ဗမာစာ: tn

Updated ? hours ago # views See on DCS

Genesis

Genesis 1

Genesis 1:1-2

အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။

အစဦးကာလတွင် ဘုရားသခင်က ကောင်းကင်နှင့်မြေကြီး ဖန်ဆင်းခဲ့သည့် အကြောင်းဖြစ်သည်။ ဤအခန်း၏ ကျန်ရှိသော အပိုင်းကို အကျဉ်းချုပ်ထားခြင်းဖြစ်၏။ တချို့ ဘာသာစကားများတွင် "လွန်ခဲ့သော ရှေးကာလ၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏" ဟူ၍ ပြန်ဆိုထားသည်။ ပုံပြင်တစ်ပုဒ်ကဲ့သို့ မဟုတ်ဘဲ အမှန်တကယ် ဖြစ်ပျက်သကဲ့သို့ ပြန်ဆိုပါ။

အစအဦး၌

လောကနှင့် အရာခပ်သိမ်း၏ အစကို ညွှန်း၏။

ကောင်းကင်နှင့် မြေကြီး

ကောင်းကင်၊ မြေကြီးနှင့် ၎င်းတို့အထဲ၌ ရှိသမျှသော အရာအားလုံး

ကောင်းကင်

မိုဃ်းကောင်းကင်ကို ညွှန်း၏။

အဆင်းသဏ္ဍာန်မရှိ၊ လွတ်လပ်လဟာ

ထာဝရဘုရားက လောကကို စီမံခန့်ခွဲခြင်းမပြုမီ

နက်နဲရာအရပ်

ရေ သို့မဟုတ် "နက်နဲသောရေ" သို့မဟုတ် "ကျယ်ပြောသောရေ"

ရေမျက်နှာပြင်

ရေ သို့မဟုတ် "ရေထု" မျက်နှာပြင်

Genesis 1:3-5

အလင်းဖြစ်စေ

အမိန့်ပေးစကားဖြစ်သည်။ ဘုရားသခင်သည် အမိန့်တော်ဖြင့်၊ အလင်း ဖြစ်စေ၏။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-imperative/01.md]])

ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်၍

ဘုရားသခင်သည် အလင်းကိုမြင်၍ ကျေနပ်မှု ရှိတော်မူ၏။ ဤကျမ်းပိုဒ်ရှိ "ကောင်းသည်" ဟူရာတွင် "ကျေနပ်စေသည်" သို့မဟုတ် "သင့်စေသည်" ဟု အဓိပ္ပါယ် သက်ရောက်၏။

အလင်းနှင့် မှောင်မိုက်ကိုပိုင်ခြားခွဲထားတော်မူ၏

အလင်းနှင့် အမှောင်ကို ခွဲခြားသည် သို့မဟုတ် "အလင်းတလှည့် အမှောင်တလှည့် ဖြစ်စေသည်။" နေ့အချိန်နှင့် ညအချိန်ကို ထာဝရဘုရား ဖန်ဆင်းကြောင်း ဖော်ပြထားသည်။

ညဦးနှင့် နံနက်သည် ပဌမနေ့ရက်ဖြစ်လေ၏

ဤအရာကို ဘုရားသခင်က ဆောင်ရွက်လေရာ စကြဝဠာ ပေါက်ဖွားလာသည်။

ညဦးနှင့် နံနက်

တစ်ရက်တာ အချိန်ကို ဆိုလိုသည်။ ကျမ်းပြုရေးသားသူက တစ်ရက်ကို အပိုင်းနှစ်ပိုင်း ခွဲခြားလိုက်ခြင်းဖြစ်၏။ ဂျူး ထုံးတမ်းစဉ်လာအရ၊ နေဝင်ချိန်သည် ရက်တစ်ရက်၏ အစ ဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-merism/01.md]]))

Genesis 1:6-8

. . . ၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ . . . ခြားနားစေ

အမိန့်ပေးစကားဖြစ်သည်။ ဘုရားသခင်သည် အမိန့်တော်ဖြင့်၊ ရေကို မိုဃ်းမျက်နှာကြက် ဖြစ်စေပြီး ရေနှင့်ရေချင်း ခြားနားစေ၏။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-imperative/01.md]])

မိုဃ်းမျက်နှာကြက်

ကျယ်ပြန်သော လေဟာပြင်။ ဂျူးလူမျိုးများက အဆိုပါ လေဟာပြင်ဟူသည်မှာ အမိုးခုံး၏ အတွင်းပိုင်း သို့မဟုတ် ပန်းကန်လုံး၏ အတွင်းပိုင်းကို ပြောင်းပြန်လှန်သကဲ့သို့ ဖြစ်မည်ဟု အယူအဆ ရှိကြသည်။

ရေအလယ်၌

ရေအထဲတွင်

မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ . . . ရေနှင့်၊ . . . ရေကို ပိုင်းခြားတော်မူသည်

ဤနည်းဖြင့် ဘုရားသခင်က မိုဃ်းမျက်နှာကြက်ကို ဖန်ဆင်းပြီး ရေတို့ကို ပိုင်းခြားတော်မူ၏။ ထာဝရဘုရား မိန့်တော်မူသောအခါ၊ ထိုအတိုင်း ဖြစ်လေ၏။ ဘုရားသခင် မိန့်သောအခါ မည်သို့ ဖြစ်လာသည်အကြောင်းကို ဤစာကြောင်းက ရှင်းပြထားသည်။

. . . တော်မူသည်အတိုင်းဖြစ်လေ၏

ထိုသို့ဖြစ်လေ၏ သို့မဟုတ် "ထိုသို့ ဖြစ်ပျက်လေ၏။" ဘုရားသခင် မိန့်တော်မူသည်အတိုင်း ဖြစ်လာသည်။ ဤဝေါဟာရသည် အဆိုပါ အခန်းတလျှောက်တွင် တွေ့ရပြီး၊ ဆိုလိုသည့် အဓိပ္ပါယ်မှာ တူညီပါသည်။

ညဦးနှင့် နံနက်

တစ်ရက်တာ အချိန်ကို ဆိုလိုသည်။ ကျမ်းပြုရေးသားသူက တစ်ရက်ကို အပိုင်းနှစ်ပိုင်း ခွဲခြားလိုက်ခြင်းဖြစ်၏။ ဂျူး ထုံးတမ်းစဉ်လာအရ၊ နေဝင်ချိန်သည် ရက်တစ်ရက်၏ အစ ဖြစ်သည်။ ကမ္ဘာဦးကျမ်း ၁း၅ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-merism/01.md]]))

ဒုတိယနေ့ရက်

စကြဝဠာ မွေးဖွားပြီး ဒုတိယရက်ကို ဆိုလို၏။ ကမ္ဘာဦးကျမ်း ၁း၅ တွင် "ပထမနေ့ရက်" ပြန်ဆိုထားသည်ကို ကြည့်ရှုပြီး နောင်တွင် ဆက်လက် ပြန်ဆိုသင့်မသင့်ကို ဘာသာပြန်သူမှ ဆုံးဖြတ်ပါ။

Genesis 1:9-10

ရေစုဝေးစေ

အမိန့်ပေးစကားဖြစ်သည်။ ဘုရားသခင်သည် အမိန့်တော်ဖြင့်၊ ရေများကို စုဝေးစေ၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရေစုဝေးစေ" သို့မဟုတ် "ရေများ စုပြုံစေ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]] and [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-imperative/01.md]])

ကုန်းပေါ်စေ

ကုန်းသည် ရေအောက်တွင် ရှိခဲ့သည်။ သို့သော်၊ ယခုတွင် ရေများ ရွှေ့ပြောင်းလျက် ခြောက်သွေ့လာမည်ဖြစ်၏။ အမိန့်ပေးစကားဖြစ်သည်။ ဘုရားသခင်သည် အမိန့်တော်ဖြင့်၊ ခြောက်သွေ့သောမြေ ထွက်ပေါ်စေ၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ခြောက်သွေ့သောမြေပေါ်စေ" သို့မဟုတ် "‌ခြောက်သွေ့သောမြေ မြင်ရစေ" သို့မဟုတ် "ကုန်းမြေ ထွက်ပေါ်စေ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-imperative/01.md]])

ကုန်း

ရေမရှိသော ခြောက်သွေ့သည့် မြေကို ဆိုလိုသည်။ တောင်ယာစပါး စိုက်ပျိုး၍ မရသော ခြောက်သွေ့မြေ မဟုတ်။

. . . သည်အတိုင်း ဖြစ်လေ၏

ထိုသို့ ဖြစ်လေ၏ သို့မဟုတ် "ထိုသို့ ဖြစ်ခဲ့၏။" ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ဖြစ်လာသည်။ ဤဝေါဟာရကို ဖော်ပြပါ အခန်း တလျှောက်တွင် တွေ့ရပြီး၊ တူညီသော အဓိပ္ပါယ်ကိုဆောင်သည်။

ကုန်းကိုမြေဟူသော အမည်ဖြင့်၎င်း၊

ခြောက်သွေ့သောအရပ်ကို မြေဟု၎င်း၊

ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏

"ထိုအမှုအရာ" ဟူရာတွင် ကုန်းနှင့်ရေကို ညွှန်း၏။ ကမ္ဘာဦးကျမ်း ၁း၄ တွင် ပြန်ဆိုချက်ကို ရှုပါ။

Genesis 1:11-13

စပါးသီးကို ဖြစ်စေသော စပါးပင်ကို၎င်း၊ . . . ပေါက်စေ

အမိန့်ပေးစကားဖြစ်သည်။ ဘုရားသခင်သည် အမိန့်တော်ဖြင့်၊ မြေပေါ်တွင် စပါးပင်ပေါက်စေ၏။

စပါးသီးကို ဖြစ်စေသော စပါးပင်ကို၎င်း၊ မြေပေါ် မှာ မျိုးစေ့ပါလျက် သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင်ကို၎င်း၊ ပေါက်စေ

မျိုးစေ့ပါသောအပင်နှင့် သစ်သီးမျိုးဖြစ်စေသောအပင်မှအစ သဘာဝပေါက်ပင်မျာ ဖြစ်စေ သို့မဟုတ် "သဘာဝပေါက်ပင်များဖြစ်စေ။ မျိုးစေ့ပါသောအပင်နှင့် အသီးသီးသောအပင်များ ပေါက်စေ။" "သဘာဝပေါက်ပင်" ဟု ဆိုရာတွင် သစ်ပင်ငယ်နှင့် သစ်ပင်ကြီးများအားလုံးကို ခြုံငုံသော ဝေါဟာရ စကားလုံးဖြစ်သည်။

သစ်ပင်

ပင်စည်မာသော အပင်မျိုးသာ မဟုတ်သည့်၊ ပင်စည်နုသော ပေါက်ပင်များကိုလည်း ဆိုလိုသည်။

သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင်

မျိုးစေ့ပါသောအသီးကို သီးသော အပင်မျိုး

each according to its own kind

Not applicable

. . . သည် အတိုင်း ဖြစ်လေ၏

ထိုသို့ ဖြစ်လေ၏ သို့မဟုတ် "ထိုသို့ ဖြစ်ခဲ့၏။" ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ဖြစ်လာသည်။ ဤဝေါဟာရကို ဖော်ပြပါ အခန်း တလျှောက်တွင် တွေ့ရပြီး၊ တူညီသော အဓိပ္ပါယ်ကိုဆောင်သည်။ ကမ္ဘာဦးကျမ်း ၁း၇ မှ ပြန်ဆိုချက်ကိုရှု။

ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ . . . ၏

"ထိုအမှုအရာ" ဆိုရာတွင် သဘာဝပေါက်ပင်များနှင့် သစ်ပင်များကို ညွှန်းဆိုသည်။ ကမ္ဘာဦးကျမ်း ၁း၁၀ မှ ပြန်ဆိုချက်ကိုရှု။

ညဦးနှင့် နံနက်

တစ်ရက်တာ အချိန်ကို ဆိုလိုသည်။ ကျမ်းပြုရေးသားသူက တစ်ရက်ကို အပိုင်းနှစ်ပိုင်း ခွဲခြားလိုက်ခြင်းဖြစ်၏။ ဂျူး ထုံးတမ်းစဉ်လာအရ၊ နေဝင်ချိန်သည် ရက်တစ်ရက်၏ အစ ဖြစ်သည်။ ကမ္ဘာဦးကျမ်း ၁း၅ မှ ပြန်ဆိုချက်ကိုရှု။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-merism/01.md]]))

တတိယနေ့ရက်

စကြဝဠာ မွေးဖွားပြီး တတိယရက်ကို ဆိုလို၏။ ကမ္ဘာဦးကျမ်း ၁း၅ တွင် "ပထမနေ့ရက်" ပြန်ဆိုထားသည်ကို ကြည့်ရှုပြီး နောင်တွင် ဆက်လက် ပြန်ဆိုသင့်မသင့်ကို ဘာသာပြန်သူမှ ဆုံးဖြတ်ပါ။

Genesis 1:14-15

မိုဃ်းကောင်းကင်မျက်နှာကြက်၌ အလင်းအိမ် တည်စေ

အမိန့်ပေးစကားဖြစ်သည်။ ဘုရားသခင်သည် အမိန့်တော်ဖြင့်၊ ကောင်းကင်၌ အလင်းဖြစ်စေ၏။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-imperative/01.md]])

မိုဃ်းကောင်းကင်မျက်နှာကြက်၌ အလင်းအိမ်

မိုဃ်းကောင်းကင်၌ လင်းသောအရာများ သို့မဟုတ် "မိုဃ်းကောင်းကင်၌ အလင်းပေးသောအရာများ။" နေ၊ လနှင့် ကြယ်များကို ညွှန်းခြင်းဖြစ်သည်။

မိုဃ်းကောင်းကင်မျက်နှာကြက်၌

မိုဃ်းကောင်းကင် မျက်နှာပြင် သို့မဟုတ် "မိုဃ်းကောင်းကင်၏ ကြယ်ပြောသော လေဟာပြင်"

နေ့နှင့်ညဉ့်ကို ပိုင်းခြားစေခြင်းငှါ

နေ့ကို ညဉ့်မှ ပိုင်းခြားစေခြင်းငှါ။ "နေ့နှင့် ညဉ့်၏ ကွာခြားမှုကို သိစေခြင်းငှါ" ဟူ၍ ဆိုလိုခြင်းဖြစ်သည်။ နေသည် နေ့အချိန်ကို၎င်း၊ လနှင့် ကြယ်များသည် ညဉ့်အချိန်ကို၎င်း ညွှန်းဆို၏။

နိမိတ်လက္ခဏာ . . . ဖြစ်စေ

အမိန့်ပေးစကားဖြစ်သည်။ ဘုရားသခင်သည် အမိန့်တော်ဖြင့်၊ ဤအရာများကို နိမိတ်လက္ခဏာ ဖြစ်စေ၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "နိမိတ်လက္ခဏာ . . . အဖြစ် ဆောင်ရွက်စေ" သို့မဟုတ် "နိမိတ် . . . ပြစေ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-imperative/01.md]])

နိမိတ်လက္ခဏာ

တစုံတခုကို ပြသ သို့မဟုတ် ညွှန်ပြသောအရာကို ဆိုလိုသည်။

ချိန်းချက်သောအချိန်၊ နေ့ရက် အပိုင်းအခြား၊ နှစ်အပိုင်းအခြားဘို့

နေ၊ လနှင့် ကြယ်တို့သည် အချိန်ကို ညွှန်ပြပေး၏။ ထို့ကြောင့် အပတ်စဉ်၊ လစဉ်၊ သို့မဟုတ် နှစ်စဉ် ဖြစ်ပျက်သောအရာများ၏ အချိန်အခါကို နားလည်သဘောပေါက်စေသည်။

ချိန်းချက်သောအချိန်

ပွဲရက်နှင့် တခြားအရာများ ပြုလုပ်ရန် လူတို့ ခွဲခြားသတ်မှတ်ထားသော အချိန်

မိုဃ်းကောင်းကင် မျက်နှာကြက်၌တည်၍ မြေကြီးလင်းစရာ အလင်းအိမ်ဖြစ်စေ

အမိန့်ပေးစကားဖြစ်သည်။ ဘုရားသခင်သည် အမိန့်တော်ဖြင့်၊ မြေကြီးကို လင်းစေသော အလင်းအိမ် ဖြစ်စေ၏။

မြေကြီးလင်းစရာ

မြေကြီးကို အလင်းပေးရန် သို့မဟုတ် "မြေကြီး လင်းစေရန်။" ကမ္ဘာကြီးမှာ ကိုယ်ပိုင် အလင်း မထုတ်နိုင်သော်လည်း အလင်းပြန်စေတတ်သည်။

. . . သည့်အတိုင်းဖြစ်လေ၏

ထိုသို့ဖြစ်လေ၏ သို့မဟုတ် "ထိုသို့ ဖြစ်ပျက်လေ၏။" ဘုရားသခင် မိန့်တော်မူသည်အတိုင်း ဖြစ်လာသည်။ ဤဝေါဟာရသည် အဆိုပါ အခန်းတလျှောက်တွင် တွေ့ရပြီး၊ ဆိုလိုသည့် အဓိပ္ပါယ်မှာ တူညီပါသည်။ ကမ္ဘာဦးကျမ်း ၁း၇ မှ ပြန်ဆိုချက်ကို ရှု။

Genesis 1:16-19

အလင်းအိမ်ကြီး နှစ်လုံး . . . ကို ဖန်ဆင်းတော်မူပြီးလျှင်

အလင်းအိမ်ကြီး နှစ်လုံးကို ဘုရားသခင် ဖန်ဆင်းခဲ့သည်။ ဘုရားသခင် မိန့်တော်မူသည့်အခါ မည်သို့ ဆိုခဲ့ကြောင်းကို ဤကျမ်းပိုဒ်တွင် တွေ့နိုင်သည်။

အလင်းအိမ်ကြီး နှစ်လုံး

ကြီးမားသော အလင်းအိမ် နှစ်လုံး သို့မဟုတ် "တောက်ပသော အလင်း နှစ်ခု။" နေနှင့် လတို့မှာ အဆိုပါ အလင်းအိမ်ကြီး နှစ်လုံးဖြစ်သည်။

နေ့ကိုအုပ်စိုးရသော

အလင်းအိမ်ကြီးနှစ်လုံးအား လူ့ပြည်ကို အစိုးရသည့် မင်းများပမာ တင်စားခေါ်ဝေါ်ထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လူကိုအုပ်စိုးသော မင်းများပမာ နေ့အချိန်ကို အစိုးရသော" သို့မဟုတ် "နေ့အချိန်ကို ခွဲခန့်သတ်မှတ်သော" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-personification/01.md]] နှင့် [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metaphor/01.md]]))

နေ့

နေ့အချိန်ကို ညွှန်း၏။

အငယ်တလုံး

အလင်ငယ် သို့မဟုတ် "အလင်းဖျော့"

မိုဃ်းကောင်းကင် မျက်နှာကြက်၌

မိုဃ်းကောင်းကင်ထက်၌ သို့မဟုတ် "မိုဃ်းကောင်းကင်၏ လေဟာပြင်ထဲ၌"

အလင်းနှင့်မှောင်မိုက်ကို ပိုင်းခြားစေခြင်းငှာ

မှောင်မိုက်မှ အလင်းကို ခွဲထုတ်စေခြင်းငှာ သို့မဟုတ် "အလင်းပေးချိန်နှင့် မှောင်မိုက်ချိန် ရှိစေခြင်းငှာ။" ကမ္ဘာဦးကျမ်း ၁း၄ မှ ပြန်ဆိုချက်ကို ရှု။

ထိုအမှုအရာ ကောင်းသည်ကို ဘုရား သခင်မြင်တော်မူ၍၊

"ထိုအမှုအရာ" ဆိုရာတွင် နေ၊ လနှင့် ကြယ်များကို ညွှန်း၏။ ကမ္ဘာဦးကျမ်း ၁း၄ မှ ပြန်ဆိုချက်ကို ရှု။

ညဦးနှင့် နံနက်

တစ်ရက်တာ အချိန်ကို ဆိုလိုသည်။ ကျမ်းပြုရေးသားသူက တစ်ရက်ကို အပိုင်းနှစ်ပိုင်း ခွဲခြားလိုက်ခြင်းဖြစ်၏။ ဂျူး ထုံးတမ်းစဉ်လာအရ၊ နေဝင်ချိန်သည် ရက်တစ်ရက်၏ အစ ဖြစ်သည်။ ကမ္ဘာဦးကျမ်း ၁း၅ မှ ပြန်ဆိုချက်ကိုရှု။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-merism/01.md]]))

စတုတ္ထနေ့ရက်

စကြဝဠာ မွေးဖွားပြီး စတုတ္ထရက်ကို ဆိုလို၏။ ကမ္ဘာဦးကျမ်း ၁း၅ တွင် "ပထမနေ့ရက်" ပြန်ဆိုထားသည်ကို ကြည့်ရှုပြီး နောင်တွင် ဆက်လက် ပြန်ဆိုသင့်မသင့်ကို ဘာသာပြန်သူမှ ဆုံးဖြတ်ပါ။

Genesis 1:20-21

အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည် များပြားစွာ မွေးဘွားစေ

အမိန့်ပေးစကားဖြစ်သည်။ ဘုရားသခင်သည် အမိန့်တော်ဖြင့်၊ အသက်ရှင်သော တိရစ္ဆာန်တို့ကို ရေတွင် များပြားစွာ ပေါက်ဖွားစေ၏။ တချို့ ဘာသာစကားများတွင် ငါးနှင့် ရေအောက် သတ္တဝါများကို ဝေါဟာရတစ်လုံးဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရေသည် သတ္တဝါအပေါင်းတို့ဖြင့် ပြည့်နှက်စေ" သို့မဟုတ် "ပင်လယ် သမုဒ္ဒရာတွင် အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန် များပြားစွာ မွေးဘွားစေ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-imperative/01.md]])

ငှက်တို့လည်း . . . ပျံစေ

အမိန့်ပေးစကားဖြစ်သည်။ ဘုရားသခင်သည် အမိန့်တော်ဖြင့်၊ ငှက်တို့ကို ပျံဝဲစေ၏။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-imperative/01.md]])

ငှတ်တို့

ပျံတတ်သော တိရစ္ဆာန်များ သို့မဟုတ် "ပျံတတ်သောအရာများ"

မိုဃ်းကောင်းကင် မျက်နှာကြက်ပြင်

မိုဃ်းကောင်းကင် လေဟာပြင် သို့မဟုတ် "မိုဃ်းကောင်းကင်"

ဘုရားသခင် ဖန်ဆင်း၍

ဘုရားသခင်သည် ဖန်ဆင်း၍

ငါးကြီး

ပင်လယ်တွင်နေထိုင်သည့် ကြီးမားသော တိရစ္ဆာန်များ

အမျိုးအလိုက်

ပေါက်ဖွားရာတိရစ္ဆာန်နှင့် "အမျိုး" တူသော သက်ရှိသတ္တဝါ

ပျံတက်သော ငှက်မျိုးအပေါင်းတို့

အတောင်ပါသော ပျံတတ်သည့် ငှက်အပေါင်းတို့။ ငှက်ဟူသည် အတောင်ပါပြီးဖြစ်သည့်အတွက်၊ တချို့ ဘာသာစကားများတွင် "ငှက်မျိုးအပေါင်းတို့" ဟု ရိုးရှင်းစွာ အသုံးပြုလျှင် ပို၍ သဘာဝဆန်ပါမည်။

ထိုအမူအရာကောင်းသည်ကို မြင်တော်မူ၏

"ထိုအမှုအရာ" ဟု ဆိုရာတွင် ငှက်နှင့် ငါးတို့ကို ညွှန်းဆိုသည်။ ကမ္ဘာဦးကျမ်း ၁း၄ မှ ပြန်ဆိုချက်ကို ရှု။

Genesis 1:22-23

ထိုတိရစ္ဆာန်တို့ကို ကောင်းကြီးပေးတော်မူ၍

ဖန်ဆင်းတော်မူသော တိရစ္ဆာန်တို့ကို ကောင်းကြီးပေးတော်မူ၍

များပြားစွာ မွေးဘွားကြလော့

ဘုရားသခင်ပေးသော ကောင်းချီးမင်္ဂလာဖြစ်သည်။ ပင်လယ်တွင် များပြားစွာ ရှိစေခြင်းငှာ ပင်လယ် တိရစ္ဆာန်များကို များပြားစွာ မွေးဘွားရန် မိန့်တော်မူသည်။ "များပြားစွာ" ဟူသည်မှာ "တိုးပွား" ခြင်းသဘောကို ဆောင်ပါသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-doublet/01.md]] နှင့် [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-idiom/01.md]])

များပြားစွာ မွေးဘွား

အဆမတန် တိုးပွား

ငှက်တို့လည်း . . . များပြားစေသတည်း

အမိန့်ပေးစကားဖြစ်သည်။ ဘုရားသခင်သည် အမိန့်တော်ဖြင့်၊ ငှက်တို့ကို များပြားစေ၏။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-imperative/01.md]])

ငှက်တို့

ပျံတတ်သော တိရစ္ဆာန်များ သို့မဟုတ် "ပျံတတ်သောအရာများ။" ကမ္ဘာဦးကျမ်း ၁း၂၀ မှ ပြန်ဆိုချက်ကို ရှု။

ညဦးနှင့်နံနက်

တစ်ရက်တာ အချိန်ကို ဆိုလိုသည်။ ကျမ်းပြုရေးသားသူက တစ်ရက်ကို အပိုင်းနှစ်ပိုင်း ခွဲခြားလိုက်ခြင်းဖြစ်၏။ ဂျူး ထုံးတမ်းစဉ်လာအရ၊ နေဝင်ချိန်သည် ရက်တစ်ရက်၏ အစ ဖြစ်သည်။ ကမ္ဘာဦးကျမ်း ၁း၅ မှ ပြန်ဆိုချက်ကိုရှု။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-merism/01.md]]))

ပဥ္စမနေ့ရက်

စကြဝဠာ မွေးဖွားပြီး ပဉ္စမရက်ကို ဆိုလို၏။ ကမ္ဘာဦးကျမ်း ၁း၅ တွင် "ပထမနေ့ရက်" ပြန်ဆိုထားသည်ကို ကြည့်ရှုပြီး နောင်တွင် ဆက်လက် ပြန်ဆိုသင့်မသင့်ကို ဘာသာပြန်သူမှ ဆုံးဖြတ်ပါ။

Genesis 1:24-25

မြေသည် အသက်ရှင်သောသတ္တဝါမျိုး . . . မွေးဘွားစေ

မြေသည် အသက်ရှင်သောသတ္တဝါမျိုး . . . မွေးဘွားစေ သို့မဟုတ် "မြေပေါ်၌ အသက်ရှင်သောသတ္တဝါများ နေထိုင်စေ။" အမိန့်ပေးစကားဖြစ်သည်။ ဘုရားသခင်သည် အမိန့်တော်ဖြင့်၊ မြေ၌ သတ္တဝါများ မွေးဘွားစေ၏။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-imperative/01.md]])

each according to its own kind

Not applicable

သားယဉ်တို့ကို၎င်း၊ တွားတတ်သော တိရစ္ဆာန်တို့ကို၎င်း၊ သားရဲမျိုးတို့ကို၎င်း၊

ဤကျမ်းပိုဒ်တွင် တိရစ္ဆာန်မျိုးအပေါင်းတို့ကို ဘုရားသခင် ဖန်ဆင်းတော်မူကြောင်း တင်ပြထားသည်။ အထက်ပါ တိရစ္ဆာန်မျိုးများကို ခေါ်ဆိုရာ၌ မတူညီသော အခေါ်အဝေါ်များ ရှိပါက၊ ထိုဝေါဟာရကို အသုံးပြုနိုင်သည်။ သို့မဟုတ် အထက်ပါအတိုင်းလည်း ပြန်ဆိုနိုင်သည်။

သားယဉ်

လူတို့ မွေးမြူသော တိရစ္ဆာန်အမျိုး

တွားတတ်သော တိရစ္ဆာန်

တိရစ္ဆာန် အကောင်ငယ်မျိုး

သားရဲမျိုး

သားရိုင်းတိရစ္ဆာန်မျိုး သို့မဟုတ် "အန္တရာယ်ရှိသော တိရစ္ဆာန်မျိုး"

. . . သည်အတိုင်း ဖြစ်လေ၏

ထိုသို့ဖြစ်လေ၏ သို့မဟုတ် "ထိုသို့ ဖြစ်ပျက်လေ၏။" ဘုရားသခင် မိန့်တော်မူသည်အတိုင်း ဖြစ်လာသည်။ ဤဝေါဟာရကို အဆိုပါ အခန်းတလျှောက်တွင် တွေ့ရပြီး၊ ဆိုလိုသည့် အဓိပ္ပါယ်မှာ တူညီပါသည်။ ကမ္ဘာဦးကျမ်း ၁း၇ မှ ပြန်ဆိုချက်ကို ရှု။

ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုး အပေါင်းတို့ကို ဖန်ဆင်း၍

ဘုရားသခင်သည် တိရစ္ဆာန်အပေါင်းတို့ကို ဤသို့ ဖန်ဆင်း၍

ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏

"ထိုအမှုအရာ" ဟု ဆိုရာတွင် မြေပေါ်တွင် နေထိုင်သော သက်ရှိတိရစ္ဆာန်အပေါင်းကို ဆိုလိုသည်။ ကမ္ဘာဦးကျမ်း ၁း၄ မှ ပြန်ဆိုချက်ကို ရှု။

Genesis 1:26-27

ငါတို့ . . . ဖန်ဆင်းကြစို့

"ငါတို့" ဟု ဆိုရာတွင် ဘုရားသခင်ကို ညွှန်းဆိုခြင်းဖြစ်သည်။ ပြုတော်မူမည့်အရာကို မိန့်လိုက်ခြင်းဖြစ်သည်။ သို့ရာတွင် "ငါတို့" ဟူ၍ အများနာမ်စားကို သုံးနှုန်းထား၏။ ထိုသို့ အသုံးပြုရခြင်း၏ ဖြစ်နိုင်ချေ အကြောင်းရင်းမှာ ၁) ကောင်းကင်ဘုံတွင် ဘုရားသခင်သည် ကောင်းကင်တမန်များနှင့်အတူ ဆွေးနွေးနေ၍ ဖြစ်ပေမည် သို့မဟုတ်က ၂) အဆိုပါ အများညွှန်းပုဒ်က ဓမ္မသစ်ကာလတွင် သုံးပါးတစ်ဆူဘုရားအဖြစ် ထင်ရှားတော်မူမည့်အရိပ်ကို ပြနေခြင်းလည်း ဖြစ်ပေမည်။ "ငါ . . . ဖန်ဆင်းအံ့" ဟူ၍ ပြန်ဆိုသူများလည်း ရှိ၏။ သို့ရာတွင်၊ မူရင်းစကားလုံးမှာ အများကို ညွှန်းကြောင်း မှတ်ချက်ပေးရပါမည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-pronouns/01.md]])

လူ

သက်ရှိလူသား

ငါတို့ ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍန်တည်း

အထက်ပါ ဝေါဟာရနှစ်ခုမှာ အဓိပ္ပါယ်တူ၏။ လူသားအနွယ်ကို မိမိနှင့် တသဏ္ဍာန်တည်း ဖြစ်ရမည်ဟု ဘုရားသခင် မိန့်လိုက်ခြင်း ဖြစ်သည်။ သို့ရာတွင် မည်သို့ဖြင့် ဘုရားသခင်နှင့် တသဏ္ဍာန်တည်းဖြစ်မည်အကြောင်း ဖော်ပြထားခြင်းမရှိ။ ထာဝရဘုရားတွင် ခန္ဓာတော်မရှိ။ ထို့ကြောင့် ဘုရားသခင်နှင့် ရုပ်အဆင်း တူညီမည်ဟု မိန့်တော်မူခြင်း မဟုတ်တန်ရာ။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါတို့နှင့် တူသော" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-doublet/01.md]] နှင့် [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-pronouns/01.md]])

အုပ်စိုးစေ

အစိုးရစေ သို့မဟုတ် "အစိုးပိုင်စေ"

God created man ... he created him

Not applicable

ဘုရားသခင်သည် . . . လူကိုဖန်ဆင်းတော်မူ၏

ဘုရားသခင်၏ လူကို အခြားသောအရာများနှင့်မတူ တမူထူးခြားစွာ ဖန်ဆင်း၏။ ထို့ကြောင့် လူကို နှုတ်မိန့်ဖြင့်သာ ဖန်ဆင်းသည်ဟု ရေးသားခြင်းမပြုရ။

Genesis 1:28-29

သူတို့ကိုကောင်းကြီးပေးတော်မူ၏

"သူတို့" ဟူသည့် နာမ်စားပုဒ်မှာ လူယောက်ျားနှင့် လူမိန်းမကို ညွှန်းဆိုခြင်းဖြစ်သည်။

များပြားစွာ မွေးဘွားကြလော့

မိမိနှင့်တူသော လူကို များပြားစွာ ဖွားမြင်ရန် ဘုရားသခင် မိန့်တော်မူခဲ့သည်။ "များပြားစွာ" ဟူသည်မှာ "တိုးပွား" ရန် ဆိုလိုခြင်ဖြစ်သည်။ ကမ္ဘာဦးကျမ်း ၁း၂၂ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-doublet/01.md]] and [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-idiom/01.md]])

မြေကြီးကို ပြည့်စေ

မြေကြီးကို လူနှင့် ပြည့်စေ

Genesis 1:30

ယေဘုယျ အချက်အလက်

ဘုရားသခင် ဆက်လက်၍ မိန့်မှာသည်။

မိုဃ်းကောင်းကင်ငှက်

ကောင်းကင်၌ ပျံဝဲသောငှက်

အသက်ရှင်

အသက်ရှူနိုင်။ ဤဝေါဟာရက အပင်နှင့် တိရစ္ဆာန်တို့၏ ကွာဟချက်ကို မြင်သာစေသည်။ အပင်သည် အသက်မရှူနိုင်။ တိရစ္ဆာန်၏ အစာများ ဖြစ်ကြရသည်။ ဖော်ပြပါ ကျမ်းပိုဒ်ရှိ "အသက်" ဟူသည်မှာ လှုပ်ရှား သက်ရှင်မှုကို ဆိုလိုသည်။

. . . သည်အတိုင်းဖြစ်လေ၏

ထိုသို့ဖြစ်လေ၏ သို့မဟုတ် "ထိုသို့ ဖြစ်ပျက်လေ၏။" ဘုရားသခင် မိန့်တော်မူသည်အတိုင်း ဖြစ်လာသည်။ ဤဝေါဟာရသည် အဆိုပါ အခန်းတလျှောက်တွင် တွေ့ရပြီး၊ ဆိုလိုသည့် အဓိပ္ပါယ်မှာ တူညီပါသည်။ ကမ္ဘာဦးကျမ်း ၁း၇ မှ ပြန်ဆိုချက်ကို ရှု။

Behold, it

Not Applicable

အလွန်ကောင်းသည်

ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသော အရာတို့ကို ကြည့်ရှုသောအခါ၊ "အလွန်ကောင်းသည်" ဟူ၏။ ကမ္ဘာဦးကျမ်း ၁း၁၀ မှ ပြန်ဆိုချက်ကို ရှု။

ညဦးနှင့် နံနက်

တစ်ရက်တာ အချိန်ကို ဆိုလိုသည်။ ကျမ်းပြုရေးသားသူက တစ်ရက်ကို အပိုင်းနှစ်ပိုင်း ခွဲခြားလိုက်ခြင်းဖြစ်၏။ ဂျူး ထုံးတမ်းစဉ်လာအရ၊ နေဝင်ချိန်သည် ရက်တစ်ရက်၏ အစ ဖြစ်သည်။ ကမ္ဘာဦးကျမ်း ၁း၅ မှ ပြန်ဆိုချက်ကိုရှု။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-merism/01.md]]))

ဆဌမနေ့ရက်

စကြဝဠာ မွေးဖွားပြီး ဆဌမရက်ကို ဆိုလို၏။ ကမ္ဘာဦးကျမ်း ၁း၅ တွင် "ပထမနေ့ရက်" ပြန်ဆိုထားသည်ကို ကြည့်ရှုပြီး နောင်တွင် ဆက်လက် ပြန်ဆိုသင့်မသင့်ကို ဘာသာပြန်သူမှ ဆုံးဖြတ်ပါ။

Genesis 2

Genesis 2:1-3

ကောင်းကင်

မိုဃ်းကောင်းကင် သို့မဟုတ် "မိုဃ်းမျက်နှာပြင်"

ခပ်သိမ်းသော တန်ဆာ

၎င်းအထဲ၌ရှိသော သက်ရှိသတ္တဝါအပေါင်း သို့မဟုတ် "ခပ်သိမ်းသော သတ္တဝါအပေါင်း"

ပြီးစီးလျက်ရှိကြ၏

ကတ္တားပုဒ်အဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်က ဖန်ဆင်းပြီး၏။" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

သတ္တမနေ့ရက်ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီး

သတ္တမနေ့တွင် ဘုရားသခင် အမှု မပြုတော့ပါ

လက်စသတ်တော်မူခဲ့ပြီး

ဥပစာ (သို့) ဒေသိယစကား ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ပြန်းစီးခဲ့ပြီ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-idiom/01.md]])

ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏

ထိုနေ့တွင် အမှုမပြုပါ။

ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းကြီးပေး၍

ဤစာပိုဒ်ကို ဖော်ပြပါအတိုင်း အဓိပ္ပါယ် ဖွင့်ဆိုနိုင်ရာ၊ ၁) ဘုရားသခင်သည် သတ္တမနေ့တွင် ကောင်းသော ရလဒ် ထွက်ပေါ်စေသည် သို့မဟုတ် ၂) သတ္တမကို ကောင်းသည်ဟု မိန့်လိုက်ခြင်းဖြစ်သည်။

သန့်ရှင်းစေတော်မူ၏

ခွဲခန့်တော်မူ၏ သို့မဟုတ် "မိမိအဖို့ သတ်မှတ်တော်မူ၏"

ထိုနေ့ရက်၌ ငြိမ်ဝပ်စွာ နေတော်မူ၏

အလုပ်မှ နားတော်မူ၏

Genesis 2:4-6

ယေဘုယျ အချက်အလက်

ကမ္ဘာဦးကျမ်း ၂ ၏ ကျန်ရှိသော အပိုဒ်များတွင် ဆဌမနေ့ရက်၌ ပြုသောအမှုများကို ဖော်ပြထားသည်။

ဤအကြောင်းအရာကား . . . ကောင်းကင်နှင့်မြေကြီး၏ မူလအတ္ထုပတ္တိပေတည်း

ဤအကြောင်းအရာကား ... ကောင်းကင်နှင့် မြေကြီး၏ သမိုင်းမှတ်တမ်းပေတည်း သို့မဟုတ် "ဤအကြောင်းအရာကား ... ကောင်းကင်နှင့် မြေကြီး၏ သမိုင်းရာဇဝင်ပေတည်း။" အောက်ပါအတိုင်း အဓိပ္ပါယ် ဖွင့်ဆိုနိုင်သည်။ ၁) ကမ္ဘာဦးကျမ်း ၁း၁-၂း၃ တွင် ဖော်ပြထားသည့် ဖြစ်ရပ်များကို အကျဉ်းချုပ်ပေးလိုက်ခြင်းဖြစ်နိုင်သည် သို့မဟုတ် ၂) ကမ္ဘာဦးကျမ်း ၂ မှ ဖြစ်ရပ်များကို အဖွင့် မိတ်ဆက်ပေးလိုက်ခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ဖြင့် ပြန်ဆိုပါစေ၊ ကျမ်းစာ ဖတ်ရှုသူများ နားလည်နိုင်အောင် ပြန်ဆိုပေးရပါမည်။

ဖန်ဆင်းရာကာလ

ယာဝေး ဘုရား ဖန်ဆင်းခဲ့သည်။ အခန်းကြီး ၁ တွင် ကျမ်းပြုဆရာက ဘုရားသခင်ကို "ဘုရားသခင်" ဟုသာ ခေါ်ဝေါ်ခဲ့ရာ၊ အခန်းကြီး ၂ သို့ ရောက်သောအခါ "ယာဝေး ဘုရား" ဟုသာ သမုတ်လေသည်။

ထာဝရအရှင်ဘုရားသခင် . . . ဖန်ဆင်းတော်မူသောနေ့

ယာဝေးဘုရားသခင် ... ဖန်ဆင်းတော်မူသောနေ့။ "နေ့" ဟု ဆိုရာတွင် ဖန်ဆင်းခြင်းကာလ တလျှောက်လုံးကို ခြုံပြောလိုက်ခြင်းဖြစ်ပြီး၊ တစ်နေ့တာမျှ ညွှန်းခြင်းမဟုတ်။

Yahweh

Not applicable

မြေ၌ လယ်ယာပျိုးပင်မပေါက်မှီ

တိရစ္ဆာန်တို့ စားစရာဖို့ ပျိုးပင် မပေါက်မှီ

လယ်ယာ၌ စပါးပင်မကြီးပွားမှီ

တိရစ္ဆာန်နှင့် လူတို့ စားစရာဖို့ ဟင်းသီးဟင်းရွက်စသော အပင်များ မကြီးပွားမှီ

မြေ၌လုပ်သော

အပင်များ ကောင်းမွန်စွာ ကြီးထွားနိုင်ရန် လိုအပ်သည်များကို လုပ်ဆောင်သော

အခိုးအငွေ့

ဖြစ်နိုင်ခြေအရှိဆုံးသော အဓိပ္ပါယ် ဖွင့်ဆိုချက်များမှာ ၁) ရေငွေ့၊ မြူ သို့မဟုတ် ၂) မြေအောက် ရေပြင်မှ ထွက်သော အငွေ့

မြေတပြင်လုံး

တကမ္ဘာလုံး

Genesis 2:7-8

လူကို ဖန်ဆင်း၍

လူကို ပုံသွင်း၍ သို့မဟုတ် "လူကို ပုံဖော်၍" သို့မဟုတ် "လူကို ဖန်ဆင်း၍"

လူ . . . လူ

သက်ရှိလူသား ... လူသား သို့မဟုတ် "လူပုဂ္ဂိုလ် ... လူပုဂ္ဂိုလ်" ယောက်ျားဟု တိကျစွာ ဖော်ပြရန် မလိုပါ

သူ၏နှာခေါင်း

သူ၏နှာပေါက်

ဇီဝအသက်

အသက်ကိုပေးသော ဇီဝလေ။ အထက်ပါ "ဇီဝ" ဟု ဆိုရာတွင် ခန္ဓာအသက်ကို ညွှန်း၏။

ဥယျာဉ်

သီးပင်များ ပေါက်သော ခြံဖြစ်နိုင်သကဲ့သို့ အပင်မျိုးပေါင်းစုံ ဝေဆာသော အရပ်ဒေသလည်း ဖြစ်နိုင်သည်။

အရှေ့မျက်နှာ

အရှေ့ဘက်

Genesis 2:9-10

အသက်ပင်

အသက်ကိုပေးသော အပင်

အသက်

"ထာဝရအသက်" သို့မဟုတ် မသေသော အသက်ကို ဆိုလိုသည်။

ကောင်းမကောင်းကို သိကျွမ်းရာအပင်

အကောင်းနှင့် အဆိုးကို ခွဲခြားသိမြင်စေသော အပင် သို့မဟုတ် "အကောင်းနှင့် အဆိုးကို ခွဲခြားသတ်မှတ်စေနိုင်သော အပင်"

ကောင်း မကောင်

အစွန်းထွက်ခြင်းနှင့် ကြားရှိ အခြေအနေအရပ်ရပ်ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကောင်းနှင့်အဆိုး အရာအားလုံး" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-merism/01.md]])

ဥယျာဉ်အလယ်၌

ဥယျာဉ်တော်၏အလယ်၌။ သို့ရာတွင် အထက်ပါ အပင်နှစ်မျိုးလုံးသည် တစ်နေရာထဲတွင် ရှိသည်ဟု ဆိုလိုခြင်းမဟုတ်။

ထိုဥယျာဉ်ကို စိုစေလိုသောငှာ မြစ်တမြစ်သည် ဧဒင်အရပ်ထဲကစီးထွက်သဖြင့်

ဥယျာဉ်တော်သည် ဧဒင်အရပ်တွင် တည်ရှိသည်။ ဖော်ပြပါ မြစ်သည် ဧဒင်အရပ်ထဲမှ ထွက်ခွာ စီးဆင်းသည်။ "ထိုဥယျာဉ်ကို စိုစေလိုသောငှာ မြစ်တမြစ်သည် ဧဒင်အရပ်ကို ဖြတ်၍ စီးဆင်းသဖြင့်"

Genesis 2:11-12

ဖိရှုန်

သမ္မာကျမ်းစာတွင် ဖော်ပြပါ မြစ်အမည်ကို ဤကျမ်းပိုဒ်တွင်သာ တွေ့ရသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/translate-names/01.md]])

ဟာဝိလပြည်နား တရှောက်လုံး

ဟာဝိလခေါ်သော ပြည်တရှောက်လုံး။ အရေဗျ သဲကန္တာရထဲတွင် တည်ရှိခဲ့သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/translate-names/01.md]])

ရွှေရှိသော

ဟာဝိလပြည်၏ အခြေအနေကို ဖော်ပြထားသည်။ အချို့သော ဘာသာစကားများတွင် ဤစာကြောင်းကို ခွဲတတ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဟာဝလိပြည်တွင် ရွှေရှိသည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-distinguish/01.md]])

There are also bdellium and the onyx stone

က ၂း၁၃ တွင် ရှု

bdellium

က ၂း၁၃ တွင် ရှု

the onyx stone

က ၂း၁၃ တွင် ရှု

Genesis 2:13-14

ဗဓေလသစ်စေးနှင့် ရှဟံကျောက်လည်းရှိ၏

အခြားသော ဘာသာပြန်ဆိုချက်၊ "ဤအရပ်တွင် ဗဓေလသစ်စေးနှင့် ရှဟံကျောက်ကိုလည်း တွေ့နိုင်၏"

ဗဓေလသစ်စေး

ဤသစ်စေးမျိုးကို သစ်ပင်တစ်မျိုးမှရပြီး မွှေးရနံ့ထွက်သည်။ သစ်စေးဟူသည်မှာ အချို့သော အပင်များမှ ရရှိပြီး လောင်ကျွမ်းတတ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/translate-unknown/01.md]])

ရှဟံကျောက်

ရှဟံကျောက်များ။ ရှဟံကျောက်မှာ လှပသော ကျောက်မြတ်တမျိုးဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/translate-unknown/01.md]])

ဂိဟုန်

သမ္မာကျမ်းစာတွင် ဖော်ပြပါ မြစ်အမည်ကို ဤကျမ်းပိုဒ်တွင်သာ တွေ့ရသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/translate-names/01.md]])

ကုရှပြည်နား တရှောက်လုံးကို စီးသွားလေ၏

တပြည်လုံးကို ဖုံးလွှမ်းသည် မဟုတ်ဘဲ၊ ထိုပြည်၏ ဒေသအများစုတွင် စီးဆင်းကြောင်းညွှန်းခြင်းဖြစ်၏။

ကုရှပြည်နား တရှောက်လုံး

ကုရှခေါ်သော ပြည်တရှောက်လုံး

အာရှုရိတိုင်း အရှေ့သို့ စီးသွားလေ၏

အာရှုရိခေါ် မြို့ပြ၏ အရှေ့သို့ စီးသွားလေ၏။ ဟိဒကေလ ခေါ် တိဂရိ မြစ်သည် မြောက်မှ တောင်သို့ စီးဆင်းသွား၏။ "အာရှုရိတိုင်း အရှေ့သို့ စီးသွားလေ၏" ဟူသော စာပိုဒ်က တိဂရိမြစ်၏ တည်နေရာကို ဖော်ပြလိုက်သည်။ အချို့သော ဘာသာစကားများတွင် စာကြောင်းကို ခွဲ၍ ပြန်ဆိုတတ်ကြသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အာရှုရိတိုင်း၏ အရှေ့ဘက်သို့ စီးသွားလေ၏" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-distinguish/01.md]])

Genesis 2:15-17

ဧဒင်ဥယျာဉ်

ဧဒင်အရပ်၌ ရှိခဲ့သော ဥယျာဉ်တော်

ပြုစု . . . စေခြင်းငှါ

စိုက်ပျိုး ... စေခြင်းငှါ။ အပင်များ ကောင်းမွန်စွာ ကြီးထွားနိုင်ရန် လိုအပ်သမျှကို ဆောင်ရွက်ရန် ညွှန်းဆိုခြင်းဖြစ်သည်။

စောင့်ရှောက်စေခြင်းငှါ

အန္တရာယ် အမျိုးမျိုးမှ ကွယ်ကာ စောင့်ရှောက်စေခြင်းငှါ

ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏အသီး

ထိုဥယျာဉ်ရှိ အပင်အားလုံး၏ အသီး

သင်သည်

ပုဂ္ဂလနာမ်စား ဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-you/01.md]])

စားရသောအခွင့်ရှိ၏

အတားအဆီးမရှိ စားခွင့်ရှိ၏

ကောင်းမကောင်းကို သိကျွမ်းရာအပင် . . . ၏ အသီးကိုကား မစားရ

ဤကျမ်းပိုဒ်မှာ အငယ် ၁၅ ရှိ "ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏" ဟူသော အမိန့်စကားကို ပြည့်စုံစေသည်။ UST မူပြန်ကျမ်းကဲ့သို့ အချို့သော ဘာသာစကားများတွင်၊ တားမြစ်ထားသည့်အရာကို ဦးစွာဖော်ပြပြီးမှ ခွင့်ပြုသောအရာကို ဖော်ပြတတ်သည်။

ကောင်းမကောင်းကို သိကျွမ်းရာအပင်

အကောင်းနှင့်အဆိုးကို နားလည်သိကျွမ်းစေသောအပင် သို့မဟုတ် "ကောင်းမကောင်း သိကျွမ်းရာအသီးကို သီးသောအပင်။" ကမ္ဘာဦးကျမ်း ၂း၉ မှ ပြန်ဆိုချက်ကို ရှု။

မစားရ

စားခြင်းမှ ငါတားမြစ်၏ သို့မဟုတ် "စားရသောအခွင့်မရှိ"

Genesis 2:18-20

သူနှင့်တော်သော အထောက်အမကို သူဘို့ငါလုပ်ဦးမည်

သူနှင့်တော်သော အထောက်အမကို ငါလုပ်ဦးမည်

မြေတိရစ္ဆာန်တို့နှင့်၊ မိုဃ်းကောင်းကင်ငှက်အပေါင်းတို့

"မြေ" နှင့် "မိုဃ်းကောင်းကင်" ဟူသော ဝေါဟာရများက တိရစ္ဆာန်နှင့် ငှက်တို့၏ နေရာအရပ်ကို ညွှန်းလေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တိရစ္ဆာန်တို့နှင့်၊ ငှက်အပေါင်းတို့"

သားယဉ်အပေါင်းတို့

ခြံမွေးတိရစ္ဆာန်အပေါင်းတို့

လူနှင့်တော်သော အထောက်အမ မပေါ်မရှိသေး

အခြားသော ဘာသာပြန်ဆိုချက်၊ "လူနှင့်တော်သော အထောက်အမ မတွေ့ရသေး" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

Genesis 2:21-23

လူကို ကြီးသောအိပ်ခြင်းဖြင့် အိပ်စေတော်မူ၍

လူကို ကြီးမားစွာ အိပ်မောကျစေ၍

အသား

အရေပြားနှင့် ကြွက်သားစသော ကိုယ်ခန္ဓာ၏ နုနယ်သော အစိတ်အပိုင်းကို ညွှန်းသည်။

နံရိုးဖြင့် လူမိန်းမကိုဖန်ဆင်း၍

နံရိုးမှ လူမိန်းမကို ဖန်ဆင်း၍ ...။ နံရိုးသည် လူမိန်းမကို ဖန်ဆင်းရာ၌ အသုံးပြုသော ဝတ္ထုပစ္စည်း ဖြစ်သည်။

ယခု ဤသူသည်ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲက အသားဖြစ်၏

နောက်ဆုံး၌၊ ဤသူ၏ အရိုးသည် ငါ့အရိုးနှင့်လည်းကောင်း၊ အသားသည် ငါ့အသားနှင့်လည်းကောင်း တူ၏။ တိရစ္ဆာန်အပေါင်းတို့အနက် မိမိနှင့်တော်သော အထောက်အမကို ရှာလျက် မတွေ့သည့်နောက်ဆုံး၊ မိမိနှင့်တူ၍ အထောက်အမဖြစ်နိုင်မည့် နောက်လူကို တွေ့ခဲ့သည်။ စိတ်သက်သာမှုနှင့် ဝမ်းသာမှုကို ဖော်ပြရန် အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်ပေမည်။

လူထဲက ထုတ်သောကြောင့် သူ့ကိုလူမိန်းမဟု ခေါ်ဝေါ်အပ်သည်ဟု ဆိုလေ၏

"ဟေဗြဲဝေါဟာရတွင် 'လူမိန်းမ' နှင့် 'လူယောက်ျား' မှာ အသံထွက်ချင်း နီးစပ်သည်" ဟု ဘာသာပြန်သူမှ မှတ်ချက်ချ ရေးသားသင့်သည်။

Genesis 2:24

ယေဘုယျ အချက်အလက်

ကျမ်းပြုဆရာမှ ထည့်သွင်းထားသော စာပိုဒ်ဖြစ်သည်။ အထက်ပါ လူယောက်ျား ပြောသော စကားမဟုတ်။

ထိုအကြောင်းကြောင့် ယောက်ျားသည်

ထို့ကြောင့် ယောက်ျားသည်

ယောက်ျားသည် ကိုယ်မိဘကို စွန့်၍

ယောက်ျားသည် ကိုယ်မိဘအိမ်ကို စွန့်၍

ထိုသူတို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်

လင်နှင့်မယား ဆက်ဆံသည်ကို တသားတကိုယ်တည်း ဖြစ်သကဲ့သို့ ဖော်ပြထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မတူသော ကိုယ်နှစ်ခုသည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-idiom/01.md]])

ထိုသူလင်မယားနှစ်ဦးတို့သည် အဝတ်မဝတ်ဘဲ နေ၍

"ထိုသူလင်မယားနှစ်ဦး" ဆိုရာတွင် ဘုရားသခင် ဖန်ဆင်းတော်မူသော လူယောက်ျားနှင့် လူမိန်းမတို့ကို ညွှန်း၏။

အဝတ်မဝတ်ဘဲ

အဝတ်အချည်းစည်း

ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ကြ၏

ရှက်ကြောက်စရာ အကြောင်းမရှိ

Genesis 3

Genesis 3:1-3

Now

Not applicable

. . . ထက် လိမ္မာသည်

... ထက် လည်သည် သို့မဟုတ် " ... ထက် တမ်းတသောအရာကို လိမ်လည်ခြင်းဖြင့် ရတတ်သည်"

သင်တို့သည် ဥယျာဉ်၌ . . . ဟု ဧကန်စင်စစ် ဘုရားသခင် မိန့်တော်မူသလော

ဤပညာတ်ချက်ကို ထားတော်မူသည်အတွက် အံ့ဩသကဲ့သို့ ဟန်ဆောင်နေသည်။ ဤအမေးစကားကို သာမန်ဝါကျ အဖြစ်သို့ ပြောင်းလဲ ပြန်ဆို၍ရသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့သည် ဥယျာဉ်၌ ... ဟု ဘုရားသခင် မိန်တော်မူသည်ကို ကျွန်ုပ် အံ့ဩခြင်းရှိ၏။" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-rquestion/01.md]])

သင်တို့သည် . . . မစားရ

"သင်တို့" ဟု ဆိုရာတွင် လူယောက်ျားနှင့် လူမိန်းမကို ညွှန်း၏။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-you/01.md]])

ငါတို့သည် . . . စားရသော အခွင့်ရှိ၏

ငါတို့သည် ... စားရန် ခွင့်ပြုတော်မူ၏ သို့မဟုတ် "ငါတို့သည် ... စားရ၏"

ဥယျာဉ်အလယ်၌ . . . အသီးကိုကား၊ သင်တို့သည် မကိုင်မစားပဲ နေကြလော့၊ သို့မဟုတ် သေမည်

အပိုဒ်ငယ် ၂ တွင် "ငါတို့သည် ... စားရသော အခွင့်ရှိ၏" ဟု စတင်ခဲ့သော ဘုရားသခင်၏ ပညတ်ချက်ကို အထက်ပါ ကျမ်းပိုဒ်က အဆုံးသတ်ပေး၏။ ဧဝက ဘုရားသခင် ခွင့်ပြုသောအရာကို ဦးစွာ ဖော်ပြပြီး နောက်တွင် တားမြစ်သည့်အရာကို ဖော်ပြသည်။ UST မှ စသော အချို့ ဘာသာစကားများတွင် တားမြစ်သည့်အရာကို ဖော်ပြပြီးမှ ခွင့်ပြုသည့်အရာကို ဖော်ပြတတ်ကြသည်။

သင်တို့သည် မ ... မ ... ပဲ နေကြလော့၊ . . . သေမည်

"သင်တို့" ဟု ဆိုရာတွင် လူယောက်ျားနှင့် လူမိန်းမကို ညွှန်း၏။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-you/01.md]])

သင်တို့သည် ... မစားပဲ နေကြလော့

သင်တို့သည် ... မစားရ

သင်တို့သည် မကိုင် ... ပဲ နေကြလော့

သင်တို့သည် မကိုင် ... ရ

Genesis 3:4-6

သင်တို့သည် . . . သေရမည်မဟုတ်

လူယောက်ျားနှင့် လူမိန်းမကို ညွှန်း၏။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-you/01.md]])

အကြောင်းမူကား၊ . . . သင်တို့သည်

လူယောက်ျားနှင့် လူမိန်းမကို ညွှန်း၏။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-you/01.md]])

သင်တို့သည် မျက်စိပွင့်လင်းလျက်

သင်တို့၏ မျက်စိများ ပွင့်လင်းလျက် ...။ "အမြင်ပွင့်မည်" သို့မဟုတ် "အသစ်သောအရာကို သိမြင်တတ်မည်" ဟု ဆိုလိုခြင်း ဖြစ်သည်။ နားလည်လွယ်အောင် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့၏ မျက်စိများ ပွင့်သကဲ့သို ဖြစ်လျက်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-idiom/01.md]])

ကောင်းမကောင်းကို သိ၍

"ကောင်း မကောင်း" ဟု ဆိုရာတွင် အစွန်းထွက်ခြင်းနှင့် ကြားရှိ အခြေအနေအရပ်ရပ်ကို ညွှန်းသည်။ ကမ္ဘာဦးကျမ်း ၂း၉ မှ ပြန်ဆိုချက်ကို ရှု။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကောင်းနှင့်အဆိုး အရာအားလုံး" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-merism/01.md]])

အဆင်းလည်းလှခြင်း

တပ်မက်ဖွယ်ကောင်းခြင်း သို့မဟုတ် "ကြည့်၍လှခြင်း" သို့မဟုတ် "အလွန်လှပခြင်း"

ပညာတိုးပွားစေလိုသောငှါ၊ နှစ်သက် ဖွယ်သော အပင်ဖြစ်ခြင်း

ပညာတိုးပွားရန် လိုလားဖွယ်သော အပင်ဖြစ်ခြင်း သို့မဟုတ် "ဘုရားသခင်ကဲ့သို့ ကောင်းမကောင်းကို သိကျွမ်းစေသော အပင်ဖြစ်ခြင်း"

Genesis 3:7-8

ထိုသူနှစ်ယောက်တို့သည် မျက်စိပွင့်လင်း၍

ထိုသူနှစ်ယောက်တို့၏ မျက်စိများ ပွင့်လင်း၍ သို့မဟုတ် "အမြင်ပွင့်လင်း၍" သို့မဟုတ် "အသိအမြင်ရ၍။" ကမ္ဘာဦးကျမ်း ၃း၅ ရှိ "သင်တို့သည် မျက်စိပွင့်လင်း၍" မှ ပြန်ဆိုချက်ကို ရှု။

ချုပ်စပ်၍

နွယ်ပင်ကဲ့သို့သော အရာကို ချည်ကြိုးအဖြစ် ချုပ်စပ်၍

သင်္ဘောသဖန်းပင်အရွက်

သင်္ဘောသဖန်းပင်အရွက်ကို နားလည်ရခက်ခဲလျှင်၊ "သင်္ဘောသဖန်းပင်၏ အရွက်" သို့မဟုတ် "ကြီးမားသောအရွက်"

မိမိတို့ ဝတ်ရန်ဖို့ . . . ခါးစည်းကိုလုပ်ကြ၏

အရှက်ရသည့်အတွက် ထိုသို့ ပြုခဲ့သည်။ UST မူပြန်ကျမ်းမှာကဲ့သို့ လိုအပ်ပါက ထည့်သွင်း ထုတ်ပယ် နိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရှက်ကြောက်ခြင်းရှိသဖြင့် ... မိမိတို့အဖို့ ဝတ်ဆင်ကြ၏" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

နေဧသောအချိန်

ညနေဆောင်း လေအေးတိုက်ချိန်

ထာဝရအရှင်ဘုရားသခင် . . အထံတော်မှ လွတ်ခြင်းငှါ

ယာဝေးဘုရားသခင် ... မျက်မှောက်တော်မှ လွတ်ခြင်းငှါ သို့မဟုတ် "ယာဝေးဘုရားသခင် ... မမြင်စေခြင်းငှါ" သို့မဟုတ် "ယာဝေးဘုရားသခင် ... အထံတော်မှ လွတ်ခြင်းငှါ"

Genesis 3:9-11

သင်သည် အဘယ်မှာရှိသနည်း

သင်သည် အဘယ့်ကြောင့် ပုန်းရန် ကြိုးစားသနည်း။ လူယောက်ျား ပုန်းသည့်နေရာကို ဘုရားသခင် သိခဲ့သည်။ ထို့ကြောင့် လူယောက်ျားက မိမိပုန်းသည့်နေရာ လျှောက်တင်ခြင်းမပြုဘဲ ပုန်းရသည့်အကြောင်းကို လျှောက်တင်ခဲ့သည်။

သင်သည်

အပိုဒ်ငယ် ၉ နှင့် ၁၁ တွင် ဘုရားသခင်သည် လူယောက်ျား တစ်ဦးတည်းကို မိန့်တော်မူခဲ့သည်။ ဘာသာပြန်ဆိုသောအခါ သတိပြုရန် ဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-you/01.md]])

ကိုယ်တော်၏ အသံကို ကျွန်တော်ကြားလျှင်

ကိုယ်တော် ကြွလာသောအသံကို ကျွန်တော်ကြားလျှင်

သင်အားအဘယ်သူပြောသနည်း

ဘုရားသခင်က အကြောင်းရင်းကို သိနှင့်ပြီးဖြစ်သည်။ သို့သော် အာဒံ၏ နှုတ်ဖြင့် မိမိပြုခဲ့သောအပြစ်ကို ဝန်ခံ၍ တောင်းပန်စေလိုသောကြောင့် မေးခဲ့ခြင်းဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-rquestion/01.md]])

. . . ကို စားပြီလော

မည်သို့ ဖြစ်ခဲ့သည်ကို သခင်ဘုရား သိနှင့်ပြီး ဖြစ်သည်။ အာဒံစားသုံးကြောင်း စွတ်စွဲသော ပုံစံဖြင့် ပြန်ဆိုရန်ဖြစ်သည်။ သို့မဟုတ် ဖြစ်ကြောင်းပြ ဝါကျအဖြစ်လည်း ပြောင်းလဲ ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "... ကို စားခဲ့ပြီတကား။" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-rquestion/01.md]])

What is this you have done?

ကမ္ဘာဦးကျမ်း ၃း၁၃ သို့

Genesis 3:12-13

ထာဝရအရှင်ဘုရားသခင်

ဓမ္မဟောင်းကျမ်းတွင်၊ တပါးတည်းသော ဘုရားသခင်ကို "ယာဝေ ဘုရားသခင်" ဟုလည်း ခေါ်ဆိုတတ်သည်။ * "အရှင်" ဟူသော ဝေါဟာရသည် ဂုဏ်ပုဒ်ဖြစ်ပြီး "ယာဝေး" ဟူသည်မှာ ဘုရားသခင်၏ ပုဂ္ဂလနာမ ဖြစ်သည်။ * "ယာဝေး" ကို "ဘုရားသခင်" နှင့် ပေါင်းစပ်ခြင်းဖြင့် "ယာဝေး ဘုရားသခင်" ဖြစ်လာသည်။

ဘာသာပြန်ရန် အကြံပြုချက်များ၊

  • "ယာဝေး" ကဲ့သို့ အခြားသော ဘုရားသခင်၏ ပုဂ္ဂလနာမကို ပြန်ဆိုရာတွင်၊ "အရှင်ယာဝေး" နှင့် "ယာဝေး ဘုရားသခင်" စသည်ဖြင့် မူရင်သံကိုစွဲ၍ ပြန်ဆိုနိုင်သည်။ ထို့နောက် ဘုရားသခင်ကို ညွှန်းဆိုသောအခါ "အရှင်" ဟူသည့် အသုံးအနှုန်းကို ပြန်ဆိုရာ၌ ဆင်ခြင်ရမည်။
  • အချို့သော ဘာသာစကားများတွင် အမည်နာမကို ဂုဏ်ပုဒ်၏ အရှေ့တွင် တင်လျက် "ယာဝေးအရှင်" ဟု ပြန်ဆိုကြသည်။ "အရှင်" ကို "ယာဝေး" အရှေ့သို့ တင်မည်လော ဆိုရာတွင် မိမိပြန်ဆိုမည့် ဘာသာစကားအတွက် အကိုက်ညီဆုံးအား ရွေးချယ်ရန်ဖြစ်သည်။
  • "ယာဝေး ဘုရားသခင်" ကို "ယာဝေးအမည်ရှိ ဘုရားသခင်" သို့မဟုတ် "အသက်ရှင်သော ဘုရားသခင်" သို့မဟုတ် "ငါ ဟူသော ဘုရားသခင်" စသည်ဖြင့်လည်း ပြန်ဆို၍ ရသည်။
  • "ယာဝေး" နေရာ၌ "ထာဝရဘုရား" သို့မဟုတ် "ထာဝရအရှင် ဘုရားသခင်" ဖြင့် အစားထိုးသော ဓလေ့ကို ကျင့်သုံးပါလျှင့်၊ "အရှင်ယာဝေး" နေရာ၌ "သခင်ဘုရား" သို့မဟုတ် "ထာဝရအရှင် ဘုရားသခင်" စသည်ဖြင့် ပြန်ဆိုနိုင်သည်။ "အရှင်သခင်" သို့မဟုတ် "အရှင်ဘုရား" စသည်ဖြင့်လည်း ပြန်ဆိုနိုင်သည်။
  • သို့ရာတွင် "အရှင်ယာဝေး" ကို "အရှင်ဘုရားရှင်" ဟု ပြန်ဆိုလျှင် ကျမ်းစာ ဖတ်ရှုသူများ အနေဖြင့် အဆိုပါ အသုံးအနှုန်းကို ခွဲခြားရန်နှင့် ရွတ်ဆိုရန် အခက်အခဲရှိသဖြင့် ထိုသို့ မပြန်သင့်။

(ဘာသာပြန်ရန် အကြံပြုချက်များ၊ translate_names | How to Translate Names)

ကျမ်းညွှန်း၊

  • ၁ကောရင်တု ၄း၃-၄
  • ၂ဓမ္မရာဇဝင် ၇း၂၁-၂၃
  • တရားဟောရာကျမ်း ၃း၂၃-၂၅
  • ယေဇကျေလ ၃၉း၂၅-၂၇
  • ယေဇကျေလ ၄၅း၁၈
  • ယေရမိ ၄၄း၂၆
  • တရားသူကြီး ၆း၂၂
  • မိက္ခာ ၁း၂-၄

လှည့်စား

"လှည့်စား" ဟူသည်မှာ မဟုတ်မမှန်သည့်အရာကို အဟုတ်ဟု ထင်မှတ်စေရန် ဆောင်ရွက်ခြင်းဖြစ်သည်။ သူတပါးကို လှည့်စားသော အမှုကို "လှည့်ဖျားခြင်း" ဟု ခေါ်သည်။ * အခြားဝေါဟာရမှာ "လိမ်ညာခြင်း" ဖြစ်ပြီး မဟုတ်သောအရာကို အဟုတ်ဟု ထင်မှတ်စေခြင်းကိုပင် ဆိုလိုသည်။ * ထိုသို့သောအမှု ပြုသောသူကို "လှည့်ဖျားသူ" ဟု ခေါ်သည်။ ဥပမာအားဖြင့်၊ စာတန်ကို "လှည့်ဖျားသူ" ဟု ‌ခေါ်ပါသည်။ ၎င်း၏ လက်အောက်တွင်ရှိသော ဝိညာဉ်ဆိုးတို့မှာလည်း လှည့်ဖျားသူများ ဖြစ်သည်။ * သို့လျှင် မမှန်ကန်သော လူ၊ လုပ်ဆောင်မှုနှင့် စကားတို့ကို "လှည့်စားတတ်" သည်ဟု ဆိုရာ၏။ * "လှည့်ဖျားခြင်း" နှင့် "လိမ်ညာခြင်း" တို့မှာ အဓိပ္ပါယ်ချင်းတူသော်လည်း၊ အသုံးပြုပုံချင်း အနည်းငယ် ကွဲလွဲသည်။ * "လှည့်ဖျားမှုများသော" နှင် "လှည့်စားမှုများသော" စသည့် နာမဝိသေသနပုဒ်တို့မှာ အဓိပ္ပါယ်နှင့် အသုံးပြုပုံချင်း တူညီသည်။

ဘာသာပြန်ရန် အကြံပြုချက်များ၊

  • "လှည့်စားသည်" ကို "လိမ်ညာသည်" သို့မဟုတ် "ယုံမှားစေသည်" သို့မဟုတ် "မဟုတ်မှန်သောအရာကို ယုံစေသည်" စသည်ဖြင့်လည်း ပြန်ဆိုနိုင်သည်။
  • "လှည့်စားခံ" ကို "မှားသောအတွေးကိုအထည့်ခံ" သို့မဟုတ် "အလိမ်ခံ" သို့မဟုတ် "လှည့်ဖျားခံ" သို့မဟုတ် "အရူးလုပ်ခံ" သို့မဟုတ် "လမ်းမှားအပို့ခံ" စသည်ဖြင့် ပြန်ဆိုနိုင်သည်။
  • "လှည့်ဖျားသူ" ကို "လိမ်လည်သူ" သို့မဟုတ် "လမ်းမှားပို့သူ" သို့မဟုတ် "လှည့်စားသူ" စသည်ဖြင့် ပြန်ဆိုနိုင်သည်။
  • ကျမ်းပိုဒ်၏ အခြေအနေကို လိုက်၍၊ "လှည့်စားခြင်း" သို့မဟုတ် "လှည့်ဖျားခြင်း" ကို "အမှား" သို့မဟုတ် "အလိမ်" သို့မဟုတ် "စိတ်လှည့်" သို့မဟုတ် "မရိုးသားမှု" စသည်ဖြင့် ပြန်ဆိုနိုင်သည်။
  • လူတစ်ဦး၏ မဟုတ်မှန်သောအရာကို ယုံမှားစေသည့် အပြုအမူဖြစ်သည့် "လှည့်ဖျားတတ်" သို့မဟုတ် "လှည့်စားတတ်" ကို "မမှန်မကန်" သို့မဟုတ် "လမ်းလွှဲတတ်" သို့မဟုတ် "လိမ်ညာတတ်" ဟု ပြန်ဆိုနိုင်သည်။

ကျမ်းညွှန်း၊

  • ၁ ယောဟန် ၁း၈
  • ၁ တိမောသေ ၂း၁၄
  • ၂ သက်သာလောနိက် ၂း၃-၄
  • ကမ္ဘာဦးကျမ်း ၃း၁၂-၁၃
  • ကမ္ဘာဦးကျမ်း ၃၁း၂၆-၂၈
  • ဝတ်ပြုရာကျမ်း ၁၉း၁၁-၁၂
  • ရှင်မဿဲ ၂၇း၆၄
  • မိက္ခာ ၆း၁၁

Genesis 3:14-15

. . . တို့ထက် ကျိန်ခြင်းကို ခံရ၏

... တို့အနက် ကျိန်ခြင်းကို ခံရ၏။ ဟေဗြဲကျမ်းတွင် တိရစ္ဆာန်အပေါင်းတို့အပေါ် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာနှင့် မြွေတို့ခံရသော ကျိန်ခြင်းအမင်္ဂလာတို့၏ ခြားနားချက်ကို သိသာစေရန် "ကျိန်ခြင်း" ကို ရှေ့တွင် တင်ထား၏။ "ကျိန်ခြင်းနိယာမ" သို့မဟုတ် ကျိန်ခြင်းကိုဖော်ပြသော နည်းလမ်း ဟုခေါ်သည်။ ဘုရားသခင်သည် ထိုအမိန့်စကားဖြင့်၊ ကျိန်ခြင်းကို ဖြစ်စေ၏။

သားယဉ်သားရဲအပေါင်း

ခြံမွေးတိရစ္ဆာန်မှအစ တောရိုင်းတိရစ္ဆာန်များ အားလုံး

သင်သည် ဝမ်းဖြင့် သွား၍

သင်၏ ဝမ်းဖြင့် သွား၍ ...။ တိရစ္ဆာန်အပေါင်းတို့၏ ခြေချောင်းများဖြင့် သွားရပုံနှင့် ဝမ်းဖြင့် တွားသွားမည့် မြွေတို့၏ ခြားနားချက် ကို သိသာစေရန် "သင်၏ ဝမ်းဖြင့်" စကားစုကို ရှေ့သို့ တင်လိုက်ခြင်းဖြစ်သည်။ ကျိန်ခြင်းနိယာမ၏ အစိတ်အပိုင်းဖြစ်သည်။

မြေမှုန့်ကို . . . စားရမည်

တိရစ္ဆာန်အပေါင်းတို့ စားရမည့် မြေအထက်ရှိ အပင်များနှင့် မြွေတို့ စားရမည့် မြေပေါ်ရှိ အစာညစ်တို့၏ ခြားနားချက်ကို သိသာစေရန် "မြေမှုန့်" စကားစုကို ရှေ့သို့ တင်လိုက်ခြင်းဖြစ်သည်။ ကျိန်ခြင်းနိယာမ၏ အစိတ်အပိုင်းဖြစ်သည်။

သင်နှင့်မိန်းမကို . . . ငါသည် ရန်ငြိုးဖွဲ့စေမည်

မြွေနှင့် လူမိန်းမတို့ ရန်ဖက်ဖြစ်မည်ဟု ဆိုလိုခြင်းဖြစ်သည်။

အမျိုးအနွယ်

"အမျိုးအနွယ်" ဟူသည်မှာ မိန်းမ၏ အထဲသို့ လင်ယောက်ျားထည့်သည့် အရာကို ဆိုလိုသည်။ "ကိုယ်ဝန်" နှင့် တူသည်။ တစ်ဦးထက်လည်း ပိုနိုင်သည်။ အနည်းကိန်းဖြစ်သော်လည်း အများကို ခြုံငုံပေးနိုင်မည့် စကားလုံးဖြင့် ပြန်ဆိုပါ။

သူသည် . . . သူ၏ ဖနောင့်

ဤကျမ်းပိုဒ်ရှိ "သူ" နှင့် "သူ၏" ဟူသည်မှာ မိန်းမအနွယ်ကို ဆိုလိုသည်။ "အမျိုးအနွယ်" ကို အများကိန်းအဖြစ် ပြန်ဆိုခဲ့ပါလျှင်၊ "သူတို့သည် ... သူတို့၏ ဖနောင့်" ဟု ပြန်ဆိုရပါမည်။ ထိုသို့ဖြစ်လျှင်၊ "သူတို့" နှင့် "သူတို့၏" စကားစုများ အောက်တွင် အနည်းကိန်းမှ ပြန်ဆိုထားကြောင်း မှတ်ချက်ရေးရန် ဂရုပြုရမည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-pronouns/01.md]])

ကြိတ်လိမ့်မည်

နင်းခြေ သို့မဟုတ် "ဖျက်" သို့မဟုတ် "တိုက်"

Genesis 3:16

သင်၌ . . . ဝေဒနာကို ငါအလွန်များပြားစေရမည်

သင်၏ ... ဝေဒနာကို ပို၍တိုးပွားစေမည် သို့မဟုတ် "သင်၏ ... ဝေဒနာကို အဆမဆန် ပြင်းထန်စေမည်"

ကိုယ်ဝန်ဆောင်ခြင်း

သားဖွားခြင်း သို့မဟုတ် "ကိုယ်ဝန်မွေးခြင်း"

ကိုယ်ခင်ပွန်း၏ အလိုသို့လိုက်၍

ကိုယ်ခင်ပွန်းကို အဆမတန် အလိုရှိ၍။ ဖြစ်နိုင်ခြေ အဓိပ္ပါယ်များမှာ ၁) "ကိုယ်ခင်ပွန်းနှင့်အတူနေရန် ပိုပြီးအလိုရှိ၍" သို့မဟုတ် ၂) "ကိုယ်ခင်ပွန်းကို မိမိအလိုအလိုက် ထိန်းချုပ်လို၍"

သူ၏အုပ်စိုးခြင်းကိုလည်း ခံရမည်

သူသည် သင့်သခင်ဖြစ်လိမ့်မည် သို့မဟုတ် "သူသည် သင့်ကို ထိန်းချုပ်လိမ့်မည်"

Genesis 3:17-19

Adam

Not applicable

သင်သည် မယား၏ စကားကိုနားထောင်၍

ဥပစာစကားဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်သည် မယား၏ စကားကို နာခံ၍" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-idiom/01.md]])

have eaten from the tree

Not applicable

ထိုအပင်၏အသီးကို မစားရ

ထိုအပင်၏အသီးကို စားခွင့်မရှိ

cursed is the ground

Not applicable

ပင်ပန်းစွာ

မောပန်းစွာ

လယ်၌ဖြစ်သော . . . ကို စားရမည်

အခြားသော ဘာသာပြန်ဆိုချက်၊ "လယ်မှဖြစ်သော ... ကို စားရမည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်

ဖြစ်နိုင်ခြေရှိသော အဓိပ္ပါယ်များမှာ ၁) "လယ်၌ သင်လုပ်သော ဟင်းသီးဟင်းရွက်" သို့မဟုတ် ၂) "လယ်မှဖြစ်သော ဟင်းသီးဟင်းရွက်"

သင်၏ မျက်နှာမှချွေးထွက်လျက်

သင်၏ မျက်နှာမှ ချွေးထွက်သည်ထိ အလုပ်လုပ်လျက်

အစာကို စားရမည်

"အစာ" ကို မူရင်းကျမ်း၌ "မုန့်" ဟု ဖော်ပြထားရာ အစားအစာကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မုန့်ကို စားရမည်" (ရှု၊ figs_synecdoche)

သင်ထွက်ရာမြေသို့မပြန်မှီတိုင်အောင်

သင် သေ၍ မြေထဲသို့ မရောက်မှီတိုင်အောင် ...။ အချို့ ယဉ်ကျေးမှုတွင်၊ သေဆုံးသောသူ၏ ကိုယ်ကို မြေတူးလျက် မြှုပ်ပေးရသည်။ သို့လျှင်၊ လူသည် မြေသို့ မပြန်မှီတိုင် အလုပ်ပြီးမည်မဟုတ်။

သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရမည်

သင့်ကို မြေမှုန့်မှလုပ်သည်အတိုင်း မြေမှုန့်ဖြစ်ရမည်။ လူ၏ အစနှင့် အဆုံး တူညီကြောင်း ဖော်ပြနိုင်ရန် "မြေမှုန့်" ဝေါဟာရကို အညီအမျှ ပြန်ဆိုပေးရမည်။

Genesis 3:20-21

လူ

တချို့ ဘာသာပြန်ကျမ်းထဲတွင် "အာဒံ" ဟု ပြန်သည်။

မိမိမယားကို ဧဝအမည်ဖြင့် မှည့်လေ၏

မိမိမယားကို ဧဝဟု ခေါ်၏ သို့မဟုတ် "မိမိမယားကို ဧဝမှည့်၏"

ဧဝ

ဘာသာပြန်သူများ အနေဖြင့် "ဧဝ အမည်သည် 'အသက်ရှင်' ဟူသော ဟေဗြဲစကားနှင့် အသံတူသည်" ဟု မှတ်ချက်ပြုနိုင်သည်။

အသက်ရှင်သောသူအပေါင်းတို့

"အသက်ရှင်သောသူ" ဟူသည်မှာ လူကို ညွှန်း၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "လူအပေါင်းတို့" သို့မဟုတ် "အသက်ရှင်သောလူ အပေါင်းတို့" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-nominaladj/01.md]])

သားရေဝတ်လုံ

တိရစ္ဆာန်၏ အသားမှ ရက်လုပ်သော အဝတ်

Genesis 3:22

လူ

ဖြစ်နိုင်ခြေရှိသော အဓိပ္ပါယ်များမှာ ၁) လူယောက်ျားဟူသော လူတစ်ဦးတည်းကို ညွှန်းဆိုခြင်းဖြစ်၏၊ သို့မဟုတ် ၂) လူသားများဖြစ်သော လူယောက်ျားနှင့် လူမိန်းမကို ညွှန်းဆိုခြင်းလည်း ဖြစ်နိုင်သည်။ ဘုရားသခင်က တစုံတဦးအကြောင်းကို ပြောသောအခါ၊ နှစ်ဦးစလုံးကို ညွှန်းလိုက်ခြင်း ဖြစ်သည်။

ငါတို့တွင် တပါးပါးကဲ့သို့ဖြစ်၍

ငါတို့ကဲ့သို့ဖြစ်၍ ...။ "ငါတို့" ဟူသည်မှာ အများကိန်းဖြစ်သည်။ ကမ္ဘာဦးကျမ်း ၁း၂၆ ရှိ "ငါတို့ . . . ဖန်ဆင်းကြစို့" ပြန်ဆိုချက်ကို ရှု။

ကောင်းမကောင်း သိတတ်၏

အစွန်းထွက်ခြင်းနှင့် ကြားရှိ အခြေအနေအရပ်ရပ်ကို ညွှန်းသည်။ ကမ္ဘာဦးကျမ်း ၂း၉ ရှိ "ကောင်း မကောင်း" ပြန်ဆိုချက်ကို ရှု။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကောင်းနှင့်အဆိုး အရာအားလုံး သိတတ်၏" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-merism/01.md]])

. . . ယူ၍ မစားသင့်

အခြားသော ဘာသာပြန်ဆိုချက်၊ "ယူရန် ခွင့်မပြုနိုင်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

အသက်ပင်

အသက်ကိုပေးသော အပင်။ ကမ္ဘာဦးကျမ်း ၂း၉ မှ ပြန်ဆိုချက်ကို ရှု။

မိမိထွက်သောမြေ

မိမိဖြစ်လာသောမြေ။ ဘုရားသခင်က လူကို ဖန်ဆင်းခဲ့သော နေရာ အတိအကျကို ညွှန်းဆိုခြင်းမဟုတ်။

မြေ၌ လုပ်ရမည်

အပင်များ ကောင်းမွန်စွာ ကြီးထွားနိုင်ရန် လိုအပ်သည်များကို လုပ်ဆောင်ရမည်။ ကမ္ဘာဦးကျမ်း ၂း၅ မှ ပြန်ဆိုချက်ကို ရှု။

ထိုသို့လူကို နှင်ထုတ်ပြီးလျှင်

ထိုသို့လူသည် ဥယျာဉ်မှ ထွက်သွားပြီးလျှင်။ "ထာဝရအရှင်ဘုရားသခင်သည် ဧဒင်ဥယျာဉ်ထဲက လွှတ်လိုက်တော်မူ၏" ဟူသော ကမ္ဘာဦးကျမ်း ၃း၂၃ မှ ဖြစ်ရပ်ကို ညွှန်းဆိုသည်။

အသက်ပင်လမ်းကို စောင့်ရှောက်စေခြင်းငှါ

အသက်ပင်ရှိရာသို့ လူတို့ မသွားစေခြင်းငှါ

မီးစင်လက်နက်

ဖြစ်နိုင်ခြေရှိသော အဓိပ္ပါယ်များမှာ ၁) မီးထွက်သော ဓားလက်နက် သို့မဟုတ် ၂) ဓားလက်နက်နှင့်တူသော မီး။ ဓားဟူသော ဝေါဟာရမရှိသည့် ဘာသာစကားများတွင် လှံ သို့မဟုတ် မြား စသည့် လက်နက်၏ အမည်ဖြင့် ပြောင်းသုံးနိုင်သည်။

Genesis 4

Genesis 4:1-2

လူအာဒံသည် မယားဧဝနှင့်ဆက်ဆံသဖြင့်

လူယောက်ျားနှင့် ဧဝတို့၏ လင်မယား ဆက်ဆံရေး အထမြောက်ကြောင်း ယဉ်ကျေးစွာ ဖော်ပြခြင်းဖြစ်သည်။ သက်ဆိုင်ရာ ဘာသာစကားတွင် အသုံးပြုသည့်အတိုင်း ပြန်ဆိုရန် ဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-euphemism/01.md]])

လူအာဒံ

လူ သို့မဟုတ် "အာဒံ"

လူကို ငါရပြီ

"လူ" ဟူသည်မှာ အရွယ်ရသော လူကို ဆိုလိုတတ်သည်။ ၎င်းက ထင်မြင်လွဲမှားမှုများ ဖြစ်စေလျှင်၊ "လူကလေး" သို့မဟုတ် "ယောက်ျားလေး" သို့မဟုတ် "သား" ဟု ပြန်ဆိုနိုင်သည်။

ကာဣန

ဘာသာပြန်သူများ အနေဖြင့် "ကာဣန သည် 'လုပ်သည်' ဟူသော ဟေဗြဲစကားနှင့် နီးစပ်သည်။ ဧဝက ပြုလုပ်သောကြောင့် ကာဣနဟု မှည့်လေသည်။" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

တဖန် . . . ကို ဘွားမြင်လေ၏

ကာဣနနှင့် အာဗေလတို့ မွေးဖွားချိန်သည် မည်မျှ ကွာခြားသည်ကို ကျွန်ုပ်တို့ မသိရပါ။ အမွှာလည်း ဖြစ်နိုင်၏။ သို့မဟုတ် သီးခြား အချိန်၌ မွေးဖွားကြသည်လည်း ဖြစ်နိုင်၏။ ဖြစ်နိုင်လျှင်၊ မွေးဖွားရန်ကြာညောင်းချိန်အား ပြသော စကားစုမျိုးကို ထည့်သုံးခြင်းမပြုရ။

လယ်လုပ်

အပင်များ ကောင်းမွန်စွာ ကြီးထွားနိုင်ရန် လိုအပ်သည်များကို လုပ်ဆောင်သည်။ ကမ္ဘာဦးကျမ်း ၂း၅ ရှိ "မြေ၌လုပ်သော" ပြန်ဆိုချက်ကို ရှု။

Genesis 4:3-5

...သောအခါ

အကြောင်းအရာတခု၏ အပိုင်းသစ်တစ်ခုကို အစဖွင့်ပေးသော စကားစုဖြစ်သည်။ ပြန်ဆိုမည့် ဘာသာစကား၌ တူညီသော အသုံးအနှုန်း ရှိပါက အဆိုပါအတိုင်း ပြန်ဆိုနိုင်သည်။

အချိန်စေ့

ဖြစ်နိုင်ချေရှိသော အဓိပ္ပါယ်များမှာ ၁) "အတော်အတန်မျှကြာ" သို့မဟုတ် ၂) "သက်ဆိုင်သည့်အချိန်သို့ရောက်"

မြေအသီး

စိုက်ပျိုးထားသောအပင်များ၏အသီး။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကောက်ပဲသီးနှံ" သို့မဟုတ် "သီးနှံ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

သိုးဆီဥ

သိုး၏ အဆီများသော အပိုင်း၊ အကောင်းဆုံးသော အင်္ဂါအစိတ်အပိုင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဆီများသောအင်္ဂါအစိတ်အပိုင်းတို့" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ပမာဏ ပြုတော်မူ၏

အလေးပေးတော်မူ၏ သို့မဟုတ် "ကျေနပ်ခြင်းရှိတော်မူ၏"

ပမာဏ ပြုတော်မမူ

အလေးပေးတော်မမူ သို့မဟုတ် "ကျေနပ်ခြင်းရှိတော်မမူ"

အလွန်စိတ်ဆိုး၍

ဘာသာစကားတချို့တွင် "အမျက်ထွက်၍" သို့မဟုတ် "အမျက်ဒေါသထွက်၍" ဟူ၍ ပြန်ဆိုနိုင်သည်။

မျက်နှာပျက်လေ၏

စိတ်ဆိုး သို့မဟုတ် မနာလိုသော မျက်နှာအမူအယာကို ပြသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဘာသာစကားတချို့တွင် စိတ်ဆိုး၍ မျက်နှာပျက်ခြင်းကို ဖော်ပြသော အသုံးအနှုန်း အသီးသီး ရှိကြသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-idiom/01.md]])

Genesis 4:6-7

သင်သည် အဘယ်ကြောင့် စိတ်ဆိုးသနည်း။ အဘယ်ကြောင့် မျက်နှာပျက်သနည်း

ကာဣန စိတ်ဆိုး၍ မျက်နှာပျက်ခြင်းသည် မှားယွင်းကြောင်း ထောက်ပြရာ၌ ဘုရားသခင် အသုံးပြုသော မေးခွန်းဖြစ်သည်။ မိမိမှားခဲ့ကြောင်း ဝန်ခံနိုင်ရန် ကာဣနကို အခွင့်ပေးနေခြင်းဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-rquestion/01.md]])

သင်သည် ကောင်းမွန်စွာပြုလျှင် အခွင့်မရလော

ကာဣန သိသင့်သည့်အရာကို သတိပေးရာ၌ ဘုရားသခင် အသုံးပြသော မေးခွန်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကောင်းမွန်စွာပြုလျှင် သင့်အား လက်ခံမည်ကို သိသည် မဟုတ်လော" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-rquestion/01.md]])

ကောင်းမွန်စွာ မပြုလျှင်၊ . . . သင်သည် သူ့ကို အုပ်စိုးရ၏

အပြစ်တရားကို လူပုဂ္ဂိုလ်ကဲ့သို့ ခိုင်းနှိုင်း ပြောဆိုနေခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကောင်းမွန်စွာ မပြုလျှင်၊ အပြစ်သည် တံခါးနားမှာ ဝပ်လျက်။ သင့်ကို အုပ်စိုးရန် အလိုရှိ၏။ သို့သော် သင်သည် သူ့ကို နိုင်ရမည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-personification/01.md]])

sin crouches ... to control you

Not applicable

အပြစ်

"အပြစ်" ၏ နာမ်ပုဒ် မရှိသော ဘာသာစကားများအတွက် "အပြစ်ပြုလိုသောဆန္ဒ" သို့မဟုတ် "သင်ပြုလိုသောအပြစ်" ဟု ပြန်ဆိုနိုင်သည်။

သင်သည် သူ့ကို အုပ်စိုးရ၏

ကာဣန၏ အပြစ်ပြုလိုစိတ်ကို လူပုဂ္ဂိုလ်တစ်ဦးကဲ့သို့ ယာဝေးဘုရား မိန့်တော်မူသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်သည် အပြစ် မပြုမိရန် သူ့ကို အုပ်စိုးရမည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-personification/01.md]])

Genesis 4:8-9

ကာဣနကလည်း . . . ညီအာဗေလကိုခေါ်၍

မူပြန်ကျမ်းအချို့တွင် ကာဣနက မိမိညီအား ပြောသည့်အရာကို အတိအကျ ဖောပြထားသည်။ ပြန်ဆိုမည့် ဘာသာစကားတွင် ၎င်းကို ထည့်သွင်း ပြန်ဆို၍ရသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကာဣနကလည်း လယ်သို့ သွားအံ့ဟု ညီအာဗေလကိုခေါ်၍" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/translate-textvariants/01.md]] နှင့် [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ညီ

အာဗေလသည် ကာဣန၏ ညီဖြစ်သည်။ ဘာသာစကားတချို့တွင် "ညီငယ်" ဟု သုံးသည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

. . . ကို ရန်ဘက်ပြု၍

တစုံတဦးကို တိုက်ခိုက်ကြောင်း ဖော်ပြနေခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "...ကို တိုက်ခိုက်၍" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-idiom/01.md]])

သင့်ညီအာဗေလသည် အဘယ်မှာရှိသနည်း

ကာဣနက အာဗေလကို သတ်သည့်အကြောင်း ဘုရားသခင် သိ၏။ သို့သော် ကာဣန၏အဖြေစကားကို ကြားလိုသောကြောင့် မေးလိုက်ခြင်းဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-rquestion/01.md]])

အကျွန်ုပ်သည် ညီကို စောင့်ရသောသူ ဖြစ်ပါသလော

အဖြေမပေးလိုသည့်အတွက် ကာဣန ဤမေးခွန်းကို ထုတ်လိုက်ခြင်းဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်သည် ညီကို စောင့်ရသောသူ မဟုတ်ပါ" သို့မဟုတ် "ညီကို စောင့်ရန်မှာ အကျွန်ုပ်အလုပ် မဟုတ်ပါ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-rquestion/01.md]])

Genesis 4:10-12

သင်သည် အဘယ်သို့ ပြုပြီးသနည်း

ကာဣနကို အပြစ်တင်ရန် မေးလိုက်ခြင်းဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျအဖြစ် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်ပြုသောအမှုမှာ မိုက်မဲလှပေစွ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-rquestion/01.md]])

သင်ညီအသွေး၏အသံသည် ... ငါ့ကို အော်ဟစ်လျက်ရှိသည်တကား

အာဗေလ သေဆုံးမှု၏ ဥပမာပြုစကားဖြစ်သည်။ မိမိသေဆုံးမှုအတွက် ကာဣနကို စီရင်ရန် တောင်းဆိုသည့်အလား ဖော်ပြခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်ညီ၏အသွေးသည် ... သူ့ကို သတ်သောသူအား အပြစ်စီရန် လူတစ်ဦးကဲ့သို့ ငါ့ထံ အော်ဟစ်လျက်ရှိသည်တကား" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-metonymy/01.md]])

မြေကြီး၏ ကျိန်ခြင်းကို သင်သည် ခံရသောကြောင့်

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မြေကြီးမှ အစာကို ရယူခြင်းမရှိရန် သင့်ကို ကျိန်လိုက်သည် ဖြစ်၍" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

သင့်ညီ၏ အသွေးကို ခံယူခြင်းငှါ၊ မိမိပစပ်ကိုဖွင့်သော

အာဗေလ၏ အသွေးကို မြေကြီးက သောက်လိုက်သကဲ့သို့ ဘုရားသခင် မိန့်လိုက်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်ညီ၏ အသွေးဖြင့် စိုစွတ်နေသော" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-personification/01.md]])

from your hand

Not applicable

မြေ၌လုပ်သောအခါ

အပင်များ ကောင်းမွန်စွာ ကြီးထွားနိုင်ရန် လိုအပ်သည်များကို လုပ်ဆောင်သောအခါ ...။ ကမ္ဘာဦးကျမ်း ၂း၅ ရှိ "မြေ၌လုပ်သော" ပြန်ဆိုချက်ကို ရှု။

ပကတိအတိုင်း အသီးအနှံကို မရရ

မြေကြီးကို လူတစ်ဦးကဲ့သို့ အင်အားကုန်တတ်ကြောင်း ဖော်ပြထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ပထတိအတိုင်း အသီးအနှံကို မပေးရ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-personification/01.md]])

ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူ

အထက်ပါ စကားစုနှစ်ခုကို ပေါင်းစပ်ထားသော စကားတွဲဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ခြေသလုံးအိမ်တိုင်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-hendiadys/01.md]])

Genesis 4:13-15

မျက်နှာတော်ကိုလည်း မမြင်ရ

"မျက်နှာတော်" ဆိုရာတွင် ဘုရားသခင်၏ မျက်မှောက်တော်ကို ညွှန်းသော ဒေသိယစကားဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော်နှင့် စကားပြောရမည်မဟုတ်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-idiom/01.md]])

ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူ

ကမ္ဘာဦးကျမ်း ၄း၁၂ မှ ပြန်ဆိုချက်ကို ရှု။

ခုနစ်ဆသောအပြစ်ဒဏ်ကို ခံရလိမ့်မည်

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အပြစ်ဒဏ် ခုနှစ်ဆ ခံရလိမ့်မည်" သို့မဟုတ် "သင်ခံရသော အပြစ်ဒဏ် ခုနှစ်ဆကို ခံရလိမ့်မည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

မသတ်စေခြင်းငှါ

မတိုက်စေခြင်းငှါ

Genesis 4:16-17

ထာဝရဘုရားထံတော်မှ ထွက်သွား၍

ယာဝေးဘုရားထံတော်မှ အမှန်ကတယ် ထွက်သွားရန် မဖြစ်နိုင်သော်လည်း၊ ကာဣနမှာ ဝေးသောအရပ်သို့ ထွက်သွားကြောင်း နားလည်စေရန် သုံးထားသော ဒေသိယစကား ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာဝေးဘုရား မိန့်တော်မူသောအရပ်မှ ထွက်သွား၍" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-idiom/01.md]])

နောဒ

ဘာသာပြန်ဆိုသူများအနေဖြင့် "နောဒ၏ အဓိပ္ပါယ်မှာ 'ခြေသလုံးအိမ်တိုင်' ဖြစ်သည်" ဟူ မှတ်ချက်တို ရေးပေးနိုင်သည်။

ကာဣနသည် မိမိမယားနှင့် ဆက်ဆံသဖြင့်

ကာဣနတို့ လင်မယား ဆက်ဆံရေး အထမြောက်ကြောင်း ယဉ်ကျေးစွာ ဖော်ပြထားသည်။ သက်ဆိုင်ရာ ဘာသာစကားတွင် အသုံးပြုသည့်အတိုင်း ပြန်ဆိုရန် ဖြစ်သည်။ ကမ္ဘာဦးကျမ်း ၄း၁ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-euphemism/01.md]])

He built a city

Not applicable

Genesis 4:18-19

ဧနောက်သားကား၊ ဣရဒ်

ဧနောက် ကြီးလာပြီး မယားရှိကြောင်း ထင်ရှားစေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဧနောက် အသက်ရသောအခါ မယားကိုရ၍ ဣရဒ်အမည်ဖြင့် မှည့်သော သားကို ဖွားလေ၏" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ဣရဒ်

လူပုဂ္ဂိုလ်၏ အမည်ဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/translate-names/01.md]])

အာဒနှင့်ဇိလ

အမျိုးသမီးများ၏ အမည်ဖြစ်သည်။ (ရှု၊[[https://git.door43.org/unfoldingWord/en_ta/src/master/translate/translate-names/01.md]])

Genesis 4:20-22

အာဒ

ကမ္ဘာဦးကျမ်း ၄း၁၉ မှ ပြန်ဆိုချက်ကို ရှု။

ထိုသားကား၊ တဲ၌နေသောသူ ... သူတို့၏ အဘဆရာ ဖြစ်လေသတည်း

ဖြစ်နိုင်ခြေရှိသော အဓိပ္ပါယ်ဖွင့်ဆိုချက်များ ၁) "ထိုသားကား၊ တဲ၌နေသော ... ပထမဆုံးလူ ဖြစ်လေသတည်း" သို့မဟုတ် ၂) "သူ၏မျိုးဆက်သည် တဲ၌နေသော ... သူများ ဖြစ်လေသတည်း။"

တဲ၌နေသောသူ၊ သိုးနွားစသည်တို့ကို မွေးသောသူ

တဲ၌နေပြီး သိုးနွားစသည်တို့ကို မွေးသောသူ

... ညီမူကား၊ စောင်းမျိုး၊ နှဲခရာမျိုးတို့ကို တီးမှုတ်တတ်သောသူ အပေါင်းတို့၏ အဘဆရာဖြစ်လေသတည်း

ဖြစ်နိုင်ခြေရှိသော အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ၁) "... ညီမူကား၊ စောင်းမျိုး၊ နှဲခရာမျိုးတို့ကို ပထမဆုံး တီးမှုတ်တတ်သောသူ ဖြစ်လေသတည်း" သို့မဟုတ် ၂) "ညီ၏မျိုးဆက်သည် စောင်းမျိုး၊ နှဲခရာမျိုးတို့ကို တီးမှုတ်တတ်သောသူများ ဖြစ်လေသတည်း။"

ဇိလ

ကမ္ဘာဦးကျမ်း ၄း၁၉ မှ ပြန်ဆိုချက်ကို ရှု။

တုဗလကာဣန

အမျိုးသား အမည်ဖြစ်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/translate-names/01.md]])

ပန်းတဉ်းသမား၊ ပန်းပဲသမား အပေါင်းတို့၏ ဆရာ

ကြေးထည်နှင့် သံထည်ကို ထုလုပ်သူ

iron

Not applicable

Genesis 4:23-24

အာဒနှင့်ဇိလ

ကမ္ဘာဦးကျမ်း ၄း၁၉ မှ ပြန်ဆိုချက်ကို ရှု။

ငါပြောသံကို မှတ်ကြလော့ . . . ငါ့စကားကို နားထောင်ကြလော့

မိမိပြောလိုသောစကားကို အလေးထားစေရန် နှစ်ခါ ပြောခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့စကားကို မှတ်ကြလော့" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-parallelism/01.md]] နှင့် [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-synecdoche/01.md]])

ငါ့ကိုထိခိုက်သော လူတယောက်တည်းဟူသော၊ ငါ့ကိုညှဉ်းဆဲသော လူပျိုတယောက်

လာမက် သတ်လိုက်သောသူမှာ တစ်ဦးတည်း ဖြစ်သည်။ မိမိပြုသောအမှုကို ထင်ရှားစေရန် ထပ်ဆင့်၍ ပြောလိုက်ခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ကို နာကျင်စေသော လူပျိုတယောက်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-parallelism/01.md]])

ကာဣနသည် ခုနစ်ဆသောတရားကိုရလျှင်

ဘုရားသခင်သည် ကာဣနအတွက် ခုနှစ်ဆ တုံ့ပြန်ပေးမည်အကြောင်းကို လာမက်သိ၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ကာဣနကို သတ်သောသူအား ခုနှစ်ဆ စီရင်သည်မှန်လျှင်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

အကယ်၍လာမက်သည်၊ အဆခုနှစ်ဆယ် ခုနစ်ဆသော တရားကို ရလိမ့်မည်

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ကို သတ်သောသူအား ဘုရားသခင်သည် ခုနှစ်ဆယ်ခုနှစ်ဆ စီရင်လိမ့်မည်" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

ခုနှစ်ဆယ် ခုနစ်

၇၇ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/translate-numbers/01.md]])

Genesis 4:25

အာဒံသည်လည်း မိမိမယားနှင့် တဖန်ဆက်ဆံပြန်လျှင်

လူယောက်ျားနှင့် ဧဝတို့၏ လင်မယား ဆက်ဆံရေး အထမြောက်ကြောင်း ယဉ်ကျေးစွာ ဖော်ပြခြင်းဖြစ်သည်။ သက်ဆိုင်ရာ ဘာသာစကားတွင် အသုံးပြုသည့်အတိုင်း ပြန်ဆိုရန် ဖြစ်သည်။ ကမ္ဘာဦးကျမ်း ၄း၁ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-euphemism/01.md]])

တပါးသောအနွယ်ကို အကျွန်ုပ်အဘို့ ဘုရားသခင်၌ ခန့်ထားတော်မူပြီ

ရှေသဟု မှည့်ရသည့် အကြောင်းရင်းဖြစ်သည်။ ပို၍တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် နောက်သား တယောက်ကို ပေးတော်မူပြီ" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ရှေသ

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဤအမည်သည် 'ပေးတော်မူပြီ' ဟူသော ဟေဗြဲအသံနှင့် နီးစပ်သည်" ဟူ၍ မှတ်ချက် ရေးနိုင်သည်။ (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/translate-names/01.md]])

ရှေသသည်လည်း သားကိုရ၍

ပို၍တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရှေသ၏ မယားသည် သားကိုဖွား၍" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍ ကိုးကွယ်စပြုကြလေ၏

ဤအချိန်သည် လူတို့က ဘုရားသခင်၏ နာမတော် ယာဝေး အမည်ဖြင့် ပထမဆုံး ခေါ်ဆိုချိန် ဖြစ်သည်။ ပို၍တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထာဝရဘုရား၏ နာမတော် ယာဝေးကို အမှီပြု၍ ကိုးကွယ်စပြုကြလေ၏" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-explicit/01.md]])

Genesis 5

Genesis 5:1-2

ယေဘုယျ အချက်အလက်

အာဒံ၏ မျိုးစဉ်ဆက်စာရင်းကို အစပြုသည်။

မိမိပုံသဏ္ဍာန်နှင့်အညီ

အထက်ပါ ဝေါဟာရမှာ ဘုရားသခင်သည် လူသားအနွယ်ကို မိမိနှင့် တသဏ္ဍာန်တည်း ဖန်ဆင်းခဲ့ကြောင်း ဆိုလိုသည်။ သို့ရာတွင် မည်သို့ဖြင့် ဘုရားသခင်နှင့် တသဏ္ဍာန်တည်းဖြစ်သည့်အကြောင်း ဖော်ပြထားခြင်းမရှိ။ ထာဝရဘုရားတွင် ခန္ဓာတော်မရှိ။ ထို့ကြောင့် ဘုရားသခင်နှင့် ရုပ်အဆင်း တူညီမည်ဟု ဖော်ပြခြင်း မဟုတ်တန်ရာ။ ကမ္ဘာဦးကျမ်း ၁း၂၆ ရှိ "ငါတို့ ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍန်တည်း" ပြန်ဆိုချက်ကို ရှု။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိကဲ့သို့" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-pronouns/01.md]])

ဖန်ဆင်းသောနေ့၌

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖန်ဆင်းတော်မူချိန်၌" (ရှု၊ [[https://git.door43.org/unfoldingWord/en_ta/src/master/translate/figs-activepassive/01.md]])

Genesis 5:3-5

တရာ့သုံးဆယ် . . . ရှစ်ရာ

ဘာသာပြန်ဆိုသူအနေဖြင့် "တရာ့သုံးဆယ်" နှင့် "ရှစ်ရာ" ဟူ၍ စာသားဖြင့်လည်းကောင်း၊ "၁၃၀" နှင့် "၈၀၀" ဟူ၍ ကိန်းဂဏန်းဖြင့်လည်းကောင်း ပြန်ဆိုရေးသားနိုင်သည်။ (ULB နှင့် UDB မူပြန်ကျမ်းတို့တွင် ဂဏန်းသုံးလုံးထက်ပိုလျှင် စာသားဖြင့် ရေးပြီး၊ ဂဏန်းနှစ်လုံးအောက်ငယ်လျှင် ကိန်းဂဏန်းဖြင့် ဖော်ပြသည်။) (ရှု၊ translate_numbers)

သားကိုမြင်ရ၍

"သားတစ်ဦး၏ ဖခင်ဖြစ်လာ၍"

မိမိပုံသဏ္ဍာန်နှင့်အညီ သဏ္ဍာန်တည်း

ဖော်ပြပါ စကားစုနှစ်ခုသည် တူညီသော အဓိပ္ပါယ်ကိုဆောင်၏။ ဘုရားသခင်က လူကို မိမိပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းထားကြောင်း အမှတ်ပြုခြင်း ဖြစ်သည်။ ၁း၂၆ မှ ပြန်ဆိုချက်ကို ရှု။

ရှေသ

၄း၂၅ မှ ပြန်ဆိုချက်ကို ရှု။

သားသမီးများကိုမြင်လေ၏

"သားသမီးများစွာ၏ ဖခင်ဖြစ်လေ၏"

သေလေ၏

ဖော်ပြပါ စကားစုကို ဤအခန်း တလျှောက်တွင် တွေ့ရမည်။ "သေ" ဟူသော အဓိပ္ပါယ်ဆောင်သည့် စကားစုကို အသုံးပြုပါ။

အာဒံသည် အသက်နှစ်ပေါင်း ကိုးရာသုံးဆယ် စေ့သော်

ထိုခေတ်ကာလတွင် လူတို့မှာ အသက်ရှည်ခဲ့ကြသည်။ "နှစ်ပေါင်း" ပါဝင်သော စကားစုကို အသုံးပြုပါ။ အခြားသော ဘာသာပြန်ဆိုချက်၊ "အာဒံအသက် စုစုပေါင်း ကိုးရာသုံးဆယ် ပြည့်သော်" (ရှု၊ translate_numbers)

Genesis 5:6-8

သားဧနုတ်ကို မြင်လေ၏

အခြားသော ဘာသာပြန်ဆိုချက်၊ "ဧနုတ်၏ အဘဖြစ်လေ၏။"

ဧနုတ်

လူပုဂ္ဂိုလ်၏ အမည်ဖြစ်သည်။ (ရှု၊ translate_names)

သားသမီးများကို မြင်လေ၏

"သားသမီးများစွာ ဖွားမြင်လေ၏"

ရှေသသည် အသက်နှစ်ပေါင်းကိုးရာ တဆယ်နှစ်နှစ်စေ့သော်

"ရှေသအသက် စုစုပေါင်း ကိုးရာတဆယ်နှစ်နှစ်ပြည့်သော်"

သေလေ၏

ဖော်ပြပါ စကားစုကို ဤအခန်း တလျှောက်တွင် တွေ့ရမည်။ "သေ" ဟူသော အဓိပ္ပါယ်ဆောင်သည့် စကားစုကို အသုံးပြုပါ။

Genesis 5:9-11

ယေဘုယျ အချက်အလက်

ကမ္ဘာဦးကျမ်း ၅း၆-၂၇ ရှိ မှတ်တမ်းကို ပုံစံ တစ်မျိုးတည်းဖြင့် ရေးသားပြုစုထားသည်။ ၅း၆ မှ ရေးပုံရေးနည်းအတိုင်း ပြန်ဆိုရန် ဖြစ်သည်။ (ရှု၊ translate_names နှင့် translate_numbers)

Genesis 5:12-14

ယေဘုယျ အချက်အလက်

ကမ္ဘာဦးကျမ်း ၅း၆-၂၇ ရှိ မှတ်တမ်းကို ပုံစံ တစ်မျိုးတည်းဖြင့် ရေးသားပြုစုထားသည်။ ၅း၆ မှ ရေးပုံရေးနည်းအတိုင်း ပြန်ဆိုရန် ဖြစ်သည်။ (ရှု၊ translate_names နှင့် translate_numbers)

Genesis 5:15-17

ယေဘုယျ အချက်အလက်

ကမ္ဘာဦးကျမ်း ၅း၆-၂၇ ရှိ မှတ်တမ်းကို ပုံစံ တစ်မျိုးတည်းဖြင့် ရေးသားပြုစုထားသည်။ ၅း၆ မှ ရေးပုံရေးနည်းအတိုင်း ပြန်ဆိုရန် ဖြစ်သည်။ (ရှု၊ translate_names နှင့် translate_numbers)

Genesis 5:18-20

ယေဘုယျ အချက်အလက်

ကမ္ဘာဦးကျမ်း ၅း၆-၂၇ ရှိ မှတ်တမ်းကို ပုံစံ တစ်မျိုးတည်းဖြင့် ရေးသားပြုစုထားသည်။ ၅း၆ မှ ရေးပုံရေးနည်းအတိုင်း ပြန်ဆိုရန် ဖြစ်သည်။ (ရှု၊ translate_names နှင့် translate_numbers)

Genesis 5:21-24

သားမသုရှလကို မြင်လေ၏

"မသုရှလ၏ အဘဖြစ်လေ၏"

မသုရှလ

ယောက်ျားအမည်ဖြစ်သည်။ (ရှု၊ translate_names)

ဧနောက်သည် ဘုရားသခင်နှင့်အတူ သွားလာ၏

အတူသွားလာခြင်းကို နီးကပ်စွာအသက်ရှင်ခြင်းနှင့် ထပ်တူပြုလိုက်သော ရူပကပုဒ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဧနောက်သည် ဘုရားသခင်နှင့် နီးကပ်စွာ အသက်ရှင်၏" သို့မဟုတ် "ဧနောက်သည် ဘုရားသခင်နှင့် ထပ်တူကျ အသက်ရှင်၏" (ရှု၊ figs_metaphor)

သားသမီးများကို မြင်လေ၏

"သားသမီးများစွာ ဖွားမြင်လေ၏"

ဧနောက်အသက် နှစ်ပေါင်းသုံးရာ ခြောက်ဆယ် ငါးနှစ်တည်း

"ဧနောက်အသက် စုစုပေါင်း သုံးရာခြောက်ဆယ်ငါးနှစ်တည်း" (ရှု၊ translate_numbers)

နောက်တဖန် သူသည်မရှိ

"သူ" ဟူရာတွင် ဧနောက်ကို ညွှန်းသည်။ ကမ္ဘာပေါ်တွင် မရှိတော့ကြောင်း ဖော်ပြထားသည်။

ဘုရားသခင် သိမ်းယူတော်မူသောကြောင့်တည်း

ဘုရားသခင်က ဧနောက်ကို အရှင်လက်လက် ခေါ်တော်မူကြောင်း ဆိုလိုသည်။

Genesis 5:25-27

ယေဘုယျ အချက်အလက်

ကမ္ဘာဦးကျမ်း ၅း၆-၂၇ ရှိ မှတ်တမ်းကို ပုံစံ တစ်မျိုးတည်းဖြင့် ရေးသားပြုစုထားသည်။ ၅း၆ မှ ရေးပုံရေးနည်းအတိုင်း ပြန်ဆိုရန် ဖြစ်သည်။ (ရှု၊ translate_names နှင့် translate_numbers)

လာမက်

ဖော်ပြပါ လာမက်မှာ ၄း၁၈ ရှိ လာမက်နှင့် မတူညီသော အခြားပုဂ္ဂိုလ်ဖြစ်သည်။

Genesis 5:28-29

သားကို မြင်၍

သားကို ဖွားမြင်၍

နောဧ

ဘာသာပြန်သူများအနေဖြင့် အမည်၏ အောက်၌ "ဤအမည်သည် 'အနားယူ' ဟူသော ဟေဗြဲ ဝေါဟာရနှင့် အသံတူ၏။" (ရှု၊ translate_names)

. . . လုပ်၍ ပင်ပန်းစွာ ခံရသောငါတို့အား . . .

ထိုခေတ်အခါ၌ အလုပ်မှာ မည်မျှ ပင်ပန်းကြောင်း ဖော်ပြခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "... ငါတို့လက်ဖြင့် ပင်ပန်းစွာ လုပ်ရာမှ ..." (ရှု၊ figs_doublet နှင့် figs_synecdoche)

Genesis 5:30-31

လာမက်သည် အသက်နှစ်ပေါင်း ခုနှစ်ရာ ခုနစ်ဆယ် ခုနစ်နှစ် စေ့သော်

"လာမက်အသက် စုစုပေါင်း ခုနှစ်ရာ ခုနှစ်ဆယ် ခုနှစ်နှစ် ပြည့်သော်"

Genesis 5:32

နောဧ သားကား

"နောဧ၌ ဖွားမြင်သော သားကား ...။" အထက်ဖော်ပြပါအရ သားတို့မှာ တစ်ရက်တည်းတွင် မွေးဖွားသည် သို့မဟုတ် နှစ်နှင့် ခြားသည်ဟူ၍ ဖော်ပြထားခြင်း မရှိပါ။

ရှေမ၊ ဟာမ၊ ယာဖက်

ကြီးစဉ်ငယ်လိုက် စာရင်းပြုထားသည်ဟု မဆိုနိုင်ပါ။ အဘယ်သူက အကြီးဆုံးဖြစ်သည်ဟု တတ်အပ် မပြောနိုင်။ ထို့ကြောင့် အသက်အလိုက် စာရင်းပြုခြင်း မဖြစ်စေရပါ။

Genesis 6

Genesis 6:1-3

. . . သောအခါ

အကြောင်းအရာသစ် တစ်ခုကို အစဖွင့်သော အသုံးအနှုန်းဖြစ်သည်။ ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းကိုလိုက်၍ ပြန်ဆိုနိုင်သည်။

သမီးများကိုလည်း ရကြသောအခါ

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လူမိန်းမတို့သည်လည်း သမီးများကို ရကြသောအခါ" (ရှု၊ figs_activepassive)

ဘုရားသခင်၏သား

ဤစကားစု အောက်တွင် "ကောင်းကင်သားဖြစ်သည်ဟူ၍လည်းကောင်း၊ မြေကြီးသားဖြစ်သည်ဟူ၍လည်းကောင်း ရှင်းလင်းစွာ ဖော်ပြထားခြင်းမရှိပါ။ သို့ရာတွင်၊ ဘုရားသခင် ဖန်ဆင်းထားသော သတ္တဝါဖြစ်သည်" ဟူ၍ မှတ်ချက်ပြု ထည့်သွင်းရေးသားနိုင်ပါသည်။ အချို့က ဘုရားသခင်ကို ဆန့်ကျင်သော ကောင်းကင်တမန်ဟူသော ဝိညာဉ်ဆိုး သို့မဟုတ် နတ်ဆိုး ဖြစ်သည်ဟု ဆိုကြသည်။ တချို့က တန်ခိုးကြီးသော နိုင်ငံရေးခေါင်းဆောင်များဟူ၍ လည်းကောင်း၊ ရှေသ၏ သားစဉ်မြေးဆက်ထဲမှ ဖြစ်သည်ဟူ၍ လည်းကောင်း ထင်မြင်ယူဆကြသည်။

ငါ့ဝိညာဉ်

ယာဝေးဘုရားနှင့် မိမိဝိညာဉ်ကို ညွှန်း၏။

အသား

သေတတ်သော ကိုယ်ခန္ဓာကို ညွှန်းသည်။

သူ၏အသက်တန်းသည်လည်း၊ အနှစ်တရာနှစ်ဆယ်ဖြစ်စေ

ဖြစ်နိုင်ချေ ဖွင့်ဆိုချက်များမှာ၊ ၁) နှစ်ပေါင်း ၁၂၀ သို့ လျော့ကျသွားမည့် လူ၏ ပျမ်းမျှအသက်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့သက်တန်းသည် အနှစ်တရာနှစ်ဆယ်ထက်မပိုရ" သို့မဟုတ် ၂) သူတို့သည် အနှစ်တရာနှစ်ဆယ်ပြည့်လျှင် သေစေ ...။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့သည် ယခုစ၍ နှစ်တရာနှစ်ဆယ်တွင် ပျက်စီးစေ" (ရှု၊ translate_numbers)

Genesis 6:4

ကိုယ်ကြီးမားသောသူ

အလွန် မြင့်မား၍ ထွားကျိုင်းသောသူ

This happened when

Not applicable

ဘုရားသခင်၏ သား

၆း၁ အတိုင်း ပြန်ဆိုရန်

အားကြီးသောသူ၊ ရှေးကာလမှစ၍၊ ကျော်စောသောသူ ဖြစ်ကြ၏

"ရှေးကာလ၌ အသက်ရှင်ခဲ့သော အားကြီး၍ ကျော်စောသောသူ ဖြစ်ကြ၏" သို့မဟုတ် "ရှေးကာလ၌ အသက်ရှင်ခဲ့သော သူရဲကောင်းများ၊ ကျော်စောသောသူ ဖြစ်ကြ၏"

အားကြီးသောသူ

စစ်ပွဲများ အောင်နိုင်သော သူရဲကောင်းများ

ကျော်စောသောသူ

"ထင်ရှားသေားသူ"

Genesis 6:5-6

ရှိသမျှ

"မှန်သမျှ" သို့မဟုတ် "ပြုလေသမျှ"

စိတ်နှလုံးအကြံအစည်

စိတ်နှလုံးကို တွေးတတ်သော အင်္ဂါအစိတ်အပိုင်း တစ်ခုကဲ့သို့ တင်စားထားသည်။ ပြန်ဆိုမည့် ဘာသာစကားတွင် "စိတ်နှလုံး" မဟုတ်သော အခြားအသုံးအနှုန်းကို ပြောင်းလဲအသုံးပြုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အတွင်းစိတ်နှလုံး အကြံအစည်" (ရှု၊ figs_metonymy)

နှလုံးတော်ပူပန်လျက် ရှိတော်မူ၏

စိတ်နှလုံးကို ပူပန်တတ်သော အင်္ဂါအစိတ်အပိုင်း တစ်ခုကဲ့သို့ တင်စားထားသည်။ ပြန်ဆိုမည့် ဘာသာစကားတွင် "နှလုံးတော်" မဟုတ်သော အခြားအသုံးအနှုန်းကို ပြောင်းလဲအသုံးပြုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လွန်စွာ ဝမ်းနည်းစေတော်မူ၏" (ရှု၊ figs_metonymy)

Genesis 6:7-8

ငါဖန်ဆင်းသော လူကို၎င်း၊ . . . မြေကြီးမျက်နှာမှာ ငါသုတ်သင်ပယ်ရှင်းမည်

ပြားချပ်သော မျက်နှာပြင်တစ်ခုကဲ့သို့ ခိုင်းနှိုင်းထားသော ရူပကပုဒ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါဖန်ဆင်းထားသော လူအမျိုးကို၎င်း၊ ... မြေကြီးမျက်နှာပေါ်မှ သုတ်သင်ပယ်ရှင်းမည်" (ရှု၊ figs_metaphor)

I will wipe away mankind whom I have created

Not applicable

သုတ်သင်ပယ်ရှင်း

"လုံးလုံးလျားလျား ဖျက်ဆီး...။" "သုတ်သင်ပယ်ရှင်း" ဟူသည်မှာ အနုတ်သဘောကို ဆောင်ပြီး လူသားတို့အား မိမိအပြစ် အလျောက် ဖျက်ဆီးမည်ဟု ဆိုလိုခြင်းဖြစ်သည်။

နောဧမူကား၊ ထာဝရဘုရားစိတ်တော်နှင့် တွေ့သောသူဖြစ်သတည်း

"သို့ရာတွင်၊ ယာဝေးဘုရားသည် နောဧကို နှစ်သက်တော်မူသတည်း" သို့မဟုတ် "နောဧမူကား၊ ယာဝေးဘုရား စိတ်တော်နှင့်တွေ့သောသူ ဖြစ်သတည်း" (UDB)

ထာဝရဘုရား စိတ်တော်နှင့်တွေ့

"စိတ်တော်နှင့်တွေ့" ဟူရာတွင် နှစ်သက်မှုရှိခြင်းကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာဝေးဘုရား စိတ်တော်နှင့်တွေ့" သို့မဟုတ် "ယာဝေးဘုရား စိတ်တော်ကို ကျေနပ်စေ"

Genesis 6:9-10

ယေဘုယျ အချက်အလက်

နောဧ၏ သမိုင်းမှတ်တမ်းဖြစ်ပြီး အခန်းကြီး ၉ တွင် အဆုံးသတ်သည်။

နောဧအတ္ထုပ္ပတ္တိဟူမူကား

"ဤသည်ကား နောဧ၏ သမိုင်းမှတ်တမ်းတည်း"

ဘုရားသခင်နှင့်အတူသွားလာ၏

၅း၂၁ အတိုင်း ပြန်ဆိုရန်။

နောဧသည် . . . သားသုံးယောက်ကို မြင်လေ၏

"နောဧတွင် ... သားသုံးယောက် ရှိလေ၏" သို့မဟုတ် "နောဧ၏ မယား၌ ... သားသုံးယောက် ရှိလေ၏"

ရှေမ၊ ဟာမ၊ ယာဖက်

ဘာသာပြန်သူများအနေဖြင့် "မွေးဖွားသည့် အစဉ်ဖြင့် ရေးသားခြင်း မဟုတ်" ဟူ၍ မှတ်ချချ ပြန်ဆိုရေးသားနိုင်သည်။

Genesis 6:11-12

မြေကြီး

ဖြစ်နိုင်သော ဖွင့်ဆိုချက်များမှာ၊ ၁) မြေကြီးတွင် အသက်ရှင်သောသူများ သို့မဟုတ် ၂) "မြေကြီးကိုယ်တိုင်" (ရှု၊ figs_metonymy)

ပုပ်စပ်လျက်ရှိ၏

လူတို့ပြုသောအမူဖြင့် ခိုင်းနှိုင်းထားသော ရူပကပုဒ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ညစ်ပေလျက်ရှိ၏" သို့မဟုတ် "ဆိုးညစ်လျက်ရှိ၏" (ရှု၊ figs_metaphor)

ဘုရားသခင့်ရှေ့မှာ

ဖြစ်နိုင်သော ဖွင့်ဆိုချက်များမှာ၊ ၁) "ဘုရားသခင် ရှေ့မှောက်၌" သို့မဟုတ် ၂) "ယာဝေးဘုရား ရှေ့မှာ" ဟူ၍ ၄း၁၆ အတိုင်း။

အဓမ္မအမှုနှင့် ပြည့်စုံလေ၏

မြေကြီးကို ပစ္စည်းထည့်နိုင်သော ဘူးခွံကဲ့သို့ ခိုင်းနှိုင်းထားသော ရူပကပုဒ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဓမ္မအမှုပြုသူနှင့် ပြည့်စုံလေ၏" သို့မဟုတ် "ဒုစရိုက်ပြုသူနှင့် ပြည့်စုံလေ၏" (ရှု၊ figs_metaphor)

ကြည့်ရှုသောခါ

"ကြည့်ရှု" ဟူသည်မှာ နောက်ဆက်တွဲ ထူးဆန်းဖြစ်ရပ်ကို အာရုံပြုရန် သုံးထားသော စကားစု ဖြစ်သည်။

လူအပေါင်း

ဖြစ်နိုင်သော ဖွင့်ဆိုချက်များမှာ၊ ၁) လူသားအပေါင်း သို့မဟုတ် ၂) လူနှင့်တိရစ္ဆာန်ဟူသော သက်ရှိသတ္တဝါအပေါင်း (ရှု၊ figs_metonymy)

ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ

လမ်းလွှဲသွားသကဲ့သို့ ခိုင်းနှိုင်းထားသော ရူပကပုဒ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်၏ အလိုတော်ကို ဆန့်ကျင်ကြပြီ" သို့မဟုတ် "ဒုစရိုက်ပြုခြင်းသို့ ရောက်ကြပြီ" (UDB) (ရှု၊ figs_metaphor)

Genesis 6:13-15

သတ္တဝါအပေါင်း

၆း၁၁ အတိုင်း "လူအပေါင်း" ဟူ၍ ပြန်ဆိုနိုင်သည်။

သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့်ပြည့်စုံလေ၏

"မြေကြီးပေါ်ရှိ သူတို့အားလုံးသည် အဓမ္မမှုနှင့်ပြည့်စုံလေ၏"

မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်

"မြေကြီးမှအစ သူတို့အားလုံးကို ငါဖျက်ဆီးမည်" သို့မဟုတ် "မြေကြီးကို ရှင်းလင်းချိန်တွင် သူတို့ကို ငါဖျက်ဆီးမည်"

သင်္ဘော

ပြင်းထန်သောမုန်တိုင်း တိုက်ခတ်သောအခါ ရေ၌ ပေါ်မည့် သစ်သားတုံးကြီးတစ်ခုကို ညွှန်းသည်။ "လှေကြီး" သို့မဟုတ် "သင်္ဘောကြီး" သို့မဟုတ် "ဖောင်ကြီး"

ဂေါဖရသစ်သား

မည်သည့်သစ်သားမျိုး ဖြစ်သည်ကို နားလည်ရန် ခက်ခဲ၏။ "သင်္ဘောတည်သော သစ်သား" သို့မဟုတ် "သစ်သားကောင်း"

ထင်းရှူးစေးနှင့်သုတ်လော့

"ထင်ရှူးစေးနှင့်အုပ်လော့" သို့မဟုတ် "သစ်စေးနှင့်သုတ်လော့။" ထိုသို့ ပြုရသည့် အကြောင်းရင်းကို ထည့်သွင်း၍လည်းရသည်။ "ရေမဝပ်စေရန် ထင်းရှူးစေးနှင့်သုတ်လော့" (UDB) (ရှု၊ figs_explicit)

ထင်းရူးစေး

သင်္ဘောတည်ဆောက်ရာ၌ ရေမဝပ်ရန် သင်္ဘောကိုယ်ထည်ရှိ သစ်သားများကြား အပေါက်၌ သုတ်ရသော ထူထပ်၍ စေးကပ်စိုရွှဲသည့် အရည်တစ်မျိုး။

အတောင်

မီတာတဝက်နီးပါး အရှည်ရှိသော အတိုင်းအတာ ပမာဏ။ (ရှု၊ translate_bdistance)

အတောင်သုံးရာ

"၁၃၈ မီတာ။" ULB မူပြန်ကျမ်းအတိုင်း မူရင်းဟေဗြဲ တိုင်းတာမှုကိုလည်းကောင်း၊ UDB မူပြန်ကျမ်းအတိုင်း မက်တရစ် ခေါ် ခေတ်ပေါ်တိုင်းတာမှုကိုလည်းကောင်း အသုံးပြု ပြန်ဆို၍ရသည်။ သို့မဟုတ်လျှင်၊ အဆိုပါ တိုင်းတာမှုအောက်၌ "အတောင် ၃၀၀ မှာ ၁၃၈ မီတာခန့် ရှည်သည်" ဟူ၍လည်း ဖော်ပြနိုင်သည်။ (ရှု၊ translate_bdistance)

အတောင်ငါးဆယ်

"နှစ်ဆယ့်သုံး မီတာ" (ရှု၊ translate_bdistance)

အတောင်သုံးဆယ်

"တဆယ့်လေး မီတာ" (ရှု၊ translate_bdistance)

Genesis 6:16-17

အမိုး

ထိပ်ချွန်အမိုး ဖြစ်နိုင်သည်။ မိုးဒဏ်မှ ကာကွယ်ရန် ဖြစ်သည်။

တောင်

မီတာတဝက်နီးပါး အရှည်ရှိသော အတိုင်းအတာ ပမာဏ။ ၆း၁၃ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_bdistance)

အောက်ဆင့်၊ အလယ်ဆင့်၊ အပေါ်ဆင့်ဟူ၍၊ သုံးဆင့်

"အောက်ထပ်၊ အလယ်ထပ်နှင့် အပေါ်ထပ်ဟူ၍၊ သုံးထပ်" သို့မဟုတ် "အတွင်း၌ အထပ်သုံးထပ်" (UDB)

ဆင့်

"အထပ်" သို့မဟုတ် "အခန်း"

Listen

Not applicable

မြေကြီးကို ရေလွှမ်းမိုးစေသဖြင့်

"မြေကြီးကို ရေကြီးစေသဖြင့်" သို့မဟုတ် "မြေကြီးကို ရေလွှမ်းမိုးမှု ရှိစေသဖြင့်" (ရှု၊ figs_go)

သတ္တဝါအပေါင်း

"သတ္တဝါ" ဟူရာတွင် လူသားနှင့်တိရစ္ဆာန်မှစသော သက်ရှိသတ္တဝါအပေါင်းကို ညွှန်း၏။ (ရှု၊ figs_metonymy)

အသက်ရှင်သော

အခြားသော ဘာသာပြန်ဆိုချက်၊ "သက်ရှိ" (ရှု၊ figs_metonymy)

Genesis 6:18-19

သင်၌မူကား၊ ငါ့ပဋိညာဉ်ကို ငါတည်စေမည်

"သို့သော်၊ ငါ့ပဋိညာဉ်ကို သင်၌တည်စေမည်"

သင်၌

နောဧကို ညွှန်း၏။

သင်သည် . . . သင်္ဘောထဲသို့ ဝင်ရမည်

သင်သည် ... သင်္ဘောထဲသို့ ဝင်သွားရမည်။" အချို့ မူပြန်ကျမ်းများ၌ "သင်သည် ... သင်္ဘောထဲသို့ ဝင်လာရမည်။"

အသက်ရှင်သော တိရစ္ဆာန်အမျိုးမျိုးထဲက၊ အထီးအမ၊ အစုံတို့ကိုယူ၍၊ . . . သင်္ဘောထဲသို့ သွင်းရမည်

"အသက်ရှင်သော တိရစ္ဆာန်တို့ကို အထီးအမ တစုံချင်းယူ၍၊ ... သင်္ဘောထဲသို့ သွင်းရမည်"

တိရစ္ဆာန်

ဘုရားသခင် ဖန်ဆင်းသော သတ္တဝါတစ်မျိုး

all flesh

Not applicable

Genesis 6:20-22

အမျိုးအလိုက်

"အမျိုးကိုလိုက်၍"

တွားတတ်သော တိရစ္ဆာန်အပေါင်း

မြေပေါ်တွင် တွားသွားသော တိရစ္ဆာန်ငယ်များကို ဆိုလိုသည် (UDB)။

အထီးအမ၊ အစုံ

တိရစ္ဆာန် အစုံလိုက်

အသက်ချမ်းသာ စေခြင်းငှါ

"သေဘေးမှ လွတ်ခြင်းငှါ" (ရှု၊ figs_ellipsis)

. . . သင့်ထံသို့ . . .

