ဗမာစာ: tn

Updated ? hours ago # views See on DCS

Matthew

Matthew 1

Matthew 1:1-3

ယေဘုယအချက်အလက်

စာရေးသူမှ ယေရှုသည် အာဗြဟံနှင့်ဒါဝိတ်ဘုရင်မှ ဆင်းသက်သော သူ၏ဆွေစဉ်မျိုးဆက်ကို ဦးစွာ ရေးသားသည်။ သူ၏ဆွေစဉ်မျိုးဆက်ကို အခန်း ၁:၁၅ အထိဖော်ပြထားသည်။

ယေရှုခရစ်တော်၏ဆွေစဉ်မျိုးဆက်စာရင်းများမှာ

သင်သည် ဤအရာကို ပြည်စုံစွာ ဘာသာပြန်ဆိုရမည်။ အခြားသောဘာသာပြန်ဆိုချက် − ယေရှုခရစ်တော်၏ဘိုးဘွားစဉ်ဆက်စာရင်းများဖြစ်ပါသည်။

အာဗြဟံနှင့်ဒါဝိတ်၏သား

ယေရှုနှင့်ဒါဝိတ်၊ ဒါဝိတ်နှင့်အာဗြဟံတို့၏ကြားကာလတွင် မျိုးဆက် များစွာရှိသည်။ ဤနေရာတွင် "သား" ဟုဆိုခြင်းသည် "သားစဉ်မြေးဆက်"ကိုဆိုလိုခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် − အာဗြဟံမှဆင်းသက်သောဒါဝိတ်၏ ဆွေစဉ်မျိုးဆက်။

ဣဇက်၏ဖခင်ဖြစ်သောအာဗြဟံ

"အာဗြဟံသည် ဣဇက်၏ဖခင်" (သို့) "အာဗြဟံ၏သားဣဇက်" (သို့) "ဣဇက် အမည်ရှိသော အာဗြဟံ၏သား"။ သင်သည် အသွင်တစ်မျိုးဖြင့် ဘာသာပြန်ဆိုနိုင်သည်။ ဤနေရာတွင် သင်ပြန်ဆိုသောနည်းလမ်းသည် ယေရှု၏ဆွေစဉ်မျိုးဆက်များစာရင်းကို ဘာသာပြန်ရေးသားခြင်း၌ အကောင်းဆုံးဖြစ်ပါလိမ့်မည်။ (ရှု၊ figs-ellipsis)

ဖခင်ဣဇက်၊ ဖခင်ယာကုပ်

"ဖြစ်သည်"ဟူသည့် ဤစကားလုံးကို နားလည်နိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက် − "ဣဇက်သည် ဖခင်တစ်ဦးဖြစ်သည်"၊ "ယာကုပ်သည် ဖင်တစ်ဦးဖြစ်သည်"။

ဖာရက်နှင့်ဇာရ

ဟေဇရုံ၊ အာရံ

သူတို့သည် လူ၏အမည်နာမများဖြစ်သည်။ (ရှု၊ figs-ellipsis)

ဖခင်ဖာရက်

ဖခင် ဟေဇရုံ

"ဖြစ်သည်"ဟူသည့် ဤစကားလုံးကို နားလည်နိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက် − "ဖာရက်သည် ဖခင်တစ်ဦးဖြစ်သည်"၊ "ဟေဇရုံသည် ဖင်တစ်ဦးဖြစ်သည်"။ (ရှု၊ figs-ellipsis)

Matthew 1:4-6

ဖခင်အမိနဒပ်

ဖခင်နာရှုန်

"ဖြစ်သည်"ဟူသည့် ဤစကားလုံးကို နားလည်နိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက် − "အမိနဒပ်သည် ဖခင်တစ်ဦးဖြစ်သည်"၊ "နာရှုန်သည် ဖင်တစ်ဦးဖြစ်သည်"။ (ရှု၊ figs-ellipsis)

ဗောဇ၏ဖခင် စာလမုန်သည် ယာခပ်မှမွေးဖွါးသောသူဖြစ်သည်

"ဗောဇ၏ဖခင် စာလမွန်၊ ဗောဇ၏မိခင်သည် ယာခပ်ဖြစ်သည်" (သို့) "စာလမွန်နှင့်ယာခပ်သည် ဗောဇ၏မိဘဖြစ်သည်"။

ဗောဇဖခင်

သြဗက်ဖခင်

"ဖြစ်သည်"ဟူသည့် ဤစကားလုံးကို နားလည်နိုင်ပါသည်။ အခြားသောဘာသာပြန်ဆိုချက် − "ဗောဇသည် ဖခင်တစ်ဦးဖြစ်သည်"၊ "သြဗက်သည် ဖင်တစ်ဦးဖြစ်သည်"။ (ရှု၊ figs-ellipsis)

သြဗက်၏ဖခင် ဗောဇသည် ရုသမှမွေးဖွါးသောသူ

"သြဗက်၏ဖခင် ဗောဇ၊ သြဗက်၏မိခင်သည် ရုသဖြစ်သည်" (သို့) "ဗောဇနှင့်ရုသသည် ဗောဇ၏မိဘဖြစ်သည်"။

ရှောလမုန်သည် ဉရိယမယားမှ မွေးဖွါးသောသူ

"ဖြစ်သည်"ဟူသည့် ဤစကားလုံးကို နားလည်နိုင်ပါသည်။ "ရှောလမုန်၏ဖခင်ဒါဝိတ်၊ ရှောလမုန်၏မိခင်သည် ဥရိယမယားဖြစ်သည်" (သို့) "​ဒါဝိတ်နှင့်ဥရိယမယားသည် ရှောလမုန်၏ မိဘဖြစ်သည်။ (ရှု၊ figs-ellipsis)

ဥရိယမယား

"ဥရိယမယား မုဆိုးမ"။ ရှောလမုန်သည် ဥရိယသေဆုံးပြီးနောက် မွေးဖွါးသောသူဖြစ်သည်။

Matthew 1:7-8

အဘိယ၏ဖခင် ရောဗောင်၊ အာသဖခင် အဘိယ

၎င်းစကားလုံးနှစ်လုံးတွင် "ဖြစ်သည်"ဟူသော စကားလုံးကို နားလည်နိုင်ပါသည်။ "ရောဗောင်သည် အဘိယ၏ဖခင်ဖြစ်ပြီး၊ အဘိယသည် အာသ၏ဖခင် ဖြစ်သည်"။ (ရှု၊ figs-ellipsis)

Matthew 1:9-11

အာမုန်

ရံဖန်ရံခါ "အာမုတ်"ဟုခေါ်သည်။

ယောရှိသည် ယေခေါနိ၏မျိုးဆက်ဖြစ်သည်

"မျိုးဆက်"ဆိုသည့်စကားလုံးကို တိတိကျကျ ဖေါ်ပြနိုင်သည်။ အထူးသဖြင့် မိမိ၏အဖိုးများမတိုင်မီ အသက်ရှင်နေထိုင်ကြသော ဘေးများဟု ခေါ်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက် − "ယောရှိသည် ယေခေါနိ၏အဖိုးဖြစ်သည်"။

ဘာဘီလုံသို့စစ်သုံ့ပန်းဘ၀ရောက်စဉ်ကာလ

"ဘာဘီလုံသို့စစ်သုံ့ပန်းအဖြစ်ခေါ်ဆောင်စဉ်" (သို့) ဘာဘီလုံမြို့သားများမှ သူတို့အားသိမ်းပိုက် ခေါ်ဆောင်၍ ဘာဘီလုံမြို့၌ စစ်သုံ့ပန်းအဖြစ် အတင်းအဓမ္မစေခိုင်းစဉ်"။ "သင်၏ဘာသာစကားတွင် ဘာဘီလုံသို့ခေါ်ဆောင်ခြင်းခံရသူများဟု တိတိကျကျဖေါ်ပြရန်ခက်ခဲနေလျှင် "ဣသရေလလူမျိုးများ" (သို့) "ယုဒပြည်၌နေထိုင်ကြသော ဣသရေလလူမျိုးများ" ဟုခေါ်ဆိုနိုင်သည်။

Matthew 1:12-14

ဘာဘီလုံသို့စစ်သုံ့ပန်းအဖြစ်ခေါ်ဆောင်ပြီးနောက်

အလားတူစကားလုံးကို ၁း၉ တွင် အသုံးပြုထားသည်။

ရှာလသေလသသည် ဇေရုဗဗေလ၏မျိုးဆက်ဖြစ်သည်

ရှာလသေလသည် ဇေရုဗဗေလ၏အဖိုးဖြစ်သည်။

Matthew 1:15-17

ဆက်စပ်မှုဖေါ်ပြချက်

စာရေးသူမှ အခန်း ၁း၁ တွင် အစပြုသော ယေရှု၏မျိုးဆက်ကို အဆုံးသတ်သည်။

ယေရှုကို မွေးဖွါးပေးသော မာရိ

ဤဝေါဟာရကို ပြုလုပ်သူဖြင့်ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "ယေရှုကို မွေးဖွါးပေးသော မာရိ"။ (ရှု၊ figs-activepassive)

ခရစ်တော်အဖြစ်ခေါ်ဝေါ်ခြင်း

ဤဝေါဟာရကို ပြုလုပ်သူဖြင့်ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "လူများမှ ခရစ်တော်ဟုခေါ်ဆိုသောယေရှု"။ (ရှု၊ figs-activepassive)

တစ်ဆယ့်လေး

"၁၄" (ရှု၊ ဘာသာပြန်ကိန်းဂဏာန်း)

ဘာဘီလုံသို့ စစ်သုံ့ပန်းအဖြစ်ခေါ်ဆောင်ခြင်း

အလားတူစကားလုံးကို ၁း၉ တွင် အသုံးပြုထားသည်။

Matthew 1:18-19

ယေဘုယျဖေါ်ပြချက်

စာရေးသူမှ ယေရှု၏မွေးဖွါးခြင်းနှင့်ဆိုင်သော ဇာတ်ဝင်ခန်းသစ်ကို အစပြုရေးသားသည်။

သူ၏မိခင်မာရိသည် ယောသပ်နှင့်လက်ထပ်ထိမ်းမြားရန် စေ့စပ်ထားသည်

"သူ၏မိခင်မာရိသည် ယောသပ်နှင့်လက်ထပ်ထိမ်းမြားလိမ့်မည်"။ မိဘများသည် သားသမီးများ၏လက်ထပ်ထိမ်းမြှားခြင်းကိစ္စကိုစီစဉ်ရသည်။ အခြားသောဘာသာပြန်ဆိုချက် - "ယေရှု၏မိခင် မာရိ၏မိဘများမှ သူမသည် ယောသပ်နှင့်လက်ထပ်ထိမ်းမြှားရန် ကတိကဝတ်ပြုခဲ့ပြီးဖြစ်သည်"။ (ရှု၊ figs explicit)

တစ်လုံးတစ်ဝတည်းမဖြစ်မီ

"လက်မထပ်မီ"။ ဤအကြောင်းအရာမှ မာရိနှင့်ယောသပ်သည် အတူတကွအိပ်ခဲ့လိမ့်မည်ဟု ဆိုဖွယ်ရှိသည်။ အခြားသောဘာသာပြန်ဆိုချက် - "အတူတကွမအိပ်မီ"။ (ရှု၊ figs euphemism)

သူမသည် ကိုယ်ဝန်ဆောင်သည်ဟု သိရသည်

ဤဝေါဟာရကို ပြုလုပ်သူဖြင့်ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "သူမသည် ကလေးမွေးတော့မည်ဟု သူတို့သည် သိကြသည်" (သို့) "သူမသည် ကိုယ်ဝန်ဆောင်ကြောင်း ထင်ရှား၏"။ (ရှု၊ figs activepassive)

ဝိညာဉ်တော်အားဖြင့်

သူမသည် လူယောက်ျားနှင့်မအိမ်မီ သန့်ရှင်းသောဝိညာဉ်တော်သည် သူမအား ကိုယ်ဝန်လွယ် စေသည်။

သူမခင်ပွန်း ယောသပ်

ယောသပ်သည် မာရိအားလက်မထပ်မီ၊ လူယောကျ်ားနှင့်လူမိန်းတို့သည် တစ်ဦးနှင့်တစ်ဦးလက်ထပ်ထိမ်းမြှားရန် ကတိကဝတ်ပြုကြသောအခါ အတူမအိပ်ကြသော်လည်း လင်မယားအရာမြောက်ကြောင်း ယုဒလူမျိုးများမှ မှတ်ယူကြသည်။ အခြားသောဘာသာပြန်ဆိုချက် - "မာရိကို လက်ထပ်ထိမ်းမြားရမည့် ယောသပ်" (သို့) "ယောသပ်" (ရှု၊ figs explicit)

