1 Corinthians
1 Corinthians 1
1 Corinthians 1:1-3
ပေါလုကိုမည်သူကခေါ်၍၊မည်သည့်အရာအတွက်ခေါ်သနည်း။
ယေရှုခရစ်တော်ကပေါလုကိုတမန်တော်အရာ၌ခန့်ထားရန်ခေါ်ပါသည်။
ပေါလုကကောရိန္သုမြို့၌ရှိသောအသင်းတော်ကိုအဖဘုရားသခင်နှင့်ယေရှုခရစ်တော်ထံမှမည်သည့်အရာကိုရရှိစေလိုသောဆန္ဒရှိသနည်း။
ပေါလုကကောရိန္သုမြို့၌ရှိသောအသင်းတော်ကိုအဖဘုရားသခင်နှင့်ယေရှုခရစ်တော်ထံမှကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကို ရရှိစေလိုသောဆန္ဒရှိပါသည်။
1 Corinthians 1:4-6
ဘုရားသခင်သည်ကောရိန္သုအသင်းတော်ကိုမည်ကဲ့သို့ကြွယ်ဝပြည့်စုံစေသနည်း။
ဘုရားသခင်သည်နည်းလမ်းမျိုးစုံဖြင့် နှုတ်သတ္တိအပေါင်း၊ ဥာဏ်ဗဟုသုတအပေါင်းတို့ဖြင့် ကြွယ်ဝပြည့်စုံစေပါသည်။
1 Corinthians 1:7-9
ကောရိန္သုအသင်းတော်သည်မည်သည့်အရာ၌ချို့တဲ့ခြင်းမရှိသနည်း။
သူတို့သည် ဝိညာဥ်တော်ဆုကျေးဇူး နည်းနည်းမျှ ချို့တဲ့ခြင်းမရှိကြါ။
ဘုရားသခင်သည်ကောရိန္သုအသင်းတော်အားအဘယ်ကြောင့်အဆုံးတိုင်အောင်ခိုင်ခံ့စေသနည်း။
သခင်ယေရှုခရစ်တော်၏နေ့ရက်၌အပြစ်တင်ခြင်းနှင့်ကင်းလွတ်မည်အကြောင်း သူတို့အား ဘုရားသခင်သည်အဆုံးတိုင်အောင်ခိုင်ခံ့စေပါသည်။
1 Corinthians 1:10-11
ကောရိန္သုအသင်းတော်အားပေါလုကမည်သို့လုပ်ရန်တိုက်တွန်းသနည်း။
ပေါလုက သူတို့အားစကားအရာမှာသဘောတူ၍ အချင်းချင်းမကွဲပြားဘဲ စိတ်သဘောတညီတညွတ်တည်းနှင့်စေ့စပ်စုံလင်ကြစေရန်တိုက်တွန်းပါသည်။
ခလောဣအိမ်သားအချို့တို့က ပေါလုကိုမည်သို့သတင်းပြောကြားသနည်း။
ခလောဣအိမ်သားအချို့တို့က ကောရိန္သုအသင်းတော်ရှိအသင်းသားတို့သည်အချင်းချင်းမသင့်မတင့် ရန်တွေ့ခြင်းရှိကြသည်ဟု ပေါလုအားသတင်းပြောကြားပါသည်။
1 Corinthians 1:12-13
ဂိုဏ်းဂနကွဲခြင်းကိုပေါလုကမည်သို့အနက်ဖွင့်ဆိုသနည်း။
ပေါလုကဂိုဏ်းဂနကွဲခြင်းကို "ငါသည်ပေါလု၏တပည့်"၊ "ငါသည်အာပေါလု၏တပည့်"၊ "ငါသည်ကေဖ၏တပည့်"၊ "ငါသည်ခရစ်တော်၏တပည့်" ဟုမိမိကိုယ်ကို ရည်ညွှန်ခြင်း ဖြစ်သည်ဟု အနက်ဖွင့်ဆိုခြင်းဖြစ်ပါသည်။
1 Corinthians 1:14-16
ပေါလုကကရိပ္ပုနှင့်ဂါယုတို့မှလွဲ၍ မည်သူကိုမျှနှစ်ခြင်းမပေးခြင်းအတွက်အဘယ်ကြောင့်ဘုရားသခင်အားကျေးဇူးတော်ချီးမွမ်းသနည်း။
ပေါလုကဘုရားသခင်အားကျေးဇူးတော်ချီးမွမ်းခြင်းအကြောင်းမှာ ပေါလုသည်မိမိနာမ၌နှစ်ခြင်းပေးသည်ဟုမည်သူကမှပြောဆိုနိုင်ရန် အကြောင်းမရှိသောကြောင့်ဖြစ်ပါသည်။
1 Corinthians 1:17
ခရစ်တော်သည်ပေါလုအားမည်သို့လုပ်ရန်စေလွှတ်သနည်း။
ခရစ်တော်သည်ပေါလုအားဧဝံဂေလိတရားကိုဟောပြောစေရန်စေလွှတ်ခြင်းဖြစ်ပါသည်။
1 Corinthians 1:18-19
ပျက်ဆီးဆုံးရှုံးခြင်းသို့ရောက်သောသူတို့အတွက်လက်ဝါးကပ်တိုင်တော်မှတရားတော်သည်မည်သို့နည်း။
ပျက်ဆီးဆုံးရှုံးခြင်းသို့ ရောက်သောသူတို့အတွက် လက်ဝါးကပ်တိုင်တော်မှတရားတော်သည်မိုက်မဲသောတရားဖြစ်ပါသည်။
ဘုရားသခင်၏ကယ်တင်ခြင်းခံရသူတို့တွင် လက်ဝါးကပ်တိုင်တော်မှတရားတော်သည်မည်သို့နည်း။
ဘုရားသခင်၏ကယ်တင်ခြင်းခံရသူတို့အတွက် လက်ဝါးကပ်တိုင်တော်မှတရားတော်သည် ဘုရားသခင်၏ တန်ခိုးတော်ပင်ဖြစ်ပါသည်။
1 Corinthians 1:20-25
လောကီပညာကိုဘုရားသခင်ကမည်သို့ဖြစ်စေမည်နည်း။
လောကီပညာကိုဘုရားသခင်ကမိုက်မဲစေမည်ဖြစ်ပါသည်။
မိုက်မဲသောဒေသနာအားဖြင့် ယုံကြည်နေသောသူတို့အားဘုရားသခင်ကအဘယ်ကြောင့်ကယ်တင်ရန်စေတနာစိတ်ရှိသနည်း။
ယုံကြည်သူတို့အားဘုရားသခင်ကကယ်တင်ရန်စိတ်ရှိရခြင်းအကြောင်းမှာ လောကီသားတို့သည်မိမိတို့ပညာ ဥာဏ်အားဖြင့်ဘုရားသခင်ကိုမသိဘဲနေကြသောကြောင့်ဖြစ်ပါသည်။
1 Corinthians 1:26-27
ဘုရားသခင်က လူတို့သတ်မှတ်သော ပညာရှိများ သို့မဟုတ် အစိုးရမင်းအမျိုးများ သို့မဟုတ်ထင်ရှားသူများ ထဲမှ မည်မျှခေါ်တော်မူသနည်း။
ဘုရားသခင်သည်မည်သူ့ကိုမျှခေါ်တော်မူခြင်းမရှိပါ။
ဘုရားသခင်သည်အဘယ်ကြောင့် မိုက်မဲသောသူတို့နှင့်လောကီအရာ၌အားနည်းသူတို့ကိုရွေးကောက်သနည်း။
ဘုရားသခင်သည်သူတို့အားရွေးကောက်ရခြင်းအကြောင်းမှာ ပညာရှိသူတို့နှင့်စွမ်းအားကြီးသူတို့ကိုရှက်ကြောက်စေလိုသောကြောင့်ဖြစ်ပါသည်။
1 Corinthians 1:28-29
မိမိ၏ရှေ့တော်မှောက်၌မည်သူမျှဝါကြွားခြင်းမရှိစေရန် ဘုရားသခင်ကမည်သို့လုပ်ဆောင်သနည်း။
မိမိ၏ရှေ့တော်မှောက်၌ မည်သူမျှဝါကြွားခြင်းမရှိစေရန် ဘုရားသခင်ကနိမ့်ကျသူများ၊ စွန့်ပယ်ခြင်းခံရသောသူများ ကိုရွေးကောက်တော်မူပါသည်။
1 Corinthians 1:30-31
ယုံကြည်သူတို့သည်အဘယ်ကြောင့်ခရစ်တော်၌ရှိကြသနည်း။
ယုံကြည်သူတို့သည်ခရစ်တော်၌ရှိရခြင်းအကြောင်းမှာ ဘုရားသခင်အားဖြင့်ဖြစ်ပါသည်။
ယေရှုခရစ်သည် ကျွန်ပ်တို့အတွက် မည်သို့ဖြစ်သနည်း။
ယေရှုခရစ်သည်ကျွန်ပ်တို့အတွက် ဘုရားသခင်ထံမှဥာဏ်ပညာမှစ၍ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း နှင့် ရွေးနှုတ်ခြင်းတို့ဖြစ်ပါသည်။
အကယ်၍ကျွန်ပ်တို့သည်ဝါကြွားမည်ဆိုလျှင် မည်သူ၌သာဝါကြွားရမည်နည်း။
ကျွန်တို့သည်ဝါကြွားမည်ဆိုလျှင် ထာဝရဘုရား၌သာဝါကြွားရမည်ဖြစ်ပါသည်။
1 Corinthians 2
1 Corinthians 2:1-2
ဘုရားသခင်၏သက်သေခံချက်တို့ကိုပြောသောအခါ ပေါလု၏ကောရိန္သုအမျိုးသားတို့အပေါ်မည်သို့သဘောထားသနည်း။
ပေါလုက ဘုရားသခင်၏သက်သေခံချက်ကိုစွဲမက်ဖွယ်သောစကားနှင့် ပညာဥာဏ်အားဖြင့် သူတို့ကိုပြသရန်လာရောက်ခြင်း မဟုတ်ကြောင်းသဘောထားပါသည်။
ပေါလုသည်ကောရိန္သုအမျိုးသားများနှင့်ရှိနေစဉ်တွင် မည်သည့်အရာကိုသိကြောင်းဆုံးဖြတ်သနည်း။
ပေါလုက လက်ဝါးကပ်တိုင်မှာအသေခံတော်မူသောယေရှုခရစ်ကိုသိသည်မှတပါးမည်သည့်အရာကိုမျှမသိရှိကြောင်းဆုံးဖြတ်ပါသည်။
1 Corinthians 2:3-5
ပေါလုကအဘယ်ကြောင့် သူ၏ဒေသနာနှင့် ဝိညာဥ်တော်၏ နိမိတ်လက္ခဏာတန်ခိုးတော်သည် လူ့ဥာဏ်ထက်သာလွန်ကြောင်းပြောသနည်း။
သူတို့၏ယုံကြည်ခြင်းသည် လူ့ဥာဏ်အားဖြင့်မတည်ဘဲ ဘုရားသခင်၏တန်ခိုးအားဖြင့်တည်ရှိခြင်း ဖြစ်ကြောင်းပြောပါသည်။
1 Corinthians 2:6-7
ပေါလုနှင့်သူနှင့်အတူရှိသူများက မည်သည့်ပညာအကြောင်းကို ပြောဆိုကြသနည်း။
သူတို့က ဤကမ္ဘာမတည်မရှိမီ၊ ဘုရားသခင်စီရင်တော်မူသောပညာ၊ နက်နဲသောအရာ၌ဝှက်ထားသောဘုရားသခင်၏ပညာတို့အကြောင်းကိုပြောဆိုကြပါသည်။
1 Corinthians 2:8-9
အကယ်၍ ပေါလု၏လောကီမင်းခေတ်ကာလ၌ ဘုရားသခင်၏ပညာအကြောင်းကို သိရှိခဲ့လျှင် သူတို့သည်မည်သည်ကို မပြုလုပ်မည်နည်း။
လောကီမင်းတို့သည်ဘုရားသခင်၏ပညာကို သိရှိကြလျှင် ဘုန်းကြီးသောသခင်ကိုလက်ဝါးကပ်တိုင်ပေါ်မှာအသေသတ်ခြင်းကိုမပြုလုပ်မည် ဖြစ်ပါသည်။
1 Corinthians 2:10-11
ပေါလုနှင့် သူနှင့်အတူရှိနေသူတို့သည်ဘုရားသခင်၏ပညာကိုမည်သို့ သိခဲ့ကြသနည်း။
ဘုရားသခင်၏ ဝိညာဥ်တော်အားဖြင့်သူတို့သည် သိကြရခြင်း ဖြစ်ပါသည်။
ဘုရားသခင်၏နက်နဲသောအရာတို့ကိုမည်သူသိသနည်း။
ဘုရားသခင်၏နက်နဲသောအရာတို့ကို ဘုရားသခင်၏ဝိညာဥ်တော်တပါးတည်းမှသာ သိပါသည်။
1 Corinthians 2:12-13
ပေါလုနှင့် သူနှင့်အတူရှိနေသူတို့သည် ဘုရားသခင်ထံမှဝိညာဥ်တော်ရရှိခြင်းကြောင်း တစ်ချက်မှာအဘယ်နည်း။
သူတို့သည်ဘုရားသခင်ထံမှ ဝိညာဥ်တော်ရရှိခြင်း အကြောင်းတစ်ခုမှာ ဘုရားသခင်မှ ကန့်သတ်ချက်မရှိ ပေးသောအရာတို့ကို သူတို့သည် သိရှိခြင်းပင်ဖြစ်ပါသည်။
1 Corinthians 2:14-16
ဝိညာဥ်တော်နှင့်မစပ်ဆိုင်သူတို့သည် အဘယ်ကြောင့်ဘုရားသခင်၏ ဝိညာဥ်တော်နှင့် ဆိုင်သောအရာတို့ကို မသိရှိ သို့မဟုတ် မရရှိနိုင်ကြသနည်း။
ဝိညာဥ်တော်နှင့်မစပ်ဆိုင်သူတို့မသိရှိ မရရှိနိုင်ကြခြင်းအကြောင်းအရင်းမှာ သူတို့သည်ဝိညာဥ်တော်ကိုမိုက်မဲ၍ ကောင်းစွာသိမြင်ခြင်းမရှိသည့်အတွက် ဝိညာဥ်တော်က သူတို့ကိုမသိရှိခြင်းကြောင့် ဖြစ်ပါသည်။
ယေရှုကိုယုံကြည်သောသူတို့၌ မည်သူ၏စိတ်ထားမျိုးရှိသည်ဟု ပေါလုကပြောသနည်း။
ပေါလုက ယုံကြည်သူတို့၌ ခရစ်တော်၏စိတ်ထားမျိုးရှိသည်ဟုပြောပါသည်။
1 Corinthians 3
1 Corinthians 3:3-5
ကောရိန္သုရှိယုံကြည်သူတို့သည် ယခုတိုင်ဇာတိပကတိလူဖြစ်ကြသည်ဟု ပေါလုက အဘယ်ကြောင့်ပြောသနည်း။
ပေါလုကသူတို့သည်ယခုတိုင်ဇာတိပကတိလူဖြစ်ကြသည်ဟုပြောရခြင်းမှာ သူတို့သည် အချင်းချင်း မနာလိုခြင်းနှင့်ရန်တွေ့ခြင်းတို့ကြောင့် ဖြစ်ပါသည်။
ကောရိန္သုမြို့သားတို့ထံသို့ရောက်ရှိသောပေါလုနှင့်အာပေါလုတို့သည်မည်သူတို့ဖြစ်သနည်း။
