မြန်မာ: Open Bible Stories

Updated ? hours ago # views See on DCS

ကိုယ်တော်ယေရှုအား ဖွားမြင်တော်မူခြင်း

OBS Image

မာရိသည် ယောသပ်ဟု အမည်ရှိသော ရိုးသားဖြောင့်မတ်သူတစ်ဦးနှင့် စေ့စပ်ထားလေသည်။ ယောသပ်သည် မာရိတွင် ကိုယ်ဝန်ရှိနေသည်ကို ကြားသောအခါ ထိုခလေးသည် သူ၏ခလေး မဟုတ်မှန်း သိလေသည်။ သို့သော် သူသည် မာရိအား အရှက်မကွဲစေလိုသောကြောင့် သူမအပေါ်တွင် ဂရုဏာသက်စွာဖြင့် သူမအားတိတ်တဆိတ်ကွာရှင်းပေးရန် ဆုံးဖြတ်လိုက်လေသည်။ သို့သော် သူထိုကဲ့သို့ မလုပ်ခင်အချိန်တွင် နတ်စေတမန်တစ်ဦးက သူ၏အိပ်မက်ထဲသို့လာပြီး သူ့အား စကားပြောလေသည်။

OBS Image

ထိုနတ်စေတမန်က “ယောသပ်၊ မာရိအား သင်၏ဇနီးမယားအဖြစ်လက်ခံရန် စိုးရိမ်ကြောင့်ကြခြင်း မဖြစ်ပါနှင့်။ သူမ ကိုယ်ဝန်ဆောင်ထားသောခလေးသည် မြင့်မြတ်သောဘုရားဝိဉာဉ်တော်တန်ခိုးအစွမ်းဖြင့်ပဋိသန္ဓေရရှိထားခြင်းဖြစ်ပါသည်။ သူမသည် သားတော်တစ်ဦးအား ဖွားမြင်ပါလိမ့်မည်။ သူ့ကို ယေရှုဟု အမည်ပေးပါ။ (ကယ်တင်တော်မူသည့် ထာဝရဘုရား) အဘယ်ကြောင့်ဆိုသော် သူသည် လူများအား သူတို့၏အပြစ်များမှ ကယ်တင်မည်ဖြစ်သောကြောင့် ဖြစ်ပါသည်” ဟု ပြောကြားလိုက်ပါသည်။

OBS Image

ထို့ကြောင့် ယောသပ်သည် မာရိအား ထိမ်းမြားလက်ထပ်ပြီး သူ၏အိမ်သို့ ခေါ်ဆောင်သွားလေသည်။ သို့သော် သူသည် သူမခလေးမွေးဖွားပြီးချိန်အထိ အတူတူအိပ်စက်ခြင်းမရှိပေ။

OBS Image

မာရိမွေးဖွားရန်အချိန် နီးလာသောအခါတွင် သူမနှင့်ယောသပ်သည် ဗက်လင်မြို့သို့ ခရီးဝေးသွားကြရလေသည်။ အဘယ်ကြောင့်ဆိုသော် ဣသရေလတွင်ရှိသော လူများအား ရောမအာဏာပိုင်များက သန်းခေါင်စာရင်းကောက်ယူလိုသောကြောင့် ထိုကဲ့သို့ သွားရခြင်းဖြစ်သည်။ သူတို့သည် လူတိုင်းအား သူတို့၏ဘိုးဘေးဘီဘင်များ နေထိုင်ရာနေရာသို့ သွားစေခဲ့သည်။ ဘုရင်ကြီး ဒါဝိဒ်သည် ဗက်လင်မြို့တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး သူသည်မာရိနှင့်ယောသပ်တို့ နှစ်ဦးစလုံး၏ ဘိုးဘေးဘီဘင်ဖြစ်သည်။

OBS Image

မာရိနှင့်ယောသပ်တို့သည် ဗက်လင်မြို့သို့ သွားခဲ့ကြသည်။ သို့သော် သူတို့အတွက် တိရိစ္ဆာန်အချို့ထားသည့်နေရာမှ လွဲ၍ အခြားနေစရာနေရာမရှိပေ။ မာရိသည် သူမ၏ခလေးအား ထိုနေရာတွင် မွေးဖွားလိုက်လေသည်။ သူမသည် ခလေးငယ်အိပ်စရာအိပ်ယာမရှိသောကြောင့် နွားစားခွက်ထဲတွင် လှဲသိပ်ထားလိုက်ပြီး သူတို့သည် ခလေးအား ယေရှုဟု အမည်ပေးလိုက်လေသည်။

