ရေကြီးခြင်း

အချိန်ကြာလာသောအခါတွင် ကမ္ဘာပေါ်တွင်လူများစွာနေထိုင်လာကြပါသည်။ သူတို့သည် အလွန်အမင်းကောက်ကျစ်၍ ကြမ်းတမ်းလာကြသည်။ အလွန်ဆိုးယုတ်လာသဖြင့် ဘုရားရှင်က ကမ္ဘာကြီးတစ်ခုလုံးအား ကြီးမားသောရေလွှမ်းမိုးမှုဖြင့် ဖျက်ဆီးရန်ဆုံးဖြတ်ချက်ချလိုက်သည်။

သို့သော်ဘုရားရှင်သည် နောဧကိုကျေနပ်နှစ်သက်တော်မူ၏။ သူသည် ကောက်ကျစ်သောသူများကြားထဲမှ မှန်ကန်သောလူတစ်ဦးဖြစ်ပါသည်။ ဘုရားရှင်ကနောဧအားကြီးမားသော ရေလွှမ်းမိုးခြင်းပြုလုပ်တော့မည်ဟု ပြောပြလိုက်သည်။ ထို့ကြောင့်သူသည် နောဧအားကြီးမားသော လှေတစ်စီးကိုဆောက်လုပ်ရန် မိန့်တော်မူခဲ့လေသည်။

ဘုရားရှင်သည် နောဧအားသင်္ဘောကို အလျှားတစ်ရာ့လေးဆယ်မီတာ၊ အနံနှစ်ဆယ့်သုံးမီတာနှင့် အမြင့် တစ်ဆယ့်သုံးဒသမငါးမီတာမြင့်အောင်ဆောက်ခိုင်းသည်။ နောဧသည် ထိုသင်္ဘောအား သစ်သားဖြင့်ဆောက်၍ အထပ်သုံးထပ်၊ အခန်းများ၊ခေါင်မိုးတစ်ခုနှင့် ပြတင်းပေါက်တစ်ခုပါရှိစေသည်။ သင်္ဘောသည် နောဧနှင့်သူ၏မိသားစုအပြင် ကုန်းနေသတ္တဝါတိုင်းကို ရေကြီးချိန်တွင် လုံခြုံစိတ်ချအောင်ထားနိုင်လေသည်။

နောဧသည် ဘုရားရှင်၏စကားအားလိုက်နာခဲ့သည်။ သူနှင့်သူ၏သားသုံးယောက်သည် ဘုရားရှင်ပြောကြားသည့်အတိုင်း သင်္ဘောအားဆောက်လုပ်ကြသည်။ သင်္ဘောသည် အလွန်ကြီးမားသောကြောင့် ဆောက်လုပ်ရန်နှစ်ရှည်လများ ကြာမြင့်ခဲ့သည်။ နောဧသည် ရေကြီးတော့မည်ကို လူတိုင်းအားသတိပေးပြီး ဘုရားရှင်အား လိုက်နာရန်ပြောကြားသော်လည်း မည်သူမှ၎င်းအား မယုံကြည်ကြပေ။

ဘုရားရှင်သည် နောဧအားသူ၏မိသားစုအပြင် တိရိစ္ဆာန်များအတွက် အစာရေစာလုံလောက်အောင် စုဆောင်းစေသည်။ အချိန်တန်သောအခါတွင် ဘုရားရှင်သည် နောဧ၊သူ၏မိန်းမ၊သူ၏သားသုံးယောက်နှင့် သူတို့၏ဇနီးများအားလုံးလူဦးရေစုစုပေါင်းရှစ်ယောက်ကို သင်္ဘောပေါ်သို့တက်စေလေသည်။

ဘုရားရှင်က တိရိစ္ဆာန်တိုင်း၏ အထီးတစ်ကောင် အမတစ်ကောင်အား ရေကြီးချိန်တွင် လုံခြုံစိတ်ချရစေရန် နောဧ၏သင်္ဘောပေါ်သို့ စေလွှတ်လိုက်သည်။ ဘုရားရှင်သည် တိရိစ္ဆာန်မျိုးစုံထဲမှ အထီးခုနှစ်ကောင်၊ အမခုနှစ်ကောင်အား ပူဇော်စဉ် အသုံးပြုနိုင်အောင် ထည့်ပေးလိုက်သည်။ ၎င်းတို့အားလုံး သင်္ဘောထဲသို့ရောက်သောအခါတွင် ဘုရားရှင်ကိုယ်တိုင် တံခါးကိုပိတ်လိုက်လေသည်။

ထို့နောက်မိုးအဆက်မပြတ်ရွာသွန်းလာပြီး မိုးသည်ရက်ပေါင်းလေးဆယ်ခန့်နေ့ညမပြတ် ရွာသွန်းလာလေသည်။ ကမ္ဘာမြေကြီးထဲမှရေများပန်းထွက်လာသည်။ အမြင့်ဆုံးတောင်များအပါအဝင် ကမ္ဘာပေါ်တွင်ရှိသောအရာများအားလုံး ရေလွှမ်မိုးးသွားလေသည်။

