Intha: Open Bible Stories

Updated ? hours ago # views See on DCS Draft Material

၂၆ - ကိုယ်တော် ‘ယေရှု’ စမော်အမှုတော်လုပ်ချင်န်း

Frame 26-01

‘စာတန်’မာနတ်ယဲ့စုံစမ်းဆွေးဆောင်းမှုကော်ငြင်န်းဆိုပီးနောက် ‘ဂါလိလဲ’ ဒေသနား ဟဲင်န်းနေရာဟာ ပြင်န်မော်ကြွမြန်းခဲ့ဟာဝါး။ ကိုယ်တော် ‘ယေရှု’ ဟာ ဆူနေခဲ့ဟားတဲ့နေရာဖြစ်ဟာဝါး။ ဖရားချဲင်န်ယဲ့ဝိဉာင်တော်ဟာဆူ့ကော် အများရီးသော ဘုန်းတန်ခိုးတော်နေကော်ပေးအပ်ခါကိုယ်တော် ‘ယေရှု’ ဟာတနေရာပီးတနေရာကြွလာခါလူများကော် ဆင်န်ကြားပေးဟာဝါး။ လူတိုင်းကလဲကိုယ်တော်ယဲ့ဆတင်းကောင်းနေကော်ချီးမွမ်းပြောကြားနေဟာဝါး။

Frame 26-02

ကိုယ်တော် ‘ယေရှု’ ဟာ ‘နာဇရက်’ မြို့တော့ကြွလာခဲ့ဟာဝါး။ ဟဲင်န်းမြို့ကဆူငယ်ငယ်ကနေခဲ့တဲ့နေရာလဲဖြစ် ဟာဝါး။ ဆူဟာဥပုသ်နေ့မာကိုးကွယ်ရှိခိုးနေကြတဲ့နေရာနားဆွားခဲ့ပီး ဟဲင်န်းနေရာရှိဘာဆာရေးခေါင်းဆောင်နေဟာ ရှေ့ဖြစ်ဟောပြင်ညာရှိ ‘ဟေရှာယ’ ယဲ့ကျမ်းစာလိပ်တလိပ်ကော်ကိုယ်တော် ‘ယေရှု’ နားကမ်းပေးလိုက်ဟာဝါး။ ဟဲင်န်း ပီးကိုယ်တော် ‘ယေရှု’ ဟာဟဲင်န်းစာလိပ်မာရှိဟားတဲ့စာတချို့ကော်လူနေကော်ဖတ်ပြဝဲ့ဝါး။

Frame 26-03

ကိုယ်တော် ‘ယေရှု’ က “ဆင်န်းရဲဆားနေဖော့ ဆတင်းကောင်းပြောကြားပေးနိုင်ဖော့ဖရားချဲင်န်ကဆူယဲ့ဉာင် အလင်းတော်ကော်ငါ့ကော်အပ်နှင်းတော်မူဟာလဲယ်။ အချုပ်ကျခံနေရတဲ့လူနေကော်လွှတ်စေဖော့၊ မျက်စိကန်းနေဆူ ကော်လောပြင်မော်လာစေဖော့နနှိပ်စက်ခံနေရတဲ့လူနေကော်လွှတ်ဆွားအောင်လုပ်ပေးစေဖော့ငါ့ကော်စေလွှတ်လိုက် ဟာဖြစ်ဟာဝါး။ ဖရားချဲင်န်ဟာငါတော့အပေါ်မာ ဆနားငဲ့ညှာမှုရှိပီးကူညီမယ့်အချိန်ကျရောက်မာလဲ” လော့ဖတ်လိုက် ဟာဝါး။

Frame 26-04

ကျမ်းစာလိပ်ကော်ဖတ်ပြဝဲ့ပီးနောက်မာကိုယ်တော် ‘ယေရှု’ ထိုင်တော်မူလေဝါး။ ဆူတော့ဟာကိုယ်တော် ‘ယေရှု’ ဖတ်လိုက်တဲ့စာပိုဒ်ယဲ့အကြောင်းအရာမာ ‘မေရှိယ’ ယဲ့အကြောင်းဖြစ်နေဟာကော်ဆိ့နေပီးဆားဖြစ်ဟာဝါး။ ကိုယ်တော် ‘ယေရှု’ က “နင်န်တော့ကြားခဲ့ရတဲ့အကြောင်းအရာတော့ဟာခုဖြစ်နေဟာ” လော့ပြောတော်မူဟာဝါး။ လူ တိုင်းကအံ့ဩဆွားကြပီး “ဟဲယ်လူက ‘ယောသပ်’ ယဲ့ဆားဟုတ်ဝါး” လော့ပြောကြဟာဝါး။

Frame 26-05

ဟဲင်န်းပီးနောက်ကိုယ်တော် ‘ယေရှု’ က “ဖလဲမျိုးရှေ့ဖြစ်ဟောပြင်ညာရှိကော်ပဆိုဆူ့ဌာနေကလူတော့ဟာ လက်ခံချင်န်းပရှိကြဝူးလဲယ်။ ရှေ့ဖြစ်ဟောပြင်ညာရှိ ‘ဧလိယ’ ခေတ်ခါ ‘ဣသရေလ’ မာမုဆိုးမအများရီးရှိဟာဝါး။ ဟဲင်န်းပီးဆုံးနှစ်ခွဲခါ မိုးခေါင်လော့အစာငတ်ဖေးကျရောက်ခါမာဖရားချဲင်န်ဟာ ‘ဧလိယ’ ကော် ‘ဣသရေလ’ မာရှိဟား တဲ့မုဆိုးမနေထံနားစေလွှတ်တော်ပမူဝဲတခြားတိုင်းပြည်ကမုဆိုးမတယောက်နားစေလွှတ်လိုက်ဟာဝါး” လော့ပြော တော်မူဟာဝါး။

