည်။ (ရှု၊ translate_hebrewmonths and translate_ordinal)

(ပဌမလ) ရှစ်ရက်နေ့

အနောက်တိုင်းပြက္ခဒိန်များတွင် မတ်လ လကုန်ပိုင်းဝန်းကျင်ဖြစ်သည်။ (ရှု၊ translate_hebrewmonths and translate_ordinal)

ပဌမလဆယ်ခြောက်ရက်နေ့

အနောက်တိုင်း ပြက္ခဒိန်များတွင် ဧပြီလ လဆန်းပိုင်းဝန်းကျင်ဖြစ်သည်။ (ရှု၊ translate_hebrewmonths and translate_ordinal)

2 Chronicles 29:18-24

အာခတ်မင်းကြီးလက်ထက်

အခြားသောဘာသာပြန်ဆိုချက်၊ "သူအုပ်ချုပ်သည့် ကာလအတွင်း။"

2 Chronicles 29:25-30

ခွက်ကွင်း

အခန်း ၅း၁၁ ဘာသာပြန်ကို ကြည့်ပါ။

2 Chronicles 29:31

ကျေးဇူးတော်ဝန်ခံရာ ပူဇော် သက္ကာများ

ကျေးဇူးတော် ချီးမွမ်းခြင်း ယဇ်ဖြစ်သည်။

စေတနာရှိသမျှသော သူတို့သည်

အခြားသော ဘာသာပြန်ဆိုချက်၊ "အလွန် ရက်ရောသော"

2 Chronicles 29:32-33

ယေဘုယျ အချက်အလက်

ရှု၊ translate_numbers

2 Chronicles 29:34

ကိုယ်ကို သန့်ရှင်းစေခြင်းငှါ၊ ... စိတ်သဘောဖြောင့်ကြ၏

အခြားသောဘာသာပြန်ဆိုချက်၊ "ကိုယ့်ကိုယ်ကို သန့်ရှင်းစင်ကြယ်စေဖို့ ပညတ်ချက်များကို သာ၍ သတိရှိစွာ လိုက်လျှောက်ကြသည်။" (ရှု၊ figs_ellipsis)

2 Chronicles 29:35-36

မိတ်သဟာယ ယဇ်ဆီဥ သွန်းလောင်းရာပူဇော်သက္ကာအများရှိကြ၏

အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားနှင့် ကောင်းသော မိတ်သဟာယ ဆက်လက်ထိန်းသိမ်းဖို့ ယဇ်ပုရောဟိတ်များသည် ယူဆောင်လာသည့် တိရစ္ဆာန်များ၏ အဆီများကို မီးရှို့ကြ၏။" (UDB)

စီရင်သတည်း

အခြားသောဘာသာပြန်ဆိုချက်၊ "သတ်မှတ်ချက်များအတိုင်း ယဇ်ပုရောဟိတ်များသည် စီရင်ကြသည်။"

2 Chronicles 30

2 Chronicles 30:1-3

ဒုတိယလတွင်၊ ပသခါပွဲကိုခံခြင်းငှါ ဘုရင်သည် တိုင်ပင်၍

ဣသရေလလူမျိုးများသည် ပသခါပွဲကို ဟေဗြဲပြက္ခဒိန်၏ ပထမလတွင် ကျင်းပလေ့ရှိသည်။ ပထမလသည် အနောက်တိုင်းပြက္ခဒိန်များတွင် မတ်လ လကုန်ပိုင်း နှင့် ဧပြီလ လဆန်းပိုင်းဝန်းကျင် ဖြစ်သည်။

ဒုတိယလ

ဟေဗြဲပြက္ခဒိန်၏ ဒုတိယလဖြစ်သည်။ အနောက်တိုင်းပြက္ခဒိန်များတွင် ဧပြီလ လကုန်ပိုင်း နှင့် မေလ လဆန်းပိုင်းဝန်းကျင်ဖြစ်သည်။ (ရှု၊ translate_hebrewmonths and translate_ordinal)

2 Chronicles 30:4-5

in the eyes of

N/A

ဗေရရှေယမြို့မှစ၍ ဒန်မြို့တိုင်အောင်

အခြားသောဘာသာပြန်ဆိုချက်၊ "ဣသရေလလူအားလုံး။" (ရှု၊ figs_idiom)

2 Chronicles 30:6

စာပို့လုလင်

သတင်းသယ်ဆောင်သော ပုဂ္ဂိုလ်ဖြစ်သည်။

2 Chronicles 30:7-12

သုတ်သင်ပယ်ရှင်းခြင်းသို့ အပ်တော်မူမည်။

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ကို ပျက်စီးဆုံးရှုံးစေတော်မူသည်။" (ရှု၊ figs_idiom)

ထာဝရဘုရား၌ ကိုယ်ကိုအပ်နှံကြလော့။

အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားကိုနာခံ‌လော့" သို့မဟုတ် "ကိုယ်ကို ထာဝရဘုရားထံသို့ ဆက်ကပ်လော့။"

2 Chronicles 30:13-15

ဒုတိယလ

‌ဤလသည် ဟေဗြဲပြက္ခဒိန်၏ ဒုတိယလဖြစ်သည်။ အနောက်တိုင်းပြက္ခဒိန်များတွင် ဧပြီလကုန်ပိုင်းနှင့် မေလဆန်းပိုင်းအချိန်ကာလဖြစ်သည်။ (ရှု၊ translate_hebrewmonths and translate_ordinal)

ဧဒုံချောင်း

ဧဒုံချိုင့်တွင်ရှိသော ချေင်းငယ်လေးဖြစ်သည်။ (ရှု၊ translate_names)

