ဘုရားရှင်က မောရှေအားခေါ်ယူတော်မူခြင်း

‘ယောသပ်’ သေဆုံးပြီးသောအခါတွင် ၎င်း၏အမျိုးများအားလုံးသည် အီဂျစ်တွင်ဆက်လက်နေထိုင်ခဲ့ကြသည်။ သူနှင့်သူ၏နောင်လာနောက်သားများသည် ထိုနေရာတွင် နှစ်ပေါင်းများစွာ ဆက်လက်နေထိုင်ကြပြီး သားသမီးများစွာ မွေးဖွားကြသည်။ သူတို့အား ဣသရေလလူမျိုးများဟု ခေါ်ကြသည်။

နှစ်ရာပေါင်းများစွာကြာသောအခါတွင် ဣသရေလလူမျိုးများ၏ လူဦးရေမှာ လွန်စွာကြီးမားလာခဲ့သည်။ အီဂျစ်လူမျိုးများသည် ၎င်းတို့အား ‘ယောသပ်’ ပြုလုပ်ပေးခဲ့သည့်အရာများအားလုံးအတွက် ကျေးဇူးတင်ခြင်းမရှိကြတော့ပေ။ သူတို့သည် ဣသရေလလူမျိုးများ အလွန်များပြားလာသောကြောင့် ကြောက်လန့်လာကြသဖြင့် ထိုအချိန်က အီဂျစ်အား အုပ်ချုပ်နေသော ဘုရင်သည် ဣသရေလလူမျိုးများအား အီဂျစ်လူမျိုးများ၏ကျွန်များအဖြစ် ပြုလုပ်ခဲ့ကြသည်။

အီဂျစ်လူမျိုးများသည် ဣသရေလလူမျိုးများအား အဆောက်အဦးများစွာနှင့်မြို့များကိုပင် ဆောက်လုပ်စေခဲ့သည်။ အလုပ်ကြမ်းများသည် ဆင်းရဲဒုက္ခရောက်စေသော်လည်း ဘုရားရှင်သည် ၎င်းတို့အား ကောင်းချီးမင်္ဂလာများပေးသဖြင့် သားသမီးများပိုမို မွေးဖွားရရှိစေခဲ့သည်။

ဖာရိုဘုရင်သည် ဣသရေလလူမျိုးများက သားသမီးများစွာ မွေးဖွားသည်ကို တွေ့သောအခါတွင် သူ၏လူများအား ဣသရေလလူမျိုး ယောကျ်ားလေးများအား သတ်၍ နိုင်းမြစ်ထဲသို့ ပစ်ချစေခဲ့ပါသည်။

ဣသရေလလူမျိုး အမျိုးသမီးကြီးတစ်ဦးသည် သားယောကျ်ားလေးတစ်ဦးအား မွေးဖွားပြီး ထိုခလေးကို တတ်နိုင်သမျှအချိန်ကြာအောင် ဝှက်ထားခဲ့လေသည်။

မိဘများသည် ခလေးငယ်အားဆက်၍ဝှက်မထားနိုင်တော့သောအခါတွင် အသတ်ခံရခြင်းဘေးမှကယ်တင်နိုင်ရန် နိုင်းမြစ်ကမ်းဘေးရှိ အပင်များကြားတွင် ရေပေါ်တွင်ပေါ်နိုင်သော ခြင်းတောင်းတစ်လုံးဖြင့် ထားခဲ့လိုက်သည်။ ခလေးငယ်၏ အမဖြစ်သူမှာ ခလေးငယ်မည်သို့ ဆက်ဖြစ်မည်ကို ဆက်လက်စောင့်ကြည့်နေခဲ့သည်။

ဘုရင်၏သမီးတော်တစ်ပါးသည် ခြင်းတောင်းအားတွေ့၍ အထဲသို့ကြည့်လိုက်သောအခါ ထိုကလေးငယ်အား တွေ့ရှိသွားပြီးမွေးစားလိုက်လေသည်။ သူမသည် ဣသရေလလူမျိုး အမျိုးသမီးတစ်ဦးအား ထိုကလေးငယ်ကို စောင့်ရှောက်ရန် ငှားရမ်းလိုက်သည်။ ထိုအမျိုးသမီးမှာ ကလေးငယ်၏ မိခင်အရင်းဖြစ်သည်ကို မသိသောကြောင့်ဖြစ်သည်။ ထိုကလေးငယ်သည် မိခင်နို့ရည်အား မလိုအပ်တော့ဘဲ အရွယ်ရောက်လာသောအခါတွင် ဘုရင့်သမီးတော်ထံသို့ ပြန်လည်ပို့ဆောင်လိုက်ပြီး ‘မောရှေ’ ဟုအမည်ပေးလိုက်ပါသည်။

‘မောရှေ’ အရွယ်ရောက်လာပြီး တစ်နေ့တွင် အီဂျစ်လူမျိုးတစ်ဦးက ဣသရေလကျွန်တစ်ဦးအား ရိုက်နှက်နေသည်ကို တွေ့မြင်လိုက်သဖြင့် ‘မောရှေ’ သည် ၎င်း၏ ဣသရေလလူမျိုးအား ကယ်တင်ရန် ကြိုးစားခဲ့သည်။

