ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

ကပ်ဘေးကြီးဆယ်ခု

Frame 10-01

ဘုရားရှင်ကဖာရိုဘုရင်သည်မောရှေ နှင့်အေရွန်အားလက်မခံဘဲ ငြင်းဆန်လိမ့်မည်ဟု သတိပေးခဲ့ပါသည်။ သူတို့သည် ဖာရိုဘုရင်ထံသို့ သွားပြီးလျှင် ၎င်းတို့က “ဤသည်မှာ ဣသရေလ၏ ဘုရားရှင် ပြောကြားခြင်းဖြစ်သည်။ ကျွန်ုပ်တို့ လူများအား သွားခွင့်ပေးပါ” ဟု ပြောဆိုကြလေသည်။ သို့သော် ဖာရိုဘုရင်မှာ ၎င်းတို့စကားအား နားမထောင်ဘဲ ဣသရေလလူမျိုးများအား သွားခွင့်ပေးမည့်အစား ၎င်းတို့အားအလုပ်ကိုပို၍ ပြင်းပြင်းထန်ထန်လုပ်ရန် အဓမ္မခိုင်းစေလေသည်။

Frame 10-02

ဖာရိုဘုရင်သည် ဣသရေလလူမျိုးများအားသွားခွင့်မပြု ခဲ့သဖြင့် ဘုရားရှင်သည် အီဂျစ်ထံသို့ ဆိုးရွားသောကပ်ဘေးဆယ်ခုအား ဖြစ်စေလိုက်လေသည်။ ဤကပ်ဘေးများမှတစ်ဆင့် ဘုရားရှင်က ၎င်းသည် ဖာရိုဘုရင်နှင့်အီဂျစ်၏ နတ်ဘုရားအားလုံးထက်ပို၍ အင်အားကြီးကြောင်းပြသလိုက်ခြင်းဖြစ်ပါသည်။

Frame 10-03

ဘုရားရှင်သည် နိုင်းမြစ်အား သွေးအဖြစ်ပြောင်းလဲလိုက်သော်လည်း ဖာရိုမှာ ဣသရေလလူမျိုးများအား သွားခွင့်မပေးသေးပေ။

Frame 10-04

ဘုရားရှင်သည် အီဂျစ်တစ်ခွင်လုံးအား ဖားများ စေလွှတ်လိုက်သဖြင့် ဖာရိုဘုရင်က ‘မောရှေ’ အား ထိုဖားများကို နှင်ထုတ်ပစ်ရန် တောင်းပန်လေသည်။ သို့သော် ဖားများအားလုံးသေသွားသောအခါတွင် ဖာရို၏နှလုံးသားမှာ ပြန်လည်ခက်ထန်လာပြီး ဣသရေလလူမျိုးများအား အီဂျစ်မှထွက်ခွာခွင့်မပေးတော့ပေ။

Frame 10-05

ထို့ကြောင့် ဘုရားရှင်သည် ယင်ကောင်ကြီးများဖြစ်စေ၍ ကပ်ဘေးဆိုက်စေသည်။ ထို့နောက် သူသည် ဖြုတ်ကောင်များစေလွှတ်၍ ကပ်ဘေးများဆိုက်ရောက်စေသည်။ ဖာရိုသည် ‘မောရှေ’ နှင့် ‘အာရုန်’ အား ခေါ်၍ ၎င်းတို့၏ ကပ်ဘေးများအား ရပ်တန့်ပေးပါလျှင် ဣသရေလလူမျိုးများအား အီဂျစ်မှထွက်ခွာခွင့်ပေးမည်ဟု ပြောကြားခဲ့ပါသည်။ ‘မောရှေ’ ဆုတောင်းလိုက်သောအခါတွင် ဘုရားရှင်သည် အီဂျစ်မှ ယင်ကောင်များအားလုံးကို ဖယ်ရှားပေးလိုက်ပါသည်။ သို့သော် ဖာရို၏အသဲနှလုံးမှာ ပြန်လည်ခက်ထန်လာပြီး လူများအား လွတ်လပ်ခွင့်မပေးတော့ပေ။

