မြန်မာ: Open Bible Stories

Updated ? hours ago # views See on DCS

၁၈။ နှစ်ခြမ်းကွဲသောနိုင်ငံတော်

OBS Image

နှစ်ပေါင်းကြာလာတဲ့အခါ ဒါဝိဒ်မင်းကြီးဆုံးပြီးနောက် သူ့သား ရှောလမုန်ဟာ အစ္စရေးလူမျိုးတွေကို စတင်အုပ်ချုပ်တယ်။ ဘုရားသခင်က ရှောလမုန်ကို သူ့ရဲ့ အလိုချင်ဆုံးသော အရာကိုပေးခဲ့သည်။ ရှောလမုန်က ဉာဏ်ပညာကို တောင်းလျှောက်တဲ့အခါ ဘုရားသခင်ကို ကျေနပ်အားရစေခဲ့ပြီး သူ့ကို ကမ္ဘာပေါ်မှာ ပညာအရှိဆုံးလူဖြစ်စေခဲ့တယ်။ ရှောလမုန်ကလည်း ပညာအမျိုးစုံကို လေ့လာဆည်းပူး ခဲ့ပြီး အရမ်းပညာရှိတဲ့ တရားစီရင်နိုင်သူ ဖြစ်ခဲ့တယ်။ ဘုရားသခင်က သူ့ကို အရမ်းချမ်းသာတဲ့သူလည်းဖြစ်စေခဲ့တယ်။

OBS Image

ရှောလမုန်မင်းကြီးအတွက် ယေရူဆလင်မြို့မှာ ခမည်းတော်စီမံပြင်ဆင်ပြီး စုဆောင်းထားတဲ့ ကုန်ကြမ်းတွေကို အသုံးပြုပြီးဗိမာန်တော်ကို တည်ဆောက်ခဲ့တယ်။ အခုအခါမှာတော့ လူတွေဟာ ပရိသတ်စည်းဝေးတဲ့နေရာ တဲတော်အစား ဗိမာန်တော်မှာ ဘုရားသခင်ကို ဝတ်ပြုပူဇော်ခဲ့ကြတယ်။ ဘုရားသခင်ဟာ ဗိမာန်တော်ထဲ ကြွရောက်လာပြီး သူ့ရဲ့လူတွေနဲ့အတူ နေခဲ့တယ်။

OBS Image

ဒါပေမဲ့ ရှောလမုန်မင်းကြီးဟာ တိုင်းတပါးက မိန်းမတွေအများကြီးကို ချစ်ကြိုက်ခဲ့တယ်။ ထိုသို့ဖြင့် ဘုရားသခင်ကို နာမခံဘဲ တိုင်းတပါးမှ အရေအတွက်အားဖြင့် တစ်ထောင်ခန့်မျှရှိသော မိန်းမများကို လက်ထပ်ခဲ့၏။ ထိုအထဲမှ မိန်းမများစွာတို့သည် တိုင်းတပါးမှ ရောက်လာကြပြီး သူတို့၏ ရုပ်တုများကို ယူလာကာ ဆက်လက်ကိုးကွယ်ခဲ့ကြသည်။ ရှောလမုန်မင်းကြီးသည်လည်း အသက်ကြီးလာသောအခါ ထိုဘုရားများကို ဝတ်ပြုကိုးကွယ်ခဲ့၏။

OBS Image

အဲဒါကြောင့် ဘုရားသခင်ဟာ ရှောလမုန်မင်းကို ဒေါသထွက်ခဲ့ပြီး သူရဲ့ သစ္စာမရှိတာအတွက် ဆုံးမအပြစ်ပေးတဲ့အနေနဲ့ ရှောလမုန်မင်းကြီး ဆုံးသွားပြီးတဲ့နောက် အစ္စရေးတိုင်းပြည် နှစ်ခြမ်းကွဲစေရမယ်လို့ ကတိပေးတယ်။

OBS Image

ရှောလမုန်သေဆုံးပြီးတဲ့နောက်မှာ သားတော်ယောဘောင်ဟာ ဘုရင်ဖြစ်ခဲ့တယ်။ ယောဘောင်ဟာ မိုက်မဲတဲ့ သူဖြစ်တယ်။ ယောဘောင်ကို ဘုရင်အဖြစ် အသိအမှတ်ပြုဖို့ အစ္စရေးနိုင်ငံကလူတွေဟာ စုရုံးရောက်လာကြတယ်။ သူတို့က ရှောလမုန်မင်း လက်ထက်တစ်လျှောက်လုံး ပေးဆောင်ခဲ့ရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ အလုပ်တွေနဲ့ များပြားလတဲ့ အခွန်တွေကို လျှော့ပေါ့ပေးဖို့ တောင်းဆိုခဲ့ကြတယ်။

