ဗမာစာ: tn

Updated ? hours ago # views See on DCS

Zephaniah

Zephaniah 1

Zephaniah 1:1-3

ယေဘုယျအချက်အလက်

၁း၂-၁၈ သည် ထာဝရဘုရား၏ တရားစီရင်ခြင်းကို ရည်ညွှန်းသည်။

ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား

"ထာဝရဘုရား မြွက်ဆိုသော နှုတ်ကပတ်တော်" (ရှု။ [[https://git.door43.org/Door43/en_ta/src/master/translate/figs-idiom/01.md]])

ထာဝရဘုရား

ဓမ္မဟောင်းကာလတွင် သူ၏ လူမျိုးများကို ဖော်ပြခဲ့သော ဘုရားသခင်၏ နာမတော်ဖြစ်သည်။ ထာဝရဘုရားနှင့် သက်ဆိုင်သော အမည်နာမကို ဘာသာပြန်ဆိုချက်တွင်ကြည်ရှုရန်။

ပြည်တစ်ပြည်လုံး၌ ရှိလေသမျှတို့ကို အကုန်အစင် ငါသုတ်သင်ပယ်ရှင်းမည်။ မြေတစ်ပြင်လုံး၌ရှိသော လူသတ္တဝါ တို့ကိုလည်း ငါပယ်ရှင်းမည်

ဤအကြောင်းအရာများသည် ဒုစရိုက် အပြစ်ပြုလုပ်သော သူ၏ လူမျိုးများကို ထာဝရ ဘုရားပြင်းထန်စွာ အမျက်တော်ထွက်ခြင်းဖြစ်ကြောင်း ရည်ရွယ်ပြီးပြောထားသည်။

သုတ်သင်ပယ်ရှင်း

သုတ်သင်ပယ်ရှင်း (ဖျက်ဆီးလိုက်ခြင်း) သည် သက်ဆိုင်သောအပိုင်းတစ်ခုမှ ပယ်ရှင်းခြင်းကို ဖော်ပြသည်။ (ရှု။ [[https://git.door43.org/Door43/en_ta/src/master/translate/figs-metaphor/01.md]])

Zephaniah 1:4-6

မာလခံ

"မာလခံ" ဟူသော အမည်သည် "မောလုတ်" ဘုရား၏ အခြားသောအမည်ဖြစ်သည်။ (ရှု။

Zephaniah 1:7-9

ထာဝရဘုရားသည် မိမိယဇ်ပွဲတော်ကို ပြင်ဆင်၍ ပွဲဝင်သော သူတို့ကို သန့်ရှင်းစေတော်မူပြီ

ဖော်ပြထားသော အသုံးအနှုန်းသည် ဘုရားသခင်၏ မဟာစီမံကိန်းကို သူ့လူမျိုးများအပေါ် ပြီးပြည့်စုံစေရန်အတွက် ရန်သူများကို မည်သို့ အသုံးချမည်ဖြစ်ကြောင်း ရေးသားထားသည်။ (ရှု ။ [[https://git.door43.org/Door43/en_ta/src/master/translate/figs-metaphor/01.md]] and [[https://git.door43.org/Door43/en_ta/src/master/translate/figs-explicit/01.md]])

ထူးခြားစွာ ဝတ်သောသူများ

ဤစကားစုတွင် တပါးအမျိုးသားများကဲ့သို့ ထူခြားစွာဝတ်ဆင်သော အစ္စရေးလူမျိုးများသည် တပါးအမျိုးသားများ၏ အကျင့်ဓလေ့ထုံးစံများ ကဲ့သို့ဖြစ်၍ အခြားသော ဘုရားများကို ကိုးကွယ်ကြောင်း ဖော်ပြထားသည်။

ထိုနေ့၌

ထာဝရဘုရား၏နေ့ရက်

သူတပါး၏ အိမ်တံခါးခုံကို ကျော်၍ အနိုင်အထက်ပြုခြင်း

"ဒဂါန်" ဟုခေါ်သော နတ်ဘုရားကို ကိုးကွယ်သည့် လူများကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်- "ဒဂါန်" နတ်ဘုရားကို ကိုးကွယ်သူများ (ရှု။

Zephaniah 1:10-11

ထာဝရဘုရားမိန့်တော်မူသည်ကား

အခြားသောဘာသာပြန်ဆိုချက်- "ထာဝရဘုရား ဘာကို မိန့်တော်မူကြောင်း" သို့မဟုတ် "ထာဝရဘုရား ဘာကို အလေးအနက်ပြောဆိုကြောင်း"

