Intha: Open Bible Stories

Updated ? hours ago # views See on DCS Draft Material

၁၆ - ကယ်တင်ရှင်နေ

Frame 16-01

‘ယောရှု’ ဆေပီးခါမာ ‘ဣသရေလ’ လူမျိုးနေဟာဖရားချဲင်န်ကော်ပနာခံကြဝူးလဲ။ ဆူတော့ဟာဖရားချဲင်န်ယဲ့ပ ညတ်တော်နေကော်ပလိုက်နာဝဲတဲ့အပြင်န်ကျင်နေတဲ့ ‘ခါနာန်’ လူမျိုးနေကော်လဲကတိပေးဟားတဲ့ဟဲင်န်းမြေနေရာ မော်နှင်န်ထုတ်သလဲပလုပ်ကြဝူးလဲ။ ‘ဣသရေလ’ လူမျိုးနေဟာဖရားချဲင်န်အစစ်ဖြစ်ဟားတဲ့အမြဲတမ်းဖရား ‘ယာဝေ’ အစား ‘ခါနာန်’ လူမျိုးတော့ယဲ့နတ်ဖရားနေကော်စမော်ကိုးကွယ်လာကြဝါး။ ‘ဣသရေလ’ လူမျိုးမာအုပ်ချုပ်ဆူဖရင် ပရှိဝူးလဲ။ ဟဲင်န်းပီးလူတိုင်းဟာဆူတော့ဖော့ဆူတော့မှန်ဟာလော့ယူဆတဲ့အရာနေကော်လုပ်ဆောင်ခဲ့ကြဟာဝါး။

Frame 16-02

ဖရားချဲင်န်ကော်ပလိုက်နာဝဲခါ ‘ဣသရေလ’ လူမျိုးနေဟာအကြိမ်ပေါင်းများစွာတစ်ခါပီးတစ်ခါလောမော်ဖြစ် ဟားတဲ့အပစ်ဆံဆရာပုံစံတစ်မျိုးကော်အစပြုလာကြဟာဝါး။ ဟဲင်န်းပုံစံမာဟဲယ်သလဲဖြစ်ဟာဝါး။ ‘ဣသရေလ’ လူမျိုး နေဟာဖရားချဲင်န်ကော်နှစ်ပေါင်းအများရီးပလိုက်နာပဲနေမာ။ ဟဲင်န်းပီးဖရားချဲင်န်ဟာ ‘ဣသရေလ’ လူမျိုးနေယဲ့ရင်ဆူ နေကော်အနိုင်ပေးချင်န်းနဟဲင်န်းတော့ကော်အပစ်ပေးမာလဲ။ ဟဲင်န်းရင်ဆူနေဟာ ‘ဣသရေလ’ လူမျိုးနေနားပစ်စီးနေ ခိုးယူချင်န်း၊ ပိုင်ဆိုင်မှုနေဖျက်စီးချင်န်းနလူနေအများရီးကော်ဆပ်ပစ်ချင်န်းနစော်ကားမှုနေလုပ်ကြမာလဲ။ ဟဲင်န်းပီး ‘ဣသရေလ’ လူမျိုးနေယဲ့ရင်ဆူနေဟာဆူတော့ကော်နှစ်နေအများရီးနှိပ်စက်ပီးနောက်မာဆူတော့ယဲ့အပစ်နေဖော့ နောင်တရပီးဖရားချဲင်န်နားဆူတော့ကော်ကယ်ပေးဖော့လျှောက်ထားမော်တောင်းပန်ကြမာလဲ။

