ကွဲပြားနေသော နိုင်ငံတော်

ဒါဝိဒ်ဘုရင်သည် နှစ်လေးဆယ်ကြာအုပ်ချုပ်ခဲ့ပြီးနောက် သူသေဆုံးပြီးချိန်တွင် သူ၏သားဆော်လမွန်သည် ဣသရေလအား စတင်အုပ်ချုပ်လေသည်။ ဘုရားရှင်သည် ဆော်လမွန်အလိုချင်ဆုံးအရာမှာ မည်သည့်အရာဖြစ်ပြီး သူမည်ကဲ့သို့ လုပ်ဆောင်ပေးရမည်ကို မေးမြန်းလေသည်။ ဆော်လမွန်သည် ဘုရားရှင်အား မိမိကို ဉာဏ်ပညာအလွန်အမင်း ကြွယ်ဝစေရန် ပြုလုပ်ပေးပါဟု လျောက်ထားလေသည်။ ဤသို့ဖြင့် ဘုရားရှင်ကို ပျော်ရွှင်သွားစေပြီး ဆော်လမွန်အား ကမ္ဘာပေါ်တွင် ဉာဏ်ပညာအထက်မြက်ဆုံးသူတစ်ယောက်ဖြစ်စေရန် ပြုလုပ်ပေးလေသည်။ ဆော်လမွန်သည် များစွာသောအရာတို့ကို လေ့လာသင်ယူပြီး အလွန်ဉာဏ်ပညာရှိသော အုပ်ချုပ်သူတစ်ဦးဖြစ်လာလေသည်။ ဘုရားရှင်သည် ၎င်းအားအလွန်အမင်းလည်း ချမ်းသာစေသည်။

ဆော်လမွန်သည် ဣသရေလတွင် ဖခင်ဒါဝိဒ်၏ အကြံအစည်များနှင့် ၎င်းစုဆောင်းထားသော ကုန်ကြမ်းပစ္စည်းများကိုသုံးကာ ဗိမာန်တော်တည်ဆောက်လေတော့သည်။ ဘုရားရှင်အား လူတို့ကိုးကွယ်ရာတွင် တွေ့ဆုံခြင်းတဲနေရာအစား ထိုဗိမာန်တော်တွင် ပူဇော်ကိုးကွယ်ခြင်း ပြုလုပ်ကြလေသည်။ ဘုရားရှင်သည် ကြွရောက်လာပြီး ထိုဘုရားကျောင်းတွင် တည်ရှိနေကာ ၎င်းတို့နှင့် စံနေတော်မူသည်။

သို့သော် ဆော်လမွန်သည် အခြားနိုင်ငံများမှ အမျိုးသမီးများကို နှစ်ခြိုက်သဖြင့် ၎င်းသည် အမျိုးသမီးတစ်ထောင်ခန့်အား လက်ထပ်ထိမ်းမြားကာ ဘုရားရှင်စကားအား လွန်ဆန်ခဲ့လေသည်။ များစွာသော ထိုအမျိုးသမီးများသည် အခြားတိုင်းပြည်များမှဖြစ်ပြီး ၎င်းတို့ကိုးကွယ်သည့် ဘုရားများအား အတူယူဆောင်လာပြီး ဆက်လက်ကိုးကွယ်ခဲ့ကြလေသည်။ ဆော်လမွန်အိုမင်းလာသောအခါတွင် သူတို့၏ ဘုရားများကိုလည်း ကိုးကွယ်လေသည်။

ဘုရားရှင်သည် ထိုအကြောင်းများကြောင့် ဆော်လမွန်အား စိတ်ဆိုးကာ ဣသရေလအား နှစ်ခြမ်းခွဲကာ အပြစ်ပေးမည်ဟု မိန့်ကြားခဲ့ပြီး ဆော်လမွန်သေဆုံးသွားသောအခါတွင် ၎င်းကဲ့သို့ပြုလုပ်ကာ အပြစ်ပေးလေသည်။

ဆော်လမွန် သေဆုံးပြီးနောက် သူ၏သား ရောဗောင်ဘုရင်ဖြစ်လာသဖြင့် ဣသရေလတွင်ရှိသော လူအများက ၎င်းအားဘုရင်အဖြစ်တင်မြှောက်ရန် စုရုံးလာကြလေသည်။ ၎င်းတို့သည် ဆော်လမွန်ဘုရင် လက်ထက်တွင် အခွန်များအလွန်ကောက်ပြီး အလုပ်များအလွန်ခိုင်းသည်ဟု ရောဗောင်အား ညည်းတွားပြောကြားကြပြီး ၎င်းတို့အား အလုပ်များလျှော့ခိုင်းစေရန် ပြောကြားကြသည်။

