၆။ဖရားချဲင်န်က ‘ဣဇာတ်’ ကော်ချီးမြှင်န့် မြောက်စားတော်မူချင်န်း
‘အာဗြဟံ’ အဆက်ကီးမော်အိုလာခါ ဆူယဲ့ဆား ‘ဣဇာက်’ ဟာလဲ အရွယ်ရောက်လာဝါး။ ဟင်န်းပီးခါ ‘အာဗြဟံ’ ဟာဆူယဲ့အစေခံတယောက်ကော် အမျိုးနေရှိတဲ့ဆူတော့ဇာတိနား ‘ဣဇာက်’ ဖော့မိန်းမရှာမော် ခေါ်လာဖော့စေဝဲ့ဝါး။
‘အာဗြဟံ’ ယဲ့အမျိုးနေနေတဲ့ဟဲင်န်းနေရာနားခရီးအကြာရီးဆွားပီးခါဖရားချဲင်န်ဟာဟဲင်န်းအစေခံ တော့ကော် ‘ရေဗက္က’ နားရောက်အောင်လမ်းပြဝဲ့ဝါး။ ဟဲင်န်းမိန်းမဟာ ‘အာဗြဟံ’ ယဲ့မောင်ဖြစ်ဆူနမြေးမ တော်စပ်ဟာဝါး။
‘ရေဗက္က’ ဟာဆူမယဲ့မိဆားစုကော်ပစ်မော်ဟဲင်န်းအစေခံနအတူ ‘ဣဇာက်’ ယဲ့အိမ်ကော်လိုက်ဖော့ ဆဖောတူဝဲ့ဝါး။ ‘ဣဇာက်’ ဟာလဲဆူမကော်ရောက်ရောက်ချင်န်းမာယူဝဲ့ဝါး။
အချိန်ကြာလာခါမှာ ‘အာဗြဟံ’ ဆေဟားပီးနောက်ဆူ့ယဲ့ဆားဖြစ်တဲ့ ‘ဣဇာက်’ ကော်ဖရားချဲင်န်ဟာ ကောင်းချီးမင်္ဂလာပေးဝဲ့ဝါး။ ဖယ်သလဲကြောင့်ဆိုခါဖရားချဲင်န်ယဲ့ကတိစကားနေထဲမှ ‘အာဗြဟံ’ ကော်မျိုးရိုး စဉ်ဆက်ပရေတွက်နိုင်အောင်ရလာမာလော့ကတိစကားတစ်ခုလဲပါခဲ့ဝါး။ ဟဲင်န်းပီး ‘ဣဇာက်’ ယဲ့မိန်းမဖြစ် ဟားတဲ့ ‘ရေဗက္က’ မှာဆားဆမီးမမွေးဆေးပူးလဲယ်။
‘ဣဇာက်’ ဟာ ‘ရေဗက္က’ ဖော့ဖရားချဲင်န်နားမာဆုတောင်းပေးဟာဝါး။ ဖရားချဲင်န်ဟာ ‘ရေဗက္က’ ကော် အမွှာပူးလူခနယ်ဖိုက်ကီးဖော့ခွင်န့်ပြုပေးဝဲ့ဝါး။ ဟဲင်န်းအမွှာပူးလူခနယ်နေယောက်ဟာ ‘ရေဗက္က’ ယဲ့ဝမ်န်းဖိုက် ဟားမာလှုပ်နေကြဟာကော် ‘ရေဗက္က’ ကဖရားချဲင်န်နားဖယ်သလဲဖြစ်လာမာကော်လျှာက်တင်နေဟာဝါး။
ဖရားချဲင်န်က ‘ရေဗက္က’ ကော် “နင်န်ဟာဆားနေယောက်မွေးလာလိုက်မယ်။ ဆူတော့ယဲ့မျိုးဆက်နေ ကပတူသောနိုင်ငံနေနိုင်ငံဖြစ်ဆွားပီး ဆူတော့အချင်န်းချင်န်းအပြိုင်အဆိုင်လုပ်ကြအုံးမာလဲယ်။ ဟဲင်န်းပီးနင်န့် ယဲ့ဆားအကီးထံနေမော်ပေါ်ထွက်လာတဲ့တိုင်းနိုင်ငံဟာ နင်န်ယဲ့ဆားအငယ်ထံကနေပေါ်ထွက်လာတဲ့တိုင်းနိုင် ငံကော်ခေါင်းငုံ့ရမာ” လော့ပြောကြားခဲ့ဝါး။
‘ရေဗက္က’ ယဲ့လူခနယ်နေမွေးလာခါမာ ဆားအကီးဟာနီဟားမော်အမွှေးနေထူခါဟဲင်န်းလူခနယ် ကော် ‘ဧသော’ လော့နံမယ်ပေးဝဲ့ဝါး။ ဟဲင်န်းပီးခါ ဆားငယ်ဟာ ‘ဧသော’ ယဲ့ခေဖနောင့်ကော်ကိုင်မော် မွေးလာခါ ‘ယာကုပ်’ လော့နံမယ်ပေးခဲ့ဟာဝါး။
A Bible story from: Genesis 24:1-25:26