ဒုတိယလ ဆယ်လေးရက်နေ့

အနောက်တိုင်းပြက္ခဒိန်များတွင် မေလဆန်းပိုင်း ဝန်းကျင်ဖြစ်သည်။ (ရှု၊ translate_hebrewmonths and translate_ordinal)

2 Chronicles 30:16-20

စီရင်သောထုံးစံအတိုင်၊ သူတို့မိမိနေရာ၌ ရပ်နေလျက်

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် သတ်မှတ်ထားသော နေရာများတွင် ရပ်လျှက်။"

ပသခါသိုးသငယ်သတ်ခြင်း

အခြားသောဘာသာပြန်ဆိုချက်၊ "ထုံးစံအတိုင်း သိုးများကို ပသခါပွဲအတွက် သတ်ကြသည်။"

2 Chronicles 30:21-27

တူရိယာ

တေးဂီတ တူရိယာများကို ရည်ညွှန်းခြင်းဖြစ်သည်။

2 Chronicles 31

2 Chronicles 31:1

ဣသရေလအမျိုးသားအပေါင်းတို့သည် အသီးသီးပိုင်ထိုက်သောနေရာ မြို့ရွာတို့သို့ပြန်သွားကြ၏

ဤဖော််ပြချက်ကို အတိသယဝုတ္တိ ဖော််ပြချက်မျိုးဟု ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်။ ။ဣသရေလလူအားလုံး။

2 Chronicles 31:2-3

မီးရှို့ရာယဇ်ပူဇော်ရာအဘို့၊ ဘဏ္ဍာတော်ထဲကဥစ္စာတဘို့ကိုထုတ်၍

ဟေဇကိသည် မိမိဥစ္စာထဲက မီးရှို့ရာယဇ်အတွက် အသားနှင့်အစေ့ကို ထုတ်ပေးသည်။

လဆန်း

လ၏ ရွေ့လျားမှုနှင့် အပြိုင်ရှိသည့် ပွဲတော်ဖြစ်သည်။

ဓမ္မပွဲ

အထူးနေ့ရက်များတွင် ရှိသည့်ပွဲတော်များကို ရည်ညွှန်းခြင်းဖြစ်သည်။

2 Chronicles 31:4-5

ဥစ္စာတဘို့

သူတို့ အသီးအနှံအားလုံး၏ ဆယ်ဘို့တဘို့။

2 Chronicles 31:6-8

တတိယလ

ဤလသည် ဟေဗြဲပြက္ခဒိန်၏ တတိယလဖြစ်သည်။ ကောက်ရိတ်သိမ်းကာလ အကုန်ပိုင်း နှင့် ခြောက်သွေ့ ရာသီအစပိုင်းဖြစ်သည်။ အနောက်တိုင်း ပြက္ခဒိန်များတွင် မေလကုန်ပိုင်းနှင့် ဇွန်လဆန်းပိုင်းဖြစ်သည်။ (ရှု၊ translate_hebrewmonths and translate_ordinal)

သတ္တမလ

ဤလသည် ဟေဗြဲပြက္ခဒိန်၏ သတ္တမလဖြစ်သည်။ စိုက်ပျိုးရန် မြေနုသည့်အချိန် မိုးဦးကာလဖြစ်သည်။ အနောက်တိုင်း ပြက္ခဒိန်များတွင် စက်တင်ဘာ လကုန်ပိုင်းနှင့်အောက်တိုဘာ လဆန်းပိုင်းဖြစ်သည်။ (ရှု၊ translate_hebrewmonths and translate_ordinal)

2 Chronicles 31:9-13

ထိုပုံထားသော ဥစ္စာအကြောင်း

ယဇ်ပုရောဟိတ်မင်းသည် ကြီးမားသောအပုံကြီး ကိုလက်ညိုးထိုး ညွှန်ပြနေခြင်း ဖြစ်နိုင်သည်။

2 Chronicles 31:14-15

ဣမနသားကောရ...ဧဒင်၊ ဗင်္ယာမိန်၊ ယောရှု၊ ရှေမာယ၊ အာမရိ၊ ရှေကနိ

(ရှု၊ translate_names)

ကောရလက်ထက်

သူ၏ ဩဇာအောက်တွင်။ (ရှု၊ figs_synecdoche)

အကြီးအငယ်

အားလုံး။ (ရှု၊ figs_merism)

2 Chronicles 31:16-21

အသက်သုံးနှစ်လွန်သော

အခြားသောဘာသာပြန်ဆိုချက်၊ "အသက်သုံးနှစ်နှင့်အထက်။"

သင်းဖွဲ့သည်အတိုင်း

အခြားသောဘာသာပြန်ဆိုချက်၊ "နေ့တိုင်း သတ်မှတ်ထားသည်အတိုင်း။"

2 Chronicles 32

2 Chronicles 32:1

ထိုအမှုများ

ဤအမှုများသည် ဟေဇကိ ပြုလုပ်ခဲ့သောအမှုများဖြစ်သည်။

2 Chronicles 32:2-4

မြို့ပြင်၌ရှိသော စမ်းရေကိုဖြတ်ခြင်းငှါ

လူများသည် ရေကို မသုံးနိုင်ဖို့ရန် မြို့ပြင်၌ရှိသော စမ်းရေများကို သူတို့ ဖြတ်တောက်ကြသည်။

အာရှုရိရှင်ဘုရင်တို့သည်လာ၍၊ များစွာသောရေကိုအဘယ်ကြောင့်တွေ့ရမည်နည်း

အာရှုရိရှင်ဘုရင်တို့သည် လာ၍ ရေအမြောက်အမြားကိုမရရှိစေရ။ ဘာသာပြန်သူများသည် 'အာရှုရိရှင်ဘုရင် (အနည်းကိန်း)' ဟု ပြန်ချင်ကောင်းပြန်ချင်လိမ့်မည်၊ သို့သော်လည်း စာတွင် မည်သည့်ဘုရင်ဟု မတွေ့ရသည့်အတွက် 'အာရှုရိရှင်ဘုရင်များ' ဟုသာ ဘာသာပြန်သင့်သည်။ (ရှု၊ figs_rquestion)

