ဗမာစာ: tq

Updated ? hours ago # views See on DCS

2 Kings

2 Kings 1

2 Kings 1:1-2

အာခဇိမင်းသည် မည်သို့ ဒဏ်ရာရရှိခဲ့သနည်း။

အာခဇိမင်းသည် ရှမာရိမြို့၌ အထက်အခန်း ပြတင်းပေါက်မှ ပြုတ်ကျသဖြင့် ဒဏ်ရာရသည်။

2 Kings 1:3-6

အဘယ်ကြောင့် အာခဇိမင်းသည် စင်စစ်သေရမည်နည်း။

အာခဇိမင်းသည် ဧကြုန်မြို့၏ဘုရားဗာလဇေဗုပ်ဘုရားသို့ မေးမြန်း အကြံယူရန် သွားခဲ့သောကြောင့် စင်စစ် သေခဲ့ရသည်။

2 Kings 1:7-8

ဧလိယ သည် ဘာကို ဝက်ဆင်ခဲ့သနည်း။

ဧလိယသည် အမွေးများနှင့် ပြုလုပ်သော အဝတ်အစား နှင့် သားရေခါးပန်းကို စည်းသောသောသူဖြစ်သည်။

2 Kings 1:9-12

ဘယ်အရာက တပ်မှူးများနှင့် သူ၏လူငါးကျပ်တို့ကို လောင်ကျွမ်းစေသနည်း။

ကောင်းကင်မှ ကျလာသောမီးသည် တပ်မှူးနှင့် သူ၏လူငါးကျိပ်တို့ကို လောင်ကျွမ်းစေသည်။

2 Kings 1:13-16

တတိယတပ်မှူးသည် မည်ကဲ့သို့ ဧလိယထံသို့ ချဉ်းကပ်ခဲ့သနည်း။

တတိယတပ်မှူးသည် ဧလိယထံသို့ သွား၍ ဒူးထောက် တောင်းပန်ခဲ့သည်။

2 Kings 1:17-18

ယောရံသည် အဘယ်ကြောင့် အာခဇိမင်းနေရာ၌ စတင်အုပ်ချုပ်ခဲ့သနည်း။

အာခဇိမင်းတွင် သားမရှိသောကြောင့် ယောရံသည် စတင်အုပ်ချုပ်ခဲ့သည်။

2 Kings 2

2 Kings 2:1-2

ဧလိယနှင့်ဧလိရှဲတို့သည် ဂိလဂါလမြို့မှ မည်သည့်အချိန်တွင် ထွက်ခွာခဲ့သနည်း။

ထာဝရဘုရားသည် ဧလိယကို လေဘွေအားဖြင့် ကောင်းကင်သို့ ချီတော်မူချိန်နီးလာသောအခါ ဧလိယနှင့်ဧလိရှဲတို့သည် ဂိလဂါလမြို့မှ ထွက်ခွာခဲ့သည်။

2 Kings 2:3-6

ထာဝရဘုရားသည် သူ၏သခင်ကို သူ့ထံမှနှုတ်ယူမည်ဟု ပရောဖက်၏သားများပြောသောအခါ ဧလိရှဲမည်ကဲ့သို့ ပြန်ဖြေကြားခဲ့သနည်း။

ဧလိရှဲသည် ဟုတ်ကဲ့ငါသိ၏။ တတ်ဆိတ်စွာ နေကြပါဟု ဖြေကြားခဲ့ပါသည်။

2 Kings 2:7-8

မြစ်သည် အဘယ်ကြောင့် တဘက်တချက်ကွဲခဲ့သနည်း။

ဧလိယသည် မိမိဝက်လုံကိုယူ၍ လိပ်ပြီးမှရေကိုရိုက်သောကြောင့် မြစ်သည် တဘက်တချက်ကွဲခဲ့သည်။

2 Kings 2:9-10

ဧလိရှဲသည် ဘာကို တောင်းဆိုခဲ့သနည်း။

ဧလိရှဲသည် ဧလိယ၏ဝိညာဉ်နှစ်ဆ သူ့အပေါ်သို့ ရောက်ရှိရန်အတွက် တောင်းဆိုခဲ့သည်။

2 Kings 2:11-12

မည်ကဲ့သို့ ဧလိယသည် ကောင်းကင်သို့ တက်ခဲ့သနည်း။

ဧလိယသည် လေဗွေတွေအားဖြင့် ကောင်းကင်သို့ တက်ခဲ့သည်။

2 Kings 2:13-14

ဧလိရှဲသည် ရေကို ဧလိယ၏ဝတ်လုံဖြင့်ရိုက်သောအခါ ဘာဖြစ်ပေါ်ခဲ့သနည်း။

ဧလိရှဲသည် ရေကို ဧလိယ၏ဝတ်လုံဖြင့် ရိုက်သောအခါ ရေသည် တဘက်တချက်ကွဲ၍ ဧလိရှဲသည် ကူးသွားသည်။

2 Kings 2:15-16

ပ​ရာဖက် အမျိုးသားတို့သည် ခွန်အားကြီးသောသူ ငါးကျိပ် တို့ကို ဘာလုပ်စေချင်ခဲ့သနည်း။

ထိုသူတို့သည် ခွန်အားကြီးသောသူ ငါးကျိပ်တို့အား ထာဝရဘုရား၏ဝိညာဉ်တော်သည် ဧလိရှဲ၏သခင်ကိုချီယူ၍ တစ်စုံတစ်ခုသော တောင်ပေါ်၌ဖြစ်စေ၊ ချိုင့်ထဲ၌ဖြစ်စေ ချကောင်းချတော်မူမည်ဖြစ်၍ ဧလိရှဲ၏သခင်ကို ရှာစေချင်ကြပါသည်။

2 Kings 2:17-18

လူငါးကျိပ်တို့သည် ဘယ်လောက်ကြာကြာ ဧလိယကို ရှာဖွေခဲ့သနည်း။

လူငါးကျိပ်တို့သည် သုံးရက်ကြာကြာ ရှာဖွေခဲ့ပါသည်။

2 Kings 2:19-20

ယေရိခေါမြို့၌ မည်သည့်ပြဿနာ ရှိခဲ့သနည်း။

ရေမကောင်း၊ မြေလည်း ကိုယ်ဝန်ပျက်စေတတ်ပါသည်။

2 Kings 2:21-22

ရေကို မည်သို့ ပြုပြင်ခဲ့သနည်း။

ဧလိရှိသည် စမ်းရေတွင်းသို့သွား၍ ဆားကို ခတ်ခဲ့ပါသည်။

2 Kings 2:23-25

လုလင်ပျိုတို့သည် ဧလိရှဲကိုကဲ့ရဲသောအခါ သူတို့အပေါ်သို့ မည်သည့်ကျိန်ခြင်း သက်ရောက်ခဲ့သနည်း။

လုလင်ပျိုတို့သည် ဧလိရှဲကိုကဲ့ရဲသောအခါ၊ ဝံမနှစ်ကောင်တို့သည် တောထဲကထွက်၍လုလင်ပျို လေးကျိပ်နှစ်ယောက်ကို ကိုက်သတ်လေ၏။

2 Kings 3

2 Kings 3:1-3

ယောရံပြုသော ဒုစရိုက်သည် သူ၏ ဖခင်နှင့် မိခင်ပြုသော ဒုစရိုက်နှင့် အဘယ်သို့ ကွာခြားသနည်း။

ယောရံပြုသော ဒုစရိုက်သည် သူ၏ ဖခင်နှင့်မိခင်ပြုသော ဒုစရိုက်ကဲ့သို့မဟုတ် သူ့ဖခင်ပြုလုပ်သော ဗာလရုပ်တုကို ပယ်ရှား၏။

2 Kings 3:4-8

ယောရံမင်းကြီးသည် အဘယ်ကြောင့် ရှမာရိမြို့မှ ထွက်သွားခဲ့သနည်း။

ယောရံမင်းကြီးသည် ဣသရေလအမျိုးသားအပေါင်းတို့ကို စစ်ပွဲအတွက် စာရင်းယူရန် ရှမာရိမြို့မှ ထွက်သွားခဲ့သည်။

2 Kings 3:9-10

မည်သည့်ဗိုလ်ခြေ သုံးခုတို့သည် ခုနှစ်ရက်တိုင်အောင် ဝိုင်းရံ ချီတက်ခဲ့သနည်း။

ဣသရေလရှင်ဘုရင်၊ ယုဒရှင်ဘုရင်နှင့် ဧဒုံရှင်ဘုရင်တို့သည် ဝိုင်း၍ ခုနှစ်ရက် ခရီးသွားကြသည်။

2 Kings 3:11-12

ဧလိရှဲသည် ဧလိယအတွက် ဘာကို ပြုလုပ်ပြီးခဲ့သနည်း။

ဧလိရှဲသည် လက်ထောက်ဖြစ်သောဧလိယ၏ လက်ပေါ်တွင် ရေလောင်းခဲ့ပြီးဖြစ်သည်။

2 Kings 3:13-14

ဧလိရှဲသည် အဘယ်ကြောင့် ဣသရေလရှင်ဘုရင်အား အာရုံစိုက်ခဲ့သနည်း။

ဧလိရှဲသည် ယုဒရှင်ဘုရင် ယောရှဖက်၏မျက်နှာကို ထောက်သောကြောင့်ဖြစ်သည်။

2 Kings 3:15-19

ထာဝရဘုရား၏လက်တော်သည် မည်သည့်အချိန်တွင် ဧလိရှဲပေါ်သို့ တက်ရောက်သနည်း။

စောင်းတီးသမားသည် စောင်းကိုတီးသောအခါ ထာဝရဘုရား၏လက်တော်သည် ဧလိရှဲ အပေါ်သို့ သက်ရောက်သည်။

2 Kings 3:20

တပြည်လုံးကို မည်သည့်အချိန်တွင် ရေလွှမ်းမိုးခဲ့သနည်း။

နံနက်အချိန် ဘောဇဉ်သက္ကာကို ပူဇော်သောအခါ၊ ရေသည် ဧဒုံလမ်းဖြင့်လာ၍ တပြည်လုံးကို လွှမ်းလေ၏။

2 Kings 3:21-25

မောဘပြည်သားတို့သည် မည်သူများကို စစ်တိုက်ရန် စုဝေးလာကြသနည်း။

လက်နက်ဆောင်နိုင်သောသူ အားလုံးတို့ကို မိမိတို့အလိုအလျောက် စုဝေးခဲ့ကြသည်။

မောဘပြည်သားတို့သည် ရေကို မြင်သောအခါ မည်သို့ထင်မြင်ခဲ့ကြသနည်း။

မောဘပြည်သားတို့သည် ရေကိုမြင်သောအခါ၊ စင်စစ်ဘုရင်သုံးပါးတို့သည် တယောက်ကို တယောက်လုပ်ကြံ၍ သေကြပြီဟု ထင်မှတ်ခဲ့ကြပါသည်။

2 Kings 3:26-27

မောဘမင်းကြီးသည် သားဉီးအပေါ် ဘာကို ပြုလုပ်ခဲ့သနည်း။

မောဘမင်းကြီးသည် သားဉီးကိုယူခဲ့၍ မြို့ရိုးပေါ်မှာ မီးရှို့ရာယဇ်ပြုခဲ့သည်။

2 Kings 4

2 Kings 4:1-2

ပရောဖက်အမျိုးသား၏ မယားတယောက်၏ သားတို့တွင် မည်သို့ဖြစ်ပွားနေခဲ့သနည်း။

ကြွေးရှင်သည် သူမ၏သားနှစ်ယောက်ကို ကျွန်ခံစေခြင်းဌါ လာနေခဲ့သည်။

2 Kings 4:3-4

မိန်းမသည် မည်သည့်နေရာမှ အိုးများကို ငှားယူရမည်နည်း။

မိန်းမသည် သူမ၏အိမ်နီးချင်းများမှ အိုးများကို ငှားယူရပါမည်။

2 Kings 4:5-9

ဆီသည် မည်သည့်အချိန်တွင် တန့်သွားသနည်း။

သူမ၏သားတို့သည် အိုးလပ်မရှိပါဟု ပြန်ပြောသောအခါ ဆီသည် တန့်သွားခဲ့သည်။

2 Kings 4:10-13

ရှုနင် အမျိုးသမီးနှင့် သူ၏ခင်ပွန်းတို့သည် ဧလိရှဲအတွက် ဘာကိုအဓိက ပြုလုပ်ခဲ့သနည်း။

သူတို့သည် ဧလိရှဲအတွက် ဝင်ရိုးအပေါ်တွင် အခန်းငယ်တစ်ခု၊ ခုတင်၊ စားပွဲ၊ ထိုင်ခုံ နှင့် မီးခုံတို့ကို ပြုလုပ်ပေးခဲ့ပါသည်။

2 Kings 4:14-16

မိန်းမသည် တစ်နှစ်အတွင်းတွင် ဘာကို ချီပွေ့ရမည်နည်း။

မိန်းမသည် တစ်နှစ်အတွင်းတွင် သားကို ချီပွေ့ရပါမည်။

2 Kings 4:17-24

ကလေးသည် မည်သည့်အချိန်တွင် မိမိခေါင်းကိုနာကျင်စေခဲ့သနည်း။

ကလေးသည် တနေ့သ၌ စပါးရိတ်သိမ်းသူများနှင့်အတူနေသော ဖခင်ထံသို့ သွားသောအခါ မိမိခေါင်းကိုနာကျင်စေခဲ့သည်။

ကလေးသည် မည်သည့်နေရာတွင် သေသည်အထိထိုင်ခဲ့သနည်း?