နောဧကို ညွှန်း၏။ (ရှု၊ figs_you)

ကိုယ်စားစရာအဘို့၊ တိရစ္ဆာန်တို့စားစရာအဘို့၊ စားအပ်သောအစာ

"လူနှင့်တိရစ္ဆာန်တို့အဘို့၊ စားအပ်သောအစာ"

မှာထားတော်မူသည်အတိုင်းလည်း နောဧပြုလေ၏

ဘုရားသခင် မိန့်တော်မူသည်အတိုင်း ပြုလုပ်ကြောင်း ရှင်းလင်းသော စာကြောင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မှာထားတော်မူသမျှကို နောဧပြုလေ၏" (ရှု၊ figs_parallelism)

Genesis 7

Genesis 7:1-3

ယေဘုယျ အချက်အလက်

နောဧ သင်္ဘောကိုဆောက်၍၊ အစာကိုစုလျက်၊ သင်္ဘောထဲသို့ သွင်းပြီးနောက် အဖြစ်အပျက်ကို ဖော်ပြထားသည်။

. . . သင်္ဘောထဲသို့ ဝင်ကြလော့။ . . . သိမ်းယူရမည်

"... သင်္ဘောထဲသို့ ဝင်ကြလော့။ ... ခေါ်ဆောင်ရမည်။" (ရှု၊ figs_go)

သင်

နောဧကို ညွှန်းသည်။ (ရှု၊ figs_you)

သင်၏အိမ်သူအိမ်သားအပေါင်း

"သင်၏မိသားစုအပေါင်း"

ငါ့ရှေ့၌ ဖြောင့်မတ်ကြောင်းကို ငါသိမြင်သည်

နောဧကို ဖြောင့်မတ်သည်ဟု ဘုရားသခင် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ဤကာလအမျိုးတွင်

ထိုခေတ်အခါ၌ နေသောသူများကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယခု အသက်ရှင်သောသူအပေါင်းတွင်"

စင်ကြယ်သော သားမျိုး

စားသုံးရန်နှင့် ယဇ်ပူဇော်ရန် ဘုရားသခင် ခွင့်ပြုထားသော တိရစ္ဆာန်အမျိုးကို ညွှန်းသည်။

မစင်ကြယ်သော သားမျိုး

စားသုံးရန်နှင့် ယဇ်ပူဇော်ရန် ဘုရားသခင် တားမြစ်ထားသော တိရစ္ဆာန်အမျိုးကို ညွှန်းသည်။

အမျိုးမပျက် ဆက်နွယ်စေခြင်းငှါ

"နောင်မျိုးဆက် ရှင်သန်စေခြင်းငှါ" သို့မဟုတ် "ရေလွှမ်းမိုးခြင်းပြီးလျှင်၊ အမျိုးမပျက် ဆက်နွယ်စေခြင်းငှါ"

Genesis 7:4-5

အရက်လေးဆယ်ပတ်လုံး

ရက်ပေါင်းလေးဆယ်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရက်ပေါင်းလေးဆယ်လုံး"

living

Not applicable

Genesis 7:6-7

ယေဘုယျ အချက်အလက်

အပိုဒ်ငယ် ၆-၁၂ သည် ၇း၁ ရှိ နောဧနှင့်မိသားစုအပါအဝင် တိရစ္ဆာန်အပေါင်းတို့ သင်္ဘောထဲ ဝင်သွားသည့်ဖြစ်ရပ်ကို အသေးစိပ် ဖော်ပြထား၏။ အကြောင်းအရာသစ် မဟုတ်။

came upon the earth

Not applicable

ရေလွှမ်းမိုးခြင်းဘေးကြောင့်

"ရေလွှမ်းမိုးသေားကြောင့်" သို့မဟုတ် "ရေလွှမ်းမိုးခြင်းဘေးမှ လွတ်ရန်"

Genesis 7:8-10

ယေဘုယျ အချက်အလက်

အပိုဒ်ငယ် ၆-၁၂ သည် ၇း၁ ရှိ နောဧနှင့်မိသားစုအပါအဝင် တိရစ္ဆာန်အပေါင်းတို့ သင်္ဘောထဲ ဝင်သွားသည့်ဖြစ်ရပ်ကို အသေးစိပ် ဖော်ပြထား၏။ အကြောင်းအရာသစ် မဟုတ်။

စင်ကြယ်သောသား

စားရန်နှင့် ယဇ်ကောင်အဖြစ် ပူဇော်ရန် ဘုရားသခင် ခွင့်ပြုသော တိရစ္ဆာန်ကို ညွှန်းသည်။

မစင်ကြယ်သောသား

စားရန်နှင့် ယဇ်ကောင်အဖြစ် ပူဇော်ရန် ဘုရာသခင် ပိတ်ပင်ထားသော တိရစ္ဆာန်ကို ညွှန်းသည်။

အထီးအမအစုံ

အထီးနှင့်အမ အစုံလိုက်

...သောအခါ

ဤသမိုင်းမှတ်တမ်း၏ အရေးပါသော ဖြစ်ရပ် တစ်ခု၊ ရေလွှမ်းမိုးသည့်အချိန်ကို ညွှန်းဆိုရာ၌ အသုံးပြုသော စကားစုဖြစ်သည်။ ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းကို လိုက်၍ ပြန်ဆိုနိုင်သည်။

ခုနစ်ရက်စေ့သောအခါ

"ခုနစ်ရက်မြောက်သောအခါ" သို့မဟုတ် "ခုနစ်ရက်လွန်သော်"

လွှမ်းမိုးအပ်သော ရေသည် မြေပေါ်၌ ပေါ်လာ၏

"မိုဃ်းရေများ ရွာချလာပြီး" ဟု ပို၍တိကျစွာ ဖော်ပြနိုင်သည် (UDB)။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိုဃ်းရေများ ရွာချလာပြီး မြေပေါ်၌ ရေလွှမ်းမိုးခြင်း ဖြစ်လေ၏။" (ရှု၊ figs_explicit)

Genesis 7:11-12

ယေဘုယျ အချက်အလက်

အပိုဒ်ငယ် ၆-၁၂ သည် ၇း၁ ရှိ နောဧနှင့်မိသားစုအပါအဝင် တိရစ္ဆာန်အပေါင်းတို့ သင်္ဘောထဲ ဝင်သွားသည့်ဖြစ်ရပ်ကို အသေးစိပ် ဖော်ပြထား၏။ အကြောင်းအရာသစ် မဟုတ်။

နောဧအသက်ခြောက်ရာစေ့သောနှစ်

"နောဧအသက် ခြောက်ရာပြည့်သောနှစ်" (UDB) (ရှု၊ translate_ordinal)

ဒုတိယလ၊ ဆယ်ခုနစ်ရက်နေ့

ဤကျမ်းကို မောရှေပြုစုထားသည်အလျောက်၊ ဟေဗြဲ ပြက္ကဒိန်၏ ဒုတိယကို ညွှန်းနေခြင်း ဖြစ်ပေမည်။ သို့သော် သေချာမှု မရှိ။ (ရှု၊ translate_hebrewmonths နှင့် translate_ordinal)

on the same day

Not applicable

ကြီးစွာသော နက်နဲရာ ရေပေါက်ရေတွင်းတို့၏ အဆီးအတားရှိသမျှကို ပယ်ရှင်း၍

"မြေအောက်မှ ရေများ မြေပေါ်သို့ ထိုးထွက်စေ၍"

ကြီးစွာသော နက်နဲရာ

မြေအောက်ရှိ ပင်လယ်ပြင်ကို ညွှန်းဆိုခြင်း ဖြစ်နိုင်သည်။

မိုဃ်းကောင်းကင်ပြွန်ပများကို ဖွင့်သဖြင့်

မိုးရေကို ညွှန်း၏။ မိုဃ်းပေါ်ရှိရေကို မြေပေါ် ကျမသွားစေရန် ကောင်းကင်က နံရံသဖွယ် တားဆီးနေကြောင်း ဖော်ပြနေသည်။ ထိုကောင်းကင် ပြူတင်းပေါက်၊ သို့မဟုတ် တံခါးများ ပွင့်လာသောအခါ မိုဃ်းရေများ ရွာကြလာသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိုဃ်းကောင်းကင်ကို ဖွင့်သဖြင့်" သို့မဟုတ် "မိုဃ်းကောင်းကင် တံခါးပေါက်များကို ဖွင့်သဖြင့်"

မိုဃ်း

ပြန်ဆိုမည့် ဘာသာစကားတွင် မိုးရေ အမြောက်အများ ရွာသည်ဟူသော အသုံးအနှုန်းမျိုးဖြင့် ပြန်ဆိုရသင့်သည်။

Genesis 7:13-14

ယေဘုယျ အချက်အလက်

အပိုဒ်ငယ် ၁၃-၁၈ သည် ၇း၁ ရှိ နောဧနှင့်မိသားစုအပါအဝင် တိရစ္ဆာန်အပေါင်းတို့ သင်္ဘောထဲ ဝင်သွားသည့်ဖြစ်ရပ်ကို အသေးစိပ် ဖော်ပြထား၏။ အကြောင်းအရာသစ် မဟုတ်။

ထိုနေ့ရက်တွင်

"ထိုနေ့တွင်။" မိုးစတင် ရွာသောနေ့ကို ညွှန်းသည်။ အငယ် ၁၃-၁၆ တွင် မိုးမရွာမီအချိန်၌ ပြုခဲ့သောအရာများကို ဖော်ပြထား၏။

သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုး၊ ပျံတက်သော ကြက်ငှက်မျိုး

ဖော်ပြပါ တိရစ္ဆာန်အမျိုး လေးမျိုးမှာ သက်ရှိတိရစ္ဆာန် အပေါင်းကို ချုံငုံ ညွှန်းဆိုလိုက်ခြင်း ဖြစ်သည်။ ပြန်ဆိုမည့် ဘာသာစကားတွင် တိရစ္ဆာန်အားလုံးကို ချုံငုံသော အမျိုးစုများ ရှိသည်အတိုင်း ပြန်ဆိုရန်ဖြစ်သည်။ ၁း၂၄ မှ ပြန်ဆိုချက်ကို ရှု။

မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုး

ကြွက်အမျိုး၊ ပိုးကောင်အမျိုး၊ တွားသွားသတ္တဝါအမျိုးနှင့် မြွေအမျိုးမှစသော မြေပေါ်၌ တွားသောအကောင်အားလုံးကို ညွှန်းသည်။

according to its kind

Not applicable

Genesis 7:15-16

ယေဘုယျ အချက်အလက်

အပိုဒ်ငယ် ၁၃-၁၈ သည် ၇း၁ ရှိ နောဧနှင့်မိသားစုအပါအဝင် တိရစ္ဆာန်အပေါင်းတို့ သင်္ဘောထဲ ဝင်သွားသည့်ဖြစ်ရပ်ကို အသေးစိပ် ဖော်ပြထား၏။ အကြောင်းအရာသစ် မဟုတ်။

အထီးအမအစုံ

တိရစ္ဆာန်ကို ညွှန်းသည်။ (ရှု၊ figs_metonymy)

အသက်ရှင်သော

"အသက်" ဟု ဆိုရာတွင် ခန္ဓာအသက်ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သက်ရှိ" (ရှု၊ figs_metonymy)

နောဧနှင့်အတူ

ဤစာပိုဒ်ကို "နောဧထံသို့လာ၍" ဟုလည်း ပြန်ဆိုနိုင်သည်။ (ရှု၊ figs_go)

တိရစ္ဆာန်အမျိုးအမျိုး အပေါင်း

အခြားသော ဘာသာပြန်ဆိုချက်၊ "တိရစ္ဆန်အပေါင်း" (ရှု၊ figs_metonymy)

after them

Not applicable

Genesis 7:17-18

ယေဘုယျ အချက်အလက်

အပိုဒ်ငယ် ၁၃-၁၈ သည် ၇း၁ ရှိ နောဧနှင့်မိသားစုအပါအဝင် တိရစ္ဆာန်အပေါင်းတို့ သင်္ဘောထဲ ဝင်သွားသည့်ဖြစ်ရပ်ကို အသေးစိပ် ဖော်ပြထား၏။ အကြောင်းအရာသစ် မဟုတ်။

ရေလွှမ်းမိုးခြင်းသည် . . . အစဉ်အတိုင်း တိုးတက်၍

ရက်လေးဆယ်ပတ်လုံး မိုးရွာခြင်းမှ ဖြစ်လာသည်။ "ရေသည် . . . အစဉ်အတိုင်း နက်လာ၍"

သင်္ဘောကို . . . ဆောင်ယူလေ၏

"သင်္ဘောကို ... ရေပေါ်၌ တည်စေ၏"

မြေမှခွါလျက် ဆောင်ယူလေ၏

"သင်္ဘောကို မြေမှခွါလျက် ရေပေါ်၌ တည်စေ၏" သို့မဟုတ် "သင်္ဘောသည် ရေပါ်၌ တည်လေ၏"

Genesis 7:19-20

ရေသည် မြေကြီးပေါ်မှာ အလွန်အားကြီးသဖြင့်

"ရေသည် မြေကြီးကို အုပ်စိုးသဖြင့်"

ဆယ်ငါးတောင်

"ခြောက်မီတာ။" ၆း၁၃ မှ ပြန်ဆိုချက်ကို ရှု။

Genesis 7:21-22

လှုပ်ရှားတတ်သော

"အသက်ရှင်သော" သို့မဟုတ် "ရွေ့လျားတတ်သော"

မြေပေါ်မှာ လှုပ်ရှားတတ်သော . . . တိရစ္ဆာန်အပေါင်း

မြေပေါ်၌ အသက်ရှင်သော တိရစ္ဆာန်အမျိုးပေါင်း အားလုံးကို ညွှန်းဆိုသည်။

အသက်ရှူလျက်

"ရှူ" ဟူသည်မှာ တိရစ္ဆာန်အပါအဝင် လူသားမှစသော သတ္တဝါအားလုံးကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အသက်ရှင်လျက်" (ရှု၊ figs_synecdoche)

အသက်

လူနှင့် တိရစ္ဆာန်အပေါင်းကို ရှင်စေနိုင်သေသာ အစွမ်းကို ပုံဆောင်သည်။ (ရှု၊ figs_metonymy)

သေကြကုန်၏

ကိုယ်ခန္ဓာသေခြင်းကို ညွှန်း၏။

Genesis 7:23-24

အသက်ရှင်သော အရာရှိရှိသမျှတို့ကို . . . ပယ်ရှင်းတော်မူ၍

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အသက်ရှင်သော အရာရှိရှိသမျှတို့သည် ... ပယ်ပျောက်၍" (ရှု၊ figs_activepassive)

ပျက်စီးကွယ်ပျောက်ခြင်းသို့ ရောက်ကြကုန်၏

အပြုဝါကျအဖြစ် ပြောင်းဆိုနိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင် ဖျက်စီးတော်မူ၏" (ရှု၊ figs_activepassive)

မြေကြီးပေါ်က

"မြေကြီးပေါ်မှ"

နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသောသူ

"သင်္ဘောထဲ၌ အတူပါရှိသောသူ"

ကျန်ကြွင်းကြလေ၏

"ကျန်ရှိကြ၏" သို့မဟုတ် "အသက်ရှင်ကြ၏" သို့မဟုတ် "အသက်ရှင်ခွင့်ရကြ၏" (UDB)

ရေသည်လည်း မြေကြီးပေါ်မှာ . . . အားကြီးစွာ တည်လေ၏

"ရေသည်လည်း မြေကြီးကို ... ဖုံးအုပ်လေ၏" သို့မဟုတ် "မြေကြီးပေါ်မှာ ... ရေလွှမ်းလေ၏"

Genesis 8

Genesis 8:1-3

အောက်မေ့၍

"သနားခြင်းရှိ၍"

သင်္ဘော

ပြင်းထန်သောမုန်တိုင်း တိုက်ခတ်သောအခါ ရေ၌ ပေါ်မည့် သစ်သားတုံးကြီးတစ်ခုကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လှေကြီး" သို့မဟုတ် "သင်္ဘောကြီး" သို့မဟုတ် "ဖောင်ကြီး။" ၆း၁၃ မှ ပြန်ဆိုချက်ကို ရှု။

နက်နဲရေပေါက်ရေတွင်းများ မိုဃ်းကောင်းကင်ပြွန်ဝများကို ဆို့ပိတ်၍

"မြေအောက်ရေနှင့် မိုဃ်းရေများကို ရပ်တန့်စေ၍။" အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် မြေအောက်ရေနှင့် မိုဃ်းရေများကို ရပ်တန့်စေ၍" (ရှု၊ figs_activepassive)

နက်နဲ ရေပေါက်ရေတွင်းများ

"မြေအောက်ရေများ။" ၇း၁၁ မှ ပြန်ဆိုချက်ကို ရှု။

မိုဃ်းကောင်းကင် ပြွန်ဝများ ဆို့ပိတ်၍

မိုးရွာမှု ရပ်တန့်သွားကြောင်း ညွှန်းသည်။ ကောင်းကင်ကို မိုးရေများ ကျမသွားစေရန် အတားအဆီး ပြုပေးသော အမိုးကဲ့သို့ ခိုင်းနှိုင်းထားသည်။ ထိုအမိုး (သို့) တံခါးကို ပိတ်လိုက်သောအခါ မိုးရေများ စီးကျခြင်းမှ ရပ်တန့်သည်ဟု ယူဆကြ၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကောင်းကင်တံခါးများ ဆို့ပိတ်၍။" ၇း၁၁ ရှိ "မိုဃ်းကောင်းကင်ပြွန်ပများ" မှ ပြန်ဆိုချက်ကို ရှု။

Genesis 8:4-5

တင်လေ၏

"ဆိုက်လေ၏" သို့မဟုတ် "ရပ်လေ၏"

သတ္တမလ၊ ဆယ်ခုနစ်ရက်နေ့ . . . ဒသမလ

ဤကျမ်းကို မောရှေ ပြုစုထားသည့်အတွက်၊ ဟေဗြဲ ပြက္ကဒိန်၏ သတ္တမလနှင့် ဒသမလကို ညွှန်းခြင်း ဖြစ်ပေမည်။ သို့ရာတွင်၊ သေချာသည်မဟုတ်။ (ရှု၊ translate_hebrewmonths နှင့် translate_ordinal)

ထိုလဆန်းတရက်နေ့

"ထိုဒသမလ၏ ပထမနေ့ရက်"

ပေါ်ကြ၏

ပို၍တိကျစွာ ဖော်ပြနိုင်သည်။ "ရေမျက်နှာပြင်မှ ပေါ်ထွက်ကြ၏။" (ရှု၊ figs_explicit)

Genesis 8:6-7

It came about

Not applicable

နောဧသည် သင်္ဘောထဲ၌ လုပ်ခဲ့သော ပြတင်းပေါက်ကို ဖွင့်၍

"လုပ်ခဲ့သော" ဟု ဆိုရာတွင် နောဧ ပြုလုပ်ခဲ့သည့် "ပြတင်းပေါက်" ကို ညွှန်းသည်။ ပြန်ဆိုမည့် ဘာသာစကားတွင် "သင်္ဘောထဲ၌ မိမိ လုပ်ခဲ့သော ပြတင်းပေါက်ကို ဖွင့်၍၊ နောဧသည်" စသည်ဖြင့် နားလည်နိုင်သည့် အသုံးအနှုန်းမျိုးဖြင့် ပြန်ဆိုရမည်။ (ရှု၊ figs_distinguish)

ကျီး

တိရစ္ဆာန်အသေကောင်၏ အသားကို အဓိက စားသုံးသော အမဲရောင်ငှက်တစ်မျိုး

သွားလာလျက်နေလေ၏

ဤသည်မှာ သင်္ဘောသို့ ပြန်လာတလှည့်၊ ပျံထွက်တလှည့် သွားလာကြောင်း ဆိုလိုခြင်း ဖြစ်သည်။

ရေမခန်းမခြောက် မှီတိုင်အောင်

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လေတိုက်၍ ရေမခန်းမှီတိုင်အောင်" သို့မဟုတ် "ရေခန်းခြောက်ခြင်း မပြုမှီတိုင်အောင်"(ရှု၊ figs_activepassive)

Genesis 8:8-9

ခြေဖြင့်နင်း၍ အမောဖြေစရာ

"နားနေစရာ" သို့မဟုတ် "ခိုနားစရာ။" ပျံသန်းရာမှ အမောဖြေရန် ရပ်စရာနေရာကို ဆိုလိုခြင်းဖြစ်သည်။

her foot ... she returned ... and brought her

Not applicable

he ... him

Not applicable

Genesis 8:10-12

Look

Not applicable

မိမိဆိတ်ယူသော သံလွင်ရွက်

"သံလွင်ပင်မှ ဆိတ်ယူသော အရွက်"

ဆိတ်ယူ

"ခူးယူ"

တဖန်ခုနစ်ရက်နေပြီးမှ

"တဖန်ခုနစ်ရက် စောင့်ပြီးလျှင်"

နောက်တဖန် ချိုးသည် မပြန်မလာနေ၏

အထက်ပါအတိုင်း ပြန်ဆိုချက်က နားလည်ရန် အခက်အခဲ ဖြစ်လျှင် အကြောင်းရင်းကို ဆက်လက် ဖော်ပြနိုင်သည်။ "သို့ရာတွင် ခြေဖြင့်နင်း၍ အမောဖြေစရာ တွေ့သဖြင့်၊ ချိုးသည် ပြန်လာခြင်းမပြုတော့။

Genesis 8:13-14

It came about

Not applicable

အနှစ်ခြောက်ရာတခု

"နောဧအသက် ခြောက်ရာတစ်နှစ်မြောက်" (ရှု၊ translate_ordinal)

ပဌမလဆန်းတရက်နေ့တွင်

ဤကျမ်းကို မောရှေ ပြုစုထားသည့်အတွက်၊ ဟေဗြဲ ပြက္ကဒိန်၏ ပထမလကို ညွှန်းခြင်း ဖြစ်ပေမည်။ သို့ရာတွင်၊ သေချာသည်မဟုတ်။ (ရှု၊ translate_hebrewmonths နှင့် translate_ordinal)

မြေကြီးပေါ်မှာ ရေခန်းခြောက်သည်ရှိသော်၊

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မြေကြီးကို လွှမ်းမိုးသော ရေသည် ခန်းခြောက်ခြင်းရှိသော်" သို့မဟုတ် "လေသည် ရေကို မြေကြီးပေါ်မှ ခန်းခြောက်စေသော်" (ရှု၊ figs_activepassive)

သင်္ဘောမိုး

မိုဃ်းရေများ ဝင်မသွားစေရန် အသုံးပြုသော အဖုံးကို ညွှန်းသည်။

behold

Not applicable

ဒုတိယလ၊ နှစ်ဆယ်ခုနစ်ရက်နေ့တွင်

"ဒုတိယလ၏ နှစ်ဆယ်ခုနစ်ရက်နေ့တွင်။" ဟေဗြဲ ပြက္ကတိန်၏ ဒုတိယလကို ညွှန်းဆိုခြင်း ဖြစ်နိုင်သည်။ သို့ရာတွင်၊ သေချာမှုမရှိ။ (ရှု၊ translate_hebrewmonths နှင့် translate_ordinal)

မြေကြီး သွေ့ခြောက်လေ၏

"မြေသည် လုံးလုံးလျားလျား ခြောက်သွေ့လေ၏" (UDB)

Genesis 8:15-17

ထွက်ဆင်းလော့ . . . ထုတ်ဆောင်လော့

"ထွက်ခွါလော့ ... ခေါ်ဆောင်လော့။" တချို့ မူပြန်ကျမ်းတွင်၊ "ထွက်လာလော့ ... ခေါ်ထုတ်လော့" ဟူ၍ ပြန်ဆိုသည်။ (ရှု၊ figs_go)

အသက်ရှင်သော တိရစ္ဆာန်

"အသက်ရှင်သော သတ္တဝါအပေါင်း။" ၆း၁၁ ရှိ "လူအပေါင်း" ပြန်ဆိုချက်ကို ရှု။

သားကိုမွေး၍ အလွန် တိုးပွားများပြားမည်အကြောင်း

ဥပစာစကားဖြစ်သည်။ ၁း၂၈ မှ ပြန်ဆိုချက်ကို ရှု။ ဤစာပိုဒ်မှာ တိရစ္ဆာန်များသာမဟုတ်ဘဲ လူသားတို့ကိုလည်း မျိုးပွားလျက် များပြားရန် ဘုရားသခင် မိန့်တော်မူခြင်းဖြစ်သည်။ (ရှု၊ figs_doublet နှင့် figs_idiom)

Genesis 8:18-19

နောဧ ... တို့သည် ထွက်ဆင်းကြ၏

အချို့ မူပြန်ကျမ်းအရ၊ "နောဧ ... တို့သည် ထွက်လာကြ၏။" (ရှု၊ figs_go)

according to their families

Not applicable

Genesis 8:20-22

ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်ပြီးမှ

"ယာဝေးဘုရားအဘို့ ယဇ်ပလ္လင်ကို တည်ပြီးမှ" သို့မဟုတ် "ယာဝေးဘုရားကို ပူဇော်ခြင်းငှါ ယဇ်ပလ္လင် တည်ပြီးမှ။" ဤယဇ်ပလ္လင်ကို ကျောက်တုံးကျောက်ခဲများဖြင့် တည်ထားခြင်း ဖြစ်ပေမည်။

စင်ကြယ်သောသား၊ စင်ကြယ်သောငှက်

"စင်ကြယ်" ဟု ဆိုရာတွင် ယဇ်အဖြစ် ဘုရားသခင် လက်ခံထားသော အကောင်များကို ဆိုလိုသည်။ အချို့အကောင်များမှ ယဇ်ပူဇော်ရန် မသင့်လျော်သောကြောင့် ၎င်းကို "မစင်ကြယ်" သောသားဟု ခေါ်သည်။

မီးရှို့သောယဇ်ကို ပူဇော်လေ၏

ဘုရားသခင်အဘို့ ယဇ်ကောင်ကိုသတ်၍ မီးရှို့ပူဇော်ရသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မီးရှို့သောယဇ်ကို ယာဝေးဘုရားအဘို့ ပူဇော်လေ၏"

မွှေးကြိုင်သောအနံ့

အရှို့ခံရသော ယဇ်ကောင်၏ အနံ့ကို ညွှန်းသည်။

said in his heart

Not applicable

မြေကြီးကို မကျိန်

"မြေကြီးကို ဖျက်ဆီးခြင်းမပြု" (UDB)

လူတို့အတွက်

ပို၍တိကျပေါ်စွာ ဖော်ပြနိုင်သည်။ "လူတို့အပြစ်အတွက်" (ရှု၊ figs_explicit)

လူတို့သည် ငယ်သောအရွယ်မှ စ၍၊ စိတ်နှလုံးအကြံအစည်ဆိုးကြ၏

"လူတို့သည် ငယ်သောအရွယ်မှစ၍၊ ဒုစရိုက်အမှုကိုသာ ပြုကြ၏" သို့မဟုတ် "ငယ်ရွယ်ချိန်မှစ၍၊ ဒုစရိုက်အမှုကို ပြုလိုသောဆန္ဒ ရှိကြ၏"

စိတ်နှလုံးအကြံအစည်

"စိတ်နှလုံး" ဟု ဆိုရာတွင် လူ့အကြံအစည်၊ ခံစားချက်၊ တပ်မက်မှု၊ နှင့် အလိုဆန္ဒကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ပြုသမျှသည်" သို့မဟုတ် "အကျင့်သည်"

ငယ်သောအရွယ်

အသက်ရပြီးသော လူကြီးကို ညွှန်းသောစကား ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငယ်ရွယ်ချိန်"

မြေကြိးမကုန်မှီတိုင်အောင်

"မြေကြီး တည်သည့်ကာလပတ်လုံး" သို့မဟုတ် "ကပ်ကမ္ဘာ မကုန်မှီတိုင်အောင်"

မျိုးစေ့ကြဲရသောကာလ

"စိုက်ပျိုးရသောကာလ"

ချမ်းသောကာလ၊ ပူသောကာလ၊ နွေကာလ၊ ဆောင်းကာလ

ရာသီဥတုကြီး နှစ်ပါးနှင့် ၎င်းတို့၏ ရသကို ညွှန်းဆိုသည်။ ပြန်ဆိုမည့်ဘာသာ၏ ဒေသိယ အသုံးအနှုန်းကိုလိုက်၍ ပြန်ဆိုနိုင်သည်။ (ရှု၊ figs_merism)

နွေကာလ

တစ်နှစ်တာကာလ၏ ပူလောင်၊ ခြောက်သွေ့သော အချိန်

ဆောင်းကာလ

တစ်နှစ်တာကာလ၏ အေးမြ၊ စိုစွတ် သို့မဟုတ် ချမ်းစိမ့်သော အချိန်

မပြတ်ရ

"ကုန်ဆုန်းခြင်းမရှိရ" သို့မဟုတ် "ရပ်တန့်ခြင်းမရှိရ။" ဤစကားစုကို အပြုသဘောဆောင် ပုံစံဖြင့်လည်း ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တည်မြဲစေ" (ရှု၊ figs_doublenegatives)

Genesis 9

Genesis 9:1-2

များပြားစွာမွေးဘွားလျက် မြေကြီးပြည့်စေကြလော့

ဘုရားသခင် ပေးသော ကောင်းချီးမင်္ဂလာဖြစ်သည်။ မိမိတို့နှင့် သဏ္ဍာန်တူသော လူများစွာကို မွေးဘွားရန် နောဧနှင့် မိသားစုထံ မိန့်တော်မူခဲ့သည်။ "များပြား" ဟူသည်မှာ မည်ကဲ့သို့ မွေးဘွားရမည်ကို တိကျစေသော ကြိယာဝိသေသနပုဒ် ဖြစ်သည်။ ၁း၂၈ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ figs_doublet နှင့် figs_idiom)

မြေတိရစ္ဆာန် . . . ပင်လယ်ငါးအပေါင်းတို့သည်၊ သင်တို့ရှေ့မှာ ကြောက်ရွံ့တုန်လှုပ်ခြင်းသဘော ရှိကြလိမ့်မည်

အခြားသော ဘာသာပြန်ဆိုချက်၊ "မြေတိရစ္ဆာန် ... ပင်လယ်ငါးအပေါင်းတို့သည်၊ သင်တို့ကို ကြောက်ရွံ့တုန်လှုပ်ကြလိမ့်မည်" (ရှု၊ figs_metaphor)

ကြောက်ရွံ့တုန်လှုပ်ခြင်းသဘော

"ကြောက်ရွံ့" နှင့် "တုန်လှုပ်" ဟူသည်မှာ တူညီသော ဝေါဟာရဖြစ်ပြီး၊ မည်မျှ ကြောက်ရွံ့သည်ကို ပေါ်လွင်စေရန် ပေါင်းစပ်လိုက်သော စကားစုဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကြောက်ရွံ့တုန်လှုပ်" သို့မဟုတ် "လွန်စွာကြောက်ရွံ့ခြင်း" (ရှု၊ figs_doublet)

မြေတိရစ္ဆာန်

မြေတိရစ္ဆာန်ဟု ဆိုရာတွင် တိရစ္ဆာန်အပေါင်းကို ဆိုလိုခြင်းမဟုတ်ဘဲ၊ တိရစ္ဆာန် အမျိုး လေးမျိုးထဲမှ တစ်မျိုးကိုသာ ညွှန်းသည်။

ငှက်

ပျံဝဲတတ်သော တိရစ္ဆာန်များကို ညွှန််းသည်။ ၁း၂၀ မှ ပြန်ဆိုချက်ကို ရှု။

မြေပေါ်မှာ လှုပ်ရှားတတ်သမျှ

တိရစ္ဆာန် အကောင်ငယ်များကို ညွှန်းသည်။၁း၂၄ မှ ပြန်ဆိုချက်ကို ရှု။

ထိုတိရိစ္ဆာန်တို့ကို သင်တို့လက်၌ ငါအပ်၏

လက်ဟု ဆိုရာတွင် အစိုးပိုင်မှု၏ သင်္ကေတ ဖြစ်သည်။ ကတ္တားပုဒ်အဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုတိရစ္ဆာန်တို့ကို အစိုးပိုင်သောအခွင့် ငါပေး၏" သို့မဟုတ် "ထိုတိရစ္ဆာန်တို့ကို သင်တို့ လက်အောက်၌ ငါထား၏" (ရှု၊ figs_metonymy နှင့် figs_activepassive)

Genesis 9:3-4

ယေဘုယျ အချက်အလက်

နောဧနှင့် သားများထံ ဘုရားသခင် ဆက်လက် မိန့်ဆိုသည်။

အသက်တည်းဟူသော အသွေး

ဘာသာပြန်ဆိုသူမှ "သွေးသည် အသက်ကို ပုံဆောင်၏" စသဖြင့် မှတ်ချက် ထည့်သွင်းနိုင်သည်။ သို့မဟုတ် အောက်ပါအတိုင်းလည်း မှတ်ချက် ထည့်သွင်းနိုင်သည်။ "သွေးပါသော အသားကို မစားရန် ဘုရားသခင် မိန့်ဆိုသည်။ အသွေးကို ဦးစွာ ရှင်းထုတ်ရမည်။"

Genesis 9:5-7

ယေဘုယျ အချက်အလက်

နောဧနှင့် သားများထံ ဘုရားသခင် ဆက်လက် မိန့်ဆိုသည်။

သင်တို့အသွေး

လူ့အသွေးနှင့် တိရစ္ဆာန်အသွေး၏ ခြားနားချက်ကို တွေ့ရသည် (၉း၁)။

အကယ်၍ သင်တို့အသက် တည်းဟူသော၊ သင်တို့အသွေးကို ငါတောင်းမည်

သွေးကို သွန်းလောင်း သို့မဟုတ် စီးကျခြင်းကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကယ်၍ သင်တို့အသက်တည်းဟူသော သင်တို့အသွေး စီးကျလျှင် ထိုအတွက် အဖိုးအခကို ငါတောင်းမည်" သို့မဟုတ် "အကယ်၍ သင်တို့အသွေးကို သွန်းသောသူ၌ အဖိုးအခ ငါတောင်းမည်" သို့မဟုတ် "အကယ်၍ သင်တို့ကို သတ်သောသူထံ အဖိုးအခ ငါတောင်းမည်" (ရှု၊ figs_explicit နှင့် figs_metaphor)

အသက်

ခန္ဓာအသက်ကို ညွှန်သည်။

ငါတောင်းမည်

သူသတ်၏ အသက်ကို တောင်းခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အသက်၏ အခအတွက် သင်တို့ကို သတ်သောသူထံ ငါတောင်းမည်"

from the hand

Not applicable

တိရစ္ဆာန်အပေါင်းတို့၌ ငါတောင်းမည်

"သင်တို့အသက်ကို နုတ်ယူသော တိရစ္ဆာန်အပေါင်းတို့၌ ငါတောင်းမည်"

ခပ်သိမ်းသော လူတို့၏ ညီအစ်ကို၌ လူ၏အသက်ကို ငါတောင်းမည်

"သူတပါးကို သတ်သောသူထံ အသက်၏အခကို ငါတောင်းမည်"

From the hand of

Not applicable

ညီအစ်ကို

"ညီအစ်ကို" ဟု ဆိုရာတွင် အရင်းမျှ မဟုတ်ဘဲ၊ ဆွေမျိုး၊ အမျိုးတူ၊ အသိုင်းအဝိုင်းတူ၊ လူမျိုးချင်းတူ သို့မဟုတ် နိုင်ငံချင်းတူသော ပုဂ္ဂိုလ်ကို ညွှန်းဆိုသည်။

အကြင်သူသည် လူ၏အသွေးကိုသွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့် သွန်းရမည်။

သွေးသွန်းဟူသည်မှာ အသက်နုတ်ယူခြင်းကို ညွှန်း၏။ သို့ဖြစ်၍ တစုံတယောက်က လူကို သတ်လျှင်၊ နောက်တစ်ယောက်က ထိုသူ၏ အသက်ကို နုတ်ယူရန်ဖြစ်သည်။ သို့ရာတွင်၊ "သွေး" ဟူသော ဝေါဟာရမှာ အဓိကကျသဖြင့် ထိုဝေါဟရကို အတတ်နိုင်ဆုံး အသုံးပြု ပြန်ဆိုရမည်။ "အသွေးသွန်း" စသဖြင့် သွေးပါသော ဝေါဟာရကို အသုံးပြုရပါမည်။ (ရှု၊ figs_metaphor)

အကြောင်းမူကား ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏

"အကြောင်းမူကား ဘုရားသခင်သည် လူကို မိမိပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းတော်မူ၏" သို့မဟုတ် "အကြောင်းမူကား လူကို ငါ၏ ပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းခဲ့ပြီ"

သားကိုဘွား၍ များပြားကြလော့

ဘုရားသခင် ပေးသော ကောင်းချီးမင်္ဂလာဖြစ်သည်။ မိမိတို့နှင့် သဏ္ဍာန်တူသော လူများစွာကို မွေးဘွားရန် နောဧနှင့် မိသားစုထံ မိန့်တော်မူခဲ့သည်။ "များပြား" ဟူသည်မှာ မည်ကဲ့သို့ မွေးဘွားရမည်ကို တိကျစေသော ကြိယာဝိသေသနပုဒ် ဖြစ်သည်။ ၁း၂၈ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ figs_doublet နှင့် figs_idiom)

Genesis 9:8-10

တဖန် ဘုရားသခင်သည်၊ နောဧနှင့် သူ၏သား တို့ကို မိန့်တော်မူသည်ကား

အစတွင်လည်း နောဧနှင့် သားများထံ မိန့်တော်မူခဲ့သည်။ သို့ရာတွင် မတူညီသော အကြောင်းအရာဖြစ်ကြောင်း သိသာစေရန် အသုံးပြုလိုက်ခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တဖန် ဘုရားသခင်သည်၊ နောဧနှင့် သူ၏သားတို့ကို မိန့်တော်မူ၏" သို့မဟုတ် "တဖန် ဘုရားသခင် မိန့်တော်မူသည်ကား"

As for me

Not applicable

ငါသည်ကိုယ်တိုင် ပဋိညာဉ်ပြု၏

"ငါကိုယ်တော်တိုင် ပဋိညာဉ်ပြု၏"

Genesis 9:11-13

ယေဘုယျ အချက်အလက်

နောဧနှင့် သားများထံ ဘုရားသခင် ဆက်လက် မိန့်ဆိုသည်။

သင်တို့နှင့် ငါပြုသော ပိဋိညာဉ်ဟုမူကား

"ဤသို့ဖြင့် သင်တို့နှင့်အတူ ငါပဋိညာဉ်ပြုမည်"

ခပ်သိမ်းသော သတ္တဝါ

ဖြစ်နိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ၊ ၁) လူသားအားလုံး သို့မဟုတ် ၂) လူနှင့်တိရစ္ဆာန် အပါအဝင် သက်ရှိ သတ္တဝါအားလုံး။ (ရှု၊ figs_metonymy)

မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ

"မြေကြီးကို ဖျက်ဆီးသော ရေလွှမ်းမိုးခြင်း မရှိစေရ။" ရေလွှမ်းခြင်းများစွာ ဖြစ်လာသော်လည်း ၎င်းက တကမ္ဘာလုံးကို ဖျက်ဆီးခြင်း မပြုနိုင်တော့ပါ။

လက္ခဏာသက်သေ

ဂတိပြုထားသော တစုံတရာ၏ သက်သေ အထောက်အထား ဖြစ်သည်။

သားမြေး အစဉ်အဆက်မပြတ်၊ ငါပြုသော ပဋိညာဉ်

အဆိုပါ ပဋိညာဉ်တရားမှာ နောဧနှင့်မိသားစု သာမက၊ နောင်လာလတံ့သော သားစဉ်မြေးဆက် အားလုံးအပေါ် သက်ရောက်သည်။

Genesis 9:14-15

ယေဘုယျ အချက်အလက်

နောဧနှင့် သားများထံ ဘုရားသခင် ဆက်လက် မိန့်ဆိုသည်။

သောအခါ

"သောအခါတိုင်း။" အကြိမ်ဖန်များစွာ ဖြစ်ပျက်မည့်အကြောင်းကို ဖော်ပြထားသည်။

သက်တံ့သည် ထင်ရှားလိမ့်မည်

သက်တံ့မှာ ထင်ရှားမည်ဟု ဆိုရာတွင် ယာဝေးဘုရားနှင့် လူတို့ကြား ပြုထားသော ပဋိညာဉ်၏ သက်သေဖြစ်သည်အလျောက် ယာဝေးဘုရားနှင့် လူတို့ မြင်သာအောင် ထင်ရှားမည်ဟူ၍ နားလည်ရပေမည်။ ကတ္တားပုဒ်အဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သက်တံ့ကို လူနှင့်တကွ ငါသည် ထင်ရှားစွာ တွေ့ရလိမ့်မည်" (ရှု၊ figs_activepassive)

သက်တံ့

မိုးရွာပြီးနောက် ကောင်းကင်ပေါ်၌ နေအလင်းကို နောက်ခံပြု၍ အရောင်မျိုးစုံဖြင့် လင်းနေသော ရောင်ခြည်။

ငါ၏ပဋိညာဉ်ကို ငါအောက်မေ့သဖြင့်

ထိုသို့ဆိုရာတွင် ဘုရားသခင်က မေ့ပျောက်မည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ၏ပဋိညာဉ်ကို မျက်နှာထောက်သဖြင့်"

ငါတဘက်၊ သင်တို့မှစ၍

"သင်တို့" ဟုဆိုရာတွင် နောဧနှင့်သားများကို ညွှန်းသည်။

အသက်ရှင်သော သတ္တဝါ၊ တိရစ္ဆာန်ရှိသမျှ

"သက်ရှိသတ္တဝါအပေါင်းတို့"

သတ္တဝါ၊ တိရစ္ဆာန်ရှိသမျှ

ဖြစ်နိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ၊ ၁) လူသားအားလုံး သို့မဟုတ် ၂) လူနှင့်တိရစ္ဆာန် အပါအဝင် သက်ရှိသတ္တဝါအားလုံး။ ၆း၁၁ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ figs_metonymy)

Genesis 9:16-17

ယေဘုယျ အချက်အလက်

နောဧနှင့် သားများထံ ဘုရားသခင် ဆက်လက် မိန့်ဆိုသည်။

ငါအောက်မေ့မည်

"သတိရအောင့်မေ့မည်" သို့မဟုတ် "ငါသည် အစဉ်အောက်မေ့မည်"

ဘုရားသခင်နှင့် မြေကြီးပေါ်မှာ အသက်ရှင်သော သတ္တဝါတိရစ္ဆာန်အပေါင်းတို့ စပ်ကြား

ဘုရားသခင် မိန့်ဆိုနေသည်ဖြစ်၍ အောက်အတိုင်းလည်း ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါနှင့် မြေကြီးပေါ်မှာ အသက်ရှင်သော သတ္တဝါအပေါင်းတို့ စပ်ကြား"

မြေကြီးပေါ်မှာ အသက်ရှင်သော သတ္တဝါတိရစ္ဆာန်အပေါင်း

"မြေကြီးပေါ်မှာ အသက်ရှင်သော သတ္တဝါအပေါင်း။" ၉း၁၄ မှ ပြန်ဆိုချက်ကို ရှု။

နောဧကို ဘုရားသခင်မိန့်တော်မူ၏

Not applicable

Genesis 9:18-19

ယေဘုယျ အချက်အလက်

အငယ် ၁၈-၁၉ တွင် နောင်လာမည့် မှတ်တမ်း၌ အရေးပါသော နောဧ၏ သားသုံးယောက်ကို မိတ်ဆက်ပေးထားသည်။

အဘ

ဖခင်အရင်း

Genesis 9:20-21

လယ်လုပ်သောအတတ်ကို ပြုစု၍

"လယ်သမားလုပ်၍"

သောက်၍ယစ်မူးသဖြင့်

"များစွာသောက်၍ ယစ်မူးသဖြင့်"

အဝတ်မခြုံဘဲ

မည်မျှထိ အဝတ်မခြုံဘဲ ရှိနေကြောင်း တိကျစွာ ဖော်ပြထားခြင်းမရှိ။ သို့ရာတွင်၊ သားများက ဖုံးပေးရသည်အထိ ရှက်ရွံ့ဖွယ် ကောင်းခဲ့ပေမည်။

Genesis 9:22-23

မိမိအဘ

နောဧကို ညွှန်း၏။

Genesis 9:24-25

ယေဘုယျ အချက်အလက်

အငယ် ၂၅-၂၇ တွင် နောဧသည် ဟာမ၏ သားကို ကျိန်၍ ဟာမ၏ ညီအစ်ကိုတို့ကို ကောင်းချီးပေး၏။ UDB မူပြန်ကျမ်းတွင် ဖော်ပြထားသည်အတိုင်း နောဧ ဆိုခဲ့သော အရာများမှာ နောင်လာမည့် မျိုးဆက်များအပေါ် အမှန်တကယ် သက်ရောက်သွားခဲ့သည်။

ယေဘုယျ အချက်အလက်

လာမည့်အပိုဒ်များကို စာကြောင်းတိုများဖြင့် ဖော်ပြလေရာ၊ ကဗျာဖြစ်ကြောင်း ထင်ရှား၏။ ထို့ကြောင့်၊ ကဗျာဖြစ်ကြောင်း ထင်ရှားစေသော စာကြောင်းပုံစံဖြင့် တတ်နိုင်သလောက် ပြန်ဆိုပေးရမည်။

ယစ်မူခြင်းပျောက်၍ နိုးသောအခါ

"သတိရလာသောအခါ"

မိမိ၌သားငယ်

ဟာမကို ညွှန်း၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "သားငယ်ဟာမ"

ခါနာန်သည် ကျိန်ခြင်းကို ခံပါစေ

"ခါနာန်ကို ငါကျိန်၏" သို့မဟုတ် "ခါနာန်သည် ဘေးဒုက္ခခံပါစေ"

ခါနာန်

ဟာမ၏ သားများထဲ၌ တစ်ဦးအပါအဝင် ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဟာမသား ခါနာန်"

အစ်ကိုတို့၏ ကျွန်တို့၌ကျွန်

"အစ်ကိုတို့၏ အနိမ့်ဆုံးကျွန်" သို့မဟုတ် "အစ်ကိုတို့၏ ကျွန်တကာ့ကျွန်"

အစ်ကိုတို့

ခါနာန်၏ ညီအစ်ကိုများ သို့မဟုတ် ဆွေမျိုးသားချင်းတို့ကို ညွှန်းဆိုခြင်း ဖြစ်နိုင်သည်။

Genesis 9:26-29

ယေဘုဘျ အချက်အလက်

ကဗျာဖြစ်ကြောင်း ထင်ရှားစေသော စာကြောင်းပုံစံဖြင့် တတ်နိုင်သလောက် ပြန်ဆိုပေးရမည်။

ရှေမ၏ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း

"ရှေမ၏သခင် ယာဝေးဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း" သို့မဟုတ် "ယာဝေးဘုရား ရှေမ၏သခင်သည် မင်္ဂလာရှိတော်မူစေသတည်း" သို့မဟုတ် "ရှေမ၏သခင် ယာဝေးဘုရားကို ငါချီးမြှောက်၏" (UDB)

ခါနာန်သည် ရှေမ၏ကျွန် ဖြစ်ပါစေ

"ခါနာန်သည် ရှေမ၏ကျွန် ဖြစ်စေ။" ခါနာနှင့် ရှေမတို့၏ သားစဉ်မြေးဆက်အားလုံးအပေါ် သက်ရောက်သည်။

ဘုရားသခင်သည် ယာဖက်ကို ကျယ်စေတော်မူသဖြင့်

ဖြစ်နိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ၊ ၁) "ဘုရားသခင်သည် ယာဖက်၏ မြေကို ကျယ်စေတော်မူသဖြင့်" (UDB) သို့မဟုတ် ၂) "ဘုရားသခင်သည် ယာဖက်အမျိုးကို များပြားစေတော်မူသဖြင့်"

ရှေမ၏တဲတို့တွင် နေပါစေ

"ရှေမနှင့်အတူ အေးချမ်းစွာ နေပါစေ။" ယာဖက်နှင့် ရှေမတို့၏ သားစဉ်မြေးဆက်အားလုံးအပေါ် သက်ရောက်သည်။

ခါနာန်မူကား၊ သူ၏ကျွန်ဖြစ်ပါစေ

"ခါနာန်မူကား၊ ယာဖက်၏ကျွန်ဖြစ်ပါစေ။" ခါနာန်နှင့် ယာဖက်တို့၏ သားစဉ်မြေးဆက်အားလုံးအပေါ် သက်ရောက်သည်။

Genesis 10

Genesis 10:1

နောဧသား ရှေမ၊ ဟာမ၊ ယာဖက်တို့မှ ဆင်းသက်သော သားစဉ်မြေးဆက်တို့ကို ဆိုပေအံ့

"နောဧ သားများ၏ သားစဉ်မြေးဆက်တို့ကို ဆိုပေအံ့။" ကမ္ဘာဦးကျမ်း ၁၀း၁-၁၁း၉ တွင် ဖော်ပြထားသော နောဧ၏ သားစဉ်မြေးဆက် စာရင်းကို မိတ်ဆက်ပေးသော စာကြောင်း ဖြစ်သည်။

Genesis 10:2-5

ဤသူတို့သည် လူအမျိုးမျိုး တကျွန်းတနိုင်ငံ မြေနယ်တို့ကို . . . အချင်းချင်း ခွဲဝေကြ၏

"ယာဝန်၏ သားတို့သည် ထိုအရပ်မှ ထွက်ခွာလျက် ကမ်းစပ်ဒေသနှင့် ကျွန်းနိုင်ငံတို့၌ ... အခြေချ နေထိုင်ကြ၏"

ဤသူတို့သည်

မူရင်းကျမ်း၌ ပင်လယ်နေလူမျိုးဟု ညွှန်းဆိုထားရာ၊ ဤသူတို့မှာ ကမ်းစပ်ဒေသနှင့် ကျွန်းနိုင်ငံများတွင် အခြေချ နေထိုင်သော လူမျိုးများကို ဆိုလိုသည်။

တကျွန်းတနိုင်ငံ မြေနယ်

ဤစကားစုမှာ ၎င်းတို့ ကျမ်းပြုရေးသားချိန်၌ အခြေချ နေထိုင်သော အရပ်ကို ဆိုလိုသည်။

ဘာသာအသီးအသီး

"ဘာသာစကား အသီးသီး" သို့မဟုတ် "ပြောဆိုသော ဘာသာအလိုက်"

Genesis 10:6-7

မိဇရိမ်

"အဲဂုတ္တု" ခေါ် "အီဂျစ်" ပြည်၏ ဟေဗြဲအမည် ဖြစ်သည်။

Genesis 10:8-10

အဦး စွမ်းနိုင်သောသူ

ဖြစ်နိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ၊ ၁) "အားကြီးသော စစ်သူရဲ" သို့မဟုတ် ၂) "အားကြီးသောသူ" သို့မဟုတ် ၃) တန်ခိုးကြီးသော မင်း"

ဘုရားရှေ့

ဖြစ်နိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ၊ ၁) "ယာဝေးဘုရားကို ဆန့်ကျင်သော" သို့မဟုတ် ၂) "ယာဝေးဘုရားအားဖြင့်"

ထိုကြောင့် စကားပုံ၌ကား

ပြန်ဆိုမည့် ဘာသာစကား၌ အသုံးပြုသော စကားပုံ၏ အဖွင့်ကို ထည့်သုံးနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့ကြောင့် ... ဟု ဆိုရိုးရှိသတည်း" (ရှု၊ [["en:ta:workbench:translate:writingstyles_proverbs]])

နိုင်ငံအဦး

ဖြစ်နိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ၊ ၁) ပထမတိုင်းပြည် သို့မဟုတ် ၂) ပထမမြို့ပြ

Genesis 10:11-14

အာရှရိပြည်သို့သွား၍

"နိမ်ရောဒသည် အာရှုရိပြည်သို့သွား၍"

မိဇရိမ်သားကား

နောဧ၏ သားစဉ်မြေးဆက်စာရင်းကို ပြန်လည် ဆက်ပေးထားသည်။

မိဇရိမ်

ဟာမ၏ သားများအနက် တစ်ဦးအပါအဝင်ဖြစ်သည်။ သူ၏ သားစဉ်မြေးဆက်တို့မှာ အဲဂုတ္တုလူမျိုးများဖြစ်သည်။ မိဇရိမ်ဟူသည် အဲဂုတ္တုပြည်၏ ဟေဗြဲအမည် ဖြစ်သည်။

Genesis 10:15-18

ယေဗုသိလူ ... အာမောရိလူ ... ဂိရဂါရှိလူ

ခါနာန်၏ သားစဉ်မြေးဆက်မှ အဓိက မျိုးနွယ်စုများဖြစ်သည်။

Genesis 10:19-23

ပြည်နယ်

"ပိုင်နက်" သို့မဟုတ် "နယ်နိမိတ်"

ဇိဒုန်မြို့မှဂေရာမြို့၊ ဂါဇမြို့တိုင်အောင်

ရှိသည့်အရပ်ကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မြောက်ဘက် ဇိဒုန်မြို့မှ တောင်ဘက်‌ ဂေရာမြို့အနီး ဂါဇမြို့တိုင်အောင်" (ရှု၊ figs_explicit)

တဖန်သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့ ဇေဘိုင်မြို့ကိုလွန်၍ လာရှမြို့တိုင်အောင်

"အရှေ့ဘက်" သို့မဟုတ် "ကုန်းတွင်းဘက်" စoဖြင့် ရှိသည့်အရပ်ကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တဖန်အရှေ့ဘက် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့နှင့် ဇေဘိုင်မြို့ကို လွန်၍ လာရှမြို့တိုင်အောင်" (ရှု၊ [[Assumed Knowledge and Implicit Information]])

ဤသူတို့သည် . . . ဟာမသားများ ဖြစ်သတည်း

"ဤသူတို့" ဟု ဆိုရာတွင် ၁၀း၆ ၌ ဖော်ပြထားသော လူမျိုးနှင့် လူမျိုးပေါင်းစုတို့ကို ညွှန်းသည်။

သီးခြားသော ဘာသာအလိုက်

"မတူညီသော ဘာသာစကားအလိုက်"

အပြည်အပြည် အတိုင်းတိုင်း၌ နေသော

ဒေသအသီးသီး၌ အခြေချနေထိုင်သော

Genesis 10:24-25

အာဖာဇဒ်

ရှေမ၏ သားများအနက် တစ်ဦးအပါအဝင် ဖြစ်သည်။

ဖာလက်

ဘာသာပြန်ဆိုသူမှ "ဖာလက်ကို 'ခွဲဝေခြင်း' ဟု အဓိပ္ပါယ်ရသည်" ဟူ၍ မှတ်ချက် ထည့်သွင်းနိုင်သည်။

မြေကြီးကို ခွဲဝေကြ၏

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လူတို့သည် မြေကြီးကို ခွဲဝေကြ၏" သို့မဟုတ် "လူတို့သည် နေရပ် အသီးသီးသို့ ခွဲထွက်ကြ၏" သို့မဟုတ် "ဘုရားသခင်သည် လူတို့ကို ခွဲထုတ်တော်မူ၏" (ရှု၊ figs_activepassive)

Genesis 10:26-29

ယုတ္တန်

ဟေဗေ၏ သားများအနက် တစ်ဦးအပါအဝင် ဖြစ်သည်။ (ရှု၊ translate_names)

ဤသူအပေါင်းတို့

"ဤသူ" ဟု ဆိုရာတွင် ယုတ္တန်၏ သားများကို ညွှန်းသည်။

Genesis 10:30-31

သူတို့နေရာ

"သူတို့ အစိုးရသောနေရာ" သို့မဟုတ် "သူတို့ နေထိုင်ရာဒေသ"

ဤသူတို့သည် . . . ရှေမသားများ ဖြစ်သတည်း

"ဤသူတို့" ဟု ဆိုရာတွင် ရှေမ၏ သားစဉ်မြေးဆက်ကို ညွှန်းသည် (၁၀း၂၁)

Genesis 10:32

ဤရွေ့ကား မိမိတို့အမျိုးအနွယ်အသီးသီး

၁၀း၁ မှစတင်၍ စာရင်းပြုထားသော လူအပါင်းတို့ကို ညွှန်းသည်။

အလိုက် မှတ်သားထားသော

"အလိုက် ပြုစုထားသော"

ထိုသူတို့သည် . . . မြေကြီးပေါ်မှာ သီးခြားသော တိုင်းပြည်တို့ကို တည်ထောင်ကြလေ၏

".... ထိုသူတို့အားဖြင့် မြေကြီးပေါ်မှာ မတူညီသော တိုင်းပြည်များ ပေါ်ပေါက်လာသတည်း" သို့မဟုတ် "ထိုသူတို့သည် ... အသီးသီး ခွဲခွာ၍ မြေကြီးပေါ်မှာ တိုင်းပြည်များစွာ တည်ထောင်ကြလေ၏။

ရေလွှမ်းမိုးသောနောက်

ပို၍ တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရေလွှမ်းမိုးပြီးနောက်" (ရှု၊ figs_explicit)

Genesis 11

Genesis 11:1-2

Now

Not applicable

မြေကြီးသားအပေါင်းတို့

တလောကလုံး (ရှု၊ figs_metonymy)

ဘာသာတမျိုးတည်း။ စကားတမျိုးတည်းရှိကြသည်

ဖော်ပြပါ စကားစုနှစ်ခုမှာ အဓိပ္ပါယ်ချင်း တူညီပြီး၊ ဘာသာစကား တစ်မျိုးတည်း အသုံးပြုကြောင်းကို ထင်ရှားစေရန် ဖော်ပြထားသည်။ (ရှု၊ figs_parallelism)

ခရီးသွားသဖြင့်

"ပြောင်းရွှေ့သဖြင့်" သို့မဟုတ် "သွားလာသဖြင့်"

အရှေ့မျက်နှာမှ

ဖြစ်နိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ၊ ၁) အရှေ့ဘက်တွင်" သို့မဟုတ် ၂) "အရှေ့ဘက်မှ" သို့မဟုတ် ၃) "အရှေ့ဘက်သို့။" သို့ရာတွင် ကျမ်းတတ်ပုဂ္ဂိုလ်များက ရှိနာပြည်သည် နောဧသင်္ဘော ဆိုက်ရာအရပ်၏ အရှေ့အရပ်တွင်ရှိသည်ဟု ဆိုကြသဖြင့် "အရှေ့ဘက်တွင်" ကို ပို၍ အသုံးပြုသင့်သည်။

နေရာချကြ၏

ပြောင်းရွှေ့ခြင်းမပြုတော့ဘဲ အရပ်ဒေသ တစ်နေရာတည်းတွင် အခြေချနေထိုင်သည်။

Genesis 11:3-4

လာကြ

ပြန်ဆိုမည့် ဘာသာစကားတွင် အမိန့်ပေးသော စကားအဖြစ် ပြန်ဆိုရမည်။

ခိုင်မာစွာ ဖုတ်ကြကုန်အံ့

ရွှံ့ကိုယူပြီး အလွန်ပူပြင်းသော မီးဖိုတွင် ဖုတ်ခြင်းဖြင့် ခိုင်မာတောင့်တင်းသော အုတ်ကို ရရှိနိုင်သည်။

ရေညှိတမျိုး

"ရေနံချေး" အစရှိသော မြေမှ ထွက်သည့် ထူထပ်၊ စေးကပ်၊ မဲနက်သည့် အရည်တစ်မျိုး

သရွတ်

ထုံးမှုန့်၊ ရွှံ့၊ သဲနှင့် ရေတို့ ပေါင်းစပ်ထားပြီး ကျောက်ခဲ သို့မဟုတ် အုတ်ခဲကို အချင်းချင်း ကပ်ရာ၌ အသုံးပြုသော ကော်တစ်မျိုး

ကျော်စောကိတ္တိရှိစေခြင်းငှါ ပြုကြကုန်အံ့

"ဂုဏ်သတင်း ကျော်စောစေခြင်းငှါ ပြုကြကုန်အံ့"

ကျော်စောကိတ္တိ

"ဂုဏ်သတင်း"

မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါတို့သည် မတူညီသော အရပ်သို့ ခွဲသွားမည်" (ရှု၊ figs_activepassive)

Genesis 11:5-7

လူသားတို့

"အာဒံ၏ မျိုးဆက်များ"

ဆင်းသက်တော်မူ၏

အဘယ်အရပ်မှ ဆင်းသက်လာကြောင်း တိကျစွာ ဖော်ပြနိုင်သည်။ "ကောင်းကင်ဘုံမှ ဆင်းသက်တော်မူ၏။" မည်သည့်နည်းလမ်းဖြင့် ဆင်းသက်ကြောင်း ဖော်ပြထားခြင်း မရှိသဖြင့် "ဆင်း" ဟူသည့် ယေဘုယျ အသုံးအနှုန်းဖြင့် ပြန်ဆိုပေးရမည်။ (ရှု၊ figs_explicit)

ကြည့်ရှုခြင်းငှါ

"စစ်ဆေးတော်မူခြင်းငှါ" သို့မဟုတ် "အနီးကပ် ကြည့်ရှုခြင်းငှါ"

လူတမျိုးတည်း၊ စကားတမျိုးတည်း

လူသားအပေါင်းသည် လူစုကွဲခြင်းမရှိ၊ ဘာသာစကားလည်း တစ်မျိုးတည်းကိုသာ အသုံးပြုခဲ့၏။

သူတို့သည် ဤအမှုကို အဦးပြုကြ၏

ဖြစ်နိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ၊ ၁) "သူတို့သည် ဤအမှုကို ပြုရန် စတင်ကြပြီ" သို့မဟုတ် ၂) "သူတို့ အဦးဆုံးပြုသည်မှာ ဤအမှုဖြစ်၏။" ထိုသို့ ဆိုရာတွင် နောင်တွင် ၎င်းထက် ပိုလွန်ကဲသောအမှုကို ပြုကြမည်ဟု အဓိပ္ပါယ်ရှိသည်။

သူတို့ပြုကြလိမ့်မည်

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့ မပြုနိုင်သောအမှု မရှိဖြစ်လိမ့်မည်" (ရှု၊ figs_doublenegatives)

လာကြ

ပြန်ဆိုမည့် ဘာသာစကားတွ တောင်းဆို သို့မဟုတ် အမိန့်ပေးသော စကားမျိုးဖြင့် ပြန်ဆိုပေးရမည်။ ၁၁း၃ မှ ပြန်ဆိုချက်ကို ရှု။

ဆင်းသက်ကြကုန်အံ့

"ကြ" ဟူသော အများကိန်းမှာ ဘုရားသခင်ကို ညွှန်း၏။ တချို့မူပြန်ကျမ်းတွင် "ဆင်းသက်ပေအံ့" သို့မဟုတ် "ဆင်းသက်အံ့။" ထိုကဲ့သို့ ပြန်ဆိုလျှင်၊ မူရင်းကျမ်း၌ အများကိန်း အသုံးပြုထားကြောင်း မှတ်ချက်ထည့်ပေးရမည်။ ၁း၂၆ ရှိ "ငါတို့ . . . ဖန်ဆင်းကြစို့" မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ figs_pronouns)

သူတို့စကားကို ရှုပ်ထွေးကြကုန်အံ့

ဘာသာစကား တစ်မျိုးတည်းကို အသုံးမပြုနိုင်ရန် ဆောင်ရွက်မည်ဟု ယာဝေးဘုရား မိန့်ဆိုခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့စကားကို ရောထွေးစေကြကုန်အံ့" (ရှု၊ figs_explicit)

သူတို့သည် အချင်းချင်း နားမလည်စေခြင်းငှါ

ဘာသာစကား ရှုပ်ထွေးစေလိုသော အကြောင်းရင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့စကားကို အချင်းချင်း နားမလည်စေခြင်းငှါ" (UDB) (ရှု၊ figs_explicit)

Genesis 11:8-9

from there

Not applicable

ထာဝရဘုရားသည် . . . ရှုပ်ထွေး . . . စေတော်မူသောကြောင့် ထိုမြို့သည် ဗာဗုလုံမြို့ဟူ၍ တွင်သတည်း

"ဗာဗဲလ်" ဟူသည်မှာ "ရှုပ်ထွေးသည်" ဟူသော ဝေါဟာရနှင့် အသံနီးစပ်၏။ ထိုအကြောင်းကို ဘာသာပြန်ဆိုသူအနေဖြင့် မှတ်ချက်ပြု ထည့်သွင်းနိုင်သည်။

မြေကြီးသားအပေါင်းတို့၏ စကားကိုရှုပ်ထွေး၍

လောကသားအပေါင်းကို တူညီသော ဘာသာစကား မသုံးနိုင်ရန် ယာဝေးဘုရား ပြုတော်မူသည်ဟု အဓိပ္ပါယ်ဖွင့်နိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မြေကြီးသားအပေါင်းတို့၏ စကားကို ရောယှက်၍" (ရှု၊ figs_explicit)

Genesis 11:10-11

ယေဘုယျ အချက်အလက်

ဤအခန်း၏ ကျန်ရှိသောအပိုင်းတွင် အာဗြံအထိ ရှေမ၏ သားစဉ်မြေးဆက်စာရင်းကို ပြုစုထားသည်။

ရှေမ၏ သားစဉ်မြေးဆက်ဟူမူကား

ရှေမ၏ မျိုစဉ်ဆက်စာရင်းကို အစပြုသော စာကြောင်းဖြစ်၏။

ရေလွှမ်းမိုး

နောဧခေတ်၌ ဖြစ်ခဲ့သော ရေလွှမ်းမိုးခြင်းကို ညွှန်းသည်။

သားအာဖာဇဒ်ကို မြင်လေ၏

"အာဖာဇဒ်၏အဘ ဖြစ်လေ၏" သို့မဟုတ် "သားအာဖာဇဒ် ဖွားမြင်လေ၏"

အာဖာဇဒ်

ယောက်ျားအမည် ဖြစ်သည်။ (ရှု၊ translate_names)

တရာ . . . နှစ် . . . ငါးရာ

ဘာသာပြန်ဆိုသူအနေဖြင့် "၁၀၀၊" "၂၊" "၅၀၀" အစရှိသော ကိန်းဂဏန်းဖြင့် ပြန်ဆိုနိုင်သည်။ (ULB နှင့် UDB တွင် ဂဏန်း နှစ်လုံးအောက်ကို စာဖြင့် ဖော်ပြပြီး သုံးလုံးအထက် ကိန်းများကို ဂဏန်းဖြင့် ဖော်ပြသည်။) (ရှု၊ translate_numbers)

Genesis 11:12-13

သားရှာလကို မြင်လေ၏

"သားရှာလ ဖွားမြင်လေ၏"

ရှာလ

ယောက်ျားအမည် ဖြစ်သည်။ (ရှု၊ translate_names)

Genesis 11:14-15

ယေဘုယျ အချက်အလက်

ကမ္ဘာဦးကျမ်း ၁၁း၁၂-၂၅ ၌ တူညီသော စာကြောင်းပုံစံကို အသုံးပြုထားသည်။ ၁၁း၁၂ အတိုင်း ပြန်ဆိုနိုင်သည်။ (ရှု၊ translate_names) (ရှု၊ translate_numbers)

Genesis 11:16-17

ယေဘုယျ အချက်အလက်

ကမ္ဘာဦးကျမ်း ၁၁း၁၂-၂၅ ၌ တူညီသော စာကြောင်းပုံစံကို အသုံးပြုထားသည်။ ၁၁း၁၂ အတိုင်း ပြန်ဆိုနိုင်သည်။ (ရှု၊ translate_names) (ရှု၊ translate_numbers)

Genesis 11:18-19

ယေဘုယျ အချက်အလက်

ကမ္ဘာဦးကျမ်း ၁၁း၁၂-၂၅ ၌ တူညီသော စာကြောင်းပုံစံကို အသုံးပြုထားသည်။ ၁၁း၁၂ အတိုင်း ပြန်ဆိုနိုင်သည်။ (ရှု၊ translate_names) (ရှု၊ translate_numbers)

Genesis 11:20-21

ယေဘုယျ အချက်အလက်

ကမ္ဘာဦးကျမ်း ၁၁း၁၂-၂၅ ၌ တူညီသော စာကြောင်းပုံစံကို အသုံးပြုထားသည်။ ၁၁း၁၂ အတိုင်း ပြန်ဆိုနိုင်သည်။ (ရှု၊ translate_names) (ရှု၊ translate_numbers)

Genesis 11:22-23

ယေဘုယျ အချက်အလက်

ကမ္ဘာဦးကျမ်း ၁၁း၁၂-၂၅ ၌ တူညီသော စာကြောင်းပုံစံကို အသုံးပြုထားသည်။ ၁၁း၁၂ အတိုင်း ပြန်ဆိုနိုင်သည်။ (ရှု၊ translate_names) (ရှု၊ translate_numbers)

Genesis 11:24-26

ယေဘုယျ အချက်အလက်

ကမ္ဘာဦးကျမ်း ၁၁း၁၂-၂၅ ၌ တူညီသော စာကြောင်းပုံစံကို အသုံးပြုထားသည်။ ၁၁း၁၂ အတိုင်း ပြန်ဆိုနိုင်သည်။ (ရှု၊ translate_names) (ရှု၊ translate_numbers)

အာဗြံ၊ နာခေါ်၊ ခါရန်

မွေးဖွားသည့်အစဉ် ဟုတ်မဟုတ် သေချာခြင်း မရှိပါ။

Genesis 11:27-28

တေရ၏ သားစဉ်မြေးဆက်ဟူမူကား

ကမ္ဘာဦးကျမ်း ၁၁း၂၇-၂၅း၁၁ မှာ တေရ သားစဉ်မြေးဆက်တို့၏ သမိုင်းမှတ်တမ်းဖြစ်သည်။

ခါရန်သည်၊ အဘတေရမသေမှီ၊ . . . သေလေ၏

ခါရန်သည် မိမိအဘ သက်ရှိထင်ရှားနေစဉ် သေဆုံးသည်ဟု ဖော်ပြခြင်းဖြစ်၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ခါရန်သည်၊ အဘတေရ အသက်ရှင်စဉ်၊ ... သေလေ၏" (ရှု၊ translate_names)

Genesis 11:29-30

မယားကိုယူ၍

"အိမ်ထောင်ပြု၍"

ဣသခ

မိန်းမအမည် ဖြစ်သည်။ (ရှု၊ translate_names)

မူကား

နောင်လာမည့် အခန်းများ၌ အချက်အခြာကျမည့် စာရဲ၏ အကြောင်းကို မိတ်ဆက်ရန် အသုံးပြုထားသည်။

သားသမီးမရှိ

သားအိမ်မြှုံသည်ဟု ဆိုလိုခြင်းဖြစ်၏။ (ရှု၊ figs_euphemism)

Genesis 11:31-32

his

Not applicable

သားအာဗြံ၏မယားဖြစ်သော မိမိချွေးမစာရဲ

"ချွေးမဖြစ်သော သားအာဗြံ၏မယား စာရဲ"

ခါရန်မြို့ . . . ခါရန်မြို့

အဆိုပါ အမည်နှစ်ခု ကွဲပြားပြီး ဟေဗြဲစကား၌ အသံထွက်ပုံလည်း ခြားနားသည်။ တစ်ခုမှာ လူအမည်ဖြစ်၍ နောက်တခုမှာ မြို့အမည်ဖြစ်သည်။ (ဟေဗြဲစကားတွင် လူအမည်၏ "ခ သို့မဟုတ် ဟ" အသံထက် မြို့အမည်၏ "ခ သို့မဟုတ် ဟ" အသံမှာ ပို၍စူးရှသည်) ပြန်ဆိုမည့် ဘာသာစကားတွင် ထိုသို့ သံကွဲသင်္ကေတရှိလျှင် အသုံးပြုနိုင်သည်။

Genesis 12

Genesis 12:1-3

Now

Not applicable

သင်၏ပြည်နှင့်တကွ အမျိုးသားချင်း ပေါက်ဘော်များထဲက ထွက်ပြီးလျှင်

"သင့်ပြည်၊ သင့်ဆွေမျိုးများထံမှ ထွက်သွားလော့။"

ငါသည် သင့်ကို လူမျိုးကြီးဖြစ်စေမည်

"သင်" ဟုဆိုရာတွင် အာဗြံ တစ်ဦးတည်းကို ညွှန်းသော်လည်း၊ သူ၏ သားစဉ်မြေးဆက်တို့ကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါသည် သင့်အားဖြင့် လူမျိုးကြီးကို ပေါက်ဖွားစေမည်" သို့မဟုတ် "ငါသည် သင့်အမျိုးကို လူမျိုးကြီး ဖြစ်စေမည်" (ရှု၊ figs_synecdoche)

သင်၏နာမကို ကြီးမြတ်စေမည်

"နာမ" ဆိုသည်မှာ လူတစ်ဦး၏ ဂုဏ်ပုဒ်ကို ညွှန်း၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်ကို ဂုဏ်ကြီးစေမည်" (ရှု၊ figs_metonymy)

သင်သည် ကောင်းကြီးခံရသောသူ ဖြစ်လိမ့်မည်

အခြားသော ဘာသာပြန်ဆိုချက်၊ "သင်သည် သူတပါးအတွက် ကောင်းကြီး ဖြစ်လိမ့်မည်" (ရှု၊ figs_ellipsis)

သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်

"သင့်အား နှိမ်သောသူကို ငါကျိန်ဆဲမည်" သို့မဟုတ် "သင့်အား မထီမဲ့မြင်ပြုသူကို ငါကျိန်ဆဲမည်"

သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါသည် သင့်အားဖြင့် လူမျိုးအပေါင်းကိုလည်း ကောင်းချီးပေးမည်"(ရှု၊ figs_activepassive)

သင်အားဖြင့်

"သင့်ကြောင့်" သို့မဟုတ် "သင့်ကို ကောင်းချီးပေးသဖြင့်"

Genesis 12:4-5

ဥစ္စာ

ခြံမွေးတိရစ္ဆာန်နှင့် သက်မဲ့ပစ္စည်းအားလုံး ပါဝင်သည်။

ခါရန်မြို့၌ရသော လူ

ဖြစ်နိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ၊ ၁) "ခါရန်မြို့၌ရသော ကျွန်" (UDB) သို့မဟုတ် ၂) "ခါရန်မြို့၌ စုရုံးနိုင်ခဲ့သော လူ"

Genesis 12:6-7

အာဗြံသည် ထိုပြည်ကို ရှောင်သွား၍

ဤကျမ်းပိုဒ်တွင် အာဗြံကိုသာ ဖော်ပြထားရခြင်းမှာ သူသည် မိသားစု ဦးခေါင်းဖြစ်သောကြောင့်ပင်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အာဗြံနှင့် မိသားစုသည် ထိုပြည်ထဲသို့ သွား၍"

ထိုပြည်

"ခါနာန်ပြည်"

မောရသပိတ်ပင်

မောရမှာ အရပ်ဒေသအမည် ဖြစ်နိုင်သည်။ (ရှု၊ translate_names)

ထိုသို့ထင်ရှားတော်မူသော ထာဝရဘုရားဘို့

"ထိုသို့ ထာဝရဘုရား ထင်ရှားတော်မူသောကြောင့်"

Genesis 12:8-9

တဲကိုဆောက်၍

အာဗြံနှင့်အတူ လိုက်ပါလာသောသူမှာ များပြားလှပေမည်။ ထိုသို့ သူတပါးအိမ်၌ နေ၍မရသောကြောင့် တဲများ ဆောက်ခဲ့ဟန် ရှိသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တဲများ ဆောက်ကြ၍"

ထာဝရဘုရား၏ နာမတော်ကို ပဌနာပြု၏

"ယာဝေးဘုရား၏ နာမတော်ကို အစွဲပြု၍ ဆုတောင်း၏" သို့မဟုတ် "ယာဝေးဘုရားကို ကိုးကွယ်၏"

အာဗြံသည် ခရီးသွားလျက်

"အာဗြံသည် တဲကိုဖျက်၍ ခရီးဆက်ရာ" (ရှု၊ figs_explicit)

တောင်မျက်နှာသို့

"နေဂဲဘ်အရပ်သို့" သို့မဟုတ် "တောင်ဘက် နေဂဲဘ် ကန္တာရသို့"

Genesis 12:10-13

အစားခေါင်းပါးခြင်းဖြစ်၏

ကောက်ပဲသီးနှံများ မထွက်သောကာလ ဖြစ်ပေမည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အစာပြတ်လတ်ခြင်းဖြစ်၏" (ရှု၊ figs_explicit)

ခါနာန်ပြည်၌

"ထိုပြည်၌" သိုမဟုတ် "အာဗြံ နေထိုင်သောပြည်၌"

သွားလေ၏

ဖြစ်နိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ၊ ၁) "ဆင်းသွားလေ၏" သို့မဟုတ် ၂) "ခါနာန်ပြည်မှ ထွက်သွား၏။" ကုန်းမြင့်ရာမှ မြေနိမ့်ရာသို့ ဆင်းသွားကြောင်း ထင်ရှားစေသော ဝေါဟာရကို အသုံးပြုသင့်သည်။

ငါ့ကိုသတ်၍ သင့်ကို အသက်ချမ်းသာပေးလိမ့်မည်

အာဗြံကို သတ်ရမည့်အကြောင်းရင်းအား တိကျစွာ ဖော်ပြနိုင်သည်။ "သင့်ကို ယူဆောင်ခြင်းငှါ ငါ့ကို သတ်လိမ့်မည်" (ရှု၊ figs_explicit)

သင်၏ကျေးဇူးအားဖြင့် ငါအသက်ချမ်းသာရလိမ့်မည်

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့လျှင်၊ ငါသည် သင့်အားဖြင့် အသက်ချမ်းသာခြင်းရလိမ့်မည်" (ရှု၊ figs_activepassive)

Genesis 12:14-16

It came about that

Not applicable

ဖါရောဘုရင်၏မှူးတော်မတ်တို့လည်း မြင်၍

"ဖါရောဘုရင်၏ မင်းညီမင်းသားတို့လည်း မြင်၍" သို့မဟုတ် "ဖါရောမင်း၏ မှူးမတ်တော်တို့လည်း မြင်၍" (UDB)

နန်းတော်သို့သွင်းရကြ၏

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖါရောမင်းကလည်း မိမိအိမ်တော်သို့ သွင်းလေ၏" သို့မဟုတ် "နန်းတော်သို့ ခေါ်သွင်းရန် မင်းကြီး မိန့်လေ၏" (ရှု၊ figs_activepassive)

the woman

Not applicable

နန်းတော်

ဖြစ်နိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ၊ ၁) "ဖါရောအိမ်သားအဖြစ်" သို့မဟုတ် ၂) "ဖါရောအိမ်တော်" သို့မဟုတ် "ဖါရောနန်းတော်။" ဖါရောဘုရင်၏ မိဖုရားဖြစ်စေကြောင်း ယဉ်ကျေးစွာ ဖော်ပြထားသည်။ (ရှု၊ figs_euphemism)

ထိုမိန်းမအတွက်

"စာရဲအတွက်" သို့မဟုတ် "ထိုမိန်းမအဘို့"

Genesis 12:17-20

အာဗြံ၏မယား စာရဲအတွက်ကြောင့်

တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖါရောမင်းက အာဗြံ၏မယား စာရဲကို မိမိမယားဖြစ်စေရန် ကြံသောကြောင့်" (ရှု၊ figs_explicit)

ဖါရောဘုရင်သည်လည်း အာဗြံကိုခေါ်၍

"ဖါရောဘုရင်သည်လည်း အာဗြံကို ရှေ့သို့ ခေါ်၍" သို့မဟုတ် "ဖါရောဘုရင်သည်လည်း ရှေ့သို့လာရန် အာဗြံကို ခေါ်၍"

သင်သည် ငါ၌ပြုသောအမှုကား အဘယ်သို့နည်း

ဖါရောမင်း၏ အမျက်ဒေါသကို ထင်‌ရှားစေရန် တမင်တကာ မေးခြင်းဖြစ်သည်။ ၎င်းကို အာမေဍိတ်ပုဒ်အဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်သည် ငါ၌ပြုသောအမှုကား ပြင်းထန်လှပြီတကား" (UDB)။ (ရှု၊ figs_rquestion)

ထိုသို့ အာဗြံအမှုကို စီရင်၍၊ မိမိလူတို့အား မှာထားသဖြင့်

"ထိုသို့ အာဗြံနှင့် သက်ဆိုင်၍ မိမိလူတို့အား အမိန့်ပေးသဖြင့်"

သူတို့သည် အာဗြံ၌ရှိသမျှသော ဥစ္စာနှင့်တကွ၊ သမီးမောင်နှံတို့ကို လွှတ်လိုက်ကြ၏

"မှူးမတ်တို့ကလည်း အာဗြံတို့ လင်မယားမှအစ ပိုင်ဆိုင်သမျှသော ဥစ္စာတို့ကို ဖါရောမင်းထံမှ ဝေးရာသို့ နှင်လွှတ်ကြ၏"

Genesis 13

Genesis 13:1-2

ထွက်သွားသဖြင့်

"တက်သွားသဖြင့်" သို့မဟုတ် "ထွက်ခွာသဖြင့်"

ခါနာန်ပြည် တောင်ပိုင်းသို့ ရောက်ကြ၏

အီဂျစ် သို့မဟုတ် အဲဂုတ္တုပြည် အရှေ့ဘက်၊ ခါနာန်ပြည် တောင်ပိုင်းတွင်ရှိသော နေဂဲဘ်အရပ်မှာ ကန္တာရဒေသဖြစ်သည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နေဂဲဘ်ကန္တာရသို့ ရောက်ကြ၏" (ရှု၊ figs_explicit)

ထိုအခါ အာဗြံသည်၊ သိုး၊ နွားစသည်တို့ကို၎င်း၊ ရွှေငွေကို၎င်း အလွန်ရတတ်၏

"ယခုတွင်၊ အာဗြံ၌ သိုးနွားတိရစ္ဆာန်၊ ရွှေ၊ ငွေ ဥစ္စာများစွာ ပိုင်ဆိုင်၏"

သိုး၊ နွားစသည်တို့

"ခြံမွေးတိရစ္ဆာန်" သို့မဟုတ် "သိုးနွားတိရစ္ဆာန်"

Genesis 13:3-4

ခရီးသွား၍

အာဗြံနှင့်မိသားစုသည် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်း အသက်ရှင်ကြရသည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ခရီးဆက်၍" (ရှု၊ figs_explicit)

တဲကိုဆောက် . . . ခဲ့ဘူးသောအရပ်သို့

ဘာသာပြန်ဆိုသူမှ "ကမ္ဘာဦးကျမ်း ၁၂း၈ ကို ရှု" ဟူ၍ မှတ်ချက် ထည့်သွင်းနိုင်သည်။ အာဗြံ၏ ခရီးစဉ်ကို ပို၍တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုပြည်သို့ မဝင်မှီ တဲကိုဆောက် ... ခဲ့ဖူးသောအရပ်သို့" (ရှု၊ figs_explicit)

ထာဝရဘုရား၏ နာမတော်ကို ပဌနာပြု၏

"ယာဝေးဘုရား၏ နာမတော်ကို အစွဲပြု၍ ဆုတောင်း၏" သို့မဟုတ် "ယာဝေးဘုရားကို ကိုးကွယ်၏။" ၁၂း၈ မှ ပြန်ဆိုချက်ကို ရှု။

Genesis 13:5-7

Now

Not applicable

ထိုမြေ မဆံ့နိုင်

သိုးနွားတိရစ္ဆာန်တို့ ကျက်စားရန် မြေမလာက်သဖြင့်။

ဥစ္စာ

စားကျက်နှင့်ရေ လိုအပ်သော သိုးနွားတိရစ္ဆာန်လည်း ပါဝင်သည်။

တရပ်တည်း မနေနိုင်ကြ

"အတူတကွ မနေနိုင်ကြ"

ထိုအခါ၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသားတို့သည် ထိုပြည်၌ နေကြသတည်း

မြေမဆံ့ရသည့် အကြောင်းရင်းတစ်ခုဖြစ်၏။

Genesis 13:8-9

ငါနှင့် သင်၌၎င်း . . . ခိုက်ရန်မရှိပါစေနှင့်

"ငါတို့၌၎င်း ... ခိုက်ရန်မရှိစေနှင့်"

ခိုက်ရန်

"ဝိရောဓိ" သို့မဟုတ် "ရန်ပွဲ" သို့မဟုတ် "အတိုက်အခံ"

ငါ့နွားကျောင်းသားတို့နှင့်၊ သင့်နွားကျောင်းသားတို့၌၎င်း

"ငါတို့ သိုးနှင့်နွားကို ကျောင်းသောသူတို့၌၎င်း"

ငါတို့သည် ညီအစ်ကိုချင်းဖြစ်လျက်

"ငါတို့သည် တမိသားစုချင်းဖြစ်၍"

ညီအစ်ကိုချင်း

"တမိသားစုချင်း" သို့မဟုတ် "ဆွေမျိုးသားချင်း။" လောတသည် အာဗြဟံ၏ တူဖြစ်၏။

မြေတပြင်လုံးသည် သင့်ရှေ့မှာရှိသည် မဟုတ်လော့

ဤမေးခွန်းကို ဖြစ်ကြောင်းပြပုဒ်အဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဤမြေတပြင်လုံးကို သုံးပိုင်ခွင့် သင့်မှာရှိ၏" (ရှု၊ figs_rquestion)

ငါနှင့်ခွာ၍ နေပါလော့

နှင်ထုတ်ခြင်း မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် ပြေလည်စေမည့် အမှုတစ်ခုခုကို ပြုရန် တိုက်တွန်းခြင်း ဖြစ်သည်။ "ငါတို့ ခွဲ၍ နေကြမည်"

သင်သည် လက်ျာဘက်သို့ သွားလျှင်၊ ငါသည် လက်ဝဲဘက်သို့ သွားမည်

ဖြစ်နိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ၊ ၁) "သင် တစ်ဘက်သို့သွားလျှင်၊ ငါသည် တခြားတဘက်သို့သွားမည်" သို့မဟုတ် ၂) "သင် မြောက်ဘက်သို့ သွားလျှင်၊ ငါသည် တောင်ဘက်သို့ သွားမည်။" လောကထံ မိမိစိတ်ကြိုက် မြေနေရာကို ရွေးချယ်ခွင့် ပေးပြီး ကျန်သည့်အရပ်ကို မိမိယူမည်ဟု ပြောနေခြင်းဖြစ်သည်။

Genesis 13:10-11

ယော်ဒန်မြစ် ပတ်ဝန်းကျင်အရပ်ရပ်

ယော်ဒန်မြစ်ဝှမ်းဒေသ တလျှောက်ကို ညွှန်းသည်။

ရေများ၍

"ရေပေါများ၍"

ထာဝရဘုရား၏ ဥယျာဉ်တော်ကဲ့သို့၎င်း အဲဂုတ္တုပြည်ကဲ့သို့၎င်း ဖြစ်သည်

"ယာဝေးဘုရား၏ ဥယျာဉ်တော်ကဲ့သို့၎င်း၊ အဲဂုတ္တုပြည်ကဲ့သို့၎င်း ရှိသည်။" မတူညီသော အရပ်ဒေသနှစ်ခုဖြစ်သည်။

ထာဝရဘုရား၏ ဥယျာဉ်တော်

ဧဒင်ဥယျာဉ်၏ တခြားအမည်ဖြစ်သည်။

ဥယျာဉ်

၂း၇ ရှိ "ဥယျာဉ်" အတိုင်း ပြန်ဆိုရန်ဖြစ်သည်။

သောဒုံမြို့နှင့် ဂေါမောရမြို့ကို ထာဝရဘုရား ဖျက်ဆီးတော်မမူမှီ

တစုံတရာ ဖြစ်ပျက်မည်အကြောင်းကို ကြိုတင်နိမိတ်ပေးသော စာပိုဒ်ဖြစ်သည်။ နောင်တွင် မြေဩဇာညံ့သွားသည့် အကြောင်းကို နောင်တွင် တွေ့ရမည်ဖြစ်သည်။

the relatives

Not applicable

Genesis 13:12-13

နေလေ၏

"အခြေချလေ၏" သို့မဟုတ် "နေထိုင်လေ၏"

ခါနာန်ပြည်

"ခါနာန်လူမျိုးတို့ပြည်"

သောဒုံမြို့နားမှာ တဲကို ဆောက်လေ၏

ဖြစ်နိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ၊ ၁) "သောဒုံမြို့အထိတိုင် တဲကို ဆောက်လေ၏" (UDB) သို့မဟုတ် ၂) "တဲကို ဆောက်လေရာ သောဒုံမြို့အထိ ရောက်၏"

Genesis 13:14-15

လောတသည် အာဗြံနှင့်ခွါ၍ သွားပြီးမှ

"လောတ ထွက်ခွါပြီးမှ"

Genesis 13:16-18

မြေကို အလျားအားဖြင့်၎င်း၊ အနံအားဖြင့်၎င်း ရှောက်သွားလော့

"မြေတပြင်လုံးသို့ လျှောက်သွားလော့"

မံရေ

မံရေ သို့မဟုတ် မမ်ရေ ဟူသည်မှာ သပိတ်တော၏ ပိုင်ရှင်အမည် ဖြစ်သည်။ (ရှု၊ translate_names)

ဟေဗြုန်မြို့

နေရာအမည်ဖြစ်သည်။ (ရှု၊ translate_names)

ထာဝရဘုရားအဘို့ ယဇ်ပလ္လင်

"ယာဝေးဘုရားအဘို့ ယဇ်ပလ္လင်"

Genesis 14

Genesis 14:1-2

ယေဘုယျ အချက်အလက်

၁၄း၁ တွင် ဖော်ပြထားသော အရပ်အမည်များမှာ လွတ်လပ်သော မြို့ပြများ ဖြစ်သည်။ (ရှု၊ translate_names)

ထိုရောအခါ

အကြောင်းအရာသစ်တစ်ခုကို အဖွင့်မိတ်ဆက်ပေးသော အသုံးအနှုန်းဖြစ်သည်။ ပြန်ဆိုမည့်ဘာသာစကား၌ အသုံးပြုသည်အတိုင်း ထည့်သွင်းပါ။

in the days of

Not applicable

စစ်တိုက်ကြ၏

"စစ်ပွဲဝင်ကြ၏" သို့မဟုတ် "စစ်ဆင်နွှဲကြ၏" သို့မဟုတ် "စစ်တိုက်ရန် ပြင်ကြ၏"

Genesis 14:3-6

These latter five kings joined together

Not applicable

တဆယ်နှစ်နှစ်ပတ်လုံး

အငယ် ၄-၇ မှ ဖြစ်ရပ်မှာ အငယ် ၃ မတိုင်မီ ဖြစ်ပျက်ခဲ့သည်။ ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းဖြင့် ဖော်ပြနိုင်သည်။

ခေဒေါရလောမာမင်းကြီးထံ ကျွန်ခံပြီးလျှင်

ဤမင်းထံ အခွန်ဆောင်၍ စစ်အကူအညီများ ပေးသည်ဟု ဆို၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ခေဒေါရလောမာမင်းကြီး လက်အောက်ခံ ဖြစ်ပြီးလျှင်" (ရှု၊ translate_names)

ပုန်ကန်ကြ၏

"သူ့လက်အောက်မှ ထွက်ကြ၏" သို့မဟုတ် "သူ့ကို အာခံကြ၏"

လာ၍ . . . လုပ်ကြံ၍ . . . လိုက်ကြ၏

ပုံကန်သော မင်းများကို တိုက်ထုတ်ကြသည်။

ရေဖိမ်လူများ . . . ဇူဇိမ်လူများ . . . ဧမိမ်လူများ. . . ဟောရိလူများ

လူမျိုးစုများ၏အမည် ဖြစ်သည်။ (ရှု၊ translate_names)

အာရှတရုတ်ကာနိမ်မြို့ . . . ဟာမမြို့ . . . ကိရယသိမ်ချိုင့် . . . စိရတောင် . . . ဧလပါရန်မြို့

နေရာဒေသအမည်များ ဖြစ်သည်။ (ရှု၊ translate_names)

တောနားမှာရှိသော ဧလပါရန်မြို့

ဧလပါရန်မြို့၏ တည်နေရာကို ဖော်ပြခြင်း ဖြစ်သည်။ လိုအပ်လျှင် ဝါကျကို ခွဲ၍ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဧလပါရန်မြို့တိုင်အောင် ...။ ဧလပါရန်မြို့သည် ကန္တာရနားတွင် ရှိသတည်း" (ရှု၊ figs_distinguish)

Genesis 14:7-9

ယေဘုယျ အချက်အလက်

၁၄း၃ မှ အဖြစ်အပျက်ကို အငယ် ၈ နှင့် ၉ တွင် ထပ်မံရေးသားထားပြီး၊ မင်းများ စုပေါင်းလျက် စစ်တိုက်သည့်အကြောင်းကို ဆက်လက် ဖော်ပြထားသည်။

တဖန်ပြန်လာ၍

ခါနာန်ဒေသကို တိုက်သော ပြည်ပမင်း လေးဦးကို ညွှန်းသည်။ ထိုမင်း အမည်များမှာ အံရဖေလ၊ အာရုတ်၊ ခေဒေါရလောမာ၊ တိဒလ တို့ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တဖန်ပြန်လှည့်၍" (ရှု၊ figs_go)

ဟာဇဇုန္တမာမြို့၌နေသော အာမောရိလူများ

မည်သည့်အရပ်နေ အာမောရိလူများ စစ်ရှုံးကြောင်း ထင်ရှားစေရန် ဖြစ်သည်။ သို့လျှင် တခြားအရပ်များတွင်လည်း အာမောရိလူများ ရှိကြောင်း ထင်ရှား၏။

ဇောရတည်းဟူသော ဗေလာမင်းကြီး

ဗေလာမြို့ကို ဇောရမြို့ဟူ၍လည်း ခေါ်သည်။ အဆိုပါ အချက်အလက်ကို နောက်ဝါကျဖြင့်လည်း ဖော်ပြနိုင်သည်။ "ဗေလာမင်းကြီးတို့သည် ...။ ဗေလာကို ဇောရဟုလည်း ခေါ်သတည်း"

စစ်ပြိုင်ကြ၏

"စစ်တိုက်ကြ၏" သို့မဟုတ် "စစ်ဆင်နွှဲကြ၏။" UDB မူပြန်ကျမ်း၌ အငယ် ၉ တွင် ဖော်ပြထားသည့်အတိုင်း၊ ဘာသာပြန်သူတချို့က ထိုစစ်တပ်များ တိုက်ခိုက်ကြသည်ဟု ဖော်ပြ၏။ (ရှု၊ figs_explicit)

မင်းကြီးလေးပါးနှင့်၊ မင်းကြီးငါးပါးတို့သည် စစ်ပြိုင်ကြ၏

မင်းကြီးငါးပါးကို ရှေ့ဦးစွာ စာရင်းပြုသောကြောင့် "မင်းကြီးငါးပါးနှင့်၊ မင်းကြီးလေးပါးတို့သည် စစ်ပြိုင်ကြ၏။"

Genesis 14:10-12

Now

Not applicable

ရေညှိအကျိအချွဲနှင့်ပြည့်သော တွင်းများရှိ၏

"ရေနံချေးတွင်းများရှိ၏။" ရေနံချေးထွက်သော တွင်းများ ဖြစ်သည်။

ရေညှိအကျိအချွဲ

ရေနံချေးအစရှိသော မြေမှ ထွက်သည့် ထူထပ်၊ စေးကပ်၊ မဲနက်သည့် အရည်တစ်မျိုး။ ၁၁း၃ မှ ပြန်ဆိုချက်ကို ရှု။

သောဒုံမင်းကြီး၊ ဂေါမောရမင်းကြီးတို့သည်

မင်းနှင့် ၎င်းတို့အပိုင် စစ်တပ်ကိုပါ ခြုံငုံထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သောဒုံနှင့် ဂေါမောရ မင်းကြီးတို့သည် မိမိစစစ်တပ်နှင့်" (ရှု၊ figs_metonymy)

ထိုတွင်းများ၌ ကျလေ၏

ဖြစ်နိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ၊ ၁) "တချို့မှာ ထိုတွင်းများ၌ ကျလေ၏" သို့မဟုတ် ၂) မင်းတို့မှာ ထိုတွင်းများ၌ ကျလေ၏။" သို့ရာတွင် ၁၄း၁၇ တွင် သောဒုံမင်းကြီးက အာဗြံကို တွေ့ရန် သွားသည်ဆိုသဖြင့်၊ ပထမ ဖွင့်ဆိုချက်မှာ ပို၍ ဖြစ်နိုင်ချေရှိ၏။ (ရှု၊ figs_metonymy)

ကြွင်းသောသူတို့သည်

"စစ်ပွဲ၌မသေ တွင်း၌မကျသောသူတို့သည်"

အောင်သောမင်း

သောဒုံနှင့် ဂေါမောရမြို့ကို တိုက်သော ခေဒေါရလောမာမင်းကြီးနှင့် အဖွဲ့ကို ညွှန်းသည်။

သောဒုံမြို့နှင့် ဂေါမောရမြို့၌ ရှိသမျှသောဥစ္စာ

"သောဒုံ" နှင့် "ဂေါမောရ" ဟု ဆိုရာတွင် ထိုမြို့၌ နေသော လူတို့ကိုလည်း ညွှန်း၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "သောဒုံနှင့် ဂေါမောရမြို့၌ နေထိုင်သူတို့၏ ဥစ္စာရှိသမျှ" (ရှု၊ figs_metonymy)

မြို့ရိက္ခာ

"အစာရေစာ"

သွားကြ၏

"ထွက်သွားကြ၏"

သောဒုံမြို့၌နေသော အာဗြံအစ်ကိုသား လောတနှင် သူ၏ဥစ္စာတို့ကိုလည်း သိမ်းယူ၍သွား၏

"သောဒုံမြို့၌နေသာ" နှင့် "အာဗြံအစ်ကိုသား" ဟူရာတွင် လောတ၏ အကြောင်းကို ပြန်လည်အမှတ်ရစေရန် သုံးထားခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လောတနှင့် သူ၏ဥစ္စာတို့ကိုလည်း သိမ်းယူ၍သွား၏။ လောတသည် အာဗြံအစ်ကိုသားဖြစ်၍ သောဒုံမြို့၌ နေသတည်း" (ရှု၊ figs_distinguish)

Genesis 14:13-14

ထိုဘေးမှ လွတ်၍ပြေးသော သူတယောက်သည်

"စစ်ဘေးမှလွတ်သော သူတယောက်သည်"

နေသော အာဗြံထံသို့

"အာဗြံနေသော အရပ်သို့။" ထိုအချိန်၏ နောက်ကြောင်းကို ဖော်ပြသည်။ (ရှု၊ figs_distinguish)

အာဗြံနှင့် မိဿဟာယဖွဲ့သောသူ

"အာဗြံ၏ မိတ်ဆွေများ" သို့မဟုတ် "အာဗြံနှင့် မိတ်ဖက်ဖြစ်သော"

မိမိအစ်ကိုသား

အာဗြံ၏အမျိုးဖြစ်ကြောင်း ညွှန်းလိုက်သည်။

သွန်သင်သော လူ

"စစ်တိုက်နည်း၌ သွန်သင်ထားသောလူ"

မိမိအိမ်၌ ဘွား၍

"မိမိအိမ်ထောင်၌ မွေးဘွား၍။" အာဗြံ ကျွန်တို့၏ သားသမီးများဖြစ်သည်။

လိုက်လေ၏

"နှင်ထုတ်လေ၏"

ဒန်မြို့

အာဗြံတို့နေရာ အရပ်မှ ဝေးရာတွင် ရှိသော ခါနာန်ပြည်မြောက်ဖျားပိုင်းရှိ မြို့တမြို့။

Genesis 14:15-16

ညဉ့်အခါ၊ မိမိလူတို့ကိုခွဲ၍ တိုက်စေသဖြင့်၊ လုပ်ကြံပြီးလျှင်

စစ်နည်းဗျူးဟာတစ်မျိုးကို ညွှန်းသည်။ "ညဉ့်အခါ၊ မိမိလူတို့ကို အဖွဲ့ငယ်ခွဲ၍ အဖက်ဖက်မှ တိုက်ကြပြီးလျှင်" (UDB)

ဥစ္စာရှိသမျှကို၎င်း

သောဒုံနှင့် ဂေါမောရမြို့မှ သိမ်းယူလိုက်သော ဥစ္စာပစ္စည်းများကို ညွှန်းသည်။

လောတနှင့် သူ၏ဥစ္စာကို၎င်း

"လောတထံမှ သိမ်းယူသောဥစ္စာကို၎င်း"

မိန်းမများနှင့် လူများကို၎င်း

"မိန်းမများနှင့် တခြားလူများကို၎င်း"

Genesis 14:17-18

ပြန်လာသောအခါ

ပြန်သွားသည့်အရပ်ကို တိကျစွာ ထည့်သွင်း ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိနေရပ်သို့ ပြန်လာသောအခါ" (ရှု၊ figs_explicit)

ရှာလင်မင်းကြီး မေလခိဇေဒက်

မင်းကြီးအမည်ကို ပထမဆုံးအကြိမ် ဖော်ပြသည်။

မုန့်နှင့် စပျစ်ရည်

လူတို့သည် မုန့်နှင့် စပျစ်ရည်ကို ပုံမှန်စားသုံးကြ၏။ ၃း၁၇ ရှိ "အစာ" နှင့် ၉း၂၀ ရှိ "စပျစ်ရည်" မှ ပြန်ဆိုချက်ကို ရှု။

Genesis 14:19-20

အာဗြံကို ကောင်းကြီးပေး၍

မင်းကြီး မေလခိဇေဒက်သည် အာဗြံကို ကောင်းကြီးပေး၍

ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသော ဘုရားသခင်သည် အာဗြံအား ကောင်းကြီးပေးတော်မူပါစေသော

အပြုဝါကျအဖြစ် ပြောင်းသုံးနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသော ဘုရားသခင်သည် အာဗြံအား ကောင်းခြင်းမင်္ဂလာ ပေးတော်မူပါစေသော" (ရှု၊ figs_activepassive)

ကောင်းကင်

ဘုရားသခင် ကိန်းဝပ်ရာအရပ်ကို ညွှန်းသည်။

အပ်နှံတော်မူသော အမြင့်ဆုံးသော ဘုရားသခင်

"အပ်နှံတော်မူသဖြင့် အမြင့်ဆုံးသော ဘုရားသခင်။" "အပ်နှံတော်မူသော" ဟူသည်မှာ မည်သို့သော ဘုရားသခင်ဖြစ်ကြောင်း ပေါ်လွင်စေရန် အသုံးပြုသော နာမဝိသေသနပုဒ်ဖြစ်သည်။

အမြင့်ဆုံးသော ဘုရားသခင်လည်း မင်္ဂလာ ရှိတော်မူစေသတည်း

ဘုရားသခင်ကို ချီးမွမ်းသောနည်းလမ်း တစ်မျိုးဖြစ်သည်။ ၉း၂၆ မှ ပြန်ဆိုချက်ကို ရှု။

သင်၏လက်၌

"သင့်ကို" သို့မဟုတ် "သင့်အား"

Genesis 14:21-24

လူတို့ကို ကျွန်ုပ်အား ပြန်ပေးပါ

ရန်သူ သိမ်းသွာသော သောဒုံမြို့သားတို့ကို ညွှန်း၏။ လောတကို ကယ်ရန် အာဗြံသွားခဲ့စဉ် ထိုသူတို့လည်း လွတ်မြောက်ခြင်းရ၏။

ကျွန်ုပ်သည် လက်ကိုချီ၍ အဓိဌာန်ပြုပါပြီ

"ကျွန်ုပ်သည် သန္ဓိဌာန်ချပြီးပါပြီ" သို့မဟုတ် "ကျွန်ုပ်သည် ကတိသစ္စာ ပြုပါပြီ"

လုလင်တို့သည် စားပြီးသော အရာကို၎င်း . . . အဘို့ကို၎င်း၊ ထား၍၊ မင်းကြီး၏ဥစ္စာ . . . တစုံတခုကိုမျှ ငါမယူ

"လုလင်တို့ စားပြီးသောအရာနှင့် ... အဘို့မှတပါး၊ မင်းကြီး၏ဥစ္စာ ... တစုံတခုကိုမျှ ငါမယူ။" မင်းကြီး၏ ဥစ္စာကို မယူသည့်အကြောင်း ဆိုထားသော်လည်း မိမိလူတို့အတွက် စားစရာများကို ယူခဲ့ကြောင်း ဝန်ခံသည့် သဘော သက်ရောက်၏။

ကျွန်ုပ်နှင့်အတူ လိုက်လာသောသူ၊ . . . သူတို့ယူသော အဘို့ကို၎င်း

ပို၍တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်နှင့်အတူ ဤဥစ္စာများ ပြန်ယူပေးသောသူ၊ ... သူတို့အဘို့ကို၎င်း" (ရှု၊ figs_explicit)

အာနေရ၊ ဧရှကောလ၊ မံရေ

အာဗြံ၏ မိတ်ဆွေများ ဖြစ်သည်။ (ရှု၊ ၁၄း၁၃)။ စစ်တိုက်ရာတွင် အာဗြံကို အကူအညီ ပေးခဲ့ကြသည်။ ဤအကြောင်းကို ပို၍တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်၏ မိတ်ဆွေ အာနေရ၊ ဧရှကောလ၊ မံရေ" (ရှု၊ figs_explicit)

Genesis 15

Genesis 15:1-3

ထိုနောက်မှ

"ထို" သည် မင်းများနှင့်တိုက်ပြီး လောတကို အာဗြံ ကယ်တင်ခြင်းအကြောင်းအား ညွှန်း၏။

ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အာဗြံသို့ရောက်၍

ယာဝေးဘုရား အမိန့်တော်ရှိကြောင်း ညွှန်းသော ဒေသိယစကားဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာဝေးဘုရား၏ အာဗြံထံ မိန့်တော်မူသည်ကား" (ရှု၊ figs_idiom)

ထာဝရဘုရား၏ နှုတ်ကပတ်တော်

ယာဝေးဘုရား၏ အမိန့်တော်ကို ပုံဆောင်သော ဝင်္ကဝုတ္တိပုဒ်ဖြစ်၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာဝေးဘုရား၏ အမိန့်တော်" (ရှု၊ figs_metonymy)

အကွယ်အကာ . . . အကျိုး

ဘုရားသခင်သခင်သည် မိမိ၏ဝိသေသလက္ခဏာနှင့် အာဗြံအတွက် မည်သို့ပြုမည်အကြောင်း သွယ်ဝိုက်ညွှန်းဆိုသော ဝင်္ကဝုတ္တိပုဒ်ဖြစ်သည်။ (ရှု၊ figs_metaphor)

ငါသည် သင်၏ အကွယ်အကာဖြစ်၏

စစ်သားများက ရန်သူထံမှ ကာကွယ်ရန် ဒိုင်းကို အသုံးပြုကြသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါသည် သင့်ကိုကွယ်ကာသော ဒိုင်းဖြစ်၏" သို့မဟုတ် "ငါသည် သင်၏ ကွယ်ကာရာဒိုင်းဖြစ်၏" (ရှု၊ figs_metaphor)

သင်၏အကျိုးသည် အလွန်ကြီးလှ၏

"သင်ရစရာ အခလည်းဖြစ်၏။" ဖြစ်နိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ၊ ၁) "သင်လိုသမျှလည်း ဖြစ်၏" သို့မဟုတ် ၂) "သင်လိုအပ်သမျှကို ငါးပေးမည်"

တဖန်အာဗြံက အကျွန်ုပ်အား အမျိုးအနွယ်ကို ပေးတော်မမူပါ . . . ဟု လျှောက်ဆို၏

"တဖန်အာဗြံ လျှောက်ဆို၏။ 'အကျွန်ုပ်အား အမျိုးအနွယ်ကို ပေးတော်မမူပါ ...'"