2 Chronicles 32:5

ကိုယ်ကိုခိုင်ခံ့စေ၏

အခန်း ၁၅း၈ ဘာသာပြန်ပုံကို ကြည့်ပါ။

ဟေဇကိသည်လည်း ကိုယ်ကိုခိုင်ခံ့စေ၍ မြို့ရိုးရှိသမျှကိုပြုပြင်၍

အခြားသောဘာသာပြန်ဆိုချက်၊ "ဟေဇကိသည် မိမိကိုယ်ကိုနှင့် လူများကို မြို့ရိုးပြုပြင်ဖို့ရန် အားပေးသည်။" (ရှု၊ figs_synecdoche)

မိလ္လော

မြို့ရိုးကို ခိုင်ခံ့စေသော အစိတ်အပိုင်းဖြစ်သည်။

2 Chronicles 32:6-8

ငါတို့ဘက်၌နေသောသူတို့သည်၊ သူတို့ဘက်၌နေသောသူတို့ထက်သာ၍ များကြ၏

အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့ ဘုရားသခင်သည်ငါတို့နှင့်အတူရှိ၍ သူသည် သူတို့ထက်သာ၍ ခွန်အားကြီးသည်။" (ရှု၊ figs_euphemism)

လူလက်ရုံး

အခြားသောဘာသာပြန်ဆိုချက်၊ "လူသားတန်ခိုး၊အင်အား။" (ရှု၊ figs_metonymy)

2 Chronicles 32:9-10

လာခိရှ

ယုဒပြည်ရှိ မြို့တစ်မြို့ဖြစ်သည်။ (ရှု၊ translate_names)

သင်တို့သည်ယေရုရှလင်မြို့၌ဝိုင်းထားခြင်းကို ခံခြင်းငှါ၊ အဘယ်သို့ခိုလှုံကြသနည်း?

အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့သည် ယေရုရှလင်မြို့၌ ဝိုင်းထားခြင်းကို ခံနိုင်ရန် မတတ်နိုင်ကြ။" (ရှု၊ figs_rquestion)

2 Chronicles 32:11-12

ဟေဇကိက ...ထာဝရဘုရားသည် ...အာရှုရိရှင်ဘုရင်လက်မှ ကယ်လွှတ်တော်မူမည်ဟုဆိုလျက်... သင်တို့ကို ဖြားယောင်းသည်မဟုတ်လော။

အခြားသောဘာသာပြန်ဆိုချက်၊ "ဟေဇကိသည် ... ထာဝရဘုရားသည် ... အာရှုရိရှင်ဘုရင် ... ဟု ပြောဆိုလျက်... သင်တို့ကို လမ်းမှားစေသည်။" (ရှု၊ figs_rquestion)

ထိုဟေဇကိသည် ... တို့ကိုပယ်၍

အခြားသောဘာသာပြန်ဆိုချက်၊ "ဤဟေဇကိသည် ပယ်တော်မူပြီ။"

2 Chronicles 32:13-17

...သင်တို့မသိကြသလော?

...သည်ကို သင်တို့ ကောင်းကောင်းသိကြ၏။ (ရှု၊ figs_rquestion)

အတိုင်းတိုင်း အပြည်ပြည်ဘုရားတို့သည် ... တတ်စွမ်းနိုင်သလော

အတိုင်းတိုင်း အပြည်ပြည်ရှိ ဘုရားတို့သည် .... မတတ်နိုင်ကြ။ (ရှု၊ figs_rquestion)

ငါတို့ဘိုးဘေးအကုန်အစင်ဖျက်ဆီးသော ဘုရားတို့တွင် ... ကယ်လွှတ်ဖူးသနည်း?

... ဘုရားတို့တွင် ... ငါ့လက်မှ .... ကယ်လွှတ်နိုင်သောဘုရားမရှိ။ (ရှု၊ figs_rquestion)

သင်တို့ဘုရားသည် သင်တို့ကို ... မကယ်မလွှတ်နိုင်

သင်တို့ ဘုရားတို့သည် သင်တို့ကို ... ကယ်လွှတ်နိုင်ရန်အကြောင်းမရှိ။ (ရှု၊ figs_rquestion

2 Chronicles 32:18-19

(ယေရုရှလင် မြို့သားတို့ကို) ခြိမ်းခြောက်နှောက်ရှက်၍

ဤစကားစုနှစ်ခုသည် အဓိပ္ပါယ်အတူတူဖြစ်ပြီး ကြောက်ရွံ့ခြင်း၏ ပြင်းထန်မှုကို အလေးပေးသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ကို ကြောက်ရွံ့ထိတ်လန့်စေသည်။" (ရှု၊ figs_doublet)

လူတို့လက်ဖြင့်လုပ်သော ဘုရား၊ မြေကြီးသားများကိုးကွယ်သောဘုရားတို့နှင့် ယေရုရှလင်မြို့ဘုရားသခင်ကို ရော၍ ကဲ့ရဲ့ကြ၏။

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည်လောကီသားများ၏ ဘုရားများကို ပျက်ယယ်ပြုသကဲ့သို့ ယေရုရှလင်မြို့၏ ဘုရားသခင်ကို ပျက်ရယ်ပြုကြ၏။" (ရှု၊ figs_metonymy )

2 Chronicles 32:20-21

ကောင်းကင်သို့ဟစ်ခေါ်သဖြင့်

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်ကို တိုးလျှိုးတောင်းပန်ကြသည်။"

