ဘုရားသခင် ‘ယာကုပ်’အားကောင်းချီးပေးခြင်း

ထိုယောက်ျားလေးများအသက်အရွယ်ကြီးလာကြသောအခါ ‘ယာကုပ်’သည် အိမ်မှာနေရသည်ကို နှစ်သက်ပြီး ‘ဧသော’မှာ တိရိစ္ဆာန်များအား အမဲလိုက်ရသည်ကို သဘောကျလေသည်။ ရေဗက္ကမှာ ‘ယာကုပ်’အားချစ်ပြီး ‘ဣဇာက်’မှာမူ ‘ဧသော’ကိုချစ်လေသည်။

တစ်နေ့သောအခါ ‘ဧသော’သည်အမဲလိုက်ပြီးပြန်လာချိန်တွင် အလွန်ဆာလောင်နေခဲ့သဖြင့် ဧသောက ‘ယာကုပ်’အား “သင်ပြုလုပ်ထားသော အစားအသောက်အနည်းငယ် ကျွန်ုပ်ကိုပေးပါ”ဟု ဆိုလိုက်ပါသည်။ ထိုအခါတွင် ‘ယာကုပ်’က “သင်သည်ရှေးဦးစွာအရင်မွေးသောကြောင့် ရမည့်အရာအားလုံး ကျွန်ုပ်အားပေးမည်ဟု ကတိပေးပါ”ဟု ပြန်ပြောလိုက်လေသည်။ ထိုအခါဧသောသည် ‘ယာကုပ်’အား ထိုအရာအားလုံးကိုပေးမည်ဟု ကတိပေးလိုက်သဖြင့် ‘ယာကုပ်’သည် ၎င်းအားအစားအစာအနည်းငယ်ပေးလိုက်လေသည်။

ဣဇာက်သည် ဧသောအား ကောင်းချီးများ ပေးချင်ခဲ့သည်။ သို့သော် ဣဇာက် ကောင်းချီးမပေးခင် ရေဗက္ကနှင့် ‘ယာကုပ်’သည် ဧသောယောင်ဆောင်ပြီး ၎င်းအား လှည့်စားခဲ့ကြလေသည်။ ဣဇာက်သည် အသက်ကြီးပြီ ဖြစ်သောကြောင့် မျက်စိမမြင်တော့ပေ။ ထိုအခါတွင် ‘ယာကုပ်’သည် ဧသော၏ အဝတ်အစားများအား ဝတ်ဆင်၍ ၎င်း၏ လည်ပင်းနှင့် လက်များတွင် ဆိတ်အရေခွံများ ခြုံလိုက်လေသည်။

‘ယာကုပ်’သည် ဣဇာက် ထံသို့ လာ၍ “ကျွန်ုပ်သည် ဧသောဖြစ်သဖြင့် သင်သည် ကျွန်ုပ်အား ကောင်းချီးပေးနိုင်ရန် ကျွန်ုပ်လာခဲ့ခြင်းဖြစ်သည်” ဟု ပြောကြားလိုက်သည်။ ဣဇာက် သည် ဆိတ်အရေခွံအား ထိတွေ့ခံစားရပြီး အဝတ်အစားများ၏ အနံ့ကို ရသောအခါ ဧသောဟု ထင်သဖြင့် ကောင်းချီးမင်္ဂလာများ ပေးခဲ့လေသည်။

ဧသောသည် ‘ယာကုပ်’အား သူ၏သားအကြီးတစ်ယောက် ရပိုင်ခွင့်များနှင့် ကောင်းချီးမင်္ဂလာများအား ခိုးယူသွားသောကြောင့် မုန်းတီးလေသည်။ ထို့ကြောင့် သူတို့၏ ဖခင် သေဆုံးသွားသောအခါတွင် ‘ယာကုပ်’အား သတ်မည်ဟု ကြံရွယ်ခဲ့ပါသည်။

သို့သော် ရေဗက္ကသည် ဧသော၏ အကြံအစည်များအား ကြားသိသွားသဖြင့် ‘ယာကုပ်’၏အသက်အန္တရာယ်အားကာကွယ်ပေးလိုသောကြောင့်သူမ၏ ဆွေမျိုးများနှင့် နေထိုင်ရန် အဝေးတစ်နေရာသို့ စေလွှတ်လိုက်လေသည်။

‘ယာကုပ်’သည် ရေဗက္က၏ ဆွေမျိုးများနှင့် နှစ်ပေါင်းများစွာနေထိုင်ခဲ့သည်။ ထိုအချိန်တွင် သူသည် ထိမ်းမြားလက်ထပ်ခဲ့ပြီး သား(၁၂)ဦးနှင့် သမီး(၁)ဦး မွေးဖွားခဲ့သည်။ ဘုရားရှင်သည် သူ့အား အလွန်ချမ်းသာအောင် ပြုလုပ်ပေးခဲ့လေသည်။

‘ခါနန်’ တွင်ရှိသော သူ၏အိမ်နှင့် နှစ်ပေါင်းများစွာ ဝေးကွာခဲ့ပြီးချိန်တွင် ‘ယာကုပ်’သည်၎င်း၏ မိသားစု၊ အခိုင်းအစေများ၊ တိရိစ္ဆာန်အုပ်များနှင့် ပြန်လာလေသည်။

‘ယာကုပ်’က ‘ဧသော’သည် သူ့အားသတ်ချင်နေသေးသည်ဟု ထင်၍ အလွန်အမင်း ကြောက်ရွံ့နေခဲ့သည်။ ထို့ကြောင့် သူ၏ တိရိစ္ဆာန်များစွာကို ‘ဧသော’အား လက်ဆောင်ပေးခဲ့သည်။ “သင်၏ အခိုင်းအစေဖြစ်သော ‘ယာကုပ်’သည် သင့်အား ဤတိရိစ္ဆာန်များ ပေးခြင်းဖြစ်သည်။ သူမကြာခင် လာပါလိမ့်မည်” ဟု ဧသောထံသို့ တိရိစ္ဆာန်များအား ယူဆောင်လာပေးသော အခိုင်းအစေများက ဧသောအား ပြောလေသည်။

သို့သော်ဧသောသည် ‘ယာကုပ်’အား အန္တာရာယ်မပြုလိုတော့ပေ။ ထိုထက်မက သူ့အားတွေ့ရသည်နှင့်ပင် အလွန်ဝမ်းသာနေပါသည်။ ထို့ကြောင့် ထိုညီအစ်ကိုနှစ်ဦးတို့သည် ‘ခါနန်’တွင် ငြိမ်းချမ်းစွာနေကြလေသည်။ ထို့နောက် ဣဇာက်သေဆုံးသွား၍ ‘ယာကုပ်’နှင့် ဧသောတို့သည် သူ့အား မြေမြှုပ်သင်္ဂြိုလ်လိုက်ကြလေသည်။ ‘အာဗြဟံ’နှင့်ဘုရားရှင်တို့ ပြုလုပ်ခဲ့သော ပဋိညာဉ်သည် ‘ယာကုပ်’ထံသို့ လက်ဆင့်ကမ်းသွားပြီ ဖြစ်လေသည်။
__