မြန်မာ: Open Bible Stories

Updated ? hours ago # views See on DCS

ဘုရားရှင်က မေရှိယ အား ကတိပေတော်မူခြင်း

OBS Image

ဘုရားရှင်သည် ကမ္ဘာကြီးအား ဖန်ဆင်းစဉ်အခါကပင် သူသည် နောင်တစ်ချိန်တွင် မေရှိယ အား စေလွှတ်ရမည်ဟူ၍ ကြိုသိထားသည်။ သူသည် အာဒံနှင့်ဧဝအား ဤကဲ့သို့ ပြုလုပ်မည်ဟုလည်း ကတိပေးခဲ့လေသည်။ သူသည် ဧဝ၏နောက် ဖြစ်လာမည့်မျိုးဆက်များသည် မြွေခေါင်းအား ထုချေလိမ့်မည်ဟု ပြောခဲ့ခြင်းကြောင့် စာတန်သည် ဧဝအား လှည့်စားရန် မြွေအသွင်ဖြင့် ပေါ်ပေါက်လာခဲ့သော်လည်း ဘုရားရှင်က မေရှိယသည် စာတန်အား အပြီးအပိုင်နှိမ်နင်းလိမ့်မည်ကို ဆိုလိုခြင်းဖြစ်သည်။

OBS Image

ဘုရားရှင်က ကမ္ဘာပေါ်ရှိ လူ့အဖွဲ့အစည်းများ အားလုံးတို့သည် အာဗြဟံမှတစ်ဆင့် ကောင်းချီးပေးခြင်းများ ခံစားရမည်ဟု ကတိပေးခဲ့ပြီး ဘုရားရှင်သည် မေရှိယကို နောင်တစ်ချိန်တွင် စေလွှတ်ခြင်းဖြင့် ဤကတိစကားအား တည်မြဲစေခဲ့ပါသည်။ မေရှိယသည် ဤကမ္ဘာမြေပေါ်ရှိ လူသားအများစုကို သူတို့၏အပြစ်များမှ ကယ်တင်ပါလိမ့်မည်။

OBS Image

ဘုရားရှင်သည် မောရှေကဲ့သို့ ပညာရှိတစ်ဦးအား မောရှေ၏ နောက်တွင် ထပ်မံစေလွှတ်လိုက်မည်ဟု မောရှေအား ကတိပေးခြင်းကြောင့် ရှေ့ဖြစ်ဟောပညာရှိသည် မေရှိယဖြစ်လာလိမ့်မည်။ ဤနည်းဖြင့် ဘုရားရှင်သည် မေရှိယအား စေလွှတ်မည်ဟု ထပ်မံကတိပေးလေသည်။

OBS Image

ဘုရားရှင်သည် ဘုရင်ဒါဝိဒ်၏ နောက်မျိုးဆက်ထဲမှ တစ်ဦးသည် မေရှိယဖြစ်လိမ့်မည်ဟု ကတိပေးပြီး သူသည်ဘုရားရှင်၏ လူသားများအပေါ်တွင် ဘုရင်တစ်ပါးအဖြစ် ထာဝရအုပ်စိုးလိမ့်မည်။

OBS Image

ဘုရားရှင်သည်ရှေ့ဖြစ်ဟောပညာရှိ ယေရဟိ အား တစ်နေ့တွင် သဘောတူညီမှုနောက်တစ်ခု ပြုလုပ်လိမ့်မည်ဟု မိန့်ကြားလေသည်။ သဘောတူညီမှုအသစ်သည် သိနာ တွင် ပြုလုပ်ခဲ့သော ဣသရေလ တို့၏သဘောတူညီမှုနှင့် မတူညီပေ။ သူသည် လူများနှင့်သဘောတူညီမှုအသစ်ပြုလုပ်သော အခါတွင် သူ့အား ကိုယ်တိုင်ကိုယ်ကျ သိရှိစေပြီး လူတိုင်းသည် ၎င်းအား ချစ်၍ သူ၏တရားများအား လိုက်နာစေလိမ့်မည်။ ဤသို့ဖြင့် ဘုရားရှင်၏ တရားများသည် ၎င်းတို့၏အသဲနှလုံးထဲတွင် ရေးမှတ်ထားသကဲ့သို့ ဖြစ်နေလိမ့်မည်။ သူတို့သည် ဘုရားရှင်၏ လူများဖြစ်ပြီး ဘုရားရှင်သည် ၎င်းတို့၏အပြစ်များအား ခွင့်လွှတ်ပေးလိမ့်မည်ဖြစ်သည်။ ၎င်းတို့နှင့် သဘောတူညီမှုအသစ်ကိုလည်း မေရှိယ က ပြုလုပ်လိမ့်မည်ဖြစ်သည်။

