ဘုရားရှင်နှင့် ဒါဝိဒ် ကြားရှိ ကတိစကား
ရှောလုသည် ဣသရေလ၏ ပထမဆုံးဘုရင်ဖြစ်ပြီး လူအများလိုချင်သည့်ပုံစံအတိုင်း အရပ်ရှည်၍ ရုပ်ရည်ခံ့ညားသည်။ ရှောလုသည် ဣသရေလအား ပထမဆုံးအုပ်ချုပ်သောနှစ်အနည်းငယ်ခန့်တွင် ကောင်းမွန်သောဘုရင်ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဘုရားရှင်အား မလိုက်နာသည့် ကောက်ကျစ်သောသူတစ်ဦးဖြစ်သွားလေသည်။ ထို့ကြောင့် ဘုရားရှင်သည် ၎င်း၏နေရာတွင် တစ်နေ့ ဘုရင်ဖြစ်လာမည့် အခြားလူတစ်ဦးအား ရွေးချယ်လေတော့သည်။
ဘုရားရှင်သည် ဒါဝိဒ် ဟုခေါ်သော ဣသရေလလူငယ်တစ်ဦးအား ရွေးချယ်ခဲ့ပြီး တစ်နေ့နေ့တစ်ချိန်ချိန်တွင် ရှောလုဘုရင်၏ နောက်ဖြစ်မည့် ဘုရင်အဖြစ် စီမံလေတော့သည်။ ဒါဝိဒ်သည် ဗက်လင်မှ သိုးကျောင်းသားလေးတစ်ဦးဖြစ်ပြီး တစ်ချိန်က အဖေဖြစ်သူ၏သိုးများအား ကြည့်ရှုထိန်းကျောင်းနေစဉ်တွင် လာရောက်တိုက်ခိုက်သော ခြင်္သေ့တစ်ကောင်နှင့် ဝက်ဝံတစ်ကောင်အား သတ်ခဲ့ဖူးလေသည်။ ဒါဝိဒ်သည် ရိုးသားဖြောင့်မတ်သူတစ်ဦးဖြစ်ပြီး ဘုရားရှင်အား ယုံကြည်ကိုးကွယ်သူတစ်ဦးလည်း ဖြစ်ပါသည်။
ဒါဝိဒ်သည် လူငယ်ဘဝတွင် ဂေါလျတ် ဟုခေါ်သော လူဘီလူးကြီးတစ်ဦးနှင့် တိုက်ခိုက်ဖူးလေသည်။ ဂေါလျတ်သည် အလွန်ကောင်းမွန်သော စစ်သားတစ်ဦးဖြစ်ပြီး အလွန်သန်မာ၍ အရပ်မှာ ၉ပေကျော် ရှည်လေသည်။ သို့သော် ဘုရားရှင်သည် ဣသရေလအား ကယ်တင်ရန်အတွက် ဒါဝိဒ်အား ဂေါလျတ်ကို သတ်နိုင်ရန်ကူညီလိုက်လေသည်။ ထို့နောက် ဒါဝိဒ်သည် ဣသရေလ၏ ရန်သူများအပေါ်တွင် အောင်မြင်မှုများရလေသည်။ ဒါဝိဒ်သည် အလွန်တော်သော စစ်သားတစ်ဦးဖြစ်လာပြီး ဣသရေလစစ်တပ်၏ တိုက်ပွဲပေါင်းများစွာကို ဦးဆောင်လေသည်။ လူများက သူ့အား အလွန်အမင်းချီးကျူးကြလေသည်။