သူမနှင့်စေ့စပ်ခြင်းကို ဖျက်သိမ်းခြင်း

"သူတို့၏လက်ထပ်ထိမ်းမြှားရန်ကိစ္စကို ဖျက်သိမ်းသည်"

Matthew 1:20-21

သူ၏စိတ်ကူးတွင်

"ယောသပ် ထင်ထားသည့်အတိုင်း

သူ၏အိမ်မက်တွင် ထင်ရှားလာခဲ့သည်

ယောသပ်သည် အိမ်မက် မက်စဉ်တွင် သူ့ထံသို့ရောက်လာသည်

ဒါဝိတ်၏သား

ဤနေရာတွင် "သား" ဆိုသည်မှာ "မျိုးဆက်"ကို ဆိုလိုသည်။

သူမလွယ်ထားသောကိုယ်ဝန်သည် ဝိညာဉ်တော်အားဖြင့် လွယ်ထားသော ကိုယ်ဝန်ဖြစ်သည်

ဤဝေါဟာရကို ပြုလုပ်သူဖြင့်ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "သန့်ရှင်းသောဝိညာဉ်တော်သည် သူမအား သူငယ်တော်ကို ကိုယ်ဝန်ဆောင်စေတော်မူ၏" (ရှု၊ figs activepassive)

သူမသည် သားယောကျ်ားကို မွေးဖွါးမည်

အဘယ်ကြောင့်ဆိုသော်၊ ဘုရားသခင်သည် ကောင်းကင်တမန်အားစေလွှတ်သဖြင့် ကောင်းကင်တမန်မှ သူငယ်တော်သည် သားယောကျ်ားဖြစ်မည်အကြောင်း သိ၏"။

သူ၏အမည်နာမကို သင်ခေါ်ဆိုရမည် မှာ

"သင်သည် သူ၏အမည်နာမ မှည့်ခေါ်ရမည်" (သို့) "သင်သည် သူ၏အမည်နာမကို ပေးရမည်"။ ၎င်းသည် အမိန့်ဖြစ်သည်။

ကယ်တင်မည့်သူဖြစ်သောကြောင့်

ဘာသာပြန်သူမှ "'ယေရှု'ဆိုသည် အမည်နာမသည် 'ကိုယ်တော် ကယ်တင်သည်'"ဟူ၍ အောက်ခြေမှတ်ချက် ပေးပါလိမ့်မည်။

သူ၏လူမျိုး

ဤစကားလုံးသည် ယုဒလူများကို ညွှန်းဆိုသည်။

Matthew 1:22-23

ယေဘုယျအချက်အလက်

စာရေးသူသည် ပရောဖက်ဟေရှာယမှ သမ္မာကျမ်းစာတွင်ဖေါ်ပြထားသော ယေရှု၏မွေးဖွါးခြင်းကို ကိုးကားဖေါ်ပြသည်။ (ရှု၊ writing background)

ထိုအမှုအရာအလုံးစုံ ဖြစ်ခဲ့သည်

ကောင်းကင်တမန်သည် နုတ်ဆိတ်ခဲ့သည်။ ရှင်မဿဲသည် ယခုကောင်းကင်တမန်ပြောဆိုသောအရေးပါသည့်အကြောင်းအရာကို ရှင်းပြနေသည်။

ပရောဖက်အားဖြင့် ဘုရားသခင်ပြောဆိုသောအရာ

ဤဝေါဟာရကို ပြုလုပ်သူဖြင့်ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "ရှေးလွန်လေပြီးသောအရာများကို ရေးမှတ်ရန် ဘုရားသခင်သည် ပရောဖက်ဟေရှာယအားမိန့်မှာခြင်း" (ရှု၊ figs activepassive)

ကြည့်လော့၊ ဧမာနွေလ

ဤနေရာတွင် ရှင်မဿဲသည် ပရောဖက်ဟေရှာယကို ကိုးကားဖေါ်ပြသည်။

ကြည့်လော့

"ကြည့်ပါ" (သို့) "နားထောင်ပါ" (သို့) " ခင်ဗျားကို ကျွန်တော်ပြောပြမည့် အကြောင်းကို အာရုံစိုက်ပြီး နားထောင်ပေးပါ"။ ဤစကားလုံးသည် နောက်မှဆက်ပြောမည့်အရေးကို အသားပေးသည်။

ဧမာနွေလ

ပုရိသအမည်နာမဖြစ်သည်။ (ရှု၊ translate names)

ဆိုလိုသည်မှာ "ဘုရားသခင်သည် ငါတို့နှင့်အတူရှိသည်"။

ဟေရှာယကျမ်းတွင် ထိုဝေါဟာရ မရှိပါ။ ရှင်မဿဲမှ "ဧမာနွေလ" အမည်နာမကို ရှင်းပြသည်။ သီးခြားဝါကျတစ်ခုအဖြစ် သင်ပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက် - "ထိုအမည်နာမ၏ဆိုလိုရင်းမှာ 'ဘုရားသခင်သည် ငါတို့နှင့်အတူ ရှိ၏'"။

Matthew 1:24-25

ဆက်စပ်မှုဖေါ်ပြချက်

စာရေးသူသည် ယေရှု၏မွေးဖွါးခြင်းအကြောင်းကို ဦးတည်ရေးသားပြီး နိဂုံးချုပ်သည်။

ဘုရားသခင်၏ကောင်းကင်တမန်မှမိန့်မှာသည့်အတိုင်း

ကောင်းကင်တမန်မှ ယောသပ်အား မာရိကို မိမိ၏မယားအဖြစ် မှတ်ယူရန်နှင့်သူငယ်ယေရှုအားအမည်မှည့်ဆိုရန် ပြောဆိုသည်။

သူသည် သူမအား မယားအဖြစ်မှတ်ယူသည်

"သူသည် မာရိအား လက်ထပ်သည်"

သားအဖြစ်

"ပုရိသသားငယ်" (သို့) "သားအဖြစ်"။ ယောသပ်သည် ဖခင်ရင်းအဖြစ် သစ္စာမဖေါက်ကြောင်း တိကျသေချာသည်။

ပြီးလျှင် "သူ၏အမည်ကို ယေရှုဟု အမည်ပေးသည်"

"ယောသပ်မှ သူငယ်ကို ယေရှုဟု အမည်ပေးသည်"

Matthew 2

Matthew 2:1-3

ယေဘုယျအချက်အလက်

အသစ်သောဇတ်ကြောင်းများကို ဤနေရာတွင် အစပြုပြီး ဤအခန်းအဆုံးအထိဆက်လက်ဖေါ်ပြသည်။ စာရေးသူမှ ဟေရုတ်ရှင်ဘုရင်သည် ယုဒလူမျိုးများ၏ရှင်ဘုရင်အား အဆုံးစီရင်ရန်အတွက် ကြိုးစားပုံကို ပြောဆိုသည်။

ယုဒပြည်ရှိဗက်လင်

"ယုဒပြည်ဗက်လင်မြို့" (UDB)

ဟေရုတ်ရှင်ဘုရင်အုပ်စိုးသောကာလ

"ဟေရုတ်သည် ထိုအရပ်၌ ရှင်ဘုရင်ဖြစ်သောအချိန်"

ဟေရုတ်

မဟာဟေရုတ်မင်းကြီးကို ရည်ညွှန်းသည်။

ပညာတတ်များ

"နက္ခပညာတတ်ကျွမ်းသောသူများ" (UDB)

အရှေ့အရပ်မှ

"ယုဒပြည်အရှေ့အရပ် အလှမ်းဝေးသောတိုင်းနိုင်ငံမှ"

ယုဒလူမျိုးများ၏ဘုရင်အဖြစ်မွေးဖွါးသောသူသည် အဘယ်မှာနည်း?

နက္ခလေ့လာခြင်းအားဖြင့် မင်းလောင်းတစ်ပါးမွေးဖွါးပြီးကြောင်းကို သူတို့သည် သိကြ၏။ ထိုသူရှိသောအရပ်ကို သူတို့သည် စူးစမ်းလေ့လာနေခဲ့ကြသည်။ အခြားသောဘာသာပြန်ဆိုချက် - "ယုဒလူမျိုးများ၏ဘုရင်ဖြစ်လာမည့်သူငယ်သည် မွေးဖွါးပြီ"။ "သူဘယ်မှာလဲ?"

ထိုသူ၏ကြယ်တာရာ

ထိုသူငယ်သည် ကြယ်တာရာ၏ အရှင်သခင်ဖြစ်ကြောင်းကို သူတို့သည် မပြောဘဲတိတ်ဆိတ်နေကြ၏။ အခြားသောဘာသာပြန်ဆိုချက် - "ကြယ်တာရာသည် ထိုသူ၏အကြောင်းကို ပြောသည်" (သို့) "ကြယ်တာရာသည် ထိုသူ၏မွေးဖွါးခြင်းနှင့်ဆက်နွယ်နေသည်"။

အရှေ့အရပ်တွင်

"အရှေ့အရပ်မှ ထွက်ပေါ်လာစဉ်" (သို့) "ကျွန်တော်တို့သည် မိမိဌာနေတိုင်းပြည်၌ နေစဉ်တွင်"

ကိုးကွယ်ခြင်း

လက်ခံနိုင်ဖွယ်ရှိသောအဓိပ္ပါယ်များမှာ (၁) သူတို့သည် သူငယ်တော်ကို ဘုရားအဖြစ်ကိုးကွယ်ရန်၊ သို့မဟုတ် (၂) လောကီဘုရင်တစ်ပါးအဖြစ် ဂုဏ်ပြုရန်။ သင်၏ဘာသာစကားတွင် အဓိပ္ပါယ်နှစ်မျိုးလုံးပေါ်လွင်သော ထိုစကားလုံးရှိလျှင် ထိုစကားလုံးကို သင်အသုံးပြုသင့်သည်။

သူသည် စိတ်သောက ရောက်ခဲ့သည်

"သူသည် စိတ်သောကရောက်ခဲ့သည်"။ ထိုသူငယ်သည် ဘုရင်အဖြစ်အစားထိုးနေရာယူလာမည်ကို ဟေရုတ်ဘုရင်သည် စိုရိမ်ပူပန်ခဲ့သည်။

ယေရုရှလင်မြို့သားများအားလုံး

ဤနေရာတွင် "ယေရုရှလင်"သည် "လူများ"ကို ညွှန်းဆိုသည်။ ထိုကဲ့သို့ပင်၊ "အားလုံး"သည် "အမြောက်အမြား"ကို ဆိုလိုခြင်းဖြစ်သည်။ ရှင်မဿဲမှ လူများစွာ စိတ်သောကရောက်ကြောင်းကို အထူးအသားပေး၍ ပုံကြီးချဲ့ဖေါ်ပြသည်။ အခြားသောဘာသာပြန်ဆိုချက် - "ယေရုရှလင်မြို့ရှိများစွာသောလူများ" (UDB) (ရှု၊ figs_ metonymy|Metonymy and figs_hyperbole |Hyperbole)

Matthew 2:4-6

ယေဘုယျအချက်အလက်

အခန်းငယ် ၆တွင် ခရစ်တော်သည် ဗက်လင်မြို့တွင် မွေးဖွါးလာမည့်အကြောင်း ပရောဖက်မိက္ခာမှ ဖေါ်ပြခြင်းကို ယဇ်ပရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာများမှ ကိုးကားပြောဆိုကြသည်။

ယုဒပြည် ဗက်လင်မြို့

"ယုဒပြည် ဗက်လင်မြို့"

ဤအကြောင်းအရာကို ပရောဖက်တစ်ပါးမှ ရေးသားခဲ့သည်။

ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "ဤအကြောင်းအရာကို လွန်ခဲ့ပြီးသောအချိန်တွင် ပရောဖက်တစ်ပါးမှ ရေးသားခဲ့သည်"။ (ရှု၊ figs-activepassive)

