မြန်မာ: Open Bible Stories

Updated ? hours ago # views See on DCS

၁။ ဖန်ဆင်းခြင်း

OBS Image

အရာအားလုံးရဲ့ ဖန်ဆင်းခြင်း အစဆိုတာဟာ ဒီလိုပါ။ ဘုရားသခင်ဟာ စကြဝဠာနဲ့ အရာအားလုံးကို ခြောက်ရက်အတွင်း ဖန်ဆင်းတယ်။ အစမှာ စကြဝဠာဟာ ပုံစံမရှိ၊ ဗလာနတ္တိနဲ့ မှောင်မိုက် ဖုံးလွှမ်းနေတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟာ ရေပေါ်မှာ ရှိတယ်။

OBS Image

ဘုရားသခင်က လင်းစေလို့ ပြောရင် အလင်း ဖြစ်တယ်။ ဘုရားသခင်က အလင်းကိုတွေ့တဲ့အခါ သဘောကျပြီး “နေ့” လို့ သတ်မှတ်တယ်၊ အမှောင်ကနေ ခွဲခြားပြီးတော့၊ အမှောင်ကို “ည” လို့ သတ်မှတ်တယ်။ ဒီလိုနဲ့ ပထမနေ့မှာ အလင်းကို ဖန်ဆင်းတယ်။

OBS Image

ဖန်ဆင်းခြင်းရဲ့ နှစ်ရက်မြောက်တဲ့နေ့မှာ ဘုရားသခင်ဟာ ကောင်းကင်ကို မြေပြင်အထက်မှာ၊ ရေပြင်ကို မိုးမျက်နှာကျက်အောက်မှာ ခွဲခြားပြီးတော့ ဖန်ဆင်းတယ်။

OBS Image

သုံးရက်မြောက်နေ့မှာ ဘုရားသခင်ဟာ ရေပြင်နဲ့ ခြောက်သွေတဲ့ ကုန်းမြေကို ခွဲခြားတယ်။ ခြောက်သွေ့တဲ့ ကုန်းမြေကို “ကုန်း”၊ ရေပြင်ကို “ပင်လယ်” လို့ ခေါ်တယ်။ ဘုရားသခင်ဟာ ဖန်ဆင်းပြီးတဲ့ ဟာတွေကို ကြည့်ပြီးတော့ ကျေနပ်နေတယ်။

OBS Image

ဘုရားသခင်ဟာ မြေပေါ်မှာ သစ်ပင် ပန်းမန်တွေဖြစ်စေလို့ ပြောတဲ့အတိုင်း ဖြစ်လာတယ်။ ဘုရားသခင်ဟာ သူဖန်ဆင်းပြီးတဲ့ ဟာတွေအပေါ်မှာ ကျေနပ်နေတယ်။

OBS Image

ဖန်ဆင်းခြင်းရဲ့ လေးရက်မြောက်နေ့မှာ ဘုရားသခင်ဟာ အလင်းနဲ့ အမှောင်၊ နေ့နဲ့ ည၊ နှစ်တွေ၊လတွေ နဲ့ ရာသီတွေကို ခွဲ ခြားဖို့အတွက် နေ၊ လ နဲ့ ကြယ်တွေကို ဖန်ဆင်းတယ်။ ဘုရားသခင်ဟာ ဖန်ဆင်းတဲ့ဟာတွေ အပေါ် အရမ်းကျေနပ်ပြီး ကောင်းကြီး ပေးတယ်။

OBS Image

ငါးရက်မြောက်နေ့မှာ ဘုရားသခင်ဟာ ရေနေသတ္တဝါတွေနဲ့ ကျေးငှက်သာရကာ ပေါင်းစုံတို့ကို ဖန်ဆင်းတယ်။ ဘုရားသခင်က ဖန်ဆင်းတဲ့ ဟာတွေအပေါ် ကောင်းကြီး ပေးတယ်။

OBS Image

ဖန်ဆင်းခြင်းရဲ့ ခြောက်ရက်မြောက် နေ့မှာ ဘုရားသခင်ဟာ ကုန်းနေ သတ္တဝါတွေကို ဖြစ်စေလို့ ပြောတယ်။ ဘုရားသခင် ပြောတဲ့အတိုင်း တချို့ဟာ ယဉ်ပါးတဲ့သတ္တဝါ၊ တချို့ဟာ တွားသွားတဲ့ သတ္တဝါ၊ တချို့ ဟာ တောရိုင်းသတ္တဝါတွေ ဖြစ်လာကြတယ်။ ဘုရားသခင်ဟာ ဖန်ဆင်းခဲ့တဲ့ ဟာတွေကို နှစ်သက်တယ်။

OBS Image

အဲဒီနောက် ဘုရားသခင်ဟာ ကမ္ဘာမြေပြင်နဲ့ သတ္တဝါ တွေကို အုပ်စိုးဖို့ ကျွန်ုပ်တို့လို လူသားမျိုးနွယ်ကို ဖန်ဆင်းတယ်။