Frame 16-03

‘ဣသရေလ’ လူမျိုးနေနောင်တရဟားအခါတိုင်းမာလဲဖရားချဲင်န်ကဆူတော့ကော်ကယ်ဟာဝါး။ ဖရားချဲင်န် ဟာရင်ဆူနေကော်တိုက်ပီးခေမှုန်းနိုင်ဆူကယ်တင်ဆူတစ်ယောက်ကော်ထောက်ပံ့ပေးသလဲဟဲယ်လုပ်ဆောင်ချက် ကော်လုပ်ခဲ့ဟာဖြစ်ဝါး။ ဟဲင်န်းပီးမြေနေရာဟာငြိမ်းချမ်းဆာယာမှုရှိလာပီးကယ်တင်ချင်တယောက်ကဆူတော့အပေါ် မာကောင်းကောင်းမွန်မွန်အုပ်ချုပ်ပေးလာမာဖြစ်ဟာဝါး။ ဖရားချဲင်န်ဟာ ‘ဣသရေလ’ လူမျိုးနေယဲ့ရင်ဆူလူမျိုးစုဖြစ် ဟားတဲ့အနီးအနားတဝိုက်ရှိ ‘မိဒျန်’ လူမျိုးနေအား ‘ဣသရေလ’ လူမျိုးနေကော်နှိမ်နှင်န်းခွင်န့်ပေးတော်မူဝဲ့ဝါး။

Frame 16-04

‘မိဒျန်’ လူမျိုးနေဟာ ‘ဣသရေလ’ လူမျိုးနေယဲ့အဆီးအနှံအများရီးကော်ဆိမ်းယူခဲ့ဟာမာ ခွန်နေနှစ်တိုင်ရှိ ဟားဝဲ့ဖြစ်ဝါး။ ‘ဣသရေလ’ လူမျိုးနေဟာ ‘မိဒျန်’ လူမျိုးနေကော်အားကီးကြောက်ဟားသလဲဆူတော့ကော် ‘မိဒျန်’ လူ မျိုးနေပတွေ့အောင်ဂူနေမာခိုးအောင်းနေခဲ့ဟားဝါး။ နောက်ဆုံးခါဖရားချဲင်န်ကဆူတော့ကော်ကယ်ပေးဖော့အော်ဟစ် မော်ငိုနေကြဟာဝါး။

Frame 16-05

‘ဂိဒေါင်’ လော့ခေါ်တဲ့ ‘ဣသရေလ’ ယောက်ကျားတစ်ယောက်ရှိခဲ့လဲ။ တနေ့မာ ဆူဟာဆူ့ယဲ့ကောက်ပဲဆီးနှံ နေကို ‘မိဒျန်’ လူမျိုးနေခိုးယူလို့ပရအောင်နေရာတစ်ခုမာခိုးအောင်းခဲ့ဟာလဲ။ ‘ယာဝေ’ ယဲ့တမန်တော်တစ်ယောက် ဟာ ‘ဂိဒေါင်’ ထံနားလာမော် “ခွန်အားကီးတဲ့စစ်ဆီတော်ဖရားချဲင်န်ဟာနင်န့်နအတူတူရှိနေဟာဝါး။ ‘ဣသရေလ’ ကော် ‘မိဒျန်’ လူမျိုးနေနားဆွားမော်ကယ်ဝဲ့လဲ” လော့မိန့်တော်မူဝဲ့ဝါး။

Frame 16-06

‘ဂိဒေါင်’ ယဲ့အဖဟာရုပ်ထုတခုကော်ပူဇော်ဆက်ကပ်ဟားတဲ့ပလင်န်တခုရှိဟာဝါး။ ဖရားချဲင်န်ဟာ ‘ဂိဒေါင်’ ကော်အရင်န်ဆုံးပြောဟားတဲ့အရာမာဟဲင်န်းပူဇော်တဲ့နေရာကော်ဖျက်စီးဖြိုချဖော့ဖြစ်ဝါး။ ဟဲင်န်းပေမဲ့ ‘ဂိဒေါင်’ မာလူ နေကော်ကြောက်ဟားခါညင့်နက်အထိစောင့်နေခဲ့ဟာဝါး။ ဟဲင်န်းပီးဆူဟာဟဲင်န်းနေရာကော်ဖြိုခပီးတစစီဖြစ်အောင် ထုခေလိုက်ဟာဝါး။ ဆူဟာဖရားချဲင်န်ဖော့ပူဇော်မလော့နေရာတခုကော်အနီးအနားမာစေဆောက်ပီးဖရားချဲင်န်ကော် ပူဇော်ဟာဝါး။