Genesis 15:4-5

Then, behold

Not applicable

ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက်လာသည်ကား

ဘုရားသခင် အမိန့်တော်ရှိသည်ဟူသော ဒေသိယစကားဖြစ်သည်။ ၁၅း၁ မှ ပြန်ဆိုချက်ကို ရှု။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာဝေးဘုရား မိန့်တော်မူသည်ကား" (ရှု၊ figs_idiom)

ထာဝရဘုရား၏ နှုတ်ကပတ်တော်

ယာဝေးဘုရား၏ အမိန့်တော်ကို ပုံဆောင်သော ဝင်္ကဝုတ္တိပုဒ်ဖြစ်၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာဝေးဘုရား၏ အမိန့်တော်" (ရှု၊ figs_metonymy)

ဤသူ

ဒမာသက်မြို့သား ဧလျာဇာကို ညွှန်း၏။

သင်၏ ကိုယ်ထဲက ထွက်သောသူ

"သင့်ကို အဘတော်မည့်သူ" သို့မဟုတ် "သင်ထံမှ ဘွားမြင်သောသူ။" အာဗြံ၏သား ကိုယ်တိုင်က အမွေကို ဆက်ခံမည်ဟူ၏။

ကြယ်များကို ရေတွက်နိုင်လျှင် ရေတွက်လော့

"ကြယ်များကို ရေတွက်လော့"

သင်၏အမျိုးအနွယ်သည်ထိုသို့ ဖြစ်လိမ့်မည်

ကြယ်များကို ရေတွက်လို့မရသကဲ့သို့ အာဗြံ၏ အမျိုးအနွယ်သည်လည်း ရေတွက်မရအောင် များပြားမည်။

Genesis 15:6-8

အာဗြံသည် ထာဝရဘုရားကို ယုံကြည်သည်ဖြစ်၍

ယာဝေးဘုရား ပြောသည့်အတိုင်း ယုံကြည်လက်ခံသည်ဟု ဆိုလို၏။

သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏

"ထိုယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းအဖြစ် ယာဝေးဘုရား မှတ်တော်မူ၏" သို့မဟုတ် "ယာဝေးဘုရားသည် အာဗြံကို ဖြောင့်မတ်သည်ဟု မှတ်တော်မူ၏"

ငါသည် . . . ဥရမြို့မှ သင့်ကို ထုတ်ဆောင်သော ထာဝရဘုရား ဖြစ်သည်

ယာဝေးဘုရားသည် မိမိပြုပြီးခဲ့သောအမှုကို ပြန်လည် အမှတ်ရစေခြင်းဖြင့် အာဗြံကို ဂတိပြုတော်မူသည့်အတိုင်း ဆောင်ရွက်ပေးမည်အကြောင်း နားလည်စေ၏။

သင်အမွေခံစရာဘို့

"သင့်အဘို့" သို့မဟုတ် "သင် ပိုင်စရာဘို့"

အဘယ်သို့ သိရပါအံ့နည်း

ယာဝေးဘုရား၏ ကတိတော်ကို စိတ်ချယုံကြည်နိုင်ရန် နိမိတ်သက်သေ ပြရန် အာဗြံ တောင်းဆိုခြင်း ဖြစ်၏။

Genesis 15:9-11

အသေကောင်တို့

"တိရစ္ဆာန်အသေကောင်တို့"

အာဗြံသည် နှင်လေ၏

"အာဗြံသည် ထိုငှက်တို့အား နှင်ထုတ်၏။" တိရစ္ဆာန်အသေကောင်ကို ငှက်ရဲတို့ မစားနိုင်ရန် အာဗြံ တားဆီးနေခြင်းဖြစ်သည်။

Genesis 15:12-13

အာဗြံသည် ကြီးသောအိပ်ခြင်းဖြင့် အိပ်ပျော်လျက်

ဒေသိယစကားဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အာဗြံသည် နက်နဲစွာ အိပ်ပျော်လျက်" (ရှု၊ figs_idiom)

ထူသောမှောင်မိုက်နှင့်တွေ့၍

"ထိတ်လန့်ဖွယ်သော အမှောင်ထု၏"

ထိတ်လန့်ခြင်းသို့ ရောက်လေ၏

"လွှမ်းမိုးခြင်းကို ခံရလေ၏"

ဧည့်သည်

"သူစိမ်း" သို့မဟုတ် "တိုင်းတပါးသား"

သူတပါးတို့၌ ကျွန်ခံခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းကို . . . ခံရကြလိမ့်မည်

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အိမ်ရှင်တို့၏ ကျွန်ဖြစ်လျက်၊ ညှဉ်းပန်းနှိက်စက်ကို ... ခံရကြလိမ့်မည်။ (ရှု၊ figs_activepassive)

Genesis 15:14-16

ယေဘုယျ အချက်အလက်

အာဗြံ၏ အိပ်မက်ထဲတွင် ယာဝေးဘုရား ဆက်လက် မိန့်ဆိုသည်။

ငါစီရင်မည်

"စီရင်" ဟူသည်မှာ တရားသဖြင့် စီရင်သောအခါ ဖြစ်လာမည့်အကျိုးဆက်ကို ညွှန်းဆိုသော ဝင်္ကဝုတ္တိပုဒ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ အပြစ်ပေးမည်" (ရှု၊ figs_metonymy)

သူတို့ကို စေခိုင်းသော

တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်၏ အမျိုးအနွယ်တို့ ခစားရသော" (ရှု၊ figs_explicit)

များစွာသောဥစ္စာ

ဒေသိယစကားဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "များစွာသော ပိုင်ဆိုင်မှုဖြင့်" သို့မဟုတ် "ကြီးစွာသော ချမ်းသာမှု" (ရှု၊ figs_idiom)

သင်သည် ဘိုးဘေးတို့ထံသို့ . . . သွားရလိမ့်မည်

"သင်သည် သေလိမ့်မည်" ဟူသည်ကို ယဉ်ကျေးစွာ ပြောလိုက်ခြင်းဖြစ်သည်။ (ရှု၊ figs_euphemism)

ဘိုးဘေးတို့

"ဘိုးဘေးတို့" ဟူသည်မှာ ဘိုးစဉ်ဘောင်ဆက် ပုဂ္ဂိုလ်အားလုံးကို ခြုံငုံသော အစုပြုပုဒ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖခင်များ" သို့မဟုတ် "မျိုးရိုးဖခင်များ" (ရှု၊ figs_synecdoche)

အသက်ကြီးရင့်လျက် သင်္ဂြိုဟ်ခြင်းကို ခံရလိမ့်မည်

"သက်တမ်းစေ့လျှင် သေရလိမ့်မည်"

လူမျိုးလေးဆက် လွန်သောအခါ

ဤကျမ်းပိုဒ်တွင် မျိုးဆက်တစ်ခုက နှစ်ပေါင်း ၁၀၀ သက်တမ်းကို ညွှန်း၏။ "နှစ်ပေါင်း လေးရာ လွန်သောအခါ"

သူတို့သည် ဤပြည်သို့ ပြန်လာကြလိမ့်မည်

"သင်၏ အမျိုးအနွယ်သည် ဤပြည်သို့ ပြန်လာကြလိမ့်မည်။" ယာဝေးဘုရား ကတိတော် ထားခဲ့သောပြည်၊ ယခု အာဗြံ နေထိုင်သောပြည်သို့ မိမိအမျိုးအနွယ်များ ပြန်လာမည်။

အာမောရိ အမျိုးသားတို့၏ ဒုစရိုက်အပြစ်သည် မစုံလင်သေး

"အာမောရိ အမျိုးသားတို့၏ ဒုစရိုက်အပြစ်သည် အထွတ်အထိပ် မရောက်သေး" သို့မဟုတ် "အာမောရိ အမျိုးသားတို့ စီရင်ခြင်း မပြုမီ ၎င်းတို့ဒုစရိုက်အပြစ်ကို ဤထက်မက ကြီးမားစေမည်"

Genesis 15:17-21

behold

Not applicable

ခွဲထားသော အသားအလယ်၌၊ မီးခိုးထွက်သောမီးဖို၊ မီးထွန်းလင်းသောမီးခွက်သည် ထင်ရှားစွာ ရှောက်သွားလေ၏

ပဋိညာဉ် ပြုတော်မူမည့်အကြောင်းကို ထင်ရှားစေရန် အာဗြံထံ ဘုရားသခင် ပြသလိုက်ခြင်း ဖြစ်သည်။

ခွဲထားသော အသားအလယ်၌ . . . ရှောက်သွားလေ၏

"ခွဲထားသော အသားအလယ်၌ ... ဖြတ်သွားလေ၏"

ပဋိညာဉ်

ဤပဋိညာဉ်တရားတွင် အာဗြံကို ကောင်းကြီးပေးမည်ဖြစ်ပြီး၊ အမိန့်တော်ကို နားထောင်သည့် ကာလပတ်လုံး ဆက်လက် ကောင်းကြီးပေးမည်ဟု ဘုရားသခင် ကတိတော် ထားခဲ့သည်။

ဤပြည်ကို . . . ငါအပ်ပေးပြီ

ဤသို့ဖြင့်၊ အဆိုပါပြည်ကို အာဗြံ၏ အမျိုးအနွယ်အား ဘုရားသခင် ပေးလိုက်၏။ ယခု ပေးလိုက်သော်လည်း၊ နှစ်ပေါင်းများစွာ မတိုင်မီအထိ ထိုပြည်သို့ ဝင်ခွင့်မရခဲ့ကြပါ။

မြစ်ကြီးတည်းဟူသော၊ ဥဖရတ်မြစ်

"မြစ်မတည်းဟူသော၊ ဥဖရတ်မြစ်။" မြစ်တစ်ခုတည်းကို ညွှန်းသည်။

ကေနိလူ၊ ကေနဇိလူ၊ ကာဒမောနိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ရေဖိမ်လူ၊ အာမောရိလူ၊ ခါနနိလူ၊ ဂိရဂါရှိလူ၊ ယေဗုသိလူ

ထိုပြည်၌ နေထိုင်သော လူမျိုးစုတို့၏ အမည်ဖြစ်သည်။ အဆိုပါ လူမျိုးနှင့် ၎င်းတို့ပြည်ကို အာဗြံ၏ အမျိုးအနွယ်ထံ ဘုရားသခင် ပေးအပ်လေသည်။ (ရှု၊ translate_names)

Genesis 16

Genesis 16:1-4

Now

Not applicable

ကျွန်မ

"အစေခံမ။" ဤသို့သော အစေခံက အိမ်ထောင်တစ်ခု၏ အမျိုးသမီးကို ခစားရသည်။

သားဘွားရသောအခွင့်ကို

"သားမွေးရသောအခွင့်ကို"

သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက်ခြင်း ရှိကောင်းရှိပါလိမ့်မည်

"သူ့အားဖြင့် အကျွန်ုပ်သည် မိသားစုကို တည်ဆောက်နိုင်ပါလိမ့်မည်"

အာဗြံသည် စာရဲ၏စကားကို နားထောင်လေ၏

"အာဗြံသည် စာရဲ ပြောသည်အတိုင်း ပြုလေ၏"

မိမိသခင်မကို မထီမဲ့မြင် ပြုလေ၏

"မိမိသခင်မကို မုန်းတီးလေ၏" သို့မဟုတ် "မိမိသခင်မထက် သာသည်ဟု ခံယူလေ၏"

မိမိသခင်မ

စာရဲကို ညွှန်းသည်။ သခအည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိအရှင်မ" သို့မဟုတ် "စာရဲ"

Genesis 16:5-6

အကျွန်ုပ်ခံရသော အပြစ်သည်

"အကျွန်ုပ်ခံရသော မတရားမှုသည်"

ကိုယ်တော်ခေါင်းပေါ်၌ တည်ရှိပါစေ

"ကိုယ်တော်ကြောင့် ဖြစ်၏" သို့မဟုတ် "သင့်ကြောင့်ဖြစ်၏"

အကျွန်ုပ်၏ ကျွန်မကို ကိုယ်တော်ရင်ခွင်၌ အကျွန်ုပ်အပ်နှင်းပါပြီ

အတူအိပ်စေကြောင်းကို ယဉ်ကျေးစွာ သုံးနှုန်းလိုက်ခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော်နှင့်အတူ အိပ်စေခြင်းငှါ အကျွန်ုပ်၏ ကျွန်မကို အပ်နှင်းပါပြီ" (ရှု၊ figs_euphemism)

အကျွန်ုပ်ကို မထီမဲ့မြင် ပြုပါသည်တကား

အပြုဝါကျအဖြစ် ပြေားဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်ကို မုန်းတီးပါသည်တကား" သို့မဟုတ် "အကျွန်ုပ်ထက် သာသည်ဟု မြင်ပါပြီတကား" (ရှု၊ figs_activepassive)

ထာဝရဘုရားသည် အကျွန်ုပ်နှင့် ကိုယ်တော်အမှုကို စီရင်တော်မူပါစေသော

"အကျွန်ုပ်အပြစ်သော်၎င်း၊ ကိုယ်တော့်အပြစ်သော်၎င်း ဖြစ်သည်ကို ယာဝေးဘုရား စီရင်တော်မူပါစေသော" သို့မဟုတ် "မည်သူ ဖြောင့်မတ်သည်ကို ယာဝေးဘုရား စီရင်တော်မူပါစေသော။" "စီရင်" ဟူသည်မှာ ဤလင်မယားမှာ အဘယ်သူ မှန်ကန်ကြောင်း သတ်မှတ်ပေးခြင်းကို ညွှန်း၏။

See here

Not applicable

သင်၏လက်၌ရှိ၏

"သင်၏ အပိုင်ဖြစ်၏"

စာရဲသည် ကျွန်မကို ညှဉ်းဆဲသဖြင့်

"စာရဲသည် ဟာဂရကို ညှဉ်းဆဲသဖြင့်"

ကျွန်မသည် သခင်မထံမှ ထွက်ပြေးလေ၏

"ဟာဂရသည် စာရဲထံမှ ထွက်ပြေးလေ၏"

Genesis 16:7-8

ထာဝရဘုရား၏ ကောင်းကင်တမန်

ဖြစ်နိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ၊ ၁) ယာဝေးဘုရား ကိုယ်တော်တိုင် ကောင်းကင်တမန်ယောင်ဆောင်၏ သို့မဟုတ် ၂) ယာဝေးဘုရား၏ ကောင်းကင်တမန်တို့မှ တစ်ဦး သို့မဟုတ် ၃) ဘုရားသခင် သီးသန့်လွှတ်တော်မူသော စေတမန် (ကျမ်းတတ်ပုဂ္ဂိုလ်အချို့က သခင်ယေရှု ဖြစ်မည်ဟူ၏)။ သို့ရာတွင်၊ နားလည်ရန် ခက်ခဲသည့်အလျောက် "ယာဝေးဘုရား၏ ကောင်းကင်တမန်" ဟု ပြန်ဆိုခြင်းသည် အကောင်းဆုံးဖြစ်ပြီး၊ "ကောင်းကင်တမန်" နှင့် အလားတူ ဝေါဟာရဖြင့် ပြန်ဆိုရန် ဖြစ်၏။

တော

သဲကန္တာရ ဖြစ်နိုင်ဖွယ်ရှိသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သဲကန္တာရ"

ရှုရမြို့

ခါနာန်တောင်ဘက်၊ အဲဂုတ္တု ခေါ် အီဂျစ်ပြည်၏ အရှေ့ဘက်တွင် ရှိသော အရပ်ဒေသ တစ်နေရာ၏အမည် ဖြစ်သည်။

သခင်မ

စာရဲကို ညွှန်းသည်။ ပိုင်ရှင်က မိမိကျွန်အပေါ် ဩဇာ သက်ရောက်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိသခင်မ။" ၁၆း၁ ရှိ "မိမိသခင်မ" ပြန်ဆိုချက်ကို ရှု။

Genesis 16:9-10

ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း . . . အမိန့်ရှိ၏

"ယာဝေးဘုရား၏ ကောင်းကင်တမန်ကလည်း ဟာဂရအား မိန့်တော်မူသည်ကား၊ ..."

ထာဝရဘုရား၏ ကောင်းကင်တမန်

၁၆းရ မှ ပြန်ဆိုချက်ကို ရှု။

သင်၏ သခင်မ

စာရဲ။ ၁၆း၁ ရှိ "မိမိသခင်မ" ပြန်ဆိုချက်ကို ရှု။

ထာဝရဘုရား၏ ကောင်းကင်တမန်က . . . ငါ . . . မြွက်ဆိုလေ၏

"ငါ" ဟု ဆိုရာတွင်၊ ယာဝေးဘုရားကို ညွှန်းသည်။ ပြန်ဆိုသောအခါ၊ ကောင်းကင်တမန် ပြောသည့်အတိုင်း ယာဝေးဘုရားကို ညွှန်းဆိုသော "ငါ"ကို ထည့်သွင်းရမည်။

သင်၏ အမျိုးအနွယ်ကို . . . ငါ အလွန်များပြားစေမည်

"သင့်အား ... များစွာသော အမျိုးအနွယ်ကို ငါပေးမည်"

မရေတွက်နိုင်အောင်

"မည်သူမျှ မရေတွက်နိုင်သည်ထိ"

Genesis 16:11-12

The angel of Yahweh

Not applicable

Behold

Not applicable

သားယောက်ျားကို ဘွားမြင်လိမ့်မည်

"သားယောက်ျားကို မွေးလိမ့်မည်"

ထိုသားကို . . . အမည်ဖြင့် မှည့်ရမည်

"ထိုသားကို ... ဟု မှည့်ရမည်။" ဟာဂရကို ညွှန်း၍ မိန့်ဆိုခြင်းဖြစ်သည်။

ဣရှမေလ . . . အကြောင်းမူကား၊ ထာဝရဘုရားသည် . . . ကြားသိတော်မူပြီ

ဘာသာပြန်ဆိုသူများ အနေဖြင့် "'ဣရှမေလ ကို 'ဘုရားသခင် ကြားသိတော်မူပြီ' ဟု အဓိပ္ပါယ်ရသည်" ဟူ၍ မှတ်ချက် ထည့်သွင်းနိုင်သည်။

ဆင်းရဲဒုက္ခ

စိတ်နှင့် ကိုယ်ခန္ဓာ ဆင်းရဲဒုက္ခကို ခံရသည်။

သူသည် လူရိုင်းဖြစ်လိမ့်မည်

ကျိန်ဆဲသောစကား မဟုတ်ပါ။ ဣရှမေလမှာ လွတ်လပ်၍ ကြံ့ခိုင်မည်ဟူ၍ အဓိပ္ပါယ်ရသော ရူပကပုဒ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူသည် လူတို့အလယ်၌ မြည်းရိုင်းကဲ့သို့ ဖြစ်လိမ့်မည်" (ရှု၊ figs_metaphor)

လူအပေါင်းတို့ကို ရန်ဘက်ပြုလိမ့်မည်

"လူအပေါင်း၏ ရန်သူဖြစ်လိမ့်မည်"

သူ့ကိုလည်း လူအပေါင်းတို့သည် ရန်ဘက်ပြုကြလိမ့်မည်

"လူအပေါင်းသည်လည်း သူ၏ ရန်သူ ဖြစ်လိမ့်မည်"

. . . ၏ အပါး၌ နေရလိမ့်မည်

"... ကို ဆန့်ကျင်နေရလိမ့်မည်"

မိမိညီအစ်ကိုအပေါင်း

"ဆွေးမျိုးသားချင်း" သို့မဟုတ် "အိမ်နီးချင်း"

Genesis 16:13-14

မိန့်မြွက်တော်မူသော ထာဝရဘုရား

"မိန့်မြွတ်တော်မူသော ယာဝေးဘုရား"

ငါ့ကို မြင်တော်မူသောသူကို ဤအရပ်၌ပင် ငါဖူးမြင်ရသည်တကား

ဘုရားသခင်ကို မြင်ရသော်လည်း အသက် ချမ်းသာခြင်းရရှိသဖြင့် အံ့ဩသောစိတ်ဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ အကြောင်းမှာ ဘုရားကို မြင်သောသူသည် သေသည်ဟု လူတို့ ခံယူခဲ့ကြ၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ကို မြင်တော်မူပြီးသည်တိုင် ဤအရပ်၌ အသက်ချမ်းသာခြင်း ရပါပြီတကား" (ရှု၊ figs_metonymy နှင့် figs_rquestion)

ထိုအကြောင်းကိုအစွဲပြု၍၊ ထိုရေတွင်းကို ဗေရလဟဲရောဟု သမုတ်ကြ၏

ဘာသာပြန်ဆိုသူများအနေဖြင့် "ဗေရလဟဲရောမှာ 'မြင်ပြီး အသက်ရှင်သောသူ၏ ရေတွင်း' ဟု အဓိပ္ပါယ်ရသည်" ဟူ၍ မှတ်ချ ထည့်သွင်းနိုင်သည်။ (ရှု၊ translate_names)

ကာဒေရှမြို့နှင့် ဗေရက်မြို့၏စပ်ကြားမှာ ရှိသတည်း

အခြားသော ဘာသာပြန်ဆိုချက်၊ "၎င်းသည် ကာဒေရှမြို့နှင့် ဗေရက်မြို့၏ စပ်ကြားမှာ ရှိသတည်း" (ရှု၊ translate_names)

Genesis 16:15-16

ထိုနောက် ဟာဂရသည် . . . သားကို ဘွားမြင်၏

စာရဲနှင့် အာဗြံထံ ပြန်လာကြောင်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့နောက် ဟာဂရ ပြန်လာပြီး ... သားကို ဘွားမြင်၏" (ရှု၊ figs_explicit)

ဟာဂရတွင် မြင်သော သားကို . . . အမည်ဖြင့် မှည့်လေ၏

"ဟာဂရ မွေးသောသားကို ... ဟု မှည့်လေ၏" သို့မဟုတ် "မိမိနှင့် ဟာဂရတို့ မြင်သောသားကို ... ဟု မှည့်လေ၏"

အာဗြံသည်

ထိုခေတ်၏ နောက်ခံသမိုင်းကို ဖော်ပြရန် သုံးထားသည်။ ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းကို လိုက်၍ ပြောင်းဆိုနိုင်သည်။ (ရှု၊ writing_background)

သားဣရှမေလကို ဟာဂရဘွားမြင်သောအခါ

"သားဣရှမေလ ဘွားမြင်သောအခါ" ဟု ဖော်ပြလိုခြင်း ဖြစ်သည်။ အာဗြံ သားရသော အကြောင်းကို ရည်စူးထားသည်။

Genesis 17

Genesis 17:1-2

ထိုနောက်၊ အာဗြံသည် အသက်ကိုးဆယ်ကိုးနှစ် ရှိသောအခါ

"ရှိသောအခါ" ဟု ဆိုရာတွင်၊ အကြောင်းအရာ တစ်ခုကို အစပြုသော ဝေါဟာရဖြစ်သည်။ ပြန်ဆိုမည် ဘာသာစကား၏ အသုံးအနှုန်းကို အသုံးပြုနိုင်သည်။

အနန္တတန်ခိုးရှင် ဘုရားသခင်

"တန်ခိုးတော်ရှင် ဘုရားသခင်" သို့မဟုတ် "တန်ခိုးအလုံးစုံကို ပိုင်သသော ဘုရားသခင်"

ငါ့ရှေ့မှာ သွားလာ၍

"သွားလာ" မှာ အသက်ရှင်ခြင်းကို၎င်း၊ "ငါ့ရှေ့မှာ" သို့မဟုတ် "ငါ့မျက်မှောက်၌" တို့မှာ နာခံခြင်းကို၎င်း ပုံဖော်သော ရူပကပုဒ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့အလိုအတိုင်း အသက်ရှင်၍" သို့မဟုတ် "ငါ့စကားကို နားထောင်၍" (ရှု၊ figs_metaphor)

Then

"သို့ပြုလျှင်"

ငါ၏ပဋိညာဉ်ကို သင်နှင့် ငါပြုမည်

"ငါ၏ပဋိညာဉ်ကို သင့်အား ငါပေးမည်" သို့မဟုတ် "သင်နှင့်ပြုသော ပဋိညာဉ်ကို ငါတည်မည်"

ပဋိညာဉ်

ဤပဋိညာဉ်တွင်၊ ဘုရားသခင်က အာဗြံကို ကောင်းကြီးပေးရန် ကတိတော်ပေးခဲ့ပြီး၊ အာဗြံ၏ နာခံမှုကိုလည်း တောင်းဆိုခဲ့သည်။

သင့်ကို ငါအလွန်များပြားစေမည်

"သင်၏ အမျိုးအနွယ်ကို များပြားစေမည်" သို့မဟုတ် "သင့်အား များစွာသော အမျိုးအနွယ်ကို ငါပေးမည်" (ရှု၊ figs_idiom)

Genesis 17:3-6

အာဗြံသည်လည်း ပြပ်ဝပ်လျင်

"အာဗြံသည် မြေပေါ်၌ ပြပ်ဝပ်သော်" သို့မဟုတ် "အာဗြံသည်လည်း မြေပေါ်သို့ ချက်ချင်း ပြပ်ဝပ်လျက်" ဘုရားသခင်အပေါ် ရိုသေလေးမြတ်မှုကို ပုံဆောင်သည်။

As for me

Not applicable

ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏

"ကြည့်ရှုလော့၊ ငါ၏ ပဋိညာဉ်သည် သင်၌ရှိ၏"

လူမျိုးအများတို့၏ အဘ

"လူမျိုးများစွာ၏ အဘ" သို့မဟုတ် "လူမျိုးများစွာကို မွေးဘွားသူ"

အာဗြဟံ

ဘာသာပြန်ဆိုသူများ အနေဖြင့် အောက်ပါအတိုင်း မှတ်ချ ထည့်သွင်းနိုင်သည်။ 'အာဗြံ' မှာ 'ဂုဏ်ပြုခြင်းခံရသော အဘ' ဟု၎င်း၊ 'အာဗြဟံ' မှာ 'လူမျိုးများစွာ၏ အဘ' ဟု၎င်း အဓိပ္ပါယ် ဖွင့်ဆိုနိုင်သည်။

ငါသည် သင့်ကို အလွန်ပွားများစေမည်

"ငါသည် သင်၏ အမျိုးအနွယ်ကို များပြားစေမည်"

သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်

"သင်၏ အမျိုးအနွယ်တို့ကို လူမျိုးကြီးဖြစ်စေမည်"

သင်၏ အမျိုးအနွှယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်

"သင့်ထံမှ ရှင်ဘုရင်များ ပေါက်ဖွားလာမည်" သို့မဟုတ် "သင့်အမျိုးတွင် အချို့သည် ရှင်ဘုရင်များ ဖြစ်ကြလိမ့်မည်"

Genesis 17:7-8

ယေဘုယျ အချက်အလက်

ဘုရားသခင်က အာဗြဟံထံ ဆက်လက် မိန့်ဆိုသည်။

သင်၏အမျိုးအနွှယ် အစဉ်အဆက်တို့၌

"သင်၏ နောင်မျိုးဆက် အသီးသီးတို့၌"

ထာဝရပဋိညာဉ် ဖြစ်စေမည်

"ထာဝရတည်သော ပဋိညာဉ် ဖြစ်စေမည်"

သင်၏ဘုရား၊ သင့်နောက်၌ သင့်အမျိုးအနွယ်၏ ဘုရားဖြစ်မည်

"သင်နှင့် သင့်အမျိုးအနွယ်၏ ဘုရားဖြစ်မည်"

ခါနာန်ပြည် တရှောက်လုံးကို . . . အစဉ်အမြဲ အပိုင်ပေးမည်

"ခါနန်ပြည်ကို အစဉ်ပိုင်ဆိုင်ခြင်းငှါ ... ငါပေးမည်" သို့မဟုတ် "ခါနန်ပြည်ကို ... ထာဝစဉ် ပိုင်စားစေမည်"

Genesis 17:9-11

သို့ဖြစ်၍

ဘုရားနှင့်ပြုသော ပဋိညာဉ်တရားတွင် အာဗြံဖက်မှ ပြုရမည့်အရာကို အစပြုဖော်ပြသော ဝေါဟာဖြစ်သည်။

ငါ၏ပဋိညာဉ်ကို စောင့်ရှောက်ရကြမည်

"ငါ့ပဋိညာဉ်ကို စောင့်ရှောက်ကြရမည်" သို့မဟုတ် "ငါ့ပဋိညာဉ်ကို ချီးမြှောက်ရမည်" သို့မဟုတ် "ငါ့ပဋိညာဉ်ကို နာခံရမည်"

ငါ၏ ပဋိညာဉ်ဟူမူကား

"ငါ၏ ပဋိညာဉ်မှာ ဤသို့ဖြစ်သတည်း" သို့မဟုတ် "ငါ့ပဋိညာဉ်၏ အစိတ်အပိုင်းဟူမူကား" ဤစာကြောင်းက အာဗြံဖက်မှ ပြုရမည့်အပိုင်းကို အဖွင့်နိဒါန်းပြုပေးသည်။

သင်တို့တွင် သားယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကို ခံရမည်

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ "သင်တို့၏ သားယောက်ျားတိုင်းအား အရေဖျားလှီး မင်္ဂလာ ပြုပေးရမည်" (ရှု၊ figs_activepassive)

သားယောက်ျားတိုင်း

လူယောက်ျားကို ညွှန်းသည်။

You must be circumcised in the flesh of your foreskin

Not applicable

ပဋိညာဉ်၏ လက္ခဏာသက်သေ

"ပဋိညာဉ် တည်ရှိကြောင်း လက္ခဏာသက်သေ"

လက္ခဏာသက်သေ

ဖြစ်နိုင်ချေများမှာ၊ ၁) "လက္ခဏာ" သို့မဟုတ် ၂) "လက္ခဏာတစ်ခု။" ပထမ ဖြစ်နိုင်ချေအရ လက္ခဏာ တစ်ခုတည်းရှိပြီး၊ ဒုတိယ ဖြစ်နိုင်ချေအရ တစ်ခုထက်ပိုသော လက္ခဏာသက်သေများစွာ ရှိသည်။ "လက္ခဏာ" ဟူသည်မှာ ဘုရားသခင် ကတိတော် ထားခဲ့သောအရာ တစုံတခုကို သတိပေးသောအရာ ဖြစ်သည်။

Genesis 17:12-14

ယေဘုယျ အချက်အလက်

ဘုရားသခင်က အာဗြဟံထံ ဆက်လက် မိန့်ဆိုသည်။

သားယောကျ်ားတိုင်း

"လူယောက်ျားတိုင်း"

သင်တို့အမျိုး အစဉ်အဆက်တို့၌

"မျိုးဆက် အသီးသီးတို့၌"

ငွေနှင့်ဝယ်သောသူဖြစ်စေ

ကျွန်ကို ညွှန်းသည်။ အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငွေဖြင့်ဝယ်သော ယောက်ျားဖြစ်စေ" (ရှု၊ figs_activepassive)

ငါ့ပဋိညာဉ်လည်း သင်တို့၏အသား၌

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့အသားဖြင့် အမှတ်ပြုသော ငါ့ပဋိညာဉ်သည်" (ရှု၊ figs_activepassive)

ထာဝရပဋိညာဉ် ဖြစ်လိမ့်မည်

"အစဉ်တည်မြဲသော ပဋိညာဉ်ဖြစ်လိမ့်မည်။" အသားပေါ်၌ မှတ်သားထားသဖြင့် ပယ်ဖျက်၍ မရနိုင်တော့ပါ။

အရေဖျားမလှီး၊ အရေဖျားလှီးမင်္ဂလာကို မခံသော သားယောက်ျား

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်ပြီး၊ ပြန်ဆိုမည့် ဘာသာစကားတွင် နားလည်ရခက်သည့် စကားလုံးကို ချန်ထားနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အရေဖျားလှီးခြင်းမင်္ဂလာကို မခံသော သားယောက်ျား" (ရှု၊ figs_activepassive)

အရေဖျားမလှီး . . . သူ၏အမျိုးမှ ပယ်ရှင်းရ၏

ဖြစ်နိုင်ချေများမှာ၊ ၁) "... သူ၏အမျိုးမှ ငါပယ်ရှင်းမည်" သို့မဟုတ် ၂) "... သူ၏အမျိုးမှ ပယ်ရှင်းရမည်"

. . . ကို သူ၏ အမျိုးမှပယ်ရှင်းရ၏

ဖြစ်နိုင်ချေများမှာ၊ ၁) "... မှာ အသက်သေရမည်" သို့မဟုတ် ၂) "... ကို သူ၏အမျိုးမှ နှင်ထုတ်ရမည်" (ရှု၊ figs_euphemism)

ထိုသူသည် ငါ့ပဋိညာဉ်ကို ဖျက်လေပြီ

"ထိုသူသည် ငါ့ပဋိညာဉ်ကို နာခံခြင်းမရှိပြီ။" မိမိအမျိုးမှ ပယ်ရှင်းခံရမည့် အကြောင်းရင်း ဖြစ်သည်။

Genesis 17:15-16

စာရဲကိုမူကား

"ကိုမူကား" ဟူသည်မှာ ဘုရားသခင်က အခြားပုဂ္ဂိုလ်အကြောင်းကို ပြောရာ၌ အသုံးပြုသော အဖွင့်စကားဖြစ်သည်။

သူ့အားဖြင့်လည်း သင်အား သားကိုပေးမည်

"သင့်အတွက် သားကို သူ့အားဖြင့် ငါဘွားစေမည်"

သူသည် လူအမျိုးမျိုး ဖြစ်လိမ့်မည်

"လူမျိုးများစွာတို့၏ အမိဖြစ်လိမ့်မည်" (UDB) သို့မဟုတ် "သူမ၏အနွယ်သည် လူမျိုးကြီးများ ဖြစ်လိမ့်မည်"

သူ၏ အမျိုးအနွယ်၌လည်း အပြည်ပြည်သော ရှင်ဘုရင် ဖြစ်ကြလိမ့်မည်

"သူမထံမှ လူ့ပြည် ရှင်ဘုရင်များ ပေါက်ဖွားလာမည်" သို့မဟုတ် "သူမ၏ အမျိုးတွင် အချို့သည် လူ့ပြည် ရှင်ဘုရင်များ ဖြစ်ကြလိမ့်မည်"

Genesis 17:17-18

စိတ်နှလုံးထဲမှာ အောက်မေ့ပြီးလျှင်

"စိတ်နှလုံးထဲမှာ တွေးပြီးလျှင်" သို့မဟုတ် "မိမိကိုယ်ကို တိုးတိတ်စွာ ပြောပြီးလျှင်"

အသက်တရာရှိသောသူသည် သားကို ရလိမ့်မည်လော

သံသယစိတ်ဖြင့် ပြောလိုက်သည့် အမေးမဟုတ်သော မေးခွန်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အသက်တစ်ရာရှိသောသူသည် သားကို ရနိုင်မည်မဟုတ်" (ရှု၊ figs_rquestion)

အသက်ကိုးဆယ်ရှိသော စာရာသည် သားကို ဘွားလိမ့်မည်လော

သံသယစိတ်ဖြင့် ပြောလိုက်သည့် အမေးမဟုတ်သော မေးခွန်း ဖြစ်သည်။ "အသက်ကိုးဆယ်ရှိသော" ဟူသည်မှာ စာရာ၌ သားရနိုင်တော့မည် မဟုတ်ကြောင်း အာဗြဟံ ခံယူရသည့် အကြောင်းရင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "စာရာသ် အသက်ကိုးဆယ်ရှိပြီ။ သို့လျှင်၊ သားဘွားနိုင်မည်မဟုတ်" (ရှု၊ figs_rquestion နှင့် figs_distinguish)

ဣရှမေလသည် ရှေ့တော်၌ အသက်ရှင်ပါစေသော

"ဤပဋိညာဉ်ကို ဣရှမေလအား ဆက်ခံစေတော်မူပါ" သို့မဟုတ် "ဤကောင်းကြီးသည် ဣရှမေလအပေါ် သက်ရောက်ပါစေသော။" အာဗြဟံက ဖြစ်နိုင်သည်ဟု မိမိခံယူသောအရာကို ဝန်ခံနေခြင်းဖြစ်သည်။

Genesis 17:19-21

သင်၏မယားစာရာသည် . . . ဘွားလိမ့်မည်

စာရာက သားမဘွားနိုင်ဟူသော ခံယူချက်ကို ပြုပြင်ပြောင်းလဲရန် ဘုရားသခင် မိန့်လိုက်သည်။

you must name him

Not applicable

ဣရှမေလအမှု၌ကား

"အမှု၌ကား" ဟုဆိုခြင်းဖြင့် မွေးလတ္တံ့သော ကလေးမှ ဣရှမေလဖက်သို့ အကြောင်းအရာ ပြောင်းလိုက်ကြောင်း ထင်ရှားစေသည်။

Behold

"ကြည့်ရှုလော့" သို့မဟုတ် "နားထောင်လော့" သို့မဟုတ် "ငါပြောလတ္တံ့သောအရာကို နားထောင်လော့"

သူ့အနွှယ်ကို တိုးပွားစေ၍

"သူ့အား သားသမီး များစွာပေး၍" ဟု အဓိပ္ပါယ်ရသော ‌ဒေသိယစကားဖြစ်သည်။ (ရှု၊ figs_idiom)

သူ့ကို အလွှန်များပြားစေမည်

"ပွားများစေမည်"

မင်းသား

"ခေါင်းဆောင်" သို့မဟုတ် "မင်း။" ဖော်ပြပါ ခေါင်းဆောင် ဆယ့်နှစ်ဦးမှာ ဣသရေလ လူမျိုးဆယ့်နှစ်ခု၏ ဘိုးဘေးများဖြစ်သော ယာကုပ်၏အမျိုး မဟုတ်ပါ။

သို့သော်လည်း . . . သားဣဇာက်၌၊ ငါ၏ပဋိညာဉ်ကို ငါတည်စေမည်

ဘုရားသခင်က ပဋိညာဉ်တရားအကြောင်းကိုပြန်လည်ပြောဆိုသောအခါ၊ ဣရှမေလမဟုတ်သော ဣဇာက်အားဖြင့် ထိုပဋိညာဉ်ကို တည်စေမည်ဟု မိန့်ဆိုလိုက်သည်။

Genesis 17:22-23

မိန့်မြွက်တော်မူသံငြိမ်း၍

"အာဗြဟံနှင့် စကားပြောတော်မူပြီးနောက်"

ဘုရားသခင်သည် အာဗြဟံထံမှ တက်ကြွတော်မူ၏

"ဘုရားသခင်သည် အာဗြဟံထံမှ ထွက်သွားတော်မူ၏"

အာဗြဟံအိမ်နှင့်ဆိုင်သော ယောက်ျားအပေါင်းတို့

"အာဗြဟံ၏အိမ်တွင် ရှိသော ယောက်ျားအပေါင်းတို့" သို့မဟုတ် "အာဗြဟံ၏ အိမ်ထောင်မှ ယောက်ျားအပေါင်းတို့။" ကလေး၊ လူငယ်၊ လူကြီး အသက်အရွယ်စုံ ပါဝင်သော လူယောက်ျားကို ညွှန်းသည်။

Genesis 17:24-27

သူ၏အိမ်၌ ဘွားသောသူ၊ တပါးအမျိုးသား၌ သူ၏ငွေနှင့် ဝယ်သောသူ

"မိမိအိမ်၌ ဘွားသောသူ၊ သူတပါးထံမှ ငွေဖြင့် ဝယ်ထားသောသူ"

တပါးအမျိုးသား၌ သူ၏ငွေနှင့် ဝယ်သောသူ

ကျွန် သို့မဟုတ် အစေခံကို ညွှန်းသည်။

သူ၏ငွေနှင့် ဝယ်သော

အပြုဝါကျအဖြစ် ပြောင်းနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိဝယ်လိုက်သော" (ရှု၊ figs_activepassive)

Genesis 18

Genesis 18:1-2

မံရေ

သပိတ်တောကို ပိုင်သောသူ၏ အမည်ဖြစ်သည်။

တဲတံခါးဝ၌

"တဲအပေါက်ဝ၌" သို့မဟုတ် "တဲဝင်ပေါက်၌"

နေပူသောအချိန်

"နေ့၏ အပူဆုံးအချိန်"

မြော်ကြည့်၍၊ မိမိရှေ့မှာ လူသုံးယောက် ရပ်နေကြသည်ကို မြင်သောအခါ

"မြော်ကြည့်လေရာ၊ ကြည့်ရှုလော့၊ မိမိရှေ့မှာ လူသုံးဦး ရပ်နေကြသည် တွေ့သောအခါ"

behold

Not applicable

မိမိရှေ့မှာ

"အနီးနားမှာ" သို့မဟုတ် "ရှေ့အရပ်မှာ။" အနီးနားမှာ ရှိသော်လည်း ပြေးသွားရသည်ထိ အနည်းငယ် ဝေးကွာမှုရှိပေမည်။

ဦးညွတ်ချလျက်

တစုံတဦးအပေါ် ရိုသေလေးမြတ်ခြင်း ထားရှိကြောင်း ထင်ရှားစေရန် ဦးညွတ်မှုကို ညွှန်းသည်။

Genesis 18:3-5

အကျွန်ုပ်သခင်

ရိုသေလေးမြတ်သဖြင့် ခေါ်ဝေါ်ခြင်းဖြစ်သည်။ ဖြစ်နိုင်ချေများမှာ၊ ၁) ဤသူတို့အနက် တစ်ဦးမှာ ဘုရားသခင်ဖြစ်ကြောင်း အာဗြဟံသိ၏ သို့မဟုတ် ၂) ဤသူတို့မှာ ဘုရားသခင် ကိုယ်စား ရောက်ရှိလာကြောင်း အာဗြဟံသိ၏။

ရှေ့တော်၌

ထိုသူတို့အနက် တစ်ဦးထံ ပြောဆိုခြင်းဖြစ်သည်။ (ရှု၊ figs_you)

. . . မှလွန်၍

"... ကို ကျော်၍"

ကိုယ်တော်ကျွန်

"အကျွန်ုပ်။" ဧည့်သည်များကို ဆက်ဆံသော အာဗြဟံ၏ အရိုအသေပေးမှုကို ညွှန်သည်။

ရေအနည်းငယ်ကို ယူခဲ့ပါရစေ

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရေအနည်းငယ်ကို ကျွန်တော်မျိုး ယူလာပါရစေ" သို့မဟုတ် "ရေအနည်းငယ်ကို အစေခံတို့ ယူလာရန် အကျွန်ုပ် စေခိုင်းပါရစေ" (ရှု၊ figs_activepassive)

ရေအနည်းငယ် . . . မုန့်အနည်းငယ်

"ရေအချို့ ... မုန့်အချို့။" "အနည်းငယ်" ဟူသည်မှာ မိမိ၏ ပေးဆပ်မှုကို နှိမ့်ချသော သဘောဖြင့် သုံးနှုန်းထားခြင်းဖြစ်၏။ သို့ရာတွင် အာဗြဟံက ပို၍များစွာ ပေးမည်ဖြစ်သည်။

ခြေကို ဆေးပြီးလျှင်

ဤထုံးတမ်းစဉ်လာက အရပ်ဝေးသို့ ခြေဖြင့် ခရီးနှင်သောသူများ အပန်ဖြေရန် အကူအညီ ပေးသည်။

your ... you

Not applicable

Genesis 18:6-8

သုံးစလယ်

၂၂ လီတာဝန်းကျင် (ရှု၊ translate_bvolume)

ပေါင်မုန့်

ပူပြင်းသော ကျောက်တုံးပေါ်တွင် ဖုတ်ထားသော ပေါင်မုန့် ဖြစ်တန်ရာ၏။ မုန့်ပြားလည်း ဖြစ်နိုင်ပြီး၊ အတုံးလိုက် သို့မဟုတ် အလုံးလိုက်လည်း ဖြစ်နိုင်သည်။

မြန်မြန်

"အစေခံတို့အား လျင်မြန်စွာ"

ပြင်ဆင်စေ၏

"လှီးဖြတ်ကာ ကင်စေ၏"

နို့စမ်း

အချဉ်ဖောက်ထားသော နို့ရည်၏ အဖတ်ကို ညွှန်း၏။ ဒိန်ချဉ် သို့မဟုတ် ဒိန်ခဲ ဖြစ်ပေမည်။

ပြင်ဆင်သော နွားသငယ်

"အမဲကင်"

ထိုသူတို့ရှေ့၌

"ဧည့်သည် သုံးဦးရှေ့၌"

Genesis 18:9-10

မေးကြလျှင်

"အာဗြဟံအား မေးကြလျှင်"

He said, "I will certainly return to you

Not applicable

ဘွားချိန်စေ့သောအခါ

"နောက်နှစ် ဤရာသီ၌" သို့မဟုတ် "နောက်နှစ် ဤအချိန်၌" (UDB)

and see

Not applicable

တံခါးဝအနားမှာ

"တဲအပေါက်ဝနားမှာ" သို့မဟုတ် "တဲဝင်ပေါက်နားမှာ"

Genesis 18:11-12

ငါလည်းအိုပြီ၊ ငါ့သခင်လည်းအိုပြီ၊ သို့ဖြစ်၍ ငါသည် ပျော်မွေ့ခြင်းရှိလိမ့်မည်လော

ဤစာကြောင်းများ ကြားတွင် "သားဘွားရသော" (UDB) ကို ထည့်သွင်းနိုင်သည်။ သားဘွားနိုင်မည်မဟုတ်ဟူသော သံသယစိတ်ဖြင့် ပြောလိုက်သော အမေးမဟုတ်သော မေးခွန်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါလည်းအိုပြီ၊ ငါ့သခင်လည်းအိုပြီ။ သို့ဖြစ်၍ ငါသည် သားသမီး ဘွားရသော ဝမ်းမြောက်ခြင်း ရရှိမည်အကြောင်း ငါမယုံနိုင်" (ရှု၊ figs_rquestion)

ငါ့သခင်လည်းအိုပြီ

"ငါ့အမျိုးသားလည်း အိုပြီ"

ငါ့သခင်

မိမိခင်ပွန်း အာဗြဟံကို ရိုသေစွာ ခေါ်သော ဂုဏ်ပုဒ်ဖြစ်သည်။

Genesis 18:13-15

သင်၏မယားစာရာက၊ အကယ်၍ ငါသည် အိုပြီးမှ၊ သားကို ဘွားလိမ့်မည်လောဟု ဆိုလျက်၊ အဘယ်ကြောင့် ရယ်သနည်း

စာရာ အဘယ်သို့ တွေးနေသည်နှင့် ၎င်းကို နှစ်သက်ခြင်းမရှိကြောင်း ထင်ရှားစေရန် ဘုရားသခင် မိန့်လိုက်သော အမေးမဟုတ်သော မေးခွန်းဖြစ်သည်။ စာရာ၏ အမေးစကား(၁၈း၁၁)ကို ပြန်လည် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "စာရာက 'ငါသည် အသက်အိုပြီဖြစ်၍ သားကို ဘွားနိုင်မည်မဟုတ်' ဟု ဆိုလျက် ရယ်မောရာ၌ မှားလေပြီ" (ရှု၊ figs_rquestion)

ထာဝရဘုရား မတတ်နိုင်သောအမှု တစုံတခု ရှိသလော

"ယာဝေးဘုရားအဖို့ ခက်ခဲသောအမှု တစုံတခု ရှိသလော။" ယာဝေးတည်းဟူသော ဘုရားသခင်က မိမိသည် အဘယ်မျှလောက် တတ်နိုင်သည်ကို အာဗြဟံအား အမှတ်ရစေရန် မိမိကိုယ်ကို ညွှန်းဆိုသည့် အမေးမဟုတ်သော မေးခွန်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါတည်းဟူသော ယာဝေးဘုရား မတတ်သောအမှု တစုံတခုမှမရှိ" (ရှု၊ figs_123person နှင့် figs_rquestion)

ချိန်းချက်သော ဘွားချိန်စေ့သောအခါ

"ငါချိန်းချက်သော နောက်နှစ် နွေဦးကာလ၌"

စာရာကလည်း . . . ငြင်းလေ၏

"ထိုအရာ စာရာကလည်း ... ငြင်းဆို၏"

မိန့်တော်မူ၏

"ယာဝေးဘုရား ပြန်ဖြေတော်မူ၏"

မဟုတ်ဘူး။ သင်ရယ်ပြီ

"သင်ရယ်သည် မှန်၏။" ၎င်းကို "ထိုသို့ မဟုတ်။ သင်အမှန်တကယ် ရယ်ပြီ" ဟု အဓိပ္ပါယ်ရသည်။

Genesis 18:16-19

သူတို့ကို ပို့ခြင်းငှါ

"သူတို့ကို နှုတ်ဆက်ခြင်းငှါ" (UDB)။ ဧည့်သည်ကို ယဉ်ကျေးမှုအရ အနည်းငယ် လိုက်ပို့ရသည်။

ငါပြုမည်အမှုကို အာဗြဟံအား မဘော်မပြဘဲ ဝှက်ထားရမည်လော။ . . . ခံရကြလိမ့်မည်။

အရေးကြီးကိစ္စကို အာဗြဟံနှင့် ဆွေးနွေးခြင်း မပြုမီ မိမိကိုယ်ကို မေးမြန်းခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါပြုမည့်အမှုကို အာဗြဟံထံမှ ဝှက်ထား၍မကောင်း။ ... ခံရကြလိမ့်မည်" သို့မဟုတ် "ငါပြုမည့်အမှုကို အာဗြဟံအား ငါဖွင့်ပြမည်။ ... ခံရကြလိမ့်မည်" (ရှု၊ figs_rquestion)

ငါပြုမည်အမှုကို . . . ရမည်လော။ အာဗြဟံသည် . . . လိမ့်မည်

"‌ငါပြုမည့်အမှုကို ... ၍မကောင်း။ အဘယ်ကြောင့်ဆိုသော် အာဗြဟံသည် ... ခံရကြလိမ့်မည်"

လူမျိုးအပေါင်းတို့သည် သူ့အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ "ငါသည် အာဗြဟံအားဖြင့် လူမျိုးအပေါင်းကို ကောင်းကြီးပေးမည်" (ရှု၊ figs_activepassive)

. . . သူ့အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်

"... အာဗြဟံကြောင့် ကောင်းကြီးမင်္ဂလာကို ခံရလိမ့်မည်" သို့မဟုတ် "ငါသည် အာဗြဟံကို ကောင်းကြီးပေးသဖြင့် ... ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။" ၁၂း၁ ရှိ "သင့်အားဖြင့်" ပြန်ဆိုချက်ကို ရှု။

သူသည် . . . ပညတ်မည်အရာကို ငါသိ၏

"သူသည် ... ဆောင်ကျဉ်းပေးမည်အကြောင်း ငါသိ၏" သို့မဟုတ် "သူသည် ... သွန်သင်မည်အကြောင်း ငါသိ၏"

ထာဝရဘုရား၏ တရားလမ်းသို့ . . . ထာဝရ ဘုရားသည် . . . ပြုရသောအခွင့် ရှိလိမ့်မည်

ယာဝေးဘုရားက မိမိကိုယ်မိမိ ညွှန်းဆိုထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါဟူသော ယာဝေးဘုရား၏ တရားလမ်းသို့ ... ငါဟူသော ယာဝေးဘုရားသည် ... ပြုရသောအခွင့် ရှိလိမ့်မည်" (ရှု၊ figs_123person)

ထာဝရဘုရား၏ တရားလမ်းသို့ လိုက်၍

"ယာဝေးဘုရား၏ ပညာတ်တော်ကို နာခံ၍"

ဟုတ်မှန်ဖြောင့်မတ်စွာ ကျင့်ကြလိမ့်မည်

"ဖြောင့်မတ်စွာနှင့် တရားမျှတစွာ ကျင့်ကြလိမ့်မည်။" ယာဝေးဘုရား၏ လမ်းစဉ်အတိုင်း လိုက်နာရန် သွန်သင်ပေးသည်။

သို့ဖြစ်၍ ဂတိတော်ရှိသည့်အတိုင်း၊ ထာဝရဘုရားသည် အာဗြဟံ၌ပြုရသောအခွင့် ရှိလိမ့်မည်

"သို့ဖြစ်၍ ကတိတော်အတိုင်း၊ ယာဝေးဘုရားသည် အာဗြဟံကို ကောင်းကြီးပေးလိမ့်မည်။" အာဗြဟံကို ကောင်းကြီးပေး၍ လူမျိုးကြီး ဖြစ်စေမည်ဟူသော ကတိတော်ကို ညွှန်းသည်။

Genesis 18:20-21

သောဒုံမြို့၊ ဂေါမောရမြို့၌ ကြွေးကြော်သော အသံသည်ကြီး၍

စိတ္တဇနာမ် "ကြွေးကြော်သော်အသံ" ကို ကြိယာ "အပြစ်တင်" ဖြင့် အစားထိုးနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သောဒုံနှင့် ဂေါမောရမြို့တို့၏ ဒုစရိုက်မှုအတွက် လူများစွာက အပြစ်တင်သဖြင့်" (ရှု၊ figs_abstractnouns)

အလွန်အပြစ်လေးသောကြောင့်

"သူတို့အပြစ်သည် ကြီးမားပေ၏"

ယခု ငါသွား၍

"သောဒုံနှင့် ဂေါမောရမြို့သို့ ယခု ငါသွား၍"

ယခု ငါသွား၍ . . . ကြည့်ရှုမည်

"ယခု ငါသွား၍ ... စုံစမ်းမည်" သို့မဟုတ် "... ဆုံးဖြတ်ရန် ယခု ငါသွားမည်"

ငါ့ရှေ့သို့ရောက်ခဲ့ပြီးသော ကြွေးကြော်ခြင်း ရှိသည်အတိုင်း

ပြစ်မှားခြင်းခံရသောသူတို့၏ ငိုကြွေးသံနှင့် ပြစ်တင်သံကို ကြားသိတော်မူခြင်းဖြင့် ဤဖြစ်ရပ်ကို ယာဝေးဘုရား နားလည်သည်ဟုဖော်ပြလိုခြင်းဖြစ်၏။ စိတ္တဇနာမ် "ကြောင်းကြော်ခြင်း" ကို ကြိယာ "အပြစ်တင်" ဖြင့် အစားထိုးနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုသူတို့ကို အပြစ်တင်ခဲ့သည်အတိုင်း" (ရှု၊ figs_abstractnouns)

မပြုလျှင်

"ကြွေးကြော်သည့်အတိုင်း ပြစ်မှားခြင်း မပြုလျှင်"

Genesis 18:22-23

ထိုအရပ်မှ မျက်နှာလှည့်၍

"အာဗြဟံ၏တဲမှ ထွက်ခွာ၍"

အာဗြံဟံမူကား၊ ထာဝရဘုရား ရှေ့တော်၌ ရပ်နေလျက်ရှိသေး၏

"အာဗြဟံနှင့် ယာဝေးဘုရားတို့သာ ကျန်ရစ်လျက်ရှိကြ၏"

ချဉ်းကပ်၍

"ယာဝေးဘုရားထံ ချဉ်းကပ်၍" သို့မဟုတ် "ယာဝေးဘုရားထံသို့ သွား၍"

ဖျက်ဆီး

လူတို့ကို တံမြက်ဆီးဖြင့် ရှင်းထုတ်သကဲ့သို့ တင်စားထားသော ရူပကပုဒ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရှင်းထုတ်" (ရှု၊ figs_metaphor)

ဖြောင့်မတ်သောသူတို့ကို၊ မတရားသောသူတို့နှင့်တကွ

"ဖြောင့်မတ်သောသူတို့ကို ဒုစရိုက်သမားတို့နှင့်တကွ"

Genesis 18:24-26

ယေဘုယျ အချက်အလက်

အာဗြဟံက ယာဝေးဘုရားထံ ဆက်လက် တောင်းလျှောက်သည်။

. . . ရှိလျှင်

"... ရှိပါလျှင်"

ဖြောင့်မတ်သောသူ ငါးဆယ်ပါသောမြို့ကို သူတို့အတွက် မနှမြောဘဲ ဖျက်ဆီးတော်မူမည်လော

"ငါ ဖျက်ဆီးမည်မဟုတ်" ဟု ယာဝေးဘုရား မိန့်ဆိုမည်ဟူသော မျှော်လင့်ချက်ဖြင့် မေးလိုက်ခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖျက်ဆီးတော်မူမည်မဟုတ်။ ဖြောင့်မတ်သူ ငါးဆယ်အတွက် ထိုအရပ်ကို သက်ညာတော်မူပါမည်" (ရှု၊ figs_rquestion)

ဖျက်ဆီး

"ရှင်းထုတ်။" လူတို့ကို တံမြက်ဆီးဖြင့် ရှင်းထုတ်သကဲ့သို့ တင်စားထားသော ရူပကပုဒ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရှင်းထုတ်" (ရှု၊ figs_metaphor)

ဖြောင့်မတ်သောသူ ငါးဆယ်ပါသောမြို့ကို သူတို့အတွက် မနှမြောဘဲ . . . တော်မူမည်လော

"ဖြောင့်မတ်သူ ငါးဆယ်အတွက် ထိုအရပ်ကို ငါ ဖျက်ဆီးမည်မဟုတ်" ဟု ယာဝေးဘုရား မိန့်ဆိုမည်ဟူသော မျှော်လင့်ချက်ဖြင့် အာဗြဟံ မေးလိုက်သည်။

မနှမြောဘဲ

"သက်ညာခြင်းမှုမရှိဘဲ"

. . . အတွက်

"... ကြောင့်"

အမှုသည် ကိုယ်တော်နှင် ဝေးပါစေသတည်း

"အမှုကို မပြုပါမည့်အကြောင်း တောင်းဆိုပါ၏" သို့မဟုတ် "အမှုကို ပြုလိုသောဆန္ဒ ပျောက်ကင်းပါစေသတည်း" (ရှု၊ figs_idiom)

ကွပ်မျက်ခြင်းအမှု

"ကွပ်မျက်ခြင်းဟူသောအမှု" သို့မဟုတ် "ကွပ်မျက်ခြင်းစသည့် အမှု"

ဖြောင့်မတ်သောသူတို့ကို မတရားသောသူတို့ကဲ့သို့ ခံစေသောအမှုသည်

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖြောင့်မတ်သူနှင့် မှားယွင်းသောသူတို့ကို တူညီစွာ ပြစ်ဒဏ်ပေးခြင်းသည်" (ရှု၊ figs_activepassive)

မြေကြီးလုံးကို စီရင်တော်မူသော သခင်သည်၊ တရားသဖြင့် ပြုတော်မူမည် မဟုတ်လော

ဘုရားသခင် ပြုမည်ဟု မျှော်လင့်သောအရာကို မေးခွန်းထုတ်ခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မြေကြီးတခုလုံး၏ တရားစီရင်သူသည်၊ တရားသဖြင့် ဆောင်ရွက်တော်မူစေသတည်း" သို့မဟုတ် "ကိုယ်တော်သည် တလောကလုံးကို စီရင်သောကြောင့်၊ တရားသဖြင့် ပြုတော်မူမည်" (ရှု၊ figs_rquestion)

စီရင်တော်မူသော သခင်

ဘုရားသခင် အကောင်းနှင့် အဆိုးကို ဝေဖန်ပိုင်းခြားပေးသည့် ပြည့်စုံသော တရားစီရင်သူ ဖြစ်သဖြင့် တရားသူကြီးဟုလည်း ညွှန်းဆိုတတ်ကြသည်။

Genesis 18:27-28

Look

Not applicable

ယခု လျှောက်မည်ဟု အားထုတ်ပါ၏

"ဤသို့ ရဲတင်းစွာ လျှောက်တင်မှုအတွက် ခွင့်လွှတ်တော်မူပါ" သို့မဟုတ် "ရဲတင်းစွာ လျှောက်သော ကျွန်ုပ်ကို ရခွင့်လွှတ်တော်မူပါ"

ဘုရားရှင်ကို

ယာဝေးဘုရားကို ပုဂ္ဂိုလ်တစ်ဦးကဲ့သို့ လေးမြတ်စွာ ခေါ်ဝေါ်သမုတ်ထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်သခင်အား" (ရှု၊ figs_123person)

မြေမှုန့်နှင့် ပြာသက်သက်

သေသွားမည့် ကိုယ်ခန္ဓာကို မြေမှုန့်နှင့်ပြာအဖြစ် တင်စားထားသော ရူပကပုဒ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သေမျိုးသာသာ" သို့မဟုတ် "မြေမှုန့်နှင့် ပြာကဲ့သို့ အရေးပါမှုမရှိ" (ရှု၊ figs_metaphor)

ဖြောင့်မတ်သောသူ ငါးဆယ်တို့တွင် ငါးယောက်မပြည့်လျှင်

"ဖြောင့်မတ်သောသူ လေးဆယ့်ငါးယောက်သာ ရှိလျှင်"

ထိုငါးယောက် မပြည့်သောအတွက်ကြောင့်

"လိုသော ငါးယောက်အတွက်ကြောင့်"

ငါမဖျက်ဆီး

"သောဒုံနှင့် ဂေါမောရကို ငါမဖျက်ဆီး"

Genesis 18:29-31

လျှောက်ဆိုပြန်လျှင်

"အာဗြဟံသည် ယာဝေးဘုရားအား လျှောက်ဆိုလေရာ"

ထိုမြို့၌ လေးဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်

"ထိုမြို့တို့၌ ဖြောင့်မတ်သောသူ လေးဆယ် ရှိလျှင် အဘယ်သို့ ပြုမည်နည်း"

မိန့်တော်မူ၏

"ယာဝေးဘုရား မိန့်တော်မူ၏"

ထိုလေးဆယ်အတွက် ငါမပြုဘဲနေမည်

"ဖြောင့်မတ်သောသူ လေးဆယ်ကို တွေ့လျှင် ထိုမြို့တို့ကို ငါမဖျက်ဆီးဘဲနေမည်"

သုံးဆယ်

"ဖြောင့်မတ်သောသူ သုံးဆယ်" သို့မဟုတ် "ဖြောင့်မတ်သူ သုံးဆယ်"

Look

Not applicable

ယခု လျှောက်မည်ဟု အားထုတ်ပါ၏

"ဤသို့ ရဲတင်းစွာ လျှောက်တင်မှုအတွက် ခွင့်လွှတ်တော်မူပါ" သို့မဟုတ် "ရဲတင်းစွာ လျှောက်သော ကျွန်ုပ်ကို ရခွင့်လွှတ်တော်မူပါ။" ၁၈း၂၇ မှ ပြန်ဆိုချက်ကို ရှု။

နှစ်ဆယ်

"ဖြောင့်မတ်သောသူ နှစ်ဆယ်" သို့မဟုတ် "ဖြောင့်မတ်သူ နှစ်ဆယ်"

Genesis 18:32-33

ထိုမြို့၌ တဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်

"ထိုမြို့တို့၌ ဖြောင့်မတ်သောသူ တဆယ်ကို တွေ့ကောင်းတွေ့နိုင်ပါလိမ့်မည်"

တဆယ်

"ဖြောင့်မတ်သောသူ တဆယ်" သို့မဟုတ် "ဖြောင့်မတ်သူ တဆယ်"

မိန့်တော်မူ၏

"ယာဝေးဘုရား မိန့်တော်မူ၏"

တဆယ်အတွက်

"ဖြောင့်မတ်သောသူ တဆယ်ကို တွေ့လျှင်"

ထာဝရဘုရားသည် . . . ကြွသွားတော်မူ၏

"... ယာဝေးဘုရား ကြွသွားတော်မူ၏" သို့မဟုတ် "... ယာဝေးဘုရား ထွက်သွားတော်မူ၏" (ရှု၊ figs_idiom)

Genesis 19

Genesis 19:1-3

ကောင်းကင်တမန် နှစ်ပါး

ကမ္ဘာဦးကျမ်း ၁၈ တွင် လူနှစ်ဦးက သောဒုံမြို့သို့ သွားသည်ဆို၏။ ယခုတွင် ထိုနှစ်ဦးမှာ ကောင်းကင်တမန်များဖြစ်ကြောင်း သိရပါသည်။ (ရှု၊ ၁၈း၂၂)

မြို့တံခါးဝ

"သောဒုံမြို့ အဝင်ပေါက်နား" မြို့ကို တံတိုင်းများဖြင့် တည်ဆောက်ထားသောကြောင့်၊ တံခါးပေါက်မှတဆင့် ဝင်ရသည်။ ထို့ကြောင့် မြို့တစ်ခု၏ အရေးကြီးဆုံးနေရာဖြစ်သည်။ အရေးပါသော ပုဂ္ဂိုလ်များက ထိုနေရာတွင် အချိန်ယူလေ့ရှိသည်။

မြေ၌ ဦးညွှတ်ချလျက်

ဒူးထောက်လျက် နဖူးနှင့် နှာခေါင်းကို မြေနှင့် ထိစေသည်။

အကျွန်ုပ်သခင်တို့

ကောင်းကင်တမန်တို့ကို ရိုသေလေးမြတ်စွာ ခေါ်ဝေါ်ရာ၌ လောတ အသုံးပြုသော ဝေါဟာရဖြစ်သည်။

ကိုယ်တော်တို့ ကျွန်၏အိမ်သို့ ဝင်၍

"ကိုယ်တော်တို့ ကျွန်၏အိမ်သို့ ဝင်လှည့်တော်မူပါ"

ကိုယ်တော်တို့ ကျွန်၏အိမ်

ရိုသေလေးမြတ်မှုကို ပြရန် လောတက မိမိကိုယ်ကို ညွှန်းလိုက်သည်။ (ရှု၊ figs_123person)

ခြေကိုဆေးကြပါ

လူတို့ ခရီးသွားလျှင် ခြေဆေးရန် အလိုရှိကြသည်။

နံနက်စောစောထ၍

"စောစောစီးစီး ထ၍"

ငါတို့သည်မဝင်၊ တညဉ့်လုံး

ကောင်းကင်တမန်နှစ်ဦးက ထိုသို့ပြောရာတွင်၊ လောတကို ညွှန်းခြင်းမဟုတ်ဘဲ မိမိတို့ကို ညွှန်းလိုက်ခြင်းဖြစ်သည်။ မြို့လယ်စုရပ် တစ်နေရာတွင် ညအိပ်ရန် စီစဉ်ထားသည် ဆို၏။ ထိုသို့ ဆိုရာတွင် "ငါတို့" နေရာ၌ ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းအတိုင်း ပြန်ဆိုရန်ဖြစ်သည်။ (ရှု၊ figs_exclusive)

လမ်း

အများသုံး၊ အပြင်အရပ် ဖြစ်သော မြို့လယ်စုရပ် ဖြစ်ပေမည်။

တဖန် လောတနောက်သို့ လှည့်၍

"ပြန်လှည့်ကာ လောတနောက်သို့ လိုက်၍"

Genesis 19:4-5

ထိုသူတို့သည် မအိပ်မှီ

"လောတတို့ တအိမ်သားလုံး အိပ်စက်ခြင်း မပြုမှီ"

သောဒုံမြို့သား ယောက်ျား

"သောဒုံမြို့နေ ယောက်ျား" သို့မဟုတ် "သောဒုံမြို့သား"

အိမ်

"လောတအိမ်"

အကြီးအငယ်

"အငယ်ဆုံးမှ အကြီးဆုံးထိ။" လောတတို့အိမ်ကို ဝန်းရံနေသော သောဒုံမြို့သားများမှာ "အရွယ်ပေါင်းစုံ" ဖြစ်ကြောင်း အဓိပ္ပါယ်ရသည်။

သင့်အိမ်သို့ ဝင်သော

"သင့်ထံ ရောက်လာသော"

ထိုသူတို့နှင့် ငါတို့သည် ဆက်ဆံလိုသည် ဖြစ်၍

"ထိုသူတို့နှင့် ကာမဆက်ဆံလိုသဖြင့်။" ပြန်ဆိုမည့် ဘာသာစကားတွင် ပို၍ ယဉ်ကျေးသော အသုံးအနှုန်းဖြင့် ပြောင်းထည့်နိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုသူတို့ကို ကာမဂုဏ်အရ သိလိုသဖြင့်" (ရှု၊ figs_euphemism)

Genesis 19:6-8

မိမိနောက်၌

"မိမိကိုယ်တိုင်" သို့မဟုတ် "အနောက်၌"

ညီအစ်ကိုတို့ . . . တောင်းပန်သော်လည်း

"ညီအစ်ကိုတို့၊ တောင်းပန်ပါ၏။ ... ဆိုသော်လည်း"

ညီအစ်ကိုတို့

မြို့သားများ မိမိစကားကို နားထောင်စေလိုသောကြောင့် သုံးနှုန်းထားသော ဒေသိယစကား ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိတ်ဆွေတို့" (ရှု၊ figs_idiom)

အဓမ္မအမှုကို ဤမျှလောက် မပြုကြပါနှင့်

"လွန်စွာမှားယွင်းသောအမှုကို မပြုကြပါနှင့်" သို့မဟုတ် "ထိုသို့သော ဒုစရိုက်အမှုကို မပြုကြနှင့်"

Look

"နားထောင်လော့" သို့မဟုတ် "ကြည့်ပါလော့"

မဆက်ဆံသော

"ဆက်ဆံမှု မပြုသေးသော။" ပြန်ဆိုမည့် ဘာသာစကားတွင် ပို၍ယဉ်ကျေးသော အသုံးအနှုန်းဖြင့် ပြောင်းထည့်နိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မသိရသေးသော" (ရှု၊ figs_euphemism)

ပြုချင်သမျှ

"ကောင်းသည်ဟု မြင်သည်အတိုင်း" သို့မဟုတ် "မှန်မည် ထင်သည်အတိုင်း"

အကျွန်ုပ်အိမ်မိုးအရိပ်ကို ခိုနေပါ၏

မိမိအိမ်၌တည်းခိုသော ဧည့်သည်ကို အိမ်ရှင်က တာဝန်ယူရမည်ဟု သွယ်ဝိုက်ဖွင့်ဆိုနိုင်ပြီး။ "အိမ်မိုး" မှာ တအိမ်လုံးကို ခြုံငုံပေးသော အစုပြပုဒ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်အိမ်၌ ရောက်သည်ဖြစ်၍ သူတို့ကို ကာကွယ်ရန် ကျွန်ုပ်၌ တာဝန်ရှိပါ၏" (ရှု၊ figs_synecdoche နှင့် figs_metaphor)

Genesis 19:9

ဆုတ်လော့

"ဖယ်လော့" သို့မဟုတ် "ဘေးသို့ ရွှေ့လော့" (UDB)

သင်သည် တည်းခိုးခြင်းငှာသာ ရောက်လာသည်နှင့်

"ဤသူသည် အပြင်လူအဖြစ်သာ ရောက်လာခဲ့သော်လည်း" သို့မဟုတ် "ဤတပါးသူက ငါတို့ထံ ရောက်ခဲ့သော်လည်း"

သင်

"လောတ။" မိမိတို့ အချင်းချင်း ပြောဆိုသော စကားဖြစ်သည်။ ပြန်ဆိုမည့် ဘာသာစကားတွင် နားလည်ရခက်လျှင်၊ UDB က အတိုင်း လောတထံ ပြောသကဲ့သို့ ထည့်ပြောင်းနိုင်သည်။

. . . တရားသူကြီးလုပ်ရမည်လော

"အမှန်အမှား ခွဲခြမ်းပေးနိုင်မည်ဟု ထင်လေပြီ" သို့မဟုတ် "ငါတို့ အလိုကို တားဆီးခြင်းငှါ ခွင့်မပြုနိုင်တော့" (ရှု၊ figs_idiom)

. . . သည်နှင့်

"ယခုတွင်" (ရှု၊ figs_idiom)

ယခုမှာ

"ထို့ကြောင့်"

ထိုသူတို့၌ ပြုသည်ထက်၊ သင်၌ သာ၍ဆိုးသောအမှုကို ပြုမည်

"အဓမ္မအမှုကို ဤမျှလောက် မပြုကြပါနှင့်" (၁၉း၆) ဟူသော လောတ၏ စကားကြောင့် မြို့သားတို့ စိတ်ဆိုးကြသဖြင့်၊ လောတ ပြောသော အဓမ္မအမှုထက် ပိုဆိုးသောအမှု ပြုမည်ဟု ချိန်းခြောက်လိုက်ကြသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့အပေါ် ပြုသည်ထက် သာ၍ဆိုးသော အဓမ္မအမှုကို သင်၌ ပြုမည်" (ရှု၊ figs_idiom)

လောတကို ကျပ်ကျပ်ဖိ၍ တံခါးကိုလည်း ပေါက်ခွဲချိုးဖဲ့ ခြင်းငှါ ချဉ်းလာကြ၏

ဖြစ်နိုင်ချေများမှာ၊ ၁) "တံခါးကို ရိုက်ချိုးနိုင်မည့် အကွာအဝေးသို့ ရောက်သည်အထိ လောတထံ ချဉ်းလာကြ၏" သို့မဟုတ် ၂) "လောတကို တွန်းကြရာ၊ တံခါးကို ရိုက်ချိုးရန် ပြင်ကြ၏"

the man ... Lot

Not applicable

Genesis 19:10-11

ထိုအခါ ကောင်းကင်တမန်တို့သည်

"ထိုအခါ လောတ၏ ဧည့်သည်တို့က" သို့မဟုတ် "သို့သော် ဧည့်သည်တို့က"

လက်ကိုဆန့်၍ . . . ဆွဲသွင်းပြီးလျှင် တံခါးကို ပိတ်ကြ၏

မြို့သားတို့က တံခါးနား မချဉ်းကပ်မီ ဦးစွာ ဖွင့်ထားကြောင်း တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တံခါးကို ဖွင့်ကာ လက်ကိုဆန့်၍ ... ဆွဲသွင်းပြီး၊ တံခါးကို ပိတ်ကြ၏" (ရှု၊ figs_explicit)

အိမ်တံခါးနားမှာ ရှိသောသူ . . . တို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်သဖြင့်

"မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်သဖြင့်" ဟု ဆိုသည်မှာ လူကိုယ်တိုင် ထိပါးခြင်းကို ညွှန်းဆိုခြင်းမပြုသော ရူပကပုဒ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဧည်သည့်တို့က မြို့သား ... တို့ကို မျက်စိကန်းစေသဖြင့်" သို့မဟုတ် "မြို့သား ... တို့ကို အမြင်ကွယ်စေသဖြင့်" (ရှု၊ figs_metaphor)

အကြီးအငယ်

"အရွယ်စုံ။" ဤသွယ်ဝိုက် အလင်္ကာမျိုးသည် ယောက်ျားအားလုံးကို ညွှန်းဆိုသည်။ အသက်အရွယ်သာမက ဂုဏ်အရှိန်ကိုလည်း ညွှန်းဆိုခြင်း ဖြစ်နိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဂုဏ်ကြီးရင့်သူနှင့်ငယ်သူအပေါင်း" (ရှု၊ figs_merism)

Genesis 19:12-13

ကောင်းကင်တမန်တို့ကလည်း

"ထိုသူ နှစ်ဦးကလည်း" သို့မဟုတ် "ဧည့်သည် တို့ကလည်း"

ဤအရပ်၌ သင်နှင့်ဆိုင်သောသူ ရှိသေးသလော

"ဤမြို့၌ သင့်ဆွေမျိုးများ ရှိသေးသလော" သို့မဟုတ် "ဤအရပ်၌ အခြားမိသားစုဝင်များ ရှိသေးသလော"

မြို့ထဲမှာ သင်၌ရှိသမျှ

"မြို့၌နေသော ဆွေမျိုးသားချင်းရှိသမျှ"

ငါတို့သည် ဖျက်ဆီးရမည်

"ငါတို့" မှာ မိမိတို့ကိုသာ ညွှန်းဆိုခြင်း ဖြစ်သည်။ မြို့ကို ဖျက်ဆီးမည့်သူမှာ ထိုကောင်းကင်တမန် နှစ်ဦးဖြစ်သည်။ လောတမဟုတ်။ ပြန်ဆိုမည့် ဘာသာစကားတွင် သီးသန့်ညွှန်းဆိုသော "ငါတို့" ကဲ့သို့ အသုံးအနှုန်းရှိလျှင် ပြောင်းသုံးနိုင်သည်။ (ရှု၊ figs_exclusive)

အရပ်သားတို့သည် ထာဝရဘုရား ရှေ့တော်မှာ အလွန်ကြွေးကြော်ခြင်းရှိသည်ဖြစ်၍

စိတ္တဇနာမ် "ကြွေးကြော်ခြင်း" ကို ကြိယာပုဒ် အဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဤမြို့သားတို့၏ အပြစ်ကို ဘုရားသခင်ထံ လူများစွာက တိုင်ကြားခဲ့သည်ဖြစ်၍။" ၁၈း၂ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ figs_abstractnouns)

Genesis 19:14-15

လောတထွက်၍

"လောတလည်း အိမ်မှထွက်၍"

သမီးနှင့်စုံဘက်သောသူ၊ မိမိသမက်တို့

"သမီးနှင့်စုံဘက်သောသူ" က မိမိ၏ သမက်များ ဖြစ်ကြောင်းကို နားလည်စေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သမီးနှင့် ထိန်းမြားမည့်သူတို့" သို့မဟုတ် "သမီး၏ သတို့သားလောင်းတို့" (ရှု၊ figs_parallelism)

မိုဃ်းသောက်သောအခါ

"နေထွက်ခါနီးအချိန်တွင်"

သင်သည်ထ၍

"သွားလော့၊"

မြို့၏အပြစ်၌ ဆုံးခြင်းသို့ ရောက်လိမ့်မည်

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့မှသာ မြို့သားတို့အပြစ်အတွက် ယာဝေးဘုရား၏ ဒဏ်ခတ်ခြင်းမှ လွတ်ငြိမ်းရလိမ့်မည်" (ရှု၊ figs_activepassive)

အပြစ်၌ ဆုံးခြင်း

ဘုရားသခင်က မြို့သားတို့ကို အမိုက်ကဲ့သို့ ပုံဆောင်ထားသော ရူပကပုဒ်ဖြစ်သည်။ (ရှု၊ figs_metaphor)

မြို့၏

"မြို့" က ထိုမြို့တွင် နေထိုင်သောသူများ

Genesis 19:16-17

သူသည်ဖင့်နွှဲသောခါ

"သို့သော် လောတတုန့်ဆိုင်းလေရာ၊" သို့မဟုတ် "သို့ရာတွင် လောတသည် ထွက်ခွါရန် မပြင်သောအခါ"

ကောင်းတမန်တို့သည် . . . လက်ဆွဲ၍

"ထိုလူနှယောက်သည် ... လက်ဆွဲ၍" သို့မဟုတ် "သူစိမ်းတို့သည် ... လက်ဆွဲ၍"

သနားတော်မူသောကြောင့်

"သနားခြင်းရှိသဖြင့်။" သောဒုံမြို့သားတို့၏ အပြစ်အတွက် ဖျက်ဆီးတော်မူရာတွင် လောတတို့ မိသားစုကို အသက်ချမ်းသာပေးခဲ့သောကြောင့် ယာဝေးဘုရားကို "သနားခြင်းရှိ" ကြောင်း ဖော်ပြထားသည်။

ပြင်သို့ရောက်သောအခါ

"မြို့ပြင်ရောက်သောအခါ"

သင်သည် အသက်ချမ်းသာရခြင်းငှါ ပြေးလော့

သေဘေးမှလွတ်မြောက်ခြင်းငှါ ပြေးရန် ပြောဆိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့သည် ပြေး၍ မိမိအသက်ကို ကယ်တင်လော့" (ရှု၊ figs_idiom)

နောက်သို့လှည့်၍ မကြည့်နှင့်

"မြို့ဘက်သို့" လှည့်မကြည့်ရန် ဆိုထားခြင်းဖြစ်ကြောင်း သိသာသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မြို့ဘက်သို့ လှည့်၍မကြည့်နှင့်" သို့မဟုတ် "သောဒုံဘက်သို့ လှည့်၍မကြည့်နှင့်" (ရှု၊ figs_ellipsis)

မြေညီသောအရပ်၌

ယောဒန်မြစ်ကမ်းကို ဆိုလိုသည်။ ယောဒန်မြစ်ဝှမ်းနေရာ တခုလုံးကို ညွှန်းဆိုသည်။

သို့မဟုတ် ဆုံးလိမ့်မည်

မြို့သားတို့နှင့်တကွ ရှင်းထုတ်ခြင်း ခံရမည်ဟု ဆိုလိုသည်။ အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့မဟုတ် ထာဝရဘုရားသည် မြို့သားတို့နှင့်တကွ သင်တို့ကို ဖျက်ဆီးလိမ့်မည်" (ရှု၊ figs_ellipsis နှင့် figs_activepassive)

ဆုံးလိမ့်မည်

ရှင်းထုတ်မည်ဟူသော ရူပကပုဒ်ဖြင့်လည်း အစားထိုးနိုင်သည်။ (ရှု၊ figs_metaphor)

Genesis 19:18-20

ယခုမှာ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ မျက်နှာရပါပြီ

ကျေနပ်မှုကို "မျက်နှာရ" သည်ဟူသော ရူပကပုဒ်ဖြင့်လည်း ဖော်ပြနိုင်သည်။ ထို့ပြင်၊ "ရှေ့တော်" ဟူသည်မှာ လူ့အတွေးအမြင်ကို ဖော်ပြသော ဝင်္ကဝုတ္တိပုဒ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်တော်မျိုးသည် ကိုယ်တော့်ကို ကျေနပ်စေခဲ့ပါပြီ" (UDB) (ရှု၊ figs_metaphor နှင့် figs_metonymy)

ကိုယ်တော်ကျွန်သည်

မိမိကိုယ်ကို နှိမ့်ချ၍ ပြောဆိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော့်ကျွန် ကျွန်ုပ်သည်" (ရှု၊ figs_123person)

အကျွန်ုပ်အသက် ချမ်းသာစေသဖြင့်၊ အကျွန်ုပ်၌ ပြုတော်မူသော ကရုဏာကျေးဇူး များပြားလှပါ၏

စိတ္တဇနာမ် "ကရုဏာကျေးဇူး" ကို "ကောင်းမြတ်" သည် ဟုလည်း ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်ကို ကယ်တင်တော်မူခြင်းအားဖြင့် အကျွန်ုပ်ပေါ် ကောင်းမြတ်လှပါ၏" (ရှု၊ figs_abstractnouns)

ဘေးလွတ်၍ တောင်ပေါ်သို့ မပြေးနိုင်ပါ။ ဘေးတစုံတခုတွေ့၍ သေမည်ကို စိုးရိမ်ပါ၏

သောဒုံမြို့အပေါ် ဘုရားသခင် စေလွှတ်မည့် "ဘေး" ကို လူပုဂ္ဂိုလ်တစ်ဦးကဲ့သို့ ခိုင်းနှိုင်းထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် သောဒုံမြို့သားတို့အပေါ် ဘေးဒုက္ခကို စေလွတ်လျှင် တောင်ပေါ်သို့ ပြေးနိုင်မည်မဟုတ်သဖြင့် အသက်သေမည်ကို စိုးရိမ်ပါ၏" (ရှု၊ figs_personification)

အကျွန်ုပ်အသက် . . . အကျွန်ုပ်၌ . . . သေမည်

လောတသည် မိမိနှင့် မိသားစုအားလုံးကို ညွှန်းဆိုခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့အသက် ... ကျွန်ုပ်တို့၌ ... သေကြမည်" (ရှု၊ figs_explicit)

ဘေးလွတ်၍ ထိုအရပ်သို့ ပြေးပါရစေ။ ထိုမြို့သည် ငယ်သောမြို့ မဟုတ်လော။ သို့ပြေးလျှင် အသက်ချမ်းသာရပါမည်

၎င်းမြို့မှာ သေးငယ်သဖြင့် သောဒုံမြို့ကြီးကဲ့သို့ မဖျက်ဆီး၍လည်း ရကြောင်း သိသာစေရန် မေးခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုအရပ်သို့ ပြေးပါရစေ။ သေးငယ်သောမြို့ မဟုတ်လော။ ထိုမြို့သို့ ပြေးလျှင် အသက်ချမ်းသာရပါမည်" (ရှု၊ figs_rquestion)

ထိုအရပ်သို့ ပြေးပါရစေ

တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုမြို့သို့ ပြေးလွှတ်နိုင်ရန် ဖျက်ဆီးခြင်းမပြုပါနှင့်" (ရှု၊ figs_explicit)

အသက်ချမ်းသာရပါမည်

လောတတို့ တမိသားစုလုံး အသက်ချမ်းသာမည်ဟု ဆိုလိုသည်။ အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကယ်လွတ်ရပါမည်" သို့မဟုတ် "ဘေးလွတ်ရပါမည်" (ရှု၊ figs_explicit နှင့် figs_activepassive)

Genesis 19:21-22

ဤအမူအရာ၌လည်း သင်၏စကားကို ငါနားထောင်စေခြင်းငှါ

"သင်တောင်းသည်အတိုင်း ဖြည့်ဆည်းခြင်းငှါ"

အဘယ်အမှုကိုမျှ မပြုနိုင်

တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အခြားမြို့တို့ကို ငါမဖျက်ဆီး" (ရှု၊ figs_explicit)

ဇောရမြို့

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဇောရသည် ဟေဗြဲစကား 'သေငယ်သည်' နှင့် အသံတူ၏။ ကမ္ဘာဦးကျမ်း ၁၉း၂၀ တွင် လောတက ဤမြို့ကို 'သေးငယ်သည်' ဟု ခေါ်ဆိုခဲ့သည်" ဟူ၍ မှတ်ချက်ပြုနိုင်သည်။

Genesis 19:23-25

မြေကြီးပေါ်မှာ နေထွက်ချိန်ဖြစ်သတည်း

"မြေကြီးအထက်မှာ နေထွက်ချိန်ဖြစ်သတည်း။" "ပေါ်မှာ" ဟူ၍ တိကျစေသောစကားကို ချန်လှပ်ထားနိုင်သည်။ (ရှု၊ figs_explicit)

လောတသည် ဇောရမြို့သို့ ဝင်သောအခါ

လောတ၏ မိသားစုတို့ပါဝင်ကြောင်း တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လောတနှင့် မိသားစုသည် ဇောရမြို့သို့ ရောက်သောအခါ" (ရှု၊ figs_explicit)

ထာဝရဘုရားသည် ကောင်းကင်ထက်၊ အထံတော်မှ သောဒုံမြို့နှင့် ဂေါမောရမြို့ အပေါ်သို့ ကန့်နှင့် မီးမိုဃ်းကို ရွာစေတော်မူ၏

ဝင်္ကဝုတ္တိပုဒ် "အထံတော်မှ" သည် ကန့်နှင့်မီးကို အစိုးရသူမှာ ဘုရားသခင်ဖြစ်ကြောင်း ညွှန်းဆိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာဝေးဘုရားသည် သောဒုံမြို့နှင့် ဂေါမောရမြို့အပေါ်သို့ ကျစေခြင်းငှါ ကန့်နှင့်မီးမိုဃ်းကို ဖြစ်စေတော်မူ၏" (ရှု၊ figs_metonymy)

ကန့်နှင့် မီးမိုဃ်း

အရာတစ်ခုကိုသာ ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မီးလောင်သောကန့်" သို့မဟုတ် "မီးမိုဃ်း" (ရှု၊ figs_hendiadys)

ထိုမြို့တို့ကို၎င်း၊

သောဒုံနှင့် ဂေါမောရမြို့တို့ကို အဓိကညွှန်းဆိုသော်လည်း၊ အခြားမြို့များလည်း ပါဝင်သည်။

မြို့သားအပေါင်းတို့ကို၎င်း

"မြို့၌ နေထိုင်သူအပေါင်းတို့ကို၎င်း"

Genesis 19:26-28

ဆားတိုင်ဖြစ်လေ၏

"ဆားတိုင်ကဲ့သို့ ဖြစ်လေ၏" သို့မဟုတ် "ကိုယ်ခန္ဓာတခုလုံး ဆားတိုင်ဖြစ်လေ၏။" မြို့ဘက်သို့ လှည့်မကြည့်ရန် မှာထားသော ကောင်းကင်တမန်တို့၏ စကားကို နားမထောင်သောကြောင့်၊ ဘုရားသခင်က ဆားဖြင့် လုပ်ထားသော ရုပ်ထုတိုင် ဖြစ်စေခဲ့သည်။

behold

Not applicable

မီးဖို၌ အခိုးကဲ့သို့

အခိုးအငွေ့ အလွန်ထူထပ်ကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မီးလုံးကြီးမှ ထွက်လာသော အခိုးကဲ့သို့" (ရှု၊ figs_simile)

Genesis 19:29

ယေဘုယျ အချက်အလက်

အငယ် ၂၉ သည် အခန်းတခုလုံး၏ အချုပ်ဖြစ်သည်။

ဘုရားသခင်သည် . . . အာဗြဟံကို အောက်မေ့တော်မူ၏

လောတကို ဘုရားသခင် ကယ်တော်မူသည့် အကြောင်းရင်းဖြစ်သည်။ "အောက်မေ့" ကို "သတိရ" ဟုလည်း ဆိုလိုသည်။ သို့ရာတွင် ဘုရားသခင်သည် မေ့တတ်သောသူ ဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်။ အာဗြဟံကို အောက်မေ့ကာ ဂရုဏာတော်ကို ပြသလိုက်ခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ... အာဗြဟံအဖို့အလို့ငှါ၊" (ရှု၊ figs_idiom)

မှောက်လှဲရာထဲက

"ပျက်ဆီးခြင်းမှ" သို့မဟုတ် "ဘေးဒုက္ခမှ"

Genesis 19:30

လောတသည် ဇောရမြို့မှ ထွက်၍၊ . . . တောင်ပေါ်မှာနေ၏

Not applicable

Genesis 19:31-33

သမီးအကြီး

"လောတ၏ သမီးအကြီး" သို့မဟုတ် "အကြီးမ" (ရှု၊ figs_nominaladj)

ညီမ

"သမီးအငယ်" သို့မဟုတ် "အငယ်မ" (ရှု၊ figs_nominaladj)

မြေကြီးသား အပေါင်းတို့၏ ဘာသာအတိုင်း

"မြေကြီးသား" မှာ လူကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နေရာတကာမှ လူတို့ပြုသည်အတိုင်း" (ရှု၊ figs_metonymy)

စပျစ်ရည်တိုက်ကြစို့

အရက်မူးစေရန် ရည်ရွယ်ချက်ရှိကြောင်း တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မူးသည်အထိ စပျစ်ရည်တိုက်ကြစို့" (UDB) သို့မဟုတ် "စပျစ်ကို မူးအောင်တိုက်ကြစို့" (ရှု၊ figs_explicit)

ငါတို့အဘ၏ အမျိုးအနွယ်ကို စောင့်မ၍

မျိုးဆက်ကို ဆက်လက် ထိန်းသိမ်းရမည့် နောက်ဆုံးမျိုးဆက်ဖြစ်ကြောင်း သိသာစေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါတို့အဘ၏ အမျိုးအနွယ်ကို မွေးဘွားစေခြင်းငှါ" (UDB) (ရှု၊ figs_metaphor)

သူအိပ်ကြောင်းကို၎င်း၊ ထကြောင်းကို၎င်း အဘမသိ

"သို့သော် သူ၏အဘကမသိ" သို့မဟုတ် "အတူအိပ်သည်ကို အဘမသိ"

Genesis 19:34-35

ယနေ့ည . . . အဘမသိ

၁၉း၃၁ မှာကဲ့သို့ ပြန်ဆိုရန်။

စပျစ်ရည်တိုက်ကြစို့

အရက်မူးစေရန် ရည်ရွယ်ချက်ရှိကြောင်း တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မူးသည်အထိ စပျစ်ရည်တိုက်ကြစို့" (UDB) သို့မဟုတ် "စပျစ်ကို မူးအောင်တိုက်ကြစို့" (ရှု၊ figs_explicit)

အဘ၏အမျိုးအနွယ်ကို စောင့်မခြင်းငှါ

မျိုးဆက်ကို ဆက်လက် ထိန်းသိမ်းရမည့် နောက်ဆုံးမျိုးဆက်ဖြစ်ကြောင်း သိသာစေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါတို့အဘ၏ အမျိုးအနွယ်ကို မွေးဘွားစေခြင်းငှါ" (UDB) (ရှု၊ figs_metaphor)

အိပ်ကြောင်းကို၎င်း၊ တကြောင်းကို၎င်း အဘမသိ

"သို့သော် သူ၏အဘကမသိ" သို့မဟုတ် "အတူအိပ်သည်ကို အဘမသိ"

Genesis 19:36-38

မိမိအဘအားဖြင့် ပဋိသန္ဓေစွဲနေ၏

"မိမိအဘအားဖြင့် ကိုဝန်ဆောင်ရ၏" သို့မဟုတ် "မိမိအဘ၏ အနွယ်ကို ဆောင်နေ၏"

ထိုသူသည်

"သူသည်"

ယနေ့တိုင်အောင်ရှိသော မောဘအမျိုးသားတို့

"ယနေ့တိုင် ရှိကြသော မောဘလူမျိုးတို့"

ယနေ့တိုင်အောင်ရှိသော

"ယနေ့" ဟူရာတွင် ကမ္ဘာဦးကျမ်း ပြုစုသူ၏ ခေတ်ကာလကို ညွှန်းသည်။ ကျမ်းပြုသူမှာ လောတမိသားစု အသက်ရှင်၍ သေသွားပြီးနောက်မှ မွေးသည်။

ဗေနမ္မိ

ယောက်ျားအမည် ဖြစ်သည်။ (ရှု၊ translate_names)

အမ္မုန်အမျိုးသားတို့

"အမ္မုန်၏ အမျိုးအနွယ်များ" သို့မဟုတ် "အမ္မုန်လူမျိုးတို့"

Genesis 20

Genesis 20:1-3

ရှုရမြို့

အဲဂုတ္တုပြည် အရှေ့နယ်စပ်တွင် ရှိသော ကန္တာရဒေသဖြစ်သည်။ (ရှု၊ translate_names)

မိမိလူကို စေလွှတ်၍၊ စာရာကို ယူစေ၏

"မိမိလူတို့ကို စေလွှတ်ရာ၊ သူတို့သည် စာရာကို ခေါ်ဆောင်လေ၏"

ဘုရားသခင်သည် အဘိမလက်ဆီသို့ ကြွလာ၍

"ဘုရားသခင်သည် အဘိမလက်ရှေ့တွင် ပေါ်လာ၍"

Behold

Not applicable

သင်သည် လူသေဖြစ်၏

မင်းကြီး သေမည်အကြောင်း ပြင်းထန်စွာ ပြောဆိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်သည် မကြာခင် သေမည်" သို့မဟုတ် "သင့်အသက်ကို ငါနုတ်မည်" (ရှု၊ figs_idiom)

သူ့မယား

"အိမ်ထောင်သည် အမျိုးသမီး"

Genesis 20:4-5

Now ... her

Not applicable

အဘိမလက်သည်၊ ထိုမိန်းမနှင့် မပေါင်းဘော်သေးသည်ဖြစ်၍

သံဝါသ မပြုသေးကြောင်း ယဉ်ကျေးစွာ ဖော်ပြထားခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဘိမလက်သည်၊ စာရာနှင့် မပေါင်းဘော်သေးသည်ဖြစ်၍" သို့မဟုတ် "အဘိမလက်သည်၊ စာရာကို မထိရသေးသည်ဖြစ်၍"(ရှု၊ figs_euphemism)

ဖြောင့်မတ်သောလူမျိုးကို

"လူမျိုး" ဟူသည်မှာ ထိုလူမျိုးစုတွင် ပါဝင်သမျှသောသူများကို ပုံဆောင်သည်။ အဘိမလက်က မိမိအပေါ် ဘုရားသခင် အပြစ်ဒဏ် စီရင်လျှင်၊ မိမိပြည်သူများကလည်း ခံစားရမည်ကို စိုးရိမ်ခြင်း ရှိ၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "အပြစ်ကင်းသောသူတို့ကိုပင်လျှင်" (ရှု၊ figs_metonymy)

သူသည် ငါ့နှမဖြစ်၏ဟု အကျွန်ုပ်အား ယောက်ျားဆိုသည် မဟုတ်ပါလော။ အကျွန်ုပ်အား သူသည် ငါ့မောင့်ဖြစ်၏ဟု မိန်းမလည်းဆိုသည် မဟုတ်ပါလော

ပြောခဲ့ပြီးသောစကားကို ပြန်လည် ကိုးကားထားသည်။ ၎င်းကို အပြောခံစကားမျိုးအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိနှမဖြစ်ကြောင်း ယောက်ျားဆိုသည် မဟုတ်ပါလော။ မိန်းမကလည်း မိမိမောင်အဖြစ် ဆိုသည် မဟုတ်ပါလော" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

သူသည် ငါ့နှမဖြစ်၏ဟု အကျွန်ုပ်အား ယောက်ျားဆိုသည် မဟုတ်ပါလော

ဘုရားသခင် သိပြီးသောအရာကို အောက်မေ့ရန် လျှောက်ဆိုသော မေးခွန်းဖြစ်သည်။ ဖြစ်ကြောင်းပြစာစီအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အာဗြဟံက 'သူသည် ငါ့နှမဖြစ်၏' ဟု အကျွန်ုပ်ထံ ဆိုခဲ့သည် မဟုတ်ပါလော" (ရှု၊ figs_rquestion)

သူသည် . . . မိန်းမလည်း . . .

"သူသည်" နှင့် "မိန်းမလည်း" ဟူသည်မှာ ပြစ်မှားသောသူမှာ အာဗြဟံနှင့် စာရာတို့သာ ဖြစ်ကြောင်း ထင်ရှားစေရန် အသုံးပြုထားသည်။ (ရှု၊ figs_rpronouns)

ဖြောင့်မတ်သော သဘောရှိ၍ သန့်ရှင်းသောလက်နှင့် ဤအမှုကို အကျွန်ုပ်ပြုပါပြီ

"သဘော" ဟူသည်မှာ အတွေးနှင့် အကြံကို ပုံဆောင်သည်။ ထို့အပြင် "လက်" ဟူသည်မှာ လုပ်ဆောင်ချက်ကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အပြစ်ရှိသော အတွေးနှင့် အပြုအမူဖြစ်စေရန် လုပ်ဆောင်ခဲ့သည် မဟုတ်ပါ" (ရှု၊ figs_metonymy)

Genesis 20:6-7

ဘုရားသခင်ကလည်း . . . မိန့်တော်မူ၏

"ဘုရားသခင်ကလည်း အဘိမလက်အား ... မိန့်တော်မူ၏"

သင်သည် ဖြောင့်မတ်သောသဘောနှင့် ပြုသည်

"သဘော" ဟူသည်မှာ အတွေးနှင့် အကြံကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်သည် ကောင်းသော အကြံအစည်ဖြင့် ပြုသည်" သို့မဟုတ် "သင်သည် အပြစ်ကင်းစွာဖြင့် ပြုသည်" (ရှု၊ figs_metonymy)

ထိုမိန်းမနှင့် ပေါင်းဘော်ရသောအခွင့်

သံဝါသပြုခြင်းကို ယာဉ်ကျေးစွာ ဖော်ပြသောစကားဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူမနှင့် အိပ်ရသောအခွင့်" (ရှု၊ figs_euphemism)

သူ၏မယား

"အာဗြဟံ၏ မယား"

သင်သည် အသက်ချမ်းသာရလိမ့်မည်

"ငါသည် သင့်ကို အသက်ချမ်းသာစေမည်"

သင်နှင့်ဆိုင်သောသူအပေါင်းတို့

"သင်တို့အားလုံး"

Genesis 20:8-9

အမူအရာအလုံးစုံကို ပြောသဖြင့်

"ဘုရားသခင် မိန့်တော်မူသမျှ အလုံးစုံကို ပြောသဖြင့်"

သင်သည် ငါတို့၌ အဘယ်သို့ ပြုသနည်း

အာဗြဟံကို စွပ်စွဲလိုသောကြောင့် မေးလိုက်ခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်သည် ငါတို့အပေါ် ဆိုးသောအမှုကို ပြုလေပြီ" သို့မဟုတ် "ငါတို့အပေါ် သင် ပြသောအမှုကို ကြည့်လော့" (ရှု၊ figs_rquestion)

ငါတို့၌

"ငါတို့" ဟူသည်မှာ အာဗြဟံနှင့် စာရာတို့ မပါသော မိမိအချင်းချင်းကို ညွှန်းသော နာမ်စားဖြစ်သည်။ "ငါတို့" သို့မဟုတ် "ကျွန်တော်တို့" စသဖြင့် ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းကို ပြောင်းထည့်နိုင်သည်။ (ရှု၊ figs_rquestion)

သင့်ကိုငါတို့သည် အဘယ်သို့ပြစ်မှားသောကြောင့်၊ သင်သည် . . . အပြစ်ကို ရောက်စေသနည်း

အဘိမလက်က မိမိသည် အာဗြဟံအပေါ် အပြစ်မပြုခဲ့ကြောင်း ထင်ရှားစေရန် မေးလိုက်ခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "... အပြစ်ကို ရောက်စေရသည့် ပြစ်မှားမှု တစုံတခုကိုမျှ သင့်အပေါ် ငါတို့ မပြုခဲ့" (ရှု၊ figs_rquestion)

သင်သည် ငါ၌၎င်း ငါ့နိုင်ငံ၌၎င်း၊ ကြီးစွာသောအပြစ်ကို ရောက်စေသနည်း

လူတစ်ဦး၏ ခေါင်းပေါ်တွင် တင်၍ရသကဲ့သို့ "အပြစ်" ကို တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါနှင့် ငါ့နိုင်ငံ၌၊ ကြီးစွာသော အပြစ်ကို ရောက်စေရသည့်" (ရှု၊ figs_metaphor)

ငါ့နိုင်ငံ၌၎င်း

"နိုင်ငံ" က နိုင်ငံသားကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့နိုင်ငံရှိ ပြည်သူတို့၌၎င်း" (ရှု၊ figs_metonymy)

သင်သည် မပြုအပ်သောအမှုကို ငါ၌ပြုပါသည်တကား

"ငါ့အပေါ်၌ ဤအမှုကို ပြုရန်မသင့်"

Genesis 20:10-12

သင်သည် အဘယ်အမှုကို မြင်၍ ဤသို့ပြုသနည်း

"အဘယ်က ဤသို့ ပြုစေသနည်း" သို့မဟုတ် "အဘယ့်ကြောင့် ဤသို့ ပြုသနည်း။" တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဘယ့်ကြောင့် စာရာကို သင့်နှမဟု ပြောရသနည်း" (ရှု၊ figs_explicit)

ဤအရပ်သားတို့သည် ဘုရားသခင်ကို မကြောက်၊ အကျွန်ုပ်၏မယားအတွက် အကျွန်ုပ်ကို သတ်ကြလိမ့်မည်ဟု အကျွန်ုပ်ထင်သောကြောင့်

ပြောခဲ့ပြီးသောစကားကို ပြန်လည် ကိုးကားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဤအရပ်၌ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းမရှိသောကြောင့်၊ အကျွန်ုပ်၏မယားအတွက် ကျွန်ုပ်ကို သတ်ကြလိမ့်မည်ဟု ထင်သောကြောင့်" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

ဤအရပ်သားတို့သည် ဘုရားသခင်ကို မကြောက်

အခြားသော ဘာသာပြန်ဆိုချက်၊ "ဂေရာမြို့တွင် ဘုရားသခင်ကို မည်သူမျှ မကြောက်" (ရှု၊ figs_metonymy)

ဘုရားသခင်ကို မကြောက်

ဘုရားသခင်ကို ရိုသေလေးမြတ်ခြင်းနှင့် နာခံခြင်း မရှိကြောင်း ဆိုလိုသည်။

သို့သော်လည်း သူသည် အကျွန်ုပ်နှမ မှန်ပါ၏

"သို့ရာတွင်၊ စာရာမှာ အကျွန်ုပ်နှမ မှန်ပါ၏" သို့မဟုတ် "ထို့ပြင်၊ စာရာသည် အကျွန်ုပ်နှမ မှန်ပါ၏"

အကျွန်ုပ်အဘ၏သမီးဖြစ်၏။ အမိ၏သမီးမဟုတ်

"အဘတူသော်လည်း၊ အမိကွဲပါ၏"

Genesis 20:13-14

ယေဘုယျ အချက်အလက်

အငယ် ၁၃ တွင် အဘိမလက်ကို အာဗြဟံ လျှောက်ဆိုထားသည်။

အဘ၏အိမ်

"အိမ်" ဟူသည်မှာ အာဗြဟံ၏ မိသားစုကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဘနှင့် ဆွေမျိုးသားချင်းရှိရာ" သို့မဟုတ် "အဘ၏အိမ်ထောင်" (ရှု၊ figs_metonymy)

အကျွန်ုပ်က၊ သင်သည် ငါ၌ပြုရသောကျေးဇူးဟူမူကား၊ ငါသည် သင်၏မောင် ဖြစ်ကြောင်းကို ရောက်လေရာရာ၌ ပြောရမည်ဟု၊ မယားကိုမှာထားပါသည်

ပြောခဲ့ပြီးသောစကားကို ပြန်လည်ကိုးကားထားသည်။ သွယ်ဝိုက်စကားအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်က ရောက်လေရာရာ၌ ငါသည် သင်၏မောင်ဖြစ်ကြောင်း ပြောခြင်းဖြင့် ငါ၌ သစ္စာရှိပါဟု မယားကိုမှာထားပါသည်" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

အဘိမလက်သည် . . . တို့ကိုယူ၍

"အဘိမလက်သည် ... အချို့ကိုယူ၍" (UDB)

Genesis 20:15-16

အဘိမလက်ကလည်း . . . အမိန့်ရှိ၏

"အဘိမလက်ကလည်း အာဗြဟံအား ... အမိန့်ရှိ၏"

Look

Not applicable

ငါ့မြေသည် သင့်ရှေ့မှာ ရှိ၏

"ငါ့မြေသည် သင့်အတွက် ဖြစ်၏" ဟူသော သဘောသက်ရောက်သည်။ (ရှု၊ figs_idiom)

အလိုရှိသည်အတိုင်းနေပါ

"နေချင်ရာ၌နေပါ"

ငွေတထောင်

"ငွေ ၁၀၀၀" (ရှု၊ translate_numbers)

သင်နှင့် သင့်အပေါင်းအဘော်တို့အဘို့ မျက်နှာဖုံးများကို ဝယ်စရာဖို့

စာရာ အပြစ်ကင်းကြောင်း သက်သေကို မျက်နှာဖုံးကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင် အပြစ်ကင်းသည်ကို သင့်အပေါင်းအဘော်တို့ သိရန်အလို့ငှါ" (ရှု၊ figs_metaphor)

in the eyes

Not applicable

before everyone, you are completely made right

Not applicable

Genesis 20:17-18

တယောက်မျှ ပဋိသန္ဓေမယူစေခြင်းငှါ

"အားလုံး သားအိမ်မြုံစေခြင်းငှါ"

အာဗြံဟံ၏မယား စာရာကြောင့်

တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဘိမလက်သည် အာဗြဟံ၏မယား စာရာကို ယူသဖြင့်" (UDB) (ရှု၊ figs_explicit)

Genesis 21

Genesis 21:1-4

ထာဝရဘုရားသည် . . . စာရာကို အကြည့်အရှုကြွတော်မူ၍

"အကြည့်အရှုကြွတော်မူ" သည်ဟု ဆိုရာတွင် စာရာ ကလေးမွေးရန် ယာဝေးဘုရား ကူညီပေးသည်ကို ညွှန်း၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာဝေးဘုရားသည် ... စာရာကို ကူညီတော်မူ၍" (ရှု၊ figs_explicit)

သူ့အား သားကိုဘွားလေ၏

"သူ့အတွက် သားကို ဘွားလေ၏"

အသက်ကြီးသောအခါ

"အိုသောအခါ"

ဘုရားသခင် အမိန့်တော်နှင့် ချိန်းချက်သောအချိန်၌

"ဘုရားသခင် မိန့်တော်မူခဲ့သော အချိန်၌"

အာဗြဟံသည်လည်း၊ မိမိရသောသား တည်းဟူသော၊ စာရာဘွားသောသားကို ဣဇာက်အမည်ဖြင့် မှည့်လေ၏

"အာဗြဟံသည်လည်း၊ စာရာဘွားသော မိမိသားကို ဣဇာက်အမည်ဖြင့် မှည့်လေ၏" သို့မဟုတ် "အာဗြဟံကလည်း မွေးလာသောသားကို ဣဇာက်အမည်ဖြင့် မှည့်လေ၏"

အာဗြဟံသည် ရှစ်ရက်မြောက်သောနေ့၌၊ သားဣဇာက်ကို အရေဖျားလှီးမင်္ဂလာ ပေးလေ၏

"သားဣဇာက်မွေးပြီး ရှစ်ရက်မြောက်သောနေ့၌၊ အရေဖျားလှီးမင်္ဂလာ ပေးလေ၏"

ရှစ်ရက်

"၈ ရက်" (ရှု၊ translate_numbers)

မှာထားတော်မူသည်

"မိန့်တော်မူသည်"

Genesis 21:5-7

အသက်တရာ

"အသက် ၁၀၀" (ရှု၊ translate_numbers)

ငါ ရယ်ရသောအခွင့်ကို ဘုရားသခင် ပေးတော်မူပြီ

စာရာမှာ အံ့ဩ၍ ဝမ်းသာသောကြောင့် ရယ်မောလေသည်။ ထိုအကြောင်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်က ငါ့ကို ဝမ်းမြောက်စွာ ရယ်မောစေပြီ" (ရှု၊ figs_explicit)

ဤသီတင်းကို ကြားသောသူ အပေါင်းတို့သည်လည်း

တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင် ပြုသောအရာကို ကြားနာသူအပေါင်းတို့သည်လည်း" (UDB) (ရှု၊ figs_explicit)

စာရာသည် သားကိုနို့တိုက်လိမ့်မည်ဟု အာဗြဟံအား အဘယ်သူပြောနှင့်ရသနည်း

ဖြစ်ကြောင်းပြပုဒ်အဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "စာရာက သားကို နို့တိုက်လိမ့်မည်ဟု အာဗြဟံအား အဘယ်မျှ ပြောခဲ့မည်မဟုတ်" (ရှု၊ figs_rquestion)

သားကိုနို့တိုက်

သားကို နို့စို့တိုက်ကြောင်း ယာဉ်ကျေးစွာ ဖော်ပြထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သားကို နို့စို့တိုက်" (ရှု၊ figs_euphemism)

Genesis 21:8-9

ထိုသူငယ် ဣဇာတ်သည် ကြီးပွား၍ နို့နှင့်ကွာလေ၏

မိခင်၏ နို့ရည်နှင့် ကင်းကွာပြီဖြစ်ကြောင်း "နို့နှင့်ကွာ" ဟူ၍ ယာဉ်ကျေးစွာ ဖော်ပြထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုသူငယ် ဣဇာက်သည် ကြီးလာ၍ မိခင်နို့နှင့် ကင်းကွာလေ၏" (ရှု၊ figs_euphemism)

အဲဂုတ္တုအမျိုးသား ဟာဂရတွင် အာဗြဟံရသော သား

ဟာဂရ၏ သားအမည်ကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုအမျိုးသား ဟာဂရနှင့် အာဗြဟံရသော သားဣရှမေလ" (ရှု၊ figs_explicit)

ဆဲရေးသည်

ကဲရဲ့ကြောင်း တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကဲ့ရဲ့သည်" (ရှု၊ figs_explicit)

Genesis 21:10-11

အာဗြဟံအား ဆိုလေ၏

"အာဗြဟံအား စာရာဆိုလေ၏"

Drive out

Not applicable

ဤကျွန်မ၏သား

ဟာဂရနှင့် ဣရှမေလကို ညွှန်းသည်။ ထိုသူတို့အပေါ် ဒေါသထွက်သဖြင့် အမည်ဖြင့် မခေါ်ခြင်း ဖြစ်မည်။

အကျွန်ုပ်၏သား ဣဇာက်

"အကျွန်ုပ်သား၊ ဣဇာက်"

အာဗြဟံလည်း . . . ထိုအမှု အလွန်ခက်သည်ဟု ထင်လေ၏

"အာဗြဟံလည်း ... စာရာပြောသော စကားကြောင့် စိတ်သောကဖြစ်လေ၏"

မိမိသားဖြစ်သောကြောင့်

"မိမိသားဖြစ်သည်အလျောက်။" နောက်သား တစ်ဦးဖြစ်သူ ဣရှမေလကို ညွှန်းသည်။ (ရှု၊ figs_explicit)

Genesis 21:12-13

ထိုသူငယ်နှင့် သင်၏ကျွန်မကြောင့်၊ ဤအမှုခက်သည်ဟု မထင်နှင့်

"ထိုသူငယ်နှင့် သင်၏ကျွန်မကြောင့်၊ စိတ်သောက မဖြစ်နှင့်"

စာရာ ပြောလေရာရာ၌ သူ၏စကားကို နားထောင်လော့

ပြောသောအရာကို "စကား" ဟု သွယ်ဝိုက်ညွှန်းဆိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုအရာ၌ စာရာ ပြောသမျှကို နားထောင်လော့" (ရှု၊ figs_metonymy)

ဣဇာက်၌သာ သင်၏အမျိုး တည်လိမ့်မည်

"တည်လိမ့်မည်" ဟူသည်မှာ ဣဇာက်၏ အမျိုးကိုသာ ‌‌ရွေးကောက်ထားသော လူစုတော်အဖြစ် ဘုရားသခင် ရွေးချယ်ထားကြောင်း ဆိုလိုသည်။ အပြုဝါကျ ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဣဇာက်သာလျှင် ငါရွေးကောက်ထားသော လူစု၏ အဘဖြစ်လိမ့်မည်" (UDB) (ရှု၊ figs_activepassive)

ကျွန်မ၏သားသည် . . . သူ့ကိုလည်း လူမျိုးဖြစ်စေမည်

"လူမျိုး" မှာ လူမျိုးကြီးကို ညွှန်းသော ဝင်္ကဝုတ္တိပုဒ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်မ၏သားသည် ... သူ့ကိုလည်း လူမျိုးကြီး၏ အဘဖြစ်စေမည်" (ရှု၊ figs_metonymy)

Genesis 21:14-16

မုန့်နှင့်

ဖြစ်နိုင်ချေများမှာ၊ ၁) အစာကို ခြုံ၍ ညွှန်းသည် သို့မဟုတ် ၂) မုန့်ကိုသာ ညွှန်းသည်။ (ရှု၊ figs_synecdoche)

ရေဘူးကို ယူသဖြင့်

"ရေအိတ်ကို ယူသဖြင့်။" ရေကို တိရစ္ဆာန် သားရေဖြင့် ပြုလုပ်ထားသည်။

ဘူး၌ရေကုန်သောအခါ

"ရေအိတ်၌ ရေကုန်သောအခါ" သို့မဟုတ "ရေ ကုန်သောအခါ"

ခပ်ဝေးဝေး လေးတပစ်ခန့်လောက်

လူတစ်ဦး မြားပစ်လျှင် ရောက်မည့် အကွာအဝေးကို ညွှန်းသည်။ မီတာ ၁၀၀ ခန့်ဖြစ်နိုင်သည်။

ငါသည် သူငယ်သေသည်ကို မမြင်လို

ကြိယာပုဒ် "သေသည်" ကို စိတ္တဇနာမ် "သေခြင်း" ဟူ၍လည်း ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူငယ်၏ သေခြင်းကို ငါ မမြင်လို" (ရှု၊ figs_abstractnouns)

သူသည် အသံကိုလွှင့်၍ ငိုကြွေးလေ၏

"အသံကိုလွှင့်" မှာ အော်ဟစ်ခြင်းကို ညွှန်းသည်။ "ငိုကြွေး" မှာ ကြွေးကြော်ခြင်းကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူမသည် အော်ဟစ်လျက် ကြွေးကြော်လေ၏" သို့မဟုတ် "သူမသည် အော်ဟစ်၍ ငိုကြွေးလေ၏" (ရှု၊ figs_metonymy နှင့် figs_idiom)

Genesis 21:17-18

လုလင်၏အသံ

"သူငယ်၏အသံ။" "အသံ" ဟူရာတွင် လုလင်၏ ငိုသံကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဣရှမေလ၏ ငိုသံ" (UDB) (ရှု၊ figs_metonymy)

ဘုရားသခင်၏ ကောင်းကင်တမန်

"ဘုရားသခင်ထံမှ ဆက်သား" သို့မဟုတ် "ဘုရားသခင်၏ စေတမန်"

ကောင်းကင်ထဲက

"ကောင်းကင်" ဟူသည်မှာ ဘုရားသခင် ကိန်းဝပ်ရာအရပ်ကို ဆိုလိုသည်။

သင်၌ အဘယ်အမှုရှိသနည်း

"အဘယ်သို့ ဖြစ်နေသနည်း" သို့မဟုတ် "အဘယ်ကြောင့် ငိုကြွေးသနည်း"

လုလင်နေသော အရပ်ထဲက သူ၏အသံ

"အသံ" ဟူရာတွင် လုလင်၏ ငိုသံကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူငယ်နေသော အရပ်မှ ငိုသံ" (ရှု၊ figs_metonymy)

လုလင်ကို ကြွ၍လက်နှင့်မလော့

"သူငယ်ကို ထူမလော့"

ငါသည် သူ့ကို လူမျိုးကြီးဖြစ်စေမည်

ဣရှမေလ၏ အမျိုးကို လူမျိုးကြီးဖြစ်စေမည်ဟု ဘုရားသခင် ဆိုလိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူ၏အမျိုးကို လူမျိုးကြီးဖြစ်စေမည်" သို့မဟုတ် "ငါသည် သူ့ကို လူမျိုးကြီး၏ အဘဖြစ်စေမည်" (ရှု၊ figs_metonymy)

Genesis 21:19-21

ဘုရားသခင်သည် ဟာဂရ၏ မျက်စိကို ဖွင့်တော်မူသဖြင့် . . . မြင်လေသော်

ရေတွင်းကို မြင်စေကြောင်း ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ... ဟာဂရအား မြင်စေသဖြင့်" သို့မဟုတ် "ဘုရားသခင်သည် ဟာဂရထံ ... ပြတော်မူသဖြင့်" (UDB) (ရှု၊ figs_metaphor)

ဘူး

"သားရေဘူး" သို့မဟုတ် "အိတ်"

လုလင်

"သူငယ်" သို့မဟုတ် "ဣရှမေလ"

ထိုလုလင်ဘက်၌လည်း၊ ဘုရားသခင် ရှိတော် မူ၏

"ရှိတော်မူ၏" ဟူရာတွင် ဘုရားသခင်က ထိုလုလင်ကို ကောင်းကြီးပေးကြောင်း ညွှန်းသော ဒေသိယစကားဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ထိုသူငယ်ကို စောင်မတော်မူ၏" သို့မဟုတ် "ဘုရားသခင်သည် ထိုသူငယ်ကို ကောင်းကြီးပေးတော်မူ၏" (ရှု၊ figs_idiom)

လေးသမား ဖြစ်လေ၏

"လေးနှင့်မြားကို ကျွမ်းကျင်စွာ တတ်မြောက်လေ၏"

အဲဂုတ္တုပြည်မှ မိန်းမတယောက်ကိုခေါ်၍ သူနှင့်စုံဘက်စေ၏

"မယားအဖြစ် အဲဂုတ္တုအမျိုးသမီးကို စုံဘက်စေ၏"

Genesis 21:22-24

ထိုရောအခါ

အကြောင်းအရာသစ်ကို အစပျိုးသော အသုံးအနှုန်းဖြစ်သည်။ ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းအတိုင်း ဖော်ပြနိုင်သည်။ (ရှု၊ writing_newevent)

ဖိကောလ

ယောက်ျားအမည်ဖြစ်သည်။ (ရှု၊ translate_names)

ဗိုလ်ချုပ်မင်း

"မိမိစစ်တပ်ကို အုပ်ချုပ်သော" (UDB)

his army

Not applicable

သင်သည် ပြုလေရာရာ၌ သင့်ဘက်မှာ ဘုရားသခင်ရှိတော်မူ၏

"ရှိတော်မူ၏" ဟူသည်မှာ အာဗြဟံကို ဘုရားသခင် ကောင်းကြီးပေးကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်ပြုလေရာရာ၌ သင့်ကို ဘုရားသခင် ကောင်းချီးပေးတော်မူ၏" (ရှု၊ figs_idiom)

သို့ဖြစ်၍

အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့ကြောင့်" (ရှု၊ figs_explicit)

ဘုရားသခင်ကို တိုင်တည်၍ ငါ့အား ကျိန်ဆိုပါလော့

ပို၍ ကြီးမြတ်သော ပုဂ္ဂိုလ်၏ သက်သေပြုပေးမှုကို တောင်းဆိုသောစကားဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်အားဖြင့် ငါ့ကို ကျိန်ဆိုပါလော့" (ရှု၊ figs_idiom)

သင်သည် ငါ့ကို၎င်း . . . မလှည့်စား

"သင်သည် ငါ့ကို၎င်း ... မလိမ်ဘဲ"

သင်သည် . . . ငါ့မြေးကို၎င်း၊ မလှည့်စား

အဟုတ်ဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်သည် ... ငါ့မြေးအပေါ်၌၎င်း ဖြောင့်မတ်စွာပြု၍" (ရှု၊ figs_doublenegatives)

ငါသည် သင်၌ ကျေးဇူးပြုသကဲ့သို့ ငါ၌၎င်း . . . ငါ့အား ကျိန်ဆိုပါလော့

လူနှစ်ဦးတို့ ကတိသစ္စာ ဆိုထားသည်။ ကြိယာပုဒ် "ကျေးဇူးပြု" ကို စိတ္တဇနာမ် "ကျေးဇူးရှိ" သို့မဟုတ် "သစ္စာရှိ" ဟု ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါသည် သင့်အပေါ်၌ သစ္စာရှိသကဲ့သို့ ... ငါ့အား ကျိန်ဆိုပါလော့" (ရှု၊ figs_abstractnouns)

ငါ့ပြည်၌၎င်း

"ပြည်" ဆိုရာတွင် ပြည်သူများကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ပြည်သားတို့၌၎င်း" (ရှု၊ figs_metonymy)

ထိုအတိုင်း ငါကျိန်ဆိုပါမည်

အထက်ပါ အချက်အလက်များကို ထည့်သွင်းနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်အပေါ် ကျေးဇူးပြုသကဲ့သို့ သင်နှင့် သင့်ပြည်သူတို့အပေါ် ကျေးဇူးပြုမည်အကြောင်း ငါကျိန်ဆို၏"

Genesis 21:25-27

အဘိမလက်မင်းကို အပြစ်တင်လေ၏

ဖြစ်နိုင်ချေများမှာ၊ ၁) ငြီးတွားနေသည် သို့မဟုတ် ၂) "အဘိမလက်မင်းကို စစ်ဆေးလေ၏"

အဘိမလက်မင်း၏ ကျွန်တို့သည် အနိုင်အထက် လုယူသော ရေတွင်းအကြောင်းကြောင့်

"အဘိမလက်မင်း၏ ကျွန်တို့က အာဗြဟံထံမှ ရေတွင်းတို့ကို အတင်းအဓမ္မ လုယူသဖြင့်"

အနိုင်အထက် လုယူသော

"အတင်းအဓမ္မ လုယူသော" သို့မဟုတ် "အတင်းအဓမ္မ ချုပ်ကိုင်သော" (UDB)

ငါလည်း ယနေ့တိုင်အောင် မကြားရ

"ယခုမှ ပထမဆုံးအကြိမ် ကြားရ၏"

အာဗြဟံသည်လည်း သိုး၊ နွားတို့ကို ယူပြီးလျှင်၊ အဘိမလက်အား ပေး၍

အဘိမလက်နှင့် ကတိသစ္စာပြုရာတွင် မိတ်ဖြစ်ဆွေဖြစ် အသိမှတ်ပြုသော အမှတ်အသား ဖြစ်သည်။ (ရှု၊ translate_symaction)

Genesis 21:28-30

အာဗြဟံသည်လည်း သိုးသငယ်မ ခုနစ်ကောင်တို့ကို သိုးစုနှင့် ခွဲထားလေ၏

"အာဗြဟံကလည်း သိုးငယ်အမ ခုနစ်ကောင်ကို သိုးစုမှ ခွဲထား၏"

ခုနစ်

"၇"(ရှု၊ translate_numbers)

ခွဲထားသော ဤသိုးသငယ်မ ခုနစ်ကောင်တို့သည်၊ အဘယ်သို့နည်း

"အဘယ်ကြောင့် ဤသိုးငယ်အမ ခုနစ်ကောင်ကို ခွဲထားသနည်း"

သင်သည် . . . ခံယူရမည်

"သင်သည် ... ယူသွားရမည်"

ငါ့လက်မှ

"လက်" မှာ အာဗြဟံကို ကိုယ်စားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ထံမှ" (ရှု၊ figs_synecdoche)

သက်သေဖြစ်မည် အကြောင်း

သိုး ခုနစ်ကောင်ကို ညွှန်းသည်။

ငါ့ဘက်၌ သက်သေဖြစ်မည် အကြောင်း

စိတ္တဇနာမ် "သက်သေဖြစ်မည်" ကို "သက်သေပြုမည်" ဟု ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ဘက်၌ သက်သေပြုမည်အကြောင်း" (ရှု၊ figs_abstractnouns)

Genesis 21:31-32

ထိုအရပ်ကို . . . ဟု တွင်ကြ၏

"ထိုအရပ်ကို အာဗြဟံက ... ဟု ခေါ်လေ၏"

ဗေရရှေဘ

ဘာသာပြန်ဆိုသူများအနေဖြင့် "ဗေရရှေဘသည် 'သစ္စာရေတွင်း' သို့မဟုတ် 'ခုနှစ်ရေတွင်း' ဟု အဓိပ္ပါယ်ရသည်" ဟူ၍ မှတ်ချက်ထည့်နိုင်သည်။

ထိုနှစ်ပါးတို့သည်

"အာဗြဟံနှင့် အဘိမလက်တို့သည်"

ဖိကောလ

ယောက်ျားအမည် ဖြစ်သည်။ ၂၁း၂၂ မှ ပြန်ဆိုချက်ကို ရှု။

ဖိလိတ္တိပြည်သို့ ပြန်ကြ၏

"ဖိလိတ္တိပြည်သို့ ပြန်သွားကြ၏" (ရှု၊ translate_names)

Genesis 21:33-34

မန်ကျည်းပင်

သဲကန္တာရတွင် ပေါက်ဖွားသော အမြဲစိမ်းပင် ဖြစ်သည်။ ယေဘုယျသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အပင်တပင်" (ရှု၊ translate_unknown)

အစဉ်အမြဲ တည်တော်မူသော ဘုရားသခင်

"ထာဝရ တည်မြဲသော ဘုရားသခင်"

ကာလရှည်ကြာစွာ

အလွန်ကြာညောင်းကြောင်း ညွှန်းဆိုသည်။ (ရှု၊ figs_metonymy)

Genesis 22

Genesis 22:1-3

It came about

Not applicable

ထိုနောက်မှ

အခန်း၂၁ မှ အဖြစ်အပျက်ကို ညွှန်းသည်။

ဘုရားသခင်သည်၊ အာဗြဟံကို စုံစမ်းခြင်းငှါ

ဘုရားသခင်က အာဗြဟံ၏ ယုံကြည်ခြင်းကို စမ်းစစ်ကြောင်း ဖော်ပြသည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် အာဗြဟံ၏ ယုံကြည်ခြင်းကို စမ်းစစ်ဖို့ငှါ" (ရှု၊ figs_explicit)

အကျွန်ုပ်ရှိပါ၏

"ဟုတ်ကဲ့၊ မိန့်တော်မူပါ" သို့မဟုတ် "မိန့်တော်မူပါဘုရား"

တယောက်တည်းသော သား

အာဗြဟံ၌ ဣရှမေလဟူသော နောက်သား တစ်ယောက်လည်း ရှိကြောင်း ဘုရားသခင် သိတော်မူ၏။ သို့ရာတွင်၊ ဂတိတော် ထားခဲ့သော သားကို ညွှန်းဆိုခြင်းဖြစ်သည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါကတိပေးခဲ့သော တဦးတည်းသော သား" (ရှု၊ figs_explicit)

သင်သည် အလွန်ချစ်သော

သားဣဇာက်အပေါ် အာဗြဟံ၏ ချစ်ခြင်းမေတ္တာကို ညွှန်းသည်။

မောရိပြည်

"မောရိခေါ်သော အရပ်" (ရှု၊ translate_names)

မြည်းကို ကုန်းနှီးတင်ပြီးလျှင်

"မြည်းပေါ် ကုန်တင်ပြီးလျှင်" သို့မဟုတ် "ခရီးအတွက် လိုအပ်သမျှကို မြည်းပေါ်တင်ပြီးလျှင်"

ငယ်သား

"အစေခံ" (UDB)

ထသွားလေ၏

"ခရီးစလေ၏" သို့မဟုတ် "ခရီးထွက်စ ပြုလေ၏" (UDB)

Genesis 22:4-6

သုံးရက်မြောက်သောနေ့၌

"သုံးရက်မြောက်" ကို သာမန်ကိန်းအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သုံးရက်ကြာပြီးနောက်၌" (ရှု၊ translate_ordinal)

ထိုအရပ်ကို အဝေးကမြင်လျှင်

"ဘုရားသခင် မိန့်တော်မူသောအရပ်ကို အဝေးကမြင်လျှင်"

ငယ်သား

"အစေခံ" (UDB)

ငါသည် သားနှင့်အတူ ထိုအရပ်သို့သွား၍၊ ကိုးကွယ်ခြင်းကိုပြုအံ့

အာဗြဟံနှင့် ဣဇာက်တို့ နှစ်ဦးသာသွားမည်ဟု ညွှန်းသည်။ (ရှု၊ figs_exclusive)

သင်တို့ဆီသို့ ပြန်လာဦးမည်

"သင်တို့ထံ ပြန်လာမည်"

သားဣဇာက် အပေါ်မှာ တင်ပြီးလျှင်

"သားဣဇာက်ကို သယ်စေပြီးလျှင်"

မိမိလက်၌ ကိုင်လျက်

"မိမိလက်၌" ဟူရာတွင် အာဗြဟံ ကိုယ်တိုင် သယ်ကြောင်း ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိကိုယ်တိုင် ကိုင်လျက်" (ရှု၊ figs_synecdoche)

မီး

မီးသွေး သို့မဟုတ် မီးတုတ် သို့မဟုတ် မီးအိမ်ကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မီးပြုလုပ်သောအရာ" (UDB) (ရှု၊ figs_metonymy)

နှစ်ယောက်အတူ သွားကြ၏

"အတူထွက်သွားကြ၏" သို့မဟုတ် "နှစ်ယောက်အတူ ထွက်သွား၏"

Genesis 22:7-8

အဘ

ဖခင်ကို ချစ်ခင်လေးမြတ်စွာ ခေါ်ခြင်းဖြစ်သည်။

ငါရှိ၏

"ပြောပါ" သို့မဟုတ် "အဘယ်နည်း။" ၂၂း၁ မှ ပြန်ဆိုချက်ကို ရှု။

ငါ့သား

သားကို ချစ်ခင်မြတ်နိုးစွာ ခေါ်ခြင်းဖြစ်သည်။

မီး

မီးသွေး သို့မဟုတ် မီးတုတ် သို့မဟုတ် မီးအိမ်ကို ဆိုလိုသည်။ ၂၂း၄ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ figs_metonymy)

ယဇ်ရှို့စရာဘို့ သိုးသငယ်

"ယဇ်ရှို့မည့် သိုးသငယ်"