Frame 26-06

ကိုယ်တော် ‘ယေရှု’ ဟာလောမော် “ရှေဖြစ်ဟောပြင်ညာရှိ ‘ဧလိယ’ ယဲ့လက်ထက်မာလဲ ‘ဣသရေလ’ ရှိအ များရီးသောလူနေဟာအရေပြားအနာနေဖြစ်နေကြဟာဝါး။ ဆူဟာ ‘ဣသရေလ’ ရှိအနူအနာနေကော်ကု ဆပေးဟာပ ရှိဝဲ ‘ဣသရေလ’ ယဲ့ရင်ဆူဖြစ်ဟားတဲ့ဗိုလ်မှူး ‘နေမာန်’ ယဲ့အနူအနာကော်ကုဆပေးဟာဝါး” လော့ပြောတော်မူဟာ ဝါး။ ဟဲင်န်းပီးကိုယ်တော် ‘ယေရှု’ ယဲ့စကားကော်နားထောင်နေဆူနေမာ ‘ယုဒ’ လူမျိုးနေဖြစ်ကြပီးဟဲင်န်းသလဲကြားဝဲ့ ခါအများရီးဒေါဆထွက်ကြဟာဝါး။

Frame 26-07

‘နာဇရက်’ မြို့ကလူနေဟာ ‘ယေရှု’ ကော်ဖမ်းစီးမော်ရှစ်ခိုးကိုးကွယ်တဲ့နေရာနေမော်ဆွဲထုတ်ဆွားကြဟာဝါး။ ဆူတော့ဟာကိုယ်တော် ‘ယေရှု’ ကော်ဆပ်ပစ်ဖော့ချောက်ကမ်းတခုနားခေါ်ဆွားဟာဝါး။ ဟဲင်န်းပေမဲ့ကိုယ်တော် ‘ယေရှု’ ဟာအများကြားနေမော်ရှောင်ထွက်ဆွားကာ ‘နာဇရက်’ မြို့ကထွက်ဆွားဟာဝါး။

Frame 26-08

ဟဲင်န်းပီးနောက်ကိုယ်တော် ‘ယေရှု’ ဟာ ‘ဂါလိလဲ’ ဒေသကော်ကြွမြန်းလာစဉ်မာအများရီးရှိတဲ့လူနေဟာကိုယ် တော် ‘ယေရှု’ နားလာရောက်ကြဟာဝါး။ လူနေဟာနေပကောင်းဆူများန ပသန်စွမ်းဆူနေကော်ကိုယ်တော် ‘ယေရှု’ နားခေါ်လာကြဟာဝါး။ ကိုယ်တော်ဟာမျက်စိကန်းဆူနေ၊ မသန်စွမ်းဆူနေ၊ အနေဆူနေ၊ နားပင်န်းဆူနေန ချူချာဆူနေ ကော်အနာရောဂါငြိမ်းစေတော်မူဟာဝါး။

Frame 26-09

ဟဲင်န်းပီးခါမာပကောင်းဆိုးဝါးပူးကပ်ခံနေရဆူနေလဲကိုယ်တော် ‘ယေရှု’ နားလာမော်ကုဆကြဟာဝါး။ ကိုယ် တော် ‘ယေရှု’ ကဟဲင်န်းပကောင်းဆိုးဝါးနေကော်ထွက်လာဖော့အမိန့်ပေးခါမာလဲဟဲင်န်းပကောင်းဆိုးဝါးနေထွက်လာ ကြဟာဝါး။ ဟဲင်န်းပကောင်းဆိုးဝါးနေက တနားတခါဆိုသလဲ “နင်န်ဟာဖရားချဲင်န်ယဲ့ဆားတော်ဖြစ်ဟာလဲ” လော့ အော်ကြဟာဝါး။ လူနေကဟဲင်န်းသလဲကြားလာခါအံ့သြဆွားမော်ဖရားချဲင်န်ယဲ့ဂုဏ်တော်ကော်ချီးမွမ်းကြဟာဝါး။

Frame 26-10

ဟဲင်န်းပီးနောက်မာကိုယ်တော် ‘ယေရှု’ ဟာကိုယ်စားလှယ်သလဲဆူ့ယဲ့တပဲ့နေထဲကတပဲ့တော်ဆယ့်နေ ယောက်ကော်ရွေးစေဟာဝါး။ ဆူဟာဟဲင်န်းလူနေကော်တပဲ့တော်နေလော့ခေါ်စေပီး ဟဲင်န်းတပဲ့တော်နေဟာကိုယ် တော် ‘ယေရှု’ နအတူတူခရီးဆွားလာကာကိုယ်တော် ‘ယေရှု’ ယဲ့ဆုံးမမှုကော်ဆင်န်ယူလေ့လာကြဟာဝါး။

A Bible story from: Matthew 4:12-25; Mark 1:14-15, 35-39; 3:13-21; Luke 4:14-30, 38-44