Frame 16-07

နောက်နေ့မနက်ခါမာလူနေကဆူတော့ပူဇော်ဖော့နေရာကော်ဖျက်စီးထားဟာကော်တွေ့ဟားခါအများရီးဒေါ ဆထွက်ကြဝါး။ ဆူတော့ဟာ ‘ဂိဒေါင်’ ကော်ဆပ်ဖော့ဆူအိမ်နားဆွားခါ ‘ဂိဒေါင်’ ယဲ့အဖက “နင်န်တော့ယဲ့ဖရားကော် ဖာသလဲကြောင့်နင်န့်တော့ကူဖော့ကြိုးစားနေကြသလဲ။ ဆူဟာဖရားလော့ပြောရင်ဆူ့ကိုယ်ဆူကာကွယ်ခိုင်းလဲ” လော့ပြောလိုက်ဟာဝါး။ ဆူဟဲယ်သလဲပြောခဲ့လော့လူနေက ‘ဂိဒေါင်’ ကော်ပဆပ်ကြဝူးလဲ။

Frame 16-08

ဟဲင်န်းပီး ‘ဣသရေလ’ လူမျိုးနေနားလောမော်ခိုးဖော့လာခဲ့ကြတဲ့ ‘မိဒျန်’ လူမျိုးနေဟာအများရီးဖြစ်ဟားလော့ ရေလော့ပရဝူးလဲ။ ‘ဂိဒေါင်’ ဟာဆူတော့ကော် ‘ဣသရေလ’ လူမျိုးနေနအတူတူပေါင်းတိုက်ဖော့စုပီးခေါ်ဝဲ့ဝါး။ ‘ဂိဒေါင်’ ကဖရားချဲင်န်ဟာဆူ့အော် ‘ဣသရေလ’ ကော်ကယ်ဖော့အမှန်ပြောနေဟာဟုတ်ပဟုတ်ဆေချာအောင်နိမိတ်နေခုကော် တောင်းဆိုဟာဝါး။

Frame 16-09

အရင်န်ဆုံးနိမိတ်အနေန ‘ဂိဒေါင်’ ဟာမြေကီးပေါ်မာသိုးအရေခွံကော်ခင်န်းစေပီးခါမနက်ခင်းမြူအများရီးမြေ ကီးပေါ်မာပကျစေပဲသိုးအရေခွံပေါ်မာကျစေဖော့ဖရားချဲင်န်ကော်လျှောက်ထားခါဖရားချဲင်န်ကဟဲင်န်းသလဲလုပ်လိုက်ဟာဝါး။ နောက်နေ့ညမာဆူဟာမြေကီးနားစိုစေပီးသိုးမွှေးနားပစိုအောင်စေလုပ်ခိုင်းခါ ဖရားချဲင်န်ဟာဟဲင်န်းသလဲလုပ် လိုက်ဟာဝါး။ ဟဲယ်နိမိတ်နေခုသလဲဖရားချဲင်န်ဟာ ‘ဣသရေလ’ ကော် ‘မိဒျန်’ လူမျိုးနေနားအမှန်ကယ်စေလိုကြောင်း ကော် ‘ဂိဒေါင်’ ယုံဆွားကြလေဝါး။

Frame 16-10

ဟဲင်န်းပီး ‘ဂိဒေါင်’ ဟာဆူတော့နားစစ်ဆားနေအော်လာဖော့ခေါ်ဝဲ့ခါလူအယောက်ပေါင်းဆုံးသောင်းနေ ထောင်ရောက်လာကြဟာဝါး။ ဟဲင်န်းပီးခါဖရားချဲင်န်ကဆူကော်လူများလွန်းဟားတယ်လော့ပြောကြားခါ ‘ဂိဒေါင်’ ဟာတိုက်ဖော့ကြောက်ဟားတဲ့လူအယောက်နေသောင်းနေထောင်ကော်အိမ်နားပြင်န်မော်စေလွှတ်ဝဲ့ဟာဝါး။ ဖရား ချဲင်န်ဟာ ‘ဂိဒေါင်’ ကော်လူများနေဆေးဟာလော့ပြင်န်ပြောခါ ‘ဂိဒေါင်’ ဟာစစ်ဆားအယောက်ဆုံးရာမှလွဲပီးကျင် လူနေကော်အိမ်နားပြင်န်လွှတ်လိုက်ဟာဝါး။

