ဗမာစာ: tw

Updated ? hours ago # views See on DCS

Other

ိက့ူု‌ေျိ့ူ ုု ဲဲ၍


ိ်ဲဓြဓဒြငဿ၍ဦဓ၍ံံ၍ြြဒ၍ူူ


အမွှေးနံ့သာပလ္လင်

အမွှေးနံ့သာပလ္လင်ဆိုသည်မှာ ဘုရားသခင်ဆီအမွှေးနံ့သာတင်လှူပူဇော်၍ရသော နေရာတစ်ခုဖြစ်သည်။ ဤနေရာကို ရွှေပလ္လင် ဟုလည်းခေါ်ဆိုသည်။ အမွှေးနံ့သာပလ္လင်ကို သစ်သားဖြင့်ပြုလုပ်ပြီး ဘေးဖက်နှင့်အပေါ်ဖက်တွင် ရွှေဖြင့်ဖုံးအုပ်ထားပါသည်။ အရှည် မီတာဝက်၊ အကျယ် မီတာဝက်၊ အမြင့် ၁မီတာရှိသည်။ ထိုပလ္လင်ကို တဲတော်ထဲတွင်ထားရှိပြီး နောက်ပိုင်းတွင် ဗိမာန်တော်၌ပြန်လည်ထားရှိခဲ့သည်။ မနက်တိုင်းနှင့် ညနေတိုင်းတွင် ယဇ်ပုရောဟိတ်က အမွှေးနံ့သာကို တင်လှူ ပူဇော်ပေးရသည်။ အမွှေးနံ့သာမီးရှို့ရာပလ္လင်၊ ရွှေပလ္လင်၊ နံ့သာပူဇော်ရာပလ္လင်၊ နံ့သာခုံ ဟုလည်းဘာသာပြန်ဆိုနိုင်သည်။


35


40


45


50


55


60


65


70


75


80


ကပေရနောင်

ကပေရနောင်သည် ဂါလိလဲပင်လယ် အနောက်မြောက်ကမ်းခြေတွင်တည်ရှိသော တံငါရွာလေးဖြစ်သည်။ ယေရှုသည် ဂါလိလဲတွင် ဟောပြောသင်ကြားစဉ်တိုင်း ကပေရနောင်တွင်နေထိုင်ခဲ့သည်။ ယေရှု၏တပည့်တော်အများစုသည် ကပေရနောင်မှဖြစ်သည်။ ယေရှုသည် သေဆုံးနေသည့် မိန်းကလေးငယ်ကိုရှင်ပြန်စေသည့်အမှုအပါအဝင် အခြားသောအံ့ဖွယ်နမိတ်လက္ခာဏာများကို ကပေရနောင်တွင်ပြုလုပ်ခဲ့သည်။ ယေရှုကိုငြင်းဆိုပြီး သူ၏ဟောပြောမှုကိုမယုံကြည်သောကြောင့် ယေရှုကလူသိရှင်ကြား အပြစ်တင်ထားသော မြို့၃မြို့ထဲတွင် ကပေရနောင်မြို့လည်းပါဝင်သည်။ သူတို့၏မယုံကြည်မှုကို ဘုရားကစီရင်မည်ဖြစ်ကြောင်း ယေရှုသတိပေးခဲ့သည်။


ကယာဖ

ကယာဖသည် နှစ်ခြင်းဆရာယောဟန်နှင့် ယေရှုခေတ်တွင် ယဇ်ပုရောဟိတ်မင်းတာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ယေရှုကိုစစ်ဆေးခြင်း၊ စီရင်ချက်ချခြင်းတွင် ကယာဖသည် အဓိကနေရာမှ ပါဝင်ခဲ့သည်။ ယဇ်ပုရောဟိတ်မင်း အန္နတ်နှင့် ကယာဖတို့သည် ခြေဆွံသူကိုပျောက်ကင်းစေသော ပေတရုနှင့်ယောဟန်တို့ ကိုစစ်ဆေးစုံစမ်းခဲ့ကြသည်။ * တိုင်းနိုင်ငံတစ်ခုလုံးပျက်စီးရမည်ထက် လူတစ်ဦးပျက်စီးရခြင်းသည်ပိုမြတ်သည်ဟု ကယာဖပြောဆိုခဲ့သည်။ ယေရှုသေခြင်းသည် သူ၏လူများကိုကယ်တင်ခြင်းဖြစ်သည်ဟု ဘုရားသခင်သူ့ကိုပရောဖက်ပြုကြောင်း ကယာဖပြောဆိုခဲ့သည်။


ကရမေလ၊ ကရမေလတောင်

ကရမေလတောင်တန်းသည် ရှာရွန်လွင်ပြင်မြောက်ပိုင်းရှိ မြေထဲပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင်တည်ရှိပါသည်။ အမြင့်ဆုံးနေရာမှာ ၅၄၆ မီတာမြင့်ပါသည်။ ပင်လယ်သေ၏တောင်ဘက် ယုဒပြည်တွင် ကရမေလ အမည်ရှိသော မြို့တည်ရှိပါသည်။ လူကုန်ထံ နာဗလနှင့်ဇနီး အဘိဂေလ တို့သည် ကရမေလမြို့အနီးတွင်နေထိုင်သည်။ ဒါ၀ိတ်နှင့်သူ၏လူများသည် နာဗလ၏သူမွေးရိတ်သူများကို ကြည့်ရှုစောင့်ရှောက်ခဲ့သည်။ စစ်မှန်သောဘုရားတစ်ဆူတည်းရှိကြောင်း သက်သေပြရန် ဧလိယသည် ကရမေလတောင်ပေါ်တွင် ဗာလပုရောဖက်များအား စိန်ခေါ်ခဲ့သည်။ တောင်တစ်လုံးထဲမဟုတ်ဘဲ တောင်တန်းအဖြစ်သိရှိစေရန် ကရမေလတောင်တန်း ဟုဘာသာပြန်ဆိုသင့်သည်။


ကလေးများ၊ ကလေး

ကျမ်းစာထဲတွင် ကလေးဟူသောအသုံးအနှုန်းမှာ မွေးကင်းစကလေး အပါအဝင် အသက်ငယ်ရွယ်သူများကိုဆိုလိုပါသည်။ ပုံပမာခိုင်းနှိုင်းပြီး အသုံးပြုသည့်အဓိပ္ပာယ်များလည်းရှိပါသည်။ ကျမ်းစာထဲတွင် တပည့်တော်များနှင့် နောက်လိုက်များကို ကလေးများ ဟုတစ်ခါတစ်ရံတွင်ခေါ်ဆိုပါသည်။ ကလေး ဆိုသည်မှာ လူတစ်ဦး၏အဆက်အနွယ်ကို ခေါ်ဆိုပါသည်။ သွင်ပြင်လက္ခဏာ တစ်ခုခုကိုသတ်မှတ်ပြီး ကလေးဟုလည်းခေါ်ဆိုလေ့ရှိပါသည်။ ဥပမာအချို့မှာ- အလင်း၏ကလေးများ နားထောင်သောကလေးများ နတ်ဆိုး၏ကလေးများ * ၀ိညာဉ်ရေးနှင့်သက်ဆိုင်သော သားသမီးအဖြစ်လည်း မှတ်ယူနိုင်သည်။ ဥပမာ- ဘုရားသခင်၏သားသမီးများ ဆိုသည်မှာ ယေရှုကိုယုံကြည်ခြင်းအားဖြင့် ဘုရားနှင့်သက်ဆိုင်သောသူများဖြစ်သည်။

ဘာသာပြန်အကြံပြုချက်များ

  • လူတစ်ဦး၏ သားမြေးမြစ် စသည်ဖြင့်ဖော်ပြလိုသောအခါ ကလေး ဟူသောစကားကို အဆက်အနွယ်များဟု ဘာသာပြန်ဆိုနိုင်သည်။
  • ရည်ညွှန်းလိုသည့်အပေါ်မူတည်ပြီး ကလေးကဲ့သို့ ဟူသောစကားကို ထိုကဲ့သို့သွင်ပြင်လက္ခဏာရှိသော၊ ထိုကဲ့သို့ပြုမူကျင့်ကြံသော ဟုဘာသာပြန်ဆိုနိုင်သည်။
  • ဘုရားသခင်သည် ကျွနု်ပ်တို့၏ကောင်းကင်ဘုံအဖဖြစ်သောကြောင့် ဘုရားသားသမီးဟူသော အသုံးအနှုန်းကိုဂရုတစိုက်အသုံးပြုသင့်သည်။ ဘုရားနှင့်သက်ဆိုင်သောသူ၊ ဘုရား၏ဝိညာဉ်ရေးသားသမီးများ ဟုပြန်ဆိုနိုင်သည်။
  • ယေရှုက တပည့်တော်များကို ကလေးများဟု ခေါ်ဆိုခြင်းကို ချစ်သောမိတ်ဆွေများ၊ ချစ်သောတပည့်များဟု ဘာသာပြန်ဆိုနိုင်သည်။
  • ပေါလုနှင့် ယောဟန်တို့က ယေရှုကိုယုံကြည်သူများကို ကလေးများအဖြစ်ညွှန်းဆိုခြင်းကို ချစ်သောယုံကြည်သူများဟု ဘာသာပြန်ဆိုနိုင်သည်။
  • ကတိထားသောသားသမီးများ ဟူသောအသုံးအနှုန်းကို ဘုရား၏ကတိတော်ကိုခံယူရရှိသောသူများဟု ဘာသာပြန်ဆိုနိုင်သည်။

ကာက္ကုန

ကာက္ကုနနှင့် သူ့ညီ အာဗေလ တို့သည် အာဒံနှင့်ဧဝတို့၏ ပထမဆုံးသားများဖြစ်သည်ဟု သမ္မာကျမ်းစာဖော်ပြထားသည်။ ကာက္ကုနသည် လယ်သမားဖြစ်ပြီး အာဗေလမှာ သိုးထိန်းဖြစ်သည်။ ဘုရားက ကာက္ကုန ပူဇော်သည့်အရာကိုလက်မခံဘဲ အာဗေလ ပူဇော်သည့်အရာကိုသာ လက်ခံခဲ့သော ကြောင့် မနာလိုစိတ်ဖြင့် ကာက္ကုနသည် ညီကိုသတ်ဖြတ်ခဲ့သည်။ ထိုအပြစ်ကြောင့် ဘုရားက ကာက္ကုနကို ဧဒင်ဥယျာဉ်မှနှင်ထုတ်ခဲ့ပြီး မြေသည်လည်းသူ့ကို သီးနှံမပေးရကြောင်း ပညတ်ထားခဲ့လေသည်။ ဘုရားသခင်သည် ကာက္ကုနုလှည့်လှည်သွားလာနေချိန်တွင် သူ့ကို အခြားသူများမသတ်ရန် နဖူးတွင်အမှတ်ပေးထားခဲ့သည်။


ကာန

ကာနမြို့သည် နာဇရက်မြို့၏မြောက်ဘက် ၉မိုင်ခန့် ဂါလိလဲပြည်နယ်တွင်တည်ရှိပါသည်။ ကာနမြို့သည် တပည့်တော် ၁၂ပါးအဝင်ဖြစ်သော နာသနေလ၏ မွေးရပ်မြေဖြစ်ပါသည်။ ကာနမြို့ရှိ မင်္ဂလာပွဲကိုယေရှုသွားရောက်ခဲ့ပြီး ထိုမင်္ဂလာပွဲတွင် ပထမဆုံးနမိတ်လက္ခဏာဖြစ်သော ရေကိုစပျစ်ရည်အဖြစ် ယေရှုပြောင်းလဲပေးခဲ့သည်။ * ထို့နောက်တွင် ယေရှုသည် ကာနမြို့သို့ပြန်လာပြီး သားဖြစ်သူကိုကုသပေးရန်တောင်းဆိုသော ကပေရနောင်မြို့မှ တပ်မှူးနှင့်တွေ့ဆုံခဲ့သည်။


ကာလက်

  • ခါနာန်လူများကို အနိုင်ယူရန် ဘုရားသခင် ကူညီမည်ကိုယုံကြည်ရမည်ဖြစ်ကြောင်း ကာလက်နှင့် ယောရှုတို့ ပြောကြားခဲ့သည်။
  • ယောရှုနှင့် ကာလက်တို့သည် သူတို့၏မျိုးဆက်များထဲမှ ခါနာန်ပြည်သို့ဝင်ခွင့်ရသော သူနှစ်ဦးဖြစ်သည်။
  • ဟေဗြုန်နယ်မြေကို သူနှင့်သူ့မိသားစုအားပေးရန် ကာလက်တောင်းဆိုခဲ့သည်။ ထိုနေရာရှိလူများကို ဘုရားအကူအညီဖြင့်အနိုင်ရမည်ဖြစ်ကြောင်း ကာလက်ယုံကြည်ထားသည်။

ကိလိကိ

ကိလိကိသည် သေးငယ်သောရောမပြည်နယ်တစ်ခုဖြစ်ပြီး ယနေ့ခေတ် တူရကီနိုင်ငံ အရှေ့တောင်ပိုင်းတွင်တည်ရှိပါသည်။ နယ်စပ်တွင် အေဂျီယန် ပင်လယ်ရှိပါသည်။ တမန်တော်ပေါလုသည် ကိလိကိပြည် တာရှုမြို့သားဖြစ်သည်။ ယေရှုနှင့် ဒမသက်မြို့တွင်ဆုံတွေ့ခဲ့ပြီးနောက် ပေါလုသည် နှစ်ပေါင်းများစွာ ကိလိကိပြည်တွင်နေထိုင်ခဲ့ပါသည်။ * သတေဖန်နှင့်ငြင်းခုံပြီး ကျောက်ခဲနှင့်ပစ်သတ်ရန် တိုက်တွန်းခဲ့သော ယုဒလူအချို့တို့သည်လည် ထို ကိလိကိပြည်မှဖြစ်ပါသည်။


ကုလားအုပ်

ကုလားအုပ်ဆိုသည်မှာ ဘို့နှစ်လုံးပါရှိသော ခြေလေးချောင်းသတ္တဝါဖြစ်ပါသည်။


ကောင်းကင်တမန်၊ ကောင်းကင်တမန်မင်း

ကောင်းကင်တမန်ဆိုသည်မှာ ဘုရားဖန်ဆင်းထားသော တန်ခိုးရှိဝိညာဉ်ဖြစ်သည်။ ဘုရားပြောသမျှလုပ်ဆောင်ဖို့ရန် ကောင်းကင်တမန်များရှိနေခြင်းဖြစ်သည်။ ကောင်းကင်တမန်မင်းဆိုသည်မှာ အခြားကောင်းကင်တမန်များကို အုပ်ချုပ်သောသူဖြစ်သည်။ ကောင်းကင်တမန်၏အဓိပ္ပာယ်မှာ သတင်းယူဆောင်ပေးသူဖြစ်သည်။ ကောင်းကင်တမန်မင်း ဆိုသည်မှာလည်း သတင်းယူဆောင်ပေးသောခေါင်းဆောင် ဖြစ်သည်။ ကျမ်းစာထဲတွင် ကောင်းကင်တန်မင်းဆိုသည်မှာ ဂါဗြေလ ကိုဆိုလိုခြင်းဖြစ်သည်။ ကျမ်းစာထဲတွင် ကောင်းကင်တမန်များက ဘုရားဆီမှသတင်းများကို လူသားများထံပေးပို့ပါသည်။ ထိုသတင်းများမှာ ဘုရားသခင်က လုပ်ဆောင်စေချင်သောသတင်းစကားများဖြစ်သည်။ ယခုဖြစ်နေသောအရာများ၊ နောင်တွင်ဖြစ်လာမည့်အရာများကို ကောင်းကင်တမန်များက ပြောကြားပေးရသည်။ ကောင်းကင်တမန်များသည် ဘုရားကိုကိုယ်စားပြုသောကြောင့် တစ်ခါတစ်ရံ ကျမ်းစာထဲတွင် ဘုရားသခင်ကိုယ်တော်တိုင်စကားပြောသည်ဟု ရေးသားကြသည်။ ကောင်းကင်တမန်များသည် လူသားများကို ကာကွယ်ခြင်း၊ ခွန်အားရှိစေခြင်းအားဖြင့်လည်း ဘုရားအမှုတော်ကိုဆောင်ရွက်ကြသည်။ * ဘုရားသခင်၏ကောင်းကင်တမန် ဆိုသောစကားတွင် အဓိပ္ပာယ်များစွာရှိသည်။ ၁. ဘုရားကိုကိုယ်စားပြုခြင်း၊ ဘုရား၏အမှုဆောင်သောကောင်းကင်တမန်။ ၂. ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ခြင်း၊ ကောင်းကင်တမန်က ငါ ဟူသောစကားကိုပြောခြင်းဖြင့်သိနိုင်သည်။

ဘာသာပြန်အကြံပြုချက်များ

  • ကောင်းကင်တမန်ဟုဘာသာပြန်ရာတွင် ဘုရား၏သတင်းသယ်ဆောင်သူ၊ ကောင်းကင်အစေခံ၊ ဘုရား၏ဝိညာဉ်တော်ဟူ၍ဖြစ်သည်။
  • ကောင်းကင်တမန်မင်းကို ကောင်းကင်တမန်ဗိုလ်၊ ကောင်းကင်တမန်ခေါင်းဆောင် ဟူ၍ဘာသာပြန်ဆိုနိုင်သည်။
  • ဒေသအခေါ်အဝေါ်ကိုလိုက်ပြီး ဘာသာပြန်ဆိုသင့်သည်။
  • ဘုရား၏ကောင်းကင်တမန် ဟူသောစကားလုံးကို ဘုရားထံမှလာသောကောင်းကင်တမန်၊ ဘုရားစေလွှတ်သော ကောင်းကင်တမန်၊ ကောင်းကင်တမန်နှင့်တူသော ဘုရားသခင် ဟူ၍ပြန်ဆိုနိုင်သည်။

ကောင်းချီး၊ ကောင်းချီးခံရသော၊ ကောင်းချီးခံရခြင်း

ကောင်းချီးပေးသည်ဆိုမှာ အကျိုးဖြစ်စေရန်၊ ကောင်းမွန်သောအရာများရရှိရန် ဆန္ဒပြုပေးခြင်းဖြစ်သည်။ တစ်စုံတစ်ယောက်ကို ကောင်းချီးပေးဆိုသည်မှာ အကျိုးရှိသောအရာများဖြစ်လာရန်ဆန္ဒပြုခြင်းဖြစ်သည်။ သမ္မာကျမ်းစာတွင် ဖခင်တစ်ဦးသည် သားသမီးများအပေါ်ကောင်းချီးပေးလေ့ရှိသည်။ လူသားများက ဘုရားကို ကောင်းချီးပေးသည်ဆိုခြင်းမှာ ဘုရားကိုချီးမွမ်းခြင်းဖြစ်သည်။ အစာမစားမှီ ဘုရားကိုကျေးဇူးတော်ချီးမွမ်းခြင်းသည်လည်း ကောင်းချီးခြင်းဖြစ်သည်။ // ကောင်းချီး ဟူသောစကား၏မူလအဓိပ္ပာယ်ဖြစ်သော ဥစ္စာကြွယ်ဝခြင်း၊ ကျန်းမာပြည့်စုံခြင်း နှင့်လည်းကွဲပြားစွာအသုံးပြုသင့်ပါသည်။ ကျမ်းစာထဲရှိ ဘုရား၏ချစ်ခြင်း၊ ဂရုဏာတော်၊ ကျေးဇူးတော်များသည် ရှေးခေတ်တွင်ဖြစ်ပျက်ခဲ့ခြင်းသာမဟုတ်ဘဲ ယနေ့ခေတ်တွင်လည်း ဘုရား၏ကာကွယ်ခြင်း၊ အတူရှိခြင်း၊ဝိညာဉ်တော် စသည်ဖြင့်ခံစားနိုင်ခြင်းဖြစ်သည်။ ကျွနု်ပ်တို့အနေဖြင့် ဘုရားကို ချီးမွမ်းသည်ဆိုရာတွင် ကျေးဇူးတင်ခြင်း၊ ချီးမွမ်းခြင်း၊ နားလည်ခြင်း အစရှိသည်များဖြင့် နာခံခြင်းပင်ဖြစ်သည်။//

ဘာသာပြန်အကြံပြုချက်များ

  • ကြွယ်ဝစွာပေးခြင်းအတွက်ချီးမွမ်းခြင်း၊ တစ်စုံတစ်ယောက်အား ကြင်နာခြင်း၊မျက်နှာသာပေးခြင်း ဟုလည်းဘာသာပြန်ဆိုနိုင်သည်။
  • ဘုရားက ကောင်းသည့်အရာများပေးခြင်း၊ ဘုရားကကြွယ်ဝစွာပေးခြင်း၊ ဘုရားက ကောင်းသည့်အရာများဖြစ်စေရန်လုပ်ဆောင်ခြင်း ဟုဘာသာပြန်ဆိုနိုင်သည်။
  • သူကောင်းချီးခံစားရသည် ဟူသည်ကို သူကောင်းစွာအကျိုးဖြစ်ထွန်းသည်၊ ကောင်းသည့်အရာများခံစားရသည်၊ ဘုရားကသူ့ကိုကြွယ်ဝစေသည်ဟု ပြန်ဆိုနိုင်သည်။
  • ကောင်းချီးခံရမည့်သူ ဟူသောစကားကို သူ့အတွက်ကောင်းမွန်လှခြင်း ဟုဘာသာပြန်ဆိုနိုင်သည်။
  • ဘုရားကိုကောင်းချီးပေးသည် ဟူသောစကားကို ဘုရားကိုချီးမွမ်းပါစေ၊ ဘုရားကိုချီးမွမ်းပါသည်၊ ကျွနု်ပ်ဘုရားကို ချီးမွမ်းပါသည် ဟုပြန်ဆိုနိုင်သည်။
  • အစာမစားခင်ဆုတောင်းသည်မှာ အစာအတွက်ဘုရားကိုချီးမွမ်းခြင်း၊ ကျွေးမွေးသည့်အတွက် ဘုရားကိုကျေးဇူးတင်ခြင်း၊ ဘုရားကိုချီးမွမ်းပြီးဆက်ကပ်အပ်နှံခြင်းဖြစ်သည်။

ကဲသရိ၊ ဖိလိပ္ပုကဲသရိ

ကဲသရိမြို့သည် မြေထဲပင်လယ်ကမ်းရိုးတမ်းရှိအထင်ကရမြို့တစ်မြို့ဖြစ်ပြီး ကာမယ်တောင်၏ တောင်ဘက် ၃၉ကီလိုမီတာအကွာတွင်ရှိသည်။ ဖိလိပ္ပုကဲသရိမြို့သည် ဟာမုန်တောင်အနီး က္ကုသရေလပြည်၏ အရှေ့မြောက်ဘက်တွင်တည်ရှိပါသည်။ ဤမြို့များသည် ရောမဘုရင် ကဲသာဘုရင်များ၏နံမည်ကိုအစွဲပြုခေါ်ဝေါ်ထားသောမြို့များဖြစ်သည်။ ယေရှုမွေးဖွားချိန်တွင် ရောမအုပ်ချုပ်ခံဖြစ်သော ယုဒပြည်ရှိ ကဲသရိမြို့သည် မြို့တော်ဖြစ်လာခဲ့သည်။ တမန်တော်ပေတရုသည် တစ်ပါးအမျိုးသားများကို ကဲသရိမြို့တွင် ပထမဆုံးအကြိမ်တရားဟောကြားခဲ့သည်။ ပေါလုသည် ကဲသရိမြို့မှ တာရှုမြို့သို့ သင်္ဘောဖြင့်သွားခဲ့ပြီး သူ၏အခြားသောဧဝံဂေလိခရီးစဉ် ၂ခုတွင်လည်း ကဲသရိမြို့မှဖြတ်သွားခဲ့လေသည်။ * ယေရှုနှင့်တပည့်တော်များသည် ရှုရိပြည် ဖိလိပ္ပုကဲသရိ ဒေသတစ်ဝိုက်သွားလာခဲ့ကြသည်။ ထိုမြို့၂မြို့လုံးကို ဟေရုဒ်ဖိလိပ် အမည်ကိုအစွဲပြုပြီး ခေါ်ဆိုထားခြင်းဖြစ်သည်။


က္ကုသရေလလူမျိုးတော် ၁၂ မျိုး

က္ကုသရေလလူမျိုးတော် ၁၂မျိုး ဆိုသည်မှာ ယာကုပ်၏သား ၁၂ယောက်နှင့် ထိုသူတို့မှဆင်းသက်လာသောသူများဖြစ်ပါသည်။ ယာကုပ် သည်အာဗြံဟံ၏မြေးဖြစ်သည်။ ဘုရားသခင်က ယာကုပ်၏အမည်ကို က္ကုသရေလဟူပြီး နောက်ပိုင်းတွင်ပြောင်းပေးခဲ့သည်။ ယာကုပ်မျိုးနွယ်၏အမည်များမှာ- ရုဗင်၊ ရှိမောင်၊လေဝိ၊ယုဒ၊ဒန်၊နဿ လိ၊ဂဒ်၊အာရှာ၊က္ကုသခါ၊ဇာဗုလုန်၊ယောသပ်၊ဗင်္ယာမိန် တို့ဖြစ်သည်။ လေဝိမျိုးနွယ်ကို ဘုရားသခင်နှင့်မိမိလူမျိုးတော်များအတွက် ယဇ်ပုရောဟိတ်အဖြစ်အမှုထမ်းရန်ရွေးချယ်ခန့်အပ်ထားခြင်းကြောင့် ခါနန်ပြည်တွင် လေဝိမျိုးနွယ်၏အမွေခံရာမြေ မရှိပေ။ ယောသပ်သည်အမွေခံရာမြေ နှစ်ဆရရှိခဲ့ပြီး ထိုမြေနေရာကို သားဖြစ်သူ ဧဖရိမ်နှင့်မနာရှေ တို့ထံအမွေပေးခဲ့သည်။ * သမ္မာကျမ်းစာထဲတွင် က္ကုသရေလလူမျိုး ၁၂မျိုး၏အမွေခံရာနယ်မြေများမှာ ကွဲပြားမှုရှိသည်။ တစ်ခါတစ်ရံ လေဝိ၊ယောသပ်(သို့) ဒန် တို့၏နံမည်စာရင်းချန်လှပ်ခံရသည်။ တစ်ခါတစ်ရံ ယောသပ်၏သား ဧဖရိမ်နှင့် မနာရှေတို့၏နံမည်များထည့်သွင်းဖော်ပြခြင်းခံရသည်။


ကြေး (သတ္တု)

ကြေး ဆိုသည်မှာ သတ္တု၊ကြေးနီနှင့် သံကို ကျိုပြီး နီညိုရောင်သမ်းသော သတ္တုဖြစ်သည်။ ကြေးသည် ရေတိုက်စားမှုကိုခံနိုင်ပြီး အပူလျင်မြန်စွာစီးဆင်းနိုင်သည်။ ရှေးခေတ်၌ အရာဝတ္ထုများ၊ လက်နက်များ၊အနုပညာလက်ရာများ၊ ပလ္လင်၊ အိုးခွက်များ၊ စစ်သားချပ်တန်ဆာများနှင့် အခြားပစ္စည်းများပြုလုပ်ရာတွင် ကြေးကိုအသုံးပြုသည်။ တလ္လားတော်နှင့် ဗိမာန်တော်တည်ဆောက်ရာတွင် ကြေးကိုအများဆုံးအသုံးပြုသည်။ အခြားသောဘုရားရုပ်တုများကိုလည်း ကြေးသတ္တုဖြင့်သာပြုလုပ်သည်။ * ကြေးကိုအရည်ကျိုပြီး ပုံဖော်မှိုခွက်ထဲတွင် လောင်းထည့်ခြင်းအားဖြင့် လိုချင်သည့်ပစ္စည်းကို ရရှိနိုင်သည်။ ဤလုပ်ငန်းစဉ်ကို ပုံကူးခြင်းဟုခေါ်ဆိုသည်။


ကြွားသည်၊ ဝါကြွားသော

ကြွားသည် ဆိုသောအဓိပ္ပာယ်မှာ တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုအကြောင့် ဝင့်ကြွားစွာပြောခြင်းဖြစ်သည်။ မိမိကိုယ်ကို လေလုံးထွားခြင်းဖြစ်သည်။ ဝါကြွားသောသူသည် မိမိအကြောင်းကို ဂုဏ်ဝင့်စွာပြောကြားသည်။ က္ကုသရေလ လူများသည် ရုပ်တုကိုဝင့်ကြွားသောကြောင့် ဘုရားသခင်ပြင်းစွာသွန်သင်ခဲ့သည်။ စစ်မှန်သောဘုရားမဟုတ်ဘဲ မှားယွင်းသောဘုရားကို ဝင့်ကြွားစွာကိုးကွယ်ခဲ့ကြသည်။ ကျမ်းစာထဲတွင်လည်း ကြွယ်ဝမှု၊ခွန်အားကြီးမှု၊လယ်မြေဖြစ်ထွန်းမှု၊အာဏာတည်မြဲမှုကို ဝါကြွားသောသူများအကြောင်းရှိပါသည်။ ထိုသူတို့သည် ဤအရာများအပေါ်ဝါကြွားပြီး ဘုရားကထိုအရာများကိုပေးထားကြောင်းကို အသိအမှတ်မပြုခြင်းဖြစ်သည်။ က္ကုသရေလလူများ မိမိကို သိခြင်းကြောင့်သာ ဝါကြွားစေရန် ဘုရားကသွန်သင်ထားသည်။ * တမန်တော်ပေါလုကလည်း ဘုရားပြုခဲ့ပြီးသော ကျေးဇူးတော်များအတွက် ကျေးဇူးတင်ပြီးပျော်ရွှင်ရန် ထိုကဲ့သို့သာ ဝါကြွားရန်သွန်သင်ခဲ့သည်။

ဘာသာပြန်အကြံပြုချက်များ

  • ဝါကြွားခြင်းကို မောက်မာခြင်း၊ဝင့်ကြွားစွာပြောဆိုခြင်း၊ ဂုဏ်ယူခြင်းဟုလည်း ဘာသာပြန်ဆိုနိုင်သည်။
  • ဝါကြွားသော ကို ဂုဏ်ဝင့်သောစကားများဖြင့်ပြည့်နှက်နေသော၊ တစ်စုံတစ်ယောက်အကြောင်း ဝင့်ကြွားစွာပြောနေသော ဟုပြန်ဆိုနိုင်သည်။
  • ဘုရားကိုသိကျွမ်းရာ၌ဝင့်ကြွားခြင်း ဆိုသည်မှာ ဂုဏ်ယူခြင်း၊အလေးမြတ်ထားခြင်း၊ လွန်စွာဝမ်းမြောက်ခြင်း၊ ဘုရားကိုကျေးဇူးတင်ခြင်း စသည်တို့ဖြစ်သည်။
  • အချို့ဘာသာစကားတွင် မာနဟူသောစကားသည် အဓိပ္ပာယ်၂မျိုးရှိသည်။ မောက်မာခြင်း ဟူသောအနုတ်လက္ခဏာနှင့် မိမိအလုပ်၊မိသားစု၊နိုင်ငံအတွက် ဂုဏ်ယူသည်ဟူသော အပေါင်းလက္ခဏာ တို့ဖြစ်သည်။

ခန္ဓာကိုယ်

ခန္ဓာကိုယ်ဆိုသည်မှာ လူ၊တိရစ္ဆာတို့၏ ကိုယ်ထည်ဖြစ်သည်။ ဤစကားကို ပုံပမာအနေဖြင့် အရာဝတ္ထု သို့မဟုတ် အဖွဲ့ဝင်များပါဝင်သောအဖွဲ့တစ်ခုလုံးကို ခိုင်းနှိုင်းပြောဆိုလေ့ရှိသည်။ ခန္ဓာကိုယ် ဆိုသည်မှာ လူ၊တိရစ္ဆာန်၏ အသေကောင်ကိုရည်ညွှန်းလေ့ရှိသည်။ တစ်ခါတစ်ရံ အလောင်း၊ လူသေ ဟုလည်းရည်ညွှန်းအသုံးပြုသည်။ နောက်ဆုံးပဿ ခါပွဲ၌ ယေရှုပြောသော ဤမုန့်ကား ငါ၏ကိုယ်ဖြစ်သည် ဆိုသည်မှာ သူတို့၏အပြစ်ကြောင့် ချိုးဖဲ့ကြေမွခြင်း(သတ်ခြင်း)ခံရမည့် ယေရှု၏ခန္ဓာကိုယ်ကို ရည်ညွှန်းခြင်းဖြစ်သည်။ သမ္မာကျမ်းစာတွင် ခရစ်ယာန်များကို ခရစ်တော်၏ကိုယ် ဖြစ်သည်ဟုရည်ညွှန်းကြသည်။ ကိုယ်ခန္ဓာ၌ အစိတ်အပိုင်းများရှိသကဲ့သို့ ခရစ်တော်၏ကိုယ်၌လည်း အစိတ်အပိုင်းများစွာရှိပါသည်။ ယုံကြည်သူတစ်ယောက်စီတိုင်းသည် ခရစ်တော်၏ကိုယ်အစိတ်အပိုင်းဖြစ်ပြီး ဘုရားသခင်၏ဘုန်းတော်ထင်ရှားစေရန်အတူတကွပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။ ခရစ်တော်သည် ဦးခေါင်းဖြစ်ပြီး ယုံကြည်သူများသည် ကိုယ်ဖြစ်သည်။ ဦးခေါင်းသည် ကိုယ်ခန္ဓာကို ညွှန်ကြားသကဲ့သို့ ခရစ်တော်သည်လည်း ခရစ်ယာန်များကို လမ်းညွှန်ပြသသူဖြစ်သည်။

ဘာသာပြန်အကြံပြုချက်များ

  • ဤစကားကို ဘာသာပြန်ရာ၌ ခန္ဓာကိုယ်နှင့်သက်ဆိုင်သောစကားလုံးကိုသာရွေးချယ်သင့်သည်။ ရိုင်းပြသောစကားလုံးမဖြစ်စေရန် သတိပြုရမည်။
  • အချို့သောဘာသာစကားများတွင် ယုံကြည်သူ ဟုပြောဆိုရာတွင် ခရစ်တော်၏ဝိညာဉ်ခန္ဓာ ဟုသုံးခြင်းက ပိုတိကျမှန်ကန်သည်။
  • ခရစ်တော်ပြောသော ဤအရာသည်ငါ၏ကိုယ်ဖြစ်သည် ဟူသောစကားကို လိုအပ်ပါကထပ်မံရှင်းပြပေးသင့်သည်။
  • အချို့ဘာသာများတွင် လူသေဟူသောအသုံးအနှုန်းအတွက်စကားသပ်သပ်ရှိသည်။ ဥပမာ အလောင်း၊ တိရစ္ဆာအသေကောင်။ လူများ နားလည်လက်ခံနိုင်သောအသုံးအနှုန်းဖြစ်သင့်သည်။

ခရစ်တော်၊ မေရှိယ

မေရှိယ၊ ခရစ်တော် ဟူသောအဓိပ္ပာယ်မှာ ရွေးကောက်ထားသောသူ ဖြစ်ပြီး ဘုရားသားတော် ယေရှုကိုရည်ညွှန်းခြင်းဖြစ်ပါသည်။ မေရှိယ၊ ခရစ်တော် စသည်တို့ကို ဓမ္မသစ်ကျမ်းတွင် အသုံးပြုထားပြီး အပြစ်သေခြင်းမှ မိမိလူတို့ကိုကယ်တင်ရန် အဖဘုရားကရွေးချယ်ခန့်အပ်ထားသော ဘုရားသခင်၏သားတော်ကို ရည်ညွှန်းပါသည်။ ခရစ်တော်မပေါ်ထွန်းမှီ နှစ်ပေါင်း ရာချီကတည်းက ဓမ္မဟောင်းပုရောဖက်များက မေရှိယအကြောင်းဗျာဒိတ်ပေးထားခဲ့သည်။ ရွေးချယ်ထားသောသူ ဆိုသောအဓိပ္ပာယ်ကို ဓမ္မဟောင်းကာလတွင် မေရှိယ ဟူသောပေါ်ထွန်းမည့်သူကိုရည်ညွှန်းထားခြင်းဖြစ်သည်။ ယေရှုသည် ထူးဆန်းသောနမိတ်လက္ခဏာများပြသပြီး မိမိသည်မေရှိယဖြစ်ကြောင်း သက်သေပြခဲ့သည်။ ကျန်ရှိသော ပရောဖက်ဟောထားချက်များကို နောက်တစ်ဖန်ခရစ်တော်ပြန်လာချိန်တွင် ပြည့်စုံစေမည်ဖြစ်သည်။ ခရစ် ဟူသောစကားကို ခေါင်းစဉ်အဖြစ်အသုံးပြုသည်။ ခရစ်တော်၊ ယေရှုခရစ်တော် စသည်ဖြင့်ဖြစ်သည်။ ခရစ်တော်ဟူသော စကားမှာလည်း ယေရှုခရစ်တော်၏နာမည်တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ဘာသာပြန်အကြံပြုချက်များ

  • အဓိပ္ပာယ်ကိုလိုက်ပြီး ရွေးကောက်ထားသောသူ၊ ဘုရားရွေးချယ်ထားသော ကယ်တင်ရှင် ဟုအသုံးပြုနိုင်သည်။
  • ဘာသာစကားများစွာက ခရစ်တော် (သို့မဟုတ်) မေရှိယ စသည်ဖြင့် အသံထွက်ကိုယူပြီးသုံးစွဲခေါ်ဆိုကြသည်။

ခရစ်ယာန်

ခရစ်တော် ကောင်းကင်သို့ပြန်လည်တက်သွားချိန်တွင် သူ၏နောက်လိုက်များကို ခရစ်ယာန်ဟူခေါ်ဆိုခဲ့ကြသည်။ အန္တိအုတ်မြို့တွင်စတင်ပြီး ခရစ်တော်၏နောက်လိုက်များကို ခရစ်ယာန်များဟု ခေါ်ဆိုခဲ့ကြသည်။ ခရစ်ယာန်တစ်ဦးသည် ခရစ်တော်သည်ဘုရားသားဖြစ်သည်ကိုယုံကြည်ပြီး ခရစ်တော်သည် သူ့ကိုအပြစ်မှကယ်တင်ကြောင်းကို ယုံကြည်ပါသည်။ မျက်မှောက်ခေတ်တွင် ခရစ်ယာန် ဆိုသည်မှာ ခရစ်ယာန်ဘာသာကိုးကွယ်သူများကိုခေါ်ဆိုခြင်းဖြစ်ပြီး ထိုသူများသည် ခရစ်တော်နောက်လိုက်များမဟုတ်ပေ။ ခရစ်ယာန်ဟူသောအဓိပ္ပာယ်မှာလည်း ထိုကဲ့သို့မဟုတ်ပေ။ ကျမ်းစာထဲတွင် ခရစ်ယာန်တစ်ယောက်သည် ယေရှုကိုစစ်မှန်စွာယုံကြည်သောသူဖြစ်သည်။ ထို့ကြောင့် ခရစ်ယာန်ကို ယုံကြည်သူ ဟုလည်းခေါ်ဆိုနိုင်သည်။

ဘာသာပြန်အကြံပြုချက်များ

  • ခရစ်တော်နောက်လိုက် သို့မဟုတ် ခရစ်တော်နှင့်တူသောသူကို ထိုကဲ့သို့ဘာသာပြန်ဆိုနိုင်သည်။
  • ဘာသာပြန်ရာတွင် တပည့်တော်၊ တမန်တော်များနှင့် မတူညီအောင် ဘာသာပြန်ဆိုသင့်သည်။
  • အဖွဲ့တစ်ဖွဲ့ကိုရည်ညွှန်းခြင်းမဟုတ်ဘဲ ခရစ်တော်ကိုယုံကြည်သူအားလုံး ကိုရည်ညွှန်းသောစကားလုံးဖြစ်ရန် ဘာသာပြန်ဆိုသင့်သည်။
  • မိမိဘာသာစကား သို့မဟုတ် နိုင်ငံသုံးဘာသာစကားတွင် မည်ကဲ့သို့ဘာသာပြန်ထားသည်ကိုလည်း ချင့်ချိန်အသုံးပြုသင့်သည်။

