ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

ကတိသစ္စာပြုထားသောနယ်မြေ

Frame 15-01

နောက်ဆုံးတွင်ခါနန်ဟုခေါ်သည့် ကတိသစ္စာပြုထားသောနယ်မြေသို့ ဣသရေလလူမျိုးများ ဝင်ရောက်ရန်အချိန် ကျပြီဖြစ်သည်။ ထိုမြေနေရာတွင် တည်ရှိနေသောမြို့တော်အား ယေရိခေါ ဟုခေါ်ပြီး ၎င်းကိုကာကွယ်ရန် ပတ်လည်တွင်ခိုင်ခံ့သောနံရံများ ကာရံထား၏။ ယောရှုသည် ထိုမြို့ထဲသို့ သူလျှိုနှစ်ဦးအား စေလွှတ်လိုက်လေသည်။ ထိုမြို့ထဲတွင် ရာခပ်ဟုခေါ်သော ပြည့်တန်ဆာမတစ်ဦးနေထိုင်လေသည်။ သူမသည် ထိုသူလျှိုများအား ဝှက်ထားပေးပြီး မြို့ထဲမှထွက်ခွါရန်လည်း ကူညီပေးလေသည်။ သူမသည် ဤကဲ့သို့ပြုမူရခြင်းမှာ ဘုရားရှင်အား ယုံကြည်သောကြောင့်ဖြစ်သည်။ ဣသရေလလူမျိုးများ ယေရိခေါကို ဝင်ရောက်ဖျက်ဆီးသော အခါတွင်လည်း ရာခပ်နှင့်သူမ၏မိသားစုအား ကာကွယ်ပေးမည်ဟု သူလျှိုများနှင့် ကတိသစ္စာ ပြုထားကြပါသည်။

Frame 15-02

ကတိသစ္စာပြုထားသောနယ်မြေအား ဝင်ရောက်ရန်ဣသရေလလူမျိုးများသည် ယောဒန်မြစ်အား ဖြတ်ကူးစဉ် ဘုရားရှင်သည်ယောရှုအား “ဘာသာရေးခေါင်းဆောင်များကို အရင်သွားစေ”ဟု မိန့်ကြား လိုက်လေသည်။ ဘာသာရေးခေါင်းဆောင်များ ယောဒန်မြစ်ထဲသို့ စတင်ဆင်းသောအခါတွင် အပေါ်မှ စီးဆင်းလာသောရေများရပ်တန့်သွားသဖြင့် ဣသရေလလူမျိုးများသည် မြစ်၏တစ်ဖက်ခြမ်းသို့ မြေကြီးပေါ်မှ ကူးသွားကြရလေသည်။

Frame 15-03

ယောဒန်မြစ်အား လူများကူးခိုင်းပြီးချိန်တွင် အလွန်အင်အားကြီးမားသော ယေရိခေါမြို့ကို တိုက်ခိုက်ရန် ဘုရားရှင်သည် ယောရှုအား အဆင်သင့်ပြင်ဆင်စေသည်။ ဘုရားရှင်သည် လူများအား ၎င်းတို့၏ဘာသာရေးခေါင်းဆောင်များနှင့် စစ်သားများကို ထိုမြို့အား ခြောက်ရက်တိတိနေ့တိုင်း လှည့်လည်စေသည်။ ထိုအခါတွင် ဘာသာရေးခေါင်းဆောင်များနှင့် စစ်သားများလည်း ထိုကဲ့သို့ ပြုလုပ်ကြလေသည်။

Frame 15-04

ဘုရားရှင်သည်ခုနှစ်ရက်မြောက်သောနေ့တွင် ဣသရေလလူမျိုးများအား မြို့ကိုခုနှစ်ကြိမ်လှည့်လည် စေပါသည်။ ထို့နောက် ဘာသာရေးခေါင်းဆောင်များသည် ၎င်းတို့၏ခရာများကို မှုတ်ရမည်ဖြစ်ပြီး လူတိုင်းကိုလည်း ကျယ်လောင်စွာအော်ဟစ်စေသဖြင့် ၎င်းတို့ကလည်း ထိုကဲ့သို့ပြုမူကြလေသည်။

Frame 15-05

ထို့နောက်ယေရိခေါကို ဝန်းရံထားသောနံရံများပြိုကျလာပြီး ဣသရေလလူမျိုးများသည် ဘုရားရှင်၏ အမိန့်တော်အတိုင်း မြို့ထဲရှိအရာအားလုံးကို ဖျက်ဆီးကြလေသည်။ ၎င်းတို့သည် ရာခပ်နှင့်သူမ၏ မိသားစုကိုချမ်းသာပေးပြီး ဣသရေလလူမျိုးများ၏ အစိတ်အပိုင်းတစ်ခုဖြစ်စေသည်။ ခါနန်တွင် နေထိုင်နေသော အခြားလူများသည် ဣသရေလလူမျိုးများက ယေရိခေါအားတိုက်ခိုက်သော သတင်းကိုကြားရသောအခါတွင် ၎င်းတို့ကိုလည်း ဣသရေလလူမျိုးများ လာရောက်တိုက်ခိုက်မည်ကို ကြောက်လန့်နေခဲ့ကြသည်။