ငါးတံခါးဝ

မြို့ရိုး၌ ရှိသော တံခါးများမှ တစ်ခုသော ငါးတံခါးဖြစ်သည်။

ဒုတိယမြို့ ၌ ငိုကြွေးမြည်တမ်းသံ

အခြားသောဘာသာပြန်ဆိုချက်- "ဒုတိယမြို့၌ ငိုကြွေးမြည်တမ်းခြင်း" ဒုတိယမြို့သည် ယေရုစလင်၏ အားသစ်မာန်သစ်ဖြစ်သော အပိုင်းဟု အဓိပ္ပါယ် ရသည်။

တောင်ရိုး၌

ယေရုစလင်မြို့ကို ဝန်းရံထားသော တောင်ရိုးများကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်- "ယေရုစလင်မြို့ကို ဝန်းရံထားသော တောင်ရိုးများ"

ကုန်သည်အပေါင်းတို့သည် ပြတ်ကြပြီ။ ငွေကို ဆောင်သောသူ အပေါင်းတို့သည် ဆုံးကြပြီ

အခြားသောဘာသာပြန်ဆိုချက်- "ကုန်ပစ္စည်းများကို ရောင်းဝယ်သောကုန်သည်များသည် သတ်ဖြတ်ခြင်းကို ခံရမည်။"

Zephaniah 1:12-13

ငါသည် မီးခွက်ကိုကိုင်၍ ယေရုစလင်မြို့ကို စစ်ကြေညာမည်

ထာဝရဘုရား၏ မျက်မှောက်တော်မှ အဘယ်သူမျှ မပုန်းကွယ်နိုင် (မလွှတ်ကင်းနိုင်)

မိမိတို့အနည်အဖတ်ပေါ်၌ နေရာကျသော

ဒုက္ခဆင်းရဲခြင်းမှ လုံခြုံကွယ်ကာမှုကို ခံစားရရှိခြင်း (ရှု။[[https://git.door43.org/Door43/en_ta/src/master/translate/figs-idiom/01.md]])

အောက်မေ့လျက်

စိတ်ချစွာပြောဆိုသည်။ (ရှု။[[https://git.door43.org/Door43/en_ta/src/master/translate/figs-idiom/01.md]])

Zephaniah 1:14-16

နီးပြီ၊ နီးပြီ အလျင်အမြန်လာ၏

နှစ်ကြိမ်တိုင်အောင် အသုံးပြုထားသော "နီးပြီ" စကားလုံးနှင့် "အလျင်အမြန်လာ၏" စကားလုံးသည် အစ္စရေးလူများအပေါ် မကြာခင် ဖြစ်ပျက်လာမည့် ထာဝရဘုရား၏ တရားစီရင်ရာနေ့ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်- "နီးပြီ မကြာမီလာမည်" (ရှု။[[https://git.door43.org/Door43/en_ta/src/master/translate/figs-doublet/01.md]])

ထိုနေ့သည် အမျက်ထွက်သောနေ့၊ဆင်းရဲပူပန် ခြင်းကို ခံရသောနေ့၊ သုတ်သင်ပယ်ရှင်းဖျက်ဆီးရာနေ့၊ အလင်းကွယ်၍ မှောင်မိုက်သောနေ့၊ မိုဃ်းအုံ၍ ထူထပ် သောမှောင်မိုက်ဖုံးလွှမ်းသောနေ့၊ ခိုင်ခံ့သောမြို့၊ မြင့်သောရဲတိုက်တို့တဘက်၌ တံပိုးမှုတ်၍ ကြွေးကြော်ရာနေ့ဖြစ်၏။

ဤဖော်ပြချက်များသည် အင်မတန်မှ ကြောက်မက်ဖွယ်ကောင်းလှသော ထာဝရဘုရား၏ စီရင်ရာနေ့ကျရောက်လိမ့်မည်ဖြစ်ကြောင်း အလေးထားဖော်ပြထားသည်။ များစွာသော ပျက်စီးခြင်းလက္ခဏာများသည် ဖောက်ပြန်ဖျက်ဆီးတတ်သော သဘာဝတရားများနှင့် ဘုရားသခင်၏နောက်ဆုံးသောတရားစီရင်ခြင်းဖြင့် စုပုံဖျက်ဆီးမည်ဖြစ်ကြောင်းရေးသားထားသည်။