Frame 10-06

ထို့နောက်တွင် ဘုရားရှင်သည် အီဂျစ်လူမျိုးများ၏ မွေးမြူရေးတိရိစ္ဆာန်များအား ရောဂါများဖြစ်ပြီး သေစေခဲ့သော်လည်း ဖာရို၏အသဲနှလုံးမှာ ခက်ထန်နေပြီး ဣသရေလလူမျိုးများအား သွားခွင့်မပေးသေးပေ။

Frame 10-07

ထို့နောက် ဘုရားရှင်သည် ‘မောရှေ’ အား ဖာရို၏ရှေ့တွင် ပြာမှုန်များအားလေထဲသို့ ဖြန့်ကြဲစေသည်။ သူထိုကဲ့သို့ ပြုလုပ်လိုက်သောအခါတွင် အီဂျစ်လူမျိုးများအပေါ် အလွန်ဆိုးရွားနာကျင်သောအရေပြားရောင်ရမ်းမှုများဖြစ်ပေါ်လာသော်လည်း ဣသရေလလူမျိုးများပေါ်တွင် မဖြစ်ပေါ်ပါ။ ဘုရားရှင်သည် ဖာရို၏အသဲနှလုံးအား ခက်ထန်မာကျောစေပြီး ဖာရိုမှာ ဣသရေလလူမျိုုးများအား လွတ်လပ်ခွင့်မပေးသေးပေ။

Frame 10-08

ထို့နောက်တွင် ဘုရားရှင်သည် မိုးသီးများအားဖြစ်စေပြီး အီဂျစ်တွင်ရှိသော ကောက်ပဲသီးနှံများစွာကို ပျက်စီးစေကာ အပြင်သို့ထွက်သူတိုင်းအား သေဆုံးစေသည်။ ဖာရိုသည် ‘မောရှေ’ နှင့် ‘အာရုန်’ အား ခေါ်ပြီး “ကျွန်ုပ်ပြစ်မှုများ ကျူးလွန်မိပါသည်။ သင်တို့လည်း သွားနိုင်ပါပြီ” ဟု ၎င်းတို့အား ပြောကြားလိုက်သောအခါတွင် ‘မောရှေ’ ဆုတောင်းလိုက်သဖြင့် ကောင်းကင်ပေါ်မှ မိုးသီးများကျရောက်ခြင်း ရပ်တန့်သွားလေသည်။

Frame 10-09

သို့သော် ဖာရိုသည် အပြစ်ထပ်မံပြုလုပ်ပြီး သူ၏နှလုံးသားမှာ ပြန်လည်ခက်ထန်လာပြန်သည်။ သူသည် ဣသရေလလူမျိုးများအား လွတ်လပ်ခွင့်မပေးသေးပါ။

Frame 10-10

ထိုအခါတွင် ဘုရားရှင်သည် ကျိုင်းကောင်အုပ်လိုက်အား အီဂျစ်ထံသို့လာရောက်စေသည်။ ထိုကျိုင်းကောင်များသည် မိုးသီးများ မဖျက်ဆီးနိုင်ခဲ့သော ကောက်ပဲသီးနှံအားလုံးအား စားလိုက်ကြသည်။

Frame 10-11

ထို့နောက် ဘုရားရှင်သည် သုံးရက်ခန့်ကြာသောအမှောင်ထုအား ဖြစ်စေလိုက်လေသည်။ အလွန်မှောင်မိုက်သွားသဖြင့် အီဂျစ်လူမျိုးများသည် ၎င်းတို့၏နေအိမ်မှ အပြင်သို့မထွက်နိုင်ကြပေ။ သို့သော် ဣသရေလလူမျိုးများ နေထိုင်ရာအရပ်တွင်မူ အလင်းရောင်ရရှိလေသည်။

Frame 10-12

ကပ်ဘေးကိုးခုကျရောက်ပြီးသော အချိန်ထိအောင် ဖာရိုဘုရင်သည် ဣသရေလလူမျိုးများအား လွတ်လပ်ခွင့်ပေးရန် ငြင်းဆန်လေသည်။ ဖာရိုဘုရင်၏ စကားနားမထောင်ခြင်းကြောင့် ဘုရားရှင်သည် နောက်ဆုံးကပ်အားစေလွှတ်ရန် စီမံလေတော့သည်။ ဤအရာတစ်ခုမှာ ဖာရို၏စိတ်အားပြောင်းလဲသွားစေမည်ဖြစ်သည်။

__