Frame 15-06

ဘုရားရှင်သည်ဣသရေလလူမျိုးများအား ခါနန်တွင်ရှိသော မည်သည့်လူမျိုးများနှင့်မျှ ငြိမ်ချမ်းရေး စာချုပ်မချုပ်ဆိုရန် မိန့်တော်မူခဲ့ပါသည်။ သို့သော်(ဂိဗောင်)ဟူသော ခါနန်လူမျိုးတစ်မျိုးမှာ ၎င်းတို့သည် ခါနန်နှင့် အလွန်ဝေးကွာသောနေရာမှ လာခြင်းဖြစ်သည်ဟု ယောရှုအား လိမ်ပြောကြပြီး ယောရှုအား ၎င်းတို့နှင့်ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရန်ပြောကြားလေသည်။ ယောရှုနှင့် ဣသရေလလူမျိုးအခြားခေါင်းဆောင်များသည် မည်ကဲ့သို့လုပ်ဆောင်ရမည်ကို ဘုရားရှင်အား မေးမြန်းလျှောက်ထားခြင်းမရှိဘဲ ဂိဗောင်လူမျိုးများနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုလိုက်ပါသည်။

Frame 15-07

သုံးရက်ခန့်ကြာသောအခါတွင် ဂိဗောင်လူမျိုးများမှာ ခါနန်တွင်အမှန်တကယ်နေထိုင်ခဲ့ကြသည်ကို ရှာဖွေတွေ့ရှိသွားပြီး ဂိဗောင်လူမျိုးများသည် ၎င်းတို့အားလှည့်စားသွားသောကြောင့် အလွန်အမင်း ဒေါသထွက်ကြလေသည်။ သို့သော်၎င်းတို့နှင့်ပြုလုပ်ထားသော ငြိမ်းချမ်းရေးစားချုပ်ကိုမူ ဘုရားရှင်နှင့် သဘောတူထားသောကြောင့် ဆက်လက်တညရှိစေသည်။ အချိန်အတော်အသင့် ကြာသောအခါတွင် အာမောရိဟုခေါ်သော ခါနန်းမှလူမျိုးတစ်စု၏ဘုရင်သည် ဣသရေလ လူမျိုးများနှင့် ခါနန်းလူမျိုးများ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထားသည်ကို ကြားသောအခါတွင် ၎င်းတို့သည် သူတို့၏စစ်တပ်များအား စစ်တပ်ကြီးတစ်ခုအဖြစ်ပေါင်းစည်းပြီး ဂိဗောင်မြို့အား တိုက်ခိုက်လေသည်။ ဂိဗောင်များသည်လည်း ယောရှုထံသို့ အကူအညီပေးရန် သတင်းပို့လိုက် လေသည်။

Frame 15-08

ထို့ကြောင့်ယောရှုသည် ဣသရေလစစ်တပ်အား စုဆောင်းပြီး ဂိဗောင်လူမျိုးများထံသို့ရောက်ရှိစေရန် တစ်ညလုံးချီတက်ကြလေသည်။ မနက်မိုးသောက်သောအခါတွင် အာမောရိစစ်တပ်များအား လျှပ်တပျက်ဝင်ရောက် တိုက်ခိုက်ခဲ့ကြပါသည်။

Frame 15-09

ဘုရားရှင်က ထိုနေ့တွင်ဣသရေလအတွက် တိုက်ပွဲဝင်လေသည်။ သူသည်အာမောရိလူမျိုးများအား စိတ်ရှုပ်ထွေးစေပြီး ၎င်းတို့ထံသို့မြောက်များစွာသေစေနိုင်သော မိုးသီးလုံးများကို စေလွှတ်လေသည်။

Frame 15-10

ဣသရေလလူမျိုးများသည် (အာမောရိ)လူမျိုးများအား အပြီးအပိုင်ချေမှုန်းရန်အတွက် အချိန်လုံလောက်မှုရှိစေရန် ဘုရားရှင်သည် (နေ)အား ကောင်းကင်၏တစ်နေရာထဲတွင် ရှိစေသည်။ ထိုနေ့တွင် ဘုရားရှင်သည် ဣသရေလလူမျိုးများအတွက် ကြီးမားသောအောင်ပွဲကို ယူဆောင်ပေးလေ သည်။

Frame 15-11

ဘုရားရှင်သည် ထိုစစ်တပ်များအား ချေမှုန်းပြီးချိန်တွင် (ခါနန်)တွင်ရှိသော အခြားလူမျိုးစုများစွာသည် ဣသရေလအားတိုက်ခိုက်ရန် အတူတကွစုရုံးကြလေသည်။ (ယောရှု)နှင့် ဣသရေလလူမျိုးများသည် ထိုလူမျိုးများအား တိုက်ခိုက်ပြီး ချေမှုန်းလိုက်ကြသည်။

Frame 15-12

ဤစစ်ပွဲများအပြီးတွင် ကတိသစ္စာပြုထားသောမြေအား အပိုင်းများခွဲခြား၍ ဣသရေလတွင်ရှိသော လူမျိုးတစ်စုချင်းစီကိုပေးလိုက်လေသည်။ ထို့နောက် ဘုရားရှင်သည် ၎င်းနယ်နိမိတ်ထဲတွင် ဣသရေလကို ငြိမ်းချမ်းမှုပေးလေသည်။

Frame 15-13

(ယောရှု)သည် အသက်ကြီးလာသောအခါတွင် ဣသရေလရှိလူအားလုံးအား အတူနေရန် ခေါ်ဆောင် လေသည်။ ထို့နောက် ‘သိနာ’တောင်ပေါ်တွင် ဣသရေလလူမျိုးများဘုရားရှင်နှင့် ကတိသစ္စာပြု လုပ်ထားခြင်းရှိသည်ကို ‘ယောရှု’ကသတိပေးသဖြင့် လူများကလည်း ဘုရားရှင်အား သစ္စာရှိစွာ ယုံကြည်ကိုးကွယ်ပြီး ၎င်း၏ပညာတ်တော်အားလုံးကို လိုက်နာပါမည်ဟု ကတိပြုကြလေသည်။

__