ဆင်းရဲပူပန်ခြင်းကိုခံရသောနေ့

"ဆင်းရဲဒုက္ခ" နှင့် "ပူပန်ခြင်းဝေဒနာ" ဟူသော အဓိပ္ပါယ်သည် လူများ၏ ဆင်းရဲပူပန်ခြင်းဝေဒနာ ပြင်းထန်စွာခံစားရခြင်းဖြစ်ကြောင်း ရည်ရွယ်ထားသည်။ အခြားသောဘာသာပြန်ဆိုချက်- "လူများဆင်းရဲ ဒုက္ခဆိုးရွားခံစားရသောနေ့" (ရှု။ [[https://git.door43.org/Door43/en_ta/src/master/translate/figs-doublet/01.md]])

သုတ်သင်ပယ်ရှင်းဖျက်ဆီးရာနေ့

သုတ်သင်ပယ်ရှင်းခြင်းသည် ဘုရားသခင်၏ စီရင်ခြင်းကို ရည်ညွှန်းသည်။ ဘုရားသခင်၏ စီရင်ခြင်းသည် ဖျက်ဆီးပယ်ရှင်းလိုက်သော မုန်တိုင်းကဲ့သို့ ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်- "သုတ်သင်ပယ်ရှင်းဖျက်ဆီးခြင်း မုန်တိုင်း" သို့မဟုတ် "စီရင်ဖျက်ဆီးသောနေ့" (ရှု။ [[https://git.door43.org/Door43/en_ta/src/master/translate/figs-doublet/01.md]] and [[https://git.door43.org/Door43/en_ta/src/master/translate/figs-metonymy/01.md]])

အလင်းကွယ်၍ မှောင်မိုက်သောနေ့

"အလင်းကွယ်၍ မှောင်မိုက်သော" ဟူသော စကားလုံး၏ အဓိပ္ပါယ်မှာ အလွန်ကြီးမားသော အမှောင်ထုကြီးကို ရည်ရွယ်ဖော်ပြထားသည်။ စကားလုံးနှစ်မျိုးလုံးသည် ဘေးဒုက္ခရောက်သောအချိန် သို့မဟုတ် ဘုရားသခင်၏ စီရင်ခြင်းကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်- "မှောင်အတိကျသောနေ့ရက်" သို့မဟုတ် "ကြောက်မက်ဖွယ်ကောင်းသော စီရင်ရာနေ့" (ရှု။ [[https://git.door43.org/Door43/en_ta/src/master/translate/figs-doublet/01.md]] and [[https://git.door43.org/Door43/en_ta/src/master/translate/figs-metonymy/01.md]])

မိုဃ်းအုံ၍ ထူထပ်သော မှောင်မိုက်ဖုံးလွှမ်းသောနေ့

ဤစကားစုသည် ဖော်ပြပြီးသောအကြောင်းအရာများနှင့် အဓိပ္ပါယ်တူညီသည်။ "မိုးတိမ်အုံ၍မှောင်မိုက်ဖုံးလွှမ်းသော" ဆိုသည်မှာ ဘုရားသခင်၏ စီရင်ခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်- "မိုဃ်းတိမ်ထူထပ်၍ အမှောင်အတိဖုံးလွှမ်းသောနေ့" (ရှု။ [[https://git.door43.org/Door43/en_ta/src/master/translate/figs-doublet/01.md]] and [[https://git.door43.org/Door43/en_ta/src/master/translate/figs-metonymy/01.md]])

တံပိုးမှုတ်၍ကြွေးကြော်ရာနေ့

"တံပိုးမှုတ်" နှင့် "ကြွေးကြော်" ဟူသော စကားလုံးသည် တူညီသောအခြေခံ သဘောတရားဖြစ်သည်။ နှစ်ခုလုံးမှာ ဘုရားသခင်၏ စစ်တိုက်ပွဲအတွက် စစ်သူရဲများကို အသင့်ပြင်ဆင်ဖို့ တိုက်တွန်းနှိုးဆော်ထားသည်။ အခြားသောဘာသာပြန်ဆိုချက်- "လူများစစ်တိုက်ပွဲအတွက် ကြွေးကြော်သောနေ့" (ရှု။ [[https://git.door43.org/Door43/en_ta/src/master/translate/figs-doublet/01.md]])

