မြန်မာ: Open Bible Stories

Updated ? hours ago # views See on DCS

3.ရေကြီးခြင်း

OBS Image

(3-1)အချိန်ကြာလာသောအခါတွင် ကမ္ဘာပေါ်တွင်လူများစွာနေထိုင်လာကြပါသည်။ သူတို့သည် အလွန်အမင်းကောက်ကျစ်၍ ကြမ်းတမ်းလာကြသည်။လူများ အလွန်ဆိုးယုတ်လာသဖြင့် ဘုရားရှင်က ကမ္ဘာကြီးတစ်ခုလုံးအား ကြီးမားသောရေလွှမ်းမိုးမှုဖြင့် ဖျက်ဆီးရန်ဆုံးဖြတ်ချက်ချလိုက်သည်။

OBS Image

(3-2)သို့သော်ဘုရားရှင်သည် နောဧကိုကျေနပ်နှစ်သက်တော်မူ၏။ သူသည်ဆိုးသွမ်းကောက်ကျစ်သောသူများကြားထဲမှ သူတော်ကောင်းတစ်ဦးဖြစ်ပါသည်။ ဘုရားရှင်ကနောဧအားကြီးမားသော ရေလွှမ်းမိုးခြင်းပြုလုပ်တော့မည်ဟု ပြောပြလိုက်သည်။ ထို့ကြောင့်သူသည် နောဧအားကြီးမားသော လှေတစ်စီးကိုဆောက်လုပ်ရန် မိန့်တော်မူခဲ့လေသည်။

OBS Image

(3-3)ဘုရားရှင်သည် နောဧအားသင်္ဘောကို အလျှားတစ်ရာ့လေးဆယ်မီတာ၊ အနံနှစ်ဆယ့်သုံးမီတာနှင့် အမြင့် တစ်ဆယ့်သုံးဒသမငါးမီတာမြင့်အောင်ဆောက်ခိုင်းသည်။ နောဧသည် ထိုသင်္ဘောအား သစ်သားဖြင့်ဆောက်၍ အထပ်သုံးထပ်၊ အခန်းများ၊ခေါင်မိုးတစ်ခုနှင့် ပြတင်းပေါက်တစ်ခုပါရှိစေသည်။ သင်္ဘောသည် နောဧနှင့်သူ၏မိသားစုအပြင် ကုန်းနေသတ္တဝါတိုင်းကို ရေကြီးချိန်တွင် လုံခြုံစိတ်ချအောင်ထားနိုင်လေသည်။

OBS Image

(3-4)နောဧသည် ဘုရားရှင်၏စကားအားလိုက်နာခဲ့သည်။ သူနှင့်သူ၏သားသုံးယောက်သည် ဘုရားရှင်ပြောကြားသည့်အတိုင်း သင်္ဘောအားဆောက်လုပ်ကြသည်။ သင်္ဘောသည် အလွန်ကြီးမားသောကြောင့် ဆောက်လုပ်ရန်နှစ်ရှည်လများ ကြာမြင့်ခဲ့သည်။ နောဧသည် ရေကြီးတော့မည်ကို လူတိုင်းအားသတိပေးပြီး ဘုရားရှင်အား လိုက်နာရန်ပြောကြားသော်လည်း မည်သူမှ၎င်းအား မယုံကြည်ကြပေ။

OBS Image

(3-5)ဘုရားရှင်သည် နောဧအားသူ၏မိသားစုအပြင် တိရိ စ္ဆာန်များအတွက် အစာရေစာလုံလောက်အောင် စုဆောင်းစေသည်။ အချိန်တန်သောအခါတွင် ဘုရားရှင်သည် နောဧ၊ သူ၏ဇနီးများနှင့်သားသုံးယောက်အားလုံးလူဦးရေစုစုပေါင်းရှစ်ယောက်ကို သင်္ဘောပေါ်သို့တက်စေလေသည်။

OBS Image

(3-6)ဘုရားရှင်က တိရိစ္ဆာန်တိုင်း၏ အထီးတစ်ကောင် အမတစ်ကောင်အား ရေကြီးချိန်တွင် လုံခြုံစိတ်ချရစေရန် နောဧ၏သင်္ဘောပေါ်သို့ စေလွှတ်လိုက်သည်။ ဘုရားရှင်သည် တိရိစ္ဆာန်မျိုးစုံထဲမှ အထီးခုနှစ်ကောင်၊ အမခုနှစ်ကောင်အားယစ် ပူဇော်စဉ် အသုံးပြုနိုင်ရန်ထည့်ပေးလိုက်သည်။ ၎င်းတို့အားလုံး သင်္ဘောထဲသို့ရောက်သောအခါတွင် ဘုရားရှင်ကိုယ်တိုင် တံခါးကိုပိတ်တော်မူ၏။

OBS Image

(3-7)ထို့နောက်မိုးအဆက်မပြတ်ရွာသွန်းလာပြီး မိုးသည်ရက်ပေါင်းလေးဆယ်ခန့်နေ့ညမပြတ် ရွာသွန်းလာလေသည်။ ကမ္ဘာမြေကြီးထဲမှရေများပန်းထွက်လာသည်။ အမြင့်ဆုံးတောင်များအပါအဝင် ကမ္ဘာပေါ်တွင်ရှိသောအရာများအားလုံး ရေလွှမ်မိုးးသွားလေသည်။