ဘုရားသခင်သည် မိမိအဘို့

"မိမိ" ဟူရာတွင် ဘုရားသခင် ကိုယ်တိုင် ပြင်ဆင်ပေးမည်ဟု ဆိုလိုသည်။ (ရှု၊ figs_rpronouns)

ပြင်ဆင်တော်မူလိမ့်မည်

"ပေးတော်မူလိမ့်မည်"

Genesis 22:9-10

ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ရောက်ကြသောအခါ

"အာဗြဟံနှင့် ဣဇာက်တို့ အရပ်၌ ရောက်ကြသောအခါ"

ချည်နှောင်၍

"ချည်၍"

ယဇ်ပလ္လင်၌ ထင်းပေါ်မှာ

"ယဇ်ပလ္လင်ထိပ်ရှိ ထင်းပေါ်မှာ"

မိမိလက်ကို ဆန့်၍ . . . ထားကို ကိုင်ယူလေ၏

"ဓါးကို ကောက်ယူလေ၏"

Genesis 22:11-12

ထာဝဘုရား၏ ကောင်းကင်တမန်

ဖြစ်နိုင်ချေများမှာ၊ ၁) ယာဝေးဘုရား ကိုယ်တိုင် ထင်ရှားပြခြင်းဖြစ်သည် သို့မဟုတ် ၂) ယာဝေးဘုရား၏ ကောင်းကင်တမန်များပင် ဖြစ်သည် သို့မဟုတ် ၃) ဘုရားသခင်၏ အထူးတမန်တော်ဖြစ်သည် (ဓမ္မပညာရှင်အချို့က သခင်ယေရှု ဖြစ်မည်ဆို၏)။ ဤစကားလုံး၏ အဓိပ္ပါယ်ကို တိကျစွာ မသိရသဖြင့် "ကောင်းကင်တမန်" အနက်ရှိသော ဝေါဟာရဖြင့် "ယာဝေးဘုရား၏ ကောင်းကင်တမန်" ဟူ၍သာ ပြန်ဆိုသင့်သည်။ ၁၆း၇ မှ မှတ်စုကို ရှု။

ကောင်းကင်ပေါ်က

ဘုရားသခင် ကိန်းဝပ်ရာအရပ်ကို ညွှန်းသည်။

အကျွန်ုပ်ရှိပါ၏

"ဟုတ်ကဲ့၊ မိန့်တော်မူပါ" သို့မဟုတ် "မိန့်တော်မူပါဘုရား။" ၂၂း၁ မှ ပြန်ဆိုချက်ကို ရှု။

ထိုလုလင်ကို မထိမခိုက်နှင့်။ အလျှင်းမပြုနှင့်

"မထိမခိုက်နှင့်" မှာ "အန္တရာယ်မပြုနှင့်" ဟု ဆိုလိုသည်။ ဣဇာက်ကို ထိခိုက်ခြင်း မပြုရန် နှစ်ကြိမ်ဆက်တိုက် မိန့်တော်မူခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုသူငယ်ကို မည်သို့မျှဖြင့် ထိခိုက်ခြင်း မပြုနှင့်" (ရှု၊ figs_idiom နှင့် figs_parallelism)

. . . ယခု ငါသိ၏ . . . ငါ့ကိုမငြင်း

"ငါ" နှင့် "ငါ့" ဟူသည်မှာ ယာဝေးဘုရားကို ဆိုလိုသည်။ ပြန်ဆိုသည့်အခါလည်း ထိုအတိုင်း ဖော်ပြရန်ဖြစ်သည်။

သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည်

ဘုရားသခင်ကို နက်ရှိုင်းစွာ လေးမြတ်ပြီး နာခံကြောင်း ညွှန်းဆိုသည်။

အကြောင်းမူကား

"အဘယ်ကြောင့်ဆိုသော်"

သင်၏သား . . . ငါ့ကိုမငြင်း

"သင်၏သားကို ... ငါ့အားမငြင်။" အဟုတ်ဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်၏သား ... ငါ့အား ပေး၏" (ရှု၊ figs_doublenegatives)

သင်၏သား သင်၌ တယောက်တည်းသောသား

အာဗြဟံ၌ ဣရှမေလဟူသော နောက်သား တစ်ယောက်လည်း ရှိကြောင်း ဘုရားသခင် သိတော်မူ၏။ သို့ရာတွင်၊ ဂတိတော် ထားခဲ့သော သားကို ညွှန်းဆိုခြင်းဖြစ်သည်။ ၂၂း၁ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ figs_explicit)

Genesis 22:13-14

behold

Not applicable

ချုံဖုတ်၌ ချိုညိလျက်ရှိသော သိုးကို မြင်လေ၏

အပြုဝါကျအဖြစ် ပြောင်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ချုံပုတ်၌ သိုးတကောင်သည် ချိုငြိလျက်ရှိလေ၏" သို့မဟုတ် "သိုးတကောင်သည် ချုံပုတ်၌ ငြိလျက်ရှိလေ၏" (ရှု၊ figs_activepassive)

ထိုသိုးကို သွား၍ယူပြီးလျှင်

"သူသည်သွား၍ ထိုသိုးကို ယူပြီးလျှင်"

will provide ... will be provided

Not applicable

ယနေ့တိုင်အောင်

"ယခုတိုင်အောင်။" ကျမ်းပြုဆရာ၏ ခေတ်ကို ဆိုလိုသည်။

ထာဝရဘုရား ပြင်ဆင်တော်မူမည်

အဖြည့်ခံဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ပြင်ဆင်ခြင်းခံရမည်" (ရှု၊ figs_activepassive)

Genesis 22:15-17

ထာဝရဘုရား၏ ကောင်းကင်းတမန်

ဖြစ်နိုင်ချေများမှာ၊ ၁) ယာဝေးဘုရား ကိုယ်တိုင် ထင်ရှားပြခြင်းဖြစ်သည် သို့မဟုတ် ၂) ယာဝေးဘုရား၏ ကောင်းကင်တမန်များပင် ဖြစ်သည် သို့မဟုတ် ၃) ဘုရားသခင်၏ အထူးတမန်တော်ဖြစ်သည် (ဓမ္မပညာရှင်အချို့က သခင်ယေရှု ဖြစ်မည်ဆို၏)။ ဤစကားလုံး၏ အဓိပ္ပါယ်ကို တိကျစွာ မသိရသဖြင့် "ကောင်းကင်တမန်" အနက်ရှိသော ဝေါဟာရဖြင့် "ယာဝေးဘုရား၏ ကောင်းကင်တမန်" ဟူ၍သာ ပြန်ဆိုသင့်သည်။ ၁၆း၇ မှ မှတ်စုကို ရှု။

တဖန်

အခြားသော ဘာသာပြန်ဆိုချက်၊ "နောက် ဒုတိယအကြိမ်" (ရှု၊ translate_ordinal)

ကောင်းကင်ပေါ်က

ဘုရားသခင် ကိန်းဝပ်သောနေရာကို ညွှန်းသည်။

ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလေ၏

ကမ္ဘာဦးကျမ်း ၂၂း၁၈ ကို ရှု။

ငါသည် ကိုယ်ကိုကိုယ် တိုင်တည်၍ ကျိန်ဆို၏

ကမ္ဘာဦးကျမ်း ၂၂း၁၈ ကို ရှု။

သင်သည် ဤအမှုကိုပြု၍

"သင်သည် ငါ့စကားကို နားထောင်၍"

သင်၏သား . . . ကို၊ ငါ့အား မငြင်းသောကြောင့်

"သင်၏သား ... ကို၊ ငါ့ထံမှ ချန်လှပ်မထားသောကြောင့်။" အဟုတ်ဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်၏သား ... ကို၊ လိုလားစွာ ပေးသောကြောင့်" (ရှု၊ figs_doublenegatives)

သင်၏သား သင်၌ တယောက်တည်းသောသား

အာဗြဟံ၌ ဣရှမေလဟူသော နောက်သား တစ်ယောက်လည်း ရှိကြောင်း ဘုရားသခင် သိတော်မူ၏။ သို့ရာတွင်၊ ဂတိတော် ထားခဲ့သော သားကို ညွှန်းဆိုခြင်းဖြစ်သည်။ ၂၂း၁ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ figs_explicit)

အစဉ်အမြဲ ကောင်းကြီး ပေး

"အမှန် ကောင်းကြီး ပေး"

သင်၏အမျိုးအနွှယ်ကိုလည်း . . . အစဉ်အမြဲ ပွားများစေမည်

"သင်၏အမျိုးအနွယ်ကိုလည်း ... အဖန်ဖန် ပွားများစေမည်" သို့မဟုတ် "သင်၏အမျိုးအနွယ်ကိုလည်း ... အလွန်ပွားများစေမည်"

ကောင်းကင်ကြယ်ကဲ့သို့၎င်း၊ သမုဒ္ဒရာသဲလုံးကဲ့သို့၎င်း

အာဗြဟံ၏ အမျိုးအနွယ်ကို ကြယ်နှင့် သဲလုံးကဲ့သို့ ခိုင်းနှိုင်းထားသည်။ ကြယ်နှင့် သဲလုံးကဲ့သို့ သူ၏ အမျိုးအနွယ်ကို ရေတွက်မရသည်အထိ များပြားစေမည်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရေတွက်နိုင်သည်ထက် ကျော်လွန်၍" (ရှု၊ figs_simile)

ကောင်းကင်ကြယ်ကဲ့သို့၎င်း

"ကောင်းကင်" မှာ မြေကြီးအထက်၌ နေ၊ လ၊ ကြယ် အစရှိသော အရာများကို ညွှန်းသည်။

ရန်သူတို့၏ မြို့တံခါးများကို အစိုးရလိမ့်မည်

"မြို့တံခါး" က တမြို့လုံးကို ပုံဆောင်သည်။ "ရန်သူတို့၏ မြို့တံခါးများ" အပိုင်သိမ်းခြင်းသည် ရန်သူကို အနိုင်ယူခြင်းမည်၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရန်သူတို့အပေါ် အစိုးရလိမ့်မည်" (ရှု၊ figs_synecdoche နှင့် figs_metonymy)

Genesis 22:18-19

ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလေ၏

"ယာဝေးဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလေ၏" သို့မဟုတ် "ယာဝေးဘုရား၏ နှုတ်ကပတ်တော်ကို ကြွေးကြော်လေ၏။" ယာဝေးဘုရားမှ တိုက်ရိုက်လာကြောင်း ဖော်ပြခြင်းဖြစ်သည်။

ငါသည် ကိုယ်ကိုကိုယ် တိုင်တည်၍ ကျိန်ဆို၏

"ငါ့ကိုယ်ကို ကျိန်ဆို၍ သက်သေပြုမည်။" "ကျိန်ဆို" ခြင်း ပြုရာ၌ တစုံတခုကို တိုင်တည်ရမည်။ သို့ရာတွင် ယာဝေးဘုရား အတွက် မိမိကိုယ်တိုင်မှတပါး တိုင်တည်ရန် မရှိပါ။

ယေဘုယျ အချက်အလက်

ယာဝေးဘုရား၏ ကောင်းကင်တမန် ဆက်လက်မိန့်ကြားနေသည်။

လူမျိုးပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါကိုယ်တော်သည် လူမျိုးအပေါင်းတို့ကို ကောင်းကြီးပေးမည်" (ရှု၊ figs_activepassive)

လူမျိုးပေါင်းတို့

နိုင်ငံတိုင်းရှိ လူမျိုးများကို ပုံဆောင်သည်။ (ရှု၊ figs_metonymy)

ငါ၏စကားကို သင်နားထောင်သောကြောင့်

"စကား" က ဘုရားသခင်ကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါပြောသည်အတိုင်း နားထောင်သောကြောင့်" သို့မဟုတ် "သင်သည် ငါ့ကို နာခံသောကြောင့်" (ရှု၊ figs_metonymy)

အာဗြဟံသည် . . . ပြန်၏

ဤကျမ်းပိုဒ်တွင် အာဗြဟံကိုသာ ဖော်ပြထားသော်လည်း၊ သားနှင့်အတူ လိုက်ပါသွားကြောင်း သိရသည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အာဗြဟံနှင့်သားတို့သည် ... ပြန်ကြ၏" (ရှု၊ figs_explicit)

ငယ်သားတို့

"အစေခံတို့" (UDB)

သူတို့သည် ထပြီးလျှင်

"သူတို့ ထွက်သွား၍"

ထိုအရပ်၌ အာဗြဟံနေလေ၏

အာဗြဟံ တစ်ဦးတည်းသာ ဖော်ပြခံရသော်လည်း အိမ်ထောင်ဦးစီအနေဖြင့် တအိမ်သားလုံးကို ကိုယ်စားပြုသည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အာဗြဟံနှင့် အိမ်သားတို့သည် ဗေရရှေဗတွင် နေထိုင်၏" (ရှု၊ figs_explicit)

Genesis 22:20-22

ထိုနောက်မှ

"ထိုအဖြစ်အပျက်ပြီးမှ။" "ထို" က ကမ္ဘာဦးကျမ်း ၂၂း၁-၁၉ မှ ဖြစ်ရပ်ကို ညွှန်းသည်။ (ရှု၊ writing_newevent)

အာဗြဟံကြားသော သိတင်းစကားဟူမူကား . . . ဘွားမြင်လေပြီ

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တစုံတယောက်က အာဗြဟံအား ... ဟူ၍ ကြားပြောလေ၏" (UDB) (ရှု၊ figs_activepassive)

မိလခါသည် သားကိုဘွားမြင်လေပြီ

"မိလခါကလည်း ကလေးကို ဘွားမြင်လေပြီ"

မိလခါ

မိန်းမအမည် ဖြစ်သည်။ (ရှု၊ translate_names)

သားအကြီးဟုဇ၊ သူ့ညီဗုဇ

"သားဦးကား ဥဇ၊ သူ့ညီကား ဗုဇ၊ ထို့နောက်"

ဟုဇ . . . ဗုဇ၊ အာရံ . . . ကေမွေလ၊ ခေသက်၊ ဟာဇော၊ ပိလဒါရှ၊ ယိဒလပ်၊ ဗေသွေလ

ယောက်ျားအမည်များ ဖြစ်သည်။ အာရံမှ လွဲ၍ ကျန်ရှိသူများမှာ နာခေါ်နှင့် မိလခါတို့ သားများဖြစ်ကြောင်း သိသာစေရမည်။ (ရှု၊ translate_names)

Genesis 22:23-24

ဗေသွေလကား၊ ရေဗက္ကအဘတည်း

"နောင်တွင် ဗေသွေလမှာ ရေဗက္ကအဘ ဖြစ်သတည်း"

သားရှစ်ယောက်တို့ကို၊ အာဗြဟံအစ်ကို နာခေါ်၏မယား မိလခါ ဘွားမြင်လေ၏

"အာဗြဟံအစ်ကိုနာခေါ်နှင့် မိလခါတို့ ဘွားမြင်သော သားရှစ်ယောက်ဖြစ်သတည်း။" ၂၂း၂၀ မှ မွေးစာရင်းကို ညွှန်းသည်။

ရှစ်ယောက်

"၈ ယောက်" (ရှု၊ translate_numbers)

နာခေါ်၏ မယားငယ်

"သူ၏ မယားငယ်"

ရုမာ

မိန်းမအမည် ဖြစ်သည်။ (ရှု၊ translate_names)

. . . တို့ကို ဘွားမြင်လေ၏

"... တို့ကိုလည်း ဘွားမြင်လေ၏"

တေဘ၊ ဂါဟံ၊ သဟာရှ၊ မာခါ

ယောက်ျားအမည်များ ဖြစ်သည်။ (ရှု၊ translate_names)

Genesis 23

Genesis 23:1-2

စာရာသည် အသက် တရာနှစ်ဆယ်ခုနစ်နှစ် ရှိ၏

"စာရာသည် အသက် ၁၂၇ နှစ်ရှိ၏" (ရှု၊ translate_numbers)

ထိုမျှလောက် အသက်ကြီးသော်

အချို့ မူပြန်ကျမ်းများတွင် ဤစာကြောင်းမရှိပါ။ (ရှု၊ figs_doublet)

ကိရယသာဘမြို့

မြို့အမည်ဖြစ်သည်။ (ရှု၊ translate_names)

အာဗြဟံသည်လည်း စာရာကြောင့် ညည်းတွား ငိုကြွေးခြင်းငှါလာ၏

"အာဗြဟံသည်လည်း စာရာကြောင့် ဝမ်းနည်း၍ ငိုကြွေးလေ၏"

Genesis 23:3-4

မိမိမယား အသေကောင်ရှေ့က ထ၍

"မိမိမယား၏ အလောင်းကို ထား၍"

ဟေသအမျိုးသား

ဟေသ၏ အမျိုးအနွယ်ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဟေသ၏ အမျိုး" (UDB) သို့မဟုတ် "ဟိတ္တိလူ" (ရှု၊ translate_names)

သင်တို့ထံမှာ

အရပ်ဒေသကို ညွှန်းဆိုခြင်းလည်း ဖြစ်နိုင်သည်။ "သင်တို့ နိုင်ငံမှာ" သို့မဟုတ် "ဤအရပ်မှာ"

သင်္ချိုင်းကို ငါ့အား အခွင့်ပေးပါလော့

"ငါ့အား မြေကို ရောင်းပါလော့" သို့မဟတုတ် "သင်္ချိုင်းမြေ ဝယ်ရသောအခွင့် ပေးပါလော့"

ငါ၏မယား အသေကောင်

"အသေကောင်" ကို နာမဝိသေသန သို့မဟုတ် ကြိယာပုဒ် စသဖြင့် ပြောင်းနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့မယား၏ အလောင်း" သို့မဟုတ် "သေသွားသော ငါ၏မယား" (ရှု၊ figs_nominaladj)

Genesis 23:5-6

ဟေသအမျိုးသား

ဟေသ၏ အမျိုးအနွယ်ကို ညွှန်းသည်။ ၂၃း၃ မှ ပြန်ဆိုချက်ကို ရှု။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဟေသ၏ အမျိုး" (ရှု၊ translate_names)

အကျွန်ုပ်တို့သခင်

အာဗြဟံကို လေးစားသမှုဖြင့် ခေါ်ခြင်းဖြစ်သည်။

ဘုရားသခင်နှင့်ဆိုင်သော မင်း

ဒေသိယစကားဖြစ်သည်။ "တန်ခိုးကြီးသော သူ" (UDB) သို့ "ကြီးမြတ်သော ခေါင်းဆောင်" စသဖြင့် ဆိုလိုသည်။ (ရှု၊ figs_idiom)

ကိုယ်တော်၏မယား အသေကောင်

"မယား အသေကောင်" ကို ကြိယာပုဒ် သို့မဟုတ် "မယား" ဟူ၍ဖြင့်လည်း ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သေသွားသော ကိုယ်တော်၏မယား" သို့မဟုတ် "ကိုယ်တော်၏မယား" (ရှု၊ figs_nominaladj)

အကျွန်ုပ်တို့၏ သင်္ချိုင်းများတွင် ရွေး၍

အကျွန်ုပ်တို့၏ သင်္ချိုင်းများမှ အကောင်းဆုံးတွင်"

မိမိသင်္ချိုင်းကို မပေးဘဲမနေပါ

"မိမိသင်္ချိုင်းကို ချန်လှပ်မည် မဟုတ်ပါ" သို့မဟုတ် "မိမိသင်္ချိုင်းကို ပေးရန် ငြင်းမည်မဟုတ်ပါ"

Genesis 23:7-9

ဦးညွှတ်ချလျက်

တစုံတဦးကို ရိုသေမှုနှင့် ချီးမြှောက်မှုကို ပြသော အမူအရာဖြစ်သည်။ (ရှု၊ writing_symlanguage)

ထိုပြည်သားတည်းဟူသော ဟေသအမျိုးသားများရှေ့မှာ

"ထိုပြည်တွင် နေထိုင်သော ဟေသအမျိုးသားရှေ့မှာ"

ဟေသအမျိုးသား

ဟေသ၏ အမျိုးအနွယ်ကို ညွှန်းသည်။ ၂၃း၃ မှ ပြန်ဆိုချက်ကို ရှု။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဟေသ၏ အမျိုး" (ရှု၊ translate_names)

ငါ၏မယား အသေကောင်

"အသေကောင်" ကို ကြိယာပုဒ် သို့မဟုတ် "မယား" စသဖြင့် ပြန်ဆိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သေသွားသော ငါ၏မယား" သို့မဟုတ် "ငါ၏မယား" (ရှု၊ figs_nominaladj)

ဇောဟာ . . . ဧဖရုန်

ယောက်ျားအမည်များ ဖြစ်သည်။ (ရှု၊ translate_names)

မိမိလယ်ပြင်အစွန်း၌ ရှိသော မပ္ပေလမြေတွင်း

"မက်ဖေလတွင် ပိုင်သော လယ်ပြင်အစွန်း၌ရှိသော ဂူ"

ဧဖရုန်သည် . . . မပ္ပေလမြေတွင်း

" ဧဖရုန်သည်၊ မက်ဖေလတွင် ... ၌ရှိသော ဂူ။" မပ္ပေလသည် အရပ်ဒေသ၏ အမည်ဖြစ်သည်။ ဧဖရုန်က မပ္ပေလအရပ်တွင် ပိုင်ဆိုင်သော မြေတွင် ရှိသည့် ဂူဖြစ်သည်။ (ရှု၊ translate_names)

which he owns

Not applicable

မိမိလယ်ပြင်အစွန်း၌ ရှိသော

ဂူ၏ အကြောင်းကို ဖော်ပြသည်။ ၎င်းဂူမှာ ဧဖရုန် ပိုင်သော လယ်မြေ၏အစွန်းတွင် ရှိသည်။ (ရှု၊ figs_distinguish)

အဘိုးထိုက်သမျှ ငွေနှင့်ငါ့အား ရောင်းစေခြင်းငှါ

"သင်တို့အားလုံး ရှေ့မှောက်၌ ငါ့အား ရောင်းစေခြင်းငှါ" (UDB) သို့မဟုတ် "သင်တို့ရှေ့၌ ငါ့အား ရောင်းစေခြင်းငှါ"

ငါပိုင်ထိုက်သော သင်္ချိုင်းရှိစေခြင်းငှါ

"ငါပိုင်သော မြေရှိစေခြင်းငှါ"

Genesis 23:10-11

ထိုအခါ ဧဖရုန်သည်၊ ဟေသအမျိုးသားတို့တွင် ထိုင်လျက်ရှိ၏

"ထိုအခါ" က ဧဖရုန်၏ နောက်ကြောင်းကို ဖော်ပြသည်။ (ရှု၊ writing_background)

ဧဖရုန်

ယောက်ျားအမည် ဖြစ်သည်။ ၂၃း၇ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ဟေသအမျိုးသားတို့

"အမျိုးသား" က ဟေသ၏ အမျိုးကို ပုံဆောင်သည်။ ၂၃း၃ မှ ပြန်ဆိုချက်ကို ရှု။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဟေသအမျိုးတို့" (ရှု၊ translate_names)

ဟေသအမျိုးသား ပရိတ်သတ်၌

"ပရိသတ်၌" ဟူသည်မှာ လူများ၏ ရှေ့မှောက်ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဟေသအမျိုးတို့ ကြားရာ၌" သို့မဟုတ် "ဟေသအမျိုးတို့ ကြားနိုင်ရန်" (ရှု၊ figs_abstractnouns)

မြို့တံခါးသို့ ဝင်သောသူအပေါင်း

ဟေသအမျိုးမှ မည်သူတို့ ကြားရကြောင်း ညွှနးသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မြို့တံခါး၌ စုရုံးလာသူအပေါင်း" (ရှု၊ figs_distinguish)

မြို့တံခါး

မြို့၏ ခေါင်းဆောင်များက အရေးကြီးသော ဆုံးဖြတ်ချက်များကို မြို့တံခါးတွင် ဆွေးနွေးလေ့ရှိသည်။

မြို့

"သူနေသောမြို့။" ဧဖရုန်သည် ထိုမြို့သား ဖြစ်ကြောင်း ထင်ရှားစေသည်။ ထို့မြို့ကို ပိုင်သည်မဟုတ်။

အကျွန်ုပ်သခင်

အာဗြဟံကို လေးစားသမှုဖြင့် ခေါ်ခြင်းဖြစ်သည်။

အကျွန်ုပ်အမျိုးသားများ ရှေ့၌

"ရှေ့၌" က လူသိရှင်ကြား ဖြစ်ကြောင်း ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကျွန်ုပ် ပြည်သားများ မြင်ရာ၌" (ရှု၊ figs_metonymy)

အကျွန်ုပ်အမျိုးသားများ

"ကျွန်တော့် ပြည်သားများ" သို့မဟုတ် "ဟိတ္တိအမျိုးတော်များ" ဟု ဆိုလိုသည်။

အကျွန်ုပ်

ထိုလူစုထဲတွင် ဧဖရုန်လည်း ပါဝင်ကြောင်း ထင်ရှားစေသည်။ မိမိလက်အောက်ခံဟု ဖော်ပြသည်မဟုတ်။

ကိုယ်တော်၏မယား အသေကောင်ကို သင်္ဂြိုဟ်ပါ

"ကိုယ်တော့်မယားကို သင်္ဂြိုဟ်ခြင်းငှါ ပေးလိုက်ပါ၏"

ကိုယ်တော်၏မယား အသေကောင်

"မယား အသေကောင်" ကို ကြိယာပုဒ်အဖြစ် သို့မဟုတ် "မယား" ဟု ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သေသွားသော ကိုယ်တော့်မယား" သို့မဟုတ် "ကိုယ်တော်၏မယား" (ရှု၊ figs_nominaladj)

Genesis 23:12-13

ဦးညွှတ်ချလျက်

တစုံတဦးကို ရိုသေမှုနှင့် ချီးမြှောက်မှုကို ပြသော အမူအရာဖြစ်သည်။ (ရှု၊ writing_symlanguage)

ထိုပြည်သားများ

"ထိုအရပ်၌ နေသောသူများ"

ပြည်သား ပရိသတ်တို့ရှေ့မှာ

စိတ္တဇနာမ် "ရှေ့" ဟူရာတွင် လူသိရှင်ကြားဖြစ်ကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုအရပ်၌ နေသော လူများ ကြားနိုင်ရန်" သို့မဟုတ် "ထိုအရပ်၌ လူတို့ ရှေ့မှောက်မှာ" (ရှု၊ figs_abstractnouns)

But if you are willing

Not applicable

ထိုလယ်ပြင်အဘိုးငွေကို ငါပေးမည်

"ထိုလယ်မြေကို အဘိုးအတိုင်း ငါပေးမည်"

ငါ၏မယား အသေကောင်

"မယား အသေကောင်" ကို ကြိယာပုဒ် သို့မဟုတ် "မယား" ဟု ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သေသွားသော ငါ့မယား" သို့မဟုတ် "ငါ၏မယား" (ရှု၊ figs_nominaladj)

Genesis 23:14-16

ဧဖရုန်

ယောက်ျားအမည် ဖြစ်သည်။ ၂၃း၇ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

အကျွန်ုပ်သခင်၊ နားထောင်ပါ

"နားထောင်ပါ အကျွန်ုပ်တို့သခင်" သို့မဟုတ် "နားထောင်ပါ"

အကျွန်ုပ်သခင်

အာဗြဟံကို လေးစားသမှုဖြင့် ခေါ်ခြင်းဖြစ်သည်။

ထိုမြေသည် ငွေလေးပိဿာ အဘိုးထိုက်ပါ၏။ ကိုယ်တော်နှင့် အကျွန်ုပ်၌ အဘယ်အတွက်ရှိသနည်း

ဧဖရုန်နှင့် အာဗြဟံတို့ နှစ်ဦးစလုံး ချမ်းသာသောကြောင့် ထိုငွေလေးပိဿာမှာ မပြောပလောက်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ ဖြစ်ကြောင်းပြ စာပိုဒ်အဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုမြေသည် ငွေလေးပိဿာ ရှိပါ၏။ ကိုယ်တော်နှင့် အကျွန်ုပ်အတွက် မပြောပလောက်ပါ" (ရှု၊ figs_rquestion)

ငွေလေးပိဿာ

ငွေအလေးချိန် ၄.၅ ကီလိုဂရမ်ခန့် ရှိသည်။ (ရှု၊ translate_bweight)

လေးပိဿာ

"ကျပ်သား ၄၀၀" (ရှု၊ translate_numbers)

ကိုယ်တော်၏မယား အသေကောင်ကို သင်္ဂြိုဟ်ပါလော့

"မယား အသေကောင်" ကို ကြိယာပုဒ်အဖြစ် သို့မဟုတ် "မယား" ဟု ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သေသွားသော ကိုယ်တော်၏မယားကို သင်္ဂြိုဟ်ပါလော့" သို့မဟုတ် "ကိုယ်တော်၏မယားကို သင်္ဂြိုဟ်ပါလော့" (ရှု၊ figs_nominaladj)

အာဗြဟံသည်လည်း . . . ငွေလေးပိဿာကို ချိန်၍၊ သူ့အားပေးလေ၏

"အာဗြဟံကလည်း ... ငွေကို ချိန်၍၊ သူ့အား ပေးလေ၏" သို့မဟုတ် "အာဗြဟံကလည်း ... ငွေကို တွက်၍၊ သူ့အားပေးလေ၏"

ဧဖရုန် အဘိုးပြတ်သည်အတိုင်း

"ဧဖရုန် ဆိုသည့် ပမာဏအတိုင်း"

ဟေသအမျိုးသား ပရိသတ်ရှေ့

"ရှေ့" ဟုဆိုရာတွင် လူသိရှင်ကြား ဖြစ်ကြောင်း ဆိုလိုသည်။ အခြားသသော ဘာသာပြန်ဆိုချက်၊ "ဟေသအမျိုးတို့ ရှေ့" သို့မဟုတ် "ဟေသလူမျိုးတို့ ရှေ့" (ရှု၊ figs_abstractnouns)

ဟေသအမျိုးသား

ဟေသ၏ အမျိုးအနွယ်ကို ညွှန်းသည်။ ၂၃း၃ မှ ပြန်ဆိုချက်ကို ရှု။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဟေသ၏ အမျိုး" (ရှု၊ translate_names)

ကုန်သည်သုံးတတ်သော ငွေမျိုး

"ကုန်သည်တို့ စံနှုန်းအတိုင်း။" စာပိုဒ်သစ် အဖြစ် ထည့်သွင်းနိုင်သည်။ အခြားသော ဘာသပြန်ဆိုချက်၊ "ကုန်သည်တို့ ပြုသည်အတိုင်း ငွေကိုချိန်၍"

Genesis 23:17-18

မပ္ပေလအရပ်

နေရာ သို့မဟုတ် အရပ်ဒေသ၏ အမည်ဖြစ်သည်။ ၂၃း၇ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

မံရေမြို့

ဟေဗြုံမြို့၏ အခြားအမည်ဖြစ်သည်။ ထိုနေရာတွင် နေထိုင်သော အာဗြဟံ၏ မိတ်ဆွေ မံရေ၏ အမည်ကို အစွဲပြုခြင်း ဖြစ်နိုင်သည်။ (ရှု၊ translate_names)

လယ်ပြင်ကို၎င်း၊ လယ်ပြင်၌ ရှိသောမြေတွင်း နှင့်သစ်ပင်များ

ဧဖရုန်ထံမှ ဝယ်သောမြေကို တိကျစွာ ဖော်ပြခြင်း ဖြစ်သည်။ လယ်ပြင်မျှသာ မဟုတ်ဘဲ၊ ဂူနှင့် သစ်ပင်များလည်း ပါဝင်သည်။

အာဗြဟံဥစ္စာဘို့ လုံခြုံစွာ အပ်ပေးလေ၏

"ဝယ်ယူသမျှသည် အာဗြဟံ၏အပိုင် ဖြစ်လေ၏" သို့မဟုတ် "အာဗြဟံ ဝယ်၍ မိမိဥစ္စာဖြစ်လေ၏"

ဟေသအမျိုးသား ပရိတ်သတ်၌

"ပရိသတ်၌" ဟု ဆိုရာတွင် လူသိရှင်ကြား ဖြစ်ကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဟေသလူမျိုးတို့ ရှေ့၌" (ရှု၊ figs_metonymy)

ဟေသအမျိုးသား

"အမျိုးသား" ဟု ဆိုရာတွင် ဟေသ၏ အမျိုအနွယ်များအားလုံးကို ဆိုလိုသည်။ ၂၃း၃ မှ ပြန်ဆိုချက်ကို ရှု။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဟေသ၏အမျိုး" (ရှု၊ translate_names)

မြို့တံခါးသို့ ဝင်သောသူ အပေါင်းတို့ရှေ့မှာ

မြေကို ဝယ်ယူချိန်၌ မျက်မြင်သက်သေ ဖြစ်ကြသူများကို ညွှန်းသည်။ ၂၃း၁၀ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ figs_distinguish)

မြို့တံခါး

မြို့ခေါင်းဆောင်တို့က အရေးကြီးကိစ္စများ ဆွေးနွေးသောနေရာ ဖြစ်သည်။

မြို့

"မိမိနေထိုင်သောမြို့။" ဧဖရုန်၏ ဇာတိကို ညွှန်းသည်။ ပိုင်ဆိုင်မှုကို ညွှန်းခြင်းမဟုတ်။

Genesis 23:19-20

ထိုနောက်မှ

"မြေကို ဝယ်ယူပြီးနောက်"

မြေတွင်း

"ဂူ"

မပ္ပေလလယ်ပြင်

"မက်ဖေလ လယ်ပြင်ရှိ"

ထိုအရပ်ကား . . . ဟေဗြုန်အရပ် ဖြစ်သတည်း

ဖြစ်နိုင်ချေများမှာ၊ ၁) မံရေ၏ တခြားအမည်ဖြစ်သည် သို့မဟုတ် ၂) မံရေမှာ ဟေဗြုန်၏ ရှေးအမည်ဖြစ်သည် သို့မဟုတ် ၃) ဟေဗြုန်မြို့ကြီး၏ အနီးတွင် ရှိသောကြောင့်၊ ၎င်းကို လိုက်၍ ခေါ်လေ့ရှိသည်။

အာဗြဟံ ပိုင်ထိုက်သော သင်္ချိုင်းဖြစ်စေခြင်းငှါ၊ ဟေသအမျိုးသားတို့သည် လုံခြုံစွာ အပ်ပေးကြ၏

"ဟိတ္တိလူမျိုးတို့ထံမှ သင်္ချိုင်းမြေအဖြစ် ဝယ်ယူသောအခါ၊ အာဗြဟံ၏ ပိုင်ဆိုင်မှုဖြစ်လာ၏"

ဟေသအမျိုးသားတို့

"အမျိုးသား" မှာ ဟေသ၏ အမျိုးအနွယ်ကို ညွှန်းသည်။ ၂၃း၃ မှ ပြန်ဆိုချက်ကို ရှု။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဟေသ၏အမျိုး" (ရှု၊ translate_names)

Genesis 24

Genesis 24:1-4

Now

Not applicable

သင်၏လက်ကို ငါ့ပေါင်အောက်၌ ထားပြီးမှ

တစုံတရာ ကျိန်ဆိုစေရန် ရည်ရွယ်ထားသည်။ အာဗြဟံ၏ ပေါင်အောက်၌ လက်ကို ထားခြင်းသည် ထိုကျိန်ဆိုသောအရာကို ပြုမည်ဟု အဓိပ္ပါယ် သက်ရောက်သည်။ (ရှု၊ translate_symaction)

ငါကျိန်ဆိုစေပါမည်

စေခိုင်းချက်အဖြစ် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ထံ ကျိန်ဆိုလော့" (ရှု၊ [[;en:ta:vol2:translate:figs_imperative]])

ထာဝရဘုရားကို တိုင်တည်၍

ကျိန်ဆိုရာ၌ မိမိထက် တန်ခိုးကြီးမြတ်သောသူကို တိုင်တည်ရသည်။ "ယာ‌ဝေးဘုရားကို တိုင်တည်၍"

ကောင်းကင်မြေကြီးအရှင် ဘုရားသခင်

"ကောင်းကင်နှင့်မြေကြီးအရှင် ဘုရားသခင်။" "ကောင်းကင်" နှင့် "မြေကြီး" ဆိုရာတွင် ဘုရားသခင် ဖန်ဆင်သမျှသောအရာ အလုံးစုံ ပါဝင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကောင်းကင်မြေကြီး အလုံးစုံတို့၏အရှင် ဘုရားသခင်" (ရှု၊ figs_merism)

ကောင်းကင်

ဘုရားသခင် ကိန်းဝပ်သောနေရာကို ညွှန်းသည်။

ခါနာန်အမျိုးသမီးတို့တွင်

"ခါနာနိအမျိုးသမီးတို့မှ" သို့မဟုတ် "ခါနာနိလူမျိုးတို့မှ။" ခါနာန်လူ အမျိုးသမီးများကို ညွှန်းသည်။

ငါနေသော

"ငါနေထိုင်သော ဤပြည်၌။" "ငါ" ဟု ဆိုရာတွင် အာဗြဟံ၏ အိမ်ထောင်မိသားစု တခုလုံး ပါဝင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါတို့နေထိုင်သော" (ရှု၊ figs_metonymy)

ငါ့ပြည် . . . ထံသို့သွား၍

စေခိုင်းချက်အဖြစ် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "... ထံ သွားမည်အကြောင်း ကျိန်ဆိုလော့" သို့မဟုတ် "သို့ရာတွင် သင်သည် ငါ့ပြည် ... ထံသို့သွား၍" (ရှု၊ figs_imperative)

ငါ့အမျိုးသားချင်းတို့

"ငါ့မိသားစု"

Genesis 24:5-7

. . . လိုလျှင် . . .

"... လိုလျှင် အဘယ်သို့ ပြုရပါမည်နည်း။ ..."

ဤပြည်သို့ မလိုက်မလာလိုလျှင်

"ဤပြည်သို့ မလိုက်လိုလျှင်" သို့မဟုတ် "ကျွန်ုပ်နောက် မလိုက်လိုလျှင်"

ကိုယ်တော် ထွက်လာသောပြည်သို့ ကိုယ်တော်၏သားကို တဖန် ကျွန်တော် ခေါ်သွားရပါမည်လော

"ကိုယ်တော့် ဇာတိပြည်တွင် နေထိုင်စေရန် ကိုယ်တော်၏သားကို ကျွန်တော် ခေါ်သွားရပါမည်လော"

ထိုပြည်သို့ ငါ့သားကိုခေါ်၍ မသွားနှင့်။ သတိပြုလော့

"သတိပြုလော့" ဟု ဆိုရာတွင် အထက်က စကားကို အလေးပေးရန် သုံးထားခြင်း ဖြစ်သည်။ "ထိုပြည်သို့ ငါ့သားကို ခေါ်မသွားစေခြင်းငှါ သတိပြုလော့" သို့မဟုတ် "ထိုပြည်သို့ ငါ့သားကို ခေါ်၍ မသွားရ"

ငါ့အဘ၏အိမ်မှ၎င်း၊ ငါ့အမျိုးသားနေရာ ပြည်မှ၎င်း ငါ့ကိုခေါ်၍

"အိမ်" မှာ မိသားစုကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့အဘ၏ မိသားစုနှင့် ငါ့အမျိုးတို့၏တိုင်းပြည်မှ ငါ့ကိုခေါ်၍" (ရှု၊ figs_metonymy)

ငါ့အား ဗျာဒိတ်တော်ပေး၍ ကျိန်ဆိုတော်မူသော

"ငါ့ထံ ဂတိသစ္စာ ပြုတော်မူသော"

သင်၏အမျိုးအနွယ်အား ဤပြည်ကို ငါပေးမည်ဟု

ပြောခဲ့ပြီးသောအရာကို ကိုးကားသောစကားဖြစ်သည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့အမျိုးအနွယ်အား ဤပြည်ကို ပေးမည်ဟု" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

မိမိကောင်းကင်တမန်ကို . . . စေလွှတ်တော်မူသဖြင့်

"မိမိ" မှာ ယာဝေးဘုရားကို ညွှန်းသည်။

Genesis 24:8-9

ယေဘုယျ အချက်အလက်

အငယ် ၈ တွင် အာဗြဟံက မိမိအစေခံကို ဆက်လက် လမ်းညွှန်ချက်ပေးသည်။

မိန်းမသည်သင်နှင့်အတူ မလိုက်လိုလျှင်

"သို့သော၊ မိန်းမက သင်နှင့်အတူ မလိုက်လိုလျှင်။" ၂၄း၅ မှ အစေခံ၏ မေးခွန်းကို ဖြေဆိုပေးခြင်း ဖြစ်သည်။ (ရှု၊ figs_hypo)

သင်သည်၊ ယခု ငါပေးသော ကျိန်ဆိုခြင်းနှင့် ကင်းလွတ်စေ

"သင် ပြုလုပ်သော ကျိန်ဆိုခြင်းမှ ကင်းလွတ်စေ။" ချည်နှောင်မှ လွတ်မြောက်သကဲ့သို့ ခိုင်းနှိုင်းထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင် ကျိန်ဆိုထားသောအရာမှ ကင်းလွတ်စေ" (ရှု၊ figs_metaphor)

သခင်အာဗြဟံ၏ ပေါင်အောက်၌ လက်ကိုထား၍

ကျိန်ဆိုသည်အတိုင်း ဆောင်ရွက်မည်အကြောင်း တိုင်တည်သော အပြုအမူဖြစ်သည်။ (ရှု၊ translate_symaction)

ကျိန်ဆိုလေ၏

"သစ္စာကတိ ဆိုလေ၏"

ထိုအမှု၌

"တောင်းဆိုသည်အတိုင်း" သို့မဟုတ် "စေခိုင်းသည်အတိုင်း ဆောင်ရွက်မည်ဟု"

Genesis 24:10-11

. . . ကိုယူ၍ ထသွားသဖြင့်

ခရီးထွက်သောအခါ ယူသွားသောအရာကို စာရင်းပြုခြင်းဖြစ်သည်။

မိမိသခင်၏ ဥစ္စာရှိသမျှကို စီရင်သောသူဖြစ်၍

သတို့သမီးအတွက် လက်ဖွဲ့အဖြစ် အာဗြဟံ ယူသွားစေသော အရာများ ပါရှိကြောင်း ထင်ရှားသည်။

ထသွားသဖြင့် . . . ရောက်လေ၏

"ထွက်သွားသဖြင့် ... ရောက်လေ၏" သို့မဟုတ် "ထွက်သွားပြီး ... ရောက်လေ၏"

နာခေါ်မြို့

ဖြစ်နိုင်ချေများမှာ၊ ၁) နာခေါ်နေသောမြို့ သို့မဟုတ် ၂) "နာခေါ်အမည်ရှိ မြို့။" ရှင်းပြစရာမလိုသော အသုံးအနှုန်းဖြင့်လည်း ဖော်ပြနိုင်သည်။ (ရှု၊ translate_names)

ကုလားအုပ်တို့ကို ဝပ်စေပြီးလျှင်

ခြေထောက်ရှည်သော တိရစ္ဆာန်မျိုး ဖြစ်သည်။ မြေပေါ် ထိုင်ချစေခြင်း ဖြစ်သည်။ "ကုလားအုပ်တို့ကို ထိုင်စေပြီးလျှင်"

ရေတွင်း

"ရေရှိသောတွင်း" သို့မဟုတ် "တွင်း" (UDB)

ရေခပ်သော

"ရေခပ်ကြသော" (UDB)

Genesis 24:12-14

လျှောက်ဆို၏

"အစေခံ ဆို၏"

ယနေ့ အကျွန်ုပ်အကြံကို ထမြောက်စေ၍၊ အကျွန်ုပ်၏သခင် အာဗြဟံ၌ ကျေးဇူးပြုတော်မူပါ

ဘုရားသခင်၏ အမှုပြုခြင်းကို တောင်းလျှောက်သောစကား ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်သခင် အာဗြဟံ၌ ပဋိညာဉ်တရားကို ပြည့်စုံစေခြင်းငှါ အကျွန်ုပ်အကြံကို ယနေ့ ထမြောက်စေတော်မူပါ" (ရှု၊ writing_connectingwords)

အကျွန်ုပ်အကြံကို ထမြောက်စေ၍

"အကျွန်ုပ်ကို အောင်မြင်ခြင်းပေး၍။" အစေခံက အာဗြဟံ၏သားအတွက် မိန်းမကောင်းကို ရှာပေးလိုသည်။ "ထမြောက်" ကို စိတ္တဇနာမ်ဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အောင်မြင်ခြင်းအခွင့်ပေး၍" သို့မဟုတ် "ကျွန်ုပ် ရောက်လာရသည့်အကြောင်းရင်းကို ပြည့်စုံစေ၍" (ရှု၊ figs_abstractnouns)

အကျွန်ုပ်၏သခင် အာဗြဟံ၌ ကျေးဇူးပြုတော်မူပါ

ဘုရားသခင်က အာဗြဟံနှင့် ပြုခဲ့သော ပဋိညာဉ်တရားကို ညွှန်းသည်။ စိတ္တဇနာမ် "ကျေးဇူး" ကို "တည်စေ" ဟု ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်သခင် အာဗြဟံ၌ ပဋိညာဉ်တရားကို တည်စေတော်မူပါ" (ရှု၊ figs_abstractnouns)

Look

Not applicable

ရေတွင်း

"ရေစမ်း" သို့မဟုတ် "တွင်း"

ထိုမြို့သူ သတို့သမီးတို့

"ထိုမြို့သူ အပျိုတို့"

ဖြစ်ပါစေသော

"ဖြစ်စေပါ" သို့မဟုတ် "ဖြစ်ပါမည်"

အကြင်သတို့သမီးကို၊ ကျွန်ုပ်သောက်ခြင်းငှါ သင်ရေဘူးကိုချပါဟု ဆိုသော်

ပြောခဲ့ပြီးသောစကားကို ပြန်လည် ကိုးကားခြင်း ဖြစ်သည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အပျိုတစ်ယောက်ထံ၊ ကျွန်ုပ်သောက်ရန် ရေအိုးကိုချပေးပါ ဆိုသောအခါ" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

သင်ရေဘူးကိုချပါ

အမျိုးသမီးတို့က ရေအိုးကို ပုခုံးပေါ် တင်ထားရသည်။ ထို့ကြောင့် အောက်ငုံ့မှ ရေကို သောက်နိုင်မည်ဖြစ်သည်"

ရေဘူး

အရည်များကို သယ်ယူ ထည့်သုံးရန် ရွှံ့စေးမှ ထုလုပ်ထားသော သာမန်အရွယ် အိုး။

အကျွန်ုပ်၏သခင်၌ ကျေးဇူးပြုတော်မူကြောင်း

"ကျေးဇူးပြု" ကို "သစ္စာတည်" ဟု ပြောင်းဆိုနိုင်သည်။ အခြာသော ဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်သခင်၌ ကတိသစ္စာ တည်တော်မူကြောင်း" (ရှု၊ figs_abstractnouns)

Genesis 24:15-16

ထိုသို့လျှောက်ဆို၍

အကြောင်းအရာ တစ်ခု၏ အစကို ဖော်ပြထားသည်။ ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းတိုင်း ဖော်ပြနိုင်သည်။

behold

Not applicable

ရေဘူး

အရည်များကို သယ်ယူ ထည့်သုံးရန် ရွှံ့စေးမှ ထုလုပ်ထားသော သာမန်အရွယ် အိုး။ ၂၄း၁၂ မှ ပြန်ဆိုချက်ကို ရှု။

အာဗြဟံအစ်ကို နာခေါ်မယား မိလခါသား၊ ဗေသွေလ၏သမီး ရေဗက္က

"ရေဗက္ကသည် ရေအိုးကို ထမ်းလျက် ထွက်လာ၏။ သူမသည် အာဗြဟံအစ်ကို နာခေါ်နှင့် မိလခါတို့၏ သားဗေသွေလ၏ သမီးဖြစ်သတည်း"

ဗေသွေလ

ရေဗက္က၏ဖခင် ဖြစ်သည်။ ၂၂း၂၀ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

နာခေါ်

ယောက်ျားအမည် ဖြစ်သည်။ ၁၁း၂၂ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

မိလခါ

နာခေါ်၏မယား၊ ဗေသွေလ၏မိခင် ဖြစ်သည်။ ၁၁း၂၉ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ရေတွင်းသို့ဆင်း၍၊ ရေဘူးကို ရေနှင့်ဖြည့်ပြီးမှ တက်လာ၏

စမ်းရေမှာ အစေခံရှိသောအရပ်ထက် နိမ့်ပေမည်။

Genesis 24:17-18

ထိုမိန်းမနှင့် တွေ့ခြင်းငှါ

"ထိုအပျိုနှင့် တွေ့ခြင်းငှါ"

ရေအနည်းငယ်ကို သောက်ပါရစေ

"ရေအနည်းငယ်ကို ပေးသောက်ပါ"

ရေဘူး

အရည်များကို သယ်ယူ ထည့်သုံးရန် ရွှံ့စေးမှ ထုလုပ်ထားသော သာမန်အရွယ် အိုး။ ၂၄း၁၂ မှ ပြန်ဆိုချက်ကို ရှု။

အရှင်

"ဦးကြီး။" ဤနေရာတွင် အပျိုမက ထိုလူကြီးကို လေးစားသောသဘောဖြင့် ခေါ်ခြင်းဖြစ်သည်။

မိမိလက်ပေါ်မှာ၊ အလျင်အမြန် ရေဘူးကိုချ၍

"ရေအိုးကို အလျင်အမြန်ချ၍။" ရေအိုးကို ပခုံးပေါ်တွင် ထမ်းခဲ့ပေမည်။ ထို့ကြောင့် ရေကို ပေးရန် အောက်ချရသည်။

Genesis 24:19-20

ရေခပ်ပါမည်

"ရေခပ်ယူပါမည်"

အလျင်အမြန် ဘူး၌ရှိသောရေကို ရေတိုက်ခွက်ထဲ၌ လောင်းပြီးလျှင်

"ထို့ကြောင့် ရေအိုးမှရေကို ရေသောက်ခွက်ထဲသို့ အလျင်အမြန် လောင်းပြီးလျှင်"

ရေတိုက်ခွက်

"တိရစ္ဆာန် ရေသောက်ခွက်" (UDB)။ တိရစ္ဆာန်တို့ ရေသောက်နိုင်ရန် ပြုလုပ်ထားသော ရေခွက်ရှည် ဖြစ်သည်။

Genesis 24:21-23

ယောက်ျား

"အစေခံ" (UDB)

watched her

Not applicable

သိလို၍

သိမြင်ရန်ဟု ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မြင်လို၍" (UDB) သို့မဟုတ် "စစ်ဆေးလို၍" (ရှု၊ figs_metaphor)

မိမိရောက်လာသော အမှုကို . . . ပြုစုတော်မူသည်

"ခရီးထွက်လသော အကြောင်းရင်းကို ... ပြည်စုံခြင်းပေးသည်" သို့မဟုတ် "မိမိခရီးကို ... အောင်မြင်ခြင်းပေးသည်။" တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဣဇာက်အဖို့မယားအဖြစ် ... ရွေးကောက်ခြင်းပြုသည်" (ရှု၊ figs_explicit)

မမူသည်

အခြားသော ဘာသာပြန်ဆိုချက်၊ "မပေးသည်" (ရှု၊ figs_ellipsis)

အချိန်ငါးမူးရှိသော ရွှေနှာဆွဲ

"ခြောက်ဂရမ်ရှိသော ရွှေနှာဆွဲ" (UDB)။ နှာဆွဲ၏ တန်ဖိုးကို ဖော်ပြခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဖိုးတန် ရွှေနှာဆွဲ" (ရှု၊ translate_bweight)

အကျပ်တဆယ် အချိန်ရှိသော ရွှေလက်ကောက်တရံ

"၁၁၀ ဂရမ်ရှိသော ရွှေလက်ကောက်တစ်ရံ။" လက်ကောက်၏ တန်ဖိုးကို ဖော်ပြခြင်းဖြစ်သည်။ "ထူထပ်သော ရွှေလက်ကောက်တစ်ရံ" (UDB) (ရှု၊ translate_bweight)

သင်သည် အဘယ်သူ၏သမီးဖြစ်သနည်း

"သင့်အဘသည် အဘယ်သူနည်း"

သင်၏အဘအိမ်၌

"ဖခင်၏အိမ်၌"

ကျွန်ုပ်တို့

"ငါတို့အဖို့"

တည်းခိုစရာအရပ် ရှိသလော

"ညအိပ်စရာအရပ် ရှိသလော" သို့မဟုတ် "တည်းစရာနေရာ ရှိသလော"

Genesis 24:24-25

မိန်းမက . . . ဆိုလေ၏

"ရေဗက္ကသည်လည်း ... ဆိုလေ၏" သို့မဟုတ် "အပျိုမက ... ဆိုလေ၏"

to him

Not applicable

ကျွန်ုပ်သည် နာခေါ်၏မယား မိလခါ ဘွားမြင်သော၊ ဗေသွေလ၏သမီး ဖြစ်သည်

"ကျွန်မအဖေမှာ နာခေါ်နှင့် မိလခါတို့ ဘွားမြင်သော ဗေသွေလဖြစ်သည်"

ကျွန်ုပ်တို့၌ မြက်ခြောက်များ၊ စားဘွယ်သောက်ဘွယ်များ

မြက်ခြောက်မှာ ကုလားအုပ်တို့ စားရန်ဖြစ်သည်။ နားလည်လွယ်အောင် ထည့်သွင်းဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်မတို့၌ ကုလားအုပ်တို့ စားစရာဘို့ မြက်ခြောက်များအပြင်၊ စားဘွယ်သောက်ဘွယ်များ" (ရှု၊ figs_ellipsis)

တည်းခိုစရာအရပ်လည်း ရှိသည်

"ညအိပ်စရာနေရာလည်း ရှိသည်" သို့မဟုတ် "တည်းစရာနေရာလည်း ရှိသည်"

for you

Not applicable

Genesis 24:26-27

ယောက်ျား

"အစေခံ" (UDB)

ဦးညွှတ်ချ၍

ဘုရားသခင်ကို ရိုသမှု ပြသခြင်းဖြစ်သည်။ (ရှု၊ translate_symaction)

ကရုဏာ၊ သစ္စာတော်ကို အကျွန်ုပ်သခင်မှ ရုပ်သိမ်းတော်မမူသော

"အကျွန်ုပ်သခင်အပေါ် ကအဏာ၊ သစ္စာတော်ကို အစဉ်မပြဲ ပြသတော်မူသော။" စိတ္တဇနာမ် "ကရုဏာ" နှင့် "သစ္စာတော်" ကို "သစ္စာတည်၍ သနားကြင်နာသော" ဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်သခင်အပေါ် အမြဲမပြတ် သစ္စာတည်၍ သနားကြင်နာတော်မူသော" (ရှု၊ figs_abstractnouns)

ရုပ်သိမ်းတော်မမူသော

အဟုတ်ဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အစဉ်အမြဲ ပြသတော်မူသော" (ရှု၊ figs_litotes)

ညီအစ်ကိုတို့

"မိသားစုတို့" သို့မဟုတ် "ဆွေမျိုးသားချင်းတို့"

Genesis 24:28-30

ပြေး၍ အမိ၏အိမ်၌ . . . ကြားပြောလေ၏

"အိမ်" ဟု ဆိုရာတွင် တအိမ်သားလုံးကို ညွှန်းဆိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အိမ်သို့ပြေး၍ မိခင်နှင့် အိမ်သားတို့ထံ ... ကြားပြောလေ၏" (ရှု၊ figs_metonymy)

ဤအရာများ

"ဖြစ်ခဲ့သောအရာများ"

Now

Not applicable

သူသည်နှာဆွဲကို၎င်း . . . မြင်၍ . . . နှမရေဗက္ကဆိုသော စကားကို ကြားသောအခါ

ဧည့်သည် သူစိမ်းထံ ပြေးမသွားမီ အဖြစ်အပျက်ကို ဖော်ပြထားသည်။ လာဗန် ထွက်လာသော အကြောင်းရင်းဖြစ်သည်။ (ရှု၊ figs_events)

ထိုယောက်ျားသည် ကျွန်ုပ်ကို ဤသို့ပြောသည်ဟု၊ နှမရေဗက္ကဆိုသော စကားကို ကြားသောအခါ

သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုသူစိမ်း ပြောသမျှကို နှမရေဗက္က ပြန်ပြောသည်ကို ကြားသောအခါ" (ရှု၊ figs_quotations)

behold

Not applicable

Genesis 24:31-32

ဝင်ပါလော့

"ဝင်လှည့်ပါ" သို့မဟုတ် "ဝင်ပါ"

ထာဝရဘုရား ကောင်းကြီးပေးတော်မူသောသူ

"ယာဝေးဘုရား ကောင်းကြီးပေးသောသူ"

you

Not applicable

ပြင်၌ အဘယ်ကြောင့် ရပ်နေသနည်း

မိမိအိမ်သို့ ဝင်လာစေလိုသဖြင့် မေးလိုက်ခြင်းဖြစ်သည်။ ဖြစ်ကြောင်းပြ ဝါကျအဖြစ် ပြောင်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အပြင်၌ မနေပါနှင့်" (ရှု၊ figs_rquestion)

ယောက်ျားကို အိမ်သို့သွင်း၍

"... ကို အိမ်သို့သွင်း၍" သို့မဟုတ် "... အိမ်သို့ဝင်ဝင်လာ၏" ဟုလည်း ဖော်ပြနိုင်သည်။ (ရှု၊ figs_go)

ကုလားအုပ်တို့ တန်ဆာကို ချွတ်ပြီးမှ

မည်သူ လုပ်ဆောင်ကြောင်း မသိရပါ။ အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လာဗန်၏ အစေခ့တို့က ကုလားအုပ်ပေါ်မှ တန်ဆာကို ချွတ်ပေး၏" (UDB) သို့မဟုတ် "ကုလားအုပ်တို့ပေါ်မှ တန်ဆာကို အစေခံတို့ ချွတ်ပေးပြီး" (ရှု၊ figs_activepassive)

သူတို့အား မြက်ခြောက်နှင့် စားစရာကို ပေး၏

မည်သူ လုပ်ဆောင်ကြောင်း မသိရပါ။ အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မြက်ခြောက်နှင့် စားစာရာကိုလည်း ပေး၏" (ရှု၊ figs_activepassive)

ယောက်ျားခြေ . . . ခြေဆေးဘို့ ရေကိုလည်း ပေးလေ၏

"အာဗြဟံ၏ အစေခံနှင့် ... ခြေဆေးရန် ရေကိုလည်း ပေး၏"

Genesis 24:33-35

ထည့်သောအခါ

လာဗန်၏ မိသားစု သို့မဟုတ် အစေခံတစ်ဦးဦးက ထည့်ပေးခြင်းဖြစ်သည်။

သူ့ရှေ့မှာ စားစရာကို ထည့်သောအခါ

"သူ့အား စားစရာကို ပေးသောအခါ"

ကျွန်ုပ်သည် ကိုယ်အမှုကို မပြောမှီ

"ကျွန်ုပ် ဦးစွာ စကားမပြောမှီ" သို့မဟုတ် "ကျွန်ုပ်လာရသည့် အကြောင်းကို မပြောမှီ"

သူသည် ကြီးမြတ်ခြင်းသို့ ရောက်လေပြီ

"သူ" မှာ အာဗြဟံကို ညွှန်းသည်။

ကြီးမြတ်ခြင်းသို့ ရောက်လေပြီ

"အလွန်ကြီးပွားလေပြီ"

ထာဝရဘုရားသည် . . . တို့ကို ပေးတော်မူပြီ

ယာဝေးဘုရားကို ညွှန်းသည်။

Genesis 24:36-38

ယေဘုယျ အချက်အလက်

အာဗြဟံ၏ အစေခံက ရေဗက္က၏ အိမ်သားတို့ထံ ဆက်လက် ပြောဆိုသည်။

သူ့အား သားကို ဘွားမြင်သဖြင့်

"သူ့အတွက် သားကို ဘွားမြင်လေရာ"

ထိုသားအား . . . အပ်ပေးပြီ

"ထိုသားထံ ... အပ်ပေး၏"

ကျွန်ုပ်၏သခင်ကလည်း . . . အကျွန်ုပ်ကို ကျိန်ဆိုစေ၏

"ကျွန်ုပ်သခင်က ... အကျွန်ုပ်ကို ကျိန်ဆိုပြီး ပြုစေခဲ့၏"

ခါနာန်အမျိုးသမီးတို့တွင်

ခါနာနိလူ အမျိုးသမီးကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ခါနာနိအမျိုးသမီးတို့တွင်" သို့မဟုတ် "ခါနာနိအမျိုးမှ"

ငါနေသော

"ငါနေထိုင်သော။" "ငါ" မှာ အာဗြဟံနှင့် မိမိအိမ်သား အားလုံးကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါတို့ နေထိုင်သော" (ရှု၊ figs_metonymy)

ငါ့အမျိုးသားချင်းတို့ထံသို့

"ငါ့ဆွေမျိုးသားချင်းတို့ထံ" (UDB)

Genesis 24:39-41

ယေဘုယျ အချက်အလက်

အာဗြဟံ၏ အစေခံက ရေဗက္က၏ အိမ်သားတို့ထံ ဆက်လက် ပြောဆိုသည်။

မိန်းမသည်မလိုက်လိုလျှင် အဘယ်သို့နည်း

ဖြစ်နိုင်ချေ တင်ပြခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိန်းမက လိုက်လိုခြင်း ရှိမည် မဟုတ်ပါ" သို့မဟုတ် "မိန်းမက မလိုက်လိုလျှင် အဘယ်သို့ ပြုရမည်နည်း" (ရှု၊ figs_hypo)

ရှေ့တော်၌ ငါသွားလာ၏

ယာဝေးဘုရားကို ကိုးကွယ်ခြင်းသဘော မည်၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "... ကို ငါကိုးကွယ်၏" (ရှု၊ figs_metaphor)

သင်သွားသောအမှုကို ပြုစုတော်မူသဖြင့်

"သင့်ခရီးကို အောင်မြင်စေတော်မူသဖြင့်"

အဘ၏အိမ်

"မိသားစု"

ငါ့အမျိုးသားချင်းတို့ထံသို့ ရောက်သောအခါ၊ သင်သည် ငါပေးသော ကျိန်ဆိုခြင်းနှင့် ကင်းလွတ်စေ။ ထိုသူတို့သည် မိန်းမကို မပေးသော်လည်း၊ သင်သည် ငါပေးသော ကျိန်ဆိုခြင်းနှင့် ကင်းလွတ်စေမည်

မဖြစ်ဟု အာဗြဟံ ခံယူထားသည်။ ဖြစ်နိုင်ချေများမှာ၊ ၁) "ငါ့အမျိုးသားချင်းတို့ထံ ရောက်သောအခါ၊ ထိုသူတို့က မိန်းမကို မပေးလိုလျှင်၊ သင်သည် ငါပေးသော ကျိန်ဆိုခြင်းနှင့် ကင်းလွတ်လိမ့်မည်" သို့မဟုတ် ၂) အငယ် ၄၀ ကို ဖတ်ခြင်းအားဖြင့်၊ "ငါ့အမျိုးသားချင်းတို့ထံ ရောက်သောအခါ၊ ငါပြောသည်အတိုင်း ပြုရမည်။ သို့ရာတွင်၊ ထိုသူတို့က မိန်းမကို မပေးလျှင်၊ သင်သည် ငါပေးသော ကျိန်ဆိုခြင်းနှင့် ကင်းလွတ်လိမ့်မည်" (ရှု၊ figs_hypo)

သင်သည် ငါပေးသော ကျိန်ဆိုခြင်းနှင့်ကင်းလွတ်စေ

"သင်သည် ငါပေးသော ကျိန်ဆိုခြင်းမှ လွတ်မြောက်လိမ့်မည်။" ကျိန်ဆိုခြင်းမှ လွတ်မြောက်ကြောင်းကို ချည်နှောင်ခြင်းမှ လွတ်မြောက်သကဲ့သို့ ခိုင်းနှိုင်းထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင် ကျိန်ဆိုထားသော စကားမှ လွတ်မြောက်စေ" (ရှု၊ figs_metaphor)

ငါ့အမျိုးသားချင်းတို့ထံသို့ ရောက်သောအခါ

"ရောက်သွား" သို့မဟုတ် "ရောက်လာ" ဟူ၍ သုံးနှုန်းသော ဘာသာစကားများ ရှိသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ဆွေမျိုးတို့အိမ်၌ ရောက်သောအခါ" သို့မဟုတ် "ငါ့ဆွေမျိုးတို့ထံ ရောက်သောအခါ" (ရှု၊ figs_go)

Genesis 24:42-44

ယေဘုယျ အချက်အလက်

အာဗြဟံ၏ အစေခံက ရေဗက္က၏ အိမ်သားတို့ထံ ဆက်လက် ပြောဆိုသည်။

ရေတွင်း

"စမ်း"

အကျွန်ုပ်သည် ရေတွင်းနားမှာရပ်နေ၍

မိမိ ရပ်နေသည့်အရပ်ကို ဖော်ပြခြင်းဖြင့် မိမိဘက်သို့ အာရုံစိုက်ရန် ဘုရားသခင်ထံ လျှောက်ဆိုခြင်းဖြစ်သည်။

. . . လာသော အကြင်သမီးကညာကို . . . ဟု ပြန်ဆိုသော သမီးကညာသည်

မိမိ ဆုတောင်းချက်ကို အချက် သုံးချက်ဖြင့် တင်ပြထားသည်။

ရေခပ်ခြင်းငှါ

"ရေခပ်ရန်"

ရေဘူး

အရည်များကို သယ်ယူ ထည့်သုံးရန် ရွှံ့စေးမှ ထုလုပ်ထားသော သာမန်အရွယ် အိုး။ ၂၄း၁၂ မှ ပြန်ဆိုချက်ကို ရှု။

ခန့်ထားတော်မူသော မိန်းမဖြစ်ပါစေသော

ဆု‌‌တောင်းချက်ကို နိဂုံးချုပ်လိုက်သည်။

Genesis 24:45-46

ယေဘုယျ အချက်အလက်

အာဗြဟံ၏ အစေခံက ရေဗက္က၏ အိမ်သားတို့ထံ ဆက်လက် ပြောဆိုသည်။

စိတ်နှလုံး၌ လျှောက်ဆို၍

တိုးတိတ်စွာ ဆုတောင်းကြောင်း ညွှန်းသည်။ "စိတ်နှလုံး" က အတွေးနှင့် အမြင်ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဆုတောင်း၍" (UDB) သို့မဟုတ် "တိုးတိတ်စွာ တောင်းဆို၍" (ရှု၊ figs_metaphor နှင့် figs_metonymy)

behold

Not applicable

ရေဘူး

အရည်များကို သယ်ယူ ထည့်သုံးရန် ရွှံ့စေးမှ ထုလုပ်ထားသော သာမန်အရွယ် အိုး။ ၂၄း၁၂ မှ ပြန်ဆိုချက်ကို ရှု။

ရေတွင်းသို့ ဆင်း၍

"ဆင်း" ဟုဆိုရာတွင် အစေခံ ရှိသည့်နေရာမှာ ရေတွင်းရှိရာထွက် မြင်၍ ဖြစ်သည်။

ရေတွင်း

"စမ်း"

ကုလားအုပ်တို့ကိုလည်း ရေတိုက်လေ၏

"ကုလားအုပ်တို့ကိုလည်း ရေပေးလေ၏။

Genesis 24:47-48

ယေဘုယျ အချက်အလက်

အာဗြဟံ၏ အစေခံက ရေဗက္က၏ အိမ်သားတို့ထံ ဆက်လက် ပြောဆိုသည်။

ကျွန်ုပ်သည် မိလခါ ဘွားမြင်သော နာခေါ်သား ဗေသွေလ၏သမီး

"ကျွန်မအဖေမှာ နာခေါ်နှင့် မိလခါတို့ ဘွားမြင်သော ဗေသွေလဖြစ်သည်"

နှာဆွဲ . . . လက်ကောက်

ရွှေနှင့် ပြုလုပ်ထားသော အရာများ ဖြစ်သည်။ ၂၄း၃၁ မှ ပြန်ဆိုချက်ကို ရှု။

ဦးညွှတ်ချ၍

ဘုရားသခင် ရှေ့မှောက်၌ နှိမ့်ချသော သဘောဖြစ်သည်။ (ရှု၊ translate_symaction)

မှန်သောလမ်းဖြင့် ပို့ဆောင်တော်မူသော

"ဤနေရာသို့ ပို့ဆောင်တော်မူသော"

ပို့ဆောင်တော်မူသော

"သောကြောင့်" ကို အစားထိုး ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ပို့တောင်တော်မူသောကြောင့်" (ရှု၊ writing_connectingwords)

ကျွန်ုပ်သခင် အစ်ကို

အာဗြဟံ၏အစ်ကို နာခေါ်ကို ညွှန်းသည်။

Genesis 24:49

ယေဘုယျ အချက်အလက်

အာဗြဟံ၏ အစေခံက ရေဗက္က၏ အိမ်သားတို့ထံ ဆက်လက် ပြောဆိုသည်။

ယခုတွင်

"ထို့ကြောင့် ယခုတွင်။" "ယခု" ဟု ဆိုရာတွင် "ထိုအချိန်တွင်" ကို ဆိုလိုခြင်း မဟုတ်ဘဲ၊ ၎င်းနောက် အဖြစ်အပျက်ကို ညွှန်းသည်။

သင်တို့သည်၊ ကျွန်ုပ်သခင်၌ သစ္စာနှင့် ကျေးဇူး ပြုမည်၊ မပြုမည်ကိုပြောပါ

အဘယ်သို့ သစ္စာနှင့်ကျေးဇူး ပြုရမည်ကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့သည်၊ ကျွန်ုပ်သခင်၏ သားအတွက် ရေဗက္ကကို ပေးခြင်အားဖြင့် သူ့အပေါ်၌ သစ္စာနှင့်ကျေးဇူး ပြုမည်၊ မပြုမည်ကိုပြောပါ" (ရှု၊ figs_explicit)

သင်တို့

လာဗန်နှင့် ဗေသွေလတို့ကို ညွှန်းသည်။ (ရှု၊ figs_you)

သစ္စာနှင့်ကျေးဇူး

အထက်ပါ စိတ္တဇနာမ်တို့ကို "သစ္စာရှိစွာနှင့်စိတ်ချစွာ" ဟု ပြောင်းဆိုနိုင်သည်။ (ရှု၊ figs_abstractnouns)

သစ္စာ

မိသားစုအပေါ် သစ္စာရှိခြင်းကို ဆိုလိုသည်။

မပြုမည်

တိကျပေါ်လွင်စွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့မဟုတ် ထိုသို့မပြုမည်" (ရှု၊ figs_ellipsis)

ကျွန်ုပ်သည်လည်း၊ လက်ျာလမ်းဖြစ်စေ၊ လက်ဝဲလမ်းဖြစ်စေ၊ တလမ်းလမ်းသို့ လိုက်သွားပါမည်

ဖြစ်နိုင်ချေများမှာ၊ ၁) ဆုံးဖြတ်ချက်ချမည်ကို လက်ဝဲ လက်ယာ ဦးလှည့်သကဲ့သို့ ခိုင်းနှိုင်းထားခြင်းဖြစ်သည်။ အခြာသော ဘာသာပြန်ဆိုချက်၊ "သို့မှသာ မည်သို့ ပြုရမည်ကို ကျွန်ုပ်သိပါမည်" သို့မဟုတ် ၂) တခြားအရပ်သို့ ခရီးဆက်ရန် ညွှန်းဆိုခြင်းဖြစ်နိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့မှသာ၊ ကျွန်ုပ်သည် ခရီးဆက်နိုင်ပါမည်" (ရှု၊ figs_metaphor နှင့် figs_idiom)

Genesis 24:50-51

ဗေသွေလ

လာဗန်နှင့် ရေဗက္ကတို့၏ ဖခင်ဖြစ်သည်။

ဤအမှုသည် ထာဝရဘုရား စီရင်တော်မူသောအမှု ဖြစ်၏

"ဤအမှုကို ယာဝေးဘုရား စီရင်တော်မူ၏"

အကျွန်ုပ်တို့သည်၊ သင့်အား ကောင်းမကောင်းကို မပြောနိုင်ပါ

ဘုရားသခင် ပြုသောအမှုကို ကောင်းသည် မကောင်းသည် ခွဲခြားနိုင်သောအခွင့် မရှိကြောင်း ဆိုလို၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့ကြောင့်၊ ကောင်းမကောင်းကို ဆုံးဖြတ်ခြင်း မပြုဝံ့ပါ" (ရှု၊ figs_idiom)

Look

Not applicable

ရေဗက္ကသည် သင့်ရှေ့၌ရှိပါ၏

"ဤနေရာ၌ ရေဗက္က ရှိပါ၏"

Genesis 24:52-53

ထိုစကား

"လာဗန်နှင့် ဗေသွေလတို့ ပြောစကား။" "စကား" မှာ ထိုသူတို့ ပြောသောအရာကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လာဗန်နှင့် ဗေသွေလတို့၏ အဖြေ" (ရှု၊ figs_metonymy)

အာဗြဟံကျွန်သည် ဦးညွှတ်ချ၍

ကိုးကွယ်ခြင်းသဘောကို ပုံဆောင်သည်။ (ရှု၊ translate_symaction)

ငွေဖလား၊ ရွှေဖလား

"ငွေတန်ဆာ၊ ရွှေတန်ဆာ" သို့မဟုတ် "ငွေနှင့် ရွှေမှ ပြုလုပ်သော တန်ဆာများ"

အဘိုးထိုက်သော လက်ဆောင်

"အဖိုးတန် လက်ဆောင်များ" သို့မဟုတ် "အရေးပါသော လက်ဆောင်များ"

Genesis 24:54-55

သူနှင့် သူ၏အဘော်အပေါင်းတို့

"အာဗြဟံ၏ကျွန်နှင့် အပေါင်းအဖော်တို့"

ညဉ့်ကို လွန်စေပြီးမှ

"ညအိပ်ပြီးမှ"

နံနက်ယံ၌ထလျက်

"နောက်နေ့ မနက်တွင် ထလျက်"

ကျွန်ုပ်သည်၊ သခင်ထံသို့ ပြန်ပါရစေ

"ကျွန်ုပ်အား သခင့်ထံသို့ ပြန်ခွင့်ပြုပါ"

ဆယ်ရက်ခန့်လောက်

"နောက်ဆယ်ရက်ကျော်လောက်"

ဆယ်ရက်

"၁၀" (ရှု၊ translate_numbers)

နောက်မှ

"ထိုမှသာ"

Genesis 24:56-58

ထိုသူကလည်း . . . ဟုဆိုလျှင်

"အာဗြဟံ၏ကျွန် ကလည်း"

to them

Not applicable

ကျွန်ုပ်ကို မဆီးတားပါနှင့်

"ကျွန်ုပ်ကို နှောင့်နှေးခြင်း မပြုပါနှင့်" (UDB) "ကျွန်ုပ်ကို မစောင့်ခိုင်းပါနှင့်"

ထာဝရဘုရားသည်၊ ကျွန်ုပ် ရောက်လာသောအမှုကို ပြုစုတော်မူပြီ

"ရောက်လာသောအမှု" မှာ ခရီးလမ်းကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာဝေးဘုရားက၊ ကျွန်ုပ် ခရီးလမ်းကို ဖြောင့်ဖြူးစေတော်မူ၏" (ရှု၊ figs_metonymy)

ကျွန်ုပ်သည် . . . သို့ သွားရသောအခွင့်ကို ပေးပါလော့

"ကျွန်ုပ်အား ... သို့ ပြန်ရသောအခွင့်ကို ပေးပါလော့"

Genesis 24:59-60

သို့ဖြစ်၍၊ မိမိနှမ ရေဗက္က . . . ကို၎င်း လွှတ်လိုက်ကြ၏

"သို့ဖြစ်၍၊ အိမ်သားတို့က ရေဗက္က ... ကို၎င်း လွှတ်လိုက်ကြ၏"

မိမိနှမ ရေဗက္က

လာဗန်၏ ညီမဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိတို့အမျိုး ရေဗက္က" သို့မဟုတ် "လာဗန်ညီမ ရေဗက္က"

သူ၏အထိန်း

ရေဗက္က ငယ်စဉ်မှ ကျွေးမွေးပြုစုလျက်ရှိသော အထိန်းတော်မကို ဆိုလိုသည်။

ကျွန်ုပ်တို့၏နှမ

တအိမ်သားလုံ၏ နှမဟု ညွှန်းဆိုခြင်းမဟုတ်။ ချစ်ခင်မြတ်နိုးကြောင်း ပြသော အသုံးအနှုန်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့ ချစ်မြတ်နိုးသောသူ"

အသောင်းအသိန်းတို့၏အမိ ဖြစ်ပါစေသော

"အမိ" က တမျိုးလုံး၏ မိခင်ဟု ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ အသောင်းအသိန်းတို့၏မိခင် ဖြစ်ပါစေသော" သို့မဟုတ် "အမျိုးအနွယ် များပြားပါစေသော"

အသောင်းအသိန်း

အလွန်များပြား သို့မဟုတ် ရေတွက်မရနိုင်ဟု ဆိုလိုသည်။ (ရှု၊ translate_numbers)

သင်၏အမျိုးအနွယ်သည် ရန်သူတို့၏ တံခါးများကို အစိုးရပါစေသော

ရန်သူ့မြို့တံခါးကို ဖောက်ဖျက်၍ အောင်မြင်ခြင်းကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်အမျိုးအနွယ်သည် မိမိတို့အား မုန်းတီးသောသူတို့ကို အစိုးရပါစေသော" (ရှု၊ figs_metonymy)

Genesis 24:61-62

ရေဗက္ကနှင့် သူ၏မိန်းမငယ်တို့သည် ထ၍၊ ကုလားအုပ်ကို စီးလျက်

"ရေဗက္ကနှင့် အထိန်းတော်တို့သည် ထ၍၊ ကုလားအုပ်ကို စီးလျက်"

ထိုသို့ အာဗြဟံကျွန်သည် ရေဗက္ကကို ဆောင်ယူသွားလေ၏

"သို့ဖြင့် အာဗြဟံကျွန်သည် မိမိလာရာအရပ်သို့ ရေဗက္ကကို ခေါ်သွားလေ၏"

ထိုအခါ

အပြောင်းအလဲတစ်ခုကို ဖော်ပြခြင်း ဖြစ်သည်။ သခင်လေးအတွက် မိန်းမ ရှာပုံတော်ခရီးမှ၊ ယခုတွင် ဣဇာက်အကြောင်းသို့ ပြောင်းလိုက်သည်။

ဗေရလဟဲရော

နေဂဲဘ်အရပ်ရှိ ရေတွင်းတခု၏ အမည်ဖြစ်သည်။ ၁၆း၁၃ မှ ပြန်ဆိုချက်ကို ရှု။

Genesis 24:63-65

ညဦးအချိန်၌ ဆင်ခြင်လိုသောငှါ၊ တောအရပ်သို့ ထွက်သွား၍

"ညနေခင်းအချိန်၌ ဆင်ခြင်လိုသောငှါ၊ ဣဇာက်သည် လယ်ပြင်သို့ သွားရာ။" အစေခံနှင့် ရေဗက္ကတို့ ထွက်လာသည်မှာ အတော်အတန်မျှ ကြာခဲ့ပေမည်။

မြော်ကြည့်လျှင်၊ ကုလားအုပ်များ လာသည်ကို မြင်လေ၏

"ကုလားအုပ်များ လာသည်ကို မြင်လျှင် အံ့ဩလေ၏"

ရေဗက္ကသည်လည်း၊ မြော်ကြည့်၍

"ရေဗက္ကသည်လည်း၊ ကြည့်ရှု၍"

ကုလားအုပ် အပေါ်မှ ဆင်းပြီးလျှင်

"ကုလားအုပ်ပေါ်မှ အမြန်ဆင်းပြီး"

ရေဗက္ကသည် မျက်နှာဖုံးကိုယူ၍ ဖုံးလေ၏

"သူမသည် မိမိမျက်နှာကို ဖုံးအုပ်လေ၏။" လက်ထက်မည့် အမျိုးသားအပေါ် လေးစား ကြည်ညိုမှုကို ပြသခြင်းဖြစ်သည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ (ရှု၊ translate_symaction နှင့် figs_explicit)

မျက်နှာဖုံး

တဦးတယောက်၏ ဦးခေါင်း၊ ပခုံးနှင့် မျက်နှာကို ဖုံးအုပ်ရာ၌ သုံးသော အထည်စဖြစ်သည်။

Genesis 24:66-67

ရေဗက္ကကို ဆောင်ယူ၍ စုံဘက်လေ၏

ဣဇာက်က ရေဗက္ကကို လက်ထပ် ထိန်းမြားကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရေဗက္ကကို ခေါ်ယူ၍ ထိန်းမြားလေ၏" သို့မဟုတ် "ရေဗက္ကကို ခေါ်၍ မယားအဖြစ် ယူလေ၏" (ရှု၊ figs_doublet)

သက်သာခြင်းသို့ ရောက်လေ၏

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရေဗက္ကသည် ဣဇာက်အား နှစ်သိမ့်လေ၏" (ရှု၊ figs_activepassive)

Genesis 25

Genesis 25:1-4

ယေဘုယျ အချက်အလက်

translate_names ကို ရှု။

ထိုသူအပေါင်းတို့ကား

အငယ် ၂ မှ ၄ တွင် ဖော်ပြထားသော ပုဂ္ဂိုလ်များအားလုံးကို ညွှန်းသည်။

Genesis 25:5-6

အာဗြဟံသည်၊ မိမိဥစ္စာရှိသမျှကို ဣဇာက်အား ပေးလေ၏

"ဣဇာက်သည်၊ အာဗြဟံ ပိုင်သမျှကို ဆက်ခံလေ၏။" သေပြီးနောက် သူတပါး ခွဲပေးခြင်းမပြုမီ ဖခင်များအနေဖြင့် အိုမင်းသောအခါ မိမိဥစ္စာကို ခွဲဝေပေးရိုး ဖြစ်သည်။

Genesis 25:7-8

ထိုနောက် အာဗြဟံသည် . . . အသက်ပေါင်း တရာခုနစ်ဆယ်ငါးနှစ်ရှိသော်

"အာဗြဟံသည် ၁၇၅ နှစ်တိုင် ... ရှင်သန်ခဲ့၏" (ရှု၊ translate_numbers)

အသက်ချုပ်၍ အနိစ္စဖြစ်သဖြင့်

"ဘဝနိဂုံးချုပ်၍ ကွယ်လွန်သဖြင့်။" "အသက်ချုပ်" နှင့် "အနိစ္စ" မှာ တူညီသော အဓိပ္ပါယ် သက်ရောက်၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့နောက် အနစ္စရောက်သဖြင့်" (ရှု၊ figs_doublet)

အသက်ချုပ်၍

လူတစ်ဦး သေဆုံးကြောင်း ယဉ်ကျေးစွာ သုံးနှုန်းထားခြင်း ဖြစ်သည်။ (ရှု၊ figs_euphemism)

အသက်ကြီးရင့်၍၊ အိုမင်းခြင်း၊ နေ့ရက်ကာလ ပြည့်စုံခြင်းနှင့်တကွ

အထက်ပါ စာပိုဒ်ကို အာဗြဟံမှာ ကြာရှည်စွာ အသက်ရှင်သည်ဟု ရိုးရှင်းစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အသက်ကြီးရင့်၍ အိုမင်းသောအခါ" (ရှု၊ figs_doublet)

အိုမင်းခြင်း၊ နေ့ရက်ကာလ ပြည့်စုံခြင်းနှင့်တကွ

အသက်ကို အပြည့် ဖြည့်နိုင်သော အရာကဲ့သို့ တင်စားထားသည်။ (ရှု၊ figs_metaphor)

မိမိလူမျိုး စည်းဝေးရာသို့ရောက်လေ၏

သေပြီးနောက် ဘိုးဘေးများ သွားသည့်အရပ်သို့ ရောက်သွားကြောင်း ဆိုလိုသည်။ အဖြည့်ခံဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိဘိုးဘေးတို့ထံ ခေါ်ဆောင်ခြင်း ခံရလေ၏" (ရှု၊ figs_idiom နှင့် figs_activepassive)

Genesis 25:9-11

ဧဖရုန်၏လယ်ပြင်တွင်၊ မပ္ပေလမြေတွင်း၌

မက်ဖေလလယ်ပြင်နှင့် ထိုလယ်ပြင်ရှိ လှိုဏ်ဂူတို့ကို ဧဖရုန် ပိုင်ခဲ့၏။ သူ့ထံမှ အာဗြဟံက ဝယ်ယူခဲ့သည်။

မပ္ပေလ

နေရာ သို့မဟုတ် ဒေသအမည် ဖြစ်သည်။ ၂၃း၇ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ဇောရ . . . ဧဖရုန်

ယောက်ျားအမည်များ ဖြစ်သည်။ ၂၃း၇ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

မံရေမြို့ ရှေ့မှာ

မက်ဖေလမှာ မံရေမြို့နားတွင် ရှိ၏။

မံရေမြို့

ဟေဗြုန်မြို့၏ တခြားအမည် ဖြစ်သည်။ အာဗြဟံ၏ မိတ်ဆွေ မံရေကို အဆွဲပြုခြင်း ဖြစ်နိုင်သည်။ ၂၃း၁၇ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

. . . အား အဘိုးပေး၍ အာဗြဟံဝယ်သော လယ်ပြင်

"... ထံမှ အာဗြဟံ ဝယ်ယူသော လယ်ပြင်"

ဟေသအမျိုးသားတို့

"ဟေသ၏ အမျိုးတို့" သို့မဟုတ် "ဟိတ္တိလူတို့။" ၂၃း၅ မှ ပြန်ဆိုချက်ကို ရှု။

အာဗြဟံနှင့် မယားစာရာတို့ကို သင်္ဂြိုဟ်ကြသတည်း

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အာဗြဟံနှင့် မယားစာရာတို့ကို မြေမြှုပ်ကြ၏" (ရှု၊ figs_activepassive)

သား

"အာဗြဟံ၏သား"

ဗေရလဟဲရော

"ကျွန်ုပ်ကို တွေ့မြင်ရာ အသက်ရှင်သောသခင်၏ တွင်း။" ၁၆း၁၃ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

Genesis 25:12

Now

Not applicable

Genesis 25:13-16

ယေဘုယျ အချက်အလက်

translate_names ကို ရှု။

. . . ဟူသော ဣရှမေလသားတည်း။ ထိုသို့အမည်ရှိသော သူတို့သည်၊ မိမိမြို့၊ မိမိရဲတိုက်အလိုက်၊ အမျိုးမျိုးသော မင်းဆယ်နှစ်ပါးဖြစ်သတည်း

စာကြောင်း နှစ်ခုအဖြစ် ခွဲနိုင်သည်။ "ဤသူတို့မှာ ဣရှမေလသား ဆယ့်နှဦး ဖြစ်သတည်း။ ထိုသူတို့သည်၊ မိမိမြို့၊ မိမိရဲတိုက်အလိုက် အမည်အသီးသီးဖြင့် ခေါ်တွင်သော လူမျိုးများ ဖြစ်သတည်း"

ဆယ်နှစ်ပါး

"၁၂ ပါး" (ရှု၊ translate_numbers)

မင်း

"မင်း" ဟူရာတွင် လူမျိုးစု၏ ဦးခေါင်း သို့မဟုတ် ခေါင်းဆောင်ဟု ဆိုလိုသည်။ ဘုရင်ဟု တိုက်ရိုက်ဆိုလိုခြင်း မဟုတ်ပါ။

Genesis 25:17-18

ဣရှမေလသည် အသက်တရာသုံးဆယ်ခုနစ်နှစ်ရှိသော်

"ဣရှမေလသည် နှစ်ပေါင်း ၁၃၇ နှစ် အသက်ရှင်ပြီးနောက်" (ရှု၊ translate_numbers)

အသက်ချုပ်၍ သေသဖြင့်

"အသက်ချုပ်" နှင့် "သေ" ဟူသည်မှာ အဓိပ္ပါယ်ချင်း တူ၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကွယ်လွန်သဖြင့်" (ရှု၊ figs_doublet)

မိမိလူမျိုး စည်းဝေးရာသို့ ရောက်လေ၏

သေပြီးနောက် ဘိုးဘေးများ သွားသည့်အရပ်သို့ ရောက်သွားကြောင်း ဆိုလိုသည်။ အဖြည့်ခံဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိဘိုးဘေးတို့ထံ ခေါ်ဆောင်ခြင်း ခံရလေ၏" (ရှု၊ figs_idiom နှင့် figs_activepassive)

သူတို့သည်လည်း . . . နေကြ၏

သူ၏ အမျိုးအနွယ်တို့သည် ... နေကြ၏"

ဟာဝိလမြို့မှစ၍ . . . ရှုရမြို့တိုင်အောင် . . .

"ဟာဝိလမြို့နှင့် ... ရှုရမြို့ကြား ..."

ဟာဝိလမြို့

အာရေဗျ သဲကန္တာရ တနေရာတွင် တည်ရှိသည်။၂း၁၁ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

. . . သို့ သွားရာလမ်း

"... ဘက်"

မိမိညီအစ်ကိုအပေါင်း အနား၌ ကျသတည်း

ဖြစ်နိုင်ချေများမှာ၊ ၁) "မိမိတို့ ညီအစ်ကိုနှင့် ရန်ငြိုးဖွဲ့လျက် ရှိကြသတည်း" (UDB) သို့မဟုတ် ၂) "ဆွေမျိုးသားချင်းတို့မှ ဝေးရာတွင် နေကြသတည်း"

Genesis 25:19-20

အာဗြဟံသား ဣဇာက်၏အဆက်အနွှယ်ဟူ မူကား

ကမ္ဘာဦးကျမ်း ၂၅း၁၉ မှ ၃၅း၂၉ တွင် ဖော်ပြမည့် ဣဇာက်အကြောင်းကို မိတ်ဆက်သော စာကြောင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဤသည်မှာ အာဗြဟံသား ဣဇာက်၏အမျိုးအနွယ်များ အတ္ထုပ္ပတ္တိ ဖြစ်သတည်း" (ရှု၊ figs_explicit)

အသက်လေးဆယ် ရှိသောအခါ

"အသက် ၄၀ ရှိသောအခါ" (ရှု၊ translate_numbers)

ရေဗက္ကနှင့် အိမ်ထောင်လေ၏

"ရေဗက္ကနှင့် ထိန်းမြားလေ၏"

ဗေသွေလ

ရေဗက္က၏ ဖခင်ဖြစ်သည်။ ၂၂း၂၀ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ပါဒနာရံ

ပဒ္ဒန်အာရမ် ဟူရာတွင် မက်ဆိုပိုတေးမီးယားဒေသကို ညွှန်းပြီး၊ မျက်မှောက် အီရတ်နိုင်ငံ ဖြစ်သည်။ (ရှု၊ translate_names)

Genesis 25:21-22

ရေဗက္က မြုံသောကြောင့်

"ရေဗက္က သားအိမ်မြုံသောကြောင့်"

သူ၏မယားသည် ပဋိသန္ဓေ စွဲယူလေ၏

အမွှာနှစ်ယောက်ဖြင့် ကိုယ်ဝန်ဆောင်ကြောင်း တိကျစွာ ဖော်ပြနိုင်သည်။ "သူ၏မယားသည် အမွှာနှစ်ယောက်အား ပဋိသန္ဓေ စွဲလေ၏" (ရှု၊ figs_explicit)

ဝမ်းအတွင်း၌တည်သော သူငယ်တို့သည်၊ အချင်းချင်း တိုက်ခိုက်ကြ၏

"သူမအတွင်း၌ အမွှာတို့သည် အချင်းချင်း ပုတ်ခတ်ကြ၏" သို့မဟုတ် "ဝမ်းတွင်းရှိ သူငယ်တို့ အချင်းချင်း တွန်းဖယ်ကြ၏"

ဝမ်းအတွင်း၌တည်သော သူငယ်တို့

ရေဗက္ကသည် အမွှာနှစ်ယောက်ကို ပဋိသန္ဓေစွဲရ၏။ (ရှု၊ figs_explicit)

ထာဝရဘုရားကို မေးလျှောက်ခြင်းငှါ သွားလေ၏

"ယာဝေးဘုရားကို မေးလျှောက်ခြင်းငှါ သွားလေ၏။" အဘယ်အရပ်သို့ သွားသည်ကို ဖော်ပြခြင်း မပြုပါ။ ဆုတောင်းရန် တိတ်ဆိတ်သောအရပ် ဖြစ်နိုင်သကဲ့သို့၊ ယဇ်ပူဇော်ရန် သွားခြင်းလည်း ဖြစ်နိုင်သည်။

Genesis 25:23

. . . ဟု မိန့်တော်မူ၏

"... ဟု ရေဗက္ကအား မိန့်တော်မူ၏"

သင်၏ဝမ်းအတွင်း၌ . . . အကြီးသည် အငယ်၌ ကျွန်ခံရလိမ့်မည်

ကဗျာအသုံးအနှုန်း ဖြစ်သည်။ ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းဖြင့် ဖော်ပြနိုင်သည်။ (ရှု၊ writing_poetry)

သင်၏ဝမ်းအတွင်း၌ လူမျိုးနှစ်မျိုးရှိ၏

"လူမျိုးနှစ်မျိုး" မှာ ကလေးနှစ်ယောက်ကို ပုံဆောင်သည်။ အသီးသီးက လူမျိုးတခုစီ၏ ဖခင်ဖြစ်လာမည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်၏ဝမ်းတွင်း၌ ရှိသော သူငယ်နှစ်ဦးအားဖြင့် လူမျိုးနှစ်ခု ဖြစ်လာမည်" (ရှု၊ figs_metonymy)

သင်၏ဝမ်းထဲက ခြားနားသော လူစုနှစ်စုကို ဘွားရလိမ့်မည်

"လူစုနှစ်စု" မှာ သူငယ်နှစ်ဦးကို ပုံဆောင်သည်။ တဦးစီက လူတစ်စု၏ ဖခင်ဖြစ်လာမမည်။ အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မွေးလာသော သူငယ်တို့သည် အချင်းချင်း ရန်ဘက်ပြုလိမ့်မည်" (ရှု၊ figs_metonymy နှင့် figs_activepassive)

အကြီးသည် အငယ်၌ ကျွန်ခံရလိမ့်မည်

ဖြစ်နိုင်ချေများမှာ၊ ၁) "အကြီးသည် အငယ်ကို ခဝါချရလိမ့်မည်" သို့မဟုတ် ၂) "အကြီး၏အမျိုးသည် အငယ်၏အမျိုး၌ ကျွန်ခံလိမ့်မည်။" ဖြစ်နိုင်လျှင်၊ နားလည်လွယ်သော စကားလုံးကို အသုံးပြုပါ။

Genesis 25:24-26

behold

Not applicable

အမွေးပါသော အဝတ်ကဲ့သို့ဖြစ်၍၊ တကိုယ်လုံး အဆင်းနီ၏

ဖြစ်နိုင်ချေများမှာ၊ ၁) အသားအရေနီ၍ တကိုယ်လုံး အမွေးများသည် သို့မဟုတ် ၂) တကိုယ်လုံး နီရဲသော အမွေးများ ရှိသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သားမွေးဖြင့် လုပ်ထားသော ဝတ်ရုံကဲ့သို့၊ တကိုယ်လုံး နီ၍ အမွေးထူ၏" (ရှု၊ figs_simile)

ဧသော

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဧသောမှာ 'အမွေးထူ' ဟူသော ဝေါဟာရနှင့် နီးစပ်သည်" ဟု မှတ်ချက်ထည့်နိုင်သည်။

အစ်ကိုဧသော၏ ဖနှောင့်ကို ကိုင်လျက်

"ဧသော၏ ခြေဖနှောင့်ကို ကိုင်လျက်"

ယာကုပ်

ဘာသာပြန်ဆိုသူများ အနေဖြင့် "ယာကုပ်မှာ 'ခြေဖနှောင့်' ဟူသော ဝေါဟာရနှင့် နီးစပ်သည်" ဟု မှတ်ချက်ထည့်နိုင်သည်။

အသက်ခြောက်ဆယ်

"အသက် ၆၀" (ရှု၊ translate_numbers)

Genesis 25:27-28

လိမ္မာသော တောသားမုဆိုးဖြစ်လေ၏

"ကျွမ်းကျင်သော တောသားမုဆိုးဖြစ်လေ၏"

စိတ်ကောင်းသောသူ

"အေးချမ်းသောသူ" သို့မဟုတ် "ဆိတ်ငြိမ်သောသူ"

တဲ၌နေတတ်၍

အခြားသော ဘာသာပြန်ဆိုချက်၊ "တဲ၌ အချိန်အများစုနေတတ်၍" (ရှု၊ figs_metaphor)

Now

Not applicable

ဣဇာက်သည် . . . ကို ချစ်၏

"ချစ်" ဟူရာတွင် "မျက်နှာသာပေး" သို့မဟုတ် "နှစ်သက်" ကို ဆိုလိုသည်။

ဧသောပေးသော အမဲသားကို စားလေ့ရှိသောကြောင့်

"ဧသော ဖမ်းသော အသားကို စားလေ့ရှိသဖြင့်" သို့မဟုတ် "ဧသော ဖမ်းသော အသားကို ကြိုက်သောကြောင့်"

Genesis 25:29-30

တနေ့သ၌၊ ယာကုပ်သည် . . . ချက်ပြုတ်စဉ်

ဖြစ်ရပ်တခု၏အစ ဖြစ်သောကြောင့် UDB မူပြန်ကျမ်းကဲ့သို့ "တနေ့သ၌" သို့မဟုတ် "တနေ့သော်" စသဖြင့် နိဒါန်းဖွင့်ပေးမည့် စကားလုံးကို ထည့်သွင်း ဖော်ပြနိုင်သည်။

စားစရာကို ချက်ပြုတ်စဉ်

"အစာကို ချက်ပြုစဉ်" သို့မဟုတ် "ဟင်းကို ချက်ပြုတ်စဉ်။" ပဲနီလေးကို ပြုတ်ထားသော ဟင်းရည်ဖြစ်သည်။ (ရှု၊ ၂၅း၃၁)

မောသောကြောင့်

"အစာငတ်သဖြင့် မောသောကြောင့်" သို့မဟုတ် "စာလှောင်သောကြောင့်"

ငါမောပါသည်

"အစာငတ်၍ မောပါပြီ" သို့မဟုတ် "ငါစာလှပြီ"

ဧဒုံ

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဧဒုံ ဟူသော အမည်မှာ 'အနီ' ဟု အဓိပ္ပါယ်ရသည်" ဟူ၍ မှတ်ချက်ထည့်နိုင်သည်။

Genesis 25:31-34

သားဦးအရာ

"ဖခင်၏ဥစ္စာ အများစုကို ဆက်ခံစေသော သားဦးအရာ" (UDB)

ငါသေလုပြီ

မည်မျှ စာလှောင်နေကြောင်း ဖော်ပြခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သေလောက်အောင် စာလှပြီ" (ရှု၊ figs_hyperbole)

သားဦးအရာအားဖြင့် အဘယ်အကျိုး ရှိပါလိမ့်မည်နည်း

အစာသည် သားဦးအရာထက် အရေးပါသည်ဟု ဧသော ဆိုလိုခြင်းဖြစ်၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "အစာငတ်သောလျှင် သားဦးအရာက အဘယ်သို့ အကျိုးပြုမည်နည်း" (ရှု၊ figs_rquestion)

ယနေ့ပင် ငါ့အား ကျိန်ဆိုခြင်းကိုပြုပါ

အဘယ်အရာကို ကျိန်ဆိုရမည်အကြောင်း တိကျစွာ ဖော်ပြနိုင်သည။ အခြားသော ဘာသာပြန်ဆိုချက်၊ "သားဦးအရာကို ရောင်းမည်အကြောင်း ယခုပင် ကျိန်ဆိုပါ" (ရှု၊ figs_explicit)

ပဲဟင်း

အထက်ပါ ပဲနီလေးမှာ ပဲအမျိုးဖြစ်ပြီး သေးငယ်၊ လုံးဝန်း၍ ပြား၏။ (ရှု၊ translate_unknown)

ဧသောသည်၊ မိမိနှင့်ဆိုင်သော သားဦးအရာကို မထီမဲ့မြင် ပြုသတည်း

"ဧသောသည် မိမိ၏ သားဦးအရာကို မထီမဲ့မြင် ပြုသတည်း"

Genesis 26

Genesis 26:1

Now

Not applicable

အစာခေါင်းပါးခြင်း ရှိပြန်သည်

"ကပ်ဘေးဆိုက်ရောက်ပြန်၏" သို့မဟုတ် "အစာခေါင်းပါးခြင်း ဖြစ်၏"

ထိုပြည်၌

ဘယ်ပြည်ဖြစ်ကြောင်း တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ ဣဇာက်နှင့်အိမ်သားတို့ နေထိုင်သော ပြည်၌" (ရှု၊ figs_explicit)

အာဗြဟံလက်ထက် ... ဖြစ်ဘူးသော

"လက်ထက်" ဟူရာတွင် အာဗြဟံ အသက်ရှင်စဉ်ဟု ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အာဗြဟံ ထင်ရှားစဉ် ... ဖြစ်ဖူးသော" (ရှု၊ figs_metonymy)

Genesis 26:2-3

ယေဘုယျ အချက်အလက်

ယာဝေးဘုရားက ဣဇာက်ထံ စတင်မိန့်တော်မူ၏။

သူ့အားထင်ရှား၍

"ဣဇာက်ထံ ထင်ရှား၍"

အဲဂုတ္တုပြည်သို့မသွားနှင့်

ကတိတော်ထားရာပြည်မှ နိမ့်ရာသို့ ဆင်းသွားသည်ဟုလည်း ဖော်ပြနိုင်သည်။ (ရှု၊ figs_idiom)

အကြောင်းမူကား၊ သင်နှင့် သင်၏အမျိုးအနွယ်အား ဤပြည်ရှိသမျှတို့ကို ငါပေးမည်

"အကြောင်းမူကား၊ သင်နှင့် သင့်အမျိုးအနွယ်ထံ ဤပြည်တခုလုံးကို ငါပေးမည်"

သင်၏အဘ အာဗြဟံအား ငါကျိန်ဆိုသောစကား ရှိသည်အတိုင်း ငါပြုမည်

"သင့်အဖ အာဗြဟံကို ငါကျိန်ဆိုထားသည်အတိုင်း ငါပြုမည်"

Genesis 26:4-5

ယေဘုယျ အချက်အလက်

ယာဝေးဘုရားက ဣဇာက်ထံ ဆက်လက် မိန့်တော်မူသည်။

သင်၏အမျိုးအနွယ်ကို . . . များပြားစေမည်

"သင်၏အမျိုးအနွယ်ထံ ... ပွားများခြင်းပေးမည်"

ကောင်းကင်ကြယ်ကဲ့သို့

ဣဇာက်၏ အမျိုးအနွယ်ကို ရေတွက် မရနိုင်သော ကြယ်များကဲ့သို့ များပြားမည်ဟု ဖော်ပြခြင်းဖြစ်သည်။ ၂၂း၁၅ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ figs_simile)

ကောင်းကင်

နေ၊ လ၊ ကြယ်စသော ကမ္ဘာကြီး၏အထက်၌ တွေ့ရသမျှကို ညွှန်းသည်။

လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မြေကြီးသား အပေါင်းတို့ ငါကောင်းကြီးပေးမည်" (ရှု၊ figs_activepassive)

အာဗြဟံသည် ငါ့စကားကို နားထောင်၍၊ ငါစီရင်မှာထားသော ပညတ်တရား အမျိုးမျိုးတို့ကို စောင့်ရှောက်သတည်း

"ငါစကားကို နားထောင်၍" နှင့် "ငါစီရင်မှာထားသော ပညာတ်တရား အမျိုးမျိုးတို့ကို စောင့်ရှောက်သတည်း" တို့မှာ အဓိပ္ပါယ် တူသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အာဗြဟံသည် ငါ့စကားကို နားထောင်၍၊ ငါ့ပညတ်ချက် အလုံးစုံကို စောင့်ရှောက်သတည်း" (ရှု၊ figs_parallelism)

ငါ့စကားကို နားထောင်၍

"စကား" မှာ ယာဝေးဘုရား ကိုယ်တိုင်ကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ကို နာခံ၍" (ရှု၊ figs_metonymy)

Genesis 26:6-8

ဣဇာက်သည် ဂေရာမြို့၌ နေစဉ်တွင်

မိသားစု တခုလုံး၏ ခေါင်းဆောင်ဖြစ်သောကြောင့် ဣဇာက် အမည်ကိုသာ ဖော်ပြခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့ကြောင့် ဣဇာက်နှင့် အိမ်သားတို့သည် ဂေရာမြို့၌ နေထိုင်၏" (ရှု၊ figs_explicit)

မပြောမဆိုဝံ့

"ဝံ့" ဟူသည်မှာ ကြောက်ရွံ့ခြင်းသဘောကို ညွှန်းသည်။ "ပြောရန် ကြောက်ရွံ့သဖြင့်"

သူ့အကြောင်းကြောင့်

"သူမအတွက်ကြောင့်"

He saw, behold, Isaac

Not applicable

ရေဗက္ကနှင့် ကစားသည်

ဖြစ်နိုင်ချေများမှာ၊ ၁) လင်နှင့်မိမိမယား ပြုသကဲ့သို့ ထိကိုင်သည် သို့မဟုတ် ၂) လင်နှင့်မယား ပြုသကဲ့သို့ ပြောဆိုရယ်မောသည်။

Genesis 26:9-11

ဣဇာက်ကိုခေါ်၍

ငယ်သား တယောက်ကို စေလွှတ်၍ ဆင့်ခေါ်စေခြင်း ဖြစ်မည်။ အခြား‌သော ဘာသာပြန်ဆိုချက်၊ "ဣဇာက်ကို လူလွှတ်ဆင့်ခေါ်စေ၍" (ရှု၊ figs_metonymy)

သို့ရာတွင်၊ သူသည် ငါ့နှမဖြစ်၏ဟု အဘယ်ကြောင့် သင်ပြောရသနည်း

ပြောခဲ့ပြီးသောစကားကို ပြန်လည် ကိုးကားခြင်းဖြစ်သည်။ သွယ်ဝိုက်စကား အဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့ဖြစ်လျှင်၊ အဘယ်ကြောင့် သူမသည် သင့်နှမဟု ပြောသနည်း" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

သူ့အတွက်ကြောင့်

"သူမအတွက်ကြောင့်"

ငါတို့၌ သင်ပြုသောအမှုကား အဘယ်သို့နည်း

ဣဇာက်ကို ဆုံးမရန် မေးခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါတို့၌ သင်ပြုသောအမှုကား မှားယွင်းပေ၏" (UDB) (ရှု၊ figs_rquestion)

ငါတို့ခေါင်းပေါ်မှာ သင်သည် အပြစ်ရောက်စေလိမ့်မည်တကား

"အပြစ်" ကို လူတယောက်ပေါ် တင်သကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါတို့သည် သူတပါး မယားအပေါ် ပြစ်မှားတော့မည် မဟုတ်ပါတကား" (ရှု၊ figs_metaphor)

ငါတို့ခေါင်းပေါ်မှာ

"ငါတို့" ဟူရာတွင် အဘိမလက်နှင့် သူ့ပြည်သားတို့ကို ညွှန်းသည်။ (ရှု၊ figs_exclusive)

ဤလင်မယားကို ပြစ်မှားသောသူ

"ပြစ်မှား" ဟူရာတွင် ထိခိုက်ခြင်းကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဤလင်မယားကို ထိခိုက်စေသူ" (ရှု၊ figs_idiom)

. . . သည် ဆက်ဆက်အသေခံရမည်

ဣဇာက်နှင့် ရေဗက္ကကို ထိခိုက်သူအား သေဒဏ်ပေးရန် မိမိလူတို့ကို မိန့်လိုက်ခြင်း ဖြစ်သည်။ ၎င်းကို တိကျစွာ ထည့်သွင်းဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "... ကို ငါကွပ်မျက်မည်" သို့မဟုတ် "... ကို သေမိန့်ပေးမည်" (ရှု၊ figs_activepassive)

Genesis 26:12-14

ယေဘုယျ အချက်အလက်

အကြောင်းအရာသစ်၏ အစဖြစ်သည်။ ရေဗက္ကကို မိမိနှမဟု ခေါ်ရာမှ ဖိလိတ္တိလူတို့၏ မနာလိုမှု ခံရသည်ထိ ကောင်းချင်းမင်္ဂလာ ခံစားရသော ဣဇာက်၏ အကြောင်းဖြစ်သည်။

ထိုပြည်၌

"ဂေရာအရပ်၌"

အဆတရာသော

"မိမိစိုက်ပျိုးသည်ထက် အဆတရာ ပိုများသော" ဟု ဆိုလိုသည်။ "များစွာသော" (UDB) ဟူ၍ ယေဘုယျသဘောဖြင့်လည်း ပြန်ဆိုနိုင်သည်။ (ရှု၊ translate_numbers)

သူသည် ကြီးပွါး၍

"ဣဇာက်သည် ကြီးပွါး၍" သို့မဟုတ် "ထိုသူသည် ကြီးပွါး၍"

အလွန်စည်းစိမ်းကြီးသည်တိုင်အောင် တိုးတက်လျက်၊ စီးပွါးဥစ္စာများပြားစွာ ဖြစ်လေ၏

"လွန်စွာ ချမ်းသာသည်အထိ တိုးတက်လျက်၊ ဥစ္စာဓန အမြောက်အမြား ရလေ၏"

သိုးစု

ဆိတ်လည်း ပါဝင်တတ်သည်။ (ရှု၊ figs_explicit)

ကျွန်များ

"ကျွန်များ" မှာ အိမ်သားများလည်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အိမ်သားများ" (ရှု၊ figs_metonymy)

ထိုကြောင့်၊ ဖိလိတ္တိလူတို့သည် သူ့ကိုငြူစူကြ၏

"ထို့ကြောင့်၊ သူ့ကို ဖိလိတ္တိလူတို့ မနာလိုကြ၏"

Genesis 26:15-17

Now

Not applicable

အဘအာဗြဟံ လက်ထက်၌

"လက်ထက်၌" ဟူရာတွင် လူတဦး၏ ဘဝကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဘအာဗြဟံ သက်ရှိထင်ရှားစဉ်က" (ရှု၊ figs_metonymy)

အဘိမလက်မင်းကလည်း . . . အမိန့်ရှိသောကြောင့်

ဖြစ်နိုင်ချေများမှာ၊ ၁) ဣဇာက်တို့ကို အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နောက်ဆုံး၌ အဘိမလက်မင်းက ... အမိန့်ရှိသဖြင့်" သို့မဟုတ် ၂) မိမိလူတို့က ဣဇာက်ကို မနာလိုဖြစ်၍ ရန်ပြုလိုသဖြင့် မင်းကြီးက ထိုသို့ ဆုံးဖြတ်လိုက်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့ကြောင့်၊ အဘိမလက်မင်းက ... အမိန့်ရှိသဖြင့်" (ရှု၊ writing_connectingwords)

ငါ့တို့ထက် တန်ခိုးကြီး၏

"ငါတို့တက် ကြီးမြတ်၏"

ဣဇာက်သည် ထိုမြို့မှ ထွက်သွားပြီးလျှင်

အိမ်ထောင်ဦးစီး ဖြစ်သော ဣဇာက်ကိုသာ ညွှန်းထားသည်။ သို့ရာတွင်၊ မိသားစုနှင့် အစေခံများ အားလုံးလည်း ပါဝင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဣဇာက်နှင့် တအိမ်သားလုံး ထိုမြို့မှ ထွက်သွားပြီး" (ရှု၊ figs_explicit)

Genesis 26:18

ဣဇာက်သည်

"ဣဇာက်" မှာ ဣဇာက်နှင့် တအိမ်သားလုံးကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဣဇာက်နှင့် မိမိလူတို့သည်" (ရှု၊ figs_metonymy)

အဘအာဗြဟံ ကျွန်တို့ တူး၍

"အာဗြဟံ၏ ကျွန်တို့ တူးပြီး"

in the days of Abraham his father

Not applicable

ဖိလိတ္တိလူတို့ ဖို့သော

ဣဇာက်က ပြန်လည် တူးဖော်ရသည့် အကြောင်းရင်း ဖြစ်သည်။ ဤသို့ ပြန်ဆိုနိုင်သည်။ ၁) အထက်ပါ အကြောင်းမှာ ပထမ ဖြစ်ပျက်ခဲ့သောကြောင့်၊ UDB မူပြန်ကျမ်းကဲ့သို့ အရှေ့တွင် ဦးစွာ ဖော်ပြရသည်။ သို့မဟုတ် ၂) "အဘအာဗြဟံ ကျွန်တို့ တူးခဲ့သော ရေတွင်းကို တူးဖော်ပြန်၏။ အကြောင်းမှာ အသေသောနောက် ထိုရေတွင်းတို့ကို ဖိလိတ္တိလူတို့ ပိတ်ဆို့ခဲ့သည်" (ရှု၊ figs_events)

ဖို့သော

"မြေနှင့် ဖို့သော"

Genesis 26:19-20

စမ်းရေ

တွင်းကို တူးရင်း တွေ့လိုက်သော သဘာဝစမ်းရေကို ညွှန်းသည်။ လတ်ဆတ်သော စမ်းရေ ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သန့်ရှင်းသော စမ်းရေ" (UDB) (ရှု၊ figs_idiom)

နွားကျောင်းတို့

"နွားအုပ်ကို ကျောင်းသောသူတို့"

ဤရေသည် ငါတို့ရေဖြစ်၏

ဂေရာမြို့ နွားကျောင်းသားတို့ကို ညွှန်းသည်။ (ရှု၊ figs_exclusive)

ဧသက်

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဧသက် သို့မဟုတ် ဧဆက် မှာ 'ရန်ဖြစ်' သို့မဟုတ် 'ငြင်းခုံ' ဟု ဆိုလိုသည်" ဟူ၍ မှတ်ချက် ထည့်သွင်းနိုင်သည်။ (ရှု၊ translate_names)

Genesis 26:21-22

တူးပြန်ကြ၏

"ဣဇာက်၏ အစေခံတို့က တူးကြပြန်၏" (UDB)

လုကြသောကြောင့်

"နွားကျောင်းသားတို့နှင့် လုကြသောကြောင့်"

. . . အမည်ဖြင့် မှည့်လေ၏

"ဣဇာက်က ... ဟု အမည်ပေးလေ၏"

သိတန

ဘာသာပြန်ဆိုသူများ အနေဖြင့် "သိတန သို့မဟုတ် ဆိတန မှာ 'ကန့်ကွက်' သို့မဟုတ် 'ဝေဖန်' ဟု ဆိုလိုသည်" ဟူ၍ မှတ်ချ ထည့်သွင်းနိုင်သည်။ (ရှု၊ translate_names)

ရဟောဘုတ်

ဘာသာပြန်ဆိုသူများ အနေဖြင့် "ရဟောဘုတ် သို့မဟုတ် ရေဟောဘုသ် မှာ 'အတွက် အခန်းကို ပြင်ဆင်လော့' သို့မဟုတ် 'နေရာလွတ်' ဟု ဆိုလိုသည်" ဟူ၍ မှတ်ချက် ထည့်သွင်းနိုင်သည်။ (ရှု၊ translate_names)

ငါတို့ . . . ငါတို့

ဣဇာက်က မိမိနှင့် မိမိတအိမ်သားလုံကို ညွှန်းဆိုခြင်း ဖြစ်သည်။

Genesis 26:23-25

ထိုအရပ်မှ ဗေရရှေဘအရပ်သို့ ပြောင်း လေ၏

ဗေရရှေဘမှာ မြောက်ဘက်အရပ် ကျပေမည်။ ပြန်ဆိုမည့် ဘာသာစကားနှင့် ကိုက်ညီသော အသုံးအနှုန်းဖြင့် ပြန်ဆိုပါ။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုအရပ်မှ ဗေရရှေဘအရပ်သို့ တက်သွား၏"

သင်၏အမျိုးအနွယ်ကို ငါများပြားစေမည်

"သင့်အမျိုးအနွယ်ကို ငါများပြားစေမည်" သို့မဟုတ် "သင့်အမျိုးအနွယ်ကို များပြားအောင် ငါပြုမည်"

ငါ၏ကျွန် အာဗြဟံအတွက်

"ငါ့ကျွန် အာဗြဟံအဖို့" သို့မဟုတ် ပို၍ တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ကျွန် အာဗြဟံကို သစ္စာဆိုခဲ့သည်အတိုင်း" (ရှု၊ figs_explicit)

ထိုအရပ်၌ ယဇ်ပလ္လင်ကိုတည်၍

ယဇ်ပလ္လင် တည်ရသော အကြောင်းရင်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုအရပ်၌ ယာဝေးဘုရားအဖို့ ယဇ်ပလ္လင်ကို တည်၍" (ရှု၊ figs_explicit)

ထာဝရဘုရား၏ နာမတော်ကို ပဌနာပြု၏

"ပဌနာပြု" ဟူရာတွင် ဆုတောင်း သို့မဟုတ် ကိုးကွယ်ရှိခိုးဟု ဆိုလိုသည်။ "နာမတော်" မှာ ယာဝေးဘုရား ကိုယ်တော်တိုင်ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာဝေးဘုရားကို ကိုးကွယ်ဝတ်ပြု၏" (ရှု၊ figs_metonymy)

Genesis 26:26-27

ဣဇာက်ရှိရာသို့သွား၏

"ဣဇာက်ထံ သွား၏"

အဟုဇာတ်

ယောက်ျားအမည် ဖြစ်သည်။ (ရှု၊ translate_names)

အဆွေတော်

ဖြစ်နိုင်ချေများမှာ၊ ၁) "မိတ်ဆွေ" သို့မဟုတ် ၂) "အကြံပေးအမတ်"

ဖိကောလ

ယောက်ျားအမည် ဖြစ်သည်။ ၂၁း၂၂ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

Genesis 26:28-29

ထိုသူတို့က . . . ဟု ဆိုကြလေသော်

အဘိမလက်၊ အဟုဇာတ်နှင် ဖိကောလ တို့ကို ညွှန်းသည်။ တစုံတဦးက ပြောခဲ့ပြီး ကျန်နှစ်ဦးက ထောက်ခံပေး၏။ ထိုသူတို့ တညီတညွတ်တည်း ပြောသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ အခြားသော ဘာသာပြန်ဆိုချက်၊ "တဦးက ... ဟု ဆိုလေသော်"

ငါတို့ အမှန်သိမြင်သည်ဖြစ်၍

"ငါတို့ သိမြင်သည်ဖြစ်၍" သို့မဟုတ် "သိမြင်ပြီ ဖြစ်၍"

သစ္စာဂတိထား၍ မိဿဟာယဖွဲ့ကြစို့

"ပဋိညာဉ်သစ္စာပြုစေလိုပါသည်"

ငါတို့သည် သင့်ကို . . . ကျေးဇူးကိုသာပြု၍

ဤစာပိုဒ်ကို ရှေ့၌ ပြောင်းတင်နိုင်သည်။ "ငါတို့သည် သင့်အပေါ် ကျေးဇူးကိုသာပြု၍ ... "

သင်သည် ထာဝရဘုရား ကောင်းကြီးပေးတော်မူသောသူ ဖြစ်ပါ၏

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာဝေးဘုရားသည် သင့်အား ကောင်းကြီးပေးတော်မူ၏" (ရှု၊ figs_activepassive)

Genesis 26:30-31

ဣဇာက်သည်၊ သူတို့အဘို့ စားသောက်ပွဲကိုလုပ်၍၊ အတူစားသောက်ကြ၏

အတူစားသောက်ခြင်းသည် ပဋိညာဉ်သစ္စာပြုခြင်း၏ အစိတ်အပိုင်းတခု ဖြစ်သည်။ (ရှု၊ figs_explicit)

သူတို့အဘို့

"သူတို့" မှာ "အဘိမလက်၊ အဟုဇာတ်နှင့် ဖိကောလတို့" ကို ညွှန်းသည်။

အတူစားသောက်ကြ၏

"အတူ" ဟူရာတွင် ဣဇာက်၊ အဘိမလက်၊ အဟုဇာတ်နှင့် ဖိကောလတို့ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အားလုံးက စားသောက်ကြ၏" (UDB)

နံနက်စောစောထ၍

"စောစောထ၍"

Genesis 26:32-33

ထိုရေတွင်းကို ရှေဘအမည်ဖြင့် မှည့်လေ၏

"ထိုရေတွင်းကို ရှေဘဟု အမည်ပေးလေ၏။" ဘာသာပြန်ဆိုသူများ အနေဖြင့် "ရှေဘမှာ ဂတိသစ္စာဟူသောစကားနှင့် နီးစပ်သည်" ဟု မှတ်ချက် ထည့်သွင်းနိုင်သည်။ (ရှု၊ translate_names)

ဗေရရှေဘမြို့

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဗေရရှေဘမှာ 'သစ္စာရေတွင်း' သို့မဟုတ် 'ခုနှစ်ခုသောရေတွင်း' ဟု ဆိုလိုသည်" ဟု မှတ်ချက် ထည့်သွင်းနိုင်သည်။ (၂၁း၃၁ မှတ်စုကို ရှု)

Genesis 26:34-35

ယေဘုယျ အချက်အလက်

ကမ္ဘာဦးကျမ်း ၂၆ တခန်းလုံးနီးပါးမှာ ဣဇာက်၏ အကြောင်းဖြစ်သည်။ သို့ရာတွင် ဤအပိုင်းမှာ သူ့အစ်ကို ဧသောအကြောင်း ဖြစ်သည်။

လေးဆယ်

"၄၀" (ရှု၊ translate_numbers)

. . . တို့နှင့် အိမ်ထောင်လေ၏

"... တို့နှင့် ထိန်းမြားလေ၏။" မယားနှစ်ယောက် ယူကြောင်း တိကျစွာ ဖော်ပြနိုင်သည်။ "... ဟူ၍ မယားနှစ်ယောက် ယူလေ၏" (ရှု၊ figs_explicit)

ယုဒိတ် . . . ဗာရှမတ်

ဧသော မယားတို့၏ အမည်ဖြစ်သည်။ (ရှု၊ translate_names)

ဗေရိ . . . ဧလုန်

ယောက်ျားအမည်များ ဖြစ်သည်။ (ရှု၊ translate_names)

ဟိတ္တိအမျိုးသား

"ဟေသ၏အမျိုုးအနွယ်" သို့မဟုတ် "ဟေသအမျိုး" (ရှု၊ translate_names)

ထိုမိန်းမတို့သည် ဣဇာက်နှင့်ရေဗက္က၌ စိတ်နှလုံး ပူပန်စရာအကြောင်း ဖြစ်သတည်း

"ထိုမိန်းမတို့" မှာ ယုဒိတ်နှင့် ဗာ‌ရှမတ်တို့ကို ညွှန်းသည်။ စိတ်နှလုံး ပူပန်ခြင်းကို ယူဆောင်လာသကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုမိန်းမတို့က ဣဇာက်နှင့် ရေဗက္ကကို စိတ်နှလုံး ပူပန်စေသတည်း" သိုမဟုတ် "ဣဇာက်နှင့်ရေဗက္ကမှာ ထိုမိန်းမတို့ကြောင့် စိတ်ပူပန်ခြင်းသို့ ရာက်သတည်း" (ရှု၊ figs_metaphor)

Genesis 27

Genesis 27:1-2

မျက်စိမှုန်သဖြင့်

မျက်စိကို မေးမှိန်တတ်သော မီးအိမ်ကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မျက်စိကွယ်သဖြင့်" သို့မဟုတ် "မျက်စိကွယ်လုပြီ ဖြစ်သဖြင့်" (ရှု၊ figs_metaphor)

ထူးလေ၏

"ဧသော ထူးလေ၏"

အကျွန်ုပ်ရှိပါ၏

"ရှိပါ၏" သို့မဟုတ် "နားထောင်နေပါ၏။" ၂၂း၁ မှ ပြန်ဆိုချက်ကို ရှု။

အဘကလည်း

"ဣဇာက်ကလည်း"