ခါနာန်၊ ခါနာန်လူမျိုး

ခါနာန်သည် နောဧသား၃ဦးထဲက ဟာမ၏သားဖြစ်သည်။ ခါနာန်လူများသည် ထိုသူမှဆင်းသက်လာသည်။ ခါနာန်ပြည် ဟူသောဝေါဟာရမှာ မြေထဲပင်လယ်နှင့် ဂျော်ဒန်မြစ်ကြားရှိနေရာဖြစ်သည်။ ထိုနေရာသည် တောင်ဘက်အီဂျစ်နယ်စပ် နှင့် မြောက်ဘက်ဆီးရီးယားနယ်စပ်တွင်ရှိသည်။ ထိုမြေနေရာတွင် ခါနာန်လူမျိုးများနှင့် အခြားမျိုးနွယ်စုများနေထိုင်ကြပါသည်။ * ဘုရားသခင်က ခါနာန်မြေအား အာဗြံဟံနှင့်သူ၏မျိုးနွယ်ဖြစ်သော က္ကုသရေလလူမျိုးများအားပေးရန် ကတိတော်ထားရှိခဲ့သည်။


ခါလဒဲ၊ ခါလဒဲလူ

ခါလဒဲဒေသမှာ မက်ဆိုပိုတေးမီးယားတောင်ပိုင်း သို့မဟုတ် ဘာဘုလုန်တွင်တည်ရှိသည်။ ထိုဒေသတွင်နေထိုင်သူများကို ခါလဒဲလူဟုခေါ်ဆိုပါသည်။ အာဗြံဟံ၏မြို့မှာ ဥရဖြစ်ပြီး ခါလဒဲပြည်တွင်တည်ရှိပါသည်။ ထို့ကြောင့် ခါလဒဲလူ ဥရပြည်သားဟု ခေါ်ဆိုလေ့ရှိသည်။ နေဗုခနေဇာမင်း သည်ခါလဒဲလူဖြစ်ပြီး ဘာဘုလုန်၏ဘုရင်ဖြစ်လာခဲ့သည်။ နှောင်နှစ်ပေါင်းများစွာကြာပြီးနောက် ဘီစီ ၆၀၀ ခန့်တွင် ခါလဒဲ ဟူသောစကားသည် ဘာဘုလုန် ဖြစ်လာခဲ့သည်။ ဒံယေလကျမ်းတွင် ခါလဒဲဟူသောစကားမှာ ပညာအဆင့်အတန်းမြင့်မားပြီး ကြယ်များအကြောင်းလေ့လာတတ်ကျွမ်းသော လူတန်းစားတစ်ခုကို ရည်ညွှန်းပါသည်။


ခေရသိ

ခေရသိလူများသည် ပါလက်စတိုင်းပြည်မှ လူမျိုးနွယ်များဖြစ်သည်။ ပေလသိလူနှင့် ခေရသိလူ တို့သည်ရှင်ဘုရင် ဒါ၀ိတ်တပ်တွင် ဘုရင့်ကိုယ်ရံတော်များအဖြစ်တာဝန်ထမ်းဆောင်သော အထူးတပ်ဖွဲ့ဝင်များဖြစ်သည်။ ယောယဒဒ၏သား ဗေနာယ သည်ခေရသိလူနှင့် ပေလသိလူတို့ကိုအုပ်ရသော ဒါ၀ိတ်၏တပ်မှူးဖြစ်သည်။ * အာဗရှာလုံပုန်ကန်ချိန် ဒါ၀ိတ် ယေရုရှလင်မှထွက်ပြေးရချိန်တွင် ခေရသိလူများသည် ဒါ၀ိတ်နှင့်အတူရှိနေခဲ့သည်။


ခေရုဗိမ်

ခေရုဗိမ် ဟူသောအမည်မှာ ဘုရားသခင်ဖန်ဆင်းထားသော ကောင်းကင်ဘုံသားဖြစ်သည်။ ကျမ်းစာထဲတွင် ခေရုဗိမ်များသည် တောင်ပံနှင့်မီးလျှံရှိကြောင်းဖော်ပြထားပါသည်။ ခေရုဗိမ်သည် ဘုရား၏ဘုန်းအာနုဘော်ကိုဖော်ညွှန်းပြီး သန့်ရှင်းသည့်အရာများကိုစောင့်ကြပ်ရသည့်အနေအထားရှိပါသည်။ အာဒံနှင့် ဧဝတို့အပြစ်ပြုပြီးနောက် ဧဒင်ဥယျာဉ်ရှိ အသက်ပင်ကိုလူသားများမရောက်နိုင်ရန် ဘုရားသခင်က ဥယျာဉ်ရှေ့ဂိတ်တွင် ခေရုဗိမ်များဖြင့်စောင့်ကြပ်စေခဲ့သည်။ ပဋိညာဉ်တလ္လားတော်အဖုံးတွင် တောင်ပံချင်းထိစပ်နေသော ခေရုဗိမ်နှစ်ကောင်၏အရုပ်ကိုသွန်းလောင်းထားရှိရန် ဘုရားသခင်က က္ကုသရေလလူမျိုးတော်ကို မှာကြားခဲ့သည်။ တဲတော်၏ကုလားကာတွင်လည်း ခေရုဗိမ်ရုပ်ပုံများ ရက်လုပ်ရန်မှာကြားခဲ့သည်။ အချို့ကျမ်းချက်များတွင် ခေရုဗိမ်တွင် လူ၊ခြင်္သေ့၊နွားသိုး၊သိမ်းဌက်စသည့် မျက်နှာလေးဖက်ရှိကြောင်းဖော်ပြထားသည်။ ခေရုဗိမ် ကိုကောင်းကင်တမန်ဟုထင်မြင်ကြသော်လည်း ကျမ်းစာထဲတွင်ရှင်းလင်းစွာဖော်ပြမထားပေ။

ဘာသာပြန်အကြံပြုချက်များ

  • ခေရုဗိမ်ကို တောင်ပံရှိသောသတ္တဝါ၊ တောင်ပံရှိသောအစောင့်၊ တောင်ပံပါရှိသော ၀ိညာဉ်အစောင့်၊ သန့်ရှင်းသော တောင်ပံပါအစောင့်အကြပ် ဟုဘာသာပြန်ဆိုနိုင်သည်။
  • ခေရု သည်အနည်းကိန်းဖြစ်ပြီး ခေရုဗိမ်သည် အများကိန်းဖြစ်သည်။ ဥပမာ- တောင်ပံပါသောသတ္တဝါ၊ တောင်ပံရှိ၀ိညာဉ်အစောင့်အကြပ်။
  • ကောင်းကင်တမန်နှင့် ကွဲလွဲစွာဘာသာပြန်ဆိုသင့်သည်။
  • ဒေသခံအသုံးအနှုန်းပေါ်မူတည်ပြီး ဘာသာပြန်ရာတွင်၎င်း၊ ရေးသားရာတွင်၎င်း ချင့်ချိန်အသုံးပြုသင့်သည်။

ခေါင်းဆောင်

ခေါင်းဆောင် ဆိုသည်မှာ ခွန်အားအကြီးဆုံး၊ အုပ်စုတစ်ခု၏ အရေးပါဆုံးဦးဆောင်သူ ဟုအဓိပ္ပာယ်ရှိပါသည်။ ဥပမာအနေဖြင့် ဂီတခေါင်းဆောင်၊ ယဇ်ပုရောဟိတ်မင်း၊ အခွန်ခံခေါင်းဆောင်၊ ဘုရင်ခံချုပ် စသည်တို့ဖြစ်သည်။ အထူးမိသားစု၏ ခေါင်းဆောင်အဖြစ်လည်းမှတ်ယူနိုင်သည်။ ကမ္ဘာဦးကျမ်း ၃၆တွင် အချို့လူများသည် မျိုးနွယ်စု၏ခေါင်းဆောင်များဖြစ်သည်။ ထိုအခြေအနေတွင် ဦးဆောင်သူ၊ ဦးဆောင်ဖခင်ဟု သုံးနှုန်းနိုင်ပါသည်။ * နာမ်အဖြစ်အသုံးပြုမည်ဆိုပါက ဦးဆောင်ခြင်း၊ အုပ်ချုပ်ခြင်း၊ ဦးဆောင်သောတေးဂီတရှင်၊ အုပ်ချုပ်သောယဇ်ပုရာဟိတ်မင်း စသည်ဖြင့် ဘာသာပြန်ဆိုနိုင်သည်။


ခေါ်သည်၊ ခေါ်ခြင်း၊ ခေါ်ဆိုသည်၊ အော်ခေါ်သည်။

ဤစကား၏အဓိပ္ပာယ်မှာ အဝေးတစ်နေရာရှိလူကြားစေရန် ကျယ်ကျယ်အော်ပြောခြင်းဖြစ်သည်။ ပုံပမာခိုင်းနှိုင်းပြောဆိုသော အသုံးအနှုန်းလည်းဖြစ်ပါသည်။ အော်ခေါ်သည် ဆိုသည်မှာ အဝေးရှိလူကြားစေရန် အော်ပြောခြင်းဖြစ်သည်။ ဘုရားကိုအော်ဟစ်အကူအညီတောင်းခြင်းဟုလည်း အဓိပ္ပာယ်ရှိပါသည်။ ကျမ်းစာထဲတွင် ဆင့်ခေါ်သည် သို့မဟုတ် လာရန်အမိန့်ပေးသည် သို့မဟုတ် လာရန်တောင်းဆိုသည် ဟုအဓိပ္ပာယ်ရှိပါသည်။ ဘုရားက လူများသူ့ဆီလာရန်၊သူ၏လူမျိုးဖြစ်ရန် ခေါ်ဆိုလျက်ရှိသည်။ ကျမ်းစာထဲရှိ ခေါ်သည် ဟူသောအဓိပ္ပာယ်မှာ ဘုရားကသူ၏လူ၊ သူ၏အစေခံ၊ ခရစ်တော်အားဖြင့်ရသော ကယ်တင်ခြင်းကို သက်သေခံရန် ဟူ၍ဖြစ်ပါသည်။ တစ်စုံတစ်ယောက်၏ နာမည်ကိုခေါ်ဆိုရာတွင်လည်း အသုံးပြုပါသည်။ ဥပမာ- သူအမည်မှာ ဂျွန်ဖြစ်သည်။သူ့ကို ယောဟန်ဟုအမည်ပေးထားသည်။ တစ်စုံတစ်ယောက်၏အမည်ကိုအစွဲပြုပြီး တစ်စုံတစ်ယောက်အား ခေါ်ဆိုလေ့ရှိသည်။ ဥပမာ- ဘုရား၏လူမျိုးတော် * နာမည်ခေါ်ခြင်း ဆိုသည်မှာ ဘုရားက ထိုသူကိုသိကျွမ်းပြီး သူ့ကိုရွေးချယ်လိုက်ခြင်းဖြစ်ပါသည်။

ဘာသာပြန်အကြံပြုချက်များ

  • ခေါ်သည် ဟူသောဝေါဟာရကို ဆင့်ခေါ်သည် ဟုသုံးစွဲသင့်သည်။ သို့မှသာ ရည်ရွယ်ချက်ရှိရှိခေါ်ဆိုကြောင်းပေါ်လွင်မည်ဖြစ်သည်။
  • သင့်ကိုခေါ်သည် ဟူသောစကားအဓိပ္ပာယ်မှာ သင့်ကိုအကူအညီတောင်းသည်၊ သင့်ထံသို့အရေးတကြီးပြောဆိုသည် ဟုဖြစ်ပါသည်။
  • ဘုရားက အစေခံအဖြစ်ခေါ်ဆိုသည် ဟူသောသမ္မာကျမ်းစာထဲရှိအဓိပ္ပာယ်မှာ အထူးရွေးချယ်ထားသော သို့မဟုတ် အစေခံတာဝန်ထမ်းရန် ခန့်အပ်ထားသည်ဟု ဘာသာပြန်ဆိုနိုင်သည်။
  • သင်သူ့နာမည်ခေါ်သင့်သည် ဟူသောစကားလုံးကို သင်သူ့ကိုအမည်ပေးသင့်သည် ဟုဘာသာပြန်ဆိုသင့်သည်။
  • သူ့နာမည်ကို ထိုသို့မှည့်ထားသည်ဟု ပြန်ဆိုနိုင်သည်။
  • အော်ခေါ်သည် ဆိုသည်မှာ ကျယ်လောင်စွာပြောဆိုခြင်း၊ အော်ခြင်း၊ ကြီးသောအသံနှင့်ပြောခြင်းဖြစ်သည်။ ဒေါသထွက်နေသည့်ပုံစံ မပေါ်ရန်ဘာသာပြန်ဆိုသင့်သည်။
  • ခေါ်ယူခြင်း ဟူသောအသုံးအနှုန်းမှာ သင်၏ရည်ရွယ်ချက်၊ သင့်အပေါ် ဘုရားကထားရှိသောရည်ရွယ်ချက်၊ ဘုရားပြင်ဆင်ထားသော အထူးတာဝန် ဟုပြန်ဆိုနိုင်သည်။
  • ဘုရားနံမည်ခေါ်ဆိုခြင်း ဆိုသည်မှာ ဘုရားကိုခိုလှုံတမ်းတခြင်း၊ ဘုရားကိုယုံကြည်နာခံခြင်း ဖြစ်သည်။
  • တစ်စုံတစ်ခုကိုခေါ်ဆိုခြင်း ဆိုသည်မှာ တောင်းဆိုခြင်း၊ အကူအညီယူခြင်း၊ အမိန့်ပေးခြင်း ဖြစ်သည်။
  • ငါ၏အမည်ဖြင့်သင့်ကိုခေါ်ဆိုမည် ဟူသောအဓိပ္ပာယ်မှာ သင်သည်ငါနှင့်ဆိုင်သောကြောင့် သင့်ကိုငါ့အမည် ပေးထားသည်ဟူ၍ ဖြစ်ပါသည်။
  • သင့်ကိုငါခေါ်သည် ဟူသောစကားမှာ ဘုရားကသင့်ကိုသိပြီး ရွေးချယ်ထားခြင်း ဖြစ်ပါသည်။

ချည်သည်

ဤစကားသည် တစ်စုံတစ်ခုကို မြဲစွဲချည်နှောင်ထားခြင်းဖြစ်သည်။ ချည်နှောင်ထားသည့်အရာ ကိုဤကဲ့သို့ခေါ်ဆိုသည်။ ဤစကားလုံး ၃လုံးမှာ သဒ္ဒါ(ပစ္စုပ္ပန်၊အတိတ်) ပုံစံဖြစ်သည်။ ချည်နှောင် သည်ဆိုရာတွင် တစ်စုံတစ်ခုကိုတုပ်နှောင်၊ပူးတွဲထားခြင်းဖြစ်သည်။ ပုံပမာအားဖြင့် လူတစ်ယောက်ကတိပြုထားသောအရာကို ပြည့်စုံအောင်လုပ်ဆောင်ရခြင်းဖြစ်သည်။ ချည်နှောင်ခြင်း၊ တုပ်နှောင်ခြင်းလည်းဖြစ်သည်။ လူတစ်ယောက် မလွှတ်မြောက်နိုင်ရန် ချည်နှောင်ထားသော သံကြိုး၊ကြိုး စသည်တို့ဖြစ်သည်။ ကျမ်းစာထဲတွင် ထောင်သားကို ကျောက်တုံး၌ သံကြိုး၊ကြိုးစသည်တို့နှင့် ချည်နှောင်ထားခြင်းရှိသည်။ အနာကျက်စေရန် အဝတ်နှင့်စည်းနှောင်ထားခြင်း၌လည်း ဤစကားကိုအသုံးပြုသည်။ လူသေကိုအဝတ်နှင့်စည်းနှောင်ပြီး သြင်္ဂိုလ်လေ့ရှိသည်။ ပုံပမာခိုင်းနှိုင်းပြီး အပြစ်တရား၏နှောင်ဖွဲ့ခြင်းဟုလည်း အသုံးပြုနိုင်သည်။ တစ်ယောက်နှင့်တစ်ယောက် စိတ်ဓာတ်ပိုင်း၊ဝိညာဉ်ရေးပိုင်း၊ကိုယ်ခန္ဓာပိုင်း ထောက်ပံ့ခြင်းကိုလည်း ဆိုလိုပါသည်။ ထိမ်းမြားမင်္ဂလာ ဟုလည်းအသုံးပြုပါသည်။ * ဥပမာ- ယောကျာ်းနှင့်မိန်းမတို့၏ ပေါင်းဖက်ခြင်း၊ ထိုပေါင်းဖက်ခြင်းကို ဘုရားသခင်က ကွဲကွာရန်အလိုတော်မရှိပေ။

ဘာသာပြန်အကြံပြုချက်

  • ချည်သည်၊ ချည်နှောင်သည်၊ တုပ်နှောင် သည်ဟုဘာသာပြန်ဆိုနိုင်သည်။

ချပ်ဝတ်တန်ဆာ

ချပ်ဝတ်တန်ဆာဆိုသည်မှာ စစ်ပွဲတွင်အကာအကွယ်အဖြစ်ဝတ်သော အရာဖြစ်သည်။ ပုံပမာပေးလည်း ဝိညာဉ်တော်ဒိုင်းလွှား ဟူ၍လည်းပြောဆိုနိုင်သည်။ စစ်သားတစ်ယောက်၏ချပ်ဝတ်တန်ဆာများမှာ ဦးထုပ်၊ ဒိုင်း၊ ခါးပန်း၊ ခြေစွပ် နှင့် ဓား ဖြစ်သည်။ ဝိညာဉ်ရေးတိုက်ပွဲများတွင် ယုံကြည်သူများအတွက် ဘုရားသခင်ပြင်ဆင်ပေးသော ဝိညာဉ်ရေးဒိုင်းလွှားများရှိကြောင်း ပုံဥပမာပေး၍ ပေါလုကခိုင်းနှိုင်းပြီးရေးသားခဲ့သည်။ စာတန်နှင့် အပြစ်တရားကို တိုက်ခိုက်ရန် ဘုရားသခင်ပြင်ဆင်ပေးသော ဝိညာဉ်တော်လက်နက်များမှာ သစ္စာတရား၊ ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂေလိတရား၊ ယုံကြည်ခြင်း၊ ကယ်တင်ခြင်း နှင့် သန့်ရှင်းသောဝိညာဉ်တော် စသည်တို့ဖြစ်သည်။ ဤစကားလုံးကို စစ်သည်တော်၏တန်ဆာပလာ၊ တိုက်ပွဲချပ်ဝတ်တန်ဆာ၊ အကာအကွယ်ပစ္စည်း၊ လက်နက်များ ဟုလည်းဘာသာပြန်ဆိုနိုင်သည်။


ချိန်းဆိုသည်၊ ချိန်းချက်ထားသော

ချိန်းဆိုသည်၊ ချိန်းချက်ထားသော ဟူသောစကားမှာ တစ်စုံတစ်ယောက်အား အလုပ်တစ်ခုကိုလုပ်ဆောင်ရန်ရွေးချယ်ထားခြင်းဖြစ်သည်။ ချိန်းချက်ခြင်းခံရသော ဟူသောစကားမှာ တစ်ခုခုရယူရန်ရွေးချယ်ခံရခြင်းဖြစ်သည်။ ထာဝရအသက် ရရှိရန်ချိန်းဆိုခံရခြင်းဖြစ်သည်။ ချိန်းချက်သောအချိန် ဟူသောစကားမှာ ဘုရား၏ချိန်းဆိုသောအချိန်၊ တစ်စုံတစ်ခုဖြစ်လာရန် စီစဉ်ထားသောအချိန် ကိုဆိုလိုပါသည်။ * ချိန်းဆိုသည် ဟူသောစကားမှာ တစ်စုံတစ်ယောက်အား အမိန့်ပေးသည်၊ တာဝန်ပေးသည်ဟူ၍ဖြစ်သည်။

ဘာသာပြန်အကြံပြုချက်များ

  • ရေခံမြေခံပေါ်မူတည်ပြီး ရွေးချယ်သည်၊ ခန့်အပ်သည်၊ တရားဝင်ရွေးချယ်သည်၊ ခန့်အပ်ထားသည်ဟု ဘာသာပြန်ဆိုနိုင်သည်။
  • ချိန်းချက်သည်ဟူသောစကားကို တာဝန်ချထားသော၊ စီစဉ်ထားသော၊ အထူးရွေးချယ်ထားသည် ဟုလည်းဘာသာပြန်ဆိုနိုင်သည်။
  • ချိန်းဆိုထားသော ဟူသောစကားကို ရွေးချယ်ထားသာ ဟူ၍လည်းဘာသာပြန်ဆိုနိုင်သည်။

ချီဆောင်သည်၊ အမှီ(လိုက်)သည်။

ချီဆောင်သည် ဆိုသည်မှာ ဘုရားကလူတစ်ယောက်ကိုကောင်းကင်သို့ ရုတ်တရက်ချီဆောင်သွားခြင်း၊ အံ့ဖွယ်ခေါ်ဆောင်သွားခြင်းဖြစ်သည်။ မှီသည် ဟူသောစကားမှာ တစ်စုံတစ်ယောက်နောက် အမှီလိုက်ခြင်းဖြစ်ပြီး လိုက်မှီသည် ဟုအဓိပ္ပာယ်ရသည်။ တမန်တော်ပေါလုက တတိယကောင်းကင်ဘုံကို မှီကြောင်းရေးသားထားသည်။ ထိုနေရာသို့ ချီဆောင်ခံရသည်ဟု ဘာသာပြန်ဆိုနိုင်သည်။ ခရစ်တော်ပြန်လာချိန်တွင် ခရစ်ယာန်များနှင့်လေထဲတွင်တွေ့ဆုံမည်ဖြစ်ကြောင်း ပေါလုပြောကြားထားသည်။ ငါ့အပြစ်သည် ငါ့ကိုမှီသည် ဟူသောအဓိပ္ပာယ်မှာ ငါ့အပြစ်၏အကျိုးအပြစ်ကိုခံစားရသည်၊ ငါ့အပြစ်ကြောင့်ငါဒုက္ခရောက်သည်၊ ငါ့အပြစ်သည်င့ါကို ဒုက္ခပေးသည် ဖြစ်သည်။


ခြင်းတောင်း

ခြင်းတောင်းဆိုသည်မှာ ရက်လုပ်ထားသောထည့်စရာတစ်ခုဖြစ်သည်။ သမ္မာကျမ်းစာခေတ်၌ ခြင်းတောင်းများသည် သစ်ပင်ထွက်ပစ္စည်းများ (သစ်ကိုင်း၊သစ်ခက်) ဖြင့်ရက်လုပ်ထားသောအရာများဖြစ်သည်။ ခြင်းတောင်းကို ရေတွင်ပေါလောပေါ်နိုင်ရန် ရေလုံအောင်သုတ်လိမ်းထားသည်။ မောရှေငယ်စဉ်အခါက မိခင်ဖြစ်သူသည် ခြင်းတောင်းကိုရေလုံအောင်လုပ်ပြီး နိုင်းလ်မြစ် ကျူတောထဲတွင်ဝှက်ထားခဲ့သည်။ ထိုပုံပြင်တွင်ဘာသာပြန်ဆိုသော ခြင်းတောင်းသည် မောရှေတည်ဆောက်သော သင်္ဘောကဲ့သို့ပင် ရည်ရွယ်ဘာသာပြန်ဆိုထားသည်။ ထိုပုံပြင်နှစ်ခု၏ တူညီသောအချက်မှာ ရေပေါ် ပေါ်နိုင်သော သင်္ဘော၊ခွက် ဟူ၍ဖြစ်သည်။


စက်ဆုပ်ရွံရှာဖွယ်ကောင်းခြင်း၊ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော

စက်ဆုပ်ရွံရှာဖွယ်ကောင်းခြင်း ဆိုသောဝေါဟာရသည် မနှစ်မြို့ဖွယ်ဖြစ်ခြင်း၊ သို့မဟုတ် အလွန်အမင်းသဘောမကျခြင်း စသည်ကိုဆိုလိုခြင်းဖြစ်သည်။ အီဂျစ်လူမျိုးများသည် ဟေဗြဲလူများကို စက်ဆုပ်ရွံရှာဖွယ် အဖြစ်မှတ်ယူကြသည်။ ဟေဗြဲလူမျိုးများကို မနှစ်မြို့ဘဲ သူတို့နှင့်လည်း ထိတွေ့ဆက်ဆံလိုခြင်းမရှိချေ။ သမ္မာကျမ်းစာ၌ ဘုရားသခင်စက်ဆုပ်ရွံရှာသောအရာ ဟုဆိုရာ၌ လိမ်ညာခြင်း၊မာနကြီးခြင်း၊လူသားဖြင့်ယဇ်ပူဇော်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊လူ့အသက်သတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်းနှင့် လိင်တူဆက်ဆံခြင်းကဲ့သို့သော လိင်မှုဆိုင်ရာအပြစ်များပါဝင်ပါသည်။ * နောက်ဆုံးသောကာလအကြောင်း တပည့်တော်များကိုသင်ကြားပေးရာတွင် ယေရှုက ပရောဖက် ဒံယေလ၏ ဖျက်ဆီးတတ်သောရွံရှာဖွယ်အရာ ဆိုသည်မှာ ဘုရားကိုဆန့်ကျင်ပြီး ဘုရားသခင်နေရာသို့ရောက်ရှိလာမည်ဟူပြီး ရည်ညွှန်းပြောဆိုခဲ့သည်။

ဘာသာပြန်အကြံပြုချက်များ

  • စက်ဆုပ်ရွံရှာဖွယ်ကောင်းခြင်း ဆိုသောစကားလုံးကို ဘုရားသခင်မုန်းသောအရာ၊ ရွံရှာဖွယ်ရာ၊ ရွံရှာဖွယ်အကျင့်၊ ဆိုးရွားသောအမူအကျင့်ဟူ၍ ဘာသာပြန်ဆိုနိုင်သည်။
  • အခြေအနေပေါ်မူတည်၍ အလွန်မုန်းတီးဖွယ်ရာ၊ ရွံရှာဖွယ်ကောင်းသော၊ လုံးဝလက်မခံနိုင်စရာ၊ အလွန်ရွံရှာဖွယ်ရာ ဟူ၍ဘာသာပြန်ဆိုသင့်သည်။
  • ပျက်စီးယိုယွင်းခြင်းကိုဆန့်ကျင်ခြင်း ဟူသောစကားစုကို လူသားများအတွက်ဘေးဖြစ်စေသောအရာကို ဟန့်တားခြင်း၊ ကြီးမားသောဆုံးရှုံးမှုဖြစ်လာခြင်းကို မနှစ်မြို့ခြင်း ဟူ၍ဘာသာပြန်ဆိုသင့်သည်။

စင်ကျူရီယန်

စင်ကျူရီယန် ဆိုသည်မှာ စစ်သား ၁ဝဝကိုအုပ်ချုပ်ရသော ရောမတပ်မှူးဖြစ်သည်။ ထိုစကားကို လူတစ်ရာ၏ခေါင်းဆောင်၊ တပ်မှူး၊ တပ်သားတစ်ရာအုပ် ဟုဘာသာပြန်ဆိုနိုင်သည်။ ရောမတပ်မှူးတစ်ဦးသည် ယေရှုဆီလာရောက်ပြီး သူ၏အစေခံကိုကုသပေးရန် တောင်းဆိုခဲ့သည်။ ယေရှုသေဆုံးချိန်ကို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသော တပ်မှူးသည်အံ့အားသင့်ခဲ့ရသည်။ ယေရှုနှင့်ဆိုင်သော သတင်းကောင်းကို ရှင်းပြနိုင်ရန် ဘုရားက တပ်မှူးတစ်ယောက်ကို ပေတရုထံသို့စေလွှတ်ခဲ့သည်။


စည်းဝေးခြင်း၊ စုဝေးသည်

စည်းဝေးခြင်း ဆိုသည်မှာ ပြဿ နာဖြေရှင်းရန်၊ အကြံပေးရန်၊ ဆုံးဖြတ်ချက်ချရန် စုဝေးရောက်ရှိလာသောလူအုပ်ဖြစ်သည်။ စည်းဝေးသူများသည် တရားဝင်စီမံထားသော၊အမြဲတမ်းအဖွဲ့ဝင်လူများဖြစ်နိုင်သလို၊ တစ်စုံတစ်ခုသောရည်ရွယ်ချက်အတွက် ယာယီစုဝေးကြသော လူအုပ်ဖြစ်နိုင်သည်။ ဓမ္မဟောင်းကျမ်းတွင် ထာဝရဘုရားကို ကိုးကွယ်ရန် က္ကုသရေလများစုဝေးကြသော သန့်ရှင်းသောစုဝေးခြင်း ဟူ၍ရှိသည်။ တစ်ခါတစ်ရံ စည်းဝေးခြင်း ဟူသောစကားမှာ က္ကုသရေလလူအုပ်စုကို ဆိုလိုပါသည်။ စုဝေးနေသောရန်သူအုပ်စုကိုလည်း စုဝေးသည် ဟုခေါ်ဆိုနိုင်သည်။ စစ်သား ဟုလည်းဘာသာပြန်ဆိုနိုင်သည်။ * ဓမ္မသစ်ကျမ်းတွင် ယေရုရှလင်မြို့ အစရှိသည်တို့မှ စုဝေးသော ယုဒခေါင်းဆောင် ၇၀ တို့သည် တရားဝင်ကိစ္စများအတွက်၊ လူထုကြားအငြင်းပွားဖွယ်ရာများအတွက် တွေ့ဆုံလေ့ရှိသည်။ ဤလူစုကို လွှတ်အရာရှိ၊ ကောင်စီ ဟုခေါ်ဆိုသည်။

ဘာသာပြန်အကြံပြုချက်များ

  • ရေခံမြေခံပေါ်မူတည်ပြီး စည်းဝေးခြင်း ကို အထူးစုဝေးခြင်း၊ လူစု၊ ကောင်စီ၊ စစ်တပ်၊ လူအုပ်ကြီးဟုလည်း ပြန်ဆိုနိုင်သည်။
  • ဤစကားသည် က္ကုသရေလ လူအားလုံးကိုရည်ညွှန်းသောအခါ လူစု သို့မဟုတ် က္ကုသရေလလူများ ဟုပြန်ဆိုနိုင်သည်။
  • လူအားလုံး၊ က္ကုသရေလူအားလုံး၊ လူတိုင်း ဟုလည်းဘာသာပြန်ဆိုနိုင်သည်။

စီမံခန့်ခွဲခြင်း၊ စီမံခန့်ခွဲသူ

စီမံခန့်ခွဲခြင်း၊ စီမံခန့်ခွဲသူ ဆိုသည်မှာတိုင်းပြည်တစ်ခု စနစ်ကျစွာလည်ပတ်နိုင်ရန် အုပ်ချုပ်စီမံခြင်းကိုဆိုလိုပါသည်။ ဗာဘုလုန် တိုင်းပြည်တွင် ဒံယေလနှင့် အခြားယုဒလူငယ် ၃ဦးကို အစိုးရအရာရှိ (သို့) စီမံခန့်ခွဲသူအဖြစ် တာဝန်ပေးအပ်ခဲ့သည်။ ဓမ္မသစ်ကျမ်းတွင် စီမံခန့်ခွဲခြင်း ကိုဝိညာဉ်ဆုကျေးဇူးတစ်ခုအဖြစ်သတ်မှတ်ထားသည်။ * စီမံခန့်ခွဲမှု ဝိညာဉ်ဆုကျေးဇူးရှိသောသူသည် လူထုကို စီမံအုပ်ချုပ်နိုင်ခြင်း၊ အဆောက်အဦး နှင့်ပိုင်ဆိုင်မှုများကို စီမံအုပ်ချုပ်နိုင်သူဖြစ်သည်။

ဘာသာပြန်အကြံပြုချက်များ

  • အကြောင်းအရာပေါ်မူတည်၍ စီမံခန့်ခွဲခြင်း ဟူသောဝေါဟာရကို အုပ်ချုပ်သူ (သို့) စုစည်ပေးသူ (သို့) စီမံသူ (သို့) အုပ်စိုးသူ (သို့) အစိုးရဝန်ထမ်း အဖြစ်ဘာသာပြန်ဆိုနိုင်သည်။
  • စီမံခန့်ခွဲခြင်း ကို အုပ်ချုပ်ခြင်း (သို့) စီမံခြင်း (သို့) ခေါင်းဆောင်မှုပြုခြင်း (သို့) အဖွဲအစည်း အဖြစ်ဘာသာပြန်ဆိုနိုင်သည်။
  • တာဝန်ခံခြင်း (သို့) ကြည့်ရှုစောင့်ရှောက်ခြင်း (သို့) ထိန်းသိမ်းပေးခြင်း ဆိုသော စကားလုံးများအဖြစ်လည်း အသုံးပြုနိုင်သည်။

စွပ်စွဲသည်၊ စွပ်စွဲခြင်း၊ စွပ်စွဲသူ

စွပ်စွဲခြင်း ဟူသောဝေါဟာရသည် တစ်စုံတစ်ခုမှားယွင်းမိသူကို စွပ်စွဲ ပြောဆိုခြင်းဖြစ်သည်။ တစ်စုံတစ်ယောက်ကိုစွပ်စွဲသောသူအား စွပ်စွဲသူ ဟူ၍ ခေါ်ဆိုသည်။ မှားယွင်းသောစွပ်စွဲခြင်း ဆိုသည်မှာတစ်စုံတစ်ယောက်ကို မှားယွင်းစွာစွပ်စွဲမိခြင်းဖြစ်သည်။ သခင်ယေရှုကို ဂျူ းဘာသာရေးခေါင်းဆောင်များက အပြစ်ရှိသည်ဟု စွပ်စွဲခဲ့ကြသည်။ ဓမ္မသစ်ကျမ်းစာ ဗျာဒိတ်ကျမ်း၌ စာတန်ကို စွပ်စွဲသူဟု ရေးသားထားသည်။


ဆင်းရဲသူအတွက်ပေးသော ငွေ၊အဝတ်၊ စားစရာ

ဤဝေါဟာရသည် ဆင်းရဲသူများအတွက်ပေးသော ငွေကြေး၊စားစရာ၊ အဝတ်အထည်စသည်တို့ကို ရည်ညွှန်းပါသည်။ ဤကဲ့သို့ပေးကမ်းခြင်းသည် ဘာသာရေးသွန်သင်ချက်အရ ဖြောင့်မတ်ကြောင်းကိုပြသဖို့ရန်အတွက်ဖြစ်သည်။ သခင်ယေရှုက ထိုသို့ပေးကမ်းရာ၌ အခြားသူများသိအောင် ပေါ်ပေါ်တင်တင်မပေးသင့်ကြောင်း ပြောကြားခဲ့သည်။ * ဤဝေါဟာရကို ငွေကြေး၊ ဆင်းရဲသူများအတွက်လက်ဆောင်၊ ဆင်းရဲသူများအတွက် အကူအညီ ဟုဘာသာပြန်ဆိုသင့်သည်။


ဆီဇာ

ဆီဇာဟူသောအမည်မှာ ရောမဧကရာဇ် အုပ်ချုပ်သူများ၏အမည်အဖြစ်အသုံးပြုသည့်အမည်ဖြစ်သည်။ သမ္မာကျမ်းစာထဲတွင် ဆီဇာဟူ၍ မတူညီသောရောမဧကရာဇ် ၃ဦးရှိပါသည်။ ပထမတစ်ယောက်မှာ သြဂတ်စတပ်စ် ဖြစ်ပြီး ယေရှုမွေးဖွားချိန်တွင် အုပ်စိုးခဲ့သူဖြစ်သည်။ နောင်နှစ်ပေါင်း၃ဝကြာပြီးနောက် နှစ်ခြင်းဆရာယောဟန် တရားဟောကြားသည့်အချိန်တွင် တိုင်ဗေးရိယပ်စ်ဆီဇာ သည်ရောမဘုရင်ဖြစ်သည်။ ကဲသာနှင့်ဆိုင်သောအရာကို ကဲသာအားပေးပါဟု ယေရှုပြောဆိုသောသူမှာ ထို တိုင်ဗေးရိယပ်စ်ဆီဇာ ဖြစ်သည်။ ပေါလု အယူခံဝင်သည့် ဆီဇာဘုရင်မှာ ရောမဘုရင်နီရိုး ဖြစ်သည်။ ဆီဇာကို အမည်အဖြစ်ခံယူသလို၊ ဆီဇာ၏အဓိပ္ပာယ်မှာလည်း ဧကရာဇ်၊ ရောမအုပ်ချုပ်သူ
ဟူ၍ပင်ဖြစ်ပါသည်။
ဆီဇာသြဂတ်တပ်စ် သို့မဟုတ် တိုင်ဗေးရိယပ်စ်ဆီဇာ အစရှိသောအမည်များကို ရင်းနှီးပြီးသားအမည်နာမများ ဖြင့်သာပြန်ဆိုအသုံးပြုသင့်သည်။


ညီအစ်ကို

ညီအစ်ကို ဆိုသည်မှာမိဘတစ်ဦးဦးအားဖြင့် သွေးသားတော်စပ်သော ယောကျာ်းနှစ်ဦးဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် ညီအစ်ကိုဆိုသည်မှာ ယေဘုယျအားဖြင့် တူညီသောမျိုးနွယ်၊လူစု ထဲမှဖြစ်သောလူများကိုဆိုလိုပါသည်။ ဓမ္မသစ်ကျမ်းတွင် တမန်တော်ပေါလုက ခရစ်တော်၌ယုံကြည်သော ယောကျာ်း၊မိန်းမ များကို ညီအစ်ကို ဟူသောအသုံးအနှုန်းဖြင့် ခေါ်ဆိုလေ့ရှိသည်။ ထိုသူတို့သည် ကောင်းကင်ရှင်အဖဘုရား၏ မိသားစုဝင်များပင်ဖြစ်ကြသည်။ * တမန်တော်ပေါလုက ညီအစ်မများ ဟုသုံးနှုန်းသော အသုံးအနှုန်းကိုလည်း တစ်ခါတစ်ရံတွေ့နိုင်ပါသည်။ ဥပမာ- ရှင်ယုဒက စားစရာနှင့်အဝတ်အထည်လိုအပ်သော ညီအစ်ကို၊ညီအစ်မများကို ရည်ညွှန်းပြီး ယုံကြည်သူအားလုံးကိုပြောဆိုခဲ့ပါသည်။

ဘာသာပြန်အကြံပြုချက်များ

  • သွေးသားတော်စပ်သော ညီအစ်ကို၊ သွေးသားမတော်စပ်သောညီအစ်ကို စသည်ဖြင့် မရောထွေးစေရန် အခြားစကားလုံးကိုအသုံးပြုသင့်သည်။ သို့သော် အဓိပ္ပာယ်ရောထွေးခြင်းမရှိပါက အသုံးပြုနိုင်ပါသည်။
  • ဓမ္မဟောင်းတွင် ညီအစ်ကို ဟုဆိုရာ၌ မျိုးနွယ်တူသောလူအုပ်စုကို ရည်ညွှန်းပါသည်။ ထိုကြောင့် ဘာသာပြန်ရာတွင် ဆွေးမျိုး၊ မျိုးနွယ်ဝင်၊ က္ကုသရေလလူမျိုး ဟုထည့်သွင်းသင့်ပါသည်။
  • ခရစ်တော်၌နောက်လိုက်ဖြစ်ခြင်းကို ရည်ညွှန်းရာတွင် ဤစကားကို ခရစ်တော်၌ညီအစ်ကို၊ ဝိညာဉ်ရေးညီအစ်ကို ဟုပြန်ဆိုသင့်သည်။
  • ရည်ညွှန်းသောလူစုတွင် အမျိုးသမီးများပါဝင်ပါက ညီအစ်ကို ဟူသောစကားလုံးသည် အဓိပ္ပာယ်မပြည့်စုံပေ၊ ထို့ကြောင့် ယောကျာ်း၊မိန်းမ ပါဝင်သောယေဘုယျ စကားလုံးကို အသုံးပြုသင့်သည်။
  • အမျိုးသား၊ အမျိုးသမီးပါဝင်သောအသုံးအနှုန်းမှာ နောက်လိုက်ယုံကြည်သူများ၊ ခရစ်ယာန်ညီအစ်ကိုမောင်နှမများ ဟုအသုံးပြုနိုင်သည်။
  • ယောကျာ်းကိုရည်ညွှန်းခြင်းလား၊ ယောကျာ်းမိန်းမ၂မျိုးလုံးကို ရည်ညွှန်းခြင်းလား ဆိုသည်ကို သတိထားပြီး ဘာသာပြန်ဆိုသင့်ပါသည်။