ခိုင်ခံ့သောမြို့၊ မြင့်သောရဲတိုက်များ

အင်အားကြီးမားသော စစ်တပ်ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက် "ကောင်းမွန်သော ခံတပ်မြို့များ" (ရှု။ [[https://git.door43.org/Door43/en_ta/src/master/translate/figs-doublet/01.md]])

Zephaniah 1:17-18

မျက်စိမမြင်သောသူကဲ့သို့ သွားကြလိမ့်မည်။ သူတို့အသွေးကို မြေမှုန့်ကဲ့သို့သွန်း၍ အသားကိုလည်း မစင်ကဲ့သို့ မှတ်ကြလိမ့်မည်။

ဤစကားစုများသည် ဖြစ်နေကျအကြောင်းအရာကို နှိုင်းယှဉ်ဖော်ပြထားသည်။ (ရှု။ [[https://git.door43.org/Door43/en_ta/src/master/translate/figs-simile/01.md]])

သူ၏ဒေါသ အမျက်တော်မီး

ထာဝရဘုရား၏ တန်ခိုးကြီးသော အမျက်တော် (ရှု။ [[https://git.door43.org/Door43/en_ta/src/master/translate/figs-metaphor/01.md]] and [[https://git.door43.org/Door43/en_ta/src/master/translate/figs-simile/01.md]])

Zephaniah 2

Zephaniah 2:1-3

အရှက်မရှိသော အမျိုးသားတို့၊ ကိုယ်ကိုစစ်ကြောကြလော့

ဤစကားစုများသည် အဓိပ္ပါယ်တူညီသည်။ လူမျိုးချင်းများအတူတကွလှုံ့ဆော် စုရုံးပြီးနောင်တရရှိစေဖို့ အလို့ငှာ အလေးအနက်မိန့်ဆိုသည်။ အခြားသောဘာသာပြန်ဆိုချက်- "အတူတကွ စုရုံးစည်းဝေးခြင်း" (ရှု။ [[https://git.door43.org/Door43/en_ta/src/master/translate/figs-doublet/01.md]])

အရှက်မရှိသောလူမျိုး

သူတို့၏ အပြစ်များအတွက် နောင်တမရသောလူမျိုး

သင်တို့အချိန်သည် ဖွဲကဲ့သို့ မလွန်မီ

"ဖွဲ" ဆိုသည်မှာ စွန့်ပစ်လိုက်သော ကောက်နှံများ၏ အခွံဖြစ်သည်။ ဤကဲ့သို့သော နေ့ရက်သည် အလျင်အမြန်ကျရောက်လိမ့်မည်။

ထာဝရဘုရား၏ ပြင်းစွာသောအမျက်တော်သည် သင်တို့အပေါ်သို့ မ‌ရောက်၊ ထာဝရဘုရား၏ အမျက်တော်နေ့သည် သင်တို့အပါ်သို့ မရောက်မီ

ထာဝရဘုရား၏ ကြောက်မက်ဖွယ်ကောင်းသော စီရင်ခြင်း‌ရောက်ရှိလာမည် ဖြစ်၍ လူများကို အစောတလျင် နောင်တရဖို့ အလေးအနက် ပ‌‌ရောဖက်ပြုထားသည်။ (ရှု။ [[https://git.door43.org/Door43/en_ta/src/master/translate/figs-parallelism/01.md]])

ထာဝရဘုရား၏ အမျက်တော်

ဘုရားသခင်၏ အပြစ်ဒဏ်ခတ်ရန် ရည်ရွယ်ညွှန်းဆိုသည်။ (ရှု။ [[https://git.door43.org/Door43/en_ta/src/master/translate/figs-metonymy/01.md]])

Zephaniah 2:4-5

အကယ်စင်စစ် ဂါဇမြို့သည် စွန့်ပစ်ရာ၊ အာရှ ကေလုန်မြို့သည် သုတ်သင် ပယ်ရှင်းရာဖြစ်လိမ့်မည်

လူများသည် မြို့များမှ အပြီးသတ် လျင်မြန်စွာ ပယ်ရှင်းခြင်းခံရမည်။

သင်၌ အဘယ်သူမျှ မနေစေခြင်းငှာ

အခြားသောဘာသာပြန်ဆိုချက်- "တစ်ဦးတစ်ယောက်မျှမရှိသည့်တိုင်"