လူထုသည် ဒါဝိဒ်အား အလွန်ချစ်ခင်ကြသဖြင့် ရှောလုဘုရင်က မနာလိုဖြစ်လာလေသည်။ နောက်ဆုံးတွင် ရှောလုသည် ဒါဝိဒ်အား သတ်ရန်ကြံစည်လာသဖြင့် သူနှင့်သူ၏စစ်သားများထံမှ လွတ်မြောက်စေရန် တောကန္တာရထဲသို့ ထွက်ပြေးလေသည်။ ရှောလုဘုရင်နှင့် သူ၏စစ်သားများ ဒါဝိဒ်အား လိုက်ရှာနေသောတစ်နေ့တွင် ရှောလုဘုရင်သည် ဂူတစ်ခုထဲသို့ ဝင်ရောက်သွားလေသည်။ ထိုဂူသည် ဒါဝိဒ်ပုန်းနေသောဂူဖြစ်နေပြီး ရှောလုဘုရင်မှာ ၎င်းအား မတွေ့မြင်ခဲ့ပေ။ ဒါဝိဒ်သည် ရှောလုဘုရင်၏အနီးသို့ကပ်သွားပြီး ရှောလုဘုရင်၏ အဝတ်စတစ်စအား ဖြတ်ယူခဲ့လေသည်။ ထို့နောက်တွင် ရှောလုဘုရင်သည် လှိုင်ဂူထဲမှ ထွက်ခွာသွားပြီးချိန်တွင် ၎င်းကိုင်ထားသော အဝတ်စအား ပြ၍ အော်ခေါ်လိုက်လေသည်။ ဤနည်းဖြင့် သူ့အားသတ်၍ ဘုရင်ဖြစ်ရန်ကြံစည်နေခြင်းမဟုတ်ကြောင်းကို ရှောလုဘုရင်က သိရှိသွားလေသည်။
အချိန်ကြာသော် ရှောလုဘုရင်သည် တိုက်ပွဲတွင် သေဆုံးသွားသဖြင့် ဒါဝိဒ်သည် ဘုရင်ဖြစ်သွားခဲ့ပြီးနောက် သူသည် ကောင်းမွန်သော ဘုရင်တစ်ပါးဖြစ်၍ လူထုက ၎င်းအား ချစ်ခင်ကြလေသည်။ ဘုရားရှင်သည် ဒါဝိဒ်အား ကောင်းချီးများပေး၍ အောင်မြင်ခြင်းများဖြစ်အောင် ပြုလုပ်ပေးလေသည်။ ဒါဝိဒ်သည် တိုက်ပွဲများစွာ တိုက်ခိုက်ခဲ့ရာတွင် ဘုရားရှင်က ဣသရေလ၏ရန်သူများအား နှိမ်နင်းနိုင်ရန်ကူညီပေးလေသည်။ ဒါဝိဒ်သည် ယေရုရှလင်မြို့အား သိမ်းပိုက်၍ မြို့တော်အဖြစ်သတ်မှတ်လိုက်ပြီး ၎င်းကိုယ်တိုင်နေထိုင်အုပ်ချုပ်လေသည်။ ဒါဝိဒ်သည် နှစ်လေးဆယ်ကြာဘုရင်ဖြစ်ခဲ့ပြီး ထိုအချိန်တွင် ဣသရေလသည် အလွန်အမင်းအင်အားကောင်းလာ၍ ချမ်းသာကြွယ်ဝလာပါသည်။
ဒါဝိဒ်သည် ဣသရေလ လူမျိုးများဘုရားရှင်အား ကိုးကွယ်ပြီး ပူဇော်မှုများလုပ်နိုင်စေရန် ဗိမာန်တော်တစ်ခု တည်ဆောက်လိုခဲ့ပါသည်။ လူများသည် နှစ်ပေါင်းလေးရာခန့်ကြာအောင် မောရှေပြုလုပ်ခဲ့သော တွေ့ဆုံရာတဲတော်၌သာ ဘုရားရှင်အား ကိုးကွယ်၍ ပူဇော်မှုများပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
