မြန်မာ: Open Bible Stories

Updated ? hours ago # views See on DCS

ဘုရားရှင်က ဣဇာက်အား ကူညီစောင့်ရှောက်ခြင်း

OBS Image

(၆-၁)‘အာဗြဟံ’ အသက်အရွယ်အလွန်အိုမင်းလာသောအခါတွင် သူ၏ သား‘ဣဇာက်’သည်လည်း အရွယ်ရောက်လာပြီ ဖြစ်သည်။ ထိုအခါ ‘အာဗြဟံ’ သည် သူ၏ အခိုင်းအစေတစ်ဦးအား ဆွေမျိုးသားချင်းများရှိသော ၎င်းတို့ဇာတိသို့ ‘ဣဇာက်’ အတွက် ဇနီးမယားရှာ၍ခေါ်ယူလာရန် စေလွှတ်လိုက်သည်။

OBS Image

(၆-၂)‘အာဗြဟံ’၏ ဆွေမျိုးသားချင်းများ နေထိုင်ရာသို့ ခရီးရှည်ကြီးသွားပြီးသောအခါတွင်ဘုရားရှင်သည်ထိုအစေခံတို့အားရေဗက္က ထံသို့ရောက်စေရန် လမ်းပြတော်မူလေသည်။ သူမသည် ‘အာဗြဟံ’ ၏ ညီဖြစ်သူနှင့် မြေးမတော်စပ်လေသည်။

OBS Image

(၆-၃)‘ရေဗက္က’သည် သူမ၏ မိသားစုအားစွန့်ခွာ၍ ထိုအစေခံတို့နှင့်အတူ ‘ဣဇာက်’၏ အိမ်သို့လိုက်ပါရန် သဘောတူလိုက်လေသည်။ ဣဇာက်သည်လည်း သူမအား ရောက်ရောက်ချင်းပင် ထိမ်းမြားလက်ထပ်လိုက်လေသည်။

OBS Image

(၆-၄)အချိန်ကြာမြင့်သောအခါ ‘အာဗြဟံ’ကွယ်လွန်သွားခဲ့ပြီးနောက်တွင် သူ၏သားဖြစ်သူ ‘ဣဇာက်’အား ဘုရားရှင်သည် ကောင်းချီးမင်္ဂလာများပေးလေသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားရှင်၏ ကတိစကားများထဲမှ ‘အာဗြဟံ’အား မျိုးရိုးစဉ်ဆက်မရေမတွက်နိုင်အောင်ရရှိစေမည်ဟူသောကတိစကားတစ်ခုလဲပါဝင်သည်။ သို့သော်လည်း ‘ဣဇာက်’ ၏ ဇနီးဖြစ်သူ ‘ရေဗက္က’မှာ သားသမီးမမွေးဖွားသေးပေ။

OBS Image

(၆-၅)‘ဣဇာက်’သည် ‘ရေဗက္က’အတွက် ဘုရားရှင်ထံတွင် ဆုတောင်းပေးလေသည်။ ဘုရားရှင်သည် ရေဗက္ကအား ကလေးအမွှာ ပူးကိုယ်ဝန်ဆောင်ခွင့် ပြုလိုက်လေသည်။ ထိုအမွှာပူးကလေးနှစ်ဦးသည် ရေဗက္က၏ သားအိမ်ထဲ၌ ရုန်းကန်နေကြသောကြောင့်မည်သို့ဖြစ်နေသည်ကို ရေဗက္ကကဘုရားရှင်အားမေးလျှောက်လေသည်။

OBS Image

(၆-၆)ဘုရားရှင်က ‘ရေဗက္က’အား “သင်သည် သားနှစ်ဦးဖွားမြင်လိမ့်မည်။ သူတို့၏ မျိုးဆက်သည် ကွဲပြားသော နိုင်ငံနှစ်နိုင်ငံဖြစ်သွားပြီး သူတို့အချင်းချင်း ပြိုင်ဆိုင်ကြရလိမ့်မည်။ သို့သော် သင်၏သားအကြီးထံမှ ပေါ်ပေါက်လာသော တိုင်းနိုင်ငံသည် သင်၏ သားငယ်ထံမှပေါ်ပေါက်လာသောတိုင်းနိုင်ငံအား ဦးညွှတ်ရလိမ့်မည်” ဟုပြောကြားလိုက်သည်။

OBS Image

(၆-၇)‘ရေဗက္က’၏ကလေးများမွေးဖွားသောအချိန်တွင် သားကြီးသည်နီရဲ၍အမွှေးများသဖြင့် ထိုကလေးအား ‘ဧသော’ဟု အမည်ပေးလေသည်။ ထို့နောက်သားငယ်သည် ‘ဧသော’၏ခြေဖနောင့်အားကိုင်၍ မွေးဖွားလာသောကြောင့် ‘ယာကုပ်’ဟု အမည်ပေးလေသည်။

__