သူတို့သည် ကောရိန္သုမြို့သားတို့အား သူတို့အားဖြင့် ခရစ်တော်ကိုယုံကြည်သူများဖြစ်လာအောင် အစေခံခဲ့သော အမှုတော်ဆောင်များ ဖြစ်ကြပါသည်။
1 Corinthians 3:6-9
မည်သူသည် ကြီးထွားစေရန် လုပ်ပေးသူဖြစ်သနည်း။
ဘုရားသခင်သည် ကြီးပွါးစေရန် လုပ်ပေးသူ ဖြစ်ပါသည်။
1 Corinthians 3:10-11
အုတ်မြစ်ဆိုသည်မှာအဘယ်နည်း။
အုတ်မြစ်ဆိုသည်မှာ ယေရှုခရစ်ပင် ဖြစ်ပါသည်။
1 Corinthians 3:12-13
ယေရှုခရစ်၌ အုတ်မြစ်ချ၍ တည်ဆောက်သောသူ၏ အလုပ်သည် မည်သို့ဖြစ်လိမ့်မည်နည်း။
သူ၏အလုပ်သည် နေ့အချိန်နှင့်မီးအားဖြင့် ထင်ရှားဖေါ်ပြလိမ့်မည် ဖြစ်ပါသည်။
မီးသည် လူလုပ်သောအလုပ်ကိုမည်သို့ပြုလုပ်လိမ့်မည်နည်း။
မီးသည် လူလုပ်သောအလုပ်၏ အရည်အသွေးကို ဖေါ်ပြလိမ့်မည် ဖြစ်ပါသည်
1 Corinthians 3:14-15
အကယ်၍သူတို့၏အလုပ်သည်မီး၌ရှင်သန်လျှင် ထိုသူသည်မည်သည်ကိုရရှိလိမ့်မည်နည်း။
ထိုသူသည် အကျိုးကျေးဇူးကို ခံစားရရှိလိမ့်မည် ဖြစ်ပါသည်။
လုပ်ဆောင်သောသူ၏ အလုပ်သည်မီးလောင်ကျွမ်းလျှင် ထိုသူ၌ မည်သို့ဖြစ်လိမ့်မည်နည်း။
ထိုသူသည် ဆုံးရှုံးမည်ဖြစ်သော်လည်း သူသည် မီးနှင့် လွှတ်သကဲ့သို့ သူကိုယ်တိုင်လွှတ်မြောက်ခြင်း ခံရလိမ့်မည် ဖြစ်ပါသည်။
1 Corinthians 3:16-17
ကျွန်ပ်တို့သည် မည်သူဖြစ်၍၊ ယေရှုခရစ်၌ ယုံကြည်ကြသူများအဖြစ် ကျွန်ပ်တို့အထဲ၌ မည်သည့်အရာ နေသနည်း။
ကျွန်ပ်တို့သည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်၍၊ ဘုရားသခင်၏ဝိညာဥ်တော်သည်ကျွန်ပ်တို့အထဲ၌ ကိန်းဝပ်နေတော်မူပါသည်။
ဘုရားသခင်၏ဗိမာန်တော်ကိုဖျက်ဆီးသောသူတို့သည် မည်သို့ဖြစ်လိမ့်မည်နည်း။
ဘုရားသခင်၏ဗိမာန်တော်ကို ဖျက်ဆီးသူတို့အား ဘုရားသခင်သည်ဖျက်ဆီးလိမ့်မည် ဖြစ်ပါသည်။
1 Corinthians 3:18-20
ဤလောက၌ မိမိကိုယ်ကိုပညာရှိဟုထင်နေသူအား ပေါလုက မည်သို့ပြောသနည်း။
ပေါလုက ထိုသူသည် ပညာရှိအဖြစ် ရောက်စေလိုခြင်းငှာ လူမိုက်ဖြစ်ပါစေ ဟု ပြောပါသည်။
ပညာရှိတို့၏ အကြံအစည်အကြောင်းကို ထာဝရဘုရားက မည်သို့ နားလည်သိရှိ ထားသနည်း။
ပညာရှိတို့၏ အကြံအစည်သည်အချည်းနှီးဖြစ်သည်ကို ထာဝရဘုရားနားလည်သိရှိထားပါသည်။
1 Corinthians 3:21-23
အဘယ်ကြောင့် ပေါလုသည် ကောရိန္သုရှိယုံကြည်သူတို့အား လူတို့၌ဝါကြွားခြင်းကိုမပြုလုပ်ရန်ပြောသနည်း။
ပေါလုသည် ယုံကြည်သူတို့အားဝါကြွားခြင်း မပြုလုပ်ရန် ပြောရခြင်းမှာ အရာခပ်သိမ်းသည် သင်တို့အတွက်ဖြစ်ပြီး၊ သင်တို့သည်ခရစ်တော်အတွက်ဖြစ်လျက်၊ ခရစ်တော်သည်လည်းဘုရားသခင်အတွက်ဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။
1 Corinthians 4
1 Corinthians 4:1-2
ပေါလုက သူနှင့်သူ၏လုပ်ဆောင်ဖက်များကို ကောရိန္သုအသင်းသားတို့သည် မည်သို့ထင်မှတ်သင့်သည်ပြောသနည်း။
ပေါလုက ကောရိန္သုအသင်းသားတို့သည် သူတို့အားခရစ်တော်၏အစေအပါးများကဲ့သို့၎င်း၊ ဘုရားသခင်၏နက်နဲသောအရာတို့ကို စောင့်ရှောက်သောဘဏ္ဍာစိုးများကဲ့သို့၎င်း ထင်မှတ်သင့်သည်ဟု ပြောပါသည်။
ဘဏ္ဍာစိုးအတွက်လိုအပ်ချက်တစ်ခုမှာအဘယ်နည်း။
ဘဏ္ဍစိုးအတွက်လိုအပ်ချက်မှာသစ္စာရှိရန်ဖြစ်ပါသည်။
1 Corinthians 4:3-4
ပေါလုက သူ့အား မည်သူက တရားစီရင်မည်ဟု ပြောသနည်း။
ပေါလုက သူ့အား ထာဝရဘုရားသည်တရားစီရင်မည်ဟု ပြောပါသည်။
1 Corinthians 4:5
ထာဝရဘုရား ကြွလာသောအခါ သူသည် မည်သို့ပြုလုပ်လိမ့်မည်နည်း။
ထာဝရဘုရားသည်မှောင်မိုက်၌ ဝှက်ထားသောအရာတို့ နှင့် စိတ်နှလုံးအကြံအစည်များကိုထင်ရှားစေသောအလင်းကိုယူဆောင်လာလိမ့်မည်ဖြစ်ပါသည်။
1 Corinthians 4:6-7
ပေါလုက သူနှင့်အာပေါလုတို့သည် အဘယ်ကြောင့် ဤဝတ္တရားများကို လိုက်လျှောက်ခဲ့သနည်း။
ကောရိန္သုရှိယုံကြည်သူများ သိမြင်နားလည်ခြင်းအလို့ငှာ ပေါလုက သူနှင့် အာပေါလုမှ လိုက်လျှောက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ကျမ်းစာလာသည်ထက်လွန်ကျူး၍ တပါးသူတို့အား မရိုသေခြင်းကိုနားလည်စေလျက်၊ အချင်းချင်းမာနထောင်လွှား၍ ရန်တွေ့ငြင်းဆန်ကြခြင်းမရှိစေရန်အတွက် တောင်းဆိုခြင်းဖြစ်ပါသည်။
1 Corinthians 4:8-9
ကောရိန္သုရှိယုံကြည်သူများ စိုးစံကြရစေရန် ပေါလုက အဘယ်ကြောင့်ဆန္ဒပြုသနည်း။
သူတို့စိုးစံကြရမှသာ ပေါလုနှင့်သူ၏အမှုတော်ဆောင်ဖက်များလည်းသူတို့နှင့်အတူစိုးစံရမည် ဖြစ်ခြင်းကြောင့်ဖြစ်ပါသည်။
1 Corinthians 4:10-11
သူနှင့်သူ၏အမှုတော်ဆောင်ဖက်တို့သည် ကောရိန္သုရှိယုံကြည်သူများနှင့် နှိုင်းယှဥ်သောနည်းလမ်းသုံးသွယ်မှာအဘယ်သနည်း။
ပေါလုက ' ငါတို့သည်ခရစ်တော်၌လူမိုက်များဖြစ်၍ သင်တို့သည်ခရစ်တော်၌ပညာရှိများဖြစ်ကြ၏။ ငါတို့သည်အားနည်းသော်လည်းသင်တို့သည်အားကြီးကြ၏။ ငါတို့သည်ရှက်ကြောက်ခြင်းကိုခံရသူများဖြစ်၍ သင်တို့သည်အသရေရှိသူများဖြစ်ကြ၏။' ဟုနှိုင်းယှဥ်ပါသည်။
တမန်တော်တို့၏ခန္ဓာကိုယ်အခြေအနေကိုပေါလုကမည်သို့ဖေါ်ပြသနည်း။
ပေါလုက တမန်တော်တို့၏ခန္ဓာကိုယ်သည် အစားအသောက်ငတ်မွတ်ခြင်း၊ အဝတ်အစားနွမ်းပါးခြင်း၊ ရိုက်နှက်ညှင်းဆဲခံရခြင်းနှင့် နေစရာမရှိခြင်းတို့ဖြစ်သည်ဟုပြောပါသည်။
1 Corinthians 4:12-13
ပေါလုနှင့်သူ၏အမှုတော်ဆောင်တို့သည်နှိပ်စက်ခြင်းကိုခံရသောအခါမည်သို့တုံ့ပြန်ကြသနည်း။
သူတို့သည် ကဲ့ရဲ့ခြင်းကိုခံရသောအခါ မေတ္တာပို့ခြင်း၊ ညှင်းဆဲခံရသောအခါသည်းခံခြင်း၊ အသရေရှုတ်ချခြင်းခံရသောအခါ ကြင်နာခြင်းဖြင့် တုံ့ပြန်ကြပါသည်။
1 Corinthians 4:14-16
ပေါလုသည်အဘယ်ကြောင့် ကောရိန္သုရှိယုံကြည်သူများထံ ထိုအရာများကို ရေးသနည်း။
ပေါလုရေးရခြင်းအကြောင်းမှာ သူတို့အားမိမိ၏ချစ်ရသောသားသမီးများကဲ့သို့ မှတ်လျက် ပြင်ဆင်ရန်သတိပေးရေးသားခြင်းဖြစ်ပါသည်။
ကောရိန္သုရှိယုံကြည်သူများသည်မည်သူကိုအတုယူရန် ပေါလုကပြောသနည်း။
ပေါလုကသူတို့အား မိမိကိုအတုယူရန်ပြောပါသည်။
1 Corinthians 4:17-18
ပေါလုသည် ကောရိန္သုရှိယုံကြည်သူများထံ တိမောသေအား စေလွှတ်၍ မည်သည်ကို သတိပေးသနည်း။
ပေါလုသည် ကောရိန္သုရှိယုံကြည်သူများထံ ခရစ်တော်၌ မိမိပြုကျင့်သောအရာများကို မှတ်မိစေရန် တိမောသေအား စေလွှတ်၍ သတိပေးစေခြင်း ဖြစ်ပါသည်။
ကောရိန္သုရှိ အချို့သောယုံကြည်သူတို့သည် မည်သို့လုပ်ကြသနည်း။
ယုံကြည်သူအချို့တို့သည် မာနထောင်လွှားလျက်၊ ပေါလုသည် သူတို့ထံသို့မလာတော့ဟု ထင်မှတ်ခြင်း ပြုကြပါသည်။
1 Corinthians 4:19-21
ဘုရားသခင်၏ နိုင်ငံတော်သည် မည်သည်၌ တည်ရှိသနည်း။
ဘုရားသခင်၏ နိုင်ငံတော်သည် တန်ခိုးတော်၌ တည်ရှိပါသည်။
1 Corinthians 5
1 Corinthians 5:1-2
ကောရိန္သုအသင်းတော်အကြောင်း၏သတင်းကိုပေါလုသည်မည်သို့ကြားသနည်း။
ပေါလုသည် မတရားသောမေထုန်မှီဝဲသည့် သတင်းနှင့် သူတို့ထဲမှ တယောက်သောသူသည် ဖခင်၏မိန်းမနှင့်မှားယွင်းသည့်သတင်းကို ကြားရပါသည်။
ဖခင်၏မိန်းမနှင့် မှားယွင်း၍ အပြစ်ပြုသူအား မည်သို့ပြုလုပ်ရမည်ဟုပေါလုကပြောသနည်း။
ဖခင်၏မိန်းမနှင့်မှားယွင်း၍ အပြစ်ပြုသူအားသူတို့ထဲမှနှင်ထုတ်ရမည်ဟု ပေါလုက ပြောပါသည်။
1 Corinthians 5:3-5
ဖခင်၏မိန်းမနှင့်မှားယွင်း၍ အပြစ်ရှိသူအား မည်ကဲ့သို့နှင့် အဘယ်ကြောင့် သူတို့အထဲမှ နှင်ထုတ်ရမည်နည်း။
ကောရိန္သုအသင်းတော်သည် ယေရှုနာမတော်အားဖြင့်အချင်းချင်းအတူတကွ ရှိကြသောအခါ၊ သူတို့သည် ထိုအပြစ်ရှိသူ၏ဝိညာဥ်ကို ထာဝရဘုရား၏ နေ့ရက်၌ ကယ်တင်ခြင်းရရှိစေရန် သူ၏ခန္ဓာကိုယ်ပျက်ဆီးဖို့ သူ့အား စာတန်၏လက်သို့ အပ်နှံခြင်းဖြင့် နှင်ထုတ်ရမည် ဖြစ်ပါသည်။
1 Corinthians 5:6-8
မကောင်းသောအကျင့်နှင့် ကောက်ကျစ်ခြင်းရှိသူများကိုပေါလုက မည်သည်နှင့်ခိုင်းနှိုင်းသနည်း။
ပေါလူကထိုသူများကို တဆေးနှင့် ခိုင်းနှိုင်းပါသည်။
ကြည်ဖြူခြင်းနှင့် သစ္စာစောင့်ခြင်းအတွက် ပုံဖော်ရန် ပေါလုက မည်သည့်အရာကို သုံးသနည်း။
ကြည်ဖြူခြင်းနှင့် သစ္စာစောင့်ခြင်းအတွက် ပုံဖော်ရန် ပေါလုက တဆေးမဲ့သောမုန့်ကို သုံးပါသည်။
1 Corinthians 5:9-10
ကောရိန္သုရှိယုံကြည်သူတို့သည် မည်သူနှင့် မဆက်ဆံရန် ပေါလုက ပြောသနည်း။
ပေါလုက သူတို့အား မတရားသောမေထုန်၌ မှီဝဲသူတို့နှင့် မဆက်ဆံရန် စာရေး၍ပြောပါသည်။
ပေါလုက သူတို့အားအခြားသောကာမဂုဏ်၊ အကျင့်ပျက်သူတို့နှင့်မဆက်ဆံရန်ဆိုလိုပါသလား။
ပေါလုက သူတို့အား လောကီရှိ အကျင့်ပျက်သောသူတို့နှင့် မဆက်ဆံရန် ဆိုလိုခြင်းမဟုတ်ပါ။ ထိုသို့ပြုလျှင်သင်သည် သူတို့ထံမှ ဝေးကွာ၍ လောကီမှ ထွက်သွားရမည်ဖြစ်ပါသည်။