မျက်နှာပျက်လျက်

မျက်နှာ ** - အခြားသောဘာသာပြန်ဆိုချက်၊ "စိတ်ကသိကအောက်ဖြစ်၍" သို့မဟုတ် "အရှက်ကွဲ၍။"

ဗိမာန်သို့

အခြားသောဘာသာပြန်ဆိုချက်၊ "သူ့ဘုရား၏ ဗိမာန်တော်။"

2 Chronicles 32:22-23

အရပ်ရပ်၌စောင့်မ‌တော်မူ၏

'စောင့်မ' သည် ငြိမ်သက်ခြင်း ကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းမှု ပေးတော်မူ၏။" (ရှု၊ figs_metaphor )

ခပ်သိမ်းသောလူမျိုးရှေ့မှာ

အခြားသောဘာသာပြန်ဆိုချက်၊ "ပတ်ဝန်းကျင်ရှိလူများအားလုံးသိဖို့ အလိုငှါ။" (ရှု၊ figs_hyperbole)

2 Chronicles 32:24-26

ထောင်လွှားသောစိတ်ရှိ၏

အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် မာန်မာနထောင်လွှားလာသည်။" (ရှု၊ figs_idiom )

2 Chronicles 32:27-29

တင်းကုပ်များ

အခန်း ၉း၂၅ ဘာသာပြန်ပုံကို ကြည့်ပါ။

တင်းကုပ်များ

တိရစ္ဆာန်များအတွက် သိုလှောင်ရာ အိမ်။

2 Chronicles 32:30-31

ဂိဟုန် ချောင်း

(ရှု၊ translate_names)

2 Chronicles 32:32-33

အာမုတ်သား ပရောဖက်ဟေရှာယ၏ ရူပါရုံကျမ်း၊ ယုဒရာဇဝင်၊ ဣသရေလရာဇဝင်

ဤစာအုပ်များ ယခုမရှိတော့။

ဘိုးဘေးတို့နှင့်အိပ်‌ပျော်၍

အခန်း ၉း၂၉ ဘာသာပြန်ကို ကြည့်ပါ။

2 Chronicles 33

2 Chronicles 33:1-3

ထာဝရဘုရားရှေ့တော်၌ ဒစရိုက်ကိုပြု၏

အခန်း ၁၄း၁ ဘာသာပြန်ကို ကြည့်ပါ။

ဣသရေလအမျိုးသားရှေ့မျာ၊ ထာဝရဘုရားနှင်ထုတ်တော်မူသော တပါးအမျိုးသား ရွံရှာဘွယ်ထုံးစံအတိုင်း

အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် ဣသရေလလူတို့ရှေ့တွင် ရှုံးနှိမ့်စေသော အခြားလူများပြုလုပ်သကဲ့သို့။" (ရှု၊ figs_ellipsis)

2 Chronicles 33:4-6

ငါ့နာမအစဉ်တည်စေမည်

အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် လူများထံသို့ ထင်ရှားစေမည်။" (ရှု၊ figs_metonymy)

မြို့သားတို့ကို မီးဖြင့်ပူဇော်၏

ကလေးများကို အ‌ရှင်လတ်လတ် ရုတ်တုများအား မီးရှို့ပူဇော်သည့် အလေ့အထကို ရည်ညွှန်းသည်။ (ရှု၊ figs_idiom)

ဟိန္နုံသားချိုင့်

ဂေဟင်္နာ ဟုလည်း အမည်တွင်သော ယေရုရှလင်မြို့အနီးရှိ နေရာဖြစ်သည်။

2 Chronicles 33:7-9

ယုဒပြည်သူ ယေရုရှလင်မြို့သားတို့

အခြားသောဘာသာပြန်ဆိုချက်၊ "ယုဒပြည်နှင့် ယေရုရှလင်မြို့ရှိလူများ။" (ရှု၊ figs_synecdoche)

2 Chronicles 33:10-11

စစ်ချီစေတော်မူသဖြင့်

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ထံသို့ စစ်တိုက်ခြင်းကို ရောက်စေတော်မူသည်။" (ရှု၊ figs_ellipsis)

မနာရှေကို ဆူးတော်၌ဘမ်းမိ၍၊ သံကြိုးနှင့်ချည်နှောင်ပြီးမှ၊ ဗာဗုလုန်မြို့သို့ဆောင်သွားကြ၏

အခြားသောဘာသာပြန်ဆိုချက်၊ "မနာရှေကို ဝိုင်းဖမ်း၍ ဗာဗုလုန်သို့ အကျဉ်းသားအဖြင့် ခေါ်ဆောင်သွားကြသည်။" (ရှု၊ figs_metonymy)

2 Chronicles 33:12-13

(သူသည် ထာဝရဘုရားထံသို့ဆုတောင်းသည်)၊ မိမိဘုရားသခင် ထာဝရဘုရားကို တောင်းပန်၍

ဒုတိယစကားစုသည် ပထမစကားကို ပြင်းထန်စေ၍ မနာရှေ၏ ဆုတောင်းရာတွင် စိတ်အားထက်သန်မှုကို အလေးပေးဖော်ပြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် ဘုရားသခင်ထံ ဆုတောင်း၍ တောင်းပန်လေ၏။" (ရှု၊ figs_doublet and figs_activepassive)

မနာရှေ အုပ်စိုးရင်းပြည်

၎င်းနိုင်ငံကို တဖန်ပြန်လည် အုပ်ချုပ်ခြင်းကို ဆိုလိုသည်။

2 Chronicles 33:14-15

ယေဘုယျသတင်းအချက်အလက်

ရှု၊ translate_names

တပါးအမျိုးသားတို့၏ဘုရားများ

အခြားသောဘာသာပြန်ဆိုချက်၊ "တိုင်းတပါးနိုင်ငံများရှိ မှားယွင်းသောဘုရားများ။"