OBS Image

ဘုရားရှင်၏ရှေ့ဖြစ်ဟောပညာရှိများကလည်း မေရှိယသည် ရှေ့ဖြစ်ဟောပညာရှိနှင့် ဘာသာရေးခေါင်းဆောင်အပြင် ဘုရင်ပါဖြစ်လိမ့်မည်ဟု မိန့်ကြားခဲ့ကြသည်။ ရှေ့ဖြစ်ဟောပညာရှိဆိုသည်မှာ ဘုရားရှင်ထံမှ သတင်းစကားများအား လူများထံသို့ ပြန်လည်ဖြန့်ဝေသောသူဖြစ်ပါသည်။ ဘုရားရှင်စေလွှတ်လိုက်မည်ဟုပြောသော မေရှိယသည် အပြစ်ကင်းသည့် အကောင်းဆုံးရှေ့ဖြစ်ဟောပညာရှိဖြစ်လိမ့်မည်။ ဤကဲ့သို့ပြောရခြင်းမှာ မေရှိယသည် ဘုရားရှင်၏စကားအား အကောင်းဆုံးကြားနိုင်၍ အကောင်းဆုံးနားလည်နိုင်ပြီး လူများကိုလည်း အကောင်းဆုံးပြန်လည်ဟောကြားနိုင်မည်ဖြစ်သည်။

OBS Image

ဣသရေလ ဘာသာရေးခေါင်းဆောင်များသည် လူသားများအတွက် ဘုရားရှင်အား ဆက်လက်၍ ပူဇော်မှုများပြုလုပ်ကြသည်။ ဤကဲ့သို့ ပူဇော်မှုများသည် ဘုရားရှင်က လူများ၏အပြစ်များအတွက် အပြစ်ပေးခြင်းမခံရစေရန် အပြစ်အစားထိုးပူဇော်ခြင်းများဖြစ်သည်။ လူအများအတွက် ဘာသာရေးခေါင်းဆောင်များကလည်း ဘုရားရှင်အားဆုတောင်းပေးခဲ့ကြသည်။ သို့သော် မေရှိယသည် သူ့ကိုယ်သူဘုရားရှင်ထံသို့ ဆက်သမည့်အကောင်းဆုံးသော ဘာသာရေးခေါင်းဆောင်ဖြစ်လိမ့်မည်။ ဤကဲ့သို့ ပြောဆိုခြင်းမှာ သူသည် မည်သည့်အချိန် တွင်မှ အပြစ်ကျူးလွန်ခြင်းမရှိဘဲ အနာဂတ်တွင် မည်သည့်ပူဇော်မှုမှ ထပ်မံပြုလုပ်စရာမရှိအောင် သူ့ကိုသူ ပူဇော်လိုက်လေသည်။

OBS Image

လူ့အဖွဲ့အစည်းများအားအုပ်ချုပ်သည့် ဘုရင်များနှင့်ခေါင်းဆောင်များသည် အမှားများပြုလုပ်တတ် ကြသည်။ ဒါဝိဒ်ဘုရင်သည် ဣသရေလလူမျိုးများအပေါ်တွင်သာ အုပ်ချုပ်ခဲ့သည်။ သို့သော် ဒါဝိဒ် ဘုရင်၏နောက်မျိုးဆက်ဖြစ်သော မေရှိယသည် ကမ္ဘာတစ်ခုလုံးကို ထာဝရအုပ်ချုပ်လိမ့်မည်ဖြစ် သည်။ သူသည် အမြဲတမ်းမှန်ကန်သောဆုံးဖြတ်ချက်များအား ပြုလုပ်၍ တရားမျှတစွာ ထာဝရ အုပ်ချုပ်သွားလိမ့်မည်ဖြစ်သည်။

OBS Image

ဘုရားရှင်၏ရှေ့ဖြစ်ဟောပညာရှိများသည် မေရှိယ၏အခြားအကြောင်းအရာများကိုလည်း ပြောကြား လေသည်။ ဥပမာအားဖြင့် (မာလခိ) သည် မေရှိယမလာခင် အခြားရှေ့ဖြစ်ဟောတစ်ဦး လာလိမ့်မည် ဖြစ်ပြီး ထိုရှေ့ဖြစ်ဟောပညာရှိသည် အလွန်အရေးပါလာလိမ့်မည်ဖြစ်သည်။ ထို့နောက် ရှေ့ဖြစ်ဟောပညာရှိ (ဟေရှာယ)က မေရှိယသည် အပျိုစင်မှမွေးဖွားလိမ့်မည်ဟု မိန့်ကြားခဲ့ပြီး ရှေ့ဖြစ်ဟောပညာရှိ (မိက္ခာ)ကလည်း မေရှိယသည် ဗက်လင်မြို့တွင် မွေးဖွားလိမ့်မည်ဟု ပြောခဲ့ပါသည်။

OBS Image

ရှေ့ဖြစ်ဟောပညာရှိ (ဟေရှာယ)က မေရှိယသည် ဂါလိလဲပြည်တွင်နေထိုင်ပြီး အလွန်ဝမ်းနည်းသော သူများအား နှစ်သိမ့်ပေးလိမ့်မည်။ သူသည် အကျဉ်းကျနေသူများကိုလည်း လွှတ်ပေးလိမ့်မည်ဖြစ်ပြီး မကျန်းမာသောသူများနှင့် ဆွံ့အနားမကြားသူများ၊ ချိနဲ့နေသောသူများအား ကုသပေးလိမ့်မည် ။