OBS Image

ထိုညတွင် အနီးအနားရှိ လယ်ကွင်းထဲ၌ သိုးများထိန်းကျောင်းနေသော သိုးထိန်းအချို့ရှိလေသည်။ ရုတ်တရက်ဆိုသလိုပင် တောက်ပနေသောနတ်စေတမန်တစ်ဦးပေါ်လာသဖြင့် သိုးထိန်းများအလွန် ကြောက်လန့်သွားကြလေသည်။ နတ်စေတမန်က “မကြောက်လန့်ကြပါနှင့် အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်၌သင်တို့အတွက် သတင်းကောင်းရှိပါသည်။ အရှင်သခင်ဖြစ်သောမေရှိယသည် ဗက်လင်မြို့တွင် မွေးဖွားခဲ့ပြီ ဖြစ်သည်” ဟု ပြောကြားလိုက်ပါသည်။

OBS Image

“ထိုခလေးအား သွားရောက်ရှာဖွေပါ။ သူ့အားအဝတ်စနှင့် ပတ်ထားပြီး နွားစာခွက်ထဲတွင် လဲလျောင်းနေသည်ကို သင်တို့တွေ့မြင်ရမည်ဖြစ်သည်” ဟု မိန့်ကြားလေသည်။ ချက်ခြင်းပင် ကောင်းကင်ကြီးသည် နတ်စေတမန်များနှင့် ပြည့်နှက်သွားပြီး သူတို့သည် ဘုရားရှင်အား ကောင်းချီးပေးနေကြပါသည်။ ၎င်းတို့က “နိဗ္ဗာန်ရွှေမြို့တော်တွင်ရှိသော ဘုရားရှင်၏ဂုဏ်ကျေးဇူးတော်အပေါင်းအားကျွန်ုပ်တို့ချီးမွမ်းပါ၏။ဤကမ္ဘာပေါ်တွင်ဘုရားရှင်အလိုတော်ရှိသောသူအပေါင်းအားလုံး ငြိမ်းချမ်းကြပါစေ” ဟု ပြောကြားလေသည်။

OBS Image

ထို့နောက် နတ်စေတမန်များ ထွက်ခွာသွားကြပြီး သိုးကျောင်းသားများသည်လည်း ၎င်းတို့၏သိုးများအား ထားခဲ့ပြီး ခလေးအား ရှာဖွေကြပါသည်။ သူတို့သည် မကြာမီအချိန်တွင် ကိုယ်တော်ယေရှုခလေးငယ်ရှိရာနေရာသို့ ရောက်လာကြပြီး နတ်စေတမန်က ၎င်းတို့အား ပြောကြားထားသည့်အတိုင်း အစာခွက်ထဲတွင်လဲလျောင်းနေသည်ကို တွေ့မြင်ကြပါသည်။ သူတို့သည် အလွန်စိတ်လှုပ်ရှားစွာဖြင့် ၎င်းတို့၏သိုးများရှိသော လယ်ကွင်းများဆီသို့ ပြန်သွားကြလေသည်။ သူတို့သည် သူတို့ကြားရမြင်ရသည့်အရာများအတွက် ဘုရားရှင်အား ချီးမွမ်းနေကြပါသည်။

OBS Image

ဝေးလံသော အရှေ့ဘက် နိုင်ငံတစ်နိုင်ငံတွင် အမျိုးသားအချို့သည် ကြယ်တာရာများလေ့လာရာ၌ အလွန်ပညာရှိကြသည်။ သူတို့သည် ကောင်းကင်ယံတွင် ထူးခြားသောကြယ်ကြီးတစ်လုံးအား တွေ့မြင်ခဲ့ရာ သူတို့က ထိုအရာသည် ယုဒလူမျိုးများ၏ ဘုရင်အသစ်ကို မွေးဖွားခြင်းအဓိပ္ပါယ်ဖြစ်မည် ဟုပြောကြပါသည်။ ထိုခလေးအား သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်ခဲ့ပြီး သူတို့၏နိုင်ငံမှ ခရီးထွက်လာခဲ့ကြပါသည်။ ခရီးဝေးစွာသွားပြီးနောက် ၎င်းတို့သည် ဗက်လင်မြို့သို့ရောက်ရှိလာပြီး သူငယ်တော်ယေရှုနှင့် သူ၏မိဘများနေထိုင်သော အိမ်ကို ရှာတွေ့သွားကြပါသည်။

OBS Image

ထိုသူများသည် သူငယ်တော်ယေရှုအား သူ၏အမေနှင့်တွေ့သောအခါ ရှိခိုးဦးညွတ်ခြင်း ပြုကြလေသည်။ ထို့နောက် သူတို့သည် သူငယ်တော်ယေရှုအား တန်ဖိုးကြီးသော လက်ဆောင်ပဏ္ဍာများဖြင့် ပူဇော်၍ သူတို့၏ အိမ်သို့ ပြန်သွားကြလေသည်။

__