1 Corinthians 5:11-13
ကောရိန္သုရှိယုံကြည်သူများ မဆက်ဆံရန်အတွက် ပေါလုက မည်သူကို ဆိုလိုသနည်း။
ပေါလုက သူတို့အား ဆိုလိုသည်မှာ ယေရှုခရစ်၌ ညီအစ်ကိုမောင်နှမဟုခေါ်၍ မတရားသောမေထုန်မှီဝဲသူများ၊ လောဘလွန်ကျူးသူများ၊ နှုတ်ဖြင့်ဆဲဆိုသူများ၊ အရက်သေစာယစ်မူးသူများ၊ အနိုင်အထက်ပြုသူများနှင့်ရုပ်တုကိုကိုးကွယ်သူများ ဖြစ်ပါသည်။
ယုံကြည်သူတို့သည် မည်သူကို တရားစီရင်သနည်း။
ယုံကြည်သူတို့သည် အသင်းတော်တွင်း ရှိသောသူကိုတရားစီရင်ပါသည်။
အသင်းတော်ပြင်ပတွင် ရှိသောသူတို့အား မည်သူတရားစီရင်မည်နည်း။
အသင်းတော်ပြင်ပတွင် ရှိသောသူတို့အား ဘုရားသခင်သည် တရားစီရင်မည် ဖြစ်ပါသည်။
1 Corinthians 6
1 Corinthians 6:1-3
ကောရိန္သုရှိသန့်ရှင်းသူတို့သည်တရားစီရင်နိုင်ကြောင်းပေါလုကမည်သို့ပြောသနည်း။
ပေါလုကသန့်ရှင်းသူတို့သည်လောကီနိုင်ငံ၌အချင်းချင်းအငြင်းပွါးမှုနှင့်သက်ဆိုင်သောအမှုများကိုတရားစီရင်နိုင်သည်ဟုပြောပါသည်။
သန့်ရှင်းသူတို့သည်မည်သူကိုတရားစီရင်မည်နည်း။
သန့်ရှင်းသူတို့သည်လောကီနိုင်ငံနှင့်ကောင်းကင်တမန်များကိုတရားစီရင်မည်ဖြစ်ပါသည်။
1 Corinthians 6:4-6
ကောရိန္သုရှိခရစ်ယာန်များသည် တယောက်နှင့်တယောက် အငြင်းပွါးမှုကို မည်သို့ဖြေရှင်းကြသနည်း။
ယုံကြည်သူတယောက်နှင့် တယောက်သည် အမှုအခင်းကို တရားရုံးတွင် မယုံကြည်သူတယောက်၏ရှေ့မှောက်၌ ဖြေရှင်းကြပါသည်။
1 Corinthians 6:7-8
ကောရိန္သုရှိ ခရစ်ယာန်အချင်းချင်း အငြင်းပွါးမှုသည်မည်သည်ကို ညွှန်ပြနေသနည်း။
သူတို့အတွက် ရှုံးနှိမ့်ခြင်းကိုညွှန်ပြနေပါသည်။
1 Corinthians 6:9-11
ဘုရားသခင်၏နိုင်ငံတော်ကို မည်သူသည် အမွေမဆက်ခံရလိမ့်မည်နည်း။
မတရားသူ၊ မေထုန်မှီဝဲသူ၊ ရုပ်တုကိုးကွယ်သူ၊ သူတပါးသားမယားကိုပြစ်မှားသူ၊ ယောက်ျားချင်းမေထုန်ပြုသောသူနှင့်ထိုအမှုကိုခံသောသူ၊ ခိုးသောသူ၊ လောဘကြီးသူ၊ အရက်သေစာသောက်ကျူးသူ၊ ဆဲရေးကဲ့ရဲ့သူ နှင့် သူတပါးကိုအနိုင်ကျင့်သူတို့သည်ဘုရားသခင်၏နိုင်ငံတော်ကိုအမွေမဆက်ခံနိုင်ကြရလိမ့်မည်ဖြစ်ပါသည်။
ယခင်ကမတရားမှုကို ပြုလုပ်ကြသော ကောရိန္သုခရစ်ယာန်တို့သည် မည်သို့ဖြစ်ကြလိမ့်မည်နည်း။
ထိုသူတို့သည်သခင်ယေရှုခရစ်၏နာမတော်အားဖြင့်၎င်း၊ ကျွန်ပ်တို့ဘုရားသခင်၏ဝိညာဥ်တော်အားဖြင့်၎င်း ဆေးကြောသန့်ရှင်း၍ဖြောင့်မတ်ရာသို့ရောက်ကြမည်ဖြစ်ပါသည်။
1 Corinthians 6:12-13
မည်သည့်အရာနှစ်ပါးသည်သူ့အားအုပ်စိုးခွင့်မပြုဟုပေါလုကပြောသနည်း။
အစားအသောက်နှင့်မေထုန်မှီဝဲခြင်းကို သူ့အားအုပ်စိုးခွင့်မပြုဟု ပေါလုကပြောပါသည်။
1 Corinthians 6:14-15
ယုံကြည်သူတို့၏ ခန္ဓာကိုယ်များသည် မည်သူ၏ အင်္ဂါချင်းများ ဖြစ်ကြသနည်း။
ခန္ဓာကိုယ်များသည် ခရစ်တော်၏ အင်္ဂါချင်းများ ဖြစ်ကြပါသည်။
ယုံကြည်သူတို့သည် မိမိတို့ကိုယ်ကို ပြည့်တန်ဆာဖြစ်စေရမည်လား။
မဟုတ်ပါ။ မည်သည့်အခါမျှမဖြစ်စေရပါ။
1 Corinthians 6:16-17
တစုံတယောက်သည် မိမိကိုယ်တိုင်ပြည့်တန်ဆာနှင့်ဆက်ဆံလျှင် မည်သို့ဖြစ်မည်နည်း။
ထိုသူသည် ထိုပြည့်တန်ဆာနှင့် တသားတကိုယ်တည်း ဖြစ်မည် ဖြစ်ပါသည်။
တစုံတယောက်သည် မိမိကိုယ်တိုင်သခင်ဘုရားနှင့်ဆက်ဆံလျှင်မည်သို့ဖြစ်မည်နည်း။
ထိုသူသည် သခင်ဘုရားနှင့် တစိတ်တဝိညာဥ်တည်း ဖြစ်မည် ဖြစ်ပါသည်။
1 Corinthians 6:18
လူတို့သည် မတရားသောမေထုန်ကို ပြုကြသောအခါ သူတို့သည် မည်သည့်အပြစ်ကို ပြုကြသနည်း။
မတရားသောမေထုန်ကို ပြုသောသူတို့သည် မိမိတို့ကိုယ်ကိုပင် အပြစ်ပြုကြသူများ ဖြစ်ပါသည်။
1 Corinthians 6:19-20
ယုံကြည်သူတို့သည် မိမိတို့၏ခန္ဓာနှင့်အတူဘုရားသခင်၏ ဘုန်းတော်ကို အဘယ်ကြောင့် ထင်ရှားစေသင့်သနည်း။
ယုံကြည်သူတို့သည် မိမိတို့၏ခန္ဓာနှင့်အတူဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေသင့်ခြင်းအကြောင်းမှာ ဘုရားသခင်သည်သူတို့အား အဖိုးအခနှင့်ဝယ်ယူခဲ့ပြီး၊ သူတို့၏ခန္ဓာကိုယ်မှာ သန့်ရှင်းသော ဝိညာဥ်တော်၏ ဗိမာန်တော်ဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။
1 Corinthians 7
1 Corinthians 7:1-2
အဘယ်ကြောင့်ယောက်ျားတိုင်းကိုယ်ပိုင်ဇနီးသည်နှင့် မိန်းမတိုင်းကိုယ်ပိုင်ခင်ပွန်းသည် ရှိသင့်သနည်း။
အဘယ်ကြောင့်ဆိုသော် မတရားသောမေထုန်သည်အမျိုးမျိုးသွေးဆောင်နိုင်သောကြောင့် ယောက်ျားတိုင်းကိုယ်ပိုင်ဇနီးသည်နှင့် မိန်းမတိုင်းကိုယ်ပိုင်ခင်ပွန်းသည် ရှိသင့်ပါသည်။
1 Corinthians 7:3-4
ယောက်ျား သို့မဟုတ် မိန်းမတို့သည် မိမိတို့၏ကိုယ်ခန္ဓာအား ပိုင်ဆိုင်ခွင့်ရှိပါသလား။
မရှိပါ။ ယောက်ျားသည် မိမိဇနီးသည်၏ကိုယ်ခန္ဓာကိုပိုင်ဆိုင်ခွင့် ရှိသကဲ့သို့၊ မိန်းမသည် မိမိခင်ပွန်းသည်၏ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ခွင့်ရှိပါသည်။
1 Corinthians 7:5-7
မည်သည့်အချိန်တွင် ယောက်ျားနှင့်မိန်းမတို့သည် တဦးနှင့်တဦး လင်မယားဝတ်ကို ပယ်ရှားရန် သင့်တော်သနည်း။
ယောက်ျားနှင့်မိန်းမတို့သည် တဦးနှင့်တဦးခင်ပွန်းဝတ်ကိုအချင်းချင်းသဘောတူ၍ ရှောင်ရှားသင့်ပါသည်။ သို့မှသာသူတို့သည် မိမိတို့ ကိုယ်တိုင်ဆုတောင်းခြင်းဝတ်ကို ပြုနိုင်မည် ဖြစ်ပါသည်။
1 Corinthians 7:8-9
မုဆိုးမများနှင့် အိမ်ထောင်မပြုရသေးသူများသည် မည်သို့လုပ်ရန် ကောင်းသည်ဟု ပေါလုက ပြောသနည်း။
ပေါလုက ထိုသူတို့အတွက် ထိမ်းမြားခြင်း မပြုဘဲနေလျှင်ကောင်းသည်ဟု ပြောပါသည်။
မည်သည့်အခြေအနေမျိုးတွင် အိမ်ထောင်မပြုရသေးသူများနှင့်မုဆိုးမများသည်ထိမ်းမြားခြင်းပြုသင့်သနည်း။
သူတို့သည် ကိလေသာမီးလောင်ကျွမ်းခြင်းနှင့် ကာမဂုဏ်ချုပ်တည်းခြင်းမပြုလုပ်နိုင်သည့်အခြေအနေမျိုးတွင်ထိမ်းမြားခြင်းပြုသင့်ပါသည်။
1 Corinthians 7:10-11
ထိမ်းမြားပြီးသောသူများကို ထာဝရဘုရားက မည်ကဲ့သို့သောပညတ်ချက်ကို ပေးသနည်း။
မိန်းမသည် မိမိခင်ပွန်းကို မစွန့်ပစ်ရ၊ စွန့်ပစ်လျှင် ခင်ပွန်းမရှိဘဲနေခြင်း သို့မဟုတ် ခင်ပွန်းဟောင်းထံသို့ပြန်သွား၍ သင့်မြတ်စွာ နေရပါမည်ဟူ၍၎င်း၊ ထို့အတူခင်ပွန်းသည်လည်း မိမိ၏မိန်းမကို မကွာရှင်းစေရ ဟူ၍၎င်း ထာဝရဘုရားက ထိုပညတ်ကို ပေးပါသည်။
1 Corinthians 7:12-14
ယုံကြည်သူခင်ပွန်း သို့မဟုတ် ဇနီးသည် သူ၏မယုံကြည်သူဇနီး သို့မဟုတ် သူမ၏မယုံကြည်သူခင်ပွန်းတို့အားကွဲကွာသင့်ပါသလား။
အကယ်၍ မယုံကြည်သူခင်ပွန်း သို့မဟုတ် ဇနီး သည် မိမိတို့၏ဇနီး သို့မဟုတ် ခင်ပွန်းတို့နှင့်အတူတကွ နေထိုင်ဖို့ ဆန္ဒရှိလျှင်၊ ယုံကြည်သူဇနီး ခင်ပွန်းတို့သည်မယုံကြည်သူတို့ကိုမကွဲကွာစေသင့်ပါ။
1 Corinthians 7:15-16
အကယ်၍ သူတို့၏မယုံကြည်သူလက်တွဲဖေါ်များသည် ခွဲခွါသွားလိုလျှင် ယုံကြည်သူတို့သည် မည်သို့လုပ်သင့်သနည်း။
ယုံကြည်သူတို့သည် မိမိတို့၏မယုံကြည်သူလက်တွဲဖေါ်များခွဲခွါသွားလိုလျှင် ခွဲခွါသွားခွင့် ပြုပါ။
1 Corinthians 7:17-19
ပေါလုသည် အသင်းတော်များအားလုံးကို မည်သို့ပညတ်ချက် ချမှတ်ခဲ့သနည်း။
ဘုရားသခင်သည် လူအသီးသီးတို့အား ဝေငှတော်မူ၍ ထိုလူအသီးသီးတို့အားခေါ်တော်မူသည်နှင့်အညီလူတိုင်း ကျင့်ကြစေရန်ပေါလုကပညတ်ချမှတ်ပါသည်။
အရေဖျားမလှီးသောသူနှင့်လှီးသောသူတို့ကို ပေါလုကမည်သို့အကြံပေးသနည်း။
ပေါလုက အရေဖျားမလှီးသောသူတို့သည်အရေဖျားလှီးခြင်းကိုမခံစေဘဲ၊ အရေဖျားလှီးသောသူတို့သည်လည်းမိမိတို့၏ အရေဖျားလှီးသောအမှတ်ကို ဖယ်ရှားဖို့ မကြိုးစားရန် အကြံပေးပါသည်။
1 Corinthians 7:20-24
ပေါလုက ကျွန်တို့၏အကြောင်းကိုမည်သို့ပြောသနည်း။
အကယ်၍သူတို့သည်ကျွန်ဖြစ်၍ ဘုရားသခင်သည်သူတို့ကိုခေါ်သောအခါမစိုးရိမ်နှင့်၊ လွတ်ခြင်းအခွင့်ရှိလျှင်လွတ်မြောက်လိမ့်မည်။ ဘုရားသခင်ခေါ်သောကျွန်တို့သည် သခင်ဘုရား၏ လွတ်လပ်သူများ ဖြစ်ကြ၏။ သူတို့သည် လူတို့၏ကျွန်အဖြစ် မရောက်ရကြ ဟုပြောပါသည်။
1 Corinthians 7:25-26
ပေါလုသည်အိမ်ထောင်မပြုသကဲ့သို့ တခါမျှအိမ်ထောင်မပြုသောသူသည်ကောင်းသည်ဟုအဘယ်ကြောင့်ပေါလုတွေးတောမိသနည်း။
အဘယ်ကြောင့်ဆိုသော် ဆိုးယုတ်မှုရောက်သည့်ကာလတွင် အိမ်ထောင်မပြုသောသူသည် ကောင်းသည်ဟု ပေါလု တွေးတောမိပါသည်။
1 Corinthians 7:27-28
ယုံကြည်သူတို့သည် ကတိကဝတ်ဖြင့်ထိမ်းမြားသောမိန်းမနှင့်ပေါင်းဖေါ်လျှင်မည်သို့လုပ်သင့်သနည်း။