ကလေးသည် သေသည်အထိ မိခင်၏ဒူးပေါ်တွင် ထိုင်ခဲ့သည်။

2 Kings 4:25-26

ဘုရားသခင်၏လူသည် မည်သည့်နေရာတွင် ရှိခဲ့သနည်း။

ဘုရားသခင်၏လူသည် ကရမေလတောင်ပေါ်တွင် ရှိခဲ့ပါသည်။

ဂေဟာဇိသည် အမျိုးသမီးအား အားလုံးကောင်းသလောဟု မေးသောအချိန်တွင် အမျိုးသမီးသည် မည်သို့ ပြန်ဖြေခဲ့သနည်း။

ဂေဟာဇိသည် အမျိုးသမီးအား အားလုံးကောင်းသလောဟု မေးသောအချိန်တွင် အမျိုးသမီးသည် "အားလုံးကောင်းပါသည်" ဟု ပြန်ဖြေခဲ့သည်။

2 Kings 4:27

အမျိုးသမီးသည် ဘုရားသခင်၏လူရှိရာ တောင်ပေါ်သို့ ရောက်ခဲ့စဉ်တွင် အမျိုးသမီးသည် ဘာလုပ်ခဲ့သနည်း။

အမျိုးသမီးသည် ဘုရားသခင်၏လူရှိရာ တောင်ပေါ်သို့ ရောက်ခဲ့စဉ်တွင် အမျိုးသမီးသည် သူ၏ခြေတို့ကို ဘက်လေ၏။

2 Kings 4:28-29

ဂေဟာဇိသည် သူတပါးကတွေ့လျှင် သို့မဟုတ် တစုံတယောက်က နှုတ်ဆက်လျှင် ဘာလုပ်သင့်သနည်း။

သူတပါးသည် ဂေဟာဇိကို တွေ့လျှင် သို့မဟုတ် နှုတ်ဆတ်ခဲ့လျှင်၊ ဂေဟာဇိသည် ထိုသူတို့ကို ပြန်မ​ဖြေဘဲ နေရပါမည်။

2 Kings 4:30-31

ဂေဟာဇိသည် ဘာကို သူငယ်၏မျက်နှာပေါ်တွင် တင်ထားခဲ့သနည်း။

​ဂေဟာဇိသည် တောင်ဝှေးကို သူငယ်၏မျက်နှာပေါ်တွင် တင်ထားခဲ့ပါသည်။

2 Kings 4:32-34

သူငယ်၏အသားသည် မည်သို့ နွေးစပြုခဲ့သနည်း။

ဧလိရှဲသည် သူငယ်အပေါ်မှာ ကိုယ်ကိုလှန်သဖြင့် သူငယ်၏အသားသည် နွေးစပြုခဲ့သည်။

2 Kings 4:35-37

သူငယ်သည် မိမိမျက်စိမဖွင့်ခင် ဘာလုပ်ခဲ့သနည်း။

သူငယ်သည် ခုနစ်ကြိမ် နှာချေပြီးမှ မိမိမျက်စိကို ဖွင့်ခဲ့သည်။

2 Kings 4:38-39

တောဘူးသီးများကို မည်သူသည် စုဆောင်းခဲ့သနည်း။

ပရောဖက်အမျိုးသားတို့သည် တောဘူးသီးများကို စုဆောင်းခဲ့သည်။

2 Kings 4:40-41

ဧလိရှဲသည် အိုးထဲရှိသေဘေးကို မည်သို့ ဖယ်ရှားခဲ့သနည်း။

ဧလိရှဲသည် ဂျုံမှုန့်အနည်းငယ်ကို အိုးထဲသို့ လောင်းထည့်ခဲ့သည်။

2 Kings 4:42-44

မုယောဆန်ဖြင့်ပြုလုပ်သော မုန့်လုံး နှစ်ဆယ်ကို လူဘယ်လောက်များများက စားသုံးခဲ့သနည်း။

မုယောဆန်ဖြင့်ပြုလုပ်သော မုန့်လုံးနှစ်ဆယ်ကို လူအယောက်တစ်ရာက စားသုံးခဲ့ပါသည်။

2 Kings 5

2 Kings 5:1-2

ထာဝရဘုရားသခင်သည် ဗိုလ်ချုပ်ကြီးနေမန်အားဖြင့် ရှုရိပြည်အား ဘာပေးတော်မူခဲ့သနည်း။

ထာဝရဘုရားသည် ဗိုလ်ချုပ်ကြီးနေမန်အားဖြင့် ရှုရိပြည်အား အောင်ရသောအခွင့်ကို ပေးတော်မူခဲ့သည်။

2 Kings 5:3-4

ကျွန်မက မည်သူသည် သခင်ကိုကျန်းမာစေလိမ့်မည်ဟု ပြောခဲ့သနည်း။

ကျွန်မက ရှမာရိမြို့၌ရှိသော ပရောဖက်သည် သခင်ကို ကျန်းမာစေလိမ့်မည်ဟု ပြောခဲ့ကြသည်။

2 Kings 5:5-6

ဗိုလ်မှူးကြီး နေမန်သည် ရှုရိရှင်ဘုရင်ထံမှရသော စာကိုမည်သူ့ထံသို့ ယူသွားခဲ့သနည်း။

ဗိုလ်မှူးကြီးနေမန်သည် စာကိုဣသရေလရှင်ဘုရင်ထံသို့ ယူသွားခဲ့ပါသည်။

2 Kings 5:7

ဗိုလ်မှူးကြီးနေမန်သည် ကုသမှုခံယူရန်လာခြင်းအမှုကို ဣသရေလရှင်ဘုရင်သည် အဘယ်သို့ ထင်မှတ်ခဲ့သနည်း။

ဣသရေလရှင်ဘုရင်က ဗိုလ်မှူးကြီးနေမန်သည် သူနှင့် ရန်ရှာချင်နေသည်ဟု ထင်မှတ်ခဲ့သည်။

2 Kings 5:8-10

ဗိုလ်မှူးကြီးနေမန်အား သန့်ရှင်းဖို့ရန် ဘာလုပ်စေခဲ့သနည်း။

ဗိုလ်မှူးကြီးနေမန်အား သန့်ရှင်းဖို့ရန် ယော်ဒန်မြစ်သို့သွား၍ ခုနှစ်ကြိမ်တိုင်အောင် ရေချိုးစေခဲ့သည်။

2 Kings 5:11-12

ဧလိရှဲသည် ဗိုလ်မှူးကြီးနေမန်အား မည်သို့ ကျန်းမာစေမည်ဟု ထင်ခဲ့သနည်း။

ဗိုလ်မှူးကြီးနေမန်ထင်ခဲ့သည်မှာ ဧလိရှဲသည် သူ့ဆီသို့ ထွက်လာ၍ ထာဝရဘုရား၏နာမတော်ကိုခေါ်၍ သူ၏လက်ကို မိမိအပေါ်မှာ တင်ပြီး ကျန်းမာစေလိမ့်မည်။

2 Kings 5:13-14

ဗိုလ်မှူးကြီးနေမန်၏အသားသည် မည်ကဲ့သို့ ပြောင်းခဲ့သနည်း။

ဗိုလ်မှူးကြီးနေမန်၏အသားသည် သူငယ်၏အသားကဲ့သို့ ​ပြောင်း၍ သန့်ရှင်းခြင်းသို့ရောက်၏။

2 Kings 5:15-16

ဗိုလ်မှူးကြီးနေမန် ကျန်းမာပြီးနောက် သူသည် ဘာကို သိခဲ့သနည်း။

ဗိုလ်မှူးကြီးနေမန် ကျန်းမာပြီးနောက် ဣသရေလပြည်မှတပါး အဘယ်ပြည်၌မျှ ဘုရားသခင် မရှိသည်ကို သူသည် သိခဲ့ရသည်။

2 Kings 5:17-19

ဗိုလ်မှူးကြီးနေမန်က ထာဝရဘုရားသည် သူ့ကို ဘာအတွက် အပြစ်လွှတ်ရန် တောင်းဆိုခဲ့သနည်း။

ဗိုလ်မှူးကြီးနေမန်သည် ရိမ္မုန်ကျောင်း၌ကိုယ်ကို ဉီးညွှတ်သောအခါ ထာဝရဘုရားသည် သူ့ကို အပြစ််လွှတ်ရန်တောင်းဆိုခဲ့သည်။

2 Kings 5:20-22

ဂေဟာဇိအားဖြင့် မည်သူသည် ဧဖရိမ်တောင်မှ ရာက်လာခဲ့သနည်း။

ဂေဟာဇိအားဖြင့် ပရောဖက် အမျိုးသားလုလင်နှစ်ယောက်သည် ဧဖရိမ်တောင်မှ ရောက်လာခဲ့သည်။

2 Kings 5:23-25

ဂေဟာဇိသည် အိမ်ထဲတွင် ဘာကို ဖွက်ထားခဲ့သနည်း။

ဂေဟာဇိသည် ငွေအိတ်များကို အိမ်ထဲတွင် ဖွက်ထားခဲ့ပါသည်။

2 Kings 5:26-27

ဂေဟာဇိသည် လိမ်လည်သောကြောင့် ဘာတွေဖြစ်ပွားခဲ့သနည်း။

ဂေဟာဇိသည် လိမ်လည်သောကြောင့် နူနာဖြစ်လာခဲ့သည်။

2 Kings 6

2 Kings 6:1-3

ပရာဖက်သားအမျိုးသားတို့သည် အဘယ်ကြောင့် နေစရာဖို့ ဆောက်လုပ်ချင်ကြသနည်း။

ဧလိရှဲနှင့်အတူ နေသော အရပ်သည်အလွန် ကျဉ်းမြောင်းသည် ဖြစ်၍ သူတို့သည် နေစရာဖို့ ဆောက်လုပ်ချင်ကြပါသည်။

2 Kings 6:4-5

ပုဆိန်ဆုံးရှုံးသောသူသည် အဘယ်ကြောင့် စိတ်ပူပန်ခြင်းသို့ရောက်သနည်း။

သူသည် ပုဆိန်ငှားထားခြင်းဖြစ်သောကြောင့် ပုဆိန်ပျောက်ခြင်းအမှုမှာ စိတ်ပူပန်ခြင်းရောက်ခဲ့သည်။

2 Kings 6:6-11

ဧလိရှဲသည် အဘယ်သို့ သံကို ရေပေါ်တွင် ပေါ်လာအောင် ပြုလုပ်သနည်း။

ဧလိရှဲသည် ဒုတ်ကိုခုတ်၍ ပုဆိန်ကျသည့်​နေရာတွင်ချသဖြင့် သံသည် ရေပေါ်တွင် ပေါ်လာသည်။

2 Kings 6:12-13

ရှုရိရှင်ဘုရင်၏စကားများကို အဘယ်သူသည် ဣသရေလရှင်ဘုရင်ထံသို့ ပြန်ပြောခဲ့သနည်း။

ဧလိရှဲသည် ရှုရိရှင်ဘုရင်၏စကားများကို ဣသရေလရှင်ဘုရင်ထံသို့ပြန်ပြောခဲ့သည်။

2 Kings 6:14-16

ဧလိရှဲ၏ကျွန်သည် အဘယ်ကြောင့် စိုးရိမ်ပူပန်ခြင်းသို့ ရောက်ခဲ့သနည်း။

ဧလိရှဲ၏ကျွန်သည် မြင်းစီးသူရဲ၊ ရထားစီးသူရဲနှင့် ဗိုလ်ခြေတို့သည် မြို့ကို ဝိုင်းလျက်ရှိနေသည်ကို မြင်သောအခါ စိုးရိမ်ပူပန်ခြင်းသို့ ရောက်ခဲ့သည်။

2 Kings 6:17-19

ဧလိရှဲသည် မည်ကဲ့သို့ ရှုရိလူတို့အား ရှာမာရိမြို့သို့ ဉီးဆောင်ခဲ့သနည်း။

ဧလိရှဲသည် ထာဝရဘုရားအား ထိုသူတို့ မျက်စိကွယ်ရန် ဆုတောင်းပြီးနောက် သူ့နောက်သို့ လိုက်ရန်ပြောကြားခဲ့သည်။

2 Kings 6:20-21

ထာဝရဘုရားသည် ရှုရိလူတို့၏ မျက်စိကို ဖွင့်ပေးသောအခါ သူတို့သည် မည်သည့်နေရာတွင် ရောက်ရှိခဲ့သနည်း။

ထာဝရဘုရားသည် ရှုရိလူတို့၏ မျက်စိကို ဖွင့်ပေးသောအခါ သူတို့သည် ရှမာရိ၏ မြို့ထဲတွင်ရောက်ရှိခဲ့ပါသည်။

2 Kings 6:22-23

ဣသရေလရှင်ဘုရင်သည် ရှုရိလူတို့ကို မည်သို့ ပြုလုပ်ခဲ့သနည်း။

ဣသရေလရှင်ဘုရင်သည် ရှုရိလူတို့အား သူတို့ရှေ့မှာ မုန့်နှင့်ရေကိုထည့်၍ အဝေးသို့ ပို့ဆောင်ခဲ့သည်။

2 Kings 6:24-26

မြည်းခေါင်းတလုံးကို ငွေ ရှစ်ဆယ်နှင့် အဘယ်ကြောင့် ရောင်းခဲ့ရသနည်း။

မာရိမြို့၌ အလွန်အစာခေါင်းပါးခြင်းဖြစ်သောကြောင့် မြည်းခေါင်းတလုံးကို ငွေ ရှစ်ဆယ်နှင့် ရောင်းခဲ့ရပါသည်။

2 Kings 6:27-29

ဘုရင်သည် အမျိုးသမီးကို မည်သို့စိတ်ညစ်စေသည်ဟု ပြောခဲ့သနည်း?

အမျိုးသမီးဖြေကြားခဲ့သည်မှာ "ဤမိန်းမသည်ကျွန်မဆီသို့လာ၍၊ သင့်သားကို ယနေ့ငါတို့စားဘို့အပ်ပါ။ နက်ဖြန်နေ့၌ ငါ့သားကို စားရမည်ဟုဆိုသည်အတိုင်း၊ ကျွန်မ၏သားကို ပြုတ်၍စားကြပါ၏။ နက်ဖြန် နေ့၌ ကျွန်မက၊ သင်၏သားကို ငါတို့စားဘို့ အပ်ပါဟု တောင်းသော်၊ သူသည် မိမိသားကို ဝှက်ထားပါသည်။"

2 Kings 6:30-31

မည်သူသည် အစာခေါင်းပါးမှုကြောင့် ဘုရင်ကြီး၏ အပြစ်တင်ခြင်းခံခဲ့ရသနည်း။

ဧလိရှဲသည် ဘုရင်ကြီး၏ အပြစ်တင်ခြင်းခံခဲ့ရသည်။

2 Kings 6:32-33

တမန်သည် ဧလိရှဲထံသို့ရောက်သောအချိန်တွင် သူသည် အသက်ကြီးသောသူတို့အား ဘာလုပ်ဖို့ ပြောခဲ့သနည်း။

တမန်သည် ဧလိရှဲထံသို့ရောက်သောအချိန်တွင် သူသည် အသက်ကြီးသောသူတို့အား တံခါးကို ပိတ်၍ တံခါးနားမှာ သူ့ကို ဆီးတားကြလော့ဟု ပြောခဲ့ပါသည်။

2 Kings 7

2 Kings 7:1-2

ဧလိရှဲသည် သူ့ကို မယုံကြည်သော အမတ်ထံသို့ မည်သို့ဖြစ်ပျက်မည်ဟုပြောခဲ့သနည်း။

ဧလိရှဲသည် သူ့ကို မယုံကြည်သော အမတ်ထံသို့ ဂျုံမုန့်ညက်နှင့် မုယောဆန်များကို သင်သည် မစားရဟုပြောခဲ့ပါသည်။

2 Kings 7:3-4

လူနူ လေးယောက်တို့သည် အဘယ်ကြောင့် ရှုရိတပ်သို့ သွားခဲ့သနည်း။

လူနူ လေးယောက်တို့က မြို့ထဲသို့ဝင်လျှင် အစာခေါင်းပါးသောကြောင့် သေရမည်။ ဤအရပ်၌ ထိုင်လျက်နေလျှင်လည်း သေရ မည်။ ရှုရိတပ်သို့ ဝင်ရင်လည်းသေရမည်ဖြစ်သောကြောင့် ရှုရိတပ်သို့ သွားရန် ပြောဆို၍ သွားခဲ့ရခြင်း ဖြစ်သည်။

