ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

တောကန္တာရထဲတွင် လှည့်လည်နေခြင်း

Frame 14-01

ဘုရားရှင်သည် ၎င်းနှင့်ပြုမူထားသော သဘောတူညီမှုကြောင့် ဣသရေလလူမျိုးများ လိုက်နာရမည့် ဥပဒေများအားရှင်းပြပြီးချိန်တွင် ၎င်းတို့အားသိနာတောင်မှ အဝေးသို့ခေါ်ဆောင်သွားလေသည်။ သူသည်၎င်းတို့အား ကတိပေးထားသည့်နိုင်ငံသို့ ခေါ်ဆောင်သွားချင်၍ဖြစ်ပြီး ထိုနိုင်ငံအား ခါနန်ဟု လည်းခေါ်သည်။ ဘုရားရှင်သည် ၎င်းတို့၏ရှေ့မှ တိမ်တိုက်ကြီးအဖြစ် ဦးဆောင်သွားသဖြင့် ၎င်းတို့က သူ့နောက်မှ လိုက်ကြလေသည်။

Frame 14-02

ဘုရားရှင်သည် အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့နှင့် ၎င်းတို့၏မျိုးဆက်များအား မြေနေရာပေးမည်ဟု ကတိပေးထားသော်လည်း ထိုနေရာတွင်လူစုများစွာ ရောက်နှင့်နေပြီးသားဖြစ်ပါသည်။ ၎င်းတို့အား ခါနန်လူမျိုးများဟုခေါ်ပြီး ခါနန်လူများများသည် ဘုရားရှင်အားကိုးကွယ်ခြင်းမပြုဘဲ ဘုရားရှင်၏ စကားများကိုလည်း နာခံခြင်းမရှိကြပါ။ ၎င်းတို့သည် ဘုရားအတုအယောင်များကို ကိုးကွယ်ကြပြီး မကောင်းမှုများစွာကိုလည်း လုပ်ဆောင်ခဲ့ကြပါသည်။

Frame 14-03

ဘုရားရှင်သည် ဣသရေလလူမျိုးများအား “သင်တို့ကတိပေးထားသောနိုင်ငံသို့ ဝင်ရောက်ပြီးချိန်တွင် ထိုနေရာ၌ရှိသော ခါနန်လူမျိုးအားလုံးအား ရှင်းလင်းပစ်ရမည်။ ၎င်းတို့နှင့် ငြိမ်းချမ်းရေးယူခြင်း ထိမ်းမြားလက်ထပ်ခြင်းမပြုရ။ သူတို့၏ရုပ်ထုများအားလုံးကို သင်တို့အလုံးစုံ ဖျက်ဆီးပစ်ရမည်။ သင်တို့ ကျွန်ုပ်စကားအား မလိုက်နာလျှင် သင်တို့သည်ကျွန်ုပ်အား ၎င်းရုပ်ထုများအား ကိုးကွယ်ခြင်း ပြုမိသွားကြလိမ့်မည်”ဟု ပြောကြားခဲ့ပါသည်။

Frame 14-04

ဣသရေလလူမျိုးများသည် ခါနန်၏နယ်စပ်သို့ ရောက်သွားသောအခါတွင် မောရှေသည် လူမျိုးတစ် မျိုးစီမှ လူတစ်ဦးစီ ဆယ့်နှစ်ဦးဖြစ်အောင်ရွေးသည်။ သူသည် ၎င်းလူများအား ထိုနိုင်ငံကို မည်ကဲ့သို့အခြေအနေရှိသနည်းဟု လျှို့ဝှက်စုံစမ်းရန် နည်းလမ်းများပေးလေသည်။ ခါနန်လူမျိုးများ၏ အားနည်းချက်၊ အားသာချက်များကိုလည်း လျှို့ဝှက်စုံစမ်းစေလေသည်။

Frame 14-05

ထိုလူဆယ့်နှစ်ဦးသည် ခါနန်သို့ရက်ပေါင်းလေးဆယ်ကြာခရီးသွားကြပြီး ပြန်လာကြလေသည်။ ၎င်းနေရာသည် မြေဆီလွှာအလွန်ကောင်းပြီး ဆန်ရေစပါးအလွန်ပေါများသည်ဟု ထိုလူများကပြောပြ လေသည်။ သို့သော် သူလျှိုဆယ်ယောက်ကမူ “မြို့များသည် အလွန်ခိုင်မာ၍ လူများသည်လည်း အလွန်သန်မာသူများဖြစ်ကြသည်။ သူတို့အားတိုက်ခိုက်လျှင် ကျွန်ုပ်တို့ရှုံးနိမ့်နိုင်မည်ဖြစ်ပြီး ကျွန်ုပ်တို့ အားလုံးအား သတ်ပစ်ကြလိမ့်မည်။

