ကပ်ဘေးကြီးဆယ်ခု
(၁၀-၁) ဘုရားရှင်ကမောရှေ နှင့်အာရွန်အားဖာရောဘုရင်သည်အလွန်ခေါင်းမာလိမ့်မည်ဟု သတိပေးခဲ့ပါသည်။ သူတို့သည် ဖာရောဘုရင်ထံသို့ သွားပြီးလျှင် “ဤအကြောင်းအရာမှာ ဣသရေလ၏ ဘုရားရှင် ပြောကြားခြင်းဖြစ်သည်။ ကျွန်ုပ်တို့ လူများအား သွားခွင့်ပေးပါ” ဟု ပြောဆိုကြလေသည်။ သို့သော် ဖာရောဘုရင်မှာ သူတို့စကားအား နားမထောင်ဘဲ ဣသရေလလူမျိုးများအား သွားခွင့်ပေးမည့်အစား အလုပ်ကိုပို၍ ပြင်းပြင်းထန်ထန်လုပ်ရန် အဓမ္မခိုင်းစေလေသည်။
(၁၀_၂)ဖာရောဘုရင်သည် ဣသရေလလူမျိုးများအားသွားခွင့်မပြု ခဲ့သဖြင့် ဘုရားရှင်သည် အီဂျစ်တွင် ဆိုးရွားသောကပ်ဘေးဆယ်ခုအား ဖြစ်စေလိုက်လေသည်။ ဤကပ်ဘေးများမှတစ်ဆင့် ဘုရားရှင်သည် ဖာရောဘုရင်နှင့်အီဂျစ်၏ နတ်ဘုရားအားလုံးထက်ပို၍ တန်ခိုးကြီးကြောင်းပြသလိုက်ခြင်းဖြစ်ပါသည်။
(၁၀-၃)ဘုရားရှင်သည် နိုင်းမြစ်ရေအား သွေးအဖြစ်ပြောင်းလဲလိုက်သော်လည်း ဖာရောမှာ ဣသရေလလူမျိုးများအား သွားခွင့်မပေးသေးပေ။
(၁၀-၄) ဘုရားရှင်သည် အီဂျစ်တစ်ခွင်လုံးအား ဖားများ စေလွှတ်လိုက်သဖြင့် ဖာရောဘုရင်က ‘မောရှေ’ အား ထိုဖားများကို နှင်ထုတ်ပစ်ရန် တောင်းပန်လေသည်။ သို့သော် ဖားများအားလုံးသေသွားသောအခါတွင် ဖာရော၏နှလုံးသားမှာ ပြန်လည်ခက်ထန်လာပြီး ဣသရေလလူမျိုးများအား အီဂျစ်မှထွက်ခွာခွင့်မပေးတော့ပေ။
(၁၀-၅) ထို့ကြောင့် ဘုရားရှင်သည် မှက်ကောင်များစေလွှတ်၍ကပ်ဘေးဆိုက်စေသည်။ ထို့နောက် သူသည် ယင်ကောင်များစေလွှတ်၍ ကပ်ဘေးများဆိုက်ရောက်စေသည်။ ဖာရောသည် ‘မောရှေ’ နှင့် ‘အာရုန်’ အား ခေါ်၍ ၎င်းတို့၏ ကပ်ဘေးများအား ရပ်တန့်ပေးပါလျှင် ဣသရေလလူမျိုးများအား အီဂျစ်မှထွက်ခွာခွင့်ပေးမည်ဟု ပြောကြားခဲ့ပါသည်။ ‘မောရှေ’ ဆုတောင်းလိုက်သောအခါတွင် ဘုရားရှင်သည် အီဂျစ်မှ ယင်ကောင်များအားလုံးကို ဖယ်ရှားပေးလိုက်ပါသည်။ သို့သော် ဖာရော၏အသဲနှလုံးမှာ ပြန်လည်ခက်ထန်လာပြီး လူများအား လွတ်လပ်ခွင့်မပေးတော့ပေ။
(၁၀-၆) ထို့နောက်တွင် ဘုရားရှင်သည် အီဂျစ်လူမျိုးများ၏ မွေးမြူရေးတိရိစ္ဆာန်များအား ရောဂါများဖြစ်ပြီး သေစေခဲ့သော်လည်း ဖာရော၏အသဲနှလုံးမှာ ခက်ထန်မြဲခက်ထန်နေပြီး ဣသရေလလူမျိုးများအား သွားခွင့်မပေးသေးပေ။
