ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

ဘုရားရှင်က ဣဇာက်အား ကူညီစောင်မခြင်း

Frame 06-01

‘အာဗြဟံ’ အသက်အရွယ်အလွန်အိုမင်းလာသောအခါတွင် သူ၏ သား‘ဣဇာက်’သည်လည်း အရွယ်ရောက်လာပြီ ဖြစ်သည်။ ထိုအခါ ‘အာဗြဟံ’ သည် သူ၏ အခိုင်းအစေတစ်ဦးအား အမျိုးများရှိသော ၎င်းတို့ဇာတိသို့ ‘ဣဇာက်’ အတွက် ဇနီးမယားရှာရန် စေလွှတ်လိုက်သည်။

Frame 06-02

‘အာဗြဟံ’၏ အမျိုးများ နေထိုင်ရာသို့ ခရီးရှည်ကြီးသွားပြီးသောအခါတွင်ဘုရားရှင်သည်ထိုအခိုင်းအစေအားရေဗက္က ထံသို့ရောက်စေရန် လမ်းပြတော်မူလေသည်။ သူမသည် ‘အာဗြဟံ’ ၏ ညီဖြစ်သူနှင့် မြေးမတော်စပ်လေသည်။

Frame 06-03

‘ရေဗက္က’သည် သူမ၏ မိသားစုအားချန် ထားခဲ့ပြီး ထိုကျေးကျွန်တို့နှင့်အတူ ‘ဣဇာက်’၏ အိမ်သို့လိုက်ပါရန် သဘောတူလိုက်လေသည်။ ဣဇာက်သည်လည်း သူမအား ရောက်ရောက်ချင်းပင် ထိမ်းမြားလက်ထပ်လိုက်လေသည်။

Frame 06-04

အချိန်ကြာမြင့်သောအခါ ‘အာဗြဟံ’ကွယ်လွန်သွားခဲ့ပြီးနောက်တွင် သူ၏သားဖြစ်သူ ‘ဣဇာက်’အား ဘုရားရှင်သည် ကောင်းချီးမင်္ဂလာများပေးလေသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားရှင်၏ ကတိစကားများထဲမှ ‘အာဗြဟံ’အား မျိုးရိုးစဉ်ဆက်မရေမတွက်နိုင်အောင်ရရှိစေမည်ဟူသောဂတိစကားတစ်ခုလဲပါဝင်သည်။ သို့သော်လည်း ‘ဣဇာက်’ ၏ ဇနီးဖြစ်သူ ‘ရေဗက္က’မှာ သားသမီးမမွေးဖွားသေးပေ။

Frame 06-05

‘ဣဇာက်’သည် ‘ရေဗက္က’အတွက် ဘုရားရှင်ထံတွင် ဆုတောင်းပေးလေသည်။ ဘုရားရှင်သည် ရေဗက္ကအား ကလေးအမွှာ ပူးကိုယ်ဝန်ဆောင်စေရန်ခွင့် ပြုလိုက်လေသည်။ ထိုအမွှာပူးကလေးနှစ်ဦးသည် ရေဗက္က၏ သားအိမ်ထဲ၌ ရုန်းကန်နေကြသောကြောင့် “ဘာဖြစ်နေပါသနည်း” ဟု ရေဗက္ကကဘုရားရှင်အားမေးလျှောက်လေသည်။

Frame 06-06

ဘုရားရှင်က ‘ရေဗက္က’အား “သင်သည် သားနှစ်ဦးဖွားမြင်လိမ့်မည်။ သူတို့၏ မျိုးဆက်သည် ကွဲပြားသော နိုင်ငံနှစ်နိုင်ငံဖြစ်သွားပြီး သူတို့အချင်းချင်း ပြိုင်ဆိုင်ကြရလိမ့်မည်။ သို့သော် သင်၏သားအကြီးထံမှ ပေါ်ပေါက်လာသော တိုင်းနိုင်ငံသည် သင်၏ သားငယ်ထံမှပေါ်ပေါက်လာသောတိုင်းနိုင်ငံအား ဦးညွှတ်ရလိမ့်မည်” ဟုပြောကြားလိုက်သည်။

Frame 06-07

‘ရေဗက္က’၏ကလေးများမွေးဖွားသောအချိန်တွင် သားကြီးသည်နီရဲ၍အမွှေးများသဖြင့် ထိုကလေးအား ‘ဧသော’ဟု အမည်ပေးလေသည်။ ထို့နောက်သားငယ်သည် ‘ဧသော’၏ခြေမျက်စိအားကိုင်၍ မွေးဖွားလာသောကြောင့် ‘ယာကုပ်’ဟု အမည်ပေးလေသည်။

__