၈။ ‘ယောသပ်’ နဆူ့ယဲ့မိဆားစုကော် ဖရားချဲင်န်ကယ်တင်ချင်န်း
နှစ်တွေကြာလာတဲ့ခါမာ ‘ယာကုပ်’ ဟာအဆက်ကီးမော်အိုလာခါဟဲင်န်း၏အချစ်ဆုံးဆား ‘ယောသပ်’ ကိုလာ့ဆူရဲ့အကောင်များကိုစောင့်မော်ကိပေးနေတဲ့နောင်ကူးထံကိုစစ်ဆေးကိရန်ခိုင်းဝဲ့တဲ့လာ့။
‘ယောသပ်’ ယဲ့မောင်မှများက ‘ယောသပ်’ ကဆူ့တော့အဖယဲ့အရှစ်ဆုံးဆားဖြစ်မော် ‘ယောသပ်’ ဟာ ဆူတော့ယဲ့အုပ်ချုပ်ဆူဖြစ်လာမာလော့အိပ်မက်ယောင်ခါဆူ့ကော်မုန်းကြတယ်လာ့။ ‘ယောသပ်’ ကဆူ့ယဲ့ နောင်ကီးများဆီကော်လာခါဆူတော့ဟာဆူ့ကော်အထမဖမ်းမော်ကျွန်ရောင်းဆူနေနားရောင်းစားဝဲ့တဲ့လဲ့။
‘ယောသပ်’ ရဲ့မောင်မှများကအိမ်ဆို့ပြင်န်ခါနီးမာ ‘ယောသပ်’ ရဲ့အဝတ်အစားများကော်ယူမော်ဆိတ် ဆွေးများထဲနှစ်မော်ဆူတို့ယဲ့အဖအားဟဲင်န်းအဝတ်စားကော်ပြမော်တောရိုင်းအကောင်များက ‘ယောသပ်’ ကော်ဆပ်လိုက်မယ်လော့ထင်န်စေဟာဝါး။ ‘ယောသပ်’ ကအများကီးဝမ်န်းနည်းဆွားတယ်လဲ့။
ကျွန်ကုန်သည်များက ‘ယောသပ်’ ကော် ‘အီဂျစ်’ သို့ခေါ်ဆွားတယ်လာ့။ ‘အီဂျစ်’ ကနိုင်ငံမြစ်ကမ်း ပေးတခြောက်မာရှိမော်ကီးမားကျယ်တဲ့အင်အားကီးမာသောနိုင်ငံတစ်ခုဖြစ်တဲ့လာ့။ ကျွန်ကုန်သည်များဟာ ‘ယောသပ်’ ကိုရှိတတ်တဲ့အစိုးရအရာရှိတစ်ယောက်ထံနားရောင်းစားလိုက်တယ်လဲ့။ ‘ယောသပ်’ ကဆူ့ရဲ့ သခင်န်ကော်ကောင်းကောင်းအလုပ်လုပ်သဖြင်န့်ဖရားသခင်န်ကဆူ့ကော်ကောင်းချီးပေးတော်မူလေဝါး။
ဆူ့သခင်န်မိန်းမက ‘ယောသပ်’ နအတူတူအိပ်ရအောင်လော့ကြိုးစားတယ်လာ့။ ဟဲင်န်းသလဲမျိုး ကြောင့် ‘ယောသပ်’ ကဖရားချဲင်န်ကိုကန့်မော်အပစ်ပလုပ်ချင်န်လို့ငြင်န်းဝဲ့ခါဟဲင်န်းမိန်းမကအများကီးဒေါသ ထွက်မော် ‘ယောသပ်’ ကိုထောင်ထဲထည့်ဖော့ပတရားပြောလေဟာဝါး။ ‘ယောသပ်’ ကထောင်ကျတဲ့အထိ ဖရားချဲင်န်ကိုဆစ်စာရှိရှိနယုံကြည်ခါဖရားချဲင်န်က ‘ယောသပ်’ ကော်ကောင်းချီးပေးလေဟာဝါး။
နေနှစ်ကြာပီးခါ ‘ယောသပ်’ ကအမှားကင်န်းလဲဝထောင်ထဲမာပဲရှိနေတယ်လဲ့။ တစ်ညရောက်ခါ ‘အီ ဂျစ်’ ဖရင် ‘ဖာရော’ကအိပ်မက်နေခုမက်ခါဆူ့အားကီးစွာအနှောက်အယှက်ဖြစ်နေတယ်လဲ့။ ဟဲင်န်းအိမ်မက် များယဲ့အနက်အဆိတ်ပယ်ကော်ဆူ့ယဲ့ပြင်ညာတတ်များကဖလဲမျိုးဝပဖော်ထုတ်နိုင်ပူးလဲယ်။
ဖရားချဲင်န်က ‘ယောသပ်’ ကော်အိပ်မက်ယောင်တဲ့အဆိတ်ပယ်ပြနိုင်တဲ့အစွန်းကော်ပေးထားလိုက် ဟာဝါး။ ‘ဖာရော’ ဖရင်က ‘ယောသပ်’ ကော်ထောင်ထဲမာခေါ်ဆွားမော်ဆူ့ရဲ့အိပ်မက်များကော်အဆိတ်ပယ် ပြောပြခိုင်းခါ “ဖရားချဲင်န်ကအစားအဆောက်များသောနှစ် ခွန်နေနှစ်န ကပ်ဘေးဆိတ်ရောက်တဲ့နှစ်ခွန်နေနှစ် ကော်ဖြစ်လာမာလဲယ်” လော့ပြောဝဲ့တဲ့လာ့။