သူတို့သည် ကတိကဝတ်ဖြင့်ထိမ်းမြားသောမိန်းမနှင့် ပေါင်းဖေါ်လျှင် လွတ်လပ်ခွင့်ကိုမရှာဖွေဘဲနေသင့်ပါသည်။
မိန်းမထံမှလွတ်သောသူတို့နှင့်ထိမ်းမြားခင်းမပြုသေးသောသူတို့အား ပေါလုကအဘယ်ကြောင့်မိန်းမကိုမရှာဖွေရန်ပြောသနည်း။
အသက်ရှင်စဥ်အခါ ထိမ်းမြားခြင်းကိုပြုပြီး ပြဿနာများ နှင့် ရင်ဆိုင်ရသူများထံမှ ပေါလုသည်သူတို့နှင့်ပို၍ နေပေးရန် အလိုရှိသောကြောင့် ဖြစ်ပါသည်။
1 Corinthians 7:29-31
လောကများကို လုပ်ဆောင်နေသောသူတို့သည် လောကအရာကို သူတို့နှင့် မသက်ဆိုင်သကဲ့သို့ လုပ်ဆောင်ရခြင်းမှာ အဘယ်ကြောင့် ဖြစ်သင့်သနည်း။
သူတို့သည်ထိုနည်းလမ်းကို လုပ်ရခြင်းအကြောင်းမှာ ဤလောက၏ အဆင်းသဏ္ဌာန်သည် အဆုံး၌ရွေ့သွားကွယ်ပျောက်ခြင်းကြောင့် ဖြစ်ပါသည်။
1 Corinthians 7:32-35
ထာဝရဘုရားအား မမှိတ်မသုန်ဝတ်ပြုခြင်းသည်ထိမ်းမြားလက်ထက်ထားသောခရစ်ယာန်များအတွက် အဘယ်ကြောင့်ခက်ခဲသနည်း။
ခက်ခဲရခြင်းအကြောင်းမှာ ယုံကြည်သူခင်ပွန်း သို့မဟုတ် ဇနီး သည် သူ့ဇနီး သို့မဟုတ် သူမခင်ပွန်း ၏စိတ်နှင့်ထိတွေ့စေခြင်းလို့ငှာ လောကီအမှုတို့ကို သတိထားတတ်ပြီး ဖြစ်ကြသည်။
1 Corinthians 7:36-38
မိမိနှစ်သက်သူနှင့်ထိမ်းမြားလက်ထက်သောသူထက် မည်သူသည် သာ၍ ကောင်းစွာပြုသနည်း။
ထိမ်းမြားလက်ထက်ခြင်းမပြုသောသူသည်သာ၍ကောင်းစွ ပြုပါသည်။
1 Corinthians 7:39-40
မိန်းမသည် သူမခင်ပွန်းနှင့် မည်မျှကြာအောင် ပေါင်းသင်းရမည်နည်း။
မိန်းမသည် သူမခင်ပွန်းအသက်ရှင်သမျှ ကာလပေါင်းသင်းရမည်ဖြစ်ပါသည်။
အကယ်၍ယုံကြည်သူမိန်းမ၏ခင်ပွန်းသေဆုံးလျှင်၊ သူမသည်မည်သူနှင့်ထိမ်းမြားနိုင်မည်နည်း။
သူမသည် မိမိအလိုရှိသောသူနှင့် ထိမ်းမြားလက်ထက်နိုင်သော်လည်း ထိုသူသည် သခင်ဘုရား၌သာ တည်သောသူ ဖြစ်ရမည် ဖြစ်သည်။
1 Corinthians 8
1 Corinthians 8:1-3
ဤအခန်းကြီးတွင် ပေါလုသည် မည်သည့်အရာနှင့် အစပြုထားသနည်း။
ပေါလုသည် ရုပ်တုဆင်းတုတို့အား ယဇ်ပူဇော်ခြင်းအကြောင်းအရာဖြင့် အစပြုထားပါသည်။
သိကျွမ်းခြင်းပညာနှင့် ချစ်ခြင်းမေတ္တာတို့၏ရလာဒ်မှာ အဘယ်နည်း။
သိကျွမ်းခြင်းပညာသည် မာနထောင်လွှားစေသော်လည်း ချစ်ခြင်းမေတ္တာသည် တည်ဆောက်စရာ ဖြစ်စေပါသည်။
1 Corinthians 8:4-6
ရုပ်တုဆင်းတုသည်ဘုရားသခင်နှင့်တူညီပါသလား။
မတူညီပါ။ လောကရှိ ရုပ်တုဆင်းတုသည် အချည်းနှီးသက်သက်ဖြစ်၍ တဆူတည်းသောဘုရားသခင်မှတပါးမည်သည့်ဘုရားမျှမရှိပါ။
တဆူတည်းသောဘုရားမှာ မည်သူနည်း။
တဆူတည်းသောဘုရားမှာ ခမည်းတော်ဘုရားသခင်ဖြစ်ပြီး၊ ခမည်းတော်အားဖြင့်အရာခပ်သိမ်းဖြစ်လျက် ကျွန်ပ်တို့သည်ထိုခမည်းတော်အတွက်အသက်ရှင်ခြင်းဖြစ်ပါသည်။
တဆူတည်းသောသခင်မှာမည်သူနည်း။
တဆူတည်းသောသခင်မှာ ယေရှုခရစ်ဖြစ်၍၊ ထိုသခင်အားဖြင့်အရာအားလုံးနှင့်တကွ ကျွန်ပ်တို့သည်တည်လျက်ရှိကြပါသည်။
1 Corinthians 8:7
ရုပ်တုဆင်းတုကို ကိုးကွယ်၍ ရုပ်တုဆင်းတုအားယဇ်ပူဇော်ထားသောယဇ်ကောင်ကို စားသောသူသည် မည်သို့ဖြစ်မည်နည်း။
သူတို့သည် ကိုယ်ကိုကိုယ်သိသောစိတ်အားနည်းသောကြောင့် သူတို့၏အသိစိတ်သည်ပျက်စီးမည် ဖြစ်ပါသည်။
1 Corinthians 8:8-10
ကျွန်ပ်တို့စားသုံးသောအစာသည်ဘုရားသခင်ရှေ့၌ ကောင်းသလော သို့မဟုတ် ဆိုးသလော။
ကျွန်ပ်တို့စားသုံးသောအစာသည် ဘုရားသခင်ရှေ့၌ အကြုံးဝင်မည်မဟုတ်ပါ။ အကယ်၍အစာမစားလျှင် ဆိုးမည်မဟုတ်သကဲ့သို့အစာစားလျှင်လည်းကောင်းမည်မဟုတ်ပါ။
ကျွန်ပ်တို့၏လွတ်လပ်မှုကို မည်သို့မဖြစ်လာစေရန်သတိပြုသင့်သနည်း။
ယုံကြည်ခြင်းအားနည်း၍မခိုင်မြဲသူတို့အတွက် ကျွန်ပ်တို့၏လွတ်လပ်မှုကိုဆင်ခြေပေးခြင်းမဖြစ်လာနိုင်စေရန်သတိပြုသင့်ပါသည်။
1 Corinthians 8:11-13
အကယ်၍ရုပ်တုဆင်းတုကိုနားမလည်ဘဲ မိမိတို့လွတ်မြောက်မှုအတွက်သတိမမူမိသည့် အသိတရားအားနည်းသောညီအစ်ကို သို့မဟုတ် ညီအစ်မသည်မည်သို့ဖြစ်မည်နည်း။
အသိတရားအားနည်းသော ညီအစ်ကို သို့မဟုတ် ညီအစ်မတို့သည် ဖျက်ဆီးဆုံးရှုံးခြင်းခံရမည် ဖြစ်ပါသည်။
ကျွန်ပ်တို့သည် ခရစ်တော်၌ ညီအစ်ကို သို့မဟုတ် ညီအစ်မဖြစ်သူတို့၏အသိတရားအားနည်း၍မှားယွင်းခြင်းကိုသိရှိသည့်အခါ ကျွန်ပ်တို့သည်မည်သူကိုပြစ်မှားရာသို့ရောက်သနည်း။
ကျွန်ပ်တို့သည် ညီအစ်ကို သို့မဟုတ် ညီအစ်မတို့ကိုပြစ်မှား၍ သူတို့သည်အသိတရားအားနည်းသောအခါ၊ ခရစ်တော်ကိုလည်း ပြစ်မှားရာသို့ ရောက်ပါသည်။
အကယ်၍ အစာကြောင့် ညီအစ်ကို သို့မဟုတ် ညီအစ်မတို့ကိုမှားယွင်းစေလျှင်၊ ပေါလုသည် သူမည်သို့လုပ်မည်ဟုပြောသနည်း။
ပေါလုကသူ၏အစာကြောင့် ညီအစ်ကို သို့မဟုတ် ညီအစ်မတို့ကိုမှားယွင်းခြင်းမရှိစေရန်၊ သူသည်နောက်တဖန် မည်သည့်အခါမျှ အသားစားလိမ့်မည် မဟုတ်ကြောင်းပြောပါသည်။
1 Corinthians 9
1 Corinthians 9:1-2
ပေါလုကမိမိသည်တမန်တော်ဖြစ်ကြောင်းကိုမည်သို့သက်သေပေးခဲ့သနည်း။
ပေါလုက၊ ယုံကြည်သူကောရိန္သုအသင်းသားတို့သည်ဘုရားသခင်၏အမှုတော်၌ မိမိ၏လက်ရာဖြစ်သော ကြောင့်၊ ထိုသူတို့သည် သူ၏ ဘုရားသခင်၏တမန်တော်ဖြစ်ကြောင်းကို သက်သေခံသောအရာ ဖြစ်သည် ဟုဆိုပါသည်။
1 Corinthians 9:3-6
ပေါလုက ၊မိမိသည်အချို့သောဘုရားသခင်၏တမန်တော်များ၊ ကေဖနှင့်သခင်ဘုရား၏ညီများကဲ့သို့စာရင်းဝင်သနည်း။
ပေါလုက၊ သူတို့ကဲ့သို့ မိမိတို့သည် စားသောက်ခြင်းအခွင့်နှင့်အတူ ယုံကြည်သူဇနီးသည်အား အတူခေါ်ဆောင်ခွင့်ရှိသည်ဟု ဆိုပါသည်။
1 Corinthians 9:7-8
ပေါလုက၊ မိမိ၏လုပ်ဆောင်ချက်အကျိုးကျေးဇူးကို ခံယူရရှိနိုင်ကြောင်း မည်သူတို့အားဖြင့် ဥပမာပြပြောဆိုခဲ့သနည်း။
ပေါလုက၊မိမိ၏လုပ်ဆောင်ချက်အကျိုးကျေးဇူးကို ခံယူနိုင်ကြောင်းကို၊ ဥပမာအားဖြင့် စပျစ်ဥယျာဥ်စိုက်ပျိုးခြင်းနှင့် သိုးထိန်းခြင်းအမှုကို ပြုသော စစ်မှုထမ်းများဖြင့် ပုံဖော်ပြသည်။
1 Corinthians 9:9-11
ပေါလုက၊ မိမိ၏လုပ်ဆောင်ချက်အတွက်အကျိုးကျေးဇူး သို့မဟုတ် အဖိုးအခကို ခံယူရထိုက်ကြောင်းကို မောရှေ၏ပညတ္တိကျမ်းစာအားဖြင့် မည်သို့ဥပမာပြဆိုခဲ့သနည်း။
ပေါလုက၊ စပါးနင်းနယ်သောနွား၏နှုတ်ကို မချုပ်တည်းရဟုကိုးကား၍ မိမိအား ငြင်းခုံမှုအတွက် ထောက်ပံ့ပြောဆိုပါသည်။
1 Corinthians 9:12-14
ပေါလုက၊ မိမိနှင့်အပေါင်းအဖေါ်များတို့သည်မိမိတို့၏ပစ္စည်းအကျိုးခံစားခွင့်ကိုကောရိန္သုအသင်းသားများထံမှအဘယ်ကြောင့်မတောင်းဆိုကြောင်းပြောသနည်း။
ပေါလုနှင့်မိမိ၏အပေါင်းအဖေါ်များတို့သည် မိမိတို့၏အ ခွင့်အရေးကို မတောင်းဆိုခြင်းမှာ၊ ခရစ်တော်၏ဧဝံဂေလိတရားတော်၌ အဆီးအတားမဖြစ်စေလိုသောကြောင့်ဖြစ်သည်။
ဘုရားရှင်က၊ဧဝံဂေလိတရားတော်ကိုဟောကြားခြင်းအမှုကိုပြုသောသူတို့နှင့်စပ်ဆိုင်၍မည်သို့ပညတ်တော်မူသနည်း။
ဘုရားရှင်က၊ဧဝံဂေလိတရားတော်ကိုဟောကြားခြင်းအမှုကိုပြုသောသူတို့သည်ထိုတရားကိုအမှီပြု၍အသက်မွေးရမည်ဟုပညတ်တော်မူပါသည်။
1 Corinthians 9:15-18
ပေါလုကမိမိသည်ဝါကြွားခြင်းအမှုကိုမပြုနိုင်ကြောင်းမည်ကဲ့သို့ပြောဆိုသနည်း
ပေါလုကမိမိသည်ဧဝံဂေလိတရားကိုဟောရုံမျှဖြင့်ဝါကြွားခြင်းအမှုကိုမပြုနိုင်ကြောင်းနှင့်မဟောပြောဘဲမနေနိုင်သောကြောင့်ဖြစ်ကြောင်းပြောဆိုပါသည်။
1 Corinthians 9:19-20
ပေါလုသည် အဘယ်ကြောင့် လူတကာတို့၏ အစေခံ ဖြစ်လာသနည်း။
ပေါလုသည် ဘုရားသခင်အတွက် ယုံကြည်သူတိုးပွားလာနိုင်ရန်အတွက် လူတကာတို့၏အစေခံဖြစ်လာပါသည်။
ပေါလုသည်၊ယုဒလူတို့ကိုရနိုင်ရန်မည်ကဲ့သိုဖြစ်လာရသနည်း။
ပေါလုသည်၊ယုဒလူတို့ကိုရနိုင်ရန်ယုဒလူကဲ့သို့ဖြစ်လာခဲ့ရပါသည်။
1 Corinthians 9:21-23
ပေါလုသည်၊ပညတ်တရားမဲ့သောသူတို့ကိုရနိုင်ရန်အတွက်မည်ကဲ့သို့ဖြစ်လာရသနည်း။
ပေါလုသည်၊ပညတ်တရားမဲ့သောသူတို့ကိုရနိုင်ရန်အတွက်ပညတ်တရားမဲ့သောသူကဲ့သို့ဖြစ်လာခဲ့ရပါသည်။
အဘယ်ကြောင့်ပေါလုသည်၊ ဧဝံဂေလိတရားတော်အတွက် ခပ်သိမ်းသောအမှုတို့ကိုပြုသနည်း။
ပေါလုသည်၊ ဧဝံဂေလိတရားအားဖြင့်ကောင်းချီးမင်္ဂလာခံယူရခြင်းအလို့ငှာထိုသို့ပြုရပါသည်။
1 Corinthians 9:24-27
ပေါလုက၊အဘယ်ကြောင့်အပြေးပြိုင်ခြင်းအမှုကိုပြုရသည်ဟုဆိုသနည်း။
ပေါလုက၊ဆုကိုရမည်အကြောင်းအပြေးပြိုင်ရသည်ဟုဆိုပါသည်။
ပေါလုက၊မည်သို့သောပန်းဦးရစ်ကိုရရန်အပြေးပြိုင်သည်ဟုဆိုသနည်း။
ပေါလုက၊မညှိုးနွမ်းမပျက်စီးနိုင်သောပန်းဦးရစ်ကိုရရန်အပြေးပြိုင်သည်ဟုဆိုပါသည်။
ပေါလုက၊အဘယ်ကြောင့်မိမိကိုယ်ကိုနှိမ့်ချ၍အစေခံကျွန်ဖြစ်စေသည်ဟုဆိုသနည်း။