တမန်တော်၊ တမန်တော်ဖြစ်ခြင်း

တမန်တော်များသည် ဘုရားသခင်နှင့်ဘုရားသခင်နိုင်ငံတော်အကြောင်းဟောပြောရန် ယေရှုစေလွှတ်သောသူများဖြစ်သည်။ တမန်တော်ဖြစ်ခြင်းဆိုသောစကားမှာ တမန်တော်အဖြစ်ရွေးချယ်ခန့်အပ်ခံရသောသူများကိုဆိုလိုခြင်းဖြစ်သည်။ တမန်တော်၏အဓိပ္ပာယ်မှာ အထူရည်ရွယ်ချက်တစ်ခုအတွက်စေလွှတ်ခံရသောသူ ဟူ၍ဖြစ်သည်။ ယေရှု၏အရင်းနှီးဆုံး တပည့်တော်၁၂ပါးမှာ ပထမဆုံးသောတမန်တော်များဖြစ်သည်။ ပေါလုနှင့် ယာကုပ်ကဲ့သို့သောသူများသည်လည်း တမန်တော်ဖြစ်လာကြသည်။ * ဘုရားသခင်၏တန်ခိုးတော်အားဖြင့် တမန်တော်များသည် ဧဝံဂေလိဟောခြင်း၊လူများကိုကုသပေးခြင်း၊နတ်ဆိုးနင်ထုတ်ခြင်းစသည်တို့ကို ရဲဝံ့စွာလုပ်ဆောင်နိုင်ခဲ့ကြသည်။

ဘာသာပြန်အကြံပြုချက်များ

  • တမန်တော်ဟူသောစကားလုံးကို စေလွှတ်ခံရသောသူ၊ စေလွှတ်ခံရသူ၊ ဘုရားသခင်အကြောင်းဟောပြောရန်ခေါ်ခြင်းခံရသောသူ ဟုဘာသာပြန်ဆိုနိုင်သည်။
  • တမန်တော်နှင့် တပည့်တော်ကို ကွဲပြားစွာဘာသာပြန်ဆိုရန်လိုသည်။
  • ဒေသသုံးကျမ်းစာ၌လည်း ဤစကားလုံးကို မည်သို့ဘာသာပြနဆိုထားသည်ကို ဆန်းစစ်ရန်လိုပါသည်။

တရားသေလွှတ်သည်

တရားသေလွှတ်သည် ဆိုသည်မှာလူတစ်ယောက်အား မဟုတ်မမှန်စွပ်စွဲခံရမှုမှ အပြစ်မရှိကြောင်းကြေငြာပေးခြင်းဖြစ်သည်။ သမ္မာကျမ်းစာ၌ အပြစ်သားများအားခွင့်လွှတ်ပေးခြင်းတွင် ဤစကားကိုအသုံးပြုသည်။ ဆိုးယုတ်သူ၊ ထာဝရဘုရားကိုဆန့်ကျင်သောသူတို့အား မှားယွင်းစွာအပြစ်မှလွှတ်ပေးရာတွင်လည်း ဤစကားကိုမကြာခဏသုံးစွဲတတ်ကြသည်။ * ဤစကားကို အပြစ်ကင်းကြောင်းကြေငြာခြင်း သို့မဟုတ် အပြစ်မရှိကြောင်းစီရင်ခြင်း ဟုဘာသာပြန်ဆိုနိုင်သည်။


တလ္လားတော်အဖုံး

တလ္လားတော်အဖုံးဆိုသည်မှာ ပဋိညာဉ်သေတ္တာကို ဖုံးအုပ်ထားသောရွှေပြားဖြစ်သည်။ အင်္ဂလိပ်ဘာသာပြန်များတွင် တလ္လားတော်အဖုံးအကာ ဟုဘာသာပြန်ဆိုထားသည်။ တလ္လားတော်အဖုံးမှာ အလျား ၁၁၅စင်တီမီတာ၊ အနံ ၇၀ စင်တီမီတာရှိသည်။ အဖုံးပေါ်တွင် တောင်ပံထိစပ်နေသောရွှေ ခေယူဗိန်နှစ်ယောက်ရှိသည်။ ဘုရားသခင်က က္ကုသရေလလူများနှင့်တွေ့ရန် တလ္လားတော်အဖုံးနှင့် ခေယူဗိန်တောင်ပံဖြန့်ထားသောအောက်တွင်သာ တွေ့ဆုံသည်။ လူထုကိုယ်စား ယဇ်ပုရောဟိတ်မင်းတစ်ပါးကိုသာ ဝင်ခွင့်ပြုထားသည်။ တစ်ခါတစ်ရံတွင် တလ္လားတော်အဖုံးကို ဂရုဏာပလ္လင်ဟုခေါ်ဆိုသည်။ ဘုရားသခင်က ဂရုဏာတော်သက်၍ အပြစ်သားများကိုရွေးယူရန်ဆက်သွယ်ခြင်းပင်ဖြစ်သည်။

ဘာသာပြန်အကြံပြုချက်များ

  • အခြားသုံးနိုင်သောအသုံးအနှုန်းများမှာ ဘုရားသခင်ရွေးယူရန်ကတိတော်ရှိသော ပဋိညာဉ်အဖုံးနေရာ၊ ဘုရားသခင်အပြစ်ဖြေသောနေရာ၊ ဘုရားသခင်၏ ခွင့်လွှတ်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်းရရှိသောနေရာ ဟုလည်းဘာသာပြန်ဆိုနိုင်သည်။
  • ကျေအေးခြင်းပြုလုပ်သောနေရာဟုလည်း ဘာသာပြန်ဆိုနိုင်သည်။
  • အပြစ်ဖြေခြင်း၊ ကျေအေးခြင်း၊ ရွေးနုတ်ကယ်တင်ခြင်း ဟူသောအသုံးအနှုန်းများနျှင့် နှိုင်းယှဉ်ပြီး ဘာသာပြန်ဆိုသင့်သည်။

တောင်းသည်၊ သူတောင်းစား

တောင်းသည် ဆိုသောအဓိပ္ပာယ်မှာ တစ်စုံတစ်ခုရရန်အတင်းတောင်းဆိုခြင်းဖြစ်သည်။ ပိုက်ဆံတောင်းသည်ဟုမှတ်ယူနိုင်သော်လည်း တစ်ခါတစ်ရံတွင် တစ်စုံတစ်ခုအတွက် အသနားခံခြင်းလည်းဖြစ်နိုင်သည်။ တစ်စုံတစ်ခုအတွက် အလွန်ပူဆာတောင်းဆိုခြင်းဖြစ်သော်လည်း တစ်ဖက်လူက ပေးမည်၊ မပေးမည်ကို မသိနိုင်ပေ။ သူတောင်းစားဆိုသည်မှာ လူစည်ကားသောနေရာတွင် ထိုင်လျက်၊မတ်တပ်ထလျက် ပိုက်ဆံတောင်းခံသောသူဖြစ်သည်။ * အကြောင်းအရာပေါ်မူတည်ပြီး အသနားခံသည်၊ အတင်းတောင်းဆိုသည်၊ ပိုက်ဆံတောင်းသည် ဟုဘာသာပြန်ဆိုနိုင်သည်။


ထိန့်လန့်တုန်လှုပ်ခြင်း၊ သတိပေးခြင်း

သတိပေးခြင်းဆိုသည်မှာ ဘေးတစ်စုံတစ်ခုဖြစ်လာမည်ကို သတိပေးခြင်းဖြစ်သည်။ အန္တရာယ် သို့မဟုတ် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာမည်ကို စိုးရိမ်ထိန့်လန့်ခြင်းဖြစ်သည်။ ရှင်ဘုရင်ယောရှဖတ်သည် မောဘလူမျိုးများ ယုဒနိုင်ငံတော်ကိုတိုက်မည်ကို ကြားသိရသောအခါ ထိန့်လန့်တုန်လှုပ်ခဲ့သည်။ ဖျက်စီးတတ်သောအရာများ နောက်ဆုံးသောကာလ၌ဖြစ်လာသောအခါ မအံ့သြတုန်လှုပ်ရန် ယေရှုကတပည့်တော်များကို ပြောခဲ့သည်။ * သတိပေးသံ ဟူသောအဓိပ္ပာယ်မှာ သတိပေးခြင်းဖြစ်သည်။ ရှေးကာလ၌ အသံတစ်မျိုးမျိုးပြလုပ်အော်ဟစ်ခြင်းဖြင့် သတိပေးသံပြုလုပ်လေ့ရှိသည်။

ဘာသာပြန်အကြံပြုချက်များ

  • သတိပေးခြင်းဆိုသည်မှာ တစ်စုံတစ်ယောက်အားစိုးရိမ်စေခြင်း သို့မဟုတ် ထိန့်လန့်စေခြင်းဖြစ်သည်။
  • သတိပေးခံရသည် ကို စိုးရိမ်စေသည် သို့မဟုတ် ကြောက်လန့်စေသည် သို့မဟုတ် သတိထားစေသည် ဟုဘာသာပြန်ဆိုသင့်သည်။
  • သတိပေးသံ ဟူသောဝေါဟာရကို လူထုကိုသတိပေးခြင်း၊ အန္တရာယ်ဖြစ်လာနေပြီဖြစ်ကြောင်း၊ အန္တရာယ်လာနေပြီဖြစ်ကြောင်း တံပိုးမှုတ်ခြင်း ဟူ၍ဘာသာပြန်ဆိုသင့်သည်။

ဒေါသထွက်သည်၊ ဒေါသ

ဒေါသထွက်သည်၊ ဒေါသဖြစ်သည် ဆိုသည်မှာတစ်စုံတစ်ခုအပေါ် လွန်စွာမနှစ်မြို့ဖွယ်၊ မခံမရပ်နိုင်ဖွယ်၊ စိတ်ပျက်ဖွယ်ဖြစ်ခြင်းကိုဆိုလိုပါသည်။ လူများဒေါသထွက်သည့်အခါ အပြစ်ရှိပြီး တစ်ကိုယ်ကောင်းဆန်ခြင်းဖြစ်စေသည်။ သို့သော် မတရားမှု၊ဖိနှိပ်မှုများအပေါ်ဒေါသဖြစ်ခြင်းသည် မှန်ကန်သောဒေါသဖြစ်ခြင်းဖြစ်သည်။ ဘုရားသခင်၏ဒေါသ ဟူသောဖော်ပြချက်မှာ အပြစ်တရားအပေါ်ဘုရားသခင်၏အလွန်တရာမနှစ်မြို့ခြင်းဖြစ်ပါသည်။ * ဒေါသကိုနှိုးဆွခြင်းဆိုသည်မှာ ဒေါသဖြစ်လာအောင်လုပ်ခြင်းဖြစ်သည်။


နှင်ထုတ်သည်၊ မောင်းထုတ်သည်၊ ပစ်ထုတ်သည်။

နှင်ထုတ်၊ မောင်းထုတ်သည်ဆိုသည်မှာ လူတစ်ယောက်ကို အတင်းအကြပ် ထွက်သွားစေခြင်းဖြစ်သည်။ နှင်ထုတ် နှင့် ပစ်ထုတ်သည် အဓိပ္ပာယ်တူသည်။ ကွန်ပစ်သည်ဟုလည်း အဓိပ္ပာယ်ရှိသည်။ ပုံပမာခိုင်းနှုုိင်းပြီး လူတစ်ဦးတစ်ယောက်ကို ငြင်းဆိုခြင်း၊ အဝေးသို့ပို့ခြင်းဟုလည်း အဓိပ္ပာယ်ရှိပါသည်။

ဘာသာပြန်အကြံပြုချက်များ

  • အခြေအနေပေါ်မူတည်ပြီး တွန်းအားပေးသည်၊ အဝေးသို့ပို့သည်၊ အဆင်မပြေဖြစ်သည် ဟုဘာသာပြန်ဆိုနိုင်သည်။
  • နတ်ဆိုးနှင်ထုတ်သည် ဆိုသည်မှာ နတ်ဆိုးများကိုနှင်ထုတ်ခြင်း၊ မကောင်းဆိုးဝါးကိုထွက်သွားစေခြင်း၊ အမိန့်ပေးနှင်ထုတ်ခြင်း ဖြစ်သည်။

နှိုးဆော်သတိပေးသည်

ဤဝေါဟာရသည် ကြပ်ကြပ်သတိပေးသည် (သို့) တစ်စုံတစ်ယောက်အား အကြံပေးခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် နှိုးဆော်သတိပေး ခြင်းဆိုရာ၌ တစ်စုံတစ်ခုအားမလုပ်ရန်အကြံပေးခြင်းဖြစ်သည်။ ခရစ်တော်၏ကိုယ်ခန္ဓာ၌ ယုံကြည်သူများ အပြစ်မလုပ်ပဲ သန့်ရှင်းသောအသက်တာရှိရန် နှိုးဆော်သတိပေးခြင်းဖြစ်သည်။ * နှိုးဆော်သတိပေးခြင်း ကို အပြစ်မလုပ်ရန်အားပေးခြင်း (သို့) အပြစ်မလုပ်ရန်တိုက်တွန်းခြင်း ဖြစ်သည်။


ပဋိညာဉ်သေတ္တာ၊ ပဋိညာဉ်ဒီဂရီ၊ ဘုရားသခင်၏တလ္လားတော်

ဤစကားသည် ရွှေကွပ်ထားသောသစ်သားပုံး၊ အထဲတွင် ပညတ်တော် ၁၀ပါးရေးသားထားသော ကျောက်ပြားနှစ်ချပ်ကိုထည့်သွင်းထားသည်။ အာရုန်၏တောင်ဝှေးနျှင့် မာနမုန့်ဖလားပါရှိပါသည်။ ark ဟူသောစကားကို ဤနေရာတွင် ပုံး၊ သေတ္တာ ဟုဘာသာပြန်ဆိုနိုင်သည်။ တလ္လားတော်ထဲရှိပစ္စည်းများမှာ ဘုရားသခင်နှင့်က္ကုသလေရလလူမျိုးတို့၏ ပဋိညာဉ်ကိုပြသလျက်ရှိသည်။ ပဋိညာဉ်တလ္လားတော်သည် အသန့်ရှင်းဆုံးဌာနတော်ထဲတွင်ရှိသည်။ က္ကုသရေလလူမျိုးတို့အား မောရှေမှတစ်ဆင့်စကားပြောကြားရာတွင် ဘုရားသခင်က အသန့်ရှင်းဆုံးဌာနတော်ထဲရှိ ပဋိညာဉ်တလ္လားတော်ပေါ်တွင် ထင်ရှားလေသည်။ ပဋိညာဉ်တလ္လားတော်သည် အသန့်ရှင်းဆုံးဌာနတော်ထဲတွင်ရှိနေစဉ်၌ ထိုနေရာကို တစ်နှစ်တစ်ကြိမ်ရောက်ရှိသော အပြစ်ဖြေရာနေ့ ရောက်သောအခါမှသာ ယဇ်ပုရောဟိတ်မင်းတစ်ပါးထဲ ကသာဝင်ခွင့်ရရှိလေသည်။ ပဋိညာဉ်ဒီဂရီ ဟူသောအသုံးအနှုန်းကို အင်္ဂလိပ်အသုံးအနှုန်းများတွင် သက်သေခံချက်ဟူ၍ ဘာသာပြန်ဆိုသည်။ အဓိပ္ပာယ်မှာ ပညတ်တော် ၁၀ပါးသည် ဘုရားသခင်နှင့် သူ၏လူမျိုးတော်ပြုခဲ့သော ပဋိညာဉ်ကိုသက်သေခံလျက်ရှိသည်။ ပညတ်တော်ဥပဒေသ ဟူ၍လည်း ဘာသာပြန်ဆိုနိုင်သည်။


ပလ္လင်

ပလ္လင်ဆိုသည်မှာ ဣသရေလလူမျိုးများ ဘုရားသခင်ကို တိရစ္ဆာန်၊ အသီးအနှံများပူဇော်ရန် တင်လှူသောနေရာမြင့်တစ်ခုဖြစ်သည်။ သမ္မာကျမ်းစာခေတ်၌ ပလ္လင်တည်ဆောက်သောအခါ မြေကြီးဖြင့်လုပ်သောမြင့်သောနေရာ သို့မဟုတ် ကျောက်တုံးများကိုစုပုံပြီးလုပ်ထားသောနေရာဖြစ်သည်။ အချို့သော သေတ္တာပုံပလ္လင်များမှာ သစ်သားနှင့် ရွှေ၊ကြေးဝါ၊ကြေးနီပေါင်းစပ်ပြုလုပ်ထားသော နေရာဖြစ်သည်။ * ဣသရေလလူမျိုး၏အနီးအနားတွင်နေထိုင်သော လူမျိုးများသည်လည်း သူတို့ကိုးကွယ်သောဘုရားများအတွက် ယဇ်ပလ္လင်များတည်ထားခဲ့ကြသည်။


ပုဆိန္

ပုဆိန် ဆိုသည်မှာ သစ်ပင်၊သစ်သားခုတ်ရန်အတွက်ဖြစ်သည်။ သစ်သားလက်ကိုင်ရှည်၏ထိပ်တွင် သတ္တု ဓားသွားကိုတပ်ဆင်ထားသောအရာဖြစ်သည်။ သင်၏ဒေသတွင် ပုဆိန်ကဲ့သို့ပစ္စည်းမျိုးရှိပါက ထိုပစ္စည်းကို ပုဆိန်ဟုဘာသာပြန်ဆိုနိုင်သည်။ သစ်ပင်ဖြတ်ပစ္စည်း၊ ဓားသွားပါသောသစ်သားလက်ကိုင်ရှည်၊ သစ်ပင်ခုတ်ရန် လက်ကိုင်ရှည်ပါသောပစ္စည်း ဟုလည်းဘာသာပြန်ဆိုနိုင်သည်။ ဓမ္မဟောင်းအချိန်တစ်ခု၌ ပုဆိန်အသွားသည် မြစ်ထဲသို့ကျသွားခဲ့သည်။ ထိုကြောင့် ပုဆိန်ဟုသုံးနှုန်းလိုသော ပစ္စည်းတွင်လည်း ထိုကဲ့သို့ ဖြုတ်တပ်နိုင်သော ဓားသွားပါရှိရမည်ဖြစ်သည်။


ပူဇော်သက္ကာ၊ မီးဖြင့်ပူဇော်ခြင်း

ပူဇော်သက္ကာ ဆိုသည်မှာ ယဇ်ပလ္လင်ပေါ်တွင် မီးရှို့ပြီး ဘုရားဆီယဇ်ပူဇော်သောအရာဖြစ်သည်။ ထိုအရာသည် လူတို့၏အပြစ်ဖြေဖို့ရန် ပေးလှူသောအရာဖြစ်သည်။ မီးဖြင့် ပူဇော်ခြင်း ဟုလည်းခေါ်ဆိုသည်။ ပူဇော်သော တိရစ္ဆာန်များမှာ သိုး၊ဆိတ်..နွားထီး၊ငှက်များဖြစ်သည်။ အရေပြားမှလွဲပြီး အားလုံးကိုမီးရှို့ပူဇော်ရပါသည်။ အရေပြား သို့မဟုတ် သားရေကို ယဇ်ပုရောဟိတ်ထံပေးအပ်ရသည်။ * က္ကုသရေလလူများ တစ်နှစ် ၂ကြိမ်ပူဇော်သက္ကာတင်ရန် ဘုရားမိန်မှာထားသည်။


ပေါင်မုန့်

ပေါင်မုန့်ဆိုသည်မှာ ဂျုံမုန့်၊ဆီနှင့်ရေ ရောနှောထားသောအရာဖြစ်သည်။ ထိုအရာကိုပုံဖော်ပြီး မီးဖုတ်ရသည်။ အလုံးဟူသော စကားမှာ ပေါင်မုန့်လုံးကို ဆိုလိုခြင်းဖြစ်သည်။ ပေါင်မုန့်တုံးတွင် တဆေးကဲ့သို့သော ပွစေသောအရာပါရှိသည်။ တဆေး မပါသော ပေါင်မုန့်အဖြစ်လည်း လုပ်နိုင်သည်။ ကျမ်းစာထဲတွင် ထိုမုန့်ကို တဆေးမပါသောမုန့် ဟုခေါ်ဆိုပြီး ယုဒတို့၏ ပဿ ခါပွဲတွင် စားသုံးကြသည်။ သမ္မာကျမ်းစာခေတ်၌ ပေါင်မုန့်သည်လူတို့၏အဓိကအစားအစာဖြစ်သည်။ ထို့ကြောင့် ယေဘုယျခြုံငုံပြီး မုန့်ဟုသာ ရေးသားလေ့ရှိသည်။ ရှေ့တော်မုန့် ဟူသောအသုံးအနှုန်းမှာ တဲတော်ထဲရှိ တလ္လားတော်ပေါ်တင်ထားသော မုန့် ၁၂လုံးဖြစ်သည်။ ထိုမုန့်သည် က္ကုသရေလ ၁၂မျိုးကိုကိုယ်စားပြုပြီး ဘုရားရှေ့ယဇ်ပူဇော်ထားခြင်းဖြစ်သည်။ ယဇ်ပုရောဟိတ်များသာ စားနိုင်သည်။ ဘုရားသူတို့နှင့်အတူရှိကြောင်းပြသောမုန့် ဟုဘာသာပြန်နိုင်သည်။ ကောင်းကင်မုန့် ဆိုသည်မှာ မာန္နမုန့်ဖြစ်သည်။ သဲကန္တာရထဲတွင် က္ကုသရေလလူများကို ဘုရားကျွေးသောမုန့်ဖြစ်သည်။ ယေရှုက မိမိကိုယ်ကို ကောင်းကင်မှလာသောမုန့်၊ အသက်မုန့် ဟုခေါ်ဆိုခဲ့သည်။ ပဿ ခါပွဲ၌ တပည့်တော်များနှင့်ညစာ တဆေးမဲ့မုန့်ကိုစားနေစဉ် ယေရှုက ကားတိုင်ပေါ်တွင်ချိုးဖဲ့ခံရမည်ဖြစ်သော မိမိခန္ဓာကိုယ် ထိုမုန့်နှင့်နှိုင်းယှဉ်ပြောဆိုခဲ့သည်။ * ပေါင်မုန့်ကို ယေဘုယျအားဖြင့် မုန့်ဟုဘာသာပြန်ဆိုနိုင်သည်။


ပြာ၊ ပြာမှုန့်၊ ဖုန်

ပြာမှုန့်ဆိုသည်မှာ ထင်းများမီးလောင်ပြီးနောက် ကျန်ရစ်ခဲ့သော မီးခိုးရောင်အမှုန့်များဖြစ်သည်။ အသုံမဝင်သောအရာ၊ တန်ဖိုးမရှိသောအရာအဖြစ် ပုံဥပမာခိုင်းနှိုင်းပြီး တစ်ခါတစ်ရံအသုံးပြုလေ့ရှိသည်။ သမ္မာကျမ်းစာတွင် ဖုန့်မှုန့် ဆိုသည်မှာ ပြာမှုန့်ကိုဆိုလိုခြင်းဖြစ်သည်။ ခြောက်သွေ့မြေပြင်တွင်ရှိသော အမှုန့်ကိုလည်း ဆိုလိုပါသည်။ ပြာပုံ ဆိုသည်မှာ ပြာမှုန့်များစုပုံနေခြင်းဖြစ်သည်။ ရှေးခေတ်တွင် ပြာမှုန့်ထဲတွင်ထိုင်ခြင်းသည် ပူဆွေးဝမ်းနည်းခြင်းကို ပြသပါသည်။ ငိုကြွေးချိန်တွင် ကြမ်းတမ်းသောလျှော်တေအဝတ်ကို ဝတ်ဆင်ပြီး ပြာမှုန့်ကိုခေါင်းပေါ် ပက်ဖျန်းလေ့ရှိသည်။ ပြာမှုန့်ကိုခေါင်းပေါ် ကြဲခြင်းသည်လည်း နှိမ့်ချခြင်း၊ အရှက်ရခြင်းကို ဖော်ပြပါသည်။ အကျိုးမရှိသောအရာတစ်ခုကို ကြိုးစားရယူနေခြင်းကိုလည်း ပြာမှုန့်ကိုရယူခြင်းပင်ဖြစ်သည်။ ပြာမှုန့်ဟု ဘာသာပြန်မည်ဆိုပါက လောင်ကျွမ်းပြီးသောအရာဟု အဓိပ္ပာယ်သက်ရောက်အောင် ဘာသာပြန်ဆိုရမည်။ ash tree ဆိုသည်မှာ အမြဲစိမ်းသစ်ပင်တစ်မျိုးဖြစ်သည်။


ဖမ်းဆီးသည်၊ ဖမ်းဆီးထိန်းသိမ်းထားခြင်း

ဖမ်းဆီးသည် ဟူသောစကားမှာ လူကိုဖမ်းဆီးထားပြီး သူတို့မနေချင်သောအခြားတိုင်းတစ်ပါးတွင် နေထိုင်စေခြင်းဖြစ်သည်။ ယုဒတိုင်းနိုင်ငံမှ က္ကုသရေလလူများသည် ဘာလုလုန်နိုင်ငံတွင် အနှစ် ရဝကြာဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည်။ ဖမ်းဆီးခံရသူများသည် သူတို့ကိုဖမ်းဆီးခေါ်ဆောင်လာသူများ အတွက်အလုပ်များကို လုပ်ဆောင်ပေးရသည်။ ဒံယေလနှင့် နေဟမိတို့သည် ဘာဘုလုန်ဘုရင်ထံတွင် အမှုထမ်းရသော ဖမ်းဆီးခံများဖြစ်ပါသည်။ ခေါ်ဆောင်သည် ဆိုသည်မှာ တစ်စုံတစ်ယောက်ကို ဖမ်းဆီးမည့်အဓိပ္ပာယ်ဖြစ်ပါသည်။ သင့်ကိုဖမ်းခေါ်သည် ဟူသောစကားမှာ ဖိအားပေးနေထိုင်စေသည်၊ သို့မဟုတ် အခြားနိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်သွားသည် အဓိပ္ပာယ်ရှိပါသည်။ ခရစ်ယာန်များသည် မိမိတို့၏အတွေးကိုဖော်ဆောင်ပြီး ခရစ်တော်ကိုနာခံရမည်ဖြစ်ကြောင်း တမန်တော်ပေါလုက ပုံပမာပေးဖော်ပြထားပါသည်။ * အပြစ်၏ထိန်းချုပ်မှုကိုခံရခြင်း ဆိုသည့်အဓိပ္ပာယ်ကို အပြစ်ကဖမ်းဆီးခေါ်ဆောင်သွားသည် ဟုရှင်ပေါလုသုံးနှုန်းခဲ့ပါသည်။


ဖယ်ရှားသည်၊ သုတ်သင်သည်။

ဖယ်ရှားသည်၊ သုတ်သင်သည် ဟူသောစကားမှာ လူ၊အရာဝတ္ထုကိုလုံးဝဖျက်ဆီး ဖယ်ရှားလိုက်ခြင်းဖြစ်ပါသည်။ ဤအသုံးအနှုန်းကို အပေါင်းလက္ခဏာအနေဖြင့် ဘုရားက အပြစ်အားလုံးကိုဖယ်ရှင်းပြီး မမှတ်ယူတော့ခြင်း ဟုလည်းအသုံးပြုနိုင်သည်။ အနုတ်လက္ခဏာအနေဖြင့် ဘုရားက အပြစ်တရားကြောင့် လူများကို ဖျက်ဆီးပစ်ခြင်း ဟုလည်းအသုံးပြုနိုင်သည်။ * သမ္မာကျမ်းစာတွင် အသက်စာစောင်မှ လူတစ်ဦး၏ နာမည်ကိုဖယ်ထုတ်ခြင်း၊ ရှင်းထုတ်ခြင်း အားဖြင့် ထိုသူသည် ထာဝရအသက်မရတော့ကြောင်း ဖော်ပြထားပါသည်။

ဘာသာပြန်အကြံပြုချက်များ

  • အသုံးပြုသည့်အပေါ်မူတည်ပြီး ဖယ်ထုတ်သည်၊ ဖယ်ရှားသည်၊ အကြွင်းမဲ့ဖျက်ဆီးသည်၊ လုံးဝပယ်ရှင်း သည်ဟုပြန်ဆိုနိုင်သည်။
  • အသက်စာစောင်မှ တစ်စုံတစ်ယောက်အမည်ကို ဖယ်ထုတ်သည်၊ ဖျက်လိုက်သည်ဟု အသုံးပြုနိုင်သည်။

ဖိစီးနှိပ်စက်သည်၊ ဒုက္ခ

ဤစကားသည် တစ်စုံတစ်ယောက်အား နှောင့်ယှက်ခြင်း သို့မဟုတ် ခံစားစေခြင်းဖြစ်သည်။ ဒုက္ခဆိုသည်မှာ ရောဂါ၊ပူဆွေးမှု သို့မဟုတ် ကပ်ဆိုးကျရောက်ခြင်းကိုဆိုလိုပါသည်။ ဘုရားသခင်သည် သူ၏လူမျိုးတော်အား အပြစ်မှနောင်တရပြီး သူ့ထံပြန်လာစေရန် ရောဂါ သို့မဟုတ် ခက်ခဲမှုများနှင့် ဖိစီးခဲ့သည်။ အီဂျစ်ဘုရင်သည် ဘုရားစကားနားမထောင်သည့်အတွက် ဘုရားသခင်က ဒုက္ခ၊ကပ်ဘေးများဖြင့်ဆုံးမခဲ့သည်။ * ဖိစီးနှိပ်စက်ခံရခြင်း ဆိုသည်မှာ စိတ်ပျက်စရာ ရောဂါ၊ ညှင်းပန်းနှိပ်စက်မှု သို့မဟုတ် စိတ်ဆင်းရဲပူဆွေးမှု ကိုဆိုလိုပါသည်။

ဘာသာပြန်အကြံပြုချက်များ

  • တစ်စုံတစ်ယောက်အား ဖိစီးခြင်းဆိုသည်မှာ ဒုက္ခကြုံတွေ့စေခြင်း၊ ဒုက္ခဖြစ်စေခြင်း ဟုဘာသာပြန်ဆိုသင့်သည်။
  • တစ်ချို့အခြေအနေတွင် ဖြစ်လာသည် သို့မဟုတ် ရောက်ရှိလာသည် သို့မဟုတ် ဒုက္ခယူဆောင်လာသည်ဟု ဘာသာပြန်ဆိုသင့်သည်။
  • အနူရောဂါဖြင့်ဖိစီးသည် ကို တစ်စုံတစ်ယောက်သည် အနူရောဂါဖြစ်ပြီးဖိစီးနေသည် ဟုဘာသာပြန်ဆိုသင့်သည်။
  • ရောဂါဘယ၊ ကပ်ဘေးကျရောက်သည့်အခါ ဒုက္ခဖြစ်စေသည်ဟု ဘာသာပြန်ဆိုသင့်သည်။
  • အခြေအနေပေါ်မူတည်၍ ဘေးဒုက္ခ၊ ရောဂါဘယ၊ ဒုက္ခ၊ စိတ်ပျက်ဖွယ်ဒုက္ခကြီး ဟူ၍ဘာသာပြန်ဆိုသင့်သည်။
  • တစ်စုံတစ်ခုမှ ဒုက္ခခံစားရသည်၊ ဖျားနာသည်ဟုလည်း ဘာသာပြန်ဆိုနိုင်သည်။

ဖွဲ

ဖွဲ ဆိုသည်မှာအစေ့ကိုဖုံးအုပ်ထားသည့်အခွံဖြစ်သည်။ စားမရသောဖွဲကို အစေ့နှင့်ပိုင်းခြားပြီး လွင့်ပစ်တတ်ကြသည်။ အစေ့ဆန်များကို လေထဲသို့ပင့်ပြီး အစေ့နှင့်ဖွဲကို ခွဲထုတ်ရသည်။ ဖွဲမှာ လေနှင့်လွင့်ပါသွားပြီး အစေ့များက မြေပြင်သို့ကျသည်။ ထိုကဲ့သို့လုပ်ဆောင်ခြင်းကို ခြွေလှေ့ခြင်း ဟုခေါ်သည်။ ကျမ်းစာထဲတွင် ထိုစကားသည် မကောင်းသောသူ၊ အသုံးမကျသောအရာများကို ခိုင်းနှိုုင်းသုံးနှုန်းခြင်းဖြစ်ပါသည်။


ဗက်ရှေမက်

ဗက်ရှေမက်မြို့သည် ယေရုရှလင်မြို့ အနောက်ဖက် ကီလိုမီတာ ၃၀အကွာခန့်တွင် ရှိသော ခါနာန်မြို့၏အမည်ဖြစ်သည်။ ယောရှုဦးဆောင်သောခေတ်တွင် က္ကုသရေလများသည် ဗက်ရှေမက်မြို့ကိုသိမ်းယူနိုင်ခဲ့သည်။ ဗက်ရှေမက်မြို့ကို လေဝိယဇ်ပုရောဟိတ်များနေထိုင်ရန် ရွေးချယ်သတ်မှတ်ခဲ့သည်။ * ဖိလိတ္တိလူများ ပဋိညာဉ်သေတ္တာတော်ကို သိမ်းယူပြီး ယေရုရှလင်မြို့သို့ ယူဆောင်သွားစဉ်တွင် ဗက်ရှေမက်မြို့တွင် တစ်ထောက်နားခဲ့ကြသည်။


ဗက်လင်၊ ဧဖရတ်

ဗက်လင်မြို့သည် က္ကုသရေလပြည် ယေရုရှလင်အနီးတွင်ရှိသော မြို့ငယ်ဖြစ်သည်။ ဧဖရတ် ဟူသောမူလအမည်လည်းရှိသည်။ ရှင်ဘုရင်ဒါဝိတ်သည် ထိုမြို့တွင်မွေးဖွားခဲ့သောကြောင့် ဒါဝိတ်၏မြို့ ဟုလည်းခေါ်ဆိုကြသည်။ ပရောဖက် မိက္ခာဟောသည်ကား မေရှိယသည် ဗက်လင်ဧဖရတ်တွင်ပေါ်ထွန်းမည်ဖြစ်သည်။ ထိုပရောဖက်ဟောသည်အတိုင်း နှောင်နှစ်ပေါင်းများစွာကြာပြီးနောက် ယေရှုသည် ထိုမြို့တွင်မွေးဖွားခဲ့လေသည်။ ဗက်လင်၏အဓိပ္ပာယ်မှာ မုန့်မြို့တော်၊ ကြွယ်ဝသောမြို့ ဖြစ်သည်။


ဗင်္ယာမိန်

ဗင်္ယာမိန် သည်ယာကုပ်နှင့် ရာခေလတို့၏ အငယ်ဆုံးသားဖြစ်သည်။ နာမည်အဓိပ္ပာယ်မှာ ငါ၏ညာလက်ရုံးသား ဖြစ်သည်။ ဗင်္ယာမိန် နှင့်အစ်ကို ယောသပ်တို့သည် ရာခေလ၏ သားဖြစ်သည်။ ဗင်္ယာမိန်မွေးဖွားပြီးနောက် ရာခေလ သေဆုံးခဲ့လေသည်။ ဗင်္ယာမိန်မှ ဆင်းသက်လာသောသူများသည် က္ကုသရေလ မျိုးနွယ် ၁၂မျိုးအဝင်ဖြစ်လာခဲ့သည်။ ရှင်ဘုရင်ရှောလုသည် ဗင်္ယာမိန်အမျိုးနွယ်ဖြစ်သည်။ တမန်တော်ပေါလုသည်လည်း ဗင်္ယာမိန်အမျိုးနွယ်မှဖြစ်သည်။


ဗာနဗ

ဗာနဗ သည်တမန်တော်များခေတ်တွင်ရှိခဲ့သော ကနဦးခရစ်ယာန်တစ်ယောက်ဖြစ်သည်။ ဗာနဗသည် က္ကုသရေလ မျိုးနွယ်ဖြစ်သော လေဝိအနွယ်ဖြစ်ပြီး ကုပရုကျွန်းတွင်နေထိုင်သည်။ ရှေလု(ပေါလု) ခရစ်ယာန်ဖြစ်လာချိန်တွင် ပေါလုကိုအခြားသူများလက်ခံလာစေရန် ဗာနဗတိုက်တွန်းပြောဆိုပေးခဲ့သည်။ ဗာနဗနှင့် ပေါလုတို့သည် ဧဝံဂေလိသတင်းကောင်းပြောကြားရန် အခြားမြို့များသို့ အတူတူခရီးပြုခဲ့ကြသည်။ ယောသေ အမည်ရှိသော ဗာနဗ၏အဓိပ္ပာယ်မှာ သက်သာစေခြင်း၏သား ဖြစ်ပါသည်။


ဗာဗုလုန္

ဗာဗုလုန်မြို့သည် မက်ဆိုပိုတေးမီးယားတောင်ပိုင်းရှိ ရှိနာ တွင်တည်ရှိသည်။ ရှိနာကိုနောက်ပိုင်းတွင် ဗာဗုလုန်ဟုခေါ်ဆိုခဲ့သည်။ ဗာဗုလုန်မြို့ကို ဟာမ၏မြေး ရှိနာဒေသကိုအုပ်ချုပ်ခဲ့သူ နိမ်ရောဒ တည်ထောင်ခဲ့သည်။ ရှိနာပြည်ရှိလူများတို့သည် စိတ်မြင့်လာကြပြီး ကောင်းကင်အထိရောက်နိုင်သော ရဲတိုက်ကိုတည်ဆောက်ရန်ဆုံးဖြတ်ခဲ့ကြသည်။ ထိုအရာကို ဗာဗုလုန်ရဲတိုက် လူသိများလာခဲ့သည်။ ဘုရားသခင်က ပျံ့နှံ့စေဟုကတိတော်ပေးထားသော်လည်း ထိုသူများကငြင်းဆန်သောကြောင့် ထိုသူတို့၏ဘာသာစကားကို ဘုရားသခင်က ရှုတ်ထွေးစေခဲ့သည်။ ဤအကြောင်းကြောင့် လူများတို့သည် ကမ္ဘာ့နေရာအနှံ့သို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြလေသည်။ ဗာဗုလုန်ဟူသောစကား၏မူရင်းအဓိပ္ပာယ်မှာ ရှုတ်ထွေးခြင်း ဖြစ်ပြီးဘုရားသခင်ကလူတို့၏ ဘာသာစကားရှုတ်ထွေးစေခဲ့ခြင်းကို ရည်ညွှန်းခေါ်ဆိုခဲ့ခြင်းဖြစ်သည်။


