ယောဟန်မွေးဖွားခြင်း
လွန်ခဲ့သောကာလက ဘုရားရှင်သည် လူများနှင့်စကားပြောဆိုခြင်းပြုနိုင်ခဲ့ပြီး ရှေ့ဖြစ်ဟောပညာရှိများနှင့် စကားပြောကြားလေသည်။ ထို့နောက် သူသည် လူသားများနှင့် စကားပြောဆိုခြင်းမပြုတော့ဘဲ နှစ်ပေါင်းလေးရာအကြာသို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် ဘုရားရှင်သည် ဇာခရိ ဟု ခေါ်သော ရှေ့ဖြစ်ဟောပညာရှိတစ်ဦးထံသို့ နတ်စေတမန်တစ်ဦးအား စေလွှတ်လိုက်လေသည်။ ဇာခရိနှင့် သူ၏ဇနီးဖြစ်သူ အဲလိဇဘက် သည် ဘုရားရှင်အား ဂုဏ်ပြုချီးမွမ်းကြလေသည်။ သူတို့သည် အလွန်အိုမင်းနေပြီဖြစ်ပြီး သူမသည် မည်သည့်အခါကမှ ခလေးမွေးဖွားဖူးခြင်း မရှိသေးပေ။
နတ်စေတမန်သည် ဇာခရိအား “သင်၏ဇနီးသည် ခလေးမွေးဖွားလိမ့်မည်ဖြစ်ပြီး သင်သည် သူ့အား ယောဟန် ဟုအမည်ပေးရလိမ့်မည်။ ဘုရားရှင်သည် သူ့ထံသို့ ဉာဏ်အလင်းတော် သက်ရောက်မည်ဖြစ်ပြီး ယောဟန်သည် လူအများက မေရှိယအား လက်ခံလာရန် ပြင်ဆင်ပေးမည်ဖြစ်သည်” ဟု မိန့်ကြားလိုက်လေသည်။ ဇာခရိသည် “ကျွန်ုပ်နှင့်ကျွန်ုပ်၏ဇနီးမှာ ခလေးမွေးဖွားရန် အိုမင်းနေပြီဖြစ်သဖြင့် သင်သည် ကျွန်ုပ်အားအမှန်အတိုင်းပြောကြားသည်ဟု ကျွန်ုပ်မည်ကဲ့သို့သိရှိနိုင်မည်နည်း” ဟုပြန်လည်ပြောကြားလိုက်လေသည်။
ထိုနတ်စေတမန်သည် ဇာခရိအား “သင့်ကို ဤသတင်းကောင်းအား မှာကြားရန် ဘုရားရှင်က ကျွန်ုပ်အားစေလွှတ်လိုက်ခြင်းဖြစ်သည်။ သင်ကျွန်ုပ်အား မယုံကြည်ခြင်းကြောင့် ခလေးမွေးဖွားခြင်းမပြုမီအချိန်ထိ စကားပြောဆိုနိုင်ခြင်းပြုမည် မဟုတ်ပေ” ဟုပြန်လည်ဖြေကြားလိုက်လေသည်။ ထိုချက်ခြင်းပင် ဇာခရိသည် စကားပြောဆိုခြင်း မပြုနိုင်တော့ပေ။ ထို့နောက် တမန်တော်သည် ဇာခရိအားချန် ထားခဲ့လေသည်။ ထိုနောက်တွင် ဇာခရိသည် အိမ်သို့ပြန်သွားပြီး သူ၏ဇနီးသည်လည်း ကိုယ်ဝန်ရလာခဲ့လေသည်။