See here

Not applicable

အဘယ်သောအခါ သေရမည်ကို ငါမသိ

မကြာခင် သေတော့မည်ဟု ထင်မိဟန် ရှိ၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "မကြာမီ ငါသေရတော့မည်" (ရှု၊ figs_explicit)

သေရမည်

ခန္ဓာသေခြင်းကို ညွှန်းသည်။

Genesis 27:3-4

ယေဘုယျ အချက်အလက်

ဣဇာက်က သားကြီး ဧသောကို ဆက်လက် ညွှန်ကြားသည်။

သင်၏လက်နက်

"သင့် အမဲလိုက်လက်နက်"

မြှားတောင့်

မြှားကို ထည့်သော လက်နက်အိမ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မြှားအုပ်" (ရှု၊ figs_explicit)

အမဲကောင်ကို ရအောင်ရှာပြီးလျှင်

"သားကောင်ကို ဖမ်းပြီးလျှင်"

ငါမြိန်ရှက်တတ်သော အမဲဟင်းလျာကို ချက်၍

"မြိန်ရှက်" မှာ ကြိုက်သည်ဟု ဆိုလို၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါကြိုက်တတ်သော အသားဟင်းကို ချက်၍" (ရှု၊ figs_explicit)

သင့်ကို ကောင်းကြီးပေးမည်အကြောင်း

ရှေးကျမ်းစာခေတ်တွင်၊ ဖခင်က မိမိသားသမီးအတွက် ဆုတောင်း ကောင်းကြီးပေးရသည်။

Genesis 27:5-7

ထိုသို့

ရေဗက္ကနှင့်ယာကုပ်တို့ သားအမိအကြောင်းကို အာရုံပြုကြောင်း ထင်ရှားစေသည်။ (ရှု၊ writing_background)

ဣဇာက်သည် သားဧသောအား ပြောဆိုသောစကားကို ရေဗက္က ကြားသည်ဖြစ်၍

"ထိုသို့ ဣဇာက်သည် မိမိသားဧသောထံ ဆိုသောစကားကို ရေဗက္က ကြားလေ၏"

ဧသောသည် . . . အရှာသွားစဉ်တွင်

ဧသော အမဲလိုက် ထွက်သွားစဉ် ဖြစ်ပျက်သည့်အရာကို နားလည်သဘောပေါက်စေရန် "ထိုစဉ်တွင်" ဟူသော အသုံးအနှုန်းဖြင့် ပြောင်းလဲ ထည့်သွင်းနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဤသို့ဖြင့် ဧသောသည် ... ထွက်ရှာ၏။ ထိုစဉ်တွင်" (ရှု၊ writing_connectingwords)

သားဧသောအား . . . သားယာကုပ်

ဧသောနှင့်ယာကုပ်မှာ ဣဇာက်နှင့်ရေဗက္ကတို့၏ သားများ ဖြစ်သော်လည်း မိဘတဦးစီက သားတယောက်စီကို နှစ်သက်ကြောင်း ထင်ရှားသည်။

See here

Not applicable

သင်၏အဘက၊ ငါမသေမှီ ထာဝရဘုရား၏ ရှေ့တော်မှာ သင့်ကို ငါကောင်းကြီးပေးမည်အကြောင်း၊ ငါစားစရာဘို့ အမဲသားကို ယူခဲ့၍၊ အမဲဟင်းလျာကို ချက်ပါဟု သင်၏အစ်ကို ဧသောအား ပြောသည်

ဆိုခဲ့သောစကားကို ပြန်လည် ကိုးကားခြင်းဖြစ်သည်။ သွယ်ဝိုက်သဘောဖြင့်လည်း ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်၏အဘက မိမိမသေမှီ ယာဝေးဘုရား ရှေ့တော်မှာ သင့်အကိုဧသောကို ကောင်းကြီးပေးနိုင်ရန် မိမိနှစ်သက်သော အသားဟင်းကို ချက်ကြွေးဖို့အတွက် အမဲလိုက်စေသည်" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

အမဲသားကို ယူခဲ့၍

"သင်ဖမ်းသော တောကောင်ကို ယူခဲ့၍"

အမဲဟင်းလျာကို ချက်ပါ

"အသားဟင်းကို ချက်ပါ။" ၂၇း၃ မှ ပြန်ဆိုချက်ကို ရှု။

ထာဝရဘုရား၏ ရှေ့တော်မှာ သင့်ကို ငါကောင်းကြီးပေးမည်

"ယာဝေးဘုရား ရှေ့မှောက်မှာ သင့်ကို ငါကောင်းချီးပေးမည်"

ငါမသေမှီ

"ငါသေသောနေ့ မစေ့မီ"

Genesis 27:8-10

ယေဘုယျ အချက်အလက်

သားငယ်ယာကုပ်ထံ ရေဗက္က ဆက်လက် ညွှန်ကြားသည်။

Now

Not applicable

ငါမှာထားသမျှသော စကားကို နားထောင်ပါလော့

"မှာထားသမျှသော စကား" မှာ ပြောသမျှသောအရာကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့စကားကို နားထောင်၍ ငါခိုင်းသည့်အတိုင်း ပြုပါလော့" (ရှု၊ figs_metonymy)

သင်၏အဘ မြိန်ရှက်တတ်သော အမဲဟင်းလျာကို ငါချက်မည်

"မြိန်ရှက်" မှာ ကြိုက်နှစ်သက်သည်ဟု ဆိုလိုသည်။ ၂၇း၃ မှ ပြန်ဆိုချက်ကို ရှု။

သင်သည် အဘထံသို့ပို့ဆောင်ရမည်

"သင့်အဖထံသို့ ပို့ဆောင်ရမည်"

သင့်ကို ကောင်းကြီးပေးမည်အကြောင်း၊ ထိုအစာကို အဘစားစေခြင်းငှါ

"ထိုအစာကို စားပြီးနောက် သင့်ကို ကောင်းကြီးပေးမည်အကြောင်း"

သင့်ကို ကောင်းကြီးပေးမည်

"ကောင်းကြီး" မှာ သားသမီးအပေါ် ဖခင် မိန့်မြွတ်သော ကောင်းခြင်းပြုစကား ဖြစ်သည်။

သင်၏အဘ မသေမှီ

"သူမသေမှီ"

Genesis 27:11-12

ကျွန်ုပ်ကား ချောမွှတ်သောသူ ဖြစ်၏

"ကျွန်ုပ်၌ ချောမွှတ်သော အသားရှိ၏" သို့မဟုတ် "ကျွန်ုပ်မှာ အမွေးမထူပါ"

သို့ဖြစ်လျှင် ကျွန်ုပ်ကို လှည့်စားသောသူဟူ၍ ထင်သဖြင့်

"ထိုသို့ဖြင့် သူ့ကို လှည့်ဖျားသည်ဟု ထင်သဖြင့်" သို့မဟုတ် "ထို့သို့ဖြင့် သူ့ကို လှည့်ဖျားကြောင်း သိလျှင်"

ကျွန်ုပ်သည် မင်္ဂလာကိုမရဘဲ ကျိန်ခြင်းအမင်္ဂလာကိုသာ ခံရလိမ့်မည်

မင်္ဂလာနှင့် အမင်္ဂလာတရားကို လူတဦးပေါ် တင်နိုင်သော ဝတ္ထုကဲ့သို့ ခိုင်းနှိုင်းထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်ကို ကောင်းကြီးမင်္ဂလာ မပေးဘဲ ကျိန်ခြင်းအမင်္ဂလာကိုသာ ပေးလိမ့်မည်" (ရှု၊ figs_metaphor)

Genesis 27:13-14

ငါ့သား၊ သင်ခံရသော ကျိန်ခြင်းအမင်္ဂလာသည် ငါ၌သက်ရောက်ပါစေ

"ငါ့သား၊ သင့်ကျိန်ခြင်းအမင်္ဂလာသည် ငါ့အပေါ် သက်ရောက်ပါစေ။" ကျိန်ခြင်းကို လူတဦးပေါ် တင်နိုင်သော အရာဝတ္ထုကဲ့သို့ ခိုင်းနှိုင်းထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့သား၊ သင့်အဖသည် ငါ့ကိုသာ ကျိန်ခြင်းအမင်္ဂလာ ပေးပါစေ" (ရှု၊ figs_metaphor)

ငါ့စကားကို နားထောင်၍

"ငါ့စကား" မှာ သူမ ပြောသမျှသောအရာကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါပြောသမျှကို နားထောင်၍" သို့မဟုတ် "ငါ့ကို နာခံ၍" (ရှု၊ figs_metonymy)

ဆိတ်သငယ်တို့ကိုသာ ယူခဲ့ပါ

"ထိုအကောင်တို့ကိုသာ ယူခဲ့ပါ"

အဘမြိန်ရှက်တတ်သော အမဲဟင်းလျာကို ချက်လေ၏

"မြိန်ရှက်" မှာ ကြိုက်နှစ်သက်ကြောင်း ဆိုလိုသည်။ ၂၇း၃ မှ ပြန်ဆိုချက်ကို ရှု။

Genesis 27:15-17

ဆိတ်သငယ်၏ သားရေကိုလည်းယူ၍ သူ၏လက်၌၎င်း . . . ဆင်ယင်ပြီးလျှင်

ဆိတ်သားရေပေါ်တွင် သားမွေးများ ကျန်ရှိနေသေးသည်။

မိမိချက်သော အမဲဟင်းနှင့်မုန့်ကို သားယာကုပ်လက်၌ အပ်ပေး၏

"မိမိပြင်ဆင်ထားသော အသားဟင်းနှင့်မုန့်ကို သားယာကုပ်ထံ အပ်ပေး၏"

Genesis 27:18-19

အဘကလည်း . . . ဟု မေး၏

"သူကလည်း ... ဟု ပြန်ထူး၏" သို့မဟုတ် "ဣဇာက်ကလည်း ... ဟု ပြန်ထူး၏" (UDB)

ငါရှိ၏

"ငါ နားထောင်၏" သို့မဟုတ် "အဘယ်နည်း။" ၂၂း၁ မှ ပြန်ဆိုချက်ကို ရှု။

အဘမှာထားသည်အတိုင်း ပြုပါပြီ

"အဖမှာထားသည့်အတိုင်း ပြုပါပြီ"

အကျွန်ုပ်၏အမဲသား

"အမဲသား" ဟူရာတွင် တောကောင်ကို ညွှန်းသည်။ ၂၇း၃ မှ ပြန်ဆိုချက်ကို ရှု။

Genesis 27:20-21

မေးလျှင် . . . ဟု ပြန်ဆိုလေ၏

"မေးလျှင်၊ ယာကုပ်ကလည်း ... ဟု ပြန်ထူး၏"

အကျွန်ုပ်ရှိရာသို့ ဆောင်ခဲ့တော်မူသောကြောင့်

ဘုရားသခင်က ဆောင်ရွက်ပေးကြောင်း ဆိုလိုသော ဒေသိယစကား ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်ကို အောင်မြင်ခြင်းပေးတော်မူသဖြင့်" (ရှု၊ figs_idiom)

သင်သည် ငါ့သားဧသော မှန်သည်မမှန်သည်ကို သိလို၍

"သင်သည် ငါ့သားဧသော မှန်လျှင်"

Genesis 27:22-23

ယာကုပ်သည် အဘထံပါးသို့ ချဉ်းကပ်၍

"ယာကုပ်သည် အဘဣဇာက်ထံ ချဉ်း၍"

အသံကား ယာကုပ်၏အသံ

ယာကုပ်အသံမှာ ယာကုပ်ကိုယ်တိုင်ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာကုပ်ကဲ့သို့ ပြောဆိုသော်လည်း" (ရှု၊ figs_metonymy)

လက်တို့ကား ဧသော၏လက် ဖြစ်ပေသည်

ဧသောလက်မှာ ဧသောကိုယ်တိုင်ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လက်တို့ကား ဧသောကဲ့သို့ဖြစ်၏" (ရှု၊ figs_metonymy)

Genesis 27:24-25

သို့ရာတွင် တဖန်ကား . . . ဟု မေးပြန်လျင်

ကောင်းကြီးမပေးမှီ မေးလိုက်ခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နောက်တဖန် ... ဟု မေးပြန်လျှင်" (ရှု၊ figs_events)

ငါ့သား၏ အမဲသားကို ငါစားအံ့

"အမဲသား" မှာ တောကောင်ကို ညွှန်းသည်။ ၂၇း၅ ရှိ "အမဲသား" ပြန်ဆိုချက်ကို ရှု။

အဘသောက်လေ၏

"ဣဇာက်သောက်လေ၏"

Genesis 27:26-27

အဘဣဇာက်ကလည်း၊ သူ့အဝတ်၏ အနံ့ကို ခံ၍ကြည့်ပါ

အဝတ်သည် ဧသောအဝတ်၏ အနံ့ကဲ့သို့ ဖြစ်ကြောင်း တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဣဇာက်ကလည်း၊ သူ့အဝတ်၌ ဧသော၏ အနံ့အသက်ကို ရသဖြင့်၊ ကြည့်ပါ" (ရှု၊ figs_explicit)

အဘဣဇာက်ကလည်း

"ဣဇာက်ကလည်း"

အနံ့

"အနံ့အသက်"

and blessed him

၂၇း၂၉ ကို ရှု။

. . . ကြည့်ပါ။ ငါ့သား၏အနံ့

"ကြည့်ပါ" ဟူရာတွင် "မှန်ပါသည်" ဟု ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မှန်ပါသည်။ ငါ့သား၏အနံ့" (UDB) (ရှု၊ figs_idiom)

ထာဝရဘုရား ကောင်းကြီးပေးတော်မူသော

"ကောင်းကြီး" ဟူရာတွင် လယ်ကို ကြီးပွါးစေကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာဝေးဘုရား ကြီးပွါးစေတော်မူသော" (ရှု၊ figs_idiom)

Genesis 27:28

ယေဘုယျ အချက်အလက်

ဣဇာက်၏ ကောင်းကြီးပေးပို့သော စကားဖြစ်သည်။ ဣဇာက်က ဧသောထံ ပြောဆိုနေသည်ဟု ထင်မှတ်သော်လည်း၊ အမှန်တွင် ထိုသူမှာ ယာကုပ်ဖြစ်သည်။

သင့်အား ပေးတော်မူစေသတည်း

"သင့်" မှာ ပုဂ္ဂလနာမ်စားဖြစ်ပြီး ယာကုပ်ကို ညွှန်းသည်။ ဤကောင်းကြီးမင်္ဂလာမှာ ယာကုပ်၏ သားစဉ်မြေးဆက်အပေါ်၌လည်း သက်ရောက်သည်။ (ရှု၊ figs_you နှင့် figs_synecdoche)

မိုဃ်းကောင်းကင်၏နှင်းကို၎င်း

"နှင်း" ဟူရာတွင် ညအချိန်၌ အပင်များအပေါ်တွင် ဖြစ်တတ်သော ရေစက်ကို ညွှန်းသည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိုဃ်းကောင်းကင်မြူနှင်းကို၎င်း" (ရှု၊ figs_explicit)

မြေကြီး၏ဆီဥကို၎င်း

မြေဩဇာကောင်းကြောင်းကို ဝဖြိုးခြင်း သို့မဟုတ် အဆီဖြင့် တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မြေဆီဩဇာကို၎င်း" (ရှု၊ figs_metaphor)

များစွာသော ဆန်စပါး၊ စပျစ်ရည်ကို၎င်း

"ဆန်စပါး" နှင့် "စပျစ်ရည်" ကို နားလည်ရခက်လျှင်၊ ယေဘုယျသဘောဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "များစွာသော အစားအစာ၊ အရည်ကို၎င်း" (ရှု၊ figs_explicit)

Genesis 27:29

သင် . . . သင့်

ပုဂ္ဂလနာမ်စားများ ဖြစ်ပြီး ယာကုပ်ကို ညွှန်းသည်။ သို့ရာတွင် အဆိုပါကောင်းကြီး မင်္ဂလာတို့မှာ ယာကုပ်၏ သားစဉ်မြေးဆက်တို့အပေါ် သက်ရောက်သည်။ (ရှု၊ figs_you နှင့် figs_synecdoche)

အပြည်ပြည်တို့သည်

"အပြည်ပြည်" မှာ လူတို့ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တိုင်းပြည်အပေါင်းမှ လူအပေါင်းတို့" (ရှု၊ figs_metonymy)

ဦးညွှတ်ကြရစေသတည်း

ရိုသေလေးမြတ်ခြင်းသဘောကို ဆိုလိုသည်။ (ရှု၊ translate_symaction)

သင်သည် သင်၏ညီအစ်ကိုတို့၌ အရှင်ဖြစ်၍

"သင့်ညီအစ်ကိုတို့၌ အရှင်ဖြစ်၍"

သင်၏ညီအစ်ကိုတို့ . . . သင့်အမိသားတို့

ယာကုပ်ထံ မိန့်ဆိုသော ကောင်းကြီးစကားဖြစ်သည်။ သို့သော်လည်း ဧသောနှင့် ရှိနိုင်သည့်ညီအစ်ကို အားလုံး၏အမျိုးကို အစိုးရမည့် ယာကုပ်၏အမျိုးအပေါ်လည်း သက်ရောက်သည်။ (ရှု၊ figs_synecdoche)

သင့်အမိသားတို့သည် သင့်ရှေ့မှာ ဦးညွှတ်ရကြစေသတည်း

"သင့်အမိသားတို့၏ ဦးညွတ်ခြင်းကို ခံရစေသတည်း"

သင့်ကို ကျိန်ဆဲသောသူ အပေါင်းတို့သည် ကျိန်ဆဲခြင်းကို ခံရကြစေသတည်း

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်အား ကျိန်ဆဲသောသူ အပေါင်းတို့ကို ဘုရားသခင် ကျိန်ဆဲတော်မူစေသတည်း" (ရှု၊ figs_activepassive)

သင့်ကို ကောင်းကြီးပေးသောသူ အပေါင်းတို့ သည် ကောင်းကြီးကို ခံရကြစေသတည်း

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်အား ကောင်းကြီးပေးသောသူ အပေါင်းတို့ကို ဘုရားသခင် ကောင်းကြီးပေးတော်မူစေသတည်း" (ရှု၊ figs_activepassive)

Genesis 27:30-31

အဘထံမှ ထွက်သွားသော ခဏခြင်းတွင်

"အဖဣဇာက်ထံမှ ထွက်သွားပြီး ခဏခြင်းတွင်"

အမဲဟင်းလျာ

"အသားဟင်း။" ၂၇း၃ မှ ပြန်ဆိုချက်ကို ရှု။

some of your son's game

Not applicable

သား၏ အမဲသား

"အမဲသား" ဟူရာတွင် တောကောင်ကို ညွှန်းသည်။ ၂၇း၅ ရှိ "အမဲသား" ပြန်ဆိုချက်ကို ရှု။

အကျွန်ုပ်ကို ကောင်းကြီးပေးမည်အကြောင်း

သားသမီးအပေါ် ဖခင်၏ ကောင်းကြီးပေး မိန့်မြွတ်သောစကားကို ညွှန်းသည်။

Genesis 27:32-33

. . . ဟု မေးလျှင်

"... ဟု ဧသောကို မေးလျှင်"

အဘဣဇာက်သည် အလွန် တုန်လှုပ်၍

"ဣဇာက်သည် အလွန် တုန်လှုပ်၍"

အမဲသားကိုရ၍

"အမဲသား" ဟူရာတွင် တောကောင်ကို ညွှန်းသည်။ ၂၇း၅ ရှိ "အမဲသား" ပြန်ဆိုချက်ကို ရှု။

Genesis 27:34-35

အလွန်ပြင်းသောအသံနှင့် သည်းထန်စွာ ငိုကြွေးလျက်

ဧသော၏ နာကျင်မှုကို လွန်စွာ ပြင်းထန်သော အရာကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ပြင်းထန်စွာ ငိုကြွေးလျက်" (UDB) (ရှု၊ figs_metaphor)

သင်၏ ကောင်းကြီးမင်္ဂလာကို ယူသွားပြီ

ဧသော ပိုင်ရမည့်အရာကို ယာကုပ် ယူသွားသကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်အစား သူ့ကို ကောင်းကြီး ပေးခဲ့ပြီ" (ရှု၊ figs_metaphor)

Genesis 27:36-37

သူ့ကို ယာကုပ်ဟူသော အမည်ဖြင့် လျောက်ပတ်စွာ မှည့်ပါပြီ မဟုတ်လော

ယာကုပ်အပေါ် မိမိ၏ မုန်းတီးမှုကို ထင်ရှားစေရန် အသုံးပြုသော မေးခွန်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာကုပ်ဟူသော အမည်မှာ ကျွန်ုပ်ညီနှင့် လျောက်ပတ်သည် မဟုတ်လား" (ရှု၊ figs_rquestion)

ယာကုပ်

ဘာသာပြန်ဆိုသူများ အနေဖြင့် "ယာကုပ်မှာ 'ခြေဖနှောင့်ကို စွဲကိုင်သူ' ဟု ဆိုလိုသည်။ 'ယာကုပ်' မှာ 'လှည့်ဖျားသူ' ဟူသော မူရင်းစကားနှင့် အသံထွက်ချင်း နီးစပ်သည်" ဟူ၍ မှတ်ချက် ထည့်သွင်းနိုင်သည်။

သားဦးအရိုက်အရာကို အရင်ယူသွားပါပြီ

သားဦးအရာမှာ ယူသွား၍ရသော ပစ္စည်းကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သားဦးအရာ ယူသွားခဲ့၏" (ရှု၊ figs_metaphor)

တဖန် အကျွန်ုပ်၏ ကောင်းကြီးမင်္ဂလာကို ယူသွားပါပြီ

ကောင်းကြီးမှာ ယူသွား၍ရသော ပစ္စည်းကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယခု၌၊ ကျွန်ုပ်အစား သူ့ကို ကောင်းကြီးပေးရန် လှည့်စားပါပြီ" (ရှု၊ figs_metaphor)

အကျွန်ုပ်အဘို့ ကောင်းကြီးမင်္ဂလာ တပါးကိုမျှ မခြွင်းပါသလော

ဖခင်က ယာကုပ်အား ပေးပြီးသော ကောင်းကြီးကို သူ့ထံ ပေး၍မရနိုင်တော့ကြောင်း ဧသော သိသည်။ ထို့ကြောင့် ယာကုပ်အား ပေးရန် ကျန်ရှိသော ကောင်းကြီးရှိလျှင် တောင်းဆိုခြင်းဖြစ်သည်။

သို့ဖြစ်၍ ငါ့သား၊ သင်၌ အဘယ်သို့ပြုနိုင်တော့အံ့နည်း

မိမိပြုနိုင်သောအရာ မရှိတော့ကြောင်း ဣဇာက် မေးလိုက်ခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့ဖြစ်၍၊ သင့်အား ပေးရန် တစုံတခုမျှ မရှိတော့ပြီ" (ရှု၊ figs_rquestion)

Genesis 27:38

အိုအဘ၊ ကောင်းကြီးမင်္ဂလာ တစုံတခုမျှ မရှိပါသလော

အဟုတ်ဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ "အိုအဖ၊ ကျွန်ုပ်အတွက် ကောင်းကြီးမင်္ဂလာ ကျန်ရှိပါသေးသလော"

Genesis 27:39-40

. . . ဟု ပြန်၍ဆိုလေ၏

"... ဟု ဧသောအား ဆိုလေ၏"

ကြည့်ရှုပါ

ဣဇာက်က မိမိပြောလိုသောအရာကို အသားပေးရန် သုံးနှုန်းခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နားထောင်လော့" သို့မဟုတ် "ငါပြောမည့်အရာကို နားစဉ်လော့" (ရှု၊ figs_idiom)

မြေကြီး၏ဆီဥနှင့်၎င်း . . . ပြည့်စုံလိမ့်မည်

မြေဩဇာကို တင်စားခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မြေဆီဩဇာမှ၎င်း ... ကင်းဝေးလိမ့်မည်" (ရှု၊ figs_metaphor)

သင်၏

၂၇း၃၉-၄၀ ရှိ ဤနာမ်စားတို့မှာ ဧသောကိုသာညွှန်းသည်။ သို့ရာတွင်၊ သူ၏ သားစဉ်မြေးအပေါ်၌လည်း သက်ရောက်သည်။ (ရှု၊ figs_synecdoche)

အထက်မိုဃ်းကောင်းကင်၏ နှင်းနှင့်၎င်း

"နှင်း" ဟူရာတွင် ညအချိန်၌ အပင်တွင် ဖြစ်သော ရေစက်ကို ညွှန်းသည်။ တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အထက်မိုဃ်းကောင်းကင် မြူနှင်းမှ၎င်း" (ရှု၊ figs_explicit)

ထားဖြင့် အသက်ကိုမွေးရလိမ့်မည်

"ဓား" မှာ ဒုစရိုက်အမှုကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လုယက် သတ်ဖြတ်ခြင်းဖြင့် အသက်ရှင်ရလိမ့်မည်" (UDB) (ရှု၊ figs_metonymy)

နောက်တဖန် အစိုးရသောအခါ၊ သူတင်သောထမ်းဘိုးကို သင်၏လည်ပင်းမှ ချိုးပယ်လိမ့်မည်

အစိုးရခြင်းကို သူတပါးအပေါ် တင်၍ရသော ထမ်းဘိုးကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူ့ကို ပုန်ကန်သောအခါ၊ သူ့အုပ်စိုးမှုမှ လွတ်မြောက်လိမ့်မည်" (UDB) (ရှု၊ figs_metaphor)

Genesis 27:41-42

. . . ဟု၊ အကြံနှင့် ပြောလေ၏

"အကြံနှင့်" ဟု ဆိုရာတွင် ဧသောကိုယ်တိုင်ကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "... ဟု၊ မိမိကိုယ်ကို နှစ်သိမ့်လေ၏" (UDB) (ရှု၊ figs_synecdoche)

ငါ့အဘကြောင့် ညည်းတွားရသော နေ့ရက်ကာလ အချိန်နီးပြီ

သေမည့်အချိန်ကို ညွှန်းသည်။

ထိုသို့ သားကြီးဧသော ပြောသောစကားကို အမိရေဗက္ကကြားလျှင်

"ပြောသောစကား" ဟူရာတွင် ဧသော၏ အကြံကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့သို့ သားကြီးဧသော၏ အကြံကို အမိရေဗက္ကသိလျှင်"(ရှု၊ figs_metonymy နှင့် figs_activepassive)

See

Not applicable

. . . သင့်ကို သတ်သဖြင့်၊ သင့်အမှု၌ စိတ်ပြေလိမ့်မည်

"... သင့်ကို သတ်မှသာ၊ စိတ်ပြေလိမ့်မည်"

Genesis 27:43-45

Now

Not applicable

ငါ့မောင် လာဗန်နေရာ ခါရန်မြို့သို့ ထ၍ ပြေးသွားပါလော့

"ခါရန်မြို့ရှိ ငါ့မောင်လာဗန်ထံသို့ အမြန်သွားပါလော့"

ခဏ

"ခဏတာ"

သင်၏အစ်ကို စိတ်ပြေသည်တိုင်အောင်

"သင့်အစ်ကို ဒေါသပြေသည်တိုင်အောင်"

သင်၏အစ်ကို စိတ်ပြေ၍

ဒေါသစိတ်ကို ပြေလည်စေနိုင်သောအရာကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်အစ်ကို ဒေါသပြေ၍" (ရှု၊ figs_metaphor)

ငါ့သား နှစ်ယောက်လုံးကို တနေ့ခြင်းတွင် အဘယ်ကြောင့် ငါရှုံးရမည်နည်း

မိမိ၏ သောကကို ဖော်ပြရန် မေးလိုက်ခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့သား နှစ်ယောက်လုံးကို တနေ့ခြင်းတွင် ဆုံးရှုံးရန် အလိုမရှိပါ" (ရှု၊ figs_rquestion)

ငါ့သား နှစ်ယောက်လုံးကို တနေ့ခြင်းတွင် . . . ငါရှုံးရမည်

ဧသောက ယာကုပ်ကို သတ်လျှင်၊ လူသတ်မှုအတွက် ဧသော သေမည်ဟု ညွှန်းဆိုခြင်း ဖြစ်သည်။ (ရှု၊ figs_explicit)

ရှုံး

သေကြောင်းကို ယဉ်ကျေးစွာ ဖော်ပြခြင်းဖြစ်သည်။ (ရှု၊ figs_euphemism)

Genesis 27:46

ကျွန်မသည် . . . ကိုယ်အသက်ကို ငြီးငွေ့လှ၏

ဧသော ထိန်းမြားသည့် ဟိတ္တိ အမျိုးသမီးတို့ကြောင့် ဝမ်းနည်းကြောင်း ဖော်ပြခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "... ကျွန်မ ဝမ်းနည်းလှ၏" (ရှု၊ figs_hyperbole)

ဟေသအမျိုးသမီးတို့

"ဟိတ္တိအမျိုးသမီးတို့" သို့မဟုတ် "ဟေသအမျိုးတို့"

ဤပြည်သူ သမီးကဲ့သို့သောသူ

"ဤပြည်သူ သမီး" ဟူရာတွင် ဒေသခံ အမျိုးသမီးတို့ကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဤပြည်သူနေ မိန်းမဖြစ်သော" (ရှု၊ figs_idiom)

ကျွန်မ အသက်ရှင်၍ အဘယ်ကျေးဇူး ရှိပါလိမ့်မည်နည်း

ယာကုပ်က တပါးသူ အမျိုးသမီးနှင့် ထိန်းမြားလျှင် မည်မျှပင် စိတ်ဝမ်းနည်းမည်အကြောင်း ထင်ရှားစေသော မေးခွန်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်မ အသက်သာမှာ ဆိုးရွားလှပါမည်တကား" (ရှု၊ figs_rquestion)

Genesis 28

Genesis 28:1-2

. . . နှင့် အိမ်ထောင်ဘက်မပြုရ

"... ကို မယူရ"

ထ၍ သွားလော့

"ယခုပင် သွားလော့"

ပါဒနာရံ

မေဆိုပိုတေးမီးယား ခေါ် မေသောပေါတေမိဒေသ၏ အခြားအမည် ဖြစ်ပြီး၊ မျက်မှောက်ခေတ် အီရတ်နိုင်ငံတွင် တည်ရှိသည်။ ၂၅း၁၉ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

အမျိုးသားနေရာ

တစုံတယောက်၏ သားစဉ်မျိုးဆက် သို့မဟုတ် အမျိုးကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အမျိုးတို့ရှိရာ" (ရှု၊ figs_metonymy)

ဗေသွေလ

ရေဗက္က၏ ဖခင် ဖြစ်သည်။ ၂၂း၂၀ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

အမိ၏အဘ

"သင့်အဘိုး"

သမီးတစုံတယောက်

"သမီးတယောက်"

သင့်ဦးရီး

"အမိ၏ မောင်"

Genesis 28:3-4

ယေဘုယျ အချက်အလက်

ယာကုပ်အား ဣဇာက် ဆက်လက် သွန်သင်သည်။

တိုးပွားစေသဖြင့် . . . စေမည် အကြောင်းနှင့် များပြားစေတော်မူစေသတည်း

ဘုရားသခင်က ယာကုပ်ကို "တိုးပွား" ခြင်းအားဖြင့် "များပြား" စေမည်ဟု ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မြောက်မြားစွာသော မျိုးဆက်ကို ပေးသဖြင့် .... စေတော်မူသတည်း" (ရှု၊ figs_doublet)

သင့်အား၎င်း၊ သင်၏အမျိုးအနွယ်အား၎င်း၊ အာဗြဟံ၏ ကောင်းကြီးမင်္ဂလာကို ပေးတော်မူစေသတည်း

ကောင်းကြီးမင်္ဂလာကို ပေး၍ရသော အရာကဲ့သို့ တင်စားထားသည်။ စိတ္တဇနာမ် "ကောင်ကြီးမင်္ဂလာကို" အား "ကောင်ကြီး" အဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အာဗြဟံ၌ ပြုသကဲ့သို့ သင်နှင့် သင့်အမျိုးအနွယ်အား ဘုရားသခင် ကောင်းကြီးပေးတော်မူစေသတည်း" သို့မဟုတ် "အာဗြဟံ၌ပြုသော သစ္စာရှိသည်အတိုင်း သင်နှင့် သင့်အမျိုးအနွယ်ကို ဘုရားသခင် ကောင်းကြီးပေးပါစေ" (ရှု၊ figs_metaphor နှင့် figs_abstractnouns)

ဤပြည်ကို၊ သင်အမွေခံရမည်အကြောင်း

ခါနာန်ပြည်ကို အမွေပေး၍ရသော အရာကဲ့သို့ တင်စားထားသည်။ (ရှု၊ figs_metaphor)

သင် ယခု ဧည့်သည်ဖြစ်လျက်နေသော

"သင် နေထိုင်လျက်ရှိသော"

အထက်က အာဗြဟံအား ပေးတော်မူ၍

"အာဗြဟံအား ဂတိတော်ပေးခဲ့သော"

Genesis 28:5

ပါဒနာရံပြည်

မေဆိုပိုတေးမီးယား ခေါ် မေသောပေါတေမိဒေသ၏ အခြားအမည် ဖြစ်ပြီး၊ မျက်မှောက်ခေတ် အီရတ်နိုင်ငံတွင် တည်ရှိသည်။ ၂၅း၁၉ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ဗေသွေလ

ရေဗက္က၏ ဖခင် ဖြစ်သည်။ ၂၂း၂၀ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

Genesis 28:6-7

ယေဘုယျ အချက်အလက်

ယာကုပ်အကြောင်းမှ ဧသောအကြောင်းသို့ ဇာတ်ကြောင်း ပြောင်းသည်။

ထိုသို့

ဖြစ်ပျက်ခဲ့သောအရာမှ ဧသောအကြောင်းသို့ ပြောင်းရန် ဤဝေါဟာရကို အသုံးပြုသည်။ (ရှု၊ writing_background)

ပါဒနာရံပြည်

မေဆိုပိုတေးမီးယား ခေါ် မေသောပေါတေမိဒေသ၏ အခြားအမည် ဖြစ်ပြီး၊ မျက်မှောက်ခေတ် အီရတ်နိုင်ငံတွင် တည်ရှိသည်။ ၂၅း၁၉ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

အိမ်ထောင်ဘက် ပြုစေခြင်းငှါ

"မယားယူစေခြင်းငှါ"

ဣဇာက်သည် ယာကုပ်ကို ကောင်းကြီး ပေး၍

"ဣဇာက်က ယာကုပ်အား ကောင်းကြီးပေး၍"

. . . နှင့် အိမ်ထောင်ဘက်မပြုရ

"... ကို မယူရ"

ခါနာန်အမျိုးသမီး

"ခါနာန်သူ" သို့မဟုတ် "ခါနာနိမိန်းမ"

Genesis 28:8-9

ယေဘုယျ အချက်အလက်

ဧသော၏ နောက်ခံဇာတ်ကြောင်းကို ဆက်လက် ဖော်ပြထားသည်။

ဧသော သိမြင်လျှင်

"ဧသော သိမြင်သောအခါ"

ခါနာန်အမျိုးသမီးတို့ကို အဘဣဇာက် မနှစ်သက်ကြောင်းကို၎င်း

"အဘဣဇာက်က ခါနာန်သူကို မနှစ်သက်ကြောင်း"

ခါနာန်အမျိုးသမီးတို့

"ခါနာန်သူ" သို့မဟုတ် "ခါနာနိမိန်းမ"

So

Not applicable

အထက်မယားတို့မှ တပါး

"မိမိမယားတို့မှအပ"

မဟာလတ်

ဣရှမေလ၏ သမီးတစ်ဦးဖြစ်သည်။ (ရှု၊ translate_names)

နဗာယုတ်

ဣရှမေလ၏ သားတစ်ဦးဖြစ်သည်။ (ရှု၊ translate_names)

Genesis 28:10-11

ယေဘုယျ အချက်အလက်

ယာကုပ်ဘက်သို့ ပြန်လည် ဇာတ်ကြောင်း ပြောင်းသည်။

တစုံတခုသော အရပ်သို့ရောက်၍၊ မိုဃ်းချုပ် သောကြောင့်၊ ညဉ့်ကို လွန်စေမည်အကြံ ရှိသည်နှင့်

"တနေရာသို့ ရောက်သောအခါ မိုဃ်းချုပ်သဖြင့်၊ ညအိပ်မည် အကြံနှင့်"

Genesis 28:12-13

မြင်ရသော အိပ်မက်ဟူမူကား

"ထိုစဉ် အိမ်မက်ထဲ၌"

မြေကြီးပေါ်၌ လှေကားထောင်လျက် . . . မှီ၏"

"မြေကြီးကို ထောက်၍ ... မှီသော လှေကားတစ်စင်းကို မြင်မက်လေ၏"

မိုဃ်းကောင်းကင်တိုင်အောင်

ဘုရားသခင် ကိန်းဝပ်သောအရပ်ကို ညွှန်းသည်။

Behold

Not applicable

ထာဝရဘုရားသည် လှေကားထက်၌ ရပ်တော်မူလျက်

ဖြစ်နိုင်ချေများမှာ၊ ၁) "ယာဝေးဘုရားသည် လှေကားထိပ်၌ ရပ်တော်မူလျက်" သို့မဟုတ် ၂) "ယာဝေးဘုရားသည် ယာကုပ်အနား၌ ရပ်တော်မူလျက်"

သင်၏အဘ အာဗြဟံ

"အဘ" ဟူရာတွင် "ဘိုးဘေး" ကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်ဘိုးဘေး အာဗြဟံ" သို့မဟုတ် "သင့်အဘိုး အာဗြဟံ"

Genesis 28:14-15

ယေဘုယျ အချက်အလက်

အိပ်မက်ထဲ၌ ယာကုပ်ထံ ဘုရားသခင် ဆက်လက် မိန့်တော်မူသည်။

သင်၏အမျိုးအနွယ်သည် မြေမှုန့်ကဲ့သို့ များပြားလိမ့်မည်

ယာကုပ်၏ အမျိုးအနွယ်ကို အရေအတွက် များပြားသော မြေမှုန့်နှင့် ခိုင်းနှိုင်းထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်အမျိုးအနွယ်သည် ရေတွက်မရအောင် များပြားလိမ့်မည်" (ရှု၊ figs_simile)

. . . သို့ နှံ့ပြားကြလိမ့်မည်

ယာကုပ်၏ အမျိုးအနွယ်ကို ညွှန်းသည်။ ထိုအမျိုးအနွယ်၏ ဦးခေါင်းမှာ ယာကုပ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "... သို့ ပြန့်နှံ့ကြလိမ့်မည်" (ရှု၊ figs_synecdoche)

နှံ့ပြားကြလိမ့်မည်

မိမိလူတို့က နယ်ပယ် ချဲ့ထွင်လျက် များပြားသော ဒေသတို့ကို သိမ်းပိုက်ရမည်ဟု ဆိုလိုသည်။

အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာ အရပ်တို့သို့

"အရပ်မျက်နှာတိုင်း" ကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အရပ်လေးမျက်နှာသို့" (ရှု၊ figs_synecdoche)

သင်နှင့် သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံကြရလိမ့်မည်

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်နှင့် သင့်အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့ကို ငါကောင်းကြီးပေးမည်" (ရှု၊ figs_activepassive)

Behold

Not applicable

ဂတိထားသည်အတိုင်း မပြည့်စုံမှီ၊ သင့်ကို ငါမစွန့်

"ဤအရာတို့ကို ပြု၍ မပြီးမချင်း၊ သင့်ကို ငါမစွန့်"

ငါစောင့်မမည်

"ငါစောင့်ရှောက်မည်" သို့မဟုတ် "ငါစောင့်ထိန်းမည်"

ဤပြည်သို့တဖန် ဆောင်ခဲ့ဦးမည်

"ဤပြည့်သို့တဖန် ခေါ်ဆောင်ဦးမည်"

Genesis 28:16-17

အိပ်ပျော်ရာမှ နိုးလျင်

"အိပ်ရာမှ နိုးလျှင်"

ဘုရားသခင်၏ ဘုံဗိမာန်၊ ကောင်းကင်တံခါးဝ

"ကောင်းကင်တံခါးဝ" က "ဘုရားသခင်၏ ဘုံဗိမာန်" ဝင်ပေါက် သို့မဟုတ် "ဘုရားသခင် နေထိုင်ရာ၏ အဝင်တံခါး" ဖြစ်ကြောင်း ရှင်းလင်းစေသည်။ (ရှု၊ figs_doublet)

ကောင်းကင်တံခါးဝ ဖြစ်သည်တကား

လူတို့ကို အမှန်တကယ် ဝင်ခွင့်ပေးသော လက်တွေ့တိုင်းနိုင်ငံအဖြစ် တင်စားထားခြင်း ဖြစ်သည်။ (ရှု၊ figs_metaphor)

Genesis 28:18-19

မှတ်တိုင်ဖြစ်စေလျက်

ကျောက်တုံးကြီးဖြင့် ထောင်ထားသော ကျောက်တိုင် ဖြစ်သည်။

ကျောက်ထိပ်ဖျားအပေါ်၌ ဆီကို လောင်းလေ၏

ဘုရားသခင်အတွက် ပေးအပ်ကြောင်း အမှတ်အသား ဖြစ်သည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်အား ပေးအပ်ခြင်းငှါ ကျောက်တိုင်ထိပ်မှ ဆီကို လောင်းလေ၏" (ရှု၊ translate_symaction နှင့် figs_explicit)

ဗေသလ

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဗေသလ အနက်ကား 'ဘုရားသခင်၏အိမ်တော်' တည်း" ဟူ၍ မှတ်ချက်ထည့်သွင်း ဖော်ပြနိုင်သည်။

ဥလံလုဇ

မြို့တခု၏အမည် ဖြစ်သည်။ (ရှု၊ translate_names)

Genesis 28:20-22

သစ္စာပြုလေ၏

"သစ္စာဆိုလေ၏" သို့မဟုတ် "ဘုရားသခင်အား ဂတိသစ္စာဆိုလေ၏"

ဘုရားသခင်သည် ငါ့ဘက် . . . ငါယခု . . . ငါ့ကို . . . ငါသည် . . . ထာဝရဘုရားသည် ငါ၏ဘုရား . . . ငါ ထူထောင်သော . . .

ယာကုပ်က ဘုရားသခင်ကို အပြောခံသူအဖြစ် ညွှန်းခေါ်သည်။ ၎င်းကို ကြားနာသူအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော်သာ ကျွန်ုပ်ဘက် ... ကျွန်ုပ် ယခု ... ကျွန်ုပ်ကို ... ကျွန်ုပ်သည် ... ယာဝေးဘုရားမှာ အကျွန်ုပ်၏ဘုရား ... ထူထောင်သော ..." (UDB) (ရှု၊ figs_123person)

ငါယခုသွားရာလမ်းမှာ

မယားကို ရှာပြီးနောက် မိမိအိမ်သို့ ပြန်လာမည့် ယာကုပ်၏ ခရီးကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ် ယခုခရီးစဉ်မှာ" (ရှု၊ figs_metonymy)

စားစရာအစား

"အစား" ဟူရာတွင် အစာအားလုံးကို ယေဘုယျ ခြုံငုံထားသည်။ (ရှု၊ figs_synecdoche)

အဘ၏အိမ်သို့

"အိမ်" မှာ ယာကုပ်၏ မိသားစုကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဘနှင့် မိသားစုထံသို့" (ရှု၊ figs_metonymy)

ဘုရားသခင်၏ ဗိမာန်

ကျောက်တိုင်မှာ ဘုရားသခင် ထင်ရှားပြသခဲ့သော သက်သေဖြစ်ပြီး ထိုအရပ်၌ လူတို့က ဘုရားသခင်ကို ကိုးကွယ်ရမည်ဟု ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်၏ အိမ်တော်" သို့မဟုတ် "အထွတ်အမြတ်ကျောက်တိုင်"

Genesis 29

Genesis 29:1-3

အရှေ့ပြည်သားတို့

ခါနာန်ပြည် အရှေ့ဘက်ရှိ ပဒ္ဒန်အာရမ် ခေါ် ပါဒနာရံ ပြည်သားတို့ကို ဆိုလိုသည်။

and, behold, three flocks of sheep were lying there by it

Not applicable

ထိုတွင်းရေဖြင့်

"ထိုတွင်းမှ" ပင်မဇာတ်ကြောင်းမှ ရေတိုက်သော သိုးထိန်းတို့၏ နောက်ခံ သမိုင်းကြောင်းသို့ ပြောင်းသွားသည်။ (ရှု၊ writing_background)

တိုက်တတ်သည်ဖြစ်၍

"ရေတိုက်တတ်သည်ဖြစ်၍" သို့မဟုတ် "သိုးထိန်းတို့ ရေတိုက်တတ်သည်ဖြစ်၍"

ရေတွင်းဝ

"ဝ" ဟူရာတွင် အပေါက်ဝကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရေတွင်း အပေါက်ဝ" (ရှု၊ figs_idiom)

Genesis 29:4-6

ယာကုပ်ကလည်း . . . ဟု မေးလျှင်

"ယာကုပ်ကလည်း ... ဟု သိုးထိန်းတို့အား မေးလျှင်"

ငါ့ညီအစ်ကိုတို့

သူစိမ်းကို ယဉ်ကျေးစွာ ခေါ်ဆိုသောစကား ဖြစ်သည်။

နာခေါ်သား လာဗန်

"သား" ဟူရာတွင် ယောက်ျား မျိုးဆက်ကို ညွှန်းသည်။ အခြားဆိုလိုချက်၊ "နာခေါ်မြေး လာဗန်" (UDB)

သူ၏သမီး ရာခေလသည် သိုးများနှင့်တကွ လာလိမ့်မည်

"ကြည့်ရှုလော့၊ သူ့သမီး ရာခေလ သိုးများဖြင့် လာပါ၏"

Genesis 29:7-8

နေ့အချိန် အလွန်များစွာ ရှိသေး၏

"ကောင်းကင်မှာ နေမြင့်သေး၏" (UDB) သို့မဟုတ် "နေ အလွန် သာသေး၏"

သိုးတို့ကို စုဝေးရာ

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သိုးတို့ကို ခေါ်ယူစုဝေးသော" (ရှု၊ figs_activepassive)

စုဝေးရာ

ညအိပ်ရန် ခြံဝင်းအထဲ၌ စုဝေးရန် ဆိုလိုသည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ (ရှု၊ figs_explicit)

သွား၍ ထိန်းကြဦးလော့

"စားကျက်မြေ၌ လွှတ်ဦးလော့"

သို့မဟုတ်၊ မတိုက်ရ

"သို့မတိုင်မီ၊ စောင့်ရ၏။" ခွင့်ပြုချက်နှင့် မဆိုင်၊ အချိန် အကန့်အသတ်နှင့်သာ သက်ဆိုင်သည်။

သိုးထိန်းအပေါင်း စုဝေး၍

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သိုးထိန်းအပေါင်း မိမိသိုးစုတို့ဖြင့် စုဝေး၍" (ရှု၊ figs_activepassive)

ရေတွင်းဝ၌

"ဝ" ဟူရာတွင် အပေါက်ဝကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရေတွင်းပေါ်" သို့မဟုတ် "ရေတွင်းဝမှာ" (ရှု၊ figs_idiom)

သိုးတို့ကို ရေတိုက်ရ၏

"သိုးတို့ကို ရေတိုက်ပါ၏"

Genesis 29:9-10

မိမိဦးရီး

"အမိမောင်"

ရေတွင်း

ရေတွင်း၏ အဝကို ညွှန်းသည်။ အခြာသော ဘာသာပြန်ဆိုချက်၊ "ရေတွင်းဝ" သို့မဟုတ် "ရေတွင်းဝမှာ" (ရှု၊ figs_idiom)

Genesis 29:11-12

ယာကုပ်သည် ရာခေလကို နမ်း၍

ရှေးခေတ် အရှေ့အလယ်ပိုင်းဒေသတွင်၊ ဆွေမျိုးကို နမ်းခြင်းဖြင့် နှုတ်ဆက်ကြသည်။ သို့ရာတွင်၊ ယောက်ျား အချင်းချင်းသာ ထိုသို့ ပြုဖန်များသည်။ ပြန်ဆိုမည့် ဘာသာစကားတွင်၊ ဆွေမျိုးရင်းချာကို ရင်းနှီးစွာ နှုတ်ဆက်သော အသုံးအနှုန်းမျိုး ရှိလျှင်၊ ၎င်းကို ထည့်သွင်းဖော်ပြနိုင်သည်။ သို့မဟုတ်က၊ သင့်လျော်သော စကားလုံးကို အသုံးပြုပါ။

ကျယ်သောအသံနှင့် ငိုလေ၏

ဝမ်းသာသဖြင့် ငိုခြင်းဖြစ်သည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ (ရှု၊ figs_explicit)

ရာခေလအဘ၏တူ

"ဖခင်၏ အမျိုးတော်"

Genesis 29:13-14

မိမိတူ

"အစ်မ သား"

ပိုက်ဘက်

"ပွေ့ဖက်"

နမ်းရှုတ်လျက်

ရှေးခေတ် အရှေ့အလယ်ပိုင်းဒေသတွင်၊ ဆွေမျိုးကို နမ်းခြင်းဖြင့် နှုတ်ဆက်ကြသည်။ သို့ရာတွင်၊ ယောက်ျား အချင်းချင်းသာ ထိုသို့ ပြုဖန်များသည်။ ပြန်ဆိုမည့် ဘာသာစကားတွင်၊ ဆွေမျိုးရင်းချာကို ရင်းနှီးစွာ နှုတ်ဆက်သော အသုံးအနှုန်းမျိုး ရှိလျှင်၊ ၎င်းကို ထည့်သွင်းဖော်ပြနိုင်သည်။ သို့မဟုတ်က၊ သင့်လျော်သော စကားလုံးကို အသုံးပြုပါ။

ယာကုပ်သည်လည်း မိမိအမှုအရာ ရှိသမျှကို ကြားပြောလျှင်

"ထို့နောက် ယာကုပ်က ဖြစ်ပျက်သမျှကို ကြားပြောလျှင်"

ငါ့အရိုးအသား

တိုက်ရိုက် အမျိုးတော်ကြောင်း ဖော်ပြခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့အမျိုးရင်း" သို့မဟုတ် "ငါ့အရိုး ငါ့အသား" (ရှု၊ figs_metonymy)

Genesis 29:15-18

သင်သည် ငါ့တူ . . . အကျိုးမဲ့ ကျွန်ခံရပါမည်လော

မိမိထံ အလုပ်လုပ်သဖြင့် လုပ်အားခ ပေးသင့်ကြောင်း သဘောပေါက်စေရန် မေးခြင်း ဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အဟုတ်ဝါကျ အဖြစ်လည်း ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်သည် ငါ့အမျိုးရင်း ဖြစ်သော်လည်း သင်ပြုသမျှနှင့်တန်သော အခကို ပေးပါမည်" (ရှု၊ figs_rquestion နှင့် figs_litotes)

ထိုအခါ လာဗန်၌

"ထိုအခါ" ဟူရာတွင် ပင်မဇာတ်ကြောင်းမှ လာဗန်နှင့် သမီးတို့၏ နောက်ခံ သမိုင်းကြောင်းသို့ ပြောင်းရာ၌ အသုံးပြုသည်။ (ရှု၊ writing_background)

လေအာကား၊ မျက်စိနုညံ့၏

ဖြစ်နိုင်ချေများမှာ၊ ၁) "လေအာ၏ မျက်စများမှာ လှပ၏" သို့မဟုတ် ၂) "လေအာမှာ၊ မျက်စိနူးညံ့၏"

ယာကုပ်သည် ရာခေလကို ချစ်သောကြောင့်

"ချစ်" ဟူရာတွင် ယောက်ျားနှင့် မိန်းမကြား ချစ်ခြင်းတရားကို ညွှန်းသည်။

Genesis 29:19-20

အခြားသောသူအား ပေးစားသည်ထက်

"တခြားသူအား ပေးစားသည်ထက်"

နည်းသောနေ့ရက်ကဲ့သို့ ထင်မှတ်သတည်း

"ရက်အနည်းငယ်ဟုသာ ထင်မှတ်သတည်း"

ရာခေလကို ချစ်သောကြောင့်

"ရာခေလပေါ် ထားသော ချစ်ခြင်းတရားကြောင့်" သို့မဟုတ် "ရာခေလကို ချစ်မြတ်နိုးသဖြင့်"

Genesis 29:21-22

ချိန်းချက်သောအချိန် စေ့ပါပြီ။ ကျွန်ုပ်သည် မယားနှင့်ဆက်ဆံဘို့ရာ ပေးစားပါ

"ချိန်းချက်သောအချိန်" ဟူရာတွင် ရှည်လျားသော ကာလတစ်ခုကို ပုံဆောင်သည်။ "စေ့ပါပြီ" ဟူသော ဝေါဟာရကို အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဦးရီးတော်အတွက် ခုနစ်နှစ် အစေခံပြီဖြစ်၍၊ ကျွန်ုပ်အား ရာခေလကို ပေးစားပါ" (ရှု၊ figs_metonymy နှင့် figs_activepassive)

စည်းဝေးစေ၍ ပွဲလုပ်လေ၏

"မင်္ဂလာပွဲ လုပ်လေ၏။" ပွဲလုပ်ရန် စေခိုင်းခြင်း ဖြစ်နိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "စည်းဝေး၍ မင်္ဂလာပွဲ ပြင်ဆင်ကျင်းပစေ၏" (ရှု၊ figs_metonymy)

Genesis 29:23-25

သူနှင့် ဆက်ဆံလေ၏

ညမှောင်၍ မမြင်ရသောကြောင့် ယာကုပ်က မိမိမှာ လေအာနှင့် ရှိနေကြောင်းမသိဟု ဆိုလိုခြင်း ဖြစ်သည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ (ရှု၊ figs_explicit)

ဇိလပအမည်ရှိသော ကျွန်မကို သမီးလေအာ၌ လက်ဖွဲ့လျက်

လာဗန်က လေအာထံ ဇိလပကို ပေးသော အကြောင်းကို တွေ့ရသည်။ မင်္ဂလာပွဲ မတိုင်မီ ပေးခြင်း ဖြစ်မည်။ (ရှု၊ writing_background)

ဇိလပ

လေအာ၏ အစေခံမ အမည် ဖြစ်သည်။ (ရှု၊ translate_names)

ယာကုပ်သည် ကြည့်ရှုသောအခါ၊ လေအာဖြစ်ကြောင်းကို သိမြင်လျှင်

"ကြည့်ရှုလော့၊ လေအာဖြစ်ပါတကား။ ထိုအခါ။" "ကြည့်ရှုလော့" ဟူရာတွင် ယာကုပ်၏ အံ့အားသင့်မှုကို ထင်ဟပ်စေသည်။

ကျွန်ုပ်၌ ပြုသောအမှုကား၊ အဘယ်သို့နည်း

အံ့အားဖြစ်မှုနှင့် ဒေါသကို ထင်ဟပ်စေရန် မေးခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်၌ ဤသို့ ပြုပါပြီတကား" (ရှု၊ figs_rquestion)

ကျွန်ုပ်သည် ရာခေလကိုရခြင်းငှါ အစေခံရပြီ မဟုတ်လော

လာဗန်၏ လှည့်စားမှုကြောင့် နာကျင်ခံစား ဖြစ်ရခြင်းကို ထင်ဟပ်စေရန် မေးခြင်းဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရာခေလကို ရခြင်းငှါ ခုနစ်နှစ်တိုင် အစေခံခဲ့ပါ၏" (ရှု၊ figs_rquestion)

Genesis 29:26-27

ငါတို့ပြည်၌ . . . မပေးစားရ

"ငါတို့ အမျိုး၌ ... ပေးရိုးထုံးမရှိ"

ခုနစ်ရက်စေ့အောင် ငံ့ဦးလော့

"မင်္ဂလာပွဲ ခုနစ်ရက်စေ့အောင် ငံ့ဦးလော့"

ရာခေလကိုလည်း သင့်အား ပေးစားဦးမည်

အပြည့်အစုံ ဖော်ပြနိုင်သည်။ အခြားသော ဘာသပြန်ဆိုချက်၊ "နောက်တပတ်၌ ရာခေလကိုလည်း သင့်အား ပေးစားပါမည်" (ရှု၊ figs_explicit)

Genesis 29:28-30

ယာကုပ်ဝန်ခံ၍ ခုနစ်ရက်စေ့ပြီးမှ

"ယာကုပ်လည်း ထိုသို့၍ မင်္ဂလာပွဲရက်သတ္တာ စေ့ပြီးမှ"

ဗိလဟာ

ရာခေလ၏ အစေခံမအမည် ဖြစ်သည်။ (ရှု၊ translate_names)

ယာကုပ်သည် ရာခေလနှင့် ဆက်ဆံ၍

လင်မယား ဆက်ဆံမှုကို ယဉ်ကျေးစွာ ဖော်ပြခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာကုပ်သည် ရာခေလနှင့် ထိန်းမြား၍" (UDB) (ရှု၊ figs_euphemism)

သာ၍ ချစ်၏

ယောက်ျားနှင့် မိန်းမကြား ချစ်ခြင်းတရားကို ညွှန်းသည်။

Genesis 29:31-32

လေအာသည် အမုန်းခံရသည်

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာကုပ်က လေအာကို မချစ်ကြောင်း" (ရှု၊ figs_activepassive)

အမုန်းခံရ

ယာကုပ်က လောအာထက် ရာခေလကို ပို၍ချစ်ကြောင်း ထင်ရှားစေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မချစ်" (ရှု၊ figs_hyperbole)

သားဘွားရသောအခွင့်ကို ပေးတော်မူ၏

သားဖွားခြင်းအခွင့် ပေးသည်ကို သားအိမ်ဖွင့်ပေးသည် ဟူ၍လည်း တင်စားခြင်း ပြုနိုင်သည်။ (ရှု၊ figs_metaphor)

မြုံ၏

"သားမဖွားနိုင်"

လေအာသည် ပဋိသန္ဓေယူသဖြင့်၊ သားကို ဘွားမြင်၍

"လေအာသည် ကိုယ်ဝန်ဆောင်သဖြင့်၊ သားကို ဖွားမြင်၍"

ရုဗင်အမည်ဖြင့် မှည့်လေ၏

ဘာသာပြန်ဆိုသူများ အနေဖြင့် "ရုဗင်အနက်ကား 'တွေ့မြင်' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်း ဖော်ပြနိုင်သည်။ (ရှု၊ translate_names)

ထာဝရဘုရားသည် ငါ၏ဆင်းရဲခံခြင်းကို အမှန် ကြည့်မြင်တော်မူပြီ

ယာကုပ်၏ ငြင်းပယ်မှုကို ခံရသဖြင့် စိတ်ပိုင်းဆိုင်ရာ နာကျင်ဆင်းရဲခြင်းကို ဆိုလိုသည်။ စိတ္တဇနာမ် "ဆင်းရဲခံခြင်း" ကို ကြိယာပုဒ်အဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ ဆင်းရဲခံရကြောင်း ယာဝေးဘုရား တွေ့မြင်တော်မူ၏" (ရှု၊ figs_abstractnouns)

Genesis 29:33-34

တဖန် ပဋိသန္ဓေယူပြန်၍

"တဖန် ကိုယ်ဝန်ဆောင်၍"

သားကို ဘွားမြင်သော်

"သားကို ဖွားမြင်သော်"

ငါသည် အမုန်းခံရကြောင်းကို ထာဝရဘုရား ကြားသောကြောင့်

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့လင်က ငါ့ကို မချစ်ကြောင်း ယာဝေးဘုရား ကြားသိတော်မူ၍" (ရှု၊ figs_activepassive)

ထိုသားကို ရှိမောင်အမည်ဖြင့် မှည့်လေ၏

ဘာသာပြန်ဆိုသူများ အနေဖြင့် "ရှိမောင် အနက်ကား 'ကြားသိ' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။

သူသည် ငါနှင့်ပေါင်းဘော်လိမ့်မည်

"သူသည် ငါ့ကို တွယ်တာလိမ့်မည်"

ငါ့လင်အား သားသုံးယောက်ကို ငါဘွားမြင်သောကြောင့်

"ငါ့လင်အား သားသုံးယောက်ကို ဖွားမြင်သောကြောင့်"

ထိုသားကို လေဝိအမည်ဖြင့် မှည့်လေ၏

ဘာသာပြန်ဆိုသူများ အနေဖြင့် "လေဝိ အနက်ကား 'တွယ်တာ' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။ (ရှု၊ translate_names)

Genesis 29:35

တဖန် ပဋိသန္ဓေယူပြန်၍

"တဖန် ကိုယ်ဝန်ဆောင်၍"

သားကို ဘွားမြင်သော်

"သားကို ဖွားမြင်သော်"

ထိုသားကို ယုဒအမည်ဖြင့် မှည့်လေ၏

ဘာာသာပြန်ဆိုသူများ အနေဖြင့် "ယုဒ အနက်ကား 'ချီးမွမ်း' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။ (ရှု၊ translate_names)

Genesis 30

Genesis 30:1-2

ရာခေလသည် ယာကုပ်အား သားမဘွားကြောင်းကို မိမိသိမြင်သောအခါ

"မိမိမှာ သားအိမ်မြုံကြောင်း‌ ရာခေလ သိမြင်သောအခါ"

ငါသေတော့အံ့

သားမဖွားနိုင်သဖြင့် စိတ်ဆင်းရဲကြောင်း ထင်ဟပ်စေရန် သုံးနှုန်းထားခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တန်ဖိုးမဲ့သကဲ့သို့ ခံစားရပါမည်" (ရှု၊ figs_hyperbole)

ငါ့အား သားကိုပေးပါ

"ငါ့အား ကိုယ်ဝန်လွယ်ရသောအခွင့်ကို ပေးပါ"

ရာခေလကို အမျက်ထွက်၍

ဒေါသကို မီး လျှံထွက်သကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရာခေလအပေါ် ဒေါသဖြစ်၍" (ရှု၊ figs_metaphor)

ငါသည် သင့်အား သားဘွားသောအခွင့်ကို ပေးတော်မမူသော ဘုရားသခင် ကိုယ်စားတော် ဖြစ်သလော

ရာခေလကို ဆူရာ၌ အသုံးပြုသော မေးခွန်းဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျအဖြစ် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါသည် ဘုရားမဟုတ်။ သင့်အား သားဖွားရန် တားဆီးနိုင်သောသူ မဟုတ်" (ရှု၊ figs_rquestion)

Genesis 30:3-4

ရာခေလကလည်း . . . ဟု ဆိုလျက်

"သူမကလည်း ... ဟု ဆိုလျက်"

See

Not applicable

အကျွန်ုပ်၌ ကျွန်မ ဗိလဟာ ရှိပါ၏ . . . သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက်ခြင်း ရှိပါလိမ့်မည်

ထိုခေတ်အခါ၌၊ သားအိမ်မြုံသောသူ အနေဖြင့် ကလေးရနိုင်မည့် တရားဝင်နည်းလမ်းဖြစ်သည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ (ရှု၊ figs_explicit)

ဗိလဟာ

ရာခေလ၏ အစေခံမ အမည် ဖြစ်သည်။ ၂၉း၂၈ မှ ပြန်ဆိုချက်ကို ရှု။

အကျွန်ုပ်ဒူးပေါ်မှာ

ဗိလဟာ မွေးသော ကလေးကို မိမိပိုင်မည်ဟု ဆိုလိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်အတွက်" (ရှု၊ figs_idiom)

သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက်ခြင်း ရှိပါလိမ့်မည်

"ထိုသို့ဖြင့် အကျွန်ုပ်သည် ကလေးကို ရနိုင်ပါမည်"

Genesis 30:5-6

ဗိလဟာ

ရာခေလ၏ အစေခံမ အမည် ဖြစ်သည်။ ၂၉း၂၈ မှ ပြန်ဆိုချက်ကို ရှု။

ယာကုပ်အား သားကို ဘွားမြင်သည်ရှိသော်

"ယာကုပ်အဖို့ သားဖွားသော်"

ထိုသားကို . . . အမည်ဖြင့် မှည့်လေ၏

"ထိုသားကို ... ဟု ရာခေလ မှည့်လေ၏"

ထိုသားကို ဒန် အမည်ဖြင့် မှည့်လေ၏

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဒန် အနက်ကား 'စီရင်' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။ (ရှု၊ translate_names)

Genesis 30:7-8

ဗိလဟာသည် ပဋိသန္ဓေယူပြန်၍

"ဗိလဟာသည် ကိုယ်ဝန်ဆောင်ပြန်၍"

ယာကုပ်အား နှစ်ကြိမ်မြောက်သော သားကိုဘွားမြင်သည်ရှိသော်

"ယာကုပ်အဖို့ ဒုတိကသားကို ဖွားမြင်သော်"

ငါသည် ငါ့အစ်မနှင့် ကျပ်ကျပ် လုံးထွေး၍

"ကျပ်ကျပ် လုံးထွေး၍" ဟူခြင်းဖြင့် အဘယ်သို့ လုံးထွေးကြောင်း ထင်ဟပ်စေသည်။ လေအာကဲ့သို့ ကလေးမွေးရန် ကြိုးပမ်းမှုကို နပမ်းလုံးသကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့အစ်မကဲ့သို့ သားဖွားနိုင်ရန် ရုမ်းကန်၍" (UDB) (ရှု၊ idiom နှင့် figs_metaphor)

နိုင်ခဲ့ပြီ

"အောင်မြင်ခဲ့ပြီ" သို့မဟုတ် "ပြီးဆုံးခဲ့ပြီ"

ထိုသားကို နဿလိအမည်ဖြင့် မှည့်လေ၏

ဘာသာပြန်ဆိုသူများ အနေဖြင့် "နဖ်သာလိ သို့မဟုတ် နဿလိ အနက်ကား 'ရုန်းကန်' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။

Genesis 30:9-11

လေအာသည် . . . ဘဲနေကြောင်းကို မိမိသိမြင်သောအခါ

"မိမိမှာ ... နိုင်တော့ကြောင်း လေအာ သိမြင်သောအခါ"

မိမိကျွန်မ ဇိလပကို ယူ၍၊ ယာကုပ်၏မယား ဖြစ်စေခြင်းငှါ အပ်လေ၏

"မိမိအစေခံမ ဇိလပကို ယာကုပ်၏ မယားအဖြစ် အပ်လေ၏"

ဇိလပ

လေအာ၏ အစေခံမ အမည် ဖြစ်သည်။ ၂၉း၂၃ မှ ပြန်ဆိုချက်ကို ရှု။

ယာကုပ်အား သားကို ဘွားမြင်သည်ရှိသော်

"ယာကုပ်အဖို့ သားကို ဖွားမြင်သော်"

ကောင်းကျိုးလာသည်

"မင်္ဂလာရှိပါတကား" သို့မဟုတ် "မင်္ဂလာရှိ၏"

ထိုသားကို ဂဒ်အမည်ဖြင့် မှည့်လေ၏

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဂဒ် အနက်ကား 'မင်္ဂလာ' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။

Genesis 30:12-13

ဇိလပ

လေအာ၏ အစေခံမ အမည် ဖြစ်သည်။ ၂၉း၂၃ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ယာကုပ်အား နှစ်ကြိမ်မြောက်သောသားကို ဘွားမြင်သည်ရှိသော်

"ယာကုပ်အဖို့ ဒုတိယသားကို ဖွားမြင်သော်"

ငါ၌ မင်္ဂလာရှိ၏

"ငါ၌ ဝမ်းမြောက်ခြင်းရှိ၏" သို့မဟုတ် "ဝမ်းမြောက်လှပါတကား"

လူသမီးတို့

"အမျိုးသမီးတို့" သို့မဟုတ် "မိန်းမပျိုတို့"

ထိုသားကို အာရှာအမည်ဖြင့် မှည့်လေ၏

ဘာသာပြန်ဆိုသူများ အနေဖြင့် "အာရှာ အနက်ကား 'ဝမ်းမြောက်' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။ (ရှု၊ translate_names)

Genesis 30:14-15

ရုဗင်သည် . . . ထွက်သွားပြီး

"ရုဗင်သည် ... ထွက်ပြီး"

ဂျုံစပါးကို စုသိမ်းသော အချိန်ကာလ၌

"အချိန်ကာလ" မှာ နှစ်တနှစ်၏ ရာသီ သို့မဟုတ် အချိန်တခုကို ညွှန်းသော ဝေါဟာရဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဂျုံစပါး စုသိမ်းသော အချိန်၌" သို့မဟုတ် "ဂျုံစပါးကို ရိတ်သိမ်းသော ကာလ၌" (ရှု၊ figs_idiom)

အနုဆေးသီး

ပီယ အစွမ်းတိုးစေသော အသီးတမျိုး ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ပီယဆေးသီး" (ရှု၊ translate_unknown)

သင်သည် ငါ့လင်ကိုယူ၍ အတွက်မရှိ ထင်သလော

"သင်သည် ငါ့လင်ကို ယူ၍ ဆင်ခြင်ဉာဏ် မရှိသေးသလော။" ရာခေလကို ဆူရာ၌ သုံးသော မေးခွန်းဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျအဖြစ် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်က ငါ့လင်ကို ယူ၍ အဖြစ်ဆိုးလှပါပြီ" (ရှု၊ figs_rquestion)

ငါ့သား၏ အနုဆေးသီးကိုလည်း ယူချင်သေးသည်တကား

ရာခေလကို ဆူပူရာ၌ သုံးနှုန်းထားသည်။ ဖြစ်ကြောင်းပြ ဝါကျဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယခု၊ ငါ့သား၏ အနုဆေးသီးကိုလည်း ယူချင်သေးသလော" (ရှု၊ figs_rquestion)‌

လင်သည် . . . အိပ်ရမည်

"ယာကုပ်သည် ... အိပ်ရမည်" သို့မဟုတ် "ယာကုပ်သည် ... အိပ်ရန် ခွင့်ပြုပါမည်"

Genesis 30:16-18

အကျွန်ုပ်၏သား ရခဲ့သော အနုဆေးသီးနှင့်

"ကျွန်မသား၏ အနုဆေးသီးဖြင့်။" ၃၀း၁၄ မှ ပြန်ဆိုချက်ကို ရှု။

သူသည် ပဋိသန္ဓေယူ၍

"သူမသည် ကိုယ်ဝန်ဆောင်၍"

ယာကုပ်အား ပဥ္စမသားကို ဘွားမြင်လေသော်

"ယာကုပ်အဖို့ ပဉ္စမသားကို ဖွားမြင်သော်"

ဘုရားသခင်သည် ငါ့အား အခကို ပေးတော်မူပြီ

အလုပ်တခုကို ဆောင်ရွက်သဖြင့် ၎င်းအတွက် အဖိုးအခ ရသကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်က ငါအား အခကို ပေးတော်မူပြီ" သို့မဟုတ် "ဘုရားသခင်က ငါ့အား အဖိုးအခ ပေးတော်မူပြီ" (ရှု၊ figs_metaphor)

ထိုသားကို ဣသခါအမည်ဖြင့် မှည့်လေ၏

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဣသခါ အနက်ကား 'အဖိုးအခ' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။

Genesis 30:19-21

တဖန် လေအာသည် ပဋိသန္ဓေယူပြန်၍

"တဖန် လေအာသည် ကိုယ်ဝန်ဆောင်ပြန်၍"

ယာကုပ်အား ဆဌမသားကို ဘွားမြင်လေသော်

"ယာကုပ်အဖို့ ဆဌမသားကို ဖွားမြင်သော်"

ထိုသားကို ဇာဗုလုန် အမည်ဖြင့် မှည့်လေ၏

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဇာဗုလုန် အနက်ကား 'ဂုဏ်' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။

ဒိနအမည်ဖြင့် မှည့်လေ၏

လေအာ၏ သမီး အမည်ဖြစ်သည်။ (ရှု၊ translate_names)

Genesis 30:22-24

ထိုအခါ ဘုရားသခင်သည် ရာခေလကို အောက်မေ့တော်မူ၏။ သူ၏စကားကို နားထောင်၍

"အောက်မေ့" မှာ အမှတ်ရကြောင်း ဆိုလိုသည်။ သို့ရာတွင် မေ့လျော့ကြောင်း ဆိုလိုခြင်းမဟုတ်။ သူမ၏ ဆုတောင်းချက်ကို နားညောင်းကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုအခါ ဘုရားသခင်သည် ရာခေလကို အောက်မေ့၍ သူမ ဆန္ဒကို လိုက်လျောတော်မူ၏" (ရှု၊ figs_idiom)

ငါခံရသော ကဲ့ရဲ့ခြင်းအကြောင်းကို ဘုရားသခင်သည် ပယ်တော်မူပြီ

"ကဲ့ရဲ့ခြင်းအကြောင်း" ကို ဖယ်ရှား၍ရသော အရာဝတ္ထုကဲ့သို့ တင်စားထားသည်။ စိတ္တဇနာမ် "ကဲ့ရဲ့ခြင်းအကြောင်း" ကို ကြိယာပုဒ်အဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နောက်ထပ် အရှက်မခံရန် ဘုရားသခင် ပြုပေးတော်မူပြီ" (ရှု၊ figs_metaphor နှင့် figs_abstractnouns)

ထိုသားကို ယောသပ်အမည်ဖြင့် မှည့်လေ၏

ဘာသာပြန်ဆိုသူများ အနေဖြင့် "ယောသပ် အနက်ကား 'နောက်ထပ်' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။ (ရှု၊ translate_names)

ထာဝရဘုရားသည် အခြားသောသားကို ထပ်၍ ပေးတော်မူပါစေသော

ရာခေလ၏ ပထမ သားနှစ်ဦးမှာ အစေခံမ ဗိလဟာ အားဖြင့် ရရှိသော သားများ ဖြစ်သည်။

Genesis 30:25-26

ရာခေလသည် ယောသပ်ကို ဘွားမြင်ပြီးသောနောက်

"ယောသပ်ကို ရာခေလ ဖွားမြင်ပြီးနောက်"

သွားရသောအခွင့်ကို ပေးပါလော့

"ပြန်ရန် အခွင့်ပေးပါ"

ကျွန်ုပ် အစေခံသည်အကြောင်းကို အဘသိပါသည်

မိမိတို့ ဆိုခဲ့သော သစ္စာစကားကို ပြန်လည် သတိပေးနေခြင်း ဖြစ်သည်။ စိတ္တဇနာမ် "အစေခံသည်အကြောင်း" ကို "အစေခံ" ဟု ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယခုချိန်ထိ အဘကို အစေခံခဲ့ပါ၏" (ရှု၊ figs_abstractnouns)

Genesis 30:27-28

လာဗန်က . . . ဟု ဆိုလေသော်

"လာဗန်က ... ဟု ယာကုပ်ထံ ဆိုသော်"

သင်၏စိတ်နှင့် တွေ့ပါစေ

"သင်၏စိတ်" မှာ ယာကုပ်၏ အတွေးနှင့် အမြင်ကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့အား မျက်နှာသာပေးပါ" သို့မဟုတ် "သင့်ကို ကျေနပ်စေပါမည်" (UDB) (ရှု၊ figs_metonymy)

စိတ်နှင့် တွေ့

တစုံတယောက်၏ ထောက်ခံပေးခြင်းကို ဆိုလိုသော အသုံးအနှုန်း ဖြစ်သည်။ (ရှု၊ figs_idiom)

wait, because

Not applicable

ငါရိပ်မိပြီ

"ငါ့ဝိညာဉ်က ရိပ်မိပြီ"

သင်၏အကြောင်းကြောင့်

"သင့်အတွက်ကြောင့်"

ငါပေးရမည်အခကို ပြောပါ

ပို၍ တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဤနေရာတွင် ဆက်လက် နေစေခြင်းငှါ ပေးရမည့်အခကို ပြောပါ" (ရှု၊ figs_explicit)

Genesis 30:29-30

. . . ဟု ဆိုလေ၏

"... ဟု လာဗန်အား ဆိုလေ၏"

အဘ၏တိရစ္ဆာန်တို့သည် ကျွန်ုပ်၌ အဘယ်သို့ ရှိနေသည်ကို၎င်း

"ကျွန်ုပ်ကြောင့် အဘ၏တိရစ္ဆာန်တို့သည် အဘယ်သို့ ဖြစ်လာသည်ကို၎င်း"

အထက်က အဘ၏ဥစ္စာ နည်းလှ၏

"ကျွန်ုပ် မလာမီက အဘ၌ ဥစ္စာနည်းလှ၏"

ယခု တိုးပွါး၍ များပြားလျက်ရှိ၏

"သို့သော်၊ ယခုတွင် ဥစ္စာဓန ကြွယ်ဝလျက်ရှိ၏"

ယခုမှာ၊ ကျွန်ုပ်သည် ကိုယ် အိမ်သူအိမ်သားတို့ကို အဘယ်သောအခါ ကျွန်ုပ် ပြုစုရပါအံ့နည်း

"သို့ရာတွင် အကျွန်ုပ် အိမ်သူအိမ်သားတို့အား ဘယ်သောအခါ ပြုစုရပါအံ့နည်း။" မိမိ အိမ်ထောင်ကို ကျွေးမွေး ပြုစုလိုကြောင်း ထင်ဟပ်စေရန် မေးခြင်းဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျ အဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယခုတွင်၊ အကျွန်ုပ် မိသားစုအား ပြုစုလိုပါ၏" (ရှု၊ figs_rquestion)

Genesis 30:31-32

အဘယ်အခကို ပေးရမည်နည်း

"အဘယ်သို့ အခ ပေးရမည်နည်း" သို့မဟုတ် "သင့်အား အဘယ်မျှ ပေးရမည်နည်း။" ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ထံ နေ၍ အလုပ်ထမ်းခြင်းငှါ သင့်အား အဘယ်မျှလောက် ပေးရမည်နည်း" (ရှု၊ figs_explicit)

ကျွန်ုပ်၌ ကျေးဇူးတခု ပြုလိုလျှင်

"သို့သော်" ဖြင့် ဝါကျကို ဆက်နိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့သော် ကျွန်ုပ်အတွက် တခုခုပြုလိုလျှင်" (ရှု၊ writing_connectingwords)

ကျွေးမွေးစောင့်ထိန်းပါဦးမည်

"ကျွေးမွေးစောင့်ထိန်းခွင့်ပေးပါ"

ပြောက်ကျားသောဆိတ်များ ညိုသောသိုးများ၊ ရှိသမျှတို့ကို ရွေးနှုတ်ခွဲထားပါမည်

"ပြောက်ကျားသော သိုးနှင့်ဆိတ်၊ မဲနက်သောသိုး ရှိသမျှတို့ကို ခွဲနှုတ်ပါမည်"

နောက်မှ ပြောက်ကျားသောဆိတ်၊ ညိုသောသိုးတို့သည် ကျွန်ုပ်၏အခ ဖြစ်စေလော့

"၎င်းမှာ ကျွန်ုပ်ကို ခေါ်ယူရန် ကုန်ကျသောအခ ဖြစ်ပါမည်"

Genesis 30:33-34

ကျွန်ုပ်၏ ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်ကို စောင့်ရှောက်ပါလိမ့်မည်

"ဖြောင့်မတ်ခြင်း" ကို "ရိုးသားခြင်း" ဟုလည်း ဆိုလိုသည်။ ရိုးသားဖြောင့်မတ်မှုဖြင့် တစုံယောက်အား ကာကွယ်ပြီး နောက်တယောက်ကို အပြစ်တင်နိုင်သကဲ့သို့ ပုဂ္ဂိုလ်ပြုထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဘအပေါ် ရိုးသားမှု ရှိမရှိကို သိမြင်ပါလိမ့်မည်" (ရှု၊ figs_personification)

မပြောက်မကျားသောဆိတ်၊ မညိုသောသိုး ရှိသမျှတို့ကို၊ ကျွန်ုပ်ခိုးသော အကောင်ဟူ၍ မှတ်စေလော့

အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မပြောက်မကျားသောဆိတ်၊ မမဲနက်သောသိုး တကောင်မျှ တွေ့ပါလျှင်၊ ကျွန်ုပ်ခိုးသည်ဟူ၍ မှတ်ပါလော့" (ရှု၊ figs_activepassive)

သင်ပြောတိုင်း ဖြစ်လော့

"ပြော" က နှုတ်မှ ထွက်သမျှကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်စကားအတိုင်း ဖြစ်စေ" သို့မဟုတ် "သင်ပြောသည့်အတိုင်း ပြုကြမည်" (UDB) (ရှု၊ figs_metonymy)

ပြောက်ကျားသော ဆိတ်ထီး

"အစင်းအကျားပါသော ဆိတ်ထီး"

ပြောက်ကျားသော ဆိတ်မ

"အစက်အပြောက်ပါသော ဆိတ်မ"

Genesis 30:35-36

ပြောက်ကျားသော ဆိတ်ထီး

က ၃၀း၃၄ ကို ရှု။

ပြောက်ကျားသော ဆိတ်မ

က ၃၀း၃၄ ကို ရှု။

အဖြူပါသောဆိတ် ရှိသမျှတို့နှင့်

"အကွက်ဖြူသောဆိတ် ရှိသမျှတို့နှင့်"

အဆင်းညိုသောသိုး ရှိသမျှတို့

"မဲနက်သောသိုး ရှိသမျှတို့"

လက်သို့ အပ်ပေးလေ၏

"လက်" မှာ ပိုင်ဆိုင်မှု သို့မဟုတ် စောင့်ရှောက်မှုသဘောကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထံ အပ်ပေးလေ၏" (ရှု၊ figs_metonymy)

Genesis 30:37-38

စိမ်းသော လိဗနာပင်၊ လုဇပင်၊ အာရမုန်ပင်

အသားဖြူသော အပင်မျိုး ဖြစ်သည်။ (ရှု၊ translate_unknown)

အဖြူ၊ အစိမ်း၊ အတန့်တန့်ပေါ်အောင် အခွံကို လှီးခွာပြီးလျှင်

"အဖြူရောင် အသားပေါ်အောင် အခွံ့ကို လှီးခွာပြီးလျှင်"

ရေသောက်ကျင်း၊ သောက်ခွက်တို့

တိရစ္ဆာများ ရေသောက်ရန် ပြုလုပ်ထားသော ခွက်အရှည်တမျိုး

Genesis 30:39-40

သိုးဆိတ်တို့သည် . . . ရှက်တင်၍

"တိရစ္ဆာအစုတို့သည် ... ရှက်တင်၍" သို့မဟုတ် "သိုးဆိတ်တို့သည် ... မိတ်လိုက်၍"

အပြောက်အကျား စသည်တို့ကို ဘွားကြ၏

"ပြောက်ကျားသော အကောင်တို့ကို ဖွားကြ၏"

ယာကုပ်သည် . . . ခွဲထား၍

နှစ်နှင့်ချီ ကြာခဲ့ကြောင်း တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုသို့ ယာကုပ်သည် နှစ်နှင့်ချီအောင် ... ခွဲထား၍" (ရှု၊ figs_explicit)

. . . တို့ ရှေ့မှာ . . . မျက်နှာပြုစေ၏

"... ဖက်သို့ ... မျက်နှာပြုစေ၏"

မိမိတိရစ္ဆာန်များနှင့် . . . များကိုလည်း . . . တစုစီခွဲထားလေ၏

"မိမိတိရစ္ဆာန်များကို ... များမှ ... တစုစီခွဲထားလေ၏"

Genesis 30:41-42

သူတို့ မျက်မှောက်တွင်

"မျက်မှောက်" က "မြင်ရာ" ကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့ မြင်ရာတွင်" (ရှု၊ figs_metonymy)

တံဖျာတို့တွင်

"သစ်ချောင်းများရှေ့တွင်"

အားနည်းသော အကောင်တို့

"ချည့်နဲ့သော အကောင်တို့"

ထိုကြောင့် အားနည်းသော အကောင်တို့သည် လာဗန်၏ဥစ္စာ ဖြစ်လေ၏။ အားကြီးသော အကောင်တို့မူကား၊ ယာကုပ်၏ဥစ္စာ ဖြစ်လေ၏

"ထို့ကြောင့် ချည့်နဲ့သော အကောင်တို့မှာ လာဗန်အပိုင် ဖြစ်ပြီး၊ အားကြီးသော အကောင်တို့မှာမူ၊ ယာကုပ်အပိုင် ဖြစ်လေ၏" (ရှု၊ figs_explicit)

Genesis 30:43

ထိုသို့ ယာကုပ်၌

"ထိုသို့ဖြင့် သူသည်"

စည်းစိမ်တိုးပွား၍

"ဥစ္စာတိုးပွါး၍" သို့မဟုတ် "ကြီးပွားချမ်းသာ၍"

Genesis 31

Genesis 31:1-3

ထိုအခါ

ပင်မ ဇာတ်ကြောင်း၏ နောက်တခန်းသို့ ကူးပြောင်းသော အမှတ်အသား ဖြစ်သည်။

လာဗန်သားတို့က . . . ဟု၊ ဆိုကြသည်ကို ယာကုပ်ကြား၍

"ဆိုကြ" မှာ နှုတ်မှ ပြောဆိုသောအရာကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "... ဟူသော လာဗန်သားတို့၏ စကားကို ယာကုပ်ကြား၍" (ရှု၊ figs_metonymy)

ငါတို့သခင်၏ဥစ္စာ ရှိသမျှကို ယာကုပ်သည် ယူသွားလေပြီတကား

ဒေါသဖြစ်ရင်း ပြောသော အတိသယဝုတ္တိပုဒ် ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာကုပ် ပိုင်သမျှသောဥစ္စာမှာ ငါတို့အဖ ဥစ္စာဖြစ်၏" (ရှု၊ figs_hyperbole)

လာဗန်၏ မျက်နှာကို ကြည့်သောအခါ၊ ရှေ့ကကဲ့သို့ မဟုတ်၊ ခြားနားသည်ကို သိမြင်၏

အရှေ့နှင့် အနောက် ဆိုလိုရင်း အဓိပ္ပါယ် တူ၏။ လာဗန်၏ မျက်နှာထား ပြောင်းလဲကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လာဗန်မှာ မိမိအပေါ် ကျေနပ်ခြင်း မရှိတော့ကြောင်း သိမြင်၏" (ရှု၊ figs_parallelism)

သင်၏ဘိုးဘ

"အဖဣဇာက်နှင့် အဖိုးအာဗြဟံတို့"

Genesis 31:4-6

ယာကုပ်သည် လူကိုစေလွှတ်၍၊ ရာခေလနှင့် လေအာကို၊ သိုးစုရှိရာတောသို့ ခေါ်ပြီးလျှင်

"ယာကုပ်က သိုးစုရှိရာ လယ်တောသို့ ရာခေလနှင့် လေအာကို အခေါ် လွှတ်စေပြီးလျှင်"

ခေါ်ပြီးလျှင်၊ သင်တို့အဘ ... ဟု ယာကုပ်သည် ကြားပြောပြီးလျှင်

ဝါကျနှစ်ကြောင်းအဖြစ် ခွဲနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လွှတ်စေ၏။ ထို့နောက် 'သင်တို့အဖ ...' ဟု သူတို့အား ကြားပြောပြီးလျှင်" (ရှု၊ figs_sentences)

သင်တို့အဘ၏ မျက်နှာသည် ငါ၌ ရှေ့ကကဲ့သို့ မဟုတ်၊ ခြားနားသည်ကို ငါသိမြင်၏

"သင်တို့အဖသည် ငါ့အပေါ် ကျေနပ်မှု မရှိတော့ကြောင်း ငါသိမြင်၏"

သင်တို့အဘ၏ အမှုကို၊ ငါတတ်နိုင်သမျှအတိုင်း၊ ငါစောင့်သည်ကို သင်တို့သိကြ၏

"သင်တို့" မှာ ရာခေလနှင့် လေအာကို ညွှန်းသည်။ အထူးသဖြင့် ညွှန်းဆိုခြင်းလည်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့အဖ၏ အမှုကို ငါတတ်နိုင်သမျှ ထမ်းရွက်ကြောင်း သင်တို့ကိုယ်တိုင် သိကြ၏" (ရှု၊ figs_you)

Genesis 31:7-9

ငါ့ကိုလှည့်စား၍

"ငါ့ကို လိမ်လည်၍" သို့မဟုတ် "ငါ့အပေါ် သစ္စာမဲ့၍"

ငါရထိုက်သော အခ

"ငါ့အား ဂတိဆိုခဲ့သော အခ"

ငါ့ကို ညှဉ်းဆဲစေခြင်းငှါ

ဖြစ်နိုင်ချေများမှာ၊ ၁) ကိုယ်ထိလက်ရောက် ခိုက်ရန်ပြုခြင်း (UDB) သို့မဟုတ် ၂) တနည်းနည်းဖြင့် ဒုက္ခပေးခြင်း

ပြောက်သောအကောင်တို့

"အစက်ပါသောအကောင်တို့"

သိုး၊ ဆိတ်ရှိသမျှတို့သည် . . . ကို မွေးကြ၏

"သိုးဆိတ် ရှိသမျှက ... ကို မွေးကြ၏"

ကျားသောအကောင်တို့

"အစင်းပါသောအကောင်တို့"

ထိုသို့ ဘုရားသခင်သည်၊ သင်တို့အဘ၏ တိရစ္ဆာန်တို့ကို နှုတ်၍ ငါ့အားပေးတော်မူပြီ

"ဤသို့ဖြင့် ဘုရားသခင်က သင်တို့အဖ၏ တိရစ္ဆာန်တို့ကို ငါ့အား ပေးတော်မူပြီ"

Genesis 31:10-11

ယေဘုယျ အချက်အလက်

လေအာနှင့် ရာခေလတို့ထံ ယာကုပ် ဆက်လက် ပြောဆိုသည်။

ထိုတိရစ္ဆာန်များတို့သည်၊ ရှက်တင်ကြသော အခါ

"မိတ်လိုက်ရာသီတွင်"

တိရစ္ဆာန်မတို့နှင့် ပေါင်းဘော်သော

တိရစ္ဆာန် အစုထဲမှ အမကောင်ရှိသမျှကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တိရစ္ဆာန်မတို့နှင့် ပေါင်းဖော်သော" (ရှု၊ figs_metonymy)

အပြောက်အကျားမှစ၍၊ အထွေထွေသောအဆင်းရှိကြောင်းကို

"အစင်းအကျားမှစ၍၊ အစက်သေး အစက်ငယ် စသဖြင့် ရှိကြောင်းကို"

ဘုရားသခင်၏ ကောင်းကင်တမန်

ဖြစ်နိုင်ချေများမှာ၊ ၁) ဘုရားသခင်ကိုယ်တော်တိုင် ထင်ရှားပြခြင်းဖြစ်သည် သို့မဟုတ် ၂) ဘုရားသခင်၏ စေတမန်ဖြစ်သည်။ ဤကျမ်း အသုံးအနှုန်းကို နားလည်ရန် ခက်ခဲသောကြောင့်၊ "ကောင်းကင်တမန်" ကို ဆိုလိုသော အသုံးအနှုန်းဖြင့် "ဘုရားသခင်၏ ကောင်းကင်တမန်" ဟု ရိုးရှင်းစွာ ပြန်ဆိုရန် သင့်လျော်သည်။

. . . ဟု ငါထူး၏

"... ဟု ငါပြန်ထူး၏"

ကျွန်ုပ်ရှိပါ၏

"နားထောင်နေပါ၏" သို့မဟုတ် "မိန့်တော်မူပါ။" ၂၂း၁ မှ ပြန်ဆိုချက်ကို ရှု။

Genesis 31:12-13

ယေဘုယျ အချက်အလက်

ကောင်းကင်တမန်က ယာကုပ်ထံ ဆက်လက် မိန့်ဆိုသည်။ (ရှု၊ [[:en:bible:notes:gen:31:10]])

မြော်၍ကြည့်လော့

"မော့၍ကြည့်လော့" (ရှု၊ figs_idiom)

တိရစ္ဆာန်မနှင့် ပေါင်းဘော်သော

တိရစ္ဆာန် အစုထဲမှ အမကောင်ရှိသမျှကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တိရစ္ဆာန်မတို့နှင့် ပေါင်းဖော်သော" (ရှု၊ figs_metonymy)

အပြောက်အကျားမှစ၍၊ အထွေထွေသော အဆင်း ရှိကြ၏

"အစင်းကျားမှစ၍၊ အစက်အပြောက်များ ရှိကြ၏"

သင်သည် မှတ်တိုင်ကိုဆီလောင်း၍

ယာကုပ်က ဘုရားသခင်အတွက် ပေးအပ်ရန် ထိုကျောက်တိုင်ကို ဆီဖြင့်လောင်းခဲ့သည်။ (ရှု၊ translate_symaction)

အမျိုးသားချင်းတို့နေသော ပြည်

"သင်၏ မွေးရပ်မြေ"

Genesis 31:14-16

ရာခေလနှင့် လေအာတို့က . . . ဟု ပြန်ပြောကြ၏

တချိန်တည်း ဖြေဆိုကြောင်း ဆိုလိုခြင်းမဟုတ်။ တဦးနှင့်တဦး သဘောတူကြောင်း ထင်ဟပ်စေသည်။

အကျွန်ုပ်တို့သည် ကိုယ်အဘ၏အိမ်နှင့် အဘယ်သို့ ဆိုင်သနည်း။ အဘယ်သို့ အမွေခံရသေးသနည်း

ဖခင်ထံမှ ရစရာမရှိကြောင်း ထင်ဟပ်စေသော အမေးစကားဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဖထံမှ ကျွန်မတို့ အမွေခံစရာ တခုမှမရှိပါ" (ရှု၊ figs_rquestion)

သူသည် ကျွန်ုပ်တို့ကို တကျွန်းတနိုင်ငံသားကဲ့သို့ မှတ်တတ်သည် မဟုတ်လော

မိမိတို့အပေါ် ဖခင်၏ ဆက်ဆံပုံကြောင့် ဒေါသဖြစ်မှုကို ထင်ဟပ်စေသော အမေးစကားဖြစ်သည်။ အပြုဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်မတို့ကို သမီးကဲ့သို့မဟုတ်၊ သူစိမ်းကဲ့သို့ ဆက်ဆံ၏" (ရှု၊ figs_rquestion နှင့် figs_activepassive)

ကျွန်ုပ်တို့ကို ရောင်းစားခဲ့ပြီတကား

ပို၍ တင်ကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိမြတ်ဖို့ရန် ကျွန်မတို့ကို ရောင်းစားခဲ့ပါပြီ" (ရှု၊ figs_explicit)

has also completely devoured our money

Not applicable

ငါတို့ဥစ္စာ၊ ငါတို့သားသမီးများ ဥစ္စာဖြစ်၏

"ငါတို့နှင့် ငါတို့သားသမီးများ အပိုင်ဖြစ်လေပြီ"

သို့ဖြစ်၍ . . . ယခုတွင်

"ယခု" ဟူရာတွင် "ယခု ချက်ချင်း" ဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ နောင်တွင် ပြုလတ္တံ့သော အရာကို ညွှန်းသည်။

ဘုရားသခင် မှာထားတော်မူသည်အတိုင်း . . . ပြုပါလော့

"... ဘုရားသခင် မိန့်ဆိုသည်အတိုင်း ပြုပါလော့"

Genesis 31:17-18

မိမိသားမယားတို့

ယာကုပ်က သားနှင့် သမီးအားလုံးကို ဆောင်ယူသွား၏။ သို့ရာတွင် သားများက မိမိအမွေကို ဆက်ခံမည်ဖြစ်၍ အထူးတလည် ဖော်ပြထားခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိသားသမီးနှင့် မယားတို့" (ရှု၊ figs_explicit)

မိမိတိရစ္ဆာန် . . . ဆောင်ယူ၍

"မိမိတိရစ္ဆာန်အစု ... ဆောင်ယူ၍။" သူပိုင်သော ခြံမွေးတိရစ္ဆာန်အားလုံးကို ညွှန်းသည်။

ပါဒနာရံအရပ်၌ ရသော တိရစ္ဆာန်ရှိသမျှတို့

"ပဒ္ဒန်အာရမ်ပြည်၌ ရသော သားယဉ်ရှိသမျှတို့"

အဘဣဇာက်နေရာ ခါနာန်ပြည်သို့ ခရီးသွားလေ၏

"အဖဣဇာက် နေထိုင်ရာ ခါနာန်ပြည်သို့ ခရီးနှင်လေ၏"

Genesis 31:19-21

လာဗန်သည် သိုးမွေးကို ညှပ်ခြင်းငှါ၊ အခြားတပါးသို့ သွားခိုက်တွင်

"လာဗန်သည် သိုးမွေးကို ညှပ်ရန်၊ ထွက်သွားခိုက်တွင်"

မြစ်

မြစ်ကြီး ဟူသော ယူဖရေးတစ် ခေါ် ဥဖရတ်မြစ်ကို ညွှန်းသည်။

. . . ကို ရှေ့ရှုပြုလျက် ခရီးသွားလေ၏

"... ဖက်သို့ ခရီးဆက်လေ၏"

ဂိလဒ်တောင်

"ဂိလဒ်တောင်ကုန်း" သို့မဟုတ် "ဂိလဒ်ကုန်း"

Genesis 31:22-23

သုံးရက်မြောက်သော နေ့၌

ဂျူး ထုံးတမ်းစဉ်လာအရ ထွက်ခွာသောရက်ကို ပထမနေ့အဖြစ် သတ်မှတ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထွက်ခွာပြီး နှရက်အကြာတွင်"

လာဗန်ကြားသိလျှင်

အပြုဝါကျဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လူတို့က လာဗန်ထံ ကြားပြောလျှင်" (ရှု၊ figs_activepassive)

ယာကုပ်ပြေးကြောင်းကို

အိမ်ထောင်ဦးစီးဖြစ်သော ယာကုပ်ကိုသာ ဖော်ပြထားသည်။ တမိသားစုလုံးပါဝင်ကြောင်း တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာကုပ်က မိမိအိမ်သားတို့နှင့် ထွက်ပြေးကြောင်းကို" (ရှု၊ figs_explicit)

လျှင် . . . ကို ခေါ်၍

"၏။ ထို့ကြောင့် ... ကို ခေါ်၍"

. . . လိုက်သဖြင့်

"ယာကုပ်နောက် . . . လိုက်သဖြင့်"

ခုနစ်ရက်ခရီး

လာဗန်က ယာကုပ်ကို မှီရန် ခုနှရက် ကြာခဲ့သည်။

မှီလေ၏

"သူ့ကို မှီလေ၏"

Genesis 31:24-25

ဘုရားသခင်သည် ရှုရိလူလာဗန်ဆီသို့ ညဉ့်အချိန်တွင် အိပ်မက်၌ကြွတော်မူ၍

လာဗန်၏ နောက်ကြောင်းကို ဖော်ပြသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုနေ့ညတွင် ဘုရားသခင်သည် အာရမိလူ လာဗန်ထံ အိပ်မက်အားဖြင့် ထင်ရှားတော်မူ၍" (ရှု၊ writing_background)

သင်သည် ယာကုပ်အား ကောင်းမကောင်းကို မပြောနှင့်၊ သတိပြုလော့

"ကောင်းမကောင်း" ဟူရာတွင် "တစုံတရာ" ကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာကုပ်ကို တားဆီးသောစကား တစုံတရာမျှ မပြောမိခြင်းငှါ သတိပြုလော့" (ရှု၊ figs_merism)

ထိုအခါ ယာကုပ်သည် မိမိတဲကို ဂိလဒ်တောင်ပေါ်မှာ ဆောက်နှင့်ပြီ။ လာဗန်သည် လိုက်၍ မှီသောအခါ၊ မိမိညီအစ်ကိုတို့နှင့်တကွ၊ ထိုတောင်ပေါ်မှာ တဲကိုဆောက်လေ၏

"ထိုအခါ" ကို နောက်ကြောင်းသမိုင်းမှ ယာကုပ်နှင့် လာဗန်တို့အကြောင်းဖက်သို့ ကူးပြောင်းရာ၌ အသုံးပြုထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လာဗန်သည် ယာကုပ်ကို မှီသောအခါ၊ ယာကုပ်က ဂိလဒ်ကုန်းပေါ်မှာ တဲဆောက်နှင့်ပြီ။ ထို့ကြောင့် လာဗန်ကလည်း မိမိညီအစ်ကိုတို့နှင့်တကွ ထိုကုန်းပေါ်၌ တဲကို ဆောက်ကြ၏" (ရှု၊ writing_background)

Genesis 31:26-28

စစ်တိုက်ရာ၌ ဘမ်းမိသောသူတို့ကို သိမ်းသွားသကဲ့သို့၊ ငါ့ကိုလှည့်စား၍၊ ငါ့သမီးတို့ကို သိမ်းသွားလေပြီတကား

စစ်တိုက်၍ ဖမ်းဆီးရသော သူတို့ကို အတင်းအဓ္ဓမ ခေါ်ဆောင်သကဲ့သို့ လာဗန်က ယာကုပ်ကို စွပ်စွဲပြောဆိုရာ၌ သုံးသော အတိသယဝုတ္တိပုဒ် ဖြစ်သည်။ ယာကုပ်က မိမိပြုသောအမှုအတွက် အရှက်စေခြင်းငှါ ဒေါသထွက်ရင်း ပြောဆိုခြင်းဖြစ်သည်။ (ရှု၊ figs_simile နှင့် figs_hyperbole)

တိတ်ဆိတ်စွာ ထွက်ပြေးသနည်း

"တိတ်တဆိတ် ထွက်ပြေးသနည်း"

ပျော်မွေ့ခြင်းကိုပြု၍

"ပွဲလုပ်၍"

ပတ်သာနှင့် စောင်းတီးလျက်

ဂီတတူရိယာကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တူရိယာ တီးမှုတ်လျက်" (ရှု၊ figs_metonymy)

ပတ်သာ

ခေါင်းတဖက်မှာ ဗုံကဲ့သို့ တီးခတ်နိုင်ပြီး၊ လှုပ်ခတ်လျှင် ဘေးပတ်လည်ရှိ သတ္တုစများ အသံမြည်သော ဂီတတူရိယ တမျိုး။ (ရှု၊ translate_unknown)

ငါ့သားသမီးတို့ကို ငါနမ်းစေခြင်းငှါ

တချို့မူပြန်ကျမ်းတွင် "သား" အရာ၌ "မြေးနှင့်" ဟု ဖော်ပြထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့မြေးနှင့် သမီးတို့ကို ငါနမ်းစေခြင်းငှါ" (ရှု၊ figs_gendernotations)

သင်သည် မိုက်စွာ ပြုလေပြီတကား

"သင်သည် ရူးမိုက်စွာ ပြုလေပြီ"

ယခု

က ၃၁း၂၉ ကို ရှု။

Genesis 31:29-30

ယခု

"ယခုချက်ချင်း" ဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ နောင်တွင် ထိုသို့ ပြုကောင်းပြုနိုင်မည်ဟု ခန့်မှန်းခြင်းသာဖြစ်သည်။

သင့်ကို ငါညှဉ်းဆဲနိုင်၏

"သင့်" မှာ အများကိန်းညွှန်းနာမ်စားဖြစ်ပြီး ယာကုပ်နှင့် လိုက်ပါသူအားလုံးကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့ကို ထိခိုက်ရန် ငါ့တွင် လူအင်အား လောက်၏" (ရှု၊ figs_you)

ယာကုပ်အား ကောင်းမကောင်းကို မပြောနှင့်။ သတိပြုလော့

"ကောင်းမကောင်း" ဟူရာတွင် "တစုံတရာ" ကို ဆိုလိုသည်။ ၃၁း၂၄ မှ ပြန်ဆိုချက်ကို ရှု။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာကုပ်ကို တားဆီးသောစကား တစုံတရာမျှ မပြောမိခြင်းငှါ သတိပြုလော့" (ရှု၊ figs_merism)

သင်သည် . . . သွားရသည် ဟုတ်စေတော့

"သင်" မှာ အနည်းကိန်းညွှန်းနာမ်စားဖြစ်ပြီး ယာကုပ်ကို ညွှန်းသည်။ (ရှု၊ figs_you)

မိဘအိမ်

"အိမ်" က မိသားစုကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်အဖနှင့် မိသားစုတို့" (ရှု၊ figs_metonymy)

ငါ၏ ဘုရားတို့

"ငါ၏ ဘုရားရုပ်တုတို့"

Genesis 31:31-32

သင်သည်ကိုယ်သမီးတို့ကို အနိုင်သိမ်းယူကောင်းသိမ်းယူလိမ့်မည်ဟု ကျွန်ုပ်စိုးရိမ် သောကြောင့် ထွက်ပြေးရ၏

"သင်သည် ကိုယ်သမီးတို့ကို အတင်းခေါ်ယူသွားမည် စိုးသောကြောင့် တိတ်တဆိတ် ထွက်ပြေးခဲ့၏"

သင်၏ဘုရားတို့ကိုမူကား၊ အကြင်သူ၌ တွေ့လျှင်၊ ထိုသူကို သေစေလော့

မဟုတ်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်၏ဘုရားကို ခိုးသောသူမှာ အသက်မရှင်ရ" (ရှု၊ figs_litotes)

ကျွန်ုပ်တို့ ညီအစ်ကိုများ ရှေ့တွင်

"ကျွန်ုပ်တို့" ဟူရာတွင် ယာကုပ်၏ ဆွေမျိုး သာမဟုတ်ဘဲ လာဗန်၏ ဆွေမျိုးတို့လည်း ပါင်သည်။ တရားမျှတမှု ရှိရန် နှစ်ဦးနှစ်ဖက်မှ ဆွေမျိုးသားချင်း အားလုံးက သက်သေပြုပေးမည်ဖြစ်သည်။ (ရှု၊ figs_inclusive)

သင်၏ဥစ္စာကို ပြညွှန်၍ ယူပါလော့

"သင် ပိုင်သမျှကို ရှာ၍ ယူပါလော့"

ရာခေလ ခိုးကြောင်းကို ယာကုပ်မသိ

ယာကုပ်၏ နောက်ခံအခြေအနေကို ဖော်ပြသည်။ (ရှု၊ writing_background)

Genesis 31:33

ကျွန်မ နှစ်ယောက်တို့

ဇိလပနှင့် ဗိလဟာတို့ကို ညွှန်းသည်။

ရှာသော်လည်း မတွေ့လျှင်

"ဘုရားရုပ်တုကို ရှာ၍မတွေ့လျှင်"

Genesis 31:34-35

Now Rachel ... upon them

Not applicable

ကုန်းနှီးတန်ဆာ

တိရစ္ဆာန်ကို စီးရန် ၎င်းအပေါ် တင်ရသော အထိုင်

သခင်

တစုံတယောက်ကို ဂုဏ်ပြုရာ၌ "သခင်" ဟု ခေါ်ရသည်။

သခင်ရှေ့မှာ ကျွန်မ မထနိုင်သည်ဖြစ်၍

"သခင်ရှေ့မှာ ကျွန်မ မရပ်နိုင်၍"

မိန်းမတို့၌ ဖြစ်မြဲရှိသည်အတိုင်း၊ ကျွန်မ၌ဖြစ်ပါသည်

မိန်းမသားများ သားအိမ်မှ သွေးထွက်သော လ၏ အချိန်တချိန်ကို ညွှန်းသည်။ (ရှု၊ figs_euphemism)

Genesis 31:36-37

လာဗန်ကို ဆုံးမသည်ကား . . . ဟု ဆိုလေ၏

"လာဗန်အား ... ဟု ဆုံးမလေ၏"

ကျွန်ုပ်သည် အဘယ်သို့ပြစ်မှား၍၊ အဘယ်အပြစ်ရှိသောကြောင့်၊ ကျွန်ုပ်ကို ဤမျှလောက် ပြင်းထန်စွာ လိုက်ရသနည်း

"အဘယ်သို့ပြစ်မှား" နှင့် "အဘယ်အပြစ်ရှိ" တို့မှာ အဓိပ္ပါယ်ချင်း တူညီသည်။ မိမိမှာ အဘယ်သို့ ပြုမှားကြောင်း မေးနေခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်က အဘယ်သို့ ပြုမှားမိသောကြောင့်၊ ဤမျှလောက် ပြင်းထန်စွာ လိုက်ရသနည်း" (ရှု၊ figs_parallelism)

ကျွန်ုပ်ကို ဤမျှလောက် ပြင်းထန်စွာ လိုက်ရသနည်း

"ပြင်းထန်းစွာ" က ယာကုပ်ကို ဖမ်းမိနိုင်ရန် အပတ်တကုတ် ကြိုးစားကြောင်း ထင်ဟပ်စေသည်။ (ရှု၊ figs_idiom)

သင်၏ ဥစ္စာပရိကံ တစုံတခုကို တွေ့မိလျှင်

"သင်ပိုင်သော ဥစ္စာတစုံတခု ရှိသလော"

တွေ့မိလျှင်၊ သင်၏ညီအစ်ကို၊ ကျွန်ုပ်ညီအစ်ကိုတို့ ရှေ့တွင်၊ ဤအရပ်၌ထားပါ

"သင်" နှင့် "ကျွန်ုပ်" ဟူ၍ နှစ်ဦးနှစ်ဖက်မှ ဆွေမျိုးတို့ ပါဝင်ကြောင်း ဖော်ပြထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရှိသလော။ ရှိလျှင်၊ ကျွန်ုပ်တို့အားလုံး၏ ဆွေမျိုးသားချင်းတို့ရှေ့ ဤအရပ်၌ထားပါ" (ရှု၊ figs_inclusive)

တွေ့မိလျှင် . . . သူတို့သည်၊ ငါတို့နှစ်ယောက် စပ်ကြားမှာ စီရင်ပါစေ

"ငါတို့နှစ်ယောက်" မှာ ယာကုပ်နှင့် လာဗန်ကို ညွှန်းသည်။ "စပ်ကြားမှာ စီရင်ပါစေ" ဆိုရာတွင် မှားယွင်းသူနှင့် ဖြောင့်မတ်သူ သတ်မှတ်ပေးခြင်းကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရှိသလော။ ရှိလျှင်၊ ငါတို့နှစ်ယောက် အလယ်၌ စီရင်ခြင်းငှါ ... " (ရှု၊ figs_inclusive)

Genesis 31:38-40

ယေဘုယျ အချက်အလက်

ယာကုပ်က လာဗန်ထံ ဆက်လက် ပြောဆိုသည်။

အနှစ်နှစ်ဆယ်

"အနှစ် ၂၀" (ရှု၊ translate_numbers)

သိုးမ

သိုး အမ

ဝမ်းပိုးမပျက်

သားအိမ်ပျက်ခြင်းနှင့် သိုးငယ်မွေးရာ၌ မှားယွင်းခြင်း စသည်တို့ မရှိကြောင်း ဆိုလိုသည်။

သားရဲ ကိုက်သတ်သော အကောင်ကို သင့်ထံသို့ ကျွန်ုပ် မဆောင်ခဲ့

အပြုဝါကျအဖြစ် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သားရဲက သင့်အကောင်ကို သတ်လျှင် ကျွန်ုပ် မဆောင်ခဲ့" (ရှု၊ figs_activepassive)

ကိုယ်အရှုံးခံရ၏

လာဗန်၏ တိရစ္ဆာန်သေလျှင် မိမိက လျော်ပေးရသဖြင့် မိမိက ဆုံးရှုံးခြင်းကို ခံရကြောင်း တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိဥစ္စာမှ ပြန်လျော်ပေးရ၏" (ရှု၊ figs_metaphor)

နေ့အချိန်၌လည်း နေပူကို၎င်း၊ ညဉ့်အချိန်၌လည်း နှင်းခဲကို၎င်း ခံရပြီ

ယာကုပ်သည် အပူနှင့် အအေး၏ ဝါးမျိုခြင်း ခံရသကဲ့သို့ တင်စား ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နေ့အချိန်၌ အပူ၊ ညအချိန်၌ အအေးတို့၏ ဝါးမြိုခြင်းကို ခံရင်း သိုးဆိတ်တို့ကို ထိန်းကျောင်းရပါ၏" (ရှု၊ figs_metaphor)

Genesis 31:41-42

ယေဘုယျ အချက်အလက်

ယာကုပ်က လာဗန်ထံ ဆက်လက် ပြောဆိုသည်။

အနှစ်နှစ်ဆယ်ပတ်လုံး

"လွန်ခဲ့သော နှစ် ၂၀ ပတ်လုံး" (ရှု၊ translate_numbers)

ဆယ်လေးနှစ်

"၁၄ နှစ်" (ရှု၊ translate_numbers)

ကျွန်ုပ်အခကို ဆယ်ကြိမ်လဲပြီတကား

"ကျွန်ုပ်အခကို ဆယ်ကြိမ်ဈေးလှည့်ခဲ့ပြီ။" ၃၁း၇ ရှိ "ငါရထိုက်သော အခ" ပြန်ဆိုချက်ကို ရှု။

ကျွန်ုပ်အဘ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရားသခင်၊ ဣဇာက်၏ကြောက်ရွံ့ရာ ဘုရားသည် ကျွန်ုပ်ဘက်၌ မရှိလျှင်

တူညီသော ဘုရားသခင်ကို သုံးကြိမ် ညွှန်းခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အာဗြဟံနှင့် ကျွန်ုပ်အဖ ဣဇာက်၏ ကြောက်ရွံ့ခြင်းအရှင် ဘုရားသခင်သည် ကျွန်ုပ်ဖက်၌ မရှိလျှင်"

ကျွန်ုပ်အဘ၏ ဘုရားသခင်

ဖခင် "ဣဇာက်" ကို ညွှန်းသည်။

ဣဇာက်၏ကြောက်ရွံ့ရာ ဘုရား

"ကြောက်ရွံရာ" က "ကြောက်ရွံခြင်းအရှင် ယာဝေးဘုရား" ကို ညွန်းပြီး၊ နက်နဲစွာ လေးမြတ်ကာ ထိုဘုရားကို အကြွင်းမဲ့ နာခံကြောင်း ဆိုလိုသည်။

လက်ချည်း

ချည်း - ဘာတခုမျှ မရှိကြောင်းကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လက်ဗလာဖြင့်" (ရှု၊ figs_metonymy)

ကျွန်ုပ် ဆင်းရဲခံရခြင်း၊ ပင်ပန်းစွာ လုပ်ကိုင်ရခြင်းကို ဘုရားသခင်မြင်၍

စိတ္တဇနာမ် "ဆင်းရဲခံရခြင်း" ကို "ညှင်းဆဲခံရခြင်း" ဟူ၍ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ် ညှင်းဆဲခံရခြင်းနှင့် ပင်ပန်းစွာ လုပ်ကိုင်ရခြင်းကို ဘုရားသခင် မြင်၍" (ရှု၊ figs_abstractnouns)

Genesis 31:43-44

ငါ့သမီးတို့၌၎င်း၊ သူတို့ ဘွားမြင်သော ငါ့သူငယ်တို့၌၎င်း၊ အဘယ်သို့ ငါပြုနိုင်သနည်း

လာဗန်က မိမိပြုနိုင်သောအရာ တခုမှ မရှိကြောင်း ထင်ဟပ်စေရန် မေးလိုက်ခြင်း ဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့သော်၊ ငါ့သမီးတို့နှင့် မြေးတို့ကို ငါနှင့်အတူ ခေါ်ယူရန် ပြုနိုင်သောအရာ တခုမှမရှိ" (ရှု၊ figs_rquestion)

သက်သေ ဖြစ်စေ၍

"သက်သေ" မှာ လူသက်သေကို ဆိုလိုခြင်းမဟုတ်ဘဲ၊ ယာကုပ်နှင့် လာဗန်တို့ သစ္စာဆိုမည့် ပဋိညာဉ်စကားကို ညွှန်းသည်။ ငြိမ်းချမ်းစွာ နေမည်ဟု သဘောတူချိန်၌ ရှိနေသကဲ့သို့ ပဋိညာဉ်တရားကို ပုဂ္ဂိုလ်ပြုထားခြင်း ဖြစ်သည်။ (ရှု၊ figs_personification)

Genesis 31:45-47

မှတ်တိုင်

အရေးကြီးသော အရာတခု ဖြစ်ပျက်ခဲ့ကြောင်း အမှတ်အသားပြုရန် စိုက်ထူလိုက်သော ကျောက်တုံးကြီးတခုကို ညွှန်းဆိုသည်။

ကျောက်ပုံကို တည်လုပ်ပြီးမှ

"ကျောက်ခဲတို့ တခုပေါ်တခု တင်ပြီးမှ"

ထိုကျောက်ပုံအပေါ်၌ စားသောက်ခြင်းကို ပြုကြ၏

"ကျောက်ပုံ ဘေး၌" ဟုလည်း ပြန်ဆိုနိုင်သည်။ တဦးနှင့်တဦး ပဋိညာဉ်သစ္စာ ပြုခဲ့ကြောင်း သက်သေပြသော စားပွဲဖြစ်သည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ (ရှု၊ figs_explicit)

ယေဂါ သဟာ ဒုသ

ဘာသာပြန်ဆိုသူများ အနေဖြင့် "ယေဂါ သဟာ ဒုသ အနက်ကား လာဗန်၏ ဘာသာစကားတွင် 'သက်သေ မှတ်ကျောက်' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။ (ရှု၊ translate_names)

ဂိလဒ်

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဂိလဒ် အနက်ကား ယာကုပ်၏ ဘာသာစကားတွင် 'သက်သေ မှတ်ကျောက်' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။ (ရှု၊ translate_names)

Genesis 31:48-50

ဤကျောက်ပုံသည် ငါနှင့်သင်၏ စပ်ကြား၌ သက်သေဖြစ်သည်

ကျောက်ပုံက လူသက်သေဟု ဆိုလိုခြင်း မဟုတ်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဤကျောက်ပုံမှာ ငါနှင့်သင်အတွက် အမှတ်အသားဖြစ်သည်" (ရှု၊ figs_personification)

ဂိလဒ်

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဂိလဒ် အနက်ကား ယာကုပ်၏ ဘာသာစကားတွင် 'သက်သေ မှတ်ကျောက်' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။ ၃၁း၄၅ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

မိဇပါ

ဘာသာပြန်ဆိုသူများ အနေဖြင့် "မိဇပါ အနက်ကား 'ကင်းမျှော်စင်' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။ (ရှု၊ translate_names)

ငါတို့သည် တယောက်နှင့်တယောက် ခွါသွားကြသောနောက်

"ခွါသွား" ဟူရာတွင် တဦးနှင့်တဦး ဝေးကွာခြင်းသဘောကို ဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါတို့ တဦးနှင့်တဦး ဝေးကွာပြီးနောက်" (ရှု၊ figs_metonymy)

ငါတို့၌ လူသက်သေမရှိ

"ငါတို့" မှာ လာဗန်နှင့်ယာကုပ်ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါတို့၌ လူသက်သေမရှိသော်လည်း"

see

Not applicable

Genesis 31:51-53

ဤကျောက်ပုံနှင့် ဤမှတ်တိုင်သည် သက်သေ ဖြစ်စေသတည်း

ယာကုပ်နှင့်လာဗန်တို့ကြား ပြုခဲ့သော ငြိမ်းချမ်းရေး သဘောတူညီချက်အရ ဤကျောက်တို့က မှတ်တိုင်နှင့် နယ်နိမိတ် ဖြစ်ပေးမည်ဟု ဆိုလိုသည်။ လူသက်သေကဲ့သို့ ပုဂ္ဂိုလ်ပြုထားသည်။ (ရှု၊ figs_personification)

အာဗြဟံ၏ ဘုရားသခင်၊ နာခေါ်၏ ဘုရားသခင်၊ သင့်အဘ၏ ဘုရားသခင်သည် ငါတို့စပ်ကြား၌ စီရင်တော်မူစေသတည်း

အာဗြဟံမှာ ယာကုပ်၏အဖိုး၊ နာခေါ်မှာ လာဗန်၏အဖိုး ဖြစ်ကြသည်။ အာဗြဟံနှင့် နာခေါ်တို့၏ ဖခင်မှာ တေရဖြစ်သည်။ သို့ရာတွင် ၎င်းတို့၏ မိသားစုဝင်အားလုံးက ယာဝေးဘုရားကို ကိုးကွယ်ခြင်းမပြုပါ။

မိမိအဘ ကြောက်ရွံ့ရာဘုရား

"ကြောက်ရွံ့ရာဘုရား" ဟူရာတွင် ဣဇာက်က လေးနက်စွာ ရိုသေ၍ နာခံသော ယာဝေးဘုရားကို ညွှန်းသည်။

Genesis 31:54-55

ညီအစ်ကိုများကို အစာစားစေခြင်းငှါ ခေါ်ဘိတ်သဖြင့်

တဦးနှင့်တဦး ပဋိညာဉ်သစ္စာ ပြုခဲ့ကြောင်း သက်သေပြသော စားပွဲဖြစ်သည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ (ရှု၊ figs_explicit)

နံနက်စောစော . . . ပြန်သွားလေ၏

အငယ် ၅၅ မှာ မူရင်းဟေဗြဲကျမ်းတွင် အခန်းကြီး ၃၂ ၏ ပထမ အပိုဒ်ငယ်ဖြစ်ပြီး၊ ခေတ်ပေါ် မူပြန်ကျမ်းများတွင် အခန်းကြီး ၃၁ ၏ နောက်ဆုံး အပိုဒ်ငယ်ဖြစ်သည်။ မိမိပြန်ဆိုမည့် ဘာသာစကားနှင့် သင့်လျော်သည့်အတိုင်း ပြန်ဆိုပါ။

ကောင်းကြီးပေးပြီးမှ

တစုံတယောက် အပေါ်၌ ကောင်းခြင်းနှင့် အကျိုးစီးပွား ဖြစ်ထွန်းစေလိုသော ဆန္ဒကို ထုတ်ဖော်ပြသခြင်း ဖြစ်သည်။

Genesis 32

Genesis 32:1-2

မဟာနိမ်

ဘာသာပြန်ဆိုသူများ အနေဖြင့် "မဟာနိမ် အနက်ကား 'စခန်းနှစ်ခု' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းနိုင်သည်။

Genesis 32:3-5

စိရပြည်

ဧဒုံပြည်၏ တောင်ကုန်းဒေသ ဖြစ်သည်။ (ရှု၊ translate_names)

ကိုယ်တော်၏ကျွန်ယာကုပ်က၊ ကျွန်တော်သည် . . . ကျွန်တော်၌ . . . ကျွန်တော်သည် သခင်၏ စိတ်တော်နှင့် တွေ့စေခြင်းငှါ၊ လျှောက်ကြားလိုက်ပါသည်ဟု၊ ငါ့သခင်ဧသောကို လျှောက်ကြ

ဆိုခဲ့ပြီးသောစကားကို ပြန်လည်ကိုးကားခြင်း ဖြစ်သည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါသည် ... ငါ၌ ... ငါသည် သူ၏ စိတ်တော်နှင့် တွေ့စေခြင်းငှါ၊ လျှောက်ကြားလိုက်သည်အကြောင်း ငါ့သခင်ဧသောကို လျှောက်ကြ" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

ငါ့သခင်ဧသော

အစ်ကိုဖြစ်သူကို ရိုသေလေးမြတ်စွာ ခေါ်ဆိုခြင်း ဖြစ်သည်။

ကိုယ်တော်၏ကျွန် ယာကုပ်

မိမိကိုယ်ကို နှမ့်ချစွာ ခေါ်ဆိုခြင်း ဖြစ်သည်။

ကျွန်တော်သည် သခင်၏စိတ်တော်နှင့် တွေ့စေခြင်းငှါ

"စိတ်တော်" ဟူရာတွင် သဘောထား သို့မဟုတ် အကြိုက်ကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်တော့်ကို သဘောတူ ထောက်ခံစေခြင်းငှါ" (ရှု၊ figs_metonymy)

Genesis 32:6-8

လူ လေးရာ

"လူ ၄၀၀" (ရှု၊ translate_numbers)

အလွန်ကြောက်၍

မိမိ သို့မဟုတ် မိမိနှင့်သက်ဆိုင်သူ အပေါ် ဘေးအန္တရာယ် တခုခု ကျရောက်မည့်အတွက် ဖြစ်ပေါ်သော ခံစားချက်ကို ညွှန်းသည်။

စိတ်ပူပန်လျှင်

"ဝမ်းနည်းပြီး" သို့မဟုတ် "သောကဖြစ်ပြီး"

တစုကို . . . လုပ်ကြံလျှင်၊ ကြွင်းသောတစု လွတ်လိမ့်မည်

"တစု" ဟူရာတွင် လူတို့ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဧသောက စခန်းတခုကို လုပ်ကြံလျှင်၊ နောက်တခု လွတ်လိမ့်မည်" (ရှု၊ figs_metonymy)