ဗာဗုလုန္

ဗာဗုလုန်မြို့သည် ရှေးဗာဗုလုန်ဒေသ၏ မြို့တော်ဖြစ်ပြီး ထိုနေရာသည် ဗာဗုလုန်နိုင်ငံတော်၏အစိတ်အပိုင်းဖြစ်သည်။ ဗာဗုလုန်သည် ယူဖရေးတီးမြစ်တစ်လျှောက်၊ ဗာဗုလုန်ရဲတိုက်ကြီးတည်ဆောက်ခဲ့သောနေရာတွင် တည်ရှိသည်။ တစ်ခါတစ်ရံတွင် ဗာဗုလုန်ဟူသောစကားလုံးမှာ ဗာဗုလုန်နိုင်ငံတော်ကြီးကိုရည်ညွှန်းပါသည်။ ဥပမာ ဗာဗုလုန်ဘုရင်သည် မြို့ကိုသာမဟုတ်ဘဲ ဗာဗုလုန်နိုင်ငံတစ်ခုလုံးကိုအုပ်ချုပ်သူဖြစ်သည်။ ဗာဗုလုန်လူမျိုးများသည် ခွန်အားကြီးသောသူများဖြစ်ပြီး ယုဒနိုင်ငံကိုတိုက်ခိုက်သိမ်းပိုက်ပြီး ဗာဗုလုန်တွင် နှစ်ပေါင်း ၇၀ကြာကျွန်ပြုခဲ့သည်။ အချို့သောနယ်မြေကို ခါလဒဲ ဟုခေါ်ဆိုပြီး ထိုနေရာတွင်နေထိုင်သူများကို ခါလဒဲလူများဟုခေါ်ဆိုသည်။ ထို့ကြောင့် ခါလဒဲ ဟူသောအမည်မှာ ဗာဗုလုန်ကိုရည်ညွှန်းခြင်းပင်ဖြစ်သည်။ ဓမ္မသစ်ကျမ်းစာတွင် ဗာဗုလုန် ဟူသောစကားမှာ ရုပ်ထုကိုးကွယ်ပြီး ဆိုးညစ်သောအရာများပြုလုပ်နေသော နေရာ၊လူမျိုး၊စဉ်းစားတွေးခေါ်မှုပုံစံ ကိုတင်စားခေါ်ဆိုခြင်းဖြစ်သည်။ ကြီးမြတ်သောဗာဗုလုန်၊ ကြီးမြတ်သောဗာဗုလုန်မြို့တော် ဟူသောအသုံးအနှုန်းမှာ ကြီးမားခြင်း၊ချမ်းသာခြင်း၊အပြစ်များခြင်း ဟူသော ရှေးခေတ်ဗာဗုလုန်မြို့တော်ကြီးကို ပုံပမာပေးတင်စားပြောဆိုခြင်းဖြစ်သည်။


ဗာရဗၺ

ယေရှုအဖမ်းခံရချိန်တွင် ဗာရဗ္ဗ သည်ယေရုရှလင်ထောင်တွင်ရှိနေသော ထောင်သားဖြစ်သည်။ ဗာရဗ္ဗသည် လူသတ်၊ ရောမအစိုးရကိုတော်လှန်ပုန်ကန်သော ရာဇဝတ်သားတစ်ယောက်ဖြစ်သည်။ ပိလတ်မင်းက မည်သူကိုလွှတ်ရမည်ဟု လူထုကိုမေးသောအခါ လူထုက ဗာရဗ္ဗကိုလွှတ်စေခဲ့သည်။ * ထို့ကြောင့် ပိလတ်မင်းသည် ဗာရဗ္ဗကိုလွှတ်ပြီး ယေရှုကိုသတ်ရန်အမိန့်ချခဲ့သည်။


ဗာရုတ္

ဗာရုတ် ဟူသောအမည်မှာ ဓမ္မဟောင်းကျမ်းစာတွင်အများအပြားရှိသည်။ ဗာရုတ် (ဇေဗဲ သား) တစ်ဦးမှာ နေဟမိနှင့်အတူ ယေရုရှလင်မြို့ရိုးကိုပြန်လည်တည်ဆောက်ခဲ့သူဖြစ်သည်။ နေဟမိခေတ်တွင် အခြား ဗာရုတ် (ကိုဟိုဇဲ သား)တစ်ဦးမှာမြို့ရိုးတည်ဆောက်ပြီးချိန် ယေရုရှလင်မြို့တွင် ပြန်လည်အခြေချနေထိုင်သော က္ကုသလေရခေါင်းဆောင်တစ်ဦးဖြစ်သည်။ * ဗာရုတ် (နေရိ သား)သည် ပရောဖက်ယေရမိ၏ လက်ထောက်ဖြစ်ပြီး ယေရမိကြားသိသောဘုရားသခင်၏တရားတော်များကိုရေးချပြီး လူထုကိုပြန်လည်ဖတ်ပြသောသူဖြစ်သည်။


ဗာရွန္

ဗာရှန် သည်ဂါလိလဲပင်လည်အရှေ့ဖက်နေရာဖြစ်သည်။ ယခုခေတ် ဆီးရီးယားပြည်နှင့် ဂိုလန်ကုန်းမြင့် နေရာတွင်တည်ရှိပါသည်။ ဓမ္မဟောင်းကျမ်းစာရှိ ခိုလှုံရာမြို့ ဂိုလန် မှာဗာရှန်ပြည်တွင်တည်ရှိပါသည်။ ဗာရှန်ပြည်သည် မြေသြဇာကြွယ်ဝပြီး ဝက်သစ်ချပင်များ၊ စားကျက်တိရစ္ဆာန်များဖြင့်ကျော်ကြားခဲ့သည်။ ကမ္ဘာဦးကျမ်း ၁၄တွင် ဗာရှန်ဟူသောနေရာသည် ဘုရင်များ၊တိုင်းနိုင်ငံများ တစ်ဖက်နှင့်တစ်ဖက်စစ်ပွဲဖြစ်ပွားသောနေရာဖြစ်သည်။ အဲဂုတ္တုပြည်မှလွှတ်မြောက်ပြီး သဲကန္တာရထဲတွင်လှည့်လည်သွားလာချိန်၌ က္ကုသရေလလူများသည် ဗာရှန်ပြည်၏တစ်စိတ်တစ်ဒေသကို အပိုင်သိမ်းယူခဲ့ကြသည်။ * နှစ်ပေါင်းများစွာကြာချိန်တွင် ရှင်ဘုရင်ရှောလမုန်သည် ထိုပြည်တွင်အထောက်အပံ့များရယူခဲ့ရသည်။


ဗာရွာ

ဗာရှာသည် က္ကုသရေလလူမျိုးများ ရုပ်ထုကိုးကွယ်စေရန် လွှမ်းမိုးခဲ့သော ဘုရင်ဆိုးတစ်ပါးဖြစ်သည်။ ဗာရှာသည် က္ကုသရေလတိုင်း၏ တတိယမြောက်ဘုရင်ဖြစ်ပြီး ၂၄နှစ်တိုင်အုပ်စိုးခဲ့သည်။ ထိုအချိန်တွင် ယုဒတိုင်းပြည်တွင် အာသဘုရင်အုပ်စိုးချိန်ဖြစ်သည်။ သူသည် ဘုရင်နာဒပ်ကိုသတ်ဖြတ်ပြီး ဘုရင်ဖြစ်လာသော ဗိုလ်မှူးတစ်ယောက်ဖြစ်သည်။ ဗာရှာဘုရင်အုပ်စိုးချိန်တွင် က္ကုသရေလတိုင်းပြည်နှင့် ယုဒတိုင်းပြည်တို့ စစ်မက်များစွာဖြစ်ပွားခဲ့သည်။အထူးသဖြင့် ယုဒပြည်တွင် အာသဘုရင်အုပ်စိုးချိန်တွင်ဖြစ်သည်။ ဗာရှာ၏ မြောက်များစွာသောအပြစ်များကြောင့် ဘုရားသခင်သည် သူ့ကိုဖယ်ရှားခဲ့ရလေသည်။


ဗာလ

ဗာလ၏ အဓိပ္ပာယ်မှာ သခင်၊ ဆရာ ဖြစ်ပြီး ထိုမှားယွင်းသောနတ်ဘုရားကို ခါနာန်လူများကိုးကွယ်ခဲ့ကြသည်။ အခြားသော ဗာလအမည်ပါရှိသော နတ်ဘုရားများလည်းရှိသည် ဥပမာ- ပီရာမှ ဗာလဘုရား။ တစ်ခါတစ်ရံတွင် ထိုနတ်ဘုရားများအားလုံးကို ဗာလဘုရားများဟုရည်ညွှန်းလေ့ရှိသည်။ အချို့လူများ၏နံမည်တွင် ဗာလဟူသောနံမည်ပါဝင်သည်။ ဗာလ ကိုးကွယ်မှုတွင် ကလေးယဇ်ပူဇော်ခြင်း၊ ပြည့်တန်ဆာများပါရှိခြင်း စသော ဆိုးယုတ်သောအမူအကျင့်များပါဝင်သည်။ က္ကုသရေလတို့၏သမိုင်းတွင်လည်း ပတ်ဝန်းကျင်နိုင်ငံများ၏ကိုးကွယ်မှုကိုလိုက်ပြီး ဗာလဘုရားကို ကိုးကွယ်မှုများရှိခဲ့သည်။ * အာဟတ်ဘုရင်အုပ်စိုးသောအချိန်တွင် ဗာလဘုရားမရှိကြောင်း၊ထာဝရဘုရားသာ စစ်မှန်သောဘုရားဖြစ်ကြောင်းကို ပရောဖက်ဧလိယ ပြသခဲ့သည်။ရလဒ်အနေဖြင့် ဗာလပရောဖက်များဖျက်ဆီးခံခဲ့ရပြီး လူများသည် ဘုရားသခင်ကိုပြန်လည်ကိုးကွယ်ခဲ့ကြသည်။


ဗာလမ္

ဗာလမ် ဆိုသည်မှာ က္ကုသရေလများ ခါနာန်ပြည်မဝင်ခင် မောဘပြည်မြောက်ပိုင်း ယောဒန်မြစ်နားမှာ စခန်းချစဉ်တွင် ထိုသူတို့ကိုကျိမ်ဆဲရန် ဘုရင်ဗာလက်က ငှားရမ်းသော တိုင်းတစ်ပါးပရောဖက်ဖြစ်သည်။ ဗာလမ်သည် မောဘပြည်နှင့် မိုင်၄၀၀ ကွာဝေးသော ယူဖရေးတီးမြစ်ဒေသရှိ ပေသော်မြို့မှဖြစ်သည်။ မိဒျန်ဘုရင် ဗာလက်သည် က္ကုသရေလလူများ၏အင်အားနှင့်အရေအတွက်ကိုကြောက်ရွံ့သောကြောင့် ဗာလမ်ကိုငှား၍ ကျိမ်ဆဲခိုင်းခြင်းဖြစ်သည်။ ဗာလမ်သည် က္ကုသရေလလူများဆီသွားသောလမ်းတွင် ဘုရားသခင်၏ကောင်းကင်တမန် တားဆီးသောကြောင့် သူ၏မြည်း ရပ်တန့်သွားသည်။ ဘုရားသခင်က မြည်း၏နှုတ်ကိုဖွင့်ပြီး ဗာလမ်နှင့်စကားပြောစေခဲ့သည်။ ဘုရားသခင်က က္ကုသရေလလူမျိုးများကို မကျိန်ဆိုစေဘဲ ကောင်းချီးပေးစေခဲ့သည်။ * သို့သော်လည်း နောက်ပိုင်းတွင် ဗာလမ်သည် က္ကုသရေလလူများ ရုပ်တုကိုးကွယ်ရန်လွှမ်းမိုးခြင်းအားဖြင့် မကောင်းမှုကိုဖြစ်စေခဲ့လေသည်။


ဗာသေရွဗ

ဗာသရှေဗသည် ဒါဝိတ်ဘုရင်စစ်သူကြီး ဥရိယ၏မယားဖြစ်သည်။ ဥရိယ သေဆုံးပြီးချိန်တွင် ဗာသရှေဗသည် ဒါဝိတ်မယားဖြစ်လာပြီး ရှောလမုန်၏မိခင်ဖြစ်လာခဲ့သည်။ ဗာသရှေဗသည် ဥရိယ၏မယားဖြစ်သော်လည်း ဒါဝိတ်သည်မှားယွင်းခြင်းအမှုကိုပြုခဲ့လေသည်။ ဗသရှေဗ ကိုယ်ဝန်ရှိလာသောအခါ ဒါဝိတ်သည် ဥရိယကို စစ်မြေပြင်တွင်သေစေရန် ခိုင်းစေခဲ့လေသည်။ ထို့နောက် ဒါဝိတ်သည် ဗာသရှေဗကို သိမ်းပိုက်ပြီး ထိုကလေးကိုမွေးခဲ့လေသည်။ ဘုရားသခင်ဆုံးမသောကြောင့် မွေးဖွားပြီးရက်အနည်းငယ်အကြာတွင် ထိုကလေးငယ် သေဆုံးခဲ့လေသည်။ * နောက်တွင် ဗာသရှေဗသည် ဒါဝိတ်ဘုရင်နေရာဆက်ခံမည်ဖြစ်သော သားတော် ရှောလမုန်ကိုမွေးဖွားခဲ့လေသည်။


ဗာသောလမဲ

ဗာသောလမဲ သည်ယေရှု၏တပည့်တော်၁၂ပါး အဝင်တစ်ပါးဖြစ်သည်။ အခြားသောတမန်တော်များနည်းတူ ဗာသောလမဲသည်လည်း ဧဝံဂေလိဟောကြားခြင်း၊ ယေရှု၏နာမဖြင့် အံ့သြဖွယ်နမိတ်များလုပ်ဆောင်ခဲ့သည်။ ယေရှုကောင်းကင်သို့ပြန်တက်ကြွသွားခြင်းကို မြင်ခဲ့ရသူတစ်ဦးလည်းဖြစ်သည်။ * ရက်သတ္တပတ်များအကြာ၌ ဗာသောလမဲနှင့်အခြားတမန်တော်များသည် ယေရုရှလင်မြို့ ပင်တေကုတ္တေပွဲ၌ သန့်ရှင်းသောဝိညာဉ်တော် သူတို့အပေါ်သက်ရောက်ခဲ့သည်။


ဗေနာယ

ဓမ္မဟောင်းကျမ်းစာတွင် ဗေနာယဟူသောအမည်များစွာရှိသည်။ ယောယဒ၏သား ဗေနာယသည် အားကြီးသောသူရဲကောင်းဖြစ်ပြီး ဒါဝတ်၏ကိုယ်ရံတော်အဖြစ်အမှုထမ်းဆောင်ခွင့်ကိုရရှိသည်။ ရှောလမုန်ဘုရင်ဖြစ်ချိန်တွင် ရန်သူများကိုတိုက်ခိုက်နိုင်ရန် ဗေနာယ ကူညီခဲ့သည်။ ဗေနာယသည် က္ကုသရေလစစ်တပ်၏ တပ်မှူးဖြစ်လာခဲ့သည်။ * ဓမ္မဟောင်းကျမ်းရှိ နောက်ထပ် ဗေနာယ ၃ဦးမှာ လေဝိအနွယ်ဝင် ယဇ်ပုရောဟိတ် ဗေနာယ၊ သီချင်းသည် ဗေနာယ၊ အာဟပ်အမျိုး ဗေနာယ တို့ဖြစ်သည်။


ဗေရရှေဘ

ဓမ္မဟောင်းခေတ်တွင် ဗေရရှေဘမြို့မှာ ယေရုရှလင်မြို့၏ အနောက်တောင်ဖက် ၄၅မိုင်ဝေးသော သဲကန္တာရဒေသ၊ ယနေ့ခေတ် နီဗက် နေရာဖြစ်သည်။ ဗေရရှေဘ သဲကန္တာရနေရာသည် အာဗြံဟံနှင်ထုတ်လိုက်သော ဟာဂရနှင့်က္ကုရှမေလ တို့လှည့်သွားလာသောနေရာဖြစ်သည်။ ဗေရရှေဘ အဓိပ္ပာယ်မှာ ဂတိကျိမ်ဆိုရာရေတွင်း ဖြစ်သည်။ အဘိမလက်ဘုရင်၏လူများသည် အာဗြံဟံ၏ရေတွင်းများကိုသိမ်းယူသော်လည်း အာဗြံဟံသည် သူတို့ကိုအပြစ်မပေးကြောင်း ဂတိသစ္စာကျိမ်ဆိုခြင်းဖြစ်သည်။


ဗေရိ

ဓမ္မသစ်ကျမ်းစာ၌ ဗေရိမြို့သည် သက်သာလောနိတ်မြို့ တောင်ဘက် ကီလိုမီတာ ၈၀အကွာတွင်ရှိသော၊ ကြွယ်ဝသော၊ မက်ဆီဒိုးနီးယား အရှေ့တောင်ဘက်တွင်ရှိသော ဂရိမြို့တစ်မြို့ဖြစ်သည်။ သက်သာလောနိတ်မြို့ရှိ ယုဒလူများ၏ဒုက္ခပေးမှုကို ခံရသော ပေါလုနှင့်သိလ တို့သည် အခြားခရစ်ယာန်များကူညီမှုကြောင်း ဗေရိမြို့သို့ပုန်းရှောင်နိုင်ခဲ့သည်။ ပေါလုဟောသောတရားတို့သည် ကျမ်းစာနှင့်ကိုက်ညီမှုရှိ မရှိကို ဗေရိမြို့သားတို့ စေ့စေ့ကြည့်ရှုခဲ့ကြသည်။


ဗေလဇေဗုလ

ဗေလဇေဗုလ သည်စာတန်၏အခြားအမည်ဖြစ်သည်။ အဓိပ္ပာယ်မှာ ပျံသန်းသူများ၏သခင်၊ နတ်ဆိုးများကိုအုပ်ချုပ်သူဖြစ်သည်။ အဓိပ္ပာယ်ကို ဘာသာပြန်ခြင်းထက် မူလအသံထွက်အတိုင်းအသုံးပြုခြင်းသည် ပို၍သင့်တော်ပါသည်။ ပိုပြီးရှင်းလင်းစေရန် ဗေလဇေဗုလနတ်ဆိုး ဟုဘာသာပြန်ဆိုသင့်သည်။ * ဤနာမည်သည် ဗာလဘုရားနှင့်လည်း ဆက်နွယ်မှုရှိသည်။


ဗေသနိ

ဗေသနိမြို့သည် ယေရုရှလင်မြို့၏အရှေ့ဘက် ၂မိုင်အကွာ၊ သံလွင်၏ အရှေ့တောင်စောင်းတွင်တည်ရှိသည်။ ဗေသနိ သည် ယေရုရှလင်နှင့် ယေရိခေါမြို့သွားသော လမ်းအလယ်တွင်တည်ရှိပါသည်။ ဗေသနိတွင်ရှိသော အရင်းနှီးဆုံးမိတ်ဆွေ မာရိ၊မာသ၊လာဇရုတို့ထံ ယေရှုမကြာခဏသွားရောက်လေ့ရှိသည်။ * ယေရှု လာဇရုကို သေခြင်းမှရှင်ပြန်ထမြောက်စေသောနေရာသည် ဗေသနိ ဖြစ်သည်။


ဗေသလ

ဗေသလမြို့သည် ယေရုရှလင်မြောက်ဖက်၊ ခါနာန်ပြည်တွင်တည်ရှိပါသည်။ အရင်နာမည်မှာ လုဇ် ဖြစ်သည်။ ဘုရားသခင်ထံမှာ ကတိတော်ကြားနာပြီးချိန်တွင် အာဗြံ(အာဗြံဟံ) သည် ဗေသလအရပ်တွင် ယဇ်ပလ္လင်တည်ခဲ့သည်။ ထိုအချိန်က ဗေသလအမည်မဟုတ်ပါ။ နောက်ပိုင်းတွင်မှ ဗေသလဟုလူသိလာခဲ့ခြင်းဖြစ်သည်။ ဧသောထံမှ ပြေးပြီးနောက် ယာကုပ်သည် ဗေသနမြို့အနီးတွင် ညအိပ်ခဲ့သည်။ ထိုနေရာတွင် ကောင်းကင်တမန်များ ကောင်းကင်သို့တိုင် လှေကားဖြင့်တက်ဆင်းကြောင်း အိပ်မက်မက်ခဲ့သည်။ ယာကုပ်က ဗေသလဟု အမည်မပေးခင်အထိ ထိုမြို့ကို ဗေသလဟု ခေါ်ဆိုခြင်းမရှိခဲ့ပေ။ ထို့ကြောင့် အချို့သောဘာသာပြန်များတွင် အာဗြံဟံလက်ထပ်နှင့် ယာကုပ်ထိုနေရာသို့ မရောက်ခင်အထိ ထိုနေရာကို လုဇ် ဟုသာသုံးစွဲကြသည်။ ဓမ္မဟောင်းကျမ်းစာတွင် အရေးကြီးဖြစ်စဉ်များဖြစ်ပွားလေ့ရှိသော ဗေသလ ကိုမကြာခနရည်ညွှန်းပြောဆိုလေ့ရှိသည်။


ဗေသွေလ

ဗေသွေလသည် အာဗြံဟံအစ်ကို နာခေါ်၏သားဖြစ်သည်။ ဗေသွေလသည် ရေဗ္ဗခါနှင့် လေအာတို့၏ အဘဖြစ်သည်။ ဗေရရှေဘမြို့နှင့် မဝေးသော ယုဒတောင်ဘက်တွင်လည်း ဗေသွေလဟူသောမြို့တစ်မြို့ရှိသည်။


ဗောဇ

ဗောဇသည် ရုသ၏ခင်ပွန်း က္ကုသရေလအမျိုး၊ ဘုရင်ဒါဝိတ်၏ဘေးတော်၊ ယေရှုခရစ်တော်၏ဆွေစဉ်တော်ဖြစ်ပါသည်။ က္ကုသရေလပြည်တွင် တရားသူကြီးအုပ်စိုးသောကာလတွင် ဗောဇ နေထိုင်အသက်ရှင်ခဲ့ပါသည်။ ဗောဇသည် နောမိနှင့်ဆွေမျိုးဖြစ်ပြီး နောမိဆိုသူမှာ ခင်ပွန်းနှင့်သားများသေဆုံးသောအခါတွင် မောဘပြည်မှပြန်လာသော က္ကုသရေလအမျိုးသမီး ဖြစ်ပါသည်။ ဗောဇသည် နောမိ၏ချွေးမဖြစ်သူ ရုသကိုလက်ထပ်ပြီး သားသမီးများထွန်းကားခဲ့သူဖြစ်သည်။ ဗောဇ၏ ဘဝဇာတ်လမ်းမှာ ယေရှုက ကျွနု်ပ်တို့ကို အပြစ်မှရွေးနုတ်ကယ်တင်သောပုံပမာနှင့် တူနေပါသည်။


ဘာလီ

ဘာလီဆိုသည်မှာ ပေါင်မုန့်ပြုလုပ်သော အစေ့တစ်မျိုးဖြစ်သည်။ ဘာလီပင်သည် ရိုးတံရှည်ပြီး ထိပ်တွင်အစေ့အဆန်များရှိသည်။ ဘာလီသည် ပူနွေးသောရာသီဥတုတွင်ကောင်းစွာကြီးရင့်သောကြောင့် နွေဦးနှင့် နွေရာသီတွင်ရိတ်သိမ်းလေ့ရှိသည်။ ဘာလီကိုခြွေလေ့ရာတွင် စား၍ရသောအစေ့များနှင့် အခွံများသတ်သတ်စီဖြစ်သွားသည်။ ဘာလီစေ့ကို ကြိတ်၍အမှုန့်ဖြစ်စေပြီး ရေ သို့မဟုတ် ဆီနှင့်ရောပြီး ပေါင်မုန့်အဖြစ်အသုံးပြုနိုင်သည်။ * ဘာလီ ကို ဘာလီစေ့ သို့မဟုတ် ဘာလီအဆန် ဟူ၍လည်း ဘာသာပြန်ဆိုနိုင်သည်။


ဘိသိက်ခြင်း၊ ရွေးချယ်ထားသော

ဘိသိက်ဆိုသောစကားမှာ တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုကို ဆီဖြစ့်လိမ်းသပ်ခြင်းဖြစ်သည်။ ထိုဆီကို အမွှေးနံ့သာရောထားလေ့ရှိသည်။ ဤစကားသည် သန့်ရှင်းသောဝိညာဉ်တော်က တစ်စုံတစ်ယောက်ကိုရွေးချယ်တင်မြှောက်ခြင်းကိုလည်း ရည်ညွှန်းပါသည်။ ဓမ္မဟောင်းကာလတွင် ယဇ်ပုရောဟတ်၊ ဘုရင်၊ပုရောဖက် တို့ကိုဆီဖြင့်လိမ်းသပ်ပြီး ဘုရားအမှုတော်ထမ်းဆောင်ရန်ရွေးချယ်ခဲ့ကြသည်။ ဘုရားသခင်ကို ကိုးကွယ်ရန်၊ ဘုရားဘုန်းတော်ထင်ရှားစေရန် ယဇ်ပလ္လင်၊ တဲတော် စသည်တို့ကိုဆီဖြင့်ဘိသိက်ပေးခဲ့ကြသည်။ ဓမ္မသစ်ကာလတွင် ဖျားနာသူများပျောက်ကင်းရန် ဆီလိမ်းဘိသိက်ပေးခဲ့ကြသည်။ ဓမ္မသစ်ကျမ်းတွင်အမျိုးသမီးတစ်ဦးက ကိုးကွယ်သည့်ပုံစံဖြင့် ယေရှုကို ဆီမွှေးဖြင့်ဘိသိက်ခဲ့ကြောင်း ၂ကြိမ်တိုင်းမှတ်တမ်းတင်ထားသည်။ ထိုသို့ ဘိသိက်ပေးခြင်းကို ယေရှုက နှောင်တွင်သူ၏အလောင်းကိုထိုကဲ့သို့ပြင်ဆင်မည်ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့လေသည်။ ယေရှုသေဆုံးပြီးနောက် မိတ်ဆွေများကယေရှုအလောင်းကို အမွှေးနံ့သာ၊ဆီမွှေးဖြင့်ပြင်ဆင်ပေးခဲ့ကြသည်။ မေရှိယ (ဟေဗြဲ)နှင့် ခရစ်တော်(ဂရိ) ၏အဓိပ္ပာယ်မှာဘိသိက်ရွေးချယ်ခံရသူဖြစ်သည်။ * ယေရှုဟူသော မေရှိယသည် ပရောဖက်၊ ယဇ်ပုရောဟိတ်မင်း၊ဘုရင်အဖြစ် ဘိသိက်ပေးခြင်းခံရသူဖြစ်သည်။

ဘာသာပြန်အကြံပြုချက်များ

  • ရေခံမြေခံကိုမူတည်ပြီး ဘိသက်ပေးခြင်းကို ဆီဖြင့်လောင်းခြင်း၊ ဆီလိမ်းခြင်း၊ ဆီမွှေးလောင်းပြီးဆက်ကပ်ခြင်း ဟုပြန်ဆိုနိုင်သည်။
  • ဘိသိက်ပေးခံရခြင်းကို ဆီဖြင့်ဆက်ကပ်ထားခြင်း၊ ရွေးချယ်ထားခြင်း၊ ဆက်ကပ်ထားခြင်းဟု ပြန်ဆိုနိုင်သည်။
  • အချို့အခြေအနေတွင် ဘိသက်ခြင်းကို ချိန်းချက်ထားခြင်းဟုလည်း ပြန်ဆိုနိုင်သည်။
  • ရွေးချယ်ထားသော ပုရောဟိတ် ဟူသောစကားကို ဆီလိမ်းပြီးရွေးချယ်ထားသောပုရောဟိတ်၊ ဆီးလောင်းပြီးခန့်ထားသောပုရောဟိတ် ဟုပြန်ဆိုနိုင်သည်။

ဘုရားကျောင်း

ဓမ္မသစ်ကျမ်းတွင် ဘုရားကျောင်း ဟူသောအသုံးအနှုန်းမှာ ယေရှုကိုယုံကြည်ပြီး အတူတကွ တရားနားထောင်၊ ဆုတောင်းသူများဖြစ်သည်။ ဘုရားကျောင်းဆိုသည်မှာ များသောအားဖြင့် ခရစ်ယာန်အားလုံးကို ရည်ညွှန်းပါသည်။ အထူးရည်ရွယ်ချက်တစ်ခုအတွက် စုဝေးကြသောသူများကို ရည်ညွှန်းပါသည်။ ခရစ်တော်၏ကိုယ်ခန္ဓာဖြစ်သော ယုံကြည်သူအားလုံးကို ရည်ညွှန်းလိုသောအခါ ဘုရားကျောင်း (Church) ဟူသောစကား၏ ပထမစာလုံးကို အကြီးဖြင့်ရေးသားပြီး ဒေသတွင်းရှိ ဘုရားကျောင်း (အသင်းတော်)နှင့်မတူညီစေရန်ပြုလုပ်ထားပါသည်။ တစ်နေရာတွင်ရှိသော ယုံကြည်သူများသည် တစ်စုံတစ်ယောက်၏အိမ်တွင် တွေ့ဆုံလေ့ရှိကြသည်။ ထိုကဲ့သို့ ဘုရားကျောင်းများကို မြို့နာမည်ပေါ်တွင်မူတည်ပြီး ဥပမာ- ဧဖက်ဘုရားကျောင်း (အသင်းတော်) ဟုအမည်မှည့်ခေါ်ကြသည်။ ကျမ်းစာထဲတွင် ဘုရားကျောင်းဆိုသည်မှာ အဆောက်အအုံကို ရည်ညွှန်းထားခြင်းမဟုတ်ပါ။

ဘာသာပြန်အကြံပြုချက်များ

  • ဘုရားကျောင်းကို အတူတကွစုပေါင်းသည်၊ စုစည်းခြင်း၊ လူအစုအဝေး၊ အတူတကွတွေ့ဆုံသူများဟု ဘာသာပြန်ဆိုနိုင်သည်။
  • ထိုကဲ့သို့ဘာသာပြန်ဆိုရာတွင် အဖွဲ့တစ်ခုထဲကိုသာမဟုတ်ဘဲ ယုံကြည်သူအားလုံးကိုခြုံငုံသင့်သည်။
  • ဘုရားကျောင်းဟူသော အသုံးအနှုန်းသည် အဆောက်အအုံကို မရည်ညွှန်းကြောင်း ဆင်ခြင်သင့်ပါသည်။
  • ဓမ္မဟောင်းတွင် ပါရှိသော လူအစုအဝေး သည်ဘုရားကျောင်းဟူသောစကားလုံးနှင့်အတူတူပင်ဖြစ်ပါသည်။

မချိတင်ကဲဝေဒနာ

မချိတင်ကဲဝေဒနာ ဟူသောအသုံးအနှုန်းသည် ပြင်းထန်စွာနာကျင်ခြင်း သို့မဟုတ် စိတ်ပျက်ခြင်း ကိုဆိုလိုပါသည်။ ခန္ဓာကိုယ် သို့ စိတ်ပိုင်းဆိုင်ရာနာကျင်မှု၊ စိတ်ပျက်မှုကိုဆိုလိုပါသည်။ မချိတင်ကဲဝေဒနာ ခံစားရသူများ၏ မျက်နှာနှင့် အမူအရာကိုကြည့်ခြင်းဖြင့် သိမြင်နိုင်သည်။ ဥပမာ မချိတင်ကဲဝေဒနာခံစားရသူသည် အံ့သွားကြိတ်ခြင်း၊ ငိုကြွေးခြင်း ပြုလုပ်တတ်ကြသည်။ မချိတင်ကဲဝေဒနာ ကို ခံစားမှုပိုင်းဆိုင်ရာစိတ်ပျက်ခြင်း သို့မဟုတ် လွန်စွာဝမ်းနည်းပူဆွေးခြင်း သို့မဟုတ် ပြင်းထန်သောနာကျင်ခြင်း ဟုလည်းဘာသာပြန်ဆိုနိုင်သည်။


မထီမျဲ့မင်ျပျုခင်း၊ မထျီပုမူသည်၊ အျပစ္တင္ခြင့်ရွိသော

သမ္မာကျမ်းစာတွင် မထီမဲ့မြင်ပြုခြင်း ဆိုသည်မှာ ဘုရား သို့မဟုတ် လူကို စကားအားဖြင့်လွန်စွာ ပြစ်မှားပြောဆိုခြင်းဖြစ်သည်။ ပုတ်ခတ်ပြောဆိုခြင်းဖြင့် လူတစ်ယောက်ကို အခြားသူများ အဆိုးမြင်သွားစေပါသည်။ ဘုရားကို ပုတ်ခတ်ပြောဆိုခြင်းဆိုသည်မှာ မမှန်သောစကား၊ရိုင်းပြသောအမူအရာဖြင့် စော်ကားခြင်းဖြစ်သည်။ မိမိသည် ဘုရားဖြစ်သည်ဟုပြောခြင်း၊ အခြားသောဘုရားတစ်ပါးပါးရှိသည် ဟုပြောဆိုခြင်းသည်လည်း ပုတ်ခတ်စော်ကားခြင်းပင်ဖြစ်သည်။ * အချို့အင်္ဂလိပ်ဘာသာများတွင် သွားပုတ်လေလွင့်ပြောခြင်းဟုလည်း သုံးနှုန်းထားသည်။

ဘာသာပြန်အကြံပြုချက်များ

  • ဤစကားကို မဟုတ်မမှန်မကောင်းပြောခြင်း၊ ဘုရားကိုမရိုသေခြင်း၊ ပုတ်ခတ်ပြောဆိုသည် ဟုလည်းဘာသာပြန်ဆိုနိုင်သည်။
  • အခြားသူများကိုမှားယွင်းစွာပြောဆိုခြင်း၊ သွားပုတ်လေလွင့်ပြောခြင်း၊ မမှန်သတင်းလွှင့်ခြင်း ဟုလည်းဘာသာပြန်ဆိုနိုင်သည်။

မောက်မာသော

ဤစကားမှာ မာနကြီးခြင်း၊ အထူးသဖြင့် မနှစ်မြို့ဖွယ်အဓိပ္ပာယ်ဖြင့်အသုံးပြုပါသည်။ မောက်မာသောလူမှာ မကြာခန မိမိကိုယ်ကိုအမွှန်းတင်လေ့ရှိသည်။ မောက်မာသော သူသည် မိမိလောက်အခြားသူများအရေးမပါ၊ အရည်မချင်းမရှိဟု ထင်မြင်လေ့ရှိသည်။ * ဘုရားကိုမလေးစားသောသူ၊ ဆန့်ကျင်သူများသည် ဘုရားသခင်၏ ကြီးမြတ်မှုကို အသိအမှတ်မပြုသောသူများဖြစ်သောကြောင့် မောက်မာသောသူများဖြစ်သည်။


မြင်းရထား

ရှေးခေတ်တွင် မြင်းရထားများသည် ပေါ့ပါးပြီး ဘီးနှစ်ဘီးတပ် မြင်းဖြင့်ဆွဲသောလှည်းများဖြစ်သည်။ စစ်ပွဲ သို့မဟုတ် ခရီးသွားသည့်အချိန်တွင် ထိုင်ပြီးသော်လည်းကောင်း၊ ထပြီးသော်၎င်း မြင်းရထားပေါ်တွင်စီးနင်းလေ့ရှိသည်။ မြင်းရထားရှိသောစစ်တပ်သည် မြင်းရထားမရှိသူများထက် ရွေ့လျားမှုတွင် အသာစီးရယူနိုင်ပါသည်။ * ရှေးခေတ် အီဂျစ်များနှင့် ရောမများသည် မြင်းနှင့် မြင်းရထားကောင်းမွန်စွာအသုံးချနိုင်ခြင်းကြောင့် ကျော်ကြားခဲ့ကြသည်။


မြှပ်နှံသည်၊ မြှပ်နှံခြင်း၊သဂြိုလ်ခြင်း

ဤစကားသည် လူသေကိုအပေါက်၊ မြှပ်နှံမည့်နေရာသို့ထည့်ခြင်းဖြစ်သည်။ သဂြိုလ်ခြင်း ဆိုသည်မှာမြေတွင်မြှပ်ခြင်း သို့မဟုတ် သချိုင်းမြေကို ဆိုလိုခြင်းဖြစ်သည်။ လူသေကို မြေတွင်းနက်နက်ထဲထည့်ပြီး မြေပြန်ဖုံးထည့်ခြင်းဖြင့် မြှပ်နှံလေ့ရှိသည်။ အလောင်းကို ခေါင်းသေတ္တာထဲထည့်သွင်းပြီးလည်း မြှပ်နှံလေ့ရှိသည်။ သမ္မာကျမ်းစာခေတ်တွင် လူသေကိုဂူ တွင်ထည့်သွင်းလေ့ရှိသည်။ ယေရှုသေဆုံးပြီးနောက် သူ၏ခန္ဓာကိုယ်ကို အဝတ်နှင့်ပတ်စည်းပြီး ကျောက်ဂူထဲတွင်ထည့်သွင်းပြီး အဝကိုကျောက်တုံးကြီးနှင့်ပိတ်ထားလိုက်သည်။ လူသေမြှပ်နှံသော နေရာကို ဤအသုံးအနှုန်းဖြင့်သုံနှုန်းလေ့ရှိသည်။ အခြားအကြောင်းအရာများကိုလည်း မြှပ်နှံသည်ဟုသုံးနိုင်သည်။ ဥပမာ- အာခန်သည် ယေရိခေါမြို့မှယူဆောင်လာသော ငွေနှင့်အခြားပစ္စည်းများကို မြေမြှပ်ဝှက်ထားခဲ့လေသည်။ မျက်နှာကို လက်ဖြင့်ကာထားသည် ဟူသောအသုံးအနှုန်းဖြင့်လည်းသုံးနိုင်သည်။ * တစ်ခါတစ်ရံတွင် ဝှက်ထားသည် ဟူသောစကားကို မြှပ်နှံသည်ဟုသုံးနိုင်သည်။ အာခန်က ယေရိခေါမြို့မှပစ္စည်းများကို မြေမြှပ်ပြီးဝှက်ထားခြင်းဖြစ်သည်။


မွေးစားခြင်း

ဤဝေါဟာရသည် ကလေးတစ်ယောက်အား မိမိ၏တရားဝင်သားသမီးဖြစ်လာစေရန်လုပ်ဆောင်ခြင်းကို ဆိုလိုပါသည်။ သမ္မာကျမ်းစာ၌ ဘုရားသခင်က လူသားများကို မိမိ၏ဝိညာဉ်ရေး သားသမီးများဖြစ်လာစေရန် ဥပမာပေးပြီး မွေးစားခြင်း၊ လက်ခံခြင်းဟူ၍ အသုံးပြုထားပါသည်။ မွေးစားသားဖြစ်သော ယုံကြည်သူများသည် ခရစ်တော်နှင့်အတူ အမွေခံထိုက်သူများဖြစ်ပြီး ဘုရားသခင်၏ သားသမီးဖြစ်ခွင့်ရရှိထားကြပါသည်။

ဘာသာပြန်အကြံပြဲချက်များ

  • ဘာသာပြန်ဆိုရာတွင် မိဘနှင့်သားသမီးကြား အထူးရင်းနှီးသောဆက်ဆံးရေးကိုဖော်ပြရမည်။ ဤစကားသည် ပုံဥပမာဆောင်ခြင်း သို့မဟုတ် ဝိညာဉ်ရေးအဓိပ္ပာယ်ရှိရမည်။
  • အမွေခံသားများအဖြစ်ရောက်ရှိခြင်း ဆိုသောစကားစုကို ဘုရားသခင်က သူ၏သားသမီးအဖြစ်လက်ခံခြင်း သို့မဟုတ် ဘုရားနှင့်သက်ဆိုင်ခြင်း ဟူ၍ဘာသာပြန်ဆိုသင့်သည်။

