ျမန္မာစာ: Open Bible Stories

Updated ? hours ago # views See on DCS

‘ဂျိုးဇက်’နှင့် သူ၏မိသားစုအား ဘုရားရှင်ကယ်တင်ခြင်း

Frame 08-01

နှစ်ပေါင်းများစွာကြာသောအခါ ‘ယာကုပ်’သည် အသက်အရွယ်အိုမင်းပြီဖြစ်သဖြင့် ၎င်း၏ အချစ်ဆုံးသား ‘ယောသပ်’ကို သူ၏ တိရိစ္ဆာန်များအား စောင့်ရှောက်ပေးနေသော အစ်ကိုထံသို့ စစ်ဆေးရန် စေလွှတ်လိုက်သည်။

Frame 08-02

‘ယောသပ်’၏ ညီအစ်ကိုများက ‘ယောသပ်’သည် သူတို့အဖေ၏ အချစ်ဆုံးသားဖြစ်ပြီး သူတို့၏ အုပ်ချုပ်သူဖြစ်လာမည်ဟု အိပ်မက်မက်သောကြောင့် ၎င်းအား မုန်းတီးကြ၏။ ‘ယောသပ်’သည် သူ၏ အစ်ကိုများထံသို့ လာသောအခါတွင် သူတို့သည် ၎င်းအားဖမ်းဆီး၍ ကျွန်ရောင်းသူများထံသို့ ရောင်းစားလိုက်ကြသည်။

Frame 08-03

‘ယောသပ်’၏ညီအကိုများသည် အိမ်သို့ပြန်ခါနီးတွင် ‘ယောသပ်’၏ အဝတ်အစားများအားယူ၍ ဆိတ်သွေးများတွင် နှစ်လိုက်ပြီး သူတို့၏ ဖခင်အား ထိုအဝတ်အစားများကို ပြ၍ တောရိုင်းတိရိစ္ဆာန်များက ‘ယောသပ်’ အား သတ်လိုက်ပြီဟုအ ထင်ရောက်စေသည်။ ‘ယာကုပ်’သည် အလွန်ဝမ်းနည်းသွားလေသည်။

Frame 08-04

ကျွန်ရောင်းဝယ်သူများသည် ‘ယောသပ်’အား အီဂျစ်သို့ခေါ်ဆောင်သွားကြသည်။ အီဂျစ်သည် နိုင်းမြစ်ကမ်းဘေးတွင်ရှိသည့် ကြီးမား၍အင်အားကြီးမားသောနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ကျွန်ရောင်းဝယ် သူများသည် ‘ယောသပ်’အား ချမ်းသာသော အစိုးရအရာရှိတစ်ဦးထံသို့ ရောင်းလိုက်သည်။ ‘ယောသပ်’သည် သူ၏ သခင်အား ကောင်းမွန်စွာ အလုပ်အကျွေးပြုသဖြင့် ဘုရားသခင်က သူ့အား ကောင်းချီးပေးလေသည်။

Frame 08-05

သူ့သခင်၏ဇနီးသည် ‘ယောသပ်’နှင့် အိပ်ရန်ကြိုးစားလေသည်။ သို့သော် ‘ယောသပ်’ သည် ဘုရားရှင်အား ဆန့်ကျင်ပြီး ပြစ်မှုမကျူးလွန်လိုသောကြောင့် ငြင်းဆန်ခဲ့သဖြင့် သူမသည် အလွန်အမင်းဒေါသထွက်သွားပြီး ‘ယောသပ်’ အား ထောင်ထဲသို့ ပို့နိုင်ရန် စွပ်စွဲလေသည်။ ထောင်ကျသည်အထိ ဘုရားရှင်အားသစ္စာရှိသဖြင့် ဘုရားရှင်သည် ‘ယောသပ်’အား ကောင်းချီးပေးလေသည်။

Frame 08-06

(၂) နှစ်ကြာပြီးနောက် ‘ယောသပ်’သည် အပြစ်ကင်းစင်သော်လည်း ထောင်ထဲ၌ပင်ရှိနေသေးသည်။ တစ်ညတွင် ‘ဖာရို’ဟုခေါ်သော အီဂျစ်ဘုရင်သည် ၎င်းအားကြီးစွာစိတ်အနှောက်အယှက်ပေးသော အိပ်မက်နှစ်ခုအားမြင်မက်လေသည်။ ထိုအိပ်မက်များအား ၎င်း၏ပညာရှိများသည် မည်သူမျှ မဖော်ထုတ်နိုင်ပေ။

Frame 08-07

ဘုရားရှင်သည် ‘ယောသပ်’အား အိပ်မက်၏ အဓိပ္ပါယ်ကို ဖော်နိုင်သော စွမ်းရည်အား ပေးထားလေသည်။ ‘ဖာရို’ ဘုရင်သည် ‘ယောသပ်’ အား ထောင်ထဲမှ ခေါ်ဆောင်လာစေခဲ့ပြီး ၎င်း၏ အိပ်မက်များအား ဖတ်ခိုင်းသောအခါတွင် “ဘုရားရှင်သည် အစာရေစာပေါများသောနှစ် (၇)နှစ်နှင့် ကပ်ဘေးကျရောက်သော(၇)နှစ်ကို ဖြစ်စေလိမ့်မည်” ဟုပြောကြားလိုက်သည်။