Genesis 32:9-10

အကျွန်ုပ်အဘ အာဗြဟံ၏ ဘုရားသခင်၊ အကျွန်ုပ်အဘ ဣဇာက်၏ ဘုရားသခင်၊ ထာဝရဘုရား

ဘုရားသခင် တပါးတည်းကိုသာ ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကျွန်ုပ် အဖိုးအာဗြဟံနှင့် အဖဣဇာက်တို့၏ ဘုရားသခင်၊ ယာဝေးဘုရား" (ရှု၊ figs_explicit)

အကျွန်ုပ်အဘ . . . ထာဝရဘုရား ကိုယ်တော်က၊ သင်၏ပြည် သင်၏ အမျိုးသားချင်းတို့ ထံသို့ ပြန်လော့။ ငါသည် သင်၌ကျေးဇူးပြုမည်ဟု မိန့်တော်မူပါပြီ

ဆိုခဲ့ပြီးသောစကားကို ပြန်လည်ကိုးကားခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်၏ပြည် အမျိုးသားချင်းတို့ထံသို့ ပြန်သွားလျှင် ချမ်းသာစေမည်ဟု မိန့်တော်မူသော အကျွန်ုပ်အဘ ... ယာဝေးဘုရား။" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

သင်၏ အမျိုးသားချင်းတို့

"သင်၏ မိသားစု"

ငါသည် သင်၌ကျေးဇူးပြုမည်

"ငါသည် သင့်ကိုချမ်းသာစေမည်" သို့မဟုတ် "ငါသည် သင့်ကို ကြီးပွားစေမည်"

ကိုယ်တော်ကျွန်၌ ပြတော်မူသော ကရုဏာ သစ္စာတော် အငယ်ဆုံးကိုမျှ အကျွန်ုပ် မခံထိုက်ပါ

စိတ္တဇနာမ် "ကရုဏာ" နှင့် "သစ္စာတော်" ကို "ကရုဏာကြီး" နှင့် "သစ္စာရှိ" ဟု ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော်ကျွန်၌ ပြုတော်မူသော ပဋိညာဉ်တရားအပေါ် ကရုဏာကြီး၍ သစ္စာရှိရန် ထိုက်တန်သူ မဟုတ်ပါ" (ရှု၊ figs_activepassive)

ကိုယ်တော်ကျွန်

မိမိကိုယ်ကို နှိမ့်ချစွာ ခေါ်ညွှန်းခြင်း ဖြစ်သည်။

ယခုမူကား၊ အပေါင်းအသင်းနှစ်စု ဖြစ်ပါ၏

"ဖြစ်ပါ၏" မှာ လက်ရှိ ဖြစ်နေခြင်းကို ပြသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယခုမူကား၊ လူ၊ တိရစ္ဆာန်နှင့် ဥစ္စာများ ကြွယ်ဝသဖြင့် အစုနှစ်စု ဖြစ်ရပါ၏" (ရှု၊ figs_synecdoche)

Genesis 32:11-12

ကယ်လွှတ်တော်မူမည်အကြောင်း

"ကင်တင်တော်မူမည်အကြောင်း"

အစ်ကိုဧသောလက်မှ

"လက်" ဟူရာတွင် တန်ခိုးကို ညွှန်းသည်။ ဧသော ဆိုသူမှာ မိမိအစ်ကိုဖြစ်ကြောင်း ထင်ဟပ်စေရမည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အစ်ကိုလက်၊ ဧသောလက်မှ" သို့မဟုတ် "အစ်ကိုဧသောထံမှ" (ရှု၊ figs_metonymy နှင့် figs_parallelism)

သူသည် လာ၍ . . . ကို၎င်း . . . ကို၎င်း သတ်မည်ဟု အလွန်စိုးရိမ်ပါ၏

"သူသည် လာ၍ ... နှင့် ... အား သတ်မည်ကို အလွန်စိုးရိမ်ပါ၏"

ကိုယ်တော်က၊ ငါသည်သင်၌ အမှန် ကျေးဇူးပြု၍၊ မရေတွက်နိုင်အောင် . . . နှင့်အမျှ သင်၏အမျိုးအနွယ်ကို ငါဖြစ်စေမည်ဟု မိန့်တော်မူပါပြီ

ဆိုခဲ့ပြီးသောစကားကို ပြန်လည်ကိုးကားခြင်း ဖြစ်သည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့သော်၊ ကိုယ်တော်က အကျွန်ုပ်ကို ချမ်းသာစေ၍၊ မရေတွက်နိုင်အောင် ... ကဲ့သို့များသော အမျိုးအနွယ်ကို ပေးမည်အကြောင်း မိန့်ဆိုခဲ့ပါပြီ" (ရှု၊ figs_quotesinquotes and figs_quotations)

ငါသည်သင်၌ အမှန် ကျေးဇူးပြု၍

"ငါသည် သင့်ကို ချမ်းသာစေ၍" သို့မဟုတ် "ငါသည် သင့်ကို ကြီးပွားစေ၍"

သမုဒ္ဒရာသဲလုံး နှင့်အမျှ သင်၏အမျိုးအနွယ်ကို ငါဖြစ်စေမည်

လူဦးရေ အလွန်များပြားမည့် ယာကုပ်၏ အမျိုးအနွယ်ကို ရေတွက်မရနိုင်သော ကမ်းခြေရှိ သဲလုံးများဖြင့် ခိုင်းနှိုင်းထားသည်။ (ရှု၊ figs_simile)

မရေတွက်နိုင်အောင် များပြားသော

အပြုဝါကျအဖြစ် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "များပြားသဖြင့် ရေတွက်၍မရသော" (ရှု၊ figs_activepassive)

Genesis 32:13-16

နှစ်ရာ

"၂၀၀" (ရှု၊ translate_numbers)

နှစ်ဆယ် . . . သုံးဆယ် . . . လေးဆယ် . . . တဆယ်

"၂၀ . . . ၃၀ . . . ၄၀ . . . ၁၀" (ရှု၊ translate_numbers)

နို့စို့သားငယ်နှင့်တကွ

"အငယ်နှင့်တကွ"

အသီးအသီး တစုတခြားစီ ခွဲသန့်လျက်၊ ကျွန်တို့ လက်သို့ အပ်ပြီးလျှင်

"လက်သို့ အပ်" ဟူရာတွင် တာဝန်ပေးအပ်ခြင်း သဘောကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တစုစီကို ကျွန်တို့ထံ ခွဲအပ်ပြီးလျှင်" (UDB) (ရှု၊ figs_idiom)

တစုနှင့်တစုကို ခရီးကွာစေလော့

"တစုနှင့်တစုကြား ခွာ၍ သွားလော့"

Genesis 32:17-18

မှာထားလေ၏

"ဟု စေလွှန်လေ၏"

သင်ကား . . . သင့်ရှေ့မှာရှိသော . . . ဖြစ်သနည်းဟု မေးလျှင်

ကိုးကားပြောဆိုသောစကား ဖြစ်သည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်၏သခင်မှာ မည်သူဖြစ်၍၊ သင့်ရှေ့မှာရှိသော တိရစ္ဆာန်တို့ကို အဘယ်သူ ပိုင်ကြောင်းမေးလျှင်" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

သင်ကား၊ အဘယ်သူ၏လူ ဖြစ်သည်နည်း

"သင်၏သခင်မှာ အဘယ်သူဖြစ်၍"

သင့်ရှေ့မှာရှိသော တရိစ္ဆာန်များကား အဘယ်သူ၏ဥစ္စာ ဖြစ်သနည်း

"သင့်ရှေ့မှာရှိသော တိရစ္ဆာန်တို့ကို အဘယ်သူ ပိုင်ကြောင်း"

ကိုယ်တော်ကျွန် ယာကုပ်၏ဥစ္စာ ဖြစ်ပါ၏။ သခင်ဧသောအား ဆက်သလိုက်သော လက်ဆောင် ဖြစ်ပါ၏။ သူသည်လည်း နောက်မှာ ရှိပါ၏ဟု၊ လျှောက်ရမည်

ကိုးကားပြောဆိုသောစကား ဖြစ်သည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူ၏ကျွန် ယာကုပ်က ပိုင်၍၊ မိမိသခင် ဧသောအား ဆက်သလိုက်ပြီး၊ သူ့ကို နှုတ်ဆက်ရန် လာနေပြီဖြစ်ကြောင်း လျှောက်ရမည်" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

ကိုယ်တော်ကျွန် ယာကုပ်၏ဥစ္စာ ဖြစ်ပါ၏

မိမိကိုယ်ကို နှိမ်ချသောသဘောဖြင့် ခေါ်ဝေါ်ခြင်း ဖြစ်သည်။

သခင်ဧသောအား

ဧသောကို ရိုသေသောသဘောဖြင့် ခေါ်ဝေါ်ခြင်း ဖြစ်သည်။

နောက်မှာ ရှိပါ၏

ဧသောထံ လက်ဆောင်များ ယူလာသော အစေခံတို့၏ ရှုထောင့်မှ ဖော်ပြထားသည်။ (ရှု၊ figs_exclusive)

Genesis 32:19-21

ဒုတိယသူ၊ တတိယသူ . . . ဟူ၍၎င်း မှာထားလေ၏

"ဒုတိယအဖွဲ့၊ တတိယအဖွဲ့ ... ဟူ၍၎င်း မှာထားလေ၏"

ကိုယ်တော်ကျွန် ယာကုပ် . . . ဟု၊ ကြားလျှောက်ရမည်

ဖြစ်နိုင်ချေများမှာ၊ ၁) "ကိုယ်တော့်ကျွန် ယာကုပ် ... ဟုလည်း၊ ကြားလျှောက်ရမည်" သို့မဟုတ် ၂) "ကိုယ်တော့်ကျွန် ယာကုပ် ... ဟူ၍၊ ကြားလျှောက်ရမည်"

သူ၏စိတ်ကို ငါဖြေမည်

"သူ့ကို စိတ်အေးစေမည်" သို့မဟုတ် "သူ၏ဒေါသကို ငါဖြေမည်"

ငါ့ကို လက်ခံကောင်း လက်ခံလိမ့်မည်

"ငါ့အား ကြင်နာစွာ ကြိုဆိုပေလိမ့်မည်"

ထိုသို့ ယာကုပ်ရှေ့မှာ လက်ဆောင်သည် အရင်ကူးသွား၍

"လက်ဆောင်" ဟူရာတွင် ထိုလက်ဆောင်ကို ဆက်သမည့် အစေခံတို့ကို ပုံဆောင်သည်။ (ရှု၊ figs_metonymy)

သူကိုယ်တိုင် . . . အိပ်၍ နေ၏

"ကိုယ်တိုင်" ဟူရာတွင် မိမိမှာ အစေခံတို့နှင့် လိုက်မပါကြောင်း ထင်ဟပ်စေသည်။ (ရှု၊ figs_rpronouns)

Genesis 32:22-23

ကျွန်မ နှစ်ယောက်

"မယားငယ် နှစ်ယောက်။" ဇိလပါနှင့် ဗိလဟာတို့ကို ဆိုလိုသည်။

ရေတိမ်ရာအရပ်

မြစ်ချောင်းတို့ကို လွယ်ကူစွာ ကူးခပ်နိုင်သော ရေတိမ်သည့်အရပ်။

ယဗ္ဗုတ်ချောင်း

မြစ်ချောင်းအမည် ဖြစ်သည်။ (ရှု၊ translate_names)

မိမိဥစ္စာရှိသမျှ

"မိမိပိုင်ဆိုင်သမျှ"

Genesis 32:24-26

မိုဃ်းလင်းသည်တိုင်အောင်

"အရုဏ်ကျင်းသည်တိုင်" (UDB)

ပေါင်ဆစ်

"ပေါင်ချန်ရိုး။" တင်ပါးနှင့် ပေါင်ရိုးကို ဆက်ထားသောနေရာဖြစ်သည်။

လုံးထွေးစဉ်တွင် ပေါင်ဆစ်ပြုတ်လေ၏

အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နပမ်းလုံးစဉ်တွင် ပေါင်ဆစ် ပြုတ်လေ၏" (ရှု၊ figs_activepassive)

မိုဃ်းလင်းဆဲရှိပြီ

"နေထွက်တော့မည်"

ကောင်းကြီး

တစုံတယောက်အပေါ် ကောင်းခြင်းသဘော သက်ရောက်၍ မင်္ဂလာဖြစ်စေမည်အကြောင်း မေတ္တာပို့ မြွှတ်ဆိုခြင်းကို ဆိုလိုသည်။

ကိုယ်တော်သည် အကျွန်ုပ်ကို ကောင်းကြီးမပေးလျှင်၊ မသွားရ

အဟုတ်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မသွားရ။ အကျွန်ုပ်ကို ကောင်းကြီးပေးပြီးမှသာ လွှတ်ပါမည်" (ရှု၊ figs_doublenegatives)

Genesis 32:27-28

ဣသရေလ

ဘာသာပြန်ဆိုသူများ အနေဖြင့်၊ "အစ္စရေး ခေါ် ဣသရေလ အနက်ကား 'ဘုရားသခင်နှင့် လုံးပမ်းသည်' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။ (ရှု၊ translate_names)

လူနှင့်၎င်း

"လူ" မှာ လူတိုင်းကို ယေဘုယ ခြုံငုံခြင်းဖြစ်သည်။

Genesis 32:29-30

ငါ့နာမကို အဘယ်ကြောင့် မေးသနည်းဟု ဆို၍

"'ငါ့အမည်ကို အဘယ်ကြောင့် မေးသနည်း' ဟု ဆို၍။" ယာကုပ်နှင့် သူစိမ်းတို့ကြား ဖြစ်ခဲ့အရာကို ပြန်လည်စဉ်းစား သုံးသပ်၍ အဖြေရှာစေရန် မေးလိုက်ခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့နာမကို မေးခြင်းမပြုနှင့်" (ရှု၊ figs_rquestion)

ပေညေလ

ဘာသာပြန်ဆိုသူများ အနေဖြင့်၊ "ပေညေလ အနက်ကား 'ဘုရားသခင်၏ မျက်နှာတောင်' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။ (ရှု၊ translate_names)

မျက်နှာချင်းဆိုင်၍

တဦးနှင့်တဦး အနီးကပ် တွေ့ရကြောင်း ဆိုလိုသည်။

အသက်ချမ်းသာပြီ

အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လွှတ်ငြိမ်းရပြီ" (ရှု၊ figs_activepassive)

Genesis 32:31-32

ထိုသို့ . . . ယနေ့တိုင်အောင်

ဣသရေလ၏ သားစဉ်မျိုးဆက်တို့ နောက်ခံသမိုင်းကို မိတ်ဆက်ထားသည်။ (ရှု၊ writing_background)

ယနေ့တိုင်အောင်

ကျမ်းပြု ရေးသားသော ခေတ်ကာလကို ညွှန်းသည်။

ပေါင်ချန်၌ရှိသော အကြောကြီး

ပေါင်ရိုးနှင့် ပေါင်ဆစ်ကို ဆက်ပေးသည့် အကြောဖြစ်သည်။

ပေါင်ချန်

"ပေါင်ဆစ်"

ထိုးတော်မူသောကြောင့်

"ရိုက်ချိုးတော်မူသဖြင့်"

Genesis 33

Genesis 33:1-3

behold

Not applicable

လူလေးရာ

"လူ ၄၀၀" (ရှု၊ translate_numbers)

လေအာ၊ ရာခေလ၊ ကျွန်မနှစ်ယောက်တို့တွင် သားများတို့ကို ဝေပေးလေ၏

သားတို့ကို အညီအမျှ ခွဲဝေပေးကြောင်း ဆိုလိုခြင်းမဟုတ်။ သက်ဆိုင်ရာ မိခင် အသီးသီးထံသို့ အပ်ပေးခြင်းကို ဆိုလိုသည်။ (ရှု၊ figs_explicit)

ကျွန်မနှစ်ယောက်

"အစေခံမ နှစ်ယောက်။" ဗိလဟာနှင့် ဇိလပကို ညွှန်းသည်။

သူတို့ရှေ့မှာ ကိုယ်တိုင်လွန်သွား၍

"ကိုယ်တိုင်" ဟူရာတွင် ထိုသူတို့၏ ရှေ့တွင် ဦးစွာ သွားကြောင်း ဆိုလိုသည်။ (ရှု၊ figs_rpronouns)

ဦးညွှတ်ပြပ်ဝပ်လျက်

"ဦးညွှတ်ပြပ်ဝပ်" ဟူရာတွင် တစုံတယောက် အပေါ် ရိုသေလေးမြတ်ခြင်းသဘောကို ဆောင်သည်။ (ရှု၊ translate_symaction)

Genesis 33:4-5

ကြိုဆိုခြင်းငှါ

"ယာကုပ်ကို ကြိုဆိုခြင်းငှါ"

လည်ချင်းရှက်လျက်၊ ပိုက်ဘက်နမ်းရှုတ်ခြင်းကိုပြု၍

သီးသန့်ဝါကျအဖြစ် ခွဲထုတ်၍ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့နောက်၊ ယာကုပ်ကို လည်ချင်းယှက်လျက်၊ ပိုက်ဖက်ကာ နမ်းရှုပ်၏"

နှစ်ယောက်စလုံးတို့သည် ငိုကြွေးကြ၏

ပို၍တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဤသို့ ပြန်ဆုံရသောကြောင့် ဝမ်းမြောက်သဖြင့် ငိုကြွေးကြ၏" (ရှု၊ figs_explicit)

မိန်းမများ၊ သူငယ်များကို မြင်လျှင်

"ယာကုပ်နှင့် အတူပါလာသော မိန်းမနှင့် ကလေးများကို မြင်လျှင်"

ကိုယ်တော်၏ကျွန်အား၊ ဘုရားသခင် ပေးသနားတော်မူသော သူငယ်ဖြစ်ကြပါ၏

"ကိုယ်တော်၏ကျွန်" ဟူရာတွင် ယာကုပ်က မိမိကိုယ်ကို နှိမ့်ချစွာ ခေါ်ဆိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော့်ကျွန် ကျွန်ုအား ဘုရားသခင် ပေးသနားတော်မူသော သားသမီးများ ဖြစ်ပါ၏" (ရှု၊ figs_123person)

Genesis 33:6-8

ကျွန်မတို့

"အစေခံမတို့။" ဗိလဟာနှင့် ဇိလပကို ညွှန်းသည်။

ဦးညွှတ်ကြ၏

ရိုသေလေးမြတ်ကြောင်း ဖော်ပြသော အမူအရာဖြစ်သည်။ (ရှု၊ translate_symaction)

ကျွန်ုပ်တွေ့သော တိရစ္ဆာန်စု အပေါင်းတို့သည်၊ အဘယ်သို့သောအရာနည်း

"တိရစ္ဆာန်စု အပေါင်းတို့" ဟူရာတွင် ဧသောအတွက် ဆက်သရန် ယာကုပ်စေလွှတ်လိုက်သော အစေခံများနှင့် လက်ဆောင်တို့ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါတွေ့ခဲ့သော လူစုတို့မှာ၊ အဘယ်နည်း"

သခင်၏စိတ်တော်နှင့် တွေ့စေခြင်းငှါ ဖြစ်ပါသည်

"စိတ်တော်နှင့်တွေ့" က အတွေးအမြင်ကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်သခင် စိတ်ကျေနပ်စေခြင်းငှါ ဖြစ်ပါသည်" (ရှု၊ figs_metonymy)

သခင်

ဧသောကို ရိုသေလေးမြတ်စွာ ခေါ်ဆိုခြင်း ဖြစ်သည်။ (ရှု၊ figs_123person)

Genesis 33:9-11

ငါ၌ လုံလောက်အောင် ရှိ၏

"တိရစ္ဆာန်" နှင့် "ဥစ္စာ" တို့ကို ညွှန်းခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ၌ တိရစ္ဆာန် လုံလောက်စွာရှိ၏" (UDB) သို့မဟုတ် "ငါ၌ ဥစ္စာ လုံလောက်၏" (ရှု၊ figs_ellipsis)

စိတ်တော်နှင့် တွေ့သည်မှန်လျှင်

"စိတ်တော်နှင့် တွေ့" က အတွေးအမြင်ကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သခင့်ကို ကျေနပ်စေသည်မှန်လျှင်" (ရှု၊ figs_metonymy)

ကျွန်တော်ဆက်သော လက်ဆောင်

ယာကုပ်က မိမိကိုယ်ကို ညွှန်းဆိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်တော်ပေးသော လက်ဆောင်" (ရှု၊ figs_synecdoche)

my hand, for indeed

Not applicable

ဘုရားသခင်၏ မျက်နှာတော်ကို ဖူးမြင်ရသကဲ့သို့၊ ကိုယ်တော်၏ မျက်နှာကို ဖူးမြင်ရပါ၏

ဆိုလိုရင်း နားလည်ရခက်သော ခိုင်းနှိုင်းချက်ဖြစ်သည်။ ဖြစ်နိုင်ချေများမှာ၊ ၁) ဘုရားသခင် ခွင့်လွှတ်ပေးသကဲ့သို့ ဧသောက ခွင့်လွှတ်ပေးသည် သို့မဟုတ် ၂) ဘုရားသခင်ကို မြင်ရသကဲ့သို့ ဧသောကို မြင်ရသောအခါ အံ့ဩခြင်းဖြစ်သည် သို့မဟုတ် ၃) ဘုရားသခင်၏ မျက်မှောက်တော်တွင် ရှိသကဲ့သို့ ဧသော ရှေ့၌ နှိမ့်ချသိမ်ငယ်ခြင်းဖြစ်သည် (ရှု၊ figs_simile)

ကိုယ်တော်၏ မျက်နှာကို ဖူးမြင်ရပါ၏

"မျက်နှာ" က ဧသောကို ပုံဆောင်သည်။ "ဘုရားသခင်၏ မျက်မှောက်တော်" နှင့် ၃၂း၂၉ ရှိ "မျက်နှာချင်းဆိုင်၍" ပြန်ဆိုချက်တို့၏ အရေးပါမှုကြောင့် "မျက်နှာ" ဟုသာ ဖော်ပြရန် သင့်ပါသည်။ (ရှု၊ figs_synecdoche)

ကိုယ်တော်ထံသို့ရောက်သော

အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်ကျွန်တို့ ဆက်သသော" (ရှု၊ figs_activepassive)

ဘုရားသခင်သည်၊ ကျွန်တော်၌ များစွာသောကျေးဇူးကို ပြုတော်မူပြီ

"ဘုရားသခင်က ကျွန်တော့်အပေါ် ကောင်းမြတ်တော်မူပြီ" သို့မဟုတ် "ဘုရားသခင်က ကျွန်တော့်ကို ကောင်းကြီးပေးတော်မူပြီ"

ဟူ၍ တိုက်တွန်းသောကြောင့် ခံယူလေ၏

လက်ဆောင်ကို ပထမဦးဆုံး ငြင်းဆိုရပြီး၊ ပေးကမ်းသူ စိတ်မပျက်မီ နောက်တကြိမ်၌ လက်ခံခြင်းမှာ ဓလေ့ထုံးစံတခု ဖြစ်သည်။

Genesis 33:12-14

သခင် သိသည်အတိုင်း

ဧသောကို ရိုသေလေးမြတ်စွာ ခေါ်ဆိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်သခင် သိသည်အတိုင်း" (ရှု၊ figs_123person)

ဤသူငယ်တို့သည် နုငယ်ပါ၏

ပို၍ တိကျစွာ ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဤကလေးတို့မှာ ငယ်လွန်းပါ၏" (ရှု၊ figs_explicit)

တနေ့ခြင်းတွင် အနှင်လွန်လျှင်

အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တနေ့အတွင်း အနှင်လွန််လျှင်" (ရှု၊ figs_activepassive)

ထိုကြောင့် သခင်သည်၊ ကိုယ်တော်၏ကျွန် ရှေ့မှာ ကြွနှင့်တော်မူပါ

နှိမ့်ချစွာ ညွှန်းဆိုသောစကား ဖြစ်သည်။ အခြးသော ဘာသာပြန်ဆိုချက်၊ "ထို့ကြောင့်၊ ကိုယ်တော့်ကျွန်၏ ရှေ့မှာ ကြွနှင့်တော်မူပါ" (ရှု၊ figs_123person)

ကျွန်တော် ဆောင်ခဲ့သော တိရစ္ဆာန်များ၊သူငယ်များ၊ တတ်နိုင်သမျှအတိုင်း

"ကျွန်တော် ဆောင်ခဲ့သော တိရစ္ဆာန်နှင့် သူငယ်များ၏ အရှိန်အတိုင်း"

စိရပြည်

ဧဒုံပြည်ရှိ တောင်ကုန်းဒေသဖြစ်သည်။ ၃၂း၃ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

Genesis 33:15-17

အဘယ်အကြောင်း ရှိပါသနည်း

မိမိလူကို ထားစရာ မလိုပါကြောင်း ထင်ဟပ်စေရန် မေးခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုသို့ ပြုစရာအကြောင်း မရှိပါ" သို့မဟုတ် "ထိုသို့ ပြုစရာ မလိုပါ" (ရှု၊ figs_rquestion)

သခင်၏

ဧသောကို ရိုသေလေးမြတ်စွာ ခေါ်ညွှန်းခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်သခင်၏" (ရှု၊ figs_123person)

သုကုတ်

ဘာသာပြန်ဆိုသူများ အနေဖြင့် "သုကုတ် အနက်ကား 'အရိပ်အာဝါသ' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။ (ရှု၊ translate_names)

ကိုယ်နေဘို့ အိမ်ကို၎င်း . . . ဆောက်လေ၏

မိမိ အိမ်သားတို့အတွက်လည်း ဖြစ်ကြောင်းကို တိကျစွာဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်နှင့် မိသားစုအဖို့အိမ်ကို၎င်း ... ဆောက်လေ၏" (ရှု၊ figs_explicit)

တိရစ္ဆာန်များနေဘို့ တင်းကုပ်တို့ကို၎င်း

"မိမိပိုင်သော တိရစ္ဆာန်များအဖို့ တင်းကုပ်တို့ကို၎င်း"

Genesis 33:18-20

ယေဘုယျ အချက်အလက်

အကြောင်းသစ်ကို အစဖွင့်ထားသည်။ သုကုတ်မြို့၌ နေထိုင်ပြီးနောက် အဖြစ်အပျက်ကို တွေ့ရသည်။

ပါဒနာရံပြည်မှ ပြန်လာ၍

"ပဒ္ဒန်အာရမ်ပြည်မှ ပြန်လာ၍"

ရောက်လေ၏ . . . ပြန်လာ၍ . . . ဆောက်လေ၏

အိမ်ထောင်ဦးစီး ဖြစ်သော ယာကုပ် တစ်ဦးတည်း ဆောင်ရွက်သကဲ့သို့ သုံးနှုန်းထားသည်။ သို့ရာတွင် တမိသားစုလုံး ပါဝင်သည်။ (ရှု၊ figs_explicit)

. . . ရှေ့မှာ တဲကို ဆောက်လေ၏

"... နားမှာ စခန်းချလေ၏"

မြေအကွက်

"မြေကွက်"

ဟာမော်

ယောက်ျားအမည် ဖြစ်သည်။ (ရှု၊ translate_names)

ရှေခင်၏အဘ

မြို့အမည်ဖြစ်ပြီး၊ လူတစ်ဦး၏ အမည်လည်း ဖြစ်သည်။

တပိဿာ

"ကျပ်သား ၁၀၀" (ရှု၊ translate_numbers)

ဧလေလော ဣသရေလ

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဧလေလော ဣသရေလ အနက်ကား 'ဘုရားသခင်၊ ဣသရေလ၏ ဘုရားသခင်' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။ (ရှု၊ translate_names)

Genesis 34

Genesis 34:1-3

Now

Not applicable

ဒိန

လေအာ သမီး၏ အမည်ဖြစ်သည်။ ၃၀း၁၉ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ဟိဝိအမျိုး

လူမျိုးစုအမည် ဖြစ်သည်။ ၁၀း၁၅ ရှိ "ဟိဝိလူ" ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ထိုပြည်ကို အစိုးရသော . . . မင်း

ရှေခင် မဟုတ်ဘဲ ဟာမော်ကို ညွှန်းသည်။ "အစိုးရသော မင်း" ဟူရာတွင် ထိုဒေသ၏ ခေါင်းဆောင်ဟုလည်း ဆိုလိုသည်။

အိပ်ဘော်ပြုလျက်၊ သူ့အသရေကို ရှုတ်ချလေ၏

အဓမ္မ ပြုသည်။ (ရှု၊ figs_euphemism)

နောက်မှ သူ့ကိုချစ်သောစိတ် မကုန်

"သူမကို လွန်စွာ ချစ်သဖြင့်" (UDB)။ ဒိနကို အလွန်ချစ်ကြောင်း ဖော်ပြသည်။ အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဒိနကို လွန်စွာတပ်မက်သဖြင့်" (ရှု၊ figs_metaphor နှင့် figs_activepassive)

မေတ္တာစကားနှင့် ဖြားယောင်းလျက်နေ၏

သူမကို ချစ်သကဲ့သို့ မိမိကိုလည်း ပြန်လည် ချစ်ကြောင်း တုံ့ပြန်ပါရန် ပြောဆိုခြင်း ဖြစ်သည်။

Genesis 34:4-5

Now Jacob

Not applicable

Jacob heard that he

Not applicable

ရှုတ်ချ

ရှေခင်က အဓမ္မပြုခြင်းဖြင့် ဒိန၏ ဂုဏ်ကို ညစ်ညမ်းစေကြောင်း ဆိုလိုသည်။

ငံ့လင့်လျက် တိတ်ဆိတ်စွာနေလေ၏

အထက်ပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ရေငုံနှုတ်ပိတ်ကြောင်း ဆိုလိုခြင်း ဖြစ်သည်။ (ရှု၊ figs_idiom)

Genesis 34:6-7

ဟာမော်မင်းသည် ယာကုပ်နှင့် နှုတ်ဆက်ခြင်းငှါ လာ၍

"ဟာမော်မင်းသည် ယာကုပ်နှင့် တွေ့ဆုံရန်လာ၍"

သူတို့သည် စိတ်နာ၍

"သူတို့သည် ဒေါသဖြစ်၍"

ထိုမင်းသားသည် . . . အလွန်အမျက်ထွက်ကြ၏

UDB မှာကဲ့သို့၊ ယာကုပ် သားတို့၏ တိုက်ရိုက်ပြောစကား အဖြစ် ဖော်ပြနိုင်သည်။ (ရှု၊ figs_quotations)

ဣသရေလအမျိုး၌ မိုက်သောအမှု

ဣသရေလ တမျိုးလုံးကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဣသရေသအမျိုးကို အရှက်ခွဲပြီး" သို့မဟုတ် "ဣသရေလအမျိုး၌ သိက္ခာကျစရာ" (ရှု၊ figs_metonymy)

ထိုမင်းသားသည် ယာကုပ်၏သမီးနှင့် အိပ်မိ၍

"ထိုမင်းသားသည် ယာကုပ်၏သမီးအပေါ် အဓမ္မကျင့်၍"

မပြုအပ်သောအရာ

အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မပြုသင့်သောအမှု" (ရှု၊ figs_activepassive)

Genesis 34:8-10

ဟာမော်မင်းလည်း သူတို့နှင့် နှုတ်ဆက်လျက်

"ဟာမော်မင်းလည်း သူတို့အား နှုတ်ဆက်လျက်"

သင်တို့သမီးကို အလွန်ချစ်အားကြီးပါ၏

"ချစ်အားကြီး" ဟူရာတွင် ယောက်ျားနှင့်မိန်းမကြား ချစ်ခြင်းတရားကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့သမီးကို ချစ်၍ ထိန်းမြားလိုပါ၏"

ထိမ်းမြားပေးစားကြပါလော့

အချို့သော ယဉ်ကျေးမှုတွင် သားသမီးတို့၏ အိမ်ထောင်ဖက်ကို မိဘက ရွေးချယ် သတ်မှတ်ပေးရသည်။

သင်တို့သည် ငါတို့နှင့်အချင်းချင်း ထိမ်းမြားခြင်းကို ပြုလျက်

လူမျိုးရေး၊ လူမှုရေး၊ ဘာသာရေး သို့မဟုတ် မျိုးနွယ်စု မတူသောသူ အချင်းချင်း လက်ထပ် ထိမ်းမြားခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့အမျိုးနှင့် ငါတို့အမျိုးကြား ထိမ်းမြားခြင်း ပြုလျက်"

ဤပြည်၌ အဆီးအတားမရှိ

"ဤပြည်၌ လွတ်လပ်စွာ"

Genesis 34:11-13

ရှေခင်ကလည်း . . . ဟု၊ မိန်းမ၏ အဘနှင့်မောင်တို့အား ဆိုလေ၏

"ရှေခင်ကလည်း ... ဟု ဒိန၏အဖ ယာကုပ်နှင့် သားများထံ ဆိုလေ၏"

သင်တို့စိတ်နှင့် တွေ့ကြပါစေ။ တောင်းသမျှကို ပေးပါမည်

"စိတ်နှင့် တွေ့" ဟူရာတွင် အတွေးအမြင်ကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့ အခွင့်ပေးလျှင်၊ တောင်းသမျှကို ပေးပါမည်" (ရှု၊ figs_metonymy)

ကန်တော့ဥစ္စာ

အချို့သော ယဉ်ကျေးမှုတွင်၊ မင်္ဂလာပွဲတွင် သတို့သားက သတို့သမီး၏ မိသားစုထံ ငွေကြေး၊ ဥစ္စာ၊ ခြေမွေးတိရစ္ဆာန်စသော လက်ဖွဲ့ပစ္စည်းကို ပေးသော ဓလေ့ကို ကျင့်သုံးသည်။

ယာကုပ်၏ သားတို့သည် . . . မင်းသားနှင့် အဘဟာမော်ကို ပရိယာယ်ဖြင့် ပြန်ပြောသည်မှာ

စိတ္တဇနာမ် "ပရိယာယ်" ကို "လိမ်လည်သည်" ဟူ၍ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုအရာ ယာကုပ်၏ သားတို့က ... ရှေခင်နှင့် ဖခင်ဟာမော်တို့ထံ လိမ်လည်သည်မှာ" (ရှု၊ figs_abstractnouns)

နှမဒိနကို ရှေခင်မင်းသား ရှုတ်ချသောအကြောင်းကို ဆင်ခြင်၍

ရှေခင်၏ အပြုအမူက ဒိန၏ ဂုဏ်ကို ညစ်ညမ်းစေကြောင်း ဆိုလိုသည်။ ၃၄း၄ ရှိ "ရှုတ်ချ" ပြန်ဆိုချက်ကို ရှု။

Genesis 34:14-17

. . . ဟုဆိုကြ၏

"... ဟု ရှေခင်နှင့် ဟာမော်တို့ထံ ဆိုကြ၏"

ကျွန်ုပ်တို့နှမကို . . . မပေးစားနိုင်ပါ

"နှမဒိနကို ... မပေးစားနိုင်ပါ"

ပေးစားလျှင်၊ ကဲ့ရဲ့ဘွယ်သောအကြောင်း ဖြစ်ပါ၏

"ထိုသို့ပြုလျှင်၊ သိက္ခာကျစရာ ဖြစ်ပါ၏" (ရှု၊ figs_exclusive)

ကျွန်ုပ်တို့သမီးကို သင်တို့အား ပေးစား၍၊ သင်တို့၏သမီးနှင့်လည်း စုံဘက်ကြသဖြင့်

ယာကုပ်၏ အိမ်သားနှင့် ဟာမော်၏ ပြည်သားတို့ကြား ထိန်းမြားခွင့်ပေးမည်ဟု ဆိုလိုသည်။

Genesis 34:18-19

ထိုစကားကို ဟာမော်မင်းနှင့် သားတော်ရှေခင်သည် နှစ်သက်၍

"စကား" မှာ ပြောသမျှအရာကို ကိုးစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာကုပ်၏သားတို့ ပြောသည်ကို ဟာမော်နှင့် သားရှေခင်တို့ လက်ခံ၍" (ရှု၊ figs_metonymy)

ချက်ခြင်း ဝန်ခံလေ၏

"အရေဖျားလှီးရန် ဂတိပြုလေ၏"

ယာကုပ်၏သမီး

"ယာကုပ်၏သမီး ဒိန"

အဘ၏အမျိုးသားချင်း အပေါင်းတို့ထက် အသရေရှိသောကြောင့်၎င်း

နောက်စာကြောင်းသစ်ဖြင့် ဖော်ပြနိုင်သည်။ ရှေခင်ကို မိမိလူတို့က လေးစားသောကြောင့် သူပြောသမျှအတိုင်း လက်ခံမည်ဟု တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဆွေမျိုးများ၏ ကြည်ရိုလေးစားမှုကို ရရှိသဖြင့် မိမိပြောသမျှအတိုင်း လက်ခံမည်ကို သိသောကြောင့်၎င်း" (ရှု၊ figs_explicit)

Genesis 34:20-21

မိမိမြို့တံခါး

ထိုခေတ် ခေါင်းဆောင်တို့က တရားဝင် ကြေညာချက်များကို မြို့တံခါး၌ ပြုလုပ်လေ့ရှိသည်။

ဤသူတို့

"ယာကုပ်၊ သူ၏သားများနှင့် ဣသရေလအမျိုးတို့"

ငါတို့နှင့် သင့်တင့်ကြပြီ

"ငါတို့" က ဟာမော်၊ သူ၏သားနှင့် မြို့တံခါး၌ ရှိသမျှသောသူအားလုံး ပါဝင်သည်။ (ရှု၊ figs_inclusive)

ငါတို့ပြည်၌နေ၍ ဖေါက်ကားရောင်းဝယ်မှုကို ပြုကြပါစေ

"ငါတို့ပြည်၌နေ၍ ရောင်းဝယ်ဖောက်ကားကြပါစေ"

ငါတို့ပြည်သည် သူတို့နေသာအောင် ကျယ်ပေ၏

"အကြောင်းမူကား၊ သူတို့နေထိုင်ဖို့ မြေနေရာ များလှပေ၏"

သူတို့သမီးများနှင့် အိမ်ထောင်ဘက် ပြုကြစို့။ ငါတို့သမီးများလည်း သူတို့အား ထိမ်းမြားပေးစာကြစို့

လူတမျိုးနှင့်တမျိုး ထိန်းမြားပေးစားခြင်းကို ညွှန်းသည်။ ၃၄း၈ မှ ပြန်ဆိုချက်ကို ရှု။

Genesis 34:22-23

ယေဘုယျ အချက်အလက်

မြို့လူကြီးများထံ ဟာမော်နှင့် သားရှေခင်တို့က ဆက်လက် ပြောဆိုသည်။

သို့ရာတွင် သူတို့သည် အရေဖျားလှီးမင်္ဂလာကို ခံသကဲ့သို့၊ ငါတို့တွင် ယောက်ျားတိုင်း အရေဖျားလှီး မင်္ဂလာကို ခံမှသာ၊ ထိုလူတို့သည် ငါတို့တွင်နေ၍ တမျိုးတည်း ဖြစ်စေခြင်းငှါ ဝန်ခံကြလိမ့်မည်

"သို့ရာတွင် ထိုလူတို့သည် ငါတို့တွင်နေ၍ တမျိုးတည်း ဖြစ်ရန် ဝန်ခံစေခြင်းငှါ ဤသို့ပြုရမည်။ သူတို့သည် အရေဖျားလှီးမင်္ဂလာကို ခံသကဲ့သို့၊ ငါတို့တွင် ယောက်ျားတိုင်း အရေဖျားလှီး မင်္ဂလာကို ခံရမည်"

သူတို့၏သိုးနွားမှစ၍ တိရစ္ဆာန်များ၊ ဥစ္စာများတို့သည် ငါတို့ဥစ္စာ ဖြစ်ကြလိမ့်မည် မဟုတ်လော

ယာကုပ် ပိုင်ဆိုင်သော တိရစ္ဆာန်များနှင့် ဥစ္စာပစ္စည်းများကို ရှေခင်မြို့သားတို့ ပိုင်ဆိုင်ရမည်အကြောင်း ထင်ဟပ်စေသော မေးခွန်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့ပိုင်သော တိရစ္ဆာန်များ၊ ဥစ္စာများမှာ ငါတို့ဥစ္စာ ဖြစ်ရလိမ့်မည်" (ရှု၊ figs_rquestion)

Genesis 34:24-26

ယောက်ျား ရှိသမျှတို့သည် အရေဖျားလှီး မင်္ဂလာကိုခံကြ၏

အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယောက်ျားရှိသမျှတို့ကို အရေဖျားလှီး မင်္ဂလာ ပြုပေးကြ၏" (ရှု၊ figs_activepassive)

ထိုသို့ခံ၍ သုံးရက်မြောက်သော နေ့၌

"သုံးရက်မြောက်" မှာ သုံးရက်၏ အစဉ်ပြကိန်းဖြစ်သည်။ ၎င်းအစဉ်ပြကိန်းကို နောက်တမျိုးဖြင့်လည်း ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုသို့ခံပြီး သုံးရက်အကြာတွင်" (ရှု၊ translate_ordinal)

အလွန်နာကြသောအခါ

"အနာ မပျောက်သေးသဖြင့်"

ထားလက်နက် တယောက်တစင်းစီ စွဲကိုင်လျက်

"ဓါးလက်နက် တယောက်တစင်းစီ ဆွဲကိုင်လျက်"

သတိမရှိသော ထိုမြို့ကို တိုက်၍

"မြို့" က မြို့သားတို့ကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သတိမရှိသော မြို့သားတို့ကို တိုက်၍" (ရှု၊ figs_metonymy)

တိုက်၍၊ ယောက်ျားအပေါင်းတို့ကို သတ်လေ၏

နောက်တကြောင်းဖြင့် ဖော်ပြနိုင်သည်။ "တိုက်၏။ ယောက်က်ျားအပေါင်းတို့ကို သတ်လေ၏"

ထားလက်နက်ဖြင့်

ဓါးကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဓါးထိပ်ဖြင့်" သို့မဟုတ် "ဓါးလက်နက်ဖြင့်" (ရှု၊ figs_synecdoche)

Genesis 34:27-29

အသေသတ်ပြီးသော သူတို့

ဟာမော်၊ ရှေခင်နှင့် လူတို့၏ အလောင်း"

မြို့ကို လုယက်ဖျက်ဆီးသဖြင့်

"မြို့ကို လုယက်သဖြင့်"

မိမိတို့နှမ ရှုတ်ချခြင်းကို ခံရသောကြောင့်

ဒိနကို ပြစ်မှားသူမှာ ရှေခင်တဦးတည်း ဖြစ်သော်လည်း ယာကုပ်၏ သားများက ရှေခင်တို့ တအိမ်သားလုံးနှင့် တမြို့လုံးကို အပြစ်တင်သည်။

ရှုတ်ချခြင်းကို ခံရသောကြောင့်

ဒိနကို အဓမ္မကျင့်ခြင်းဖြင့် သူမ၏ ဂုဏ်အသရေကို ဖျက်ဆီးကြောင်း ဆိုလိုသည်။ ၃၄း၄ ရှိ "ရှုတ်ချ" ပြန်ဆိုချက်ကို ရှု။

သူတို့ သိုး . . . ကို၎င်း သိမ်းယူ၍

"မြို့သားတို့၏ သိုး ... ကို၎င်း သိမ်းယူ၍"

ရှိသမျှသော ဥစ္စာကို၎င်း

"ရှိသမျှသော ဥစ္စာပစ္စည်းကို၎င်း"

သူတို့ သားမယား သူငယ်အပေါင်းကို၎င်း သိမ်းယူ၍

"သူတို့ သားသမီးနှင့် မယားအပေါင်းကို၎င်း သိမ်းယူ၍"

Genesis 34:30-31

ငါ့ကို ညှဉ်းဆဲကြပြီတကား

"ညှဉ်းဆဲ" ခြင်းကို လူတစ်ဦးအပေါ် ထားနိုင်သောအရာကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ကို ဒုက္ခရောက်စေပြီတကား" (ရှု၊ figs_metaphor)

ငါ့ကိုရွံရှာအောင် ပြုကြပြီတကား

မုန်းတီးခြင်းကို ရွံရှာခြင်းနှင့် တင်စာထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ကို ဆန့်ကျင်အောင် ပြုကြပြီတကား" (ရှု၊ figs_metaphor)

ငါတို့၌ လူအရေအတွက် အားနည်းသောကြောင့် . . . ငါ့ကိုတိုက်သတ်သဖြင့်၊ ငါနှင့် ငါ့အိမ်သူ အိမ်သားတို့ကို ဖျက်ဆီးကြလိမ့်မည်

"ငါ" က ယာကုပ်၏ မိသားစု တခုလုံးကို ညွှန်းသည်။ အိမ်ထောင်ဦးစီး အနေဖြင့် "ငါ" ဟုသာ သုံးခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့မိသားစုမှာ လူနည်းသောကြောင့် ... ငါတို့ကို တိုက်သဖြင့်၊ ငါတို့အားလုံးကို ဖျက်ဆီးကြလိမ့်မည်" (ရှု၊ figs_synecdoche)

သူတို့သည် စုဝေး၍ ငါ့ကိုတိုက်သတ်သဖြင့်

"သူတို့သည် လူစု၍ ငါ့ကို တိုက်သဖြင့်" သို့မဟုတ် "သူတို့သည် လူစု၍ ငါတို့ကို တိုက်သဖြင့်"

ငါ . . . တို့ကို ဖျက်ဆီးကြလိမ့်မည်

အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ကို ဖျက်ဆီးကြလိမ့်မည်" သို့မဟုတ် "ငါတို့ကို ဖျက်ဆီးကြလိမ့်မည်" (ရှု၊ figs_activepassive)

ငါတို့နှမကို ပြည့်တန်ဆာကဲ့သို့မှတ်၍ ပြုရမည်လော

ရှိမောင်နှင့် လေဝိတို့က ရှေခင်ပြုသော အမှုမှာ မှားယွင်းပြီး သေရန် ထိုက်တန်ကြောင်း ထင်ဟပ်စေရန် မေးလိုက်ခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူသည် ငါ့တို့နှမကို ပြည့်တန်ဆာကဲ့သို့ ဆက်ဆံခြင်း မပြုလျှင် သေမည်မဟုတ်ပါ" (ရှု၊ figs_rquestion)

Genesis 35

Genesis 35:1-3

ဗေသလအရပ်သို့ သွားနေလော့

ဗေသလအရပ်မှာ ရှေခင်မြို့ထက် မြေနေရာ ပိုမြင့်သဖြင့် "တက်၍နေလော့" ဟုလည်း အသုံးပြုနိုင်သည်။

ဘုရားသခင် အဘို့၊ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လော့

ဘုရားသခင်က မိမိကိုယ်ကို အပြောခံနာမ်စားဖြင့် ညွှန်းဆိုထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်၏ဘုရားသခင် ငါ့အဘို့၊ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လော့" (ရှု၊ figs_123person)

အိမ်သူအိမ်သားများ . . . ကို ခေါ်၍

"မိသားစု ... ကို ခေါ်၍"

သင်တို့တွင်ပါသော၊ တပါးအမျိုးသားတို့၏ ဘုရားတို့ကို ပယ်ပစ်ကြလော့

"သင်တို့၏ နတ်ရုပ်တုတို့ကို ပယ်ပစ်ကြလော့" သို့မဟုတ် "သင်တို့၏ ဘုရားတုများကို ပယ်ပစ်ကြလော့"

အဝတ်ကိုလဲ၍ သန့်ရှင်းခြင်း ရှိစေကြလော့

ဘုရားသခင်ကို ကိုးကွယ်မှု မပြုမှီ စိတ်ပိုင်းဆိုင်ရာနှင့် ခန္ဓာပိုင်းဆိုင်ရာ သန့်ရှင်းစေရန် ဆောင်ရွက်သော ဓလေ့တစ်ခုဖြစ်သည်။

အဝတ်ကိုလဲ၍

ဘုရားသခင် ရှေ့မှောက်၌ သန့်ရှင်းစင်ကြယ်မှုကို ဖော်ပြရန် အဝတ်ကို လဲရသည်။ (ရှု၊ translate_symaction)

ငါသည် ဆင်းရဲခံရသောကာလ

ဖြစ်နိုင်ချေများမှာ၊ ၁) ဧသောထံမှ ထွက်ပြေးသော အချိန်ကာလ သို့မဟုတ် ၂) စိတ်ဒုက္ခရောက်သော နေ့ရက်တိုင်းကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ခက်ခဲမှုနှင့် ကြုံရစဉ်တွင်" သို့မဟုတ် "ဒုက္ခရောက်ခဲ့စဉ်တွင်" (ရှု၊ figs_metonymy)

Genesis 35:4-5

သူတို့သည်လည်း . . . ပေး၍

"ယာကုပ်၏ အိမ်သားတို့ကလည်း ... ပေး၍" သို့မဟုတ် "ထိုသို့ဖြင့် အိမ်သားများနှင့် အစေခံတို့ကလည်း ... ပေး၍"

မိမိတို့၌ပါသော

"၌ပါသော" က လက်ထဲ၌ ပိုင်ဆိုင်မှုကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိတို့ လက်၌ပါသော" သို့မဟုတ် "မိမိတို့ ပိုင်သော" (ရှု၊ figs_metonymy)

နား၌ပန်သော နားပန်တန်ဆာ

"နားကပ်များ" (UDB)။ ဖြစ်နိုင်ချေများမှာ၊ ၁) နားကပ်၏ ရွှေသားဖြင့် ရုပ်တုများ ပြုလုပ်နိုင်သောကြောင့် ဖြစ်သည် သို့မဟုတ် ၂) ရှေခင်မြို့မှ လုယက်ထားသော နားကပ်များဖြစ်သည်။ မိမိတို့၏ အပြစ်ကို ကိုစားပြုသည်။

ပတ်ဝန်းကျင် မြို့သားတို့သည်၊ ဘုရားသခင်ကို ကြောက်ရွံ့၍

ဘုရားသခင်က အိမ်နီးချင်း မြို့သားတို့အပေါ် ယာကုပ်နှင့် မိသားစုကို ကြောက်ရွံ့သောစိတ် ထည့်ပေးလိုက်သည်။ "ကြောက်ရွံ့၍" ကို စိတ္တဇနာမ် "ကြောက်ရွံ့ခြင်း" ဖြင့် ဖော်ပြနိုင်သည်။ "ကြောက်ရွံ့" ကို "ထိတ်လန့်" ဟုလည်း ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ပတ်ဝန်းကျင် မြို့တို့အပေါ် ထိတ်လန့်ခြင်းဖြစ်စေ၍" (ရှု၊ figs_metaphor နှင့် figs_abstractnouns)

မြို့သားတို့

"မြို့သား" မှာ မြို့ တခုလုံးကို ကိုစားပြုသည်။ (ရှု၊ figs_metonymy)

ယာကုပ်သားတို့

ယာကုပ်၏ မိသားစုကို တိုက်ခိုက်သောသူ တစ်ယောက်မှမရှိကြောင်း ဆိုလိုသည်။ သို့ရာတွင်၊ ရှိမောင်နှင့်လေဝိဟူသော သားနှစ်ယောက်က ယာကုပ်၏သမီးကို အသရေဖျက်ခဲ့သော ရှေခင်၏ ဆွေမျိုးခါနာန်လူတို့ကို တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့်၊ ကလဲ့စားချေခြင်း ခံရမည်ကို ယာကုပ် စိုးရိမ်ကြောက်ရွံ့ခဲ့ကြောင်း ၃၄း၃၀ တွင် တွေ့ရသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာကုပ်နှင့်မိသားစု" သို့မဟုတ် "ယာကုပ်နှင့် အိမ်သားတို့" (ရှု၊ figs_explicit)

Genesis 35:6-8

လုဇမြို့

မြို့အမည် ဖြစ်သည်။ ၂၈း၁၈ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ဗေသလ

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဧလဗေသလ အနက်ကား 'ဗေသလ၏ ဘုရားသခင်' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။ (ရှု၊ translate_names)

ထိုအရပ်၌ ဘုရားသခင် ထင်ရှားတော်မူသတည်း

"ထိုအရပ်၌ ယာကုပ်ထံ ဘုရားသခင် ထင်ရှားတော်မူသတည်း"

ဒေဗောရ

မိန်းမအမည် ဖြစ်သည်။ (ရှု၊ translate_names)

ရေဗက္က၏အထိန်း

တခြားမိန်းမ၏ ကလေးကို ထိန်းကျောင်းပေးသော အမျိုးသမီးဖြစ်သည်။ အိမ်ထောင် မိသားစုတခုတွင် အထိန်းတော်မှာ လေးစားခြင်းခံရပြီး အရေးပါသောသူ ဖြစ်သည်။

ဗေသလအရပ်၌ သပိတ်ပင်အောက်တွင် သင်္ဂြိုဟ်ခြင်းကို ခံရလေ၏

အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဗေသလနား သပိတ်ပင်အောက်တွင် သူမကို သင်္ဂြိုလ်ကြ၏" (ရှု၊ figs_activepassive)

ဗေသလအရပ်၌

ဗေသလမှ မြေနိမ့်ရာအရပ်၌ သင်္ဂြိုလ်သဖြင့် "အနား" ဟု ပြန်ဆိုသင့်သည်။

အာလုမ္ဘာကုတ်

ဘာသာပြန်ဆိုသူများ အနေဖြင့် "အာလုမ္ဘာကုတ် ခေါ် အလွန်ဗာကူသ် အနက်ကား 'ငိုကြွေးခြင်းရှိရာ သပိတ်ပင်' ဟူသတည်း" (ရှု၊ translate_names)

Genesis 35:9-10

ယာကုပ်သည် ပါဒနာရံအရပ်မှ ပြန်လာသောနောက်

ဗေသလအရပ်၌ နေထိုင်ကြောင်း တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာကုပ်သည် ပဒ္ဒန်အာရမ်ပြည်မှ ပြန်လာ၍၊ ဗေသလအရပ်၌ အခြေချနေစဉ်" (ရှု၊ figs_explicit)

ကောင်းကြီးပေးတော်မူပြီးလျှင်

"ကောင်းကြီး" မှာ တစုံတဦးအပေါ် ကောင်းကျိုးဖြစ်၍ ကောင်းခြင်း မင်္ဂလာ သက်ရောက်စေရန် ဆန္ဒပြုခြင်းကို ဆိုလိုသည်။

နောင်၌ သင်၏အမည်ကို ယာကုပ်ဟူ၍ မခေါ်ရ

အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နောင်၌ သင်၏အမည်မှာ ယာကုပ် မဟုတ်ရ" (ရှု၊ figs_activepassive)

Genesis 35:11-13

တဖန် ဘုရားသခင်က . . . ဟု မိန့်တော်မူ၏

"တဖန် ဘုရားသခင် မိန့်တော်မူသည်ကား ... ဟူသတည်"

တိုးပွါးများပြားလော့

သားစဉ်မြေးဆက် မြောက်များစွာ ထွန်းကားရန် မိန့်ဆိုခြင်း ဖြစ်သည်။ "များပြား" ခြင်းဖြင့် "တိုးပွါး" ရန် ဆိုလိုသည်။ ၁း၂၂ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ figs_doublet နှင့် figs_idiom)

လူတမျိုးမက၊ အမျိုးမျိုးတို့သည် သင်၌ ဖြစ်ကြလိမ့်မည်

"လူတမျိုး" နှင့် "အမျိုးမျိုးတို့" မှာ ၎င်းပြည်များကို ထူထောင်မည့် ယာကုပ်၏ သားစဉ်မြေးဆက်ကို ညွှန်းသည်။ (ရှု၊ figs_metonymy)

ဘုရားသခင် တက်ကြွတော်မူ၏

ဘုရားသခင် ကိန်းဝပ်ရာအရပ်မှာ လောက၏ အထက်တွင် ရှိသောကြောင့် "တက်ကြွ" ဟု သုံးနှုန်းထားခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင် ထွက်ခွာတော်မူ၏"

Genesis 35:14-15

ကျောက်တိုင်

မှတ်ကျောက်အဖြစ် စိုက်ထူထားသော ကျောက်တုံးကြီးတစ်ခု ဖြစ်သည်။

ကျောက်ဖျားပေါ်၌ သွန်းလောင်းရာ ပူဇော်သက္ကာကို၎င်း၊ ဆီကို၎င်း လောင်းလေ၏

ဘုရားသခင်အတွက် စိုက်ထားကြောင်းကို သက်သေပြခြင်း ဖြစ်သည်။ (ရှု၊ translate_symaction)

ဗေသလ

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဗေသလ အနက်ကား 'ဘုရားသခင်၏ အိမ်တော်' တည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။

Genesis 35:16-20

ဧဖရတ်မြို့

ဗက်လင်မြို့၏ နောက်အမည် ဖြစ်သည်။

ပြင်းစွာသော ဝေဒနာကို ခံရ၏

"ပြင်းထန်စွာ နာကျင်ရ၏"

ထိုသို့ပြင်းစွာ ခံနေရစဉ်တွင်

"ဝေဒနာ ပြင်းထန်လာသောအခါ"

ဝမ်းဆွဲ

သားဖွားရာ၌ ကူညီပေးသောသူ ဖြစ်သည်။

ရာခေလသည် သေအံ့ဆဲဆဲရှိ၍၊ နံဝိညာဉ် ထွက်စဉ်အခါ

"နံဝိညာဉ် ထွက်" မှာ လူတယောက် သေခါနီး နောက်ဆုံးထွက်သက် ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရာခေလ သေအံ့ဆဲဆဲ၊ နံဝိညာဉ် မထွက်မီ" (ရှု၊ figs_idiom)

ဗေနောနိ

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဗေနောနိ အနက်ကား 'ဝမ်းနည်းခြင်းမှမွေးသော သား' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။ (ရှု၊ translate_names)

ဗင်္ယာမိန်

ဘာသာပြန်ဆိုသူမျး အနေဖြင့် "ဗင်္ယာမိန် အနက်ကား 'လက်ယာဖက်၌မွေးသော သား' ဟူသတည်း" ဟု မှတ်ချက် ထည့်သွင်းဖော်ပြနိုင်သည်။

သင်္ဂြိုဟ်ခြင်းကို ခံလေ၏

အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူမကို သင်္ဂြိုလ်ကြလေ၏" (ရှု၊ figs_activepassive)

လမ်းခရီးတွင်

"လမ်းမပေါ်တွင်" (UDB)

ထိုမှတ်တိုင်ကား၊ ယနေ့တိုင်အောင် ရာခေလ၏ သင်္ချိုင်းမှတ်တိုင် ဖြစ်သတည်း

"၎င်းမှာ၊ ယနေ့တိုင်အောင် ရာခေလ၏ သင်္ချိုင်းကို အမှတ်ပြုသတည်း"

ယနေ့တိုင်အောင်

"မျက်မှောက်ခေတ်တိုင်အောင်။" ကျမ်းကို ရေးသားပြုစုသော အချိန်ကို ဆိုလိုသည်။

Genesis 35:21-22

ဣသရေလသည် တဖန်ခရီးသွားပြန်၍

ဣသရေလ၏ မိသားစုနှင့် အစေခံများလည်း ပါဝင်သည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ (ရှု၊ figs_explicit)

ဗိလဟာ

ရာခေလ၏ အစေခံမအမည် ဖြစ်သည်။ ၂၉း၂၈ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ယာကုပ်သား တကျိပ်နှစ်ပါးရှိ၏

က ၃၅း၂၃ ကို ရှု။

တကျိပ်နှစ်ပါး

က ၃၅း၂၃ ကို ရှု။

Genesis 35:23-25

ယာကုပ်သား တကျိပ်နှစ်ပါးရှိ၏

အကြောင်းအရာသစ်ကို အစဖွင့်ထားသည်။

တကျိပ်နှစ်ပါး

"၁၂ ယောက်ရှိ၏" (ရှု၊ translate_numbers)

ဗိလဟာ

ရာခေလ၏ အစေခံမအမည် ဖြစ်သည်။ ၂၉း၂၈ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

Genesis 35:26-27

ဇိလပ

လေအာ၏ အစေခံမအမည် ဖြစ်သည်။ ၂၉း၂၃ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ပါဒနာရံပြည်၌ ဘွားမြင်သော

ခါနာန်ပြည် ဗက်လင်မြို့နား၌ မွေးဖွားသော ဗင်္ယာမိန်လည်း ပါဝင်သည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ပဒ္ဒန်အာရမ်ပြည်၌ မွေးဖွားသော သားအများစုအတွက် ဆိုလိုသည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ခါနာန်ပြည်၌ ဖွားမြင်သော ဗင်္ယာမိန်မှအပ၊ ပဒ္ဒန်အာရမ်ပြည်၌ ဖွားမြင်သော" (ရှု၊ figs_explicit)

ထိုနောက် ယာကုပ်သည် . . . အဘဣဇာက်ထံသို့ ရောက်လေ၏

"ရောက်" ကို "သွား" ဟူ၍ ဖော်ပြနိုင်သည်။ (ရှု၊ figs_go)

မံရေအရပ်

ဟေဗြုန်မြို့၏ နောက်အမည် ဖြစ်သည်။ ထိုအရပ်၌နေသော အာဗြဟံ၏မိတ်ဆွေ မံရေအမည်ကို အစွဲပြုခြင်း ဖြစ်ပေမည်။ ၁၃း၁၆ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ကိရယသာဘမြို့

မြို့တခု အမည်ဖြစ်သည်။ ၂၃း၁ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

Genesis 35:28-29

အနှစ်တရာရှစ်ဆယ်

"နှစ် ၁၈၀" (ရှု၊ translate_numbers)

အသက်ချုပ်၍ အနိစ္စဖြစ်သဖြင့်

"အသက်ဆုံး၍ ကွယ်လွန်သဖြင့်။" "အသက်ချုပ်" နှင့် "အနိစ္စဖြစ်" မှာ အဓိပ္ပါယ်ချင်း တူသည်။ ၂၅း၇ မှ ပြန်ဆိုချက်ကို ရှု။ အခြားသော ဘာသာပြန်ဆိုချက်၊ "သေဆုံးသဖြင့်" (ရှု၊ figs_doublet)

အသက်ချုပ်၍

သေခြင်းကို ယာဉ်ကျေးသောသဘောဖြင့် ဖော်ပြခြင်းဖြစ်သည်။ ၂၅း၇ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ figs_euphemism)

မိမိလူမျိုး စည်းဝေးရာသို့ ရောက်လေ၏

ဣဇာက် သေသောအခါ၊ မိမိဘိုးဘေးတို့ ရှိရာ၌ သွားကြောင်း ဆိုလိုသည်။ အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကွယ်လွန်ခဲ့သော မိသားစုများထံသို့ ရောက်လေ၏" (ရှု၊ figs_idiom နှင့် figs_activepassive)

အသက်ကြီးရင့်ရာ၊ ကာလပြည့်စုံရာ၌

"အသက်ကြီးရင့်" နှင့် "ကာလပြည့်" မှာ အဓိပ္ပါယ်ချင်း တူသည်။ အသက်ရှည်ကြာစွာ ရှင်ခဲ့ကြောင်း ထင်ဟပ်စေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အသက်ရင့်၍ အိုမင်းသဖြင့်" (ရှု၊ figs_doublet)

Genesis 36

Genesis 36:1-3

ဧဒုံအမည်ရှိသော ဧသော အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများဟူမူကား

"ဤသည်မှာ ဧဒုံအမည်ရှိသော ဧသော၏ အမျိုးအနွယ်များ ဖြစ်၏။" ကမ္ဘာဦးကျမ်း ၃၆း၁-၈ တွင် ဧသော၏ မျိုးစဉ်ဆက်စာရင်းကို တွေ့ရသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဧဒုံအမည်ရှိသော ဧသော၏ မျိုးစဉ်ဆက်စာရင်းဟူမူကား" (ရှု၊ figs_explicit)

အာဒ . . . အဟောလိဗာမ

ဧသော၏မယား အမည်များ ဖြစ်သည်။ (ရှု၊ translate_names)

ဟိတ္တိအမျိုး ဧလုန်

"ဟေသအနွယ် ဧလုန်" သို့မဟုတ် "ဟေသ၏အမျိုး ဧလုန်။" လူတဦးအမည် ဖြစ်သည်။ ၂၆း၃၄ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ဇိဘောင် . . . အာန . . . နဗာယုတ်

ယောက်ျားအမည်များ ဖြစ်သည်။ (ရှု၊ translate_names)

ဟိဝိအမျိုး

လူမျိုးစုတစုကို ညွှန်းသည်။ ၁၀း၁၅ မှ ပြန်ဆိုချက်ကို ရှု။

ဗာရှမတ်

ဧသောမယားများအနက် တစ်ဦးအမည် ဖြစ်သည်။ ၂၆း၃၄ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

နဗာယုတ်

ဣရှမေလသားများအနက် တစ်ဦးအမည်ဖြစ်သည်။ ၂၈း၈ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

Genesis 36:4-5

အာဒ . . . ဗာရှမတ် . . . အဟောလိဗာမ

ဧသောမယားများ၏ အမည်ဖြစ်သည်။ ၃၆း၁ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ဧလိဖတ် . . . ရွေလ . . . ယုရှ . . . ယာလံ . . . ကောရ

ဧသောသားများ၏ အမည်ဖြစ်သည်။ (ရှု၊ translate_names)

Genesis 36:6-8

ခါနာန်ပြည်၌ ရတတ်သော

ခါနာန်ပြည်၌ နေထိုင်စဉ် ရရှိခဲ့သော ဥစ္စာများကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ခါနာန်ပြည်၌ စုဆောင်းသော" (ရှု၊ figs_explicit)

ပြောင်းသွားလေ၏

တခြားနေရာသို့ ပြောင်းရွှေ့နေထိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ပြောင်းကာ တခြားပြည်တွင် နေလေ၏" (ရှု၊ figs_idiom)

ထိုသူနှစ်ပါးတို့သည် ဥစ္စာ

"ဧသောနှင့်ယာကုပ်တို့၏ ဥစ္စာ"

သူတို့တိရစ္ဆာန်များကြောင့် မဆံ့နိုင်ရာ

ယာကုပ်နှင့်ဧသောတို့ ပိုင်သော တိရစ္ဆာန်များအတွက် စားကျက်မြေ ကျဉ်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့ တိရစ္ဆာန်များအဖို့ စားကျက်မြေမဆံ့နိုင်" သို့မဟုတ် "သူတို့တိရစ္ဆာန်များအဖို့ မြေနေရာကျဉ်းကျပ်၏" (ရှု၊ figs_explicit)

သူတို့နေရာ မြေ

"နေ" မှာ အချေချ နေထိုင်မှုကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့ အချေချရာ မြေ" (ရှု၊ figs_idiom)

Genesis 36:9-12

ဧသော၏ သားစဉ်မြေးဆက်တို့ကို ဆိုပေအံ့

ကမ္ဘာဦးကျမ်း ၃၆း၉-၄၃ တွင် ဖော်ပြမည့် ဧသော၏ မျိုးစဉ်ဆက်စာရင်းကို အစဖွင့်ထားသည်။ "ဧသော၏ မျိုးစဉ်ဆက်စာရင်းဟူမူကား" (ရှု၊ figs_explicit)

စိရတောင်ပေါ်မှာ

စိရတောင်ကုန်းဒေသတွင် နေထိုင်ကြောင်း ဆိုလိုသည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "စိရကုန်းမြင့်ဒေသမှာ နေသော" (ရှု၊ figs_explicit)

ဧလိဖတ် . . . ရွေလ

ဧသောသားများ၏ အမည်ဖြစ်သည်။ ၃၆း၄ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

အာဒ . . . ဗာရှမတ်

ဧသောမယားများ၏ အမည်ဖြစ်သည်။ ၃၆း၁ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

တေမန်၊ ဩမရ၊ ဇေဖေါ၊ ဂါတံ၊ ကေနတ် . . . အာမလက်

ဧလိဖတ်သားများ၏ အမည်ဖြစ်သည်။ (ရှု၊ translate_names)

တိမန

ဧလိဖတ်၏ မယားငယ် အမည်ဖြစ်သည်။ (ရှု၊ translate_names)

Genesis 36:13-14

ရွေလ . . . ယုရှ၊ ယာလံ၊ ကောရ

ဧသောသားများ၏ အမည်ဖြစ်သည်။ ၃၆း၄ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

နာဟတ်၊ ဇေရ၊ ရှမ္မ၊ မိဇ္ဇ

ရွေလသားများ၏ အမည်ဖြစ်သည်။ (ရှု၊ translate_names)

ဇိဘောင် . . . အာန

ယောက်ျားအမည်များ ဖြစ်သည်။ (ရှု၊ translate_names)

ဗာရှမတ် . . . အဟောလိဗာမ

ဧသောမယားများ၏ အမည်ဖြစ်သည်။ ၃၆း၁ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

Genesis 36:15-16

ဧလိဖတ်

ဧသောသားများအနက် တစ်ဦး၏အမည် ဖြစ်သည်။ ၃၆း၄ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ဗိုလ်တေမန်၊ ဗိုလ်ဩမရ၊ ဗိုလ်ဇေဖေါ၊ ဗိုလ်ကေနတ်၊ ဗိုလ်ဂါတံ၊ ဗိုလ်အာမလက်

ဧလိဖတ်သားများ၏ အမည်ဖြစ်သည်။ (ရှု၊ translate_names)

အာဒ

ဧသောမယားများ၏ အမည်ဖြစ်သည်။ ၃၆း၁ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

Genesis 36:17-19

ရွေလ . . . ဗိုလ်ယုရှ၊ ဗိုလ်ယာလံ၊ ဗိုလ်ကောရ

ဧသောသားများ၏ အမည်ဖြစ်သည်။ ၃၆း၄ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ဗိုလ်နာဟတ်၊ ဗိုလ်ဇေရ၊ ဗိုလ်ရှမ္မ၊ ဗိုလ်မိဇ္ဇ

ရွေလသားများ၏ အမည်ဖြစ်သည်။ ၃၆း၁၃ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ဧဒုံပြည်၌

ဧဒုံပြည်တွင် နေထိုင်ကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဧဒုံပြည်၌ နေထိုင်စဉ်" (ရှု၊ figs_explicit)

ဗာရှမတ် . . . အဟောလိဗာမ

ဧသောမယားများ၏ အမည်ဖြစ်သည်။ ၃၆း၁ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

အာန

ယောက်ျားအမည် ဖြစ်သည်။ ၃၆း၁ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

Genesis 36:20-22

စိရ

"စိရ" မှာ လူအမည်ဖြစ်ပြီး၊ တိုင်းပြည်အမည်လည်း ဖြစ်သည်။

ဟောရိအမျိုး

လူမျိုးစုတစုကို ညွှန်းသည်။ ၁၄း၃ မှ ပြန်ဆိုချက်ကို ရှု။

ထိုပြည်၌နေသော

"ဧဒုံ ခေါ် စိရပြည်၌ နေသော"

လောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ ဒိရှုန်၊ ဧဇာ၊ ဒိရှန် . . . ဟောရိနှင့် ဟေမံ

ယောက်ျားအမည်များ ဖြစ်သည်။ (ရှု၊ translate_names)

တိမန

မိန်းမအမည် ဖြစ်သည်။ (ရှု၊ translate_names)

Genesis 36:23-24

ရှောဗလ . . . ဇိဘောင်

ယောက်ျားအမည်များ ဖြစ်သည်။ ၃၆း၂၀ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

အာလဝန်၊ မနာဟတ်၊ ဧဗလ၊ ရှေဖေါ၊ ဩနံ . . . အာယနှင့်အာန

ယောက်ျားအမည်များ ဖြစ်သည်။ (ရှု၊ translate_names)

Genesis 36:25-28

အာန . . . ဒိရှုန် . . . ဧဇာ . . . ဒိရှန်

ယောက်ျားအမည်များ ဖြစ်သည်။ ၃၆း၂၀ မှ ပြန်ဆိုချက်ကို ရှု။

အဟောလိဗာမ

မိန်းမအမည် ဖြစ်သည်။ (ရှု၊ translate_names)

ဟင်္ဒန်၊ ဧရှဗန်၊ ဣသရန်၊ ခေရန် . . . ဗိလဟန်၊ ဇာဝန်၊ အာကန် . . . ဥဇနှင့်အာရန်

ယောက်ျားအမည်များ ဖြစ်သည်။ (ရှု၊ translate_names)

Genesis 36:29-30

ဟောရိအမျိုး

လူမျိုးစုတစု၏ အမည်ဖြစ်သည်။ ၁၄း၃ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ဗိုလ်လောတန်၊ ဗိုလ်ရှောဗလ၊ ဗိုလ်ဇိဘောင်၊ ဗိုလ်အာန၊ ဗိုလ်ဒိရှုန်၊ ဗိုလ်ဧဇာ၊ ဗိုလ်ဒိရှန်

ယောက်ျားအမည်များ ဖြစ်သည်။ ၃၆း၂၀ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

စိရပြည်၌

စိရပြည်တွင် နေထိုင်ကြောင်း ထင်ရှားစေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "စိရပြည်၌နေထ၍" (ရှု၊ figs_explicit)

Genesis 36:31-33

ဗောရ . . . ဗေလာ . . . ဇေရ . . . ယောဗပ်

ယောက်ျားအမည်များ ဖြစ်သည်။ (ရှု၊ translate_names)

မြို့တော်ကား

အချေချ နေထိုင်သောမြို့ကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အချေချသောမြို့ကား" (ရှု၊ figs_idiom)

ဒိန္နာဗာမြို့ . . . ဗောဇရ

အရပ်ဒေသအမည်များ ဖြစ်သည်။ (ရှု၊ translate_names)

Genesis 36:34-36

ယောဗပ်မင်း

ယောက်ျားအမည် ဖြစ်သည်။ ၃၆း၃၁ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ဟုရှံမင်း . . . ဗေဒဒ် . . . ဟာဒဒ် . . . စာမလ

ယောက်ျားအမည်များ ဖြစ်သည်။ (ရှု၊ translate_names)

တေမနိ အရပ်သား ဟုရှံ

တေမနိလူမျိုးတို့ ပြည်၌ နေထိုင်ကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တေမနိတို့ပြည်၌နေသော ဟုရှမ်" (ရှု၊ figs_explicit)

အာဝိတ်မြို့ . . . မာသရက်

အရပ်ဒေသအမည်များ ဖြစ်သည်။ (ရှု၊ translate_names)

တေမနိ

"တေမန်အနွယ်" (ရှု၊ translate_names)

မြို့တော်ကား

အချေချ နေထိုင်သောမြို့ကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အချေချသောမြို့ကား" (ရှု၊ figs_idiom)

မာသရက် အရပ်သား စာမလ

"မာသရက်လူ စာမလ" (ရှု၊ translate_names)

Genesis 36:37-39

စာမလမင်း

ယောက်ျားအမည် ဖြစ်သည်။ ၃၆း၃၄ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

မြစ်နားမှာနေသော ရဟောဘုတ် အရပ်သား ရှောလ

ရှောလမှာ ရေဟောဘုသ်မြို့တွင် နေထိုင်သည်။ ရေဟောဘုသ်မြို့မှာ ယူဖရေးတိစ် ခေါ် ဥဖရတ်မြစ်နားတွင် တည်ရှိသည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဥဖရတ်မြစ်နားရှိ ရဟောဘုတ်မြို့သား ရှောလ" (ရှု၊ figs_explicit)

ရှောလ . . . အာခဗော် . . . ဗာလဟာနန် . . . ဟာဒါ . . . မေဇဟပ် . . . မာတရက်

ယောက်ျားအမည်များ ဖြစ်သည်။ (ရှု၊ translate_names)

ရဟောဘုတ် . . . ပေါမြို့

အရပ်ဒေသ အမည်များ ဖြစ်သည်။ (ရှု၊ translate_names)

မြို့တော်ကား

အချေချ နေထိုင်သောမြို့ကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အချေချသောမြို့ကား" (ရှု၊ figs_idiom)

မေဇဟပ်သမီး မာတရက်၏သမီး

ပို၍ တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မေဇဟပ်၏မြေးမ၊ မာတရတ်၏သမီး" (ရှု၊ figs_explicit)

မဟေတဗေလ

မိန်းမအမည် ဖြစ်သည်။ (ရှု၊ translate_names)

Genesis 36:40-43

ဗိုလ်လုပ်သောသူ

"ခေါင်းဆောင်များ"

မိမိအမျိုးအနွယ်၊ နေရာအရပ်၊ ခံရသော ဘွဲ့နာမအလိုက်

အမျိုးအနွယ်နှင့် နေရာဒေသများမှာ မျိုးစုခေါင်းဆောင်များ၏ အမည်ကို အစွဲပြု၍ မှည့်ခေါ်ကြသည်။ ပို၍ အသေးစိတ် လေ့လာလိုပါက UDB မူပြန်ကျမ်းကို ရှု။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိအမည်ဖြင့် အမျိုးအနွယ်၊ နေရာအရပ်အလိုက် မှည့်ခေါ်သော" (ရှု၊ figs_explicit)

ဗိုလ်တိမနာ၊ ဗိုလ်အာလဝ၊ ဗိုလ်ယေသက်၊ ဗိုလ်အဟောလိဗာမ၊ ဗိုလ်ဧလာ၊ ဗိုလ်ပိနုန်၊ ဗိုလ်ကေနတ်၊ ဗိုလ်တေမန်၊ ဗိုလ်မိဗဇာ၊ ဗိုလ်မာဂဒျေလ၊ ဗိုလ်ဣရံ

လူမျိုးစုများ အမည်ဖြစ်သည်။ (ရှု၊ translate_names)

နေရာအရပ်

"အချေချရာ" သို့မဟုတ် "နေထိုင်ရာ"

ဧသောသည် . . . ဖြစ်သတည်း

အထက်ပါ ပုဂ္ဂိုလ်များအားလုံးမှာ ဧသောအနွယ်ဖြစ်ကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဤသည်မှာ၊ ဧဒုံလူမျိုးဖခင် ဧသော၏ မျိုးစဉ်ဆက်စာရင်း ဖြစ်သတည်း" (ရှု၊ figs_metonymy)

Genesis 37

Genesis 37:1-2

မိမိအဘ တည်းခိုရာ ခါနာန်ပြည်

"မိမိအဖ နေထိုင်ရာ ခါနာန်ပြည်"

ယာကုပ်အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများ ဟူမူကား

ကမ္ဘာဦးကျမ်း ၃၇း၁-၅၀း၂၆ တွင် ဖော်ပြမည့် ယာကုပ် သားများ၏ သမိုင်းမှတ်တမ်းကို အစဖွင့်ထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဤသည်မှာ ယာကုပ် မိသားစု၏ အတ္ထုပ္ပတ္တိဖြစ်သတည်း" (ရှု၊ figs_metonymy)

အသက်တဆယ်ခုနစ်နှစ်

"အသက် ၁၇ နှစ်" (ရှု၊ translate_numbers)

ဗိလဟာ

ရာခေလ၏ အစေခံမအမည် ဖြစ်သည်။ ၂၉း၂၈ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ဇိလပ

လေအာ၏ အစေခံမအမည် ဖြစ်သည်။ ၂၉း၂၃ (ရှု၊ translate_names)

မယား

"မယားငယ်" (UDB)။ သားသမီး ရဖို့အတွက် ယာကုပ်ကို ပေးလိုက်သော လေအာနှင့်ရာခေလတို့၏ အစေခံများ ဖြစ်သည်။

သူတို့အပြစ်

"အစ်ကိုတို့၏အပြစ်"

Genesis 37:3-4

Now

Not applicable

ချစ်၏

ညီအစ်ကိုကြား၊ မိတ်ဆွေကြား၊ သို့မဟုတ် မိသားစုကြား ချစ်ခြင်းမေတ္တာကို ညွှန်းသည်။ မိတ်ဆွေ သို့မဟုတ် မိသားစုအပေါ် ထားရှိသော ချစ်ခြင်းတရား ဖြစ်သည်။

အသက်ကြီးစဉ်အခါ

ဣသရေလ အသက်ကြီးပြီးမှ ယောသပ် မွေးဖွားကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အသက်ကြီးပြီးနောက်" (ရှု၊ figs_idiom)

ချုပ်၍ ပေး၏

"ချုပ်ပေးလေ၏"

အဆင်းအရောင် ထူးခြားသော အင်္ကျီ

"အဆင်းလှသော ဝတ်လုံ"

မေတ္တာစကားကို သူ့အား မပြောနိုင်ကြ

"မေတ္တာဖြင့် စကားပြောခြင်း မပြုနိုင်ကြ"

Genesis 37:5-6

ယောသပ်သည် အိပ်မက်ကို မြင်၍၊ အစ်ကိုတို့အား ပြန်ပြောသဖြင့်၊ သူတို့သည် သာ၍မုန်းကြ၏

၃၇း၆-၁၁ ဖြစ်ရပ်ကို အကျဉ်းချုပ် မိတ်ဆက်ခြင်း ဖြစ်သည်။

သူတို့သည် သာ၍မုန်းကြ၏

"ယခင်ထက် ပို၍မုန်းကြ၏"

ကျွန်ုပ်မြင်ရသော အိပ်မက်ကို နားထောင်ကြပါလော့

"ကျွန်ုပ်မြင်သော အိပ်မက်ကို နားထောင်ပေးကြပါ" (UDB)

Genesis 37:7-8

ယေဘုယျ အချက်အလက်

ယာကုပ်က အစ်ကိုတို့ထံ မိမိအိပ်မက်အကြောင်းကို ပြောသည်။

Behold

Not applicable

ကျွန်ုပ်တို့သည်

ယာကုပ်နှင့် အစ်ကိုတို့အားလုံး ပါဝင်သည်။ (ရှု၊ figs_inclusive)

လယ်၌ကောက်လှိုင်းကို စည်း၍ နေကြစဉ်

စပါးသီးနှင့် ကောက်ရိုးကို ခွဲရန်အတွက် စပါးပင်များကို စည်းခြင်းဖြစ်သည်။

and behold

Not applicable

ကျွန်ုပ်ကောက်လှိုင်းသည် ထ၍ မတ်တတ်နေသဖြင့်၊ သင်တို့၏ ကောက်လှိုင်းတို့သည် ဝိုင်း၍ရပ်လျက်၊ ကျွန်ုပ်ကောက်လှိုင်းကို ရှိခိုးကြသည်

ကောက်လှိုင်းများက လူကဲ့သို့ မတ်တတ်ရပ်၍ ထူးထောက်ကြောင်း တွေ့ရသည်။ ယောသပ်တို့ ညီအစ်ကိုများကို ကိုစားပြုသည်။ (ရှု၊ figs_personification)

သင်သည် ငါတို့၌ မင်းပြုရလိမ့်မည်လော၊ ငါတို့ကို အစိုးရလိမ့်မည်လော

ရှေ့နှင့်နောက် အဓိပ္ပါယ်ချင်း တူသည်။ ယောသပ်ကို ကဲ့ရဲ့လိုသဖြင့် မေးခြင်းဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်သည် ငါတို့၌ မင်းပြုရမည်မဟုတ်။ သင့်ကို ဦးညွှတ်မည်မဟုတ်" (ရှု၊ figs_parallelism နှင့် figs_rquestion)

ငါတို့၌ မင်းပြုလိမ့်မည်

"ငါတို့" က ယောသပ်မှလွဲ၍ မိမိညီအစ်ကိုများကို ညွှန်းသည်။ (ရှု၊ figs_exclusive)

သူ၏အိပ်မက်နှင့် သူ၏စကားအကြောင်းကြောင့်

"သူ၏အိပ်မက်နှင့် ပြောစကားတို့ကြောင့်"

Genesis 37:9-11

တဖန်အိပ်မက်ကို မြင်ပြန်၍

"နောက်တဖန် အိပ်မက်ကို မြင်၍"

ကြယ်ဆယ်တလုံး

"ကြယ် ၁၁ လုံး" (ရှု၊ translate_numbers)

အဘက . . . ဟူ၍၊ သူ့ကို ဆုံးမလေ၏

"အဖက ... ဟူ၍၊ ဆုံးမလေ၏"

သင်မြင်သောအိပ်မက်သည် အဘယ်သို့နည်း။ ငါနှင့်သင်၏အမိ . . . ဦးညွှတ်ချရမည်လော

ယောသပ်ကို သွန်သင်ရန် အသုံးပြုသော မေးခွန်းဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်မြင်သော အိပ်မက်မှာ အမှန်မဟုတ်။ သင့်အမိ၊ သင့်အစ်ကိုများနှင့် ငါသည် သင့်ထံ ဦးညွှတ်မည်မဟုတ်" (ရှု၊ figs_rquestion)

ငြူစူ

မိမိထက် ပို၍အောင်မြင် သို့မဟုတ် ကျော်ကြားသဖြင့် ထိုသူအား မနာလိုဖြစ်ခြင်းကို ဆိုလိုသည်။

ထိုအရာကို မှတ်လေ၏

ယောသပ် မြင်သော အိပ်မက်ကို အမြဲစဉ်းစားကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုအိပ်မက်၏ ဆိုလိုရင်းကို ဆင်ခြင်၍ နေလေ၏" (ရှု၊ figs_idiom)

Genesis 37:12-14

သင်၏ အစ်ကိုတို့သည် သိုးဆိတ်များကို ရှေခင်မြို့မှာ ထိန်းကြသည် မဟုတ်လော

စကားစရန်အတွက် မေးလိုက်ခြင်း ဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်၏ အစ်ကိုတို့က သိုးဆိတ်များကို ရှေခင်မှာ ထိန်းနေကြ၏" (ရှု၊ figs_rquestion)

လာပါ

အစ်ကိုတို့ထံ သွားရန်အတွက် အသင့်ပြင်ခိုင်းခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ပြင်ဆင်လော့" (ရှု၊ figs_explicit)

ကျွန်ုပ်ရှိပါသည်

ထွက်ခွာရန် အသင့်ရှိသည်။ "ကျွန်ုပ် အသင့်ရှိပါပြီ" (ရှု၊ figs_explicit)

အဘက . . . ဟု မှာလိုက်လျက်

"အဘက ယောသပ်ထံ ... ဟု မှာလျက်"

ငါ့အား သိတင်းကြားပြောပါ

မိမိအစ်ကိုတို့ထံ သွားပြီးနောက် အကြောင်းစုံ ပြန်လည် တင်ပြရန် ပြန်လာစေလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ထံ ပြန်လာ၍ ကြားပြောပါ" သို့မဟုတ် "ငါ့ထံ သတင်းပြန်ပို့ပါ" (ရှု၊ figs_idiom)

ချိုင့်မှ

"ချိုင့်ထဲမှ"

Genesis 37:15-17

တော၌လှည့်လည်စဉ်တွင်၊ တစုံတယောက်သောသူနှင့် တွေ့၍

"တော၌လှည့်လည်သော ယောသပ်ကို တစုံတယောက်က တွေ့၍"

Behold

Not applicable

သင်သည် ဘာကိုရှာသနည်း

"ဘာကို သင်ရှာနေသနည်း"

အဘယ်မှာထိန်းကြသည်ကို ပြောပါ

"သိုးဆိတ်များထိန်းရန် အဘယ်သို့ သွားသည်ကို ကျေးဇူးပြု၍ ပြောပြပါ"

ထိန်းကြသည်

"သိုးဆိတ်များ ထိန်းကြောင်းသည်"

ဒေါသန်မြို့

ရှေခင်မှ ၂၂ ကီလိုမီတာ ကွာဝေးရာတွင် ရှိသည်။ (ရှု၊ translate_names)

Genesis 37:18-20

အဝေး၌ရှိစဉ်ပင်၊ အစ်ကိုတို့သည် မြင်လျှင်

"အဝေး၌ရှိစဉ်ပင်၊ ယောသပ်၏ အစ်ကိုတို့က မြင်လျှင်"

သတ်ခြင်းငှါ တိုင်ပင်လျက်

"သတ်ခြင်းငှါ ဆွေးနွေးလျက်"

အိပ်မက်ဆရာလာပြီ

"အိပ်မက်မြင်သောသူ လာပြီ"

ကိုင်ကြ

တိုင်ပင်ချက်အတိုင်း လုပ်ဆောင်ရန် ပြင်ဆင်ကြောင်း ထင်ရှားစေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့ကြောင့်၊ ယခု" (ရှု၊ figs_idiom)

ဆိုးသောသားရဲ

"တောရိုင်းကောင်" သို့မဟုတ် "သားရဲ"

ကိုက်စားပြီ

"ဖမ်းစားပြီ"

ထိုသို့ပြုလျှင်၊ သူ၏ အိပ်မက်တို့သည် အဘယ်သို့ နေရာကျမည်ကို ကြည့်ကြစို့

ယောသပ်သေလျှင် သူမြင်ခဲ့သော အိပ်မက်များ အမှန်တကယ် ဖြစ်မဖြစ်ကို ကြည့်ရန် ဆိုလိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့သို့ပြုလျှင်၊ သူ၏ အိပ်မက်များ အမှန်တကယ် ဖြစ်လာတော့မည်မဟုတ်" (ရှု၊ figs_irony)

Genesis 37:21-22

ထိုစကားကို . . . ကြားလျှင်

"ထိုသို့ပြောသည်ကို ... ကြားလျှင်"

သူတို့လက်မှ

သတ်ရန် ကြံစည်မှုကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့ထံမှ" သို့မဟုတ် "သူတို့ အကြံအစည်မှ" (ရှု၊ figs_metonymy)

သူ့ကို မသတ်ဘဲ နေကြစို့

သတ်ခြင်းကို ယဉ်ကျေးသော အသုံးအနှုန်းဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူ့အသက်ကို မနုတ်ဘဲ နေကြစို့" (ရှု၊ figs_euphemism)

သူ၏အသွေးကို မသွန်းကြနှင့်

"အသွေး" သွန်းခြင်းမှာ သတ်ခြင်းကို ယဉ်ကျေးစွာ ဖော်ပြသောစကား ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အသွေးကို သွန်းခြင်း မပြုနှင့်" သို့မဟုတ် "သူ့ကို မသတ်ကြနှင့်" (ရှု၊ figs_litotes နှင့် figs_euphemism)

ကိုယ်လက်နှင့်မပြုဘဲ

ထိခိုက်မှု မပြုရန် ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူ့ကို မထိခိုက်ဘဲ" (ရှု၊ figs_idiom)

ယောသပ်ကို နှုတ်ယူ၍

"ယောသပ်ကို ကယ်တင်၍"

သူတို့လက်မှ

သတ်ရန် ကြံစည်မှုကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့ထံမှ" သို့မဟုတ် "သူတို့ အကြံအစည်မှ" (ရှု၊ figs_metonymy)

တဖန်အပ်မည် အကြံရှိသည်နှင့်

"ပြန်အပ်မည် အကြံဖြင့်"

Genesis 37:23-24

သောအခါ

အကြောင်းအရာတစ်ခု၏ အရေးကြီးသော အခန်းကို အမှတ်ပြုခြင်း ဖြစ်သည်။ ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းဖြင့် ဖော်ပြနိုင်သည်။

သူဝတ်သောအင်္ကျီ၊ အဆင်းထူးခြားသော အင်္ကျီကို ချွတ်ပြီးမှ

"သူ၏ အဆင်းလှသော ဝတ်လုံကို ချွတ်ပြီးမှ"

အဆင်းထူးခြားသော အင်္ကျီ

"အဆင်းလှသော ဝတ်လုံ။" ၃၇း၃ မှ ပြန်ဆိုချက်ကို ရှု။

Genesis 37:25-26

ထိုနောက် အစာစားခြင်းငှါ ထိုင်ကြစဉ်

"မုန့်မှာ" ထိုခေတ် "အစာ" ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့နောက် မုန့်စားခြင်းငှါ ထိုင်ကြစဉ်" သို့မဟုတ် "ထို့နောက် အစာစားခြင်းငှါ ထိုင်ကြစဉ်" (ရှု၊ figs_metonymy)

မြော်ကြည့်၍၊ ဣရှမေလအမျိုးသား အစုအဝေးသည် . . . ခရီးသွားကြသည်ကို မြင်လျှင်

မော့ကြည့်၍ ဟူလည်း ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မျှော်ကြည့်၍ ... သွားသော ဣရှမေလ ကုန်သည်အဖွဲ့ကို မြင်လျှင်" (ရှု၊ figs_metaphor)

တင်ဆောင်လျက်

"သယ်ဆောင်လျက်"

နံ့သာမျိုး

"ဟင်းခတ်အမွှေးအကြိုင်"

ဗာလစံစေး

အသားအရေ ကာကွယ်ရန်နှင့် အနာပေါ်တွင် လိမ်းရန် အသုံးပြုသော နံ့သာလိမ်းဆေး တစ်မျိုး။ "ပရုတ်ဆီ"

အဲဂုတ္တုပြည်သို့

"အီဂျစ်ပြည်သို့။" ပို၍ တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုပြည်တွင် ရောင်းရန်" (ရှု၊ figs_explicit)

ငါတို့သည် ညီကိုသတ်၍ သေကြောင်းကို ဖွက်ထားလျှင် အဘယ်ကျေးဇူးရှိသနည်း

ဖြစ်ကြောင်းပြဝါကျဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ့်ညီကို သတ်၍ အသွေးကို ဖုံးခြင်းဖြင့် အကျိုးမရနိုင်" (ရှု၊ figs_rquestion)

သေကြောင်းကို ဖွက်ထားလျှင်

အသွေးကို ဖုံးခြင်းဟူ၍လည်း တင်စားဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အသွေးကို ဖုံးခြင်းဖြင့်" (ရှု၊ figs_metaphor)

Genesis 37:27-28

ဣရှမေလ လူတို့အား

"ဣရှမေလ အမျိုးတို့အား" (UDB)

ကိုယ်တိုင်မညှဉ်းဆဲဘဲ

ထိခိုက်ခြင်းမပြုရန် ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူ့ကို မထိခိုက်ဘဲ" (ရှု၊ figs_idiom)

သူသည် တို့ညီ၊ တို့အမျိုး ဖြစ်၏

"အမျိုး" ကို "အသွေးအသား" ဖြင့် ကိုစားပြုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူသည် တို့အသွေးနှင့်အသား ဖြစ်၏" (ရှု၊ figs_metonymy)

ညီအစ်ကိုတို့သည် ဝန်ခံကြ၏

"ယုဒ၏ ညီအစ်ကိုတို့က ထောက်ခံကြ၏" သို့မဟုတ် "ညီအစ်ကိုတို့က ထောက်ခံကြ၏"

မိဒျန်အမျိုးသား . . . ဣရှမေလလူတို့

ယောသပ်၏ အစ်ကိုတို့တွေ့သည့် တူညီသော ကုန်သည်အဖွဲ့ကိုသာ ညွှန်းသည်။

ငွေ အကျပ်နှစ်ဆယ် အဘိုးနှင့်

"ငွေကျပ် ၂၀ ဖြင့်" (ရှု၊ translate_numbers)

ယောသပ်ကို အဲဂုတ္တုပြည်သို့ ဆောင်သွားကြ၏

"ယောသပ်ကို အီဂျစ်ပြည်သို့ ခေါ်သွားကြ၏" (UDB)

Genesis 37:29-30

ရုဗင်သည်လည်း တွင်းသို့သွား၍၊ တွင်းထဲမှာ ယောသပ်မရှိသည်ကို မြင်လျင်

"ရုဗင်ကလည်း တွင်းသို့ပြန်လာ၍၊ ယောသပ်ကို မတွေ့လျှင်"

မိမိအဝတ်ကို ဆွဲဆုတ်လျက်

ဝမ်းနည်း ကျေကွဲမှုကို ပြသခြင်း ဖြစ်သည်။ ပို၍ ရှင်းလင်းစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဝမ်းနည်းသဖြင့် မိမိအဝတ်ကို ဆွဲဆုတ်လျက်" (ရှု၊ figs_explicit)

သူငယ်မရှိပါတကား။ ငါသည် အဘယ်သို့ သွားရပါမည်နည်း

ယောသပ် မရှိသော ပြသနာကို ထင်သာစေရန် မေးလိုက်ခြင်း ဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူငယ်မရှိပါတကား။ ယခု အိမ်ပြန် နိုင်တော့မည်မဟုတ်" (ရှု၊ figs_rquestion)

Genesis 37:31-33

ယောသပ်အင်္ကျီ

ဖခင် ချုပ်ပေးသည့် အဆင်းလှသော ဝတ်လုံကို ညွှန်းသည်။

အသွေး

"ဆိတ်သွေး"

ပေးလိုက်၍၊ အချို့တို့သည် အဘထံသို့ ဆောင်ခဲ့လျက်

"အဖထံ ယူဆောင်လျက်"

သူ့ကို . . . ကိုက်စားပြီ

"သူ့ကို ... စားလေပြီ"

အကယ်၍ ယောသပ်ကို အပိုင်းပိုင်း ကိုက်ဖြတ်ပါပြီတကား

တောရိုင်း တိရစ္ဆာန်က ယောသပ်ကို ကိုက်စားသည်ဟု ယာကုပ် ထင်၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယောသပ်ကို အမှန် ကိုက်ဖြတ်လိုက်ပြီတကား" (ရှု၊ figs_activepassive)

Genesis 37:34-36

မိမိအဝတ်ကို ဆွဲဆုတ်၍

ဝမ်းနည်းကြေကွဲမှု လက္ခဏာကို ပြသည်။ ပို၍ ရှင်းလင်းစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အလွန်ဝမ်းနည်းသဖြင့် မိမိအဝတ်ကို ဆွဲဆုတ်၍" (ရှု၊ figs_explicit)

လျှော်တေအဝတ်ကို ပတ်စည်းသဖြင့်

ခါးကို ဖုံးရန် စည်းရသော အဝတ်မျိုးကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ခါးစည်းကို ဝတ်၍" (ရှု၊ figs_explicit)

နှစ်သိမ့်စေခြင်းငှါ ကြိုးစားသော်လည်း

အခြားသော ဘာသာပြန်ဆိုချက်၊ "ကြိုးစား၍ နှစ်သိမ့်ကြသော်လည်း" (ရှု၊ figs_metaphor)

သူသည် နှစ်သိမ့်စေသော စကားကို နားမထောင်ဘဲ

အပြုဝါကျဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နှစ်သိမ့်စကားကို မခံဘဲ" (ရှု၊ figs_activepassive)

ငါ့သားရှိရာ မရဏာနိုင်ငံသို့ စိတ်မသာ ညည်းတွားလျက် ဆင်းသက်တော့မည်

သေသည့်အချိန်ထိ ငိုကြွေးရန် ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့သားရှိရာ ရှေဩလပြည်သို့ ‌ရောက်သည်တိုင် ညည်းတွားလျက်နေမည်" (ရှု၊ figs_explicit)

ယောသပ်ကိုကား၊ မိဒျန်လူတို့သည် . . . ရောင်းကြ၏

"မိဒျန်လူတို့သည် ယောသပ်ကို ... ရောင်းကြ၏"

ကိုယ်ရံတော်မှူး

"ဘုရင့်ကိုယ်ရံတော်တပ်မှူး

Genesis 38

Genesis 38:1-2

ထိုကာလအခါ ယုဒသည်

ယုဒအကြောင်းကို အစဖွင့်ထားသည်။ (ရှု၊ writing_newevent)

ဟိရအမည်ရှိသော၊ အဒုလံအမျိုးသား

ဟိရမှာ အဒုလမ်အရပ်တွင် နေထိုင်သော လူတစ်ယောက်ဖြစ်သည်။ အဒုလမ်အမျိုးသား ဖြစ်သည်။ (ရှု၊ translate_names)

ရှုအာအမည်ရှိသော

ယုဒနှင့် ထိန်းမြားသော ခါနာနိ အမျိုးသမီး၏ အမည်ဖြစ်သည်။ (ရှု၊ translate_names)

Genesis 38:3-5

မိန်းမသည် ပဋိသန္ဓေယူ၍

"ထိုမယားသည် ပဋိသန္ဓေယူ၍"

ထိုသားကို ဧရအမည်ဖြင့် မှည့်လေ၏

အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုသားကို ဧရဟု မှည့်လေ၏" (ရှု၊ figs_activepassive)

ဧရ . . . ဩနန် . . . ရှေလ

ယုဒသားများ၏ အမည်ဖြစ်သည်။ (ရှု၊ translate_names)

အမည်ဖြင့် မှည့်လေ၏

"ဟု မည့်လေ၏"

ခေဇိပ်မြို့

အရပ်ဒေသ၏ အမည်ဖြစ်သည်။ (ရှု၊ translate_names)

Genesis 38:6-7

ဧရ

ယုဒသားများအနက် တစ်ဦးဖြစ်သည်။ ၃၈း၃ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ထာဝရဘုရားရှေ့၌ ဆိုးသောသူဖြစ်၍

"ရှေ့၌" မှာ ယာဝေးဘုရား အမြင်၌ဟု ညွှန်းဆိုခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာဝေးဘုရား အမြင်၌ ဆိုးညစ်သူဖြစ်၍" (ရှု၊ figs_idiom)

သူ့ကို ထာဝရဘုရား ကွပ်မျက်တော်မူ၏

ဆိုးညစ်သူဖြစ်သောကြောင့် ကွပ်မျက်တော်မူ၏။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဆိုးသောသူဖြစ်၏။ ထို့ကြောင့်၊ ယာဝေးဘုရား ကွပ်မျက်တော်မူ၏" (ရှု၊ figs_explicit)

Genesis 38:8-10

ဩနန်

ယုဒသားများအနက် တစ်ဦးဖြစ်သည်။ ၃၈း၃ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

အစ်ကိုအမျိုးကို ဆက်နွှယ်လော့

အစ်ကိုနှင့်မရီးတို့၌ သားမထွန်းကားဘဲ အစ်ကိုဖြစ်သူ သေဆုံးလျှင်၊ နောက်အကြီးဆုံး ညီက မရီးကို ထိန်းမြားရသည်။ ထိုသို့ဖြင့် သားမွေးလျှင်၊ ပထမဆုံး မွေးသောသားကို ဆုံးသွားသော အစ်ကို၏ သားအဖြစ် မှတ်ယူရပြီး၊ အစ်ကို၏အမွေကို ဆက်ခံရသည်။

ထိုအမှုကို ထာဝရဘုရား နှစ်သက်တော်မမူ သောကြောင့်

ယာဝေးဘုရား အမြင်၌ ဆိုးညစ်သောအမှုဖြစ်ကြောင်း ညွှန်းဆိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုအမှုမှာ ယာဝေးဘုရား အမြင်၌ ဆိုးညစ်သောကြောင့်" (ရှု၊ figs_idiom)

ဩနန်ကိုလည်း ကွပ်မျက်တော်မူ၏

ဆိုးညစ်အမှုကို ပြုသောကြောင့် ကွပ်မျက်တော်မူ၏။ ၎င်းကို ရှင်းလင်းစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူ့ကို တဖန်ကွပ်မျက်တော်မူ၏" (ရှု၊ figs_explicit)

Genesis 38:11

မိမိချွေးမ

"သားကြီး၏မယား"

သင်သည် သင့်အဘအိမ်၌

သူမ၏ ဖခင်၌ ပြန်နေရန် ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်အဖအိမ်သို့ ပြန်ပြီး" (ရှု၊ figs_explicit)

ငါ့သားရှေလ မကြီးမှီ

တာမာအား ရှေလနှင့် ပေးစားရန် ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊" ငါ့သားရှေလ ကြီး၍ သူနှင့် ထိန်းမြားချိန် မရောက်မှီ" (ရှု၊ figs_explicit)

ရှေလ

ယုဒသားများအနက် တစ်ဦးဖြစ်သည်။ ၃၈း၃ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

သားငယ်ရှေလသည် အစ်ကိုတို့သေသကဲ့သို့ သေမည်

ရှေလက တာမာနှင့် ထိန်းမြားလျှင် အစ်ကိုများကဲ့သို့ သေမည်ကို ဖခင်ဖြစ်သူ ယုဒက စိုးရိမ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရှေလသည် သူမနှင့် ထိန်းမြားလျှင် အစ်ကိုတို့ကဲ့သို့ သေမည်" (ရှု၊ figs_explicit)

Genesis 38:12-14

ရှုအာ

ယောက်ျားအမည် ဖြစ်သည်။ ၃၈း၁ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ယုဒသည် နှစ်သိမ့်ပြီးမှ

"ယုဒသည် ပူဆွေးခြင်း ရပ်နား၍"

မိမိသိုးမွေးညှပ်သောသူတို့ရှိရာ တိမနမြို့

"မိမိလူတို့ သိုးမွှေးညှပ်ရာ တိမနမြို့"

တိမနမြို့ . . . ဧနိမ်မြို့

အရပ်ဒေသများ အမည်ဖြစ်သည်။ (ရှု၊ translate_names)

မိမိအဆွေ အဒုလံအမျိုး ဟိရနှင့်အတူ

"အဒုလမ်မှလာသော မိတ်ဆွေ ဟိရနှင့်အတူ" (UDB)

အဒုလံအမျိုး ဟိရ

"ဟိရ" မှာ ယောက်ျားအမည် ဖြစ်ပြီး၊ "အဒုလံ" သို့မဟုတ် "အဒုလမ်" မှာ သူနေသော ဒေသအမည် ဖြစ်သည်။ ၃၈း၁ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

တာမာကြားလျှင်

အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တာမာအား လူတို့ ကြားပြောလျှင်" (ရှု၊ figs_activepassive)

Look, your father-in-law

Not applicable

ယောက္ခမ

"အမျိုးသား၏ဖခင်"

မုတ်ဆိုးမအဝတ်

"မုဆိုးမအဝတ်"

မျက်နှာဖုံးနှင့် မျက်နှာကိုဖုံးလျက်

ခေါင်းနှင့်မျက်နှာကို ဖုံးရန် ပါးလွှာသော အထည်

ကိုယ်ကိုလည်းခြုံရုံလျက်

သူတပါးတို့ မမှတ်မိနိုင်ရန် မိမိကိုယ်ကို အဝတ်ဖြင့် ဖုံးထားခြင်းဖြစ်သည်။ ထုံးတမ်းစဉ်လာအရ၊ ထိုသို့သော အဝတ်မှာ အမျိုးသမီးတို့ ဝတ်လေ့ရှိသော ဝတ်ရုံမျိုးဖြစ်နိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လူတို့ အမှတ်မပြုနိုင်ရန် ကိုယ်ကိုလည်း ဝတ်လုံဖြင့် ပတ်လျက်" (ရှု၊ figs_explicit)

လမ်းအနား

"လမ်းတလျှောက်" သို့မဟုတ် "လမ်းမပေါ်"

မိမိနှင့် အိမ်ထောင်ဘက်မပြုရဟု

အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူမအား ပေးစားခြင်း မပြုသည်ကို" (ရှု၊ figs_activepassive)

Genesis 38:15-16

သူသည် မိမိမျက်နှာကိုဖုံး၍ နေသောကြောင့်

မျက်နှာကို ဖုံးသောကြောင့် သက်သက် မဟုတ်ဘဲ၊ ထိုခေတ်တွင် ပြည့်တန်ဆာတို့က မြို့၏ တံခါး၌ ထိုင်လေ့ရှိသောကြောင့် ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူသည် မိမိမျက်နှာကိုဖုံး၍ မိန်းမဆိုးများ ရှိရာ မြို့တံခါး၌ ထိုင်သောကြောင့်" (UDB) (ရှု၊ figs_explicit)

လမ်းကိုလွှဲ၍ အနားသို့ချဉ်းပြီးလျှင်

တာမာမှာ လမ်းဘေး၌ ထိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လမ်းဘေးရှိ သူမအနားသို့ ချဉ်းကပ်၍" (ရှု၊ figs_explicit)

Come

Not applicable

ယုဒသည် ထိုမိန်းမကိုမြင်သောအခါ

"တာမာကို ယုဒဖြင်သောအခါ"

his daughter-in-law

Not applicable

Genesis 38:17-18

from the flock

Not applicable

တံဆိပ်၊ စလွယ်၊ လက်စွဲတောင်ဝေးတို့

"တံဆိပ်" မှာ ဖယောင်းရည်ပေါ်၌ တံဆိပ်ခတ်ရာတွင် သုံးသော ပုံစံတုံးဖြစ်သည်။ "စလွယ်" တွင် တံဆိပ်ကို ထည့်၍ လည်ပင်းတွင် လွယ်ရသည်။ "တောင်ဝှေး" မှာ မြေနေရာ ကြမ်းတမ်းရာ၌ လမ်းလျှောက်သောအခါ ထောက်ရန် သစ်လုံးရှည်တစ်ချောင်း ဖြစ်သည်။

သူသည် ပဋိသန္ဓေ စွဲယူလေ၏

အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူမသည် ပဋိသန္ဓေ စွဲလေ၏" (ရှု၊ figs_activepassive)

Genesis 38:19-20

မျက်နှာဖုံး

ခေါင်းနှင့်မျက်နှာကို ဖုံးရန် ပါးလွှာသော အထည်ဖြစ်သည်။ ၃၈း၁၂ မှ ပြန်ဆိုချက်ကို ရှု။

မုတ်ဆိုးမအဝတ်

"မုဆိုးမအဝတ်။" ၃၈းး၁၂ မှ ပြန်ဆိုချက်ကို ရှု။

from the flock

Not applicable

အဒုလံအမျိုးသား

"အဒုလမ်" သို့မဟုတ် "အဒုလံ" မှာ ဟိရ နေထိုင်သောအရပ်၏ အမည်ဖြစ်သည်။ ၃၈း၁ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ဥစ္စာကို ရွေးယူခြင်းငှါ

အပြုသဘောဖြင့် ဖော်ပြထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဥစ္စာကို သွားယူခြင်းငှါ" (ရှု၊ figs_activepassive)

မိန်းမ၌ပေါင်သော

သူမထံ အပ်ထားကြောင်း ထင်ရှားစေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိန်းမထံ ပေါင်သော" (ရှု၊ figs_synecdoche)

Genesis 38:21-23

Adullamite

Not applicable

အရပ်သားတို့

"ဒေသခံတို့"

ပြည်တန်ဆာမ

"ကျောင်းကျွန် ပြည့်တန်ဆာမ"

ဧနိမ်မြို့

အရပ်ဒေသ အမည်ဖြစ်သည်။ ၃၈း၁၂ မှ ပြန်ဆိုချက် ရှု။ (ရှု၊ translate_names)

အရှက်မကွဲမည်အကြောင်း

လူတို့က ဖြစ်ကြောင်းစုံကို သိလျှင် ကဲ့ရဲ့မည် ဖြစ်သည်။ ၎င်းကို တိကျစွာနှင့် အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လူတပါး၏ ကဲ့ရဲ့ပြုခြင်း မခံရမည်အကြောင်း" (ရှု၊ figs_explicit နှင့် figs_activepassive)

Genesis 38:24-26

ထိုနောက်

အကြောင်းအရာသစ်ကို အစဖွင့်ထားသည်။ (ရှု၊ writing_newevent)

သူတပါးက . . . ယုဒအားပြောဆိုလျှင်

အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "... သူတပါးက ယုဒအား ကြားပြောလျှင်" (ရှု၊ figs_activepassive)

သင်၏ချွေးမတာမာ

"သင့်သားကြီး၏မယား တာမာ"

ကိုယ်ဝန်ဆောင်လျက် နေပြီတကား

အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်ဝန်လွယ်ရပြီတကား" သို့မဟုတ် "ယခု ကိုယ်ဝန်ရှိလေပြီ" (ရှု၊ figs_activepassive)

သူ့ကို ထုတ်၍

"သူမကို ထုတ်၍"

မီးရှို့စေ

အပြုသဘောဖြင့် ဖော်ပြထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မီးရှို့ခြင်းခံစေ" (ရှု၊ figs_activepassive)

ထုတ်သောအခါ

အပြုသဘောဖြင့် ဖော်ပြထားသည်။ "အထုတ်ခံရသောအခါ" (ရှု၊ figs_activepassive)

ယောက္ခမ

"ခင်ပွန်း၏ဖခင်"

တံဆိပ်၊ စလွယ်၊ တောင်ဝေးတို့

"တံဆိပ်" မှာ ဖယောင်းရည်ပေါ်၌ တံဆိပ်ခတ်ရာတွင် သုံးသော ပုံစံတုံးဖြစ်သည်။ "စလွယ်" တွင် တံဆိပ်ကို ထည့်၍ လည်ပင်းတွင် လွယ်ရသည်။ "တောင်ဝှေး" မှာ မြေနေရာ ကြမ်းတမ်းရာ၌ လမ်းလျှောက်သောအခါ ထောက်ရန် သစ်လုံးရှည်တစ်ချောင်း ဖြစ်သည်။ ၃၈း၁၇ မှ ပြန်ဆိုချက်ကို ရှု။

ရှေလ

ယုဒသားများအနက် တစ်ဦးဖြစ်သည်။ ၃၈း၃ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

Genesis 38:27-28

ထိုနောက် . . . ရောက်လျှင်

အကြောင်းအရာသစ်ကို အစဖွင့်ထားသည်။ (ရှု၊ writing_newevent)

behold

Not applicable

. . . စဉ်တွင်

အကြောင်းအရာတစ်ခု၏ အရေးပါသော အခန်းကို အမှတ်ပြုသည်။ ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းဖြင့် ဖော်ပြနိုင်သည်။

သားတယောက်သည် လက်ကို ထုတ်ဆန့်၍

"သားတယောက်က လက်ကို ထုတ်ဆန့်၍"

ဝမ်းဆွဲ

သားဖွားရာ၌ ကူညီပေးသော အမျိုးသမီးဖြစ်သည်။ ၃၅း၁၆ မှ ပြန်ဆိုချက်ကို ရှု။

နီသောကြိုးနှင့်

"ချည်မျှင်နီဖြင့်"

လက်ကိုကိုင်၍

"လက်ကောက်ကို"

Genesis 38:29-30

It came about

Not applicable

behold

Not applicable

သင်သည် အဘယ်ကြောင့် အနိုင်အထက် ပြုရသနည်း။ အနိုင်အထက်ပြုသော ဤအမှုသည် သင်၌စွဲစေ

ဒုတိယကလေးက ဦးစွာမွေးသောကြောင့် မိမိ၏အံ့ဩပုံကို ထင်ဟပ်စေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်သည် ဤသို့ ထိုးထွက်ပါပြီတကား" သို့မဟုတ် "သင်သည် ဦးစွာ ထိုးထွက်ပါပြီတကား" (ရှု၊ figs_explicit)

အမည်ဖြင့် မှည့်လေ၏

အပြုသဘောဖြင့် ဖော်ပြထားသည်။ အခြားသသော ဘာသာပြန်ဆိုချက်၊ "... ဟု ခေါ်တွင်စေ၏" (ရှု၊ figs_activepassive)

ဖါရက်

ယောက်ျားလေးအမည် ဖြစ်သည်။ ဘာသာပြန်ဆိုသူများ အနေဖြင့် "ဖေရဇ် သို့မဟုတ် ဖါရက် အနက်ကား 'ထိုးထွက်' ဟူသတည်း" ဟု မှတ်ချက်ထည့်သွင်း ဖော်ပြနိုင်သည်။ (ရှု၊ translate_names)

ဇာရ

ယောက်ျားလေးအမည် ဖြစ်သည်။ ဘာသာပြန်ဆိုသူများ အနေဖြင့် "ဇေရ သို့မဟုတ် ဇာရ အနက်ကား 'နီရဲထွန်းတောက်' တည်း" ဟု မှတ်ချက်ထည့်သွင်း ဖော်ပြနိုင်သည်။ (ရှု၊ translate_names)

Genesis 39

Genesis 39:1-2

ဣရှမေလလူတို့သည် ယောသပ်ကို ဆောင်သွား၍ အဲဂုတ္တုပြည်သို့ ရောက်သောအခါ

ဓမ္မဟောင်းခေတ်တွင် အီဂျစ်ပြည်သို့ သွားလျှင် "ဆင်း"၊ ကတိတော်ပြည်သို့ သွားလျှင် "တက်" ဟူ၍ မှတ်ယူကြသည်။ ၎င်းကို အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဣ‌ရှမေလလူတို့က ယောသပ်ကို အဲဂုတ္တုပြည်သို့ ဆင်းခေါ်သွား၍" (ရှု၊ figs_idiom နှင့် figs_activepassive)

ထာဝရဘုရားသည် ယောသပ်ဘက်၌ ရှိတော်မူသဖြင့်

ယာဝေးဘုရားက ယောသပ်ကို ကူညီလျက် အနားတွင် အမြဲရှိတော်မူသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာဝေးဘုရားက ယောသပ်ကို မစလျက်၊ ကူညီတော်မူသဖြင့်" (ရှု၊ figs_idiom)

အိမ်၌ နေရလေ၏

သခင်၏ အိမ်တွင် အစေခံကြောင်းကို အိမ်၌ နေသကဲ့သို့ တင်စားထားသည်။ ယုံကြည်စိတ်ချမှု အခံရဆုံး အစေခံတို့သာ သခင်၏အိမ်တွင် နေထိုင်လုပ်ကိုင်ခွင့်ရှိသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အိမ်၌ အစေခံရလေ၏" (UDB) (ရှု၊figs_metaphor)

အဲဂုတ္တုအမျိုးသား မိမိသခင်

ယောသပ်မှာ ပေါတိဖါ၏ အစေကို ခံရသည်။

Genesis 39:3-4

သူ့ဘက်၌ ထာဝရဘုရားသည် ရှိတော်မူ၍ . . . ကို သခင်လည်း သိမြင်၏

ယာဝေးဘုရားက ယောသပ်ကို ကူညီနေခြင်းကို သခင်က တွေ့မြင်‌ကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူ့ကို ယာဝေးဘုရား ကူညီမစ၍ ... ကို သခင်လည်း သိမြင်၏" (ရှု၊ figs_idiom)

သူပြုလေရာရာ၌ အောင်စေတော်မူကြောင်း

"သူပြုသမျှ၌ အောင်စေတော်မူကြောင်း"

ထိုကြောင့် ယောသပ်သည် သခင်ရှေ့၌ မျက်နှာရ၍

"မျက်နှာရ" ဟူရာတွင် ထောက်ခံအားပေးမှု ရရှိကြောင်း ဆိုလိုသည်။ ဖြစ်နိုင်ချေများမှာ၊ ၁) "ထို့ကြောင့် သခင်သည် ယောသပ်အားဖြင့် ကျေနပ်ခြင်းရှိ၍" သို့မဟုတ် ၂) "ထို့ကြောင့် ယောသပ်သည် သခင်၏ ကျေနပ်မှုကို ရရှိ၍" (ရှု၊ figs_idiom)

ခစားလျက်နေရ၏

ပေါတိဖါ၏ ကိုယ်ပိုင်အစေခံဖြစ်ကြောင်း ဆိုလိုသည်။

သခင်သည်လည်း မိမိအိမ်တွင် အိမ်အုပ်အရာနှင့် ခန့်ထား၍ ဥစ္စာရှိသမျှကို

"သခင်ကလည်း ယောသပ်အား မိမိအိမ်နှင့် ဥစ္စာရှိသမျှကို စီမံခန့်ခွဲ၍"

အပ်လေ၏

တစုံတရာကို တစုံတဦးထံ အပ်ခြင်းဟူရာတွင် ထိုအရာကို ထိန်းသိမ်း ကာကွယ်ရန် တာဝန်ပေးခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိန်းသိမ်းပြုစုစေ၏" (ရှု၊ figs_metaphor)

Genesis 39:5-6

ထိုသို့ . . . ကာလမှစ၍

အကြောင်းအရာတခု၏ နောက်အခန်းကို အစဖွင့်ထားသည်။ (ရှု၊ writing_newevent)

အိမ်နှင့် ဥစ္စာရှိသမျှကို‌ အုပ်စိုးစေသည်

"အိမ်နှင့် ဥစ္စာရှိသမျှကို ထိန်းသိမ်းစေသော"

ကောင်းကြီးပေးတော်မူသဖြင့်

"ကောင်းကြီး" မှာ တစုံတဦး သို့မဟုတ် တစုံတရာ အပေါ်မှာ ကောင်းခြင်းတရားနှင့် ပြည့်စုံစေခြင်း ဖြစ်သည်။

ပေးတော်မူသော ကောင်းကြီးမင်္ဂလာသည် . . . အပေါ်မှာလည်း သက်ရောက်လေ၏

ကောင်းကြီးမင်္ဂလာကို တစုံတရာပေါ် ဖုံးအုပ်နိုင်သကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "... အပေါ်မှာ ကောင်းကြီးမင်္ဂလာ သက်ရောက်လေ၏" (ရှု၊ figs_metaphor)

အတွင်း၊ ပြင်၊ ဥစ္စာရှိရှိသမျှ

အိမ်တွင်း ဥစ္စာများနှင့် အိမ်ပြင် တိရစ္ဆာန်စသည်များကို ညွှန်းသည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အတွင်းနှင့်အပြင်၊ ဥစ္စာရှိသမျှ" (ရှု၊ figs_explicit)

သခင်သည် မိမိ၌ရှိသမျှကို ယောသပ်လက်သို့ အပ်၍

"လက်သို့ အပ်" ဟူရာတွင် ထိုအရာကို ထိန်းသိမ်း ကာကွယ်ရန် တာဝန်ပေးခြင်းလည်း မည်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ပေါတိဖါကူလည်း မိမိပိုင်သမျှကို ယောသပ်လက်သို့ အပ်၍" (ရှု၊ figs_metaphor)

မိမိစားသော အစာမှတပါး အခြားသောဥစ္စာ ရှိမှန်းကိုမျှ မသိမမှတ်ဘဲနေ၏

မိမိ စားလိုသော အစာမှလွဲ၍ အိမ်ကိစ္စအတွက် စိတ်ပူစရာ မရှိကြောင်း ဆိုလိုသည်။ ၎င်းကို အဟုတ်ဝါကျဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိစားလိုသော အစာမှတပါး၊ ဥစ္စာအတွက် စိတ်ပူပန်စရာ ကင်းမဲ့လေ၏" (ရှု၊ figs_explicit နှင့် figs_doublenegatives)

Now

Not applicable

ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်း လှသောသူဖြစ်၏

ဆိုလိုရင်း အဓိပ္ပါယ်ချင်း တူသည်။ ယောသပ်၏ နှစ်လိုဖွယ် အရုပ်အဆင်းကို ညွှန်းသည်။ ချောမော၍ သန်မာခဲ့ပေမည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အရုပ်အဆင်းလှ၍ သန်မာသောသူဖြစ်၏" (ရှု၊ figs_doublet)

Genesis 39:7-9

ထိုနောက်မှ

"ထို့ကြောင့်။" အကြောင်းအရာတခု၏ အခန်းသစ်ကို အစဖွင့်ထားသည်။ (ရှု၊ writing_newevent)

Look

Not applicable

ကျွန်တော်၌ အဘယ်ဥစ္စာ ရှိမှန်းကိုမျှ မသိမမှတ်ပါ

"သို့ရာတွင် စိတ်ပူပန်စရာ မရှိခဲ့ပါ။" ၎င်းကို အဟုတ်ဝါကျဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်ကို စိတ်ချစွာဖြင့် အပ်ပါ၏" (ရှု၊ figs_doublenegatives)

ကျွန်တော်သခင်သည် အိမ်တော်၌ရှိသမျှသော ဥစ္စာတို့ကို ကျွန်တော်လက်သို့ အပ်ပါပြီ

"လက်သို့ အပ်" ဟူရာတွင် ထိုအရာကို ထိန်းသိမ်း ကာကွယ်ရန် တာဝန်ပေးခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်သခင်သည် အိမ်၌ ရှိသမျှသောဥစ္စာကို ကျွန်တော့်ထံ အပ်ပါပြီ" (ရှု၊ figs_metaphor)

ဤအိမ်တွင်လည်း ကျွန်တော်ထက် သာ၍ကြီးသောသူ မရှိပါ

အခွင့်အာဏာကို ကြီးမြတ်ခြင်းဖြင့် တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဤအိမ်တွင်လည်း ကျွန်တော်ထက် အာဏာကြီးသူ မရှိပါ" (ရှု၊ figs_metaphor)

ကိုယ်မယားဖြစ်သော သခင်မမှတပါး အဘယ်အရာကိုမျှ ကျွန်တော်အား မမြစ်တားပါ

အဟုတ်ဝါကျဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သခင်မ မှတပါး အရာအားလုံးကို ကျွန်ုပ်၌ အပ်ထားပါပြီ" (ရှု၊ figs_litotes)