‘ဖာရော’ ဖရင်က ‘ယောသပ်’ ကော်အများကီးကြိုက်နှစ်ဆက်မော် ‘အီဂျစ်’ တခုလုံးကော်ဒုတိယ မြောက်အာဏာအရှိဆုံးဖရင်ခံအဖြစ်ကော်ပေးအပ်ဝဲ့တယ်လဲ့။
‘ယောသပ်’ ကလူများကိုအစားအဆောက်များခွန်နေနှစ်အတွင်န်းအစားအဆောက်အများကီးစုထား တယ်ဝါး။ ဟဲင်န်းပီးနောက်အငတ်ဘေးခွန်နေနှစ်ရောက်ခါ ‘ယောသပ်’ ကလူများကော်အစားအဆောက်များ ပြည့်ပြည့်ရှိစေဖော့ရောင်းချပေးဝဲ့ဝါး။
အငတ်ဘေးက ‘အီဂျစ်’ တစ်ခုထဲပကဘူး ‘ယောသပ်’ နဆူ့ယဲ့မိဆားစုတို့နေနေတဲ့ ‘ခါနန်’ မာလဲဖြစ် နေတယ်လဲ့။
ဟဲင်န်းသလဲမျိုးကြောင့် ‘ယာကုပ်’ ကဆူ့ယဲ့ဆားအကီးများကော ‘အီဂျစ်’ ဆို့အစားအဆောက်ဝယ် ရန်ခိုင်းဝယ်ဝဲ့ဝါး။ မောင်မှများကအစားအဆောက်များဝယ်နေခါရှေ့မာရပ်နေတဲ့ ‘ယောသပ်’ ကိုပမှတ်မိကြပူး လဲ့။ ဟဲင်န်းခါ ‘ယောသပ်’ မှာဆူ့ယဲ့နောင်ကီးတော့ကော်မှတ်မိဟာဝါး။
ဟဲင်န်းပီးနောက်ဆူ့ယဲ့မောင်မှများစိတ်ပြောင်းချင်န်းပရှိလာရှိလာစမ်းဝဲ့ပီးနောက် ‘ယောသပ်’ က ဟဲင်န်းလူနေတော့ကော် “ငါသည်နင်န့်တို့ရဲ့မောင်ဖြစ်ဆူ ‘ယောသပ်’ ဖြစ်ဟာဝါး။ ပကြောက်ကြန။ နင်န်တို့က ယုတ်မာစွာဖြင်န့်ငါ့ကော်အခိုင်းအစေအဖြစ်နရောင်းစားဝဲ့တဲ့လဲ့။ ဟဲင်န်းခါဖရားချဲင်န်ကငါ့ကော်ကောင်းကောင်း ခံစားရအောင်ယုတ်မာတဲ့အရာနေကော်အသုံးချခဲ့ချဲင်န်းဖြစ်ဟာလဲ့။ နောင်ကီးနမိဆားစုနေကော်ငါထောက်ပံ့ ပေးဖော့ ‘အီဂျစ်’ တွင်န်လာမော်နေနေကြပါ” လော့ထုတ်မော်ပြောဝဲ့တဲ့လဲ့။
‘ယောသပ်’ ရဲ့မောင်မှများကဆူ့တော့ယဲ့အိမ်နားပြန်ရောက်ခါဆူတို့ယဲ့အဖဖြစ်ဆူကော် ‘ယောသပ်’ ကအဆက်ရှင်နေတယ်လို့ပြောဝယ်ခါရာ ‘ယာကုပ်’ ကအများကီးဝမ်န်းဆာဆွားဟာလဲ့။
‘ယောသပ်’ ကအိုနေလဲဝ ‘အီဂျစ်’ ကိုပြောင်းဝဲ့ပီးဆူ့ယဲ့မိဆားစုနအတူဟဲင်န်းနေရာမာပျော်ပျော်ကီး နေကြတယ်လဲ့။ ‘ယာကုပ်’ ပဆေမီကဆူတော့ယဲ့ဆားတစ်ယောက်စီကော်ကောင်းချီးများပေးခဲ့ဟာဝါး။
ဖရားချဲင်န်က ‘အာဗြဟံ’ ကော်ပေးဟားတဲ့ပဋိဉာင်က ‘ဣဇာက်’ ထံကော် လက်ဆင်န့်ကမ်းချင်န်းခံရ ပီးနောက်မာ ‘ယာကုပ်’ နဆူ့ယဲ့ဆားတဆယ်နေယောက်တို့ယဲ့မိဆားစုထဲကော်ဆက်မော်ရောက်ဆွားလေဟာ ဝါး။ ဟဲင်န်းမိဆားစုတဆယ်နေစုယဲ့အမျိုးများကိုလဲဝ ‘ဣသရေလ’ ထဲမာရှိသောလူမျိုးတဆယ်နေစုဖြစ်ဟာ ဝါး။
A Bible story from: Genesis 37-50