ရောဗောင်က “သင်တို့သည် ကျွန်ုပ်ဖခင် ဆော်လမွန်က သင်တို့အား အလုပ်အလွန်ခိုင်းသည်ဟု ပြောကြသည်။ သို့သော် ကျွန်ုပ်သည် သူထက်ပို၍ ဆိုးဝါးစွာဖြင့် သင်တို့အား ခိုင်းစေမည်” ဟု အလွန်ရူးသွပ်စွာ ပြောကြားလိုက်လေသည်။

သူဤကဲ့သို့ပြောသည်ကို ကြားသောအခါ လူအများစုက ၎င်းအားပုန်ကန်ကြသဖြင့် လူမျိုးစုဆယ်မျိုးသည် ၎င်းထံမှ ထွက်ခွာသွားသဖြင့် လူမျိုးစုနှစ်စုသာ ၎င်းထံ၌ ကျန်ရှိနေခဲ့လေသည်။ ကျန်ရှိသော လူမျိုးစုနှစ်စုကလည်း ၎င်းတို့ကိုယ် ၎င်းတို့က ယုဒ၏နိုင်ငံတော်ဟု သူ့ကိုယ်သူ သတ်မှတ်ကြလေသည်။

ကျန်လူမျိုးစုဆယ်မျိုးသည် ယေရောဗောင် ဟုခေါ်သော လူတစ်ဦးအား ၎င်းတို့၏ခေါင်းဆောင်အဖြစ် တင်မြှောက်လိုက်လေသည်။ ထိုလူမျိုးစုများသည် မြောက်ပိုင်းတွင် တည်ရှိကြပြီး ၎င်းတို့ကိုယ်၎င်းတို့က ဣသရေလ၏ နိုင်ငံတော်ဟု သတ်မှတ်ကြလေသည်။

ရောဗောင် သည် ဘုရားရှင်အား ဆန့်ကျင်ကာ လူအများကို အပြစ်များ ကျူးလွန်စေသည်။ သူသည် သူ၏လူမျိုးများကိုးကွယ်ရန်အတွက် ရုပ်တုနှစ်ခုထုပေးထားသဖြင့် ၎င်းတို့သည် ဘုရားရှင်အား ကိုးကွယ်ရန် ယေရုရှလင်ရှိ ဗိမာန်တော်သို့ သွားရောက်ခြင်း မပြုကြတော့ပေ။

ယုဒနိုင်ငံတော်နှင့် ဣသရေလတို့သည် ရန်သူများဖြစ်လာကြပြီး မကြာခဏ အချင်းချင်းတိုက်ခိုက်ကြတော့သည်။

ဣသရေလ၏ နိုင်ငံတော်အသစ်တွင် ဘုရင်အားလုံးမှာ ကောင်းမွန်ခြင်းမရှိဘဲ ဆိုးရွားကြလေသည်။ ထိုဘုရင်များသည်လည်း ဘုရင်ဖြစ်ချင်သော ဣသရေလလူမျိုးများ၏ သတ်ဖြတ်ခြင်းကို ခံကြရလေသည်။

ဘုရင်များအားလုံးနှင့် ဣသရေလတွင် ရှိသောလူများအားလုံးတို့မှာ ရုပ်တုများ ကိုးကွယ်ကြလေသည်။ သူတို့သည် ဤကဲ့သို့လုပ်ဆောင်ခဲ့ကြချိန်တွင် မကြာခဏ ပြည့်တန်ဆာများနှင့် အိပ်ကြကာ သူတို့ရုပ်တုများအား တစ်ခါတစ်ရံတွင် ခလေးများကိုပင် ပူဇော်ပသကြလေသည်။

ယုဒ၏ ဘုရင်များမှာ ဘုရား၏ မျိုးနွယ်များဖြစ်ကြ၍ အချို့သော ဘုရင်များမှာ ကောင်းမွန်စွာ အုပ်ချုပ်ကြပြီး အများစုသောဘုရင်များမှာ မကောင်းသောသူများဖြစ်ကြလေသည်။ ၎င်းတို့သည် ဆိုးရွားစွာ အုပ်ချုပ်ခဲ့ကြပြီး ရုပ်တုများအားလည်း ကိုးကွယ်ခဲ့ကြသည်။ အချို့သောဘုရင်များမှာ ဘုရားအတုများအား ၎င်းတို့၏ခလေးများကိုပင် ယဇ်ပူဇော်ခြင်း ပြုလုပ်ခဲ့ကြလေသည်။ ယုဒရှိလူအများတို့သည် ဘုရားရှင်အား ဆန့်ကျင်ပြီး အခြားဘုရားများအား ကိုးကွယ်ခဲ့ကြလေသည်။
__