သို့ဖြစ်လျှင် အပြစ်ကြီးသော ဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ ပြစ်မှားနိုင်သနည်း

ပြောလိုသောအရာကို ထင်ဟပ်စေရန် မေးလိုက်ခြင်း ဖြစ်သည်။ ဖြစ်ကြောင်းဝါကျဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့ဖြစ်၍၊ ဘုရားသခင်ကို ဆန့်ကျင်သော အပြစ်ကို မပြုနိုင်ပါ" (ရှု၊ figs_rquestion)

Genesis 39:10-12

ထိုသို့ သခင်မသည် နေ့တိုင်း သွေးဆောင်သော်လည်း

မိမိနှင့်အတူ အိပ်ရန် သွေးဆောင်ခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့သို့ သခင်မက နေ့တိုင်း သွေးဆောင်သော်လည်း" (ရှု၊ figs_explicit)

သူနှင့်အတူ အိပ်ခြင်း၊ နေခြင်းအမှုကို

"သူမ အနီးအနားမှ"

တနေ့သ၌

အကြောင်းအရာတခု၏ အခန်းသစ်ကို အစဖွင့်ထားသည်။ (ရှု၊ writing_newevent)

အိမ်သားယောက်ျား တယောက်မျှ

"အိမ်၌ အစေခံယောက်ျား တယောက်မျှ"

ပြင်သို့ ထွက်ပြေးလေ၏

"အပြင်သို့ ပြေးထွက်လေ၏" သို့မဟုတ် "ပြင်သို့ အလျင်အမြန် ထွက်လေ၏"

Genesis 39:13-15

ထိုသို့ . . . တို့ကို ခေါ်၍

"ထိုသို့ဖြင့် ... တို့ကို ခေါ်၍။" အကြောင်းအရာတခု၏ အခန်းသစ်ကို အစဖွင့်ထားသည်။ (ရှု၊ writing_newevent)

ပြင်သို့ ထွက်ပြေးသည်

"အပြင်သို့ ပြေးထွက်သည်"

အိမ်သားယောက်ျားတို့

"အိမ်တွင်း အစေခံယောက်ျားတို့"

သင်တို့ ကြည့်ကြ

"ကြည့်ကြလော့။" အစေခံတို့ အာရုံစိုက်ရန် အသုံးပြုသော စကားလုံးဖြစ်သည်။

သူသည် ငါနှင့်အတူ အိပ်ခြင်းငှါ ဝင်လာ၍

ယောသပ်က မိမိကို ဖျားယောင်းကြောင်း ပေါတိဖါကတော်က စွပ်စွဲထားသည်။

ကျယ်ကျယ်အော်ဟစ်သံကို ကြားလျှင်၊ သူသည်

"ထိုသို့ အော်ဟစ်သောအခါ၊ သူသည်။" အကြောင်းအရာတခု၏ အခန်းသစ်ကို အစဖွင့်ထားသည်။ (ရှု၊ writing_newevent)

Genesis 39:16-18

သခင်

"ယောသပ်သခင်။" ပေါတိဖါကို ညွှန်းသည်။

ဟူသော စကားဖြင့် ကြားပြောလေ၏

"ဟူ၍ ဖြေရှင်းချက်ပေးလေ၏"

သွင်းထားသော

ရှေ့တွင် ပေါတိဖါ၊ သူ့မယားနှင့် အိမ်သားတို့ထံ ပါဝင်သော "ကျွန်မတို့ထံ" ကို ထည့်သွင်းဖော်ပြသည်။ (ရှု၊ figs_inclusive)

ကျွန်ုပ်ကို မရိုမသေပြုခြင်းငှါ ဝင်လာပါ၏

"ကျွန်မကို ကဲ့ရဲ့ခြင်းငှါ ဝင်လာပါ၏။" "မရိုမသေပြုခြင်း" ဟူ၍ "အဓမ္မပြုခြင်း" ကို ယဉ်ကျေးစွာ သုံးနှုန်းထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်မကို အဓမ္မပြုခြင်းငှါ ဝင်လာပါ၏" (UDB) (ရှု၊ figs_euphemism)

ကျွန်ုပ်သည် . . . သောအခါ

"ထိုအခါ ကျွန်မလည်း ... လေရာ။" ယောသပ်က မိမိကို အဓမ္မပြုရန် ကြိုးစားပြီးနောက် အဖြစ်အပျက်ကို ရှင်းပြခြင်း ဖြစ်သည်။ (ရှု၊ writing_newevent)

ပြင်သို့ ထွက်ပြေးပါသည်

"အပြင်သို့ ပြေးထွက်ပါသည်"

Genesis 39:19-20

ကို . . . လျှင်

အကြောင်းအရာတခု၏ အခန်းသစ်ကို အစဖွင့်ထားသည်။ (ရှု၊ writing_newevent)

သခင်

"ယောသပ်၏သခင်။" ပေါတိဖါကို ညွှန်းသည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယောသပ်သခင် ပေါတိဖါ" (ရှု၊ figs_explicit)

မယားပြောသောစကားကို သခင်ကြားလျှင်

"မယား၏စကားကို သူကြားလျှင်။" "သခင်" နှင့် "သူ" မှာ ပေါတိဖါကို ညွှန်းသည်။

ကို အမျက်ထွက်၍

"ပေါ် အမျက်ထွက်၍"

ရှင်ဘုရင် ချုပ်ထားသောသူတို့ နေရာ ထောင်

အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရှင်ဘုရင်၏ အကျဉ်းသားတို့နေရာ ထောင်" (ရှု၊ figs_activepassive)

ယောသပ်သည် . . . နေရ၏

"သူသည် ... နေရ၏"

Genesis 39:21-23

သို့သော်လည်း ထာဝရဘုရားသည် သူ့ဘက်၌ရှိ၍

ယာဝေးဘုရားက ယောသပ်ကို ကာကွယ်စောင့်ရှောက်၍ ဂရုဏာပြသကြောင်း ညွှန်းဆိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့သော်၊ ယောသပ်ကို ညှာတာ၍" (UDB) သို့မဟုတ် "သို့သော်လည်း ယာဝေးဘုရားသည် သူ့ကို ကာကွယ်၍" (ရှု၊ figs_idiom)

ထောင်မှူးထံ မျက်နှာရစေတော်မူ၏

ယာဝေးဘုရားက ယောသပ်ကို ထောင်မှူး၏ စိတ်ကျေနပ်မှုရစေကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထောင်မှူး၏ စိတ်နှင့် တွေ့စေတော်မူ၏" (ရှု၊ figs_idiom)

ထောင်မှူး

"ထောင်အုပ်" သို့မဟုတ် "ထောင်ကို ကွပ်ကဲသောသူ"

ယောသပ်လက်သို့အပ်၍

"လက်" မှာ စိတ်ချစွာ အပ်ပေးမှုကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယောသပ်ထံသို့အပ်၍" (ရှု၊ figs_metaphor)

ထောင်ထဲတွင် ပြုသမျှသောအမှုကို ယောသပ် စီရင်ရ၏

"ထောင်ထဲတွင် ဖြစ်သမျှအမှုကို ယောသပ် စီရင်ရ၏"

အကြောင်းမူကား၊ ထာဝရဘုရားသည် ယောသပ်ဘက်မှာ ရှိ၍

ယာဝေးဘုရားက ယောသပ်ကို ကူညီမစကြောင်း ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယောသပ်ဖက်မှာ ယာဝေးဘုရား ရှိတော်မူသဖြင့်" (ရှု၊ figs_idiom)

သူပြုလေရာရာ၌ အောင်စေတော်မူသတည်း

"သူပြုသမျှ၌ အောင်မြင်သတည်း"

Genesis 40

Genesis 40:1-3

It came about that

Not applicable

ဖလားတော်ဝန်

ဘုရင့်ထံ သောက်စရာများ ဆက်သသောသူ ဖြစ်သည်။

စားတော်ဝန်

ဘုရင်အတွက် အစာကို ချက်လုပ်သောသူ ဖြစ်သည်။

မိမိတို့အရှင် . . . ကို ပြစ်မှားကြ၏

"မိမိတို့အရှင် ... အပေါ် ပြစ်မှားကြ၏"

ဖလားတော်ဝန်နှင့်စားတော်ဝန်တို့

"ဖလားတော်မှူးနှင့် စားတော်မှူးတို့"

ကိုယ်ရံတော်မှူး၏အိမ်၌ ချုပ်ထားတော်မူ၏

"ကိုယ်ရံတော်မှူး၏ အချုပ်ခန်း၌ သွင်းတော်မူ၏"

ချုပ်ထားတော်မူ၏

ဘုရင်ကြီး ကိုယ်တိုင်က အချုပ်ခန်း၌ မသွင်းဘဲ၊ ငယ်သားတို့ထံ သွင်းခိုင်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သွင်းစေတော်မူ၏" သို့မဟုတ် "သွင်းရန် အမိန့်ပေးလေ၏" (ရှု၊ figs_metonymy)

ယောသပ်အချုပ်ခံရာ ထောင်

အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယောသပ် အကျဉ်းကျရာ ထောင်" သို့မဟုတ် "ပေါတိဖါက ယောသပ်ကို သွင်းရာ ထောင်" (ရှု၊ figs_activepassive)

Genesis 40:4-5

သူတို့လည်း အင်တန်ကာလ အချုပ်ခံလျက် နေရကြ၏

"သူတို့လည်း အတန်ကြာအောင် အချုပ်ခံရကြ၏"

Genesis 40:6-8

ယောသပ်သည် သူတို့ ထံသို့ဝင်၍

"ယောသပ်သည် ဖလားတော်ဝန်နှင့် စားတော်ဝန်တို့ထံ သွားလေရာ"

ကြည့်ရှုသောအခါ၊ သူတို့မျက်နှာညှိုးငယ်လျက် ရှိသည်ကိုမြင်လျှင်

ယောသပ်၏ အံ့အားသင့်မှုကို ထင်ဟပ်စေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကြည့်ရှုလော့၊ သူတို့သည် ဝမ်းနည်းလျက်ရှိကြ၏" (ရှု၊ figs_explicit)

မိမိနှင့်အတူ အချုပ်ခံနေရသော ဖါရောမင်း၏ အမတ်တို့

ဖလားတော်ဝန်နှင့် စားတော်ဝန်တို့ကို ညွှန်းသည်။

မိမိသခင်အိမ်၌

"မိမိသခင် အကျဉ်းထောင်၌။" "မိမိသခင်" ဟူရာတွင်၊ ယောသပ်၏သခင် ကိုယ်ရံတော်မှူးကို ညွှန်းသည်။

အိပ်မက်အနက်များကို ဘုရားသခင် ဆိုင်တော်မူသည် မဟုတ်လော

ဆိုလိုရင်း ထင်ရှားစေရန် မေးလိုက်ခြင်း ဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အိပ်မက်အနက်များကို ဘုရားသခင် ပိုင်တော်မူ၏" သို့မဟုတ် "အိပ်မက်များကို ဘုရားသခင် အနက်ဖွင့်နိုင်၏" (UDB) (ရှု၊ figs_rquestion)

သို့ဖြစ်၍ သင်တို့အိပ်မက်ကို ကျွန်ုပ်အား ကြားပြောကြပါ

မြင်မက်သော အိပ်မက်တို့ကို ပြောပြရန် တောင်းဆိုခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့ဖြစ်၍၊ သင်တို့အိပ်မက်ကို ကျွန်ုပ်အား ပြောပြပါ" (ရှု၊ figs_ellipsis)

Genesis 40:9-11

ဖလားတော်ဝန်

ဘုရင့်ထံ သောက်စရာများ ဆက်သသောသူ ဖြစ်သည်။ ၄၀း၁ မှ ပြန်ဆိုချက်ကို ရှု။

ငါမြင်မက်သော အိပ်မက်တွင်၊ ငါ့ရှေ့မှာ စပျစ်နွယ်ပင်ရှိ၏

"အိပ်မက်ထဲတွင်၊ ငါ့ရှေ့မှာ စပျစ်နွယ်ပင်ရှိ၏။" ပြောလိုသောစကားကို အာရုံစိုက်စေရန် "ကြည့်ရှုလော့" ဟူသော စကားလုံးကို ထည့်သုံးနိုင်သည်။

အသီးပြွတ်တို့လည်း မှည့်သော စပျစ်သီး ဖြစ်လေ၏

"အသီးပြွတို့လည်း စပျစ်သီးအဖြစ် မှည့်လေ၏"

ညှစ်ပြီးမှ

အရည်ကို ညှစ်ထုတ်ခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အရည်ညှစ်ပြီးမှ" (ရှု၊ figs_explicit)

Genesis 40:12-13

သင်၏အိပ်မက်အနက် ဟူမူကား

"သင့်အိပ်မက်၏ အနက်ကား"

စပျစ်နွယ် သုံးလက်တို့သည် သုံးရက်ဖြစ်၏

"စပျစ်နွယ်သုံးလက်မှာ သုံးရက်ဖြစ်၏"

သုံးရက်လွန်မှ

"နောက်သုံးရက်တွင်"

သင်၏ဦးခေါင်းကို ချီးမြှောက်၍

ထောင်ထဲမှာ ချီးမြှောက်ခြင်းကို ဦးခေါင်း မြှောက်သကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်ကို ထောင်ထဲမှ ချီးမြှောက်၍" (ရှု၊ figs_metaphor)

သင်၏အရာကို ပြန်ပေးတော်မူသဖြင့်

"သင့်တာဝန်ကို ပြန်ပေးတော်မူသဖြင့်"

သင်သည်အထက်က . . . ဖြစ်၍ ပြုဘူးသည် နည်းတူ

အခြားသော ဘာသာပြန်ဆိုချက်၊ "... အဖြစ် ဆောင်ရွက်ဖူးသည်အတိုင်း" (ရှု၊ figs_ellipsis)

Genesis 40:14-15

ကျွန်ုပ်ကို အောက်မေ့၍ ကျေးဇူးပြုပါလော့

"ကျွန်ုပ်အပေါ် ဂရုဏာပြပါလော့"

ဖါရောဘုရင်ကို လျှောက်၍ ကျွန်ုပ်ကို ဤအိမ်မှနှုတ်ယူပါ

ထောင်မှ ကယ်နုတ်ရန် ဖါရောမင်းထံ လျှောက်ရန် တောင်းဆိုခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖါရောမင်းထံ တင်ပြ၍ ကျွန်ုပ်ကို ဤထောင်မှ ကယ်နုတ်ပါ" (ရှု၊ figs_explicit)

အကယ်စင်စစ် ကျွန်ုပ်ကို . . . ခိုးယူခဲ့ကြ၏

အပြုသဘောဖြင့် ဖော်ပြထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကယ်စင်စစ် ကျွန်ုပ်သည် ... ခိုးယူခြင်းခံရ၏" သို့မဟုတ် "အကယ်စင်စစ် ဣရှေမလလူတို့က ကျွန်ုပ်ကို ... ဆောင်ယူခဲ့ကြ၏" (ရှု၊ figs_activepassive)

ဟေဗြဲပြည်

"ဟေဗြဲလူတို့ပြည်"

ဤပြည်မှာလည်း ကျွန်ုပ်၌ အပြစ်မရှိဘဲ ထောင်ထဲမှာ လှောင်ထားကြသည်

"ဤပြည်၌လည်း အပြစ်မပြုဖူးသော ကျွန်ုပ်ကို ထောင်ထဲမှာ လှောင်ထားကြသည်" (UDB)

Genesis 40:16-17

စားတော်ဝန်

ဘုရင်အတွက် အစာကို ချက်လုပ်သောသူ ဖြစ်သည်။ ၄၀း၁ မှ ပြန်ဆိုချက်ကို ရှု။

ငါသည်လည်း . . . သည်ကို မြင်မက်၏

"ငါသည်လည်း အိပ်မက်တွင် ... ၏"

ဖြူသောတောင်းသုံးလုံးကို ကိုယ်တိုင်ရွက်နေသည်

"ငါ့ဦးခေါင်းပေါ်မှာ မုန့်တောင်းသုံးလုံးကို ရွက်နေသည်။" အံ့အားသင့်မှုကို ဖော်ပြရန် "ကြည့်ရှုလော့" ဟူသော စကားလုံးကို ထည့်သွင်းနိုင်သည်။

ဖါရောမင်း စားတော်ခေါ်ဘို့ ချက်ပြီးသော ခဲဘွယ်စားဘွယ်

"ဖါရောမင်းအတွက် ဖုတ်ထားသော စားဘွယ်"

Genesis 40:18-19

သင်၏အိပ်မက်အနက် ဟူမူကား

"သင့်အိပ်မက်၏ အနက်ကား"

တောင်းသုံးလုံးသည် သုံးရက်ဖြစ်၏

"တောင်းသုံးလုံးမှာ သုံးရက်ဖြစ်၏"

သင်၏ဦးခေါင်းကို ကိုယ်နှင့် ခွါမြှောက်လျှက်

၄၀း၁၂ ၌ ယောသပ် ဆိုခဲ့သော အသုံးအနှုန်းဖြင့် ပြန်လည် ပြောဆိုသည်။ ဖြစ်နိုင်ချေများမှာ၊ ၁) "သင့်လည်ကို ကြိုးဖြင့် ပတ်၍" သို့မဟုတ် ၂) "သင့်ဦးခေါင်းကို ကိုယ်မှ ဖြတ်လျက်"

အသား

ကိုယ်ခန္ဓာ၏ နုသောအပိုင်း အားလုံးကို ညွှန်းသည်။

Genesis 40:20-23

ထိုနောက် သုံးရက်လွန်သောအခါ

"သို့ဖြင့်၊ သုံးရက်မြောက်သော်။" အကြောင်းအရာတခု၏ အခန်းသစ်ကို အစဖွင့်ထားသည်။ (ရှု၊ writing_newevent)

ပွဲကိုခံ၍ . . . ကျွေးမွေးတော်မူစဉ်တွင်

"... ကျွေးမွေးရန် ပွဲကျင်းပလေရာ"

ဖလားတော်ဝန်

ဘုရင့်ထံ သောက်စရာများ ဆက်သသောသူ ဖြစ်သည်။ ၄၀း၁ မှ ပြန်ဆိုချက်ကို ရှု။

စားတော်ဝန်

ဘုရင်အတွက် အစာကို ချက်လုပ်သောသူ ဖြစ်သည်။ ၄၀း၁ မှ ပြန်ဆိုချက်ကို ရှု။

ဖလားတော်ဝန်ကို အထက်အရာ၌ တဖန်ခန့်ထားတော်မူသဖြင့်

"အထက်အရာ" ဟူရာတွင် သူ၏တာဝန်ဖြစ်သော ဖလားတော်ဝန်အရာကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖလားတော်ဝန်ကို မိမိအရာကို တဖန်ခန့်ထားသဖြင့်" (ရှု၊ figs_metonymy)

စားတော်ဝန်ကိုမူကား၊ ဆွဲထားတော်မူ၏

ဖါရောမင်း ကိုယ်တိုင် စားတော်ဝန်ကို ကြိုးဆွဲခြင်း မပြုဘဲ ငယ်သားတို့ကို အမိန့်ပေးခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "စားတော်ဝန်ကိုမူကား၊ ကြိုးဆွဲလေ၏" (ရှု၊ figs_metonymy)

အိပ်မက်အနက်ကို ယောသပ် ဘတ်သည်အတိုင်း

ယောသပ်၏ အိပ်မက် အနက်ပြန်မှုကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အိပ်မက်အနက်ကို ယောသပ် ဖတ်ခဲ့သည့်အတိုင်း" (ရှု၊ figs_explicit)

Genesis 41

Genesis 41:1-3

ထိုနောက်

အကြောင်းအရာတခု၏ အခန်းသစ်ကို အစဖွင့်ထားသည်။ ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းဖြင့် ဖော်ပြနိုင်သည်။ (ရှု၊ writing_newevent)

နှစ်နှစ်လွန်သောအခါ

ယောသပ်နှင့် အကျဉ်းကျဖူးသော ဖလားတော်ဝန်နှင့် စားတော်ဝန်တို့၏ အိပ်မက်ကို ဖတ်ပေးပြီး နှစ်နှစ် ကုန်လွန်ခဲ့သည်။

Behold, he stood

Not applicable

မိမိသည် . . . ရပ်နေ၏

"ဖါရောမင်းသည် . . . ရပ်နေ၏"

Behold

Not applicable

အဆင်းလှ၍ဝသော

"ကျန်းမာ ဝဖြိုးသော"

မြစ်နားမှာပေါက်သော မြက်ပင်ကို စားလျက်နေကြ၏

"မြစ်တလျှောက်၌ ကျူပင်ကို စားလျက်နေကြ၏"

မြစ်နားမှာပေါက်သော မြက်ပင်

မြင့်၍သေးသွယ်ပြီး စိုစွတ်သောနေရာတွင် ပေါက်သည်။ "ကျူပင်"

Behold, seven other cows

Not applicable

အဆင်းမလှ၊ ပိန်သော

"ဖျားနာ ပိန်ချုံးသော"

ကမ်းပေါ်မှာ

"ကမ်းနားမှာ" သို့မဟုတ် "မြစ်ကမ်းမှာ။" မြစ်၏ အစပ်နား မြေနေရာဖြစ်သည်။

Genesis 41:4-6

အဆင်းမလှ ပိန်သော

"ဖျားနာ ပိန်ချုံးသော။" ၄၁း၁ မှ ပြန်ဆိုချက်ကို ရှု။

အဆင်းလှ၍ ဝသော

"ကျန်းမာ ဝဖြိုးသော။" ၄၁း၁ မှ ပြန်ဆိုချက်ကို ရှု။

နိုးလေ၏

"သတိပြန်ရလေ၏"

တဖန်

"ဒုတိယအကြိမ်" ဟုလည်း ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဒုတိယအကြိန်" (ရှု၊ translate_ordinal)

Behold, seven heads

Not applicable

စပါးခုနစ်နှံတို့

စပါးပင်၏ ကြီးထွားသော ထိပ်ပိုင်း ဖြစ်သည်။

စပါးတပင်တည်း၌ ဖြစ်ကြ၏

"တပင်တည်းမှ ပေါက်ကြ၏။" စပါးပင်၏ ပင်စည်ပိုင်း ဖြစ်သည်။

အလုံးကြီး၍ ကောင်းသော

"ကြီးထွား၍ သန်မာသော"

အလုံးသေး၍ အရှေ့လေဖြင့် ပျက်သော

အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သေးသွယ်၍ အရှေ့လေကြောင့် ပျက်သော"

အရှေ့လေ

အရှေ့ဖက် သဲကန္တာရမှ တိုက်သောလေ ဖြစ်သည်။ စပါးနှံတို့ကို ဖျက်ဆီးတတ်သည်။

ပေါက်ကြ၏

"ထွက်ပေါ်ကြ၏" သို့မဟုတ် "ကြီးထွားကြ၏"

Genesis 41:7-8

အလုံးသေးသော စပါးခုနစ်နှံတို့

အခြားသော ဘာသာပြန်ဆိုချက်၊ "စပါးညံ့ ခုနှစ်နှံတို့" (ရှု၊ figs_ellipsis)

စားကြ၏

"ဝါးမြိုကြ၏။" ဖါရောမင်း၏ အိပ်မက်ထဲတွင် မကောင်းသောစပါးက ကောင်းသောစပါးကို အစာစားသကဲ့သို့ ဝါးမြိုသည်။

အလုံးကြီး၍ ကောင်းသော စပါးခုနစ်နှံတို့

"သန်မာ၍ ကောင်းသော စပါးခုနစ်နှံတို့။" ၄၁း၄ မှ ပြန်ဆိုချက်ကို ရှု။

နိုး၍

"နိုးသော်"

behold

Not applicable

အိပ်မက်ဖြစ်သည်ကို သိလေ၏

"အိပ်မက်ဖြစ်လေ၏"

ရောက်သောအခါ

အကြောင်းအရာတခု၏ အခန်းသစ်ကို အစဖွင့်ထားသည်။ ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းဖြင့် ဖော်ပြနိုင်သည်။ (ရှု၊ writing_newevent)

စိတ်ပူပန်၍

"စိတ်" မှာ အတွင်းဝိညာဉ် သို့မဟုတ် စိတ်နှလုံးကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "စိတ်နှလုံး ပူပန်၍" သို့မဟုတ် "သောကဖြစ်၍" (ရှု၊ figs_synecdoche)

ခေါ်၍

လူလွှတ်၍ ခေါ်စေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အခေါ်လွှတ်၍" သို့မဟုတ် "ခေါ်ရန် လူစေလွှတ်၍" (ရှု၊ figs_ellipsis)

အဲဂုတ္တု ဗေဒင်တတ် ပညာရှိအပေါင်းတို့

မှော်ဆရာနှင့် ပညာရှိတို့မှာ ရှေးခေတ် ဘုရင်နှင့် ခေါင်းဆောင်တို့၏ အကြံပေး အရာရှိများ ဖြစ်ကြသည်။

Genesis 41:9-11

ဖလားတော်ဝန်

ဘုရင့်ထံ သောက်စရာများ ဆက်သသောသူ ဖြစ်သည်။ ၄၀း၁ မှ ပြန်ဆိုချက်ကို ရှု။

ကျွန်တော်သည် ကိုယ်အပြစ်ကို ယနေ့အောက်မေ့ပါ၏

"ယနေ့" ဟူ၍ ဆိုလိုသောအရာကို ထင်ဟပ်စေသည်။ "အပြစ်" ဟူရာတွင် ပြုခဲ့ရမည်အရာကို မပြုမိသောအပြစ်ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သခင့်ထံ လျှောက်တင့်စရာကို ယနေ့ အောက်မေ့ပါ၏"

ဖါရောဘုရင်သည် . . . ကို အမျက်ထွက်၍

ဖါရောမင်းကို အပြောခံနာမ်စားဖြင့် ညွှန်းဆိုသည်။ ငယ်သားက မိမိထက် ကြီးမြတ်သောသူကို ညွှန်းဆိုရာ၌ အသုံးပြုသော အခေါ်အဝေါ် ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "... က သခင် ဖါရောမင်း၏ အမျက်တော်ရှ၍" (ရှု၊ figs_123person)

ကျွန်တော်နှင့် စားတော်ဝန်

"ကျွန်တော်တို့" ဟူ၍လည်း အစားထိုး ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်တော်မျိုးတို့" (ရှု၊ figs_123person)

ကိုယ်ရံတော်မှူးအိမ်၌ ချုပ်ထားတော်မူသောအခါ

"ကိုယ်ရံတော်မှူး ထောင်၌ ချုပ်ထားတော်မူစဉ်အခါ။" "အိမ်" က ထောင်ကို ညွှန်းသည်။

ကိုယ်ရံတော်မှူး

ကိုယ်ရံတော်တပ်မှူး။ ၄၀း၁ မှ ပြန်ဆိုချက်ကို ရှု။

စားတော်ဝန်

ဘုရင်အတွက် အစာကို ချက်လုပ်သောသူ ဖြစ်သည်။ ၄၀း၁ မှ ပြန်ဆိုချက်ကို ရှု။

ကျွန်တော်တို့နှစ်ယောက်သည် . . . ကို တညဉ့်ခြင်းတွင် မြင်မက်ကြပါ၏

"တညတွင် ကျွန်တော်တို့သည် ... ကို မြင်မက်ကြပါ၏"

မြင်မက်ကြပါ၏

ဖလားတော်ဝန်နှင့် စားတော်ဝန်တို့ကို ညွှန်းသည်။ (ရှု၊ figs_exclusive)

အသီးအသီး မိမိတို့ ကိုယ်စီဆိုင်သော အနက်နှင့်ပြည့်စုံသော အိပ်မက်

"အနက်အဓိပ္ပါယ် မတူသော အိပ်မက်"

Genesis 41:12-13

ယေဘုယျ အချက်အလက်

ဖလားတော်ဝန်က ဖါရောမင်းထံ ဆက်လက်လျှောက်ဆိုသည်။

ကျွန်တော်တို့၌

"ကျွန်တော်တို့နှင့်အတူ"

ကိုယ်ရံတော်မှူး

ကိုယ်ရံတော်တပ်မှူး။ ၄၀း၁ မှ ပြန်ဆိုချက်ကို ရှု။

ထိုသူအား ကျွန်တော်တို့သည် ကြားပြော၍ သူသည် အိပ်မက်၏အနက်ကို ဘတ်ပါ၏

"ထိုသူထံ အိပ်မက်ကို ကြားပြော၍ ထိုသူက အိပ်မက်၏အနက်ကို ဖတ်ပါ၏"

တယောက်စီ မြင်မက်သည်အတိုင်း ဘတ်ပါ၏

"တယောက်စီ" က ဖလားတော်ဝန်နှင့် စားတော်ဝန် အသီးသီးကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တယောက်စီ မြင်သော အိပ်မက်ကို ဖတ်ပါ၏" (ရှု၊ figs_123person)

It came about

Not applicable

ဘတ်သည်အတိုင်းလည်း မှန်ပါ၏

"ဖတ်သည်အတိုင်းလည်း ဖြစ်ပါ၏"

ကျွန်တော်သည် အရင်အရာကို ရပြန်၍

ဖါရောကို ဂုဏ်ပုဒ်အားဖြင့် ညွှန်းဆို၍ ရသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သခင်က ကျွန်တော့်ကို အရင်အရာ၌ ပြန်ထား၍" (ရှု၊ figs_123person)

စားတော်ဝန်မူကား

"နောက်တယောက်မူကား"

ဆွဲထားခြင်းကို ခံရပါသည်

အခြားသော ဘာသာပြန်ဆိုချက်၊ "ဆွဲကြိုးချ သေမိန့်ပေးလိုက်ပါသည်" (ရှု၊ figs_123person နှင့် figs_metonymy)

Genesis 41:14-16

ဖါရောမင်းသည် လူကိုစေလွှတ်၍ . . . ခေါ်တော်မူ၏

အခြားသော ဘာသာပြန်ဆိုချက်၊ "ဖါရောမင်းကလည်း လူကိုစေလွှတ်၍ ... ခေါ်တော်မူ၏" (ရှု၊ figs_ellipsis)

ထောင်ထဲက

"ထောင်ထဲမှ" သို့မဟုတ် "အကျဉ်းမှ"

မုတ်ဆိတ်ညှပ်ခြင်း

ဖါရောမင်းထံ အခစားဝင်လျှင် မုတ်ဆိတ်နှင့် ဆံပင်မွှေးကို ညှပ်ရသည်။

အထံတော်သို့ ဝင်ရ၏

အခြားသော ဘာသာပြန်ဆိုချက်၊ "ရှေ့တော်သို့ အခစားဝင်၏" (ရှု၊ figs_go)

အနက်ကို အဘယ်သူမျှ မဘတ်နိုင်

"အနက်ပြန်နိုင်သူ တယောက်မျှမရှိ"

သင်သည် အိပ်မက်ကို နားလည်သောဥာဏ်နှင့် အနက်ဘတ်နိုင်သည်

"သင်သည် အိပ်မက်ကို အနက်ဖတ်နိုင်သည်"

ကျွန်တော်သည် အလိုအလျောက် မတတ်နိုင်ပါ

"အနက်ပြန်နိုင်သူမှာ ကျွန်တော် မဟုတ်ပါ"

ဘုရားသခင်သည် မင်္ဂလာအဖြေစကားကို ဖါရောဘုရင်အား ပေးတော်မူပါစေသော

"ဘုရားသခင်သည် ဖါရောမင်းအတွက် မင်္ဂလာရှိသောအဖြေကို ပေးတော်မူလိမ့်မည်"

Genesis 41:17-18

behold, I stood

Not applicable

မြစ်နား၌

နိုင်းမြစ်ကမ်း ချောက်သွေ့သောနေရာ ဖြစ်သည်။ ၄၁း၁ မှ ပြန်ဆိုချက်ကို ရှု။ အခြားသော ဘာသာပြန်ဆိုချက်၊ "နိုင်းမြစ်ကမ်း၌"

Behold, seven cows

Not applicable

အဆင်းလှ၍ဝသော

ကျန်းမာ ဝဖြိုးသော။" ၄၁း၁ မှ ပြန်ဆိုချက်ကို ရှု။

မြစ်နားမှာပေါက်သော မြက်ပင်ကို စားလျက်နေကြ၏

"ကျူပင်ကို စားလျက်နေကြ၏။" ၄၁း၁ မှ ပြန်ဆိုချက်ကို ရှု။

Genesis 41:19-21

Behold, seven other cows

Not applicable

အဆင်းမလှ ပိန်ကြုံသော

"ဖျားနာ ပိန်ချုံးသော။" ၄၁း၁ မှ ပြန်ဆိုချက်ကို ရှု။

ထိုမျှလောက် အရုပ်ဆိုးသော

စိတ္တဇနာမ် "အရုပ်ဆိုးသော" ကို နာမဝိသေသနပုဒ်ဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုမျှလောက် ဆိုးရွားသော" သို့မဟုတ် "ထိုမျှလောက် တန်ဖိုးမရှိသော" (ရှု၊ figs_abstractnouns)

ဝသော အရင်နွား

"ဝဖြိုးသောနွား။" ၄၁း၁ မှ ပြန်ဆိုချက်ကို ရှု။

စားမှန်းကို အဘယ်သူမျှ မသိရ

အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ပိန်သောနွားက ဝသောနွားကို စားမှန်း အဘယ်သူမျှ မသိရ" (ရှု၊ figs_activepassive)

Genesis 41:22-24

ယေဘုယျ အချက်အလက်

ဖါရောမင်းက ယောသပ်ထံ ဆက်လက် မိန့်ဆိုသည်။

တဖန် ငါမြင်မက်ပြန်သည်ကား

အိပ်ရာမှ နိုး၍ ပြန်အိပ်သောအခါ မြင်သည့် အိပ်မက်ကို အစဖွင့်ထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နောက်ထပ် ငါမြင်မက်သည်မှာ" (ရှု၊ figs_explicit)

behold, seven heads

Not applicable

စပါးခုနစ်နှံတို့

"စပါးပင်" ဟုလည်း ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "စပါးပင် ခုနှစ်နှံတို့" (ရှု၊ figs_ellipsis)

စပါးတပင်တည်း၌ ဖြစ်ကြ၏

"တပင်တည်းမှ ပေါက်ကြ၏။" စပါးပင်၏ ပင်စည်ပိုင်း ဖြစ်သည်။ ၄၁း၄ မှ ပြန်ဆိုချက်ကို ရှု။

Behold, seven more heads

Not applicable

ညှိုးနွမ်းလျက် အလုံးသေး၍ အရှေ့လေဖြင့် ပျက်သော

အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အရှေ့လေကြောင့် ညိုးနွမ်း၊ သေးငယ်၍ ပျက်သော" (ရှု၊ figs_activepassive)

ညှိုးနွမ်းလျက်

"ပိုးစားလျက်" သို့မဟုတ် "ယိုယွင်းလျက်"

အရှေ့လေ

အရှေ့ဖက် သဲကန္တာရမှ တိုက်သောလေ ဖြစ်သည်။ စပါးနှံတို့ကို ဖျက်ဆီးတတ်သည်။

ပေါက်ကြ၏

"ကြီးထွားကြ၏" သို့မဟုတ် "ထွက်ပေါ်ကြ၏"

အလုံးသေးသော စပါးနှံတို့

၄၁း၇ မှ ပြန်ဆိုချက်ကို ရှု။ အခြားသော ဘာသာပြန်ဆိုချက်၊ "စပါးညံ့တို့" (ရှု၊ figs_ellipsis)

စားကြ၏

"ဝါးမြိုကြ၏။" ဖါရောမင်း၏ အိပ်မက်ထဲတွင် မကောင်းသောစပါးက ကောင်းသောစပါးကို အစာစားသကဲ့သို့ ဝါးမြိုသည်။ ၄၁း၇ မှ ပြန်ဆိုချက်ကို ရှု။

အဘယ်သူမျှ မဘတ်နိုင်

"အဘယ်သူမျှ မဖတ်နိုင်" သို့မဟုတ် "ဖတ်နိုင်သောသူ တယောက်မျှမရှိ"

Genesis 41:25-26

ဖါရောဘုရင် မြင်မက်တော်မူသော အိပ်မက်ကား တပါးတည်းဖြစ်ပါ၏

အိပ်မက်နှစ်ခု၏ အနက်မှာ တူညီကြောင်း ဆိုလိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အိပ်မက်များအနက်ကား တခုတည်းဖြစ်ပါ၏" (ရှု၊ figs_explicit)

ဘုရားသခင် ပြုလတံ့သောအမှုကို ဖါရောဘုရင်အား ပြတော်မူပြီ

အပြောခံနာမ်စားဖြင့် ညွှန်းဆိုထားသည်။ ရိုသေခြင်းသဘောကို ဆောင်သည်။ ကြားနာသူနာမ်စားဖြင့်လည်း ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင် ပြုလတံ့သောအမှုကို မင်းကြီးအား ပြတော်မူပြီ" (ရှု၊ figs_123person)

ကောင်းသော စပါးခုနစ်နှံတို့

အခြားသော ဘာသာပြန်ဆိုချက်၊ "စပါးကောင်း ခုနှစ်နှံတို့" (ရှု၊ figs_ellipsis)

Genesis 41:27-29

ယေဘုယျ အချက်အလက်

ယောသပ်က ဖါရောမင်း၏ အိပ်မက်ကို ဆက်၍ အနက်ပြန်သည်။

ပိန်၍ အရုပ်ဆိုးသော နွား

"ပိန်နွဲ့သော နွား။" ၄၁း၁ မှ ပြန်ဆိုချက်ကို ရှု။

အရှေ့လေဖြင့်ပျက်သော စပါးဖျင်း ခုနစ်နှံ

အပြုသဘောဖြင့် ဖော်ပြထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အရှေ့လေတိုက်၍ ပျက်သော စပါးဖျင်း ခုနှစ်နှံ" (ရှု၊ figs_activepassive)

ဖါရောဘုရင်အား ကျွန်တော် လျှောက်လိုသောအရာဟူမူကား . . . ဖါရောဘုရင်အား ပြတော်မူ၏

ဖါရောမင်းကို အပြောခံနာမ်းစား ညွှန်းဆိုသည်။ ရိုသေခြင်းသဘောကို ဆောင်သည်။ အပြောခံနာမ်စားဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မင်းကြီးအား ကျွန်တော် လျှောက်ဆိုသည်အတိုင်း ဖြစ်လတံ့သောအရာ၊ ... မင်းကြီးအား ပြတော်မူ၏" (ရှု၊ figs_123person)

ပြတော်မူ၏

"ပြတော်မူပြီ"

Look

Not applicable

အဲဂုတ္တုပြည်တရှောက်လုံးတွင် ဝပြောသောနှစ် ခုနစ်နှစ်ရှိလိမ့်မည်

ဝပြောခြင်းကို ရှိလိုက်မရှိလိုက် ဖြစ်တတ်သကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အီဂျစ်ပြည် တလျှောက်လုံး၌ ခုနစ်နှစ်ကြာ ဝပြောလိမ့်မည်" (ရှု၊ figs_metaphor)

Genesis 41:30-32

ယေဘုယျ အချက်အလက်

ဖါရောမင်း၏ အိပ်မက်ကို ဆက်လက် အနက်ပြန်သည်။

ထိုနောက်မှ အစာခေါင်းပါးသောနှစ် ခုနစ်နှစ်ပေါ်လာ၍

အစာခေါင်းပါးခြင်းကို ရှိလိုက်မရှိလိုက် ဖြစ်တတ်သကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့နောက် ခုနစ်နှစ်ကြာ အစာခေါင်းပါး၍" (ရှု၊ figs_metaphor)

အလုံးစုံသော ဝပြောခြင်းသည် တိမ်မြုပ်လျက် အစာခေါင်းပါးခြင်းအားဖြင့် တပြည်လုံး ပျက်စီးလိမ့်မည်။ အစာခေါင်းပါးခြင်းသည် အလွန်အားကြီးသောကြောင့်၊ အရင်ဝပြောခြင်း၏ လက္ခဏာမထင်ရ

ပြောဆိုသောအရာကို သိသာထင်ရှားစေလိုသဖြင့် အနက်အဓိပ္ပါယ်တူညီသော ဝါကျနှစ်ခုကို သုံးနှုန်းထားသည်။ (ရှု၊ figs_parallelism)

အဲဂုတ္တုပြည်၌ အလုံးစုံသော ဝပြောခြင်းသည် တိမ်မြုပ်လျက်

"အဲဂုတ္တုပြည်" တွင် ထိုပြည်သားတို့လည်း ပါဝင်သည်။ အပြုသဘောဖြင့် ဖော်ပြထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုပြည်တို့သည် အလုံးစုံသော ဝပြောခြင်းကို မေ့လျော့သွားလျက်" (ရှု၊ figs_metonymy နှင့် figs_activepassive)

တပြည်လုံး ပျက်စီးလိမ့်မည်

"တပြည်လုံး" တွင် မြေဩဇာ၊ လူမှစ အရာအားလုံး ပါဝင်သည်။ (ရှု၊ figs_metonymy)

အစာခေါင်းပါးခြင်းသည် အလွန်အားကြီးသောကြောင့်

အခြားသော ဘာသာပြန်ဆိုချက်၊ "နောင်လာမည့် အစာခေါင်းပါးခြင်းသည် အလွန်အားကြီးသဖြင့်" (ရှု၊ figs_metaphor)

ဖါရောဘုရင်သည် ထပ်၍အိပ်မက်မြင်ရသည် အရာမှာ၊ ထိုအမှုကို ဘုရားသခင် မြဲမြံခိုင်ခံ့စေ၍ အလျင်အမြန် စီရင်တော်မူလိမ့်မည်

အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိချက်၊ "ဘုရားသခင်က ဤအမှုကို မကြာမီ ပြည့်စုံစေရန် စီစဉ်တော်မူကြောင်း ထင်ရှားစေရန်၊ မင်းကြီးထံ အိပ်မက်နှစ်ခါ ပြသတော်မူ၏" (ရှု၊ figs_activepassive)

Genesis 41:33-34

ယေဘုယျ အချက်အလက်

ဖါရောမင်းထံ ဆက်လက် လျှောက်ဆိုသည်။

သို့ဖြစ်၍

နောင် ပြုသင့်သောအရာကို စတင် မိတ်ဆက်လိုက်ခြင်းဖြစ်သည်။

ဖါရောဘုရင်သည် . . . ရွေးချယ်၍

အပြောခံနာမ်စားဖြင့် ညွှန်းဆိုထားသည်။ ရိုသေခြင်းသဘောကို ဆောင်သည်။ ကြားနာသူနာမ်စားဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖါရောမင်းအနေဖြင့် ... ရွေးချယ်၍" (ရှု၊ figs_123person)

အဲဂုတ္တုပြည်ကို အုပ်စိုးစေတော်မူပါ

"အုပ်စိုးစေ" ဟူရာတွင် အခွင့်အာဏာ အပ်နှံခြင်းသဘောကို ဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုပြည်ကို အစိုးရစေတော်မူပါ" သို့မဟုတ် "အဲဂုတ္တုပြည်အား အုပ်စိုးစေတော်မူပါ" (ရှု၊ figs_idiom)

အဲဂုတ္တုပြည်

"ပြည်" ဟူရာတွင် ထိုပြည်တွင် ရှိသော လူတို့နှင့် အရာအားလုံးကို ကိုစားပြုသည်။ (ရှု၊ figs_metonymy)

တပြည်လုံးတွင် ငါးဘို့တဘို့ ကောက်ယူကြပါစေ

အခြားသော ဘာသာပြန်ဆိုချက်၊ "တပြည်လုံးရှိ သီးနှံ၏ ငါးဖို့တဖို့ကို ကောက်ယူကြပါစေ" (ရှု၊ translate_fraction)

ဝပြောသောနှစ် ခုနစ်နှစ်ပတ်လုံး

"အစာများသော ခုနစ်နှစ်ပတ်လုံး"

Genesis 41:35-36

ယေဘုယျ အချက်အလက်

ဖါရောမင်းထံ ဆက်လက် လျှောက်ဆိုသည်။

ထိုသူတို့သည် . . . စုရုံး၍

"ကြီးကြပ်သူတို့သည် ... စုရုံး၍"

ဖြစ်လတံ့သော မင်္ဂလာနှစ်တို့တွင်

ဖြစ်လိုက်မဖြစ်လိုက် ရှိသကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖြစ်လာမည့် မင်္ဂလာနှစ်များတွင်" (ရှု၊ figs_metaphor)

ဖါရောဘုရင်ထံတော်၌ စပါးများကို ဆည်းဘူးကြပါစေ

"ဖါရောဘုရင်ထံတော်၌" ဟူရာတွင် ဖါရောမင်း၏ အခွင့်ပေးမှုကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖါရောမင်း၏ အခွင့်အာဏာဖြင့် စပါးကို သိုထားကြပါစေ" (ရှု၊ figs_idiom)

ရိက္ခာကို သိုထားကြပါစေ

အစာခေါင်းပါးချိန်အတွက် ကြိုတင် စုထားခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရိက္ခာကို သို၍ ထိန်းသိမ်းကြပါစေ" (ရှု၊ figs_metonymy)

ပြည်သူပြည်သား စားစရာဘို့ သိုထားလျက်ရှိနှင့်၍

"ပြည်သူပြည်သား" မှာ တပြည်လုံးရှိ လူအားလုံးကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုရိက္ခာများမှာ ပြည်သူပြည်သားတို့အဖို့ ဖြစ်၍" (ရှု၊ figs_metonymy)

အစာခေါင်းပါးသောကာလတွင် ပြည်တော်မပျက်ရ

"ပြည်တော်" မှာ ထိုပြည်၌ ရှိသမျှကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အစာခေါင်းပါးမှုဒဏ်ကို ခံရမည်မဟုတ်" (ရှု၊ figs_metonymy နှင့် figs_activepassive)

Genesis 41:37-38

ထိုသို့ ယောသပ်လျှောက်သောစကားကို ဖါရောမင်း အစရှိသော ကျွန်တော်မျိုး အပေါင်းတို့သည် နှစ်သက်ကြ၍

အတွေးသဘောကို "အမြင်" ဟူ၍လည်း ဆိုနိုင်သည်။ အခြားသော ဘာသပြန်ဆိုချက်၊ "ထိုသို့ လျှောက်သောစကားကို ဖါရောမင်းမှအစ မှူးမတ်အပေါင်းတို့ နှစ်သက်ကြ၍" (ရှု၊ figs_metonymy)

ကျွန်တော်မျိုး

ဖါရောမင်း၏ မှူးမတ်များကို ညွှန်းသည်။

ဤကဲ့သို့သောသူ

"ယောသပ် ဖော်ပြသောသူ"

ဘုရားသခင်၏ ဝိညာဉ်တော်ကို ရ၍

"ဘုရားသခင်၏ ဝိညာဉ်တော် ကိန်းဝပ်၍"

Genesis 41:39-41

သင်ကဲ့သို့ ဥာဏ်ပညာနှင့် ပြည့်စုံသောသူမရှိ

"သင်ကဲ့သို့ ဉာဏ်ပါရမီ ပြည့်စုံသောသူမရှိ" ၄၁း၃၃ ရှိ "ဥာဏ်ပညာနှင့် ပြည့်စုံသောသူ" ပြန်ဆိုချက်ကို ရှု။

သင်သည် နန်းတော်အုပ်ဖြစ်ရမည်

"နန်းတော်" မှာ ဖါရောမင်း၏ နန်းတော်မှအစ နန်းတော်တွင် ရှိသမျှသောသူ အပေါင်းတို့ကို ညွှန်းသည်။ "အုပ်" ဟူရာတွင် အခွင့်အာဏာ အပ်နှံမှုသဘောကို ဆိုလိုသည်။ အခြားသော ဘာသပြန်ဆိုချက်၊ "သင်သည် ငါ့နန်းတွင်း၌ အယောက်တိုင်းကို အုပ်စိုးရမည်" (ရှု၊ figs_metonymy နှင့် figs_idiom)

သင်၏စကားအတိုင်း ငါ၏ပြည်သားအပေါင်းတို့ကို ငါစီရင်စေမည်

"စကား" မှာ နှုတ်မှ ပြောဆိုသမျှကို ညွှန်းသည်။ အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ပြည်သားအပေါင်းကို စီရင်၍ သင်ဆိုသည်အတိုင်း ပြုလိမ့်မည်" (ရှု၊ figs_metonymy နှင့် figs_activepassive)

ရာဇပလ္လင်အားဖြင့်သာ

"ရာဇပလ္လင်" မှာ ဖါရောမင်း၏ ဘုရင်အရာကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရင်အရာအားဖြင့်သာ"

ကြည့်ပါ

"ကြည့်" ဟူခြင်းဖြင့် ပြောမည့်စကားကို အာရုံစိုက်စေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကြည့်ရှုလော့"

အဲဂုတ္တုပြည် တပြည်လုံးကို သင်အုပ်စိုးစေခြင်းငှါ ငါခန့်ထားပြီ

"ခန့်ထားပြီ" ဟူရာတွင် အခွင့်အာဏာကို အပ်နှံကြောင်း ဆိုလိုသည်။ "တပြည်လုံး" မှာ ပြည်သားအားလုံးကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တု ပြည်သားအာလုံးအပေါ် အုပ်စိုးခွင့် ငါပေးထားပြီ" (ရှု၊ figs_idiom နှင့် figs_metonymy)

Genesis 41:42-43

လက်စွပ်တော်ကိုချွတ်၍ . . . လည်ပင်း၌ ရွှေစလွယ်ကို ဆွဲပြီးလျှင်

ယောသပ်၏ အစီအစဉ်အတိုင်း ဆောင်ရွက်နိုင်ရန် အခွင့်အာဏာကို အပ်နှံကြောင်း လက္ခဏာဖြစ်သည်။ (ရှု၊ translate_symaction)

လက်စွပ်တော်

ဖါရောမင်း၏ ဘုရင်တံဆိပ်ကို ထုနှိပ်သော လက်စွပ်ဖြစ်သည်။ မိမိစီမံကိန်းအတိုင်း ဆောင်ရွက်ရသော အခွင့်အာဏာကို ပေးသည်။

ပိတ်ချောအဝတ်

အပွင့်ပြာရှိသော နှမ်းကြတ်ပင်မှ ရက်လုပ်သော အထည်ချောတစ်မျိုး။

ဒုတိယရထားတော်ကို စီးစေတော်မူ၏

ဖါရောမင်း ပြီးနောက် ဒုတိယ အကြီးဆုံးဖြစ်ကြောင်း လက္ခဏာကို ပြသည်။ (ရှု၊ translate_symaction)

ပြပ်ဝပ်၍နေကြ

"ပြပ်ဝပ်၍ရှိခိုးကြ။" ရိုသေလေးမြတ်မှုသဘောကို ပြသည်။ (ရှု၊ translate_symaction)

ထိုသို့လျှင် အဲဂုတ္တုပြည် တပြည်လုံးကို အုပ်စိုးစေတော်မူ၏

၄၁း၃၉ မှ ပြန်ဆိုချက်ကို ရှု။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုသို့ဖြင့် အဲဂုတ္တု ပြည်သားအပေါင်းကို အုပ်စိုးစေတော်မူ၏" (ရှု၊ figs_idiom နှင့် figs_metonymy)

Genesis 41:44-45

ငါသည် ဖါရောဘုရင် မှန်၏။ သို့ဖြစ်၍

ဖါရောမင်းက မိမိ၏ အစိုးပိုင်မှုကို ပြသသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖါရောဖြစ်သောငါ မိန့်သည်ကား"

သင်၏အခွင့်မရှိလျှင် အဲဂုတ္တုပြည် တရှောက်လုံးတွင် အဘယ်သူမျှ မိမိလက်ခြေကိုမကြွရ

"လက်" နှင့် "ခြေ" က လူတဦး၏ လှုပ်ရှားမှုကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်မှတပါး အဲဂုတ္တုပြည် တလျှောက်လုံး၌ အဘယ်သူမျှ မိမိလက်ခြေကို မကြွရ" သို့မဟုတ် "အဲဂုတ္တုပြည်တွင် အယောက်တိုင်းသည် သင်၏ခွင့်ပြုချက်ဖြင့်သာ လှုပ်ရှားရမည်" (ရှု၊ figs_metonymy)

အဘယ်သူမျှ

ယောက်ျား၊ မိန်းမ အားလုံးကို ခြုံငုံထားသော ယေဘုယျ အသုံးအနှုန်းဖြစ်သည်။ (ရှု၊ figs_gendernotations)

ဇာဖဏာသ ဖါဏ

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဇာဖေနာသ် ပဏိယ သို့မဟုတ် ဇာဖဏာသ ဖါဏ အနက်ကား 'လျှို့ဝှက်ချက်များ ဖော်ပြသူ' တည်း" ဟု မှတ်ချက်ထည့်သွင်း ဖော်ပြနိုင်သည်။ (ရှု၊ translate_names)

ဩနမြို့၏ ယဇ်ပုရောဟိတ်ပေါတိဖေရ၏ သမီးအာသနတ်နှင့် စုံဘက်စေတော်မူ၏

အဲဂုတ္တုပြည်တွင် ယဇ်ပရောဟိတ်တို့မှာ အမြင့်မတ်ဆုံးနှင့် ဂုဏ်အကြီးဆုံးဖြစ်သည်။ အထက်ပါ ထိန်းမြားခြင်းက ယောသပ်ကို ဂုဏ်အရှိနှင့် အခွင့်အာဏာ ရရှိစေသည်။ (ရှု၊ translate_symaction)

အာသနတ်နှင့် စုံဘက်စေတော်မူ၏

"အာသေနတ်" သို့မဟုတ် "အာသနတ်" မှာ ယောသပ်အတွက် မယားအဖြစ် ဖါရောမင်း စုံဖက်စေသောသူ ဖြစ်သည်။ (ရှု၊ translate_names)

ပေါတိဖေရ၏ သမီး

အာသေနတ်၏ ဖခင်ဖြစ်သည်။ (ရှု၊ translate_names)

ဩနမြို့၏ ယဇ်ပုရောဟိတ်

ဟေလိဩပိုလစ် သို့မဟုတ် ဩနမြို့ကို "နေမင်း၏ မြို့တော်" ဟု ခေါ်ပြီး၊ နေနတ် ရာ ကို ကိုးကွယ်သော ဘာသာရေး အချက်အချာကျရာ မြို့ဖြစ်သည်။ (ရှု၊ translate_names)

ထိုသို့ ယောသပ်သည် အဲဂုတ္တု နိုင်ငံအုပ်အရာနှင့် အထံတော်က ထွက်လေ၏

နောင်လာမည့် အစာခေါင်းပါးခြင်းအတွက် ကြိုတင်ပြင်ဆင်ရန် တပြည်လုံးအနှံ့သို့ စတင်ခရီးနှင်သည်။

Genesis 41:46-47

အသက် အနှစ်သုံးဆယ်

"အသက် ၃၀" (ရှု၊ translate_numbers)

ဖါရောမင်းထံ၌ အခွင့်ရသောအခါ

အခြားသော ဘာသာပြန်ဆိုချက်၊ "ဖါရောမင်းထံ စတင်အမှုထမ်းသောအခါ" (ရှု၊ figs_metonymy)

အဲဂုတ္တုပြည် တရှောက်လုံးသို့ သွားလေ၏

မိမိစီမံကိန်းကို အကောင်အထည် ဖော်ရန် တပြည်လုံးအနှံ့ ခရီးနှင်သည်။

ဝပြောနှစ် ခုနစ်နှစ်ပတ်လုံး

"သာယာသော ခုနစ်နှစ်ပတ်လုံး"

မြေအသီးအနှံတို့ သည် အလွန်များပြားကြ၏

"အသီးအနှံတို့မှာ အလွန်များပြားကြ၏"

Genesis 41:48-49

He gathered up ... He put

Not applicable

စပါးကိုကား သမုဒ္ဒရာသဲလုံးနှင့်အမျှ အလွန် များစွာ စုထား၍

အလွန်များပြားကြောင်း ပင်လယ်သဲများဖြင့် ခိုင်းနှိုင်းထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "စုထားသော စပါးတို့မှာ သမုဒ္ဒရာသဲလုံးနှင့်အမျှ ရှိ၍" (ရှု၊ figs_simile)

Joseph stored up ... he stopped

Not applicable

Genesis 41:50-52

အစာခေါင်းပါးသောနှစ် မရောက်မှီ

နှစ်ကို ရောက်လာ၍ ထွက်သွားတတ်သောအရာကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အစာခေါင်းပါးသောနှစ် မစမှီ" (ရှု၊ figs_metaphor)

အာသနတ်

"အာသေနတ်" သို့မဟုတ် "အာသနတ်" မှာ ယောသပ်အတွက် မယားအဖြစ် ဖါရောမင်း စုံဖက်စေသောသူ ဖြစ်သည်။ ၄၁း၄၄ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ပေါတိဖေရ၏သမီး

အာသေနတ်၏ ဖခင်ဖြစ်သည်။ ၄၁း၄၄ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ဩနမြို့၏ယဇ်ပုရောဟိတ်

ဟေလိဩပိုလစ် သို့မဟုတ် ဩနမြို့ကို "နေမင်း၏ မြို့တော်" ဟု ခေါ်ပြီး၊ နေနတ် ရာ ကို ကိုးကွယ်သော ဘာသာရေး အချက်အချာကျရာ မြို့ဖြစ်သည်။ ၄၁း၄၄ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

မနာရှေ

ဘာသာပြန်ဆိုသူများ အနေဖြင့် "မနာရှေ အနက်ကား 'မေ့ပျောက်စေပြီ' ဟူသတည်း" ဟု မှတ်ချက်ထည့်သွင်း ဖော်ပြနိုင်သည်။

ငါ့အဘ၏ အိမ်သား

ယောသပ်က မိမိဖခင် ယာကုပ်နှင့် မိသားစုကို ညွှန်းသည်။

ဧဖရိမ်

ဘာသာပြန်ဆိုသူများ အနေဖြင့် "ဧဖရိမ် အနက်ကား 'ပွါးများစေပြီ' သို့မဟုတ် 'သားသမီး ရစေပြီ' ဟူသတည်း" ဟု မှတ်ချက်ထည့်သွင်း ဖော်ပြနိုင်သည်။

ငါ့ကို ပွါးများစေတော်မူပြီ

ကြွယ်ဝပြည်စုံခြင်းနှင့် သားသမီး ဖွားမြင်ခြင်းကို ဆိုလိုသည်။ (ရှု၊ figs_idiom)

ငါဆင်းရဲခံရသောပြည်၌

"ဆင်းရဲခံသော" ကို စိတ္တဇနာမ် "ဆင်းရဲခံခြင်း" ဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ၏ဆင်းရဲခံခြင်းပြည်၌" (ရှု၊ figs_abstractnouns)

Genesis 41:53-54

ခပ်သိမ်းသော ပြည်တို့၌

ခါနာန်ပြည် အပါအဝင် အဲဂုတ္တုပြည်၏ ပတ်ဝန်းကျင်တိုင်းပြည်များ။

အဲဂုတ္တုပြည်၌ ဆန်စပါးရှိသေး၏

သာယာသောနှစ်များအတွင်း ယောသပ်၏ အမိန့်ဖြင့် သိုထားသော ဆန်စပါးတို့ကို ညွှန်းသည်။ (ရှု၊ figs_explicit)

Genesis 41:55-57

နောက်တဖန် အဲဂုတ္တု ပြည်သူပြည်သား အပေါင်းတို့သည် မွတ်သိပ်သောအခါ

"ပြည်သူပြည်သားအပေါင်းတို့" က တပြည်လုံး၌ရှိသမျှသောသူကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တု ပြည်သူပြည်သားအပေါင်းတို့ ဆာလောင်မွတ်သိပ်သောအခါ" (ရှု၊ figs_metonymy)

မြေပြင်တရှောက်လုံး၌ အစာခေါင်းပါးသောအခါ

"မြေပြင်" ဟူရာတွင် တလောကလုံးကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မြေတပြင်လုံး၌ အစာခေါင်းပါးသောအခါ" (ရှု၊ figs_idiom)

ယောသပ်သည် စပါးကျီရှိသမျှတို့ကိုဖွင့်၍ အဲဂုတ္တုလူတို့အား ရောင်းလေ၏

ယောသပ် ကိုယ်တိုင်မဟုတ်ဘဲ၊ သူ၏ အစေခံတို့ကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယောသပ်ကလည်း စပါးကျီရှိသမျှတို့ကို ဖွင့်စေ၍ အဲဂုတ္တုလူတို့အား ရောင်းလေ၏" (ရှု၊ figs_metonymy)

အသီးသီးသောပြည်သားတို့သည် . . . လာရောက်ကြ၏

တိုင်းတပါးမှ လူများကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တိုင်းတပါးသားတို့ကလည်း ... ရောက်လာကြ၏" (ရှု၊ figs_metonymy)

ခပ်သိမ်းသောပြည်တို့၌

"တလောကလုံး၌။" အဲဂုတ္တုပြည်နှင့် စီးပွားရေးအရ ဆက်စပ်မှုရှိသော နိုင်ငံတိုင်းက စပါးကို ဝယ်ယူနိုင်ရန် ရောက်လာကြပေမည်။

Genesis 42

Genesis 42:1-4

ယာကုပ် ကြားသိလျှင်

အကြောင်းအရာတခု၏ အခန်းသစ်ကို အစဖွင့်ထားသည်။ (ရှု၊ writing_newevent)

သင်တို့သည် အဘယ်ကြောင့် တယောက်ကိုတယောက် ကြည့်ရှု၍ နေကြသနည်း

ဆန်စပါး မရှိသော ပြသနာကို ဖြေရှင်းရန် မကြိုးစားကြသဖြင့် ဆုံးမရန် မေးလိုက်ခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုင်၍သာမနေကြနှင့်" (ရှု၊ figs_rquestion)

ထိုပြည်သို့ သွား၍ . . . သွားကြ၏

ခါနာန်ပြည်မှ အဲဂုတ္တုပြည်သို့ သွားသောအခါ မြေနိမ့်ရာသို့ ဆင်းရသဖြင့် "ဆင်းသွား" ဟူ၍လည်း ဖော်ပြနိုင်သည်။

စပါးကို ဝယ်ခြင်းငှါ အဲဂုတ္တုပြည်သို့

အခြားသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုပြည်မှ စပါးကို ဝယ်ခြင်းငှါ" (ရှု၊ figs_metonymy)

ယောသပ်၏ညီ ဗင်္ယာမိန်ကိုကား အစ်ကိုတို့နှင့်အတူ ယာကုပ်သည် မစေမလွှတ်

ယောသပ်နှင့်ဗင်္ယာမိန်တို့မှာ ဖခင်နှင့်မိခင် တူသော ညီအစ်ကိုများ ဖြစ်သည်။ ရာခေလ၏ တဦးတည်း ကျန်ရစ်သောသားကို ဆုံးရှုံးရန် အလိုမရှိကြောင်း သိမြင်ရသည်။ (ရှု၊ figs_explicit)

Genesis 42:5-6

အဲဂုတ္တုပြည်သို့ရောက်လာသော သူတို့တွင်၊ ဣသရေလသားတို့သည် စပါးကို ဝယ်ခြင်းငှါ လာကြ၏

"လာကြ" နေရာ၌ "သွားကြ" ဟု ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဣသရေလသားတို့သည် အဲဂုတ္တုပြည်သို့ သွားကြသူတို့နှင့်အတူ၊ စပါးကို ဝယ်ခြင်းငှါ သွားကြ၏" (ရှု၊ figs_go နှင့် figs_ellipsis)

Now Joseph

Not applicable

နိုင်ငံ

အဲဂုတ္တုပြည်ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တနိုင်ငံ" (ရှု၊ figs_explicit)

ပြည်သားအပေါင်းတို့

အဲဂုတ္တုပြည်နှင့် အိမ်နီးချင်းနိုင်ငံများ ပါဝင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "စပါးဝယ်ရန် ရောက်လာသူအပေါင်းတို့" (ရှု၊ figs_explicit)

ယောသပ်အစ်ကိုတို့သည် လာ၍

"လာ၍" ကို "သွား၍" ဖြင့် ပြောင်းဆိုနိုင်သည်။ (ရှု၊ figs_go)

သူ့ရှေ့မှာ ဦးညွှတ်ချကြ၏

ရိုသေမှုပြသော နည်းလမ်းဖြစ်သည်။ (ရှု၊ translate_symaction)

Genesis 42:7-8

ယောသပ်သည် အစ်ကိုတို့ကိုမြင်လျှင် သိ၏

"ယောသပ်ကလည်း အစ်ကိုတို့ကိုမြင်၍ သိ၏"

သို့သော်လည်း မသိဟန်ဆောင်၍

"သို့သော်လည်း မိမိကိုယ်ကို ရုပ်ဖျက်ထားပြီး" သို့မဟုတ် "သို့သော် ညီငယ် ဖြစ်ကြောင်း မသိစေဘဲ"

သင်တို့သည် အဘယ်ကလာကြသနည်း

အဖြေကို သိသော်လည်း တမင်တကာ မေးလိုက်ခြင်းဖြစ်သည်။ အစ်ကိုတို့ မှတ်မိခြင်းမပြုနိုင်ရန် မသိဟန်ဆောင်သော မေးခွန်းဖြစ်သည်။

Genesis 42:9-11

သင်တို့သည် သူလျှိုဖြစ်ကြ၏

မိမိနိုင်ငံအတွက် အခြားနိုင်ငံသို့ တိတ်တခိုး ဝင်ရောက်ကာ ထောက်လှမ်းသောသူများ ဖြစ်သည်။

ပြည်တော်၌ အားနည်းသောအရပ်ကို ကြည့်ရှုခြင်းငှါ လာကြပြီ

တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကွာအကွယ်မဲ့သောအရပ်ကို တိုက်ခြင်းငှါ ထောက်လှမ်းရန် လာကြပြီ" (ရှု၊ figs_explicit)

သခင်

တစုံတဦးကို ရိုသေစွာ ညွှန်းဆိုသောစကား ဖြစ်သည်။

ကိုယ်တော်၏ ကျွန်တို့သည်

ညီအစ်ကိုတို့က မိမိတို့ကိုယ်ကို "ကျွန်" ဟု ညွှန်းသည်။ အခွင့်အာဏာ ကြီးမြတ်သောသူရှေ့မှာ မိမိကိုယ်ကို ညွှန်းဆိုသော အသုံးအနှုန်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော့်ကျွန်၊ ကျွန်တော်မျိုးတို့သည်" သို့မဟုတ် "ကျွန်တော်မျိုးတို့သည်" (ရှု၊ figs_123person)

Genesis 42:12-13

ယောသပ်ကလည်း . . . ဟု ဆိုပြန်၏

"ယောသပ်ကလည်း ... ဟု အစ်ကိုတို့အား ဆိုပြန်၏"

မဟုတ်ဘူး။ ပြည်တော်၌ အားနည်းသောအရပ်ကို ကြည့်ရှုခြင်းငှါ လာကြပြီ

တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မဟုတ်ရ။ အကွာအကွယ်မဲ့သော အရပ်ကို စုံစမ်းခြင်းငှါ လာကြပြီ" (ရှု၊ figs_explicit)

ညီအစ်ကို တကျိပ်နှစ်ယောက်

"ညီအစ်ကို ၁၂ ယောက်" (ရှု၊ translate_numbers)

အငယ်ဆုံးသောသူ

"နားဆင်တော်မူပါ၊ အငယ်ဆုံးသောသူ။" ပြောလိုသောအရာကို နားထောင်ရန် တောင်းပန်သော အသုံးအနှုန်းဖြစ်သည်။

အငယ်ဆုံးသောသူကား အဘနှင့်အတူ ယခုရှိရစ်ပါ၏

"ညီအငယ်ဆုံးမှာ ယခု အဖနှင့်အတူ ရှိပါ၏"

Genesis 42:14-17

သင်တို့သည် သူလျှိုဖြစ်ကြ၏ဟု ငါဆိုသည်အရာမှာ

"ငါဆိုသည်အတိုင်း သင်တို့မှာ သူလျှိုဖြစ်ကြ၏။" ၄၂း၉ မှ ပြန်ဆိုချက်ကို ရှု။

သင်တို့ကို အဘယ်သို့ စုံစမ်းရမည်နည်း ဟူမူကား

အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့ရာတွင်၊ သင်တို့ကို ဤသို့ စုံစမ်းအုံးမည်" (ရှု၊ figs_activepassive)

ဖါရောဘုရင် အသက်ရှင်တော်မူသည်အတိုင်း

သစ္စာတိုင်တည်သောစကား ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖါရောမင်းကြီး၏ သက်တော်ကို တိုင်တည်လျက်" (ရှု၊ [[:en:obe:other:oath]])

သင်တို့တွင် တယောက်သောသူကို စေလွှတ်၍ ညီကိုဆောင်ခဲ့စေ

"သင်တို့၌ တယောက်ကို စေလွှတ်၍ ညီကိုခေါ်ဆောင်စေ"

ကြွင်းသောသူတို့ကို ထောင်ထဲမှာ ချထားမည်

"ကျန်ရှိသူတို့မှာ ထောင်ထဲတွင် နေရမည်"

သင်တို့စကား မှန်သည်မမှန်သည်ကို စုံစမ်း၍ သိစေခြင်းငှါ

"စကား" မှာ ပြောသမျှသောအရာကို ကိုစားပြုသည်။ အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့စကား အမှန်ဖြစ်ကြောင်း သိစေခြင်းငှါ" (ရှု၊ figs_metonymy နှင့် figs_activepassive)

ချုပ်ထားလေ၏

"အကျဉ်းချလေ၏" (UDB)

Genesis 42:18-20

သုံးရက်မြောက်သောနေ့၌

"သုံးရက်မြောက်" မှာ အစဉ်ပြကိန်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နှစ်ရက်လွန်သော်" (ရှု၊ translate_ordinal)

သို့ဖြစ်၍ သင်တို့သည် အသက်ချမ်းသာစေခြင်းငှါ ပြုရသောအမှု ဟူမူကား

ဝါကျကို ပုဒ်အပြည့်ဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့ဖြစ်၍ သင်တို့အသက် ချမ်းသာစေခြင်းငှါ ဤသို့ ပြုကြလော့" (ရှု၊ figs_ellipsis)

ဘုရားသခင်ကို ကြောက်ရွံ့သောသူဖြစ်၏

ဘုရားသခင်ကို ရိုသေလေးမြတ်ခြင်း ရှိ၍၊ သူ၏ စကားကို နာခံကြောင်း ညွှန်းဆိုသည်။

သင်တို့ညီအစ်ကိုတို့တွင် တစုံတယောက်ကို ထောင်အိမ်၌ အချုပ်ခံလျက်နေစေပြီးလျှင်

အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့ ညီအစ်ကို တယောက်ကို ထောင်၌ ချုပ်လျက်နေစေပြီးလျှင်" (ရှု၊ figs_activepassive)

ကြွင်းသောသူတို့မူကား သွားကြလော့

ထောင်တွင် အချုပ်မခံရသောသူတို့ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျန်ရှိသူတို့မူကား သွားကြလော့" (ရှု၊ figs_you)

အိမ်သူအိမ်သားတို့၌ အစာခေါင်းပါးသောကြောင့် စပါးကိုယူ၍ သွားကြလော့

"အိမ်သူအိမ်သား" ကို "မိသားစု" ဖြင့်လည်း ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အစာခေါင်းပါးချိန်၌ သင်တို့မိသားစုအတွက် စပါးကို သွားပို့ကြလော့" (ရှု၊ figs_metonymy)

သို့ပြုလျှင် သင်တို့စကားမှန်လိမ့်မည်

"စကား" ဟူရာတွင် ပြောသမျှအရာကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့မှသာ သင်တို့စကား မှန်ကြောင်း ငါသိရမည်" (ရှု၊ figs_metonymy နှင့် figs_activepassive)

သင်တို့အသက်လည်း ချမ်းသာရလိမ့်မည်

မိမိအစ်ကိုတို့က အမှန်တကယ် သူလျှိုများ ဖြစ်ခဲ့လျှင် သေမိန့်ပေးမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ (ရှု၊ figs_explicit)

Genesis 42:21-22

သူ့စိတ်ဆင်းရဲခြင်းကို ငါတို့သည် မြင်လျက်နှင့်

"စိတ်" မှာ ယောသပ်ကိုယ်တိုင်ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယောသပ်၏ စိတ်ဆင်းရဲခြင်းကို ငါတို့ မြင်လျက်နှင့်" သို့မဟုတ် "ယောသပ်၏ ဆင်းရဲခံရခြင်းကို ငါတို့ မြင်လျက်နှင့်" (ရှု၊ figs_synecdoche)

ထိုကြောင့် ဤအမှုသည် ငါတို့အပေါ်မှာ ယခုရောက်လာပြီ

စိတ္တဇနာမ် "ဤအမှု" ကို "ခံ" ဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့ကြောင့် ဤကဲ့သို့ ငါတို့ ခံရကြပြီ" (ရှု၊ figs_abstractnouns)

သူငယ်ကို မပြစ်မှားပါနှင့်ဟု ကျွန်ုပ်ဆိုသည် မဟုတ်လော။ သင်တို့သည် နားမထောင်ဘဲ နေကြသောကြောင့်

မိမိညီတို့ကို ရုဗင် ဆုံးမသောစကား ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူငယ်အပေါ် အပြစ်မပြုရန် ဆိုခဲ့သော်လည်း၊ သင်တို့သည် နားမထောင်ဘဲ နေကြ၏။ ထို့ကြောင့်" (ရှု၊ figs_rquestion)

သူငယ်ကို မပြစ်မှားပါနှင့်ဟု ကျွန်ုပ်ဆိုသည် မဟုတ်လော

ဆိုခဲ့သောစကားကို ပြန်လည်ကိုးကားခြင်း ဖြစ်သည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူငယ်ကို မပြစ်မှားရန် ငါဆိုခဲ့သည် မဟုတ်လော" "သူငယ်အပေါ် အပြစ်မပြုရန် ဆိုခဲ့သော်လည်း" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

ယခု

"ယုခုချက်ချင်း" ဟု မဆိုလိုဘဲ၊ ပြောလိုသောအရာကို ထင်ရှားစေရန် သုံးနှုန်းသော စကားဖြစ်သည်။

သူ၏အသွေးအတွက် ယခုအစစ်ခံရကြသည်

"အသွေး" က ယောသပ်၏ အသေခံမှုကို ကိုစားပြုသည်။ ယောသပ် သေပြီဟု အစ်ကိုတို့ ထင်မှတ်ကြသည်။ "အစစ်ခံရကြသည်" မှာ မိမိတို့ ပြုသောအမှားအတွက် ပြန်လည် ပေးဆပ်ခြင်းကို ဆိုလိုသည်။ အခြားသော ဘသာပြန်ဆိုချက်၊ "သူ၏သေခြင်းအတွက် ငါတို့ခံရကြပြီ" သို့မဟုတ် "သူ့ကို သေစေသော အပြစ်ကြွေးကို ငါတို့ ပေးဆပ်ရပြီ" (ရှု၊ figs_metonymy နှင့် figs_idiom)

Genesis 42:23-25

သူတို့မထင်ကြ . . . စကားပြန်နှင့် သူတို့ကို ပြောတတ်သောကြောင့်တည်း

ယောသပ်က နားလည်နိုင်မည်မဟုတ်ဟု ထင်ရသော အကြောင်းရင်း နောက်ခံအခြေအနေကို ဖော်ပြထားသည်။ (ရှု၊ writing_background)

စကားပြန်

ဘာသာစကား တမျိုးဖြင့် ပြောသမျှအရာကို နောက်ဘာသာစကားသို့ ပြန်ဆိုပေးသောသူ ဖြစ်သည်။ အစ်ကိုတို့ ပြောသောစကားကို နားမလည်ကြောင်း ထင်မှတ်စေရန် စကားပြန်ကို အသုံးပြုခြင်းဖြစ်သည်။

ထိုအခါ ယောသပ်သည် သူတို့ထံမှ ခဏခွါ၍ ငိုလေ၏

အစ်ကိုတို့ ပြောသောစကားကြောင့် စိတ်ထိခိုက်သဖြင့် ငိုခြင်းဖြစ်သည်။ (ရှု၊ figs_explicit)

နှုတ်ဆက်ပြီးလျှင်

စကားပြန်မှတဆင့် ပြောဆိုခြင်းဖြစ်သည်။ (ရှု၊ figs_explicit)

သူတို့ရှေ့တွင် ချည်နှောင်လေ၏

သူတို့ မျက်စိရှေ့ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့ မျက်စိရှေ့တွင် ချည်နှောင်လေ၏" သို့မဟုတ် "သူတို့ရှေ့တွင် ချည်နှောင်စေ၏" (ရှု၊ figs_metonymy)

လမ်းခရီး၌ စားစရိတ်ကို ပေးစေခြင်းငှါ၎င်း

"လမ်းခရီးအတွက် လိုအပ်သမျှကို ပေးစေခြင်းငှါ၎င်း"

ထိုသို့လျှင် သူတို့၌ပြုလေ၏

အပြုသဘောဖြင့် ဖော်ပြထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့သည် ထိုသို့ ပြုပေးခြင်းခံရ၏" (ရှု၊ figs_activepassive)

Genesis 42:26-28

စားခန်းသို့ရောက်သောအခါ၊ တယောက်သောသူသည် မြည်းကို အစာကျွေးခြင်းငှါ မိမိအိတ်ကိုဖွင့်လျှင်၊ အိတ်ဝတွင်ရှိသော ငွေကိုမြင်လေ၏

"တည်းခိုရန် နားသောအခါ၊ တယောက်က မြည်းကို အစာကျွေးရန် အိတ်ကို ဖွင့်ရာ၊ အိတ်ထဲ၌ မိမိငွေကို မြင်လေ၏"

Behold

Not applicable

ကျွန်ုပ်ငွေကို ပြန်ထားပြီ

အပြုသဘောဖြင့် ဖော်ပြထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်ငွေ ပြန်ထားခံရပြီ" (ရှု၊ figs_activepassive)

ကြည့်ပါ

"ကြည့်ပါလော့

စိတ်နှလုံးလျော့၍ ကြောက်လန့်လျက်

အလွန်ကြောက်လန့်သဖြင့် စိတ်နှလုံးလျော့ကျသကဲ့သို့ တင်စားထားသည်။ "စိတ်နှလုံး" ဟူရာတွင် စိတ်ဓါတ်ကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကြောက်လန့်၍ တုန်လှုပ်လျက်" (ရှု၊ figs_metaphor နှင့် figs_metonymy

Genesis 42:29-32

ထိုပြည်ကို အုပ်စိုးသောသူ

"အဲဂုတ္တုပြည်ကို အစိုးရသူ"

ကြမ်းတမ်းစွာ ပြောလျက်

"ခက်ထန်စွာ ပြောလျက်"

ကျွန်ုပ်တို့ကို ထိုပြည်၌ သူလျှိုလုပ်သူဟူ၍ မှတ်လေ၏

မိမိနိုင်ငံအတွက် အခြားနိုင်ငံသို့ တိတ်တခိုး ဝင်ရောက်ကာ ထောက်လှမ်းသောသူများ ဖြစ်သည်။ ၄၂း၉ မှ ပြန်ဆိုချက်ကို ရှု။

ကျွန်ုပ်တို့ကလည်း၊ ကျွန်တော်တို့သည် ဖြောင့်မတ်သောသူ ဖြစ်ကြပါ၏။ သူလျှိုမဟုတ်ပါ။ တဘတည်းသား၊ ညီအစ်ကိုချင်း တကျိပ် နှစ်ယောက် ဖြစ်ကြပါ၏။ တယောက်ကား မရှိပါ . . . ယခုရှိရစ်ပါသည်ဟု လျှောက်သောအခါ

ဆိုခဲ့သောစကားကို ပြန်လည်ကိုးကားခြင်းဖြစ်သည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုငသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့ကလည်း၊ ကျွန်တော်တို့မှာ ဖြောင့်မတ်သောသူ ဖြစ်၍၊ သူလျှိုမဟုတ်ကြောင်း။ ဖခင်တဦးတည်း၏သား၊ ညီအစ်ကို တဆယ့်နှစ်ယောက် ရှိကြသည်အနက်၊ တယောက်မှာ မရှိတော့ကြောင်း ... ယခုရှိရစ်ပါကြောင်း စသည်ဖြင့် လျှောက်သောအခါ" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

တယောက်ကား မရှိပါ

"ညီ" ဖြစ်ကြောင်း သိနှင့်ပြီး ဖြစ်သည်။ အခြးသော ဘာသာပြန်ဆိုချက်၊ "ညီတယောက်ကား မရှိပါ" (ရှု၊ figs_ellipsis)

အငယ်ဆုံးသောသူကား ခါနာန်ပြည်၌ အဘနှင့်အတူ ယခုရှိရစ်ပါသည်

"ညီအငယ်ဆုံးမှာ ယခု ခါနာန်ပြည်၌ အဖနှင့်အတူ ရှိပါသည်"

Genesis 42:33-34

ထိုပြည်ကို အုပ်စိုးသောသခင်

"အဲဂုတ္တုပြည်၏ သခင်"

သင်တို့အိမ်သူအိမ်သားတို့၌ အစာခေါင်းပါးသောကြောင့် အစာကိုယူ၍

"အိမ်သူအိမ်သား" ကို "မိသားစု" ဖြင့်လည်း ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အစာခေါင်းပါးချိန်၌ သင်တို့မိသားစုအတွက် အစာကိုယူ၍" (ရှု၊ figs_metonymy)

သွားကြလော့

"ပြန်ကြလော့" သို့မဟုတ် "ထွက်သွားလော့"

သင်တို့သည် ပြည်တော်၌ ဖေါက်ကားရောင်းဝယ်ရကြမည်

"ပြည်တော်၌ ရောင်းဝယ်ဖောက်ကားရသောအခွင့်ကိုလည်း ငါပေးမည်"

Genesis 42:35-36

သောအခါ

အကြောင်းအရာတခု၏ အရေးကြီးသော အခန်းကို အမှတ်ပြုသည်။ ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းဖြင့် ဖော်ပြနိုင်သည်။

behold

Not applicable

သင်တို့သည် ငါ့သားတို့ကို လုယူကြပြီ

"ငါ့သားများကို သင်တို့ ယူသွားကြပြီ" သို့မဟုတ် "ငါ့သားနှစ်ယောက်ကို ယူသွားပြီးပြီ"

ဤအမှု အလုံးစုံတို့သည် ငါနှင့်ဆန့်ကျင်ဘက် ဖြစ်သည်တကား

"ဤအမှု အလုံးစုံတို့က ငါ့ကို ဆန့်ကျင်နေပါတကား"

Genesis 42:37-38

သူ့ကို ကျွန်ုပ်လက်၌အပ်ပါ

ဗင်္ယာမိန်ကို မိမိထံ အပ်ရန်နှင့် သူ့ကို မိမိက ထိန်းသမ်းမည်အကြောင်း တောင်းပန်စကားဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူ့ကို ကျွန်ုပ်ထံအပ်ပါ" သို့မဟုတ် "သူ့ကို ကျွန်ုပ်စောင့်ရှောက်ပါရစေ" (ရှု၊ figs_metaphor)

သင်တို့နှင့်အတူ ငါ့သားမသွားရ

ခါနာန်ပြည်မှ အဲဂုတ္တုပြည်သို့ သွားလျှင် နိမ်ရာသို့ ဆင်းသွားသဖြင့် "ဆင်းသွား" ဟုလညည်း ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့နှင့်အတူ ငါ့သား ဗင်္ယာမိန် ဆင်းမသွားရ"

သင်တို့နှင့်အတူ

ယာကုပ်၏ သားကြီးတို့ကို ညွှန်းသည်။ (ရှ၊ figs_you)

သူ၏အစ်ကိုသေပြီ။ သူသည် တယောက်တည်း ကျန်ရစ်၏

လိုရင်းကို ရှင်းလင်းစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့မယား ရာခေလတွင် သားနှစ်ဦးသာရှိ၏။ သို့ရာတွင်၊ ယောသပ်သေ၍၊ ဗင်္ယာမိန် တယောက်တည်း ကျန်ရစ်လေပြီ" (ရှု၊ figs_explicit)

သင်တို့သွားရာ လမ်းခရီးတွင်

"အဲဂုတ္တုပြည်သို့ သွားရာလမ်းတွင်" သို့မဟုတ် "ခရီးလမ်းတွင်။" "လမ်း" က ခရီးထွက်ကြောင်းကို ထင်ရှားစေသည်။

သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်

"မရဏာနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်" ဟူရာတွင် မိမိကို ဝမ်းနည်းသောက ဖြစ်စေသဖြင့် သေ၍ ရှေဩလ ခေါ် မရဏာနိုင်ငံသို့ ရောက်စေလိမ့်မည်ဟု ဆိုလိုသည်။ ရှေဩလမှာ မြေအောက်တွင် ရှိသည်ဟု ထင်မှတ်ကြသဖြင့် "ကျဆင်း" ဟု သုံးနှုန်းနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့သည် အိုမင်းသောငါ့ကို ဝမ်းနည်းခြင်းဖြင့် သေစေကြလိမ့်မည်" (ရှု၊ figs_idiom)

ငါ့ဆံပင်ဖြူ

အိုမင်းကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အိုမင်းသောငါ" (ရှု၊ figs_synecdoche)

Genesis 43

Genesis 43:1-2

ခါနာန်ပြည်၌ အလွန်အစာခေါင်းပါးသည် ဖြစ်၍

"ပြည်တွင်း၌" ဟူ၍လည်း ဖော်ပြနိုင်သည်။ တိကျစွာ ဖော်ပြထားခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "တပြည်လုံး၌ အလွန်အစာခေါင်းပါးသည် ဖြစ်၍" (ရှု၊ figs_ellipsis)

It came about

Not applicable

စားကုန်ပြီးမှ

"ယာကုပ်နှင့်မိသားစုတို့ စားကုန်ပြီးမှ"

ဆောင်ခဲ့သော

"ယာကုပ်သားများ ဆောင်ခဲ့သော"

ငါတို့ . . . ဝယ်ကြပါဦး

"ငါတို့" ဟူရာတွင် ယာကုပ်၊ သားများနှင့် အိမ်သားတို့ကို ညွှန်းသည်။ (ရှု၊ figs_inclusive)

Genesis 43:3-5

ယုဒကလည်း . . . ဟု အဘအား ပြန်ဆိုလေ၏

"ယုဒကလည်း .... ဟု ဖခင်အား ဆိုလေ၏"

ထိုသူသည်

ယောသပ်ကို ညွှန်းသော်လည်း၊ ယောသပ်ဖြစ်မှန်း မသိကြ။ ၄၂း၂၉ တွင် ဖော်ပြသကဲ့သို့ "ထိုပြည်၏သခင်" ဟုလည်း ညွှန်းဆိုနိုင်သည်။

ခြိမ်းချောက်လျက်၊ သင်တို့ညီမပါလျှင် ငါ့မျက်နှာကို မမြင်ရဟု ပြောထားပြီ

ဆိုခဲ့သောစကားကို ပြန်လည်ကိုးကားခြင်းဖြစ်သည်။ သွယ်ဝိုက်ဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ခြိမ်းချောက်လျက်၊ ကျွန်ုပ်ညီ မပါလျှင် သူနှင့် တွေ့ရမည်မဟုတ်ဟု ပြောထားပြီ" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

ကျွန်ုပ်တို့ကို ကျပ်ကျပ် ခြိမ်းချောက်လျက်

"ကျွန်ုပ်တို့ကို အပြင်းအထန် ခြိမ်းခြောက်လျက်"

ငါ့မျက်နှာကို မမြင်ရ

၄၃း၃-၅ တွင် ဗင်္ယာမိန် မပါလျှင် အဲဂုတ္တုပြည်သို့ ပြန်မသွားနိုင်ကြောင်း ဖခင်ထံ ရှင်းပြသော ယုဒ၏ စကားဖြစ်သည်။ "ငါ့မျက်နှာ" မှာ ယောသပ် ဟူသော အထက်ပါပုဂ္ဂိုလ် ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ကို မမြင်ရ" (ရှု၊ figs_synecdoche)

သင်တို့ညီမပါလျှင်

ရာခေလ မသေမီ မွေးသော သားငယ် ဗင်္ယာမိန်ကို ညွှန်းသည်။

မသွားပါ

ခါနာန်ပြည်မှ အဲဂုတ္တုပြည်သို့ သွားလျှင် မြေနိမ့်ရာဖြစ်သောကြောင့် "ဆင်းသွား" ဟုလည်း ဖော်ပြနိုင်သည်။

Genesis 43:6-7

အဘယ်ကြောင့် ငါ့ကို ညှဉ်းဆဲကြသနည်း

"အဘယ်ကြောင့် ငါ့ကို သောကများစေကြသနည်း"

ထိုသူသည် . . . ကျပ်ကျပ်မေးလျက်

"ထိုသူက ... သေချာစွာမေးလျက်"

ကျွန်ုပ်တို့၏အကြောင်းအရာ

"ကျွန်ုပ်တို့" ဟူရာတွင် အဲဂုတ္တုပြည်သို့ ဆင်းသွားသော ညီအစ်ကိုတို့ကိုသာ ညွှန်းသည်။ (ရှု၊ figs_exclusive)

ထိုသူသည် . . . သင်တို့အဘ အသက်ရှင်သေးသလော၊ ညီရှိသေးသလောဟု မေးသောအခါ

ဆိုခဲ့သောစကားကို ပြန်လည်ကိုးကားခြင်း ဖြစ်သည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုသူက ... ကျွန်ုပ်တို့အဖ အသက်ရှင်သောအကြောင်းနှင့် ညီအစ်ကိုများအကြောင်း မေးသောကြောင့်" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

ကျွန်ုပ်တို့သည် သူ၏စကားသဘောသို့လိုက်၍ ပြန်ပြောရပါ၏

"ကျွန်ုပ်တို့အား မေးသမျှကို ပြန်ဖြေရပါ၏"

သင်တို့ညီ . . . ဟု သူပြောမည်ကို ကျွန်ုပ်တို့သည် အမှန်သိနိုင်ပါသလော

ထိုသူက ဤကဲ့သို့ ပြောမည်ကို မသိခဲ့ကြောင်း ထင်ဟပ်စေရန် မေးလိုက်ခြင်းဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်ညီ ... ဟု သူပြောမည်ကို ကျွန်ုပ်တို့ မသိခဲ့ပါ" (ရှု၊ figs_rquestion)

သင်တို့ညီကို ဆောင်ခဲ့ကြဟု သူပြောမည်

ဆိုခဲ့သောစကားကို ပြန်လည်ကိုးကားခြင်း ဖြစ်သည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့ညီကို ဆောင်ယူရန် စေခိုင်းမည်" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

သင်တို့ညီကို ဆောင်ခဲ့ကြ

ခါနာပြည်မှ အဲဂုတ္တုပြည်သို့ သွားလျှင် မြေနိမ့်ရာဖြစ်သောကြောင့် "ခေါ်၍ဆင်းလာခဲ့ကြ" ဟုလည်း ဖော်ပြနိုင်သည်။

Genesis 43:8-10

သို့ပြုလျှင် အဘမှစ၍ ကျွန်ုပ်တို့နှင့် သူငယ်များတို့သည် မသေ၊ အသက်ရှင်မည်အကြောင်း၊ ကျွန်ုပ်တို့ ထ၍သွားကြပါမည်

"မသေ" နှင့် "အသက်ရှင်" မှာ အဓိပ္ပါယ်ချင်း တူသည်။ အသက်ရှင်နိုင်ရန် အဲဂုတ္တုပြည်သို့ သွား၍ အစာဝယ်ရမည်ဖြစ်ကြောင်း ယုဒက ဆိုလိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့မှသာ ကျွန်ုပ်တို့ တမိသားစုလုံး အသက်ရှင်ရမည်အကြောင်း၊ အဲဂုတ္တုပြည်သို့ ယခုသွားကြပါမည်" (ရှု၊ figs_parallelism)

ကျွန်ုပ်တို့ ထ၍

"ကျွန်ုပ်တို့" ဟူရာတွင် အဲဂုတ္တုပြည်သို့ သွားမည့် ညီအစ်ကိုများကို ညွှန်းသည်။

we may live

Not applicable

both we

Not applicable

အဘမှစ၍ ကျွန်ုပ်တို့နှင့်

"အဘ" မှာ ဣသရေလကို ညွှန်းသည်။ (ရှု၊ figs_you)

သူငယ်များတို့သည်

ညီအစ်ကိုတို့၏ သားသမီးများကို ညွှန်းသည်။ အစာခေါင်းပါးမှုဒဏ်ကြောင့် သေမည့် ကလေးငယ်များ ဖြစ်သည်။ (ရှု၊ figs_exclusive)

ကျွန်ုပ်သည် သူ၏အာမခံ ဖြစ်ပါမည်

စိတ္တဇနာမ် "အာမခံ" ကို ကြိယာပုဒ် "ကတိပေး" နှင့် အစားထိုးနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူ့ကို ပြန်ခေါ်ရန် ကျွန်ုပ် ကတိပေးပါသည်" (ရှု၊ figs_abstractnouns)

ကျွန်ုပ်တွင် သူ့ကိုတောင်းပါ

ယုဒက အပြည့်အဝ တာဝန်ယူမည်ဖြစ်ကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဗင်္ယာမိန်အပေါ် ဖြစ်သမျှကို ကျွန်ုပ်တာဝန်ယူပါသည်" (ရှု၊ figs_explicit)

အပြစ်ကို ခံပါစေ

"အပြစ်" ဟူရာတွင် တစုံတယောက်အပေါ် တင်ရသောအရာဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်ကို အပြစ်တင်ပါ" (ရှု၊ figs_metaphor)

ဤမျှလောက် မဖင့်နွှဲ့လျှင်

ဖြစ်နိုင်ခဲ့သော်လည်း မဖြစ်သောအရာကို ဖော်ပြထားသည်။ ယုဒက အဲဂုတ္တုပြည်၌ အစာကို ဝယ်ရန် အလွန်အချိန်ယူသော ယာကုပ်အား အပြစ်တင်ကြောင်း သိရသည်။ (ရှု၊ figs_hypo)

အကယ်၍ ဒုတိယအကြိမ်တွင် ပြန်ရောက်ပါပြီ

"ဒုတိယအကြိမ် ပြန်ရောက်ခဲ့ပါလိမ့်မည်"

Genesis 43:11-12

သို့ဖြစ်လျှင် ဤသို့ပြုကြလော့

"သို့ဖြစ်လျှင် ထိုသို့ ပြုကြလော့"

ယူကြလော့

"ယူ၍ ဆင်းသွားလော့" ဟုလည်း ဖော်ပြနိုင်သည်။

ဗလစံစေး

အရေပြား ပြုပြင်ထိန်းသိမ်းရာ၌ အသုံးပြုသော ဆေး သို့မဟုတ် ပရုတ်ဆီ ဖြစ်သည်။ ၃၇း၂၅ မှ ပြန်ဆိုချက်ကို ရှု။ အခြားသော ဘာသာပြန်ဆိုချက်၊ "ပရုတ်ဆီ"

နံ့သာမျိုး

"ဟင်းခတ်အမွှေးအကြိုင်။" ၃၇း၂၅ မှ ပြန်ဆိုချက်ကို ရှု။

သစ်အယ်သီး

သေးငယ်၍ စိမ်းနုဝါရောင်ရှိသော အခွံမာသီးတစ်မျိုး (pistachio nuts)။ (ရှု၊ translate_unknown)

ဗာတံသီး

ဗာဒံသီး။ (ရှု၊ translate_unknown)

သင်တို့လက်၌ ငွေနှစ်ဆကိုလည်း ယူကြလော့

"လက်" က လူကိုလည်း ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့၌ ငွေနှစ်ဆကိုလည်း ယူကြလော့" (ရှု၊ figs_synecdoche)

အိတ်ဝတွင် ဆောင်ခဲ့သောငွေကို တဖန် လက်၌ ဆောင်သွားကြဦးလော့

"လက်" က လူကိုလည်း ညွှန်းသည်။ "ဆောင်ခဲ့သော" ကို အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသပြန်ဆိုချက်၊ "အိတ်ထဲတွင် တစုံတယောက် ပြန်ထည့်သောငွေကို တဖန်ယူသွားကြလော့" (ရှု၊ figs_synecdoche နှင့် figs_activepassive)

Genesis 43:13-15

သင်တို့ညီကိုလည်းယူ၍

"ဗင်္ယာမိန်ကိုလည်း ယူ၍"

တဖန် . . . ထသွားကြလော့

"... ပြန်သွားကြလော့"

သင်တို့သည် သူ့စိတ်နှင့် တွေ့ရသောအခွင့်ကို အနန္တတန်ခိုးရှင် ဘုရားသခင် ပေးတော်မူပါစေသော

စိတ္တဇနာမ် "စိတ်နှင့်တွေ့ရသောအခွင့်" ကို "ညှာတာ" ဟု ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူသည် သင်တို့ကို ညှာတာစိတ်ရှိရန် အနန္တတန်ခိုးရှင် ဘုရားသခင် ပြုတော်မူပါစေသော" (ရှု၊ figs_abstractnouns)

သင်တို့ အစ်ကိုတယောက်

"ရှိမောင်"

သို့ရာတွင် ငါသည် သားဆုံးခြင်းကို ခံရလျှင် ခံရတော့မည်

"သို့လျှင်၊ ငါ့သားများကို ဆုံးရလျှင် အဆုံးခံရပေတော့မည်။" မိမိသားများအပေါ် ဖြစ်သမျှကို လက်ခံရတော့မည်ဟု ဆိုလိုသည်။

မိမိလက်၌

"လက်" က လူကိုညွှးန်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိတို့နှင့်အတူ" (ရှု၊ figs_synecdoche)

အဲဂုတ္တုပြည်သို့သွား၍

အဲဂုတ္တုပြည်မှာ ခါနာန်ပြည်ထက် မြေနေရာ နိမ့်သောကြောင့် "ဆင်းသွား" ဟုလည်း ဖော်ပြနိုင်သည်။

Genesis 43:16-17

သူတို့နှင့်အတူ ဗင်္ယာမိန်ပါလာသည်

"အစ်ကိုတို့နှင့်အတူ ဗင်္ယာမိန်ပါလာသည်"

ဝန်စာရေး

အိမ်မှုကိစ္စကို တာဝန်ယူသောသူ ဖြစ်ပြီး၊ "အိမ်တွင်းမှူး" ဟူလည်းခေါ်သည်။

သူတို့ကို . . . ခေါ်သွား၏

"ခေါ်" ကို "ဆောင်" ဟုလည်း ဖော်ပြနိုင်သည်။

ယောသပ်အိမ်သို့

"ယောသပ်၏ အိမ်သို့"

Genesis 43:18-20

သူတို့သည် . . . ဟု ဆိုကြပြီးလျှင်

"အစ်ကိုတို့သည် ... ဟူ၍ ကြောက်ရွံ့သဖြင့်"

ယောသပ်အိမ်သို့ ခေါ်သွားသောအခါ

အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသသော ဘာသာပြန်ဆိုချက်၊ "ယောသပ်အိမ်သို့ ရောက်သောအခါ" သို့မဟုတ် "ယောသပ်အိမ်သို့ ဆောင်သွားသောအခါ" (ရှု၊ figs_activepassive)

ငါတို့အိတ်၌ ယမန်ပြန်ပေးသောငွေကြောင့် ခေါ်သွင်းပြီ

အပြုသဘောဖြင့် ဖော်ပြထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယခင်၌ ငါတို့အိတ်တွင်ရှိသောငွေကြောင့် အခေါ်ခံရပြီ" (ရှု၊ figs_activepassive)

သူသည် အမှုရှာလိမ့်မည်။ ငါတို့ကို အပြစ်ပြုသဖြင့်

ဝါကျနှစ်ကြောင်းဖြင့် ဖော်ပြထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူသည် ငါတို့ကို အပြစ်တင်ခြင်းငှါ အမှုရှာသဖြင့်"

ယမန်က အကျွန်ုပ်တို့သည် . . . အမှန်လာပါ၏

အဲဂုတ္တုပြည်မှာ ခါနာန်ပြည်ထက် မြေနေရာနိမ့်သဖြင့် "ဆင်းလာ" ဟု ဖော်ပြနိုင်သည်။

Genesis 43:21-23

ဆက်စပ်မှု ဖော်ပြချက်

အိမ်တွင်းမှူးထံ ဆက်လက် ပြောဆိုနေသည်။

It came about

Not applicable

စားခန်းသို့ရောက်၍

"နားရပ်သို့ရောက်၍"

behold

Not applicable

လူတိုင်းဆိုင်သောငွေသည် အလျှင်းမလျော့ဘဲ အိတ်ဝတွင် ရှိပါ၏

"အယောက်တိုင်း၏ငွေသည် မလျော့ဘဲ အိတ်ထဲတွင် ရှိနေပါ၏"

ထိုငွေကို တဖန်ဆောင်ခဲ့ကြပါပြီ

လူကို ကိုစားပြုသော "လက်" ကို ထည့်သွင်း ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုငွေကို လက်၌ တဖန်ယူလာကြပါပြီ" (ရှု၊ figs_synecdoche)

ယခုလည်း အစာကိုဝယ်ခြင်းငှါ အခြားသောငွေကို ကိုယ်၌ဆောင်ခဲ့ကြပါ၏

"ကိုယ်" ကို "လက်" ဟူ၍လည်း ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသပြန်ဆိုချက်၊ "ယခုလည်း အစာကိုဝယ်ခြင်းငှါ အခြားသောငွေကို လက်၌ဆောင်ခဲ့ကြပါ၏" (ရှု၊ figs_synecdoche)

ဆောင်ခဲ့ကြပါ၏

အဲဂုတ္တုပြည်မှာ ခါနာန်ပြည်ထက် မြေနေရာနိမ်သဖြင့် "ဆင်းယူခဲ့" ဟူ၍ ဖော်ပြနိုင်သည်။

ချမ်းသာပါစေ

ကြိယာပုဒ် "ချမ်းသာ" ကို စိတ္တဇနာမ်ဖြင့် အစားထိုး ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "စိတ်လျှော့ပါ" (UDB) သို့မဟုတ် "အေးချမ်းမှုရှိပါစေ" (ရှု၊ figs_abstractnouns)

သင်တို့ဘုရားသခင်၊ သင်တို့၏အဘ ဘုရားသခင်

တူညီသော ဘုရားသခင်ကို ညွှန်းဆိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့ဘုရားသခင် တည်းဟူသော သင်တို့အဖ၏ ဘုရားသခင်" (UDB)

Genesis 43:24-25

ခြေဆေးစေ၏

ခရီးဝေးမှ ရောက်လာသူများ အမောပြေစေရန် အထောက်ပြုသော ဓလေ့တခုဖြစ်သည်။ ၎င်းကို တိကျစွာဖော်ပြနိုင်သည်။ (ရှု၊ figs_explicit)

မြည်းတို့ကိုလည်း ကျွေးလေ၏

တိရစ္ဆာန်တို့စားသော အစာချောက်ကို ညွှန်းသည်။

Genesis 43:26-27

သူတို့သည် ကိုယ်၌ပါသော လက်ဆောင်

"ကိုယ်" ဟူရာတွင် လူကိုယ်တိုင်ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့သည် မိမိ၌ပါသော လက်ဆောင်" (ရှု၊ figs_synecdoche)

သူ့ရှေ့မှာ ဦးညွှတ်ချလျက်နေကြ၏

ရိုသေမှုသဘောကို ပြသည်။ (ရှု၊ translate_symaction)

Genesis 43:28-29

ကိုယ်တော်ကျွန်၊ ကျွန်တော်တို့အဘ

ရိုသေမှုသဘောကို ပြသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော့်ကျွန်ဖြစ်သော ကျွန်ုပ်အဖ"

ဦးညွှတ်ချ၍ ရှိခိုးလျက်နေကြ၏

ရှေ့နှင့်နောက် ဆိုလိုရင်း တူသည်။ ရိုသေမှုကိုပြသခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရှိခိုးလျက်နေကြ၏" (ရှု၊ translate_symaction)

ယောသပ်သည် မြော်ကြည့်၍

"ကြည်ရှု၍" ဟု ဆိုလိုသည်။ (ရှု၊ figs_idiom)

မိမိအမိ၏သား မိမိညီရင်း ဗင်္ယာမိန်ကိုမြင်လျှင်၊ ဤသူကား

ဝါကျနှစ်ကြောင်း ခွဲနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အမိ၏သား မိမိညီရင်း ဗင်္ယာမိန်ကိုမြင်လေ၏။ ထို့ကြောင့် ဤသူကား"

ဤသူကား . . . သင်တို့ညီဖြစ်သလော

ဖြစ်နိုင်ချေများမှာ၊ ၁) ဗင်္ယာမိန် ဟုတ်မဟုတ် သေချာလိုသဖြင့် မေးခြင်းဖြစ်သည်။ သို့မဟုတ် ၂) ပြောလိုသောအရာ ထိရောက်စေရန် မေးခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဤသူကား ... သင်တို့ညီ ဖြစ်ပေမည်" (ရှု၊ figs_idiom)

ငါ့သား

မိမိထက် အဆင့်အတန်းနိမ့်သောသူကို ရင်းနှီးစွာ ညွှန်းခေါ်သော စကားဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လူငယ်" (UDB)

Genesis 43:30-31

အလျင်အမြန် ထသွားလေ၏

"အလျင်အမြန် ထွက်သွား၏"

ညီရင်းကိုမြင်ရ၍ ကြင်နာသောစိတ် ရှိသောကြောင့်

"ကြင်နာသောစိတ်" မှာ တစုံတခုကြောင့် စိတ်ခံစားမှု ပြင်းပြခြင်းကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိညီရင်းကြောင့် ကရုဏာဖြစ်သဖြင့်" (ရှု၊ figs_idiom)

အမိန့်ရှိ၏

မည်သူထံ ပြောဆိုကြောင်း တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အစေခံတို့အား အမိန့်ရှိ၏" (UDB) (ရှု၊ figs_explicit)

စားပွဲကို ပြင်ကြ

အစာစားရန် ပြင်ဆင်ခြင်းကို ဆိုလိုသည်။

Genesis 43:32-34

ယောသပ်ဘို့တပွဲ၊ အစ်ကိုတို့ဘို့တပွဲ၊ ယောသပ်နှင့်စားသော အဲဂုတ္တုလူတို့ဘို့တပွဲ အသီးအသီးတို့ကို ပြင်ကြ၏

ယောသပ်၊ အစ်ကိုများနှင့် အခြားအဲဂုတ္တုလူတို့က ခန်းမတခုတည်းတွင် သုံးနေရာ၌ သီးခြား စားသုံးကြသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယောသပ်ဖို့တပွဲ၊ အစ်ကိုတို့ဖို့တပွဲ၊ ယောသပ်နှင့်စားသော အဲဂုတ္တုလူတို့ဖို့တပွဲ အသီသီး ပြင်ပေးကြ၏"

ယောသပ်နှင့်စားသော အဲဂုတ္တုလူတို့ဘို့တပွဲ

အဲဂုတ္တု မှူးမတ်တချို့က ယောသပ်နှင့်အတူ ရှိသော်လည်း၊ သီးခြားစားပွဲတွင် ထိုင်ကြပေမည်။

အဲဂုတ္တုလူတို့သည် ဟေဗြဲလူတို့နှင့်အတူ မစားရ၊ ထိုအမှုကို အဲဂုတ္တုလူတို့သည် ရွံ့တတ်ကြ၏

အခြားသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုလူတို့က ဟေဗြဲလူတို့နှင့်အတူ စားခြင်းကို ဂုဏ်နိမ်သည်ဟု မှတ်သောကြောင့်၊ သူတို့နှင့်အတူ မစားကြ"

could not eat bread

Not applicable

ညီအစ်ကိုတို့သည် . . . ယောသပ်ရှေ့မှာ ထိုင်နေကြ၏

ညီအစ်ကိုတို့ ထိုင်ရမည့်နေရာကို ယောသပ် စီစဉ်ပေးကြောင်း ဆိုလိုသည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ညီအစ်ကိုတို့သည် ... စီစဉ်ပေးသော နေရာအသီးသီးတွင် ထိုင်ကြ၏" (ရှု၊ figs_explicit)

အကြီးမှစ၍ အငယ်တိုင်အောင် အရွယ်အလိုက်

အသက်အလိုက် နေရာချပေးကြောင်း ထင်ရှားစေရန် "အကြီး" နှင့် "အငယ်" ကို သုံးနှုန်းထားသည်။ (ရှု၊ figs_merism)

သူတို့သည် အချင်းချင်းကြည့်ရှု၍ အံ့ဩခြင်းရှိကြ၏

"အစ်ကိုတို့လည်း အံ့ဩခြင်းရှိကြ၏"

ဗင်္ယာန်မိန်ရသော အဘို့သည် အစ်ကိုတို့ရသောအဘို့ထက် ငါးဆများသတည်း

"ငါးဆ" ကို ယေဘုယသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဗင်္ယာမိန်၏ အဖို့သည် အစ်ကိုတို့အဖို့ထက် သာ၍ပိုများသတည်း"

Genesis 44

Genesis 44:1-2

ယေဘုယျ အချက်အလက်

အကြောင်းအရာတခု၏ အခန်းသစ်ကို အစဖွင့်ထားသည်။ ပွဲလုပ်ပြီး နောက်နေ့တွင် ဖြစ်နိုင်သည်။

ဝန်စာရေး

အိမ်တွင်းမှူးဖြစ်သည်။

လူတိုင်းဆိုင်သောငွေ

ငွေဒင်္ဂါးများ ဖြစ်နိုင်သည်။

မိမိတို့အိတ်ဝတွင်၎င်း

"မိမိတို့အိတ်တွင်၎င်း"

ငါငွေဖလား

"ငါ့ငွေဖလား"

အငယ်ဆုံးသောသူ၏ အိတ်ဝတွင်၎င်း

"ညီအငယ်ဆုံး" ဖြစ်ကြောင်း ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ညီအငယ်ဆုံး၏ အိတ်တွင်၎င်း" (ရှု၊ figs_ellipsis)

Genesis 44:3-5

နံနက်မိုဃ်းလင်းသောအခါ

"နံနက်အရုဏ်လင်းချိန်တွင်"

ထိုသူတို့ကို . . . လွှတ်လိုက်လေ၏

အပြုသဘောဖြင့် ဖော်ပြထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုသူတို့ကလည်း မြည်းများနှင့်တကွ ထွက်သွားလေ၏" (ရှု၊ figs_activepassive)

သင်တို့သည် ကျေးဇူးကို မကောင်းသောအမှုနှင့် အဘယ်ကြောင့် ဆပ်ကြသနည်း

ညီအစ်ကိုများကို ဆုံးမရန် မေးလိုက်ခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့အပေါ်ပြုသော ကျေးဇူးကို မကောင်းမှုနှင့် ဆပ်ကြပြီ" (ရှု၊ figs_rquestion)

ငါ့သခင်သောက်သော ဖလားမဟုတ်လော။ ထူးဆန်းသောဥာဏ်ကို ဖြစ်စေတတ်သော ဖလားမဟုတ်လော

ညီအစ်ကိုများကို ဆုံးမရန် မေးလိုက်ခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဗေဒင်ဟောရန် ငါ့သခင် သောက်သုံးသော ဖလားဖြစ်သည်ကို သင်တို့ သိကြ၏" (ရှု၊ figs_rquestion)

သင်တို့ပြုသော ဤအမှုသည် မကောင်းပါတကား

အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့သည် မကောင်းမှုဟူသော ဤအမှုကို ပြုလေပြီ" (ရှု၊ figs_parallelism)

Genesis 44:6-7

ပြောဆိုလေ၏

နှုတ်မှ ထွက်ဆိုသမျှကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယောသပ် စေခိုင်းသည်အတိုင်း ဆိုလေ၏"

ဤစကားကို သခင်သည် အဘယ်ကြောင့် ပြောပါသနည်း

ပြောသမျှကို ညွှန်းသည်။ အိမ်တွင်းမှူးကို "သခင်" ဟူ၍ ရိုသေစွာ ခေါ်ညွှန်းသည်။ မိမိထက် ကြီးမြတ်သူကို ခေါ်သော အသုံးအနှုန်းဖြစ်သည်။ ကြားနာသူနာမ်စားဖြင့် ညွှန်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်သည် ဤစကားကို အဘယ်ကြောင့် ပြောသနည်း" (ရှု၊ figs_metonymy နှင့် figs_123person)

ကိုယ်တော်ကျွန်တို့နှင့် ထိုသို့သောအမှု ဝေးပါ စေသတည်း

ညီအစ်ကိုတို့က မိမိတို့ကိုယ်ကို ညွှန်းသော အသုံးအနှုန်းဖြစ်သည်။ မိမိထက် ကြီးမြတ်သူရှေ့တွင် မိမိကိုယ်ကို ညွှန်းဆိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့သည် ထိုသို့သောအမှုကို မပြုပါ" (ရှု၊ figs_123person)

ကိုယ်တော်ကျွန်တို့နှင့် . . . ဝေးပါ စေသတည်း

မပြုမည့်အမှုကို မိမိနှင့် ဝေးရာသို့ ပို့နိုင်သည့် အရာကဲ့သို့ တင်စားထားသည်။ (ရှု၊ figs_metaphor)

Genesis 44:8-10

Look

Not applicable

ယမန်က အိတ်ဝတွင်တွေ့သော ငွေကို

"ယခင်က အိတ်ထဲတွင်တွေ့သော ငွေကို"

ခါနာန်ပြည်မှ ကိုယ်တော်ထံသို့ တဖန်ဆောင်ခဲ့ပါပြီ

"ခါနာန်ပြည်မှ ကိုယ်တော်ထံသို့ ပြန်ဆောင်ခဲ့ပါပြီ"

သို့ဖြစ်လျှင် ကိုယ်တော်၏သခင်အိမ်၌ ရွှေငွေကို အဘယ်ကြောင့် ခိုးရပါအံ့နည်း

အဲဂုတ္တု၏သခင်ထံမှ ဘယ်အရာမျှ မခိုးကြောင်း ထင်ရှားစေရန် မေးလိုက်ခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့ဖြစ်၍ ကိုယ်တော့်သခင်၏အိမ်၌ ဘယ်အရာမှ ခိုးမည်မဟုတ်ပါ" (ရှု၊ figs_rquestion)

ရွှေငွေ

ဥစ္စာပစ္စည်း တစုံတရာကို ညွှန်းဆိုခြင်းဖြစ်သည်။

ကိုယ်တော်၏ ကျွန်တို့တွင် မည်သူ၌တွေ့လျှင်

ညီအစ်ကိုများ မိမိတို့ကိုယ်ကို ညွှန်းဆိုခြင်းဖြစ်သည်။ မိမိထက် ကြီးမြတ်သူထံ မိမိကိုယ်ကို ညွှန်းဆိုခြင်းဖြစ်သည်။ ပြောဆိုသူနာမ်စားဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့ထံ တွေ့ပါလျှင်" (ရှု၊ figs_123person နှင့် figs_activepassive)

ကျွန်တော်တို့သည်လည်း သခင်၏ကျွန် ခံကြပါမည်

"သခင်" ဟူရာတွင် အိမ်တွင်းမှူးကို ညွှန်းသည်။ ကြာနာသူနာမ်စားဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်တော်တို့ကလည်း သင်၏ကျွန်အဖြစ် ခံကြပါမည်" (ရှု၊ figs_123person)

သင်တို့စကားအတိုင်း ဖြစ်စေ

အခြားသော ဘာသာပြန်ဆိုချက်၊ "ဟုတ်ပါပြီ။ သင်တို့ပြောသည်အတိုင်း ဖြစ်စေ" (ရှု၊ figs_metonymy)

သို့သော်လည်း မည်သူ၌တွေ့လျှင်၊ ထိုသူသည် ငါ့ကျွန်ဖြစ်စေ

အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သို့သော်၊ ဖလားကိုတွေ့လျှင်၊ ထိုအိတ်ပိုင်ရှင်သာ ငါ့ကျွန်ဖြစ်စေ" (ရှု၊ figs_activepassive)

Genesis 44:11-13

မိမိတို့အိတ်များကို မြေ၌ချ၍

"မိမိအိတ်မျာကို မြေ၌ချ၍"

အကြီး . . . အငယ်

အခြားသော ဘာသာပြန်ဆိုချက်၊ "အကြီးဆုံး ... အငယ်ဆုံး" (ရှု၊ figs_ellipsis)

အငယ်တိုင်အောင် ရှာသဖြင့် ဗင်္ယာမိန်အိတ်၌ ဖလားကိုတွေ့၏

သီးခြားဝါကျနှင့် အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အငယ်တိုင်အောင် ရှာ၏။ ထိုအခါ ဗင်္ယာမိန်အိတ်၌ တွေ့၏" (ရှု၊ figs_activepassive)

ထိုအခါ သူတို့သည် မိမိအဝတ်ကိုဆုတ်၍

"သူတို့" မှာ ညီအစ်ကိုတို့ကို ညွှန်းသည်။ ဝမ်းနည်းကြေကွဲမှုကို ပုံဆောင်သည်။ (ရှု၊ translate_symaction)

ပြန်သွားကြ၏

"ပြန်လှည့်ကြ၏"

Genesis 44:14-15

သူသည် အိမ်၌ရှိသေးသဖြင့်

"သူသည် အိမ်၌ရှိနေသေးသဖြင့်"

သူ့ရှေ့မှာ ပြပ်ဝပ်လျက်နေကြ၏

မိမိအပေါ် ညှာတာမှုရှိရန် တောင်းပန်မှုကို ပုံဆောင်သည်။ (ရှု၊ translate_symaction)

ငါကဲ့သို့သော ယောက်ျားသည် ထူးဆန်းသောဥာဏ် ရှိကြောင်းကို သင်တို့ မသိကြသလော

မိမိညီအစ်ကိုတို့ကို ဆုံးမရန် သုံးနှုန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါကဲ့သို့သူသည် မှော်တန်ခိုးဖြင့် အရာရာကို သိမြင်ကြောင်း တွေ့မြင်ခဲ့ပေပြီ" (ရှု၊ figs_rquestion)

Genesis 44:16-17

ကျွန်တော်တို့သည် သခင်အား အဘယ်စကားဖြင့် လျှောက်ရပါအံ့နည်း။ အဘယ်သို့ ပြောရပါအံ့နည်း။ ဤအမှုနှင့် အဘယ်သို့ လွတ်နိုင်ပါအံ့နည်း

ဤမေးခွန်း ၃ခုမှာ အဓိပ္ပါယ်တူသည်။ ဖြစ်ခဲ့သမျှအတွက် မရှင်းြနိုင်ကြောင်း ထင်ရှားစေရန် မေးလိုက်ခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်တော်တို့သည် သခင်အား လျှောက်စရာမရှိပါ။ ပြောနိုင်သောအရာမရှိပါ။ ဤအမှုမှ လွတ်နိုင်မည် မဟုတ်ပါ" (ရှု၊ figs_parallelism နှင့် figs_rquestion)

ကျွန်တော်တို့သည် သခင်အား အဘယ်စကားဖြင့် လျှောက်ရပါအံ့နည်း . . . သခင်၏ ကျွန်ဖြစ်ကြပါ၏

ယောသပ်ကို ညွှန်းဆိုသည်။ မိမိထက် ကြီးမြတ်သူထံ မိမိကိုယ်ကို ညွှန်းဆိုသောစကား ဖြစ်သည်။ ကြားနာသူနာမ်စားဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သခင့်ထံ အဘယ်စကားဖြင့် လျှောက်ရပါအံ့နည်း ... သခင်၏အစေခံများ ဖြစ်ကြပါ၏" (ရှု၊ figs_123person)

ကိုယ်တော် ကျွန်တော်တို့၏အပြစ်ကို ဘုရားသခင် စစ်၍တွေ့တော်မူပြီ

လက်ရှိအပြစ်ကို ညွှန်းခြင်း မဟုတ်ဘဲ၊ အတိတ်က ပြုမိသော အပြစ်အတွက် ဘုရားသခင်၏ စီရင်ခြင်းကို ခံရကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ကိုယ်တော့်ကျွန်တို့၏ အပြစ်ဟောင်းအတွက် စီရင်တော်မူပြီ"

ကိုယ်တော် ကျွန်တော်တို့၏အပြစ်

မိမိထက် ကြီးမြတ်သူရှေ့၌ မိမိကိုယ်ကို ညွှန်းဆိုသော အသုံးအနှုန်းဖြစ်သည်။ ပြောဆိုသူနာမ်စားဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့၏အပြစ်" (ရှု၊ figs_123person)

အကြင်သူ၌ ဖလားတော်ကိုတွေ့၏

အခြားသော ဘာသာပြန်ဆိုချက်၊ "ဖလားတော်ကို စစ်ဆေး၍ တွေ့လျှင်" (ရှု၊ figs_synecdoche နှင့် figs_activepassive)

ထိုသို့ ငါမပြုရ

အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုကဲ့သို့ ငါပြုမည်မဟုတ်" (ရှု၊ figs_synecdoche နှင့် figs_activepassive)

အကြင်သူ၏လက်၌ ငါ့ဖလားကို တွေ့၏

"လက်" က လူတယောက်လုံးကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ဖလားကို အကြင်သူ၌ တွေ့လျှင်" (ရှု၊ figs_synecdoche နှင့် figs_activepassive)

Genesis 44:18-19

ချဉ်းကပ်လျက်

"အနားကပ်လျက်"

ကိုယ်တော်ကျွန်သည်

ကြီးမြတ်သူရှေ့၌ မိမိကိုယ်ကို ညွှန်းဆိုခြင်း ဖြစ်သည်။ ပြောဆိုသူနာမ်စားဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော့်ကျွန် အကျွန်ုပ်အား" (ရှု၊ figs_123person)

စကားတခွန်းဖြင့် နားတော် လျှောက်ရသောအခွင့်ကို ပေးတော်မူပါ

"စကား" က ပြောသမျှကို ညွှန်းသည်။ "နားတော်" က လူတယောက်လုံးကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သခင့်အား လျှောက်တင်ရသောအခွင့်ကို ပေးတော်မူပါ" (ရှု၊ figs_metonymy နှင့် figs_synecdoche)

in my master's ears

Not applicable

ကိုယ်တော်ကျွန်၌ အမျက်ထွက်တော်မမူပါနှင့်

ဒေါသဖြစ်ကြောင်းကို မီးလျှံထွက်သကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော့်ကျွန် အကျွန်ုပ်အား အမျက်ထားတော် မမူပါနှင့်" (ရှု၊ figs_metaphor)

ကိုယ်တော်သည် ဖါရောဘုရင်ကဲ့သို့ ဖြစ်တော်မူ၏

ဖါရောမင်းကဲ့သို့ ဩဇာရှိကြောင်း ထင်ရှားစေရန် ခိုင်းနှိုင်းခြင်း ဖြစ်သည်။ မိမိတို့အပေါ် အမျက်တော်ရှိ၍ ကွပ်မျက်နိုင်သော အာဏာရှိကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော်သည် ဖါရောမင်းကဲ့သို့ အကျွန်ုပ်ကို ကွပ်မျက်ရန် အမိန့်ပေးနိုင်သောတန်ခိုး ရှိပါ၏" (ရှု၊ figs_explicit)

သခင်က၊ သင်တို့သည် အဘရှိသလော။ ညီရှိသလောဟု ကျွန်တော်တို့အား မေးတော်မူလျှင်

ဆိုခဲ့သောစကားကို ပြန်လည်ကိုးကားထားသည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သခင်က အကျွန်ုပ်တို့၌ ဖခင်သော်၎င်း၊ ညီသော်၎င်း ရှိသလောဟု မေးခဲ့စဉ်တွင်" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

သခင်က . . . ဟု ကျွန်တော်တို့အား မေးတော်မူလျှင်

အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်သခင်က ... ဟု ကျွန်တော်မျိုးတို့အား မေးတော်မူလျှင်" "သခင်က ... ဟု မေးတော်မူလျှင်" (ရှု၊ figs_123person)