‘မောရှေ’ သည် မည်သူမျှမတွေ့မြင်နိုင်ဟုတွေးထင်မိပြီး အီဂျစ်လူမျိုးအားသတ်၍ သူ၏ခန္တာကိုယ်အား မြှုပ်နှံသင်္ဂြိုလ်လိုက်သည်။ သို့သော်လည်း ‘မောရှေ’လုပ်ဆောင်ခဲ့သမျှတို့ကို တစ်စုံတစ်ယောက်က တွေ့မြင်ခဲ့လေသည်။

‘ဖာရို’ဘုရင်သည် ‘မောရှေ’၏လုပ်ရပ်အား သိရှိသွားပြီး ၎င်းအား သတ်ရန်ကြိုးပမ်းသော်လည်း ‘မောရှေ’မှာ အီဂျစ်မှ တောကန္တာရထဲသို့ ထွက်ပြေးသွားသဖြင့် ဘုရင် ‘ဖာရို’၏ စစ်သားများသည် သူ့အား ထိုနေရာ၌ ရှာမတွေ့နိုင်ခဲ့ကြပေ။

‘မောရှေ’သည် အီဂျစ်နှင့် ဝေးကွာသောတောထဲတွင် သိုးကျောင်းသားတစ်ဦးဖြစ်လာပြီး ထိုနေရာ၌ပင် အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ထိမ်းမြားကာ သားနှစ်ဦးမွေးဖွားခဲ့လေသည်။

‘မောရှေ’သည် ယောက္ခမဖြစ်သူ၏ သိုးအုပ်အား ထိန်းကျောင်းလေသည်။ တစ်နေ့သောအခါတွင် ချုံပုတ်တစ်ခုသည် ပျက်စီးခြင်းမရှိဘဲ မီးလောင်နေသည်ကို တွေ့လိုက်ရသည်။ သူသည် သေချာစွာကြည့်ရန် ချုံပုတ်နားသို့ ကပ်သွားလေသည်။ ချုံပုတ်နှင့် အလွန်နီးကပ်သွားသောအခါတွင် ဘုရားရှင်က သူ့အား “မောရှေ သင်၏ဖိနပ်အားချွတ်ပါ။ သင်သည် မြင့်မြတ်သောမြေပေါ်တွင် ရပ်နေခြင်းဖြစ်သည်။”ဟုမိန့်ဆိုလိုက်လေသည်။

ထို့နောက် ဘုရားရှင်က “ကျွန်ုပ်၏ လူများခံစားနေရသည်ကို ကျွန်ုပ်တွေ့မြင်ရပြီဖြစ်သည်။ ကျွန်ုပ်သည် သင့်အား ဣသရေလလူမျိုးများကို အီဂျစ်၏ကျွန်အဖြစ်မှ လွတ်မြောက်စေရန် ဖာရိုဘုရင်ထံသို့ လွှတ်လိုက်မည်။ ကျွန်ုပ်သည် သူတို့အား ခါနန်ဟူသော (အာဗြဟံ၊ ဣဇာက် နှင့် ယာကုပ် တို့အား ကတိပေးထားသော) မြေကို ပေးမည်။

‘မောရှေ’သည် “ကျွန်ုပ်ကို စေလွှတ်လိုက်သူအား လူအများက သိလိုကြလျှင် မည်ကဲ့သို့ဖြေရမည်နည်း” ဟု ဘုရားရှင်အား မေးလျှောက်လျှင် ဘုရားရှင်က “ငါဘယ်သူလဲဆိုတော့ ငါပါပဲ” ဟုထိုသူတို့အား ပြောပြလိုက်ပါ။ “ဘုရားရှင်သည် ကျွန်ုပ်အား သင်တို့ထံသို စေလွှတ်လိုက်သည်” ဟူ၍လည်း ပြောပြလိုက်ပါ။ “ငါသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ ကိုးကွယ်သော “ယဝါ” “ထာဝရ” ဘုရားဖြစ်ပြီး ၎င်းအမည်မှာ ငါ၏ “ထာဝရ” နာမတော်ဖြစ်သည်” ဟု ပြောပြရန် မိန့်တော်မူလေသည်။

‘မောရှေ’ သည်ဖာရိုဘုရင်ကသူ့အားအသေသတ်လိုသည်ကိုသိ၍ ကြောက်လန့်ကာမသွားလိုပေ။၎င်းအပြင်သူသည်စကားကောင်းမွန်စွာ မပြောတတ်သောကြောင့် ဖာရိုဘုရင်ထံသို့ မသွားလိုဖြစ်နေ၍ ‘မောရှေ’ ၏ ညီအစ်ကိုဖြစ်သူ ‘အာရွန်’ ကိုသူ့အား ကူညီရန် စေလွှတ်လိုက်ပါသည်။
__