သို့သော် နာသန်ဟု ခေါ်သည့် ရှေ့ဖြစ်ဟောပညာရှိတစ်ဦးရှိလေသည်။ ဘုရားရှင်သည် သူ့အား ဒါဝိဒ်ထံသို့ စေလွှတ်၍ “သင်သည် တိုက်ပွဲများစွာတိုက်ခဲ့သည့်အတွက် ကျွန်ုပ်အား ဤဗိမာန်တော်ကို မဆောက်ပေးပါနှင့် သင်၏သားသာလျှင် ဆောက်ပေးရမည်။ သို့သော် ကျွန်ုပ်သည် သင့်အား ကြီးစွာကောင်းချီးပေးအုံးမည်ဖြစ်ပြီး သင်၏ နောင်လာနောင်သားများသည် ကျွန်ုပ်၏လူများအပေါ်တွင် ဘုရင်များအဖြစ် ထာဝရအုပ်ချုပ်သွားရမည်ဖြစ်သည်” ဟု မိန့်တော်မူ လိုက်လေသည်။ ထာဝရအုပ်စိုးနိုင်သည့် ဒါဝိဒ်၏တစ်ဦးတည်းသောမျိုးဆက်မှာ (မေရှိယ) တစ်ဦးသာဖြစ်ပြီး (မေရှိယ) ဆိုသည်မှာ ကမ္ဘာပေါ်တွင်ရှိသောလူများကို အပြစ်များမှ ကယ်တင်ရန် ဘုရားရှင်ရွေးချယ်ထားတော်မူသောသူဖြစ်ပါသည်။
ဒါဝိဒ်သည် နာသန်၏ စကားကို ကြားသောအချိန်တွင် သူသည် ဘုရားရှင်၏ ကျေးဇူးတော်အား ချီးမွမ်းလေသည်။ ဘုရားရှင်သည် သူ့အားဂုဏ်ကျေးဇူးတော်အပေါင်းတို့ကိုချီးမွမ်းကြ၍ အလွန်အမင်း ကောင်းချီးများပေးလေသည်။ သို့သော် ဒါဝိဒ်က ဘုရားရှင်သည်မည်သည့်အချိန်တွင် ဤအကြောင်းအရာများကိုလုပ်ဆောင်မည်ကို မသိရှိပေ။ ယခုအခါကျွန်ုပ်တို့သည်ဣသရေလလူမျိုးများ ၊မေရှိယကြွမလာမှီနှစ်တစ်ထောင်ခန့်စောင့်ရဦးမည်ကို သိရှိထားကြလေသည်။
ဒါဝိဒ်သည် သူ၏လူမျိုးများအား တရားမျှတစွာဖြင့် နှစ်ပေါင်းများစွာ အုပ်ချုပ်လေသည်။ သူသည် ဘုရားရှင်အား သစ္စာရှိစွာ လိုက်နာသဖြင့် ဘုရားရှင်က သူ့အား ကောင်းချီးပေးလေသည်။ သို့သော် နောက်နှစ်ပေါင်းများစွာကြာသောအခါတွင် သူသည်ဘုရားရှင်အပေါ်ကြီးစွာသော အပြစ်များကျူးလွန်လေသည်။
တစ်နေ့တွင် ဒါဝိဒ်သည် ၎င်း၏နန်းတော်ထဲမှ အပြင်သို့ကြည့်နေစဉ်တွင် ချောမောလှပသော အမျိုးသမီးတစ်ဦးရေချိုးနေသည်ကို တွေ့ရှိလေသည်။ သူသည် သူမအား မသိရှိပေ။ သို့သော် သူမ၏အမည်မှာ ဗာသရှေဘ ဟု သိရှိလိုက်ရပါသည်။
သူသည်အကြည့်အားရှောင်လွှဲရမည့်အစား တစ်စုံတစ်ဦးအား သူမကို သူ့ထံသို့ ခေါ်ဆောင်ရန်စေလွှတ်လိုက်လေသည်။ သူသည် သူမနှင့်အတူအိပ်ခဲ့ပြီး သူမအား အိမ်ပြန်ပို့လိုက်လေသည်။ အချိန်တိုအတွင်း ဗာသရှေဘ သည် ဒါဝိဒ်အား သူမ၌ ကိုယ်ဝန်ရှိနေပြီဟု စာပို့လိုက်လေသည်။