Genesis 44:20-22

ယေဘုယျ အချက်အလက်

ယုဒက ယောသပ်ထံ ဆက်လက် လျှောက်တင်သည်။

ကျွန်တော်တို့က၊ ကျွန်တော်တို့အဘ . . . ထိုကြောင့် သူ၏အဘသည် သူ့ကို ချစ်ပါ၏ဟု သခင်အား ပြန်လျှောက်လေသော်

ဆိုခဲ့သောစကားကို ပြန်လည်ကိုးကားထားသည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်တော်တို့ကလည်း ဖခင် ... ထို့ကြောင့် ဖခင်သည် သူ့ကို ချစ်ပါကြောင်း သခင်အား ပြန်လျှောက်လေသော်" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

ကျွန်တော်တို့က . . . ဟု သခင်အား ပြန်လျှောက်လေသော်

"သခင်" ဟူရာတွင် ယောသပ်ကို ညွှန်းသည်။ ကြီးမြတ်သူကို ညွှန်းခေါ်သော အသုံးအနှုန်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်တော်တို့က ... ဟု ကျွန်ုပ်သခင်အား ပြန်လျှောက်လေသော်" (ရှု၊ figs_123person)

သူ၏အဘသည် သူ့ကို ချစ်ပါ၏

မိသားစု ချစ်ခြင်းမေတ္တာကို ညွှန်းသည်။

ကိုယ်တော်က၊ ထိုသူကို ငါကြည့်ရှုရအောင် ငါ့ထံသို့ခေါ်ခဲ့ကြဟု ကိုယ်တော်ကျွန်တို့အား မိန့်တော်မူ၏

ဆိုခဲ့သောစကားကို ပြန်လည်ကိုးကားထားသည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော်က၊ အကျွန်ုပ်တို့ညီငယ်ကို ကြည့်ရှုဖို့ငှါ ခေါ်ခဲ့ကြရန် ကိုယ်တော့်ကျွန်တို့အား မိန့်တော်မူ" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

ကိုယ်တော်က . . . ဟု ကိုယ်တော်ကျွန်တို့အား မိန့်တော်မူ၏

အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော်က ... ဟု ကိုယ်တော့်ကျွန် ကျွန်ုပ်တို့အား မိန့်တော်မူ၏" (ရှု၊ figs_123person)

ငါ့ထံသို့ခေါ်ခဲ့ကြ

အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ထံသို့ ဆောင်ခဲ့ကြ" (ရှု၊ figs_explicit)

ကျွန်တော်တို့က ထိုသူငယ်ကို အဘနှင့် မခွါနိုင်ပါ။ အဘနှင့်ခွါလျှင် အဘသေပါလိမ့်မည်ဟု သခင်အား လျှောက်လေသော်လည်း

ဆိုခဲ့သောစကားကို ပြန်လည်ကိုးကားထားသည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုအခါ ညီငယ်ကို အဖနှင့်မခွါနိုင်၊ သို့မဟုတ် ဖခင်သေမည်အကြောင်း သခင်အား လျှောက်ပါသော်လည်း" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

အဘသေပါလိမ့်မည်

ဝမ်းနည်းမှုကြောင့် သေမည်ဟု ဆိုလိုသည်။ (ရှု၊ figs_explicit)

Genesis 44:23-26

ယေဘုယျ အချက်အလက်

ယုဒက ယောသပ်ထံ ဆက်လက် လျှောက်တင်သည်။

ကိုယ်တော်က၊ သင်တို့ညီမပါလျှင် သင်တို့သည် ငါ့မျက်နှာကို နောက်တဖန်မမြင်ရဟု ကိုယ်တော်ကျွန်တို့အား မိန့်တော်မူ၏

ဆိုခဲ့သောစကားကို ပြန်လည်ကိုးကားထားသည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ညီငယ်မပါလျှင် ကိုယ်တော့်မျက်နှာကို တဖန်မြင်ရမည် မဟုတ်ကြောင်း ကျွန်တော်မျိုးတို့ထံ မိန့်တော်မူ၏" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

ကိုယ်တော်က . . . ဟု ကိုယ်တော်ကျွန်တို့အား မိန့်တော်မူ၏

အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော်က ... ဟု ကိုယ်တော့်ကျွန် ကျွန်ုပ်တို့အား မိန့််တော်မူ၏" (ရှု၊ figs_123person)

comes down ... go down

Not applicable

သင်တို့သည် ငါ့မျက်နှာကို နောက်တဖန်မမြင်ရ

"မျက်နှာ" က လူတယောက်လုံးကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့သည် ငါနှင့် နောက်တဖန် မတွေ့ရ" (ရှု၊ figs_synecdoche)

ထိုနောက်

အကြောင်းအရာတခု၏ အခန်းသစ်ကို အစဖွင့်ထားသည်။ ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းဖြင့် ဖော်ပြနိုင်သည်။ (ရှု၊ writing_newevent)

we went up to your servant my father

Not applicable

သခင်စကားတော်ကို အဘအား ပြန်ကြားပါ၏

အခြားသော ဘာသာပြန်ဆိုချက်၊ "သခင့်အမှာစကားကို ဖခင်ထံ ကြားပြောပါ၏" (ရှု၊ figs_123person and figs_metonymy)

ကျွန်တော်တို့အဘကလည်း၊ တဖန်သွား၍ ငါတို့ စားစရာ အနည်းငယ်ကို ဝယ်ကြပါဟု ဆိုသောအခါ

ဆိုခဲ့သောစကားကို ပြန်လည်ကိုးကားထားသည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့အဖကလည်း စားစရာ အနည်းငယ်ကို တဖန်ဝယ်ရန် ဆိုသောအခါ" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

ကျွန်တော်တို့က၊ အကျွန်ုပ်တို့သည် မသွားနိုင်ပါ။ ညီပါလျှင်သွားနိုင်ပါ၏။ ညီမပါလျှင် . . . ဟု ပြန်ပြောပါ၏

ဆိုခဲ့သောစကားကို ပြန်လည်ကိုးကားထားသည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်တော်တို့က၊ အဲဂုတ္တုပြည်သို့ မသွားနိုင်ကြောင်း။ ညီငယ်ပါမှသာ သွားမည်အကြောင်း။ ညီမပါလျှင် ... ကြောင်း စသည်ဖြင့် ပြန်ပြောပါ၏" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

ထိုသူ၏ မျက်နှာကိုမမြင်ရပါ

"မျက်နှာ" က လူတယောက်လုံးကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုသူကို မမြင်ရပါ" (ရှု၊ figs_synecdoche)

Genesis 44:27-29

ယေဘုယျ အချက်အလက်

ယုဒက ယောသပ်ထံ ဆက်လက် လျှောက်တင်သည်။

သင်တို့သိသည်အတိုင်း ငါ့မယားသည် ငါ့အား သားနှစ်ယောက်ကို ဘွား၏။ တယောက်ကား ငါ့ထံမှ ထွက်သွား၏။ အကယ်စင်စစ် သူသည် အပိုင်းအပိုင်း ကိုက်ဖြတ်ခြင်းကို ခံရပါပြီတကားဟု ငါဆိုရ၏။ ထိုကာလမှစ၍ သူ့ကို ငါမမြင်ရ။ ဤသူကိုလည်း ငါ့ထံမှယူသွား၍ သူ၌ ဘေးရောက်လျှင်၊ သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်ဟု ကျွန်တော်တို့အား ဆိုပါ၏

နှစ်ဆင့်နှင့် သုံးဆင့်ထိ ကိုးကားချက်ကို တွေ့ရသည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့ သိသည်အတိုင်း၊ အဖမယား ရာခေလ၌ သားနှစ်ယောက် ဖွား၏။ တယောက်မှာ ဆုံးသွားပါပြီ။ အကယ်စင်စစ် သားရဲ၏ အပိုင်းပိုင်း ကိုက်ဖြတ်ခြင်းကို ခံရကြောင်း အဖဆိုပါ၏။ သို့ဖြင့် ထိုညီကို မမြင်ရတော့ပါ။ ယခု ဤညီငယ်ကိုလည်း သူ့ထံမှ ယူသွားခဲ့ရာ ဘေးရောက်လျှင်၊ ကျွန်ုပ်ဖခင်ကို ဝမ်းနည်းခြင်းကြောင့် မရဏာနိုင်သို့ ရောက်စေလိမ့်မည်ဖြစ်ကြောင်း ကျွန်တော်တို့ထံ ဆိုပါ၏" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

ဟု ကျွန်တော်တို့အား ဆိုပါ၏

ယောသပ်မှလွဲ၍ ညီအစ်ကိုအားလုံး ပါဝင်သည်။ (ရှု၊ figs_exclusive)

သင်တို့သိသည်အတိုင်း

ညီအစ်ကိုတို့ကို ညွှန်းသော အများကိန်းညွှန်းနာမ်စားဖြစ်သည်။ (ရှု၊ figs_you)

သူသည် အပိုင်းအပိုင်း ကိုက်ဖြတ်ခြင်းကို ခံရပါပြီတကား

အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သားရဲက သူ့ကို အပိုင်းကိုက်ဖြတ်ပါပြီတကား" (ရှု၊ figs_activepassive)

သူ၌ ဘေးရောက်လျှင်

ဘေးဒုက္ခဖြစ်ကြောင်းကို ရောက်လာနိုင်သော အရာကဲ့သို့ တင်စားထားသည်။ (ရှု၊ figs_metaphor)

သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်

"သက်ရောက်" ဟူရာတွင် မရဏာနိုင်ငံ ခေါ် ရှေဩလပြည်သို့ ‌ဆင်းသက်စေမည်ဟု အဓိပ္ပါယ်ရသည်။ မရဏာနိုင်ငံမှာ မြေအောက်တွင် ရှိသည်ဟူသော အတွေးအခေါ်ကြောင့် ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့သည် အိုမင်းသောငါ့ကို ဝမ်းနည်းခြင်းနှင့်တကွ သေစေလိမ့်မည်" (ရှု၊ figs_idiom)

ငါ့ဆံပင်ဖြူ

အိုပြီဖြစ်သော ယာကုပ်ကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အိုမင်းသောငါ" (ရှု၊ figs_synecdoche)

Genesis 44:30-32

Now

Not applicable

သို့ဖြစ်၍ ကျွန်တော်သည် . . . ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြပါလိမ့်မည်

ဗင်္ယာမိန် မပါလျှင် ဖြစ်လာနိုင်မည့် အခြေအနေကို သုံးသပ်တင်ပြခြင်း ဖြစ်သည်။ (ရှု၊ figs_hypo)

ကျွန်တော်သည် ကိုယ်တော်ကျွန်၊ ကျွန်တော်အဘထံသို့ ရောက်သောအခါ

"ရောက်" ကို "သွား" သို့မဟုတ် "ပြန်" ဟူ၍လည်း ပြန်ဆိုနိုင်သည်။

သူငယ်မပါလျှင်

"လုလင်မပါလျှင်"

အဘ၏အသက်သည် သူငယ်၏အသက်၌ မှီလျက်ရှိသောကြောင့်

သူငယ်မရှိလျှင် ဖခင်သေမည်အကြောင်းကို အသက်နှစ်ခု ဆက်နွယ်နေသကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ညီငယ်နှင့် အသက်ချင်း ဆက်ထားသောကြောင့်" (ရှု၊ figs_metaphor)

it will come about

Not applicable

ကိုယ်တော်ကျွန်တော်တို့သည်၊ ကိုယ်တော်ကျွန် တည်းဟူသော ကျွန်တော်တို့အဘ ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြပါလိမ့်မည်

"သက်ရောက်" ဟူရာတွင် မရဏာနိုင်ငံ ခေါ် ရှေဩလပြည်သို့ ‌ဆင်းသက်စေမည်ဟု အဓိပ္ပါယ်ရသည်။ မရဏာနိုင်ငံမှာ မြေအောက်တွင် ရှိသည်ဟူသော အတွေးအခေါ်ကြောင့် ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်တော်မျိုးတို့သည်၊ ကိုယ်တော့်ကျွန် ကျွန်ုပ်တို့အဖကို ဝမ်းနည်းခြင်းကြောင့် သေစေကြပါလိမ့်မည်" (ရှု၊ figs_idiom)

ကိုယ်တော်ကျွန်တော်တို့

ကြီးမြတ်သူရှေ့၌ မိမိကိုယ်ကို ညွှန်းဆိုသော အသုံးအနှုန်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော့်ကျွန် အကျွန်ုပ်တို့" သို့မဟုတ် "ကျွန်တော်မျိုးတို့" (ရှု၊ figs_123person)

ကိုယ်တော်ကျွန် တည်းဟူသော ကျွန်တော်တို့အဘ ဆံပင်ဖြူ

"ဆံပင်ဖြူ" က ယာကုပ်နှင့် အိုမင်းသော သူ၏အသက်ကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော့်ကျွန် တည်းဟူသော အိုမင်းသော ကျွန်ုပ်တို့အဖ" (ရှု၊ figs_synecdoche)

ကိုယ်တော်ကျွန်က . . . အဘထံမှာ သူငယ်၏အာမခံ ဖြစ်ပါ၏

စိတ္တဇနာမ် "အာမခံ" ကို ကြိယာပုဒ် "ကတိပေး" ဖြင့် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော့်ကျွန်က ... ဖခင်အား ကတိပေးခဲ့ပါပြီ" (ရှု၊ figs_abstractnouns)

ကိုယ်တော်ကျွန်

ယုဒက မိမိကိုယ်ကို ညွှန်းဆိုထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော့်ကျွန် အကျွန်ုပ်" သို့မဟုတ် "ကျွန်တော်မျိုး" (ရှု၊ figs_123person)

အဘရှေ့မှာ အပြစ်ကိုခံပါစေ

"အပြစ်ကိုခံ" ဟူ၍ အပြစ်တရားကို လူတယောက် သယ်နိုင်သကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖခင်၏ အပြစ်တင်ခြင်းကို ခံပါမည်" (ရှု၊ figs_metaphor)

Genesis 44:33-34

Now

Not applicable

ကိုယ်တော်ကျွန်

ယုဒက မိမိကိုယ်ကို ညွှန်းဆိုခြင်း ဖြစ်သည်။ ကြီးမြတ်သူရှေ့၌ မိမိကိုယ်ကို ညွှန်းဆိုသော အသုံးအနှုန်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော့်ကျွန် အကျွန်ုပ်" သို့မဟုတ် "ကျွန်တော်မျိုး" (ရှု၊ figs_123person)

သခင်ထံ

ယောသပ်ကို ခေါ်ညွှန်းခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်၏သခင်" သို့မဟုတ် "ကိုယ်တော့်ထံ" (ရှု၊ figs_123person)

let the boy go up

Not applicable

သူငယ်သည် ကျွန်တော်၌ မပါလျှင်၊ ကျွန်တော် အဘထံသို့ အဘယ်သို့ ကျွန်တော်သွားနိုင်ပါမည်နည်း

ဗင်္ယာမိန် ပြန်မသွားလျှင် ဝမ်းနည်းပူဆွေးသဖြင့် အထက်ပါအတိုင်း ပြုနိုင်မည်မဟုတ်ကြောင်း ထင်ရှားစေရန် မေးလိုက်ခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်တော်နှင့်အတူ ညီငယ် မပါလျှင်၊ ဖခင်ထံ ပြန်သွားနိုင်မည် မဟုတ်ပါ" (ရှု၊ figs_rquestion)

သို့ပြုလျှင် ကျွန်တော်အဘ၌ ရောက်လတံ့သော ဘေးဥပဒ်ကို ကျွန်တော်မြင်ရပါလိမ့်မည်တကား

ဘေးဥပါဒ်ကို တစုံတယောက်အပေါ် သက်ရောက်နိုင်သကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်တော့်ဖခင် ခံရမည့် သောကဝေဒနာကို မမြင်ဝံ့ပါ" (ရှု၊ figs_metaphor)

Genesis 45

Genesis 45:1-3

ဣန္ဒြေကို မချုပ်တည်းနိုင်သောကြောင့်

စိတ်ခံစားချက်ကို မချုပ်တီးနိုင်ကြောင်း ဆိုလိုသည်။ အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဣန္ဒြေကို မထိန်းနိုင်သောကြောင့်"

မိမိထံ၌

"မိမိအနား"

နန်းတော်

နန်းတွင်းသားများအားလုံးကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နန်းတွင်းသားများရှိရာ" (ရှု၊ figs_metonymy)

သူ့ရှေ့မှာ မိန်းမောတွေဝေလျက် နေကြ၏

"သူ့ရှေ့မှာ ထိတ်လန့်လျက် ရှိကြ၏"

Genesis 45:4-6

အဲဂုတ္တုပြည်သို့ ရောင်းလိုက်သော

ပို၍တိကျစွာ ဖော်ပြနိုင်သည်။ အခြာသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုသို့ ကျွန်အဖြစ် ကုန်သည်များထံ ရောင်းလိုက်သော" (ရှု၊ figs_explicit)

စိတ်မညှိုးငယ်ကြနှင့်

"ဝမ်းနည်းခြင်းမရှိကြနှင့်" သို့မဟုတ် "သောကမဖြစ်ကြနှင့်"

သင်တို့သည် ကျွန်ုပ်ကို ဤအရပ်သို့ ရောင်းလိုက်မိသောကြောင့်

ပို၍တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်ကို အဲဂုတ္တုပြည်သို့ ကျွန်အဖြစ် ရောင်းမိသောကြောင့်" (ရှု၊ figs_explicit)

လူတို့အသက်ကို စောင့်မစေခြင်းငှါ

အစာခေါင်းပါးခြင်းကြောင့် သေသွားရမည်ဖြစ်သော်လည်း ယောသပ်အားဖြင့် ရှင်သွားကြသူများကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အသက်များစွာကို ကယ်မခြင်းငှါ" (ရှု၊ figs_metonymy)

လယ်လုပ်ခြင်း၊ စပါးရိတ်ခြင်းကို မပြုရသောနှစ် ငါးနှစ်ရှိသေး၏

"လယ်လုပ်၍ စပါးရိတ်ခြငး မပြုနိုင်သောနှစ် ငါးနှစ်ရှိသေး၏။" "လယ်လုပ်ခြင်း၊ စပါးရိတ်ခြင်း မပြုရသော" ဟူရာတွင် မိုးခေါင်ရေရှားသဖြင့် စပါးမထွက်နိုင်ကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နောက်ထပ် ငါးနှစ် အစာခေါင်းပါးအုံးမည်" (ရှု၊ figs_metonymy)

Genesis 45:7-8

သင်တို့ကို မြေကြီးပေါ်မှာ ကျန်ကြွင်းစေခြင်းငှါ၎င်း

"သင်တို့ တအိမ်သားလုံးကို အစာခေါင်းပါးခြင်းဒဏ် မခံရစေခြင်းငှါ၎င်း" သို့မဟုတ် "သင်တို့ မျိုးဆက် ရှင်ကျန်စေခြင်းငှါ၎င်း" (UDB)

ကြီးစွာသော ကယ်တင်ခြင်းအားဖြင့် သင်တို့အသက်ကို ချမ်းသာစေခြင်းငှါ၎င်း

စိတ္တဇနာမ် "ကယ်တင်ခြင်း" ကို ကြိယာပုဒ်ဖြင် အစားသွင်းနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့အသက်ကို ချမ်းသာစေခြင်းငှါ ကြီးမားသောနည်းလမ်းဖြင့် ကယ်တင်မည်ကို၎င်း" (ရှု၊ figs_abstractnouns)

ကျွန်ုပ်ကို ဖါရောဘုရင်၏ အဘအရာ၌၎င်း

ဖါရောမင်းကို အကြံပေးသောသူ ဖြစ်သောကြောင့် ဖါရောမင်း၏ဖခင်ကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်ကို ဖါရောမင်း၏ အကြံပေးအရာ၌၎င်း" သို့မဟုတ် "ကျွန်ုပ်ကို ဖါရောမင်း၏ အကြံပေး မှူးမတ်အရာ၌၎င်း" (ရှု၊ figs_metaphor)

နန်းတော်အုပ်အရာ၌၎င်း

နန်းတွင်းသားအားလုံး ပါဝင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နန်းတွင်းသားများအပေါ်၌၎င်း" သို့မဟုတ် "နန်းတော်တခုလုံးအပေါ်၌၎င်း" (ရှု၊ figs_metonymy)

အဲဂုတ္တုပြည်လုံးကို အုပ်စိုးသောသခင်အရာ၌၎င်း

အဲဂုတ္တုပြည်သားအားလုံးလည်း ပါဝင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုပြည်သားအားလုံးကို အုပ်စိုးသောသခင်အရာ၌၎င်း" (ရှု၊ figs_metonymy)

အုပ်စိုးသောသခင်

အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းပြီးနောက် ဒုတိယအကြီးဆုံး ဖြစ်ကြောင်း ဆိုလိုသည်။ ၎င်းကို ရှင်းလင်းစွာ ဖော်ပြနိုင်သည်။ (ရှု၊ figs_explicit)

Genesis 45:9-11

အဘထံသို့ သွားကြလော့

အခြားသော ဘာသာပြန်ဆိုချက်၊ "အဖထံသို့ ပြန်ကြလော့"

အဘအားလည်း၊ သားယောသပ်က . . . ဟု ပြောကြလော့

သုံးဆင့် ကိုးကားထားသည်။ နှစ်ဆင့်ဖြင့် ကိုးကားချက်ကို လျှော့ချနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဖထံ၊ ... ဟု ကျွန်ုပ်ဆိုကြောင်း ပြောကြလော့" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

ကျွန်ုပ်ထံသို့လာပါ

အဲဂုတ္တုပြည်မှာ ခါနာန်ပြည်ထက် မြေနေရာ ပိုနိမ့်သဖြင့် "ဆင်း" ဟု ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်ထံသို့ ဆင်းလာပါ"

ဆင်းရဲခြင်းသို့ ရောက်ကြလိမ့်မည်

ဆင်းရဲခြင်းမှာ သွား၍ရသော အရပ်ကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဆင်းရဲကြလိမ့်မည်" သို့မဟုတ် "ငတ်ပြတ်ကြလိမ့်မည်" (ရှု၊ figs_metaphor)

Genesis 45:12-13

သင်တို့မျက်စိ၊ ကျွန်ုပ်ညီ ဗင်္ယာမိန်မျက်စိ အမြင်သားဖြစ်၏

"မျက်စိ" က လူတယောက်လုံးကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဗင်္ယာမိန်အပါအဝင် သင်တို့အားလုံး မြင်ခဲ့လေပြီ" (ရှု၊ figs_synecdoche)

ကျွန်ုပ်သည် ကိုယ်တိုင်သင်တို့နှင့် နှုတ်ဆက်သည်ကို

"နှုတ်" က လူတယောက်လုံးကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်ယောသပ် ကိုယ်တိုင် သင်တို့နှင့် ပြောဆိုသည်ကို" (ရှု၊ figs_synecdoche)

အဲဂုတ္တုပြည်၌ ကျွန်ုပ်ရသော ဘုန်းစည်းစိမ်း

"အဲဂုတ္တုပြည်သားတို့၏ ရိုသေချီးမြှောက်မှု"

အဘကို ဤပြည်သို့ ဆောင်ခဲ့ရမည်

အခြားသော ဘာသာပြန်ဆိုချက်၊ "အဖကို ကျွန်ုပ်ထံသို့ ဆောင်ခဲ့ရမည်"

Genesis 45:14-15

ညီဗင်္ယာမိန် လည်ပင်းကိုဘက်၍ ငိုလေ၏။ ဗင်္ယာမိန်သည်လည်း သူ၏လည်ပင်း၌ ငိုလေ၏

"ညီဗင်္ယာမိန် လည်ပင်းကို ဖက်၍၊ နှစ်ယောက်လုံး ငိုကြ၏"

တဖန် အစ်ကိုရှိသမျှတို့ကို နမ်း၍

ရှေးခေတ် အရှေ့အလယ်ပိုင်းဒေသ၏ နှုတ်ဆက်သော ဓလေ့ဖြစ်သည်။ ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းဖြင့် ဖော်ပြနိုင်သည်။

သူတို့နှင့် ငိုသောနောက်

အစ်ကိုတို့အား နမ်းရင်း ငိုခြင်းဖြစ်သည်။

အချင်းချင်း နှုတ်ဆက်ကြ၏

အစပိုင်းတွင် စကားမပြောနိုင်ခဲ့ကြ။ သို့သော် ယခုတွင် လွတ်လပ်စွာ စကားပြောကြသည်။ ၎င်းကို တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ညီအစ်ကိုများအားလုံး လွတ်လပ်စွာ စကားပြောကြ၏" (ရှု၊ figs_explicit)

Genesis 45:16-18

ယောသပ်အစ်ကိုတို့သည် ရောက်လာကြပြီဟု နန်းတော်၌ သိတင်းကြား၍

ဆိုခဲ့သောစကားကို ပြန်လည်ကိုးကားထားသည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယောသပ်အစ်ကိုတို့ ရောက်လာကြောင်း နန်းတွင်းသားတို့ ကြားသိ၍" (ရှု၊ figs_quotesinquotes နှင့် figs_quotations နှင့် figs_activepassive)

နန်းတော်

ဖါရောမင်း၏ နန်းတော်ကို ညွှန်းသည်။

သင်၏အစ်ကိုတို့အား အဘယ်သို့ ပြောရမည်နည်းဟူမူကား၊ သင်တို့သည် ဤသို့ပြုကြလော့။ မြည်းတို့ကို ဝန်တင်၍ ခါနာန်ပြည်သို့ ပြန်သွားသဖြင့်၊ သင်တို့အဘနှင့် အိမ်သူအိမ်သားတို့ကိုယူ၍ ကျွန်ုပ်ထံသို့ လာကြလော့။ အဲဂုတ္တုပြည်၏စည်းစိမ်းကို ငါပေး၍၊ သင်တို့သည် မြေဩဇာကိုသာ စားရကြလိမ့်မည်

ဆိုစကားကို ကိုးကားထားသည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်၏အစ်ကိုတို့ထံ သူတို့ မြည်းများကို ဝန်တင်၍ ခါနာန်ပြည်သို့ပြန်ပြီး၊ ဖခင်နှင့်အိမ်သားတို့ကို ခေါ်လာရန် ပြောလော့။ ရောက်လာသောအခါ၊ သူတို့အား အဲဂုတ္တုပြည်၏ အကောင်းဆုံးမြေကို ငါပေး၍၊ အကောင်းဆုံးအစာကို စားရမည်အကြောင်း ကြားပြောလော့" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

အဲဂုတ္တုပြည်၏စည်းစိမ်းကို ငါပေး၍

"အဲဂုတ္တုပြည်၏ အကောင်းဆုံးမြေကို ငါပေး၍"

သင်တို့သည် မြေဩဇာကိုသာ စားရကြလိမ့်မည်

အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့သည် အကောင်းဆုံးအစာကိုသာ စားရကြလိမ့်မည်" (ရှု၊ figs_metaphor)

Genesis 45:19-20

ယေဘုယျ အချက်အလက်

အစ်ကိုတို့ထံ ပြောရမည့်စကားကို ဖါရောမင်း ဆက်လက်မိန့်မှာသည်။

Now

Not applicable

အမိန့်တော်ရှိသည်ဖြစ်၍ ဤသို့ပြုကြလော့။ သင်တို့မိန်းမများ၊ သူငယ်များဘို့၊ အဲဂုတ္တုပြည်ထဲက လှည်းတို့ကို ယူပြီးလျှင် အဘကိုဆောင်၍ လာခဲ့ကြလော့။ သင်တို့ဥစ္စာများကို မနှမြောကြနှင့်။ အဲဂုတ္တုပြည်၏ စည်းစိမ်ရှိသမျှသည် သင်တို့ဥစ္စာဖြစ်၏

ဆိုစကားကို ကိုးကားထားသည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အမိန့်တော်အတိုင်း ပြုလော့။ သူတို့မယားနှင့် သားသမီးများနှင့် ဖခင်ကို ဆောင်ရန် အဲဂုတ္တုပြည်၏ လှည်းတို့ကို ပေးလော့။ ပိုင်သမျှဥစ္စာများကို နှမြောခြင်း မရှိရန်လည်း မှာထားလော့။ အဲဂုတ္တုပြည်၏ အကောင်းဆုံးစည်းစိမ်အားလုံးကို သူတို့အား ငါပေး၏" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

အမိန့်တော်ရှိသည်ဖြစ်၍ ဤသို့ပြုကြလော့

အပြုသဘောဖြင့် ဖော်ပြထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်အား အမိန့်ပေးခဲ့ပြီ" (ရှု၊ figs_activepassive)

လှည်းတို့ကို ယူပြီးလျှင်

"လှည်း" ဟူရာတွင် ဘီးနှစ်ခု သို့မဟုတ် လေးခု စသည်ဖြင့် တပ်ထားသော တိရစ္ဆာန်တွန်းလှည်းမျိုးကို ညွှန်းသည်။

Genesis 45:21-23

လမ်းခရီး၌ စားစရိတ်များကို၎င်း ပေး၏

"ခရီးစရိတ်များကို၎င်း ပေး၏"

အစ်ကိုရှိသမျှတို့အားလည်း အဝတ်လဲစရာဘို့ပေး၏

အဝတ် ၅ ထည်ရသော ဗင်္ယာမိန်မှအပ အစ်ကိုအားလုံးက အဝတ်ကို တယောက်လျှင် တစ်ထည်စီ ရရှိကြသည်။ (ရှု၊ figs_explicit)

အကျပ်သုံးရာ

"ဒင်္ဂါး ၃၀၀" (ရှု၊ translate_numbers)

မြည်းတဆယ် . . . မြည်းတဆယ်

မြည်းများမှာလည်း ညီအစ်ကိုရရှိသော လက်ဆောင်တွင် ပါဝင်သည်။ (ရှု၊ figs_explicit)

Genesis 45:24-26

ရန်မတွေ့ကြနှင့်

ဖြစ်နိုင်ချေများမှာ၊ ၁) "ရန်မဖြစ်ကြနှင့်" သို့မဟုတ် ၂) "စိုးရိမ်ခြင်းမရှိကြနှင့်"

went up out of Egypt

Not applicable

အဲဂုတ္တုပြည်လုံးကို အုပ်စိုးရ၏

အဲဂုတ္တုပြည်သားတို့ကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုပြည်သားတို့သခင် ဖြစ်၏" (ရှု၊ figs_metonymy)

စိတ်နှလုံးလျော့၏

"စိတ်" လူတယောက်လုံးကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အံ့ဩခြင်းရှိ၏" သို့မဟုတ် "အလွန်အံ့ဩလေ၏ (ရှု၊ figs_synecdoche)

သူတို့စကားကို မယုံနိုင်

"သူတို့စကားကို လက်မခံနိုင်"

Genesis 45:27-28

သူတို့သည်လည်း . . . ပြန်ပြောကြ၏

"သူတို့ကလည်း ... ယာကုပ်ထံ ကြားပြော၏"

ယောသပ် ပြောသမျှသော စကားတို့

အခြားသော ဘာသာပြန်ဆိုချက်၊ "ယောသပ် မှာထားသည့်အတိုင်း" (ရှု၊ figs_metonymy)

စိတ်နှလုံး အားဖြည့်ပြန်၏

"စိတ်နှလုံး" က ဝိညာဉ်ကို ကိုစားပြုပြီး လူတယောက်လုံးကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ပြန်လည် ခွန်အားဖြစ်လေ၏" သို့မဟုတ် "နိုးကြားတက်ကြွလေ၏" (ရှု၊ figs_synecdoche)

Genesis 46

Genesis 46:1-4

ဗေရရှေဘအရပ်သို့ ရောက်လျှင်

"ဗေရရှေဘအရပ်သို့ ရောက်သော်"

အကျွန်ုပ်ရှိပါသည်

"မိန့်တော်မူပါ ဘုရား"

အဲဂုတ္တုပြည်သို့ သွားရမည်အခွင့်ကို

အဲဂုတ္တုပြည်မှာ ခါနာန်ပြည်ထက် မြေနေရာနိမ့်သဖြင့် "ဆင်းသွား" ဟုလည်း ဖော်ပြနိုင်သည်။

သင့်ကို လူမျိုးကြီးဖြစ်စေမည်

ယာကုပ်ကို ညွှန်းသော အနည်းကိန်းညွှန်းနာမ်စား ဖြစ်သည်။ သို့ရာတွင် ဣသရေလ၏ အမျိုးအနွယ်တို့ကိုလည်း ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်ကို များပြားစေ၍ လူမျိုးကြီးဖြစ်စေမည်" (ရှု၊ figs_you နှင့် figs_synecdoche)

အဲဂုတ္တုပြည်သို့

"အဲဂုတ္တုပြည်တွင်"

တဖန် ငါဆောင်ခဲ့ဦးမည်

ယာကုပ်ထံ ဂတိပြုခဲ့သော်လည်း၊ ဣသရေလ၏ မျိုးဆက်များအပေါ် ထိုဂတိတော် ပြီးပြည့်စုံမည် ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုပြည်မှ အကယ်စင်စစ် သင်၏မျိုးဆက်တို့ကို ငါခေါ်ဆောင်ခဲ့ဦးမည်" (ရှု၊ figs_you နှင့် figs_synecdoche)

bring you up again

Not applicable

ယောသပ်သည် မိမိလက်ကို သင်၏မျက်စိပေါ်မှာ တင်ရလိမ့်မည်

ယာကုပ် သေဆုံးချိန်တွင် သူ၏မျက်စိကို ယောသပ်က ပိတ်ပေးမည်ဟု ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယောသပ်သည် မိမိလက်ဖြင့် သင့်မျက်စိကို ပိတ်ပေးလိမ့်မည်" (ရှု၊ figs_idiom)

သင်၏မျက်စိပေါ်မှာ တင်ရလိမ့်မည်

လူတယောက် သေဆုံးလျှင် မျက်စိ ပိတ်ပေးရသော ထုံးစံရှိသည်။ ၎င်းကို တိကျစွာ ဖော်ပြနိင်သည်။ (ရှု၊ figs_explicit)

Genesis 46:5-7

မှ ထွက်၍

"မှ ခွာ၍"

လှည်းတို့ဖြင့်

"လှည်း" ဟူရာတွင် ဘီးနှစ်ခု သို့မဟုတ် လေးခု စသည်ဖြင့် တပ်ထားသော တိရစ္ဆာန်တွန်းလှည်းမျိုးကို ညွှန်းသည်။ ၄၅း၁၉ ရှိ "လှည်းတို့ကို ယူပြီးလျှင်" ပြန်ဆိုချက်ကို ရှု။

ရသော

"ပိုင်ရသော" (UDB) သို့မဟုတ် "ရရှိသော"

ယာကုပ်သည် ကိုယ်တိုင်မှစ၍ . . . ဆောင်သွားလေ၏

"ယာကုပ်သည် ... မိမိနှင့်အတူ ခေါ်ဆောင်လေ၏"

သားသမီးမြေး

"သားသမီး၊ မြေးနှင့်မြေးမ"

Genesis 46:8-11

အမည်ကား

စာရင်းဖော်ပြမည့်သူများကို ညွှန်းသည်။

ဣသရေလသားတို့၏

"ဣသရေလ အမျိုးသားတို့၏"

ဟာနုတ်၊ ဖါလု၊ ဟေဇရုံ၊ ကာမိ . . . ယေမွေလ၊ ယာမိန်၊ ဩဟဒ်၊ ယာခိန်၊ ဇောဟာ . . . ရှောလ . . . ဂေရရှုံ၊ ကောဟတ်၊ မေရာရိ

ယောက်ျားအမည်များ ဖြစ်သည်။ (ရှု၊ translate_names)

Genesis 46:12-15

ဧရ၊ ဩနန်၊ ရှေလ

ရှုအာ ဖွားမြင်သော ယုဒ၏ သားများဖြစ်သည်။ ၃၈း၃ မှ ပြန်ဆိုချက်ကို ရှု။

ဖါရက်၊ ဇာရ

ချွေးမ တာမာ ဖွားမြင်သော ယုဒ၏ သားများဖြစ်သည်။ ၃၈း၂၉ မှ ပြန်ဆိုချက်ကို ရှု။

ဟေဇရုံ . . . ဟာမုလ . . . တောလ၊ ဖုဝါ၊ ယောဘ၊ ရှိမရုန် . . . သရက်၊ ဧလုန်၊ ယာလေလ

ယောက်ျားအမည်များ ဖြစ်သည်။ (ရှု၊ translate_names)

ဒိန

လေအာသမီး၏ အမည်ဖြစ်သည်။ ၃၀း၁၉ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

သားသမီးပေါင်း သုံးဆယ်သုံး

"သား" နှင့် "သမီး" ဟူရာတွင်၊ လေအာ ဖွားမြင်သော သားသမီး၊ မြေးမြေးမများကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သားသမီးမြေး အပေါင်း ၃၃ ဦးတည်း" (ရှု၊ translate_numbers)

Genesis 46:16-18

ဇိဖျန်၊ ဟဂ္ဂိ၊ ရှုနိ၊ ဧဇဗုန်၊ ဧရီ၊ အရောဒိ၊ အရေလိ . . . ယိမန။ ဣရွှာ၊ ဣရွှိ၊ ဗေရိယ . . . ဟေဗာ . . . မာလချေလ

ယောက်ျားအမည်များ ဖြစ်သည်။ (ရှု၊ translate_names)

စေရ

မိန်းမအမည် ဖြစ်သည်။ (ရှု၊ translate_names)

ဇိလပ

လေအာအစေခံမ၏ အမည်ဖြစ်သည်။ ၂၉း၂၃ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ပေါင်းတဆယ်ခြောက်

ဇိလပ ဖွားမြင်သော သားသာမီး၊ မြေးမြေးမများကို ညွှန်းသည်။ (ရှု၊ translate_numbers)

Genesis 46:19-22

အာသနတ်

ယောသပ်အဖို့ မယားအဖြစ် ဖါရောမင်း စုံဖက်စေသောသူ၏ အမည်ဖြစ်သည်။ ၄၁း၄၄ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ပေါတိဖေရ

အာသနတ်ဖခင်၏ အမည်ဖြစ်သည်။ ၄၁း၄၄ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ဩနမြို့၏ ယဇ်ပုရောဟိတ်

ဟေလိဩပိုလစ်မြို့ အမည်ရှိသော ဩနမြို့ကို "နေမင်း၏ မြို့တော်" ဟု ခေါ်ပြီး၊ နေနတ် ရာ ကို ကိုးကွယ်သော ဘာသာရေး အချက်အချာကျရာ မြို့ဖြစ်သည်။ ၄၁း၄၄ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ဗေလ၊ ဗေခါ၊ အာရှဗေလ၊ ဂေရ၊ နေမန်၊ ဧဟိ၊ ရောရှ၊ မုပိမ်၊ ဟုပိမ်၊ အာရဒ

ယောက်ျားအမည်များ ဖြစ်သည်။ (ရှု၊ translate_names)

ပေါင်းတဆယ်လေး

ရာခေလ ဖွားမြင်သော သားသမီး၊ မြေးမြေးမများကို ညွှန်းသည်။ (ရှု၊ translate_numbers)

Genesis 46:23-25

ဟုရှိမ် . . . ယာဇေလ၊ ဂုနိ၊ ယေဇာ၊ ရှိလင်

ယောက်ျားအမည်များ ဖြစ်သည်။ (ရှု၊ translate_names)

ဗိလဟာ

ရာခေလအစေခံမ၏ အမည်ဖြစ်သည်။ ၂၉း၂၈ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ပေါင်းခုနစ်

ဗိလဟာ ဖွားမြင်သော သားသာမီး၊ မြေးမြေးမများကို ညွှန်းသည်။ (ရှု၊ translate_numbers)

Genesis 46:26-27

ခြောက်ဆယ်ခြောက်ယောက်

"၆၆ ယောက်" (ရှု၊ translate_numbers)

ခုနစ်ဆယ်

"၇၀" (ရှု၊ translate_numbers)

Genesis 46:28-30

ဂေါရှင်ပြည်ကို သွားစေခြင်းငှါ

"ဂေါရှင်ပြည်ကို လမ်းညွှန်စေခြင်းငှါ"

ယောသပ်သည် ရထားကိုပြင်၍

ယောသပ်၏ အစေခံတို့ကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယောသပ်ကလည်း ရထားကို ပြင်စေပြီး" (ရှု၊ figs_metonymy)

went up to meet Israel

Not applicable

အဘ၏လည်ပင်းကို ဘက်လျက် ကြာကြာငိုလေ၏

"ဖခင်လည်ပင်းကို ဖက်လျက် ကြာကြာငိုလေ၏"

ယခု ငါသေပါစေသော

"ယခု ငါသေဖို့ အသင့်ရှိ၏" သို့မဟုတ် "ယခု အေးချမ်းစွာ ငါသေနိုင်ပြီ"

သင်၏မျက်နှာကို ငါမြင်ရပြီ။ သင်သည် အသက်ရှင်သေး၏

"မျက်နှာ" က လူတယောက်လုံးကို ကိုစားပြုသည်။ ယောသပ်ကို မြင်ရ၍ ဝမ်းသာဖြစ်မှုကို ဖော်ပြသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင် အသက်ရှင်သေးသည်ကို ငါမြင်ရ၏" (ရှု၊ figs_synecdoche)

Genesis 46:31-32

အဘ၏အိမ်သားများ

ကမ္ဘာဦးကျမ်း ၄၆း၃၄ ကို ရှု။

ဖါရောမင်းထံသို့ ကျွန်ုပ်သွားဦးမည်

ကြီးမြတ်သူထံ သွားရောက်ခြင်းကို "တက်သွား" ဟူ၍ ဖော်ပြရသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖါရောမင်းထံသို့ တက်သွားဦးမည်" (ရှု၊ figs_synecdoche)

ခါနာန်ပြည်၌နေသော ကျွန်တော်အစ်ကိုများ . . . ရှိသမျှတို့ကို ဆောင်ခဲ့ကြပါပြီဟု လျှောက်မည်

ကိုးကားချက် ဖြစ်သည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ခါနန်ပြည်၌နေသော ကျွန်တော်အစ်ကိုများ ... ရှိသမျှတို့ကို ဆောင်ခဲ့ကြောင်း ကျွန်ုပ်လျှောက်မည်" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

Genesis 46:33-34

နောက်တခါ

အကြောင်းအရာတခု၏ အရေးကြီးသောအခန်းကို အမှတ်ပြုသည်။ ပြန်ဆိုမည့် ဘာသာစကား၏ အသုံးအနှုန်းဖြင့် ဖော်ပြနိုင်သည်။

သင်တို့သည် အဘယ်သို့ လုပ်ဆောင်တတ်သနည်းဟု မေးတော်မူလျှင်

ကိုးကားချက် ဖြစ်သည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့၏ အလုပ်အကိုင်ကို မေးတော်မူလျှင်" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

ကိုယ်တော်ကျွန်တော်တို့သည် . . . သိုးနွားတို့ကို မွေးသောသူ ဖြစ်ကြပါ၏ဟု လျှောက်ရမည်

ကိုးကားချက် ဖြစ်သည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့သည် ... သိုးနွားတို့ကို မွေးသောသူ ဖြစ်ကြောင်း လျှောက်ရမည်" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

ကိုယ်တော်ကျွန်တော်တို့

ဖါရောမင်းရှေ့၌ မိမိတို့ကိုယ်ကို ခေါ်ညွှန်းသော အသုံးအနှုန်းဖြစ်သည်။ မိမိထက် ကြီးမြတ်သူရှေ့၌ အသုံးပြုသော အခေါ်အဝေါ် ဖြစ်သည်။ ပြောဆိုသူနာမ်စားဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်တော်မျိုးတို့" (ရှု၊ figs_123person)

သိုးထိန်းဖြစ်သောသူကို အဲဂုတ္တုလူတို့သည် ရွံရှာတတ်ကြ၏

နာမဝိသေသန "ရွံရှာ" ကို စိတ္တဇနာမ် "ရွံရှာခြင်း" ဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သိုးထိန်းတို့သည် အဲဂုတ္တုလူတို့၏ ရွံရှာခြင်းကို ခံရကြ၏" (ရှု၊ figs_abstractnouns)

အဘ၏အိမ်သားများ

တမိသားစုလုံးကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖခင်၏မိသားစု" သို့မဟုတ် "အဖ၏အိမ်သားများ" (ရှု၊ figs_metonymy)

Genesis 47

Genesis 47:1-2

အစ်ကိုစုထဲက ရွေး၍ ငါးယောက်တို့

UDB ပြန်ကျမ်းတွင် ဖါရောမင်းနှင့် တွေ့ဆုံမှုကို အခြေအနေအလိုက် ပြန်လည်စီစဉ်ထားပြီး၊ ULB ပြန်ကျမ်းတွင် ကျမ်းပြုဆရာ၏ လက်ရာအတိုင်း ပြန်ဆိုထားသည်။ (ရှု၊ figs_events)

Genesis 47:3-4

ကိုယ်တော်ကျွန်တို့သည် ဘိုးဘေးနှင့်တကွ သိုးထိန်းဖြစ်ကြပါ၏

"ကိုယ်တော်ကျွန်တို့မှာ ဘိုးဘေးလက်ထက်မှစ၍ သိုးထိန်းဖြစ်ကြပါ၏"

ကိုယ်တော်ကျွန်တို့

မိမိထက် ကြီးမြတ်သူရှေ့၌ အသုံးပြုသော အခေါ်အဝေါ်ဖြစ်သည်။ ပြောဆိုသူနာမ်စားဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်တော်မျိုးတို့" (ရှု၊ figs_123person)

ဘိုးဘေးနှင့်တကွ

"ဘိုးဘေးများကဲ့သို့" သို့မဟုတ် "ဘိုးဘေးလက်ထက်မှစ၍"

ကိုယ်တော်ကျွန်တို့သည် ပြည်တော်၌ တည်းခိုခြင်းငှါ လာကြပါ၏

"ကျွန်တော်မျိုးတို့သည် ပြည်တော်၌ ခဏတာမျှ တည်းခိုခြင်းငှါ လာကြပါ၏"

သိုးနွား ကျက်စားရာ မရှိသောကြောင့်

"တိရစ္ဆာန် ကျက်စားရာ မရှိသောကြောင့်"

now

Not applicable

Genesis 47:5-6

အဲဂုတ္တုပြည်သည် သင့်ရှေ့မှာရှိ၏

"အဲဂုတ္တုပြည်သည် သင့်အတွက်ဖြစ်၏" သို့မဟုတ် "အဲဂုတ္တု တပြည်လုံးသည် သင့်အတွက်ဖြစ်၏"

သင်၏အဘနှင့် သင်၏အစ်ကိုတို့ကို အကောင်းဆုံးသောအရပ် ဂေါရှင်ပြည်၌ နေရာချလော့

"သင့်အဖနှင့် သင့်အစ်ကိုတို့ကို အကောင်းဆုံးသောအရပ် ဂေါရှင်ပြည်၌ နေရာချလော့"

သူတို့တွင် အစွမ်းသတ္တိ ရှိသောသူ အချို့တို့ကို တွေ့လျှင်

သိုးနွား ထိန်းကျောင်းတတ်သူကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့တွင် တိရစ္ဆာန်ထိန်းကျောင်းမှုပညာကို တတ်မြောက်သောသူအချို့ကို သိလျှင်" (ရှု၊ figs_explicit)

Genesis 47:7-10

ယာကုပ်သည် ဖါရောမင်းကို ကောင်းကြီးပေး၏

တစုံတယောက်အပေါ် ကောင်းကျိုးဖြစ်၍ မင်္ဂလာဖြစ်စေရန် ဆန္ဒပြုပေးခြင်းကို ဆိုလိုသည်။

သင်သည် အသက်အဘယ်မျှလောက် ရှိပြီနည်း

"သင်၏အသက် အဘယ်မျှလောက် ရှိပြီနည်း"

ကျွန်တော်သည် ဧည့်သည်အာဂန္တုဖြစ်၍ လွန်သောအသက်သည် အနှစ်တရာသုံးဆယ် ရှိပါပြီ

"ဧည့်သည်အာဂန္တုဖြစ်၍ လွန်သောအသက်" ဟူရာတွင် မြေကြီးပေါ်တွင် တနေရာမှ တနေရာသို့ ရွှေ့ပြောင်းရင်း ကျင်လည်ခဲ့ကြောင်း ထင်ရှားစေသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လောက၌ ကျင်လည်ခဲ့သည်မှာ အနှစ် ၁၃၀ ရှိပါပြီ" (ရှု၊ translate_numbers)

ကျွန်တော် အသက်ရှင်သောနှစ်ပေါင်း နည်း၍ . . . ဘိုးဘေးတို့၏ အသက်တန်းကို မမှီပါ

ဘိုးဘေးဖြစ်သော အာဗြဟံနှင့် ဣဇာက်တို့၏ သက်တမ်းကို မမှီနိုင်ကြောင်း ဆိုလိုသည်။

ဆိုးပါ၏

ယာကုပ်သည် ဘဝတွင် နာကျင်မှုနှင့် ခက်ခဲမှုများစွာ ကြုံတွေ့ခဲ့ရသည်။

Genesis 47:11-12

ယောသပ်သည် အဘနှင့် အစ်ကိုတို့ကို နေရာချ၍

"ယောသပ်ကလည်း အဖနှင့် အစ်ကိုတို့ကို နေရာချ၍"

ရာမသက်မြေ

ဂေါရှင်ဒေသ၏ နောက်အမည်ဖြစ်သည်။ (ရှု၊ translate_names)

according the number of their dependents

Not applicable

Genesis 47:13-14

Now

Not applicable

အဲဂုတ္တုပြည်နှင့် ခါနာန်ပြည်

ထိုပြည်တို့တွင် နေထိုင်သူများကိုလည်း ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုပြည်နှင့် ခါနာန်ပြည်တွင် နေထိုင်သောသူများ" (ရှု၊ figs_metonymy)

အားလျော့လေ၏

"ပိန်နွဲ့လေ၏"

ပြည်သားဝယ်သော စပါးအဘိုး၊ အဲဂုတ္တုပြည်၊ ခါနာန်ပြည်၌ တွေ့သမျှသောငွေကို ယောသပ် စုသိမ်း၍

"အဲဂုတ္တုပြည်၊ ခါနာန်ပြည်မှ လူတို့ဝယ်သော စပါးအဖိုး၊ ရသမျှငွေကို ယောသပ် စုသိမ်၍"

ယောသပ် စုသိမ်း၍ . . . သွင်းထားလေ၏

ယောသပ် ကိုယ်တိုင်မဟုတ်ဘဲ၊ မိမိအစေခံတို့ကို စေခိုင်းလိုက်ခြင်း ဖြစ်နိုင်သည်။ (ရှု၊ figs_metonymy)

Genesis 47:15-17

အဲဂုတ္တုပြည်၊ ခါနာန်ပြည်၌ ငွေကုန်သောအခါ

ပြည်သားတို့လည်း ပါဝင်သည်။ အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဲဂုတ္တုပြည်၊ ခါနာန်ပြည်၌ ငွေကို လူတို့ သုံးဖြုန်းပြီးသောအခါ" (ရှု၊ figs_metonymy နှင့် figs_activepassive)

အဲဂုတ္တုပြည်၊ ခါနာန်ပြည်၌

"အဲဂုတ္တုပြည်နှင့် ခါနာန်ပြည်၏"

ကျွန်တော်တို့သည် ငွေကုန်သော်လည်း ရှေ့တော်၌ အဘယ်ကြောင့် သေရပါအံ့နည်း

အစာကို လိုအပ်နေကြောင်း သိသာစေရန် မေးလိုက်ခြင်း ဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်တော်မျိုးတို့၌ ငွေကုန်သွားသောကြောင့် သေရန် လွှတ်မထားပါနှင်" (ရှု၊ figs_rquestion)

ပြည်သားများကို ကျွေးမွေး၏

အခြားသော ဘာသာပြန်ဆိုချက်၊ "ပြည်သားများကို အစာကျွေးလေ၏" (UDB) သို့မဟုတ် "ပြည်သားတို့အား ကျွေးမွေး၏" (ရှု၊ figs_synecdoche)

Genesis 47:18-19

လာကြလျှင်

"ယောသပ်ထံ ပြည်သားတို့ လာကြလျှင်"

သခင်ရှေ့မှာ မထိမ်ဝှက်ပါ

ယောသပ်ကို ညွှန်းဆိုသည်။ မိမိထက်ကြီးမြတ်သူကို ခေါ်ညွှန်းခြင်း ဖြစ်သည်။ ကြားနာသူနာမ်စားဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့အရှင်၊ သခင့်ရှေ့မှာ ကွယ်ဝှက်ခြင်းမပြုပါ" သို့မဟုတ် "သခင့်ထံမှ ဝှက်ထားမည် မဟုတ်ပါ" (ရှု၊ figs_123person)

သခင်ရှေ့မှာ . . . အဘယ်အရာမျှ မကျန်ပါ

အခြားသော ဘာသာပြန်ဆိုချက်၊ "သခင့်အား ပေးရန် ... ဘယ်အရာမှ မကျန်ပါ" (ရှု၊ figs_metonymy)

ရှေ့တော်၌ အဘယ်ကြောင့်သေ၍ ပြည်တော် ပျက်ရပါအံ့နည်း

အစာကို အလွန်လိုအပ်နေကြောင်း ထင်ရှားစေရန် မေးလိုက်ခြင်းဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်တော်မျိုးတို့သေ၍ ပြည်ပျက်သည်ကိုသာ ကြည့်တော်မမူပါနှင့်" (ရှု၊ figs_metonymy နှင့် figs_rquestion)

Why should we die ... both we and our land

Not applicable

Genesis 47:20-22

မြေသည် ဘဏ္ဍာတော် ဖြစ်လေ၏

"တပြည်လုံးသည် ဖါရောမင်းအပိုင် ဖြစ်လေ၏"

ယဇ်ပုရောဟိတ်တို့ ပိုင်သောမြေကိုကားမဝယ်

"ရဟန်းတို့မြေကိုကား မဝယ်"

the priests were given an allowance

Not applicable

သူတို့သည် ဖါရောမင်းကျွေးမွေးသည်အတိုင်း ကျွေးမွေးသောအစာကို စားရကြ၏

"ဖါရောမင်း ကျွေးမွေးသည်အတိုင်း စားရကြ၏"

Genesis 47:23-24

လယ်လုပ်ကြလော့

"စိုက်ပျိုးကြလော့"

အသီးအနှံကိုရသောအခါ၊ ငါးဘို့တွင်တဘို့ကို ဖါရောမင်းအား ဆက်ရကြမည်။ လေးဘို့ကိုကား သင်တို့ယူ၍ နောက်တဖန်မျိုးစေ့ကို ကြဲကြလော့

"ငါးဖို့တဖို့" ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရိတ်သိမ်းချိန်တွင်၊ ငါးဖို့တဖို့ကို ဖါရောမင်းအား ဆက်သရမည်။ လေးဖို့ကို သင်တို့ယူ၍ တဖန်စိုက်ပျိုးကြလော့" (ရှ၊ translate_fraction)

သင်တို့စား၍ အိမ်သားများ၊ သူငယ်များတို့ကို ကျွေးကြလော့

နားလည်ရ လွယ်ကူသော အသုံးအနှုန်းဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်တို့အိမ်သားများ၊ သားသမီးများကို ကျွေးကြလော့" (ရှု၊ figs_ellipsis)

Genesis 47:25-26

သနားသောစိတ်နှင့် ကြည့်ရှုတော်မူပါ

အခြားသော ဘာသာပြန်ဆိုချက်၊ "သခင့်စိတ်တော်နှင့် တွေ့ရပါစေသော" (ရှု၊ figs_metonymy)

find favor

Not applicable

အဲဂုတ္တုပြည်၌

"အဲဂုတ္တုပြည်တွင်" သို့မဟုတ် "အဲဂုတ္တုပြည် တလျှောက်လုံး၌"

ယနေ့တိုင်အောင်

ဤကျမ်းကို ပြုစုရေးသာသော အချိန်ကို ဆိုလိုသည်။

ငါးဘို့တွင်တဘို့

၄၇း၂၃ ရှိ "ငါးဖို့တဖို့" ပြန်ဆိုချက်ကို ရှု။

Genesis 47:27-28

တိုးပွါးများပြားကြ၏

"များပြား" စွာ "တိုးပွါး" ကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သားသမီးများစွာ ထွန်းကားကြ၏" (ရှု၊ figs_doublet)

တိုးပွါး

ဥစ္စာတိုးပွားခြင်း သို့မဟုတ် သားသမီး ဖွားမြင်ခြင်း စသည်ကို ဆိုလိုသည်။ (ရှု၊ figs_idiom)

ဆယ်ခုနစ်နှစ်

"၁၇ နှစ်" (ရှု၊ translate_numbers)

အသက်နှစ်ပေါင်း တရာလေးဆယ်ခုနစ်နှစ် ရှိသတည်း

"အသက်ပေါင်း ၁၄၇ နှစ် ရှိသတည်း" (ရှု၊ translate_numbers)

Genesis 47:29-31

ဣသရေလသည် သေရသောအချိန်နီးသော်

သေဆုံးချိန်ကို အနီးရောက်လာသကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဣသရေလသည် သေဆုံးရန် နီးသော်" (ရှု၊ figs_metaphor)

ငါ့ကိုသနားလျှင်

အခြားသော ဘာသာပြန်ဆိုချက်၊ "ငါသည် သင့်စိတ်နှင့်တွေ့ရလျှင်" သို့မဟတုတ် "ငါ့ကြောင့် သင်ကျေနပ်မှုရလျှင်" (UDB)

now

Not applicable

found favor

Not applicable

သင်၏လက်ကို ငါ့ပေါင်အောက်၌ ထားပါလော့

ဂတိသစ္စာတရားကို ဆိုသောအခါ သဘောတူသော လက္ခဏာဖြစ်သည်။ ၂၄း၁ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_symaction)

ကရုဏာသစ္စာ နှင့်အညီ ငါ၌ပြုပါ

စိတ္တဇနာမ် "ကရုဏာသစ္စာ" ကို နာမဝိသေသပုဒ်ဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့အပေါ် ဂရုဏာနှင့်သစ္စာရှိသောအမှုကို ပြုပါ" (ရှု၊ figs_abstractnouns)

အဲဂုတ္တုပြည်၌ ငါ့ကိုမသင်္ဂြိုဟ်ပါနှင့်

တောင်းပန်သောစကားဖြစ်၍ "ကျေးဇူးပြု၍" ဟု ထည့်သွင်းဖော်ပြနိုင်သည်။

ငါသည် ဘိုးဘေးနှင့်အတူ အိပ်ချင်ပါ၏

"အိပ်" ဟူရာတွင် သေဆုံးမှုကို ယဉ်ကျေးစွာ ညွှန်းဆိုခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါသည် ဘိုးဘေးနှင့်အတူ သေဆုံးလို၏" (ရှု၊ figs_euphemism)

ငါ့အား ကျိန်ဆိုခြင်းကို ပြုပါ

"ငါ့ကို ဂတိပေးပါ" သို့မဟုတ် "ငါ့ထံ ကျိန်ဆိုပါ"

ကျိန်ဆိုခြင်းကို ပြု၏

"ဂတိပေး၏" သို့မဟုတ် "ကျိန်ဆိုလိုက်၏"

Genesis 48

Genesis 48:1-2

It came about

Not applicable

ယောသပ်သည် . . . ကြားသဖြင့်

"ယောသပ်ထံ ... ကြားပြောသဖြင့်"

အဘနာကြောင်းကို

"ကြည့်ပါ၊ သင့်အဖ နာမကျန်းဖြစ်သည်ဟု။" "ကြည့်ပါ" ဟူ၍ ယောသပ်၏ အာရုံစိုက်မှုကို တောင်းဆိုသည်။

ယူ၍သွား၏

"ခေါ်သွား၏"

ယာကုပ်သည် ကြားလျှင်

အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာကုပ်အား ကြားပြောလျှင်" (UDB) (ရှု၊ figs_activepassive)

သားယောသပ်လာကြောင်းကို

"သားယောသပ်ပြီဟု"

အားထုတ်၍ ခုတင်ပေါ်မှာထိုင်၏

"အား" ကို ထုတ်သုံးနိုင်သောအရာကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကုတင်ပေါ်မှာ ကြိုးစား၍ထိုင်၏" သို့မဟုတ် "ကုတင်ပေါ်၌ အားထုတ်၍ထိုင်၏" (ရှု၊ figs_metaphor)

Genesis 48:3-4

လုဇမြို့

မြို့အမည် ဖြစ်သည်။ ၂၈း၁၈ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ငါ့အားထင်ရှား၍ ကောင်းကြီးပေးတော်မူလျက်

သီးခြားဝါကျအဖြစ် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့အားထင်ရှား၍ ကောင်းကြီးပေးတော်မူ၏။ ထို့နောက်"

ကောင်းကြီးပေး

မင်္ဂလာရှိမည်အကြောင်း ဘုရားသခင်၏ သမုတ်ခြင်းဖြစ်သည်။

ငါသည်သင့်ကို တိုးပွါးများပြားစေမည်။ သင့်ကို များစွာသောလူ ဖြစ်စေမည်။ သင်၏အမျိုးအနွယ်သည် သင့်နောက်မှ ဤပြည်ကို အစဉ်အမြဲ ပိုင်စေခြင်းငှါ ငါပေးမည်ဟု မိန့်တော်မူ၏

ကိုးကားချက်ဖြစ်သည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်က ငါ့ကိုတိုးပွါးများစေမည်ဖြစ်ကြောင်း မိန့်တော်မူ၏။ ငါ့ကို များစွာသောလူဖြစ်စေပြီး၊ ငါ၏အမျိုးအနွယ်ထံ ထိုပြည်ကို ထာဝစဉ်အတွက် အပိုင်ပေးမည်အကြောင်း မိန့်တော်မူ၏" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

Behold

Not applicable

ငါသည် သင့်ကို တိုးပွါးများပြားစေမည်

"များပြား" စွာ "တိုးပွါး" ရန် ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါသည် သင်၏အမျိုးအနွယ်ကို များပြားစေမည်" (ရှု၊ figs_doublet နှင့် figs_idiom)

သင့်ကို များစွာသောလူ ဖြစ်စေမည်

ယာကုပ်ကိုသာ ညွှန်းသော်လည်၊ ယာကုပ်၏ အမျိုးအနွယ်အားလုံးကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်၏မျိုးဆက်ကို လူမျိုးများစွာဖြစ်စေမည်" (ရှု၊ figs_metonymy)

အစဉ်အမြဲ ပိုင်စေခြင်းငှါ

"ထာဝစဉ်အတွက်"

Genesis 48:5-7

Now

Not applicable

ဧဖရိမ်နှင့် မနာရှေတို့သည် ငါ့သားဖြစ်ရမည်

ဧဖရိမ်နှင့် မနာရှေတို့သည် ယောသပ်၏ ညီအစ်ကိုများကဲ့သို့ နယ်မြေကို ခွဲဝေခွင့်ရရှိမည်။

မိမိအမွေခံရာတွင် မိမိအစ်ကိုတို့အမည်ဖြင့် သမုတ်ရကြမည်

ဖြစ်နိုင်ချေများမှာ၊ ၁) ဧဖရိမ်နှင့် မနာရှေတို့သည် ဣသရေလလူမျိုး၏ မျိုးစုနွယ်တခုအဖြစ် ရပ်တည်ရမည်ဟု ဆိုလိုသည် သို့မဟုတ် ၂) ဧဖရိမ်နှင့် မနာရှေတို့သည် ယောသပ်ကဲ့သို့ နယ်မြေသီးသန့် ရရှိမည်ဖြစ်ပြီး၊ နောက်ထပ် မွေးသောသားများက ယောသပ်၏ အမွေကို ဆက်ခံရမည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အစ်ကိုတို့နှင့်အတူ အမွေခံစာရင်းတွင် ပါဝင်ရကြမည်"

ဧဖရတ်မြို့

ဗက်လင်မြို့၏ အခြားအမည်ဖြစ်သည်။ ၃၅း၁၆ မှ ပြန်ဆိုချက်ကို ရှု။

ဗက်လင်အမည်ရှိသော

ကျမ်းပြုဆရာ၏ နောက်ခံသမိုင်းကို ဖော်ပြထားသည်။ (ရှု၊ writing_background)

Genesis 48:8-10

ဤသူတို့ကား အဘယ်သူနည်း

"ဤသူတို့ကား မည်သူ့သားများ ဖြစ်သနည်း"

ကောင်းကြီးပေး

သားသာမီးနှင့် မြေးမြေးမတို့အပေါ် ကောင်းခြင်းမင်္ဂလာ ဖြစ်စေရန် သမုတ်ခြင်းဖြစ်သည်။

Now Israel's eyes ... could not see

Not applicable

ပိုက်ဘက်နမ်းရှုပ်လေ၏

"သူငယ်တို့ကို ပိုက်ဖက်နမ်းရှုပ်လေ၏"

Genesis 48:11-13

ငါသည် သင်၏မျက်နှာကို မြင်ရမည်ဟု ငါမထင်

"မျက်နှာ" က လူတယောက်လုံးကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါသည် သင့်ကို ပြန်မြင်ရမည်မထင်ခဲ့" (ရှု၊ figs_synecdoche)

အဘ၏ဒူး ကြားမှ

ဣသရေလ၏ ဒူးကြား သို့မဟုတ် ပေါင်ပေါ် တင်ပေးခြင်းမှာ ထိုသူငယ်တို့ကို မွေးစားသည့်သဘော ဖြစ်သည်။ ယာကုပ်ထံမှ အထူးအခွင့်အရေးကို ရရှိစေသည်။ (ရှု၊ translate_symaction)

အဘရှေ့၌ ဦးညွှတ်ချစေ၏

ဖခင်ရှေ့၌ ဦးညွှတ်ဂါရဝပြုခြင်းဖြစ်သည်။ (ရှု၊ translate_symaction)

မနာရှေကို လက်ဝဲလက်နှင့် ကိုင်လျက်၊ ဣသရေလ လက်ျာလက်သို့၎င်း

မနာရှေခေါင်းကို ဣသရေလ၏ လက်ယာဘက် တင်ရန် ယောသပ် နေရာချပေးသည်။ သားကြီး မနာရှေအပေါ် လက်ယာဘက် တင်ခြင်းမှာ ပို၍ကြီးသော ကောင်းကြီးကို ပေးမည်ဟူသော လက္ခဏာဖြစ်သည်။ (ရှု၊ translate_symaction)

Genesis 48:14-16

ဧဖရိမ်၏ခေါင်းပေါ်မှာ လက်ျာလက်ကို တင်ပြီးလျှင်

ဧဖရိမ်ကို ပို၍ကြီးသော ကောင်းကြီးကို ပေးမည်ဟူသော လက္ခဏာဖြစ်သည်။ (ရှု၊ translate_symaction)

ယောသပ်ကို ကောင်းကြီးပေးလျက်

ယောသပ်၏ သားများဖြစ်သော ဧဖရိမ်နှင့် မနာရှေတို့လည်း ပါဝင်သည်။ ဖခင်ဖြစ်သော ယောသပ်ကိုသာ ညွှန်းထားသည်။ (ရှု၊ figs_synecdoche)

ငါ့အဘ အာဗြဟံနှင့်ဣဇာက် ကိုးကွယ်သော ဘုရားသခင်

အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့အဖိုး အာဗြဟံနှင့် အဖဣဇာက်တို့ ကိုးကွယ်သော ဘုရားသခင်" (ရှု၊ figs_metaphor)

ငါ့ကို . . . ကျွေးမွေးတော်မူသော

ဘုရားသခင်က သိုးများကို ကျွေးမွေးသကဲ့သို့ ဣသရေလကို ကျွေးမွေးတော်မူခဲ့သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့ကို ... သိုးထိန်းကဲ့သို့ ကျွေးမွေးတော်မူသော" (ရှု၊ figs_explicit)

ကောင်းကင်တမန်

ဖြစ်နိုင်ချေများမှာ၊ ၁) ယာကုပ်အား စောင့်ရှောက်ရန် ဘုရားသခင် စေလွှတ်သော ကောင်းကင်တမန် သို့မဟုတ် ၂) ယာကုပ်အား စောင့်ရှောက်ရန် ကောင်းကင်တမန်အသွင်ဖြင့် ထင်ရှားတော်မူသော ဘုရားသခင်

ငါ့ကို . . . ကယ်နှုတ်တော်မူသော

"ငါ့ကို ... စောင့်မတော်မူသော"

သူတို့ကို ငါ့အမည်ဖြင့်၎င်း၊ ငါ့အဘ အာဗြဟံနှင့်ဣဇာက်၏ အမည်ဖြင့်၎င်း၊ ထပ်၍မှည့်ပါစေသော

"အမည်" က လူတယောက်လုံးကို ကိုစားပြုသည်။ "ငါ့အမည်ဖြင့် ... မှည့်ပါစေ" ဟူရာတွင် တစုံတယောက်အားဖြင့် သူ့ကို အမှတ်ရစေကြောင်း ဆိုလိုသည်။ အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့သည် အာဗြဟံ၊ ဣဇာက်နှင့် ငါ့ကို လူတို့အမှတ်ရစေသော အကြောင်းဖြစ်စေသတည်း" (ရှု၊ figs_metonymy နှင့် figs_idiom နှင့် figs_activepassive)

သူတို့သည် မြေကြီးပေါ်မှာ အလွန်တိုးပွါးများပြားပါစေသော

"သူတို့" ဟူရာတွင် ဧဖရိမ်နှင့် မနာရှေကို ညွှန်းပြီး၊ သူတို့၏ အမျိုးအနွယ် အသီးသီးကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူတို့ အမျိုးအနွယ်သည် မြေတပြင်လုံးသို့ ပျံ့နှံ့ပါစေသော" (ရှု၊ figs_metonymy)

Genesis 48:17-18

သူ၏ခေါင်းပေါ်မှာ လက်ျာလက်ကိုတင်ပါ

လက်ယာဘက်မှာ သားဦး ရထိုက်သည့် ပို၍ကြီးသော ကောင်းကြီးမင်္ဂလာ၏ လက္ခဏာဖြစ်သည်။ (ရှု၊ translate_symaction)

Genesis 48:19-20

သူသည် ကြီးစွာသောလူစု ဖြစ်လိမ့်မည်

မနာရှေကို ညွှန်းပြီး၊ သူ၏မျိုးနွယ်စုကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သားကြီး၌ မျိုးနွယ်များစွာ မွေးဖွားပြီး၊ လူမျိုးကြီး ဖြစ်လိမ့်မည်" (ရှု၊ figs_metonymy)

ထိုနေ့၌ သူတို့ကို ကောင်းကြီးပေးလေ၏

အခြားသော ဘာသာပြန်ဆိုချက်၊ "ဤသို့ဖြင့် ထိုနေ့၌ သူတို့ကို ကောင်းကြီးပေးလေ၏" (ရှု၊ figs_metonymy)

. . . ဣသရေလအမျိုးသားတို့သည် သင်အားဖြင့် ကောင်းကြီးပေးကြလိမ့်မည်

"... ဣသရေလအမျိုးတို့သည် သင်တို့အမည်ဖြင့် ကောင်းကြီးပေးကြလိမ့်မည်"

ဘုရားသခင်သည် သင့်ကို ဧဖရိမ်ကဲ့သို့၎င်း၊ မနာရှေကဲ့သို့၎င်း ဖြစ်စေတော်မူပါစေသောဟူ၍

ကိုးကားချက် ဖြစ်သည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်ထံ ဆုတောင်းသောအခါ ဧဖရိမ်ကဲ့သို့၎င်း၊ မနာရှေကဲ့သို့၎င်း ဖြစ်စေမည်အကြောင်း" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

ဧဖရိမ်ကဲ့သို့၎င်း၊ မနာရှေကဲ့သို့၎င်း

ဧဖရိမ်အမည်ကို ရှေ့တင်ခြင်းဖြင့် အစ်ကိုမနာရှေထက် ပို၍ကြီးမြတ်မည်အကြောင်းကို ဖော်ပြသည်။

မနာရှေရှေ့မှာ ဧဖရိမ်ကို နေရာချသတည်း

မနာရှေထက် ဧဖရိမ်ကို ပို၍ကောင်းကြီး ပေးခြင်းကို ရှေ့တန်းတင်သကဲ့သို့ တင်စားထားသည်။ (ရှု၊ figs_metaphor)

Genesis 48:21-22

သင်တို့ဘက် . . . သင်တို့ကို

ဣသရေလ တမျိုးလုံးကို ညွှန်းသည်။ (ရှု၊ figs_you)

ဘုရားသခင်သည် သင်တို့ဘက်၌ရှိ၍

ဣသရေလလူမျိုးကို ကူညီ၍ ကောင်းကြီးပေးမည်ဟု ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် သင်တို့ကို စောင့်ရှောက်၍" သို့မဟုတ် "ဘုရားသခင်သည် သင်တို့ကို ကောင်းကြီးပေ၍" (ရှု၊ figs_idiom)

သင်တို့ကို . . . တဖန်ဆောင်တော်မူလိမ့်မည်

"ဆောင်" ကို "ခေါ်ယူ" ဖြင့် အစားထိုး ဖော်ပြနိုင်သည်။ (ရှု၊ figs_go)

ဘိုးဘေးနေရာ ပြည်

"ဘိုးဘေးတို့ပြည်"

ထိုမှတပါး သင်၏အစ်ကိုတို့အား ပေးသည်ထက် သင့်အား သာ၍ပေးသောအရာ ဟူမူကား . . . အရာကို သင့်အား ငါပေးသည်

ဖြစ်နိုင်ချေများ၊ ၁) အစ်ကိုတို့ထက် အာဏာတန်ခိုး ပိုကြီးကြောင်းကို တင်စားခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့အပြင်၊ အစ်ကိုတို့ထက် ပိုကြီးသော သင့်အား၊ ... တောင်စောင်းအရပ်ကို ငါပေး၏" သို့မဟုတ် ၂) အစ်ကိုတို့ထက် ပိုများသော မြေနေရာကို ပေးကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထို့အပြင်၊ အစ်ကိုတို့ထက် သင့်ကို သာ၍ပေးမည်။ ... တောင်စောင်းအရပ်ကို သင့်အား ငါပေး၏" (ရှု၊ figs_metaphor)

သင့်အား

ယောသပ်ကို ညွှန်းသော အနည်းကိန်းညွှန်းနာမ်စား ဖြစ်သည်။ (ရှု၊ figs_metaphor)

ငါ့ထား၊ ငါ့လေးဖြင့် အာမောရိအမျိုးသားလက်မှ နှုတ်ယူသောအရာ

"ထား" နှင့် "လေး" က စစ်တိုက်ခြင်းကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါဓား၊ ငါ့လေးဖြင့် အာမောရိအမျိုးတို့ထံမှ တိုက်ယူသော တောင်စောင်းအရပ်" (ရှု၊ figs_metonymy)

Genesis 49

Genesis 49:1-2

ယေဘုယျ အချက်အလက်

ယာကုပ်၏ နောက်ဆုံး ကောင်းကြီးပေးခြင်း ဖြစ်သည်။ ၄၉း၃၇ ထိ ဆက်ထားသည်။ ကဗျာအရေအသားဖြင့် ဖွဲ့ဆိုထားသည်။ (ရှု၊ writing_poetry)

ယာကုပ်၏သားတို့၊ စည်းဝေး၍ ကြားကြလော့။ အဘဣသရေလ၏ စကားကို နားထောင်ကြလော့

ဝါကျနှစ်ကြောင်လုံး၏ ဆိုလိုရင်း တူညီသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယာကုပ်၏သားတို့၊ စည်းဝေး၍ စကားကို နားထောင်ကြလော့" (ရှု၊ figs_parallelism)

ယာကုပ်၏သားတို့ . . . အဘဣသရေလ၏စကား

အပြောခံနာမ်စားဖြင့် ဖော်ပြထားသည်။ ပြောဆိုသူနာမ်စားဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါ့သားတို့ ... သင်တို့အဖ ငါ့စကား" (ရှု၊ figs_123person)

Genesis 49:3-4

ငါ့သားဦး၊ ငါ့အစွမ်းသတ္တိ၊ ငါ့ခွန်အား အစအဦး

"ငါ့အစွမ်းသတ္တိ" နှင့် "ငါ့ခွန်အား အစအဦး" တို့မှာ အဓိပ္ပါယ် တူညီသည်။ "အစွမ်းသတ္တိ" နှင့် "ခွန်အား" မှာ သားသမီး မွေးဖွားနိုင်မှုကို ကိုစားပြုသည်။ "သားဦး" နှင့် "အစအဦး" ဟူရာတွင် ရုဗင်မှာ မိမိ၏ အကြီးဆုံးသားဖြစ်ကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါလူဖြစ်ပြီး အဦးဆုံးသောသား" (ရှု၊ figs_parallelism)

ဘုန်းအထွဋ်၊ တန်ခိုးအထွဋ် ဖြစ်၏

သီးခြားဝါကျအဖြစ် ရပ်တည်နိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုန်းနှင့်တန်ခိုး၌ အထွဋ်အထိပ်ဖြစ်၏" သို့မဟုတ် "ဘုန်းနှင့်တန်ခိုးအရာ၌ အကြီးဆုံးဖြစ်၏"

သို့သော်လည်း ရေကဲ့သို့ ပွက်ထသောသဘော ရှိသည် ဖြစ်၍

ဒေါသမချုပ်နိုင်၊ အငြိမ်မနေတတ်သော ရုဗင်ကို ပြင်းထန်သော ရေလှိုင်းနှင့် ခိုင်းနှိုင်းထားသည်။ (ရှု၊ figs_simile)

ထူးမြတ်ခြင်းသို့ မရောက်ရ

"အကြီးဆုံးသူ မဖြစ်ရ"

အကြောင်းမူကား၊ သင်သည် အဘ၏အိပ်ရာကိုတက်၍ ညစ်ညူးစေ၏။ ငါ့ခုတင်ထက်သို့ တက်လေပြီတကား

"အိပ်ရာ" နှင့် "ခုတင်" က ယာကုပ်၏ မယားငယ် ဗိလဟာကို ကိုစားပြုသည်။ ရုဗင်က ဗိလဟာနှင့် ပြစ်မှားခဲ့သောအမှုကို ယာကုပ် ညွှန်းဆိုသည် (ရှု၊ ၃၅း၂၁)။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကြောင်းမူကား၊ သင်သည် ငါ့မယားနှင့် ပြစ်မှား၏။ ငါ့ကို စော်ကားခဲ့လေပြီ" (ရှု၊ figs_metonymy)

သင်သည် အဘ၏အိပ်ရာကိုတက်၍ . . . ငါ့ခုတင်ထက်သို့ တက်လေပြီတကား

စာကြောင်းနှစ်ခုစလုံး အဓိပ္ပါယ်ချင်း တူညီသည်။ (ရှု၊ figs_parallelism)

Genesis 49:5-6

ရှိမောင်နှင့်လေဝိသည် ညီအစ်ကိုဖြစ်၏

မွေးချင်းတူ ညီနောင်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ရှေခင်မြို့သားတို့ကို သတ်ရာ၌ ပူးပေါင်းသောာ ညီနောင်ဖြစ်ကြောင်း အသားပေး ဆိုလိုခြင်းဖြစ်သည်။

အဓမ္မအမှုကို ကြံသည်အတိုင်း ပြီးစီးကြပြီ

"ဓါးလက်နက်ဖြင့် လူ့အသက်ကို နုတ်ယူကြပြီ"

ငါ့ဝိညာဉ် . . . ငါ့ဘုန်း

ယာကုပ်က မိမိကိုယ်ကို ညွှန်းခေါ်ခြင်း ဖြစ်သည်။ (ရှု၊ figs_synecdoche)

သူတို့လျှို့ဝှက်ခြင်း အမှုထဲသို့မဝင်ရ . . . သူတို့စည်းဝေးရာနှင့် အသင်းမဖွဲ့ရ

စာကြောင်းနှစ်ခုစလုံး အဓိပ္ပါယ်ချင်း တူညီသည်။ ထိုညီအစ်ကိုတို့၏ အမှု၌ ပါဝင်လိုခြင်းမရှိကြောင်း ဆိုလိုသည်။ (ရှု၊ figs_parallelism)

they hamstrung oxen

Not applicable

hamstrung

Not applicable

Genesis 49:7

သူတို့ ပြင်းစွာထွက်သော အမျက်၊ ကြမ်းတမ်းစွာသော ဒေါသသည် ကျိန်ခြင်းကို ခံပါစေသော

ရှိမောင်နှင့်လေဝိတို့ကို သူတို့၏ အမျက်နှင့်ဒေါသဖြင့် တင်စားထားသည်။ အပြုသဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သခင်ဘုရား မိန့်ဆိုသည်ကား၊ 'ပြင်းထန်သောအမျက်နှင့် ကြမ်းတမ်းသောဒေါသကြောင့် သူတို့သည် ကျိန်ခြင်းကို ခံရမည်'" သို့မဟုတ် "အမျက်နှင့်ဒေါသကြောင့် သူတို့အပေါ် ကျိန်ခြင်းသက်ရောက်မည်အကြောင်း ငါကိုယ်တော် မိန့်ဆို၏" (ရှု၊ figs_metaphor နှင့် figs_activepassive)

ပြင်းစွာထွက်သော အမျက်

ပရောဖက်ဟောရာတွင်၊ ပရောဖက်ပြုသူက ဘုရားသခင်၏ အမိန့်စကားကို မိမိပြောသကဲ့သို့ ပြောဆိုလေ့ရှိသည်။ ၎င်းက ပရောဖက်ဆရာနှင့် ဘုရားသခင်တို့၏ နီးကပ်သော ဆက်ဆံရေးကို ဖော်ပြသည်။

and their fury, for it was cruel

Not applicable

ယာကုပ်အမျိုး၊ ဣသရေလအနွယ်သားတို့တွင် သူတို့ကို ငါ ကွဲပြားပြန့်လွင့်စေမည်

"ငါ" ဟူရာတွင် ဘုရားသခင်ကို ညွှန်းပြီး၊ "သူတို့" မှ ရှိမောင်နှင့်လေဝိကို ညွှန်း၍ သူတို့၏မျိုးနွယ်စုကို ကိုစားပြုသည်။ "ယာကုပ်" နှင့် "ဣသရေလ" ဟူရာတွင် ယာကုပ်ခေါ် ဣသရေလအမျိုးအားလုံးကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဣသရေလအမျိုးများကြားတွင် သူတို့အနွယ်ကို ငါ ကွဲပြားပျံ့နှံ့စေမည်" (ရှု၊ figs_metonymy နှင့် figs_parallelism)

Genesis 49:8

သင်သည် ညီအစ်ကိုတို့ ချီးမွမ်းရသောသူဖြစ်၏ . . . အဘ၏သားတို့သည် သင့်ရှေ့မှာ ဦးညွှတ်ချကြလိမ့်မည်

ဝါကျနှစ်ကြောင်းစလုံး ဆိုလိုရင်း တူညီသည်။ (ရှု၊ figs_parallelism)

ညီအစ်ကိုတို့ ချီးမွမ်းရသောသူဖြစ်၏။ သင်၏လက်

ဒုတိယဝါကျမှာ ပထမဝါကျ၏ အကြောင်းရင်းဖြစ်သည်။ ထို့ကြောင့်၊ "အဘယ်ကြောင့်ဆိုသော်" သို့မဟုတ် "အကြောင်းမူကား" စသော သမ္ဗန္ဓပုဒ်ဖြင့် ဆက်နိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ညီအစ်ကိုတို့၏ ချီးမွမ်းခြင်းကိုခံရလိမ့်မည်။ အကြောင်းမူကား၊ သင်၏လက်" (ရှု၊ writing_connectingwords)

သင်၏လက်သည် သင်၏ရန်သူ လည်ပင်းပေါ်မှာ ရှိလိမ့်မည်

"သင်သည် သင်၏ရန်သူတို့ကို အောင်လိမ့်မည်" (ရှု၊ figs_idiom)

ဦးညွှတ်ချကြလိမ့်မည်

ရိုသေလေးမြတ်မှုကို ပြသည်။ (ရှု၊ translate_symaction)

Genesis 49:9

ယုဒသည် ခြင်္သေ့ပျိုဖြစ်၏

ယုဒကို ခြင်္သေ့ပျိုကဲ့သို့ တင်စားထားသည်။ ယုဒ၏ ခွန်အားကြီးမှုကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယုဒသည် ခြင်္သေ့ပျိုကဲ့သို့ဖြစ်၏" (UDB) (ရှု၊ translate_symaction)

ငါ့သား၊ သင်သည် ဘမ်းယူကိုက်စားရာမှ တက်လာတတ်၏

"ငါ့သား၊ သင်သည် သားဖမ်းစားရာမှ ပြန်လာ၏"

ခြင်္သေ့မကဲ့သို့၎င်း

ယုဒကို ခြင်္သေ့မနှင့်လည်း ခိုင်းနှိုင်းထားသည်။ ခြင်္သေ့မတို့မှာ အကောင်ငယ်တို့ကို ကာကွယ်၍ သားကောင်ဖမ်းသော အဓိကမုဆိုး ဖြစ်ကြသည်။ (ရှု၊ figs_simile)

အဘယ်သူ နှိုးဆော်ဝံ့မည်နည်း

ယုဒ၏ ကြောက်မက်ဖွယ်ကောင်းပုံကို ထင်ရှားစေရန် မေးလိုက်ခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဘယ်သူမှ သူ့ကို မနှိုးဝံ့" (ရှု၊ figs_rquestion)

Genesis 49:10

ရာဇလှံတံသည် ယုဒထံမှ၎င်း၊ မင်းအာဏာသည် သူ၏အမျိုးအနွယ်ထံမှ၎င်း မရွေ့ရ

"ရာဇလှံတံ" နှင့် "မင်းအာဏာ" မှာ ဘုရင်မင်းမျိုးတို့သာ ပိုင်သောအရာဖြစ်သည်။ အုပ်စိုးခွင့်အာဏာကို ကိုစားပြုသည်။ ယုဒနှင့် သူ၏အနွယ်ကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "‌ရာဇပလ္လင်သည် ယုဒ၏အမျိုးအနွယ်၌သာ တည်လိမ့်မည်" (ရှု၊ figs_metonymy နှင့် figs_parallelism)

ရှိလော မရောက်မှီတိုင်အောင် . . . ရှိလော၌ လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည်

ဖြစ်နိုင်ချေများ၊ ၁) "ရှိလော" ကို "ပဏ္ဏာ" ဟူ၍ အဓိပ္ပါယ်ဖွင့်နိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လူမျုးတကာတို့၏ ဆည်းကပ်မှုနှင့် ပဏ္ဏာတော်ကို မရမီတိုင်‌ေအောင်၊ ..." သို့မဟုတ် ၂) "ရှိလော" မှာ ရှိလောမြို့ကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ရှင်ဘုရင်သည် ရှိလောအရပ်သို့ မရောက်မီတိုင်အောင် ... လူမျိုးတကာတို့ ဆည်းကပ်ကြလိမ့်မည်။" ဒါဝိဒ်မင်းကြီး၏ မျိုးဆက်ဖြစ်သော မေရှိယ ကြွလာမည်အကြောင်း ပရောဖက္တိစကား ဖြစ်မည်ဟု လူအများက ခံယူကြသည်။ ဒါဝိဒ်မင်းမှာ ယုဒအနွယ်ဝင်ဖြစ်သည်။

ရှိလော၌ လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည်

"လူမျိုးတို့" ဟူရာတွင် လူမျိုးအပေါင်းကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လူမျိုးအပေါင်းတို့သည် သူ့ကို ဆည်းကပ်ကြလိမ့်မည်" (ရှု၊ figs_metonymy)

Genesis 49:11-12

မိမိမြည်းကို စပျစ်နွယ်ပင်၌၎င်း၊ မြည်းကလေးကို အမြတ်ဆုံးသော စပျစ်နွှယ်ပင်၌၎င်း ချည်နှောင်၍

ရှေ့နှင့်နောက် ဆိုလိုရင်း တူညီသည်။ စပျစ်သီး များလွန်း၍ မြည်းက စားလျှင်လည်း မမူကြောင်း ဆိုလိုသည်။ (ရှု၊ figs_parallelism နှင့် figs_explicit)

မိမိ

ဖြစ်နိုင်ချေများ၊ ၁) ယုဒအနွယ်ဝင်များကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိတို့" သို့မဟုတ် ၂) ၄၉း၁၀ ၌ မေရှိယ ဖြစ်မည်ထင်ရသော မင်းဘုရင်ကို ညွှန်းသည်။

he has washed ... in the blood of grapes

Not applicable

he has washed

Not applicable

စပျစ်သီးအသွေး

နီရင့်သော စပျစ်ရည်ကို သွေးကဲ့သို့ တင်စားထားသည်။ (ရှု၊ figs_metaphor)

သူ၏မျက်စိသည် စပျစ်ရည်နှင့် နီလိမ့်မည်

မျက်စိကို စပျစ်ရည်၏ နီရင့်သောအရောင်ဖြင့် ခိုင်းနှိုင်းထားသည်။ ဖြစ်နိုင်ချေများ၊ ၁) မျက်လုံး အရင့်ရောင်ရှိလျှင် ကျန်းမာကြောင်း ပုံဆောင်သည် သို့မဟုတ် ၂) စပျစ်ရည် သောက်လွန်း၍ နီရင့်သည် (ရှု၊ figs_simile နှင့် figs_explicit)

သွားသည်လည်း နို့နှင့်ဖြူလိမ့်မည်

ကျန်းမာထွားကြိုင်းသောနွား အမြောက်အမြား ရှိသဖြင့် နို့ရည်ကို ဝလင်စွာသောက်ရမည်ဟု ဆိုလိုသည်။ (ရှု၊ figs_simile နှင့် figs_explicit)

Genesis 49:13

ဇာဗုလုန်သည် ကမ်းနားမှာ နေ၍

ဇာဗုလုန် အနွယ်ဝင်များကို ညွှန်းသည်။ (ရှု၊ figs_metonymy)

သင်္ဘောဆိပ် ဖြစ်လိမ့်မည်

ဇာဗုလုန်အနွယ်များ နေထိုင်မည့်အရပ်ကို ဖော်ပြသည်။ သင်္ဘောများ ဆိုက်ရောက်ရာ မြို့များ ဖြစ်သည်။ (ရှု၊ figs_metonymy)

သင်္ဘောဆိပ်

ပင်လယ်ကမ်းစပ်တွင် တည်ရှိပြီး သင်္ဘောများ ဆိုက်ရောက်ရာ ဖြစ်သည်။

Genesis 49:14-15

ဣသခါသည် . . . အားကြီးသောမြည်းဖြစ်၏

ဣသခါကို မြည်းကဲ့သို့ တင်စားထားသည်။ အလုပ်ကြိုးစားမှုကို ပုံဆောင်သည်။ အခြးသော ဘာသာပြန်ဆိုချက်၊ "ဣသခါအမျိုးသည် အားကြီးသောမြည်းကဲ့သို့ ဖြစ်၍" (ရှု၊ figs_metaphor)

ဣသခါသည် . . . ၏

ပရောဖက်ဟောရာတွင်၊ ဖြစ်လတံ့သောအမှုကို ဖြစ်ပြီးသကဲ့သို့ ပြောဆိုလေ့ရှိသည်။ အမှန်တကယ် ဖြစ်ပျက်လာမည်အကြောင်း ထင်ရှားစေသည်။ အနာဂတ်ကာလပြကြိယာပုဒ်ဖြင် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဣသခါသည် ... လိမ့်မည်" သို့မဟုတ် "ဣသခါအမျိုးသည် ... လိမ့်မည်"

ဣသခါ . . . မိမိ

ဣသခါအနွယ်များကိုလည်း ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဣသခါအမျိုး ... မိမိတို့" (ရှု၊ figs_metonymy)

တောင်ကြားမှာဝပ်လျက် . . . ၏

ဖြစ်နိုင်ချေများ၊ ၁) "ထမ်းပိုးကြားမှာဝပ်ရလိမ့်မည်" သို့မဟုတ် ၂) "သိုးစုကြားမှာဝပ်ရလိမ့်မည်။" မည်သို့ပင်ဆိုပါစေ၊ ဣသခါအမျိုးတို့မှာ မြည်းကဲ့သို့ အလုပ်ကြိုးပမ်းလျက်၊ ဝန်ထုပ်ဝန်ပိုးများကြား၌သာ နားရမည်ဖြစ်ကြောင်း ဆိုလိုသည်။ (ရှု၊ figs_metaphor)

ငြိမ်ဝပ်ရာအရပ် ကောင်း၍မြေသာယာသည်

"ငြိမ်ဝပ်ရာအရပ်၊ ကောင်း၍မြေသာသောအရပ်"

မိမိပခုံးပေါ်မှာ ထမ်းပိုးကို တင်ထမ်း၍

"ပခုံးကိုညွတ်ပြီး ထမ်းပိုကို တင်ထမ်း၍" (ရှု၊ figs_idiom)

အခွန်ပေးသော ကျွန်ဖြစ်လေ၏

"အလုပ်၏ကျေးကျွန် ဖြစ်ရလိမ့်မည်"

Genesis 49:16-18

ဒန်သည် . . . မိမိလူတို့ကို စီရင်လိမ့်မည်

ဒန်အနွယ်ဝင်များကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဒန်အမျိုးသည် ... မိမိလူတို့ကို စီရင်လိမ့်မည်" (ရှု၊ figs_metonymy)

မိမိလူတို့

ဖြစ်နိုင်ချေများ၊ ၁) "ဒန်အမျိုးတို့" သို့မဟုတ် ၂) "ဣသရေလအမျိုး"

ဒန်သည် လမ်း၌နေသောမြွေ ဖြစ်လိမ့်မည်

ဒန်နှင့်အမျိုးအနွယ်တို့ကို မြွေကဲ့သို့ တင်စားထားသည်။ မြွေမှာ သေးငယ်သော်လည်း၊ စစ်သူရဲကို မိမိမြင်းပေါ်မှ ဆွဲချနိုင်သည်။ ထို့အတူ၊ လူစုနည်းသော ဒန်မှာလည်း ရန်သူတို့ ကြောက်ရွံ့ရသောသူများ ဖြစ်ကြမည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဒန်အမျိုးသည် လမ်း၌ရှိသောမြွေကဲ့သို့ ဖြစ်လိမ့်မည်" (ရှု၊ figs_metaphor)

အိုထာဝရဘုရား၊ ကယ်တင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ် မြော်လင့်လျက်နေပါပြီ

စိတ္တဇနာမ် "ကယ်တင်ခြင်း" ကို "ကယ်တင်" ဟု ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အိုယာဝေးဘုရား၊ အကျွန်ုပ်ကို ကယ်မတော်မူရန် မြော်လင့်လျက်နေပါပြီ"

အကျွန်ုပ် မြော်လင့်လျက်နေပါပြီ

"အကျွန်ုပ်" ဟူရာတွင် ယာကုပ်ကို ညွှန်းသည်။

Genesis 49:19-21

ဂဒ် . . . အာရှာ . . . နဿလိ

အသီးသီး၏ မျိုးနွယ်စုများကို ညွှန်းသည်။ (ရှု၊ figs_metonymy)

ပြန်တိုက်လိမ့်မည်

သူတို့ကို တိုက်သောသူများအား ပြန်လည် နှင်ထုတ်မည်ဟု ဆိုလိုသည်။ (ရှု၊ figs_synecdoche)

အရသာနှင့်ပြည့်စုံ၍

အရသာရှိကြောင်း ဆိုလိုသည်။ (ရှု၊ figs_idiom)

နဿလိသည် . . . ကျယ်ဝန်းသော သပိတ်ပင်ဖြစ်၏

မူပြန်ကျမ်း အများစုတွင် နဿလိအနွယ်ကို လွတ်လပ်စွာ ပြေးလွှားနိုင်သော သမင်မနှင့် တင်စားထားသည်။ ဆက်သားများကဲ့သို့ လျင်မြန်မည်ဟု ဆိုလိုခြင်း ဖြစ်နိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နဿလိအမျိုးသည် ... လွတ်လပ်သော သမင်မကဲ့သို့ ဖြစ်လိမ့်မည်" (ရှု၊ figs_metaphor)

လှသောအခက်အလက်နှင့် ပြည့်စုံ၍

မူပြန်ကျမ်း အများစုတွင် "သမင်ငယ်" ဖြင့် ဖော်ပြထားသည်။ မူရင်းဟေဗြဲ ဝေါဟာရကို တိကျစွာ ပြန်ဆိုရန် ခက်ခဲသည်။ အချို့မူပြန်ကျမ်းများတွင် "လှပသော စကားလုံးကြွယ်ဝ၍" သို့မဟုတ် "လှပစွာ ပြောဆိုတတ်၍" (ရှု၊ figs_metaphor)

Genesis 49:22-23

ယောသပ်သည် သန်သောပျိုးပင်

ယောသပ်အနွယ်ကို ကိုစားပြုသည်။ အသီးများစွာ ဖြစ်စေသော အကိုင်းအခက်ကဲ့သို့ တင်စားထားသည်။ အမြောက်အမြား မွေးဖွားကြမည်ဟု ဆိုလိုသည်။ (ရှု၊ figs_metonymy နှင့် figs_metaphor)

ပျိုးပင်

အပင်၏ ပင်မအကိုင်း ဖြစ်သည်။

အခက်အလက်တို့သည် အုတ်ရိုးပေါ်မှာ ကျော်သွားကြ၏

အခက်အလက်များ၏ ကြီးထွားမှုကို အုတ်ရိုးပေါ် ကျော်တက်သကဲ့သို့ တင်စားထားသည်။ (ရှု၊ figs_metaphor)

Genesis 49:24

ယေဘုယျ အချက်အလက်

ယောသပ်နှင့် သူ၏အမျိုးအနွယ်ကို ဆက်လက်ကောင်းကြီးပေးသည်။

သူ၏လေးသည် အားမလျော့

မြဲမြံစွာ လေးကိုကိုင်သော လေးသမားအား လေးဖြင့် ဖော်ပြထားသည်။ ရန်သူကို ချိန်ပစ်ရန် လေးကို မြဲမြံစွာ ကိုင်သောအကြောင်းကို ဖော်ပြခြင်းဖြစ်သည်။ အခြား‌‌‌သော ဘာသာပြန်ဆိုချက်၊ "သူ၏လေးသည် မြဲမြံလိမ့်မည်" (ရှု၊ figs_metonymy နှင့် figs_explicit)

သူ၏လေး . . . သူကိုင်သော လက်နက်တို့

ယောသပ်နှင့် အနွယ်များကို ညွှန်းသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူ၏လေး ... သူ၏လက်တို့" (ရှု၊ figs_metonymy)

သူကိုင်သော လက်နက်တို့သည် . . . ခိုင်မာလျက်ရှိ၏

ကမ္ဘာဦးကျမ်း ၄၉း၂၄-၂၅ ကို ရှု။ လက်များကို မိမိကိုင်ထားသော လက်နက်ဖြင့် ဖော်ပြထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူ၏လက်တို့သည် ... ခိုင်မာလျက်ရှိလိမ့်မည်" (ရှု၊ figs_metonymy)

တန်ခိုးကြီးသော ဘုရား၏လက်ဖြင့်၎င်း

ယာဝေးဘုရား၏ တန်ခိုးကို ဘုရား၏လက်ဖြင့် ပုံပြုထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကြီးမြတ်သောသူ၏ တန်ခိုးဖြင့်၎င်း" (ရှု၊ figs_metonymy)

သိုးထိန်းတည်းဟူသော ဣသရေလအမျိုး၏ ကျောက်ဖြင့်၎င်း

အခြားသော ဘာသာပြန်ဆိုချက်၊ "ဣသရေလအမျိုး၏ကျောက်ဖြစ်သော သိုးထိန်းရှင် နာမတော်အားဖြင့်၎င်း" (ရှု၊ figs_metonymy)

သိုးထိန်း

ယာဝေးဘုရားကို ညွှန်းသည်။ မိမိလူတို့ကို ကျွေးမွေးစောင့်ရှောက်သော သိုးထိန်းကဲ့သို့ တင်စားထားသည်။ (ရှု၊ figs_metaphor)

ကျောက်ဖြင့်၎င်း

ယာဝေးဘုရားကို ညွှန်းသည်။ ရန်သူတို့ထံမှ ကာကွယ်ပေးသော ယာဝေးဘုရားကို ဘေးရန်မှ ကွယ်ကာပေးသော "ကျောက်ဆောင်" ကဲ့သို့ တင်စားထားသည်။ (ရှု၊ figs_metaphor)

Genesis 49:25

ယေဘုယျ အချက်အလက်

ယောသပ်နှင့် သူ၏အမျိုးအနွယ်ကို ဆက်လက် ကောင်းကြီးပေးသည်။ (ရှု၊ ၄၉း၂၂)

သင့်ကိုမစတော်မူသော . . . သင့်ကိုကောင်းကြီးပေးတော်မူသော

ယောသပ်ကို ညွှန်းပြီး သူ၏မျိုးနွယ်စု တခုလုံးကို ကိုစားပြုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်အမျိုးကို မစတော်မူသော ... သူတို့ကို ကောင်းကြီးပေးတော်မူသော" (ရှု၊ figs_metonymy)

အထက်မိုဃ်းကောင်းကင်၏ မင်္ဂလာ

စပါးနှံ ဖြစ်ထွန်းရာ၌ အကူအညီပေးသော မိုးရေကို ကိုစားပြုသည်။ (ရှု၊ figs_metonymy)

အောက်နက်နဲသောအရပ်၏ မင်္ဂလာ

မြေအောက်ရှိ မြစ်ချောင်းများနှင့် တွင်းရေတို့ကို ကိုစားပြုသည်။ (ရှု၊ figs_metonymy)

သားမြတ်နှင့်ဆိုင်သောမင်္ဂလာ၊ ဝမ်းနှင့်ဆိုင်သောမင်္ဂလာ

သားသမီး ထွန်းကား၍ မိခင်နို့ ကျွေးမွေးရသောအခွင့်ကို ကိုစားပြုသည်။ (ရှု၊ figs_metonymy)

Genesis 49:26

ယေဘုယျ အချက်အလက်

ယောသပ်နှင့် သူ၏အမျိုးအနွယ်ကို ဆက်လက် ကောင်းကြီးပေးသည်။

ထာဝရတောင်တို့

မူရင်းကျမ်း၏ ဆိုလိုရင်းကို မသိရပါ။ အချို့မူပြန်ကျမ်းတွင် "ဘိုးဘေး၏တောင်တို့" သို့မဟုတ် "ရှေးတောင်တို့" ဟူ၍ ပြန်ဆိုထားသည်။

ထိုမင်္ဂလာသည် ယောသပ်ခေါင်းပေါ်

ဘိုးဘေးတို့၏ မင်္ဂလာများကို ညွှန်းသည်။

မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ၏ ခေါင်းထိပ်ပေါ်မှာ

အထက်ပါ ကောင်းခြင်းမင်္ဂလာကို ယောသပ်၌သာ မဟုတ်ဘဲ၊ သူ၏အမျိုးအနွယ်မှ အရေးပါသောပုဂ္ဂိုလ်ပေါ်၌ သက်ရောက်စေလိုသဖြင့်၊ အကြီးအကဲဖြစ်သောသူဟူ၍ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မိမိအမျိုးမှ အကြီးဆုံးသောသူ၏ ခေါင်းပေါ်တို့မှာ" (ရှု၊ figs_metaphor)

မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ

"မိမိအစ်ကိုတို့ကြား အမြင့်မြတ်ဆုံးသောသူ"

Genesis 49:27

ဗင်္ယာမိန်သည် လုယူကိုက်စားတတ်သော တောခွေးဖြစ်လိမ့်မည်

ဗင်္ယာမိန်နှင့် အနွယ်များကို ကိုစားပြုသည်။ ဆာလောင်နေသော ဝံပလွေကဲ့သို့ တင်စားထားသည်။ ကြမ်းကြုတ်သော စစ်သူရဲများဖြစ်မည်အကြောင်း ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဗင်္ယာမိန်အမျိုးသည် ဆာလောင်သော ဝံပလွေကဲ့သို့ ဖြစ်လိမ့်မည်" (ရှု၊ figs_metonymy နှင့် figs_metaphor)

Genesis 49:28-30

ဤသူတို့ကား၊ ဣသရေလအမျိုး ဆယ်နှစ်မျိုးဖြစ်၏

"ဤသူတို့" ဟူရာတွင် ၄၉း၁-၂၇ တွင် ဖော်ပြထားသော ယာကုပ်၏ သားများကို ညွှန်းသည်။ ဤသူတို့မှာ မိမိမျိုးနွယ်စု အသီးသီး၏ ဦးခေါင်းများ ဖြစ်ကြသည်။

when he blessed them

Not applicable

သူတို့ အသီးသီးခံရသော မင်္ဂလာရှိသည်အတိုင်း

"သူတို့နှင့် လိုက်ဖက်သော မင်္ဂလာရှိသည်အတိုင်း"

မှာထား၏

ကမ္ဘာဦးကျမ်း ၄၉း၃၂ ကို ရှု။

ငါ့လူမျိုးစည်းဝေးရာသို့ ငါသွားရမည်

သေမည်အကြောင်း ယဉ်ကျေးပါးနပ်စွာ ပြောဆိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ငါသေရတော့မည်" (ရှု၊ figs_euphemism နှင့် figs_idiom)

ငါ့လူမျိုးစည်းဝေးရာသို့

သေလျှင် မိမိဝိညာဉ် သွားမည့်အရပ်ကို ညွှန်းသည်။ အာဗြဟံနှင့် ဣဇာက်တို့ထံ သွားရန် မျှော်လင့်ထားသည်။ (ရှု၊ figs_euphemism နှင့် figs_idiom)

ဟိတ္တိအမျိုးသား ဧဖရုန်

ယောက်ျားအမည် ဖြစ်သည်။ "ဟိတ္တိအမျိုးသား" မှာ "ဟေသအနွယ်" ကို ဆိုလိုသည်။ ၂၃း၇ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

မပ္ပေလ

အရပ်ဒေသအမည် ဖြစ်သည်။ ၂၃း၇ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

မံရေမြို့

ဟေဗြုန်မြို့၏ အခြားအမည် ဖြစ်သည်။ ထိုမြို့တွင် နေထိုင်ခဲ့သော အာဗြဟံ၏မိတ်ဆွေ မံရေကို အစွဲပြုထားခြင်း ဖြစ်နိုင်သည်။ ၁၃း၁၆ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

Genesis 49:31-33

ယေဘုယျ အချက်အလက်

ယာကုပ်က မိမိသားများထံ ဆက်လက် မိန့်မှာသည်။

ထိုလယ်ပြင်ကို . . . ဝယ်သတည်း

တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ထိုလယ်ပြင်ကို ... အာဗြဟံ ဝယ်သတည်း" (ရှု၊ figs_explicit)

ဟေသအမျိုးသားရှေ့မှာ

"ဟိတ္တိလူတို့ထံမှ"

မှာထား၏

"မိန့်မှာ၏"

အကုန်အစင် မှာထားပြီးလျှင်

"သွန်သင် မိန့်မှာပြီးလျှင်" သို့မဟုတ် "အကုန်အစင် မိန့်မှာပြီးလျှင်"

မိမိခြေတို့ကို ခုတင်ပေါ်မှာ ရုပ်သိမ်းသဖြင့်

ယာကုပ်မှာ အိပ်ရာခုတင်ပေါ်တွင် ထိုင်နေခဲ့သည်။ ယခု အိပ်စက်ရန် ခြေထောက်ကို ပြန်တင်သည်။

အသက်ချုပ်၍

သေဆုံးကြောင်း ယဉ်ကျေးပါးနပ်စွာ ညွှန်းဆိုခြင်းဖြစ်သည်။ (ရှု၊ figs_euphemism)

မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏

ယာကုပ် သေဆုံးပြီးနောက်၊ မိမိဝိညာဉ်မှာ သေဆုံးခဲ့ပြီဖြစ်သော ဆွေမျိုးများထံ ရောက်သွားသည်။ (ရှု၊ figs_euphemism နှင့် figs_idiom)

Genesis 50

Genesis 50:1-3

အဘ၏မျက်နှာပေါ်မှာ ငုံ့၍၊ ငိုလျက် နမ်းလျက်နေ၏

အခြားသော ဘာသာပြန်ဆိုချက်၊ "ဖခင်ပေါ်မှာ ငုံ့၍၊ ငိုလျက် နမ်းလျက်နေ၏" (ရှု၊ figs_idiom)

မိမိကျွန် ဆေးသမားတို့

"မိမိကျွန် သမားတော်တို့"

အဘ၏အလောင်းကို နံ့သာမျိုးနှင့် ပြင်ဆင်စေခြင်းငှါ

အလောင်း ပုပ်သိုးမသွားစေရန် ဆေးစီရင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အဖ၏အလောင်းကို အမွေးနံ့သာများဖြင့် စီရင်ခြင်းငှါ" (ရှု၊ figs_euphemism)

အရက်လေးဆယ်လွန်လျှင်

"ရက်ပေါင်း ၄၀ လွန်လျှင်" (ရှု၊ translate_numbers)

အရက်ခုနစ်ဆယ် ပတ်လုံး

"ရက်ပေါင်း ၇၀ ပတ်လုံး" (ရှု၊ translate_numbers)

Genesis 50:4-6

ငိုကြွေးမြည်တမ်းသောနေ့ရက်

"အသုဘရက်" သို့မဟုတ် "ဈာပနာရက်"

ယောသပ်သည် နန်းတော်သား အချို့တို့ကိုခေါ်၍

"နန်းတော်သား" ဟူရာတွင် ဖါရောမင်း၏ နန်းတွင်းမှူးမတ်များကို ကိုစားပြုသည်။ အြားသော ဘာသာပြန်ဆိုချက်၊ "ယောသပ်သည် နန်းတွင်းမှူးမတ်တို့ကို ခေါ်၍" (ရှု၊ figs_metonymy)

သင်တို့သည် ကျွန်ုပ်ကိုစေတနာစိတ်ရှိလျှင်

အခြားသော ဘာသာပြန်ဆိုချက်၊ "ငါသည် သတို့မျက်နှာသာပေးခြင်းကို ခံရလျှင်" သို့မဟုတ် "ငါသည် သင်တို့စိတ်ကို ကျေနပ်စေခဲ့လျှင်" (UDB) (ရှု၊ figs_metonymy)

found favor

Not applicable

ဖာရောဘုရင် ထံတော်သို့သွား၍၊ ကျွန်တော်အဘက၊ ငါသေတော့မည်။ ခါနာန်ပြည်၌ ကိုယ်ဘို့ငါတူးဘူးသော သင်္ချိုင်းတွင်း၌၊ ငါ့ကို သင်္ဂြိုဟ်ရမည်ဟူ၍ ကျွန်တော်ကို ကျိန်ဆိုစေပါပြီ။ ထိုကြောင့် ကျွန်တော်သွား၍၊ အဘကို သင်္ဂြိုဟ်ပြီးမှ ပြန်လာပါမည်အကြောင်းကို အသနားတော်ခံပါသည်ဟု နားတော်လျှောက်ကြပါလော့

နှစ်ဆင့်နှင့် သုံးဆင့် ကိုးကားချက်များ ပါဝင်သည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဖါရောမင်းထံတော်သို့သွား၍၊ ကျွန်ုပ်အဖ ဆုံးလျှင်၊ ခါနာန်ပြည်၌ သူတူးခဲ့သော သင်္ချိုင်း၌ သင်္ဂြိုဟ်ရန် ကျွန်ုပ်ကို ကျိန်ဆိုစေကြောင်း လျှောက်တင်ပေးပါ။ ကျိန်ဆိုထားသည်အတိုင်း ဖခင်ကို သင်္ဂြိုဟ်၍ ပြန်လာမည်အခွင့်ကို အသနားတော်ခံပေးကြပါ" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

ငါသေတော့မည်

"ကြည့်လော့၊ ငါသေတော့မည်"

ထိုကြောင့် ကျွန်တော်သွား၍

အဲဂုတ္တုပြည်မှာ ခါနာန်ပြည်ထက် မြေနေရာ နိမ့်သဖြင့် ခါနာန်ပြည်သို့ "တက်သွား" ဟု အစားထိုးနိုင်သည်။

ဖာရောမင်းကလည်း . . . ဟု မိန့်တော်မူ၏

မှူးမတ်တို့က ဖါရောမင်းထံ လျှောက်တင်ပြီး၍၊ မင်းကြီး၏ အဖြေစကားဖြစ်သည်။ (ရှု၊ figs_explicit)

သင်၏အဘ ကျိန်ဆိုစေသည်အတိုင်း

"သင် ကျိန်ဆိုထားသည်အတိုင်း"

Genesis 50:7-9

ယောသပ်သည် . . . သွား၍

အဲဂုတ္တုပြည်မှာ ခါနာန်ပြည်ထက် မြေနေရာ နိမ့်သဖြင့် ခါနာန်ပြည်သို့ "တက်သွား" ဟု အစားထိုးနိုင်သည်။

ဖာရောမင်း၏ ကျွန်များ . . . နန်းတော်အရာရှိ . . . အရာရှိအပေါင်းတို့

အသုဘ အခမ်းအနားတွင် ဖါရောမင်း၏ အရေးပါသော မှူးမတ်များအားလုံး တက်ရောက်သည်။

အရာရှိ

"အမတ်"

နန်းတော်အရာရှိ

နန်းတွင်းအမတ်များကို ညွှန်းသည်။

land of Egypt, with all Joseph's household and his brothers, and his father's household

Not applicable

ယောသပ်အိမ်သား . . . အဘအိမ်သား

"အိမ်သား" ဟူရာတွင် မိသားစုကို ညွှန်းသည်။

ရထားများ

မြင်းလှည်းတပ်ကို ကိုစားပြုသည်။ (ရှု၊ figs_metonymy)

အလွန်များစွာသော အလုံးအရင်းတို့

"များစွာသော လူတို့"

Genesis 50:10-11

When they came

Not applicable

အာတဒ် ကောက်နယ်တလင်း

ဖြစ်နိုင်ချေများ၊ ၁) "အာတဒ်" ကို "ဆူးပင်" ဟု အနက်ရပြီး၊ ဆူးပင်များစွာ ပေါက်သော အရပ်ကို ညွှန်းခြင်းဖြစ်နိုင်သည်။ သို့မဟုတ် ၂) ထိုအရပ်၏ ပိုင်ရှင်အမည် ဖြစ်နိုင်သည်။ (ရှု၊ translate_names)

အလွန်ကြီးစွာသော ငိုကြွေးမြည်တမ်းခြင်းကို ပြုကြပြန်၏

"အလွန်ဝမ်းနည်းသဖြင့် ငိုကြွေးမြည်တမ်းကြ၏"

ခုနစ်ရက်ပတ်လုံး

"၇ ရက်ပတ်လုံး" (ရှု၊ translate_numbers)

အာတဒ် ကောက်နယ်တလင်း

"အာတဒ်၏ ကောက်နယ်တလင်း" (ရှု၊ translate_names)

အဲဂုတ္တုလူတို့သည် ပြင်းစွာငိုကြွေး မြည်တမ်းပါသည်တကား

"အဲဂုတ္တုလူတို့၏ မြည်တမ်းခြင်းမှာ ကြီးမားပါသည်တကား"

အဗေလ မိဇရိမ်

ဘာသာပြန်ဆိုသူများ အနေဖြင့် "အာဗေလ မိဇရိမ် အနက်ကား 'အဲဂုတ္တု၏ မြည်တမ်းခြင်း' ဖြစ်သတည်း" ဟု မှတ်ချက်ထည့်သွင်း ဖော်ပြနိုင်သည်။ (ရှု၊ translate_names)

Genesis 50:12-14

So his sons

Not applicable

အဘမှာထားသည်အတိုင်း ပြုကြ၏

"ဖခင် မှာထားသည်အတိုင်း ပြုကြ၏"

ဆောင်သွား၍

"သူ၏သားများက ဆောင်သွား၍"

မပ္ပေလ

မက်ဖေလ သို့မဟုတ် မပ္ပေလမှာ အရပ်ဒေသ၏ အမည်ဖြစ်သည်။ ၂၃း၇ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

မံရေမြို့

ဟေဗြုန်မြို့၏ အခြားအမည်ဖြစ်သည်။ ထို့မြို့၌ နေထိုင်ခဲ့သော အာဗြဟံ၏မိတ်ဆွေ မံရေ အမည်ကို အစွဲပြုခြင်း ဖြစ်နိုင်သည်။ ၁၃း၁၆ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ဟိတ္တိအမျိုးသား ဧဖရုန်

ယောက်ျားအမည် ဖြစ်သည်။ "ဟိတ္တိအမျိုးသား" ကို "ဟေသအနွယ်ဝင်" ဟုလည်း ဖော်ပြနိုင်သည်။ ၂၃း၇ မှ ပြန်ဆိုချက်ကို ရှု။ (ရှု၊ translate_names)

ယောသပ်သည် . . . အဲဂုတ္တုပြည်သို့ ပြန်လေ၏

"ယောသပ်ကလည်း ... အဲဂုတ္တုပြည်သို့ ပြန်လေ၏"

မသာလိုက်လာသောသူ အပေါင်းတို့နှင့်တကွ

"အသုဘချရန် လိုက်လာသူ အပေါင်းတို့နှင့်တကွ"

Genesis 50:15-17

ငါတို့ကို ယောသပ်သည် အငြိုးထားကောင်း ထားလိမ့်မည်

အငြိုးကို လက်တွင် ထားရှိ၍ရသောအရာကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ယောသပ်က ငါတို့အပေါ် အငြိုးထားခဲ့လိမ့်မည်" (ရှု၊ figs_metaphor)

ငါတို့သည် အထက်က သူ့ကို ညှဉ်းဆဲသောကြောင့်၊ ငါတို့အား ဧကန်အမှန် ပြန်၍ ညှဉ်းဆဲလိမ့်မည်

အခြားသော ဘာသာပြန်ဆိုချက်၊ "သူ့အပေါ် ငါတို့ပြုခဲ့သော အမှုကြောင့်၊ ဧကန်အမှန် ကလဲ့စားချေလိမ့်မည်" (ရှု၊ figs_metaphor)

ကိုယ်တော်အစ်ကိုတို့သည် မကောင်းသောအမှုကို ကိုယ်တော်အား ပြုမိ၍၊ ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကို လွှတ်တော်မူပါဟု၊ ကိုယ်တော်အား ကြားလျှောက်ရမည်အကြောင်း၊ ခမည်းတော်မသေမှီ ကျွန်တော်တို့ကို မှာထားခဲ့သည်ဖြစ်၍

နှစ်ဆင့်နှင့် သုံးဆင့် ကိုးကားချက်များ ပါဝင်သည်။ သွယ်ဝိုက်သဘောဖြင့် ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကိုယ်တော့်အစ်ကိုတို့သည် ကိုယ်တော့်အပေါ် ပြစ်မှားမိ၍၊ အပြစ်ကို လွှတ်တော်မူရန် တောင်းလျှောက်ရမည်အကြောင်း၊ ခမည်းတော်မသေမှီ မှထားခဲ့သည်အတိုင်း" (ရှု၊ figs_quotesinquotes နှင့် figs_quotations)

ခမည်းတော်မသေမှီ ကျွန်တော်တို့ကို မှာထားခဲ့သည်ဖြစ်၍

ညီအစ်ကိုတို့၏ဖခင် ယာကုပ်ကို ညွှန်းသည်။ ဖခင်၏စကားကို အာရုံပြုစေရန် "သင့်အဖ" ဟူ၍လည်း ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်တို့ဖခင်မသေမှီ ကျွန်တော်တို့ကို မှာထားခဲ့သည်ဖြစ်၍"

ကိုယ်တော်ကို ပြစ်မှားသောအပြစ်

"အပြစ်"

ယခုတွင်

"ယခုချက်ချင်း" ဟု ဆိုလိုခြင်း မဟုတ်ဘဲ၊ နောက်တွင် ဖော်ပြမည့်အရာကို အသားပေးလိုသဖြင့် ဖော်ပြခြင်းဖြစ်သည်။

ခမည်းတော်၏ ဘုရားသခင်ကျွန်တို့၏ အပြစ်ကိုလွှတ်တော်မူပါ

အစ်ကိုတို့က မိမိတို့ကိုယ်ကို ညွှန်းဆိုသည်။ "ခမည်းတော်ကိုးကွယ်သော ဘုရားသခင်၏ ကျွန်တို့ပြုသော အပြစ်ကို လွှတ်တော်မူပါ" (ရှု၊ figs_123person)

ထိုသို့ လျှောက်ကြသောအခါ၊ ယောသပ်သည် မျက်ရည်ကျလေ၏

"ထိုစကားကိုကြားသောအခါ၊ ယောသပ် ငိုလေ၏"

Genesis 50:18-21

ယောသပ်ရှေ့မှာ ပြပ်ဝပ်လျက်

ရိုသေလေးမြတ်ကြောင်းကို ပြသည်။ (ရှု၊ translate_symaction)

ကျွန်ုပ်သည် ဘုရားသခင်ကိုယ်စား ဖြစ်သလော

အစ်ကိုတို့ကို နှစ်သိမ့်ရန် မေးလိုက်ခြင်း ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်မှာ ဘုရားသခင်၏ ကိုယ်စားမဟုတ်ပါ" သို့မဟုတ် "ကျွန်ုပ်မှာ ဘုရားသခင် မဟုတ်ပါ" (ရှု၊ figs_rquestion)

သင်တို့သည် ကျွန်ုပ်ကိုညှဉ်းဆဲမည် ကြံကြသော်လည်း

"သင်တို့က ကျွန်ုပ်ကိုညှဉ်းဆဲရန် ကြံခဲ့သော်လည်း"

ဘုရားသခင်သည် . . . ကျေးဇူးပြုမည် ကြံတော်မူ၏

"ဘုရားသခင်က ... ကောင်းခြင်း ဖြစ်စေတော်မူ၏"

ထိုကြောင့်၊ မစိုးရိမ်ကြနှင့်

"ထို့ကြောင့်၊ ကြောက်ရွံ့ခြင်းမရှိကြနှင့်"

သင်တို့နှင့် သူငယ်များကို ကျွန်ုပ်ကျွေးမွေးမည်

"သင်နှင့်သင်တို့ သားသမီးများကို ကျွန်ုပ်ကျွေးမွေးမည်"

သူတို့ကို နှစ်သိမ့်စေ၍ မေတ္တာစကားကို ပြောလေ၏

"သူတို့ကို နှစ်သိမ့်၍ မေတ္တာဖြင့် ပြောလေ၏"

Genesis 50:22-23

အသက်တရာတဆယ်

"အသက် ၁၁၀" (ရှု၊ translate_numbers)

ဧဖရိမ်၏မြေးကို မြင်ရ၏

"ဧဖရိမ်မှ တတိယမျိုးဆက်ထိ မြင်ရ၏" (UDB)

မာခိရ

ယောသပ်မြေး၏ အမည်ဖြစ်သည်။ (ရှု၊ translate_numbers)

မိမိဒူးပေါ်မှာ မွေးစားရ၏

မခိရ၏သားသမီးတို့ကို မိမိသားသမီးကဲ့သို့ မွေးစားသည်။ ယောသပ်အမွေကို အထူးတလည် ခွဲဝေပိုင်ဆိုင်ရမည် ဖြစ်သည်။ (ရှ၊ figs_idiom)

Genesis 50:24-26

အကယ်စင်စစ် . . . သင်တို့ကို အကြည့်အရှု ကြွလာတော်မူမည်

"သင်တို့" ဟူရာတွင် ယောသပ်၏ ညီအစ်ကိုများသာ မဟုတ်ဘဲ၊ ၎င်းတို့၏ မျိုးဆက်တို့ကိုလည်း ကိုစားပြုသည်။ (ရှု၊ figs_metonymy)

lead you up out of this land to the land

Not applicable

အလောင်ကိုကား၊ နံ့သာမျိုးနှင့် ပြင်ဆင်ပြီးလျှင်

အလောင်း ပုပ်သိုးမသွားစေရန် ဆေးစီရင်သည်။ ၅၀း၁ မှ ပြန်ဆိုချက်ကို ရှု။

he was placed

Not applicable

တလားနှင့်

"ခေါင်းတလားတွင်" သို့မဟုတ် "အခေါင်းတွင်။" လူသေအလောင်းကို ထားသော သေတ္တာ။

Genesis front