Frame 16-11

ဟဲင်န်းညမာဖရားချဲင်န်က ‘ဂိဒေါင်’ ကော် “မိဒျန် စခန်းနေနားဆွားမော်ဆူတော့ပြောနေဟာကော်နားထောင် လဲ။ ဆူတော့ပြောနေဟာကော်နင်န့်တော့ကြားရပီးရင်ဆူတော့ကော်တိုက်ဖော့အတွက်ကြောက်ဝူးလဲ” လော့ပြော လိုက်ဟာဝါး။ ဟဲင်န်းညမာ ‘ဂိဒေါင်’ ဟာ ‘မိဒျန်’ စစ်တပ်နားဆွားပီးခါ ‘မိဒျန်’ စစ်ဆားတယောက်ကဆူအိမ်မက်မက် ဟာအကြောင်းအရာတခုကော်အဖော်ဖြစ်ဆူနားပြောနေဟာကော်ကြားခဲ့ရဝါး။ ဟဲင်န်းလူဟာအဖော်ဖြစ်ဆူနား “ငါ့ယဲ့ အိပ်မက်ကငါတော့ မိဒျန် စစ်တပ်ကော် ဂိဒေါင် စစ်တပ်ကအနိုင်ဆိမ်းပိုက်မာလော့အဆိတ်ပယ်ရလဲယ်” လော့ပြော နေဟာဝါး။ ‘ဂိဒေါင်’ ဟာဟဲယ်သလဲကြားဟားခါဖရားချဲင်န်ကော်ရှစ်ခိုးဝဲ့ဝါး။

Frame 16-12

ဟဲင်န်းပီး ‘ဂိဒေါင်’ ဟာဆူတော့ယဲ့စစ်ဆားနေနားပြင်န်ဟားမော်တယောက်ချင်းကော်သိုးဦးချိုနလုပ်ဟားတဲ့ တံပိုတခု၊ မြေအိုးတအိုးနမီးတုတ်တချောင်းကော်ပေးဝဲ့ဝါး။ ‘ဂိဒေါင်’ ယဲ့စစ်ဆားဆုံးရာဟာ ‘မိဒျန်’ စစ်ဆားနေအိပ်နေ တဲ့တပ်ဖွဲ့ကော်ဝိုင်းဟားခါမာဆူတော့ယဲ့မီးတုတ်ကော်မြေအိုးထဲမာထေ့ခါ ‘မိဒျန်’ လူမျိုးနေကဆူတော့ယဲ့ မီးတုတ်နေ ကော်ပမြင်န်ရဝူးလဲ။

Frame 16-13

ဟဲင်န်းပီး ‘ဂိဒေါင်’ ယဲ့စစ်ဆားနေဟာဆူတော့ယဲ့မြေအိုးနေအော်တခါအဲခွဲပီးမီးတုတ်နေကော်တခါအဲထုတ်ပြ ဝဲ့ဝါး။ ဟဲင်န်းပီးဆူတော့ယဲ့ဦးချိုနေကော်မှုတ်ပီး “ယာဝေနေ ဂိဒေါင် ဖော့ဓားတချောင်း” လော့အော်ကြဟာဝါး။

Frame 16-14

ဖရားချဲင်န်ဟာ ‘မိဒျန်’ လူမျိုးနေယဲ့စိတ်ရှုပ်ဆွားစေပီးအချင်န်းချင်န်းတိုက်မော်ဆပ်စေဝါး။ ချက်ချင်န်းသလဲ ‘ဂိဒေါင်’ ဟာဆူတော့ယဲ့အိမ်မာနေဟားကြတဲ့ ‘ဣသရေလ’ လူမျိုးနေကော် ‘မိဒျန်’ လူမျိုးနေနားကူပီးနှင်န်ထုတ်ဖော့ နတ်ဒေဝါနေကော်ဆွားရောက်ခေါ်စေဝါး။ ‘ဣသရေလ’ လူမျိုးနေဟာ ‘မိဒျန်’ လူမျိုးနေကော်ဆပ်ပစ်ပီးတချို့နေအော် ဆူတော့ယဲ့မြေနေရာနေမော်နှင်န်ထုတ်ဝဲ့ဝါး။ ဟဲင်န်းနေ့မာ ‘မိဒျန်’ လူမျိုးတသိန်းနေသောင်းဆေဟားခဲ့ဟာဝါး။ ဟဲယ် နီးနဖရားချဲင်န်ဟာ ‘ဣသရေလ’ ကော်ကယ်ခဲ့ဟာဝါး။

