မြန်မာ: Open Bible Stories

Updated ? hours ago # views See on DCS

ဘုရားသခင် ‘ယာကုပ်’အားကောင်းချီးပေးခြင်း

OBS Image

(၇-၁)ထိုယောက်ျားလေးများအသက်အရွယ်ကြီးပြင်းလာကြသောအခါ ‘ယာကုပ်’သည် အိမ်မှာနေရသည်ကို နှစ်သက်ပြီး ‘ဧသော’မှာ တိရိစ္ဆာန်များအား အမဲလိုက်ရသည်ကို သဘောကျလေသည်။ ရေဗက္ကမှာ ‘ယာကုပ်’အားချစ်ပြီး ‘ဣဇာက်’မှာမူ ‘ဧသော’ကိုချစ်လေသည်။

OBS Image

(၇-၂)တစ်နေ့သောအခါ ‘ဧသော’သည်အမဲလိုက်ပြီးပြန်လာချိန်တွင် အလွန်ဆာလောင်နေခဲ့သဖြင့် ဧသောက ‘ယာကုပ်’အား “သင်ပြုလုပ်ထားသော အစားအသောက်အနည်းငယ် ကျွန်ုပ်ကိုပေးပါ”ဟု ဆိုလိုက်ပါသည်။ ထိုအခါတွင် ‘ယာကုပ်’က “သင်သည်ရှေးဦးစွာအရင်မွေးသောကြောင့် သားဦးရမည့်အမွေအားလုံး ကျွန်ုပ်အားပေးမည်ဟု ကတိပေးပါ”ဟု ပြန်ပြောလိုက်လေသည်။ ထိုအခါဧသောသည် ‘ယာကုပ်’အား ထိုအရာအားလုံးကိုပေးမည်ဟု ကတိပေးလိုက်သဖြင့် ‘ယာကုပ်’သည် သူ့အားအစားအစာအနည်းငယ်ပေးလိုက်လေသည်။

OBS Image

(၇-၃)ဣဇာက်သည် ဧသောအား ကောင်းချီးများ ပေးချင်ခဲ့သည်။ သို့သော် ဣဇာက် ကောင်းချီးမပေးခင် ရေဗက္ကနှင့် ‘ယာကုပ်’သည် ဧသောယောင်ဆောင်ပြီး သူ့အား လှည့်စားခဲ့ကြလေသည်။ ဣဇာက်သည် အသက်ကြီးပြီ ဖြစ်သောကြောင့် မျက်စိမမြင်တော့ပေ။ ထိုအခါတွင် ‘ယာကုပ်’သည် ဧသော၏ အဝတ်အစားများအား ဝတ်ဆင်၍ သူ၏ လည်ပင်းနှင့် လက်များတွင် ဆိတ်အရေခွံများ ခြုံလိုက်လေသည်။

OBS Image

(၇-၄)‘ယာကုပ်’သည် ဣဇာက် ထံသို့ လာ၍ “ကျွန်ုပ်သည် ဧသောဖြစ်ပါသည်။ဖခင်၊ကျွန်ုပ်အား ကောင်းချီးပေးနိုင်ရန် အတွက်ကျွန်ုပ်လာခဲ့ခြင်းဖြစ်သည်” ဟု ပြောကြားလိုက်‌လေသည်။ ဣဇာက် သည် ဆိတ်အရေခွံအား ထိတွေ့ခံစားရပြီး အဝတ်အစားများ၏ အနံ့ကို ရသောအခါ ဧသောဟု ထင်သဖြင့် ကောင်းချီးမင်္ဂလာများ ပေးခဲ့လေသည်။

