မြန်မာ: Open Bible Stories

Updated ? hours ago # views See on DCS

ကမ္ဘာကြီးအားအပြစ်တရားဝင်ရောက်ခြင်း

OBS Image

(2-1)‘အာဒမ်’နှင့်သူ၏ဇနီးသည် ဘုရားရှင်ဖန်ဆင်းပေးထားသည့် လှပသောဥယျာဉ်ကြီးထဲတွင် အလွန်ပျော်ရွှင်စွာ နေထိုင်နေခဲ့ကြသည်။ ၎င်းတို့နှစ်ဦးစလုံးသည် အဝတ်အစားများမဝတ်ဆင်ကြပေ။ သို့သော် ဤကမ္ဘာမြေပေါ်တွင် အပြစ်တရားမရှိသောကြောင့် မည်သည့်အရှက်တရားမှ မခံစားရပါ။ ၎င်းတို့သည် ပုံမှန်ပင် ပန်းခြံထဲ၌လမ်းလျှောက်ကြပြီး ဘုရားရှင်နှင့်စကားပြောကြသည်။

OBS Image

(2-2)သို့သော်၎င်းဥယျာဉ်ထဲတွင်အလွန်ကောက်ကျစ်သော မြွေတစ်ကောင်ရှိလေသည်။ ၎င်းမြွေကမိန်းမအား "ဘုရားရှင်သည်သင်တို့အားဤဥယျာဉ်ထဲရှိတချို့အပင်က အသီးကိုမစားရန် ပညတ်ထားတယ်ဆိုတာအမှန်ပင်ဟုတ်ပါသလား"ဟု မေးမြန်းလိုက်လေသည်။

OBS Image

(2-3)ထိုမိန်းမက "ဘုရားရှင်သည်ကောင်းခြင်းဆိုးခြင်းကိုသိစေနိုင်သော အသိဉာဏ်သစ်ပင်မှလွဲ၍ မည်သည့်အပင်က အသီးကိုမဆို စားသုံးနိုင်သည်"ဟု ကျွန်ုပ်တို့အားမှာကြားထားပါသည်။"ထိုအသီးအား စားရန်ပင်မဆိုနှင့် ထိရုံနှင့်ပင်သေလိမ့်မည်ဟု ဘုရားရှင်က ကျွန်ုပ်တို့အားပညတ်ထားပါသည်"ဟုဖြေဆိုလိုက်လေသည်။

OBS Image

(2-4)ထိုအခါတွင်မြွေက “ဒါတွေကအမှန်မဟုတ်ပါ၊ သင်တို့သေမည်မဟုတ်ပါ၊ ထိုအသီးကိုသင်တို့စားလိုက်လျှင် ဘုရားရှင်ကဲ့သို့ပင် အကောင်းနှင့်အဆိုးများကိုချက်ချင်း နားလည်သဘောပေါက်သွားမည်ကို ဘုရားရှင်ကစိုးရိမ်၍သာဤသို့ပညတ်ထားခြင်းဖြစ်သည်။”ဟုပြန်လည်ပြောဆိုလိုက်လေသည်။

OBS Image

(2-5)မိန်းမကထိုအသီးများသည် အလွန်လှပ၍ စားချင်စဖွယ်ဖြစ်သည်ဟု မြင်လေ၏။ သူမသည် ဉာဏ်ပညာကြီးမြတ်ချင်သောကြောင့် ထိုအသီးအချို့ကို ခူးယူစားသုံးလိုက်သည်။ သူမနှင့်အတူ ပါလာသော သူမ၏ခင်ပွန်းအားကျွေးလိုက်သဖြင့် အာဒမ်ကလည်းစားလိုက်လေသည်။

OBS Image

(2-6)ရုတ်တရက်တွင်သူတို့၏အသိဥာဏ်များပွင့်သွားပြီးနောက် သူတို့ကိုယ်လုံးတည်းဖြစ်နေသည်ကို သတိထား မိသွားကြသည်။ သူတို့သည်သစ်ရွက်များကို အဝတ်အစားအဖြစ်ပြုလုပ်ပြီး ဖုံးအုပ်ရန်ကြိုးစားကြပါသည်။

OBS Image

(2-7)ထိုအချိန်တွင် ဘုရားရှင်သည်ဥယျာဉ်ထဲတွင် လမ်းလျှောက်နေသည်ကို အာဒမ်နှင့်သူ၏ဇနီးတို့က ကြားလိုက်ကြသည်။ ထိုအခါ ၎င်းတို့နှစ်ဦးစလုံး ဘုရားရှင်အား ပုန်းကွယ်နေကြသည်။ ထိုအခါ ဘုရားရှင်က “သင်တို့ဘယ်မှာလဲ” ဟု မေးလေသည်။ ‘အာဒမ်’က “ကျွန်ုပ်သည် ဘုရားရှင်ဥယျာဉ်ထဲမှာ လမ်းလျှောက်နေသည်ကိုကြားရပါသည်၊ ကျွန်ုပ်တို့သည် ကိုယ်လုံးတည်းဖြစ်နေသောကြောင့် ကြောက်ရွံ့၍ပုန်းနေပါသည်"ဟု ဖြေကြားခဲ့ပါသည်။