Frame 16-15

လူနေဟာ ‘ဂိဒေါင်’ ကော်ဆူတော့ယဲ့ဖရင်အဖြစ်သတ်မှတ်လိုကြလဲဝ ‘ဂိဒေါင်’ ကဟဲယ်သလဲလုပ်ခွင်န့်ပပြုပဲ ‘မိဒျန်’ လူမျိုးနေနားယူးဟားတဲ့ရွှေလက်စွပ်နေးနေးကော်တောင်းဟာဝါး။ လူထုမာ ‘ဂိဒေါင်’ ကော်ရွှေနေအများရီးပေး ဝဲ့ဝါး။

Frame 16-16

ဟဲင်န်းပီး ‘ဂိဒေါင်’ ဟာဟဲင်န်းရွှေနေကော်အဆုံးပြုဟားမော်ဆာဆနာရေးဆိုင်ရာမဟာနာယကယဲ့အဆင် တန်ဆာနေလုပ်ပေးဟာဝါး။ ဟဲင်န်းသလဲလူနေဟာဟဲယ်ဝတ်စုံကော်ရုပ်ထုသလဲစဟားမော်ကိုးကွယ်လာကြဟာဝါး။ ဟဲင်န်းခါမာဖရားချဲင်န်ဟာ ‘ဣသရေလ’ ကော်ရုပ်ထုနေကိုးကွယ်လာခါလောဟားမော်အပစ်ပေးဝါး။ ဖရားချဲင်န်ဟာ ဆူတော့ယဲ့ရင်ဆူနေနားဆူတော့ကော်လော့မော်တိုက်ဖော့ခွင်န့်ပေးလိုက်ဟာဝါး။ ဆူတော့ဟာဖရားချဲင်န်ကော်လော မော်ကယ်ဖော့တောင်းပန်ခါကယ်တင်ရှင်တယောက်ကော်လောမော်စေလွှတ်ခဲ့ဟာဝါး။

Frame 16-17

ဟဲယ်သလဲအဖြစ်အပျက်နေအများရီးဖြစ်ဝဲ့ဝါး။ ‘ဣသရေလ’ လူမျိုးနေကအပစ်အများရီးလုပ်ကြပီးဖရားချဲင်န် ကဆူတော့ကော်အပစ်ပေးမာလဲ။ ဆူတော့ကပြင်န်ဟားမော်နောင်တရကြမာလဲ။ ဟဲင်န်းပီးဖရားချဲင်န်ဟာဆူတော့နား ကယ်တင်ဆူတယောက်ကော်စေလွှတ်လိုက်မာလဲ။ ဟဲင်န်းပီးနှစ်ပေါင်းအများရီးအတွင်းမာ ‘ဣသရေလ’ လူမျိုးနေ ကော်ဆူ့တော့ယဲ့ရင်ဆူနေလက်နေမော်ကယ်တင်ချင်န်အများရီးကော်စေလွှတ်ခဲ့ဝဲ့ဝါး။

Frame 16-18

နောက်ဆုံးမာ ‘ဣသရေလ’ လူမျိုးနေဟာတခြားနိုင်ငံသလဲဖရားချဲင်န်နားဖရင်တပါးတောင်းခဲ့ဝဲ့ဟာဝါး။ ဆူ တော့ဟာအရစ်ရှည်မော်ဆန်မာကာဆူတော့ကော်တိုက်ပွဲမာဉီးဆောင်နိုင်ဖော့ဖရင်တပါးကော်အလိုရှိကြဟာလဲ။ ဖရား ချဲင်န်ဟာဟဲယ်တောင်းဆိုချက်ကော်ပကြိုက်လဲဝဆူတော့တောင်းဆိုဟားတဲ့ဖရင်ကော်ပေးအပ်ခဲ့ဝဲ့ဝါး။

A Bible story from: Judges 1-3; 6-8; 1 Samuel 1-10