2 Kings 7:5-8

ရှုရိတပ်လူတို့သည် ဣသရေလ ရှင် ဘုရင်သည် ပြန်တိုက်ခိုက်ရန်အတွက် ဟိတ္တိမင်းများ၊ အဲဂုတ္တုမင်းများတို့ကို ငှါးပြီးဟု အဘယ် ကြောင့် ထင်ခဲ့ရသနည်း။

ရှုရိတပ်လူတို့သည် ဣသရေလရှင်ဘုရင်သည် ပြန်တိုက်ခိုက်ရန်အတွက် ဟိတ္တိမင်းများ၊ အဲဂုတ္တုမင်းများတို့ကို ငှါးပြီးဟု ထင်ခဲ့ရခြင်းမှာ ရှုရိလူတို့သည် ဆူညံနေသော ရထားစီးသူရဲ၊ မြင်းစီးသူရဲ၊ များစွာသော ဗိုလ်ခြေအသံကိုကြားသောကြောင့်ဖြစ်သည်။

2 Kings 7:9-11

သူတို့သည် ရှုရိတပ်တို့သည် ငါတို့တပ်မှ ထွက်ခွာသွားပြီးဟု ပြောပြီးနောက် တံခါးစောင့်သည် ဘာလုပ်ခဲ့သနည်း။

သူတို့သည် ရှုရိတပ်တို့သည် ငါတို့တပ်မှ ထွက်ခွာသွားပြီးဟု ပြောပြီးနောက် တံခါးစောင့်သည် သတင်းကို အော်ဟစ်၍ ပြောခဲ့ပါသည်။

2 Kings 7:12-13

ရှုရိလူတို့သည် သူတို့တပ်မှ ထွက်ခွာရခြင်း၏ အကြောင်းပြချက်ကို ဘုရင်ကြီးသည် မည်သို့ထင်မှတ်ခဲ့သနည်း။

ဘုရင်ကြီးသည် သူတို့သည် မိမိတပ်ပြင်သို့ထွက်၍ ကိုယ့်ကိုကိုယ် တော၌ ပုန်းရှောင်၍ မြို့သားတို့သည် မြို့ပြင်ထွက်လာသောအခါ သူတို့သည် အရှင် ဘမ်းပြီးမှ၊ မြို့ကို သိမ်းယူမည်ဟု ထင်မှတ်ခဲ့သည်။

2 Kings 7:14-17

မည်သည့်အရာများသည် လမ်းကိုပြည့်စေခဲ့သနည်း။

ရှုရိလူတို့ သည် အလျင်အမြန်၊ ပြေးရာတွင်၊ ပစ်ခဲ့သော အဝတ် တန်ဆာတို့သည် လမ်း၌ပြည့်လျက် ရှိကြ၏။

2 Kings 7:18-20

ဧလိရှဲသည် "နက်ဖြန်နေ့ယခုအချိန် ရောက်လျှင်၊ ဂျုံမုန့်ညက်တစိတ်ကို ငွေတကျပ်၊ မုယော ဆန်တခွဲကို တကျပ်နှင့် ရှမာရိမြို့တံခါးဝ၌ ရောင်းရလိမ့်မည်ဟု" ပြောသောအခါ အမတ်မင်းသည် မည်သို့ပြောခဲ့သနည်း။

အမတ်မင်းသည် "ထာဝရဘုရားသည် မိုဃ်း ကောင်းကင်၌ ပြတင်းပေါက်တို့ကို ဖွင့်လှစ်တော်မူလျှင်၊ ထိုသို့ဖြစ်နိုင်ကောင်းသည်ဟု" ဧလိရှဲအားဆင့်ဆို၏။

2 Kings 8

2 Kings 8:1-2

ဧလိရှဲသည် အသက်ရှင်စေသော သူငယ်၏အမိကို အဘယ်ကြောင့် ဖိလိတ္တိပြည်၌ ခုနစ်နှစ်နေထိုင်ရန် ပြောခဲ့သနည်း။

ဧလိရှဲသည် အသက်ရှင်စေ သော သူငယ်၏အမိကို ဖိလိတ္တိပြည်၌ ခုနစ်နှစ်နေထိုင်ရန်ပြောခဲ့ရခြင်းမှာ ထာဝရဘုရား သည် အစာခေါင်းပါးရာကာလကို မှာလိုက်တော်မူသော ကြောင့်ဖြစ်သည်။

2 Kings 8:3-4

အမျိုးသမီးသည် ရှင်ဘုရင်ထံသို့ အဘယ်ကြောင့်သွားခဲ့သနည်း။

အမျိုးသမီးသည် ရှင်ဘုရင်ထံသို့ ကိုယ်အိမ်၊ ကိုယ်မြေကို ရအံ့သောငှါ အသနားတော်ခံရန် သွားခဲ့သည်။

2 Kings 8:5-6

ဂေဟာဇိသည် ရှင်ဘုရင်အား ဧလိရှဲသည် အမျိုးသမီးတစ်ဉီး၏သား သေသောသူ အသက်ရှင်စေကြောင်းကို လျှောက်စဉ်တွင် ဘာပြောခဲ့သနည်း။

ဂေဟာဇိသည် ရှင်ဘုရင်အား ဧလိရှဲသည် မည်သို့ သေသောသူငယ်ကို ပြန်ရှင်စေခဲ့ပြီးဖြစ်ကြောင်း ပြောဆိုခြင်းဖြစ်သည်။

2 Kings 8:7-9

ဟာဇေလသည် ဧလိရှဲကို ပေးဖို့ရန်အတွက် သူနှင့်အတူ ဘာကို သယ်ဆောင်ခဲ့သနည်း။

ဟာဇေလသည် ကုလားအုပ်လေးဆယ်အပေါ် မှာ ဒမာသက်ဥစ္စာများကိုတင်၍၊ လက်ဆောင်အဖြင့် သယ်သွားခဲ့သည်။

2 Kings 8:10-12

ဘုရားသခင်၏လူသည် အဘယ်ကြောင့် မျက်ရည်ကျသနည်း။

ဘုရားသခင်၏လူသည် ဣသရေလအမျိုးသားတို့၌ ဟာဇေလပြုလတံ့သော ဘေးဥပဒ်ကို သိခဲ့သောကြောင့် မျက်ရည်ကျခဲ့သည်။

2 Kings 8:13-17

ဟာဇေလသည် ရှုရိဘုရင်အား သူသည် နန်းထိုင်သင့်သည်အကြောင်းပြောပြီးနောက် ရှင်ဘုရင်ကို ဘာလုပ်ခဲ့သနည်း။

ဟာဇေလသည် ရှုရိဘုရင်အား သူသည် နန်းထိုင်သင့်သည်အကြောင်းပြောပြီးနောက်သိုးမွှေးအဝတ်ကို ရေ၌ နှစ်ပြီးလျှင်၊ ရှင်ဘုရင်၏ မျက်နှာကိုဖုံးအုပ်သဖြင့်၊ ရှင်ဘုရင်သေခဲ့ရ၏။

2 Kings 8:18-19

မည်သူသည် ယဟောရံ၏မယား ဖြစ်သနည်း။

အာဟပ်သမီးသည် ယဟော ရံ၏မယားသည် ဖြစ်ခဲ့သည်။

ထာဝရဘုရားသည် ဘာကြောင့် ယုဒပြည်ကို ဖျက်ဆီးခြင်းငှါ အလိုတော်မရှိသနည်း။

ထာဝရဘုရားသည် ဒါဝိဒ်အစရှိ သော သားမြေးတို့ ၏မီးခွက်ကို အစဉ်ထွန်းလင်းစေမည် ဟု ဂတိတော်ရှိသောကြောင့် ဖြစ်သည်။

2 Kings 8:20-24

ဧဒုံပြည်သည် မည်သည့်အချိန်တွင်ယုဒရှင် ဘုရင်ကို ပုန်ကန်ခဲ့သနည်း။

ယဟောရံမင်းလက်ထက်၌၊ ဧဒုံပြည်သည် ယုဒရှင် ဘုရင်ကို ပုန်ကန်ခဲ့သည်။

2 Kings 8:25-27

အာခဇိမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို အဘယ်ကြောင့်ပြုခဲ့သနည်း။

အာခဇိမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြုခဲ့ရခြင်းမှာ အာဟပ်အိမ်၏သမက် ဖြစ်သောကြောင့်ဖြစ်သည်။

2 Kings 8:28-29

ယောရံမင်းကြီးသည် ရာမုတ်မြို့၌ရှုရိလူထိခိုက်သော အနာပျောက်စေခြင်းငှါ မည်သည့်နေရာသို့ ပြန်သွားခဲ့သနည်း။

ယောရံမင်းကြီးသည် အနာပျောက်စေခြင်းငှါ ယေဇရေလမြို့သို့ ပြန်သွားခဲ့သည်။

2 Kings 9

2 Kings 9:1-3

ပရောဖက် အမျိုးသားတယောက်သည်ဆီဘူးကို သူ၏လက်သို့ယူ၍ ဂိလဒ်ပြည် ရာမုတ်မြို့သို့ အဘယ်ကြောင့်သွားခဲ့ရသနည်း။

ပရောဖက် အမျိုးသားတယောက်သည်ဆီဘူးကို သူ၏လက်သို့ယူ၍ ဂိလဒ်ပြည် ရာမုတ်မြို့သို့သွားရခြင်းမှာ ယေဟုကိုဘိသိက် ပေးရန်အတွက်ဖြစ်သည်။

2 Kings 9:4-6

ယေဟု၏ခေါင်းပေါ်မှာ မည်သူသည် ဆီလောင်းပေး ခဲ့သနည်း။

ယေဟု၏ခေါင်းပေါ်မှာ ပရောဖက်သည် ဆီလောင်းပေးခဲ့သည်။

2 Kings 9:7-8

ထာဝရဘုရားသည် သူ၏ကျွန်တို့၏ အသွေးစီးဆင်းမှုကြောင့် ဘယ်လို ဒဏ်ခတ်နိုင်ခဲ့သနည်း။

ယေဟုသည် အာဟပ်အမျိုးကို သတ်ခဲ့လျှင် ထာဝရဘုရားသည် သူ၏ ကျွန်တို့၏ အသွေးစီးဆင်းမှုကြောင့်ဒဏ် ခတ်နိုင်ခဲ့သည်။

2 Kings 9:9-10

ယေဇဗေလထံ၌ မည်သို့ဖြစ်ပျက်လိမ့်မည်နည်း။

ယေဇ ရေလမြေကွက်၌၊ ခွေးတို့သည်ယေဇဗေလကို စားကြလိမ့်မည်၊ ယေဇဗေလကို သင်္ဂြိုလ်သောသူမရှိဘဲ ဖြစ်လိမ့်မည်။

2 Kings 9:11-13

ယေဟုက ငါသည် ဣသရေလ ရှင်ဘုရင်အရာ၌ ဘိသိက်ပေးသည်ဟု ပြောပြီးနောက် မိမိသခင်၏ ကျွန်တို့သည် ဘာလုပ်ခဲ့ကြသနည်း။

ယေဟုက ငါသည် ဣသရေလ ရှင်ဘုရင်အရာ၌ ဘိသိက်ပေးသည်ဟု ပြောပြီးနောက် "သူတို့သည် အလျင်အမြန်ထသဖြင့်၊ အသီး အသီးမိမိတို့ ဝတ်လုံကိုယူ၍ လှေကားထိပ်ပေါ် ယေဟု အောက်မှာခင်းလျက်၊ ယေဟုသည် ရှင်ဘုရင်ဖြစ်တော်မူ၏ဟု တံပိုးမှုတ်၍ ဟစ်ကြော်ကြ၏။"

2 Kings 9:14-16

ယောရံမင်းသည် အဘယ်ကြောင့် ယေဇရေလမြို့သို့ ပြန်သွား နှင့်သနည်း။

ယောရံမင်းသည် ရှုရိလူထိခိုက်သော အနာကို ပျောက်စေခြင်းငှါ ယေဇရေလမြို့သို့ ပြန်သွား နှင့်သည်။

2 Kings 9:17-18

မျှော်စင်ပေါ်မှာစောင့်သောသူသည် သတင်းသယ်ပို့သူ၏ ဘာလုပ်ရပ်ကိုမြင်ခဲ့သနည်း။

မျှော်စင်ပေါ်မှာစောင့်သောသူသည် သတင်းသယ်ပို့သူသည် ယေဟုမင်းနှင့် အတူရထားစီးသည်ကို မြင်ခဲ့သည်။

2 Kings 9:19-20

မျှော်စင်ပေါ်မှာစောင့်သောသူက ယေဟုသည် မြင်းစီးသူရဲဖြစ်ကြောင်း မည်သို့ သိခဲ့သနည်း။

မျှော်စင်ပေါ်မှာစောင့်သောသူက ယေဟုသည် မြင်းစီးသူရဲဖြစ်ကြောင်း သိခဲ့ရခြင်းမှာ သူသည် အလွန်ပြင်းထန်စွာ မောင်းနှင်သောကြောင့်ဖြစ်သည်။

2 Kings 9:21-22

ဣသရေလရှင်ဘုရင်ယောရံသည်ယေဟုနှင့်တွေ့ဖို့ရန် မြင်းရထားကို ဘယ်လို စီးခဲ့သနည်း။

ဣသရေလရှင်ဘုရင်ယောရံသည် ယေဟုနှင့်တွေ့ဖို့ရန် ယုဒရှင်ဘုရင် အာခဇိတို့နှင့်အတူ ရထားတော်တခုစီစီးခဲ့ကြသည်။

2 Kings 9:23-24

ယေဟုသည်လည်း လေးဖြင့်ယောရံကို ပခုံးကြားမှန်ပြီးနောက် ဘာဖြစ်ပွားခဲ့သနည်း။

ယေဟုသည်လည်း လေးဖြင့်ယောရံကို ပခုံးကြားမှန်ပြီးနောက် မြှားသည်လည်း နှလုံးကို ထုတ်ချင်းဖောက်၍၊ ယောရံသည် ရထားတော်ပေါ်မှာ လဲနေ၏။

2 Kings 9:25-26

ထာဝရဘုရား၏စကားတော်များမှ ဖြစ်လာမည်ဟုမိန့်တော်မူသည့်အရာများကို မည်သည့်အရာက မဖြစ်ပျက်စေလိမ့်မည်နည်း?

