၂၃။ ကိုယ်တော် ‘ယေရှု’ ကော်မွေးတော်မူချင်န်း
‘မာရိ’ က ‘ယောသပ်’ လော့နံမယ်ရှိသောရိုးရိုးဆားဆားဖြောင့်မတ်ဆူတစ်ယောက်နစေ့စပ်ထားဟာလဲ့။ ‘ယော သပ်’ က ‘မာရိ’ မာဖိုက်ကီးနေဟာကော်ကြားလာခါ ဟဲင်န်းလူခနယ်ကဆူယဲ့လူခနယ်ပဟုတ်မှန်းဆိ့ဟာတယ်လာ့။ ဟဲင်န်းဆူက ‘မာရိ’ ကော်အရှက်ပရစေလိုသောကြောင့်ဆူမယဲ့အပေါ်မာဆနားခါစေ့စပ်ထားဟာကော်တိတ်တိတ်လေး ကွဲဖော့ဆုံးဖြတ်ဝဲ့ဝါး။ ဟဲင်န်းဆူတော့သလဲပလုပ်ခင်အချိန်မာနတ်စေတစ်ယောက်ကဆူယဲ့အိမ်မက်ထဲကော်လာမော် ဟဲယ်သလဲစကားပြောဝဲ့ဝါး။
ဟဲင်န်းနတ်စေက “ယောသပ်၊ မာရိကော်နင်န့်ယဲ့မိန်းမအဖြစ်လက်ခံဖော့စိုးရိမ်ပါန။ ဆူမဖိုက်ထဲကလူခနယ်က မြင့်မြတ်သောဖရားဝိဉာင်တော်တန်ခိုးအစွန်းဖြင့်ပဋိသန္ဓေရရှိထားချင်န်းဖြစ်ဟာလဲ။ ဆူမကဆားတော်တစ်ယောက် ကော်မွေးဟာလိမ့်မယ်။ ဆူ့ကော် ‘ယေရှု’ လော့နံမယ်ပေးရမာလဲ့။ (ဟဲင်န်းအဆိတ်ပါယ်မာ ‘ယာဝေ’ ကယ်ဟာတဲ့ဖရား ချဲင်န်လော့အဆိတ်ပါယ်ရဟာလဲ့) ဖလဲမျိုးဆိုခါဆူကလူများကော်ဆူတော့ယဲ့အပစ်နေမော်ကယ်မာဖြစ်သလဲကြောင့် ဖြစ်ဟာဝါး” လော့ပြောကြားဟာလဲ့။
ဟဲင်န်းပီးခါ ‘ယောသပ်’ ဟာ ‘မာရိ’ ကော်ယူပီးဆူ့ယဲ့အိမ်နားခေါ်ဆွားခဲ့ဟာဝါး။ ဟဲင်န်းပီးဆူဟာဆူမလူခနယ် မွေးပီးချိန်ထိဆူနအတူတူအိပ်ယာချင်န်းပရှိဝူးလဲ။
‘မာရိ’ မွေးဟာချိန်နီးလာခါမာဆူမန ‘ယောသပ်’ က ‘ဗက်လင်’ မြို့တော့ခရီးအဝေးကြီးဆွားကြဟာလဲ့။ ဖလဲ မျိုးဆိုခါ ‘ဣသရေလ’ မာရှိဟားတဲ့ရောမအစိုးရဝန်ထမ်းများနေကလူနေအကုန်လုဲံးကော်ရေတွက်မော်သန်းကောင်စာ ရင်းကောက်ယူလိုသောကြောင့်ဖြစ်ဟာလဲ့။ ဆူတော့ကလူတိုင်းကော်ဆူတော့ယဲ့မို့အိုဖအိုနေထိုင်ရာနေရာတော့ဆွား ခိုင်းခဲ့ဟာလဲ့။ ဖရင်ကီး ‘ဒါဝိဒ်’ ကဗက်လင်မြို့တွင်န်းမာမွေးဟာချင်န်းဖြစ်ပီးဆူက ‘မာရိ’ န ‘ယောသပ်’ တော့နေ ယောက်လုံးယဲ့မို့အိုဖအိုဖြစ်လာလဲ။
‘မာရိ’ န ‘ယောသပ်’ တော့က ‘ဗက်လင်’ မြို့တော့ဆွားခဲ့ကြဟာလဲ့။ ဟဲင်န်းဆူတော့အတွက်အကောင်တချို့ ထားဟားတဲ့နေရာမာလွဲမော်တခြားနေစရာနေရာပရှိဘူးလော့။ ‘မာရိ’ ကဆူမယဲ့လူခနယ်ကော်ဟဲင်န်းနေရာတွင်န်မွေး ဝဲလဲ့လာ့။ ဆူမကလူခနယ်အိပ်ဖော့နေရာပရှိဝဲ့ခါနွားစာခွက်ထဲမာပေးအိပ်ထားဝဲ့ပီးဆူ့တော့ကလူခနယ်ကော် ‘ယေရှု’ လော့နံမယ်ပေးဝဲ့ဝါး။
