ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

ဘုရားရှင်နှင့် ဧဘရာဟမ်တို့၏ ပဋိဥာဉ်

Frame 04-01

ရေကြီးပြီးနောက် နှစ်ပေါင်းများစွာကြာသောအခါ ကမ္ဘာပေါ်တွင်လူသားများ ပြန်လည်ပွားများလာပြီး ဘုရားရှင်နှင့်တကွလူသားအချင်းချင်း အပြစ်များပြုလုပ်နေကြလေသည်။ ၎င်းတို့သည် ဘာသာစကားတစ်ခုတည်းကိုသာပြောသောကြောင့် ဘုရားရှင်မှာကြားသည့်အတိုင်း ကမ္ဘာအနှံ့မပြည့်စေဘဲ အတူတကွစုစည်း၍ မြို့တည်ထောင်ကြလေသည်။

Frame 04-02

သူတို့သည် အလွန်အမင်းမောက်မာကြပြီး ၎င်းတို့မည်ကဲ့သို့နေထိုင်ရမည်ဆိုသည့် ဘုရားရှင်၏ အမိန့်ကို မနာခံချင်ကြပေ။ သူတို့သည် နိဗ္ဗာန်ရွှေမြို့တော်သို့ပင်ရောက်နိုင်သည့် မျှော်စင်အမြင့်ကြီးကိုပင်ဆောက်လာကြ သည်။ ဘုရားရှင်သည် ထိုအရာကိုတွေ့ပြီးလျှင် ၎င်းတို့သည်မကောင်းမှုကို အတူတကွပြုလုပ်ကြလျှင် ပို၍အပြစ်ကြီးသောအရာများဖြစ်လာလိမ့်မည်ဟု တွေ့မြင်ပါသည်။

Frame 04-03

ထို့ကြောင့်ဘုရားရှင်သည် သူတို့၏ဘာသာစကားများကို မြောက်များစွာကွဲပြားအောင် ပြုလုပ်လိုက်ပြီး ကမ္ဘာကြီးကို ဖြန့်ကျက်စေသည်။ လူတို့စတင်တည်ထောင်သော မြို့၏အမည်မှာ ‘ဘာဘယ်’ဖြစ်ပြီး အဓိပ္ပါယ်မှာ ရှုပ်ထွေးခြင်းဟူ၍ဖြစ်သည်။

Frame 04-04

ရာစုနှစ် နှစ်ပေါင်းများစွာကြာသောအခါ ဘုရားရှင်က ‘အာဗြံ’ဟူသော လူတစ်ဦးအား စကားပြောဆိုပါသည်။ ဘုရားရှင်သည်ထိုလူအား “သင်၏နိုင်ငံနှင့် မိသားစုကိုစွန့်၍ ကျွန်ုပ်ပြမည့်နေရာသို့သွားပါ၊ ကျွန်ုပ်သည် သင့်အားကောင်းချီးပေးပြီး သင့်အတွက်ကြီးမြတ်သော နိုင်ငံတော်ပြုလုပ်ပေးမည်။ ကျွန်ုပ်သည် သင့်၏အမည်အားကြီးကျယ်စေမည်။ သင့်အားကောင်းချီးပေး သောသူများကို ကျွန်ုပ်ကကောင်းချီးပေးပြီး သင့်အားကျိန်စာတိုက်သောသူများကို ကျွန်ုပ်ကကျိန်စာတိုက် မည်။ ကမ္ဘာပေါ်တွင်ရှိသော မိသားစုတိုင်းသည် သင့်ကြောင့် ကောင်းချီးပေးခံရလိမ့်မည်။”

Frame 04-05

ထိုအခါ’အာဗြံ’သည် ဘုရားရှင်၏အမိန့်အားလိုက်နာလေသည်။ သူသည်သူ၏ဇနီးဖြစ်သူ ‘စာရဲ’၊ သူ၏ကျွန်များနှင့် သူပိုင်ဆိုင်သမျှသောအရာအားလုံးကိုယူ၍ ဘုရားရှင်ညွှန်ပြသော ‘ခါနန်’ပြည်သို့သွားခဲ့လေ သည်။