ယောရံကိုယူ၍ မြေကွက်၌ လွှင့်ပစ်လျှင် ထာဝရဘုရား၏စကားတော်များမှ ဖြစ်လာမည်ဟုမိန့်တော်မူသည့်အရာများသည် မဖြစ်ပျက်ဘဲနေလိမ့်မည်။

2 Kings 9:27-29

ဒါဝိဒ်မြို့တွင် မိမိသင်္ချိုင်း၌ ဘိုးဘေးတို့နှင့်အတူ သင်္ဂြိုဟ်ခြင်းခံရသူမှာ မည်သူနည်း။

ဒါဝိဒ်မြို့တွင် မိမိသင်္ချိုင်း၌ ဘိုးဘေးတို့နှင့်အတူ သင်္ဂြိုဟ်ခြင်းခံရသူမှာ အာခဇိဖြစ်သည်။

2 Kings 9:30-32

ယေဟုသည် ယေဇရေလမြို့သို့ ရောက်သောအခါ ဘာဖြစ်ပျက်ခဲ့သနည်း။

ယေဟုသည် ယေဇရေလမြို့သို့ ရောက်သောအခါ ယေဇဗေလသည် ကြားလျှင်၊ မျက်ခမ်းတို့ကို ဆေးသုတ်၍ ဆံပင်ကိုတန်ဆာဆင်ပြီးမှ၊ ပြတင်းပေါက်ဝ၌ ကြည့်ရှု လျက် နေ၏။

2 Kings 9:33-34

ယေဇဗေလကို မည်သူသည် တွန်းချလိုက်သနည်း။

ယေဇဗေလကို မိန်းမစိုးတို့သည် တွန်း ချလိုက်သည်။

2 Kings 9:35-37

ယေဇဗေလကို အဘယ်ကြောင့် မည်သူမျှမသင်္ဂြိုဟ်ခဲ့သနည်း။

သူတို့သည် သူမကို သင်္ဂြိုဟ်ခြင်းငှါသွားသောအခါ၊ ဦးခေါင်းခွံ၊ ခြေဖျား၊ လက်ဝါးတို့ကိုသာ တွေ့သောကြောင့် မသဂြိုဟ်ခြင်း ဖြစ်သည်။

2 Kings 10

2 Kings 10:1-3

အသက်ကြီးသူများနှင့် အာဟပ်၏သားများကို စောင့်ရှောက်သောသူများသည် မည်သည့်အရာကိုလုပ်ရန် ယေဟု၏စာတွင် ရေးထားသနည်း။

သူတို့သခင်၏သားတို့တွင်အကောင်းဆုံးနှင့် အထိုက်တန်ဆုံးသူကို ရွေးကောက်၍ ခမည်းတော်၏ရာဇပလ္လင်ပေါ်မှာတင်မြှောက်ရန် အသက်ကြီးသူများနှင့် အာဟပ်၏သားများကို စောင့်ရှောက်သောသူများကို စာထဲတွင်မှာထားသည်။

2 Kings 10:4-5

အသက်ကြီးသူများနှင့် အာဟပ်၏သားများကို စောင့်ရှောက်သောသူများသည် အဘယ်ကြောင့် မည်သူကိုမျှ ဘုရင်မမြှောက်ခဲ့သနည်း?

ရှင်ဘုရင်နှစ်ပါးပင် ယေဟုရှေ့တွင် ရပ်နိုင်သည်ကို သိသောကြောင့် မည်သူကိုမျှ ဘုရင်မမြှောက်ခဲ့ခြင်းဖြစ်သည်။

2 Kings 10:6-9

အသက်ကြီးသူများနှင့် အာဟပ်၏သားများကို စောင့်ရှောက်သောသူများသည် ဘုရင်၏သားများကို မည်သို့ ပြုလုပ်ခဲ့ကြသနည်း။

သူတို့သည် ရှင်ဘုရင်၏ သားတော် ခုနစ်ကျိပ်တို့ကိုယူ၍ သတ်သဖြင့်၊ ဦးခေါင်းများကို တောင်း တို့၌ ထည့်ပြီးလျှင်၊ ယေဇရေလမြို့၊ ယေဟုထံသို့ ပေးလိုက် လေ၏။

2 Kings 10:10-11

အာဟပ်နှင့် သူ၏မိသားစုနှင့် ပတ်သက်၍ ထာဝရဘုရားမိန့်တော်မူသောစကားများသည် မြေသို့မကျရဟု အဘယ်ကြောင့် ယေဟုပြောခဲ့သနည်း။

ထာဝရဘုရားသည် မိမိစကားကို ဧလိယအားဖြင့် ပြည့်စုံစေသောကြောင့် အာဟပ်နှင့် သူ၏မိသားစုနှင့် ပတ်သက်၍ ထာဝရဘုရားမိန့်တော်မူသောစကားများသည် မြေသို့မကျရဟု ပြောခဲ့ခြင်းဖြစ်သည်။

2 Kings 10:12-14

ယေဟုသည် မည်မျှသော အာခဇိမင်း၏ ဆွေတော်မျိုးတော်များနှင့် တွေ့၍ သတ်ခဲ့သနည်း။

ယေဟုသည် လေးကျိပ် နှစ်ယောက်သော အာခဇိမင်း၏ ဆွေတော်မျိုးတော်များနှင့်တွေ့၍ သတ်ခဲ့သည်။

2 Kings 10:15-17

ယေဟုသည် အဘယ်ကြောင့် ယောနဒပ်ကို ရထားပေါ်မှာ ဆွဲတင်ခဲ့သနည်း။

ယေဟုသည် ယောနဒပ်ကို ရထားပေါ်မှာ ဆွဲတင်ခဲ့ခြင်းမှာ ​ယောနဒပ်သည် သူ၏စိတ်နှလုံးနှင့် ယေဟုသင့်၍ သူ၏လက်ကို ယေဟုအားပေးခဲ့သောကြောင့်ဖြစ်သည်။

2 Kings 10:18-20

ယေဟုသည် ဗာလဘုရား၏ ပရောဖက်များ၊ အမှုစောင့်များ၊ ယဇ်ပုရောဟိတ်များ အပေါင်းတို့ကို အဘယ်ကြောင့် စုဝေးစေသနည်း။

သူသည် ဗာလကို ကိုးကွယ်သော သူတို့ကို ဖျက်ဆီးမည် အကြံနှင့် ပရိယာယ် ပြု၍ အားလုံးကို စုဝေးစေသည်။

2 Kings 10:21-22

ဗာလဘုရားကို ကိုးကွယ်သောသူတို့သည် မည်သည့်နေရာသို့ လာခဲ့ကြသနည်း။

ဗာလဘုရားကို ကိုးကွယ်သောသူတို့သည် ဗာလ ကျောင်းထဲသို့ ဝင်လာခဲ့ကြသည်။

2 Kings 10:23-24

ဗာလ ဘုရားကို ကိုးကွယ်သောသူ တစ်စုံတစ်ယောက် လွတ်မြောက်သွားလျှင် ဘာဖြစ်လာလိမ့်မည်နည်း။

ဗာလ ဘုရားကို ကိုးကွယ်သောသူ တစ်စုံတစ်ယောက် လွတ်မြောက်သွားလျှင် လွတ်စေသောသူသည် လွတ်သွားသောသူအတွက် အသက်သေရမည်ဟု စီရင်ခဲ့သည်။

2 Kings 10:25-28

တပ်သားနှင့် တပ်မှူးတို့သည် ဗာလကျောင်းထဲသို့ ဘာလုပ်ခဲ့သနည်း။

သူတို့သည် ဗာလကျောင်းကို သုတ်သင်ရာ အိမ်ဖြစ်စေ ကြသည်။

2 Kings 10:29-33

ယေဟုသည် ယေရောဗောင်၏ ဒုစရိုက်တို့ကို မည်သို့မစွန့်ခဲ့သနည်း။

ယေဟုသည် ယေရောဗောင်၏ ဒုစရိုက်တည်းဟူသော ဗေသလမြို့နှင့် ဒန်မြို့မှာရှိသော ရွှေနွားသငယ်တို့အား ကိုးကွယ်ခြင်းအမှုကို မစွန့်ခဲ့ပေ။

ယေဟု၏ သားမြေးလေးဆက်တိုင်အောင် ဣသရေလနိုင်ငံရာဇပလ္လင်ပေါ်မှာ အဘယ်ကြောင့် ထိုင်ရမည်နည်း။

ထာဝရဘုရား၏ရှေ့တွင် သူသည် ဖြောင့်မတ်သောအကျင့်ကို ကျင့်၍ ကောင်းမွန်စွာ ပြုသောကြောင့်လည်းကောင်း အာဟပ် အမျိုး၌ အလိုရှိသမျှအတိုင်းစီရင်သောကြောင့်လည်းကောင်း ယေဟု၏သားမြေးလေးဆက်တိုင်အောင် ဣသရေလနိုင်ငံရာဇပလ္လင်ပေါ်မှာ ထိုင်ရမည်။

2 Kings 10:34-36

ယေဟုနှင့်ပါတ်သက်သော အခြားသောအကြောင်းများကို မည်သည့်နေရာတွင် ရေးထားသနည်း။

ယေဟုနှင့်ပါတ်သက်သော အခြားသောအကြောင်းများနှင့် သူပြုခဲ့သမျှအားလုံးနှင့် သူ့တန်ခိုးကြီးခြင်းများကို ဣသရေလရာဘုရင်များအကြောင်းမှတ်တမ်းတင်သော စာ၌ ရေးထားသည်။

2 Kings 11

2 Kings 11:1-3

အာသလိသည် မည်သူ့ကို မသတ်ခဲ့သနည်း။

အာသလိသည် ယောရှကို မသတ်ခဲ့ပါ။

2 Kings 11:4-6

ရှင်ဘုရင်၏သားတော်ကို မမြင်မှီ မြို့၏လူတစ်ရာအုပ်၊ တပ်မှူးတို့ကို ဘာလုပ်ဖို့ရန် ရှိခဲ့သနည်း။

မြို့၏ လူတစ်ရာအုပ်၊ တပ်မှူးတို့သည် ယောယဒနှင့် ပဋိညာဉ်ဖွဲ့ရန်၊ ထာဝရဘုရား၏ ဗိမာန်တော်၌ သစ္စာတိုက်ခြင်းကို ပြုပြီးမှ၊ ရှင်ဘုရင်၏ သားတော်ကို ပြခဲ့သည်။

2 Kings 11:7-8

ဉပုသ်နေ့၌ အစေမခံသော လူနှစ်စုတို့သည် ဘာလုပ်ရန်ရှိခဲ့သနည်း။

ဉပုသ်နေ့၌ အစေမခံသော လူနှစ်စုတို့သည် ထာဝရဘုရား၏ ဗိမာန်တော်ကို ရှင်ဘုရင်ကြီးအတွက် စောင့်ရမည်။

2 Kings 11:9-12

ယောယဒသည် ဘာကို လူတစ်ရာအုပ်တို့အား အပ်ခဲ့သနည်း။

ယောယဒသည် ထာဝရဘုရား၏ ဗိမာန်တော်၌ရှိသော ဒါဝိဒ်မင်းကြီး၏လှံများ နှင့် ဒိုင်းများကို လူတစ်ရာအုပ်တို့အား အပ်ခဲ့သည်။

2 Kings 11:13-14

အာသလိသည် အဘယ်ကြောင့် မိမိအဝက်ကို ဆုတ်၍ အော်ခဲ့သနည်း။

အာသလိသည် မိမိအဝက်ကို ဆုတ်၍ အော်ခဲ့ရခြင်းမှာ ရှင်ဘုရင် ​ယောရှသည် တိုင်နားမှာ ရပ်လျက်ရှိနေသည်ကို မြင်ခဲ့သောကြောင့်ဖြစ်သည်။

2 Kings 11:15-16

အာသလိကို အဘယ်ကြောင့် ဘုရင့်အိမ်တော်တွင် သတ်ခဲ့သနည်း။

ယဇ်ပုရောဟိတ်သည် အာသလိအား "ဗိမာန် တော်ထဲမှာမသေစေနှင့်" ဟု မှာထားခဲ့သောကြောင့်ဖြစ်သည်။

2 Kings 11:17-18

ပြည်သူအပေါင်းတို့သည် ယောယဒ ပဋိညာဉ်ဖွဲ့ပြီးနောက် ဘာလုပ်ခဲ့ကြသနည်း။

ယောယဒ ပဋိညာဉ်ဖွဲ့ပြီးနောက် ပြည်သူအပေါင်းတို့သည် ဗာလ ကျောင်းကို ဖြိုဖျက်ပြီး ဗာလ၏ ယဇ်ပလ္လလင်များနှင့် ရုပ်တုများကိုအကုန်အစင်ချိုးဖဲ့၍ ယဇ်ပလ္လင်တို့ရှေ့မှာ ဗာလယဇ်ပုရောဟိတ် မဿန်ကို သတ်ခဲ့ကြသည်။

2 Kings 11:19-21

ယောရှသည် ရာဇပလ္လင်တော်ပေါ်မှာ ထိုင်သောအခါ၊ ပြည်သူပြည်သားအပေါင်းတို့သည် ဘယ်လိုတုံ့ပြန်ကြသနည်း။

ယောရှသည် ရာဇပလ္လင်တော်ပေါ်မှာ ထိုင်သောအခါ၊ ပြည်သူပြည်သားအပေါင်းတို့သည် ဝမ်းမြောက်ကြသည်။

2 Kings 12

2 Kings 12:1-3

ယောရှသည် ထာဝရဘုရား၏ ရှေ့တော်၌ တရားသောအမှုကို အဘယ်ကြောင့် အမြဲတမ်းပြုသနည်း။

ယောရှသည် ထာဝရဘုရား၏ ရှေ့တော်၌ တရားသောအမှုကို အမြဲတမ်းပြုရခြင်းမှာ ယဇ်ပုရောဟိတ်ယောယဒသည်သူ့ကို သွန်သင်ခဲ့သောကြောင့် ဖြစ်သည်။

2 Kings 12:4-5

ဘာအားဖြင့် ပြည်သူပြည်သားတို့သည် ဗိမာန်တော်အတွက် အားတက်သယော အလှူငွေပေးခဲ့ကြသနည်း။

ပြည်သူပြည်သားတို့သည် သူတို့နှလုံးသားတွင်ရှိသော ထာဝရဘုရားအားဖြင့် ဗိမာန်တော်အတွက် အားတက်သယော အလှူငွေပေးခဲ့သည်။

2 Kings 12:6-8

ယောရှသည် ယဇ်ပုရောဟိတ်တို့အား လှူသောသူထံမှ ငွေကို မယူတော့ရန် အဘယ်ကြောင့် ပြောခဲ့သနည်း။

ယောရှသည် ယဇ်ပုရောဟိတ်တို့အား လှူသောသူထံမှ ငွေကို မယူတော့ရန် ပြောခဲ့ရခြင်းမှာ သူတို့သည် တစ်စုံ တစ်ခုမျှ ဗိမာန်တော်ထဲတွင် ပြင်ဆင်ခြင်း မရှိသောကြောင့်ဖြစ်သည်။

2 Kings 12:9-10

မည်သူသည် ငွေကို သတ္တာကြီးထဲသို့ ထည်ခဲ့သနည်း။

တံခါးစောင့်သော ယဇ်ပုရောဟိတ်တို့ သည် ဗိမာန်တော်သို့ဆောင်ခဲ့သော ငွေရှိသမျှကို သေတ္တာထဲမှာထားကြ၏။

2 Kings 12:11-14

အလုပ်သမားတို့သည် ငွေကို ဘာအတွက် အသုံးပြုခဲ့သနည်း။

အလုပ်သမားတို့သည် ငွေကို ဗိမာန်တော် ပြိုပျက်ရာကို ပြုပြင်စရာကျောက်နှင့် သစ်သားကိုဝယ်၍ ကုန်သမျှအတွက်ပေးဝေကြ၏။