Zephaniah 2:6-7

ပင်လယ်ကမ်းနားအရပ်သည် ကျက်စားရာ၊ သိုးထိန်းမှီခိုရာ၊ သိုးခြံလုပ်စရာဘို့ ဖြစ်လိမ့်မည်

ပင်လယ်ကမ်းနားဆိုသည်မှာ လူမျိုးတကာ စုဝေးခိုလှုံတဲ့နေရာဟု အဓိပ္ပါယ်ရပြီး "သိုးထိန်းမှီခိုရာ၊ သိုးခြံလုပ်စရာဘို့" ဆိုသည်မှာ တပါးအမျိုးသားများနေရာတွင် ကျန်ကြွင်းသော ယုဒလူမျိုးများနေထိုင်စားသောက်လိမ့်မည်ဟု အဓိပ္ပါယ်ရသည်။

သိုးခြံ

သိုးများကို လှောင်ထားသော သေးငယ်တဲ့ခြံ၊ စည်းရိုးဖြင့် အကာအကွယ် လုပ်ထားသောမြေကွက်

အိပ်စက်ခြင်း

အိပ်ယာပေါ် အိပ်စက်ခြင်း အဓိပ္ပါယ်

Zephaniah 2:8-11

ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား

"ထာဝရဘုရား မိန့်တော်မူသည့်အရာ" သို့မဟုတ် "ထာဝရဘုရားလေးနက်စွာ ပြောဆိုခဲ့သောအရာ"

Zephaniah 2:12-14

တံခါးတုပ်၌

"တံခါးတုပ်၊ တိုင်" သည် အဆောက်အအုံများ ပျက်စီးသွားသော်လည်းကျန်နေသည့် တိုင်များ တန်းများကို ဆိုလိုသည်။

တံခါးတုပ်၊ တိုင်များ

အဆောက်အဦးဆောက်လုပ်သည့်အခါ ထူထပ်၍ ရှည်လျားသော အဓိကတိုင်ကြီးကို ဆိုလိုသည်။

Zephaniah 2:15

ကဲ့ရဲ့သံကိုပြု၍ လက်ဖျားခါကြလိမ့်မည်

ကဲ့ရဲ့သံဟုဆိုရာတွင် ဒေါသကြောင့်ထွက်ပေါ်လာသောအသံဖြစ်သည်။ ဤစကားစုတွင် နီနဝေးမြို့ကို ဒေါသကြီးစွာဖြင့် ကဲ့ရဲ့ကြသော လူများကို‌ ဖော်ဆောင်ထားသည်။

Zephaniah 3

Zephaniah 3:1-2

နှုတ်ကပတ်တော် အသံကို နားမထောင်

ယေရုစလင်ရှိလူများသည် ဘုရားသခင်၏ စကားနှင့် သူ၏ ပရောဖက်များ ဆိုဆုံးမခြင်းကို နားမထောင်ခဲ့ကြပေ။

မိမိ ဘုရားသခင့်ထံတော်သို့ မချဉ်းကပ်

ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို နာခံလိုက်လျှောက်ဖို့ ဆန္ဒမရှိကြပေ။

Zephaniah 3:3-4

မြို့အလယ်၌ မင်းများတို့သည် ဟောက်သော ခြင်္သေ့ဖြစ်ကြ၏

အခြားသောဘာသာပြန်ဆိုချက်- 'ယေရုစလင်မြို့၏ ခေါင်းဆောင်ကြီးများသည် ရက်စက်ကြမ်းကြုတ်သည်" (ရှု။[[https://git.door43.org/Door43/en_ta/src/master/translate/figs-metaphor/01.md]])

တရားသူကြီးတို့သည် နံနက်တိုင်အောင်အဘယ်အရာကိုမျှ မချန်မထား၊ ညဉ့်၌လှည့်လည်တတ်သော တောခွေးဖြစ်ကြ၏။

အခြားသောဘာသာပြန်ဆိုချက်- တရားသူကြီးများသည် လူများ၏ ပစ္စည်းဥစ္စာများကို မတရားသဖြင့် အဓမ္မသိမ်းယူ ကြသည်။

ပရောဖက်တို့သည် လျှပ်ပေါ်သောသူ၊ သစ္စာပျက်သောသူဖြစ်ကြ၏

အခြားသောဘာသာပြန်ဆိုချက်- "ပရောဖက်တို့သည် မနာခံသောသူနှင့် သစ္စာမရှိသောသူများ" ဖြစ်ကြသည်။

