ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

ဘုရားရှင်၏ ဣသရေလတို့နှင့်သဘောတူညီချက်

Frame 13-01

ဘုရားရှင်သည် ဣသရေလလးမျိုးများအား ပင်လယ်နီကိုဖြတ်ခေါ်သွားပြီးနောက် တောကန္တာရကို ဖြတ်ကာ သိနာဟုခေါ်သော တောင်သို့ခေါ်ဆောင်သွားလေသည်။ ထိုတောင်သည် မောရှေတွေ့ခဲ့ သော မီးလောင်နေသည့်တောင်နှင့် အတူတူပင်ဖြစ်သည်။ လူများသည် ၎င်းတို့၏တဲများအား တောင်ခြေရင်းတွင် တည်ဆောက်ကြလေသည်။

Frame 13-02

ဘုရားရှင်သည်မောရှေနှင့် ဣသရေလမှလူအားလုံးတို့အား “သင်တို့သည် ကျွန်ုပ်စကားကိုအမြဲနား ထောင်ရမည်ဖြစ်ပြီး ငါသင်တို့နှင့်ပြုလုပ်နေသော သဘောတူညီချက်ကိုလည်း လိုက်နာရမည်။ သင်တို့ဤကဲ့သို့လုပ်ဆောင်လျှင် သင်တို့သည် ငါ၏အဖိုးထိုက်တန်သော ပိုင်ဆိုင်မှုများ၊ သာသနာရေးဆိုင်ရာ ဘာသာရေးခေါင်းဆောင်များနှင့် သန့်ရှင်းမြင့်မြတ်သောလူမျိုးများ ဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူလေသည်။

Frame 13-03

လူများက ဘုရားရှင်သူတို့နားသို့လာလျှင် အဆင်သင့်ဖြစ်စေရန် သုံးရက်တိတိအသင့်ပြုလုပ်ထားကြ သည်။ ထို့နောက် ဘုရားရှင် သိနာတောင်ထိပ်ပေါ်သို့ ဆင်းသက်လာသောအခါတွင် မိုးကြိုးများ လျှပ်စီးများမီးခိုးများနှင့် ကျယ်လောင်သောခရာသံများဖြစ်ပေါ်လာပါသည်။ ထို့နောက် မောရှေသည် တောင်ထိပ်ပေါ်သို့ တစ်ဦးတည်းတက်သွားလေသည်။

Frame 13-04

ဘုရားရှင်သည် လူများနှင့်သဘောတူညီမှုတစ်ခုပြုလိုက်ပြီး ၎င်းက “ငါသည် သင်တို့၏ဘုရားယေဝ ဖြစ်သည်။ အီဂျစ်၌ သင်တို့ကျွန်ဖြစ်နေခြင်းကို ကယ်တင်ခဲ့သူမှာလည်း ငါပင်ဖြစ်သဖြင့် တခြားမည်သည့်ဘုရားကိုမှ မကိုးကွယ်ပါနှင့်”ဟု မိန့်တော်မူလိုက်ပါသည်။

Frame 13-05

“ရုပ်ထုများထု၍ ကိုးကွယ်ခြင်းမပြုကြပါနှင့်၊ အဘယ်ကြောင့်ဆိုသော် ငါယေဝသည် သင်တို့၏ တစ်ဆူတည်းသော ဘုရားဖြသ်သဖြင့် ငါ့အမည်ကိုမလေးမစားမပြုကြပါနှင့်။ ဥပုသ်နေ့တွင် သန့်ရှင်းမြင့်မြတ်အောင် အသေအချာစောင့်ထိန်းပါ။ တစ်နည်းအားဖြင့် သင်တို့၏အလုပ်အားလုံးအား ကျန်ခြောက်ရက်တွင်လုပ်ပြီး ကျန်တစ်ရက်ကို အနားယူရန်နှင့် ငါ့အားအမှတ်ရစေရန်အတွက် ဖြစ်သည်။

Frame 13-06

“သင်တို့၏ မိခင်နှင့်ဖခင်ကိုချီးမြောက်ပါ။ လူသတ်ခြင်းမပြုပါနှင့် ကာမပိုင်ရှိသူနှင့် ဖောက်ပြန်ခြင်း မကျူးလွန်ပါနှင့် သူတစ်ပါးပစ္စည်းဥစ္စာခိုးယူခြင်း၊ သူတစ်ပါးအား လိမ်ညာခြင်း၊ သူတစ်ပါး၏ဇနီး၊ သူ၏အိမ်နှင့် ၎င်းပိုင်ဆိုင်သမျှအရာများအား လိုချင်တပ်မက်ခြင်းမပြုပါနှင့်” ဟု မိန့်ကြားလေသည်။