OBS Image

(2-8)ထိုအခါဘုရားရှင်က “သင်တို့ ကိုယ်လုံးတည်းဖြစ်နေသည်ဟု ဘယ်သူကပြောသနည်း၊ ငါ မစားနှင့်ဟုပြောထားသောအသီးအား စားခဲ့ပါသလား” ဟုမေးမြန်းလိုက်ပါသည်။ထိုအခါအာဒမ်က “ဘုရားရှင်က ကျွန်ုပ်ကို ဤမိန်းမအားပေးခဲ့ပြီး၊ ဤမိန်းမက ကျွန်ုပ်အား ဤအသီးကိုပေးပါသည်”ဟု ပြန်လည်ဖြေကြားလိုက်သည်။ ထိုအခါဘုရားရှင်သည် ထိုမိန်းမအား “သင်ဘာလုပ်မိပြီလဲ”ဟု မေးလိုက်သည်။ မိန်းမက “မြွေက ကျွန်ုပ်အားလှည့်စားလိုက်သည်”ဟု ပြန်လည်ဖြေကြားလိုက် လေသည်။

OBS Image

(2-9)ဘုရားရှင်သည်မြွေအား “ကျွန်ုပ် သင့်အားကျိန်စာတိုက်လိုက်သည်။ သင်သည်ဝမ်းဗိုက်နှင့် တွားသွားပြီး မြေကြီးကိုစားရမည်။ သင်နှင့်ဤမိန်းမသည် တစ်ဦးနှင့်တစ်ဦးမုန်းတီးကြပြီး သင်၏အမျိုးအနွယ်နှင့် သူမ၏အမျိုးအနွယ်တို့သည်အချင်းချင်းမုန်းတီးကြလိမ့်မည်။ ဤမိန်းမ၏မျိုးရိုးစဉ်ဆက် များမှာ သင်၏ဦးခေါင်းကိုနင်းချေကြမည်ဖြစ်ပြီး သင်သည်လဲသူတို့၏ခြေဖနောင့်အားပေါက်လိမ့် မည်။”ဟုမိန့်တော်မူလိုက်သည်။

OBS Image

(1-10)ထို့နောက်ဘုရားရှင်က မိန်းမအား “သင်သည် ကလေးမွေးဖွားရာတွင် အလွန်အမင်းနာကျင်စေမည်။ သင်သည် သင်၏ယောက်ျားအား ချစ်ခင်စုံမက်ပြီးသင့်ယောက်ကျားက သင့်အပေါ်တွင် ဩဇာညောင်းလိမ့်မည်။”ဟုမိန့်တော်မူလိုက်လေသည်။

OBS Image

(2-11)ဘုရားရှင်က ယောက်ျားအား “သင်သည် သင်၏မိန်းမစကားအားနားထောင်ပြီး ကျွန်ုပ်အား ဖီဆန်ခြင်းပြုသည်။ ယခုအခါတွင် မြေကြီးသည် ကျိန်စာသင့်၍ မြေကြီးမှသီးနှံထွက်ရန်အတွက် ခက်ခဲစွာစိုက်ပျိုးရလိမ့်သည်။ ထို့နောက်သင်သေဆုံးပြီး သင်၏ခန္ဓာကိုယ်သည် မြေမှလာ၍မြေကြီးထဲသို့ပြန်လည်ရောက်ရှိသွားမည်။” အမျိုးသားက သူ၏မိန်းမအား အသက်ပေးသူဟူသော အဓိပ္ပါယ်ဖြင့် ‘ဧဝ’ဟု အမည်ပေးခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူမသည် လူတိုင်း၏မိခင်ဖြစ်လာမည် ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားရှင်က ‘အာဒမ်’နှင့် ‘ဧဝ’အား တိရိစ္ဆာန်တို့၏သားရေများဖြင့် ဝတ်စားဆင်ယင်ပေးတော်မူလေသည်။

OBS Image

(2-12)ထို့နောက် ဘုရားရှင်က “ယခုအခါတွင် ထိုလူသားတို့သည် ငါတို့ကဲ့သို့ အကောင်းအဆိုးများကို ခွဲခြားသိမြင်လာကြပြီးဖြစ်သဖြင့်သူတို့အား အသက်၏သစ်ပင်မှအသီးကိုစား၍ ထာဝရအသက်ရှင်ခွင့် မပြုသင့်ပေ"၊ ထို့ကြောင့် ဘုရားရှင်သည်သူတို့အားဥယျာဉ်၏အဝေးသို့ ထွက်ခွာသွားစေသည်။ ဘုရားရှင်က အသက်၏သစ်ပင်မှ သစ်သီးများအား မည်သူမျှမစားနိုင်စေရန် တန်ခိုးကြီးသောနတ် စေတမန်များကို ထိုဥယျာဉ်၏အဝင်ဝတွင်စောင့်စေလေသည်။

__