OBS Image

ရှေ့ဖြစ်ဟောပညာရှိ(ဟေရှာယ)က လူများသည် မေရှိယကို မုန်းတီကြးပြီးလက်ခံရန် ငြင်းဆိုကြလိမ့်မည် ဟူ၍လည်း ပြောကြားခဲ့ပါသည်။ အခြားရှေ့ဖြစ်ဟောပညာရှိများက မေရှိယ၏ မိတ်ဆွေများသည် သူ့အား သစွာဖောက်ကြလိမ့်မည်ဟု ပြောကြားခဲ့ပြီး ရှေ့ဖြစ်ဟောပညာရှိ (ဇာခရိ)ကမေရှိယ၏မိတ်ဆွေသည် ဤကဲ့သို့လုပ်ဆောင်ခြင်းကြောင့် ငွေဒင်္ဂါးသုံးဆယ်ရမည်ဟူ၍လည်း ပြောကြား ခဲ့ပါသည်။ အချို့သောရှေ့ဖြစ်ဟောပညာရှိများကလည်း လူများသည် မေရှိယအားသတ်ပြီး သူ၏ အဝတ်အစားများအား အလောင်းအစားပြုလုပ်ကြလိမ့်မည်ဟူ၍လည်း ပြောကြားခဲ့ကြပါသည်။

OBS Image

ရှေ့ဖြစ်ဟောပညာရှိများက မေရှိယသည် မည်ကဲ့သို့သေဆုံးရမည့်အကြောင်းအားလည်း ပြောကြားခဲ့ ပါပြီး (ဟေရှာယ)က လူများသည် မေရှိယအား တံတွေးဖြင့်ထွေးခြင်းလှောင်ပြောင်ခြင်းများပြုလုပ် ကြလိမ့်မည်ဟု ပြောကြားခဲ့ပါသည်။ သူတို့က မေရှိယသည် မည်သည့်အပြစ်မှ ကျူးလွန်ခြင်းမရှိဘဲ လှံနှင့်အထိုးခံရပြီး ကြီးစွာသောဒုက္ခနှင့် နာကျင်မှုများအား ခံစားရလိမ့်မည်။

OBS Image

မေရှိယသည် အပြစ်ကျူးလွန်ခြင်းမရှိအောင်ပြီးပြည့်စုံသူဖြစ်မည်ဟု ရှေ့ဖြစ်ဟောပညာရှိများက ဟောကြားခဲ့သည်။ သို့သော် ဘုရားရှင်က လူသားတို့၏အပြစ်များအတွက် အပြစ်ပေးသဖြင့် သေဆုံးရလိမ့်မည်ဟု ပြောကြားခဲ့ပါသည်။ သူသေသွားသောအခါတွင်မှ လူများသည် ဘုရားရှင်နှင့် ငြိမ်းချမ်းရေးရနိုင်ကြလိမ့်မည်။ ထို့ကြောင့် ဘုရားရှင်၏အစီအစဉ်တွင် မေရှိယ သေဆုံးရလိမ့်မည် ဖြစ်သည်။

OBS Image

ရှေ့ဖြစ်ဟောပညာရှိများသည် ဘုရားရှင်က မေရှိယအား သေဆုံးခြင်းမှ ပြန်လည်ရှင်ပြန်စေလိမ့်မည် ဟုလည်း ဟောကြားထားပါသည်။ ဤဟောကြားချက်ကြောင့် ခရစ်တော်၏သေဆုံးခြင်းနှင့် ပြန်လည်ရှင်ပြန် ထမြောက်ခြင်းသည် ဘုရားရှင်အပေါ်တွင် လူများကျူးလွန်ထားသောအပြစ်အား သန့်စင်ပေးသည့် သဘောတူညီမှုအသစ်လည်းဖြစ်ပါသည်။

OBS Image

ဘုရားရှင်သည် ရှေ့ဖြစ်ဟောပညာရှိများကို မေရှိယ၏ အကြောင်းအရာများအား မျာစွာဖော်ပြပေး လေသည်။ သို့သော် မေရှိယသည် ထိုရှေ့ဖြစ်ဟောပညာရှိများရှိနေသည့်အချိန်တွင်ကြွရောက် လာခြင်းမရှိခဲ့ပါ။ ထိုသို့သော ရှေ့ဖြစ်ဟောချက်များပေးပြီး နှစ်ပေါင်းလေးရာခန့်ကြာသောအခါတွင် မှန်ကန်သောအချိန် အတိအကျ၌ ဘုရားရှင်သည် မေရှိယအား ဤကမ္ဘာမြေပေါ်သို့ စေလွှတ်လိုက်လေသည်။

__