OBS Image

(3-8)သင်္ဘောပေါ်တွင်ပါသောလူများနှင့် တိရိစ္ဆာန်များမှအပ ကျန်သောကုန်းနေသတ္တဝါများ အားလုံး သေဆုံးသွားကြသည်။ သင်္ဘောသည် ရေပေါ်တွင်ပေါ်နေပြီး အထဲတွင်ပါဝင်သောလူများနှင့် တိရိစ္ဆာန်များအား ကာကွယ်လိုက်သည်။

OBS Image

(3-9)မိုးရွာသွန်းခြင်း ရပ်တန့်သွားသောအခါတွင် သင်္ဘောသည်ရေပေါ်တွင် ငါးလခန့်မျောပါနေပြီး ထိုအချိန်တွင် ရေများစတင်ကျဆင်းလာသည်။ တစ်နေ့တွင် သင်္ဘောသည် တောင်တစ်လုံး၏ထိပ်ဖျားတွင်ရပ်နားနေလေသည်။ သို့သော် ကမ္ဘာကြီးမှာရေလွှမ်းမိုးနေဆဲပင်ဖြစ်သည်။ သုံးလကျော်ပြီးနောက် တောင်ထိပ်များကိုမြင်လာရပါသည်။

OBS Image

(၃-၁၀)ရက်လေးဆယ်မြောက်သောနေ့တွင် နောဧ ကကျီးကန်းတစ်ကောင်ကိုလွှတ်၍ ခြောက်သွေ့သောမြေအား ရှာဖွေစေသည်။ ကျီးကန်းသည် ခြောက်သွေ့သောမြေနေရာအား ရှာဖွေရန် ခေါက်တုံ့ခေါက်ပြန်ရှာဖွေသော်လည်း မတွေ့ရှိပေ။

OBS Image

(၃-၁၁)ထို့နောက်တွင်နောဧသည်ချိုးငှက်ဟုခေါ်သော ငှက်တစ်ကောင်ကို ခြောက်သွေ့သော ကုန်းမြေအား ရှာဖွေရန်စေလွှတ်လိုက်ရာ ရှာဖွေ၍မရသဖြင့်နောဧထံသို့ပြန်လာလေသည်။ တစ်ပတ်ကြာသောအခါတွင် ချိုးငှက်အားထပ်မံစေလွှတ်လိုက်ရာ နှုတ်သီးတွင်သံလွင်ခက်ကိုကိုက်၍ ပြန်လာလေသည်။ ရေများကျဆင်းနေပြီဖြစ်ပြီး အပင်များလည်းပြန်လည်ကြီးထွားနေပြီဖြစ်သည်။

OBS Image

(၃-၁၂)နောဧသည် နောက်တစ်ပတ်ခန့်စောင့်ပြီး ချိုးငှက်အား သုံးကြိမ်မြောက်အဖြစ် စေလွှတ်လိုက် ပြန်သည်။ ယခုအချိန်တွင် ရေများခန်းခြောက်သွားပြီး နားခိုစရာရရှိသွားသဖြင့် ပြန်မလာတော့ပေ။

OBS Image

(၃-၁၃)နှစ်လခန့်ကြာသော် ဘုရားရှင်က နောဧအား “သင်နှင့် သင့်မိသားစုအပါအဝင် တိရိစ္တာန်များ အားလုံး သင်္ဘောမှထွက်ခွါ၍ရပြီ။ သားသမီးများ၊ မြေးများကိုမြောက်များစွာမွေးဖွား၍ ဤကမ္ဘာကြီး၌လူအမြောက်အများတိုးပွားစေပါ။”ဟုမိန့်တော်မူလေသည်။ ထိုအခါ နောဧနှင့်သူ၏မိသားစုသည် သင်္ဘောမှထွက်လာကြသည်။

OBS Image

(၃-၁၄)နောဧသည် သင်္ဘောပေါ်မှဆင်းလာပြီးသောအခါတွင် ဘုရားပူဇော်ရန်ပလ္လင်တစ်ခုကိုတည်ဆောက်ပြီး ပူဇော်၍ရသော တိရိစ္ဆာန်အချို့ကို ပူဇော်လိုက်သည်။ ဘုရားရှင်သည် နောဧ၏ပူဇော် မှုအားနှစ်သက်တော်မူပြီး သူနှင့်သူ၏မိသားစုအား ကောင်းချီးပေးတော်မူလေသည်။

OBS Image

(၃-၁၅)ဘုရားရှင်က “”ကျွန်ုပ်သည် ဤကမ္ဘာမြေကို လူတို့၏မကောင်းမှုတို့အတွက် ကျိန်စာသင့်စေမည်မဟုတ်တော့ပေ။ ရေကြီး၍လည်း ကမ္ဘာကြီးအားမဖျက်ဆီးတော့ပေ။ အဘယ်ကြောင့်ဆိုသော် လူသားများမှာ ငယ်စဉ်တောင်ကျေးဘဝမှအပြစ်ကျူးလွန်တတ်ကြသောကြောင့်ဖြစ်သည်”ဟု မိန့်တော်မူလေသည်။

OBS Image

(၃-၁၆)ထို့နောက်ဘုရားရှင်သည် သူ၏ပဋိညာဉ်သက်သေတစ်ခုအဖြစ်ပထမဆုံး သက်တန့်တစ်ခုအားဖန်ဆင်းလိုက်လေသည်။ ကောင်းကင်ယံ၌ သက်တန့်ပေါ်လာတိုင်း ဘုရားရှင်နှင့်လူသားများသည် ဘုရားရှင်၏ကတိတော်အား ပြန်လည်အမှတ်ရနေကြမည်ဖြစ်သည်။

__