2 Kings 12:15-16

ဒုစရိုက်ငွေ၊ အပြစ်ငွေတို့ကို ထာဝရဘုရား၏ ဗိမာန်တော်သို့ အဘယ်ကြောင့် မသွင်းခဲ့ကြသနည်း။

ဒုစရိုက်ငွေ၊ အပြစ်ငွေတို့ကို ထာဝရဘုရား၏ ဗိမာန်တော်သို့ မသွင်း ခဲ့ရခြင်းမှာ ထိုငွေများသည် ယဇ်ပုရောဟိတ်တို့နှင့် သက်ဆိုင်သောကြောင့် ဖြစ်သည်။

2 Kings 12:17-18

ရှင်ဘုရင်ယောရှသည် ယေရုရှလင်မြို့ကို စတင်တိုက်ခိုက်မှုပြုလုပ်နေသောရှင်ဘုရင်ဟာဇေလအား မည်သို့ တားဆီးခဲ့သနည်း။

ရှင်ဘုရင်ယောရှသည် ဘိုးတော်ဘေးတော် တည်းဟူသော ယုဒရှင်ဘုရင်ယောရှဖတ်၊ ယဟောရံ၊ အာခဇိလှူသမျှသော တန်ဆာနှင့် ကိုယ်တိုင်သန့်ရှင်း သမျှသော တန်ဆာများ၊ ဗိမာန်တော်ဘဏ္ဍာ၊ နန်းတော် ဘဏ္ဍာတွင် တွေ့သမျှသော ရွှေကိုယူ၍ ရှုရိရှင်ဘုရင် ဟာဇေလ ထံသို့ပေးလိုက်သောကြောင့်၊ ဟာဇေလသည် ယေရုရှလင်မြို့ကို ထား၍ သွား၏။

2 Kings 12:19-21

မည်သူသည် ယောရှအား တိုက်ခိုက်ခဲ့သနည်း။

ထိုမင်း၏ကျွန်ရှိမတ်သား ယောဇဗဒ်နှင့် ရှိမရိတ်သား ယဟောဇဗပ်တို့သည် တိုက်ခိုက်ခဲ့ကြသည်။

2 Kings 13

2 Kings 13:3-5

ထာဝရဘုရားသည် ဣသရေလအမျိုးအား အဘယ်ကြောင့် ကယ်တင်မည့်သူကို ပေးခဲ့သနည်း။

ယောခတ်သည် ထာဝရဘုရားကို တောင်းပန်သောကြောင့် ထာဝရဘု ရားသည် ဣသရေလအမျိုးအား ကယ် တင်မည့်သူကို ပေးခဲ့သည်။

2 Kings 13:6-13

ရှုရိရှင်ဘုရင်သည် ဣသရေလအမျိုး သားတို့ကို ဖျက်ဆီးပြီး မည်ကဲ့သို့ ပြုလုပ်ခဲ့သနည်း။

ရှုရိရှင်ဘုရင်သည် ဣသရေလအမျိုး သားတို့ကို ဖျက်ဆီးပြီး စပါးနင်းရာတွင် လွင့်သောအမှုန့်ကဲ့သို့ ဖြစ်စေခဲ့သည်။

2 Kings 13:14-16

ဧလိရှဲသည် သေနာစွဲ၍ နာနေစဉ်တွင်ယဟောရှအား ဘာကို ယူလာရန် ဆိုခဲ့သနည်း။

ဧလိရှဲသည် သေနာစွဲ၍ နာနေစဉ်တွင်ယဟောရှအားလေးနှင့်မြှားတို့ကို ယူရန် ဆိုခဲ့ပါသည်။

2 Kings 13:17-19

ယဟောရှသည် မြေပေါ်သို့ သုံးကြိမ်သာ ရိုက်ခဲ့သောကြောင့် ဘာဖြစ်ပျက်ခဲ့သနည်း။

ယဟောရှသည် မြေပေါ်သို့ သုံးကြိမ်သာ ရိုက်ခဲ့သောကြောင့် သူသည် ရှုရိလူတို့ကို သုံးကြိမ်သာ လုပ်ကြံရလိမ့်မည်။

2 Kings 13:20-21

ဧလိရှဲသင်္ချိုင်းတွင်း၌ ချထားခြင်းခံရသော လူတစ်ယောက်၏ အလောင်းသည် ဘာဖြစ်ပွားခဲ့သနည်း။

ဧလိရှဲသင်္ချိုင်းတွင်း၌ ချထားခြင်းခံရသော လူတစ်ယောက်၏ အလောင်းသည် ဧလိရှဲအရိုးတို့ကို ထိသောအခါ၊ အသက်ရှင်ပြန်သဖြင့် သူ့ခြေထောက်ဖြင့် မတ်တတ်ရပ်ထလာခဲ့သည်။

2 Kings 13:22-25

ထာဝရဘုရားသည် ဣသရေလအမျိုးကို မျက်မှောက်တော်မှ အဘယ်ကြောင့် နှင်ထုတ်ခြင်း မပြုခဲ့သနည်း။

ထာဝရဘုရားသည် သူတို့ကို သနားစုံမက်၍ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့် ဖွဲ့တော်မူခဲ့သော ပဋိညာဉ်ကို အောက်မေ့လျက် သူတို့ကို မဖျက်ဆီး၊ အထံတော်မှမနှင်ထုတ်သေးဘဲ ကြည့်ရှုပြုစုတော်မူ၏။

2 Kings 14

2 Kings 14:4-5

အာမဇိသည် မင်းအာဏာရလာ၍ ဘာလုပ်ခဲ့သနည်း။

အာမဇိသည် မင်းအာဏာရလာ၍ ဘုရင်ဖြစ်သော မိမိခမည်းတော်ကို သတ်သော ကျွန်တို့ကို ပြန်သတ်လေ၏။

2 Kings 14:6-7

အာမဇိမင်းသည်လုပ်ကြံသတ်သောသူတို့၏ သားများကို အဘယ်ကြောင့် မသတ်ဘဲ နေခဲ့သနည်း။

အာမဇိမင်းသည်လုပ်ကြံသတ်သောသူတို့၏ သားများကို မသတ်ဘဲ နေခဲ့ရခြင်းမှာ ထာဝရဘုရားသည် ပညတ်နှင့်ပြီးအတိုင်း "သားအတွက်အဘသည် အသေမခံရ။အဘ အတွက် သားသည် အသေမခံရ။ လူတိုင်းမိမိအပြစ် ကြောင့် အသေခံရ၏ဟု"ဟူသော ပညတ်တော်ကို စောင့်ရှောက်သောကြောင့် ဖြစ်သည်။

2 Kings 14:8-12

ဘာက ဆူးလေပင်ကို တက်နင်းမိ သနည်း။

လေဗနုန် သားရဲတကောင်သည် ဆူးလေပင်ကို တက်နင်းမိသည်။

2 Kings 14:13-16

ယဟောရှသည် ယေရုရှလင်မြို့မှ ဘာကို ယူဆောင်ခဲ့သနည်း။

ယဟောရှသည် ယေရုရှလင်မြို့မှဗိမာန်တော်၌၎င်း၊ နန်းတော်ဘဏ္ဍာတိုက်၌၎င်း၊ ရှိသမျှသော ရွှေငွေမှစ၍ တန်ဆာအလုံးစုံနှင့် အာမခံ သောသူအချို့တို့ကို ယူဆောင်ခဲ့သည်။

2 Kings 14:17-19

အာမဇိသည် မည်ကဲ့သို့ သေဆုံးခဲ့သနည်း။

အာမဇိတဘက်၌ လျှို့ဝှက်ကြံစည်သူ အဖွဲ့သည် ယေရုရှလင်မြို့၌ သင်းဖွဲ့ကြသောကြောင့် သူသည် လာခိရှမြို့သို့ ပြေးသည်တွင်၊ ထိုမြို့သို့ စေလွှတ်၍ သတ်စေခဲ့သည်။

2 Kings 14:20-22

ဩဇိသည် ဧလတ်မြို့အား ဘာလုပ်ခဲ့သည်။

ဩဇိသည် ဧလတ်မြို့ကို ပြန်တည်ဆောက်၍ ယုဒနိုင်ငံထဲသို့ ပြန်သွင်းခဲ့သည်။

2 Kings 14:23-25

မည်သူအားဖြင့် ယေရောဗောင်သည် ဣသရေလနိုင်ငံကို ဟာမက်မြို့ ဝင်ဝမှသည် ချိုင့်ပင်လယ်တိုင်အောင် ရန်သူလက်မှ နှုတ်၍ပြုစုသင့်ကြောင်း ကြားခဲ့သနည်း။

ယေရောဗောင်သည် အမိတ္တဲ၏သား ပရောဖက်ယောနအားဖြင့်သရေလနိုင်ငံကို ဟာမက်မြို့ ဝင်ဝမှသည် ချိုင့်ပင်လယ်တိုင်အောင် ရန်သူလက်မှ နှုတ်၍ပြုစုသင့်ကြောင်း ကြားခဲ့သည်။

2 Kings 14:26-29

ဣသရေလအမျိုးကို ကယ်တင်မည့်သူမရှိကြောင်းကို ထာဝရဘုရားသည် မြင်သောအခါ မည်ကဲ့သို့ ကယ်တင်ခဲ့သနည်း။

ဣသရေလအမျိုးကို ကယ်တင်မည့်သူမရှိကြောင်းကို ထာဝရဘုရားသည် မြင်သောအခါ ယဟောရှသား ယေရောဗောင်အားဖြင့် ကယ်တင်တော် မူခဲ့သည်။

2 Kings 15

2 Kings 15:4-5

ထာဝရဘုရားသည် ရှင်ဘုရင်ဩဇိအား မည်ကဲ့သို့ ဒဏ်ခတ်တော်မူခဲ့သနည်း။

ထာဝရဘုရားသည် ရှင်ဘုရင်ဩဇိအားဒဏ်ခတ်တော်မူခဲ့သောကြောင့် သူသည် သေသည်တိုင်အောင် နူနာစွဲ၍ ခြားနား သော နန်း၌နေရ၏။

2 Kings 15:6-9

ရှင်ဘုရင်ဩဇိ၏ နေရာ၌ မည်သူသည် နန်းတက်လာခဲ့သနည်း။

သားတော် ယောသံသည် ရှင်ဘုရင်ဩဇိ၏ နေရာ၌ နန်းတက်ခဲ့သည်။

2 Kings 15:10-12

ရှလ္လုံသည် ဇာခရိမင်းအား မည်သည့်နေရာတွင် သတ်ခဲ့သနည်း။

ရှလ္လုံသည် ဇာခရိမင်းအား လူအများတို့ရှေ့တွင် သတ်ခဲ့သည်။

2 Kings 15:13-14

ရှလ္လုံသည် ရှမာရိမြို့၌ဘာကြောင့် တစ်လသာ နန်းထိုင်ခဲ့သနည်း။

ရှလ္လုံသည် ရှမာရိမြို့၌ တစ်လသာ နန်းထိုင်ခဲ့ရခြင်းမှာ ဂါဒိသားမေနဟင်သည် ရှလ္လုံကို သတ်ခဲ့သောကြောင့်ဖြစ်သည်။

2 Kings 15:15-18

မေနဟင်သည် တိဖသမြို့မြို့သား များကို အဘယ်ကြောင့် တိုက်ခိုက်ခဲ့သနည်း။

မေနဟင်သည် တိဖသမြို့မြို့သား များကို တိုက်ခိုက်ခဲ့ရခြင်းမှာ သူတို့သည် မြို့တံခါးကို သူ့အား မဖွင့်​ပေးသောကြောင့် ဖြစ်သည်။

2 Kings 15:19-24

မေနဟင်သည် ပုလမင်းအား မည်ကဲ့သို့ ငွေအခွက်တသောင်း ကို ဆက်ခဲ့ရသနည်း။

နဟင်သည် ငွေခွဲ၍၊ ရတတ်သောသူတိုင်း အကျပ်ငါးဆယ်စီသူ့ကို ပေးခြင်းဖြင့်ပုလမင်းအား ငွေအခွက်တသောင်း ကို ဆက်ခဲ့ရသည်။

2 Kings 15:25-28

ပေကဟိမင်းကို မည်သူသည် သတ်ခဲ့သနည်း။

ပေကာသည် ပေကဟိမင်းကို သတ်ခဲ့ပါသည်။

2 Kings 15:29-33

ဟောရှေသည် ပေကာမင်းတဘက်၌ လျှို့ဝှက်ပူပေါင်းကြံစည်ခဲ့သနည်း။

ဟောရှေသည် ပေကာမင်းတဘက်၌ လျှို့ဝှက်ပူပေါင်းကြံစည်ရခြင်းမှာ အာရှု ရိရှင်ဘုရင် တိဂလတ်ပိလေသာသည်လာ၍ နိုင်ငံများစွာကို သိမ်းပိုက်ခဲ့သောကြောင့်ဖြစ်သည်။

2 Kings 15:34-38

ယောသံသည် မည်သူ၏ နောက်ကို လိုက်ခဲ့သနည်း။

ယောသံသည် ဖခင်ဖြစ်သော ဩဇိကျင့်သမျှအတိုင်း ကျင့်ခဲ့ပါသည်။

2 Kings 16

2 Kings 16:3-4

အာခတ်မင်းသည် သူ့သားတော်အား ဘာပြုလုပ်ခဲ့သနည်း။

အာခတ်မင်းသည် သူ့သားတော်အားတပါးအမျိုးသားတို့၏ ရွံရှာဘွယ် ထုံးစံအတိုင်း၊ မိမိသားကို မီးဖြင့်ပူဇော်ခဲ့သည်။

2 Kings 16:5-6

ရေဇိန်သည် ယေရုရှလင်မြို့သို့ စစ်ချီရာတွင် ဘာကို မပြုလုပ်နိုင်ခဲ့သနည်း။

ရေဇိန်သည် ယေရုရှလင်မြို့သို့ စစ်ချီရာတွင် အာခတ်မင်းကို ဝိုင်းထားသော်လည်း မနိုင်ခဲ့ပါ။

2 Kings 16:7-9

အာခတ်သည် အာရှုရိရှင်ဘုရင်အား ဘာလက်ဆောင်ကို ဆက်သခဲ့သနည်း။

အာခတ်သည် ဗိမာန်တော်၌လည်းကောင်း၊ နန်းတော်ဘဏ္ဍာတိုက်၌လည်းကောင်း ရှိသောရွှေငွေကို ယူ၍ အာရှုရိရှင်ဘုရင်ထံသို့ လက်ဆောင်ပေးခဲ့ပါသည်။

2 Kings 16:10-12

အာခတ်မင်းကြီးသည် ဥရိယအား မည်သည့်ယဇ်ပလ္လင်ကို ပုံတူပြုလုပ်စေလိုခဲ့သနည်း။

အာခတ်မင်းကြီးသည် ဒမာသက်မြို့ရှိယဇ်ပလ္လင်ကိုပုံတူပြုလုပ်စေလိုခဲ့သည်။

2 Kings 16:13-14

သူ၏မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို မည်သူ ပြုလုပ်ခဲ့သနည်း။

ရှင်ဘုရင်သည် သူ၏ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို ပြုလုပ်ခဲ့သည်။