ပေါလုကသူတပါးကိုဟောပြောဆုံးမပြီးမှ၊မိမိကိုယ်တိုင်လည်းရှုံးသောသူမဖြစ်ရမည်အကြောင်း၊ထိုသို့ပြုရသည်ဟုဆိုပါသည်။
1 Corinthians 10
1 Corinthians 10:1-4
မောရှေလက်ထက်တွင်သူတို့၏ဘိုးဘေးတို့၌မည်သည့်အများနှင့်ဆိုင်သောတွေ့အကြုံရှိကြသနည်း။
သူတို့၏ဘိုးဘေးတို့သည်မိုးကောင်းကင်အောက်မှာရှိ၍ ပင်လယ်အား ဖြတ်၍လျှောက်သွားပြီး၊ မိုးတိမ်နှင့်ပင်လယ်တို့ထဲ၌မောရှေ၏နှစ်ခြင်းကိုခံယူကာ၊ ဝိညာဥ်တော်အစာနှင့်ဝိညာဥ်တော်ရေကို အတူတကွအားလုံးစားသောက်ကြပါသည်။
သူတို့၏ဘိုးဘေးတို့လိုက်လျှောက်သောဝိညာဥ်တော်ကျောက်မှာမည်သူနည်း။
ဘိုးဘေးတို့လိုက်လျှောက်သောဝိညာဥ်တော်ကျောက်မှာခရစ်တော်ဖြစ်ပါသည်။
1 Corinthians 10:5-8
မောရှေလက်ထက်တွင်သူတို့၏ဘိုးဘေးတို့ကိုဘုရားသခင်ကအဘယ်ကြောင့်မနှစ်သက်သနည်း။
သူတို့၏ဘိုးဘေးတို့သည်မကောင်းသောအရာတို့ကိုတပ်မက်သောကြောင့်ဘုရားသခင်ကမနှစ်သက်ခြင်းဖြစ်ပါသည်။
1 Corinthians 10:9-10
နားမထောင်သောသူတို့အားဘုရားသခင်ကမည်သည့်နည်းဖြင့်ဖျက်ဆီးသနည်း။
ဘုရားသခင်ကသူတို့အားမြွေအားဖြင့်လည်းကောင်း၊ အသက်နှုတ်ယူမည့်ကောင်းကင်တမန်အားဖြင့်လည်းကောင်း ဖျက်ဆီးပါသည်။
1 Corinthians 10:11-13
ဤအကြောင်းအရာတို့သည်အဘယ်ကြောင့်ဖြစ်ပေါ်ပြီး၊ အဘယ်ကြောင့်ရေးသားမှတ်ထာခြင်းခံရသနည်း။
ဤအကြောင်းအရာတို့သည်ကျွန်ပ်တို့အတွက်ဥပမာဖြစ်ပြီး၊ ထိုအကြောင်းအရာတို့သည်ကျွန်ပ်တို့အတွက်လမ်းညွှန်ဆုံးမရန်ရေးသားမှတ်ထားခြင်းဖြစ်ပါသည်။
ထူးခြားသောာစုံစမ်းနှောင့်ရှက်ခြင်းမျိုး တစ်စုံတစ်ခု ကျွန်ုပ်တို့တွင် ဖြစ်တတ်ပါသလား။
လူသား၌ ပုံမှန်ဖြစ်တတ်သောစုံစမ်းနှောင့်ယှက်ခြင်းမျိုးမှ တပါး အခြားသောစုံစမ်နှောင့်ယှက်ခြင်းမျိုး ကျွန်ပ်တို့၌ မရှိပါ။
စုံစမ်းနှောင့်ယှက်ခြင်းကိုခံနိုင်ဖို့ရန် ဘုရားသခင်ကကျွန်ုပ်တို့အား မည်သို့ကူမတော်မူသနည်း။
ဘုရားသခင်သည် ကျွန်ပ်တို့၌စုံစမ်းနှောက်ယှက်ခြင်းကိုခံနိုင်စေရန် ထွက်မြောက်သောလမ်းကိုစီရင်ပေးသနားခြင်းဖြင့်ကူမတော်မူပါသည်။
1 Corinthians 10:14-19
ကောရိန္သုရှိယုံကြည်သူများသည်မည်သည့်အရာမှရှောင်ကြဥ်ရန် ပေါလုကသတိပေးသနည်း
ပေါလုကသူတို့အားရုပ်တုဆင်းတုတို့ကိုကိုးကွယ်ခြင်းမှရှောင်ကြဥ်ရန်သတိပေးပါသည်။
ယုံကြည်သူတို့ကျေးဇူးတော်ချီးမွမ်းရာကျေးဇူးတော်ခွက်ဖလားနှင့် သူတို့ချိုးဖဲ့သောမုန့်တို့မှာမည်သည်နည်း။
ခွက်ဖလားမှာ ခရစ်တော်၏အသွေးကို ဝေမျှဆက်ဆံခြင်း ဖြစ်ပြီး မုန့်မှာခရစ်တော်၏ကိုယ်ကို ဝေမျှဆက်ဆံခြင်း ဖြစ်ပါသည်။
1 Corinthians 10:20-22
တပါးအမျိုးသားသာသနာပလူတို့ သည် မည်သူကိုယဇ်ပူဇော်သနည်း။
သူတို့ယဇ်ပူဇော်ခြင်းသည် ဘုရားသခင်အားပူဇော်ခြင်းမဟုတ်ဘဲ၊ နတ်ဆိုးတို့အားပူဇော်ခြင်းဖြစ်ပါသည်။
ပေါလုသည် ကောရိန္သုရှိယုံကြည်သူတို့ နတ်ဆိုးတို့နှင့်ပါဝင်ပတ်သက်ခြင်း အလိုမရှိသောကြောင့် သူတို့ကို မည်ကဲ့သို့မလုပ်ရန် ပေါလုက ပြောခဲ့သနည်း။
ပေါလုကသူတို့အား သခင်ဘုရား၏ခွက်ဖလားနှင့်နတ်ဆိုး၏ခွက်ဖလားကို သင်တို့မသောက်နိုင်ကြသကဲ့သို့ သခင်ဘုရား၏စားပွဲနှင့်နတ်ဆိုး၏စားပွဲကို သင်တို့ဝင်၍မစားနိုင်ကြဟုပြောပါသည်။
အကယ်၍ သခင်ဘုရားကိုယုံကြည်သူများကဲ့သို့သောကျွန်ုပ်တို့သည် နတ်ဆိုးနှင့်လည်းပါဝင်ပတ်သက်နေလျှင်ကျွန်ုပ်တို့သည်မည်သို့သောအန္တရာယ်ကိုလုပ်နေသနည်း။
ကျွန်ုပ်တို့လုပ်နေသောအန္တရာယ်မှာ သခင်ဘုရားအားမနာလိုဘဲ အမျက်ထွက်စေရန်ဖြစ်နေပါသည်။
1 Corinthians 10:23-24
ကျွန်ုပ်တို့သည် မိမိတို့အကျိုးအဖို့ ရှာဖွေသင့်ပါသလား။
မရှာဖွေသင့်ပါ။ မိမိအိမ်နီးချင်းသူတပါး၏အကျိုးကို ကျွန်ုပ်တို့ တစ်ဦးစီတိုင်းရှာဖွေသင့်သည်။
1 Corinthians 10:25-27
အကယ်၍မယုံကြည်သူကအစာစားရန်ခေါ်ဖိတ်သဖြင့်သင်သွားလိုလျှင် သင်သည်မည်သို့လုပ်သင့်သနည်း။
မိမိရှေ့၌ထည့်ထားသမျှသောအစာတို့ကို မိမိစိတ်ဖြင့်မည်သည့်အမေးကိုမျှမမေးဘဲစားသင့်ပါသည်။
1 Corinthians 10:28-30
အကယ်၍ သင်၏မယုံကြည်သူအိမ်ရှင်က သင့်အားသာသနာပလူတို့ပူဇော်ထားသောအစာကိုစားရန်ပြောလျှင် သင်သည်အဘယ်ကြောင့်မစားသင့်သနည်း။
ပူဇော်ထားသောအစာဖြစ်ကြောင်းသင့်အားအသိပေးသူအတွက်သော်လည်းကောင်း၊ အခြားသောသူ၏အသိတရားစိတ်အတွက်လည်းကောင်း ထောက်ရှု၍မစားသင့်ခြင်းဖြစ်ပါသည်။
1 Corinthians 10:31-33
ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ကျွန်ုပ်တို့မည်သို့လုပ်သင့်သနည်း။
ကျွန်ုပ်တို့ စားခြင်း၊ သောက်ခြင်းမှအစ ပြုသည့်အမှုအရာအားလုံးကို ဘုရားသခင်၏ဘုန်းတော်ထင်ရှားအလို့ငှါအမှုအရာခပ်သိမ်းကိုပြုလုပ်သင့်ပါသည်။
ကျွန်ုပ်တို့သည်အဘယ်ကြောင့် ယုဒလူ၊ ဟေလသလူ၊ ဘုရားသခင်၏အသင်းတော်ဝင်လူတို့၌ ထိမိ၍လဲစရာမဖြစ်စေသင့်သနည်း။
ကျွန်ုပ်တို့သည်သူတို့၌ထိမိ၍လဲစရာမဖြစ်စေသင့်သည့်အကြောင်းမှာ သူတို့သည်ကယ်တင်ခြင်းသို့ရောက်စေရန်အတွက်ဖြစ်ပါသည်။
1 Corinthians 11
1 Corinthians 11:1-4
ကောရိန္သုရှိယုံကြည်သူတို့သည်မည်သူကို နည်းတူ ကျင့်ကြံနေထိုင်ရန် ပေါလုကပြောသနည်း။
ပေါလုက သူတို့အား မိမိနည်းတူကျင့်ကြံနေထိုင်ရန် ပြောပါသည်။
ပေါလုသည် မည်သူ့ နည်းတူ ကျင့်သနည်း။
ပေါလုသည် ခရစ်တော်နည်းတူ ကျင့်ကြံနေထိုင်ပါသည်။
ကောရိန္သုရှိ ယုံကြည်သူတို့အား ပေါလုက မည်သည့်အကြောင်းအရာအတွက် ချီးမွမ်းသနည်း။
ပေါလုက သူတို့သည်အရာရာ၌ မိမိကိုသတိရ၍၊ မိမိပေးသောနည်းဥပဒေသတို့ကိုစွဲလမ်းကြသောကြောင့် ချီးမွမ်းခြင်းဖြစ်ပါသည်။
မည်သူသည်ခရစ်တော်၏ဦးခေါင်းဖြစ်သနည်း။
ဘုရားသခင်သည်ခရစ်တော်၏ဦးခေါင်းဖြစ်ပါသည်။
မည်သူသည် လူတို့၏ဦးခေါင်းဖြစ်သနည်း။
ခရစ်တော်သည် ယောက်ျားတိုင်း၏ဦးခေါင်းဖြစ်ပါသည်။
မည်သူသည် မိန်းမ၏ဦးခေါင်း ဖြစ်သနည်း။
ယောက်ျားသည် မိန်းမ၏ဦးခေါင်း ဖြစ်ပါသည်။
ယောက်ျားသည် ဦးခေါင်းကိုဖုံးလျက်ဆုတောင်းလျှင်မည်သို့ဖြစ်မည်နည်း။
ဦးခေါင်းဖုံးလျက်ဆုတောင်းသောယောက်ျားသည် မိမိဦးခေါင်း၏အသရေကိုရှုတ်ချခြင်း ဖြစ်စေသည်။
1 Corinthians 11:5-6
ဦးခေါင်းမဖုံးဘဲဆုတောင်းသောမိန်းမသည်မည်သို့ဖြစ်မည်နည်း။
ဦးခေါင်းမဖုံးဘဲဆုတောင်းသောမိန်းမသည် မိမိဦးခေါင်း၏အသရေကိုရှုတ်ချခြင်းဖြစ်ပါသည်။
1 Corinthians 11:7-8
ယောက်ျားသည် အဘယ်ကြောင့်မိမိဦးခေါင်းကို မဖုံးထားသင့်သနည်း။
ယောက်ျားသည် မိမိဦးခေါင်းကို ဖုံးမထားသင့်သည့်အကြောင်းမှာ သူသည်ဘုရားသခင်၏ပုံသဏ္ဍာန်၊ ဘုန်းအသရေတော်ဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။
1 Corinthians 11:9-10
မိန်းမကို မည်သူအတွက်ဖန်ဆင်းခြင်း ဖြစ်သနည်း။
မိန်းမကို ယောက်ျားအတွက် ဖန်ဆင်းခြင်း ဖြစ်သည်။
မိန်းမများဆုတောင်းခြင်းနှင့် ပတ်သတ်၍ ပေါလုနှင့်သူ၏လုပ်ဖေါ်ကိုင်ဖက်များ၊ ဘုရားသခင်၏အသင်းတော်များမှ လက်တွေ့ကျင့်သုံးခြင်းအရာမှာ မည်သည်နည်း။
မိန်းမများအတွက် သူမတို့ဆုတောင်းသည့်အခါ သူမတို့၏ဦးခေါင်းကိုဖုံးထားရန်မှာ သူတို့၏အလေ့အထ ဖြစ်ပါသည်။
1 Corinthians 11:11-12
မိန်းမနှင့်ယောက်ျားနှစ်ဦးလုံးသည် အဘယ်ကြောင့်တစ်ဦးနှင့်တစ်ဦး မှီခိုနေကြရသနည်း။
အဘယ်ကြောင့်ဆိုသော် မိန်းမသည်ယောက်ျားထံမှလာသကဲ့သို့၊ ယောက်ျားသည်လည်းမိန်းမထံမှလာသောကြောင့်ဖြစ်ပါသည်။
1 Corinthians 11:13-16
အခန်းငယ် ၉နှင့်၁၀ တွင်မေးထားပြီးဖြစ်ပါသည်။
အခန်းငယ် ၉နှင့်၁၀ တွင်ဖြေထားပြီးဖြစ်ပါသည်။
1 Corinthians 11:17-19
ကောရိန္သုရှိခရစ်ယာန်များထဲတွင် အဘယ်ကြောင့်အချင်းချင်း ကွဲပြားခြင်းရှိရမည်နည်း။
အချင်းချင်းကွဲပြားခြင်းရှိမှသာလျှင် သူတို့အထဲမှကောင်းသောသူကိုသိမှတ်နိုင်မည်ဖြစ်ပါသည်။
1 Corinthians 11:20-22
ကောရိန္သုအသင်းတော်၌အတူလာရောက်စုဝေး၍စားသောက်ကြသည့်အခါ မည်သို့ဖြစ်မည်နည်း။
အခြားသောသူတို့၏အစာရှေ့မှာ မိမိတို့ကိုယ်စီယူလာကြသည့်အစာများကိုစားသည့်အခါ၊ တယောက်သောသူသည်ဆာလောင်၍ အခြားသူမှာသေသောက်ကျူးလျက်ရှိမည်ဖြစ်ပါသည်။
1 Corinthians 11:23-24
သခင်ဘုရားသည်ရန်သူလက်သို့အပ်နှံခြင်းခံရမည့်ည၌
မုန့်ကိုချိုးဖဲ့ပြီးမှ မည်သည်ကိုပြောသနည်း။
သခင်ဘုရားက " ဤမုန့်သည် သင်တို့အတွက်ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့။ ငါ့ကိုအောက်မေ့ဖို့ရာဤသို့ပြုကြလော့ " ဟုပြောပါသည်။
1 Corinthians 11:25-26
ညစာစားပြီးမှခွက်ကိုယူ၍ သခင်ဘုရားကမည်သို့ပြောသနည်း။
