မြန်မာ: Open Bible Stories

Updated ? hours ago # views See on DCS

၃၄။ ယေရှုပြောတဲ့ အခြား ပုံဥပမာတွေ

OBS Image

အရှင်အရှင်ယေရှုက ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ ပတ်သက်ပြီးတော့ ပုံဥပမာအများကြီး ကို ပြောကြားခဲ့တယ်။ ဥပမာ ဘုရား သခင်ရဲ့ နိုင်ငံတော်ဟာ လူတစ်ယောက်စိုက်ပျိုးလိုက်တဲ့မုန်ညှင်းစေ့ လို အစေ့တကာတို့ထက် သေးငယ်တာကို မင်းတို့သိကြတယ်။

OBS Image

ဒါပေမဲ့ မုန်ညှင်းစေ့ ကြီးလာတဲ့အခါ ဥယျာဉ်မှာရှိတဲ့ အပင်တွေထက် ပိုကြီးတာကို တွေ့ရတယ်။ ငှက်တွေ ခိုနားဖို့အတွက်လည်း အကိုင်းအခက်အရွက်တွေနဲ့ ပြည်စုံနေတယ်။

OBS Image

အရှင်ယေရှုက အခြားပုံဥပမာကို ပြောပြတာကတော့ ‘တဆေးကြောင့် မုန့်ညက်ဟာ ကြီးမားကျယ်ပြန့်လာနိုင်တယ်။ ဘုရားသခင်ရဲ့နိုင်ငံတော်ဟာ မိန်းမလုပ်တဲ့ မုန့်ထဲမှာ တဆေးကို ထည့်နယ်ထားတဲ့ မုန့်ညက်နှင့် တူတယ်။

OBS Image

ဘုရားသခင်ရဲ့ နိုင်ငံတော်ဟာ လယ်မှာဝှက်ထားတဲ့ ရတနာ နှင့်တူတယ်။ ရတနာကို အခြားသူတစ်ယောက် တွေ့သွားတဲ့အခါ ထပ်ဖုံးအုပ်ထားလိုက်တယ်။ ဝမ်းမြောက်တဲ့စိတ်အပြည့်နဲ့ ရတနာရှိတဲ့လယ်ကို ဝယ်ဖို့အတွက် သူ့မှာရှိသမျှ ဥစ္စာတွေကို ရောင်းပြီး မြေကွက်ကိုဝယ်လိုက်တယ်။

OBS Image

ဘုရားသခင်ရဲ့ နိုင်ငံတော်ဟာ မွန်မြတ်တဲ့ ပုလဲနဲ့ တူတယ်။ ပုလဲကို ကျောက်မြတ်ကုန်သည် တွေ့တဲ့အခါ ဝယ်ဖို့ အတွက် သူ့မှာရှိတဲ့ စည်းစိမ်ရတနာကို ရောင်းလိုက်တယ်။

OBS Image

အရှင်ယေရှုက ‘ကိုယ့်ကိုယ်ကိုသာ အကောင်းမြင်ပြီး တခြားလူကို ရှုတ်ချတတ်တဲ့ လူတွေကို ဒီပုံဥပမာကို ပြောခဲ့ပါတယ်။ လူနှစ်ယောက်ရှိတယ်။ တစ်နေ့တော့ ဗိမာန်တော်ကို ဆုတောင်းဖို့ သွားခဲ့ကြတယ်။ တစ်ယောက်က ဘာသာရေးခေါင်းဆောင် ဖြစ်ပြီး နောက် တစ်ယောက်က အခွန်ခံဖြစ်တယ်။

OBS Image

ဘာသာရေးခေါင်းဆောင်ဖြစ်သူက “ဘုရားသခင်… ကျွန်တော်ဟာ တခြားလူကို ဓါးမြတိုက်တာလည်းမရှိဘူး။ လိမ်လည်း မပြောဘူး။ သူများ သားမယားကိုလည်း မပြစ်မှားဘူး။ အခွန်ခံလိုမျိုး လူဆိုးမဖြစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

OBS Image

ဥပမာပြောပြရရင်တော့ ကျွန်တော်ဟာ တပတ်နှစ်ခါ အစာရှောင်ပြီးကျွန်တော်ပိုင်ဆိုင်တဲ့အရာတွေထဲက ဆယ်ဖို့ တဖို့ကိုလည်း လှူတန်းခဲ့တယ်’ ဆိုပြီး ဆုတောင်းခဲ့တယ်။

OBS Image

ဒါပေမဲ့ အခွန်ခံဟာ ဘာသာရေးခေါင်းဆောင်နဲ့ ဝေးတဲ့နေရာမှာ နေရာယူပြီး ကောင်းကင်ကိုတောင် မော်မကြည့်ရဲပဲ သူ့ရင်ဘတ်ကို လက်နဲ့ထုပြီး ‘ဘုရားသခင် ကျွန်တော်ဟာ အပြစ်သားဖြစ်တဲ့အတွက် ကျွန်တော့်ကို သနားတော်မူပါ’ ဆိုပြီး ဆုတောင်းလိုက်တယ်။

OBS Image

အရှင်ယေရှုက ဥပမာကို ပြောပြီးတဲ့နောက် မှာတော့ ‘ဘုရားသခင်က အခွန်ခံရဲ့ ဆုတောင်းချက်ကို နားညောင်းပြီး ဖြောင့်မတ်တဲ့သူ အဖြစ်အသိအမှတ်ပြုခဲ့တယ်။ ဘာသာရေးခေါင်းဆောင်ရဲ့ ဆုတောင်းချက်ကိုတော့ အသိအမှတ်မပြုခဲ့ဘူး။ ကိုယ့်ကိုယ်ကို ချီးမြောက်တဲ့ သူကို ဘုရားသခင်က နှိမ့်ချပြီးတော့ ကိုယ်ကိုယ်ကို နှိမ့်ချတဲ့လူကိုတော့ ဘုရားသခင်ချီးမြောက်တယ်။

အခြေပြုကျမ်းညွှန်း - ရှင်မဿဲခရစ်ဝင် ၁၃၊ ၃၁၊ ၃၃၊ ၄၄၊ ၄၆။ ရှင်မာကုခရစ်ဝင် ၄:၃၀-၃၂။ ရှင်လုကာခရစ်ဝင် ၁၃:၁၈-၂၁၊ ၁၈:၉-၁၄။