ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

ဖန်ဆင်းခြင်း

Frame 01-01

ဤအကြောင်းအရာများသည် ဘုရားရှင်၏ အစဦးပိုင်းတွင် အရာအားလုံးအားဖန်ဆင်းခဲ့ပုံ ဖြစ်သည်။ ဘုရားရှင်သည် စက်ြာဝဠာကြီးနှင့် အရာအားလုံးကိုခြောက်ရက်အတွင်း ဖန်ဆင်းခဲ့သည်။ ဘုရားရှင်သည် ကမ္ဘာကြီးကိုစတင်ဖန်ဆင်းပေးခဲ့စဉ်က မည်သည့်အရာမှဖန်ဆင်းခြင်းမရှိသေးသဖြင့် ကမ္ဘာသည်မှောင်မိုက်ပြီး ဟင်းလင်းပြင်ဖြစ်ခဲ့သည်။ သို့သော် ဘုရားရှင်၏ဝိညာဉ်တော်သည် ကမ္ဘာ့ရေမျက်နှာပေါ်တွင်ရှိနေခဲ့သည်။

Frame 01-02

ထို့နောက်ဘုရားရှင်က"ဤကမ္ဘာမှာ အလင်းရောင်ရှိစေ"ဟုဗျာဒိတ်တော်ပေးလိုက်သည်။ ထို့ကြောင့်ဤကမ္ဘာပေါ်တွင် အလင်းရောင်ရှိလာခဲ့သည်။ ဘုရားရှင်သည်ထို အလင်းရောင်ကောင်းသည်ကိုတွေ့ပြီး အလင်းရောင်အား ‘နေ့’ဟုခေါ်ခဲ့ပြီး ‘ည’ဟုခေါ်သောအမှောင်ထုနှင့် ၎င်းအားခွဲခြားလိုက်သည်။ ဘုရားရှင်သည် အလင်းရောင်အား ဖန်ဆင်းခြင်း၏ ပထမဆုံးနေ့တွင်ဖန်ဆင်းခဲ့ပါသည်။

Frame 01-03

ဖန်ဆင်းခြင်း၏ဒုတိယနေ့တွင် ဘုရားရှင်က "ရေပေါ်အထက်မျက်နှာကျက်တွင်ဖြန့်ကျက်(အုပ်မိုး)ထားသော အရာတစ်ခုရှိစေ"ဟုဗျာဒိတ်ပေးလိုက်သောအခါတွင် ဖြန့်ကျက်(အုပ်မိုး)ထားသောအရာတစ်ခုရှိလာခဲ့သည်။ ဘုရားရှင်က ဤဖြန့်ကျက်(အုပ်မိုး)ထားသော အရာကို" ကောင်းကင်"ဟုခေါ်ခဲ့သည်။

Frame 01-04

တတိယမြောက်နေ့တွင် ဘုရားရှင်သည်"ရေများအားတစ်နေရာတွင်စုဝေးစေပြီး ကုန်းမြေပေါ် ပေါက်စေ"ဟုဗျာဒိတ်တော်ပေးခဲ့လေသည်။ ဘုရားရှင်သည်ကုန်းမြေအား "ကမ္ဘာမြေကြီး"ဟုခေါ်ဝေါ်ခဲ့ပြီး ရေများကို "ပင်လယ်များ "ဟု ခေါ်ဝေါ်ခဲ့သည်။ ဘုရားရှင်သည် သူဖန်ဆင်းခဲ့သည့်အရာများအား ကောင်းမွန်နေသည်ကိုမြင်တွေ့တော်မူလေသည်။

Frame 01-05

ထို့နောက်ဘုရားရှင်သည် "ကမ္ဘာမြေကြီးအား သစ်ပင်နှင့်ပန်းပင်မျိုးစုံကို ပေါက်ရောက်စေ"ဟုဗျာဒိတ် ပေးခဲ့လေသည်။ ထို့နောက်သစ်ပင်၊ပန်းပင်များဖြစ်ပေါ်လာခဲ့သည်။ ဘုရားရှင်သည် သူဖန်ဆင်းခဲ့သည့်အရာများ ကောင်းမွန်နေသည်ကိုတွေ့မြင်ခဲ့ရပါသည်။