ဗက်လင်မြို့ သင်သည် ယုဒခေါင်း ဆောင်များတွင် အငယ်ဆုံးသောသူမဟုတ်ဘူး။

မိက္ခာမှ ဗက်လင်မြို့သားများသည် သူနှင့်အတူမရှိသော်လည်း ရှိသကဲ့သို့ စကားပြောသည်။ ထိုကဲ့သို့ပင်၊ "အငယ်ဆုံးသောသူမဟုတ်" ဟူသော စကားစုကို ပိုမိုလှပပီပြင်သော စကားစုတစ်ခုအဖြစ် ဘာသာပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက် - "အသင်၊ ဗက်လင်မြို့သားတို့ ... သင်တို့မြို့သည် ယုဒပြည်၌ အရေးပါအရာရောက်ဆုံးသောမြို့ဖြစ်သည်" (ရှု၊figs_apostrophe and figs_litotes)

ကျွန်တော်၏လူ ဣသရေလလူမျိုးကို အဘယ်သူသည် ဦးဆောင်မည်နည်း

မိက္ခာမှ သိုးထိန်းကို အုပ်ချုပ်သူအဖြစ် ပြောဆိုသည်။ သူသည် သူ၏ လူများကို ဦးဆောင်၊ စောင့်ရှောက်ပြုစုသောသူဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "သိုးထိန်းသည် သူ၏သိုးစုကိုဦးဆောင်သကဲ့သို့ အဘယ်သူသည် ငါ့လူများကို ဦးဆောင်မည်နည်း" (ရှု၊ figs_metaphor)

Matthew 2:7-8

ဟေရုတ်မှ ပညာရှိများကို တိတ်တဆိတ်ခေါ်တွေ့ခြင်း

မည်သူကိုမျှအသိမပေးဘဲ ပညာရှိများကိုတွေ့ဆုံစကားပြောခြင်းကို ဆိုလိုသည်။

ထိုကြယ်သည် မည်သည့်အချိန်နာရီတွင် ထင်ရှားပေါ်ထွက်လာသည်ကို အတိအကျမေးမြန်းရန်အလို့ဌာ

တိုက်ရိုက်ကိုးကားပြီး ဘာသာပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက် - "ထိုနောက် 'မည်သည့်အချိန်တွင် ကြယ်သည် ပေါ်ထွက်လာခဲ့ပါသနည်း' ဟု သူတို့ကို မေးမြန်းတော်မူ၏"။

ကြယ်ပေါ်ထွက်လာသောအချိန်

ပညာရှိများမှ ပေါ်ထွက်လာသောကြယ်နှင့်ဆက်စပ်သောအကြောင်းအရာကို ထိုသူအားပြောပြကြသည်။ အခြားသောဘာသာပြန်ဆိုချက် - "မည်သည့်အချိန်တွင် ကြယ်ပေါ်ထွက်လာပါသနည်း။ ပညာရှိများမှ ကြယ်၏ ဦးစွာပေါ်ထွက်လာသောအချိန်နာရီကို ဟေရုတ်အားပြောပြကြသည်"။ (ရှု၊ figs_explicit)

လူငယ်

ယေရှုကို ညွှန်းဆိုသည်။

ပြန်လာပြောပြကြပါ

ဤနေရာ "စကား" ဟုရေးသားခြင်းသည် "သတင်းစကား" (သို့) "သတင်း"ဟူသော ဝေါဟာရနှင့် တစ်ထပ်တည်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "သိပါရစေ" (သို့) "ပြောပြပါ" (သို့) "ပြန်ပြီး သတင်းပို့ပေးပါ" (ရှု၊ figs metonymy)

သူ့ကို ကိုးကွယ်ပါ

ဤအရာကို အခန်း ၂း၁တွင် ဘာသာပြန်ဆိုပြီးဖြစ်ပါသည်။

Matthew 2:9-10

သူတို့ ...ပြီးနောက်

ပညာရှိများ ...ပြီးနောက်

အရှေ့အရပ်တွင် မြင်ခဲ့ကြပြီးနောက်

"အရှေ့အရပ်မှ ထွက်ပေါ်လာခြင်းကို မြင်ခဲ့ကြသည်" (သို့) "သူတို့တိုင်းပြည်တွင် မြင်ခဲ့ကြသည်"။

သူတို့ရှေ့၌ သွားသည်

"သူတို့အား လမ်းညွှန်သည်" (သို့) "သူတို့အား လမ်းပြသည်"။

ရပ်တန့်နေသည်

"အထက်၌ ရပ်နေသည်"

သူငယ်တော်ရှိသောအရပ်

"သူငယ်တော်ရှိသောအရပ်တွင်"

Matthew 2:11-12

ဆက်စပ်မှုဖေါ်ပြချက်

ဤနေရာတွင် မာရိ၊ ယောသပ်နှင့်သူငယ်တော်ရှိသောနေအိမ်ဟု ဇတ်အိမ်ပြောင်းသွားသည်။

သူတို့ထွက်သွားသည်

ပညာရှိများ ထွက်သွားကြသည်။

သူတို့၏ဘဏ္ဍာများ

ဤနေရာတွင် "ဘဏ္ဍာများ"ဟုဆိုခြင်းသည် ဘဏ္ဍာများထည့်ထားသော သေတ္တာများ (သို့) အိတ်များဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "ဘဏ္ဍာများထည့်ထား သောသေတ္တာ (ရှု၊ figs metonymy)

ဘုရားသခင်သည် သူတို့အား သတိပေးသည်

"နောက်မှ ဘုရားသခင်သည် သူတို့အား သတိပေးတော်မူသည်"။ ဟေရုတ်မှ သူငယ်အား အန္တရာယ်ပေးလိုသည်ကို ဘုရားသခင်သည် သိတော်မူ၏။

ဟေရုတ်ထံသို့ ပြန်မသွားရန်

ဤအရာကို တိုက်ရိုက်ကိုးကား ဘာသာပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက် - "ထိုသို့ဆိုသည်မှာ၊ ဟေရုတ်ဘုရင်ထံသို့ ပြန်မသွားပါနဲ့"။ (ရှု၊ figs quotations)

Matthew 2:13-15

ယေဘုယျအချက်အလက်

အခန်းငယ် ၁၅ တွင် ခရစ်တော်သည် အဲဂုတ္တုပြည်တွင် အခြေချနေထိုင်မည်အကြောင်း စာရေးသူမှ ပရောဖက် ဟောရှေကို ကိုးကားဖေါ်ပြသည်။

သူတို့ထွက်ခွါသွားခဲ့သည်

"ပညာရှိများ ထွက်ခွါသွားသည်"

ထလော့။ ယူ၍ ... ပြေးလော့ ... နေထိုင်လော့။

ဘုရားသခင်သည် ယောသပ်အား စကားပြောတော်မူသည်ဟု ဆိုရာတွင် တစ်ခုကိန်းများကို အသုံးပြု ရေးသားသည်။

ယောသပ်၏အိမ်မက်တွင် ထင်ရှားလာသည်ကား

"အိမ်မက် မက်နေစဉ်တွင် ယောသပ်ထံသို့ ရောက်လာခဲ့သည်"

ငါပြောဆိုသည်တိုင်အောင်

ဖေါ်ပြထားသောအချက်အလက်များသည် တိကျရှင်းလင်းသည်။ အခြားသောဘာသာပြန်ဆိုချက် - "တဖန်ငါပြောဆိုသည်တိုင်အောင် သင်သည် လုံခြုံစွာပြန်လာရမည် (ရှု၊ figs explicit)

ငါပြောဆိုသည်

ဤနေရာတွင် "ငါ"ဟုပြောဆိုခြင်းသည် ဘုရားသခင်ကို ရည်ညွှန်းသည်။ ကောင်းကင်တမန်မှ ဘုရားသခင်အား ပြောဆိုခြင်းဖြစ်သည်။

ထိုပြည်၌ နေ၏

ယောသပ်၊ မာရိနှင့်ယေရှုသည် အဲဂုတ္တု၌ နေထိုင်ကြသည်ဟု ဆိုလိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "ထိုပြည်၌ နေထိုင်ကြသည်" (ရှု၊ figs explicit)

ဟေရုတ်မင်းကြီး အနိစ္စရောက်သည်တိုင်အောင်

အခန်း ၂း၁၉ တိုင်အောင် ဟေရုတ်မင်းကြီးသည် အနိစ္စ မရောက်သေးပါ။ ဤအကြောင်းအရာမှ အဲဂုတ္တုတွင် သူတို့နေထိုင်သည့် အချိန်ကာလကို ဖေါ်ပြသော်လည်း၊ ထိုအချိန်ကာလတွင် ဟေရုတ်အနိစ္စရောက်သည်ဟု ဆိုလိုခြင်း မဟုတ်ပါ။

အဲဂုတ္တုပြည်မှ ငါ့သားကို ငါခေါ်ခဲ့ပြီ

"ငါ့သားကို အဲဂုတ္တုပြည်မှ ငါခေါ်ခဲ့ပြီ"

ငါ့သား

ဟောရှေကျမ်းတွင် ထိုစကားလုံးသည် ဣသရေလလူများကို ရည်ညွှန်းသည်။ ရှင်မဿဲမှ ထိုစကားလုံးကို ကိုးကားပြီး ဘုရားသခင်၏သား အစစ်အမှန်ဖြစ်သော ယေရှု ဟုပြောဆိုသည်။ သားဟူသည် အမည်နာမကို တစ်ပါးတည်းသောသားတော် (သို့) သားဦးအဖြစ် ဘာသာပြန်ဆိုနိုင်သည်။

Matthew 2:16

ဆက်စပ်သောဘာသာပြန်ဆိုချက်

ဤနေရာတွင် ဟေရုတ်အဖြစ် ဇတ်အိမ် တဖန်ပြောင်းပြီး၊ ပညာရှိများမှ သူ့အားလှည့်စားသွားသောအကြောင်းကို သိသောအခါ သူသည် မည်ကဲ့သို့လုပ်ဆောင်သည်ကို ပြောဆိုသည်။

ယေဘုယျဖေါ်ပြချက်

စာရေးသူမှ အခန်း၂း၁၃တွင် ဖေါ်ပြထားသော အကြောင်းအရာသည် ဟေရုတ်အနိစ္စ မရောက်မီ ဖြစ်ပျက်သောအကြောင်းအရာ ဖြစ်သည် (ရှု၊ figs events)

သူ့ကို ပညာရှိများမှ သရော်ခဲ့ကြသည်

ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "ပညာရှိများမှ သူ့ကိုလှည့်ဖြားခြင်းအားဖြင့် အရှက်ရစေသည်"။ (ရှု၊ figs-activepassive)

သူငယ်ယောကျ်ားအပေါင်းတို့ကို သတ်စေသည်။

ဟေရုတ်မှ သူကိုယ်တိုင် သူငယ်ယောကျ်ားများအား မသတ်ပါ။ အခြားသောဘာသာပြန်ဆိုချက် - "သူငယ်ယောကျ်ားအားလုံးကို သတ်ရန် သူ၏စစ်သည်တော်များအား အမိန့်ပေးခဲ့သည်" (သို့) "သူငယ်ယောကျ်ား အားလုံးကို သတ်ရန် စစ်သားများကို စေလွှတ်သည်" (ရှု၊ figs -explicit)

နှစ်နှစ်အရွယ်မှစ၍၊ ထိုအရွယ်အောက်

"နှစ်နှစ်အရွယ်နှင့် ထိုအရွယ်ထက် ငယ်သောသူ" (UDB) (ရှု၊ translate numbers)

အချိန်ကာလကို ထောက်၍

"အချိန်ကာလတွင် အခြေပြုပြီး"

Matthew 2:17-18

ယေဘုယျအချက်အလက်

စာရေးသူသည် သမ္မာကျမ်းတွင် ပရောဖက်ယေရမိမှ ဗက်လင်အရပ်ရှိ သူငယ်ယောကျ်ားအားလုံးသေရမည်ဟု ရေးသားထားခြင်းကို ကိုးကားဖေါ်ပြထားသည်။

ထိုအခါ၌ အမှန်ကျသတည်း

ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "ပြည့်စုံပြီ" (သို့) "ဟေရုတ်၏လုပ်ဆောင်ခြင်း ပြည့်စုံပြီ" (ရှု၊ figs activepassive)

ပရောဖက် ယေရမိ‌ဟောဘူးသည်ကား

ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "လွန်လေပြီးသောအချိန်အခါက ပရောဖက်ယေရမိအားဖြင့် ဘုရားသခင်မှ ပြောခဲ့သောစကား" (ရှု၊ figs activepassive)

အသံကိုကြားရ၍ ... သူတို့မရှိတော့ပြီ

မဿဲသည် ပရောဖက်ယေရမိကျမ်းကို ကိုးကားဖေါ်ပြသည်။

အသံကိုကြားရ၍

ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "လူတွေက အသံကြားသည်" (သို့) "ကြယ်လောင်သောအသံ ကြားနေရသည်" (ရှု၊ figs activepassive)