Frame 13-07

လူတိုင်းသည်၎င်းတို့အား ဘုရားရှင်ချမှတ်ထားသည့် ဥပဒေများကိုလိုက်နာရန်နှင့် ၎င်းတို့အား ဘုရားရှင်တစ်ဦးတည်းနှင့်သာသက်ဆိုင်ပြီး ၎င်းတစ်ဦးတည်းကိုသာ ကိုးကွယ်မည်ဟု သဘောတူညီ ခဲ့ကြပါသည်။

Frame 13-08

ဘုရားရှင်သည် ဣသရေလလူမျိုးများအား တွေ့ဆုံခြင်းတဲအိမ်ဟူ၍ ကြီးမားသောတဲတစ်လုံးအား ဆောက်ခိုင်းပြီး ၎င်းတို့အား မည်ကဲ့သို့ဆောက်လုပ်ရမည်နှင့် မည်သည့်အရာများပါဝင်ရမည်ကို အသေးစိတ်တိကျစွာ မိန့်တော်မူလေသည်။ သူသည်ထိုတဲကို အခန်းနှစ်ခန်းဖြစ်သွားစေရန် အလယ်၌ လိုက်ကာကြီးတစ်ခုကို ၎င်းတို့အားကာစေသည်။ ဘုရားရှင်သည် လိုက်ကာနောက်ရှိ အခန်းထဲတွင် နေထိုင်ပြီး ကြီးမြတ်သောဘုန်းတော်ကြီးများကိုသာ သူ၏အခန်းထဲသို့ ဝင်စေသည်။

Frame 13-09

တွေ့ဆုံခြင်းတဲ၏အရှေ့တွင် လူများသည်ပူဇော်ရန်နေရာတစ်ခု ဆောက်လုပ်ခဲ့ကြပြီး ဘုရားရှင်၏ ဥပဒေအား မလိုက်နာသောလူတို့သည် ထိုနေရာသို့ သက်ရှိတိရိစ္ဆာန်တစ်ကောင်အား ယူဆောင်လာရ ပါသည်။ ထို့နောက်ဘုန်းတော်ကြီးတစ်ဦးသည် ထိုတိရိစ္စာန်အားသတ်ပြီး ပူဇော်ရန်နေရာပေါ်တွင် မီးရှို့ကာ ဘုရားရှင်အားပူဇော်ခြင်းပြုလုပ်ကြပါသည်။ ဘုရားရှင်က ထိုတိရိစ္ဆာန်၏သွေးဖြင့် ထိုလူ၏အပြစ်များအား ဖုံးအုပ်သွားလိမ့်မည်ဟု မိန့်ကြားပါသည်။ ထိုအခါဘုရားရှင်သည် ထိုလူ၏အပြစ်များကိုမမြင်ရတော့ဘဲ ဘုရားရှင်၏အမြင်တွင် သန့်စင်သောလူများဖြစ်သွားကြသည်။ ဘုရားရှင်သည် မောရှေ၏အစ်ကိုဖြစ်သူ အာရွန်နှင့် ၎င်း၏နောင်လာနောက်သားများကို သူ၏ဘာသာရေးခေါင်းဆောင်များအဖြစ် ရွေးချယ်စေသည်။

Frame 13-10

ဘုရားရှင်သည်ပညတ်တော်ဆယ်ပါးအား ကျောက်ပြားနှစ်ပြားတွင်ရေးသား၍ မောရှေအား ပေးလိုက်ပြီး လူများအားအခြားဥပဒေများနှင့် စည်းကမ်းများအား ချမှတ်ပေးလေသည်။ ဘုရားရှင်သည် လူများအား ၎င်းစည်းကမ်းများအား လိုက်နာလျှင် ကာကွယ်စောင့်ရှောက်ပေးမည်ဟု ကတိပေးလိုက်ပြီး ၎င်းဥပဒေများအား လိုက်နာခြင်းမရှိပါက အပြစ်ဒါဏ်များပေးမည်ဟုလည်း မိန့်ကြားလေသည်။