Frame 01-06

ဖန်ဆင်းခြင်း၏စတုတ္ထမြောက်နေ့တွင် ဘုရားရှင်သည် "ကောင်းကင်ယံ၌ အလင်းရောင်များ ရှိစေဟုဗျာဒိတ်ပေးလိုက်သောအခါနေ၊ လနှင့်ကြယ်တာရာများကိုပါ ပေါ်ပေါက်စေခဲ့သည်။ ဘုရားရှင်သည်ထိုအရာတို့အား ကမ္ဘာမြေကြီးအတွက်အလင်းရောင်ပေးရန်နှင့် နေ့၊ည၊ရာသီဥတုများနှင့် သက္ကရာဇ်များအားမှတ်သားရန် ဖန်ဆင်းခဲ့ပါသည်။ ဘုရားရှင်သည် သူဖန်ဆင်းခဲ့သည့်အရာများ ကောင်းမွန်နေသည်ကို တွေ့မြင်ခဲ့ရပါသည်။

Frame 01-07

ပဉ္စမမြောက်နေ့တွင် ဘုရားရှင်သည် "ရေများတွင်သက်ရှိများဖြင့်ပြည့်စုံစေပြီး ကောင်းကင်ယံ၌ ငှက်များအားပျံသန်းစေ"ဟုဗျာဒိတ်တော်ပေးလိုက်ပါသည်။ ဤနည်းဖြင့်ဘုရားရှင်သည် ရေထဲတွင်ကူးခတ်သည့် အရာများကိုကူးခတ်စေပြီး ငှက်များကိုလည်းပျံသန်းအောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဘုရားရှင်သည် ထိုအရာတို့ကို ကောင်းမွန်သည်ဟုမြင်ပြီး ၎င်းတို့အားကောင်းချီးမင်္ဂလာပေးခဲ့လေသည်။

Frame 01-08

ဖန်ဆင်းခြင်း၏ဆဌမမြောက်နေ့တွင် ဘုရားရှင်သည် "ကုန်းနေသတ္တဝါများစွာတို့အား ပေါ်ပေါက်စေ" ဟုဗျာဒိတ်တော်ပေးခဲ့လေသည်။ ထို့နောက် ဘုရားရှင်ပြောသည့်အတိုင်းဖြစ်ပေါ်ခဲ့ပြီး အချို့မှာ မွေးမြူရေး တိရိစ္ဆာန်များဖြစ်၍ အချို့မှာမြေကြီးပေါ်တွင်တွားသွားသတ္တဝါများဖြစ်ကာ အချို့မှာတောရိုင်းတိရစ္ဆာန်များဖြစ်ကြသည်။ ထို့နောက်ဘုရားရှင်သည် ဤအရာတို့ကိုကောင်းသည်ဟုမြင်တွေ့တော်မူလေသည်။

Frame 01-09

ထို့နောက်ဘုရားရှင်က "ငါနှင့်ပုံစံတူ လူသားအားဖန်ဆင်းစေ၊ထိုသူတို့သည် ကမ္ဘာကြီးနှင့်တိရိစ္ဆာန်အားလုံးအပေါ်၌ အုပ်ချုပ်ကြီးစိုးစေ"ဟုဗျာဒိတ်တော်ပေးခဲ့လေသည်။

Frame 01-10

ထိုအခါဘုရားရှင်သည် မြေကြီးအချို့အားယူ၍လူ ယောကျ်ားပုံသဏ္ဍာန်ပြုလုပ်ကာအသက်သွင်းခဲ့ပြီး ထိုလူ၏အမည်မှာ "အာဒမ်"ဖြစ်လေသည်။ ဘုရားရှင်သည်ကြီးမားသောဥယျာဉ်တစ်ခုအား ‘အာဒမ်’နေထိုင်ရန်အတွက် ဖန်ဆင်းပေးပြီးထိုနေရာတွင်သူ့အား ဂရုတစိုက်ထားရှိခဲ့လေသည်။

