မြန်မာ: Open Bible Stories

Updated ? hours ago # views See on DCS

၂၅။ မာရ်နတ်ယေရှုကိုသွေးဆောင်ခြင်း

OBS Image

သခင်ယေရှု ရေနှစ်ခြင်း မင်္ဂလာကို ခံယူပြီးနောက်မှာတော့ သန့်ရှင်းသောဝိညာဉ်တော်က သူ့ကို ကန္တာရကို ချက်ချင်း ပို့ဆောင်ခဲ့တယ်။ ယေရှုဟာ ရက် ၄၀ နေ့ည အစာမစား ရေလည်းမသောက်ပဲ နေခဲ့တယ်။ နေပြီးတဲ့နောက်မှာ မာရ်နတ်က သူ့ဆီရောက်လာပြီး ယေရှုကို အပြစ်လုပ်မိအောင် သွေးဆောင်ခဲ့တယ်။

OBS Image

မာရ်နတ်ကယေရှုကို ‘ခင်ဗျားဟာတကယ်ပဲ ဘုရားသားမှန်ရင်စားစရာရှိအောင် ဒီကျောက်ခဲတွေကို မုန့်ဖြစ်အောင်လုပ်ပါ’ ဆိုပြီးသွေးဆောင်တယ်။

OBS Image

ယေရှုက ‘လူဟာမုန့်ကနေအသက်ရှင်ရတာမဟုတ်ဘူး။ ဘုရားသခင်ပြောကြားတဲ့အတိုင်းအသက်ရှင်ရတယ် လို့ ကျမ်းစာက ပြောထားတယ်’ ဆိုပြီး ပြန်ပြောတယ်။

OBS Image

နောက်တစ်ကြိမ်မာရ်နတ်က ယေရှုကို ဗိမ္မာန်တော်ရဲ့ ထိပ်ကို ပို့ဆောင်ပြီး ‘ဘုရားသားမှန်ရင် ကိုယ့်ကိုယ်ကို အောက်ကျအောင် ချလိုက်ပါ။ မင်းရဲ့ခြေကို ကျောက်နဲ့မထိအောင် မထားဖို့အတွက် ကောင်းကင်တမန်တွေကို ပြောထားတယ် ဆိုတာကျမ်းစာမှာ ရေးထားတယ်မဟုတ်လား’ လို့ပြောပြီးယေရှုကို သွေးဆောင်တယ်။

OBS Image

ဒါပေမဲ့ ယေရှုက ကျမ်းစာကိုထောက်ပြီး ပြောတာကတော့ ‘မင်းရဲ့ ဘုရားကို စမ်းကြည့်တာမျိုးမလုပ်ရဘူး’လို့ ပြောခဲ့တယ်။

OBS Image

စာတန်ဟာ ယေရှုကို ကမ္ဘာပေါ်က တိုင်းနိုင်ငံတွေအားလုံးနဲ့ ဘုန်းစည်းစိမ်ကို ပြပြီး ‘ငါ့ကို ပြပ်ဝပ်ကိုးကွယ်ရင် ဒါတွေပေးမယ်’ လို့ပြောတယ်။

OBS Image

ယေရှုက ‘မာရ်နတ်၊ ငါ့ဆီကထွက်သွား။ ဘုရားသခင်တစ်ပါးတည်းကိုပဲ ဝတ်ပြုကိုးကွယ်ရမယ်’ လို့ပြောပြီး မာရ်နတ်ကို နှင်ထုတ်လိုက်တော့တယ်။

OBS Image

မာရ်နတ်ဟာ ယေရှုကို သွေးမဆောင်နိုင်တော့တဲ့အခါမှာတော့ ယေရှုဆီကနေ ထွက်ခွာသွားခဲ့တယ်။ နောက်တော့ ကောင်းကင်တမန်တွေက ယေရှုဆီကို ရောက်လာပြီး သူ့ကို လုပ်ကျွေးပြုစုကြတယ်။

အခြေပြုကျမ်းညွှန်း - မဿဲ ၄: ၁-၁၁၊ မာကု ၁: ၁၂-၁၃၊ လုကာ ၄: ၁-၁၃