2 Chronicles 33:16-17

ယုဒပြည်ကို ... မှာထား၏

အခြားသောဘာသာပြန်ဆိုချက်၊ "ယုဒပြည်သူများကို သူမှာထားတော်မူသည်။" (ရှု၊ figs_synecdoche)

2 Chronicles 33:18-20

ဣသရေလရာဇဝင်၌ရေးထားလျက်ရှိ၏

ယခုမရှိတော့သည့် ဣသရေလ သမိုင်းကြောင်းဖြစ်သည်။

ဟောဇဲ၏ ကျမ်းစကား

ယခုမရှိတော့သည် စာအုပ်ဖြစ်သည်။

မနာရှေသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍ မိမိအိမ်၌သဂြိုဟ်ခြင်းကိုခံလေ၏

အခြားသောဘာသာပြန်ဆိုချက်၊ "မနာရှေသေ၍ သူ၏ မိသားစုသည် သူ့ကို သဂြိုဟ်ကြ၏။" (ရှု၊ figs_euphemism)

အာမုန်

(ရှု၊ translate_names)

2 Chronicles 33:21-23

ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏

အခန်း ၁၄း၁ ဘာသာပြန်ကို ကြည့်ပါ။

အထူးသဖြင့် ပြစ်မှား၏

အခြားသောဘာသာပြန်ဆိုချက်၊ "အာမုန်သည်သာ၍အပြစ်ပြု၏။"

2 Chronicles 33:24-25

လုပ်ကြံ

အခြားသောဘာသာပြန်ဆိုချက်၊ "လျှို့ဝှက်စွာ ကြံစည်သည်။"

2 Chronicles 34

2 Chronicles 34:1-3

ထာဝရဘုရား‌ရှေ့တော််၌ တရားသောအမှုကိုပြု၍

အခန်း ၁၄း၁ ဘာသာပြန်ပုံကိုသွားကြည့်ပါ။

လက်ယာဘက် လက်ဝဲဘက်သို့မလွှဲ

အခြားသောဘာသာပြန်ဆိုချက်။ ။သူသည် ဘရားသခင်ကိုနာခံဖို့ရန်မည်သို့မျှတုံ့ဆိုင်းခြင်းမရှိ သို့မဟုတ် သူသည်ဘုရားသခင်၏ပညတ်ချက်များအားလုံးကို နာခံသည်။ (ရှု: figs_idiom and figs_litotes)

2 Chronicles 34:4-5

ညက်ညက်ချေပြီးလျှင်

အခြားသောဘာသာပြန်ဆိုချက်၊ "လေဖြင့် လွှင့်နိုင်လောက်သည်အထိ အပိုင်းပိုင်းအစစဖြစ်အောင်။"

2 Chronicles 34:6-7

ချိုးဖဲ့၍

အခြားသောဘာသာပြန်ဆိုချက်၊ "လုံးလုံးဖျက်ဆီးခြင်း ခံရသည်။" (ရှု၊ figs_metonymy )

2 Chronicles 34:8-9

ယေဘုယျသတင်းအချက်အလက်

ရှု၊ translate_names

သူတို့၌ အပ်သဖြင့်

ဘဏ္ဍာငွေ အသုံးပြုမှုကို တာဝန်ယူရန် တာဝန်ပေးသည်။

2 Chronicles 34:10-11

ဖျက်ဆီးသော

အခြားသောဘာသာပြန်ဆိုချက်၊ "ဆွေးမြေ့အောင်ထားသည်။"

2 Chronicles 34:12-13

ယေဘုယျသတင်းအချက်အလက်

ရှု၊ translate_names

ထိုသူတို့သည် ဝန်ထမ်းသောသူမှစ၍၊ အလုပ်မျိုးကိုလုပ်ဆောင်သောသူအပေါင်းတို့ကို ကြည့်ရှုအုပ်ချုပ်ကြ၏။

အခြားသောဘာသာပြန်ဆိုချက်၊ "ဤလေဝိအမျိုးသားတို့သည် အလုပ်အမျိုးမျိုး လုပ်ကြသောသူအားလုံးတို့ကို အုပ်ချုပ်ကြရသည်။"

2 Chronicles 34:14-16

ယေဘုယျသတင်းအချက်အလက်

ရှု၊ translate_names

ဗိမာန်တော်သို့ဆောင်ခဲ့သောငွေကို ထုတ်သောအခါ

အခြားသောဘာသာပြန်ဆိုချက်၊ "ကြီးကြပ်ကွပ်ကဲသူများသည် ဗိမာန်တော်ထဲမှာ ငွေလက်ခံနေစဉ်တွင်။"

မှာထားတော်မူသမျှအတိုင်း

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ပြုလုပ်ရန် ပေးထားသော တာဝန်အားလုံး။ "

2 Chronicles 34:17-19

မှုတ်၍

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ စုဆောင်းကြပြီ။"

It came about that when

N/A

2 Chronicles 34:20-21

ယေဘုယျသတင်းအချက်အလက်

ရှု၊ translate_names

ထာဝရဘုရား၌မေးလျှောက်ကြပါ

အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား ငါ့အားလုပ်စေလိုသောအရာကို မေးကြပါ။"

ယခုတွေ့သောကျမ်းစကားကြောင့်

အခြားသောဘာသာပြန်ဆိုချက်၊ "ဤကျမ်းစကား၌ ရေးထားသည်အတိုင်း။"

ထာဝရဘုရားသည် ငါတို့၌ပြင်းစွာအမျက်ထွက်တော််မူလိမ့်မည်။

ဒေါသထွက်ခြင်းစသည် စိတ်ခံစားချက်များကို အရည်တစ်ခုအလား ကျမ်းစာတွင် ပြောထားလေ့ရှိသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါတို့ထံ၌ ထာဝရဘုရား၏ အမျက်တော်သည် ငါတို့ကို တိုက်စားပျောက်ရှနိုင်လောက်သည်အထိ ကြီးလှသောကြောင့်။" (ရှု၊ figs_metaphor)