ရာခေလသည် သူမကလေးများအတွက် ငိုကြွေးသည်

ထိုကာလမတိုင်မီ ရာခေလသည် နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သည်။ ရာခေလသည် သူမ၏မျိုးဆက်များအတွက် ငိုကြွေးရင်း သေဆုံးခဲ့ကြောင်း ပရောဖက်ပြုချက်ရှိခဲ့သည်။

သူမ စိတ်မပြေနိုင်

ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "မည်သူမျှ သူမအားနှိမ့်သိမ့်မှု မပေးနိုင်ပေ" (ရှု၊ figs activepassive)

မိမိသားတို့ မရှိသောကြောင့်

"အဘယ်ကြောင့်ဆိုသော် သူငယ်များသည် အပြန်မရှိသောအရပ်သို့ ထွက်သွားကြပြီ"။ ဤနေရာတွင် "အပြန်မရှိ"ဟုသုံးနှုံးခြင်းသည် သေသည်ဟူသောစကားကို သိမ်မွေ့စွာ အသုံးပြုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုခြင်း - "အဘယ်ကြောင့်ဆိုသော် သူတို့သေသည်" (ရှု၊ figs euphemism)

Matthew 2:19-21

ဆက်စပ်မှုဖေါ်ပြချက်

ဤနေရာတွင် ယောသပ်၊ မာရိနှင့်သူငယ်တော်နေထိုင်ရာ အဲဂုတ္တုအဖြစ် ဇာတ်အိမ်တဖန်ပြောင်းသည်။

ကြည့်ရှုလော့

ဤစကားလုံးမှ ကြီးမားသောဇာတ်အိမ်ကြီးတစ်ခုတွင် အခြားသောအကြောင်းအရာ စတင်ဖေါ်ပြကြောင်း အချက်ပြသည်။ ယခင်အကြောင်းအရာများတွင် မပါဝင်သော လူပုဂ္ဂိုလ်များ ပါဝင်လာကြသည်။ သင်၏ဘာသာစကားတွင် ဖေါ်ပြရန် အဆင်ပြေပါလိမ့်မည်။

သူငယ်တော်၏အသက်ကို ရှာသောသူများ

ဤနေရာတွင် "သူငယ်အသက်ကို ရှာသည်"ဟုပြောဆိုခြင်းသည် သူငယ်ကို သတ်လိုကြသည်ဟု ဆိုလိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "ထိုသူတို့သည် သူငယ်တော်ကို သတ်ရန် ရှာဖွေကြသည်" (ရှု၊ figs euphemism)

ရှာသောသူများ

ဤစကားလုံးသည် ဟေရုတ်ရှင်ဘုရင်နှင့်သူ၏အကြံပေးများကို ရည်ညွှန်းသည်။

Matthew 2:22-23

ဆက်စပ်မှုဖေါ်ပြချက်

ဤအကြောင်းအရာသည် ဟေရုတ်ရှင်ဘုရင်မှ ယုဒရှင်ဘုရင်သစ်ကို သတ်ဖြတ်ရန်ကြိုးစားခြင်းကို အခန်း ၂း၁တွင် အစပြုရေးသားသော ဇာတ်ကြောင်း၏ နိဂုံးဖြစ်သည်။

သို့သော် သူသည် ကြားသောအချိန်

"သို့သော် ယောသပ်သည် ကြားသောအချိန်တွင်"

အာခေလ

ဟေရုတ်သား၏အမည် ဖြစ်သည် (ရှု၊ translate names)

သူသည် ထိန့်လန့်သည်

"ယောသပ်သည် ထိန့်လန့်သည်"

ပရောဖက်တို့၏နှုတ်ထွက်နှင့်အညီ

ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "လွန်လေပြီးသောအချိန်အခါက ပရောဖက်များအားဖြင့် ဘုရားသခင်မှ ပြောခဲ့သောစကား" (ရှု၊ figs activepassive)

ထိုသူကို နာဇရက်မြို့သားဟု ခေါ်ဝေါ်ကြလတ္တံ

ဤနေရာတွင် "သူ"သည် ခရစ်တော်ကို ရည်ညွှန်းသည်။ ယေရှုမတိုင်မီ ပရောဖက်များမှ ထိုသူကို မေရှိယ (သို့) ခရစ်တော်ဟု ပြောဆိုကြသည်။ အခြားသောဘာသာပြန်ဆိုချက် - "လူများမှ ခရစ်တော်ကို နာဇရက်မြို့သားဟု ပြောကြလိမ့်မည်"။ (ရှု၊ translate-names)

Matthew 3

Matthew 3:1-3

ယေဘုယျအချက်အလက်

ဤနေရာတွင် စာရေးသူမှ နှစ်ခြင်းဆရာယောဟန်၏အမှုဆောင်ခြင်း ကဏ္ဍသစ်ကို အစပြုရေးသားသည်။ အခန်းငယ် ၃တွင် နှစ်ခြင်းဆရာယောဟန်သည် ယေရှု၏အမှုဆောင်ခြင်းအတွက် ကြိုတင်ပြင်ဆင်ရန်အလို့ငှာ ဘိတ်သိတ်ပေးထားသောတမန်ဖြစ်ကြောင်း ပရောဖက်ဟေရှာယမှ ဖေါ်ပြခြင်းကို ကိုးကားရေးသားသည်။

ထိုကာလအခါ

ဤအချိန်ကာလသည် ယောသပ်နှင့်သူ၏မိသားစုများမှ အဲဂုတ္တုပြည်ကို စွန့်ခွါပြီး နာဇရက်မြို့သို့ ထွက်ခွါသွားသော နှစ်ကာလများစွာကို ပြောဆိုခြင်းဖြစ်သည်။ ထိုအချိန်ကာလသည် ယေရှုမှ အမှုတော်မြတ်စတင်ဆောင်ရွတ်သောအချိန်ကာလနှင့် အနီးစပ်ဆုံးဖြစ်ပါလိမ့်မည်။ အခြားသောဘာသာပြန်ဆိုချက် - "လွန်လေပြီးသောအချိန်ကာလတွင်" (သို့) "လွန်လေပြီးသောနှစ်ကာလတွင်"။

နောင်တ

ဤစကားလုံးသည် ဗဟုဝုစ်ကိန်းဖြစ်သည်။ ယောဟန်မှ လူစုကို ပြောခြင်းဖြစ်သည်။

ကောင်းကင်နိုင်ငံတော် တည်လုနီးပြီ

"ကောင်းကင်နိုင်ငံတော်"ဟူသောဝေါဟာရသည် ဘုရားသခင်အုပ်စိုးသောအရပ်ကို ဆိုလိုခြင်းဖြစ်သည်။ ဤဝေါဟာရကို ရှင်မဿဲကျမ်းတွင်သာ ဖေါ်ပြထားသည်။ ဖြစ်နိုင်လျှင် ထိုဝေါဟာရကို သင်၏ဘာသာပြန်ဆိုခြင်းတွင် "ကောင်းကင်"ဟူ၍ ပြန်ဆိုပါ။ အခြားသောဘာသာပြန်ဆိုချက် - "ကောင်းကင်ဘုံ၌ ရှိတော်မူသော ကျွန်တော်တို့ ဘုရားသခင်သည် သူ့ကိုယ်သူ ဘုရင်ဖြစ်ကြောင်း ဖေါ်ပြလာမည်" (ရှု၊ figs-metonymy)

ပရောဖက်ဟေရှာယ ဟောဘူးသည်ကား

ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "ပရောဖက်ဟေရှာယမှ နှစ်ခြင်းဆရာယောဟန်အကြောင်းကို ဟောပြောခဲ့သည်" (ရှု၊ figs_activepassive|Active or Passive)

တော၌ဟစ်ကျော်သောသူ၏အသံမှာ

ဝါကျတစ်ခုအဖြစ်ဖေါ်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက် - "တော၌ ဟစ်အော်သော အသံကို ကြားရ၏" (သို့) "တော၌ ဟစ်အော်သောသူ၏အသံကို သူတို့သည် ကြားကြ၏"။

ထာဝရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့။ လမ်းခရီးတော်ကို ဖြောင့်စေကြလော့

ဤစကားစု နှစ်ခုသည် အဓိပ္ပါယ်တူညီသည်။ (ရှု၊ figs parallelism)

ထာဝရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့

"သခင်ဘုရားအတွက် လမ်းကို အသင့်ပြင်ကြလော့"။ ဤအရာကို လုပ်ဆောင်ခြင်းသည် သခင် လာသောအချိန်တွင် သူ၏သတင်းစကားကို ကြားနားရန်အတွက် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်သည်။ လူများသည် ဒုစရိုက်အပြစ်မှနောင်တရခြင်းအားဖြင့် ထိုအမှုအရာကို လုပ်ဆောင်ကြသည်။ အခြားသောဘာသာပြန်ဆိုချက် - "သခင် လာသောအချိန် သူ၏သတင်းစကားကို ကြားနာရန်အတွက် ကြိုတင်ပြင်ဆင်ကြလော့" (သို့) "နောင်တရ၍ သခင်လာသောအချိန်နာရီအတွက် အဆင်သင့်ဖြစ်ကြလော့" (ရှု၊ figs_metaphor and figs_explicit)

Matthew 3:4-6

တော၌ဖြစ်သောပျားရည် ... လျက်

အဓိကဇာတ်အိမ်တစ်ခုကို ခေတ္တရပ်နားခြင်းတွင် "လျက်"ဟူသောစကားလုံးကို အသုံးပြုသည်။ ဤနေရာတွင် ရှင်မဿဲမှ နှစ်ခြင်းဆရာယောဟန်၏ နောက်ခံသမိုင်း ကြောင်း အချက်အလက်ကို ပြောပြသည်။ (ရှု၊ writing background)

ကုလားအုပ်အမွေးနှင့်ရက်သော အဝတ်ကိုဝတ်လျက်၊ ခါး၌သားရေခါးပန်းကို စည်း လျက်

အထူးသဖြင့် ပရောဖက် ဧလိယကဲ့သို့သော ရှေးလွန်လေပြီးသော ပရောဖက်များနည်းတူ ယောဟန်သည် ပရောဖက်တစ်ဦးဖြစ်ကြောင်း ၎င်းအဝတ်အစားမှ လက္ခဏာပြသည် (ရှု၊ translate_symaction and figs_explicit)

ထိုအခါ ယေရုရှလင်မြို့မှစ၍ ယုဒပြည်သူပြည်သား၊ ယော်ဒန်မြစ်နားမှာနေသောသူအပေါင်း

ဤအရာသည် ထိုအရပ်ဒေသများတွင် နေထိုင်သောသူများကို ညွှန်းသည်။ ဤနေရာတွင် "အားလုံး"ဟု ဆိုလိုခြင်းသည် "အများ"ကို ဆိုလိုသည်။ အဘယ်မျှလောက်သောသူသည် နှစ်ခြင်းဆရာယောဟန်ထံ သွားသနည်း ဆိုသည့်အရာကို ရှင်မဿဲမှ အထူးအလေးထားသည် (ရှု၊ figs_metonymy and figs_hyperbole)

ဗတ္တိဇံကို ခံကြ၏

ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "ယောဟန်မှ သူတို့အား နှစ်ခြင်းမင်္ဂလာပေးသည်" (ရှု၊ figs_activepassive)

သူတို့

၎င်းစကားလုံးသည် ယောဒန်မြစ် ပတ်ဝန်းကျင်ရှိ ယေရုရှလင်မြို့၊ ယုဒပြည်နှင့် အခြားသောအရပ်ဒေသများမှ လာသောသူများကို ရည်ညွှန်းသည်။

Matthew 3:7-9

ယေဘုယျအချက်အလက်

နှစ်ခြင်းဆရာယောဟန်မှ ဖာရိရှဲနှင့်ဇဒ္ဒုကဲများကို စတင်ရုတ်ချသည်။

အချင်းမြွေဆိုးအမျိုးတို့

ခိုင်းနှိုင်းပြောဆိုသော စကားဖြစ်သည်။ "အမျိုး"ဟုပြောဆိုခြင်းသည် "ထိုလက္ခဏာရှိခြင်း"ကို ဆိုလိုသည်။ အဆိပ်ရှိသောမြွေများသည် အန္တရာယ်ရှိသကဲ့သို့ မကောင်းဆိုးဝါးကို ဆိုလိုခြင်းဖြစ်သည်။ ဤအရာကို သီးခြားဝါကျဖြင့် ဖေါ်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက် - "အဆိပ်ရှိသော မကောင်းဆိုးဝါး မြွေဆိုးများ" (သို့) "သင်တို့သည် အဆိပ်ရှိသောမြွေဆိုးများကဲ့သို့ မကောင်းဆိုးဝါးများဖြစ်ကြသည်" (ရှု၊ figs_metaphor)