သင်္ဘောပေါ်တွင်ပါသောလူများနှင့် တိရိစ္ဆာန်များမှအပ ကျန်သောကုန်းနေသတ္တဝါများ အားလုံး သေဆုံးသွားကြသည်။ သင်္ဘောသည် ရေပေါ်တွင်ပေါ်နေပြီး အထဲတွင်ပါဝင်သောလူများနှင့် တိရိစ္ဆာန်များအား ကာကွယ်လိုက်သည်။

မိုးရွာသွန်းခြင်း ရပ်တန့်သွားသောအခါတွင် သင်္ဘောသည်ရေပေါ်တွင် ငါးလခန့်မျောပါနေပြီး ထိုအချိန်တွင် ရေများစတင်ကျဆင်းလာသည်။ တစ်နေ့တွင် သင်္ဘောသည် တောင်တစ်လုံး၏ထိပ်ဖျားတွင်ရပ်နားနေလေသည်။ သို့သော် ကမ္ဘာကြီးမှာရေလွှမ်းမိုးနေစဲပင်ဖြစ်သည်။ သုံးလကျော်ပြီးနောက် တောင်ထိပ်များကိုမြင်လာရပါသည်။

ရက်လေးဆယ်မြောက်သောနေ့တွင် နောဧ ကကျီးကန်းတစ်ကောင်ကိုလွှတ်၍ ခြောက်သွေ့သောမြေအား ရှာဖွေစေသည်။ ကျီးကန်းသည် ခြောက်သွေ့သောမြေနေရာအား ရှာဖွေရန် ခေါက်တုံ့ခေါက်ပြန်ရှာဖွေသော်လည်း မတွေ့ရှိပေ။

ထို့နောက်တွင်နောဧသည် ဂျိုးငှက်ဟုခေါ်သော ငှက်တစ်ကောင်ကို ခြောက်သွေ့သော ကုန်းမြေအား ရှာဖွေရန်စေလွှတ်လိုက်ရာ ရှာဖွေ၍မရသဖြင့်နောဧထံသို့ပြန်လာလေသည်။ တစ်ပတ်ကြာသောအခါတွင် ဂျိုးငှက်အားထပ်မံစေလွှတ်လိုက်ရာ နှုတ်သီးတွင်သံလွင်ခက်ကိုကိုက်၍ ပြန်လာလေသည်။ ရေများကျဆင်းနေပြီဖြစ်ပြီး အပင်များလည်းပြန်လည်ကြီးထွားနေပြီဖြစ်သည်။

နောဧသည် နောက်တစ်ပတ်ခန့်စောင့်ပြီး ဂျိုးငှက်အား သုံးကြိမ်မြောက်အဖြစ် စေလွှတ်လိုက် ပြန်သည်။ ယခုအချိန်တွင် ရေများခန်းခြောက်သွားပြီး နားခိုစရာရရှိသွားသဖြင့် ပြန်မလာတော့ပေ။

နှစ်လခန့်ကြာသော် ဘုရားရှင်က နောဧအား “သင်နှင့် သင့်မိသားစုအပါအဝင် တိရိစ္တာန်များ အားလုံး သင်္ဘောမှထွက်ခွါ၍ရပြီ။ ခလေးများ၊ မြေးများကိုမြောက်များစွာမွေးဖွား၍ ဤကမ္ဘာကြီးအား ဖြည့်ကြပါ။” ထိုအခါ နောဧနှင့်သူ၏မိသားစုသည် သင်္ဘောမှထွက်လာကြသည်။

နောဧသည် သင်္ဘောပေါ်မှဆင်းလာပြီးသောအခါတွင် ဘုရားပူဇော်ရန်ပလ္လင်တစ်ခုကိုတည်ဆောက်ပြီး ပူဇော်၍ရသော တိရိစ္ဆာန်အချို့ကို ပူဇော်လိုက်သည်။ ဘုရားရှင်သည် နောဧ၏ပူဇော် မှုအားကျေနပ်ပြီး သူနှင့်သူ၏မိသားစုအား ကောင်းချီးပေးလေသည်။

ဘုရားရှင်က “”ကျွန်ုပ်သည် ဤကမ္ဘာမြေကို လူတို့၏မကောင်းမှုတို့အတွက် ကျိန်စာလည်းမတိုက်တော့ပေ။ ရေကြီး၍လည်း ကမ္ဘာကြီးအားမဖျက်ဆီးတော့ပေ။ အဘယ်ကြောင့်ဆိုသော် လူသားများမှာ အပြစ်ကျူးလွန်ကြသော်လည်း ဘုရားရှင်၏သားသမီးများသာ ဖြစ်နေကြသောကြောင့်ဖြစ်သည်”ဟု ဆိုလိုက်ပါသည်။

ထို့နောက်ဘုရားရှင်သည် သူ၏ကတိတော်အဖြစ် သက်တန့်တစ်ခုအားဖန်ဆင်းလိုက်လေသည်။ ကောင်းကင်ယံ၌ သက်တန့်ပေါ်လာတိုင်း ဘုရားရှင်နှင့်လူသားများသည် ဘုရားရှင်၏ကတိတော်အား ပြန်လည်အမှတ်ရနေကြမည်ဖြစ်သည်။
__