2 Chronicles 34:22

ယေဘုယျသတင်းအချက်အလက်

ရှု၊ translate_names

အချုပ်ဝန်

အခြားသောဘာသာပြန်ဆိုချက်၊ "ယဇ်ပရောဟိတ် ဝတ်လုံများကို ထိန်းသိမ်းသောသူ။" (ရှု၊ figs_ellipsis)

မိန်းမထံသို့သွား၍ ပြောဆိုကြ၏

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် ထိုအမျိုးသမီးနှင့် ထိုစကားများကို ပြောဆိုကြသည်။"

2 Chronicles 34:23-25

မိမိတို့လုပ်သောအရာတို့ဖြင့် ငါ့အမျက်ကိုနှိုးဆော်ခြင်းငှါ၊

ရလဒ်မှာ သူတို့ပြုလုပ်သော အရာတို့ဖြင့် ငါ့ကို ပြင်းစွာအမျက်ထွက် စေကြသည်။

ငါ့အမျက်ကိုနှိုးဆော်

ငါ့ကို ဒေါသထွက်စေသည်။

ထို့ကြောင့် ဤအရပ်၌ ငါ့အမျက်မီးသည် မငြိမ်းဘဲလောင်ရလိမ့်မည်

ဒေါသထွက်ခြင်းစသည် စိတ်ခံစားချက်များကို မီးလျှံအလား ကျမ်းစာတွင် ပြောထားလေ့ရှိသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့အပေါ် ငါသွန်းလောင်းသော မီးကဲ့သို့ဖြစ်၍၊ မည်သည့်အရာမျှ ထိုမီးကို မငြိမ်းနိုင်။" (ရှု၊ figs_metaphor)

2 Chronicles 34:26-28

သင်သည်ကြားသောအခါ၊ နူးညံ့သောစိတ်ရှိ၍

အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့ စိတ်နှလုံးများသည် နူးညံ့သောကြောင့် (ပြောင်းလဲလိုသောစိတ်ရှိသောကြောင့်) သင်တို့ကြားသော စကားများကို ကြားကြ၏ဟု ထာဝရဘုရားသခင် ဣသရေလလူများကိုမှတ်၍ မိန့်တော်မူ၏။" (ရှု၊ figs_metaphor )

ကိုယ်အဝတ်ကိုဆုတ်ခြင်း

ဝမ်းနည်းခြင်းနှင့် နောင်တရခြင်း လက္ခဏာဖြစ်သည်။

ငါသည်သင့်ကို ဘိုးဘေးစုဝေးရာသို့ ပို့ဆေင်၍, သင်သည် ငြိမ်ဝပ်စွာသင်္ချိုင်းသို့ရောက်လိမ့်မည်။

အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် သေလိမ့်မည်။" (ရှု၊ figs_euphemism)

သင်ကိုယ်တိုင်မတွေ့မမြင်ရ

အခြားသောဘာသာပြန်ဆိုချက်၊ "သင်သည် ကိုယ်တိုင်ကြုံတွေ့ရမည်မဟုတ်။" (ရှု၊ figs_metonymy)

2 Chronicles 34:29-30

လူအကြီးအငယ်အပေါင်းတို့

အခြားသောဘာသာပြန်ဆိုချက်၊ "အားလုံး။" (ရှု၊ figs_merism)

သူတို့ရှေမှာဘတ်တော််မူ၏

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ထံသို့ ဖတ်ပေးသည်။"

2 Chronicles 34:31-32

မိမိနေရာ၌ရပ်၍

အခြားသောဘာသာပြန်ဆိုချက်၊ "မိမိရပ်ရမည့် နေရာဖြစ်သည့် ဗိမာန်တော် အဝင်ဝတွင် ရပ်သည်။"

စိတ်နှလုံးအကြွင်းမဲ့

စိတ် နှင့် နှလုံးသည် ကိုယ်ခန္ဓာတစ်ခုလုံးကို ရည်ညွှန်းသည့် စကားဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ၏ ဖြစ်ခြင်းအားလုံးဖြင့်" သို့မဟုတ် "လုံးဝ စိတ်ပါလျက် (စိတ်ပါလက်ပါ)။" (ရှု၊ figs_doublet and figs_idiom)

ယုဒအမိုးနှင့် ဗင်္ယာမိန်အမျိုးသားအပေါင်းတို့

အခြားသောဘာသာပြန်ဆိုချက်၊ "ဗင်္ယာမိန်နှင့် ယေရုရှလင်မြို့တွင် နေသောသူအားလုံး။" (ရှု၊ figs_activepassive)

ထိုအဓိဌာန်ကိုဝန်ခံမည်အကြောင်း

အခြားသောဘာသာပြန်ဆိုချက်၊ "ပဋိညာဉ်တရားကို ဝန်ခံရန်။" (ရှု၊ figs_idiom)

2 Chronicles 34:33

ရွံရှာဘွယ်သောအရာရှိသမျှတို့ကို

ဘုရားသခင်ထံ စက်ဆုပ်ရွံရှာဘွယ်သော ရုပ်တုဆင်းတုများဖြစ်သည်။ (ရှု၊ figs_idiom)

2 Chronicles 35

2 Chronicles 35:1-2

မဌမလ တဆယ်လေးရက်နေ့

ဟေဗြဲပြက္ခဒိန်၏ ပထမလဖြစ်သည်။ တဆယ်လေးရက်နေ့သည် အနောက်တိုင်းပြက္ခဒိန်များတွင် ဧပြီလဆန်းပိုင်းဝန်းကျင် ဖြစ်သည်။ (ရှု၊ translate_hebrewmonths and translate_ordinal)