ရောက်လုသောသေဒဏ်မှ ပြေးသွားစိမ့်သောငှာ၊ အဘယ်သူသည် သင်တို့ကို သတိပေး ဘိသနည်း။

အပြစ်ပြုလုပ်ခြင်းကို ရပ်နားလိုခြင်းဆန္ဒတစ်စိုးတစ်စင်မျှမရှိဘဲ ဘုရားသခင်၏အပြစ်ပေးခြင်းမှ လွတ်မြောက်ရန်အလို့ငှာ ယောဟန်ထံသို့ နှစ်ခြင်းမင်္ဂလာခံယူခြင်းကို တောင်းခံကြသော ဖာရှိရှဲနှင့်ကျမ်းတတ်ပုဂ္ဂိုလ်များကို ရှုတ်ချပြစ်တင်သော ယောဟန်၏မေးခွန်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "ဤနည်းဖြင့် သင်တို့သည် ဘုရားသခင်၏အမျက်တော်မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး" (သို့) "သင်တို့ကို ငါနှစ်ခြင်းမင်္ဂလာပေးခြင်းသက်သက်အားဖြင့် လွတ်မြောက်ခြင်းရမည်ဟု မထင်ကြနှင့်"။ (ရှု၊ figs_rquestion)

ရောက်လုသောသေဒဏ်မှ ပြေးသွားစိမ့်သောငှာ၊

"အမျက်ဒေါသ"ဟူသော စကားလုံးအသုံးပြုခြင်းသည် ဘုရားသခင်၏အပြစ်ပေးခြင်းကို ရည်ညွှန်းသည်။ အဘယ်ကြောင့်ဆိုသော်၊ အမျက်ဒေါသနောက်တွင် အပြစ်ပေးခြင်းသည် တဆက်တည်းဖြစ်လာသည်။ အခြားသော ဘာသာပြန်ဆိုချက် - "ရောက်လုသော အပြစ်ပေးခြင်းမှ အဝေးသို့ ပြေးရှောင် ကြလော့" (သို့) "ဘုရားသခင်သည် သင်တို့ကို အပြစ်ပေးလုပြီဖြစ်၍ လွတ်ရာသို့ ထွက်သွားကြပါ" (ရှု၊ figs_metonymy)

နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့

ဤနေရာတွင် "ထိုက်တန်သောအကျင့် ကျင့်ခြင်း"ဟု ခိုင်းနှိုင်းဖေါ်ပြခြင်းသည် လူတစ်ဦး၏လုပ်ဆောင်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "သင်အမှန်တကယ် နောင်တရခြင်းကို သင်၏ လုပ်ဆောင်ခြင်းအားဖြင့် ထင်ရှားပါစေ" (ရှု၊ figs_metaphor)

အာဗြဟံသည် ငါတို့အဘဖြစ်သည်

"အာဗြဟံသည် ငါတို့ ဘိုးဘေးများဖြစ်သည်" (သို့) "ကျွန်တော်တို့သည် အာဗြဟံမှ ဆင်းသက်သော အမျိုးများဖြစ်သည်"။ ယုဒခေါင်းဆောင်များမှ အာဗြဟံ၏အမျိုးအနွယ်ကို ဘုရားသခင်သည် အပြစ်ပေးလိမ့်မည် မဟုတ်ဟု ထင်မှတ်ကြသည်။ (ရှု၊ figs_explicit)

ငါအမှန်ဆို၏

ဤဖြည့်စွတ်ချက်သည် ယောဟန်ပြောလုသောအရာကို အသားပေးကြောင်း ဖေါ်ပြချက်ဖြစ်သည်။

ဘုရားသခင်သည် ဤကျောက်ခဲတို့မှ အာဗြဟံတို့ကို ထုတ်ဘော်ဖန်ဆင်းနိုင်တော်မူသည်

"ဘုရားသခင်သည် ဤကျောက်ခဲများမှ မျက်မြင်ရသော မျိုးဆက်များကို ဖန်ဆင်းပြီး အာဗြဟံအားပေးနိုင်စွမ်းရှိသည်"

Matthew 3:10-12

ယေဘုယျအချက်အလက်

နှစ်ခြင်းဆရာယောဟန်သည် ဖာရိရှဲနှင့်ကျမ်းတတ်ပုဂ္ဂိုလ်များကို ဆက်လက် ရုတ်ချသည်။

သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည်ဖြစ်၍၊ ကောင်းသောအသီးမသိးသောအပင် ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်ရ၏။

ဤပုံဥပမာမှ ဘုရားသခင်သည် အပြစ်သားများအား ပြစ်ဒဏ်ပေးရန် အဆင်သင့်ဖြစ်နေကြောင်း ဖေါ်ပြသည်။ ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "မကောင်းသောအသီး သီးနေသောအပင်မှန်သမျှကို ခုတ်ဖြတ်၍ မီးရှို့ရန်အတွက် ဘုရားသခင်သည် မိမိ၏အနားတွင် အရန်သင့် ပုဆိန်ကို ထားသည်" (သို့) "မကောင်းသောအသီး သီးနေသောအပင်များကို ခုတ်ဖြတ်ရန်အတွက် လူတစ်ဦးသည် မိမိ၏အနီးတွင် ပုဆိန်ကို အရန်သင့်ထားသကဲ့သို့ ဘုရားသခင်သည် သင်၏အပြစ်အတွင် အပြစ်ဒဏ်ပေးရန် အဆင်သင့် အရန်သင့် ဖြစ်နေသည်" (ရှု၊ figs metaphor and figs_activepassive)

နောင်တအဖို့အဘို့အလိုငှါ

"သင် နောင်တရရန် ဖေါ်ပြခြင်း"

မိမိကောက်နယ်တလင်းကို ရှင်းလင်းစေသဖြင့်

ခရစ်တော်သည် မိမိကောက်နယ်တလင်းကို ရှင်းလင်းရန်အတွက် ခက်ရင်းခွကို ကိုင်နေသောသူနှင့်တူသည်။

မိမိကောက်နယ်တလင်း

"သူ၏ မြေကွက်" (သို့) "အဖျင်းမှဆန်ရရန်အတွက် လုပ်ဆောင်ရသော မြေကွက်"

မိမိဂျုံစပါးကို ကျီ၌ စုသိမ်းသွင်းထား၍၊ အဖျင်းကိုကား မငြိမ်းနိုင်သောမီးနှင့် ရှိတော်မူလတံ့

ဆိုးသွမ်းသောသူများအထဲမှ ဖြောင့်မတ်သောသူများကို ဘုရားသခင်မှ ရွေးနုတ်မည့်အကြောင်းကို ပုံပမာဖေါ်ပြခြင်းဖြစ်သည်။ လယ်သမားမှ သူ၏စပါးကို စပါးကျီတွင် သိုထားသကဲ့သို့ ဖြောင့်မတ်သောသူသည် ကောင်းကင်နိုင်ငံတော်သို့ ချီးမြှောက်ခြင်းခံရမည်ဖြစ်ပြီး၊ အဖျင်းကဲ့သို့သောသူများကို မငြိမ်းနိုင်သောမီးဖြင့် ဘုရားသခင်မှ စီရင်မည်အကြောင်း ဖေါ်ပြသည်။ (ရှု၊ figs_metaphor)

မငြိမ်းနိုင်သောမီး

ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "မငြိမ်းနိုင်သောမီး" (ရှု၊ figs_activepassive)

Matthew 3:13-15

ဆက်စပ်သောအချက်အလက်

နှစ်ခြင်းဆရာယောဟန်မှ ယေရှုကို နှစ်ခြင်းပေးသောအချိန်ကာလသို့ ဇာတ်အိမ်သည် ဤနေရာတွင် ပြောင်းသွားသည်။

ယောဟန်မှ ဗတ္တိဇံပေးသည်

ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "ထိုကြောင့် ယောဟန်မှ သူအား ဗတ္တိဇံကိုပေးသည်" (ရှု၊ figs_activepassive)

အကျွန်ုပ်သည် ကိုယ်တော်ထံ၌ ဗတ္တိဇံကိုခံရမည် အကြောင်းရှိပါသည်ဖြစ်၍၊ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူသလော

သူမျှော်လင့်မထားသော ယေရှု၏တောင်းဆိုမှုသည် ယောဟန်အတွက် အံ့အားသင့်စရာ မေးခွန်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "ကျွန်တော်ထက် ကိုယ်တော်သည် သာ၍မြတ်ပါသည်၊၊ ကျွန်တော်သည် ကိုယ်တော်အား နှစ်ခြင်းပေးရန် မဖြစ်ထိုက်ပါ။ ကိုယ်တော်သာ ကျွန်တော်အား နှစ်ခြင်းမဂ်လာပေးရန် သင့်မြတ်ပါသည်"။ (ရှု၊ figs_rquestion)

ကျွန်တော်တို့သည်

ဤနေရာတွင် "ကျွန်တော်တို့" ဟူသည့် စကားလုံးသည် ယေရှုနှင့်ယောဟန်ကို ဆိုလိုသည်။ (ရှု၊ figs_exclusive)

Matthew 3:16-17

ဆက်စပ်မှုဖေါ်ပြချက်

ဤနေရာတွင် နှစ်ခြင်းဆရာယောဟန်၏ အကြာင်းအချို့နှင့် ယေရှုခရစ်ကို နှစ်ခြင်းမဂ်လာပေးပြီး ဖြစ်ပျက်သောအကြောင်းအရာများကို အဆုံးသတ် နိဂုံးချုပ်သည်။

ယေရှုသည်ဗတ္တိဇံကိုခံတော်မူပြီးလျှင်

ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "ထိုကြောင့် ယောဟန်မှ ယေရှုအား ဗတ္တိဇံကိုပေးပြီးနောက်" (ရှု၊ figs_ activepassive)

ကြည့်ကြပါ

ဤနေရာတွင် ဖေါ်ပြထားသော "ကြည့်ကြလော့" ဆိုသည့် စကားလုံးသည် အံ့အားသင့်စရာဖြစ်သောအဖြစ်အပျက်တစ်ခုကို အာရုံစိုက်ရန် သတိပေးခြင်းဖြစ်သည်။

ကောင်းကင်ဖွင့်လှစ်သဖြင့်

ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "ယေရှုက ကောင်းကင်ဖွင့်လှစ်ခြင်းကို မြင်တယ်" (သို့) "ဘုရားသခင်မှ ကောင်းကင်များကို ခရစ်တော်မြင်စေရန် ဖွင့်လှစ်ပေးတယ်" (ရှု၊ figs_ activepassive)

ချိုးငှက်ကဲ့သို့ ဆင်းသက်၍

ဆိုလိုသည့် အဓိပ္ပါယ်များမှာ - 1) သန့်ရှင်းသော ဝိညာဉ်သည် ချိုးငှက်ကဲ့သို့ အသွင်ဆောင်ခြင်းကို ရိုးရှင်းစွာ ဖေါ်ပြခြင်းဖြစ်သည်။ 2) ချိုးငှက်သည် ညင်သာစွာ ဆင်းသက်သကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှုထံ ညင်သာစွာ ဆင်းသက်ခြင်းကို ခိုင်းနှိုင်းဖေါ်ပြခြင်း ဖြစ်သည်။ (ရှု၊ figs_simile)

ကောင်းကင်က အသံတော်ကား

"ယေရှုသည် ကောင်းကင်က အသံတော်ကို ကြားသည်"။ "အသံ"ဟုပြောဆိုခြင်းသည် ဘုရားသခင်မှ စကားပြောခြင်းကို ဆိုလိုသည်"။ အခြားသောဘာသာပြန်ဆိုချက် - "ဘုရားသခင်သည် ကောင်ကင်မှ စကားပြောတော်မူသည်" (UDB) (ရှု၊ figs_metonymy)

သား

ဤစကားလုံးသည် အရေးကြီးသောအမည်နာမဖြစ်သည်။ ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းဖေါ်ပြခြင်းဖြစ်သည်။ (ရှု၊guidelines_sonofgodprinciples)