OBS Image

ယောဘောင်က သူတို့ကို ‘ငါ့ခမည်းတော်ဟာ မင်းတို့ကို ခက်ခဲကြမ်းတမ်းတဲ့ အလုပ်ကို လုပ်ခိုင်းတယ် လို့ ထင်ကြတယ်။ ဒါပေမဲ့ငါဟာ ပိုပြီးတော့ ကြမ်းတမ်းတဲ့ အလုပ်ကို လုပ်ခိုင်းမယ်။ ငါ့ခမည်းတော်ထက်ပိုပြီး ကြီးလေးတဲ့ ပြစ်ဒဏ်ကို မင်းတို့ကို ငါပေးမယ်’ လို့ မိုက်မိုက်မဲမဲ ဖြေလိုက်တယ်။

OBS Image

အစ္စရေးလူမျိုးစု ဆယ်စုဟာ ယောဘောင်ကို ဆန့်ကျင်ကြသည်။ ကျန်လူမျိုးနွယ်စု နှစ်စုကသာ သူ့ဘက်မှာ သစ္စာခံခဲ့ကြတယ်။ ဒီလူမျိုးစု နှစ်စုနဲ့ ယုဒနိုင်ငံ ပေါ်ပေါက်လာခတယ်။

OBS Image

ယောဘောင်ကို ဆန့်ကျင်တဲ့ အစ္စရေးလူမျိုးတွေဟာ ယေရောဘောင် ဆိုသူကို သူတို့ရဲ့ ဘုရင်အဖြစ် တင်မြောက်ခဲ့ကြတယ်။ နိုင်ငံရဲ့မြောက်ပိုင်းမှာ တိုင်းပြည်တစ်ပြည် တည်ထောင်ပြီး၊ အစ္စရေးနိုင်ငံလို့ ခေါ်ခဲ့တယ်။

OBS Image

ယေရောဘောင်ဟာ ဘုရားသခင်ကို ဆန့်ကျင်ပြီးတော့ ပြည်သူတွေကို အပြစ်ဖြစ်စေခဲ့တယ်။ ယုဒနိုင်ငံက ဗိမာန်တော်မှာ ဘုရားသခင်ကို ကိုးကွယ်ရမည့်အစား ရုပ်တုနှစ်ခုကို လုပ်ခဲ့ပြီး ပြည်သူတွေကို အဲဒီရုပ်တုကို ကိုးကွယ်စေခဲ့တယ်။

OBS Image

အစ္စရေးနိုင်ငံနဲ့ ယုဒနိုင်ငံတို့ဟာ ရန်ဖက်တွေ ဖြစ်လာကြပြီး မကြာခဏ အပြန်အလှန်တိုက်ခိုက် ခဲ့ကြတယ်။

OBS Image

အစ္စရေးနိုင်ငံသစ်မှာရှိတဲ့ ရှင်ဘုရင်အားလုံးတို့ဟာ ဆိုးယုတ်တဲ့သူတွေ ဖြစ်ကြတယ်။ ဒီဘုရင်တွေထဲက ဘုရင်အများစုဟာ ရှင်ဘုရင်ဖြစ်ချင်တဲ့ အခြား အစ္စရေးများရဲ့ လုပ်ကြံသတ်ဖြတ်တာကို ခံခဲ့ကြရတယ်။

OBS Image

အစ္စရေးရှင်ဘုရင်အားလုံးနဲ့ အစ္စရေးနိုင်ငံသား အများစုတို့ဟာ ရုပ်တုတွေကိုသာ ကိုးကွယ်ခဲ့ကြတယ်။ သူတို့ရဲ့ရုပ်တုကိုးကွယ်တာတွေမှာ တစ်ခါတစ်ရံ မတရားတဲ့ မေထုန်ပြုခြင်းနဲ့ ကိုယ့်သားသမီးတွေကို ယဇ်ပူဇော်တာတွေကို လုပ်ခဲ့ကြတယ်။

OBS Image

ယုဒရှင်ဘုရင်တွေဟာ ဒါဝိဒ်ရဲ့ သားစဉ်မြေးဆက်တွေဖြစ်ကြတယ်။ တချို့ကကောင်းတဲ့ ဘုရင်တွေဖြစ်တယ်၊ ဖြောင့်မတ်စွာအုပ်ချုပ်ပြီး ဘုရားသခင်ကို ကိုးကွယ်ခဲ့ကြသည်။ ဒါပေမဲ့ ယုဒရှင်ဘုရင်အများစုဟာ ဆိုးယုတ်တဲ့သူ၊ အကျင့်စာရိတ္တပျက်ပြားတဲ့သူနဲ့ ရုပ်တုဆင်းတုကို ကိုးကွယ်သောသူတွေ ဖြစ်ကြတယ်။ တချို့ ယုဒရှင်ဘုရင်တွေဟာ သူတို့ရဲ့ သားသမီးတွေကိုတောင် မှားယွင်းတဲ့ဘုရားတွေဆီကို ပူဇော်ခဲ့ကြတယ်။ ယုဒပြည်သူအများစုကလည်း ဘုရားသခင်ကို ဆန့်ကျင်ပြီး တခြားဘုရားတွေကို ကိုးကွယ်ခဲ့ကြတယ်။

အခြေပြုကျမ်းညွှန်း - ဓမ္မရာဇဝင် တတိယစောင် ၁-၆၊ ၁၁-၁၂။