Zephaniah 3:5

နံနက်အစီအတိုင်း မိမိဖြောင့်မတ်ကြောင်းကို မချွတ်မယွင်းဘော်ပြတော်မူ၏

အခြားသောဘာသာပြန်ဆိုချက်- ထာဝရဘုရား၏ တရားသောဖြောင့်မတ်ခြင်းကို ရှင်းလင်းစွာပြတော်မူ၏။

Zephaniah 3:6-7

လမ်းတို့၌ အဘယ်သူမျှ မသွားမလာစေခြင်းငှာ လူဆိတ်ညံစေပြီ။ မြို့တို့ကိုလည်း လူတစုံတယောက်မျှ မနေစေခြင်းငှာ ဖျက်ဆီးလေပြီ

ထာဝရဘုရားသည် မြို့များကို လုံးလုံးလျားလျား ဖျက်ဆီးမည်ဟူ၍ ရည်ရွယ်ချက် တစ်မျိုးတည်းကို နည်းလမ်း နှစ်မျိုးဖြင့် ပြောဆိုထားသည်။

Zephaniah 3:8

ထာဝရဘုရားမိန့်တော်မူသည်ကား

"ထာဝရဘုရားလေးနက် တည်ကြည်စွာပြောဆိုသည်"

ဘမ်းဆီးလုယက်ခြင်းငှာ ငါမထမှီ တိုင်အောင် ငါ့ကိုငံ့လင့်ကြလော့

ဖျက်ဆီး၊ လုယက်ခြင်းငှာ သူပုန်ထစေသည်။

တိုင်းနိုင်ငံပြည်သား အမျိုးမျိုးတို့ကို စု‌ဝေးစေ၍

ဤစကားစု နှစ်မျိုး၏ အဓိပ္ပာယ်မှာ ထာဝရဘုရားသခင်သည် တိုင်းနိုင်ငံပြည်သားအားလုံးကို တရားစီရင်မည်ဟူ၍ ရည်ရွယ်သည်။ (ရှု။ [[https://git.door43.org/Door43/en_ta/src/master/translate/figs-doublet/01.md]])

ငါ့အမျက်၊ ငါ့ဒေါသအရှိန်

"အမျက်" နှင့် "ဒေါသအရှိန်" စကားလုံးသည် ထာဝရဘုရားသခင်၏ အမျက်တော်ကို တည်ကြည်လေးနက်စွာ ရည်ရွယ်ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်- "အင်မတန် ပြင်းထန်သော ငါ့အမျက်တော်" (ရှု။ [[https://git.door43.org/Door43/en_ta/src/master/translate/figs-doublet/01.md]])

ငါ့ဒေါသမီးသည် မြေတပြင်လုံးကို လောင်ရလိမ့်မည်

ဤစကားစုသည် ထိရောက်စွာ ဖော်ပြထားသည်။ အခြားသောဘာသာပြန်ချက်- "သို့ဖြစ်၍ ငါ၏ အမျက်တော်မီးသည် မြေတပြင်လုံးကို ဖျက်ဆီးဝါးမျိုမည်" (ရှု။[[https://git.door43.org/Door43/en_ta/src/master/translate/figs-activepassive/01.md]])

ငါ့ဒေါသမီးသည် လောင်ရလိမ့်မည်

ဤအချက်တွင် ဖော်ပြထားသော‌ဒေါသသည် မီးကဲ့သို့ လောင်မြိုက်ဝါးမျိုသွားသည်။ (ရှု။ [[https://git.door43.org/Door43/en_ta/src/master/translate/figs-metaphor/01.md]]

Zephaniah 3:9-11

သန့်ရှင်းသော ဘာသာစကားကို သူတို့အား ငါပြန်ပေးမည်

ဘုရားသခင်သည် သူ၏လူမျိုးများကို မှန်ကန်တိကျစွာပြောဆို လာစေရန်လုပ်ဆောင်မည်ဟု အခြားသော နည်းလမ်းဖြင့်ပြောဆိုခြင်းဖြစ်သည်။ (ရှု။ [[https://git.door43.org/Door43/en_ta/src/master/translate/figs-metonymy/01.md]])

