မြန်မာ: Open Bible Stories

Updated ? hours ago # views See on DCS

နှင်ထုတ်ခံရခြင်းနှင့်ပြန်လာခြင်း

OBS Image

ဣသရေလနိုင်ငံတော်နှင့် ယုဒနိုင်ငံတော်တို့သည် ဘုရားရှင်အပေါ် အပြစ်များကျူးလွန်ခဲ့ကြသည်။ သိနာ တောင်ပေါ်တွင် သူတို့နှင့်ဘုရားရှင်ကြားတွင် ထားရှိသော ကတိစကားအား ဖောက်ဖျက်ခဲ့ကြသည်။ ဘုရားရှင်သည် သူ၏ရှေ့ဖြစ်ဟောပညာရှိများအား သူတို့ထံသို့ စေလွှတ်၍ ၎င်းတို့၏အပြစ်များအား နောင်တရပြီး ဘုရားရှင်အား ပြန်လည်ကိုးကွယ်ကြရန် သတိပေးခိုင်းခဲ့သော်လည်းမနာခံခဲ့ကြပေ။

OBS Image

ထို့ကြောင့် ဘုရားရှင်သည် နိုင်ငံနှစ်ခုစလုံးအား သူတို့၏ရန်သူများကို ဖျက်ဆီးခွင့်ပေးလိုက်သဖြင့် အာရှုရိ သည် အလွန်အင်အားကြီးသော နောက်ထပ်နိုင်ငံတစ်ခုဖြစ်လာခဲ့သည်။ အာရှုရိ လူမျိုးများသည် အခြားနိုင်ငံများအပေါ်တွင် အလွန်ရက်စက်ကြမ်းကြုတ်ကြသည်။ သူတို့သည် ဣသရေလနိုင်ငံတော်အား လာရောက်ဖျက်ဆီးကြလေသည်။ အာရှုရိ များသည် ဣသရေလမှ လူများစွာကို သတ်ဖြတ်ကြပြီး ၎င်းတို့လိုချင်သောအရာများအား ယူကာ နိုင်ငံ၏အများစုသော နေရာများအား မီးရှို့ခဲ့ကြသည်။

OBS Image

အာရှုရိ များသည် လူမျိုးစုခေါင်းဆောင်များ၊ ချမ်းသာသောသူများနှင့် တန်ဖိုးရှိသောအရာများကို ဖန်တီးနိုင်သောသူများကို စုပေါင်း၍ အာရှုရိ သို့ခေါ်ဆောင်သွားကြလေသည်။ ဣသရေလရှိ အချို့သော ဆင်းရဲသားမိသားစုများသာ ဣသရေလတွင် ကျန်ရှိခဲ့ကြလေသည်။

OBS Image

ထို့နောက် အာရှုရိ လူမျိုးများသည် ထိုမြေနေရာတွင် နေထိုင်ရန်အတွက် တိုင်းတပါးသားများအား ခေါ်ဆောင်ခဲ့ကြသဖြင့် သူတို့သည် မြို့များအား ပြန်လည်တည်ဆောက်ကြလေသည်။ ၎င်းတို့သည် ထိုနေရာတွင် ကျန်နေခဲ့သော ဣသရေလလူမျိုးများအား လက်ထပ်ထိမ်းမြားကြသဖြင့် ကျန်လူများ၏ မျိုးဆက်များအား နောင်တွင် ဆာမာရီတန် လူမျိုးများဟု ခေါ်ကြလေသည်။