Frame 13-11

မောရှေသည် သိနာတောင်ထိပ်တွင် ရက်ပေါင်းများစွာနေပြီး ဘုရားရှင်နှင့်စကားပြောနေခဲ့ခြင်း ဖြစ်သည်။ သို့သော်လူများသည် ၎င်းပြန်လာမည်ကိုစောင့်ရန် အလွန်ပင်ပန်းလာကြသည်။ ထို့ကြောင့် ၎င်းတို့သည် အာရုန်ထံသို့လာ၍ ရွှေများပေးကာ ဘုရားရှင်အစားကိုးကွယ်ရန်အတွက် ရုပ်ထုတစ်ခု သွန်းလုပ်ပေးပါဟု တောင်းဆိုကြလေသည်။ ၎င်းတို့သည် ဘုရားရှင်အား ဤနည်းဖြင့်ကြီးစွာသော ပြစ်မှုကို ကျူးလွန်လိုက်ကြခြင်းဖြစ်သည်။

Frame 13-12

အာရုန်သည် ထိုရွှေရုပ်တုအား နွားငယ်သဏ္ဍာန်ပြုလုပ်လိုက်သဖြင့် လူများသည်ထိုရုပ်ထုအား ကြီးကျယ်စွာကိုးကွယ်ကြ၍ ကြီးကျယ်စွာဆက်သမှုများပြုလုပ်ကြလေသည်။ ၎င်းတို့၏ အပြစ် များကြောင့် ဘုရားရှင်သည် လွန်စွာအမျက်ဒေါသထွက်ပြီး မောရှေအား ဤလူများကို ဖျက်စီးလိုက် ချင်သည်ဟု မိန့်ကြားလေသည်။ သို့သော်မောရှေသည် ၎င်းတို့ကို မသတ်ရန် ဘုရားရျင်အား လျှောက်ထားသဖြင့် ဘုရားရှင်သည် ၎င်း၏ဆုတောင်းစကားအားကြားပြီး ထိုလူများအား မဖျက်ဆီးပြစ်တော့ပေ။

Frame 13-13

မောရှေသည် သိနာတောင်ပေါ်မှဆင်းလာသောအခါတွင် ဘုရားရျင်ရေးသားထားသော ပညတ်တော် ဆယ်ပါးပါဝင်သည့် ကျောက်စာနှစ်ချပ်အား သယ်ဆောင်လာသည်။ မောရှေသည် ထိုရုပ်ထုအား တွေ့သောအခါ အလွန်အမင်းဒေါသထွက်၍ ကျောက်စာများအား ထုချေလိုက်လေသည်။

Frame 13-14

မောရှေသည်ထိုရုပ်ထုအား မီးလောင်ပြာချ၍ အမှုန့်ချေပစ်လိုက်လေသည်။ ၎င်းနောက် ထိုအမှုန့်များ အားသောက်စေသည်။ ဘုရားရှင်သည် ထိုသူများပေါ်တွင် ကပ်ဆိုးတစ်ခုကျရောက်စေကာ များစွာသောလူများ သေကြေသွားကြလေသည်။

Frame 13-15

မောရှေသည် ၎င်းဖျက်ဆီးလိုက်သော ပညတ်တေည်ဆယ်ပါး ကျောက်စာအတွက် အစားထိုးရန် ကျောက်စာနှစ်ချပ် ဖန်တီးလိုက်သည်။ ထို့နောက်၎င်းသည် တောင်ပေါ်သို့ထပ်မံတက်သွားပြီး ထိုလူများအား ခွင့်လွှတ်ပေးရန် ထပ်မံဆုတောင်းလေသည်။ ဘုရားရှင်သည် မောရှေစကားအား နားထောင်ပြီးလျှင်၎င်းတို့အားခွင့်လွှတ်လိုက်လေသည်။ မောရှေသည်တောင်အောက်သို့ ပညတ်တော် ဆယ်ပါးပါဝင်သော ကျောက်စာချပ်အသစ်များနှင့် တောင်အောက်သို့ဆင်းလာလေသည်။ ထို့နောက် ဘုရားရှင်သည် ဣသရေလလူမျိုးများကို သိနာတောင်မှကတိပေးထားသောနေရာသို့ ဦးဆောင် ခေါ်ယူသွားလေသည်။

__