OBS Image

(၇-၅)ဧသောသည် သူ၏သားဦးတစ်ယောက်အနေဖြင့်ရထိုက်သော ရပိုင်ခွင့်များနှင့် ‌ကောင်းချီးမင်္ဂလာများအားယာကုပ်က ခိုးယူသွားသောကြောင့်ယာကုပ်အား မုန်းတီးလေသည်။ ထို့ကြောင့် သူတို့၏ ဖခင် သေဆုံးသွားသောအခါတွင် ‘ယာကုပ်’အား သတ်မည်ဟု ကြံရွယ်ခဲ့ပါသည်။

OBS Image

(၇-၆)သို့သော် ရေဗက္ကသည် ဧသော၏ အကြံအစည်များအား ကြားသိသွားသဖြင့် ‘ယာကုပ်’၏အသက်အန္တရာယ်အားကာကွယ်ပေးလိုသော‌‌‌‌ကြောင့်သူမ၏ ‌ဆွေမျိုးများနှင့် နေထိုင်ရန် အဝေးတစ်နေရာသို့ စေလွှတ်လိုက်လေသည်။

OBS Image

(၇-၇)‘ယာကုပ်’သည် ရေဗက္က၏ ‌ဆွေမျိုးများနှင့် နှစ်ပေါင်းများစွာနေထိုင်ခဲ့သည်။ ထိုအချိန်တွင် သူသည် ထိမ်းမြားလက်ထပ်ခဲ့ပြီး သား(၁၂)ဦးနှင့် သမီး(၁)ဦး မွေးဖွားခဲ့သည်။ ဘုရားရှင်သည် သူ့အား အလွန်ချမ်းသာအောင် ပြုလုပ်ပေးခဲ့လေသည်။

OBS Image

(၇-၈)‘ခါနန်’ တွင်ရှိသော သူ၏အိမ်နှင့် အနှစ် နှစ်ဆယ်လောက်ဝေးကွာခဲ့ပြီးချိန်တွင် ‘ယာကုပ်’သည်၎င်း၏ မိသားစု၊ အခိုင်းအစေများ၊ တိရိစ္ဆာန်အုပ်များနှင့်အတူအိမ် ပြန်လာခဲ့လေသည်။

OBS Image

(၇-၉)‘ယာကုပ်’က ‘ဧသော’သည် သူ့အားသတ်ချင်နေသေးသည်ဟု ထင်၍ အလွန်အမင်း ကြောက်ရွံ့နေခဲ့သည်။ ထို့ကြောင့် သူ၏ တိရိစ္ဆာန်များစွာကို ‘ဧသော’အား လက်ဆောင်ပေးခဲ့သည်။ တိရိစ္ဆာန်များအားယူဆောင်လာပေးသောအခိုင်းအစေများကဧသောအား“သင်၏ အခိုင်းအစေဖြစ်သော ‘ယာကုပ်’သည် သင့်အား ဤတိရိစ္ဆာန်များ ပေးခြင်းဖြစ်သည်။ သူမကြာခင် လာပါလိမ့်မည်” ပြောလေသည်။

OBS Image

(၇-၁၀)သို့သော်ဧသောသည် ‘ယာကုပ်’အား အန္တရာယ်မပြုလိုတော့ပေ။ ထိုထက်မက သူ့အားတွေ့ရသည်နှင့်ပင် အလွန်ဝမ်းသာနေပါသည်။ ထို့ကြောင့် ထိုညီအစ်ကိုနှစ်ဦးတို့သည် ‘ခါနန်’တွင် ငြိမ်းချမ်းစွာနေကြလေသည်။ ထို့နောက် ဣဇာက်သေဆုံးသွား၍ ‘ယာကုပ်’နှင့် ဧသောတို့သည် သူ့အား မြေမြှုပ်သင်္ဂြိုလ်လိုက်ကြလေသည်။ ‘အာဗြဟံ’နှင့်ဘုရားရှင်တို့ ပြုလုပ်ခဲ့သော ပဋိညာဉ်သည် ‘ယာကုပ်’ထံသို့ လက်ဆင့်ကမ်းသွားပြီ ဖြစ်လေသည်။

__