OBS Image

ယုဒနိုင်ငံတော်ရှိလူများနှင့် ဣသရေလနိုင်ငံတော်ရှိလူများသည် ဘုရားရှင်အား ယုံကြည်နာခံခြင်းမရှိသောကြောင့် မည်ကဲ့သို့အပြစ်ပေးသည်ကို တွေ့မြင်ခဲ့ကြပြီးဖြစ်သည်။ သို့သော်လည်း ၎င်းတို့သည် ခါနန်ရှိဘုရားများအပါအဝင် ရုပ်တုများအားဆက်လက်ကိုးကွယ်နေကြလေသည်။ ဘုရားရှင်သည် ၎င်းတို့ထံသို့ ရှေ့ဖြစ်ဟောပညာရှိများအား စေလွှတ်ကာ ကတိစကားများ ပြောကြားခိုင်းခဲ့သော်လည်း သူတို့မှာ ငြင်းဆိုခဲ့ကြလေသည်။

OBS Image

ဣသရေလနိုင်ငံတော်အား အာရှုရိ လူမျိုးများဖျက်ဆီးပြီး နှစ်တစ်ရာခန့်ကြာသော် ဘုရားရှင်သည် ဗာဗုလုန် လူမျိုးများ၏ဘုရင်ဖြစ်သော နေဗုခဒ်နေဇာ အား ယုဒ၏နိုင်ငံတော်ကို တိုက်ခိုက်ရန် စေလွှတ်လိုက်လေသည်။ ဗာဗုလုန် သည် အလွန်အင်အားကြီးသောနိုင်ငံတော်ဖြစ်သဖြင့် ယုဒဘုရင်သည် နေဗုခဒ်နေဇာ ၏ကျေးကျွန်နိုင်ငံအဖြစ် နေထိုင်မည်ဖြစ်ပြီး နှစ်စဉ်ပိုက်ဆံအမြောက်အများ ဆက်သမည်ဟု သဘောတူလိုက်လေသည်။

OBS Image

သို့သော် နှစ်အနည်းငယ်ကြာသောအခါ ယုဒ၏ဘုရင်သည် ဗာဗုလုန်အား ပုန်ကန်ဆန့်ကျင်သဖြင့် ဗာဗုလုန် လူမျိုးများသည် ယုဒနိုင်ငံအား ပြန်လည်တိုက်ခိုက်လေတော့သည်။ သူတို့သည် ယေရုရှလင်မြို့တော်အား သိမ်းပိုက်ခဲ့ကြပြီး ဘုရားကျောင်းအား ဖျက်ဆီးကာ မြို့ထဲနှင့်ဘုရားကျောင်းတွင် ရှိသည့် ရွှေငွေရတနာများအား ယူဆောင်သွားခဲ့လေသည်။

OBS Image

နေဗုဒ်နေဇာ ဘုရင်အားပုန်ကန်သော ယုဒဘုရင်အား အပြစ်ပေးရန် နေဗုဒ်နေဇာ ၏ စစ်သားများသည် ဘုရင်၏သားတော်ကို ၎င်း၏အရှေ့တွင် သတ်ပြီး ဘုရင်အား မျက်လုံးကွယ်အောင်ပြုလုပ်လိုက်လေသည်။ ထိုသို့ပြုလုပ်ပြီးသောအခါတွင် သူတို့သည် ဘုရင်အားခေါ်ဆောင်သွား၍ ဗာဗုလုန်ရှိထောင်ထဲတွင် သေဆုံးစေသည်။

OBS Image

နေဗုဒ်နေဇာ နှင့် သူ၏ စစ်တပ်သည် ယုဒနိုင်ငံတော်ရှိ လူများအားလုံးနီးပါးကို ဗာဗုလုန် သို့ခေါ်ဆောင်သွားပြီး အဆင်းရဲဆုံးသူများကိုသာ လယ်ယာမြေများစိုက်ပျိုးရန် ချန်ရစ်ထားခဲ့လေသည်။ ဘုရားရှင်နှင့်လူများကတိသစ္စာပြုထားသောနယ်မြေမှ ထွက်ခွာသွားရသောဤအချိန်ကာလကို နှင်ထုတ်ခံရခြင်းဟု ခေါ်လေသည်။