2 Kings 16:15-16

ကြေးဝါယဇ်ပလ္လင်ရှိခြင်း၏ ရည်ရွယ်ချက်သည် မည်သို့နည်း။

ကြေးဝါယဇ်ပလ္လင်သည် အာခက်မင်းကြီးအတွက် ဘုရားသခင်၏ အကူအညီကို မေးမြန်းစရာဘို့ရှိခဲ့သည်။

2 Kings 16:17-20

အာခတ်မင်းကြီးသည် ဗိမာန်တော်၌ ဥပုသ်စောင့်စရာဘို့ ဆောက် သောမဏ္ဍပ်ကိုလည်းကောင်း၊ ရှင်ဘုရင်တက်ရာစောင်းတန်းကို အဘယ်ကြောင့် ပယ်ခဲ့သနည်း။

အာခတ်မင်းကြီးသည် ဗိမာန်တော်၌ ဥပုသ်စောင့်စရာဘို့ ဆောက်သောမဏ္ဍပ်ကိုလည်းကောင်း၊ ရှင်ဘုရင်တက်ရာစောင်းတန်းကိုလည်းကောင်း၊ အာရှုရိရှင်ဘုရင်ကြောင့် ပယ်ခဲ့သည်။

2 Kings 17

2 Kings 17:1-3

ဟောရှေသည် ရှင်ဘုရင်ရှာလမနေဇာ၏ ကျွန်ခံရသောအခါ ဘာလုပ်ခဲ့ရသနည်း။

ဟောရှေသည် ရှင်ဘုရင်ရှာလမနေဇာ၏ ကျွန်ခံရသောအခါ အခွန်ဆက်ခဲ့ရသည်။

2 Kings 17:4-6

ဟောရှေသည် ရှင်ဘုရင်ရှာလမနေဇာအား မည်ကဲ့သို့ ပုန်ကန်ခဲ့သနည်း။

ဟောရှေသည် ရှင်ဘုရင်ရှာလမနေဇာအား ပုန်ကန်ခဲ့သည်မှာ သွာအမည်ရှိသော အဲဂုတ္တုရှင်ဘုရင်ထံသို့ သံတမန်ကိုစေလွှတ်ခဲ့ခြင်းဖြစ်သည်။

2 Kings 17:7-10

ချုပ်နှောင်ခံရခြင်းသည် အဘယ်ကြောင့် ဖြစ်ပွားခဲ့ရသနည်း။

ဣသရေလအမျိုးသားတို့ သည်မိမိတို့၏ ဘုရားသခင် ထာဝရဘုရားကို ဆန့်ကျင်၍ ပြစ်မှားခဲ့သောကြောင့်ဖြစ်သည်။

2 Kings 17:11-12

ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့အား ဘာကို မပြုလုပ်ရမည်အကြောင်း ပြောခဲ့သနည်း။

ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့အား ရုပ်တု ဆင်းတုတို့၌ ပူဇော်ခြင်းအမှုကို မပြုလုပ်မည် အကြောင်း ပြောခဲ့သည်။

2 Kings 17:13

ထာဝရဘုရားသခင်သည် မည်သူတို့အားဖြင့် ဣသရေလအမျိုးနှင့် ယုဒအမျိုး၌ သက်သေခံခြင်း ရှိတော်မူခဲ့သနည်း။

ထာဝရဘုရားသခင်သည် ပရောဖက်များနှင့် အနာဂတ်ဟော ဆရာများတို့ ဖြင့် ဣသရေလအမျိုးနှင့် ယုဒအမျိုး၌ သက်သေ ခံခြင်း ရှိတော်မူခဲ့သည်။

2 Kings 17:14-15

ဣသရေလလူမျိုးတို့သည် မည်သူကဲ့သို့ မိမိလည်ပင်းကို ခိုင်မာစေခဲ့ကြသနည်း။

ဣသရေလလူမျိုးတို့သည် ဘုရားသခင် ထာဝရဘုရားကို မယုံ ကြည်သော ဘိုးဘေးတို့၏ လည်ပင်း ကဲ့သို့ မိမိလည်ပင်းကို ခိုင်မာစေခဲ့ကြသည်။

2 Kings 17:16-20

ဣသရေလလူမျိုးတို့သည် မည်ကဲ့သို့ ကိုယ်ကိုရောင်းခဲ့ကြသနည်း။

ဣသရေလလူမျိုးတို့သည် ထာဝရ ဘုရား၏ ရှေ့တော်၌ ဒုစရိုက်ကို ပြုရန် ကိုယ်ကိုရောင်းခဲ့ကြသည်။

2 Kings 17:21-23

ထာဝရဘုရားသည် ဣသရေလအမျိုးကို အဘယ်ကြောင့် မျက်မှောက်တော်မှ ပယ်ရှားတော်မူခဲ့သနည်း။

ဣသရေလအမျိုးသားတို့သည် ယေရောဗောင်ပြုသော ဒုစရိုက်လမ်း သိုအစဉ်တစိုက် လိုက်ကြ၍ ထိုနေရာမှ မထွက်ခွာသောကြောင့် ထာဝရဘုရားသည် သူတို့ကို မျက်မှောက်တော်မှ ပယ်ရှားတော်မူခဲ့ခြင်းဖြစ်သည်။

2 Kings 17:24-26

ထာဝရဘုရားသည် ခြင်္သေ့တို့ကို ရှမာရိမြို့ရွာသစ်များသို့ အဘယ်ကြောင့် စေလွှတ်ခဲ့သနည်း။

ရှမာရိမြို့ရွာသစ်များသည် ထာဝရဘုရားကို မရိုသေသော ကြောင့် ခြင်္သေ့တို့ကိုစေ လွှတ်ခဲ့ရခြင်းဖြစ်သည်။

2 Kings 17:27-28

ယဇ်ပုရောဟိတ် တယောက်သည် ဗေသလမြို့၌ ရှိသော လူသစ်များအား ဘာကို သွန်သင်ပေးခဲ့သနည်း။

ယဇ်ပုရောဟိတ် တယောက်သည် ဗေသလမြို့၌ ရှိသော လူသစ်များအား ထာဝရဘုရားကို အဘယ်သို့ရိုသေရမည်အကြောင်း သွန်သင်ပေးခဲ့ပါသည်။

2 Kings 17:29-31

လူမျိုးအသီးအသီးတို့သည် မိမိတို့အတွက်ပြုလုပ်သော ဘုရားအား မည်သည့်နေရာတွင် တင်ထားခဲ့ကြသနည်း။

လူမျိုးအသီးအသီးတို့သည် မိမိတို့အတွက်ပြုလုပ်သော ဘုရားအား ရှမာရိမြို့သား လုပ်နှင့်သော အိမ်တို့ ၌ တင်ထားခဲ့ကြသည်။

2 Kings 17:32-33

မိမိတို့အတွက်ပြုလုပ်သော ဘုရားသာမက ဣသရေလအမျိုးသားသစ်တို့သည် မည်သူကို ရိုသေကြသနည်း။

လူမျိုးသစ်တို့သည်လည်း ထာဝရဘုရားသခင်ကို ရိုသေကြသည်။

2 Kings 17:34-38

ဣသရေလအမျိုးသားသစ်တို့သည် ထာဝရဘုရားသခင်အား မည်ကဲ့သို့ရိုသေရာ မရောက်ခဲ့သနည်း။

ဣသရေလအမျိုးသားသစ်တို့သည် ထာဝရဘုရားသခင်အား ရိုသေရာမရောက်ခြင်းမှာ ထာဝရဘုရားသည် သူတို့အား အခြားသောဘုရားများကို မကြောက်ရွံ့ရမည်အကြောင်း ပညတ်ခဲ့သောကြောင့်ဖြစ်သည်။

2 Kings 17:39-41

ဣသရေလအမျိုးသားတို့သည် မည်ကဲ့သို့ နားမထောင်ခဲ့သနည်း။

သူတို့သည် နားမထောင်ခဲ့ခြင်းမှာ ရှေးထုံးစံဓလေ့သို့ လိုက်မြဲလိုက်နေသောကြောင့်ဖြစ်သည်။

2 Kings 18

2 Kings 18:4-8

ဣသရေလအမျိုးသားတို့သည် မောရှေလုပ်ခဲ့သော ကြေးဝါမြွေအား ဘာလုပ်ခဲ့ကြသနည်း။

ဣသရေလအမျိုးသားတို့သည် မောရှေလုပ်ခဲ့သော ကြေးဝါမြွေ ရှေ့မှာနံ့သာပေါင်းကို မီးရှို့တတ်ကြသည်။

2 Kings 18:9-10

အာရှုရိရှင်ဘုရင် ရှာလမနေဇာသည် ရှမာရိမြို့ကို ဘယ်လောက်ကြာကြာ တိုက်ခိုက်ခဲ့သနည်း။

အာရှုရိရှင်ဘုရင်သည် ရှာလမနေဇာသည် ရှမာရိမြို့ကို သုံးနှစ်ကြာကြာ တိုက်ခိုက်ခဲ့သည်။

2 Kings 18:11-12

အာရှုရိရှင်ဘုရင်သည် ဣသရေလအမျိုးကို အာရှုရိပြည်သို့ အဘယ်ကြောင့် သိမ်းသွားခဲ့သနည်း။

အာရှုရိရှင်ဘုရင်သည် ဣသရေလအမျိုးကို အာရှုရိပြည်သို့ သိမ်းသွားခဲ့ရခြင်းမှာ သူတို့သည် မိမိတို့ဘုရားသခင်ထာဝရဘုရား၏ စကားတော်ကို နားမထောင်ခဲ့သောကြောင့်ဖြစ်သည်။

2 Kings 18:13-15

ဟေဇကိမင်းကြီးသည် အာရှုရိရှင်ဘုရင်အား ပေးရန်ငွေကို မည်သည့်နေရာမှ ရရှိခဲ့သနည်း။

ဟေဇကိမင်းကြီးသည် ဗိမာန်တော်၌ လည်ကောင်း၊ နန်းတော် ဘဏ္ဍာတိုက်၌လည်ကောင်း၊ တွေ့သမျှသောငွေယူ၍ အာရှုရိရှင်ဘုရင်အားပေးခဲ့သည်။

2 Kings 18:16-18

တာတန်၊ ရာဗသာရိတ်၊ ရာဗရှာခတို့သည် ဟေဇကိမင်းကြီးအား မည်သည့်နေရာမှာ ခေါ်ခဲ့သနည်း။

သူတို့သည် ခဝါသည်၏ လယ်နားမှာရှောက်သောလမ်း၊ အထက်ရေကန်ပြွန်ဝမှ ဟေဇကိမင်းကြီးအားခေါ်ခဲ့ကြသည်။

2 Kings 18:19-21

လူတယောက်သည် အဲဂုတ္တုမြို့၌ မှီလျှင် ဘာဖြစ်ပျက်လိမ့်မည်နည်း။

လူတယောက်သည် အဲဂုတ္တုမြို့၌ မှီလျှင် ထိုမြို့သည် မှီသောသူ၏လက်ကိုစူးဖောက်လိမ့်မည်။

2 Kings 18:22-23

အာရှုရိရှင်ဘုရင်သည် ဘာကိုပေးခဲ့သနည်း။

အာရှုရိရှင်ဘုရင်သည် ဟေဇကိ၌မြင်းစီးသူရဲ လုံလောက်အောင်ရှိလျှင်မြင်းနှစ်ထောင်တို့ကို ပေးခဲ့သည်။

2 Kings 18:24-25

ထာဝရဘုရားသည် အာရှုရိရှင်ဘုရင်အား ဘာမိန့်တော်မူခဲ့သနည်း။

ထာဝရဘုရားသည် အာရှုရိရှင်ဘုရင်အား ယုဒပြည်ကို တိုက်ခိုက်ရန်နှင့် ဖျက်ဆီးရန် မိန့်တော်မူခဲ့သည်။

2 Kings 18:26-27

လျာကိမ်၊ ရှေဗန၊ ယောအာတို့က၊ မည်သည့်ရှုရိ ဘာသာစကားအားဖြင့်ပြောရန် တပ်မှုးအား တောင်းဆိုခဲ့ကြသနည်း။

လျာကိမ်၊ ရှေဗန၊ ယောအာတို့က၊ ရှုရိ (အာရေဘိ) ဘာသာစကားအားဖြင့်ပြောရန် တပ်မှုးအား တောင်းဆိုခဲ့ကြသည်။

2 Kings 18:28-30

တပ်မှူးသည် မည်သည့်ဘာသာစကားအားဖြင့် ကြွေးကြော်ခဲ့သနည်း။

တပ်မှူးသည် ယုဒဘာသာစကားအားဖြင့် ကြွေးကြော်ခဲ့သည်။

2 Kings 18:31-35

အာရှုရိရှင်ဘုရင်သည် သူနှင့်မိဿဟာယဖွဲ့သော သူတို့အား ဘာလုပ်လိမ့်မည်နည်း။

အာရှုရိရှင်ဘုရင်သည် သူနှင့်မိဿဟာယဖွဲ့သော သူတို့အား ကိုယ်စပျစ်ပင်၏အသီး၊ ကိုယ်သင်္ဘော သဖန်းပင်၏အသီးကိုစား၍၊ ကိုယ်ရေကန်ကရေကို သောက်လျက် နေကြရန် ပြုလုပ်ခဲ့သည်။

2 Kings 18:36-37

ရှင်ဘုရင်ဟေဇကိသည် ဘာအမိန့်ပေးခဲ့သနည်း။

ရှင်ဘုရင်ဟေဇကိသည် ပြည်သူပြည် သားတို့အား စကားတခွန်းကိုမျှမပြန်ဘဲ တိတ်ဆိတ်စွာနေရန် အမိန့်ပေးခဲ့သည်။

2 Kings 19

2 Kings 19:1-2

ဟေဇကိမင်းကြီးသည် ထိုသတင်းကို ကြားလျှင်၊ ဘာလုပ်ခဲ့သနည်း။

ဟေဇကိမင်းကြီးသည် ထိုသတင်းကို ကြားလျှင် မိမိအဝတ်ကို ဆုတ်၍ လျှော်တေအဝတ်ကိုခြုံလျက် ထာဝရဘုရား၏ ဗိမာန်တော်သို့သွားခဲ့ပါသည်။

2 Kings 19:3-4

ဟေဇကိမင်းအား ထာဝရဘုရားဘုရားသည် ဘာကိုပြုလုပ်သင့်ကြောင်း ပြောခဲ့သနည်း။

ဟေဇကိမင်းအား ထာဝရ ဘုရား သခင်သည် ကိုယ်တော်တိုင်ကြားသော ရှဗရှာခစကားအားလုံး ကိုကြား၍ ချေတော်မူသင့်သည်ဟု ပြောခဲ့သည်။

2 Kings 19:5-9

ထာဝရဘုရားသညိ အာရှုရိရှင်ဘုရင်အားရပ်တန့်အောင် ဘာပြုလုပ်ခဲ့သနည်း။

ထာဝရဘုရားသည် ထိုမင်း၌ အခြားသော စိတ်သဘောကို ငါသွင်းပေးမည်။ သူသည် သိတင်းကြား၍ မိမိပြည်သို့ ပြန်သွားလိမ့်မည်။