အမှုတော်ကို တညီတညွတ်တည်း ဆောင်ရွက်မည်အကြောင်း

လူမျိုးများသည် တညီတညွတ်တည်း စုရုံးပြီး ဘုရားသခင်၏ အမှုတော်ကို အလိုတော်နှင့် တာဝန်ထမ်းဆောင်ကြရန်ဖြစ်သည်။ (ရှု။ [[https://git.door43.org/Door43/en_ta/src/master/translate/figs-idiom/01.md]])

Zephaniah 3:12-13

သူတို့နှုတ်၌ လှည့်စားတတ်သောလျှာမရှိရ

အခြားသော ဘာသာပြန်ဆိုချက် " သူတို့နှုတ်၌ လှည့်စားတတ်သောလျှာကို မြင်ရလိမ့်မည်မဟုတ်" သို့မဟုတ် " လိမ်လည်လှည့်ဖျားသော ကိစ္စများကို ပြောမည်မဟုတ်" (ရှု။ [[https://git.door43.org/Door43/en_ta/src/master/translate/figs-activepassive/01.md]] and [[https://git.door43.org/Door43/en_ta/src/master/translate/figs-metonymy/01.md]])

စားသောက်လျက်၊ အိပ်လျက်နေရကြလိမ့်မည်

ထာဝရဘုရားသခင်သည် အစ္စရေးလူမျိုးများကို သိုးအုပ်စုများကဲ့သို့ စားကျက်တွင် စားသောက်လျက်၊ လုံခြုံစွာ နားခို ရကြလိမ့်မည် ဟုပြောဆိုသည်။

Zephaniah 3:14-18

ဇိအုန် သတို့သမီး

ယေရုစလင်မြို့၌ ရှိသော လူမျိုးအားလုံးကို ဆိုလိုသည်။

လက်အားမလျှော့စေနှင့်

အပြင်ပိုင်းအားနည်းခြင်းများကြုံလာသော်လည်း သင်၏ လက်များကူညီရာမဲ့သကဲ့သို့ (သို့မဟုတ်) စိတ်အားငယ် သကဲ့သို့ မဖြစ်စေရန် ရေးသားထားသည်။

Zephaniah 3:19-20

နာသောသူကို ချမ်းသာပေးမည်။ နှင်ထုတ်ခြင်းကို ခံရသောသူကို သင်းဖွဲ့စေမည်

ဤစကားစုသည် အနာအဆာဖြစ်သော သိုးများနှင့် အပယ်ခံထားရသော သိုးများကို ရည်ညွှန်းသည်။ ၎င်းသိုးများဟုဆိုရာတွင် ဆင်းရဲပင်ပန်းစွာခံစားရပြီး ကျွန်ပြုခြင်းခံနေရသည့် အစ္စရေးအမျိုးသားများ၏ ရုပ်သွင်ကို ပေါ်လွင်အောင် ဖော်ပြထားခြင်းဖြစ်သည်။

နာသောသူ

လူတွေကို ရည်ညွှန်းခြင်းဖြစ်သည် (သို့မဟုတ်) လမ်းမလျှောက်နိုင်သောသတ္တဝါများကို ဖော်ဆောင်သည်။

ချီးမွမ်းခြင်းဂုဏ်အသရေကို သင်တို့အားပေးမည်

"သင်တို့အား ချီးမွမ်းခြင်း ဂုဏ်အသရေကို ငါပေးမည်" ဟုဆိုရာတွင် "တစ်ပါးသောသူများသည် သင်တို့ကို ချီးမွမ်းကြလိမ့်မည်။"

ထိုကာလ၌ သင်တို့ကို တဖန် ငါဆောင်ခဲ့၍ စုဝေးစေသဖြင့်၊ သိမ်းသွားခြင်းကို ခံရသော သူတို့ကို သင်တို့ မျက်မှောက်၌ တဖန်ဆောင်ခဲ့ပြန်သောအခါ

ထာဝရဘုရားသခင်သည် ကျွန်ပြုခြင်းခံနေရသော လူမျိုးများကို မိမိ မွေးရပ်ဌာနေသို့ ခေါ်ဆောင်လာမည်ဟူ၍ အကြောင်းအရာနှစ်ခုကို တူညီသောအနက်အဓိပ္ပာယ်ဖြင့် ဖော်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက်- "ထိုကာလ၌ သင်တို့ကို စုရုံးစေပြီး သင်တို့ဌာနေသို့ ငါဆောင်လိမ့်မည်။ (ရှု။ [[https://git.door43.org/Door43/en_ta/src/master/translate/figs-parallelism/01.md]])