ဟဲင်န်းညမာနီးနီးနားနားမာရှိလယ်ကွင်န်းထဲမာသိုးများကျောင်းနေတဲ့သိုးကျောင်းလူတချို့ရှိဟာလဲယ်။ ချက် ချင်န်းဆိုဟာသလဲလင်န်းထိန်နေတဲ့နတ်စေတစ်ပါးပေါ်လာခါဆူတော့ဟာအများကီးကြောက်ဆွားကြတဲ့လာ့။ နတ်စေ က “ပကြောက်နငါဟာ ‘မေရှိယ’ အချဲင်န် ‘ဗက်လင်’ မြို့မာမွေးဟားပီးဖြစ်ဟာတဲ့ဆတင်းကောင်းကော်လာမော်ပြော ချင်န်းဖြစ်တယ်လာ့” ပြောကြားဝဲ့ဝါး။
“ဟဲင်န်းလူခနယ်ကော်ဆွားမော်ရှာပါ။ ဆူ့ကော်ခင်န်းနှီးနပတ်ဟားပီးနွားစာခွက်ထဲမာဆိတ်ဟားတာကော်နင်န့် တော့မြင်န်ရမယ်လော့” ပြောဝဲ့ဝါး။ ချက်ချင်န်းပဲမိုးပေါ်ကနတ်စေများနပြည့်ဆွားပီး “နိဗ္ဗာန်ရွှေမြို့တော်မာရှိဟားတဲ့ဖ ရားချဲင်န်ယဲ့ဂုဏ်ကျေးဇူးတော်အကုန်လုံးကော်ငါတော့ချီးမွမ်းပါတယ်။ ဟဲင်န်းကဖာပေါ်မာဖရားချဲင်န်လိုတဲ့လူအကုန် လုံးငြိမ်းချမ်းဆာယာရှိကြပါစေ” လော့ကော်ချီးမွမ်းကြဝဲ့ဝါး။
ဟဲင်န်းပီးနောက်မာနတ်စေများနေကထွက်ဟားကြမော်သိုးကျောင်းဆားများကလဲဟဲင်န်းတော့ယဲ့သိုးများနေ ကော်ထားကဝဲ့ပီးလူခနယ်ကော်ရှာနေကြဟာလဲ။ ဆူတော့ကပကြာမီအချိန်မာဆူငယ်တော် ‘ယေရှု’ ရှိရာနေရာနား ရောက်လာကြပီးနတ်စေကဟဲင်န်းတော့ကော်ပြောဟားသလဲနွားစာခွက်ထဲမာဆိတ်ဟာကော်မြင်န်ဟားကြဟာလဲ့။ ဆူ တော့ကအများကီးစိတ်လှုပ်ရှားဟာခါဆူတော့ယဲ့သိုးများရှိတဲ့လယ်ကွင်န်းများနေထဲကော်ပြင်န်ဆွားကြဟာဝါး။ ဆူ တော့ကဆူတော့မြင်န်ရကြားဆိ့ရတဲ့အရာများနေအတွက်ဖရားချဲင်န်ကော်ချီးမွမ်းကြဟာဝါး။
အဝေးကီးသောအရှေ့ဘက်နိုင်ငံတစ်နိုင်ငံမာလူတချို့ကကြယ်များလေ့လာရာမာအများကီးတော်ကြဟာဝါး။ ဆူတော့ကမိုးပေါ်မာထူးထူးဆန်းဆန်းကြယ်တစ်လုံးကော်မြင်န်ဟားခါ ဆူတော့နေကဟဲင်န်းအရာက ‘ယုဒ’ လူမျိုးနေ ရဲ့ဖရင်အဆစ်ကော်မွေးချင်န်းအဆိတ်ပါယ်ဖြစ်မယ်လော့ပြောကြားဟာဝါး။ ဟဲင်န်းလူခနယ်ကော်ဆွားမော်ဖူးမျှော်ဖော့ ဆုံးဖြတ်ပီးဆူတော့ယဲ့နိုင်ငံနေမော်ခရီးထွက်လာကြဟာလဲ့။ ခရီးအဝေးကီးဆွားဝဲ့ပီးခါဟဲင်န်းတော့က ‘ဗက်လင်’ မြို့ နားရောက်လာကြမော်ဆူငယ်ကော် ‘ယေရှု’ နဆူ့ယဲ့မွေ့ဖများနေတဲ့အိမ်ကော်ရှာတွေ့ကြဟာလဲ့။
ဟဲင်န်းဆူများကဆူငယ်တော် ‘ယေရှု’ ကော်ဆူယဲ့အမယ့်နတွေ့ဟားခါရှစ်ခိုးဉီးချချင်န်းပြုကြဟာလေဝါး။ ဟဲင်န်းပီးနောက်ဆူတော့ကဆူငယ်တော် ‘ယေရှု’ ကော်အဖိုးတန်သောလက်ဆောင်များနေနကပ်မော်ဆူတော့ယဲ့နေ ရာကော်ပြင်န်ဆွားကြတယ်လာ့။
A Bible story from: Matthew 1; Luke 2