ဗာသရှေဘ ယောကျ်ား၏အမည်မှာ ဥရိယ ဖြစ်သည်။ သူသည် ဒါဝိဒ်၏ အလွန်ကောင်းမွန်သောစစ်သား တစ်ဦးဖြစ်ပြီး ထိုအချိန်က စစ်ပွဲတစ်ပွဲသွားရောက်တိုက်ခိုက်နေခြင်းဖြစ်ပါသည်။ ဒါဝိဒ်သည် ဥရိယ အား ခေါ်၍ သူ၏ဇနီးနှင့်အတူ သွားနေထိုင်ရန်ပြောကြားလေသည်။ သို့သော် ဥရိယ သည် အခြားစစ်သားများကမူ တိုက်ပွဲအတွင်းရှိနေသဖြင့် အိမ်သို့ပြန်ရန် ငြင်းဆိုလေသည်။ ထိုအခါ ဒါဝိဒ်သည် ဥရိယအား တိုက်ပွဲသို့ ပြန်လည်စေလွှတ်လိုက်ကာ၊စစ်သူကြီးကို သူ့အားအသတ်ခံရစေရန် ရန်သူအင်အားအများဆုံးနေရာသို့ စေလွှတ်ခိုင်းသဖြင့် ဥရိယ သည် တိုက်ပွဲ၌သေဆုံးသွားလေသည်။
ဥရိယ တိုက်ပွဲအတွင်း သေဆုံးသွားပြီးနောက်တွင် ဒါဝိဒ်သည် ဗာသရှေဘအား လက်ထပ်လိုက်လေသည်။ အချိန်ကြာသောအခါ ဗာသရှေဘသည် ဒါဝိဒ်၏ သားအား မွေးဖွားလေသည်။ ဘုရားရှင်သည် ဒါဝိဒ်ပြုမူခဲ့သော အမှုအား အမျက်ဒေါသထွက်သဖြင့် သူသည် ရှေ့ဖြစ်ဟောပညာရှိတစ်ဦးအား နာသန် ထံသို့သွား၍ ၎င်း၏အပြစ်မှာ မည်မျှဆိုးဝါးကြောင်း ပြောကြားခိုင်းလေသည်။ ဒါဝိဒ်သည် ၎င်း၏အပြစ်များအား နောင်တရသောကြောင့် ဘုရားရှင်က ၎င်း၏အပြစ်များအား ခွင့်လွှတ်ပေးသဖြင့် သူသည် ကျန်ရှိနေသေးသော အချိန်၏ ခက်ခဲသော အချိန်များ၌ပင် ဘုရားရှင်၏စကားအား တသွေမတိမ်း လိုက်နာ၍ ဘုရားရှင်အား ကြည်ညိုသွားတော့သည်။
သို့သော် ဒါဝိဒ်၏ သားငယ်လေးမှာ သေဆုံးသွားခဲ့ပြီး ဘုရားရှင်သည် ဤနည်းဖြင့် ဒါဝိဒ်အား အပြစ်ပေးခြင်းဖြစ်သည်။ ထို့နောက် ဒါဝိဒ် မသေမီအချိန်များတွင်၎င်း၏မိသားစုများက သူ့အားဆန့်ကျင် ကြပြီးသူ့ထံတွင်ရှိသောစွမ်းအားများလည်းကုန်ဆုံးသွားလေသည်။ သို့သော် ဘုရားရှင်မှာ ဒါဝိဒ်အား ကတိစကားတည်၍ ဒါဝိဒ်မှာ ဘုရားရှင်၏စကားအား မလိုက်နာသော်လည်း ကတိစကားအတိုင်းလုပ်ပေးလေသည်။ ထို့နောက်တွင် ဒါဝိဒ်နှင့် ဗာသရှေဘ တို့သည် နောက်ထပ်သားတစ်ဦးဖွားမြင်လာကာသူ့အား‘ဆော်လမွန်’ ဟု အမည်ပေးလိုက်လေသည်။
__