မြန်မာ: Open Bible Stories

Updated ? hours ago # views See on DCS

ပသခါပွဲတော်

OBS Image

(၁၁-၁) ဘုရားရှင်သည် ‘မောရှေ’ နှင့် ‘အာရုန်’ အား ဖာရောဘုရင်ထံသို့ စေလွှတ်၍ ဣသရေလလူမျိုးများအား ထွက်ခွာခွင့်ပေးရန် တောင်းဆိုစေသည်။ ဖာရောဘုရင်ကသူတို့အား သွားခွင့်မပေးလျှင် အီဂျစ်တွင်ရှိသော သားဦးများနှင့် အဦးဆုံးသော တိရိစ္ဆာန်အထီးအားလုံးတို့အားဘုရားရှင်က သတ်ပစ်လိမ့်မည်ဟု သတိပေးပြောကြားလေသည်။ဖာရိုဘုရင်သည်သူတို့ပြောကြားသည်များကိုနားထောင်ပြီးသည့်အခါတွင်လည်းဘုရားရှင်အား ယုံကြည်လက်ခံရန် ငြင်းဆိုနေတုန်းပင်ဖြစ်လေသည်။

OBS Image

(၁၁-၂)ဘုရားရှင်သည်သူ့ ကို ယုံကြည်သူတို့၏သားဦးများ အားလုံးအားကာကွယ်ရန် နည်းလမ်းတစ်ခုပေးထားလေသည်။ထိုနည်းလမ်းမှာ မိသားစုတိုင်းသည် အကောင်းဆုံးသိုးတစ်ကောင်စီကိုရွေးချယ်ပြီးထိုသိုးကို သတ်ရမည်။

OBS Image

(၁၁-၃) ဘုရားရှင်သည် ထိုသိုး၏သွေးများကို ၎င်းတို့၏အိမ်တံခါးများတွင် သုတ်လိမ်းစေပြီး အသားများကိုကင်၍တဆေးမဲ့ ပေါင်မုန့်များနှင့် လျှင်မြန်စွာစားသုံးရမည်။ ထို့ပြင် ထိုသူတို့ စားသုံးပြီးလျှင်လည်း အီဂျစ်မှ လျှင်မြန်စွာထွက်ခွာနိုင်ရန်အတွက် အသင့်ပြင်ဆင်ခိုင်းထားပါသည်။

OBS Image

(၁၁-၄) ဣသရေလလူမျိုးများသည် ဘုရားရှင်က သူတို့အားမိန့်တော်မူထားသည့်အတိုင်း တသွေမတိမ်းလုပ်ဆောင်ကြလေသည်။ သန်းခေါင်ယံအချိန်တွင် ဘုရားရှင်သည် အီဂျစ်တွင်ရှိသော သားဦးရတနာများအားလုံးအားလိုက်လံကွပ်မျက် တော့လေသည်။

OBS Image

(၁၁-၅) ဘုရားရှင်သည် အိမ်တံခါးများတွင်သွေးများသုတ်လိမ်းထားသော ဣသရေလလူမျိုးတိုင်း၏အိမ်များအား ကျော်လွန်သွားခဲ့သဖြင့် အိမ်ထဲတွင်ရှိသော လူအားလုံးမှာအသက်ချမ်းသာရာရကြလေသည်။ သူတို့သည် သိုး၏သွေးကြောင့် သာကယ်တင်ခြင်းခံရခြင်းဖြစ်လေသည်။

OBS Image

(၁၁-၆) သို့သော် အီဂျစ်လူမျိုးများသည် ဘုရားရှင်အား ယုံကြည်ခြင်းမရှိဘဲ ဘုရားရှင်၏ပညတ်တော်များကို နာခံခြင်းမရှိကြသဖြင့် ၎င်းတို့၏အိမ်များအား ကျော်လွန်ခြင်းမပြုချေ။ ဘုရားရှင်သည် အီဂျစ်လူမျိုးများ၏သားဦးများအား လုံးကိုကွပ်မျက်လိုက်လေသည်။

OBS Image

(၁၁-၇) အီဂျစ်လူမျိုးများ၏ ထောင်ထဲတွင်ရှိသောသားဦးမှအစ ဖာရောဘုရင်၏သားဦးအဆုံး သေဆုံးသွားကြသဖြင့် အီဂျစ်တွင်ရှိသော လူများစွာတို့သည် ဝမ်းနည်းပူဆွေးစွာဖြင့်သည်းထန်စွာ အော်ဟစ်ငိုကြွေးနေကြရပါသည်။

OBS Image

(၁၁-၈) ထိုညတွင်းချင်းပင် ဖာရောဘုရင်သည် ‘မောရှေ’ နှင့် ‘အာရုန်’တို့ အားဆင့်ခေါ်၍ “ဣသရေလလူမျိုးများအား ခေါ်ဆောင်ပြီးအီဂျစ်ပြည်မှ ချက်ချင်းထွက်သွားကြပါတော့” ဟု ဆိုလိုက်ပါသည်။ အီဂျစ်လူမျိုးများကလည်း ဣသရေလလူမျိုးများအား ချက်ချင်းထွက်ခွာသွားကြရန် တိုက်တွန်းကြလေသည်။

__