Frame 08-08

ဖာရိုဘုရင်သည် ‘ယောသပ်’အား အလွန်အမင်းနှစ်သက်သဘောကျပြီး အီဂျစ်တခွင်တွင် ဒုတိယမြောက်အာဏာအရှိဆုံးသူအဖြစ် သတ်မှတ်လိုက်လေသည်။

Frame 08-09

‘ယောသပ်’ သည် လူများအား အစာရေစာပေါများသောနှစ်တွင် အစာရေစာမြောက်များစွာ သိုလှောင်စေပြီးအငတ်ဘေး (၇) နှစ် ဆိုက်သောအခါတွင် စားစရာများရရှိစေရန်အတွက် ‘ယောသပ်’ သည် လူများအား အစားအသောက်များကို ရောင်းချပေးလေသည်။

Frame 08-10

အငတ်ဘေးသည် အီဂျစ်တစ်ခုထဲတွင်မဟုတ်ဘဲ ‘ယာကုပ်’ နှင့် သူ၏မိသားစုနေထိုင်သော ခါနန်တွင်လည်း ပြင်းထန်စွာဖြစ်ပွားလေသည်။

Frame 08-11

ထို့ကြောင့် ‘ယာကုပ်’သည် သူ၏ သားအကြီးများအား အီဂျစ်သို့ အစားအစာဝယ်ရန် စေလွှတ်လိုက်သည်။ ညီအစ်ကိုများသည် အစားအစာဝယ်နေစဉ် ရှေ့၌ရပ်နေသော ‘ယောသပ်’ အား မမှတ်မိကြပေ။ သို့သော် ‘ယောသပ်’မှာ ၎င်းတို့အား မှတ်မိလေသည်။

Frame 08-12

ထို့နောက်သူ၏ ညီအစ်ကိုများ ပြောင်းလဲသွားခြင်းရှိမရှိအား စမ်းသပ်ပြီး နောက်‘ယောသပ်’ သည် ၎င်းတို့အား “ကျွန်ုပ်သည် သင်တို့၏ညီဖြစ်သူ ‘ယောသပ်’ ဖြစ်သဖြင့် မကြောက်လန့်ကြပါနှင့်။ သင်တို့သည်ယုတ်မာစွာဖြင့် ကျွန်ုပ်အားကျွန်အဖြစ်ရောင်းစားလိုက်ကြသည်။သို့သော်ဘုရားရှင်သည်ကျွန်ုပ်အားကောင်းကျိုးများခံစားရရန်အတွက်ထိုဆိုးယုတ်သောအရာကိုအသုံးပြုခဲ့ခြင်းသာဖြစ်သည်။ သင်နှင့်သင်၏မိသားစုတို့အား ကျွန်ုပ်ထောက်ပံ့ပေးနိုင်ရန် အီဂျစ်တွင်လာ၍ နေထိုင်ကြပါ” ဟုဆိုလိုက်လေသည်။

Frame 08-13

‘ယောသပ်’၏ညီအစ်ကိုများသည် သူတို့၏အိမ်သို့ ပြန်ရောက်သောအခါတွင် သူတို့၏ဖခင်ဖြစ်သူ အား ‘ယောသပ်’ သည် အသက်ရှင်နေသေးကြောင်းပြောပြရာယာကုပ်သည် အလွန်ပင်ဝမ်းသာပျော်ရွှင်သွားလေသည်။

Frame 08-14

‘ယာကုပ်’သည် အိုမင်းနေပြီဖြစ်သော်လည်း အီဂျစ်သို့ ပြောင်းရွှေ့ပြီး ၎င်း၏မိသားစုနှင့်အတူ ထိုနေရာ၌ ပျော်ရွှင်စွာနေထိုင်ကြလေသည်။ ‘ယာကုပ်’ မကွယ်လွန်မီ ၎င်းတို့၏ သားတစ်ဦးစီတိုင်းအား ကောင်းချီးများပေးခဲ့လေသည်။

Frame 08-15

ဘုရားရှင်က ‘အာဗြဟံ’ အား ပေးခဲ့သောပဋိညာဉ်သည် ‘ဣဇာက်’ထံသို့ လက်ဆင့်ကမ်းခြင်းခံရပြီးနောက် ‘ယာကုပ်’နှင့်သူ၏သား (၁၂) ယောက်တို့၏ မိသားစုထံသို့ ဆက်လက်ရောက်ရှိသွားလေသည်။ထိုမိသားစု (၁၂) စုတို့၏ မျိုးဆက်များသည်လည်း ဣသရေလတွင်ရှိသော လူမျိုး (၁၂) မျိုး ဖြစ်သွားလေသည်။

__