မြန်မာ: Open Bible Stories

Updated ? hours ago # views See on DCS

၃၅။ သနားကြင်နာတတ်တဲ့ ဖခင်တစ်ဦးရဲ့ အကြောင်း။

OBS Image

တစ်နေ့မှာယေရှုဟာ သူဟောပြောတာကို နားထောင်ဖို့လာတဲ့ အခွန်ခံတွေနဲ့ လူဆိုးတွေကို ဟောပြောသင်ကြားပေးခဲ့တယ်။

OBS Image

တစ်ချို့ ဘာသာရေးခေါင်းဆောင်တွေက ‘ယေရှုဟာလူဆိုးတွေနဲ့အတူ မိတ်ဆွေဖွဲ့ရတယ်လို့’ ဆိုပြီး အပြစ်တင်ဝေဖန် ရှုတ်ချကြတယ်။ ဒါကြောင့် ယေရှုကသူတို့ကိုဒီဥပမာလေးနဲ့ သင်ကြားပေးခဲ့တယ်။

OBS Image

တစ်ခါက သူဌေးကြီးတစ်ယောက်မှာသားနှစ်ယောက်ရှိတယ်။ တစ်နေ့တော့ သားငယ်ဖြစ်သူက ‘ကျွန်တော်ပိုင်ထိုက်တဲ့ အမွေကို ခွဲဝေပေးပါ’ ဆိုပြီးသူ့အဖေကို တောင်းဆိုခဲ့တယ်။ တောင်းဆိုတဲ့အတိုင်းပဲ သူ့အဖေကသူတို့ကို အမွေခွဲပေးလိုက်တယ်။

OBS Image

အမွေလည်းရရော သားငယ်ဟာဖခင်အိမ်ကထွက်သွားပြီး သူပိုင်တဲ့ အမွေတွေကို မိုက်မိုက်မဲမဲဖြုန်းတီးခဲ့တယ်။

OBS Image

သူရတဲ့ အမွေတွေကုန်တဲ့အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီပြည်မှာ အစာငတ်မွတ်ခြင်းဘေးကဆိုက်ရောက်လာတယ်။ ဝမ်းရေးပြသနာနဲ့ ကြုံရတဲ့အခါသူဟာ ဝက်ကို ထိန်းကျောင်းတဲ့ အလုပ်လုပ်ရတယ်။ စိတ်ပျက်လက်ပျက်နဲ့ ဝက်ထိန်းတဲ့အခါဝက်ရဲ့ အစာကိုတောင်စားချင်စိတ်သူ့မှာဖြစ်လာတယ်။

OBS Image

စိတ်ဓာတ်တွေလည်းကျ၊ ဗိုက်ကလည်းဆာ၊ အဲ့လိုပြဿနာကြုံရတော့ ဘာလုပ်ရမလဲ သူစဉ်းစားတဲ့အခါမှာ နောက်ဆုံး သူ့အဖေဆီကို ပြန်ဖို့ ဆုံးဖြတ်တော့တယ်။ သူပြန်ရောက်ရင် သူ့အဖေရဲ့ သားအဖြစ်နဲ့ မဟုတ်ဘဲ အစေခံတစ်ယောက်ရဲ့ သားအဖြစ်လက်ခံပေးဖို့ တောင်းဆိုမယ်ပေါ့။

OBS Image

ဒါကြောင့် သူ့အဖေအိမ်ကို ပြန်လာတော့တယ်။ သူ့အဖေက သူ့သားကိုလည်းတွေ့ရော သနားပြီးတော့ ဖက်နမ်းတယ်။

OBS Image

သားငယ်က ‘အဖေ ကျွန်တော်ဟာဘုရားသခင်ကိုလည်းပြစ်မှားတယ်။ အဖေ့ကိုလည်း ပြစ်မှားတယ်။ သားလို့အခေါ်ခံဖို့မထိုက်တန်ဘူး’ဆိုပြီး ငိုယိုပြီး သူ့အဖေကို တောင်းပန်တယ်။

OBS Image

သူ့အဖေကတော့ သူ့ရဲ့ အခိုင်းအစေကို ခေါ်ပြီး သူ့သားအတွက် အင်္ကျီအသစ်၊ လက်စွပ်နဲ့ ဖိနပ်ကို ယူလာခိုင်းတယ်။ စားသောက်ပွဲကြီးကိုလည်း အဆူဖြိုးဆုံး အိမ်မွေးတိရိစ္ဆာန်ကိုသတ်ပြီး ပြင်ဆင်ဖို့ ခိုင်းလိုက်တယ်။ ဘာဖြစ်လို့ ဒီလို မင်္ဂလာရှိတဲ့ပွဲကို လုပ်တာလဲဆိုတော့ သေသွားတဲ့သားက အသက်ပြန်ရှင်လာတယ်။ အရင်က ပျောက်သွားတဲ့သားကို အခု ပြန်တွေ့လို့ဖြစ်တယ်။

OBS Image

စားသောက်ပွဲကျင်းပတဲ့အချိန်မှာ သားကြီးဟာ လယ်တောကပြန်လာပြီး သီချင်းသံ၊ တီးခတ်သံတွေကို ကြားရတဲ့အခါမှာတော့ ဘာသံတွေလဲ ဆိုပြီး နားမလည်နိုင်ဖြစ်နေတယ်။

OBS Image

ဖြစ်ကြောင်းကုန်စင်ကိုသိရတဲ့အခါမှာတော့ အရမ်းစိတ်ဆိုးပြီးအိမ်ထဲကို မဝင်ဘဲနေလိုက်တယ်။ ဖခင်ကသူ့သားကြီးဆီလာပြီးစားသောက်ပွဲမှာပါဝင်ဖို့ ခေါ်တယ်။ ဒါကို သူ့သားကြီးငြင်းတယ်။

OBS Image

သားကြီးက ‘ကျွန်တော်ဟာ အဖေ့စကားကို နားထောင်ပြီး အဖေ့အတွက်ဒီနေ့အထိ သစ္စာရှိရှိ ကြိုးစားလုပ်ပေးပေမဲ့အဖေဟာကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေတွေအတွက် ဆိတ်ကလေးတစ်ကောင် တောင် မသတ်ပေးဘူး။ အခု ဒီသားဆိုးသားမိုက်ပြန်လာတာကိုကျတော့ အကောင်းဆုံးနွားကိုသတ်ပေး တယ်’ ဆိုပြီး စောဒကတက်ပြလိုက်တယ်။

OBS Image

သူ့အဖေကလည်း ‘သား အဖေပိုင်တဲ့အရာအားလုံးဟာ အဖေ့အနားမှာ အမြဲရှိတဲ့ သားကြီးအတွက် ဖြစ်ပြီးသားလေ။ အခုသားညီကတော့ သေဆုံးပြီးပြန်ရှင်လာတာ။ အရင်က ပျောက်ပြီး အခု ပြန်တွေ့လို့ အဖေတို့က ပွဲလုပ်ပြီး ဂုဏ်ပြုပေးတာပါ’ ဆိုပြီး သူ့သားကြီးကိုရှင်းပြတယ်။

အခြေပြုကျမ်းညွှန်း - လုကာ ၁၅: ၁၁-၃၂