Matthew 4

Matthew 4:1-4

ယေဘုယျအချက်အလက်

မာရ်နတ် သွေးဆောင်ဖြားယောင်းသော ကန္တာရတောထဲမှာ ယေရှုသည် ရက်ပေါင်း လေးဆယ် အချိန်ယူသော ဇာတ်ဝင်ခန်းအသစ်ကို ဤနေရာတွင် ပြန်လည်စတင်သည်။ အခန်းငယ် ၄တွင်၊ တရားဟောရာကျမ်းကို ကိုးကားပြီး ယေရှုသည် မာရ်နတ်အား ရှုတ်ချသည်။

ဝိညာဉ်တော်သည် ယေရှုကို တောသို့ ပို့ဆောင်တော်မူ၍

ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "ဝိညာဉ်တော်မှ ယေရှုအား ခေါ်ဆောင်သည်" (ရှု၊ figs_ activepassive)

မာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံစေမည်အကြောင်း

ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "ထိုကြောင့် မာရ်နတ်သည် ယေရှုအား သွေးဆောင်ခြင်းအခွင့် ရသည်" (ရှု၊ figs_ activepassive)

မာရ်နတ် ... စုံးစမ်းသွေးဆောင်သူ

ပုဂ္ဂိုလ်တစ်ဦးကို ရည်ညွှန်းသည်။ ထိုကြောင့် ထိုအမည်နာမနှစ်ခုတွင် မိမိနှစ်သက်ရာကို ရွေးချယ်ဘာသာပြန်ဆိုနိုင်သည်။

သူသည် အရက်လေးဆယ်ပတ်လုံး အစာအာဟာရကို မသုံးဆောင်ဘဲနေပြီးမှ မွတ်သိပ်ခြင်းသို့ ရောက်တော်မူ၏။

ယေရှုကို ရည်ညွှန်းသည်။

အရက်လေးဆယ်ပတ်လုံး

"နေ့ပေါင်းလေးဆယ်နှင့်ညပေါင်းလေးဆယ်"။ ၂၄ နာရီသောအချိန်ကာလကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက် - "ရက် ၄၀" (ရှု၊ translate_numbers)

ကိုယ်တော်သည် ဘုရားသခင်၏သားတော် မှန်လျှင် ... အမိန့်ရှိတော်မူပါ

ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်တော်မူကြောင်းကို စာတန်သည် သိသည်။ ဖြစ်နိုင်ခြေများသောအဓိပ္ပါယ်များမှာ - 1) ယေရှုသည် မိမိကိုယ်ကျိုးအတွက် နိမိတ်လက္ခဏာပြစေခြင်းငှာ သွေးဆောင်ခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "သင်သည် ဘုရားသခင်၏သားတော် ဖြစ်သောကြောင့် အမိန့်ပေးနိုင်တယ်" (သို့) 2) စိန်ခေါ်ချက် (သို့) စွတ်စွဲချက် ဖြစ်သည်။ အခြားသောပြန်ဆိုချက် - "အမိန့်ပေးခြင်းအားဖြင့် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း သက်သေပြပါ"။

ဘုရားသခင်၏ သားတော်

ယေရှုနှင့်ဘုရားသခင်၏စပ်ကြားတွင် အရေးကြီးသော ဆက်စပ်မှုကို ဖေါ်ပြခြင်းဖြစ်သည်။ (ရှု၊guidelines_sonofgodprinciples)

ဘုရားသခင်၏ သားတော်

ယေရှု၏ အရေးပါသောဘွဲ့နာမ ဖြစ်သည်။ (ရှု၊guidelines_sonofgodprinciples)

ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါ

သင်သည် ဤစကားလုံးကို တိုက်ရိုက် ဘာသာပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက် - "'မုန့်ဖြစ်လာပါ'လို့ 'ကျောက်ခဲကို ပြောလိုက်ပါ"။ (See: figs_quotations)

မုန့်

ဤနေရာတွင် "အစာ"ဟုပြောသောအရာသည် အစာဟူသမျှကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက် - (ရှု၊ figs_synecdoche)

ကျမ်းစာလာသည်

ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "ထိုအကြောင်းအရာကို မောရှေမှ လွန်လေပြီးသောအချိန်တွင် ရေးသားခဲ့သည်" (ရှု၊ figs_ activepassive)

လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်

ဤအချက်မှ အစာထက်အသက်မြတ်ကြောင်း ဖေါ်ပြသည်။

ဘုရားသခင် မိန့်တော်မူ သမျှ အားဖြင့် အသက်ကိုမွေးရမည်

ဤနေရာတွင် "စကား"နှင့် "ပါးစပ်"သည် ဘုရားပြောသောစကားကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက် - "ဘုရားပြောဆိုသောအရာကို နားထောင်ခြင်းအားဖြင့်"။ (ရှု၊ figs_metonymy)

Matthew 4:5-6

ယေဘုယျအချက်အလက်

အခန်းငယ် ၆တွင် စာတန်သည် ယေရှုကို သွေးဆောင် ဖြားယောင်းငှာ ဆာလံကျမ်းကို ကိုးကားသည်။

ဘုရားသခင်၏ သားတော်မှန်လျှင် ကိုယ်ကို အောက်သို့ချလိုက်တော်မူပါ

စာတန်သည် ယေရှုကို ဘုရားသားတော်ဖြစ်ကြောင်းကို သိသည်။ ဖြစ်နိုင်ခြေများသောအဓိပ္ပါယ်များမှာ - ( 1) ယေရှုသည် မိမိကိုယ်ကျိုးအတွက် နိမိတ်လက္ခဏာပြစေခြင်းငှာ သွေးဆောင်ခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "သင်သည် ဘုရားသခင်၏သားတော် အမှန်ဖြစ်လျှင် အောက်သို့ ခုန်ဆင်းပါ" (သို့) ( 2) စိန်ခေါ်ချက် (သို့) စွတ်စွဲချက် ဖြစ်သည်။ အခြားသောပြန်ဆိုချက် - "ကိုယ်ကို အောက်သို့ ခုန်ဆင်းခြင်းအားဖြင့် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း သက်သေပြပါ" (UDB)။

ဘုရားသခင်၏ သားတော်

ယေရှုနှင့်ဘုရားသခင်၏စပ်ကြားတွင် အရေးကြီးသော ဆက်စပ်မှုကို ဖေါ်ပြခြင်းဖြစ်သည်။ (ရှု၊guidelines_sonofgodprinciples)

ကိုယ်ကို အောက်သို့ချလိုက်တော်မူပါ

"ကိုယ်တိုင် အောက်သို့ ခုန်ဆင်းပါ" (သို့) "ခုန်ချပါ"

ကျမ်းစာလာသည်

ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "ထိုအကြောင်းအရာကို ကျမ်းစာ၌ ရေးသားထားခဲ့ပြီ" (သို့) "ထိုအကြောင်းအရာကို ကျမ်းစာတွင် မိန့်ဆိုခဲ့သည်" (ရှု၊ figs_ activepassive)

ကောင်းကင်တမန်တို့အားသင့်အဘို့ မှာထားတော်မူသည်

"ကောင်းကင်တမန်တို့အားသင့်အဘို့ မှာထားတော်မူသည်"။ တိုက်ရိုက် ကိုးကား ဘာသာပြန်ဆိုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက် - "'သူ့ကို ဂရုစိုက်ပါ' လို့ ဘုရားသခင်မှ ကောင်းကင်တမန်များကို ပြောမည်" (ရှု၊ figs_quotations)

သူတို့သည်သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်

"ကောင်းကင်တမန်များသည် သင့်ကို ဆုပ်ကိုင်ထားမည်"

Matthew 4:7-9

ယေဘုယျအချက်အလက်

အခန်းငယ် ၇ တွင် တရားဟောရာကျမ်းမှ အခြားသောကျမ်းချက်ကို ကိုးကားပြီး ယေရှုသည် စာတန်အား ရှုတ်ချသည်။

ကျမ်းစာလာ ပြန်သည်ဟု မိန့်တော်မူသည်

ယေရှုသည် ကျမ်းစာကို ထပ်မံကိုးကားပြန်သည်ဟု နားလည်ရသည်။ ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "မောရှေရေးသားထားသောကျမ်းကို မင်းကို ငါထပ်ပြောပြမယ်" (ရှု၊ figs_ activepassive and figs_ellipsis)

သင်သည် အစုံအစမ်းမပြုရ

ဤနေရာတွင် "သင်"ဟူသော စကားလုံးသည် လူသားအားလုံးကို ဆိုလိုခြင်းဖြစ်သည်။ "စုံစမ်းခြင်း မပြုသင့်ဘူး" (သို့) "မည်သူကမျှ မစုံစမ်းသင့်ဘူး"

တဖန်မာရ်နတ်သည်

"ပြီးနောက် မာရ်နတ်သည်"

သူသည် ချဉ်းကပ်၍၊

"မာရ်နတ်သည် ယေရှုအား ပြောသည်"

ယခုပြလေသမျှတို့ကို ငါပေးမည်ဟုဆိုလေ၏

"ထိုအရာအားလုံးကို သင့်ကို ငါပေးမယ်"။ ဖျားယောင်းသောသူမှ ချို့သောအရာမဟုတ်ဘဲ "ထိုအရာအားလုံး" ကို ပေးမည်ဟု အသားပေးဆိုခြင်ဖြစ်သည်။

Matthew 4:10-11

ဆက်စပ်မှုအချက်အလက်

စာတန်မှ ယေရှုအား သွေးဆောင်ဖျားယောင်သော ဇာတ်ဝင်ခန်း၏ နိဂုံး အဆုံးဖြစ်သည်။

ယေဘုယျအချက်အလက်

အခန်းငယ် ၁၀ တွင် တရားဟောရာကျမ်းမှ အခြားသောကျမ်းချက်ကို ကိုးကားပြီး ယေရှုသည် စာတန်အား ရှုတ်ချသည်။

ကျမ်းစာလာသည်

ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "ထိုအကြောင်းအရာကို ကျမ်းစာ၌ မောရှေ ရေးသားထားခဲ့ပြီ" (ရှု၊ figs_ activepassive)

သင်၏

ဤနေရာတွင် "သင်" ဟူသည့် စကားလုံးသည် အားလုံးကို ဆိုလိုသည်။ (ရှု၊ figs_inclusive)

ကြည့်ကြပါ

ဤနေရာတွင် ဖေါ်ပြထားသော "ကြည့်ကြလော့" ဆိုသည့် စကားလုံးသည် အံ့အားသင့်စရာဖြစ်သော သတင်းအချက်အလက်အသစ်တစ်ခုကို အာရုံစိုက်ရန် သတိပေးခြင်းဖြစ်သည်။

Matthew 4:12-13

ယေဘုယျအချက်အလက်

ဂါလိလဲတွင် ယေရှုအမှုတော်မြတ် စတင်ခြင်းကို စာရေးသူမှ ဖေါ်ပြထားသော ဇာတ်ဝင်ခန်းအသစ်ဖြစ်သည်။ ဤကျမ်းပိုဒ်များမှ ယေရှုသည် ဂါလိလဲသို့ သွားရောက်ခဲ့ခြင်းကို ဖေါ်ပြသည်။ (ရှု၊ writing_background)

ယခု

ဇာတ်ကြောင်းကို ခေတ္တရပ်နားစေခြင်းအနေဖြင့် ထိုစကားလုံးကို အသုံးပြုခြင်းဖြစ်သည်။ ဤနေရာတွင် ရှင်မဿဲမှ ဇာတ်ဝင်ခန်းအသစ်ကို စတင်မိတ်ဆက်ပေးခြင်းဖြစ်သည်။

ယောဟန်သည် ထောင်ထဲသို့

ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "ထိုရှင်ဘုရင်မှ ယောဟန်အား ထောင်ချသည်" (ရှု၊ figs_ activepassive)

ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်စပ်ကြားတွင်

တိုင်းတပါးသားများမှ ဣသရေလတိုင်းပြည်အား မသိမ်းပိုက်မီ အစောပိုင်း နှစ်များစွာတွင် ထိုဒေသတွင် နေထိုင်ကြသော လူမျိုးနွယ်စုများ၏ အမည်နာမများဖြစ်သည်။ (ရှု၊ figs_explicit)

Matthew 4:14-16

ယေဘုယျအချက်အလက်

အခန်းငယ် ၁၅၊ ၁၆ တွင် ယေရှုသည် ဂါလိလဲပြည်တွင် အမှုဆောင်မည့် ပရောဖက်ပြုချက်ပြည့်စုံမည် အကြောင်း ပရောဖက်ဖက်ဟေရှာယ ရေးသားထားချက်ကို စာရေးသူမှ ကိုးကားဖေါ်ပြသည်။