(၁၀-၇) ထို့နောက် ဘုရားရှင်သည် ‘မောရှေ’ အား ဖာရောဘုရင်၏ရှေ့တွင် ပြာမှုန့်များအားလေထဲသို့ ဖြန့်ကြဲစေသည်။ သူထိုကဲ့သို့ ပြုလုပ်လိုက်သောအခါတွင် အီဂျစ်လူမျိုးများအပေါ်အနာဆိုးများဖြစ်ပွားကြသော်လည်း ဣသရေလလူမျိုးများတွင် မဖြစ် ပွားကြပေ။ ဘုရားရှင်သည် ဖာရော၏အသဲနှလုံးအား ခက်ထန်မာကျောစေပြီး ဖာရောမှာ ဣသရေလလူမျိုုးများအား လွတ်လပ်ခွင့်မပေးသေးပေ။
(၁၀-၈) ထို့နောက်တွင် ဘုရားရှင်သည်ကောင်းကင်မှ မိုးသီးများကြွေကျစေပြီး အီဂျစ်တွင်ရှိသော ကောက်ပဲသီးနှံများစွာကို ပျက်စီးစေကာ အပြင်သို့ထွက်သူတိုင်းအား သေဆုံးစေသည်။ ဖာရောသည် ‘မောရှေ’ နှင့် ‘အာရုန်’ အား ခေါ်ပြီး “ကျွန်ုပ်ပြစ်မှားမိပါသည်။ သင်တို့လည်း သွားနိုင်ပါပြီ” ဟု ၎င်းတို့အား ပြောကြားလိုက်သောအခါတွင် ‘မောရှေ’ ဆုတောင်းလိုက်သဖြင့် ကောင်းကင်ပေါ်မှ မိုးသီးများကြွေကျခြင်း ရပ်တန့်သွားလေသည်။
(၁၀-၉) သို့သော် ဖာရိုသည် အပြစ်ထပ်မံပြုလုပ်ပြီး သူ၏နှလုံးသားမှာ ပြန်လည်ခက်ထန်လာပြန်သည်။ သူသည် ဣသရေလလူမျိုးများအား လွတ်လပ်ခွင့်မပေးသေးပါ။
(၁၀-၁၀) ထိုအခါတွင် ဘုရားရှင်သည် အီုဂျစ်တခွင်လုံးကျိုင်းကောင်အုပ်လိုက်ကျရောက်စေသည်။ ထိုကျိုင်းကောင်များသည် မိုးသီးများ မဖျက်ဆီးနိုင်ခဲ့သေလက်ကျန်ကောက်ပဲသီးနှံများအားလုံးအား စားလိုက်ကြသည်။
(၁၀-၁၁) ထို့နောက် ဘုရားရှင်သည် သုံးရက်ခန့်ကြာသည်အထိအမှောင်ထုဖြင့် အီဂျစ်တခွင်လုံးအားဖုံးလွမ်းစေတော်မူလေသည်။ အလွန်မှောင်မိုက်သွားသဖြင့် အီဂျစ်လူမျိုးများသည်။ သူတို့၏နေအိမ်မှ အပြင်သို့မထွက်နိုင်ကြပေ။ သို့သော် ဣသရေလလူမျိုးများ နေထိုင်ရာအရပ်တွင်မူ အလင်းရောင်ရရှိလေသည်။
(၁၀-၁၂) ကပ်ဘေးကိုးခုကျရောက်ပြီးသော အချိန်ထိအောင် ဖာရိုဘုရင်သည် ဣသရေလလူမျိုးများအား လွတ်လပ်ခွင့်မပေးသေးပေ။ ဖာရိုဘုရင်၏ စကားနားမထောင်ခြင်းကြောင့် ဘုရားရှင်သည် နောက်ဆုံးကပ်ဘေးအားစေလွှတ်ရန် စီမံလေတော့သည်။ ဤအရာတစ်ခုမှာ ဖာရို၏စိတ်အားပြောင်းလဲသွားစေမည်ဖြစ်သည်။
__