Frame 01-11

ဥယျာဉ်၏အလယ်တွင် ဘုရားရှင်သည် အသက်၏သစ်ပင်နှင့် ကောင်းခြင်းဆိုးခြင်းအားသိနိုင်သည့် အသိဉာဏ်သစ်ပင်ဟူသော ထူးခြားသောသစ်ပင်နှစ်ပင်အား ရှိစေခဲ့သည်။ ဘုရားရှင်သည် ‘အာဒမ်’အား ကောင်းခြင်းဆိုးခြင်းအားသိနိုင်သော အသိဉာဏ်သစ်ပင်မှလွဲ၍ မည်သည့်အပင်မှမဆို စားသုံးခွင့်ပြုလေသည်။ ဤသို့တားမြစ်ထားသည့်အပင်မှအသီးကိုစားသုံးလျှင် သူသေရလိမ့်မည်ဟုပညတ်ထားခဲ့လေသည်။

Frame 01-12

ထို့နောက်ဘုရားရှင်သည် "လူသားတစ်ဦးတည်းအထီးကျန်နေခြင်းမှာ မကောင်းပါတကား"ဟုမြွက်ဆိုလိုက်လေသည်။မည်သည့် တိရိစ္ဆာန်မှလည်း ‘အာဒမ်’၏အဖော်မဖြစ်နိုင်ပေ။

Frame 01-13

ထို့ကြောင့်ဘုရားရှင်သည် ‘အာဒမ်’အားနှစ်ခြိုက်စွာအိပ်ပျော်စေခဲ့ပြီး ‘အာဒမ်’၏နံရိုးတစ်ချောင်းကို ယူ၍ မိန်းမအဖြစ်ဖန်ဆင်းကာ အာဒမ်ထံသို့ ခေါ်ဆောင်လာခဲ့သည်။

Frame 01-14

‘အာဒမ်’သည်သူမအားမြင်သောအခါ “နောက်ဆုံးတွင်ဤတစ်ယောက်သည် ကျွန်ုပ်နှင့်တူပြီး သူမအားမိန်းမဟုခေါ်မည်။”ဟုပြောလိုက်လေသည်။ ယောက်ျားများသည် ၎င်း၏မိဘများအားစွန့်ခွါ၍ မိန်းမနှင့်တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သွားရခြင်းမှာမိန်းမသည်ယောကျ်ားထံမှဖြစ်လာသောကြောင့်ဖြစ်သည်။

Frame 01-15

ဘုရားရှင်သည် ယောက်ျားနှင့်မိန်းမကို ၎င်း၏ပုံရိပ်အတိုင်းဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ ဘုရားရှင်သည် သူတို့အားကောင်းချီးပေး၍ "သားသမီးများ၊မြေးများ မြောက်များစွာမွေးကာ ဤကမ္ဘာမြေအားဖြည့်စေ"ဟု မိန့်ဆိုခဲ့သည်။ ထို့နောက်ဘုရားရှင်သည် ၎င်းပြုလုပ်ခဲ့သော အရာများအားလုံး ကောင်းမွန်သည်ကိုတွေ့ရှိခဲ့ပြီး အရာအားလုံးတို့အား အလွန်ကျေနပ်ခဲ့ပါသည်။ ဤအရာအားလုံးသည် ဖန်ဆင်းခြင်း၏ ဆဌမမြောက်နေ့တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Frame 01-16

သတ္တမမြောက်နေ့သို့ရောက်ရှိသောအခါတွင် ဘုရားရှင် လုပ်ဆောင်ခဲ့သောအရာများ အားလုံးပြီးမြောက်ခဲ့ပြီးလေသည်။ သူသည်ဆဌမမြောက်နေ့ကို ကောင်းချီးမင်္ဂလာပေးကာ ကြီးမြတ်အောင်ပြုလုပ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုနေ့တွင်ဖန်ဆင်းခြင်းအားလုံးအား ရပ်နားလိုက်သောနေ့ဖြစ်သောကြောင့်ဖြစ်သည်။ ဤသို့ဖြင့် ဘုရားရှင်သည် စက်ြာဝဠာနှင့် တကွအရာအားလုံးကို ဖန်ဆင်းခဲ့ခြင်းဖြစ်လေသည်။

__