သခင်ဘုရားက " ဤခွက်သည် ငါ၏အသွေး၌တည်သောပဋိညာဥ်တရားသစ်ဖြစ်၏။ ဤခွက်ကိုသောက်သောအခါတိုင်း ငါ့ကိုအောက်မေ့ဖို့ရာသောက်ကြလော့ " ဟုပြောပါသည်။
ဤမုန့်ကိုစား၍ ဤခွက်ကိုသောက်သောအခါတိုင်း သင်တို့သည်မည်သို့လုပ်ရမည်နည်း။
သခင်ဘုရားအသေခံတော်မူခြင်းကိုကြွလာတော်မမူမီတိုင်အောင် သင်တို့သည် သက်သေပြကြရမည်ဖြစ်ပါသည်။
1 Corinthians 11:27-32
မထိုက်တန်သောသူသည် အဘယ်ကြောင့်သခင်ဘုရား၏ မုန့်နှင့်ခွက်ကို မစားသောက်သင့် သနည်း။
အဘယ်ကြောင့်ဆိုသော် မထိုက်တန်ဘဲ သခင်ဘုရား၏ကိုယ်နှင့်အသွေးတော်ကို စားသောက်သူသည် ပြစ်မှားရာသို့ ရောက်သောကြောင့် ဖြစ်ပါသည်။ မိမိကိုယ်ကိုစစ်ကြောစီရင်ပြီးမှ မုန့်နှင့်ခွက်ကို စားသောက်သင့်ပါသည်။
ကောရိန္သုအသင်းတော်အတွင်းရှိ မထိုက်တန်ဘဲလျက် သခင်ဘုရား၏မုန့်နှင့်ခွက်ကိုစားသောက်ကြသောသူအများတို့သည် မည်သို့ဖြစ်မည်နည်း။
သူတို့ထဲမှ အများသောသူတို့သည် အားနည်းခြင်း၊ ဖျားနာခြင်းနှင့် အချို့သောသူတို့သည် သေဆုံးခြင်းတို့ ဖြစ်ကြပါသည်။
1 Corinthians 11:33-34
ကောရိန္သုရှိယုံကြည်သူတို့သည်အတူလာရောက်စုဝေးစားသောက်ကြသည့်အခါ ပေါလုကသူတို့အားမည်သို့လုပ်ရန်ပြောသနည်း။
ပေါလုက သူတို့အား တယောက်ကိုတယောက် စောင့်စားစေရန်အတွက်ပြောပါသည်။
1 Corinthians 12
1 Corinthians 12:1-3
ပေါလုသည်ကောရိန္သုရှိခရစ်ယာန်များကိုမည်သည့်သတင်းပေးရန်အလိုရှိသနည်း။
ပေါလုသည်သူတို့အားဝိညာဥ်ဆုကျေးဇူးအကြောင်းနှင့်ပတ်သတ်၍ သတင်းပေးပြောကြားရန်အလိုရှိပါသည်။
ဘုရားသခင်၏ဝိညာဥ်တော်အားဖြင်းသူသည်မည်သည့်အရာကိုပြောနိုင်စွမ်းမရှိသနည်း။
သူသည် ယေရှုအားကျိန်ဆဲပြောဆိုခြင်း မပြုနိုင်ပါ။
လူတစ်ဦးက ယေရှုသည်သခင်ဘုရားဖြစ်သည်ဟုမည်သို့ပြောသနည်း။
ထိုသူသည် သန့်ရှင်းသောဝိညာဥ်တော်အားဖြင့်သာ ယေရှုသည်သခင်ဘုရားဖြစ်သည်ဟု ပြောနိုင်ပါသည်။
1 Corinthians 12:4-6
ဘုရားသခင်ကယုံကြည်သူတိုင်းအား မည်သည့်ဖြစ်နိုင်စွမ်းသောအရာတို့ကို ပေးသနည်း။
ဘုရားသခင်ကယုံကြည်သူတိုင်းအားကွဲပြားသောဆုကျေးဇူး၊ ကွဲပြားသောအမှုတော်ဆောင်ရွက်ခြင်း နှင့် ကွဲပြားသောအလုပ်တို့ကို လုပ်ဆောင်နိုင်ခြင်းအခွင့် ပေးပါသည်။
1 Corinthians 12:7-8
ပြင်ပ၌ဖေါ်ပြရန် သန့်ရှင်းသောဝိညာဥ်တော်ကအဘယ်ကြောင့်ပေးသနည်း။
သန့်ရှင်းသောဝိညာဥ်တော်သည်လူတိုင်းအားကောင်းသောအကျိုးအမြတ်ကိုဖေါ်ပြရန် ပေးပါသည်။
1 Corinthians 12:9-11
မည်သည့်ဆုကျေးဇူးအချို့ကိုသန့်ရှင်းသောဝိညာဥ်တော်ကပေးသနည်း။
သန့်ရှင်းသောဝိညာဥ်တော်ကပေးသောဆုကျေးဇူးအချို့မှာ ယုံကြည်ခြင်း၊ အနာရောဂါပျောက်ကင်းစေခြင်း၊ တန်ခိုးကိုပြသနိုင်ခြင်း၊ ပရောဖက်ပြုနိုင်ခြင်း၊ စိတ်ဝိညာဥ်ကိုပိုင်းခြားသိနိုင်စေခြင်း၊ အမျိုးမျိုးသောဘာသာစကားကိုပြောနိုင်ခြင်း နှင့် ထိုဘာသာစကားတို့ကိုအနက်ဖေါ်ပြနိုင်စေခြင်း တို့ဖြစ်ပါသည်။
လူတယောက်စီတိုင်းမည်သည့်ဆုကျေးဇူးကိုရရှိရန် မည်သူကရွေးချယ်ပေးသနည်း။
သန့်ရှင်းသောဝိညာဥ်တော်က လူတယောက်စီတိုင်းအားပေးသောဆုကျေးဇူးတော်တို့ကို သူကိုယ်တိုင်ရွေးချယ်ပေးပါသည်။
1 Corinthians 12:12-17
ခရစ်ယာန်တို့သည်မည်သည့်အထဲ၌နှစ်ခြင်းခံရမည်နည်း။
ကျွန်ပ်တို့သည်ခန္ဓာကိုယ်တခုတည်းထဲ၌နှစ်ခြင်းခံရမည်ဖြစ်ပြီး၊ ဝိညာဥ်တပါးတည်း၌သာ သောက်ကြရမည်ဖြစ်ပါသည်။
1 Corinthians 12:18-20
အင်္ဂါချင်းတခုစီတိုင်းအား မည်သူသည် စီစဥ်ပုံဖေါ်ပေးသနည်း။
ဘုရားသခင်သည် အင်္ဂါချင်းတခုစီတိုင်းအားစီစဥ်၍ သူကိုတိုင်ပုံဖေါ်ပေးပါသည်။
1 Corinthians 12:21-24
ကျွန်ပ်တို့သည်ခန္ဓာကိုယ်အစိတ်အပိုင်းတွင်အသရေနည်းသောအင်္ဂါတို့မရှိဘဲလုပ်ဆောင်ရန်ရနိုင်မည်လား။
မရနိုင်ပါ။ ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်စေရန် အသရေနည်းသောအင်္ဂါများသည် အမှန်တကယ်လိုအပ်ပါသည်။
အသရေနည်းသောအင်္ဂါအပါအဝင်ခန္ဓာကိုယ်အစိတ်အပိုင်းများအတွက်ဘုရားသခင်ကမည်သို့လုပ်ပေးခဲ့သနည်း။
ဘုရားသခင်သည်အစိတ်အပိုင်းအားလုံးကိုအတူတကွရှိစေလျက်၊ အားနည်းသောအင်္ဂါတို့အား သာ၍အသရေကိုပေးပါသည်။
1 Corinthians 12:25-27
ခန္ဓာကိုယ်အစိတ်အပိုင်းရှိအားနည်းသောအင်္ဂါကို ဘုရားသခင်ကအဘယ်ကြောင့်ပို၍အသရေကိုပေးသနည်း။
ဘုရားသခင်ကခန္ဓာကိုယ်အစိတ်အပိုင်းတို့အားအချင်းချင်းကွဲပြားခြင်းမရှိစေဘဲ၊ အချင်းချင်းဖေးမ၍ ကိုယ်ကိုမျှတစေခြင်းအလို့ငှါ ဖြစ်ပါသည်။
1 Corinthians 12:28-29
ဘုရားသခင်ကအသင်းတော်တွင်မည်သူတို့ကိုခွဲခန့်ထားခဲ့သနည်း။
အသင်းတော်တွင် ဘုရားသခင်ခွဲခန့်ထားသူတို့မှာ ဦးစွာ တမန်တော်များ၊ ဒုတိယ ပရောဖက်များ၊ တတိယ ဆရာများ၊ တန်ခိုးပြသောသူများ၊ အနာရောဂါပျောက်စေသောသူများ၊ သင်းထောက်များ၊ အုပ်ချုပ်သူများ နှင့် အမျိုးမျိုးသောဘာသာစကားပြောတတ်သူများ ဖြစ်ကြပါသည်။
1 Corinthians 12:30-31
ပေါလုက ကောရိန္သုရှိခရစ်ယာန်များမည်သည်ကိုရှာဖွေရန်ပြောသနည်း။
ပေါလုကသူတို့အား သာ၍ကြီးမြတ်သောဆုကျေးဇူးကိုရှာဖွေရန်ပြောပါသည်။
ပေါလုက ကောရိန္သုရှိခရစ်ယာန်များအားမည်သည်ကိုပြသလိမ့်မည်ဖြစ်ကြောင်းပြောသနည်း။
ပေါလုကသူသည်သာ၍ကောင်းမြတ်သောလမ်းကိုပြသလိမ့်မည်ဖြစ်ကြောင်းပြောပါသည်။
1 Corinthians 13
1 Corinthians 13:1-3
အကယ်၍ သူသည်လူဘာသာစကားနှင့်ကောင်းကင်တမန်ဘာသာစကားကိုပြောနိုင်သော်လည်းမေတ္တာမရှိလျှင် ပေါလုသည်မည်သို့ဖြစ်လိမ့်မည်နည်း။
ပေါလုသည် အသံမြည်သောတံပိုးခရာ သို့မဟုတ် တီးသံကိုသာပေးတတ်သောလင်းကွင်း ကဲ့သို့ဖြစ်ပါမည်။
ပေါလုသည်ပရောဖက်ဥာဏ်ကိုရ၍ နက်နဲ့သောအရာနှင့်သိပ္ပံအတတ်အမျိုးမျိုးကိုရရှိပြီး ကြီးမားသောယုံကြည်ခြင်းရှိသော်လည်း သူ၍မေတ္တာမရှိလျှင်မည်သို့ဖြစ်လိမ့်မည်နည်း။
သူသည်အချည်းနှီးသက်သက်ဖြစ်ပါလိမ့်မည်။
ပေါလုသည် သူ၌ရှိသမျှတို့ကို ဆင်းရဲသားတို့အားကျွေးမွေးလျက်မိမိကိုယ်ကိုမီးရှို့ခြင်းငှာအပ်သော်လည်း ယခုတိုင်အောင်မည်ကဲ့သို့အကျိုးမရှိဖြစ်ရသနည်း။
သူသည်ထိုအရာအားလုံးကို လုပ်ဆောင်သော်လည်း သူ၌မေတ္တာမရှိလျှင် ယခုတိုင်အောင်အကျိုးမရှိခြင်းဖြစ်ပါသည်။
1 Corinthians 13:4-7
မေတ္တာ၏လက္ခဏာအချို့မှာမည်သည်တို့နည်း။
မေတ္တာသည်စိတ်ရှည် ကျေးဇူးပြုတတ်ခြင်း၊ ဂုဏ်ပြိုင် ဝါကြွားမှုမရှိခြင်း၊ မာနမရှိခြင်း၊ ဒေါသထွက်ရန်မလွယ်ကူခြင်း၊ မကောင်းမှုကိုထိန်းသိမ်းမလုပ်ဆောင်တတ်ခြင်း၊ မတရားမှု၌ဝမ်းမြောက်မှုမရှိသော်လည်း မှန်ကန်မှု၌ဝမ်းမြောက်တတ်ခြင်း၊ အရာရာကိုဖုံးအုပ်တတ်ခြင်း၊ အရာရာကိုယုံတတ်ခြင်း၊ အရာရာကိုမျှော်လင့်တတ်ခြင်း နှင့် အရာရာကိုသည်းခံတတ်ခြင်း တို့ဖြစ်ပါသည်။
1 Corinthians 13:8-10
မည်ကဲ့သို့သောအချို့အရာတို့သည်ပျောက်ကွယ်မည်နည်း။
ပရောဖက်ဥာဏ်၊ သိပ္ပံအတတ် နှင့် အမျိုးမျိုးသောဘာသာစကားကိုပြောနိင်သောအခွင့်တို့သည်ပျောက်ကွယ်မည်ဖြစ်ပါသည်။
မည်သည့်အရာသည်မည်သည့်အခါမျှဆုံးလိမ့်မည်မဟုတ်သနည်း။
မေတ္တာသည်မည်သည့်အခါမျှဆုံးလိမ့်မည်မဟုတ်ပါ။
1 Corinthians 13:11-13
သူသည်လူကြီးဖြစ်လာသောအခါမည်သို့ပြုလုပ်သည်ဟုပေါလုကပြောသနည်း။
ပေါလုကသူသည်လူကြီးဖြစ်လာသောအခါ ကလေးကဲ့သို့ပြုမူသောအရာများကို ပယ်ရှားသည်ဟုပြောပါသည်။
မည်သည့်အရာသုံးပါးတည်ရှိလိမ့်မည်ဖြစ်ပြီး၊ ထိုသုံးပါးထဲတွင်မည်သည့်အရာသည်အမြတ်ဆုံးဖြစ်သနည်း။
ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း နှင့် ချစ်ခြင်းသုံးပါး တည်ချက်ရှိမည်ဖြစ်ပြီး၊ ထိုသုံးပါးထဲတွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်ပါသည်။
1 Corinthians 14
1 Corinthians 14:1-6
မည်သည့်ဆုကျေးဇူးအတွက်ကျွန်ပ်တို့သည်အထူးသဖြင့်စိတ်အားထက်သန်ရန်ပေါလုကပြောသနည်း။
ပေါလုကကျွန်ပ်တို့သည် ပရောဖက်ပြုရသောအခွင့်ရရှိရန် အထူးသဖြင့်စိတ်အားထက်သန်ဖို့ပြောပါသည်။
အခြားဘာသာစကားကိုပြောသောအခါ ထိုသူသည်မည်သူနှင့်ပြောသနည်း။
ထိုသူသည်လူတို့အားမပြောဘဲ ဘုရားသခင်နှင့်ပြောခြင်းဖြစ်ပါသည်။
ပရောဖက်ပြုသောသူသည်မည်သူအားတည်ဆောက်စရာဖြစ်စေပြီး၊ အခြားဘာသာစကားပြောသောသူသည်မည်သူအားတည်ဆောက်စရာဖြစ်စေသနည်း။
ပရောဖက်ပြုသောသူသည်လူတို့အားတည်ဆောက်စရာဖြစ်စေပြီး၊ အခြားဘာသာစကားပြောသောသူသည်မိမိကိုယ်မိမိတည်ဆောက်စရာဖြစ်ပါသည်။
1 Corinthians 14:7-11