မှုတ်သွင်းသည်၊ အသက်ရှုသည်။

ကျမ်းစာထဲတွင် မှုတ်သွင်းသည် ဟူသောစကားမှာ အသက်ပေးခြင်း၊ ရှင်သန်စေခြင်းဟု ပုံပမာပေးပြောဆိုခြင်းဖြစ်သည်။ ဘုရားသခင်က အာဒံ ထံသို့အသက်ကိုမှုတ်သွင်းလိုက်သည် ဟုကျမ်းစာတွင်ဖော်ပြသည်။ ထိုကြောင့် အာဒံသည်သက်ရှိဝိညာဉ်ဖြစ်လာသည်။ ဝိညာဉ်ကိုလက်ခံရန် တပည့်တော်တို့အား ယေရှုပြောသောအခါ သူသည် သန့်ရှင်းသောဝိညာဉ်တော်တပည့်တော်များဆီဆင်းသက်လာသည့်ပုံစံကိရည်ညွှန်းပြီး လေမှုတ်လိုက်ခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် ရှုသွင်း၊ရှုထုတ်သည်ဟူသော အသုံးအနှုန်းများကို စကားပြောဆိုသည့်အခါတွင် အသုံးပြုလေ့ရှိသည်။ ဘုရား၏အသံတော် ဟူသောပုံဥပမာမှာ ဆန့်ကျင်ပုန်ကန်သော၊ ဘုရားမဲ့နိုင်ငံများအပေါ်ကျရောက်သော ဘုရား၏ဒေါသဖြစ်သည်။ ဘုရား၏တန်ခိုးတော်ကို ဖော်ပြခြင်းဖြစ်သည်။

ဘာသာပြန်အကြံပြုချက်များ

  • နောက်ဆုံးထွက်သွက် ဆိုသည်မှာ သေဆုံးသည်ကို ခိုင်းနှိုင်းပြောခြင်းဖြစ်သည်။ နောက်ဆုံးအသက်ရှုသွင်းသည်၊ အသက်မရှုတော့ဘဲ သေသည်၊ နောက်ဆုံးအကြိမ်အသက်ရှုသည် ဟုပြန်ဆိုနိုင်သည်။
  • ဘုရား၏အသံတော် ဆိုသည်မှာ ကျမ်းစကား သို့မဟုတ် ဘုရားစကားဖြစ်သည်ဟု ကျမ်းရေးသားသူများဖော်ပြလေ့ရှိသည်။ ဘုရား၏အသံတော် ဟုဘာသာပြန်ဆိုခြင်းသာ အသင့်လျော်ဆုံးဖြစ်မည်။
  • စာစကားအားဖြင့် ဘုရား၏အသံတော်ကို ဘုရားအားဖြင့်သိခြင်း၊ ဘုရားရေးသားခြင်း၊ ဘုရားပြောခြင်း ဟုဆိုနိုင်သည်။ ကျမ်းစာအားဖြင့် ဘုရားစကားပြောသည် ဟုလည်းဆိုနိုင်သည်။
  • အသက်မှုတ်သွင်းသည်၊ လေမှုတ်သွင်းသည် ဆိုသောစကားကို အသက်ရှုစေသည်၊ အသက်ရှင်ပြန်စေသည်၊ အသက်ရှုရှင်သန်စေသည်၊ အသက်ပေးသည်ဟု ပြန်ဆိုနိုင်သည်။
  • ဘုရား၏အသံတော်ကို ဘုရား၏တန်ခိုးတော်၊ ဘုရား၏စကားတော်ဟုလည်း ဘာသာပြန်ဆိုနိုင်သည်။
  • ငါနဲ့အသက်ရှု ဟူသောစကားမှာ ဖြေညင်းစွာအသက်ရှုနိုင်လုပ်ခိုင်းခြင်း၊ ဖြည်းဖြည်းမှန်မှန်အသက်ရှုစေခြင်း ဖြစ်သည်။
  • အသက်ရှုတမျှသာ ဟူသောစကားမှာ လူ၏သက်တမ်းတိုတောင်းခြင်း၊ လူ့အသက်သည်လွန်စွာတိုခြင်းကို ဆိုလိုပါသည်။ ဘုရားနှင့်ယှဉ်ပါက လူ၏သက်တမ်းသည် အသက်ရှုသွင်း၊ရှုှုထုတ်တမျှသာ ကြာသည်ဟု ဆိုခြင်းဖြစ်သည်။

ယဇ်ပုရောဟိတ်မင်း

ယဇ်ပုရောဟိတ်မင်း ဆိုသည်မှာ ယေရှုအသက်ရှင်စဉ်အချိန်က ယုဒလူတို့၏ အရေးပါသောဘာသာရေးခေါင်းဆောင်များ ဖြစ်သည်။ ဗိမာန်တော်ရှိ ဝတ်ပြုခြင်းဆိုင်ရာကိစ္စအားလုံးကို ယဇ်ပုရောဟိတ်မင်းများက တာဝန်ယူထားရသည်။ ဗိမာန်တော်ရှိ အလှူငွေများကိုလည်း တာဝန်ယူရသောသူများဖြစ်သည်။ သာမာန်ယဇ်ပုရောဟိတ်များထက် ယဇ်ပုရောဟိတ်မင်းက ရာထူး၊အာဏာ ပိုမြင့်မားသည်။ ယဇ်ပုရောဟိတ်မင်း သာလျှင်ပိုပြီး သြဇာအာဏာရှိသည်။ * ယေရှုအဖမ်းခံရရန် ရောမခေါင်းဆောင်များကိုလွှမ်းမိုးတိုက်တွန်းသောသူများမှာ ယဇ်ပုရောဟိတ်မင်းများဖြစ်သည်။ ထို့ကြောင့် ယေရှု၏အဓိကရန်သူတော်များဖြစ်သည်။

ဘာသာပြန်အကြံပြုချက်များ

  • ယဇ်ပုရောဟိတ်မင်း ကို ယဇ်ပုရောဟိတ်ခေါင်းဆောင်၊ ဦးဆောင်ယဇ်ပုရောဟိတ်၊ အုပ်စိုးသောယဇ်ပုရောဟိတ် ဟုဘာသာပြန်ဆိုနိုင်သည်။
  • အဆင့်မြင့်ပုရောဟိတ် နှင့်မတူညီအောင် ဘာသာပြန်ဆိုသင့်သည်။

ယုံကြည်သည်၊ စိတ်ချယုံကြည်သည်၊ ယုံကြည်ချက်

ဤအသုံးအနှုန်းနှစ်ခုသည် အဓိပ္ပာယ်နီးစပ်သော်လည်း အနည်းငယ်ကွာခြားသည်။

ဘာသာပြန်အကြံပြုချက်များ

  • ယုံကြည်သည် ဆိုသည်မှာ စစ်မှန်ကြောင်း၊ ဟုတ်မှန်ကြောင်း ယုံကြည်ခြင်းဖြစ်သည်။
  • စိတ်ချယုံကြည်သည် ဆိုသည်မှာ အကြွင်းမဲယုံကြည်ခြင်း၊ နာခံလိုက်လျှောက်ခြင်း၊ အကြွင်းမဲမှီခိုပြီး လိုက်လျှောက်ခြင်း ဖြစ်သည်။

ယုံၾကည္သူ

သမ္မာကျမ်းစာတွင် ယုံကြည်သူ ဆိုသည်မှာ ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် မှီခို၊ယုံကြည်သောသူဖြစ်သည်။ ယုံကြည်သူ ၏မူရင်းအဓိပ္ပာယ်မှာ ယုံကြည်သောသူများ ပင်ဖြစ်သည်။ ခရစ်ယာန်ဟူသောစကားလုံးမှာ ခရစ်တော်ကိုယုံကြည်ပြီး သူ၏သွန်သင်မှုကိုနာခံသော သူများကိုရည်ညွှန်းခေါ်ဆိုခြင်းဖြစ်သည်။


  • အချို့ဘာသာပြန်မှုများတွင် ခရစ်တော်ကိုယုံကြည်သူ၊ ယေရှုကိုယုံကြည်သူဟု ပြန်ဆိုထားသည်။ *ဤစကားလုံးကို ယေရှုကိုယုံကြည်သူ၊ ယေရှုကိုသိပြီးနာခံလိုက်လျှောက်သူ ဟုလည်းပြန်ဆိုနိုင်သည်။
  • ယေရှုနောက်လိုက်များ၊ ယေရှုကိုသိပြီး နာခံသူများ ဟုလည်းဘာသာပြန်ဆိုနိုင်သည်။
  • ယုံကြည်သူ ဆိုသည်မှာ ခရစ်တော်ကိုယုံကြည်သူတိုင်းကို ဆိုလိုသည်။ တပည့်တော်နှင့် တမန်တော် ဆိုသည်မှာခရစ်တော်နှင့်အတူနေထိုင်ခဲ့သူများဖြစ်သည်။ ထို့ကြောင့် ဤစကားလုံးနှစ်ခုကို သီးခြားဘာသာပြန်ဆိုသင့်သည်။

ရင်အုပ်၊ ရင်အုပ်တန်ဆာ

ဤစကားသည် စစ်သားများ၏ ရင်ဘတ်တွင်ရှိသောအကာဖြစ်သည်။ က္ကုသရေလတို့၏ ယဇ်ပုရောဟိတ်မင်းရင်အုပ်တွင် ဝတ်ဆင်ထားသော အထူးအဝတ်တန်ဆာတစ်ခုလည်းဖြစ်ပါသည်။ စစ်သားများ၏ရင်အုပ်မှာ သစ်သား၊သတ္တု၊ တိရစ္ဆာန်သားရေ ဖြစ်သည်။ မြှား၊လှံ၊ဓား စသည်တို့မထိုးဖောက်နိုင်အောင် ကာကွယ်ခြင်းဖြစ်သည်။ က္ကုသရေလတို့၏ ယဇ်ပုရောဟိတ်မင်းဝတ်ဆင်သော ရင်အုပ်မှာ အဝတ်ဖြစ်ပြီး အဖိုးတန်ကျောက်မျက်များဆင်ယင်ထားသည်။ ဗိမာန်တော်တွင် ဘုရားအမှုဆောင်ရွက်နေစဉ် ထိုတန်ဆာကို ဝတ်ဆင်ထားရသည်။ ရင်အုပ်ကို အခြားစကားများဖြစ်သော သတ္တုရင်အုပ်အကာ၊ ရင်အုပ်တန်ဆာ ဟုလည်းဘာသာပြန်ဆိုနိုင်သည်။ ယဇ်ပုရောဟိတ်၏ရင်ဝတ်၊ ယဇ်ပုရောဟိတ်အဝတ်၊ ပုရောဖက်ရင်ဝတ်တန်ဆာ ဟုလည်းပြန်ဆိုနိုင်သည်။


ရန်ဘက်၊ ရန်သူ

ရန်ဘက် ဆိုသည်မှာ လူတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုနှင့်ရန်ဘက်ဖြစ်သော လူ သို့မဟုတ် အုပ်စုတစ်စုဖြစ်သည်။ ရန်သူ ဆိုသည့်စကားသည်လည်း အဓိပ္ပာယ်အတူတူပင်ဖြစ်သည်။ ရန်သူဆိုသည်မှာ သင့်ကိုဆန့်ကျင်သူ၊ သင့်ကိုနာကျင်စေသူဖြစ်နိုင်သည်။ နိုင်ငံတစ်နိုင်ငံသည် အခြားတစ်နိုင်ငံနှင့်တိုက်ခိုက်သည့်အခါ တစ်ဖက်နိုင်ငံကို ရန်သူအဖြစ်ခေါ်ဆိုနိုင်သည်။ သမ္မာကျမ်းစာ၌ မာနတ်ကို ရန်ဘက်၊ ရန်သူအဖြစ်ဖော်ပြပါသည်။ ရန်သူကို ပြိုင်ဘက် သို့မဟုတ် ရန်ဘက်အဖြစ် ဘာသာပြန်ဆိုနိုင်သော်လည်း ထိုစကား၏အဓိပ္ပာယ်မှာ ပြိုင်ဘက်ထက်ပို၍ပြင်းထန်ပါသည်။


ရနှစ်ခြင်းခံသည်၊ ဗတ္တိဇံ

ဓမ္မသစ်ကျမ်းစာ၌ ဗတ္တိဇံ(ရေနှစ်ခြင်းပေးခြင်း)ဟူသောအသုံးအနှုန်းမှာ အပြစ်မှသန့်စင်ခြင်း၊ခရစ်တော်နှင့်ပေါင်းစည်းခြင်းကို ပြသသည့်အနေဖြင့်ခရစ်ယာန်တစ်ယောက်ပြုလုပ်ကျင့်သုံးသောအရာဖြစ်သည်။ ရေ၌နှစ်ခြင်းခံခြင်းအပြင် သန့်ရှင်းသောဝိညာဉ်ဖြင့်နှစ်ခြင်းခံခြင်း၊ မီးဖြင့်နှစ်ခြင်းခံခြင်းဟူ၍လည်း ကျမ်းစာထဲတွင်ဖော်ပြထားသည်။ နှစ်ခြင်းဟူသောအသုံးအနှုန်းကို ကြီးမားသောဒုက္ခဟူ၍လည်း သမ္မာကျမ်းစာကဖော်ပြထားသည်။

ဘာသာပြန်အကြံပြုချက်များ\n* လူတစ်ဦးမည်သို့ ရေနှစ်ခြင်းခံသင့်သည်ဟူ၍ မတူညီသောအမြင်အမျိုးမျိုးရှိနေပါသည်။ ရေကိုပုံစံအမျိုးမျိုးဖြင့် အသုံးပြုသည်ဖြစ်သောကြောင့် ယေဘုယျဆန်ဆန်ဘာသာပြန်ဆိုသင့်သည်။

  • အသုံးပြုသည့်အပေါ်မူတည်ပြီး ဗတ္တိဇံ ကို သန့်ရှင်းစေခြင်း၊ ရေလောင်းခြင်း၊ ရေထဲနှစ်ခြင်း ဟုဘာသာပြန်ဆိုသင့်သည်။

ရရွိသည္

ဤစကားလုံးသည် တစ်စုံတစ်ခုကို လက်ခံခြင်းဟုအဓိပ္ပာယ်ရှိပါသည်။ ပုံပမာဆောင်သော အခြားအဓိပ္ပာယ်များလည်းရှိသည်။ ဤစကားလုံးဖြင့်အမျိုးသမီးကိုရည်ညွှန်းရာတွင် ကလေးမွေးဖွားခြင်း အဓိပ္ပာယ်ရှိသည်။ ဝန်ထုပ်ရရှိသည် ဆိုသည်မှာ ခက်ခဲသောအရာကြုံတွေ့ရခြင်း၊ စိတ်ပိုင်း၊ကိုယ်ကာယပိုင်းဒုက္ခခံရခြင်းများပါဝင်သည်။ သမ္မာကျမ်းစာတွင် အသီးသီးခြင်း၊ အသီးရှိခြင်း ဟုသုံးနှုန်းလေ့ရှိသည်။ ဤအသုံးအနှုန်းကို သက်သေခံခြင်း၊ မြင်တွေ့ခဲ့ရသည်ကိုပြန်ပြောပြခြင်းဟုလည်း ရေးသားသုံးစွဲသည်။ အဖေ၏မတရားမှုကို သားမခံရာ ဟူသောအသုံးအနှုန်းမှာ အဖေ့၏လုပ်ဆောင်မှုကိုတာဝန်မခံရခြင်း၊ အဖေ၏အပြစ်အတွက် သားမှအပြစ်ကြွေးမခံရခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့် အသုံးပြုလိုသည့်အကြောင်းအရာပေါ်မူတည်ပြီး ဤအသုံးအနှုန်းကို ရရှိသည်၊ တာဝန်ခံသည်၊ ထုတ်လုပ်သည်၊ ရှိသည်၊ လက်ခံသည် ဟုဘာသာပြန်ဆိုနိုင်သည်။


ရာဇဝင်မှတ်တမ်း

ရာဇဝင်မှတ်တမ်း ဆိုသည်မှာ အချိန်တစ်ခုတွင် ဖြစ်ပျက်ခဲ့သည်များကို ရေးမှတ်ထားခြင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် ရာဇဝင်ချုပ်ပထမစာစောင် နှင့် ရာဇဝင်ချုပ်ဒုတိယစာစောင် ဟုရှိပါသည်။ ရာဇဝင်ချုပ်ကျမ်းများသည် က္ကုသရေလူမျိုးများ၏ သမိုင်းတစ်စိတ်တစ်ပိုင်း၊ အာဒံမှပြီး ဆင်းသက်လာသောမျိုးဆက်များကိုမှတ်တမ်းတင် ထားခြင်းဖြင့်စတင်ရေးသားထားပါသည်။ ရာဇဝင်ချုပ်ပထမစာစောင်သည် ရှောလုဘုရင်၏ နောက်ဆုံးအချိန်နှင့် ဒါ၀ိတ်ဘုရင်၏အုပ်ချုပ်ချိန်ကို မှတ်တမ်းတင်ထားသည်။ ရာဇဝင်ချုပ်ဒုတိယစာစောင်သည် ရှောလုမုန်ဘုရင်နှင့် အခြားဘုရင်များစွာအကြောင်း၊ ဗိမာန်တော်တည်ဆောက်ခြင်းအကြောင်း၊ က္ကုသရေလနိုင်ငံတော် တောင်နှင့်မြောက် နှစ်ခြမ်းပြိုကွဲခဲ့ကြောင်းများကို မှတ်တမ်းတင်ထားပါသည်။ * ရာဇဝင်ချုပ်ဒုတိယစာစောင်၏အဆုံးတွင် ဘာဘုလုန်နိုင်ငံတော်တွင်ကျွန်ခံနေရသည့်အကြောင်းစတင်ရေးသားထားပါသည်။


ရဲတင်းသည်၊ ရဲရင့်စွာ၊ ရဲရင့်ခြင်း

ဤစကားသည် အမှန်တရားကို သတ္တိရှိရှိ၊ယုံကြည်စိတ်နှင့် မည်မျှပင် ခက်ခဲ၊အန္တရာယ်ရှိနေပါစေ ပြောရဲခြင်းကိုဆိုလိုပါသည်။ ရဲရင့်သူသည် အနိုင်ကျင့်ခံနေရသူတစ်ယောက်အတွက် မကြောက်မရွံ့၊ပြောဆိုလုပ်ကိုင်ရဲခြင်းဖြစ်သည်။ သတ္တိ၊ အကြောက်အရွံ့မရှိခြင်း ဟုလည်းဘာသာပြန်ဆိုနိုင်သည်။ ဓမ္မသစ်ကျမ်းတွင် တပည့်တော်များသည် ထောင်ကျခြင်း၊အသတ်ခံရနိုင်ခြင်းများရှိနေသော်လည်း ခရစ်တော်အကြောင်းကို လူပုံအလယ်၌ရဲရင့်စွာဟောပြောသည်ဟု ရေးသားထားသည်။ ယုံကြည်စိတ်ချစွာ၊ ရဲဝံ့သောသတ္တိ၊ သတ္တိရှိစွာ ဟုဘာသာပြန်ဆိုနိုင်သည်။ * ခရစ်တော် ကားတိုင်ပေါ်အသေခံခြင်းကို တပည့်တော်များ ရဲဝံ့စွာဟောပြောခဲ့ခြင်းကြောင့် ဧဝံဂေလိတရားတော်သည် က္ကုသရေလပြည်နှင့် အခြားပြည်၊ ထို့နောက်မြေကြီးအနှံ့အပြားသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ရဲဝံ့ခြင်း ကို ယုံကြည်စိတ်သတ္တိ ဟုလည်းဘာသာပြန်ဆိုနိုင်သည်။


လက်စားချေသည်၊ လက်တုန့်ပြန်သည်၊ လက်စားချေခြင်း

တစ်စုံတစ်ယောက်လုပ်ခဲ့သောအပြစ်အတွက် လက်စားချေတုန့်ပြန်ခြင်းဖြစ်သည်။ လက်တုန့်ပြန်ခြင်းကို လက်စားချေခြင်းဟုခေါ်ဆိုသည်။ လက်တုန့်ပြန်ခြင်းတွင် အမှန်တရားအတွက်၊ မှားနေသောအရာအတွက် ပြန်လည်ပြင်ဆင်စေလိုခြင်းရည်ရွယ်ချက်ရှိပါသည်။ မိမိကိုနာကျင်စေသူအား ထိုကဲ့သို့ပြန်လည်ခံစားရစေရန်ဆန္ဒဖြင့် လက်တုန့်ပြန်ခြင်းဖြစ်သည်။ * ဘုရားသခင်အနေဖြင့် လက်တုန့်ပြန်ခြင်း ပြုလုပ်ပါက အပြစ်ကိုစီရင်ခြင်း၊ တော်လှန်ပုန်ကန်ခြင်းကိုရပ်တန့်စေခြင်းဖြင့် ဖြောင့်မတ်ခြင်းကိုပြန်လည်တည်ဆောက်ခြင်းဖြစ်သည်။

ဘာသာပြန်အကြံပြုချက်များ

  • လက်စားချေခြင်းဆိုသောအသုံးအနှုန်းကို အမှားကိုပြင်ခြင်း၊ တရားမျှတစေခြင်းဟု ဘာသာပြန်ဆိုနိုင်သည်။
  • လူအနေနဲ့ လက်စားချေခြင်းတွင် ပြန်ပေးဆပ်စေခြင်း၊ နာကျင်စေခြင်းဖြင့် ဒဏ်ခတ်ခြင်း၊ ပြန်လည်ရယူခြင်း အဓိပ္ပာယ်ရှိပါသည်။
  • အသုံးအနှုန်းပေါ်မူတည်ပြီး ပြစ်ဒဏ်ခတ်ခြင်း၊ အပြစ်အတွက်ပြစ်ဒဏ်ခတ်ခြင်း၊ အမှားအတွက်ပြန်လည်ပေးဆပ်စေခြင်း ဟုပြန်ဆိုနိုင်သည်။ Retaliation ဆိုသောအသုံးအနှုန်းသည် လူလူချင်းအပေါ်တွင်သာ အသုံးပြုနိုင်သည်။
  • ဘုရားသခင်က လက်စားချေခြင်းဟုပြောဆိုရာတွင် ဘုရားကိုဆန့်ကျင်သောကြောင့်အပြစ်ပေးခံရခြင်း၊ ဘုရားကိုအပြစ်ပြုမိသောကြောင့် မကောင်းသည့်အရာများဖြစ်ခြင်း ဟုဘာသာပြန်သင့်သည်။
  • ဘုရားသခင်၏လက်စားချေခြင်းဟု သုံးနှုန်းရာတွင် ထိုကဲ့သို့အပြစ်ပေးရာတွင်ဘုရားကမှန်ကန်ကြောင်း သေချာစွာ ဘာသာပြန်ဆိုသင့်သည်။

လမ်းလွဲ၊ လမ်းမှားသည်၊ လမ်းလွဲခေါ်ဆောင်သည်၊ လမ်းမှား

ဤစကားလုံးသည် ဘုရားသခင်၏အလိုတော်ကို နားမထောင်ခြင်းအဓိပ္ပာယ်ဖြစ်ပါသည်။ လမ်းမှားသို့ခေါ်ဆောင်ခံခြင်း ဆိုသည်မှာ အခြားလူများ၊အခြားအကြောင်းအရာများ၏လွှမ်းမိုးမှုကိုခံယူသောကြောင့် ဘုရားစကားနားမထောင်တော့ခြင်းဖြစ်သည်။ လမ်းမှားသည်ဆိုသောစကားလုံးမှာ လုံခြုံနေသောလမ်းမှ အခြားအန္တရာယ်များသောလမ်းမှားသို့ လိုက်သွားခြင်းဖြစ်သည်။ သိုးထိန်းပြသသော စားကျက်မှ လမ်းလွဲသော သိုးများဖြစ်သည်။ ဘုရားသခင်က အပြစ်သားများကို လမ်းလွဲသိုးများနှင့် ခိုင်းနှိုင်းဖော်ပြထားသည်။

ဘာသာပြန်အကြံပြုချက်များ

  • လမ်းလွဲသည် ဆိုသောစကားကို ဘုရားသခင်နှင့်ဝေးရာသို့သွားသည်၊ ဘုရား၏အလိုတော်နှင့်ဆန့်ကျင်ပြီးလမ်းမှားလိုက်သည်၊ ဘုရားကိုနာမခံတော့ခြင်း၊ ဘုရားနှင့်ဝေးရာတွင်နေခြင်း ဟုဘာသာပြန်ဆိုနိုင်သည်။
  • တစ်စုံတစ်ယောက်ကိုလမ်းလွဲစေသည် ဆိုသောစကားမှာ တစ်စုံတစ်ယောက်အား ဘုရားစကားနားမထောင်စေခြင်း၊ ဘုရားစကားနားမထောင်စေရန်လွှမ်းမိုးထားခြင်း၊ မိမိနောက်လိုက်ပြီးလမ်းမှားစေခြင်း ဟုဘာသာပြန်ဆိုနိုင်သည်။

လာဘ်

လာဘ်ထိုးခြင်းဆိုသည်မှာ လူတစ်ယောက်အား ပိုက်ဆံပေးပြီး မဟုတ်မှန်သည့်အရာကိုလုပ်ဆောင်စေခြင်းဖြစ်ပါသည်။ ယေရှု၏ဂူကိုစောင့်သော စစ်သည်များကို လာဘ်ထိုးပြီးမဟုတ်မမှန်ပြောဆိုစေခဲ့သည်။ တစ်ခါတစ်ရံတွင် အစိုးရတာဝန်ရှိသူများသည် ရာဇဝတ်မှုကို လာဘ်ထိုးခြင်း၊ မဲရရှိရန်လာဘ်ထိုးခြင်း စသည်ဖြင့်လုပ်ဆောင်တတ်သည်။ ကျမ်းစာက လာဘ်ပေး၊လာဘ်ယူခြင်းကို တားမြစ်ထားသည်။ လာဘ် ဆိုသောစကားကို မမှန်သောပေးချေခြင်း၊ လိမ်ညာ၍ပေးခြင်း၊ ဥပဒေချိုးဖောက်စေသောအရာ ဟုဘာသာပြန်ဆိုနိုင်သည်။ * လာဘ်ကို တစ်စုံတစ်ယောက်အားလွှမ်းမိုးရန်ပေးခြင်းး၊ မမှန်ကန်သည့်မျက်နှာသာရရန်ငွေပေးခြင်း၊ ဦးစားပေးခံရရန်ငွေပေးခြင်းဟု ပြန်ဆိုနိုင်သည်။


လေး နှင့် မြှား

လေးနှင့်မြှား သည်ပစ်လွှတ်ရသော လက်နက်တစ်မျိုးဖြစ်သည်။ သမ္မာကျမ်းစာအချိန်၌ ရန်သူများကိုတိုက်ခိုက်ရန်၊ အမဲလိုက်ရန် လေးနှင့်မြှားကို အသုံးပြုသည်။ လေးကို သစ်သား၊အရိုး၊သတ္တုနှင့် သမင်ချိုစသော အခြားအရာများဖြင့်ပြုလုပ်နိုင်သည်။ ကွေးသောပုံစံရှိပြီး ထိပ်နှစ်ဘက်တွင် ကြိုး၊နွယ်မျှင်စသည်ဖြင့် ကြိုးချောင်းပါရှိသည်။ မြှားဆိုသည်မှာ ထိပ်တစ်ဖက်ချွန်သော အချောင်းဖြစ်သည်။ ရှေးခေတ်က မြှားကို သစ်သား၊အရိုး၊ကျောက်၊ သတ္တု စသည်တို့ဖြင့်ပြုလုပ်သည်။ လေးနှင့်မြှားကို မုဆိုးများ၊ စစ်သူရဲများအသုံးပြုလေ့ရှိသည်။ မြှား ဟူသောအသုံးအနှုန်းကို ကျမ်းစာထဲတွင် ပုံပမာခိုင်းနှိုင်းပြီး ရန်သူတို့၏တိုက်ခိုက်ခြင်း၊ ဘုရားစီရင်ခြင်း ဟုလည်းအသုံးပြုသည်။


လေးသည်တော်

လေးသည်တော် ဆိုသည်မှာ လေးနှင့်မြှား ကိုလက်နက်သဖွယ်ကျွမ်းကျင်စွာပစ်ခတ်နိုင်သူကို ဆိုလိုပါသည်။ သမ္မာကျမ်းစာတွင် လေးသည်တော် ဆိုသည်မှာ လေးနှင့်မြှားအသုံးပြုပြီး ရန်သူကိုတိုက်ခိုက်သူများကို ဆိုလိုပါသည်။ လေးသည်တော်များသည် အာရှုရိစစ်တပ်၏ အရေးကြီးအစိတ်အပိုင်းတစ်ခုဖြစ်သည်။ * အချို့ဘာသာစကားတွင် မြှားပစ်သမား ဟုအသုံးပြုသည်။


လှေကြီး

လှေကြီး ဟူသောဝေါဟာရမှာ ထောင့်မှန်စတုရန်းပုံစံရှိသော သစ်သားပုံး ဖြစ်သည်။ လှေကြီး၏အရွယ်အစားမှာ အသုံးပြုသည့်အခြေအနေပေါ်တွင်မူတည်ပြီး အကြီးအသေးကွာခြားပါသည်။ အင်္ဂလိပ်အဘိဓာန်တွင် လှေကြီးဟူသောစကားမှာ စတုရန်းပုံစံရှိ သစ်သားလှေကြီးဖြစ်၍ ကမ္ဘာကြီးကိုရေလွှမ်းမိုးချိန်က နောဧ တည်ဆောက်အသုံးပြုခဲ့သော လှေဖြစ်သည်။ လှေကြီး၏ ဝမ်းဗိုက်၊ အမိုးနှင့် နံရံများသည် ပြားချပ်သော ပုံစံရှိသည်။ ဤစကားလုံးကို ကြီးမားသောလှေ၊ ဝမ်းပြားသင်္ဘော၊ ကုန်တင်သင်္ဘော၊ သေတ္တာပုံလှေ ဟုဘာသာပြန်ဆိုနိုင်သည်။ ဟေဗြဲစကားတွင် ဤစကား၏အဓိပ္ပာယ်မှာ မောရှေကိုထည့်၍ဝှက်ထားသောခြင်းတောင်းနှင့်အတူတူပင်ဖြစ်သည်။ ခြင်းတောင်းဟုလည်း ဘာသာပြန်ဆိုလေ့ရှိသည်။ ပဋိညာဉ်သေတ္တာ ဟူသောအသုံးအနှုန်းတွင် လှေဟူသောအဓိပ္ပာယ်မပါရှိပေ။ ဤစကားတွင် လှေဟူသောစကားလုံးအစား သေတ္တာ၊ ခွက်၊ပုံး ဟုအသုံးပြုနိုင်သည်။ * ဤစကားလုံးကို ဘာသာပြန်ဆိုရာတွင် အခြေအနေ၊အကျိုးအကြောင်းပေါ်မူတည်ပြီး ဘာသာပြန်ဆိုသင့်သည်။


သစ္စာဖောက်သည်၊ သစ္စာဖောက်သူ

သစ္စာဖောက်သည် ဆိုသည်မှာလိမ်လည်ခြင်း၊ နာကျင်စေခြင်းဖြစ်သည်။ မိမိကို ယုံကြည်သောမိတ်ဆွေကိုမကောင်းကြံခြင်းသည် သစ္စာဖောက်သူဖြစ်သည်။ ယေရှုကိုမည်သို့ဖမ်းဆီးနိုင်ကြောင်း ယုဒခေါင်းဆောင်များကိုပြောပြခဲ့သော ယုဒသည် သစ္စာဖောက်ဖြစ်သည်။ ယေရှုကို ယုဒခေါင်းဆောင်များ မတရားဖမ်းဆီးနိုင်ရန်၊ လမ်းကြောင်းပေးခဲ့သော တမန်တော်ယုဒသည် ငွေကြေးကြောင့် ယေရှုကိုသစ္စာဖောက်ခဲ့သူဖြစ်သည်။

ဘာသာပြန်အကြံပြုချက်များ

  • အကြောင်းအရာပေါ်မူတည်ပြီး တစ်စုံတစ်ယောက်ကိုလှည့်ဖျားသည်၊ ရန်သူဘက်လိုက်သည်၊ ရက်စက်စွာတုန့်ပြန်သည် ဟုဘာသာပြန်ဆိုနိုင်သည်။
  • သစ္စာဖောက်သူ၊ မျက်နှာနှစ်ဖက်လိုက်သူ၊ သစ္စာဖောက် ဟုဘာသာပြန်ဆိုနိုင်သည်။

သတို့သမီး

သတို့သမီးဆိုသည်မှာ မင်္ဂလာပွဲတွင် သတို့သားနှင့်လက်ထပ်မည့်သူဖြစ်သည်။ ယေရှုကိုယုံကြည်သူများ(အသင်းတော်) ကိုလည်းသတို့သမီးဟု ခိုင်းနှိုုင်းပြောဆိုလေ့ရှိသည်။ အသင်းတော်အတွက် ယေရှုသည် မင်္ဂလာသတို့သားဖြစ်သည်။


သတို့သား

သတို့သားသည် သတို့သမီးနှင့် မင်္ဂလာဆောင်မည့်သူဖြစ်သည်။ သမ္မာကျမ်းစာခေတ် ယုဒတို့၏ဓလေ့တွင် သတို့သားက သတို့သမီးကိုယူဆောင်ရန် လာရောက်ခြင်းဖြစ်သည်။ ကျမ်းစာတွင် ယေရှုက သတို့သားသည် အသင်းတော်ဟူသော သတို့သမီးကိုလာရောက်ခေါ်ဆောင်မည်ဟု ဥပမာပေးပြီးဆုံးမထားသည်။ * ယေရှုက တပည့်တော်များကို သတို့သားနှင့် ပွဲခံသောသူများဟုခိုင်းနှိုင်းသည်။ သတို့သားမရှိတော့သည့်အခါ ထိုလူများပူဆွေးရမည်ဖြစ်ကြောင်း ယေရှုက ခိုင်းနှိုင်းဖော်ပြထားသည်။


သတ္တဝါကြီး

သမ္မာကျမ်းစာတွင် သတ္တဝါကြီး ဆိုသည်မှာ တိရစ္ဆာန်ကို ဆိုလိုခြင်းဖြစ်သည်။ အရိုင်းအစိုင်းသတ္တဝါ ဆိုသည်မှာ လယ်ပြင်၊တောထဲတွင် လွတ်လပ်စွာနေထိုင်ပြီး လူတို့မထိန်းကျောင်းနိုင်သော တိရစ္ဆာန်ဖြစ်သည်။ အိမ်မွေးသတ္တဝါ ဆိုသည်မှာ ခိုင်းစေရန်နှင့် အစာအဖြစ်မွေးမြူသောတိရစ္ဆာန်ဖြစ်သည်။ အိမ်မွေးတိရစ္ဆာန်ဆိုသည်မှာ ထိုသတ္တဝါများပင်ဖြစ်သည်။ ဒံယေလအနာဂတ္တိကျမ်းနှင့် ဗျာဒိတ်ကျမ်းတို့တွင် နတ်ဆိုးတန်ခိုးရှိပြီး ဘုရားသခင်ကိုဆန့်ကျင်သော အာဏာရှိသတ္တဝါကြီးများအကြောင်းကိုရေးသားဖော်ပြထားပါသည်။ အချို့သောသတ္တဝါများသည် ဦးခေါင်းများနှင့် ချိုများစွာရှိခြင်း၊ တန်ခိုးအာဏာရှိခြင်း စသောထူးခြားသောလက္ခဏာများရှိသည်။ ဤသည်မှာ တိုင်းနိုင်ငံ သို့မဟုတ် နိုင်ငံရေးအာဏာရှိခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ * ဘာသာပြန်ဆိုရာတွင် သတ္တဝါ၊ ဖန်ဆင်းခံအရာ၊ တိရစ္ဆာန်၊ အရိုင်းတိရစ္ဆာန် ဟုအသုံးပြုလိုသည့်အဓိပ္ပာယ်အတိုင်း ပြန်ဆိုသင့်သည်။


သတ်မှတ်ခွဲဝေသည်၊ ချမှတ်ထားသော

ဤစကားလုံးများမှာ တစ်စုံတစ်ယောက်အား အလုပ်တာဝန်တစ်ခုအတွက်ခန့်အပ်ထားခြင်းကို ဆိုလိုပါသည်။ ပရောဖက်ရှမွေလက ဘုရင်ရှောလုသည် အတော်ဆုံးလူငယ်များကို က္ကုသရေလစစ်တပ်ထဲတွင် ခန့်အပ်မည်ဟု ကြိုတင်ဟောကြားခဲ့သည်။ ခါနာန်ပြည်တွင်နေထိုင်ရန် က္ကုသရေလ လူမျိုး ၁၂မျိုးအတွက်နယ်မြေများကို မောရှေက သတ်မှတ်ခွဲဝေပေးခဲ့သည်။ ဓမ္မဟောင်းဥပဒေများအရ အချို့သော မျိုးနွယ်စုများသည် ပုရောဟိတ်၊ အနုပညာရှင်၊ သီချင်းသည်၊ တည်ဆောက်သူများအဖြစ် သတ်မှတ်ခန့်အပ်ခြင်းခံခဲ့ရသည်။ အသုံးပြုသည့်အပေါ်မူတည်ပြီး ပေးသည်၊ ခန့်အပ်သည်၊ အလုပ်တစ်ခုအတွက်ရွေးချယ်သည် ဟုလည်းဘာသာပြန်ဆိုနိုင်သည်။ * ချိန်းချက်ထားသော၊ တာဝန်ပေးထားသည် ဟုလည်းဘာသာပြန်ဆိုနိုင်သည်။


သန်းခေါင်စာရင်း

သန်းခေါင်စာရင်းဆိုသည်မှာ တိုင်းနိုင်ငံတစ်ခုထဲတွင်ရှိသော လူအရေအတွက်ကို စနစ်တကျရေတွက်ခြင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်းစာတွင် ဘုရားစေခိုင်းသောကြောင့် လူရေတွက်ခြင်းရှိပါသည်။ အီဂျစ်မှမထွက်ခွာခင်အချိန်နှင့် ခါနာန်ပြည်သို့မဝင်ခင် စသည်တို့တွင် သန်းခေါင်စာရင်းရေတွက်ခဲ့ပါသည်။ သန်းခေါင်စာရင်း ကောက်ခံခြင်းသည် တိုင်းသူပြည်သားများ အခွန်မည်မျှပေးသင့်သည်ကို သိချင်သောကြောင့်ဖြစ်သည်။ ဥပမာ- ထွက်မြောက်ရာကျမ်းတွင် ဗိမာန်တော်အတွက် လူတစ်ဦးလျှင် ရှီကယ်လ်ဝက် ထည့်ဝင်သင့်ကြောင်း သန်းခေါင်စာရင်းကောက်ခံခြင်းဖြင့် တွက်ချက်နိုင်ခဲ့ပါသည်။ ယေရှုငယ်စဉ်အခါက ရောမအစိုးရသည် တိုင်းပြည်တွင်လူဦးရေမည်မျှရှိပြီး အခွန်မည်မျှပေးဆောင်ရမည်ကို သိရှိနိုင်ရန် သန်းခေါင်စာရင်းကောက်ခံခဲ့ပါသည်။

ဘာသာပြန်အကြံပြုချက်များ

  • ဤစကားကို နာမည်ရေတွက်ခြင်း၊ နာမည်စာရင်း၊ နာမည်ပေးခြင်း ဟုလည်းဘာသာပြန်ဆိုနိုင်ပါသည်။
  • သန်းခေါင်စာရင်းကောက်သည် ဟူသောစကားမှာ လူနာမည်မှတ်သားခြင်း၊ နာမည်ထည့်သွင်းခြင်း၊ လူနာမည်ရေးချခြင်း စသည်တို့ဖြစ်ပါသည်။