Frame 14-06

ချက်ချင်းပင် ကာလက်နှင့် ယောရှုဟူသော ကျန်သူလျှိုနှစ်ဦးကမူ “ခါနန်လူမျိုးများမှာ အရပ်ရှည်၍ သန်မာကြသည်မှာ အမှန်ပင်ဖြစ်သော်လည်း ဘုရားရှင်သည် ကျွန်ုပ်တို့အတွက် တိုက်ခိုက်ပေးမည် ဖြစ်သဖြင့် သူတို့အားသေချာပေါက် နိုင်ပါသည်”ဟု ပြောဆိုလေသည်။

Frame 14-07

သို့သော်လူများသည် ကာလက်နှင့်ယောရှုတို့စကားအား နားမထောင်ကြပေ။ ၎င်းတို့သည် မောရှေနှင့် အာရုန်အား အမျက်ဒေါသများထွက်လာကြပြီး “သင်တို့သည် ကျွန်ုပ်တို့အား ဤဆိုးဝါးလှသော နေရာသို့ အဘယ်ကြောင့်ခေါ်ဆောင်လာကြသနည်း။ ကျွန်ုပ်တို့အီဂျစ်တွင် နေခဲ့သင့်သည်။ ကျွန်ုပ်တို့ သည်ထိုနိုင်ငံထဲသို့ဝင်သွားလျှင် သေကြရမည်ဖြစ်ပြီး ခါနန်လူမျိုးများက ကျွန်ုပ်တို့၏ဇနီးများနှင့် ကလေးများကို ကျွန်များအဖြစ်ပြုလုပ်ကြလိမ့်မည်”ဟု ဆိုကြပါသည်။ လူထုသည် သူတို့အား အီဂျစ်သို့ ပြန်လည်ခေါ်ဆောင်သွားမည့် အခြားခေါင်းဆောင်တစ်ဦးအား အလိုရှိနေကြလေသည်။

Frame 14-08

လူတို့သည် ဤကဲ့သို့ပြောကြသောအခါ ဘုရားရှင်သည် အမျက်ကြီးစွာထွက်လေသည်။ သူသည်တွေ့ဆုံခြင်းတဲထဲသို့လာ၍ “သင်တို့တောကန္တာရထဲတွင် လှည့်လည်သွားလာနေကြရ လိမ့်မည်။ အသက်နှစ်ဆယ်နှင့်အထက် လူတိုင်းသည် ထိုနေရာတွင်သေဆုံး၍ ကျွန်ုပ်သင်တို့အားပေး မည့်နိုင်ငံအား မည်သို့သောအခါမျှ ဝင်ရလိမ့်မည်မဟုတ်။ ယောရှုနှင့် ကာလက်တို့သာဝင်ကြရမည်” ဟု မိန့်တော်မူလေသည်။

Frame 14-09

လူများက ဘုရားရှင်ဤကဲ့သို့ပြောသည်ကို ကြားသောအခါတွင်၎င်းတို့၏ အပြစ်များအား နောင်တရပြီး ခါနန်လူမျိုးများအား တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြသဖြင့် မောရှေသည် သူတို့အားမသွားရန် သတိပေးလေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့နှင့်အတူ ဘုရားရှင်လိုက်ပါ ခြင်းမရှိသောကြောင့်ဖြစ်သည်။ သို့သော် ၎င်းတို့သည် မောရှေစကားအားနားထောင်ခြင်း မရှိကြပေ။

Frame 14-10

ဘုရားရှင်သည် သူတို့နှင့်အတူ စစ်ပွဲထဲသို့လိုက်ပါခြင်းမရှိသောကြောင့် ခါနန်လူမျိုးများသည် ၎င်းတို့အား အနိုင်တိုက်နိုင်သဖြင့် များစွာအသတ်ခံရလေသည်။ ထိုအခါတွင် ဣသရေလလူမျိုးများ သည် ခါနန်မှပြန်လှည့်လာကြပြီး နှစ်လေးဆယ်ခန့်ကြာသည်အထိ တောကန္တာရထဲတွင် လှည့်လည် သွားလာနေကြရလေသည်။

Frame 14-11

တောကန္တာရထဲတွင် ဣသရေလလူမျိုးများ နှစ်လေးဆယ်ခန့်လှည့်လည်သွားလာနေကြစဉ်တွင် ဘုရားရှင်သည် ၎င်းတို့အား ကူညီစောင့်ရှောက်ပေးလေသည်။ သူသည် ၎င်းတို့အား မန္နဟူသော ပေါင်မုန့်တစ်မျိုးကို ကောင်းကင်ဘုံမှပေးပြီး အရွယ်အစားအလယ်အလတ်ရှိ ငုံးဟုခေါ်သော ငှက်အုပ်များကို ထိုသူများအသားစားရစေရန် ၎င်းတို့၏စခန်းများအတွင်းသို့ ပို့ပေးလေသည်။ ဘုရားရှင်သည် ၎င်းတို့၏အဝတ်အစားနှင့် ဖိနပ်များအား မပွန်းပဲ့အောင်ပြုလုပ်ပေးလေသည်။