OBS Image

ဘုရားသခင်ဟာ မြေမှုန့်ကို ယူ၊လုပ်၊ အသက်သွင်းလို့ လူယောက်ျား အာဒံကို ဖန်ဆင်းတယ်၊ ဘုရားသခင်ဟာ အာဒံနေဖို့အတွက် ဥယျာဉ်တစ်ခု လုပ်ပေးတယ်။ အာဒံကို ဥယျဉ်ထဲမှာ နေစေပြီး ဥယျာဉ်ကို စောင့်ရှောက်စေတယ်။

OBS Image

ဘုရားသခင်ဟာ ဥယျာဉ်ရဲ့ အလယ်မှာ အသက်ပင်နဲ့ အကောင်းအဆိုးကို ပိုင်းခြားသိစေနိုင်တဲ့ အပင်ဆိုပြီး ထူးခြားတဲ့ အပင်နှစ်ပင်ကို ဖန်ဆင်းတယ်။ အဲဒီနောက် ဘုရားသခင်က အာဒံကို အကောင်းအဆိုးကို ပိုင်းခြားသိစေနိုင်တဲ့ အပင်ရဲ့ အသီးကလွဲလို့ ဥယျာဉ်ထဲမှာ ရှိတဲ့ ကျန်အပင်တွေရဲ့ အသီးတွေကို စားသုံးနိုင်တယ်။ အဲဒီအပင်ရဲ့ အသီးကို စားမိရင် သေလိမ့်မယ် လို့ ပြောတယ်။

OBS Image

အဲဒီနောက် ဘုရားသခင်က “လူယောက်ျားဟာ တစ်ယောက်ထဲ နေဖို့မသင့်ဘူး”လို့ ပြောတယ်။ ဒါပေမဲ့ ဘယ် သတ္တဝါကမှ အာဒံရဲ့ ကူဖော်လောင်ဖက် မဖြစ်နိုင်ဘူး။

OBS Image

အဲဒါကြောင့် ဘုရားသခင်ဟာ အာဒံကို နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပြီး အာဒံရဲ့ နံရိုးတစ်ချောင်းကို ယူပြီးတော့ လူမိန်းမ ဧဝကို ဖန်ဆင်းပြီးတဲ့အခါမှ အာဒံဆီကို ခေါ်လာတယ်။

OBS Image

အာဒံဟာ ဧဝကို မြင်တဲ့အခါ၊ “နောက်ဆုံးမှာ ငါနဲ့တူတဲ့သူကို တွေ့ပြီ၊ ဒီလူဟာ ယောက်ျားကနေ ဖန်ဆင်းခဲ့တာဖြစ်လို့ မိန်းမလို့ ခေါ်ရမယ်” ဆိုပြီးတော့ ပြောတယ်။ ဒီဟာက ယောက်ျားဟာ မိဘကို စွန့်ပြီး မိန်းမနဲ့ တစ်ကိုယ်တည်း ဖြစ်ရမဲ့ အကြောင်းပါပဲ။

OBS Image

ဘုရားသခင်ဟာ လူယောက်ျားနဲ့ မိန်းမကို သူ့ရဲ့ပုံသဏ္ဍာန်နဲ့ အညီ ဖန်ဆင်းပြီး “သားသမီး၊ မြေးမြစ် အများကြီး မွေးဖွားလို့ မြေကြီးကို ပြည့်စေ” ဆိုပြီး ကောင်းကြီးပေးတယ်။ ဘုရားသခင်ဟာ ဖန်ဆင်းပြီးတဲ့ အရာအားလုံးကို ကြည့်ပြီး ကောင်းတာကို မြင်တဲ့အခါ ကျေနပ်အားရတယ်။ ဒီလိုနဲ့ ဘုရားသခင်ဟာ အရာအားလုံးကို ခြောက်ရက်အတွင်း ဖန်ဆင်းတယ်။

OBS Image

ခုနစ်ရက်မြောက်နေ့ ရောက်တဲ့အခါ ဘုရားသခင်ဟာဖန်ဆင်းခြင်းအလုပ်တွေကို ပြီးဆုံးပြီး၊ ဖန်ဆင်းခြင်းအလုပ်က အနားယူတယ်။ အနားယူတဲ့ ခုနစ်ရက်မြောက်တဲ့ နေ့ကို သန့်ရှင်းတဲ့နေ့အဖြစ် ကောင်းကြီးပေးတယ်။ ဒီအရာတွေက ဘုရားသခင်ဟာ စကြာဝဠာ နဲ့ စကြာဝဠာအတွင်းမှာရှိတဲ့ အရာအားလုံးကို ဖန်ဆင်းတာတွေပဲ ဖြစ်တယ်။

အခြေပြုကျမ်းညွှန်း - ကမ္ဘာဦးကျမ်း ၁ မှ ၂