သမ္မာကျမ်းစာအချိန်- စောင့်ကြည့်ချိန်

သမ္မာကျမ်းစာတွင် စောင့်ကြည့်ချိန် ဆိုသည်မှာ ညအချိန်ဖြစ်ပြီး ညစောင့်သူက ရန်သူ၊အန္တရာယ်များကိုစောင့်ကြည့်သောအချိန်ဖြစ်သည်။ ဓမ္မဟောင်းတွင် က္ကုသရေလများ၏ စောင့်ကြည့်ချိန်၃ ချိန်ရှိသည်။ စတင်ချိန် (နေဝင်ချိန်မှ ည ၁၀ထိ) ကြားချိန်( ည၁၀နာရီ- နံနက် ၂နာရီ) နံနက်ချိန် (နံနက် ၂နာရီ- နေထွက်ချိန်) ဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင် ယုဒများသည် ရောမစနစ်ကိုလိုက်ပြီး စောင့်ကြည့်ချိန် ၄ချိန်ရှိပါသည်။ ပထမချိန်(နေဝင်ချိန်- ည၉နာရီ) ဒုတိယချိန်( ည၉နာရီ- ည၁၂နာရီ)၊ တတိယချိန်(၁၂နာရီ- နံနက် ၃နာရီ)၊ စတုတ္ထချိန်( ၃နာရီ-နေထွက်ချိန်)ဖြစ်သည်။ * ဤစကားကို ယေဘုယျဆန်ဆန်ဖြစ်စေရန် အခြေအနေပေါ်မူတည်ပြီး ညနေစောင်းချိန်၊ ညလည်ချိန်၊ နံနက်စောစောအချိန် ဟုဘာသာပြန်ဆိုနိုင်သည်။


သမ္မာကျမ်းစာအချိန်- နာရီ(အချိန်)

သမ္မာကျမ်းစာတွင် မည်သည့်အချိန်တွင် မည်သည့်အဖြစ်အပျက်ရှိခဲ့သည်ကိုဖော်ပြရာ၌ အချိန်ဖြင့်ဖော်ပြလေ့ရှိသည်။ အချိန်၊အခိုက်အတန့်ကို ဖော်ပြသောအရာလည်းဖြစ်သည်။ ယုဒလူမျိုးများသည် (နံနက် ၆နာရီ)မှစပြီး နာရီကိုရေတွက်သည်။ ဥပမာ ယုဒတို့၏ ၉နာရီသည် ယခုခေတ်၏ညနေ ၃နာရီအချိန်ဖြစ်သည်။ ညအချိန်ကို (ညနေ ၆နာရီ)မှစတင်ရေတွက်သည်။ ဥပမာ- ည၃နာရီဆိုသည်မှာ ယခုခေတ်၏ညပိုင်း ၉နာရီအချိန်ဖြစ်သည်။ သမ္မာကျမ်းစာခေတ်တွင် အသုံးပြုခဲ့သောအချိန်သည် ယနေ့ခေတ်နှင့်မတူညီသောကြောင့် ၉ချက်တီးချိန်၊ ၆ချက်တီးချိန် အစရှိသော စကားများကိုသုံးလေ့ရှိပါသည်။ မည်သည့်အချိန်ကိုပြောဆိုသည်ဟု သိရှိနိုင်ရန် အချို့သောဘာသာပြန်ဆိုမှုများတွင် ညနေပိုင်းအချိန်၊ နံနံက်ပိုင်းအချိန်၊ နေ့လည်ချိန် စသည်ဖြင့်အသုံးပြုသင့်သည်။ ထိုနာရီ၌ ဟူသောအသုံးအနှုန်းကို ထိုအချိန်၊ ထိုအခိုက်အတန့်ဟု ဘာသာပြန်ဆိုသင့်သည်။ ယေရှုကိုရည်ညွှန်းသော သူ့အချိန်ရောက်ရှိပြီ ဟူသောစကားကို သူ့အတွက်အချိန်ကာလကျရောက်ပြီ၊ ချိန်းချက်ထားသောအချိန်ကျရောက်ပြီဟု ဘာသာပြန်ဆိုသင့်သည်။


သမ္မာကျမ်းစာအချိန်- နှစ်

တစ်နှစ်ဆိုသည်မှာ ၃၆၅ရက်ကြာသောအချိန်ဖြစ်သည်။ ဤသည်မှာ ကမ္ဘာကို လပတ်ချိန်အတိုင်းမှတ်သားသော လပြက္ခဒိန်၏ အချိန်အတိုင်းဖြစ်သည်။ ယနေ့ခေတ်တွင် ကမ္ဘာက နေကိုလှည့်ပတ်ချိန်ကို မူတည်ပြီးပြုလုပ်ထားသော နေပြက္ခဒိန်အတိုင်း ၁၂လ၊ ၃၆၅ရက်ကို ၁နှစ်ဟုသတ်မှတ်သည်။ ထိုပြက္ခဒိန် ၂ခုလုံးတွင် တစ်နှစ်တွင် ၁၂လရှိသည်။ သို့သော်လည်း လပြက္ခဒိန်သည် နေပြက္ခဒိန်ထက် ၁၁ရက်လျော့နည်းသောကြောင့် အချိန်နှစ်များတွင် လပြက္ခဒိန်တွင် ၁၃လပါရှိသည်။ ဤသို့ပေါင်းထည့်ခြင်းအားဖြင့် နေပြက္ခဒိန်နှင့် လပြက္ခဒိန်တို့သည် ညီမျှမှုရှိလေသည်။ * သမ္မာကျမ်းစာအချိန်တွင် ၁နှစ်ဟူသောစကားကို ပုံပမာခိုင်းနှိုင်းပြီး ထူးခြားသောအဖြစ်အပျက်များကိုဖော်ပြလေ့ရှိသည်။ ဥပမာ- ဘုရားသခင်၏နှစ်၊ မိုးခေါင်သောနှစ်၊ ဘုရားသခင်နှစ်သက်တော်မူသောနှစ်။ ထို့ကြောင့် နှစ် ကို အချိန်၊ ရာသီ၊ ကာလဟုလည်း ဘာသာပြန်ဆိုနိုင်သည်။


သမ္မာကျမ်းစာအချိန်- ရက်

ရက် ဆိုသည်မှာ နေဝင်ချိန်အထိ ၂၄နာရီကြာသောအချိန်တစ်ခုဖြစ်သည်။ ပုံပမာခိုင်းနှိုင်းပြီး အသုံးပြုလေ့ရှိသည်။ က္ကုသရေလလူများအတွက် နေဝင်ချိန်မှ နောက်နေ့ နေဝင်ချိန်အထိသည် တစ်ရက်ဖြစ်သည်။ တစ်ခါတစ်ရံ နေ့ ဟူသောအသုံးအနှုန်းမှာ ရှည်လျားသောအချိန်ကိုဆိုလိုခြင်းဖြစ်သည်။ ဥပမာ ဘုရားသခင်၏နေ့၊ နောက်ဆုံးနေ့ (ကာလ) အချို့ဘာသာစကားများတွင် မတူညီသောအသုံးအနှုန်းများဖြင့် ဘာသာပြန်ဆိုနိုင်သည်။ အချို့ဘာသာပြန်မှုများတွင် နေ့၊ရက် ဆိုသည်မှာ အချိန်၊ရာသီ၊ အဖြစ်အပျက် သို့မဟုတ် ဖြစ်စဉ် ဟုအဓိပ္ပာယ်ရှိနိုင်သည်။


သမ္မာကျမ်းစာအချိန်- ရက်သတ္တပတ်

ရက်သတ္တပတ်ဆိုသည်မှာ ၇ရက်ကြာသောအချိန်ဖြစ်သည်။ ယုဒတို့၏စနစ်တွင် စနေနေ့ နေဝင်ချိန်မှစတင်ပြီး နောက်တစ်ပတ် တနင်္ဂနွေနေဝင်ချိန်အထိသည် တစ်ပတ်ဖြစ်သည်။ သမ္မာကျမ်းစာတွင် ရက်သတ္တပတ် ကိုပုံဥပမာခိုင်းနှိုင်းပြီး အချိန်ကာလ ၇ခု၊ ၇ နှစ်ဟူသောအချိန်ဟုလည်း အသုံးပြုလေ့ရှိသည်။ * ပင်တေကုတ္တေပွဲဟူ ခေါ်ဆိုသော ပွဲတော်ကိုလည်း ပဿ ခါပွဲအပြီး ရက်သတ္တပတ် ၇ ပတ်လုံးကျင်းပလေ့ရှိသည်။


သမ္မာကျမ်းစာအချိန်- လ

လ ဆိုသည်မှာရက်သတ္တပတ် ၄ပတ်ကြာသောအချိန်ဖြစ်သည်။နေ သို့မဟုတ် လပြက္ခဒိန်အသုံးပြုသည့်အပေါ်မူတည်ပြီး တစ်လတွင်ရှိသော ရက်များမတူညီပဲရှိနိုင်သည်။ လပြက္ခဒိန်တွင် တစ်လ ဆိုသည်မှာ ကမ္ဘာကိုလပတ်ချိန်(၂၉ရက်)ရှိသည်။ ဤစနစ်၌ တစ်နှစ်တွင် ၁၂လမှ ၁၃လအထိရှိသည်။ တစ်နှစ်တွင် ၁၂လ သို့မဟုတ် ၁၃လရှိသော်လည်း မတူညီသောရာသီဖြစ်နေသော်ငြား ပထမလကို တူညီသောအမည်ဖြင့်သာခေါ်ဆိုပါသည်။ လပြက္ခဒိန်တွင် လ၏ ငွေရောင်တောက်ပသောအချိန်ကို လသစ် ဟုသာခေါ်ဆိုပါသည်။ က္ကုသရေလလူမျိုးများသည် လပြက္ခဒိန်ကိုသာ အသုံးပြုခဲ့သောကြောင့် သမ္မာကျမ်းရှိလများမှာ လပြက္ခဒိန်ရှိအမည်များသာဖြစ်သည်။ ယနေ့ခေတ်တွင်လည်း ဘာသာရေးအခမ်းအနားများတွင် လပြက္ခဒိန်ကို ဂျူးများအသုံးပြုဆဲဖြစ်သည်။ ယနေ့ခေတ် နေပြက္ခဒိန်တွင် နေကို ကမ္ဘာပတ်သည့်အချိန်(၃၆၅ရက်) ကိုအသုံးပြုထားပါသည်။ ဤစနစ်တွင် နှစ်တစ်နှစ်ကို ၁နှစ်တွင် ၁၂လ၊ ၁လတွင် ၃၀-၃၁ ရက်ဟုအသုံးပြုပါသည်။


သံတမန်၊ ကိုယ်စားလှယ်

သံတမန်ဆိုသည်မှာ အခြားနိုင်ငံများနှင့်ဆက်ဆံမှုပြုလုပ်ရန် တရားဝင်ရွေးချယ်ခန့်အပ်ထားသောသူဖြစ်သည်။ ကိုယ်စားလှယ်အဖြစ်သုံးနှုန်းသောအဓိပ္ပာယ်ရှိသည့်အတွက် သံတမန်၊ကိုယ်စားလှယ်အဖြစ်လည်း ဘာသာပြန်ဆိုနိုင်သည်။ သံတမန်၊ ကိုယ်စားလှယ်သည် အစိုးရ သို့မဟုတ် မိမိကိုခန့်အပ်ထားသူထံမှာ သတင်းစကားများကို ပြောကြားသူဖြစ်သည်။ ကိုယ်စားလှယ် ဟူသောစကားမှာ တစ်စုံတစ်ယောက်ကိုယ်စားတရားဝင် ပြောဆို၊လုပ်ဆောင်ရန်အခွင့်ပေးခံထားရသူဖြစ်သည်။ တမန်တော်ကြီး ရှင်ပေါလုက ခရစ်ယာန်တို့သည် ခရစ်တော်၏ ကိုယ်စားလှယ်၊ သံတမန်များဖြစ်ကြပြီး ခရစ်တော်၏သတင်းစကားကို အခြားသူများအား သင်ကြားပေးရသူများဖြစ်သည်။ ရေခံမြေခံအပေါ်မူတည်ပြီး ရုံးကိုယ်စားလှယ်၊ ရွေးချယ်ခံရသော သတင်းပေးသူ၊ ရွေးချယ်ခံရသော ကိုယ်စားလှယ်တော်၊ ဘုရားသခင်ရွေးချယ်တော်မူသော ကိုယ်စားလှယ်ဟူ၍ ဘာသာပြန်ဆိုနိုင်သည်။ * ရွေးချယ်ခံရသော သံကိုယ်စားလှယ် ဟူသောစကားလုံးကို တရားဝယ်သတင်းပေးသူ၊ ရွေးချယ်ခံရသောကိုယ်စားလှယ်အုပ်စု၊ လူအားလုံးအတွက် စကားပြောခွင့်ရှိသော ရုံးအဖွဲ့ ဟူ၍ဘာသာပြန်ဆိုနိုင်သည်။


သွေး

သွေးဆိုသည်မှာ လူ၏ခန္ဓာကိုယ်ရှိ ဒဏ်ရာ၊အနာ မှထွက်လာသော အနီရောင်အရည်ဖြစ်သည်။ သွေးသည် လူ့ခန္ဓာကိုယ်တစ်ခုလုံးအတွက် အသက်တမျှအရေးပါသည်။ သွေးသည် အသက်ကိုကိုယ်စားပြုသည်။ သွေးသွန်းခြင်းသည် အသက်ဆုံးရှုံးခြင်း၊ သေဆုံးခြင်းကို ကိုယ်စားပြုပါသည်။ ဘုရားသခင်ထံယဇ်ပူဇော်ရာတွင် တိရစ္ဆာန်ကိုသတ်ပြီး အသွေးကိုယဇ်ပလ္လင်ပေါ်တွင် သွန်းလောင်းကြသည်။ တိရစ္ဆာန်အသက်သွန်းခြင်းသည် လူ၏အပြစ်ကို ဖြေခြင်းပင်ဖြစ်ပါသည်။ ကားတိုင်ပေါ်တွင် ယေရှုအသေခံခြင်းသည် လူတို့၏အပြစ်ကိုဖြေခြင်း၊ သန့်ရှင်းစေခြင်းအားဖြင့် စီရင်မခံရတော့ခြင်းကို ကိုယ်စားပြုပါသည်။ အသွေးနှင့်အသား သည် လူသားကိုရည်ညွှန်းခြင်းဖြစ်ပါသည်။ * မိမိ၏အသွေးအသား ဆိုသည်မှာ ကိုယ်ကာယနှင့်စပ်ဆိုင်ခြင်းဖြစ်သည်။

ဘာသာပြန်အကြံပြုချက်များ

  • ရည်ညွှန်းဘာသာနှင့် သက်ဆိုင်သော သွေးဟူသော အသုံးအနှုန်းများကိုအသုံးပြုသင့်ပါသည်။
  • အသွေးနှင့် အသား ကို လူ ဟု ဘာသာပြန်ဆိုနိုင်သည်။
  • ငါ့အသွေးအသား ဟူသောစကားကို အကြောင်းအရာပေါ်မူတည်ပြီး ငါ့မိသားစု၊ ငါ့ဆွေမျိုး၊ ငါ့လူမျိုးဟု ဘာသာပြန်ဆိုနိုင်သည်။
  • မိမိဘာသာပြန်မည့်ဘာသာစကားတွင် အသွေးအသား ဟူသောစကားရှိပါက ထိုစကားကိုအသုံးပြုသင့်သည်။

အကေးရှား

အကေးရှား ဟူသောအမည်မှာ ရှေးခေတ် ခါနာန်တွင်ပေါက်ရောက်သော သစ်ပင်တစ်မျိုးဖြစ်သည်။ ယခုခေတ်၌လည်း ထိုသေဒ၌ပေါများစွာတွေ့မြင်ရသည်။ လိမ္မော်ညိုရောင်ရှိသော အကေးရှားသစ်သားသည် မာကြောအကြမ်းခံပြီး ဆောက်လုပ်ရေးတွင်အသုံးဝင်သော သစ်သားမျိုးဖြစ်သည်။ ထိုသစ်သားသည် သိပ်သည်းလွန်းပြီးရေစိမ့်ဝင်မှုမရှိချေ၊ သဘာဝအလျောက် ပိုးထိုးခြင်းကိုလည်းကာကွယ်နိုင်စွမ်းရှိသည်။ * သမ္မာကျမ်းစာ၌ အကေးရှားသစ်ကို တဲတော်နှင့် ပဋိညာဉ်သေတ္တာ ပြုလုပ်ရာတွင်အသုံးပြုခဲ့သည်။


အဒေါနိယ

အဒေါနိယသည် ရှင်ဘုရင်ဒါဝိတ်၏ စတုတ္ထသားဖြစ်သည်။ အာဗရှာလုံ နှင့် အာမနုန် သေဆုံးပြီးနောက်တွင် အဒေါနိယသည် က္ကုသရေလဘုရင်ဖြစ်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် ထာဝရဘုရား၏ကတိတော်မှာ ဒါဝိတ်သား ရှောလမုန်နန်းထိုင်ရန်ဖြစ်သည်၊ ထို့ကြောင့် ဒဒေါနိယ၏အကြံပျက်စီးခဲ့ပြီး ရှောလမုန်အား ထီးနန်းဆက်ခံစေခဲ့သည်။ * အဒေါနိယသည် ဘုရင်ဖြစ်ရန်ဒုတိယအကြိမ်ကြိုးပမ်းခဲ့သည့်အချိန်၌ ရှောလမုန်က သူ့ကိုသတ်ဖြတ်ခဲ့လေသည်။


အနန္တဘုန်းတန်ခိုးနှင့်ပြည့်စုံသော

ဤဝေါဟာရသည် တန်ခိုးကြီးခြင်း၊ သမ္မာကျမ်းစာတွင် ထာဝရဘုရားကိုရည်ညွှန်းသောစကားဖြစ်သည်။ အနန္တတန်ခိုးရှင်၊ တန်ခိုးကြီးသူ ဟူသောစကားသည် တန်ခိုးနှင့် အာဏာပြည့်စုံသော ဘုရားသခင်ကိုရည်ညွှန်းပါသည်။ ဤဝေါဟာရသည် ဘုရားသခင်ကိုရည်ညွှန်းသော အနန္တတန်ခိုးရှင်၊ ဘုရားသခင်၊ ထာဝရဘုရားသခင် ဖြစ်ပါသည်။

ဘာသာပြန်အကြံပြုချက်များ

  • ဤဝေါဟာရကို တန်ခိုးနှင့်ပြည့်စုံသော၊ တန်ခိုးနှင့်ပြီးပြည့်စုံသော၊ တန်းခိုးကြီးသောဘုရား ဟုဘာသာပြန်ဆိုနိုင်သည်။
  • အနန္တတန်ခိုးရှင် ဟူသောဝေါဟာရသည် တန်ခိုးကြီးသောဘုရင်၊ တန်ခိုးနှင့်အုပ်စိုးသောဘုရား၊ အရာအားလုံးကိုပိုင်သအုပ်စိုးသောဘုရားဟု ဘာသာပြန်ဆိုနိုင်သည်။

အနာအဆာ

အနာအဆာ ဆိုသောစကားမှာ လူ၊တိရစ္ဆာန်တို့၏ ခန္ဓာကိုယ်ချို့ယွင်းခြင်း၊ မပြည့်စုံခြင်းကိုဆိုလိုပါသည်။ လူများ၏ အပြစ်အနာအဆာ၊ ဝိညာဉ်ရေးရာ မပြည့်စုံခြင်းဟုလည်း အဓိပ္ပာယ်သက်ရောက်ပါသည်။ ယဇ်ပူဇော်ခြင်းများတွင် အပြစ်အနာအဆာနှင့်ကင်းသော တိရစ္ဆာန်များကို ပူဇော်ရန် က္ကုသရေလလူများကို ဘုရားသခင်မိန့်မှာထားသည်။ ယေရှုခရစ်သည်လည်း အပြစ်မရှိသော၊အနာအဆာမရှိ ပြည့်စုံသော ယဇ်ကောင်ပင်ဖြစ်ပါသည်။ ခရစ်တော်ကိုယုံကြည်သူများသည်လည်း ခရစ်တော်၏အသွေးတော်ကြောင့်သန့်စင်ခဲ့သည်။ ထို့ကြောင့် အပြစ်အနာအဆာမရှိကြောင်း သတ်မှတ်ခံရပါသည်။ ဤစကားကိုဘာသာပြန်ဆိုရာတွင် ချို့ယွင်းခြင်း၊ မပြည့်စုံခြင်း၊ အပြစ် ဟုလည်းအသုံးပြုလိုသည့်အကြောင်းအရာပေါ်မူတည်ပြီးဘာသာပြန်ဆိုနိုင်သည်။


အန္တိခရစ်

အန္တိခရစ် ဆိုသည်မှာ ယေရှုခရစ်တော်နှင့်သွန်သင်ချက်များကို ဆန့်ကျင်ပြီးဟောပြောသင်ကြားသူကိုဆိုလိုပါသည်။ ကမ္ဘာပေါ်တွင် အန္တိခရစ်များစွာရှိသည်။ ခရစ်တော်သည် မေရှိယမဟုတ်ကြောင်း အခြားသူများကိုလိမ်လှည့်ပြောကြားသောသူ၊ ခရစ်တော်သည် ဘုရား၊လူသားနှစ်မျိုးဖြစ်သည်ကို မယုံကြည်သောသူကို အန္တိခရစ်ဖြစ်သည်ဟု တမန်တော် ယောဟန်ကရေးသားခဲ့သည်။ ယေရှုလုပ်ဆောင်ခဲ့သောအရာကိုဆန့်ကျင်သော ဝိဉာဉ်များလည်းရှိကြောင်း သမ္မာကျမ်းစာထဲတွင်ရေးသားထားသည်။ * ဓမ္မသစ်ကျမ်းဖြစ်သော ဗျာဒိတ်ကျမ်းစာထဲတွင် နောက်ဆုံးသောကာလ၌ အန္တိခရစ် ပေါ်ထွန်းလာမည်ဖြစ်ပြီး ဘုရားသခင်၏လူများကိုဖျက်စီးမည်၊သို့သော်ခရစ်တော်က ထိုသူကိုအနိုင်ယူမည်ဖြစ်ကြောင်းရှင်းပြထားသည်။

ဘာသာပြန်အကြံပြုချက်များ

  • ဤစကားကို အခြားစကားလုံးအနေဖြင့် ခရစ်တော်ကိုဆန့်ကျင်သူ၊ ခရစ်တော်၏ရန်သူ၊ ခရစ်တော်နှင့်ဆန့်ကျင်သောသူ ဟုသုံးနှုန်းနိုင်သည်။
  • အန္တိခရစ်၏ဝိညာဉ် ဟူသောစကားလုံးကို ခရစ်တော်နှင့်ဆန့်ကျင်သော ဝိညာဉ်ဟုလည်း သုံးနှုန်းနိုင်သည်။

အန္တိအုတ်

အန္တိအုတ်ဟူသောမြို့မှာ ဓမ္မသစ်ကာလ၌ရှိသောမြို့၂မြို့အမည်ဖြစ်သည်။ တစ်မြို့မှာ မြေထဲပင်လယ်အနီး ဆီးရီးယားတွင်ဖြစ်သည်။ နောက်တစ်မြို့မှာ ရောမပြည် ပိစီးဒီးယား၊ ကလောစိရမြို့အနီးတွင်ဖြစ်သည်။ ဆီးရီးယားရှိ အန္တိအုတ်သင်းတော်တွင် ခရစ်တော်ကိုယုံကြည်သူများအား ခရစ်ယာန်ဟုစတင်ခေါ်ဆိုခဲ့သည်။ထိုအသင်းတော်သည် တစ်ပါးအမျိုးသားများဆီ သာသနာပြုစေလွှတ်ရာတွင် တက်ကြွခဲ့လေသည်။ ယေရုရှလင်အသင်းတော်မှ ခေါင်းဆောင်များသည် ခရစ်ယာန်ဖြစ်ခြင်းတွင် ယုဒတို့၏ထုံးဓလေ့များကိုလိုက်နာရန်မလိုကြောင်း ဆီးရီးယားရှိ အန္တိအုတ်အသင်းသားများထံသို့ စာရေးခဲ့လေသည်။ * ပေါလု၊ ဗာနဗနှင့် ဂျွန်မာ့ခ် တို့သည် ဧဝံဂေလိဝေငှရန် ပီစိဒီးယားရှိ အန္တိအုတ်မြို့သို့သွားရောက်ခဲ့သည်။ အခြားမြို့မှ ယုဒလူများသည် ပြသာနာဖန်တီးရန်နှင့်ပေါလုကိုသတ်ရန် ရောက်ရှိလာခဲ့ကြသည်။သို့သော် အခြားသော ယုဒများနှင့်တစ်ပါးအမျိုးသားများက ပေါလုသင်ကြားမှုကိုနားထောင်ခဲ့ပြီး ယေရှုကိုယုံကြည်ခဲ့ကြသည်။


အန္ဒြေ

အန္ဒြေ သည်ယေရှုရွေးချယ်သောတပည့်တော် ၁၂ပါးမှ တစ်ပါးအဝင်ဖြစ်သည်။ (နောက်တွင် တမန်တော်များဟုခေါ်ဆိုခံရသည်။) အန္ဒြေ၏အစ်ကိုမှာ ရှိမုန်ပေတရုဖြစ်ပြီး သူတို့နှစ်ဦးလုံးသည် တံငါသည်များဖြစ်သည်။ ပေတရုနှင့် အန္ဒြေတို့သည် ဂါလိလဲအိုင်တွင်ငါးဖမ်းနေစဉ် ယေရှုကသူ့တပည့်တော်များအဖြစ်ခေါ်ယူခဲ့သည်။ * ယေရှုနှင့်မတွေ့ခင်တွင် ပေတရုနှင့်အန္ဒြေတို့သည် နှစ်ခြင်းဆရာယောဟန်၏တပည့်များဖြစ်ခဲ့သည်။


အန္နတ်

အန္နတ် သည်ယေရှုရှလင်တွင် ယုဒတို့၏ယဇ်ပုရောဟိတ်မင်းအဖြစ် ၁၀နှစ် (အနီးစပ်ဆုံး အေဒီ ၆- အေဒီ ၁၅) အထိတာဝန်ထမ်းဆောင်ခဲ့သည်။ထို့နောက်တွင်ရောမများကသူ့ကို ယဇ်ပုရာဟိတ်မင်းရာထူးမှ ဖယ်ရှားခဲ့သည်။ အန္နတ်သည် ကာယာဖတ်၏ ယောက္ခထီးဖြစ်ပြီး ယေရှုအမှုတော်လုပ်ငန်းလုပ်ဆောင်စဉ်၌ သူသည်ယဇ်ပုရောဟိတ်မင်းအဖြစ်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ယဇ်ပုရောဟိတ်မင်းအဖြစ်မှအနားယူပြီးဖြစ်သော်လည်း အချို့သောတာဝန်များကိုလုပ်ဆောင်နေဆဲဖြစ်သည်။ ထို့ကြောင့် ကာယာဖတ်နှင့်အခြားယဇ်ပုရောဟတ်များရှိနေသော်လည်း အန္နတ်သည် ယဇ်ပုရောဟိတ်မင်းအဖြစ် အသိမှတ်ပြုခံရဆဲဖြစ်သည်။ * ယုဒခေါင်းဆောင်တို့ထံတွင် အစစ်ဆေးမခံရခင် ယေရှုကို အန္နတ်ထံသို့ စစ်ဆေးမေးမြန်းရန် အဦးဆုံးခေါ်ဆောင်လာခဲ့ကြသည်။


အပြစ်တင်ခွင့်ကင်းခြင်း

အပြစ်တင်ခွင့်ကင်းခြင်း ဆိုသည်မှာ အပြစ်တင်စရာမရှိသော ဘုရားစကားအကြွင်းမဲ့နားထောင်သူဖြစ်သည်။ သို့သော် အပြစ်ကင်းသူဟုလည်း အဓိပ္ပာယ်မရှိချေ။ အာဗြံဟံ နှင့် နောဧ တို့သည်ဘုရားသခင်ရှေ့တွင် အပြစ်တင်ခွင့်ကင်းလွတ်သူများဖြစ်သည်။ အပြစ်တင်ခွင့်ကင်းလွတ်သူသည် ဘုရားဘုန်းတော်ထင်ရှားစေသာအရာများကိုသာ ပြုလုပ်လေ့ရှိသည်။ * သမ္မာကျမ်းစာ တစ်ပိုဒ်တွင် အပြစ်တင်ခွင့်ကင်းစင်သောသူသည် ဘုရားကိုကြောက်ရွံ့သူ၊ မကောင်းမှုမှရှောင်ဖွယ်သူ ဟု အဓိပ္ပာယ်ရှိသည်။

ဘာသာပြန်အကြံပြုချက်များ

  • ဤစကားကို အမူအကျင့်တွင်အပြစ်မရှိသူ၊ ဘုရားစကားအကြွင်းမဲ့နားထောင်သူ၊ အပြစ်ကိုရှောင်ရှားသူ၊ မကောင်းမှုမှဝေးဝေးရှောင်သူ ဟုဘာသာပြန်ဆိုနိုင်သည်။

အပြစ်ဖြေခြင်း၊ အပြစ်ဖြေသည်။

ဤစကားလုံးသည် လူတို့၏အပြစ်ကြောင့် ဘုရားသခင်အမျက်တော်ဖြေရန်ယဇ်ပူဇော်ရသော အဓိပ္ပာယ်ဖြစ်ပါသည်။ ဓမ္မဟောင်းခေတ်တွင် က္ကုသရေလတို့၏အပြစ်ကိုဖြေရန် ဘုရားသခင်က သွေးယဇ်ပူဇော်ခြင်း (တိရစ္ဆာန်သတ်ခြင်း)ပြုလုပ်စေခဲ့သည်။ ဓမ္မသစ်ကျမ်း၏ရေးသားချက်တွင် ခရစ်တော်၏ကားတိုင်ပေါ်တွင်အသေခံခြင်းသည် ထာဝရစစ်မှန်သော တစ်ခုတည်းသောအပြစ်ဖြေရာဖြစ်သည်။ * လူတို့၏အပြစ်ကြောင့် အပြစ်ပေးခံရခြင်းမှလွှတ်ရန် ယေရှုကအသေခံပြီး အပြစ်များကိုယူဆောင်ပေးသွားခဲ့သည်။ သူ၏ အသေခံခြင်းသည် အပြစ်ဖြေရန်ပေးခဲ့သော အဖိုးအခပင်ဖြစ်သည်။

ဘာသာပြန်အကြံပြုချက်များ

  • အပြစ်ဖြေသည် ဟူသောစကားကို ပေးသည်၊ အဖိုးအခအတွက်ပြင်ဆင်သည်၊ တစ်စုံတစ်ယောက် အပြစ်လွှတ်ခံရရန်စီစဉ်ပေးသည်၊ ရာဇဝတ်မှုအတွက်အမှားပြင်သည် ဟုဘာသာပြန်ဆိုနိုင်သည်။
  • အပြစ်ဖြေခြင်း ကိုဘာသာပြန်ရာတွင် ပေးချေခြင်း၊ အပြစ်အတွက်ယဇ်ပူဇော်ခြင်း၊ ခွင့်လွှတ်မှုအတွက်ပြင်ဆင်ခြင်း ဟုပြန်ဆိုနိုင်သည်။
  • ငွေးပေးချေမှုနှင့် မတူညီစေရန် ကွဲပြားစွာဘာသာပြန်ဆိုသင့်သည်။

အဗျာသာ

က္ကုသရေလရှင်ဘုရင်အဖြစ် ဒါ၀ိတ်အုပ်စိုးစဉ်ကာလတွင် အဗျာသာသည် ယဇ်ပုရောဟိတ်မင်းဖြစ်ခဲ့သည်။ ရှင်ဘုရင်ရှောလု ပရောဟိတ်များကိုသတ်ဖြတ်စဉ်က အဗျာသာလွှတ်မြောက်ခဲ့ပြီး ဒါ၀ိတ်ရှိရာတောထဲသို့သွားရောက်ခဲ့သည်။ ဒါ၀ိတ်ဘုရင်ထံတော်တွင် အဗျာသာနှင့် အခြားသောယဇ်ပုရောဟိတ်မင်း ဇာဒုတ်တို့ သစ္စာရှိစွာအမှုထမ်းခဲ့ကြသည်။ ဒါ၀ိတ်သေဆုံးသွားချိန်တွင် ရှောလမုန် မဟုတ်ဘဲ အဒေါနိယ ကိုရှင်ဘုရင်ဖြစ်လာစေရန် အဗျာသာ ကူညီခဲ့သည်။ ဒီလုပ်ရပ်ကြောင့် ရှင်ဘုရင်ရှောလမုန်သည် အဗျာသာကို ယဇ်ပုရောဟိတ်အဖြစ်ဖယ်ရှားခဲ့သည်။


အဘိမလက်

အဘိမလက်သည် အာဗြံဟံ၊ က္ကုဇက်တို့ ခါနာန်ပြည်တွင်နေထိုင်စဉ်အချိန်၌ ဂေရာနယ်မြေရှိ ဖိလတ္တိလူတို့၏ ရှင်ဘုရင်တစ်ပါးဖြစ်ခဲ့သည်။ အာဗြံဟံသည် မယားစာရာကို မိမိနှမဖြစ်သည်ဟု အဘိမလက်မင်းထံတွင် လိမ်ညာပြောဆိုခဲ့သည်။ အာဗြံဟံနှင့် အဘိမလက်တို့သည် ဗေရရှေဗ အရပ်၌ရှိသော ရေတွင်းများကို ပိုင်းခြားသတ်မှတ်ခဲ့ကြသည်။ နောင်နှစ်ပေါင်းများစွာအလွန်တွင် က္ကုဇက်သည်လည်း ဂေရာအရပ်၌ရှိသော အဘိမလက်နှင့်တစ်ခြားသူများကို ရေဗက္ကမိမိနှမဖြစ်သည်ဟု လိမ်ညာခဲ့သည်။ အဘိမလက်ဘုရင်သည် အာဗြံဟံနှင့် က္ကုဇက်တို့အား မိမိကိုလှည့်ဖြားခဲ့မှုကြောင့်အပြစ်တင်ခဲ့သည်။ * နောက်ထပ် အဘိမလက် တစ်ယောက်မှာ ဂိဒေါင်၏သား၊ ယောသမ်၏ ညီအစ်ကိုဖြစ်သည်။ အချို့သောဘာသာပြန်များ၌ ဘုရင်အဘိမလက်နှင့် မတူစေရန် နံမည်ကိုမတူသောစကားလုံးဖြင့်ရေးသားဖော်ပြကြသည်။


အဘိယ

အဘိယ သည် ဘီစီ ၉၁၅-၉၁၃ တွင်ယုဒဘုရင်အဖြစ်အုပ်စိုးခဲ့သည်။ သူသည် ယေရောဗောင်မင်း၏သားဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် အဘိယ အမည်နှင့်အခြားသောသူများလည်းရှိသည်။ ရှမွေလ၏သား အဘိရနှင့်ယောလတို့သည် ဗေရရှေဗမြို့တွင် တရားသူကြီးလုပ်ကြ၏။ သူတို့နှစ်ဦး၏ လောဘနှင့်မမှန်မကန်လုပ်ဆောင်မှုကြောင့် လူများသည် ရှမွေလအား ရှင်ဘုရင်အသစ် တင်မြောက်ပေးရန်တောင်းဆိုခဲ့ကြသည်။ အဘိယ နောက်တစ်ဦးမှာ ရှင်ဘုရင်ဒါ၀ိတ်အုပ်စိုးစဉ်ကာလ ဗိမာန်တော်ယဇ်ပုရောဟိတ် ဖြစ်သည်။ အဘိယ နောက်တစ်ဦးမှာရှင်ဘုရင်ရောဗောင်၏ သားဖြစ်သည်။ နောက်ထပ်အမည်မှာ ဘာဘုလုန်တိုင်းပြည်မှ ယေရုရှလင်သို့ ဇေရုဗဗေလနှင့်အတူပြန်လာသော ယဇ်ပုရောဟိတ်မင်း အဘိယ၏ အမည်ဖြစ်သည်။


အမ္မုန်၊ အာမ္မုန်အမျိုးသား၊ အာမ္မုန်အမျိုးသမီး

အာမ္မုန်လူမျိုး၊ အာမ္မုန်အမျိုး ဆိုသည်မှာ ခါနာန်ပြည်မှလူစုဖြစ်သည်။ ထိုလူမျိုးသည် လောတနှင့် သူ၏သမီးငယ်တို့မှ မွေးဖွားလာသော ဗေနမ္မိ အမည်ရှိသောသားမှဆင်းသက်လာသူများဖြစ်သည်။ အမ္မုန်အမျိုးသမီးဆိုဟူ၍ ဘာသာပြန်ဆိုနိုင်သည်။ အမ္မုန်လူမျိုးများသည် ဂျော်ဒန်မြစ်အရှေ့ဖက်တွင်နေထိုင်ပြီး ဣသရေလလူမျိုးနှင့်ရန်သူများဖြစ်သည်။ * တစ်ခါက အမ္မုန်လူမျိုးများသည် ဘာလမ်အမည်ရှိသော ပရောဖက်တစ်ပါးကိုငှားယူ၍ ဣသရေလလူမျိုးများကိုကျိန်ဆဲစေခဲ့သော်လည်း ထာဝရဘုရားသခင် အခွင့်မပေးခဲ့ပေ။


အမြုံ

အမြုံ ဟူသောအဓိပ္ပာယ်မှာ မျိုးစေ့၊ မျိုးနွယ်မရှိခြင်းဖြစ်သည်။ မြုံသောမြေသည် အပင်၊အသီးမပေါက်ရောက်နိုင်သောနေရာဖြစ်သည်။ မြုံသောမိန်းမသည် ကိုယ်ဝန်မဆောင်နိုင်သောသူဖြစ်သည်။

ဘာသာပြန်အကြံပြုချက်များ

  • အမြုံ ဟူသောစကားကို မြေကြီးကိုညွှန်းဆိုရာ၌ မြေဆီမရှိခြင်း၊ အသီးမသီးခြင်း၊ အပင်မရှိခြင်းဟု ဘာသာပြန်ဆိုသင့်သည်။
  • မြုံသောမိန်းမဟုဆိုရာ၌ သားသမီးမထွန်းကားခြင်း၊ ကိုယ်ဝန်မရနိုင်ခြင်း၊ ကလေးမရှိခြင်း ဖြစ်သည်။

အမွေခံခွင့် (သားဦးအရာ)

သမ္မာကျမ်းတွင် အမွေခံခွင့် ဟူသည်မှာ ဂုဏ်၊မိသားစုအမည်၊ ဥစ္စာကြွယ်ဝခြင်းဟူသော သားဦးတို့ရရှိသောအရာဖြစ်သည်။ သားဦးသည် အဘ၏ဥစ္စာ နှစ်ဆကို ရခွင့်ရှိသည်။ ရှင်ဘုရင်၏သားဦးသည် ဖခင်နတ်ရွာစံသည့်အခါ နန်းတက်ခွင့်ရှိသည်။ ဧသောသည် သားဦးအရာကို ညီယာကုပ်ထံရောင်းစားခဲ့သည်။ ထိုကြောင့် ယာကုပ်သည် သားဦးရရှိထိုက်သော အမွေခံများကို ရရှိခဲ့လေသည်။ သားဦးနေရာမှ မိသားစု၏ဆင်းသက်လာသော ရာဇဝင်ကိုရယူပိုင်ဆိုင်ခွင့်ရှိပါသည်။

ဘာသာပြန်အကြံပြုချက်များ

  • အမွေခံခွင့် ကိုဘာသာပြန်ရာတွင် သားဦးအရာတွင် အခွင့်အရေး၊ကြွယ်ဝမှုကိုရယူနိုင်ခြင်း၊ မိသားစုဂုဏ်၊ အမွေအနှစ် စသည်ဖြင့်ပြန်ဆိုနိုင်သည်။