ဤအကြောင်းအရာကား

ကပေရနောင်တွင် ယေရှုနေထိုင်မည့်အကြောင်းကို ရည်ညွှန်းသည်။

နှုတ်ထွက်အချက်ဟူမူကား

ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "ဘုရားသခင်ပြောသောစကားသည်" (ရှု၊ figs_ activepassive)

ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင် ... တပါးအမျိုးသားနေရာဂါလိလဲပြည်၊

ထိုနယ်မြေများအားလုံးသည် နေရာတစ်ခုတည်းဖြစ်သည်။ ပြည့်စုံသောဝါကျတစ်ခုတည်းဖြင့် ဘာသာပြန် နိုင်သည်။ အခြားဘာသာပြန်ဆိုချက် - "ဇာဗုလုန်နှင့် နဿလိနယ်မြေ ... ဂါလိလဲပြည်တွင် တပါးအမျိုးသားများ နေထိုင်ကြသည်"။

အိုင်နားရှောက်သောလမ်း

ဂါလိလဲအိုင်ကို ဆိုလိုသည်။

မှောင်မိုက်ထဲမှာရှိနေသော လူများတို့သည် ကြီးစွာသောအလင်းကို မြင်ရ၍

ဤနေရာတွင် "အမှောင်"ဟုဆိုခြင်းသည် ဘုရားသခင်နှင့်ကင်းကွာစေသော ကိုယ်ကျင့်တရား အမိုက်မှောင်ဖုံးခြင်း (သို့) အပြစ်ကို ဆိုလိုသည်။

သေမင်း၏နိုင်ငံအရိပ် တွင်ရှိနေသော သူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏ဟု ဟောထားသတည်း

ဝါကျ၏ပထမအပိုင်းနှင့်အဓိပ္ပါယ်တူညီသည်။ ဤနေရာတွင် "နယ်ပယ်နှင့်သေမင်းအရိပ်"ဆိုသည်မှာ ဝိညာဉ်ရေးရာသေခြင်း (သို့) ဘုရားနှင့်ကွဲကွာခြင်းကို ဆိုလိုသည်။ (ရှု၊ figs_parallelism and figs_metaphor)

Matthew 4:17

နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ

"ကောင်းကင်နိုင်ငံတော်"ဆိုသည် စကားစုသည် ဘုရင်အဖြစ် ဘုရားသခင်၏အုပ်စိုးခြင်းကို ဆိုလိုသည်။ ဤစကားစုသည် ရှင်မဿဲခရစ်ဝင်ကျမ်းတွင်သာ ဖေါ်ပြထားသည်။ ဖြစ်နိုင်လျှင် "ကောင်းကင်"ဟု သင်၏ ဘာသာပြန်ဆိုခြင်းတွင် အသုံးပြုနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက် - "ကောင်းကင်ဘုံ၌ ရှိတော်မူသော ကျွန်တော်တို့၏ ဘုရားသခင်သည် များမကြာမည် သူသည်ရှင်ဘုရင်ဖြစ်ကြောင်း ဖေါ်ပြလာလိမ့်မည်"။ အခန်း ၃း၁ တွင် သင်မည်ကဲ့သို့ ဘာသာပြန်ဆိုသည်ကို ကြည့်ပါ။ (ရှု၊ figs_metonymy)

Matthew 4:18-20

ယေဘုယျအချက်အလက်

ယေရှု၏ ဂါလိလဲပြည်တွင် အမှုတော်ဆောင်ခြင်း ဇာတ်ဝင်သစ်ကို အစပြုဖေါ်ပြသည်။ လူများကို သူ၏တပည့်တော်ဖြစ်စေခြင်းငှာ စတင်စုစည်းသည်။

အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်

ထုတ်ဖေါ်ပြောဆိုချက်ကို ပြီးပြည့်စုံသောအဓိပ္ပါယ်ဖြင့် ဖေါ်ပြသည်။ အခြားသောဘာသာပြန်ဆိုချက် - "ငါးကိုဖမ်းကို ပိုက်ကွန်ကို ရေထဲသို့ ပစ်လိုက်ပါ" (ရှု၊figs_explicit)

ငါ့နောက်သို့လိုက်ကြလော့

ယေရှုမှ ရှိမုန်နှင့်အန္ဒြေအား ငါ့နောက်သို့လိုက်၍ ငါနှင့်အတူနေထိုင်လျက် ငါ့တပည့်ဖြစ်ကြလော့ဟု ဖိတ်ခေါ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "ငါတပည့်ဖြစ်ကြလော့"။

သင်တို့သည် လူကို မျှားသောတံငါဖြစ်စေခြင်းငှါ ငါပြု မည်

၎င်းခိုင်းနှိုင်းမှုသည် ရှိမုန်နှင့်အ‌န္ဒြေမှ ဘုရားသခင်၏သတင်းစကားအမှန်ကို လူများအား သွန်သင်ခြင်းဖြင့် လူများစွာသည် ယေရှုနောက်တော်သို့ လိုက်မည့်အကြောင်း ခိုင်းနှိုင်းပြောဆိုခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "ငါများကို သင်စုသိမ်းသကဲ့သို့ လူများကိုလည်း ငါ့ထံသို့ စုသိမ်းရန်အလို့ငှာ သင့်ကို ငါသွန်သင်မည်"။ (ရှု၊ figs_metaphor)

Matthew 4:21-22

ဆက်စပ်မှုဖေါ်ပြချက်

ယေရှုမှ သာ၍များစွာသောသူများကို တပည့်တော်ဖြစ်စေခြင်းငှာ ဖိတ်ခေါ်သည်။

ထိုသူတို့ကို ခေါ်တော်မူ၏

"ယေရှုမှ ယောဟန်နှင့်ယာကုပ်အား ခေါ်တော်မူသည်"။ ဤစကားစုသည် ယေရှုမှ ထိုသူတို့ကို နောက်သို့လိုက်၍ သူနှင့်အတူနေထိုင်ပြီး သူ၏တပည့်တော်ဖြစ်ရန် ဖိတ်ခေါ်ခြင်းကို ဆိုလိုသည်။

ချက်ခြင်း

ထိုအချိန်မှာပင်

လှေကို စွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏

ဘဝနှင့်ဆိုင်သောပြောင်းလဲခြင်းဖြစ်ကြောင်း သေချာသည်။ ထိုသူများသည် ကျန်ရှိနေသောလူ့ဘဝတွင် မိသားစုအရေးကိုစွန့်လျှက် ယေရှုနောက်လိုက်သောသူများဖြစ်သောကြောင့် သူတို့သည် ဘယ်တော့မှ ငါးဖမ်းသောသူများ ဖြစ်တော့မည် မဟုတ်ပေ။

Matthew 4:23-25

ဆက်စပ်မှုအချက်အလက်

ယေရှုသည် ဂါလိလဲပြည်တွင် အမှုဆောင်ခြင်း၏အစကို ဖေါ်ပြထားသော အကြောင်းအရာ၏ အဆုံးဖြစ်သည်။ ဤအခန်းငယ်များတွင် သူ၏လုပ်ဆောင်မှုနှင့် လူများ၏တုန့်ပြန်မှုကို အကျဉ်းချုံးပြီး ဖေါ်ပြထားသည်။ (ရှု၊ writing_endofstory)

တရားစရပ်တို့၌ ဆုံးမဩဝါဒပေးလျက်

"ဂါလိလဲမြို့သားများ၏တရားစရပ်များတွင် သွန်သင်ခြင်း" (သို့) "ထိုသူများ၏တရားစရပ်များတွင် သွန်သင်ခြင်း"

နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်

ဤနေရာတွင် "နိုင်ငံတော်"ဟု ဆိုခြင်းသည် ရှင်ဘုရင်ကဲ့သို့ ဘုရား၏အုပ်စိုးခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက် - "ဘုရားသခင်သည် သူ့ကိုယ်သူ ရှင်ဘုရင်ဖြစ်ကြောင်းဖေါ်ပြမည့် သတင်းကောင်းကို ဟောကြားခြင်းဖြစ်သည်" (UDB) (ရှု၊ figs_metonymy)

အနာရောဂါအမျိုးမျိုး

"ရောဂါ"နှင့် "နာမကျန်းဖြစ်ခြင်း"သည် ဆင်တူရိုးမှား စကားလုံးဖြစ်သော်လည်း ဖြစ်နိုင်လျှင် ဤနေရာတွင် သီးခြားစီ ဘာသာပြန်ဆိုသင့်သည်။ "ရောဂါ"သည် လူတစ်ဦးအား နာမကျန်းဖြစ်စေသော အရာဖြစ်သည်။

မကျန်းမာခြင်း

ရောဂါကြောင့် ခန္တာကိုယ်အားနည်းခြင်း (သို့) ဝေဒနာဖြစ်လာသည်။

နတ်ဝင်သောသူ

ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "နတ်၏ပိုင်ဆိုင်မှုကို ခံရသူ" (သို့) "န၏ထိန်းချုပ်မှုကို ခံရသူ" (ရှု၊ figs_ activepassive)

ဝက်ရူးစွဲသောသူ

"ဖမ်းချုပ်ခြင်းခံရသူများ" (သို့) "ဝတ်ရူးပြန်ရောဂါရှိသူများ"

လက်ခြေသေသောသူ

"လမ်းမလျှောက်နိုင်သောသူများ"

ဒေကပေါလိပြည်

"မြို့ဆယ်မြို့"ကို ဆိုလိုသည် (USB)။ ဂါလိလဲအိုင်၏အရှေ့တောင်ဖက်ဒေသ၏ အမည်နာမဖြစ်သည်။ (ရှု၊ translate_names)

Matthew 5

Matthew 5:1-4

ဆက်စပ်မှုအချက်အလက်

ဤအပိုင်းတွင် ယေရှုမှ သူ၏တပည့်တော်များကို စတင်သွန်သင်ခြင်း ဇာတ်ဝင်သစ်ကို ဖေါ်ပြသည်။ အခန်း ၇ အဆုံးပိုင်းအထိ ထိုအကြောင်းအရာကို ဖေါ်ပြပြီး ထိုအရာကို တောင်ပေါ်ဒေသနာဟု ခေါ်ဆိုကြသည်။

ယေဘုယျအချက်အလက်

အခန်းငယ် ၃ တွင် မင်္ဂလာရှိသောသူများ၏ ဂုဏ်အင်္ဂါလက္ခဏာကို အစပြုဖေါ်ပြသည်။

နှုတ်တော်ကိုဖွင့်၍

ထူးခြားသော ဝေါဟာရအသုံးအနှုံးကို အသုံးပြုထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "ယေရှုသည် စကားစတင်ပြောဆိုခဲ့သည်" (ရှု၊ figs_idiom)

ဆုံးမဩဝါဒပေးတော်မူသည်

"သူတို့"ဆိုသည့် ဝေါဟာရသည် တပည့်တော်များကို ရည်ညွှန်းခြင်းသည်။

စိတ်နှလုံးနှိမ့်ချသောသူတို့

စိတ်နှိမ့်ချသောသူများကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက် - "မိမိကိုယ်ကိုယ်မိမိ ဘုရားသခင်လိုအပ်ကြောင်း သိသောသူများ" (ရှု၊ figs_idiom)

အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူ တို့၏ နိုင်ငံဖြစ်၏

ဤနေရာတွင် "ကောင်းကင်နိုင်ငံတော်"ဟု ဆိုခြင်းသည် ဘုရားသခင်မှ ရှင်ဘုရင်ကဲ့သို့ အုပ်စိုးခြင်းကို ဆိုလိုသည်။ ထိုစကားစုကို ရှင်မဿဲခရစ်ဝင်ကျမ်းတွင်သာ တွေ့ရှိရသည်။ ဖြစ်နိုင်လျှင် သင်၏ဘာသာပြန်ဆိုခြင်းတွင် "ကောင်းကင်ဘုံ"ဟု ဘာသာပြန်ဆိုပါ။ အခြားသောဘာသာပြန်ဆိုချက် - "အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ ရှိတော်မူသောဘုရားသခင်သည် သူတို့၏ရှင်ဘုရင်ဖြစ်လာလိမ့်မည်" (ရှု၊ figs_metonymy)

