ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

ပသခါပွဲတော်

Frame 11-01

ဘုရားရှင်သည် ‘မောရှေ’ နှင့် ‘အာရုန်’ အား ဖာရိုထံသို့ စေလွှတ်၍ ဣသရေလလူမျိုးများအား သွားခွင့်ပြုရန် ပြောခိုင်းလိုက်သည်။ ၎င်းတို့သည် ဖာရိုဘုရင်က သွားခွင့်မပေးလျှင် အီဂျစ်တွင်ရှိသော လူနှင့်တိရိစ္ဆာန်အားလုံးတို့၏ ယောကျ်ားသားဦးများအားလုံးအား ဘုရားရှင်က သတ်ပစ်လိမ့်မည်ဟု သတိပေးပြောကြားလေသည်။ ဤသို့ပြောကြားပြီးသည့်အခါတွင်ပင် ဖာရိုဘုရင်သည် ဘုရားရှင်အား ယုံကြည်ရန်နှင့်နာခံရန် ငြင်းဆိုလေသည်။

Frame 11-02

ဘုရားရှင်သည် ၎င်းကို ယုံကြည်သူတို့၏သားဦးများ အားလုံးအားကယ်တင်ရန် နည်းလမ်းတစ်ခုပေးသဖြင့် မိသားစုတိုင်းသည် အကောင်းဆုံးသိုးတစ်ကောင်စီကို သတ်ကြရလေသည်။

Frame 11-03

ဘုရားရှင်သည် ထိုသိုး၏သွေးများကို ၎င်းတို့၏အိမ်တံခါးများတွင် သုတ်လိမ်းစေပြီး အသားများကိုကင်၍တဆေးမဲ့ ပေါင်မုန့်များနှင့် လျှင်မြန်စွာစားသုံးရမည်။ ထို့ပြင် ထိုသူတို့ စားသုံးပြီးလျှင်လည်း အီဂျစ်မှ လျှင်မြန်စွာထွက်ခွာနိုင်ရန်အတွက် အသင့်ပြင်ဆင်ခိုင်းထားပါသည်။

Frame 11-04

ဣသရေလလူမျိုးများသည် ဘုရားရှင်က သူတို့အားမိန့်တော်မူထားသည့်အတိုင်း လုပ်ဆောင်ကြလေသည်။ သန်းခေါင်ယံအချိန်တွင် ဘုရားရှင်သည် အီဂျစ်တွင်ရှိသော သားဦးရတနာများအားလုံးအားလိုက်လံကွပ်မျက် တော့မည်ဖြစ်လေသည်။

Frame 11-05

ဘုရားရှင်သည် အိမ်တံခါးများတွင်သွေးများရှိသော ဣသရေလလူမျိုးတိုင်း၏အိမ်များအား ကျော်လွန်သွားခဲ့သဖြင့် အိမ်ထဲတွင်ရှိသော လူအားလုံးမှာ လုံခြုံကြလေသည်။ သူတို့သည် သိုး၏သွေးကြောင့် သာကယ်တင်ခြင်းခံရခြင်းဖြစ်လေသည်။

Frame 11-06

သို့သော် အီဂျစ်များသည် ဘုရားရှင်အား ယုံကြည်ခြင်းမရှိဘဲ ဘုရားရှင်၏စကားများကို နာခံခြင်းမရှိသဖြင့် ၎င်းတို့၏အိမ်များအား ကျော်လွန်ခြင်းမပြုချေ။ ဘုရားရှင်သည် အီဂျစ်လူမျိုးများ၏သားဦးများအား လုံးကိုကွပ်မျက်လိုက်လေသည်။

Frame 11-07

အီဂျစ်လူမျိုးများ၏ ထောင်ထဲတွင်ရှိသောသားဦးမှအစ ဘုရင်၏သားဦးအဆုံး သေဆုံးသွားကြသဖြင့် အီဂျစ်တွင်ရှိသော လူများစွာတို့သည် ဝမ်းနည်းပူဆွေးစွာဖြင့်သည်းထန်စွာ အော်ဟစ်ငိုကြွေးနေကြရပါသည်။

Frame 11-08

ထိုညတွင်းချင်းပင် ဖာရိုဘုရင်သည် ‘မောရှေ’ နှင့် ‘အာရုန်’ အားခေါ်၍ “ဣသရေလလူမျိုးများအား ခေါ်ဆောင်ပြီးအီဂျစ်မှ ချက်ချင်းထွက်ခွာသွားပါ” ဟု ဆိုလိုက်ပါသည်။ အီဂျစ်လူမျိုးများကလည်း ဣသရေလလူမျိုးများအား ချက်ချင်းထွက်ခွာသွားကြရန် တိုက်တွန်းကြလေသည်။

__