အလွန်ချစ်ခင်သော

ဤအသုံးအနှုန်းမှာ အချစ်ခံရသောသူ ကိုဖော်ပြသုံးနှုန်းသောစကားဖြစ်သည်။ အဓိပ္ပာယ်မှာ အချစ်ခံရသောသူဖြစ်သည်။ ဘုရားသခင်က ယေရှုကို ချစ်သား ဟုပြောဆိုခဲ့သည်။ * ခရစ်ယာန်အသင်းတော်များဆီစာရေးသားရာတွင် တမန်တော်များသည် ယုံကြည်သူများကို ချစ်ခင်ရသောသူများဟုနှုတ်ဆက်ရေးသားလေ့ရှိသည်။

ဘာသာပြန်အကြံပြုချက်များ

  • ဤအသုံးအနှုန်းကို အချစ်ခံရသူ၊ ချစ်လှစွာသော၊ အလွန်နှစ်သက်သော ဟုဘာသာပြန်ဆိုနိုင်သည်။
  • ခင်မင်ရင်းနှီးသော သူငယ်ချင်း၊ မိတ်ဆွေ ဟုလည်အသုံးပြုနိုင်သည်။ ချစ်လှစွာသော သူငယ်ချင်းပေါလ် ဟုလည်းအင်္ဂလိပ်စာအသုံးအနှုန်းရှိသည်။ မိမိဘာသာစကားနှင့်အဆင်ပြေစွာအသုံးပြုနိုင်သည်။ *ချစ်လှစွာသော ဆိုသောစကားမှာ ဘုရား၏ချစ်ခြင်းမှဆင်းသက်လာပြီး အတိုင်းအတာမရှိ၊ တစ်ကိုယ်ကောင်းဆန်ခြင်းမရှိ၊ ပေးဆပ်သောချစ်ခြင်းဖြစ်သည်။

အသက်

အသက်ဆိုသည်မှာ လူတစ်ယောက်ရှင်သန်ခဲ့သောနှစ်များကိုဆိုလိုပါသည်။ အချိန်ကာလတစ်ခုအတွင်းကိုဆိုလိုပါသည်။ ခေတ်၊ ရာသီ ဆိုသောစကားလုံးများသည်လည်းအချိန်အတိုင်းအတာတစ်ခုကိုဖော်ပြခြင်းဖြစ်သည်။ သခင်ယေရှုပြောသော ယနေ့ခေတ် သည် ဆိုးယုတ်မှု၊အပြစ်၊မနာခံမှုပြည့်နှက်နေသော ကမ္ဘာကြီးကိုဆိုလိုခြင်းဖြစ်သည်။ * အနာဂတ်ကာလတွင် ဖြောင့်မတ်ခြင်းတရားသည် ကောင်းကင်သစ်နှင့်မြေကြီးသစ်၌ အုပ်စိုးလိမ့်မည်။

ဘာသာပြန်အကြံပြုချက်များ

  • အခြေအနေပေါ်မူတည်၍ အသက် ဆိုသောစကားလုံးကို ခေတ်၊ နှစ်ပေါင်းကာလ၊ အချိန်ကာလ၊ အချိန် ဟူ၍ဘာသာပြန်ဆိုသင့်သည်။
  • အသက်ကြီးရင့်သောအချိန် ဟူသောစကားစုကို နှစ်ပေါင်းများစွာကြာပြီးချိန် သို့မဟုတ် အသက်ကြီးရင့်သောအချိန် သို့မဟုတ် နှစ်များစွာအသက်ရှင်သန်ခဲ့ချိန် ဟူ၍ဘာသာပြန်ဆိုသင့်သည်။
  • ဆိုးယုတ်သောယနေ့အချိန် ဆိုသောစကားစုသည် ဆိုးယုတ်လွန်းသောသူများရှိသော ယနေ့အချိန်ကို ဆိုလိုပါသည်။

အသက်စာစောင်

အသက်စာစောင် ဆိုသည်မှာ ဘုရားသခင်ရွေးနုတ်ကယ်တင်ထားပြီး ထာဝရအသက်ပေးထားသော သူများ၏အမည်ပါရှိသောစာအုပ်ဖြစ်သည်။ ဗျာဒိတ်ကျမ်းတွင် သိုးသူငယ်၏အသက်စာစောင် ဟုရည်ညွှန်းထားသည်။ ဤစာစောင်ကို သိုးသူငယ်ယေရှုနှင့်သက်ဆိုင်သော စာအုပ် ဟုလည်းဘာသာပြန်ဆိုနိုင်သည်။ ကားတိုင်ပေါ်တွင် မိမိတို့အပြစ်ကြောင့် ယေရှုအပြစ်ကြွေးဆပ် အသေခံရသည်ကိုယုံကြည်ခြင်းဖြင့် ထာဝရအသက်ကိုရမည်ဖြစ်သည်။ စာအုပ် ဟူသောနေရာတွင် စာစောင်၊ စာ၊ အရေးအသား၊ တရားဝင်မှတ်တမ်း ဟူ၍လည်း ပုံပမာပေး၍အသုံးပြုနိုင်သည်။


အသစ်တဖန်မွေးခြင်း၊ ဘုရား၌မွေးဖွားခြင်း၊ အသစ်သောမွေးခြင်း

ဤစကားကို ယေရှုအရင်သုံးခဲ့သည်။ ဘုရားက ဝိညာဉ်အားဖြင့်သေသူကို ဝိညာဉ်အားဖြင့်ပြန်လည်ရှင်သန်စေသည်ဟုဆိုခြင်းဖြစ်သ်။ ဘုရား၌မွေးခြင်း၊ ဝိညာဉ်တော်၌မွေးခြင်း သည် ဝိညာဉ်ရေးအသက်တာအသစ် ရသောသူကိုဆိုလိုပါသည်။ လူအားလုံးသည် မွေးဖွားစဉ်က ဝိညာဉ်အသေဖြစ်ပြီး ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ်ယုံကြည်ချိန်တွင် အသစ်သောမွေးဖွားခြင်းကိုရရှိသည်။ ဝိညာဉ်ရေးအသစ်မွေးဖွားခြင်းတွင် ဘုရား၏ဝိညာဉ်တော်က ယုံကြည်သူထံတွင်အသက်ရှင်နေပြီး ဝိညာဉ်အသီးများသီးစေရန် ခွန်အားပေးလျက်ရှိသည်။ * လူတစ်ယောက် အသက်တာအသစ်ဖြစ်လာရန်၊ ဘုရား၏သားသမီးဖြစ်လာစေရန်မှာ ဘုရားသခင်ပြုလုပ်ပေးမှသာဖြစ်နိုင်သည်။

ဘာသာပြန်အကြံပြုချက်များ

  • အသစ်တဖန်မွေးခြင်း ကို အသစ်မွေးဖွားခြင်း၊ ဝိညာဉ်ရေးရာမွေးဖွားခြင်း ဟုပြန်ဆိုနိုင်သည်။
  • ဘာသာပြန်ဆိုမည့် ဘာသာစကားနှင့်လျော်ညီစွာ မွေးဖွားခံခြင်း ဟုပြန်ဆိုသင့်သည်။
  • အသစ်မွေးဖွားခြင်းကို ဝိညာဉ်ရေးမွေးဖွားခြင်း ဟုပြန်ဆိုသင့်သည်။
  • ဘုရား၌မွေးဖွားခြင်း ကို ဘုရားကြောင့် ကလေးငယ်ကဲ့သို့အသက်တာအသစ်ရှိခြင်း၊ ဘုရားပေးသောအသက်တာအသစ် ဟုပြန်ဆိုနိုင်သည်။
  • ထို့အတူ ဝိညာဉ်၌မွေးခြင်း ဆိုသောအသုံးအနှုန်းသည်လည်း သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်အသက်တာသစ်ရှိခြင်း၊ ဝိညာဉ်တော်ခွန်အားဖြင့် ဘုရားသားသမီးဖြစ်လာခြင်း၊ ဝိညာဉ်တော်အားဖြင့် ကလေးငယ်ကဲ့သို့အသက်တာအသစ်ဖြစ်ခြင်း ဖြစ်သည်။

အသိမှတ်ပြုခြင်း

အသိမှတ်ပြုခြင်း ဆိုသောဝေါဟာရသည် တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်ကို သင့်လျော်သောအသိအမှတ်ပြုခြင်း ဖြစ်သည်။ ဘုရားသခင်ကို အသိမှတ်ပြုခြင်းဆိုရာ၌ ဘုရားစကားသည်ဟုတ်မှန်ကြောင်းအသိမှတ်ပြုပြီးလိုက်လျှောက်အသက်ရှင်ခြင်းဖြစ်သည်။ ဘုရားသခင်ကို အသိမှတ်ပြုသောသူသည် ဘုရားစကားနားထောင်ခြင်းဖြင့် ဘုရားဘုန်းတော်ထင်ရှားစေသောသူဖြစ်သည်။ * တစ်စုံတစ်ခုကို အသိမှတ်ပြုခြင်းဆိုရာ၌ ထိုအရာကို ကိုယ်စိတ်နှစ်ပါးလုံးသိမှတ်ယုံကြည်ခြင်းဖြစ်သည်။

ဘာသာပြန်အကြံပြုချက်များ

  • တစ်စုံတစ်ခုကို အသိမှတ်ပြုခြင်း ဆိုသည်မှာ ဟုတ်မှန်ကြောင်း၊ အသိမှတ်ပြုခြင်းကို ဘာသာပြန်ဆိုရာ၌ ဝန်ခံသည် (သို့) ကြေငြာသည် (သို့) ဟုတ်မှန်ကြောင်းဝန်ခံသည် (သို့) ယုံကြည်သည် ဟူ၍ ဘာသာပြန်ဆိုရမည်။
  • လူတစ်ယောက်ကို အသိမှတ်ပြုခြင်းဆိုရာ၌ လက်ခံသည် (သို့) တန်ဖိုးကိုအသိမှတ်ပြုခြင်း (သို့) အခြားသူများကိုပြောဆိုခြင်း ဟူ၍ဖြစ်သည်။

အသူတရာချောက်နက်

အသူတရာချောက်နက် ဆိုသည်မှာ ကြီးမားနက်ရှိုင်း၍အဆုံးမရှိသော တွင်းကိုဆိုလိုသည်။ သမ္မာကျမ်းစာ၌ အသူတရာချောက် ဆိုသည်မှာ အပြစ်ပေးသည့်နေရာကိုရည်ညွှန်းပါသည်။ ဥပမာအနေဖြင့် လူအတွင်း၌ရှိသော နတ်ဆိုးကိုထွက်သွားရန် ယေရှုအမိန့်ပေးစဉ်၌ နတ်ဆိုးက သူတို့ကိုအသူတရာချောက်အတွင်း မပို့ရန် ယေရှုကိုတောင်းပန်ခဲ့သည်။ အသူတရာချောက် ကို အဆုံးမရှိသောတွင်း၊ နက်ရှိုင်းသောတွင်း ဟူ၍ ဘာသာပြန်ဆိုနိုင်သည်။ ဤစကားကို မရဏ၊သေမင်း၊ငရဲ ဟူသောစာလုံးများနှင့် ကွဲပြားစွာဘာသာပြန်ဆိုသင့်သည်။


အသွေးသွန်းခြင်း

အသွေးသွန်းခြင်း သည်အသတ်ခံရခြင်း၊ စစ်ပွဲ၊အကြမ်းဖက်မှုတစ်ခုခုကြောင့် လူသေဆုံးရခြင်းကို ဆိုလိုပါသည်။ အသွေးသွန်းခြင်း ဆိုသည်မှာ လူ့ခန္ဓာကိုယ်အနာတစ်ခုမှ သွေးထွက်လာခြင်းဖြစ်သည်။ အသွေးသွန်းခြင်း ဆိုသည်မှာ လူအနှံ့အပြားကိုသေဆုံးစေခြင်းဖြစ်ပါသည်။ * ယေဘုယျအသုံးအနှုန်းအားဖြင့် လူသတ်ခြင်းအပြစ် ဖြစ်ပါသည်။

ဘာသာပြန်အကြံပြုချက်များ

  • အသွေးသွန်းခြင်းကို လူကိုသတ်ခြင်း၊ လူအများစုအသတ်ခံရခြင်း ဟုပြန်ဆိုနိုင်သည်။
  • အသွေးသွန်းခြင်းအားဖြင့် ကို လူသတ်ခြင်းအားဖြင့်ဟု ဘာသာပြန်ဆိုနိုင်သည်။
  • အပြစ်မဲ့သွေးသွန်းခြင်းကို အပြစ်မရှိသူကိုသတ်ခြင်း ဟုပြန်ဆိုနိုင်သည်။
  • ဆက်ခါဆက်ခါအသွေးသွန်းခြင်း ကို လူကိုသတ်နေခြင်း၊ လူကိုဆက်ခါဆက်ခါသတ်ဖြတ်ခြင်း၊ လူအများကြီးကိုသတ်ခြင်း၊ လူများက အခြားလူများကိုသတ်ခြင်း ဟုဘာသာပြန်ဆိုနိုင်သည်။
  • အသွေးသွန်းခြင်းသည် သင့်ကိုနှောင့်ယှက်မည် ဟူသောစကားမှာ သင်၏လူများဆက်၍အသတ်ခံရမည်၊ သင်၏လူများ အခြားနိုင်ငံများနှင့်စစ်ပွဲဆက်ဖြစ်ပြီး လူများဆက်၍သေမည် ဟုအဓိပ္ပာယ်ရှိပါသည်။

အဟိယ

အဟိယ ဟူသောနာမည်သည် ဓမ္မဟောင်းကျမ်းတွင်အကြိမ်များစွာပါရှိသည်။ ဓမ္မဟောင်းကျမ်းတွင်ပါရှိသော အဟိယနာမည်များမှာ... အဟိယ သည်ဘုရင်ရှောလု လက်ထပ်တွင်ယဇ်ပုရောဟိတ်အဖြစ်ဆောင်ရွက်ခဲ့သူဖြစ်သည်။ နောက်တစ်ဦးမှာ ရှောလမုန်ဘုရင်၏ မှတ်တမ်းတာဝန်ခံ(အတွင်းရေးမှူ း)အဟိယ ဖြစ်သည်။ နောက်တစ်ဦးမှာ က္ကုသရေလနိုင်ငံတော် ၂ခြမ်းကွဲပြားမည်ဟု ပရောဖက်ပြုခဲ့သော ရှိလောမြို့မှ ပရောဖက်အဟိယ ဖြစ်သည်။ က္ကုသရေလဘုရင် ဗရှာ၏ ခမည်းတော်အမည်မှာလည်း အဟိယ ဖြစ်သည်။


အာကုလ

အာကုလသည် ယုဒလူမျိုးခရစ်ယာန်ဖြစ်ပြီး ပင်လယ်နက်၏ တောင်ဖက်ကမ်းရိုးတန်းရှိ ပုန္တု ပြည်မှဖြစ်သည်။ အာကုလနှင့် ပြစ်ကိလတို့သည် အီတလီနိုင်ငံ၊ ရောမမြို့တွင်နေထိုင်ပြီး ရောမဘုရင် ကလောဒိမင်းက ယုဒလူအားလုံးကို ရောမမြို့မှနှင်ထုတ်ခဲ့သည်။ ထို့နောက် အာကုလနှင့်ပြစ်ကိလ တို့သည် ကောရိန်သုမြို့သို့ထွက်ခွာ၍ ပေါလုနှင့်ဆုံတွေ့ခဲ့သည်။ ပေါလုနှင့်အတူ တဲချုပ်ပြီး ဧဝံဂေလိလုပ်ငန်းတွင်ကူညီပေးခဲ့ကြသည်။ အာကုလနှင့် ပြစ်ကိလတို့သည် ယုံကြည်သူများအား ယေရှုအကြောင်းဟောပြောသွန်သင်ပေးခဲ့ကြသည်။ ထိုသူများထဲတွင် ပါရမီရှိသော အာပေါလုဆိုသည်လည်း ပါဝင်ခဲ့သည်။


အာခဇိ

အာခဇိ ဟူသောအမည်သည်၂ခုရှိသည်.. က္ကုသရေလနိုင်ငံကိုအုပ်စိုးသောဘုရင် အာခဇိနှင့် ယုဒနိုင်ငံကကိုအုပ်စိုးသော အာခဇိဟူ၍ဖြစ်သည်။ ယုဒဘုရင် အာခဇိသည် ဘုရင်ယဟောရံ၏သားဖြစ်သည်။ သူသည် တစ်နှစ်သာနန်းထိုင်၍(ဘီစီ ၈၄၁) ယေဟု သတ်သောကြောင့်သေဆုံးခဲ့သည်။ အာခဇိ၏သေပြီးနောက်သားငယ် ယောရှသည် နန်းထိုင်လေ၏။ က္ကုသရေလဘုရင် အာဇခိသည် အာဟပ်၏သားတော်ဖြစ်သည်။ သူသည် ၂နှစ်(ဘီစီ ၈၅၀-၈၄၉)နန်းထိုင်ခဲ့သည်။ သူသည်နန်းတော်ထက်မှ ပြုတ်ကျသောဒဏ်ရာကြောင့်နာ၍သေဆုံးသွားခဲ့သည်။ သူသေဆုံးပြီးနောက် ညီတော်ယောရံဘုရင်ဖြစ်လာခဲ့သည်။


အာခတ်

အာခတ်သည် ယုဒနိုင်ငံတော်ကို ဘီစီ ၇၃၂- ၇၁၆ အထိအုပ်စိုးခဲ့သော မင်းဆိုးတစ်ပါးဖြစ်သည်။ ၎င်းအုပ်စိုးသောအချိန်သည် က္ကုသရေလနှင့်ယုဒနိုင်ငံတို့ ဘာဘုလုန်လက်အောက်သို့ကျွန်အဖြစ်မရောက်ရှိမှီ နှစ်ပေါင်း ၁၄၀ ခန့်ကဖြစ်သည်။ ယုဒနိုင်ငံကိုအုပ်စိုးစဉ် အာခတ်သည် အာရှုရိနတ်ဘုရားများအတွက်ယဇ်ပလ္လင်လုပ်၊ကိုးကွယ်ခဲ့ပြီး မိမိလူတို့ကို ထာဝရဘုရားထံတော်မှဝေးကွာစေခဲ့သည်။ ယုဒနိုင်ငံကိုဘုရင်အဖြစ် နန်းတက်အုပ်စိုးစဉ်၌ အာခတ်သည် အသက် ၂၀ရှိပြီး နိုင်ငံကို ၁၆နှစ်တိုင်အုပ်စိုးခဲ့သည်။


အာဇရိ

အာဇရိ ဟူသောအမည်မှာ ဓမ္မဟောင်းခေတ်တွင်များစွာရှိခဲ့ပါသည်။ အာဇရိ တစ်ယောက်မှာ အဗေဒနေဂေါ ဟူသောဗာဗုလုန်အမည်ကြောင့် ထင်ရှားခဲ့သည်။ နေဗုခနေဇာ မင်း၏စစ်တပ်ဖမ်းဆီးခေါ်ဆောင်မှုကြောင့် ယုဒပြည်မှ က္ကုသရေလများစွာထဲတွင် အာဇရိဆိုသူလည်းပါဝင်ခဲ့သည်။ အာဇရိနှင့် ဟာနနိ၊မိရှေလ စသောက္ကုသရေလများသည် ဗာဗုလုန်ဘုရင်ကို မကိုးကွယ်မှုကြောင့် မီးဖိုထဲသို့ပစ်ချခြင်းခံခဲ့ရလေသည်။ သို့သော် ဘုရားသခင်ကာကွယ်မှုကြောင့် သူတို့ကိုမီးမလောင်ခဲ့ပေ။ ယုဒဘုရင် သြဇိမင်းသည်လည်း အာဇရိ အမည်ရှိသည်။ ဓမ္မဟောင်းကာလရှိ ယဇ်ပုရောဟိတ်မင်း၏အမည်မှာလည်း အာဇရိ ဖြစ်သည်။ ပုရောဖက် ယေရမိခေတ်တွင် အာဇရိအမည်ရှိသူသည် က္ကုသရေလများ ဘုရားသခင်စကားနားမထောင်ဘဲ နေရပ်စွန့်ရန် သွေးဆောင်ခဲ့သည်။


အာဇုတ်

အာဇုတ် မြို့သည် ဖိလိတ္တိ နိုင်ငံ၏ အထင်ကရမြို့ ၅မြို့ထဲမှ တစ်မြို့ဖြစ်သည်။ ခါနာန်ပြည် အနောက်တောင်ဖက် မြေထဲပင်လယ်အနီး၊ ဂါဇမြို့နှင့် ယောပ မြို့ကြားတွင် တည်ရှိသည်။ ဖိလိတ္တိလူတို့၏ ဒါဂုန်ဘုရားကျောင်းသည် အာဇုတ်မြို့တွင်ရှိသည်။ ပဋိညာဉ်သေတ္တာတော်ကို ခိုးယူပြီး အာဇုတ်မြို့ရှိ ဒါဂုန်ဘုရားကျောင်းတွင် ထားသောကြောင့် ဘုရားသခင်သည် အာဇုတ်မြို့သားများကိုပြင်းစွာဒဏ်ခတ်ခဲ့သည်။ * ဟေလသ ဘာသာဖြင့် အာဇုတ်ဟုခေါ်ဆိုသည်။ ဖိလိပ္ပု သွား၍ ဧဝံဂေလိလုပ်သောမြို့များထဲတွင် အာဇုတ်မြို့လည်းပါဝင်ခဲ့သည်။


အာဏာ

အာဏာ ဆိုသည်မှာ တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်အပေါ်တွင်လွှမ်းမိုးထားသော စွမ်းအားဖြစ်သည်။ ဘုရင်နှင့် အခြားအစိုးရများသည် မိမိတို့အုပ်စိုးသောလူထုအပေါ်တွင် အာဏာရှိသည်။ အစိုးရ ဟူသောအသုံးအနှုန်းမှာ အုပ်စိုးသောသူ၊ အဖွဲ့အစည်းကိုခေါ်ဆိုခြင်းဖြစ်သည်။ သခင်များသည် ကျွန်နှင့်အစေခံများအပေါ်တွင် အာဏာရှိသည်။ မိဘများက သားသမီးများအပေါ်တွင် အာဏာရှိပါသည်။ အစိုးရအနေဖြင့် မိမိတို့၏တိုင်းသူပြည်သားများကိုအုပ်ချုပ်ရန် ဥပဒေများထုတ်ပြန်ခွင့်ရှိပါသည်။

ဘာသာပြန်အကြံပြုချက်များ

  • အာဏာပိုင် ဟူသောအသုံးအနှုန်းကို ထိန်းချုပ်ခြင်း၊ အခွင့်၊ အခွင့်ရှိခြင်း ဟုဘာသာပြန်ဆိုနိုင်သည်။
  • တစ်ခါတစ်ရံ စွမ်းအားဟုလည်း ဘာသာပြန်ဆိုနိုင်သည်။
  • အာဏာကို လူ သို့မဟုတ် အဖွဲ့အစည်း တစ်ခုအဖြစ်အသုံးပြုရာတွင် ခေါင်းဆောင်များ၊ အုပ်ချုပ်သူများ၊ အာဏာရှိသူများဟု ဘာသာပြန်ဆိုနိုင်သည်။
  • မိမိ၏အခွင့်အာဏာ ဟူသောစကားကို ဦးဆောင်ခွင့်ရှိသောမိမိ၏အခွင့်အရေး၊ မိမိ၏လုပ်ပိုင်ခွင့်ကိုအခြေခံခြင်း ဟုဘာသာပြန်ဆိုနိုင်သည်။
  • အာဏာစက်အောက် ဟူသောအသုံးအနှုန်းသည် နာခံရန်လိုခြင်း၊ အခြားသူ၏အမိန့်ကို နာခံရခြင်း ဟုဘာသာပြန်ဆိုနိုင်သည်။

အာတဇေရဇ်

အာတဇေရဇ်သည် ဘီစီ ၄၆၄- ၄၂၄ အထိ ပေရသိ (ပါရှန်း)ပြည်ကိုအုပ်ချုပ်ခဲ့သောဘုရင်ဖြစ်သည်။ အာတဇေရဇ် လက်ထပ်တွင် ယုဒပြည်မှ က္ကုသရေလလူမျိုးများသည် ဘာဘုလုန်နိုင်ငံတွင် ကျွန်ခံနေချိန်ဖြစ်သည်။ ဘာဘုလုန်ပြည်သည် ထိုအချိန်က ပေရသိ (ပါရှား) လက်အောက်ကျရောက်နေချိန်ဖြစ်သည်။ အာတဇေရဇ်သည် ဧဇရနှင့် အခြားယုဒခေါင်းဆောင်များကို ဘာဘုလုန်မှထွက်ခွာပြီး ယေရုရှလင်မှ က္ကုသရေလလူမျိုးများကို ဘုရားသခင်၏ ဥပဒေများ သင်ကြားရန်အခွင့်ပေးခဲ့သည်။ နောက်တစ်ကြိမ်၌ အာတဇေရဇ် သည် မိမိ၏ဖလားတော်ကိုင် နေဟမိကိုလည်း ယုဒလူများနျှင့်အတူ ယေရုရှလင်သို့ပြန်စေပြီး မြို့ရိုးတည်ဆောက်ခွင့်ပြုခဲ့လေသည်။ ဘာဘုလုန်သည် ပေရသိ လက်အောက်တွင်ရှိနေသောကြောင့် အာတဇေရဇ်ကို ဘာဘုလုန်ဘုရင်ဟု တစ်ခါတစ်ရံခေါ်ဆိုလေ့ရှိသည်။ * အာတဇေရဇ်နှင့် အာရွှေရုဘုရင်သည် မတူညီပါ။


အာဒံ

အာဒံသည် ဘုရားသခင်ဖန်ဆင်းသော ပထမဆုံးလူဖြစ်သည်။ အာဒံနှင့် ဧဝကို ဘုရားပုံသဏ္ဌ္ဌာန်တော်အတိုင်းဖန်ဆင်းခဲ့သည်။ အာဒံကိုမြေမှုန့်မှဖန်ဆင်းပြီး ဇီဝအသက်မှုတ်သွင်းပေးခဲ့သည်။ ဟေဗြဲဘာသာ၌ အာဒံဆိုသောစကားလုံးသည် မြေနီ (သို့) မြေကြီး ဟူသောစကားလုံးနှင့် အသံထွက်တူညီသည်။ အာဒံဟူသောအမည်သည် ဓမ္မဟောင်းကျမ်းစကားလုံးဖြစ်သော လူသား (သို့) လူသားမျိုးနွယ် နှင့်တူညီသည်။ လူသားအားလုံးသည် အာဒံနှင့် ဧဝတို့မှ ဆင်းသက်လာကြသည်။ * အာဒံနှင့်ဧ၀ တို့သည်ဘုရားစကား နားမထောင်ခဲ့မှုကြောင့်ဘုရားနဲ့ဝေးကွာခဲ့ပြီး အပြစ်နှင့် သေခြင်းတို့သည် ကမ္ဘာလောကထဲသို့ဝင်ရောက်ခဲ့သည်။


အာပေါလု

အာပေါလု သည်အီဂျစ်ပြည်၊ အဲလက်ဇန္ဒြီးယားမြို့မှ ယုဒလူဖြစ်ပြီး သူသည် ယေရှုအကြောင်းသွန်သင်ရာ၌ ထူးခြားသောစွမ်းရည်ရှိသူဖြစ်သည်။ အာပေါလုသည် ဟေဗြဲကျမ်းတတ်ပုဂ္ဂိုလ်ဖြစ်ပြီး ဟောပြောရာတွင် ပါရမီအထုံရှိသူဖြစ်သည်။ အာပေါလုကို ဧဖက်မြို့ရှိ အာကုလနှင့် ပြစ်ကိလ ဟူသောခရစ်ယာန်နှစ်ဦးက သွန်သင်ပြသခဲ့သည်။ * ပေါလုက သူနှင့်အာပေါလု၊ အခြားသောဧဝံဂေလိဆရာများသည် ခရစ်တော်အကြောင်းဟောပြောရန် တူညီသောပန်းတိုင်လျှောက်လှမ်းနေသူများဖြစ်ကြောင်း ပြောကြားခဲ့သည်။


အာဗနာ

အာဗနာသည် ဓမ္မဟောင်းခေတ် ရှင်ဘုရင်ရှောလု၏ဝမ်းကွဲညီအစ်ကိုဖြစ်သည်။ အာဗနာသည် ရှောလုဘုရင် ၏စစ်တပ်တွင် စစ်သူကြီးဖြစ်ပြီး ဂေါလျတ်ကိုသတ်ဖြတ်နိုင်ခဲ့သော လူငယ်လေးဒါဝိတ်ကို ရှောလုဘုရင်ထံသို့ မိတ်ဆက်ပေးခဲ့သူဖြစ်သည်။ ရှောလု သေဆုံးပြီးနောက်တွင် အာဗနာသည် ရှောလုသား က္ကုရှက်ဗောရှက် ကိုက္ကုသရေလဘုရင်အဖြစ်တင်မြောက်ခဲ့သည်။ ထိုစဉ်က ဒါဝိတ်သည် ယုဒဘုရင်အဖြစ်ဘိသိက်တင်ခံခဲ့ရသည်။ * နောက်ပိုင်းတွင် ဒါဝိတ်၏ စစ်သူကြီးယွာဘသည် အာဗနာကို ရက်စက်ကြမ်းကြုတ်စွာသတ်ဖြတ်ခဲ့သည်။


အာဗရှလုံ

အာဗရှလုံသည် ဒါဝိတ်ဘုရင်၏တတိယမြောက်သားဖြစ်သည်။ သူသည် ရုပ်ဆင်းလှပပြီး ဒေါသကြီးသူအဖြစ်ထင်ရှားသည်။ အာဗရှလုံ ၏ညီမ တာမာကို ဝမ်းကွဲအစ်ကို အာမနုန်မှအဓ္ဓမကျင့်ပြီးချိန်၌ အာဗရှလုံသည် အာမနုန်ကိုသတ်ရန်ကြံစည်ခဲ့သည်။ အာမနုန်ကို သတ်ပြီးနောက် အာဗရှလုံသည် ဂိရှာ(မိခင် မိခါနေထိုင်ခဲ့သော)သို့ ၃နှစ်တိုင်ထွက်ပြေးခိုလှုံခဲ့သည်။ ရှင်ဘုရင်ဒါဝိတ်သည် အာဗရှလုံကို ယေရုရှလင်သို့ပြန်လည်ခေါ်ဆောင်ခဲ့သော်လည်း မိမိရှေ့တော်သို့ ခစားခွင့် ၂နှစ်ပိတ်ပင်ခဲ့သည်။ အာဗရှလုံသည် ဒါဝိတ်ဘုရင်ကိုဆန့်ကျင်ပြီး တော်လှန်ပုန်ကန်ခဲ့သည်။ ဒါဝိတ်၏စစ်သည်များသည် အာဗရှလုံကိုတိုက်ခိုက်သတ်ဖြတ်နိုင်ခဲ့သည်။ အာဗရှလုံသေဆုံးမှုကြောင့် ဒါဝိတ်လွန်စွာ ပူဆွေးဝမ်းနည်းခဲ့သည်။


အာဗေလ

အာဗေလ မှာအာဒံနှင့်ဧဝတို့၏ ဒုတိယမြောက်သားဖြစ်သည်။ အာဗေလသည် ကာက္ကုန၏ ညီဖြစ်သည်။ အာဗေလ သည်သိုးထိန်းဖြစ်သည်။ အာဗေလ သည်မိမိ၏ တိရစ္ဆာန်အချို့ကို ထာဝရဘုရားထံပူဇော်ခဲ့သည်။ အာဗေလ၏ ပူဇော်မှုကို ထာဝရဘုရားနှစ်သက်ခဲ့သည်။ အာဒံနှင့် ဧဝတို့၏သားဦး ကာက္ကုနသည် အာဗေလကိုသတ်ခဲ့သည်။


အာဗြဟံ၊ အာဗြံ

အာဗြံသည် ခါလဒဲပြည်သား ဥရမြို့မှဖြစ်ပြီး က္ကုသရေလလူမျိုးတို့၏ ဖခင်အဖြစ်ဘုရားသခင်ရွေးချယ်ခဲ့သည်။ သူ့၏နာမည်ကို အာဗြဟံသို့ပြောင်းပေးခဲ့သည်။ အာဗြံ၏အဓိပ္ပာယ်မှာ ဂုဏ်သိက္ခာရှိသောဖခင် ဖြစ်သည်။ အာဗြဟံ၏အဓိပ္ပာယ်မှာ လူမျိုးတကာတို့၏ဖခင် ဖြစ်သည်။ အာဗြဟံ၏မျိုးနွယ် များပြားလာပြီး ကြီးမြတ်သောလူမျိုးဖြစ်လာမည်ဟု ဘုရားသခင်ကတိတော်ပေးခဲ့သည်။ အာဗြဟံသည် ဘုရားသခင်ကိုယုံကြည်နာခံခဲ့သည်။ ဘုရားသခင်က အာဗြဟံကို ခါလဒဲပြည်မှ ခါနာန်ပြည်သို့ပြောင်းရွှေ့စေခဲ့သည်။ * အသက်အရွယ်ကြီးရင့်နေသော အာဗြဟံနှင့် ဇနီး စာရာတို့သည် ခါနာန်ပြည်တွင်နေထိုင်နေစဉ်အတွင်း သား က္ကုဇက်ကိုမွေးဖွားခဲ့သည်။


အာမင်၊ စစ်မှန်ခြင်း

အာမင် ဟူသောစကားသည် လူတစ်ယောက်ပြောဆိုခဲ့သောအရာကို ဆင်ခြင်ကြောင်း၊ နားထောင်ကြောင်း ပြသခြင်းဖြစ်သည်။ ဆုတောင်းခြင်းအဆုံးတွင် အသုံးပြုလေ့ရှိသည်။ တစ်ခါတစ်ရံတွင် ဟုတ်မှန်သည် ဟုဘာသာပြန်ဆိုသည်။ ဆုတောင်းခြင်းအဆုံး၌အသုံးပြုသည့်အခါ အာမင်ဆိုသောစကားမှာ ဆုတောင်းသည့်အရာများပြည့်စုံပါစေ ဟူသောသဘောသက်ရောက်ပါသည်။ သခင်ယေရှုက သူပြောသောအရာသည် စစ်မှန်ကြောင်း အာမင်ဟု အသုံးပြုခဲ့သည်။ ပထမပြောခဲ့သောဆုံးမစကားနှင့် ဆက်နွယ်ပြီး နောက်ထပ်ဆုံးမသွန်သင်စကားမပြောခင် ငါအမှန်အကန်ဆိုသည်ကား ဟူ၍ ယေရှုအသုံးပြုခဲ့သည်။ ယေရှုအသုံးပြုသည့်နည်းတူ အချို့ အင်္ဂလိပ်ကျမ်းစာဗားရှင်း များ(နှင့် ULB ဗားရှင်း)တွင် အလွန်မှန်သော၊ ဟုတ်မှန်သောဟူ၍ ဘာသာပြန်ဆိုထားသည်။ ဟုတ်မှန်ခြင်း ဆိုသောစကားကို သေချာသည်၊ တိကျသည် ဟုဘာသာပြန်ဆိုလေ့ရှိသည်။

ဘာသာပြန်အကြံပြုချက်များ

  • ပြောကြားခဲ့သောစကားများကို အာရုံစိုက်ကြောင်းပြောပြနိုင်ဖို့ မိမိပြန်ဆိုသောဘာသာစကားတွင် ထိုကဲ့သို့သောစကားလုံး ရှိ၊မရှိဆန်းစစ်ဖို့လိုသည်။
  • ဆုတောင်းခြင်းအဆုံး သို့မဟုတ် တစ်စုံတစ်ခုကိုသေချာစေကြောင်း အသုံးပြုရာတွင် အာမင်၏အဓိပ္ပာယ်မှာ ထိုနည်းအတိုင်းဖြစ်ပါစေ၊ ဆုတောင်းသည့်အတိုင်းဖြစ်ပါစေ၊ ဤစကားဟုတ်မှန်ပါသည် ဟုအဓိပ္ပာယ်ရှိပါသည်။
  • ငါအမှန်အကန်ဆိုသည်ကား ဟုယေရှုပြောဆိုရာတွင် ဟုတ်သည်..ငါအမှန်ပြောခြင်းဖြစ်သည်၊ ငါပြောသောအရာသည်မှန်သည် ဟူ၍ အဓိပ္ပာယ်သက်ရောက်သည်။
  • ငါအမှန်ပြောသောစကား ဟူသည့်အဓိပ္ပာယ်မှာ ငါပြောသောအရာသည်ဟုတ်မှန်သည်၊ အမှန်ဆုံးစကားဖြစ်သည်၊ ငါပြောသောစကားသည်မှန်သည် ဟူ၍အဓိပ္ပာယ်ရှိသည်။

အာမဇိ

အာမဇိသည် ခမည်းတော် ယောရှအသတ်ခံရပြီးသောအခါ ယုဒဘုရင်အဖြစ်နန်းထိုင်ခဲ့လေသည်။ ဘုရင်အာမဇိသည် ယုဒနိုင်ငံကို ၂၉နှစ် (၇၉၆-၇၆၇ ဘီစီ) အထိအုပ်စိုးခဲ့လေသည်။ သူသည်မင်းကောင်းတစ်ပါးဖြစ်သော်လည်း ရုပ်တုကိုးကွယ်သော မြင့်သောအရပ်များကိုမဖျက်စီးခဲ့ပေ။ အာမဇိသည် သူ့ခမည်းတော်ကိုသတ်သောသူအားလုံးကို ပြန်လည်သတ်ဖြစ်ခဲ့သည်။ ပုန်ကန်သော ဧဒုံအမျိုးသားများကိုနှိမ်နင်းပြီး ယုဒနိုင်ငံ၏အုပ်ချုပ်မှုအောက်သို့ပြန်လည်သွတ်သွင်းနိုင်ခဲ့သည်။ အာမဇိသည် ဣသရေလဘုရင် ယဟောရှ နှင့်စစ်ပြိုင်တိုက်သောလည်း ရှုံးနှိမ့်ခဲ့လေသည်။ ယေရုရှလင်မြို့ရိုးထက်ဝက်ဖြိုဖျက်ခံခဲ့ရပြီး ဗိမာန်တော်ထဲရှိ ရွှေငွေတန်ဆာများလုယူခံခဲ့ရလေသည်။ နှစ်ပေါင်းများစွာကြာပြီးနောက် ရှင်ဘုရင် အာမဇိသည် ထာဝရဘုရားလမ်းမှလွဲသဖြင့် ယေရုရှလင်တွင်ရှိသောလူအချို့ကသူ့ကိုလုပ်ကြံသတ်ဖြတ်ခဲ့လေသည်။


အာမနုန်

အာမနုန်သည် ဒါဝိတ်နှင့်အဟိနောင်တို့၏သားကြီးဖြစ်သည်။ အာမနုန်သည် အာဗရှလုံ၏ညီမ တာမာကို အဓမ္မပြုကျင့်ခဲ့သည်။ ထိုကိစ္စကြောင့် အာဗရှလုံသည် ဉာဏ်ဆင်၍ အာမနုန်ကို သတ်ခဲ့လေသည်။