2 Kings 19:10-13

ထာဝရဘုရားသည် သနာခရိပ်အားဖြင့် ဟေဇကိမင်းကို မည်သည့်နနည်းလမ်းဖြင့် လှည့်ဖျားခဲ့သနည်း။

ထာဝရဘုရားသည် သနာခရိပ်အားဖြင့် ဟေဇကိမင်းအား ယေရုရှလင်မြို့သည် အာရှုရိရှင်ဘုရင်လက်သို့ မရောက် ပြောခြင်းအားဖြင့် ဟေဇကိမင်းအားလှည့်ဖျားခဲ့သည်။

2 Kings 19:14-18

ဟေဇကိမင်းသည် သံတမန် လက်မှခံယူသော သတင်းကို မည်သည့်နေရာ၌ ဖြန့်ထားခဲ့သနည်း။

ဟေဇကိမင်းသည် သံတမန် လက်မှခံယူသော သတင်းကို ဗိမာန်တော်သို့သွား၍ ထာဝရဘုရားရှေ့တော်၌ ဖြန့်ထားလေ၏။

2 Kings 19:19

ထာဝရဘုရားသည် ယုဒပြည်ကို အဘယ်ကြောင့် ကယ်တင်သင့်သနည်း။

ထာဝရဘုရားသည် တပါးတည်းသာ ဘုရားသခင် ဖြစ်တော်မူသည်ကို မြေကြီးပေါ်မှာရှိသမျှသော တိုင်းနိုင်ငံတို့သည် သိမည်အကြောင်းယုဒပြည်ကို ကယ်တင်သင့်သည်။

2 Kings 19:20-22

အာရှုရိ ရှင်ဘုရင်သည် မည်သူကို ဆန့်ကျင်၍မိမိအသံကို မြှင့်တင်ခဲ့သနည်း။

အာရှုရိ ရှင်ဘုရင်သည် ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကို ဆန့်ကျင်၍မိမိအသံကို မြှင့်တင်ခဲ့သည်။

2 Kings 19:23-24

မည်သူသည် ငါ၏ ခြေဘဝါးအားဖြင့် အဲဂုတ္တုမြစ် လက်ကြားရေရှိသမျှကို ခန်းခြောက်စေပြီဟု ပြောခဲ့သနည်း။

သနာခရိပ်သည် ငါ၏ ခြေဘဝါးအားဖြင့် အဲဂုတ္တုမြစ် လက်ကြားရေရှိသမျှကို ခန်းခြောက်စေပြီဟု ပြောခဲ့ပါသည်။

2 Kings 19:25-26

ခိုင်ခံ့သော မြို့တို့ကို ဖျက်ဆီး၍၊ ကျောက်ပုံဖြစ်စေမည်အကြောင်း မည်သူသည် စီရင်ခဲ့သနည်း။

ထာဝရဘုရားသည် ခိုင်ခံ့သော မြို့တို့ကို ဖျက်ဆီး၍၊ ကျောက်ပုံဖြစ်စေမည်အကြောင်း စီရင်ခဲ့သည်။

2 Kings 19:27-28

ထာဝရဘုရားသည် သနာခရိပ်၏ နှာခေါင်းထဲသို့ ဘာတပ်ပေးခဲ့သနည်း။

ထာဝရဘုရားသည် သနာခရိပ်အား နှာရှုတ်တပ်ခဲ့ပါသည်။

2 Kings 19:29-31

ဟေဇကိမင်းအတွက် မှတ်ရသောနိမိတ်လက္ခဏာကားဘာလဲ။

ယုဒလူမျိုးတို့သည် အလိုလိုကြီးရင့်သော အသီးအနှံကို၎င်း၊ ဒုတိယ နှစ်တွင် ထိုအတူပေါက်သော အရာများကို၎င်း စားရမည်။

2 Kings 19:32-34

ထာဝရဘုရားသည် ယေရုရှလင်မြို့ကို အဘယ်ကြောင့် ကယ်တင်လိမ့်မည်နည်း။

ထာဝရဘုရားသည် ကိုယ်မျက်နှာကိုလည်းကောင်း၊ သူ့ကျွန် ဒါဝိဒ်၏ မျက်နှာကိုလည်းကောင်း ထောက်၍ ဤမြို့ကို ကယ်တင်လိမ့်မည်။

2 Kings 19:35-37

ထာဝရဘုရားသည် မည်ကဲ့သို့ ယေရုရှလင်မြို့ကို ကယ်တင်ခဲ့သနည်း။

ထာဝရဘုရားသည် ထွက်၍ အာရှုရိတပ်တွင် လူတသိန်း ရှစ်သောင်းငါးထောင်တို့ကို သေစေခဲ့သည်။

2 Kings 20

2 Kings 20:1-3

ဟေဇကိမင်းသည် သေနာစွဲသဖြင့်၊ ထာဝရဘုရားသည် သူ့အား ဘာလုပ်ရန် မိန့်တော်မူခဲ့သနည်း။

ဟေဇကိမင်းသည် အသက်မရှင်၊ သေရတော့မည်ဖြစ်၍ ကိုယ်အိမ်အမှုကိုစီရင်ရမည်ဟု မိန့်တော်မူခဲ့သည်။

2 Kings 20:4-5

ထာဝရဘုရားသည်ဟေဇကိအား ကျန်းမာစေမည့် အကြောင်းသည် ဘာလဲ။

ထာဝရဘုရား သည် သူ၏ပဌနာ စကားကို ကြားပြီး မျက်ရည်ကိုလည်း မြင်သောကြောင် အနာကိုပျောက်စေလိမ့်မည်။

2 Kings 20:6-9

ဟေဇကိသည် မည်ကဲ့သို့ ပြန်ကျန်းမာလာခဲ့သနည်း။

သင်္ဘောသဖန်းသီးတစ်ပုံကို သူ့အနာ၌အုံပြီးမှ ပြန်ကျန်းမာလာခဲ့သည်။

2 Kings 20:10-11

ထာဝရဘုရားသည် မည်ကဲ့သို့ အရိပ်ကိုပြောင်းစေခဲ့သနည်း။

ထာဝရဘုရားသည် အာခတ်၏နေတိုင်း နာရီပေါ်မှာဆယ်ချက်ရွေ့ပြီးသော အရိပ်ကို ဆယ်ချက်ပြောင်းခဲ့သည်။

2 Kings 20:12-15

ဟေဇကိမင်းသည် ဗာဗုလုန်မင်းကြီး၏ တမန်တို့အား ဘာကို ပြသခဲ့သနည်း။

ဟေဇကိမင်းသည် ဗာဗုလုန်မင်းကြီး ၏ တမန်တို့အား နန်းတော်မှစ၍ နိုင်ငံတော် အရပ်ရပ်၌ရှိသော အရာအားလုံးကို ပြခဲ့သည်။

2 Kings 20:16-18

ဟေဇကိ၏ သားမြေးတို့ထံ ဘာဖြစ်လာလိမ့်မည်နည်း။

ဟေဇကိ၏သားမြေးတို့ကို ယူသွား၍၊ သူတို့သည် ဗာဗုလုန်ရှင်ဘုရင်၏ နန်းတော်၌ လူပျိုတော်လုပ်ရကြလိမ့်မည်။

2 Kings 20:19-21

ဟေဇကိမင်းသည် ထာဝရဘုရား၏ နှုတ်ကပတ်တော်ကောင်းသည်ဟု အဘယ်ကြောင့် ထင်ခဲ့သနည်း။

ဟေဇကိမင်းသည် သူ့လက်ထက်၌ ငြိမ်သက်ခြင်းနှင့် သစ္စာစောင့် ခြင်းရှိလိမ့်မည် ဖြစ်သောကြောင့် ထာဝရ ဘုရား၏ နှုတ်ကပတ်တော်ကောင်းသည်ဟု ထင်ခဲ့သည်။

2 Kings 21

2 Kings 21:1-3

မနာရှေသည် ဘာကို ပြုပြင်ခဲ့သနည်း။

မနာရှေသည် ခမည်းတော်ဟေဇကိ ဖျက်ဆီးသောကုန်းတို့ကို ပြုပြင်ခဲ့သည်။

2 Kings 21:4-6

မနာရှေသည် မည်သူတို့ကို တိုင်ပင်ခဲ့သနည်း။

မနာရှေသည် သေသောသူတို့နှင့် စကားပြောသောသူတို့နှင့်လည်းကောင်း နတ်ဝိညာဉ်တို့နှင့် စကားပြောသောသူတို့နှင့်လည်းကောင်း တိုင်ပင်ခဲ့သည်။

2 Kings 21:7-9

မနာရှေသည် ထာဝရဘုရား၏ ဗိမာန်တော်ထဲ၌ ဘာကို နေရာချခဲ့သနည်း။

မနာရှေသည် ထာဝရဘုရား၏ ဗိမာန်တော်ထဲ၌ မိမိပြုစုသော အာရှရပင်နှင့်တူအောင် လုပ်သောရုပ်တုကို တင်ထားခဲ့ပါသည်။

2 Kings 21:10-12

မည်သူတို့ထက် မနာရှေသည် သာ၍ ဒုစရိုက်တို့ကို ပြုခဲ့သနည်း။

မနာရှေသည် သူ့ရှေ့မှာ ဖြစ်ဘူး သောအာမောရိလူတို့ ပြုသမျှထက် သာ၍ ဒုစရိုက်တို့ကို ပြုခဲ့သည်။

2 Kings 21:13-15

ကျန်ကြွင်းသောသူ တို့သည် အဘယ်ကြောင့် ဒုက္ခသည်နှင့် ရန်သူအပေါင်းတို့၏ လုယက်နှိပ်စက် ရာဖြစ်လာကြလိမ့်မည်။

ကျန်ကြွင်းသောသူ တို့သည် ဒုက္ခသည်နှင့် ရန်သူအပေါင်းတို့၏ လုယက်နှိပ်စက် ရာဖြစ်လာခဲ့ရခြင်းမှာ ထာဝရ ဘုရားရှေ့မှာ ဒုစရိုက်ကို ပြု၍ အမျက်တော်ကို နှိုးဆော်ကြ သောကြောင့် ဖြစ်သည်။

2 Kings 21:16-20

မနာရှေသည် အပြစ်မရှိသော သူအများ၏ အသွေးကို ဘယ်လောက်များများ သွန်းခဲ့သနည်း။

မနာရှေသည် အပြစ်မရှိသော သူအများ၏ အသွေးကို ယေရု ရှလင်မြို့တဘက်မှ တဘက်တိုင်အောင် သူတို့အသွေးနှင့် ပြည့်စေခဲ့သည်။

2 Kings 21:21-23

အာမုန်သည် မည်ကဲ့သို့ သေခဲ့ရသနည်း။

အာမုန်ကို မိမိကျွန်တို့သည် သင်းဖွဲ့၍ နန်းတော်၌ လုပ်ကြံခဲ့ကြသည်။

2 Kings 21:24-26

အာမုန်မင်းကြီးသည် မည်သည့်နေရာတွင် သင်္ဂြိုဟ် ခြင်းကိုခံခဲ့ရသနည်း။

အာမုန်မင်းကြီးသည် မိမိသင်္ချိုင်းတွင်းဖြစ်သော ဩဇဥယျာဉ်တွင် သင်္ဂြိုဟ် ခြင်းကိုခံခဲ့ရသည်။

2 Kings 22

2 Kings 22:1-2

ယောရှိသည် ဘယ်လို လိုက်ခဲ့သနည်း။

ယောရှိသည် လက်ျာဘက်လက်ဝဲ ဘက်သို့မလွှဲ၊ အဘဒါဝိဒ်လိုက်သမျှသောလမ်းသို့ လိုက်ခဲ့သည်။

2 Kings 22:3-5

ယောရှိမင်းကြီးသည်ဟိလခိထံသို့ ဗိမာန်တော်အုပ်၊ အမှုတော်စောင့်တို့အတွက် ဘာကိုပေးရန် ဆန္ဒရှိခဲ့သနည်း။

ယောရှိမင်းကြီးသည်ဟိလခိထံသို့ဗိမာန်တော်မှရရှိခဲ့သော ငွေကို ဗိမာန်တော်အုပ်၊ အမှုတော်စောင့်တို့အတွက်ပေးရန် ဆန္ဒရှိခဲ့သည်။

2 Kings 22:6-7

အလုပ်သမားတို့အား ပေးသောငွေကို အဘယ်ကြောင့် စာရင်းပေးရန် မလိုအပ်သနည်း။

အလုပ်သမားတတို့အား ပေးသောငွေကို စာရင်းပေးရန် မလိုအပ်ရခြင်းမှာ ငွေကို လက်ခံသော သူတို့သည် သစ္စာစောင့်သော သူဖြစ်သောကြောင့် ဖြစ်သည်။

2 Kings 22:8-10

ယဇ်ပုရောဟိတ်မင်းဟိလခိသည် ဘာကိုဗိမာန်တော်၌ တွေ့ခဲ့သနည်း။

ယဇ်ပုရောဟိ တ်မင်းဟိလခိသည် ပညတ္တိကျမ်းစာစောင်ကို ဗိမာန်တော်၌ တွေ့ရှိခဲ့ပါသည်။

2 Kings 22:11-13

ရှင်ဘုရင်သည် ပညတ္တိကျမ်းစကားကိုကြားလျှင်၊ ဘာလုပ်ခဲ့သနည်း။

ရှင်ဘုရင်သည် ပညတ္တိကျမ်းစကားကိုကြားလျှင်၊ မိမိအဝတ်ကို ဆုတ်ခဲ့ပါသည်။

2 Kings 22:14-16

ပရောဖက်မ ဟုလဒသည် မည်သည့်နေရာတွင် နေထိုင်သနည်း။

ပရောဖက်မ ဟုလဒသည် ယေရုရှလင်ပြင်မြို့၌နေခဲ့ပါသည်။

2 Kings 22:17-19

ထာဝရဘုရားသည် ယုဒရှင်ဘုရင်၏ စကားကို အဘယ်ကြောင့် နားထောင်ခဲ့သနည်း။

ထာဝရဘုရားသည် ယုဒရှင်ဘုရင်၏ စကားကို နားထောင်ခဲ့ရခြင်းမှာ သူသည် နူးညံ့သောစိတ်ရှိ၍ ထာဝရဘုရားရှေ့တော်၌ ကိုယ်ကိုနှိမ့်ချခြင်း၊ ကိုယ်အဝတ်ကိုဆုတ်ခြင်း၊ ထာဝရဘုရားသည်ရှေ့မှာ ငိုကြွေးခြင်းကို ပြုသောကြောင့်ဖြစ်သည်။

2 Kings 22:20

ယုဒရှင်ဘုရင်သည် ဘာကို ကိုယ့်မျက်စိနှင့် မမြင်ဘဲ နေရလိမ့်မည်နည်း။

ယုဒရှင်ဘုရင်သည် ထာဝရဘုရား ရောက်စေအံ့သော ဘေးကို ကိုယ့်မျက်စိနှင့်မမြင်ဘဲ ထာဝရဘုရားသည် ဘိုးဘေးစုဝေးရာသို့ပို့ဆောင်လိမ့်မည်။