နားမလည်သောဟောပြောခြင်းကိုပေါလုကမည်သည့်အရာနှင့်နှိုင်းယှဥ်ဖေါ်ပြသနည်း။
ပေါလုက ကွဲပြားသောအသံကိုမပေးသည့်ပုလွေ၊ စောင်းတို့နှင့်နှိုင်းယှဥ်ဖေါ်ပြသကဲ့သို့ ၊ မမှန်သောအသံကိုပေးတတ်သောတံပိုးခရာနှင့်လည်းနှိုင်းယှဥ်ဖေါ်ပြပါသည်။
1 Corinthians 14:12-14
ကောရိန္သုရှိခရစ်ယာန်တို့အားမည်သည့်အရာအား စိတ်အားထက်သန်လုပ်သင့်သည်ဟုပေါလုပြောသနည်း။
ပေါလုကသူတို့အားအသင်းတော်တည်ဆောက်ရာတွင် စိတ်အားထက်သန်စွာဖြင့် ကြိုးစားဖို့ပြောပါသည်။
အခြားဘာသာစကားပြောသူအတွက်မည်သို့ဆုတောင်းသင့်သနည်း။
သူသည်ဘာသာစကား၏အနက်ကိုပြန်ဆိုနိုင်မည်အကြောင်းဆုတောင်းရမည်ဖြစ်ပါသည်။
သူသည်အခြားဘာသာစကားဖြင့်ဆုတောင်းသည့်အခါ သူ၏စိတ်နှလုံးနှင့်ဥာဏ် မည်သို့ဖြစ်သည်ဟုပေါလုကပြောသနည်း။
ပေါလုကသူသည်အခြားဘာသာစကားဖြင့်ဆုတောင်းလျှင် သူ့စိတ်နှလုံးကတောင်းသော်လည်း ဥာဏ်သည်အကျိုးမပေးဟုပြောပါသည်။
1 Corinthians 14:15-16
ပေါလုကသူသည်မည်ကဲ့သို့ဆုတောင်း၊ သီချင်းဆိုသည်ဟုပြောသနည်း။
ပေါလုက သူ့စိတ်နှလုံးတခုတည်းသာမက သူ၏ဥာဏ်ဖြင့်ပါဆုတောင်း၊ သီချင်းဆိုသည်ဟုပြောပါသည်။
1 Corinthians 14:17-21
ပေါလုက အခြားသောဘာသာစကားဖြင့် စကားတစ်သောင်း ပြောနိုင်သည်ထက် မည်သည်အရာကိုပြောလိုသည်ဟုပြောသနည်း။
ပေါလုက အခြားသောဘာသာစကားဖြင့် စကားတစ်သောင်းပြောနိုင်သည်ထက် သူတပါးတို့အား သွန်သင်ခြင်းအလိုငှါ စကားငါးခွန်းကို ဉာဏ်နှင့်တကွ ပြောနိုင်သောအခွင့်ကိုသာ အလိုရှိသည်ဟု ပြောပါသည်။
1 Corinthians 14:22-23
အခြားဘာသာစကားနှင့်ပရောဖက်ပြုခြင်းတို့သည်မည်သူတို့အတွက်လက္ခဏာဖြစ်သနည်း။
အခြားဘာသာစကာားသည်မယုံကြည်သူများအတွက်လက္ခဏာဖြစ်၍၊ ပရောဖက်ပြုခြင်းသည်ယုံကြည်သူများအတွက်လက္ခဏာဖြစ်ပါသည်။
အခြားသောဘာသာစကားပြောနေကြသည့်အသင်းတော်ထဲသို့ဝင်လာသော ပြင်ပလူနှင့်မယုံကြည်သူများကမည်သို့ပြောမည်နည်း။
သူတို့ကယုံကြည်သူများသည်အရူးဖြစ်သည်ဟုပြောကြမည်ဖြစ်ပါသည်။
1 Corinthians 14:24-25
အသင်းတော်၌ပရောဖက်ပြုနေကြစဥ် ပြင်ပလူနှင့်မယုံကြည်သူများဝင်လာလျှင် မည်သို့ဖြစ်လိမ့်မည်ဟုပေါလုကပြောသနည်း။
ပေါလုက ပြင်ပလူနှင့်မယုံကြည်သူများဝင်လာလျှင်၊ အသင်းသားတို့သည်သူ၏အပြစ်ကိုဖေါ်ပြ၍သူ့ကိုစီရင်ကြမည်ဖြစ်ပါသည်။
စိတ်နှလုံး၌မထင်ရှားသောအရာတို့သည်ပေါ်လာလျှင်၊ မယုံကြည်သူနှင့်ပြင်ပလူတို့သည်မည်သို့လုပ်ကြမည်နည်း။
သူသည်ပြပ်ဝပ်လျက်ဘုရားသခင်ကိုကိုးကွယ်ပြီး၊ ဘုရားသခင်သည်သူတို့အားလုံးတွင်အမှန်တကယ်ရှိတော်မူသည်ဟု သက်သေခံကြမည်ဖြစ်ပါသည်။
1 Corinthians 14:26-28
ယုံကြည်သူများစုဝေးကြသောအခါ အခြားဘာသာစကားပြောသူတို့အတွက်ပေါလုကမည်သို့မိန့်ကြားသနည်း။
ပေါလုကအခြားဘာသာစကားပြောသောသူနှစ်ယောက်သုံးယောက်ရှိလျှင်တယောက်စီပြော၍ တယောက်ကအနက်ဖေါ်ပြရန်နှင့် အနက်ဖေါ်ပြသောသူမရှိလျှင်ပြောသောသူသည်အသင်းတော်၌တိတ်ဆိတ်စွာနေရန်မိန့်ကြားပါသည်။
1 Corinthians 14:29-33
သင်းဝင်သူများစုဝေးကြသောအခါ ပေါလုကပရောဖက်များအားမည်သို့မိန့်ကြားသနည်း။
ပေါလုက ပရောဖက်နှစ်ဦး၊ သုံးဦးဟောပြောသည်ကိုအခြားသောသူတို့သည်ကောင်းမွန်စွာနားထောင်ရန်နှင့် နားထောင်သူတို့အားနောက်ပရောဖက်ကဗျာဒိတ်တော်ရ၍ တစုံတရာဖွင့်ဟလျှင် ပထမဟောပြောသောသူသည်တိတ်ဆိတ်စွာနေရန်မိန့်ကြားပါသည်။
1 Corinthians 14:34-36
ပေါလုကမိန်းမတို့သည်မည်သည့်နေရာ၌ဟောပြောခွင့်မရှိဟုပြောသနည်း။
ပေါလုကမိန်းမတို့သည် အသင်းတော်များ၌ဟောပြောခွင့်မရှိဟုပြောပါသည်။
အကယ်၍မိန်းမတို့သည်မိမိတို့သိလိုသည်ကိုမည်သို့လုပ်ရမည်ဟု ပေါလုပြောသနည်း။
ပေါလုကသူမတို့သည်မိမိတို့သိလိုသည်ကို အိမ်၌မိမိတို့၏ခင်ပွန်းကိုမေးရမည်ဟုပြောပါသည်။
မိန်းမသည်အသင်းတော်၌ဟောပြောလျှင် လူအပေါင်းတို့ကမည်သို့ရှုမြင်မည်နည်း။
သူမသည်သိက္ခာမရှိ၊ ရှက်စရာဖြစ်သည်ဟုရှုမြင်ကြမည်ဖြစ်ပါသည်။
1 Corinthians 14:37-38
မိမိကိုယ်မိမိပရောဖက်များ၊ ဝိညာဥ်ဆုကျေးဇူးခံစားရသူများဟုထင်နေသူများသည် မည်သည်ကိုဝန်ခံရလိမ့်မည်ဟုပေါလုကပြောသနည်း။
ကောရိန္သုရှိယုံကြည်သူများထံသူရေးပေးလိုက်သောစာတို့သည် သခင်ဘုရား၏ပညတ်တော်ဖြစ်ကြောင်းကို သူတို့သည်ဝန်ခံကြရလိမ့်မည်ဟု ပေါလုကပြောပါသည်။
1 Corinthians 14:39-40
အသင်းတော်တွင်အရာခပ်သိမ်းကိုမည်ကဲ့သို့လုပ်ဆောင်ရမည်နည်း။
အသင်းတော်တွင်အရာခပ်သိမ်းကို တင့်တယ်လျောက်ပတ်စွာနှင့် အစဥ်လိုက်အတိုင်းလုပ်ဆောင်ရမည်ဖြစ်ပါသည်။
1 Corinthians 15
1 Corinthians 15:1-2
ပေါလုသည် ညီအစ်ကို ညီအစ်မများအားမည်သည့်အကြောင်းကိုသတိပေးသနည်း။
ပေါလုသည်သူတို့အား သူ၏ဧဝံဂေလိတရားတော်အကြောင်းကိုသတိပေးပါသည်။
ကောရိန္သုအသင်းသားတို့ကယ်တင်ခြင်းရရန် မည်သည့်အခြေအနေတွင်ပြည့်စုံမည့်အကြောင်းပေါလုကသူတို့အားဟောပြောသနည်း။
ပေါလုက သူ၏ဧဝံဂေလိတရားအားဖြင့်ကယ်တင်ခြင်းရရှိမည်ဖြစ်ကြောင်းသူတို့အားဟောပြောပါသည်။
1 Corinthians 15:3-7
ဧဝံဂေလိတရားတော်များတွင်ပထမအရေးအကြီးဆုံးမှာမည်သည်နည်း။
ဧဝံဂေလိတရားတော်၏ပထမဦးစားပေးအရေးကြီးဆုံးမှာ ကျမ်းစာလာသည်အတိုင်းခရစ်တော်သည်ကျွန်ပ်တို့၏အပြစ်ကြောင့်အသေခံတော်မူပြီး၊ သင်္ဂြိုလ်ခံပြီးနောက် သုံးရက်မြောက်သောနေ့တွင်ထမြောက်တော်မူခြင်းဖြစ်ပါသည်။
1 Corinthians 15:8-11
သေခြင်းမှထမြောက်ပြီးနောက်ခရစ်တော်ကို မည်သူတို့မြင်ရသနည်း။
သေခြင်းမှထမြောက်ပြီးနောက် ကေဖသည်ခရစ်တော်ကိုမြင်ရပြီးမှ တမန်တော်တဆယ့်နှစ်ပါး၊ ထို့နောက်မှငါးရာမကသောညီအစ်ကိုညီအစ်မများတို့သည်တပြိုင်တည်းမြင်ရကြကာ၊ ယာကုပ်၊ တပည့်တော်များအားလုံးနှင့်ပေါလုတို့မြင်ကြရပါသည်။
ပေါလုကသူသည်တပည့်တော်များတွင်အဘယ်ကြောင့်နောက်ဆုံးမှမြင်ရသည်ဟုပြောခြင်းဖြစ်သနည်း။
ပေါလုကသူသည်ဘုရားသခင်၏အသင်းတော်များကိုနှိပ်စက်ညှင်းပမ်းသူဖြစ်သောကြောင့်နောက်ဆုံးမှမြင်ခြင်း ဖြစ်သည်ဟု ပြောခြင်းဖြစ်ပါသည်။
1 Corinthians 15:12-17
အချို့သောကောရိန္သုယုံကြည်သူများအား ထမြောက်ခြင်းအကြောင်းကိုပြောကြသောအခါပေါလုကမည်သို့ပြောသနည်း။
အချို့သောသူတို့သည်သေခြင်းမှရှင်ပြန်ထမြောက်ခြင်းမရှိဟုပြောကြောင်းကို ပေါလုကပြောပါသည်။
အကယ်၍သေခြင်းမှထမြောက်ခြင်းမရှိလျှင် ပေါလုကမည်သည့်အရာသည်အမှန်ဖြစ်ရမည်ဟုပြောသနည်း။
ပေါလုကအကယ်၍ခရစ်တော်သည်သေခြင်းမှထမြောက်တော်မမူလျှင် ငါဟောပြောသောသမျှသည်အကျိုးမရှိသကဲ့သို့ ကောရိန္သုအမျိုးသားယုံကြည်ခြင်းသည်လည်းအကျိုးမရှိဟုပြောပါသည်။
1 Corinthians 15:18-19
အကယ်၍ခရစ်တော်သည်ထမြောက်ခြင်းရှိတော်မမူလျှင် ခရစ်တော်၌သေဆုံးသူတို့သည်မည်သို့ဖြစ်မည်နည်း။
သူတို့သည်ဆုံးရှုံးခြင်းသို့ ရောက်ကြမည်ဖြစ်ပါသည်။
နောင်တွင်ခရစ်တော်၌ရှိရန်အတွက် အကယ်၍ကျွန်ပ်တို့သည်ယခုကာလတွင်စိတ်ချရစေရန် ပေါလုကမည်သည့်အကောင်းအရာအမှန်ကိုပြောသနည်း။
အကယ်၍ထိုသို့ဖြစ်လျှင် ပေါလုကလူအားလုံးတို့တွင်ကျွန်ပ်တို့သည်သူများထက်သာ၍ ဆင်းရဲသူများဖြစ်မည်ဟုပြောပါသည်။
1 Corinthians 15:20-21
ပေါလုက ခရစ်တော်ကိုမည်သို့ခေါ်သနည်း။
ပေါလုကခရစ်တော်အား သူသည်သေဆုံးသောသူတို့တွင်အဦးဆုံးသောအသီးဖြစ်သည်ဟုခေါ်ပါသည်။
1 Corinthians 15:22-23
မည်သူကြောင့်လောကသို့သေဆုံးခြင်းရောက်လာခြင်းနှင့် မည်သူကြောင့်အားလုံးသောသူတို့သည်အသက်ရှင်လိမ့်မည်နည်း။
အာဒံကြောင့်လောကသို့သေဆုံးခြင်းရောက်လာ၍ ခရစ်တော်အားဖြင့်အားလုံးအသက်ရှင်ကြလိမ့်မည်ဖြစ်ပါသည်။
ခရစ်တော်နှင့်စပ်ဆိုင်သူတို့သည်မည်သည့်အချိန်၌ အသက်ရှင်မည်နည်း။
ခရစ်တော်ကြွလာသောအခါအသက်ရှင်ကြလိမ့်မည်ဖြစ်ပါသည်။
1 Corinthians 15:24-26
နောက်ဆုံး၌မည်သို့ဖြစ်မည်နည်း။
ခရစ်တော်သည် အုပ်စိုးခြင်းအာဏာတန်ခိုးအားလုံးကိုပယ်ဖျက်ပြီးသောအခါ၊ မိမိ၏နိုင်ငံကိုခမည်းတော်ဘုရားသခင်ထံပြန်အပ်ပြီးမှကမ္ဘာကုန်ဆုံးစေမည်ဖြစ်ပါသည်။
ခရစ်တော်သည်မည်မျှကြာအောင်အုပ်စိုးမည်နည်း။
ခရစ်တော်သည်ရန်သူအားလုံးကိုသူ၏ခြေဖဝါးတော်အောက်၌ချထားခြင်းမပြုမီတိုင်အောင်အုပ်စိုးမည်ဖြစ်ပါသည်။
ဖျက်ဆီးရမည့်နောက်ဆုံးရန်သူသည်မည်သည်နည်း။
ဖျက်ဆီးရမည့်နောက်ဆုံးရန်သူမှာသေခြင်းဖြစ်ပါသည်။
1 Corinthians 15:27-32
သူ၏ခြေဖဝါးအောက်၌ချထားသောအရာခပ်သိမ်းတို့တွင်မည်သူသည်မပါဝင်ဟုပြောသနည်း။
အရာခပ်သိမ်းကိုလူသား၏ခြေဖဝါးအောက်၌ချထားရာတွင် သားတော်သည်မပါဝင်ဟုပြောပါသည်။