Frame 04-06

‘အာဗြံ’သည် ‘ခါနန်’သို့ရောက်သောအခါ ဘုရားရှင်က “သင်၏ပတ်ဝန်းကျင်ကိုကြည့်ပါ။ ဤမြေနေရာအားလုံးကို သင့်အားပေးမည်ဖြစ်ပြီး သင်၏နောင်လာနောက်သားများသည် ဤမြေအား ပိုင်ဆိုင်ကြလိမ့်မည်”ဟု ပြောခဲ့ပါသည်။ ထို့နောက်’အာဗြံ’သည် ထိုနေရာတွင်အခြေချနေထိုင်လေသည်။

Frame 04-07

ထိုအခါက ဘုရားရှင်၏အမြင့်ဆုံးဘာသာရေးခေါင်းဆော င်တစ်ဦးဖြစ်သော မေလခိဇေဒက်ရှိခဲ့သည်။ တစ်နေ့တွင် ‘အာဗြံ’သည် တိုက်ပွဲတစ်ခုထဲရောက်နေစဉ်တွင် သူနှင့်တွေ့ခဲ့ကြသည်။ မေလခိဇေဒက်သည် ‘အာဗြံ’အားဘုရားရှင်ကကောင်းချီးပေးရန် "နိဗ္ဗာန်ရွှေမြို့တော်နှင့် ကမ္ဘာမြေကြီးအားပိုင်စိုးပါ၍ ကြီးမြတ်တော်မူသော ဘုရားရှင် ‘အာဗြံ’အားကောင်းချီးပေးတော်မူပါ"ဟု ဆုတောင်းလေသည်။ ထို့ကြောင့်’အာဗြံ’သည် မေလခိဇေဒက်အား တိုက်ပွဲမှနိုင်သော အခါတွင်ါအရာအားလုံး၏ ဆယ်ပုံတစ်ပုံအားပေးလိုက်လေသည်။

Frame 04-08

နှစ်ရှည်လများကြာသွားသော်လည်း ‘အာဗြံ’နှင့်’စာရဲ’တို့မှာ သားသမီးမရနိုင်သေးပေ။ ဘုရားရှင်သည်’အာဗြံ’အား သားတစ်ယောက်ရပြီးကောင်းကင်တွင်ရှိသောကြယ်များတမျှသားသမီးမျိုးဆက်များတိုးပွားလာလိမ့်မည်ဟု ကတိပေးစကား ပြောလေသည်။ ‘အာဗြံ’သည် ဘုရားရှင်၏ကတိစကားများအား ယုံကြည်လေသည်။ ဘုရားရှင်က ‘အာဗြံ’သည် ဖြောင့်မတ်သောသူဖြစ်၍ သူ၏ကတိတော်အား ယုံကြည်သူဖြစ်ကြောင်း ကြေငြာလိုက်သည်။

Frame 04-09

ထို့နောက်ဘုရားရှင်သည် ‘အာဗြံ’နှင့် ပဋိညာဉ်ထားတော်မူလေသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ပဋိညာဉ်ထားခြင်းဆိုသည်မှာ နှစ်ဦးနှစ်ဖက်စလုံးက တစ်ဦးကိုတစ်ဦး အပေးအယူလုပ်ခြင်းဖြစ်သည်။ သို့သော် ဤကိစ္စရပ်တွင် ဘုရားရှင်က ‘အာဗြံ’နှစ်ခြိုက်စွာအိပ်ပျော်နေချိန်တွင်ကတိပေးခဲ့ခြင်းဖြစ်သည်။သို့သော်အာဗြံသည် ဘုရားရှင်၏အသံကို ကြားခဲ့ရလေသည်။ ဘုရားရှင်က “သင်၏ခန္ဓာကိုယ်အသွေးအသားဖြင့် သားတစ်ဦးကို ကျွန်ုပ်သင့်အား ပိုင်ဆိုင်စေမည်။ ‘ခါနန်’ဟူသောနေရာအား သင်၏နောက်မျိုးဆက်များကို ကျွန်ုပ်ပေးခဲ့သည်”ဟု ပြောကြားလိုက်ပါသည်။ သို့သော် ‘အာဗြံ’၌ သားတစ်ဦးမရနိုင်သေးပေ။

__