ယဇ်ပုရောဟိတ်တို့ကို မိမိတို့အရာ၌ခန့်ထား၍

အခြားသောဘာသာပြန်ဆိုချက်၊ "လုပ်ရမည့် တာဝန်များကို‌ ယဇ်ပုရောဟိတ်များအား ပြော၏။" (ရှု၊ figs_idiom)

2 Chronicles 35:3-4

ဣသရေလရှင်ဘုရာင် ဒါဝိဒ်သားရှောလမုန်

အခြားသောဘာသာပြန်ဆိုချက်၊ "ရှင်ဘုရင် ရှောလမုန်၏ ခေါင်းဆောင်မှုအောက်တွင် လူများတို့သည် ဆောက်လုပ်ကြ၏။" (ရှု၊ figs_synecdoche)

အသင်းအဖွဲ့အတိုင်း၊ အဆွေအမျိုးအလိုက်

အခြားသောဘာသာပြန်ဆိုချက်၊ "သင်၏ မျိုးနွယ်စုများနှင့် မိသားစုများ။"

2 Chronicles 35:5-6

သန့်ရှင်းရာဌာနတော််၌ ရပ်နေကြလော့။

ဤနေရာတွင် 'သန့်ရှင်းရာဌာနတော်' သည် ဗိမာန်တော်ရှိ သာမာန်နေရာ ဖြစ်ပုံရသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဗိမာန်တော်အဝင်းတွင် နေရာယူကြလော့။"

အဆွေအမျိုး

လေဝိအမျိုးတမျိုးတိုင်းအတွက် ခန့်ထားသောအလုပ်အဖွဲ့ကို ရည်ညွှန်းသည်။

ညီအစ်ကိုအဘတို့ဆွေမျိုး

လေဝိအမျိုးမှ မျိုးနွယ်စုများကို ရည်ညွှန်းသည်။ လေဝိသားများသည် မျိုးနွယ်စုအလိုက် သို့မဟုတ် ဘိုးဘေးတို့ဆွေမျိုးအလိုက်ခန့်ထားသော တာဝန်အမျိုးအစားအလိုက် တာဝန်ခွဲဝေပေးပုံရသည်။

2 Chronicles 35:7-9

ယေဘုယျသတင်းအချက်အလက်

ရှု၊ translate_numbers and translate_names

ဆိတ်သငယ်

"ဆိတ်သူငယ်၊ ဆိတ်ကလေး။"

2 Chronicles 35:10-12

ဝတ်ပြုစရာပြင်ဆင်၍

ပသခါပွဲပြုလုပ်ဖို့ရန် သူတို့သည် အရာအားလုံးပြင်ဆင်ကြသည်။

the blood that they received from the Levites' hand

N/A

2 Chronicles 35:13-14

ကင်ကြ၏

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည် ချက်ပြုတ်ကြသည်။"

မြေအိုး၊ သံအိုး၊ သံကရား၌ပြုတ်၍

အခြားသောဘာသာပြန်ဆိုချက်၊ "၎င်းတို့ကို ရေဖြင့် အိုးများစွာတို့တွင် ချက်ပြုတ်ကြ၏။"

ကိုယ်အဘို့ကို၎င်း

(ရှု၊ figs_rpronouns)

2 Chronicles 35:15

ယေဘုယျသတင်းအချက်အလက်

ရှု၊ translate_names

မိမိတို့နေရာ၌

အခန်း ၃၀း၁၆ ဘာသာပြန်ပုံကို ကြည့်ပါ။

2 Chronicles 35:16-17

ဝတ်အလုံးစုံ

ပသခါပွဲအတွင်း ပြုလုပ်ရသော ပြင်ဆင်ခြင်း၊ ယဇ်ပူဇော်ခြင်း နှင့် ကိုးကွယ်ခြင်းစသည် အရာအားလုံးကို ကိုးကွယ်ခြင်းဝတ် ဟုခေါ်နိုင်သည်။

2 Chronicles 35:18-19

ဣသရေလ

ပထမ ဣသရေလသည် နိုင်ငံတခုလုံးကို ရည်ညွှန်း၍ ဒုတိယအသုံးပြုခြင်းသည် ဣသရေလနိုင်ငံ၏ မြောက်ပိုင်းမျိုးနွယ်စုများကို အတိတကျ ရည်ညွှန်းခြင်းဖြစ်သည်။

2 Chronicles 35:20-21

ယေဘုယျသတင်းအချက်အလက်

ရှု၊ translate_names

ဗိမာန်တော်ကိုပြင်ဆင်

အခြားသောဘာသာပြန်ဆိုချက်၊ "ဗိမာန်တော်ထဲတွင် ပုံမှန်ဝတ်ပြုခြင်း ပြန်လည်ပြုလုပ်သည်။"

အိုယုဒရှင်ဘုရင်၊ သင်သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း

အခြားသောဘာသာပြန်ဆိုချက်၊ "ယုဒရှင်ဘုရင်၊ သင်သည် ငါ့အား စစ်တိုက်ရန်အကြောင်းမရှိ။" (ရှု၊ figs_rquestion)

သင့်ကိုငါယနေ့စစ်ချီသည်မဟုတ်

အခြားသောဘာသာပြန်ဆိုချက်၊ "သင်၏ နိုင်ငံကို ငါသည် မတိုက်။" (ရှု၊ figs_metonymy)

ငါနှင့်စစ်တိုက်ဘက်ဖြစ်သော အမျိုးကိုစစ်ချီ၏

အခြားသောဘာသာပြန်ဆိုချက်၊ "ငါနှင့် စစ်တိုက်နေသော ဗာဗုလုန်ကို ဆန့်ကျင်၍။"