Frame 14-12

ဘုရားရှင်သည် ၎င်းးတို့အား သောက်ရေပေးနိုင်ရန်အတွက် ကျောက်တောင်ထဲမှ အလွန်ထူးဆန်းစွာ ထွက်လာစေရန်ပြုလုပ်ပေးလေသည်။ သို့သော် ဤကိစ္စများအား မထောက်ထားဘဲ ဘုရားရှင်နှင့် မောရှေအား ငြီးတွား၍ မြည်တွန်တောက်တီးကြလေသည်။ ဤသို့ဖြစ်နေသော်လည်း ဘုရားရှင်က ဆက်လက်၍သစ္စာရှိလေသည်။ သူသည် အာဗြဟံ၊ ယာကုပ်နှင့် ဣဇာက်တို့၏ နောင်လာနောက်သား များအား ပြုလုပ်ပေးမည်ဟူသော ကတိများကို ပြုလုပ်ပေးလေသည်။

Frame 14-13

တစ်ချိန်တွင် လူထုသည် သောက်သုံးရန်ရေ မရရှိတော့သဖြင့် ဘုရားရှင်သည် မောရှေအား “ထိုကျောက်တုံးကို စကားပြောပါ။ အထဲမှရေထွက်လာလိမ့်မည်”ဟု မိန့်ကြားလိုက်လေသည်။ သို့သော်မောရှေသည် ထိုကျောက်ခဲအားစကားပြောရမည့်အစား တုတ်ဖြင့်နှစ်ချက်ရိုက်လေသည်။၊ သူသည်ဤနည်းဖြင့် ဘုရားရှင်အား ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်လိုက်လေသည်။ သို့သော် လူတိုင်းသောက်သုံးရန် ကျောက်တုံးထဲမှ ရေများထွက်လာသော်လည်း ဘုရားရှင်မှာမောရှေအား ဒေါသအမျက်ထွက်လေသည်။ ဘုရားရှင်က “သင်ဤကဲ့သို့ပြုမူသောကြောင့် ကတိပေးထားသော နိုင်ငံသို့ သင့်အားဝင်ရောက်ခွင့်မပြု”ဟု မိန့်ဆိုလေသည်။

Frame 14-14

ဣသရေလလူမျိုးများသည် တောကန္တာရထဲတွင် လှည့်လည်ကာနှစ်ပေါင်းလေးဆယ်ခန့် သွားရောက် ပြီးချိန်တွင် ဘုရားရှင်အားဆန့်ကျင်သော လူတိုင်းသေဆုံးသွားကြပြီဖြစ်သည်။ ထို့နောက်ဘုရားရှင် သည် ထိုလူများအား ကတိပေးထားသောနိုင်ငံအစပ်သို့ခေါ်ဆောင်သွားလေသည်။ မောရှေသည် ယခုအခါအလွန်အိုမင်းနေပြီဖြစ်သောကြောင့် ဘုရားရှင်သည် ယောရှုအား ထိုလူများကို ဦးဆောင်ရန်ရွေးချယ်လိုက်လေသည်။ ဘုရားရှင်သည် မောရှေကဲ့သို့ ပရောဟိတ်တစ်ဦးအား စေလွှတ် လိုက်မည်ဟု မောရှေအား ကတိပေးလေသည်။

Frame 14-15

ထို့နောက်ဘုရားရှင်သည် မောရှေအားကတိပေးထားသောနိုင်ငံကိုမြင်နိုင်စေရန် တောင်ထိပ်သို့ သွားစေသည်။ မောရှေသည် ကတိပေးထားသည့်နိုင်ငံအား တွေ့မြင်သော်လည်း ဘုရားရှင်မှာ ၎င်းအားဝင်ခွင့်မပေးပေ။ ထို့နောက်မောရှေသေဆုံးသွားသဖြင့် ရက်ပေါင်းသုံးဆယ်ကြာ ဣသရေလလူမျိုးများ ဝမ်းနည်းပူဆွေးကြလေသည်။ ယေရှုသည် ၎င်းတို့၏ခေါင်းဆောင်အသစ် ဖြစ်လာပြီး ဘုရားရှင်အားကြည်ညိုဆည်းကပ်သောကြောင့် ကောင်းမွန်သောခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့လေသည်။

__