OBS Image

ဘုရားရှင်သည်သူ၏လူများအား သူတို့၏အပြစ်များအတွက် နှင်ထုတ်ပေးခြင်းဖြင့် အပြစ်ပေးခဲ့သော် လည်း သူတို့အပေါ်တွင်ပေးခဲ့သောကတိစကားများအား ဘုရားရှင်သည် မေ့လျော့ခြင်းမရှိပေ။ ဘုရားရှင်သည် သူ၏လူများအပေါ်တွင် ဆက်လက်ကြည့်ရှုပြီး သူ၏ရှေ့ဖြစ်ဟောပညာရှိများမှ တစ်ဆင့်ဆက်လက်မိန့်ကြားပြီး သူသည် သူတို့အားနှစ်ခုနှစ်ဆယ်ကြာလျှင် ကတိပေးထားသော မြေနေရာသို့ ပြန်ခွင့်ရမည်ဟု ကတိပေးလေသည်။

OBS Image

နှစ်ခုနှစ်ဆယ်ခန့်ကြာသောအခါတွင် ပေရသိဘုရင်ဖြစ်သူ(ဇေရဇ်)သည် ဗာဗုလုန်လူမျိုးများအား အောင်နိုင်ခဲ့သဖြင့် ဗာဗုလုန်အင်ပါယာအစား (ပေရသိ) အင်ပါယာကများစွာသောနိုင်ငံတို့အား အုပ်ချုပ်လေတော့သည်။ ဣသရေလလူမျိုးများအား ယခုအခါ ဂျူးလူမျိုးများဟုခေါ်ကြပြီး ၎င်းတို့ အများစု၏ဘဝတစ်လျှောက်လုံးသည် ဗာဗုလုန်တွင်နေထိုင်လာခဲ့ကြသူများဖြစ်သည်။ အသက်အကြီး ဆုံးဂျူးများသာလျှင် ယုဒ၏နိုင်ငံတော်အား သတိရကြလေသည်။

OBS Image

ပေရသိလူမျိုးများသည် အလွန်သန်မာပြီး အင်အားကောင်းကြသော်လည်း ၎င်းတို့သိမ်းပိုက်ထားသော လူအပေါ်တွင် သနားညှာတာမှုရှိကြပါသည်။ (ဇေရဇ်)သည် ပေရသိတို့၏ဘုရင်ဖြစ်ပြီး အချိန်အနည်း ငယ်အကြာတွင် ယုဒသို့ပြန်လိုသော မည်သည့်ဂျူးလူမျိုးမဆို ပေရသိအားစွန့်ခွာ၍ ယုဒသို့ပြန်နိုင် ကြောင်းကို အမိန့်ထုတ်ပြန်လိုက်လေသည်။ သူသည် ၎င်းတို့၏ ဗိမာန်တော်အားပြန်လည်တည် ဆေက်ရန်ပင် ငွေကြေးများထောက်ပံ့လေသည်။ နှစ်ခုနှစ်ဆယ်ခန့်ပြည်နှင်ဒါဏ်ခံပြီးသောအခါတွင် ယုဒတွင်ရှိသည် ယေရုရှလင်မြို့တော်သို့ ဂျူးလူမျိုးများအနည်းငယ် ရောက်ရှိလာခဲ့ကြသည်။

OBS Image

လူများသည် ယေရုရှလင်သို့ပြန်လည်ရောက်ရှိလာသောအခါတွင် ၎င်းတို့သည် ဗိမာန်တော်အား ပြန်လည်တည်ဆောက်ကြပြီး မြို့ပတ်လည်တွင် အကာအရံတံတိုင်းများတည်ဆောက်ကြလေသည်။ ပေရသိလူမျိုးများသည် ၎င်းတို့အား ဆက်လက်အုပ်ချုပ်နေကြသော်လည်း ၎င်းတို့သည် ကတိပေးထားသော မြေနေရာတွင် ပြန်လည်နေထိုင်၍ ဘုရားရှင်အား ထိုဗိမာန်တော်တွင် ပြန်လည် ကိုးကွယ်ပူဇော်ကြလေသည်။

__