ခမည်းတော်ဘုရားသခင်သည်အလုံးစုံဖြစ်ကြောင်းကို သားတော်သည်မည်သို့လုပ်လိမ့်မည်နည်း။
ခမည်းတော်ဘုရားသခင်သည်အလုံးစုံဖြစ်ကြောင်းကို သားတော်ကိုယ်တိုင်ဝန်ခံမည်ဖြစ်ပါသည်။
1 Corinthians 15:33-34
ပေါလုက ကောရိန္သုအသင်းသားများမည်သို့လုပ်ရန်မိန့်ကြားသနည်း။
ပေါလုကသူတို့အား တရားသဖြင့်နိုးထ၍ ဒုစရိုက်အပြစ်ကိုမပြုကြရန်မိန့်ကြားပါသည်။
ပေါလုက ကောရိန္သုအသင်းသားများမည်သည်ကိုရှက်ကြောက်ကြရန်ပြောသနည်း။
အချို့သောအသင်းသားတို့သည်ဘုရားသခင်ကိုမသိကြခြင်းကိုရှက်ကြောက်ကြရန်ပြောပါသည်။
1 Corinthians 15:35-36
ပေါလုကသေခြင်းမှရှင်ပြန်ခြင်းကိုမည်သည်နှင့်နှိုင်းယှဥ်ဖေါ်ပြသနည်း။
ပေါလုက စိုက်ပျိုးထားသောမျိုးစေ့နှင့်နှိုင်းယှဥ်ဖေါ်ပြပါသည်။
စိုက်ပျိုးခြင်းမစတင်မီမျိုးစေ့သည်မည်သို့ဖြစ်ရမည်နည်း။
မျိုးစေ့သည်သေဆုံးရမည်ဖြစ်ပါသည်။
1 Corinthians 15:37-39
စိုက်ပျိုးသည့်မျိုးစေ့သည် တူညီသောကိုယ်မှလာသောမျိုးစေ့ကဲ့သို့ ဖြစ်မည်လား။
မိမိစိုက်ပျိုးလိုသည့်အပင်သည် တူညီသောကိုယ်မှလာသောမျိုးစေ့ဖြစ်မည်မဟုတ်ပါ။
သွေးသားအားလုံးသည်တူညီပါသလား။
မတူညီပါ။ သွေးသားတို့သည် လူသားတမျိုး၊ တိရစ္ဆာန်၊ ငှက်နှင့် ငါးစသည်ဖြင့်တခုနှင့်တခုမတူညီကြပါ။
1 Corinthians 15:40-41
ခန္ဓာများတွင်အခြားအမျိုးအစားများရှိပါသလား။
ကောင်းကင်ခန္ဓာများနှင့် မြေကြီးခန္ဓာများလည်းရှိပါသည်။
နေ၊ လ နှင့်ကြယ်တို့တွင်တူညီသောဂုဏ်အသရေရှိပါသလား။
နေ၊ လ နှင့် ကြယ်တို့တွင် မိမိတို့နှင့်ဆိုင်သောဂုဏ်အသရေအမျိုးမျိုးရှိကြပြီး၊ ကြယ်တို့သည်လည်းတခုနှင့်တခုသီးခြားဂုဏ်အသရေရှိကြပါသည်။
1 Corinthians 15:42-44
ကျွန်ပ်တို့၏ပျက်ဆီးသေဆုံးတတ်သောခန္ဓာအားမည်သို့စိုက်ပျိုးမည်နည်း။
သူတို့သည်ဇာတိပကတိကိုယ်ခန္ဓာအတိုင်းစိုက်ကြပြီး၊ ဂုဏ်အသရေကင်း၍ အားနည်းခြင်းရှိကြပါသည်။
ကျွန်ပ်တို့သည်သေခြင်းမှထမြောက်သောအခါ ကျွန်ပ်တို့၏အခြေအနေမည်သို့ဖြစ်မည်နည်း။
ထမြောက်သောအခါ မပျက်ဆီးနိုင်သောဝိညာဥ်ခန္ဓာနှင့်တကွ ဂုဏ်အသရေနှင့် အစွမ်းတန်ခိုးနှင့်ပြည့်စုံခြင်းအဖြစ်သို့ရောက်ရှိမည်ဖြစ်ပါသည်။
1 Corinthians 15:45-46
ပထမဆုံးသောသူ အာဒံသည် မည်သို့ဖြစ်လာမည်နည်း။
သူသည်အသက်ရှင်သောဝိညာဥ်ဖြစ်မည်ဖြစ်ပါသည်။
နောက်ဆုံးသောသူ အာဒံသည်မည်သို့ဖြစ်လာမည်နည်း။
သူသည်အသက်ရှင်စေတတ်သောဝိညာဥ်ဖြစ်လာမည်ဖြစ်ပါသည်။
1 Corinthians 15:47-49
ပထမလူနှင့်ဒုတိယလူတို့သည်မည်သည့်နေရာမှလာကြသနည်း။
ပထမလူသည်မြေမှုန့်မှဖြစ်သောကြောင့်မြေကြီးမှလာ၍၊ ဒုတိယလူသည်ကောင်းကင်ဘုံမှဖြစ်ပါသည်။
ကျွန်ပ်တို့သည်မည်သူ့ပုံကိုဆောင်၍မွေးဖွါးပြီး၊ မည်သူ့ပုံကိုယူဆောင်ကြလိမ့်မည်နည်း။
ကျွန်ပ်တို့သည်မြေကြီးသား၏ပုံကိုဆောင်၍မွေးဖွါးသကဲ့သို့ ကောင်းကင်သား၏ပုံကိုလည်းယူဆောင်ကြလိမ့်မည်ဖြစ်ပါသည်
1 Corinthians 15:50-51
ဘုရားသခင်၏နိုင်ငံတော်ကိုမည်သည့်အရာတို့သည်အမွေမခံနိုင်ရမည်နည်း။
လူ၏အသွေးနှင့်အသားသည်ဘုရားသခင်၏နိုင်ငံတော်ကိုအမွေမခံနိုင်ရမည်ဖြစ်ပါသည်။
ကျွန်ပ်တို့အားလုံးအတွက်မည်သို့ဖြစ်လိမ့်မည်နည်း။
ကျွန်ပ်တို့အားလုံးသည်ပြောင်းလဲရကြလိမ့်မည်ဖြစ်ပါသည်။
1 Corinthians 15:52-53
ကျွန်ပ်တို့သည်မည်သည်အချိန်နှင့်မည်ကဲ့သို့လျင်မြန်စွာပြောင်းလဲခြင်းသို့ရောက်လိမ့်မည်နည်း။
နောက်ဆုံးသောတံပိုးမှုတ်သောအခါ၊ ကျွန်ပ်တို့သည်မျက်စိတမှိတ်အတွင်းပြောင်းလဲခြင်းသို့ရောက်ကြလိမ့်မည်ဖြစ်ပါသည်။
1 Corinthians 15:54-55
ပျက်ဆီးသောအရာသည်မပျက်ဆီးဘဲနှင့်သေတတ်သောအရာသည်မသေဘဲဖြစ်သောအခါ မည်သို့ဖြစ်လိမ့်မည်နည်း။
အောင်မြင်ခြင်းသည် သေခြင်းအား ဝါးမျိုလိမ့်မည်ဖြစ်ပါသည်။
1 Corinthians 15:56-57
သေခြင်း၏လက်နက်နှင့် အပြစ်၏တန်ခိုးတို့မှာမည်သည်တို့ဖြစ်သနည်း။
သေခြင်း၏လက်နက်မှာအပြစ်ဖြစ်၍၊ အပြစ်၏တန်ခိုးမှာပညတ်တရားတို့ဖြစ်ပါသည်။
ဘုရားသခင်သည်ကျွန်ုပ်တို့အား မည်သူမှတဆင့်အောင်မြင်ခြင်းအခွင့်ပေးမည်နည်း။
ဘုရားသခင်သည်ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏သခင်ယေရှုခရစ်တော်မှတဆင့်အောင်မြင်ခြင်းအခွင့်ကိုပေးမည်ဖြစ်ပါသည်။
1 Corinthians 15:58
ပေါလုက ကောရိန္သုရှိညီအစ်ကို ညီအစ်မများကိုတည်ကြည်သောစိတ်၊ မယိမ်းမယိုင်မြဲမြံသောစိတ်၊ အ
စဥ်သဖြင့်သခင်ဘုရား၏အမှုတော်မြတ်ကိုကြိုးစားအားထုတ်သောစိတ်ရှိကြစေရန်အတွက် မည်သည့်အကျိုးအကြောင်းကိုပေးသနည်း။
ပေါလုက သူတို့သည် ထိုသို့လုပ်ဆောင်ခြင်းဖြင့် သူတို့သည် သခင်ဘုရား၏အမှုတော်ဆောင်ရွက်ခြင်းအားအကျိုးမဲ့ဖြစ်စေမည်မဟုတ်ကြောင်းသိရှိနားလည်စေရန်ပြောခြင်းဖြစ်ပါသည်။
1 Corinthians 16
1 Corinthians 16:1-2
သန့်ရှင်းသူတို့အတွက်သက်ဆိုင်သောအလှူစုဆောင်းခြင်းကိုကောရိန္သုအသင်းတော်၌ပြုလုပ်ရန် မည်သူသည်ထိုနည်းတူပြုသည်ဟုပေါလုကညွှန်ပြသနည်း။
ပေါလုက ဂလာတိအသင်းတော်ကိုညွှန်ပြ၍ ထိုနည်းတူပြုလုပ်ရန်ကောရိန္သုအသင်းတော်အားပြုလုပ်စေပါသည်။
ကောရိန္သုအသင်းတော်၌စုဆောင်းရရှိသောအလှူများကိုမည်ကဲ့သို့ပြုလုပ်ရန်ပေါလုကပြောသနည်း။
ပေါလုကသူရောက်လာသောအခါအလှူစုဆောင်းထားခြင်းမရှိစေရန် ခုနစ်ရက်တွင်ပထမနေ့ရက်၌ မိမိတို့ကောင်းစားသည်အတိုင်းအလှူတဖို့ကိုစုဆောင်းထားကြရန်ပြောပါသည်။
1 Corinthians 16:3-4
အလှူသည်မည်သူ့ထံသို့သွားသနည်း။
အလှူသည်ယေရုရှလင်မြို့ရှိသန့်ရှင်းသူတို့ထံသွားပါသည်။
1 Corinthians 16:5-6
ပေါလုသည် ကောရိန္သုအသင်းတော်သို့မည်သည့်အချိန်လာမည်နည်း။
သူသည်မာကေဒေါနိပြည်လမ်းသို့ဖြတ်သွားသောအခါ သူတို့ရှိရာအသင်းတော်သို့လာမည်ဟုပေါလုကပြောပါသည်။
1 Corinthians 16:7-9
ကောရိန္သုရှိသန့်ရှင်းသူများနှင့်ခဏတာတွေ့ရန်အတွက် ပေါလုသည်အဘယ်ကြောင့်ချက်ချင်းမတွေ့လိုသနည်း။
အကယ်၍သခင်ဘုရားခွင့်ပြုတော်မူလျှင်သူတို့နှင့်ခဏတာမျှတွေ့ခြင်း သာ၍တွေ့ချင်သောကြောင့် ပေါလုကချက်ချင်းမတွေ့လိုခြင်းဖြစ်ပါသည်။
ပေါလုသည်ပင်တေကုတ္တေပွဲနေ့တိုင်အောင်ဧဖက်မြို့၌အဘယ်ကြောင့်နေသနည်း။
ပေါလုသည်ဧဖက်မြို့၌နေရခြင်းအကြောင်းမှာ ကြီးစွာသောတံခါးသည်သူ့အတွက်အဆင်သင့်၍ ဖွင့်ထားသောကြောင့်နှင့်များစွာသောဆီးတားသူများရှိနေသောကြောင့်ဖြစ်ပါသည်။
1 Corinthians 16:10-14
တိမောသေသည်မည်သည်ကိုပြုလုပ်နေသနည်း။
တိမောသေသည်ပေါလုကဲ့သို့သခင်ဘုရား၏အမှုတော်မြတ်ကိုဆောင်ရွက်နေပါသည်။
တိမောသေနှင့်စပ်ဆိုင်၍ ပေါလုကကောရိန္သုအသင်းတော်အားမည်သို့ပြုလုပ်ရန်မိန့်မှာသနည်း။
ပေါလုကကောရိန္သုအသင်းတော်အားတိမောသေသည်သူတို့နှင့်အတူစိုးရိမ်ကြောက်ရွံ့ခြင်းမရှိဘဲ၊ သူ့အားမထီမဲ့မြင်မပြုရန်နှင့် တိမောသေအားငြိမ်ဝပ်စွာဖြင့်သွားရမည့်ခရီးကိုလည်းကူညီရန်မိန့်မှာခဲ့ပါသည်။
ပေါလုသည် အာပေါလုအားစိတ်အားထက်သန်စွာဖြင့်မည်သည်ကို ပြုလုပ်ရန်အားပေးခဲ့သနည်း။
အာပေါလုအားကောရိန္သုရှိသန့်ရှင်းသူများထံသွားရောက်ရန် ပေါလုကစိတ်အားထက်သန်စွာဖြင့်အားပေးပါသည်။
1 Corinthians 16:15-16
ကောရိန္သုအသင်းသားတို့သည်သန့်ရှင်းသူတို့၏အမှုတော်မြတ်ကိုဆောင်ရွက်သည့်အထဲ၌မည်သူတို့သည်မိမိတို့ကိုယ်တိုင် ဆက်ကပ်ပါဝင်သနည်း။
သတေဖန်နှင့်သူ၏အိမ်သားတို့သည်မိမိတို့ကိုယ်ကိုဆက်ကပ်လျက်သန့်ရှင်းသူတို့၏အမှုတော်မြတ်၌ပါဝင်ကြပါသည်။
သတေဖန်နှင့်သူ၏အိမ်သားများနှင့်စပ်ဆိုင်၍ ပေါလုကကောရိန္သုရှိသန့်ရှင်းသူများမည်သို့ပြုလုပ်ရန်ပြောသနည်း။
ပေါလုက ထိုသူတို့၏အုပ်စိုးခြင်းကိုဝန်ခံကြရန်ပြောပါသည်။
1 Corinthians 16:17-18
သတေဖန်၊ ဖေါ်တုနတ် နှင့် အခါယကုတို့သည်ပေါလုအတွက်မည်သို့လုပ်ပေးသနည်း။
သူတို့သည်ကောရိန္သုရှိသန့်ရှင်းသူတို့၏လိုအပ်ချက်များကိုပြည့်စုံစေခြင်းနှင့် ပေါလု၏စိတ်ကိုပြန်လည်အားပြည့်စေခြင်းအမှုတို့ကိုလုပ်ပေးပါသည်။
1 Corinthians 16:19-20
ကောရိန္သုရှိအသင်းတော်အားမည်သူတို့သည်နှုတ်ခွန်းဆက်ပို့သသနည်း။
ကောရိန္သုရှိအသင်းတော်အား အာရှိပြည်မှအသင်းတော်များ၊ အာကုလနှင့်ပြစ်ကိလ တို့နှင့်တကွ ညီအစ်ကို ညီအစ်မများအားလုံးကနှုတ်ခွန်းဆက်ပို့သပါသည်။
1 Corinthians 16:21-24
သခင်ဘုရားကိုမချစ်သောသူများနှင့်စပ်ဆိုင်၍ ပေါလုကမည်သို့ပြောသနည်း။
ပေါလုက "သခင်ဘုရားကိုမချစ်သောသူတို့အပေါ်သို့ ကျိန်စာသက်ရောက်စေမည်" ဟုပြောပါသည်။