အာမလက်၊ အာမလက်အမျိုး

အာမလက်လူမျိုးများသည် ခါနာန်တောင်ပိုင်း၊အာရေဗျနိုင်ငံ နိဂျက်သဲကန္တာရတစ်လျှောက် လှည့်လည်သွားလာနေထိုင်သူများဖြစ်သည်။ ဤလူမျိုးများသည် ဧသော၏မြေး အာမလက်မှဆင်းသက်လာသူများဖြစ်သည်။ ဣသရေလလူမျိုးများ ခါနာန်ပြည်သို့ဝင်ရောက်နေထိုင်စဉ်ကတည်းက အာမလက်လူမျိုးများနျှင့် ခါးသီးသောရန်ဘက်ဖြစ်ခဲ့ကြသည်။ တစ်ခါတစ်ရံတွင် အာမလက် ဟူသောအသုံးအနှုန်းသည် အာမလက်လူမျိုးအားလုံးကိုရည်ညွှန်းပြောဆိုပါသည်။ အာမလက်လူမျိုးနျှင့်တိုက်သောစစ်ပွဲတစ်ပွဲတွင် မောရှေသည် မိမိလက်ကိုမြောက်ထားစဉ်တွင် ဣသရေလလူမျိုးများစစ်နိုင်၍ လက်ကိုချထားချိန်တွင် ဣသရေလများစစ်ရှုံးလေသည်။ ထို့ကြောင့် အာရုန်နှင့် ဟုရ တို့သည်မောရှေလက်ကို တစ်ယောက်တစ်ဖက်ကိုင်မြောက်ပေးထားခြင်းဖြင့် ဣသရေလအမျိုးသည် အာမလက်အမျိုးကို စစ်နိုင်ခဲ့လေသည်။ ဘုရင်ရှောလုနှင့် ဘုရင်ဒါဝိတ်တို့သည် အာမလက်လူမျိုးများကို စစ်ထောက်လှမ်းရေးများလုပ်ခဲ့ကြသည်။ * အာမလက်လူမျိုးများကိုအောင်မြင်သောစစ်ပွဲတစ်ပွဲတွင် ရှောလုသည် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းဆန့်ကျင်၍ တိုက်ယူ၍ရသောဥစ္စာအချို့ကိုသိမ်းယူပြီး အာမလက်ဘုရင်ကိုမသတ်ပဲချန်လှပ်ထားခဲ့လေသည်။


အာမုတ်

အာမုတ်သည် ဣသရေလတို့၏ပရောဖက်ဖြစ်ပြီး ယုဒဘုရင် သြဇိမင်းလက်ထက်ကဖြစ်သည်။ ပရောဖက်မဖြစ်ခင်တွင် အာမုတ်သည် ယုဒပြည်တွင်နေသောသာမန်သိုးကျောင်းသား၊သဖန်းစိုက်တောင်သူ တစ်ဦးသာဖြစ်သည်။ မြောက်ပိုင်းဣသရေလတိုင်းပြည်သည် တိုင်းသူပြည်သားများအပေါ်မမှန်မကန်ဆက်ဆံသောကြောင့် ဆင်းရဲဒုက္ခတွေ့မည်ဟု အာမုတ် ပရောဖက်ပြုခဲ့လေသည်။


အာမုတ် (ဧမော့ဇ်)

အာမုတ်သည် ပရောဖက်ဟေရှာယ၏ ဖခင်ဖြစ်သည်။ သမ္မာကျမ်းစာ၌ အာမုတ်ကိုတစ်ကြိမ်သာရည်ညွှန်းခဲ့ပြီး ဟေရှာယ၊ အာမုတ်၏သားဟူ ၍ဖြစ်သည်။ ဤနာမည်သည် ပရောဖက်အာမုတ်နှင့်မတူညီသောကြောင့် ကွဲပြားစွာ စာလုံးပေါင်းသင့်သည်။


အာမောရိ

အားကြီးသော အာမောရိလူမျိုးသည် နောဧ၏ မြေးဖြစ်သူ ခါနာန်မှ ဆင်းသက်လာသူများဖြစ်သည်။ ထိုသူတို့အမည်မှာ မြင့်မားသောသူ ဟုအဓိပ္ပာယ်ရှိပြီး တောင်တန်းဒေသတွင်နေထိုင်သူ သို့မဟုတ် အရပ်မြင့်မားသောသူများ ဖြစ်သောကြောင့်ဖြစ်သည်။ အာမောရိလူများသည် ယော်ဒန်မြစ်နှစ်ဖက်စလုံးတွင်နေထိုင်သူများဖြစ်သည်။ အာဣမြို့မှာ အာမောရိလူတို့နေထိုင်ရာဖြစ်သည်။ ထာဝရဘုရား ရည်ညွှန်းသော အာမောရိလူတို့၏အပြစ် ဆိုသည်မှာ သူတို့၏မှားယွင်းသောကိုးကွယ်ခြင်း၊ ကိုးကွယ်ရာတွင်မှားယွင်းသောလုပ်ဆောင်ခြင်း စသည်တို့ကိုဆိုလိုပါသည်။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ယောရှုသည် ဣသရေလများကိုဦးဆောင်ပြီး အာမောရိလူတို့ကိုဖျက်ဆီးခဲ့လေသည်။


အာရဇ်ပင်

အာရဇ်ပင်သည် နီညိုရောင်အသားရှိသော ထင်ရှူးပင်ကြီးမျိုးဖြစ်သည်။ အခြားထင်ရှူးပင်များကဲ့သို့ပင် အသီးနှင့် အပ်ကဲ့သို့အရွက်စူးများရှိသည်။ ဓမ္မဟောင်းကျမ်းတွင် အာရဇ်ပင်ကို ထိုအပင်ပေါက်ရောက်သော လေဗနုန်တောနှင့်ယှဉ်တွဲရေးသားလေ့ရှိသည်။ ယေရုရှလင်ဗိမာန်တော်တည်ဆောက်ရာတွင် အာရဇ်ပင်ကိုအသုံးပြုခဲ့သည်။ * ယဇ်ပူဇော်ခြင်းနှင့် အပြစ်ဖြေရာယဇ်အဖြစ် အသုံးပြုလေ့ရှိသည်။


အာရဗ

ဓမ္မဟောင်းကျမ်းတွင် အာရဗ ဟူသောအမည်မှာ ကျယ်ပြန့်သော သဲကန္တာရ၊ ယော်ဒန်မြစ်ချိုင့်ဝှမ်းနှင့် ပင်လယ်နီ၏တောင်မြောက်တစ်လျှောက် အထိကျယ်ပြန့်သော လွင်ပြင်ကျယ်ဖြစ်သည်။ က္ကုသရေလလူမျိုးသည် အဲက္ကုတုမှ ခါနာန်ပြည်အထိသွားရာတွင် ထိုသဲကန္တာရကို ဖြတ်ကျော်ခဲ့ရသည်။ အာရဗပင်လယ် ဟူသောစကားကို အာရဗသဲကန္တာရတွင်ရှိသော ပင်လယ်ကိုဆိုလိုပါသည်။ ထိုပင်လယ်ကို ဆားပင်လယ်၊ ပင်လယ်သေ ဟုလည်းခေါ်ဆိုနိုင်ပါသည်။ * အာရဗ ဟူသောစကားသည် သဲကန္တာရ အားလုံးကိုရည်ညွှန်းပြောဆိုသော စကားအဖြစ်လည်း အသုံးပြုပါသည်။


အာရမ်၊ အာရမ်မီး၊ အာရမစ်

အာရမ် ဆိုသည်မှာ ဓမ္မဟောင်းကျမ်းမှ လူနှစ်ယောက်၏နာမည်ဖြစ်သည်။ ခါနာန်ပြည် အရှေ့မြောက်ဖက် (ယခု ဆီးရီးယားပြည်)ရှိဒေသတစ်ခု၏အမည်လည်းဖြစ်သည်။ အာရမ် တွင်နေထိုင်သူများကို အာရမ်မီး ဟုခေါ်ပြီး သူတို့သည် အာရမစ်ဘာသာစကားကိုပြောဆိုသည်။ ယေရှုနှင့် ထိုခေတ်ရှိ ယုဒလူတို့သည်လည်း အာရမစ်ဘာသာစကားပြောဆိုကြသည်။ ရှေမ၏သားတစ်ယောက်ကို အာရမ်ဟုနာမည်ပေးထားသည်။ နောက်ထပ် အာရမ်အမည်ရှိသောသူမှာ ရေဗက္ခာ ၏ဝမ်းကွဲဖြစ်သည်။ အာရမ်ဟူသောဒေသကို ထိုသူနှစ်ယောက်အမည်အစွဲပြုပြီး နာမည်ပေးထားခြင်းဖြစ်နိုင်သည်။ အာရမ် ဟူသောအမည်ကို ဟေလသဘာသာ ရှုရိ(ဆီးရီးယား)ဟုလည်းခေါ်ဆိုသည်။ ပါဒမ်အာရမ် ဟူသောဝေါဟာရမှာ အာရမ်လွင်ပြင် ကိုခေါ်ဆိုခြင်းဖြစ်ပြီး အာရမ်မြောက်ပိုင်းတွင်တည်ရှိပါသည်။ အာဗြံဟံ၏ ဆွေမျိုးတစ်ချို့သည် ပါဒမ်အာရမ် အရပ်တွင်တည်ရှိသော ဟာရမ်မြို့တွင်နေထိုင်ကြသည်။ ဓမ္မဟောင်းကျမ်းတွင် အာရမ် နှင့် ပါဒမ်အာရမ် ဟူသောအမည်မှာတစ်ခါတစ်ရံတွင် တူညီသောဒေသတစ်ခုတည်းကို ရည်ညွှန်းပါသည်။ * အာရမ်နဟာရမ် ဟူသောစကားမှာ အာရမ်မြစ်နှစ်စင်းကို ဆိုလိုပါသည်။ ထိုဒေသမှာ မက်ဆိုပိုတေးမီးယား တောင်ပိုင်း၊ ပါဒမ်အာရမ်၏ အရှေ့ပိုင်းတွင်တည်ရှိသည်။


အာရရတ်

သမ္မာကျမ်းစာတွင် အာရရတ်ဟူသောအမည်မှာ မြေနေရာ၊နိုင်ငံတော်၊ တောင်တန်းဒေသကို ပေးထားသောအမည်ဖြစ်သည်။ အာရရတ်နယ်မြေမှာ ယခုခေတ် တူရကီနိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင်တည်ရှိသောနေရာဖြစ်နိုင်သည်။ အာရရတ် အမည်ရှိသောတောင်မှာ ရေလွမ်းမိုးပြီးနောက် ရေကျချိန်တွင် နောဧသင်္ဘောကြီးတင်ကျန်နေခဲ့သောနေရာဖြစ်သည်ဟူ၍ လူသိများသည်။ * ယခုခေတ်အချိန်၌ အာရရတ်တောင်ကို သမ္မာကျမ်းစာခေတ်ရှိ အာရရတ်တောင်တန်းဒေသဖြစ်မည်ဟု ယူဆထားကြလေသည်။


အာရုန္

အာရုန်သည် မိုးဇက်၏အစ်ကိုဖြစ်သည်။ အာရုန်ကို က္ကုသရေလတို့၏ ပထမဦးဆုံးယဇ်ပုရောဟိတ်မင်းအဖြစ်ဘုရားသခင်ရွေးချယ်ခဲ့သည်။ က္ကုသရေလလူမျိုးကို ကျွန်အဖြစ်လွှတ်ပေးရန် ဖာရောဘုရင်ထံ မိုးဇက်ပြောဆိုရာတွင် အာရုန်က ကူညီပေးခဲ့သည်။ အာရုန်၏အပြစ်မှာ သဲကန္တာရထဲတွင် လှည့်လည်သွားလာနေသော က္ကုသရေလတို့ကိုးကွယ်ရန် ရုပ်တုကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ * အာရုန်နှင့်သူမှဆင်းသက်လာသူများကို က္ကုသရေလတို့၏ ယဇ်ပုရောဟိတ်အဖြစ် ဘုရားသခင်ရွေးချယ်တင်မြှောက်ထားသည်။


အာရေဗျ၊ အာရေဘီယံ

အာရေဗျကျွန်းဆွယ်သည် ကမ္ဘာ့အကြီးဆုံးကျွန်းဆွယ်ဖြစ်ပြီး ၃၀၀၀၀၀၀ စတုရန်းကီလိုမီတာရှိသည်။အစ္စရေးပြည်တောင်ပိုင်းနှင့်၊ ပင်လယ်နီ၊ အာရေဘီယံပင်လယ် နှင့် ပါရှားပင်လယ်ကွေ့တို့နှင့်ထိစပ်နေသည်။ အာရေဘီယံ ဟူသောအသုံးအနှုန်းမှာ အာရေဗျ သို့မဟုတ် ၎င်းနှင့်ထိစပ်နေသောဒေသတွင်နေထိုင်သူများကို ခေါ်ဆိုခြင်းဖြစ်သည်။ အာရေဗျဒေသတွင်အစောဆုံးနေထိုင်သူများမှာ ရှေမ၏မြေးများဖြစ်သည်။ အခြားနေထိုင်သူများမှာ အာဗြံဟံ၏သား က္ကုရှမေလ နှင့် သူ့အနွယ်များ၊ ဧသော၏အမျိုးအနွယ်များ စသည်တို့ဖြစ်သည်။ က္ကုသရေလလူမျိုးများ နှစ်ပေါင်း ၄၀တိုင် သဲကန္တာရထဲတွင်လှည့်လည်သွားလာသောနေရာမှာ ထို အာရေဗျဒေသဖြစ်သည်။ ယေရှုကိုယုံကြည်ပြီးနောက် တမန်တော်ပေါလုသည် အာရေဗျသဲကန္တာရတွင် နှစ်အနည်းငယ်နေထိုင်ခဲ့ပါသည်။ * ဂလာတိအသင်းတော်မှ ယုံကြည်သူများဆီစာရေးသားရာ ၌ သိနတောင်သည် အာရေဗျတွင်တည်ရှိသည်ဟု ပေါလုသုံးနှုန်းခဲ့သည်။


အာရွ

သမ္မာကျမ်းစာခေတ်တွင် အာရှ ဟူသည်မှာ ရောမအင်ပါယာ၏ပြည်နယ်တစ်ခုဖြစ်သည်။ ယနေ့ခေတ် တူရကီနိုင်ငံ၏ အနောက်ပိုင်းဒေသဖြစ်သည်။ ပေါလုသည် အာရှသို့သွားပြီး မြို့များဆီသို့ ဧဝံဂေလိတရားဟောကြားခဲ့သည်။ ထိုမြို့များထဲတွင် ဧဖက်မြို့၊ ကောလောသဲမြို့တို့ပါရှိခဲ့သည်။ ယနေ့ခေတ် အာရှ နှင့်မမှားစေရန် ရှေးခေတ်ရောမအပိုင် အာရှ၊ သို့မဟုတ် အာရှပြည်နယ် ဟုဘာသာပြန်ဆိုသင့်သည်။ * ဗျာဒိတ်ကျမ်းတွင်ပါရှိသော ဘုရားကျောင်းအားလုံးမှာ ရောမရှိ အာရှပြည်နယ်မှ ဖြစ်သည်။


အာရွှေရု

အာရွှေရု သည် ရှေးခေတ် ပေရသိနိုင်ငံတော်ကြီးကို နှစ် ၂၀တိုင်အုပ်စိုးခဲ့သောဘုရင်ဖြစ်သည်။ ထိုအချိန်သည် ဂျူးလူမျိုးများသည် ပေရသိလက်အောက် ဘာဘုလုန်တိုင်းပြည်၌ ကျွန်ခံနေချိန်ဖြစ်သည်။ အာရွှေရု၏ နောက်ထပ်အမည်မှာ အာတဇေရဇ် ဖြစ်နိုင်သည်။ * ရှင်ဘုရင်အာရွှေရုသည် ဒေါသအမျက်ကြောင့် မိဖုရားဝါရှတိကိုနန်းစွန့်လိုက်ပြီးနောက် ဧသတအမည်ရှိသော ဂျူးမိန်းကလေးကို မိဖုရားအရာတင်မြှောက်ရွေးချယ်ခဲ့သည်။


အာရှကလေုနျ

သမ္မာကျမ်းစာခေတ်တွင် အာရှကေလုန်မြို့သည် ဖိလိတ္တိနိုင်ငံ၏အဓိကမြို့ဖြစ်ပြီး မြေထဲပင်လယ်ကမ်းရိုးတန်းတွင်တည်ရှိသည်။ ယနေ့ထိတိုင် အစ္စရေးတွင်တည်ရှိနေသည်။ အာရှကေလုန် မြို့သည် အာဇုတ်၊ဂါဇ၊ဂါသ၊ဧကြုန်ဟူသော မြို့များနှင့်အတူ ဖိလိတ္တိနိုင်ငံ၏ အထင်ကရမြို့များဖြစ်သည်။ ယုဒနိုင်ငံတော်သည် အာရှကေလုန်၏ တောင်တန်းနေရာများကိုပိုင်ဆိုင်ထားသော်လည်း အာရှကေလုန်လူအားလုံးကို အနိုင်ရယူနိုင်ခြင်းမရှိပေ။ * အာရှကေလုန်မြို့ကို ဖိလိတ္တိလူတို့က နှစ်ရာပေါင်းများစွာပိုင်ဆိုင်ထားဆဲဖြစ်သည်။


အာရှရ၊ အာရှရတိုင်၊ အာရှရနတ်ဘုရားမ

အာရှရ ဆိုသည်မှာ ဓမ္မဟောင်းခေတ် ခါနာန်လူများကိုးကွယ်သော နတ်ဘုရားမအမည်ဖြစ်သည်။ နာမည်ဆင်တူပြီး ကွဲပြားသောအခြားနတ်ဘုရားမ၏အမည်လည်းဖြစ်သည်။ အာရှရတိုင် ဆိုသည်မှာ နတ်ဘုရားမ၏ရုပ်တုကိုထွင်းထုထားသောသစ်သားဖြစ်သည်။ ဗာလဘုရားကို အာရှရ၏ ယောကျာ်းဟုယူဆပြီး ဗာလဘုရားရုပ်တုဘေးတွင် အာရှရပင် များကိုထားလေ့ရှိသည်။ အချို့က ဗာလကို နေဘုရားအဖြစ်ကိုးကွယ်ပြီး အာရှရ ကိုလနတ်ဘုရားမအဖြစ်ကိုးကွယ်သည်။ ထာဝရဘုရားက အာရှရရုပ်တုအားလုံးကိုဖျက်ဆီးရန် က္ကုသရေလလူမျိုးကို မှာကြားထားသည်။ က္ကုသရေလခေါင်းဆောင်များဖြစ်သော ဂိဒေါင်၊ ဘုရင်အာသ၊ ဘုရှင် ယောရှိတို့သည် ဘုရားစကားနားထောင်ပြီး ထိုနတ်ရုပ်များကိုဖျက်ဆီးပစ်ခဲ့သည်။ * အခြားက္ကုသရေလခေါင်းဆောင်များဖြစ်သော ရှောလမုန်၊ မနာရှေ၊ အာဟပ် တို့သည် အာရှရပင်များကိုမဖျက်ဆီးပဲ လူများကိုးကွယ်ရန်အခွင့်ပေးခဲ့ကြသည်။


အာရှာ

အာရှာသည် ယာကုပ်၏ ၈ယောက်မြောက်သားဖြစ်သည်။ သူ၏မျိုးဆက်များသည် အာရှာ ဟူသော က္ကုသရေလမျိုးနွယ် ၁၂ ထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ အာရှာ၏မိခင်မှာ လေအာ၏ ၇ယောက်မြောက်သမီး ဇိဖဖြစ်သည်။ အာရှာ၏အဓိပ္ပာယ်မှာ ပျော်ရွှင်ခြင်း၊ ကောင်းချီးမင်္ဂလာ ဖြစ်သည်။ * အာရှာ ဟူသောအမည်မှာ က္ကုသရေလလူမျိုးများ ကတိတော်ထားရာပြည်သို့ဝင်ရောက်သောအခါ အာရှာမျိုးနွယ်စု၏နယ်မြေအဖြစ်သတ်မှတ်ထားသော နေရာလည်းဖြစ်သည်။


အာရှုရိ၊ အာရှုရိလူ၊ အာရှုရိနိုင်ငံတော်

အာရှုရိနိုင်ငံတော်သည် က္ကုသရေလများ ခါနာန်ပြည်တွင်နေထိုင်စဉ်အခါက အင်အားကြီးမားသောနိုင်ငံတစ်ခုဖြစ်သည်။ ယနေ့ခေတ် အီရတ်နိုင်ငံ၏ မြောက်ပိုင်းတွင် အာရှုရိနိုင်ငံတည်ရှိပါသည်။ သမိုင်းတွင် အာရှုရိ နှင့် က္ကုသရေလများ မကြာမကြာတိုက်ခိုက်လေ့ရှိသည်။ ဘီစီ ၇၂၂တွင် အာရှုရိနိုင်ငံသည် က္ကုသရေလနိုင်ငံကို လုံးဝသိမ်းယူပြီး က္ကုသရေလလူများစွာကို အာရှုရိသို့ခေါ်ဆောင်သွားခဲ့သည်။ ကျန်ရစ်သော က္ကုသရေလများသည် အာရှုရိတို့ခေါ်ဆောင်လာသော ရှမာရိတိုင်းတစ်ပါးသားများနျှင့် အိမ်ထောင်ပြုပေါင်းဖက်ခဲ့ကြသည်။ ထိုလူများမှဆင်းသက်လာသူများကို ရှမာရိလူများဟုခေါ်ဆိုကြသည်။


အာသ

အာသ သည်ယုဒနိုင်ငံတော်ကို နှစ်ပေါင်း ၄၀ (ဘီစီ ၉၁၃-၈၇၃) အထိအုပ်စိုးသောဘုရင်ဖြစ်သည်။ အာသမင်းသည် ရုပ်တုများကိုဖယ်ရှားပြီး က္ကုသရေလလူမျိုးများကို ဘုရားသခင်အားကိုးကွယ်ရန်ပြုလုပ်ခဲ့သော မင်းကောင်းတစ်ပါးဖြစ်သည်။ အခြားနိုင်ငံများနှင့်စစ်တိုက်ရာတွင် အောင်မြင်ခွင့်ကို ဘုရားသခင်ပေးခဲ့လေသည်။ * နောက်ပိုင်းတွင် အာသမင်းသည် ဘုရားသခင်ကိုယုံကြည်မှုကင်းမဲ့ခဲ့ပြီး ဖျားနာ၍သေဆုံးခဲ့လေသည်။


အာသပ်

အာသပ်သည် လေဝိယဇ်ပုရောဟိတ်၊ ပါရမီရှိသောဂီတသမားတစ်ယောက်ဖြစ်ပြီး ဘုရင်ဒါဝိတ်အတွက် ဆာလံသီချင်းများကိုရေးစပ်ပေးသူဖြစ်သည်။ သူသည် ကိုယ်ပိုင်ဆာလံသီချင်းများကိုလည်းရေးသားခဲ့သည်။ ဗိမာန်တော်အတွက် တေးသီချင်းများကိုရေးစပ်ပေးရန် အာသပ်နှင့် အခြားနှစ်ယောက်ကို ဘုရင်ဒါဝိတ်ခန့်အပ်ခဲ့သည်။ အချို့သောသီချင်းများသည် ပုရောဖက်ပြုခြင်းများလည်းဖြစ်သည်။ အာသပ်သည် သူ၏သားများကို သူ့ကဲ့သို့ပင် ဗိမာန်တော်တွင် ပုရောဖက်ပြုခြင်း၊ တေးသီချင်းများရေးသားခြင်းများ ပြုလုပ်သင်ကြားပေးခဲ့သည်။ အချို့သောတူရိယာများမှာ ဗျပ်စောင်း၊ စောင်း၊ တံပိုး၊ လင်းကွင်း တို့ဖြစ်သည်။ ဆာလံ ၅၀ နှင့် ၇၃မှ ၈၃ တို့ကို အာသပ်ရေးခဲ့ကြောင်းပြောဆိုကြသည်။ သူ၏မိသားစုဝင်များ ရေးသားခဲ့သည်လည်းဖြစ်နိုင်ပါသည်။


အာသလိ

အာသလိသည် ဆိုးယုတ်သောယုဒဘုရင် ယဟောရံ၏ မိဖုရားဖြစ်သည်။ သူမသည် ဆိုးယုတ်သော က္ကုသရေလဘုရင် သြမရိ၏ မြေးဖြစ်သည်။ ဘုရင် ယဟောရံသေဆုံးသောအခါ အာသလိ၏ သားတော် အာခဇိ ဘုရင်ဖြစ်လာခဲ့သည်။ အာခဇိသေဆုံးသောအခါ အာသလိသည် ဘုရင်အနွယ်အားလုံးကို သတ်ရန်ကြံစည်ခဲ့လေသည်။ * သို့သော အာသလိညီမက မြေးဖြစ်သူ ယောရှကိုဝှက်ထားသောကြောင့် အသက်ရှင်သန်ခဲ့သည်။ ယောရှသည် ယုဒဘုရင်ဖြစ်လာခဲ့သည်။


အာဟတ်

အာဟတ်သည် ဘီစီ ၈၇၅- ၈၅၄အထိ မြောက်ပိုင်းက္ကုသရေလတိုင်းပြည်ကို အုပ်စိုးခဲ့သော ဆိုးယုတ်သောဘုရင်တစ်ပါးဖြစ်သည်။ က္ကုသရေလလူမျိုးများ မှားယွင်းသောဘုရားများကိုကိုးကွယ်လာစေရန် အာဟတ်ပြုလုပ်ခဲ့သည်။ က္ကုသရေလလူမျိုးကို အပြစ်လုပ်စေသောကြောင့် ငတ်မွတ်ဘေး ၃နှစ်ခွဲကြုံတွေ့ရမည်ဖြစ်ကြောင်း ပရောဖတ် ဧလိယက အာဟတ်ကိုရင်ဆိုင်ပြောကြားခဲ့သည်။ * အာဟတ်နှင့် မိဖုရားယေဇဗေလတို့သည် မိမိတို့၏အာဏာဖြင့်အပြစ်မရှိသူများကိုသတ်ခြင်းအပါအဝင် မကောင်းမှုများစွာပြုလုပ်ခဲ့ကြသည်။


အာဣ

ဓမ္မဟောင်းကာလတွင် အာဣမြို့သည် ခါနာန်အရပ်တွင်ရှိသောမြို့တစ်မြို့ဖြစ်ပြီး ဗေသလမြို့၏တောင်ဖက်၊ ယေရိခေါမြို့၏ အနောက်မြောက်ဖက် ၈ကီလိုမီတာတွင်တည်ရှိသည်။ ယေရိခေါမြို့ကိုအောင်နိုင်ပြီးနောက် အာဣမြို့ကို ယောရှုဦးဆောင်၍တိုက်ခိုက်ခဲ့သော်လည်း ထာဝရဘုရားသခင်၏အလိုတော်နျှင့်ဆန့်ကျင်သောကြောင့် ဣသရေလတို့သည်ရှုံးနှိမ့်ခဲ့ရသည်။ ဣသရေလအမျိုးသား အာခန်သည် ယေရိခေါမြို့မှ ပစ္စည်းများကိုခိုးယူခဲ့သောကြောင့် ထာဝရဘုရားသည် အာခန်နှင့်မိသားစုကိုသုတ်သင်စေခဲ့သည်။ ထို့နောက်တွင်မှဣသရေလလူမျိုးများ အာဣမြို့ကိုအောင်နိုင်ရန် ထာဝရဘုရားကူညီမစခဲ့လေသည်။


အိမ်ထောင်ရေးဖောက်ပြန်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်သော၊ မယားငယ်နေသူ၊ လင်ငယ်နေသူ

ဤစကားလုံးသည် အိမ်ထောင်ရှိသူက မိမိလင်၊ မိမမယားမဟုတ်သူနှင့်လိင်မှုကိစ္စကျူးလွန်ခြင်းအပြစ်ကို ဆိုလိုပါသည်။ အိမ်ထောင်ရေးဖောက်ပြန်သော ဆိုသည့်စကားသည်ထိုကဲ့သို့သောအမူအရာ၊အပြစ်ကျူးလွန်သူကိုရည်ညွှန်းပါသည်။ မယားငယ်နေသူသည် ဖောက်ပြန်သောယောကျာ်းတိုင်းကိုဆိုလိုပါသည်။ လင်ငယ်နေသူ သည်ဖောက်ပြန်သောမိန်းမတိုင်းကို ဆိုလိုပါသည်။ အိမ်ထောင်ရေးဖောက်ပြန်သူများသည် လက်ထပ်စဉ်အခါကပြုခဲ့ပြီးသော ပဋိညာဉ်ကိုဖောက်ဖျက်ခြင်းဖြစ်သည်။ ဘုရားသခင်က က္ကုသရေလလူမျိုးအား အိမ်ထောင်ရေးမဖောက်ပြန်ရန် ပညတ်ထားသည်။ * ဖောက်ပြန်ခြင်း ဟူသောဝေါဟာရကို က္ကုသရေလလူမျိုးများ ဘုရားကိုမကိုးကွယ်ဘဲ အခြားဘုရားများကို ကိုးကွယ်သည့်အခါတွင်ပုံဥပမာဆောင်၍ ရေးသားလေ့ရှိသည်။

ဘာသာပြန်အကြံပြုချက်များ

ဘာသာပြန်ဆိုရမည့် ဘာသာတွင် ဖောက်ပြန်ခြင်းဆိုသည့် တိကျသောစကားလုံးမရှိပါက အခြားသူ၏မိန်းမနှင့်လိင်မှုကိစ္စကျူးလွန်ခြင်း သို့မဟုတ် အခြားယောက ျာ်းနှင့်ကျူးလွန်ခြင်း ဟူ၍ ဘာသာပြန်ဆိုနိုင်သည်။ * အချို့ဘာသာစကားတွင် ဖောက်ပြန်ခြင်းကိုသွယ်ဝိုက်၍ဖော်ပြသောစကားများရှိသည်။ အခြားသူ၏ယောကျာ်း၊မိန်းမနျှင့်အိပ်ခြင်း သို့မဟုတ် မိမိဇနီးမယားအပေါ်သစ္စာမရှိခြင်း ဟူ၍ဖြစ်သည်။


အံ့ဖွယ်၊ အံ့ချီးဖွယ်ရာ၊ အံ့သြသော၊ အံ့အားသင့်သော

ဤစကားလုံးများသည် ထူးဆန်းသောအရာတစ်ခုကြောင့် ဖြစ်ပေါ်လာသောအံ့သြမှုကို ရည်ညွှန်းပါသည်။ အချို့စကားလုံးများသည် မူရင်းဂရိဘာသာဖြင့် အံ့သြမှုရိုက်ခတ်ခြင်း သို့မဟုတ် တစ်စုံတစ်ခု၏အပြင်သို့ရောက်ရှိနေခြင်း ဟုအဓိပ္ပာယ်ရှိပါသည်။ ဤစကားလုံးများသည် လူတစ်ဦး မည်မျှ အံ့သြတုန်လှုပ်သွားသည်ကိုဖော်ပြနေသည်။ အခြားသသော ဘာသာတွင်လည်း ဤကဲ့သို့သောဖော်ပြမှုမျိုးရှိနိုင်ပါသည်။ ပုံမှန်အားဖြင့် ဤကဲ့သို့အံ့အားသင့်မှုများသည် ဘုရားသခင်သာပြလုပ်နိုင်သော အံ့ဖွယ်အရာတစ်ခုကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဖြစ်ပေါ်လာသောအရာသည် လုံးဝမျှော်လင့်မထားသောအရာဖြစ်သောကြောင့် ရှုတ်ထွေးသောခံစားမှုမျိုးလည်းပါဝင်တတ်သည်။ အခြားဘာသာပြန်ဆိုမှုများတွင် အလွန်အံ့သြမှင်တက်ခြင်း၊ တုန်လှုပ်ခြင်း ဟုအဓိပ္ပာယ်ရှိနိုင်သည်။ နှီးနွယ်သောစကားလုံးများမှာ အံ့ဖွယ်ကောင်းသော၊ အံ့သြခြင်း၊ အံ့အားသင့်ခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့် အပေါင်းလက္ခဏာဆောင်ပြီး လူများ၏ပျော်ရွှင်မှုကိုဖော်ပြသော စကားလုံးဖြစ်သည်။


အံ့သြသည်၊ ရိုသေလေးမြတ်ခြင်း

ဤစကားလုံးသည် တစ်စုံတစ်ခု၏ ကြီးမြတ်ခြင်း၊တန်ခိုးရှိခြင်း၊ ကြီးကျယ်ခမ်းနားခြင်းကို မြင်တွေ့ရသောကြောင့် အံ့သြခြင်း၊ နက်ရှိုင်းစွာလေးစားခြင်းအဓိပ္ပာယ်ရှိသည်။ အံ့သြဖွယ်စိတ်ခံစားချက်ကိုဖြစ်စေသော စကားလုံးအဖြစ်သုံးလေ့ရှိသည်။ ပရောဖက် ယေဇကျေလမြင်တွေ့ခဲ့ရသော ဘုရားသခင်၏ဘုန်းတော်သည် အံ့သြဖွယ်၊ ရိုသေလေးမြတ်ခြင်းများ ဖြစ်စေခဲ့သည်။ * ဘုရားသခင်ရှေ့မှောက်တွင် လူသားများပြုလုပ်လေ့ရှိသည်များမှာ- ကြောက်ရွံ့ခြင်း၊ ဦးညွှတ်ခြင်း၊ ဒူးထောက်ခြင်း၊ မျက်နှာဖုံးကွယ်ထားခြင်း၊ တုန်လှုပ်ခြင်းများဖြစ်သည်။


ဦးချသည်၊ ဦးညွှတ်သည်

ဦးချသည် ဆိုရာတွင် တစ်စုံတစ်ဦးအား ရိုသေစွာ၊နှိမ့်ချစွာဖြင့် ဦးညွှတ်ခြင်းဖြစ်သည်။ ဦးညွှတ်ခြင်း၊ မျက်နှာငုံပြီး လက်ကိုမြေကြီးပေါ်ထောက်လျက် ဖြည်းညင်းစွာဒူးထောက်လိုက်ခြင်းဖြစ်သည်။ အခြားအမူအရာများမှာ ဒူးထောက်ခြင်း၊ ဦးညွှတ်ခြင်း(ရိုသေခြင်း သို့မဟုတ် ဝမ်းနည်းခြင်းကြောင့် ခေါင်းငုံ့ထားခြင်း) စသည်တို့ဖြစ်သည်။ ဦးညွှတ်ခြင်းတွင် စိတ်ပျက်၊ဝမ်းနည်းခြင်းလည်းဖြစ်နိုင်သည်။ ဦးချသောသူသည် နှိမ့်ချခြင်း၊အဆင့်နှိမ့် သွားခြင်းကိုပုံဆောင်သည်။ ပုံမှန်အားဖြင့် လူတစ်ဦးသည် ဘုရင်၊အုပ်ချုပ်သူ အစရှိသော အဆင့်မြင့်ရာထူးရှိသူများကို ဦးညွှတ်လေ့ရှိသည်။ ဘုရားရှေ့ဦးချခြင်းသည် ကိုးကွယ်ပြပ်ဝပ်ခြင်းဖြစ်သည်။ ကျမ်းစာထဲတွင် ယေရှုအံ့သြဖွယ်နမိတ်များပြုလုပ်ချိန်၊ သူသည်ဘုရားထံမှလာသူဖြစ်ကြောင်း ပြောချိန်များ၌ လူများဦးညွှတ်လေ့ရှိသည်။ ယေရှုပြန်လည်ကြွလာချိန်တွင် လူအားလုံးဒူးထောက်ပြပ်ဝပ်ကြမည်ဟု ကျမ်းစာထဲ၌ဖော်ပြထားသည်။

ဘာသာပြန်အကြံပြုချက်များ

  • အကြောင်းအရာပေါ်မူတည်ပြီး ဤစကားကို ရှေ့သို့ကိုင်းညွတ်ခြင်း၊ ခေါင်းငြိမ့်ခြင်း၊ ဒူးထောက်ခြင်းဟု ပြန်ဆိုနိုင်သည်။
  • ဦးချသည် ကို ဒူးထောက်သည်၊ ပြပ်ဝပ်သည်ဟုလည်းပြန်ဆိုနိုင်သည်။
  • အကြောင်းအရာပေါ်မူတည်ပြီး အချို့ဘာသာစကားများတွင် စကားလုံးအမျိုးမျိုးရှိနိုင်သည်။

ဧည့်ခံပွဲကြီး

ဧည့်ခံပွဲကြီး ဆိုသည်မှာ ဟင်းပွဲများစွာပါရှိသော စားသောက်ပွဲကြီးကိုခေါ်ဆိုပါသည်။ ရှေးကာလတွင် ဘုရင်များသည် နိုင်ငံရေးခေါင်းဆောင်များနှင့် အခြားအရေးပါသည့်ဧည့်သည်တော်များကို ဧည့်ခံပွဲကြီးဖြင့် ကျွေးမွေးလေ့ရှိသည်။ ခမ်းနားသောစားပွဲ၊ အရေးပါသည့်စားသောက်ပွဲ၊ ဟင်းလျာများစွာပါသောစားသောက်ပွဲဟုလည်း ဘာသာပြန်ဆိုနိုင်သည်။


၀က်ဝံ

၀က်ဝံဆိုသည်မှာ အမွှေးထူပြီး ကြီးမာသောခြေလေးချောင်းသတ္တဝါကြီးဖြစ်သည်။ အညိုရောင် သို့မဟုတ် အနက်ရောင်သားမွှေးရှိပြီး၊ ချွန်ထက်သော သွားနှင့်လက်သည်းရှိသည်။ သမ္မာကျမ်းစာခေတ် က္ကုသရေလပြည်တွင် ဝက်ဝံအကြောင်းရေးသားလေ့ရှိသည်။ ဝက်ဝံများသည် တောနှင့်တောင်တန်းဒေသများတွင်နေထိုင်ပြီး ငါး၊အင်းဆက်နှင့်အပင်များကို စားသောက်သည်။ ဓမ္မဟောင်းကျမ်းတွင် ဝက်ဝံသည် ခွန်းအားရှိခြင်းကို ပုံဆောင်ပါသည်။ ဒါဝိတ်သည် သိုးများထိန်းကျောင်းရင်း ဝက်ဝံကိုတိုက်ခိုက်နှိမ်နှင်းခဲ့သည်။ ပရောဖက် ဧလိရှဲကိုလှောင်ပြောင်သော လူငယ်များကို တောထဲရှိဝက်ဝံနှစ်ကောင်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။


၀န်ထုပ်

၀န်ထုပ်ဆိုသည်မှာ လေးလံသောဝန်ဖြစ်သည်။ တိရစ္ဆာန်ဖြင့် သယ်ယူသောဝန်ဖြစ်သည်။ ဝန်ထုပ်ဟူသောစကားတွင် ပုံပမာခိုင်းနှိုင်းသော အဓိပ္ပာယ်များစွာရှိပါသည်။ ဝန်ထုပ်ဆိုသည်မှာ ခက်ခဲသောတာဝန်၊ အရေးကြီးသောတာဝန်ယူမှုဖြစ်နိုင်ပါသည်။ ထိုသူသည် လေးလံသောဝန် ကိုထမ်းဆောင်၊သယ်ယူနေရသည်။ ရက်စက်သောခေါင်းဆောင်သည် ခက်ခဲသောဝန်ကိုပေးလေ့ရှိသည်။ ဥပမာ- မြောက်များစွာသော အခွန်ငွေကိုကောက်ခံသည်။ တစ်စုံတစ်ဦးအား ဝန်ထုပ်မဖြစ်စေခြင်းဆိုသည်မှာ တစ်စုံတစ်ဦးအား မိမိကြောင့်ဒုက္ခမရောက်စေခြင်းဖြစ်သည်။ မိမိ၏မှားယွင်းခြင်းအပြစ်သည် မိမိအတွက်ဝန်ထုပ်ပင်ဖြစ်သည်။ ဘုရား၏ဝန် ဆိုသည်မှာ ပရောဖက်မှတဆင့် လူထုထံရောက်ရှိသော ဘုရား၏သတင်းစကားဖြစ်ပါသည်။ ဝန်ထုပ်ကို တာဝန်ခံမှု၊တာဝန်၊ လေးလံသောဝန်၊ သတင်းစကား စသည်ဖြင့် အခြေအနေပေါ်မူတည်ပြီး ဘာသာပြန်ဆိုသင့်သည်။