2 Kings 23

2 Kings 23:1-2

ရှင်ဘုရင်သည် မည်သူတို့၏ရှေ့တွင် ဗိမာန်တော်၌ တွေ့သော ပဋိညာဉ်ကျမ်းစာရှိသမျှကို ဖတ်ခဲ့သနည်း။

ရှင်ဘုရင်သည်ယုဒပြည်သူယေရုရှလင်မြို့သား၊ ယဇ်ပုရော ဟိတ်၊ ပရောဖက်၊ လူအကြီးအငယ်အပေါင်းတို့ရှေ့တွင်ဗိမာန်တော်၌တွေ့သော ပဋိညာဉ်ကျမ်းစာရှိသမျှကို ဖတ်ခဲ့သည်။

2 Kings 23:3

လူအပေါင်းတို့သည် ဘာကို ပြုလုပ်ရန် သဘောတူခဲ့ကြသနည်း။

လူအပေါင်းတို့သည် ပဋိညာဉ်စကားအတိုင်း ကျင့်ရန် သဘောတူခဲ့ကြသည်။

2 Kings 23:4-5

ရှင်ဘုရင်သည် ဘာကို ယေရုရှလင် မြို့ပြင်၊ ကေဒြုန်တော၌ မီးရှို့ခဲ့သနည်း။

ရှင်ဘုရင်သည် ဗာလဘုရား၊ အာရှရပင်၊ မိုဃ်းကောင်းကင် တန်ဆာအဘို့ လုပ်သမျှသော အသုံးအဆောင်တို့ကို ယေရုရှလင် မြို့ပြင်၊ ကေဒြုန်တော၌ မီးရှို့ခဲ့သည်။

2 Kings 23:6-7

ရှင်ဘုရင်သည် ဘယ်အခန်းများကိုဖျက်တော်မူခဲ့သနည်း။

ရှင်ဘုရင်သည် ဗိမာန်တော်ထဲတွင်ရှိသော ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာတို့၏အခန်းများကိုဖျက်တော်မူခဲ့သည်။

2 Kings 23:8-9

နံ့သာပေါင်းကိုမီးရှို့သော ယဇ်ပုရောဟိတ်တို့သည် မည်သည့်နေရာတွင် တဆေးမဲ့မုန့်ကို စားရသောအခွင့်ရှိခဲ့ကြသနည်း။

နံ့သာပေါင်းကိုမီးရှို့သော ယဇ်ပုရောဟိတ်တို့သည် ယေရုရှလင်မြို့တွင်တဆေးမဲ့မုန့်ကိုစားရသောအခွင့်ရှိခဲ့ကြသည်။

2 Kings 23:10-11

ယုဒရှင်ဘုရင်တို့သည် နေကိုပူဇော်သော မြင်းတို့သည် မည်သည့်နေရာတွင် ရှိခဲ့ကြသနည်း။

ယုဒရှင်ဘုရင်တို့သည် နေကိုပူဇော်သော မြင်းတို့သည် ဗိမာန် တော်ဝင်းပြင် အရာရှိနာသမ္မေလက်အိမ်နား၊ ဝင်းတော် တံခါးဝ၌ရှိပါသည်။

2 Kings 23:12-14

မည်သူသည် ဖျက်ဆီးခြင်းတောင်ကို တည်ဆောက်ခဲ့သနည်း။

ဣသရေလရှင်ဘုရင်ရှောလမုန်သည်ဖျက်ဆီးခြင်းတောင်ကို တည်ဆောက်ခဲ့သည်။

2 Kings 23:15-16

ယောရှိမင်းသည် ဗေသလမြို့၌ အရိုးတို့ကို ယဇ်ပလ္လင်ပေါ်မှာ အဘယ်ကြောင့် မီးရှို့ခဲ့သနည်း။

ယောရှိမင်းသည်အရိုးတို့ကို ယဇ်ပလ္လင်ပေါ်မှာ ညစ်ညူးစေရန်မီးရှို့တော်မူခဲ့သည်။

2 Kings 23:17-20

ယောရှိမင်းသည် မည်သူ၏အရိုးတို့ကိုမရွှေ့စေခဲ့သနည်း။

ယောရှိမင်းသည် ယုဒပြည်မှလာသော ဘုရားသခင့် လူ၏အရိုးနှင့် ရှမာရိမြို့မှ လာသောပရောဖက်အရိုး တို့ကိုမရွေ့ဘဲ ထားခဲ့သည်။

2 Kings 23:21-23

ပသခါပွဲကို မဆောင်ဘဲ နေခဲ့သောအချိန်သည် ဘယ်လောက်ကြာခဲ့ ပြီးပြီးလဲ။

ပသခါပွဲကို မဆောင်ဘဲ နေခဲ့သောအချိန်သည် ဣသရေလအမျိုးကို အုပ်စိုးသော တရားသူကြီးလက် ထက်မှစ၍၊ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင်လက်ထက်တစ်လျှောက် ပသခါပွဲကို မဆောင်ဘဲနေခဲ့ကြသည်။

2 Kings 23:24-25

ယောရှိမင်းသည် မည်ကဲ့သို့ ထာဝရဘုရားထံ ပြန်လှည့်လာခဲ့သနည်း။

ယောရှိမင်းသည် စိတ်နှလုံး အကြွင်းမဲ့အစွမ်းသတ္တိရှိသမျှနှင့် ထာဝရဘုရားထံ ပြန်လှည့်လာခဲ့သည်။

2 Kings 23:26-27

ထာဝရဘုရားသခင်၏ မည်သည့်အရာသည် မပြေခဲ့သနည်း။

ထာဝရဘုရားသခင်၏ ပြင်းစွာ အမျက် ထွက်သောစိတ်တော်သည် မပြေခဲ့ပေ။

2 Kings 23:28-30

မည်သူသည် ဥဖရတ်မြစ်တိုင်အောင် အာရှုရိရှင်ဘုရင်ကို စစ်ချီရန် သွားခဲ့သနည်း။

အဲဂုတ္တု ဖာရောဘုရင် နေခေါသည်ဥဖရတ်မြစ်တိုင်အောင် အာရှုရိရှင်ဘုရင်ကို စစ်ချီရန်သွားခဲ့သည်။

2 Kings 23:31-33

ဖာရောနေခေါသည်ယောခတ်ကို ဟာမတ်ပြည်၊ ရိဗလမြို့မှာ အဘယ်ကြောင့် အကျဉ်းထားခဲ့သနည်း။

ဖာရောနေခေါသည်ယောခတ်ကို ယေရုရှလင် မြို့မှာ မင်းမပြုစေခြင်းငှါ ဟာမတ်ပြည်၊ ရိဗလမြို့မှာ အကျဉ်းထားခဲ့သည်။

2 Kings 23:34-37

ယောယကိမ်သည် ဖာရောဘုရင်အားပေးရန်ငွေကို မည်ကဲ့သို့ ရရှိခဲ့သနည်း။

ယောယကိမ်သည် ဖာရောဘုရင်အားပေးရန်ငွေကို တပြည်လုံးတွင်အခွန်ဆက်ရန် မိန့်တော်မူခဲ့သည်။

2 Kings 24

2 Kings 24:1-2

ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့ဖြင့် ဘာကိုမိန့်တော်မူခဲ့သနည်း။

ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့ဖြင့် ယုဒပြည်ကို ဖျက်သိမ်းစေခြင်းငှါ၊ ခါလဒဲတပ်သား၊ ရှုရိတပ်သား၊ မောဘတပ်သား၊ အမ္မုန်တပ်သားတို့ကို စစ်ချီစေတော်ခဲ့သည်။

2 Kings 24:3-6

ထာဝရဘုရားသည် ဘာကို လွှတ်ရန် ဆန္ဒမရှိခဲ့သနည်း။

ထာဝရဘုရားသည် မနောရှမင်းပြုသော အပြစ်ကင်းသော သူတို့၏အသွေးနှင့် ယေရုရှလင်မြို့ကို ပြည့်စေသော အပြစ်များ ကိုလွှတ်ရန် ဆန္ဒမရှိခဲ့ပေ။

2 Kings 24:7-9

အဲဂုတ္တုရှင်ဘုရင်သည် ဘာအကြောင်းကြောင့် မိမိပြည်မှ မချီမထွက်ဘဲနေခဲ့ရသနည်း။

အဲဂုတ္တုရှင်ဘုရင်သည် မိမိပြည်မှ မချီမထွက်ဘဲနေခဲ့ရခြင်းမှာ အဲဂုတ္တုရှင်ဘုရင်ပိုင်သမျှသော မြေကို ဗာဗုလုန်ရှင်ဘုရင် သိမ်းယူသောကြောင့် ဖြစ်သည်။

2 Kings 24:10-12

နေဗုခဒ်နေဇာသည် ယုဒရှင်ဘုရင် ယေခေါနိကို မည်သည့်အချိန်တွင်ဖမ်းဆီးခဲ့သနည်း။

နေဗုခဒ်နေဇာသည် သူ၏ နန်းစံ ရှစ်နှစ်တွင် ယုဒရှင်ဘုရင် ယေခေါနိကို ဖမ်းဆီးခဲ့သည်။

2 Kings 24:13-14

မည်သူသည် တိုင်းပြည်တွင် ကျန်ခဲ့သနည်း။

သာမညဆင်းရဲသားများသာလျှင် တိုင်းပြည်တွင် ကျန်ခဲ့ကြသည်။

2 Kings 24:15-20

ဗာဗုလုန် ရှင်ဘုရင်သည် မဿနိကို အဘယ်မည်သို့ ပြောင်းပေးခဲ့သနည်း။

ဗာဗုလုန် ရှင်ဘုရင်သည် မဿနိကို ဇေဒကိအမည်သို့ ပြောင်းပေးခဲ့ပါသည်။

2 Kings 25

2 Kings 25:1-3

တိုင်းပြည်တွင် ပြည်သူတို့ သည် ဘာကြောင့် အစားအစာ မရှိခဲ့ရသနည်း။

မြို့တော်တွင် ပြင်းထန်သော အစာခေါင်းပါးမှုဖြစ်သောကြောင့် ပြည်သူတို့သည် အစားအစာ မရှိခဲ့ရခြင်းဖြစ်သည်။

2 Kings 25:4-5

စစ်သူရဲအပေါင်းတို့ သည် မည်သည့်နေရာသို့ ထွက်ပြေးခဲ့ကြသနည်း။

စစ်သူရဲအပေါင်းတို့ သည် ညဉ့်အခါ ပြေး၍ မြို့ရိုးနှစ်ထပ်စပ်ကြား ဘုရင့်ဥယျာဉ် တော်နားလမ်းအတိုင်း ပြေးခဲ့ကြသည်။

2 Kings 25:6-7

ဇေဒကိမင်း၏ သားတို့သည် လူအသက်ပေါင်းများစွာကို သတ်ခဲ့ပြီးနောက် ဇေဒကိမင်းသည် ဘာဖြစ်ခဲ့သနည်း။

ဇေဒကိမင်း၏ သားတို့သည် လူအသက်ပေါင်းများစွာကို သတ်ခဲ့ပြီးနောက် ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ၊ သူကိုကြေးဝါးကြိုးနှင့်ချည်နှောင်၍ ဗာဗုလုန်မြို့သို့ ယူသွား ခဲ့ကြသည်။

2 Kings 25:8-10

မည်သူသည် ယေရုရှလင်မြို့ရိုးရှိသမျှတို့ကို ဖြိုဖျက်ခဲ့သနည်း။

ကိုယ်ရံတော်မှူး၌ပါသော ခါလဒဲစစ်သူရဲ အပေါင်းတို့သည် ယေရုရှလင်မြို့ရိုးရှိသမျှတို့ကို ဖြိုဖျက်ခဲ့ကြသည်။

2 Kings 25:11-15

ကိုယ်ရံတော်မှူးသည် ဘာအကြောင်းကြောင့် ဆင်းရဲသားအချို့တို့ကိုထားခဲ့သနည်း။

ကိုယ်ရံတော်မှူးသည် စပျစ်ဥယျာဉ်ကိုပြုစု၍ လယ်လုပ်ဖို့အလို့ငှါဆင်းရဲသားအချို့တို့ကိုထားခဲ့ခြင်းဖြစ်သည်။

2 Kings 25:16-19

ကြေးဝါ ဘယ်လောက်များများ တိုင်နှစ်တိုင်တွင် ပါဝင်ခဲ့သနည်း။

အချိန်အားဖြင့် အတိုင်းမသိ များသောကြေးဝါသည်တိုင်နှစ်တိုင်တွင် ပါဝင်ခဲ့ပါသည်။

2 Kings 25:20-21

ဗာဗုလုန်ရှင်ဘုရင်သည် ကိုယ်ရံတော်မှူး၌ပါသော ခါလဒဲစစ်သူရဲ အပေါင်းတို့အားဖြင့် သိမ်းသွားခြင်းခံရသော လူများကို ဘာလုပ်ခဲ့သနည်း။

ဗာဗုလုန်ရှင်ဘုရင်သည် သူတို့ကို ဒဏ်ပေး၍ ကွပ်မျက်ခဲ့သည်။

2 Kings 25:22-24

ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် မည်သူ့ကို ယုဒပြည်၌ ကျန်ကြွင်းသေးသော လူတို့၏ မင်းအရာ၌ ခန့်အပ်ခဲ့သနည်း။

ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ဂေဒလိကို ယုဒပြည်၌ ကျန်ကြွင်းသေးသော လူတို့၏ မင်းအရာ၌ ခန့်အပ်ခဲ့သည်။

2 Kings 25:25-26

တပ်မှူးများနှင့် ပြည်သူပြည်သား အကြီးအငယ်အပေါင်းတို့သည် အဲဂုတ္တုပြည်သို့ အဘယ်ကြောင့် သွားခဲ့ကြသနည်း။

တပ်မှူးများနှင့် ပြည်သူပြည်သား အကြီးအငယ်အပေါင်းတို့သည် ခါလဒဲလူတို့ကို ကြောက် သောကြောင့် အဲဂုတ္တုပြည်သို့ သွားခဲ့ကြသည်။

2 Kings 25:27

ယေခေါနိသည် မည်သည့်အချိန်တွင် ထောင်ထဲမှ လွတ်မြောက်ခဲ့သနည်း။

ယေခေါနိသည် အချုပ်ခံရသော သက္ကရာဇ်သုံးဆယ်ခုနစ်နှစ်ပြည့်၊ ဝိလမေရောဒက်နန်းစံ ခါစတွင် ထောင်ထဲမှ လွတ်မြောက်ခဲ့သည်။

2 Kings 25:28-30

ယေခေါနိမင်းသည် မည်သည့်အစားစာကို စားခဲ့သနည်း။

ယေခေါနိမင်းသည် သူ့ဘဝတစ်လျှောက်လုံး ဘုရင့်စားပွဲတော်တွင်စားရသည်။ သူ့ဘဝတစ်လျှောက်လုံး စားစရာအဖို့ ပုံမှန်စီစဥ်ခွဲခန့်ပေးရသည်။