စိတ်မသာညည်းတွားသောသူတို့

သူတို့ဝမ်းနည်းရသော ဖြစ်နိုင်ခြေ အကြောင်းတရားများကတော့ - (၁) အပြစ်တရားနှင့် ပြည့်နှက်နေသောလောက။ (၂) သူတို့ပြုလုပ်သော အပြစ် (သို့) (၃) တစ်စုံတစ်ဦး၏သေဆုံးခြင်း။ ခင်ဗျား၏ဘာသာစကားအားဖြင့် ဖေါ်ပြရန် မလိုအပ်လျှင် စိတ်မသာညည်းတွားခြင်း၏အကြောင်းတရားများကို တိတိကျကျ ဖေါ်ပြရန် လိုအပ်မည် မဟုတ်ပါ။

သူတို့သည် သက်သာခြင်း သို့ ရောက်ကြလတံ့

ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "ဘုရားသခင်မှ သူတို့အား နှိမ်သိမ့်ခြင်းကို ပေးမည်" (ရှု၊ figs_ activepassive)

Matthew 5:5-8

စိတ်နူးညံ့သိမ်မွေ့သောသူတို့

"နူးညံ့သောသူများ" (သို့) "မိမိအစွမ်းသတ္တိကို အားထားသောသူ မဟုတ်သူများ"

သူတို့သည် ပြည်တော်ကို အမွေခံရကြလတံ့

"ဘုရားသခင်သည် ထိုသူတို့အား လောကတစ်ခွင်လုံးကို ပေးမည်"

ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူများ

အမှန်တရားကို လုပ်ဆောင်ရန် ဆန္ဒပြင်းပြသောသူကို ခိုင်းနှိုင်းဖေါ်ပြခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "အစာနှင့်ရေကို ဆာငတ်သကဲ့သို့ ဖြောင့်မတ်မှန်ကန်စွာ အသက်ရှင်နေထိုင်ရန် ဆာငတ်ခြင်း" (ရှု၊ figs_metaphor)

သူတို့ သည် ဝပြောခြင်းသို့ ရောက်ကြလတံ့

ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "ဘုရားသခင်မှ သူတို့အား ဖြည့်ဆည်း ပေးမည်" (သို့) "ဘုရားသခင်မှ သူတို့အား ကျေနပ်စေမည်" (ရှု၊ figs_ activepassive)

စိတ်နှလုံးဖြူစင်သောသူတို့

"စိတ်နှလုံးဖြူစင်သောသူတို့"ဟု ဤနေရာတွင် ပြောဆိုခြင်းတွင် "စိတ်နှလုံး" ဆိုသည့်ဝေါဟာရသည် လူတစ်ဦး၏ဆန္ဒကို ဆိုလိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "ဘုရားသခင်တစ်ပါးတည်းကိုသာ အစေခံရန် ဆန္ဒရှိသူများ" (ရှု၊ figs_metonymy)

သူတို့သည် ဘုရားသခင်ကို မြင်ရကြလတံ့

ဤနေရာတွင် "မြင်သည်"ဟု သုံးနှုံးခြင်းသည် ဘုရား သခင်၏မျက်မှောက်တော်တွင် အသက်ရှင်ခြင်းအခွင့်ရရှိခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက် - "သူတို့အား ဘုရားသခင်သည် သူနှင့်အတူ အသက်ရှင် နေထိုင်ခွင့်ကို ပေးသည်"

Matthew 5:9-10

ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူ

တစ်ဦးနှင့်တစ်ဦး ငြိမ်းချမ်းစွာ အသက်ရှင်ရပ်တည်နိုင်ရန်အတွက် ကူညီသောသူကို ဆိုလိုသည်။

ထိုသူတို့သည် ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတံ့

ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "အကြောင်းမူကား ဘုရားသခင်သည် သူတို့အား သားသမီးဟု ခေါ်ဆိုလိမ့်မည်" (သို့) "သူတို့သည် ဘုရားသားသမီးများ ဖြစ်ကြလိမ့်မည်" (ရှု၊ figs_ activepassive)

ဘုရားသခင်၏သားတော်

"သားတော်"ဟူသော စကားလုံးကို မိမိဘာသာစကားဖြင့် လူသား၏သား (သို့) သားဟု အရှိကို အရှိအတိုင်း ဘာသာပြန်လျှင် ပိုမိုသင့်တော်မည်။

နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့

ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "သူတပါးမှ တရားမျှမှုကင်းမဲ့စွာ ဆက်ဆံခြင်းခံရသူများ" (ရှု၊ figs_ activepassive)

ဖြောင့်မတ်ခြင်းတရားကြောင့်

"အဘယ်ကြောင့်ဆိုသော် ဘုရားသခင်လုပ်စေချင်သောအရာကို သူတို့သည် လုပ်ဆောင်ကြသည်"

ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏

ဤနေရာတွင် "ကောင်းကင်နိုင်ငံတော်"ဟု ဆိုခြင်းသည် ဘုရားသခင်မှ ရှင်ဘုရင်ကဲ့သို့ အုပ်စိုးခြင်းကို ဆိုလိုသည်။ ထိုစကားစုကို ရှင်မဿဲခရစ်ဝင်ကျမ်းတွင်သာ တွေ့ရှိရသည်။ ဖြစ်နိုင်လျှင် သင်၏ဘာသာပြန်ဆိုခြင်းတွင် "ကောင်းကင်ဘုံ"ဟု ဘာသာပြန်ဆိုပါ။ အခြားသောဘာသာပြန်ဆိုချက် - "အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ ရှိတော်မူသောဘုရားသခင်သည် သူတို့၏ရှင်ဘုရင်ဖြစ်လာလိမ့်မည်"။ သင်မည်ကဲ့သို့ ဘာသာပြန်ဆိုသည်ကို အခန်း ၅း၁ တွင် ကြည့်ပါ။ (ရှု၊ figs_metonymy)

Matthew 5:11-12

ဆက်စပ်သောအချက်အလက်

ယေရှုမှ မင်္ဂလာရှိသောသူများ၏ ဂုဏ်အင်္ဂါလက္ခဏာကို ဖေါ်ပြခြင်း ပြီးဆုံးသည်။

သင်တို့သည် မင်္ဂလာရှိကြ၏

"သင်"ဆိုသည့်စကားလုံးသည် အများကိန်းဖြစ်သည်။ (ရှု၊ figs_you)

သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ

"ဆိုးဝါးသောလိမ်ညာမှုများဖြင့် သင့်ကို ပြောဆိုကြသောအခါ" (သို့) "မမှန်သောအမှုအရာများဖြင့် သင့်ကောင်းကြောင်းပြောသောအခါ"

ငါ့ကြောင့်

"ငါ့နောက်သို့ လိုက်သောကြောင့်" (သို့) "ငါ့ကို ယုံကြည်သောကြောင့်"

ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့

"ပျော်ရွှင်ပါ"၊ "ဝမ်းမြောက်ပါ" ဆိုသောစကားလုံးသည် အဓိပ္ပါယ်နီးစပ်သည်။ ယေရှုသည် ကြားနာသောသူများသည် ဖြစ်နိုင်လျှင် ပျော်ရွှင်ခြင်းထက်သာလွန်သော ဝမ်းမြောက်ခြင်းကို ခံစားစေလိုသည်။ (ရှု၊ figs_doublet)

Matthew 5:13-14

ဆက်စပ်သောအချက်အလက်

ယေရှုမှ တပည့်တော်များသည် ဆားကဲ့သို့၊ အလင်းကဲ့သို့ဖြစ်ရန် သွန်သင်ခြင်းကို အစပြုသည်။

သင်တို့သည် ဤလောက၏ ဆားဖြစ်ကြ၏

ဆိုလိုရင်းအဓိပ္ပါယ်များမှာ - (၁) ဆားသည် အစာကို အရသာရှိစေသကဲ့သို့ ယေရှု၏ တပည့်တော်သည် လောကီသားများကောင်းမွန်စေခြင်းအလို့ငှာ သူတို့အား လွှမ်းမိုးရမည်။ အခြားသောဘာသာပြန်ဆိုချက် - "လောကီလူသားများအတွင် သင်တို့သည် ဆားဖြစ်ရမည်"။ (သို့မဟုတ်) (၂) ဆားသည် အစာများကို မပုတ်သိုးစေရန် ပြုသကဲ့သို့ ယေရှု၏တပည့်တော်သည် လုံးဝဥဿုံပျက်စီးခြင်းအထဲမှ လူသားများကို ရွေးနုတ်ရမည်။ အခြားသောဘာသာပြန်ဆိုချက် - "ဆားသည် အစာအတွက် ဖြစ်သကဲ့သို့ သင်တို့သည် လောကအတွက် ဖြစ်ရမည်" (ရှု၊ figs_metaphor)

ဆားမူကား၊ အငန်ကင်းပျောက်လျှင်

ဆိုလိုရင်းအဓိပ္ပါယ်များမှာ - (၁) "ဆားသည် သူ၏ဂုဏ်သတ္တိ ကင်းမဲ့လျှင်" (UDB) (သို့) (၂) "ဆားသည် မိမိ၏အနံ့အရသာ ကင်းမဲ့လျှင်" (ရှု၊ figs_metaphor)

ငန်သောအရသာကို အဘယ်သို့ ရပြန်မည်နည်း

"အဘယ်ကဲ့သို့ အသုံးဝင်နိုင်ပါမည်နည်း"။ ယေရှုသည် တပည့်တော်များကို မေးခွန်းမေးခြင်းဖြင့် သွန်သင်သည်"။ အခြားသောဘာသာပြန်ဆိုချက် - "ပြန်၍ အသုံးဝင်နိုင်သော အခြားနည်းလမ်း မရှိပါ" (ရှု၊ figs_rquestion and figs_metaphor)

ပြင်သို့ ပစ်လိုက်၍ ကျော်နင်းခြင်းမှတပါး

ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "လမ်းပေါ်သို့ လွှတ်ပစ်၍ လူများမှခြေဖြင့်နင်းခြင်းမှတပါး" (ရှု၊ figs_ activepassive)

သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏

ယေရှု၏နောက်လိုက်များမှ ဘုရားသခင်၏သမ္မာတရား သတင်းစကားကို ဘုရားမသိသောသူများထံသို့ သယ်ဆောင်ခြင်းအား ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက် - "လောကီလူသားများအတွင် သင်သည် အလင်းကဲ့သို့ ဖြစ်သည်" (ရှု၊ figs_metaphor)

တောင်ထိပ်၌တည်သော မြို့ကို မကွယ်နိုင်

မဲမှောင်နေသော ညအချိန်တွင် လင်းထိန်နေသောမြို့ကို လူများ မြင်နိုင်သည်။ ဤဝေါဟာရကို ပြုလုပ်သူဖြင့် ဖေါ်ပြထားသည်။ အခြားသောဘာသာပြန်ဆိုချက် - "ညအချိန်တွင် တောင်ထိပ်၌ တည်ထားသောမြို့၏ထိန်ညီးနေသောအလင်းကို အဘယ်သူမျှ ဖုံးကွယ် မထားနိုင်ဘူး" (သို့) "တောင်ထိပ်ပေါ်၌ တည်ထားသောမြို့၏အလင်းရောင်များကို လူတိုင်း မြင်တွေ့နိုင်တယ်" (ရှု၊ figs_explicit and figs_activepassive)

Matthew 5:15-48

ဆီမီးထွန်း လေ့မရှိ

"လူတွေသည် မီးအိမ် မထွန်းကြပါ"

တောင်းဇလားအောက်၌

"မီးအိမ်ကို ခြင်းတောင်းထဲ၌ ထားသည်"။ လူတွေက မီးအိမ်၏အလင်းကို မမြင်စေရန်အလို့ငှာ အလင်းကို ဖုံးကွယ်ထားသောသူကို လူမိုက်ဟု ပြောစမှတ်ပြုကြသည်။

သူတပါး ရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့

ဘုရားသခင်၏သမ္မာတရားကို သူတပါးမှသင်ယူနိုင်ရန်အတွက် ယေရှု၏နောက်လိုက်များသည် ထိုကဲ့သို့ အသက်ရှင်နေထိုင်ရန် ဆိုလိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက် - "လူများရှေ့တွင် လင်းသောအလင်းများကဲ့သို့ သင်တို့သည် အသက်တာဖြစ်ပါစေ"။ (ရှု၊ figs_metaphor)

ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ

"အဘ"ဟူသော စကားလုံးကို မိမိဘာသာစကားဖြင့် လူသား၏ဖခင် (သို့) အဖေဟု အရှိကို အရှိအတိုင်း ဘာသာပြန်လျှင် ပိုမိုသင့်တော်မည်။