အဲလိဇဘက် ကိုယ်ဝန်ရ၍ ခြောက်လခန့်ကြာသောအခါတွင် ထိုနတ်စေတမန်သည် မာရိဟုခေါ်သော အဲလိဇဘက်၏အမျိုးဖြစ်သူထံတွင် ရုတ်တရက်ကိုယ်ထင်ပြခဲ့လေသည်။ သူမသည် အပျိုစင်တစ်ဦးဖြစ်ပြီး ယောသပ်နှင့်လက်ထပ်ရန် စေ့စပ်ထားသူတစ်ဦးလည်း ဖြစ်ပါသည်။ ထိုနတ်စေတမန်က “သင်သည် ကိုယ်ဝန်ရှိလာပြီး သားတစ်ဦးအား ဖွားမြင်လာမည်ဖြစ်သည်။ သင်သည် ထိုသားအား ယေရှုဟု အမည်ပေးရမည်။ သူသည် ဘုရားရှင်၏အမြတ်ဆုံးသားတော်ဖြစ်ပြီး ထာဝရအုပ်စိုးလိမ့်မည်” ဟုမိန့်ကြားလိုက်လေသည်။
မာရိက “ကျွန်မသည် အပျိုစင်ဖြစ်သဖြင့် မည်သို့သို့ဖြစ်နိုင်မည်နည်း” ဟုပြောလေသည်။ ထိုအခါတွင် နတ်စေတမန်က “အလင်းတော်သည် သင့်ထံသို့လာပြီး ဘုရားရှင်၏ တန်ခိုးအစွမ်းများသည်လည်း သင့်ထံသို့သက်ရောက်လာလိမ့်မည်။ ထို့ကြောင့် ထိုခလေးသည် ဘုရား၏သားတော် ဖြစ်သဖြင့် ကြီးမြတ်တော်မူလိမ့်မည်” ဟုပြန်လည်ရှင်းပြလေသည်။ ထိုအခါ မာရိသည် နတ်စေတမန် ပြောသောအရာများအား ယုံကြည်သွားလေသည်။
ဤကဲ့သို့ဖြစ်ပျက်ပြီးမကြာမီအချိန်တွင် မာရိသည် အဲလိဇဘက် ထံသို့ သွားရောက်လည်ပတ်လေသည်။ မာရိသည် သူမအား နှုတ်ဆက်သည့်အချိန်တွင် အဲလိဇဘက် ဗိုက်ထဲရှိခလေးသည်လည်း လှုပ်ရှားသွားလေသည်။ ထိုအမျိုးသမီးနှစ်ဦးက ဘုရားရှင်သူတို့အား ပြုလုပ်ပေးသည့်အရာများအား ဝမ်းမြောက်နေကြလေသည်။ မာရိသည် အဲလိဇဘက်ထံသို့ သုံးလခန့်အလည်အပတ်သွားပြီး အိမ်သို့ပြန်ခဲ့လေသည်။
ထိုသို့ဖြစ်ပြီးနောက် အဲလိဇဘက်သည် သူမ၏သားအား မွေးဖွားသဖြင့် ဇာခရိနှင့်အဲလိဇဘက်သည် သူတို့၏သားအား နတ်စေတမန်စေခိုင်းသည့်အတိုင်း ယောဟန် ဟုအမည်ပေးလေသည်။ ထို့နောက် ဘုရားရှင်က ဇာခရိ အား စကားပြန်လည်ပြောဆိုလာနိုင်အောင် ပြုလုပ်ပေးလေသည်။ ဇာခရိ က “ဘုရားရှင်သည် သူ၏လူသားများကို ကူညီရန် သတိရပြီး ကောင်းချီးပေးစေတော်မူပါ။ ကျွန်ုပ်၏ သားဖြစ်သော သင်သည် အကြီးမြတ်ဆုံးဘုရားရှင်၏ ရှေ့ဖြစ်ဟောပညာရှိတစ်ဦးဖြစ်လိမ့်မည်။ သင်သည် လူများအတွက် သူတို့၏အပြစ်များကို ခွင့်လွှတ်ခြင်းခံရမည့်နည်းလမ်းအား ပြောပြသူဖြစ်လိမ့်မည်” ဟု ပြောကြားလေသည်။
__