2 Chronicles 35:22-24

စစ်ပွဲထဲသို့ဝင်လေ၏

ဗာဗုလုန် စစ်တပ်နှင့် စစ်တိုက်၏။ (ရှု၊ figs_metonymy)

ဘုရားသခင်အမိန့်တော်

ဘုရားသခင်ထံမှ သို့မဟုတ် ဘုရားသခင် ပြောသော။

2 Chronicles 35:25-27

ယနေ့တိုင်အောင်

၅း၉ တွင် ပြန်ဆိုသည့်အတိုင်း ကြည့်ပါ။

2 Chronicles 36

2 Chronicles 36:1-2

ယောခတ်

(ရှု၊ translate_names)

2 Chronicles 36:3-4

ယေဘုယျသတင်းအချက်အလက်

ရှု၊ translate_names

အခွက်

(ရှု၊ translate_bmoney)

ယောခတ်ကို အဲဂုတ္တုပြည်သို့ယူသွား၏

အခြားသောဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုပြည်သို့ အကျဉ်းသားအဖြစ်ခေါ်သွားသည်။"

2 Chronicles 36:5-7

ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏

အခန်း ၂၁း၆ ဘာသာပြန်သည်ကို ကြည့်ပါ။

ချီလာ၍

အခြားသောဘာသာပြန်ဆိုချက်၊ "ယေရုရှလင်ကိုစစ်တိုက်၏။" (ရှု၊ figs_metonymy)

နေဗုခဒ်နေဇာသည်ချီလာ၍

နေဗုခဒ်နေဇာ၏ ကျွန်များသည် ချီလာ၍

2 Chronicles 36:8

ပြုမိသော ရွံရှာဘွယ်အမှု

ထာဝရဘုရား မုန်းတော်မူသော မှားယွင်းသော ဘုရားများကိုးကွယ်ခြင်းကို ရည်ညွှန်းလေ့ရှိသည်။

ထင်ရှားသောစိတ်သဘောသည်

သူ၏ ကိုယ်ကျင့်လက္ခဏာကို ရည်ညွှန်းခြင်းဖြစ်နိုင်သည်။ (ရှု၊ figs_idiom)

ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်

အခန်း ၃၅း၂၆ ဘာသာပြန်ကို ကြည့်ပါ။

2 Chronicles 36:9-10

ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏

အခန်း ၁၄း၁ ဘာသာပြန်ပုံကို ကြည့်ပါ။

2 Chronicles 36:11-12

ပရောဖက်ယေရမိရှေ့မျာ ကိုယ်ကိုမနှိမ့်ချ။

အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် မိမိကိုယ်ကိုမနှိမ့်ချ၊ ဘုရားသခင်ကို နာမခံ၍ ပရောဖက်ယေရမိပြောစကားကို နားမထောင်။"

ထာဝရဘုရား၏အမိန့်တော်

ဘုရားသခင် သူ့အား ပေးသောစကားများမှ။ (ရှု၊ figs_metonymy)

2 Chronicles 36:13-14

မိမိလည်ပင်းကို၎င်း၊ မိမိနှလုံးကို၎င်း၊ ခိုင်မာ‌စေ၏

ဤစကားစုနှစ်ခုသည် လူ၏ခေါင်းမာမှုကို ရည်ညွှန်းသည့် စကားများဖြစ်သည်။ ဤနှစ်လုံးပေါင်း၍ ဘုရားသခင်အပေါ် ဇေဒကိ၏ ပုန်ကန်မှုကို လေးနက်စေကြသည်။ (ရှု၊ figs_doublet and figs_idiom)

ရွံရှာဘွယ် ပြုမူမှုများ

ဤတစ်ခုနှင့် ဆင်တူသော အခန်း ၁၅း၈ ဘာသာပြန်ပုံကိုသွားကြည့်ပါ။

ထာဝရဘုရားသန့်ရှင်းစေတော်မူသော ဗိမာန်တော်ကို ညစ်ညူးစေကြ၏

အခြားသောဘာသာပြန်ဆိုချက်၊ "သန့်ရှင်းမည့် အရာများကို ညစ်ညူးစေကြသည်။"

2 Chronicles 36:15-16

အထပ်ထပ်

အခြားသောဘာသာပြန်ဆိုချက်၊ "အကြိမ်ပေါင်းများစွာ။"

there was no help for it

N/A

2 Chronicles 36:17

(ဘုရားသခင်သည်) ရှိသမျှတို့ကို ထိုရှင်ဘုရင်လက်သို့အပ်တော််မူ၏

အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ခါလဒဲစစ်တပ်အား သူတို့ကို နိုင်သောအခွင့်ကို ပေးတော်မူ၏။" (ရှု၊ figs_metonymy)

2 Chronicles 36:18-19

ယူသွား၏

သူ၏ စစ်သားများသည် ယူကြ၏။ (ရှု၊ figs_metonymy)

(သူတို့သည်) မီးရှို့၍

'သူတို့' သည် ဗာဗုလုန်စစ်သားများကို ရည်ညွှန်းသည်။

2 Chronicles 36:20-21

(ရှင်ဘုရင်သည်) သိမ်းသွား၍

ရှင်ဘုရင်၏ စစ်သားများသည် ခေါ်ဆောင်ကြသည်။ (ရှု၊ figs_metonymy)

2 Chronicles 36:22-23

နန်းစံပဌမနှစ်တွင်

(ရှု၊ translate_numbers)

အိမ်တော်ကိုငါတည်ဆောက်ရမည်အကြောင်းမှာထားတော်မူပြီ

အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့လုပ်သားများသည် ယေရုရှလင်မြို့တွင် အိမ်တော်ကို တည်ဆောက်ဖို့အမိန့်ပေးဖို့ရန် ငါ့ကို ခန့်ထားတော်မူပြီ။" (ရှု၊ figs_metonymy)